𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑵𝒆𝒙𝒖𝒔
Open in Telegram
644
Subscribers
No data24 hours
+37 days
-330 days
Posts Archive
"If you have no confidence in self , you're twice defeated in the race of life."-Marcus Garvey
"ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးဆိုရင် ဘဝပြိုင်ပွဲမှာ နှစ်ခါရှုံးပါတယ်"-မားကပ်စ် ဂါဗီး #Chan #knowledge_nexus
"စာအုပ်စာပေလူ့မိတ်ဆွေ" တဲ့
စာအုပ်စာပေတိုင်းမှာ အသိပညာယူစရာတွေအများကြီးပါ ပါတယ်
ကျွန်တော်တို့ ယူတတ်ရင်ယူတတ်သလိုရမှာပေါ့
ဟိုးတစ်ခေတ်က စာရေးဆရာကြီး၊ဆရာမကြီး တို့ရဲ့ စာအုပ်တွေကိုဖတ်ခြင်းအားဖြင့်လည်း ကျွန်တော်တို့ မသိခဲ့ရတဲ့ ရှေးကအဖြစ်အပျက်တွေ ဗဟုသုတအသိပညာတွေ ရနိုင်ပါတယ်
"Old but gold" ပေါ့ဗျာ...
စာရေးဆရာ/ဆရာမကြီး တွေထဲကမှ လူတိုင်းလိုလို မသိသူမရှိတဲ့ စာရေးဆရာမကြီး "လူထုဒေါ်အမာ" ရဲ့ "အမေ့ရှေးစကား" စာအုပ်လေးဟာ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ကြောင်းပြောချင် လို့ပါ
ဒီစာအုပ်လေးထဲမှာဆိုရင် အမေ(လူထုဒေါ်အမာ) တို့ခေတ်က အဖြစ်အပျက်အကြောင်းအရာတွေကို အလျဉ်းသင့်သလို ပြောပြထားပြီး ယနေ့ခေတ် အဖြစ်အပျက်တွေနဲ့ နှိုင်းယှဉ်ပြောပြထားတဲ့သဘောပေါ့
လူငယ်လူရွယ်တွေအ နေနဲ့ ဘယ်လိုပြုမူနေထိုင်သင့်တယ်ဆိုတာရယ် ၊မိန်းကလေးတွေအတွက်လည်း သတိပြုဆင်ခြင်ရမယ့်အရာတွေကို ဆုံးမပြောဆိုထားတာတွေလည်းပါ ပါတယ်။
ဒီစာအုပ်ထဲမှာဆိုရင် လူတွေ့ပြောဆိုဆုံးမနေသလို ပေါ့ပေါ့ပါးပါး လေးနဲ့ ရေးသားထားတာမို့ ဖတ်ရမှာလည်း ပျင်းဖို့မကောင်းပါဘူးနော်
ဒီစာအုပ်လေးကတော့ ဖတ်ကြည့်ဖို့ highly recommend ပါပဲနော်...🤎📚
#Chan
#book_review
#knowledge_nexus
ကျောင်းတက်ရင်း တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရှာချင်တဲ့သဘောပါ ဟီး""
🤪
#Chan
#just_for_fun
#knowledge_nexus
ဘဝအောင်မြင်ရေးနည်းလမ်း တစ်ချို့၁။ ဘဝမှာ ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို လုပ်ပါ။ ၂။ "ဝင်ငွေ နဲ့ထွက်ငွေ အချိန်ဇယားရေးဆွဲပါ" ၃။ အသက်ငယ်ရွယ်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဖိဖိစီးစီးခိုင်းပါ။ အပျော်အပါး လိုအပ်တာထက် မမက်မောမိပါစေနဲ့ ၄။ ကိုယ်ရှာဖွေနိုင်တာထက်ပိုပြီး ငွေကိုမသုံးဖြုန်းမိပါစေနဲ့ ၅။ ငွေဆိုတာ ဒုတိယ ဘုရားသခင်ဆိုတာ ယနေ့ခေတ်မှာ သိသာသလောက်ဖြစ်နေပါတယ်။ ၆။ အတတ်ပညာကို လေ့လာပါ။ အရင်းအနှီးကို ရှာဖွေပါ၊ အသက် ၃၀ နှင့် ၄၀ ကြားကိုယ်ပိုင် လုပ်ငန်းတခုခု လုပ်နိုင်အောင်ကြိုးစားပါ ၇။ တစ်သက်လုံးဝန်ထမ်းဘဝနဲ့အချိန်ကိုမဖြုန်းလိုက်ပါနဲ့ ကိုယ်ဦးနှောက်ကို ကိုယ်တိုင် ခိုင်းစားပါ သူတစ်ပါး အသုံးချခံဘဝနဲ့အဆုံးမသတ်လိုက်ပါနဲ့ ၈။ အားလပ်ချိန်တွေမှာ အချိန်တွေမဖြုန်းပါနဲ့။ ဦးနှောက်ပင်မ အကြောစုံကြီးကို ရေပုံမှန်လောင်းပေးပါ ဘဝအတွက် အဖိုးတန်စာပေများများဖတ်ပေးပါ။ ၉။ အချိန်နဲ့ကိုက်ညီစွာ ဘဝကိုအသုံးပြုပါ။ အချိန်ဆိုတာ လူကိုမစောင့်ဘူး လူက အချိန်ကို ပြန်မစောင့်မိပါစေ နဲ့။ ၁၀။ အောင်မြင်နေတဲ့ သူတိုင်းက အချိန်ကို တန်ဖိုးထားကြတယ်။ အချိန်ကို လေးစားပြီး ကောင်းမွန်စွာ အသုံးပြုနိုင်ကြတယ်။ ၁၁။ အချိန်ဆိုတာ ဘဝအောင်မြင်ရေးအတွက် အဖိုးတန်အရာတစ်ခုပါပဲ။ ၁၂။ စည်းကမ်းရှိပါ၊လိုက်နာပါ၊ကျင့်သုံးပါ လုံ့လ၊ ဝရိယ ၊ဇွဲ ရှိပါ ကြိုးစားပါ။ အောင်မြင်သူတွေကို လေ့လာပါ မှတ်သားပါ။ ၁၃။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကို ကြည့်ပါ ။ သင်ခန်းစာဆိုတာ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်မှာပဲ ရှိနေတတ်တယ်။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်မှာ တိုးတက်နေတဲ့အရာကိုလည်း မြင်ရမယ် ပျက်စီးနေတဲ့အရာကိုလည်း မြင်ရမယ်။ အဲ့ဒါ သင်ခန်းစာတွေပါပဲ။ ၁၄။ ကောင်းတာကို အတုယူပါ မကောင်းတာကိုစွန့်ပစ်ပါ အဝေးဆုံးကို လျှောက်မကြည့်ပါနဲ့ သင်ခန်းစာတွေက သင့်နဲ့အနီးဆုံးမှာပဲရှိနေတတ်တယ်။ #Chan #crd_for_source #knowledge_nexus
ကတိဆိုတာ
ခဏတာ နားအေးရင် ပြီးရောဆိုပြီး
ပေးလို့ရတဲ့အရာ မဟုတ်ဘူး ။
ကတိဆိုတာ စောင့်ထိန်းရတဲ့အရာ ။
ကတိပျက်ရင်
ယုံကြည်မှုလည်း ပျက်ပြီ ။
#Chan
#knowledge_nexus
အပြုံး ( ၇ ) မျိုး(၁) မတရားသဖြင့်ခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ပြုံးပါ။ ဒါဟာ သဘောထားကြီးခြင်းတစ်မျိုးပါတဲ့။ (၂) နစ်နာဆုံးရှုံးမှုနဲ့ ကြုံတဲ့အခါ ဆန္ဒရှိရှိ ပြုံးပါ။ ဒါဟာ လူတွေကို ခွင့်လွှတ်နားလည်ခြင်းတစ်မျိုးပါတဲ့ ။ (၃) ရှေ့မတိုး နောက်မဆုတ်သာတဲ့ အခက်အခဲနဲ့ကြုံတဲ့အခါ ခပ်ယဲ့ယဲ့လေး ပြုံးပါ။ ဒါဟာ ထက်မြတ်ခြင်းတစ်မျိုးပါတဲ့။ (၄) အကူညီမဲ့တဲ့အခါ ခပ်ပွင့်ပွင့်လေး ပြုံးပါ၊ ဒါဟာ စိတ်ကိုလှုံ့ဆော်ပေးခြင်းတစ်မျိုးပါတဲ့။ (၅) ဘေးဒုက္ခကြုံတဲ့အခါ ငြိမ်ငြိမ်သက်သက် ပြုံးပါ၊ဒါဟာ စိတ်တည်ငြိမ်ခြင်းတစ်မျိုးပါတဲ့။ (၆) အပြစ်တင်တာကိုခံရတဲ့အခါ အေးအေးဆေးဆေးပြုံးပါ၊ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းတစ်မျိုးပါတဲ့။ (၇) အသဲကွဲတဲ့အခါ ခပ်ပေါ့ပေါ့လေး ပြုံးပါ၊ ဒါဟာ တင်းမာမှုကင်းတဲ့ လွတ်လပ်ခြင်းတစ်မျိုးပါ။
-ဆရာလယ်တွင်းသားစောချစ်#Chan #knowledge_nexus
+4
လေ့လာချက်တွေအရ သင်ဘယ်လောက်ကျန်းမာကြံ့ခိုင်လဲ ဆိုတာကို ဒီအချက်အလက်တွေနဲ့ စစ်ဆေးကြည့်နိုင်ပါတယ်...🩺💊
#Chan
#crd_for_source
#knowledge_nexus
တောင်းပန်ခြင်းဆိုတာ
သင်ကမှားနေပြီး တစ်ဖက်လူက
အမြဲမှန်တယ်လို့ မဆိုလိုပါဘူး ။
တကယ်တော့ သင်ဟာ
သင့်ရဲ့အတ္တထက် သံယောဇဉ်ကို
ပိုပြီးတန်ဖိုးထားတယ်လို့
ဆိုလိုတာပါ ။
ကိုယ်ခန္ဓာဆိုတာ
ချစ်ခြင်းမေတ္တာ နဲ့ ဉာဏ်ပညာကို
သယ်ဆောင်ဖို့အတွက်
ယာဉ်ရထားမျှသာ ဖြစ်တယ် .....
-ထူးအိမ်သင်
#Chan
https://vt.tiktok.com/ZSMhees42/
ဒီ vd ကိုကြည့်ပြီးတော့ အတွေးတစ်ခုဝင်လာတယ်
ထိခိုက်ဒဏ်ရာဖြစ်မှာစိုးရိမ်လို့ ဂရုစိုက်ပေးတာက အစစ်အမှန်မဟုတ်ဘူးလား
ထိခိုက်ဒဏ်ရာ ရတာကို ရယ်နေတာက ကမှ အစစ်အမှန်လား
ဒီ့အတွက်ကတော့ ကိုယ်တကယ်ချစ်တဲ့သူကို ဘယ်လိုအရာနဲ့မှအထိအရှမဖြစ်စေချင်တာက မေတ္တာအမှန်ပါ
ထိခိုက်ဒဏ်ရာရတာမှာ ရယ်နေတဲ့သူကိုမှ အစစ်အမှန်ထင်တဲ့သူတွေရှိနေသမျှတော့ ကိုယ်တွေရဲ့အစစ်အမှန်တွေက အတုအယောင်ဆိုပြီး အထင်ခံနေရအုံးမှာပဲ
အဓိကပြောချင်တာကတော့ မေတ္တာအစစ်အမှန်ဆိုတာ ဂရုစိုက်ခြင်းပဲလေ၊ဂရုစိုက်ပေးတာကို အတုအယောင်ထင်တဲ့သူတွေထဲ ကိုယ်တိုင်မပါစေတော့ဖို့ အခုကတည်းက အတွေးအမြင်လေးတွေကို ဆင်ခြင်စေချင်ပါတယ် 🤍🍀
#Hatsuki
စိတ်ဆိုးစိတ်ကောက်တတ်ပါတယ်ဆိုတဲ့သူတွေကိုငါ့သူငယ်ချင်းတွေနဲ့ပေးတွေ့လိုက်ချင်တယ်
သူတို့ကိုကောက်နေလို့ကောက်နေမှန်းလဲမသိကြ
ဘယ်သူ့ကိုစိတ်ကောက်နေတာတုံး ငါတို့ပြောတဲ့အေ🤣
ကောက်တဲ့သူကိုယ်တိုင်ကပဲ အရူးလိုကြီးဖြစ်လို့အေ 🥴
#Hatsuki
"ချစ်တယ်"လို့ ပြောလိုက်တိုင်း
ချစ်ခွင့်ပန်တဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး
ပြန်ချစ်ပါလို့လည်း မဆိုလိုပါဘူး ။
တစ်ခါတစ်ရံမှာ
သိနေစေချင်ရုံ သက်သက်နဲ့လည်း
ချစ်တယ်လို့ပြောခွင့်ရှိပါတယ် ...
-မောင်ဆောင်းခ#Chan
