en
Feedback
𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑵𝒆𝒙𝒖𝒔

𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝑵𝒆𝒙𝒖𝒔

Open in Telegram

ᵀʰⁱˢ ᶜʰᵃⁿⁿᵉˡ ⁱˢ ᶠᵒʳ ʸᵒᵘ...💌💗 ˢᵗᵃʳᵗᵉᵈ ᵈᵃᵗᵉ- ¹⁹.⁷.²⁰²⁴ᴵ

Show more
644
Subscribers
No data24 hours
+37 days
-330 days
Posts Archive
အထင်လွဲခံရပြီး ဘာမှ ပြန်မပြောခြင်းဟာ သဘောထား ကြီးမှု တစ်မျိုးပါ အဖြစ်အပျက် အမှန်ဆိုတာ အချိန်က စကားပြောသွားပါလိမ့်မယ် စိတ်ထိခိုက်သွားပြီး ဘာမှ ပြန်မပြောခြင်းဟာ စိတ်ရင်းကောင်းမှုတမျိုးပါ မေတ္တာ ရဲ့ အအေး အနွေး ဟာ အချိန်ကသာ သက်သေပြ သွားပါလိမ့်မယ် အစော်ကား ခံလိုက်ရပြီး ဘာမှ ပြန်မပြောခြင်းဟာ ခွင့်လွှတ်ခြင်း တမျိုးပါ အကျင့် ကောင်းတယ် မကောင်းဘူး ဆိုတာ အချိန်က ရှင်းလင်း ပေးသွားပါလိမ့်မယ် ဘာကိစ္စ အတွက်ပဲ ဖြစ်ဖြစ် စိတ်လောပြီး မငြင်းဆိုပါနှင့် ဘာအကြောင်းအရာကိုမှ စိတ်လောပြီး မရှင်းပြပါနှင့် နားလည်ပြီးသား သူအတွက် ရှင်းပြဖို့ မလိုအပ် သလို နားမလည်ချင်တဲ့ သူအတွက် ရှင်းပြလည်း အပို ဖြစ်နေတတ်တယ် စကားပြောတတ်ဖို့ နှစ်,နှစ် ပဲ သင်လိုက်ရပေမဲ့ ပါးစပ် ပိတ်တတ်ဖို့ သင့်တစ်တသက်တာ ကြိုးစား ကြည့်လိုက်ပါဦး ဝမ်းနည်း စရာ ကောင်းတာက အခုထက်ထိ ပါးစပ်က လွှတ်ခနဲ ဖြစ်လို့ကောင်းတုန်း ဘဝ အမြင့်ဆိုတာ ပညာ ဘယ်လောက်တတ်တယ် ဗဟုသုတ ဘယ်လောက် ရှိတယ်ဆိုတာနဲ့ မသက်ဆိုင်ပါ ဒေါင်ကျကျ ပြားကျကျ အပြုံး မပျက်တဲ့ မဟာ သဘောထား မျိုးကို ဆိုလိုပါတယ် စိတ်သဘောထား ကြီးတယ်ဆိုတာလဲ သင် လူဘယ်လောက်များများ သိတယ် ဘယ်လောက်များများ ခင်မင် တာနဲ့လဲ မသက်ဆိုင်ပါ သင်လူ ဘယ်လောက်များများ ကို လက်ခံခွင့်လွှတ်နိုင်တာနဲ့ ပိုမိုသက်ဆိုင်ပါတယ် လောက နိယာမအရ အနစ်နာခံတဲ့လူဟာ နောက်ဆုံးမှာ တကယ်မနစ်နာသလို ငြင်းခုံမှုမှာ အရှုံးပေးတဲ့ သူဟာလဲ နောက်ဆုံး တကယ် မရှုံးပါဘူး ကိုယ့်ကိုကိုယ် ဆုံးမဖို့ ရေးလိုက်ပါတယ်။ #crd #Mai

"ကြိုတင်ပြင်ဆင်ခြင်းဟာ အောင်မြင်ခြင်းရဲ့ အစ"ပါ အလုပ်တစ်ခုကို အချိန်ကျမှ ချက်ချင်းထလုပ်လိုက်တာထက် ကြိုတင်ပြင်ဆင်ထားတော့ အမှားကင်းကင်းနဲ့ ပြီးမြောက်နိုင်တာပေါ့ တကယ်တော့ ကျွန်တော်တို့တွေဟာ "Raining Day'' (မိုးရွာတဲ့နေ့) မရောက်ခင် အပျော်အပါးမက်ပြီး နေချင်သလို မနေသင့်ပါဘူး ဒါနဲ့ Raining Day ဆိုတာဘယ်လိုမျိုးလဲဆိုတာ ဥပမာလေးနဲ့ပြောပြထားပါတယ် နော် ကျွန်တော်တို့ ငယ်ငယ်ကတည်းကကျောင်းစာမှာသင်ရတဲ့ ပုရွက်ဆိတ်နဲ့ နှံကောင်ပုံပြင်လေးကို အားလုံးလည်းသိကြမှာပါ အဲပုံပြင်လေးထဲမှာ ပုရွက်ဆိတ်တွေက မိုးတွင်းအခါမှာ စားသောက်ဖို့ အစားစာတွေကို ကြိုတင်စုဆောင်းနေပြီး နှံကောင်ကတော့ အနာဂတ်အတွက် ကြိုတင်မပြင်ဆင်ပဲ လက်ရှိပစ္စုပ္ပန်မှာ ပျော်ဖို့အတွက်ပဲ ဘဝကို ပေါ့ပျက်ပျက်နဲ့ ဖြတ်သန်းနေခဲ့တာလေ ဒီလိုနဲ့မိုးတွင်းအခါရောက်တော့ အပျော်အပါးမက်‌တဲ့ နှံကောင်လေးဒုက္ခရောက်ပြီး ကြိုတင်ပြင်ဆင်ထားတဲ့ပုရွက်ဆိတ်တွေကတော့ အေးအေးဆေးဆေးလေး ဖြစ်နေတာ‌ပေါ့ အဲလိုပါပဲ ကျွန်တော်တို့ ဘဝတွေမှာလည်း Raining Day ဆိုတာရောက်လာဦးမှာပါ အဲဒီနေ့မရောက်ခင် ကြိုတင်ပြင်ဆင်ဖို့ပဲ လိုတာပါ ကျောင်းသားကျောင်းသူတွေအတွက် Raining Day က စာမေးပွဲဖြေတဲ့ရက် ၊ အလုပ်လျှောက်မယ့်သူတွေအတွက် Raining Day က interview ‌ဖြေမဲ့နေ့ စသဖြင့်ပေါ့... Raining Day က ကြုံကိုကြုံရမှာပါ ဒါ့ကြောင့် နောင်တစ်ချိန်မှာ အေးအေးဆေးဆေး နေနိုင်ဖို့ ၊ အောင်မြင်မှုအသီးအပွင့်ကို ဆွတ်ခူးနိုင်ဖို့ ယခုပစ္စုပ္ပန်မှာကတည်းက ကြိုးစားပြင်ဆင်ထားဖို့လိုတာပေါ့ "နောင်ခါလာနောင်ခါဈေး"ဆိုပြီး ပေါ့ပေါ့တန်တန် ‌တွေးနေလို့မရပါဘူးနော် "ကျွန်တော်တို့ရဲ့အနာဂတ်ဟာ ကျွန်တော်တို့ ဒီနေ့ပြုလုပ်တဲ့အရာပေါ်မှာ မူတည်ပါ‌တယ်"
゚⁠)⁠ဒီစာလေးကို ဆရာ ဦးဘုန်း(ဓာတု) ရဲ့ Raining Day ဆိုတဲ့ စာလေးဖတ်ပြီး ပြန်လည်ကိုးကားရေးထားတာဖြစ်ပါတယ်
#Chan #sarphat #knowledge_nexus

စည်းကမ်းဆိုတာ "ငါဒီနေ့ ဒါကိုမလုပ်ရင် ငါ လိုချင်တဲ့ [ ရည်မှန်းချက် ] နဲ့ ဝေးရမှာပါလား" လို့ သတိရခြင်းပဲ Motivation တွေအားကိုးနေတာထက် ကိုယ့်ကိုယ်ကို သတိပေးနိုင်တာက ပိုအလုပ်ဖြစ်တယ် မလုပ်ရင် မရတာက ဘယ်နေရာမှာမဆို အသိသာကြီးပါပဲ -thelapyae #Chan #knowledge_nexus

ဒီအထိရောက်လာပြီပဲ ဘာလို့ အရှုံးပေးမှာလဲ... ရှေ့မဆက်တော့ရင် ပင်ပန်းခဲ့သမျှက နှမြောစရာကောင်းလွန်းတယ်။ သူများတွေရောက်သွားကြပြီ သူတို့တွေလွယ်ကူလိုက်တာ သူတို့ဘဝတွေ ခမ်းနားလိုက်တာ အဲဒီလို တစ်ခြားဘဝတွေကြည့်ပြီး ငါ့ကျ ပင်ပန်းလိုက်ရတာ ငါ့ခရီးက ခက်ခဲလိုက်တာ ငါ့ဘဝက ဒီနားမှာပဲရှိသေးတာလို့ ကိုယ့်ဘဝကို သိမ်ငယ်စိတ်ဝင်ပြီး လက်လျှော့ပစ်ဖို့ မတွေးလိုက်ပါနဲ့ ။ တကယ်လို့ ပန်းတိုင်ချင်းတူရင်တောင် ​လွယ်လွယ်နဲ့ရောက်သွားသူတွေ နဲ့ယှဥ်ရင် ခက်ခက်ခဲခဲ ရောက်သွားတဲ့ကိုယ်တွေက ပိုတန်ဖိုးရှိတယ်မလား... ပိုဂုဏ်ယူစရာကောင်းမယ်မလား... ဖြစ်ချင်တာရှိရင်တောင် လွယ်လွယ်နဲ့မရောက်နိုင်တဲ့ဘဝတွေဖြစ်လို့ နောက်ကျနေခဲ့လည်း အရှုံးမပေးလိုက်ပါနဲ့ကွယ်... -လင်းနန် February 26 #Chan #knowledge_nexus

ဘဝမှာ တင်းကြပ်တဲ့ အောင်မြင်မှုတွေ စိတ်မာကျောမှုတွေချည်း အာရုံစိုက်နေရင် ရှင်သန်ခြင်းဟာ အသက်ပါလာမှာ မဟုတ်ဘူး တခါတလေတော့လည်း စိတ်ရှိလက်ရှိ မျက်ရည်ကျခွင့်ပေးရတယ် မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ် ။ #ဂန္ဓမာ #Mai

ကံတရားဆိုတာ တက်လိုက်ကျလိုက်ပဲ ဘာပဲရှုံးရှူံး ခံစားချက်တော့ မရှုံးစေနဲ့
-နိုင်းနိုင်းစနေ #Chan #knowledge_nexus

သူငယ်ချင်း သုံး‌ယောက် couple pf ထားနိုင် #Hatsuki
+2
သူငယ်ချင်း သုံး‌ယောက် couple pf ထားနိုင် #Hatsuki

Have a beautiful day 🌹❤️ #Chan
Have a beautiful day 🌹❤️ #Chan

မင်းလေးအပြုံးက အရာအားလုံးထက်ချို တယ်🫀🤎
Good night 🌃😴
#Chan #music #knowledge_nexus

တစ်နေ့မှာ လူတစ်ယောက်ဟာ ငှက်ကုလားအုတ်တစ်ကောင်နဲ့ စားသောက်ဆိုင်ထဲကို ဝင်လာတယ်။ စားပွဲထိုးက သူတို့ကို မှာစားချင်တာမေးတော့ ထိုသူက.. . "ငါ အတွက် ဟမ်ဘာဂါ၊ အာလူးကြော်နဲ့ ကိုကာကိုလာ မှာမယ်" လို့ပြောပြီး ငှက်ကုလားအုတ်ဘက်ကို လှည့်မေးတယ်။ "ဒါဆို မင်းကော?" လို့မေးတော့ ငှက်ကုလားအုတ်က " အဲဒါပါပဲ" လို့ပြန်ဖြေတယ်။ ခဏကြာတော့ စားပွဲထိုးက အစားအသောက်တွေနဲ့အတူ ပြန်လာပြီး... " စုစုပေါင်း ၉ ဒေါ်လာ ၄၀ ဆင့်ပါ" လို့ပြောတယ်။ ထိုသူက သူ့အိတ်ထဲကို လက်နှိုက်ပြီး အတိအကျ ပေးလိုက်တယ်။ နောက်တစ်နေ့ သူတို့ထပ်လာသည်။ နေ့တိုင်းလိုလို ဒီလိုပဲ မှာစားကြတယ်။ ထိုသူက ဟမ်ဘာဂါ၊ အာလူးကြော်နဲ့ ကိုကာကိုလာမှာပြီး ငှက်ကုလားအုတ် ကလည်း အဲဒါပဲလိုက်မှာတယ်။ ထိုသူက ကုန်ကျစရိတ်ကို သူ့အိတ်ထဲကနေ အတိအကျ ပေးလိုက်တယ်။ ဒီလိုနဲ့ သောကြာနေ့ညပိုင်းရောက်တော့ သူတို့ စားသောက်ဆိုင်ကို ထပ်ဝင်လာကြတယ်။ စားပွဲထိုးက "အရင်လိုပဲလား?" လို့မေးတော့ ၊ ထိုလူက... "ဒီညတော့ မဟုတ်ဘူး။ သောကြာနေ့ဆို ငါက အမဲပြားကြော် ၊ အာလူးမီးဖုတ်နဲ့ ဆလတ်ရွက်မှာမယ်" လို့ပြောတယ်။ ငှက်ကုလားအုတ်ကလည်း ဒါပါပဲ လို့ပြန်ဖြေတယ်။ စားပွဲထိုးက အစားအသောက်တွေကို ယူလာပြီး.. " စုစုပေါင်း ၃၂ ဒေါ်လာနဲ့ ၆၂ ဆင့် ကျသင့်ပါတယ်" လို့ပြောတယ်။ ထိုလူက သူ့အိတ်ထဲကနေ အတိအကျ ထုတ်ပေးလိုက်တယ်။ စားပွဲထိုးက မနေနိုင်တော့ဘဲ သူ့ကိုမေးလေသည်။ "လူကြီးမင်းခင်ဗျာ.. ဘယ်လိုလုပ်ပြီး...ဘယ်လောက်ပဲကျသင့်ပါစေ အိတ်ထဲကနေ အတိအကျ ထုတ်ပေးနိုင်တာလဲ?" ထိုက ပြုံးပြီး ပြောတယ်။ "လွန်ခဲ့တဲ့နှစ်တွေတုန်းကပေါ့.. ငါဝယ်လိုက်တဲ့ အိမ်ကြီးကို ရှင်းတော့ မီးခိုးရောင်နဲ့ မီးအိမ်တစ်လုံးကို တွေ့တယ်...'' "ငါ သူ့ကို ပွတ်လိုက်တော့ ဂျင်နီတစ်ကောင် ပေါ်လာပြီး ဆုနှစ်ဆု တောင်းခွင့်ပေးတယ်။ '' "ပထမဆုအနေနဲ့ ငါတောင်းတာက ဘာပဲဝယ်ဝယ် အိတ်ထဲကနေ အတိအကျ ပေးနိုင်ဖို့ ဆုတောင်းခဲ့တယ်။" စားပွဲထိုးက.... " ခင်ဗျားတော်တော် ဉာဏ်ကြီးတာပဲ ! လူအများစုက ချမ်းသာကြွယ်ဝဖို့ ဆုတောင်းကြမှာပဲ။ ဒါပေမယ့် ခင်ဗျားဆုကြတော့ ဘယ်တော့မှ ပိုက်ဆံမကုန်ဘူး.." လို့ပြောတယ်။ ထိုသူက.. "ဟုတ်တယ်။ နို့တစ်ဂါလံဝယ်ရင်ပဲ ဖြစ်ဖြစ်၊ ဇိမ်ခံကားတစ်စီးဝယ်ရင်ပဲ ဖြစ်ဖြစ်၊ ပိုက်ဆံက အိတ်ထဲ အစဥ်သင့် အမြဲရှိနေတယ်" လို့ပြောတယ်။ စားပွဲထိုးက ငှက်ကုလားအုတ်ကိုကြည့်ပြီး... "ဒါဆို ခင်ဗျာရဲ့ ဒုတိယဆုက ဘာလဲ?" လို့မေးတယ်။ ထိုသူက သက်ပျင်းချပြီး... " ခြေတံရှည်ရှည် ငါပြောသမျှ ဘယ်တော့မှမ​ငြင်း အဖော်တစ်ယောက်ရဖို့ ဆုတောင်းခဲ့တယ် အခုတော့ မင်းမြင်တဲ့အတိုင်ပဲ " လို့ပြောပါသည်။ -Saya U Khin Zaw( ဘာသာပြန် ) #Chan #knowledge_nexus

အပေါ်က နှုတ်ခမ်းနီရာတွေ ပျော်ရွှင်စရာ တစ်လပြည့်ပါနော် ကိုကို.ဒီတစ်လအတွင်းမှာ ဘေဘီကို အများကြီးချစ်ပေးလို့ကော ပျော်အောင် ထားပေ
အပေါ်က နှုတ်ခမ်းနီရာတွေ ပျော်ရွှင်စရာ တစ်လပြည့်ပါနော် ကိုကို.ဒီတစ်လအတွင်းမှာ ဘေဘီကို အများကြီးချစ်ပေးလို့ကော ပျော်အောင် ထားပေးလို့ကော ကျေးဇူးအများကြီးတင်ပါတယ်နော်.ဘေဘီက ကိုကို့ကိုပဲအမြဲချစ်မှာမလို့ အရမ်းကြီးစိတ်မပူပါနဲ့နော်.ကိုကိုလဲ ဘေဘီကိုပဲ အမြဲချစ်ရမှာနော်. ပြီးတော့ စာလဲသေချာလုပ်ပါနော်.ဘေဘီက ကိုကိုစိတ်ချရအောင်နေပါမယ်.နောက်ကို အများကြီးလဲ ပိုချစ်ပေးပါမယ်နော်.အရမ်းလဲလွမ်းနေပြီ.အဆောင်မှာလဲဂရုစိုက်နေပါနော်.ဘေဘီကအမြဲတမ်းစောင့်နေမယ် ကြားလား.များကြီးချစ်တယ်.အာဘွား.မွ တစ်ခါတည်းဘာသာပြန်ပေးထားတာ #Hatsuki

Good night pr byar ❣️🧸 အသံချိုချိုလေး နားထောင်ပြီး အိပ်မက်လှလှ မက်ကြပါစေ🎼
လူရှယ်ထွက်နေလို့ စိတ်မချမ်းသာနေဘူး🙂‍↕️ #Chan #knowledge_nexus

မဖြစ်နိုင်တဲ့အရာမရှိဘူးဆိုတာတကယ်တော့ ဂျင်း သိလား မဖြစ်နိုင်တာတွေ တကယ်ရှိတယ် ဖြစ်ချင်ရင်တောင်မဖြစ်သင့်လို့ဆိုတဲ့ မဖြစ်နိုင်တာတွေ ဘဝအတွက်ကြိုးစားကြပါ အကောင်းဆုံးကြိုးစားမှ အကောင်းဆိုတာတွေ ဖြစ်မှာ မဖြစ်နိုင်တဲ့အရာတွေကလွဲရင် ဖြစ်နိုင်တဲ့ အရာတွေအတွက် အကောင်းဆုံး ကြိုးစားကြတာပေါ့ #Hatsuki

ခေတ်ပဲဆန်ဆန် တောပဲဆန်ဆန် အဓိက က မိန်းကလေးတစ်ယောက်ဆိုတာ ကိုယ့်သိက္ခာတရားကိုအလေးထားပြီးမြတ်နိုးတတ်ဖို့တော့လိုတယ်။ ခန္ဓာကိုယ် အလှတရားဆိုတာ လူတိုင်းမြင်နိုင်ဖို့ ကြွားဝါးစရာမလိုဘူး ကြွားသင့်တဲ့အရာလည်း မဟုတ်ဘူး။ လှရင် လှတဲ့အတိုင်း ရိုးရိုးရှင်းရှင်းနေ မိတ်ကပ်တွေခြယ်ချင်ရင်လည်းခြယ်ပေါ့။ ရုပ်ဆိုးရင် စိတ်ထားကောင်းအောင်နေ စိတ်အလှတရားကရောင်ပြန်ဟန့်ပြီး မြင်သူတိုင်းကိုစိတ်အကြည်ဓာတ်ပေးလိမ့်မယ်။ ပိန်သည်ဖြစ်စေ ဝသည်ဖြစ်စေ ကိုယ့်ဖြစ်တည်မူကို ကိုယ်မြတ်နိုးပါ တခြားကိုယ့်ထက်သာတဲ့မိန်းကလေးနဲ့ယှဥ်ပြီး သိမ်ငယ်မနေနဲ့ လူတိုင်းကသူ့အလှတရားနဲ့သူ သူတန်ဖိုးနဲ့သူရှိမှာဘဲ။ တန်ဖိုးရှိအောင်သာနေ သိက္ခာရှိရှိရှင်သန်တဲ့မိန်းကလေးတစ်ယောက်ကို တော်ရုံယောက်ျားတွေက အနားကပ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒီလိုမိန်းကလေးမျိုးက လူစိတ်ရှိတဲ့ယောက်ျားကောင်းနဲ့တော့ လွဲမှာမဟုတ်ဘူး။ -ဖားစည်ရည်ကျော် #Chan #knowledge_nexus

“ငါသာသူ့နေရာမှာဆိုရင်” ဆိုတဲ့ ကိုယ်ချင်းစာစိတ်ဟာ ဘယ်လိုဆက်ဆံရေးတွေမှာဖြစ်ဖြစ် လိုကို လိုအပ်ပါတယ်။ ကိုယ်မကြိုက်တာကို မလုပ်စေချင်ရင် သူမကြိုက်တာလည်း ကိုယ်မလုပ်ဖို့လိုပါတယ်။ #Chan #knowledge_nexus

တအားကြီး ရင့်ကျက်ဖို့လည်း မလိုပါဘူး ပျော်စရာရှိတာပျော်လိုက်မယ် ဝမ်းနည်းစရာရှိတာ ဝမ်းနည်းမယ် လူကြီးဆန်သင့်တဲ့နေရာ လူကြီးဆန်လိုက်မယ် ကလေးဆန်သင့်တဲ့နေရာ ကလေးဆန်လိုက်မယ် မနက်ဖြန်တွေထဲက တစ်နေ့မှာ ငါတို့ဟာထွက်သွားကြရမှာပဲမလား ဘာကြောင့်များ ကိုယ်နေလို့မပျော်တဲ့ ပုံစံခွက်တွေထဲကို အတင်းတိုးဝင်နေကြမှာလဲ ပျော်ရာကော တော်ရာကော ဘက်ညီမျှ ရှင်သန်ရတဲ့ ဘဝဟာ အဓိပ္ပါယ်ရှိမှာပေါ့ #Mai