cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး(𝐍𝐆𝐎)

𝙉𝙤𝙣-𝙂𝙤𝙫𝙚𝙧𝙣𝙢𝙚𝙣𝙩𝙖𝙡 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣𝙨(𝙉𝙂𝙊) /𝐘𝐞 𝐔

إظهار المزيد
مشاركات الإعلانات
1 821
المشتركون
+1624 ساعات
+457 أيام
+10430 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

▪️စစ်ကိုင်းတိုင်း၊ဒီပဲယင်းနယ်အနောက်တောင်ဘက်ခြမ်းရှိ ထန်းတပင်-မကြီးအုပ်ကျေးရွာ စာသင်ကျောင်းအား အကြမ်းဖက်စစ်ရှုံးကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက် ၊ 12-5-2024(8:58Pm) ▪️ယမန်နေ့ မေလ၊၁၁ရက်နေ့မွန်းလွဲပိုင်း ၂နာရီကျော်ခန့်အချိန် တံတားဦးလေတပ်မှတက်လာတဲ့ YAK-130ဂျက်ဖိုက်တာဖြင့် ဒီပဲယင်းနယ်အနောက်တောင်ခြမ်း ထန်းတပင်ရွာနှင့် မကြီးအုပ်ရွာ စာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားထားခြင်းမရှိပါပဲ အကြောင်းမဲ့သက်သက် ပေါင်၅၀၀ဗုံး(၃)လုံးကြဲချပြီး စက်လက်နက်ဖြင့်လည်း မကြီးအုပ်ရွာကို တရစပ်ပစ်ခတ်တိုက်ခိုက်သွားကြောင်း မြေပြင်သတင်းရရှိပါတယ် ။ ▪️အကြမ်းဖက်စစ်ရှုံးကောင်စီမှ စစ်ရေးပစ်မှတ်မဟုတ်သည့် မကြီးအုပ်ရွာစာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သာမန်အရပ်သားပြည်သူ(၂)ဦး ၊ ပြည်သူ့ကာကွယ်ရေးရဲဘော်(၄)ဦး၊ စုစုပေါင်း(၆)ဦးသေဆုံးခဲ့ရပြီး (၂၃)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ (၂၃)ဦးထဲကမှ (၇)ဦးဟာ ခြေပြတ်လက်ပြတ်နဲ့ ဒဏ်ရာအပြင်းအထန်ရထားကာ အသက်အန္တရာယ်စိုးရိမ်နေရတဲ့အနေအထားရှိကြောင်း "ဒီပဲယင်းမြို့နယ်ညီနောင်များ"ရဲ့ထုတ်ပြန်ထားချက်အရ သိရှိရပါတယ် ။ ▪️ဧပြီလ၊၁၇ရက် မြန်မာနှစ်ဆန်း(၁)ရက်နေ့ညပိုင်းတုန်းကလည်း အကြမ်းဖက်စစ်ရှုံးကောင်စီမှ ဒီပဲယင်းနယ်အနောက်ခြမ်း အင်းတန်း၊ယင်းတွေကျေးရွာများဘက်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ် ၊ ထိခိုက်သေဆုံးမှုမရှိခဲ့ပါ ။ ▪️အကြမ်းဖက်စစ်ရှုံးကောင်စီမှ ဘုန်းကြီးကျောင်း၊ဆေးရုံ၊စာသင်ကျောင်းများ အပြစ်မဲ့ပြည်သူများကို လေကြောင်းတိုက်ခိုက်သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်လျှက်ရှိပါတယ် ။ မည်သည့်စစ်ကြောင်းမှထိုးခြင်းမရှိ တိုက်ပွဲဖြစ်ထားခြင်းမရှိပါပဲ အတွင်းဒလန်ဒလျှိူ စစ်ခွေးလော်ဘီများရဲ့ သတင်းအမှားပေးမှုတွေကြောင့် စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာများကို လေကြောင်းတိုက်ခိုက်သတ်ဖြတ်နေသဖြင့် အနယ်နယ်အရပ်ရပ်ရှိမိဘပြည်သူများ လေကြောင်းရန်အထူးသတိထားနေထိုင်ကြဖို့ သတိပေးအပ်ပါတယ်ခင်ဗျာ။ Photo-Crd ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် မကြီးအုပ်ရွာ ထိခိုက်ပျက်ဆီးမှုမြင်ကွင်းများ။ 𝑻𝒆𝒍𝒆𝒈𝒓𝒂𝒎 𝙻𝚒𝚗𝚔-https://t.me/yeucharitableorganization လှူဒါန်းဆက်သွယ်ရန်- https://t.me/mothersson122021 #ရေဦးမြို့နယ်စစ်ရှောင်ပြည်သူ_ထောက်ပံ့ရေး(𝑵𝑮𝑶)
إظهار الكل...
ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး(𝐍𝐆𝐎)

𝙉𝙤𝙣-𝙂𝙤𝙫𝙚𝙧𝙣𝙢𝙚𝙣𝙩𝙖𝙡 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣𝙨(𝙉𝙂𝙊) /𝐘𝐞 𝐔

👍 9
ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် မကြီးအုပ်ရွာ ထိခိုက်ပျက်ဆီးမှုမြင်ကွင်းများ။
إظهار الكل...
👍 2
Repost from RFA Burmese
ဒီပဲယင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ခြောက်ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ ~~~ ■ ဒီပဲယင်းမြို့နယ်၊ မကြီးအုပ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်၊ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ နှစ်ဦးနဲ့ ကာကွယ်ရေးအဖွဲ့ဝင် လေးဦး သေဆုံးပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီကြောင်းကို မခက်မာ က တင်ပြထားပါတယ်။ ____________ RFA Burmese Website တွင် ဖတ်ရှုရန်…
إظهار الكل...
👍 3
Update; 📌ယမန်နေ့ မကျည်းအုပ်ကျေးရွာ စာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သာမန်အရပ်သားပြည်သူ(၂)ဦး နှင့် ပြည်သူ့ရဲဘော်(၄)ဦး ထိခိုက်သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိခဲ့သူ (၂၃)ဦးခန့်ရှိထားကြောင်း "ဒီပဲယင်းမြို့နယ်ညီနောင်များ"ရဲ့ ထုတ်ပြန်ချက်အရ ထပ်မံသိရှိရ ။ ဒဏ်ရာရရှိခဲ့သူ(၂၃)ဦးထဲမှ (၇)ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေဖြစ်ကြောင်း သိရှိရပါတယ် ။
إظهار الكل...
👍 3🔥 1
🔺 ဒီပဲယင်း 🔺 📌 ယမန်နေ့မွန်းလွဲပိုင်း ၂နာရီကျော်ခန့်အချိန် တံတားဦးလေတပ်မှတက်လာတဲ့ YAK-130ဂျက်ဖိုက်တာဖြင့် ဒီပဲယင်းနယ်အနောက်တောင်ဘက်ခြမ်း မကျည်းအုပ်ကျေးရွာ စာသင်ကျောင်းအား ပေါင်၅၀၀ဗုံး(၃)လုံးကြဲချပြီး စက်လက်နက်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် ထိခိုက်ပျက်ဆီးခဲ့ရသည့်မြင်ကွင်းများပဲဖြစ်ပါတယ် ။ 📌 မကျည်းအုပ်ရွာ စာသင်ကျောင်းကို တိုက်ပွဲဖြစ်ထားခြင်းမရှိ စစ်ရေးပစ်မှတ်မဟုတ်ပဲ အကြမ်းဖက်စစ်ရှုံးကောင်စီမှ ပြည်သူများအား လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် (၆)ဦးထက်မနည်းသေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ(၃၀)ခန့်လောက်ရှိကြောင်း စုံစမ်းသိရှိရ ။ သေဆုံးခဲ့ရသည့်ပြည်သူများဟာ မည်သည့်ရွာက ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ခြင်းမရှိသေးပါခင်ဗျာ ။ Photo - Credit (အောက်ပါ 𝐏𝐃𝐂 တယ်လီဂရမ်ချန်နယ်တို့မှာလည်း ဝင်ရောက်ကြည့်ရှူနိုင်ပါသည်) https://t.me/htookhantzaw5 https:///aerialintelligence ​တိုက်ရိုက် သတင်းပေးပို့ရန် ☞https://t.me/mothersson122021 #မှတ်ချက် 'သတင်းများအား မူရင်းအတိုင်းသာ ကူးယူဖော်ပြခွင့်ပြုသည်' 12.𝙈𝘼𝙔.2024/ 15:15 【𝐏𝐃𝐂】 🚩 ✰အမေ့သား✰
إظهار الكل...
👍 2 1
أرشيف المشاركات