en
Feedback
Mizzima+ TV Channel

Mizzima+ TV Channel

Open in Telegram

🕕နေ့စဉ် နံနက် ၆ နာရီ 🕛 ည ၁၂ နာရီအထိ 🗞သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV 🎭သတင်း နှင့် ဖျော်ဖြေရေးချန်နယ်အဖြစ် Mizzima + HD တို့အား PSI စလောင်းများ၊ 2ပေ စလောင်းများနှင့် 8ပေ စလောင်းများဖြင့် ဖမ်းယူကြည့်ရှုနိုင်ပါပြီ။ www.mizzima.tv

Show more
Buy Ad
1 611
Subscribers
No data24 hours
-37 days
-1830 days
Posts Archive
Steel Rain 2: Summit (2020) ================ ဒီတစ်ခါမှာတော့ နိုင်ငံရေး၊ အက်ရှင်နဲ့ ဒရာမာဇာတ်လမ်း ကောင်းကောင်းကို နှစ်သက်သူတွေအတွက် Steel Rain 2 : Summit ဆိုတဲ့ ကိုရီးယား ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ မြောက်ကိုရီးယား ခေါင်းဆောင်ဟာ နောက်ဆုံးမှာ သူတို့ပိုင်ဆိုင်တဲ့ နျူကလီးယား လက်နက်တွေကို အပ်ပြီး အမေရိကန်နဲ့ ငြိမ်းချမ်းရေးယူဖို့ ဖြစ်လာခဲ့ပါတယ်။ မြောက်ကိုရီးယား နိုင်ငံမှာ ကျင်းပမဲ့ အဲ့ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တောင်ကိုရီးယား သမ္မတနဲ့ အမေရိကန် သမ္မတို့ တက်ရောက်ခဲ့ကြပါတယ်။ သူတို့ဟာ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ ညှိနှိုင်းပြီး သဘောတူညီချက် မရသေးခင်မှာပဲ အမေရိကန်ကို နျူကလီးယားလက်နက်တွေ အပ်မှာ မလိုလားတဲ့ မြောက်ကိုရီးယား ဗိုလ်မှူးကြီးက အာဏာသိမ်းလိုက်ပြီး မြောက်ကိုရီးယားခေါင်းဆောင်၊ တောင်ကိုရီးယားနဲ့ အမေရိကန် သမ္မတတို့ကို ဓါးစားခံအဖြစ် ဖမ်းဆီးလိုက်ပါတော့တယ်။ ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာလည်း တရုတ်နဲ့ ဂျပန်နိုင်ငံတို့က ပါဝင် ပတ်သက်နေပါသေးတယ်။ ငြိမ်းချမ်းရေးအတွက် ကျင်းပတဲ့ ညီလာခံကနေ စစ်ပွဲတစ်ခု ဖြစ်လာတဲ့အခါ... သုံးနိုင်ငံ ခေါင်းဆောင်တွေ အကျပ်အတည်းက လွတ်မြောက်ဖို့ ဘယ်လို ကြိုးစားကြမယ်ဆိုတာကို ဆက်လက် ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၄.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၅.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3PQUzmt

Pandora (2016) =========== နျူကလီးယား စွမ်းအင်ဟာ လူသားတွေအတွက် ကောင်းကျိုးအများကြီးရှိသလို ဂရုစိုက်ပြီး မကိုင်တွယ်ရင်လည်း ဆိုးကျိုးတွေ အများကြီးနဲ့ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ Pandora ဇာတ်ကားထဲမှာတော့ ဒီအကြောင်းကို သေသေချာချာလေး ရိုက်ကူးပြသသွားပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကို ပြောပြရရင်... ဂျယ်ဟော့ဆိုတဲ့ လူငယ်တစ်ဦးဟာ သူ့မြို့မှာရှိတဲ့ နျူကလီးယား စက်ရုံမှာ သူ့လိုပဲ မြို့သူမြို့သား သူငယ်ချင်းတွေနဲ့အတူ အလုပ်လုပ်နေပါတယ်။ ဂျယ်ဟော့ရဲ့ အဖေနဲ့ အစ်ကိုဖြစ်သူဟာလည်း အဲ့ဒီစက်ရုံမှာပဲ အလုပ်လုပ်ခဲ့ကြပြီး ဓာတ်ရောင်ခြည် သင့်မှုကြောင့် သေဆုံးခဲ့ကြရတာပါ။ ဒါကြောင့် ဂျယ်ဟော့အနေနဲ့ စက်ရုံမှာ အလုပ်မလုပ်ချင်ဘဲ မြို့ကထွက်သွားပြီး ပိုက်ဆံရှာချင်ခဲ့ပေမဲ့ သူ့အမေအပြင် ဆွေမျိုးအပေါင်းအသင်းတွေကပါ ဒါကိုအားမပေးခဲ့ကြပါဘူး။ တနေ့မှာတော့ သူတို့ရဲ့မြို့အနီးမှာ ပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး သက်တမ်းကြာမြင့်နေပြီ ဖြစ်သလို သေချာလည်း မထိန်းသိမ်းထားခဲ့တဲ့ နျူကလီးယား စက်ရုံက ဓာတ်ပေါင်းဖိုတစ်ခုဟာ အပူချိန်လွန်ကဲပြီး ပေါက်ကွဲခဲ့ပါတော့တယ်။ ဒီဇာတ်ကားလေးကတော့ ၂၀၁၇ခုနှစ်မှာ အကောင်းဆုံးရုပ်ရှင် ဇာတ်ကားအဖြစ် ဆန်ကာတင် စာရင်းဝင်ခဲ့တာကြောင့် ရုပ်ရှင်ကောင်းကောင်း ကြိုက်သူတွေ လက်လွှတ်မခံဘဲ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၃.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၄.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4jpYxjw

Secret Zoo ********* ရှေ့နေလေးဂန်ထယ်ဆူဟာ JH ကုမ္ပဏီရဲ့အမြဲတမ်းဝန်ထမ်းဖြစ်ခွင့်ရဖို့ အိပ်မက်မက်နေသူပါ။တစ်နေ့မှာတော့ ကုမ္ပဏီဥက္ကဌကိုဆန္ဒပြသူတွေရန်ကကာကွယ်ရင်းသူ့အိပ်မက်တွေအကောင်အထည်ဖော်ဖို့အခွင့်အရေးရခဲ့ပါတယ်။ အကြွေးနဲ့သိမ်းခံရတော့မယ့် တိရစ္ဆာန်ရုံတစ်ခုကို ၃လအတွင်း အကောင်းဆုံးဦးစီးပြီး နဂိုအခြေအနေပြန်ရောက်အောင်လုပ်ဖို့ ဂန်ထယ်ဆူကိုကုမ္ပဏီက တာဝန်ပေးလာပါတယ်.. ရလာတဲ့အခွင့်အရေးကိုအသုံးချပြီး သူ့တက်လမ်းအတွက် ကြိုးစားမယ်လို့ဂန်ထယ်ဆူ သန္နိဌာန်ချလိုက်ပါတော့တယ် ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၂.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၃.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4gaxllM

Confession ********** ဟွန်တေး အင်ချော နဲ့ မင်ဆူ တို့ဟာ ငယ်ငယ်လေးကတည်းက သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာပါ .. ဟွန်‌တေးက မီးသတ်သမားတစ်ယောက်ဖြစ်ပြီး မူလတန်းအရွယ် သမီးတစ်ယောက်နဲ့ ဆွံ့အနားမကြားဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ရှိပါတယ် အင်ချောကတော့ အာမခံကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ လူလိမ်တစ်ယောက်ပါ မင်ဆူကတော့ အိမ်ဆိုင်လေးဖွင့်ထားပါတယ် .. တရားမ၀င်လောင်းကစားရုံဖွင့်ထားတဲ့ ဟွန်တေးရဲ့အမေက စီးပွားရေးအဆင်မပြေဖြစ်တဲ့အတွက် အင်ချောနဲ့ ပေါင်းပြီး ပိုက်ဆံရအောင် ကြိုးစားရင်း ကမောက်ကမတွေ ဖြစ်ကုန်တဲ့အခါမှာ သူငယ်ချင်း ၃ ယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ .... စိတ်၀င်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၁.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၂.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/40EUWXj

Silenced ********* သက်ငယ်မုဒိမ်း ရာဇဝတ်မှုဆိုတာဒီမိုကရေစီထွန်းကားပါတယ်ဆိုတဲ့နိုင်ငံကြီးတွေမှာတောင် မကြာခဏ ပေါ်ပေါက်တတ်တဲ့ပြစ်မှုတွေပါ.... တောင်ကိုရီးယားနိုင်ငံမှာလည်း ဒီလိုရာဇဝတ်မှုတွေရှိပေမယ့် အစောပိုင်းမှာတုန်းက ပြစ်ဒဏ်တွေဟာ အတော်လေးပေါ့လျော့ခဲ့တာပါ.... ဒါပေမဲ့ အခုဇာတ်ကားထွက်လာခဲ့တဲ့နောက် တောင်ကိုရီးယားမှာ သက်ငယ်မုဒိမ်းမှုအတွက်ကြီးလေးတဲ့ပြစ်ဒဏ်တွေချမှတ်ဖို့ဥပဒေပြင်ဆင်ပြဌာန်းတဲ့အထိဖြစ်ခဲ့ပါတယ်။ မူဂျင်းဆိုတဲ့ နယ်မြို့လေးတစ်မြို့က ဆွံ့အနားမကြားကျောင်းတစ်ခုမှာကျောင်းအုပ်နဲ့ကျောင်းဆရာတချို့ဟ ကလေးတွေအပေါ် လိင်အကြမ်းဖက်မှုတွေ လုပ်နေတယ်ဆိုတာကို အဲဒီကိုပြောင်းလာတဲ့ ဆရာတစ်ယောက်က ဖော်ထုတ်နိုင်ခဲ့ပါတယ်.... ရက်စက်ကြမ်းတမ်းတဲ့အပြုအမူတွေနဲ့ အသက်မပြည့်သေးတဲ့ကလေးတွေအပေါ် ဒီလိုအနိုင်ကျင့်စော်ကားမှုတွေရှိခဲ့ပေမယ့်ကျူးလွန်သူတွေရဲ့အာဏာပါဝါနဲ့ ခြစားနေတဲ့တရားစီရင်ရေးမဏ္ဍိုင်တွေကြောင့် ကလေးငယ်တွေအတွက် တရားမျှတမှုကို ယူဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဒီဇာတ်ကားကြောင့် နောင်အခါမှာ ဥပဒေပြင်ဆင်ပြဌာန်းမှုတွေလုပ်နိုင်ခဲ့လို့ နိုင်ငံတစ်နိုင်ငံရဲ့တိုးတက်မှုဖြစ်စဉ်တွေမှာ မီဒီယာတွေရဲ့အရေးပါမှုကိုမြင်နိုင်ပါတယ်။ အများကလေးစားရတဲ့သူဖြစ်ပါစေ၊ ဘာသာရေးခေါင်းဆောင်ဖြစ်ပါစေ၊ မကောင်းမှုဒုစရိုက်ကိုကျူးလွန်နိုင်တယ်၊ အထူးသဖြင့် သက်ငယ်မုဒိမ်းမှုတွေမှာထင်မှတ်မထားတဲ့လူတွေက ရက်စက်တဲ့ တရားခံတွေဖြစ်နေနိုင်တယ်ဆိုတာကိုမီးမောင်းထိုးပြသွားတဲ့ ဇာတ်ကားကောင်းပါ။ တရားကိုနတ်စောင့်တယ်ဆိုတဲ့ဇာတ်သိမ်းမျိုးမဟုတ်ပေမယ့် လူလို့မခေါ်နိုင်တဲ့မိစ္ဆာတွေကြောင့်အရွယ်နဲ့မလိုက်အောင် စိတ်ဒဏ်ရာရကြရတဲ့သက်ငယ်မုဒိမ်းသားကောင်တွေကိုဘယ်လိုကာကွယ်စောင့်ရှောက်ကြမလဲဆိုတာ တွေးဆမိစေမယ့် ဇာတ်ကားတစ်ကားပါပဲ။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၀.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၁.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3E32n1T

12th Fail (2023) ************ သူခိုးဓါးပြတွေပေါတဲ့ ချမ်ဘယ်ဒေသရဲ့ ဘေလ်ဂေါင်းရွာလေးမှာ မနော့ဂျ် ဆိုတဲ့ ၁၂တန်း ကျောင်းသားလေးနဲ့ သူ့မိသားစုတို့ နေထိုင်ကြပါတယ်... သူ့ရဲ့ အဖေဖြစ်သူဟာ ရိုးသားလွန်းလို့ ရောက်လေရာ အလုပ်ဖြုတ်ခံရသူ တစ်ယောက်ပါ...မနော့ဂျ်တို့ ဒေသကို မြို့တော်ဝန်နဲ့ သူ့ရဲ့ ခရိုနီတွေက လက်ဝါးကြီး အုပ်ထားတာကြောင့် ဆင်းရဲသား နင်းပြားအဖြစ်နဲ့ အနှိပ်စက်ခံခဲ့ရတဲ့ မနော့ဂျ်တို့ ညီအစ်ကိုကို အသစ်ပြောင်းရွှေ့လာတဲ့ ဒုရဲအုပ်က ကယ်တင်ပေးခဲ့ပါတယ်... မနော့ဂျ်ဟာ ဒုရဲအုပ်ကို လေးစား အားကျတဲ့စိတ်နဲ့ရာထူးကြီး ရဲအရာရှိ တစ်ယောက် ဖြစ်လာအောင် ကြိုးစားခဲ့ပါတော့တယ်...ကျေးလက်ဒေသက ငွေမရှိ နောက်ခံမရှိတဲ့ မနော့ဂျ်တို့လို လူငယ် သန်းပေါင်းများစွာအတွက်က ဒီရည်မှန်းချက်ဟာ လက်တွေ့မကျတဲ့ အိပ်မက် တစ်ခုသာသာပါပဲ... ဒါပေမဲ့ မနော့ဂျ်ဟာ သူ့ကို ကူညီပေးတဲ့ ဂိုက်ဆရာအစ်ကို၊ သူငယ်ချင်း၊ ချစ်သူနဲ့ မိသားစုတို့ရဲ့ အားပေးမှုတွေနဲ့ ကျရှုံးမှုများစွာကြားကနေ ဇွဲမလျှော့ဘဲ အစွမ်းကုန်ကြိုးစားပြီး ပန်းတိုင်ကို တစ်လှမ်းချင်း လျှောက်လှမ်းခဲ့ပါတယ်... ဒီဇာတ်ကားလေးကတော့ ရဲအရာရှိ မနော့ဂျ် ကူမာ ရှာမာနဲ့ သူ့ဇနီးတို့ရဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်... ၂၀၂၄ခုနှစ်ရဲ့ အကောင်းဆုံး ရုပ်ရှင်ဆုနဲ့ အခြားဆုများစွာကို ဆွတ်ခူး ရရှိထားတဲ့ ဇာတ်ကားလေးဖြစ်လို့ မကြည့်ရသေးတဲ့ သူတွေလည်း ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၉.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၀.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3CcAZxO

Khuda Haafiz: Chapter 2 – Agni Pariksha 2022 ******************************** - Drama/Action - 2020 ထွက် Khuda Haafiz ဇာတ်ကားရဲ့ Sequel အနေနဲ့ 2022 ခုနှစ်မှာ ထွက်ရှိလာတဲ့ကားဖြစ်ပြီး ဒီဇာတ်လမ်းမှာ ဆမီးရ်ဟာ ပြည်ပမှာ လူကုန်ကူးခံခဲ့ရတဲ့ ဇနီးဖြစ်သူ နာဂစ်ကို သွားရောက်ကယ်ဆယ်ပြီး မိမိနိုင်ငံကို ပြန်လာကာ ပုံမှန်အတိုင်း ပြန်လည်ရှင်သန်သွားနိုင်ဖို့ နှစ်ယောက်စလုံး ကြိုးစားနေရတဲ့အချိန်နဲ့ စတင်ထားပါတယ် လူကုန်ကူးခံလိုက်ရတဲ့ trauma နဲ့ လူတွေကြားထဲမှာ ရှင်သန်ဖို့ ခက်ခဲနေတဲ့ ဇနီးဖြစ်သူဟာ စိတ်ကျရောဂါလည်း ခံစားနေရတဲ့အတွက် ကလေးယူဖို့ စဉ်းစားမိပေမယ့် သူမသောက်နေရတဲ့ဆေးတွေကြောင့် ကလေးယူလို့မရ ဖြစ်နေခဲ့တယ် တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူရဲ့ အစ်ကိုနာရေးကို သွားရာက ပူပူနွေးနွေး မိဘမဲ့ဖြစ်သွားရရှာတဲ့ သူငယ်ချင်းဖြစ်သူရဲ့ တူမလေး နန်ဒီနီကိုတွေ့ပြီး မွေးစားဖို့ စဉ်းစားရင်း အိမ်ခေါ်လာခဲ့တယ် .. နန်ဒီနီလေးရောက်လာပြီးနောက်ပိုင်းမှာ သူတို့မိသားစုလေးဟာ ပြန်လည်စိုပြေလာခဲ့ပေမယ့် တစ်နေ့မှာတော့ ထင်မှတ်မထားတဲ့ ကံဆိုးမိုးမှောင်ကျမှုက ထပ်မံရောက်ရှိလာပြန်တယ် .. ဘယ်လိုကံဆိုးမိုးမှောင်ကျမှုမျိုးလဲ .. ဆက်ပြောရင် အရသာပျက်သွားနိုင်တာမို့ ကိုယ်တိုင်ပဲ အဖြေရှာလိုက်ကြနော်.... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၈.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၉.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4g4SuxK

Shark : The Beginning (2021) *********** ချားဝူဆိုးဟာ အလယ်တန်းကျောင်းသားဘ၀တွင် အတန်းဖော် ဘေးဆော့ချန် ရဲ့ အနိုင်ကျင့်မှုကို ခံစားခဲ့ရပါတယ်.....ဘေးဆော့ချန်နဲ့ မတူညီတဲ့အထက်တန်းကျောင်းကို ပြောင်းခွင့်ရခဲ့သောကြောင့် စိတ်ချမ်းသာခဲ့ရသော်လည်း ချားဝူဆိုး တက်နေတဲ့ကျောင်းကို ဘေးဆော့ချန် ပြောင်းလာခဲ့ပါတယ် အနိုင်ကျင့်မှုကို မခံနိုင်တော့တဲ့အတွက် ပြန်လည် လက်တုံ့ပြန်ခဲ့သော်လည်း ထောင် ၃ နှစ် ကျခဲ့ရပါတယ် ထောင်ထဲတွင် MMA ချန်ပီယံဟောင်း ဂျောင်းဒိုဟွန်းနဲ့ တွေ့ခဲ့ရပြီး သူ့ဆီကနေ လက်ဝှေ့ထိုးတတ်အောင် သင်ယူခဲ့ပါတယ် ချားဝူဆိုးတစ်ယောက် ပျော့ညံ့တဲ့သူအဖြစ်ကနေ မလျှော့သောဇွဲနဲ့ ကြိုးစားရင်း ခွန်အားရှိသူ ဖြစ်လာတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်" ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၇.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၈.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3E8KVc4

Parasite ******* ဒီတစ်ခေါက်မှာတော့ ထွက်ရှိချိန်မှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့အပြင် အော်စကာဆု ၄ ဆုအထိ ဆွတ်ခူးခဲ့တဲ့ တောင်ကိုရီးယားရုပ်ရှင် Parasite ကိုတင်ဆက်ပေးလိုက်ပါတယ်.... ဆင်းရဲလွန်းတဲ့ အောက်ခြေလူတန်းစားအလွှာနဲ့ ချမ်းသာလွန်းတဲ့ အထက်တန်းလွှာလူတန်းစားအလွှာ...ဆင်းရဲပြီး အလုပ်အကိုင်အဆင်မပြေတဲ့အချိန်မှာ သူငယ်ချင်းဖြစ်သူရဲ့ ကူညီပေးမှုကြောင့်အထက်တန်းလွှာဆီ ရောက်သွားတဲ့ ဂီဝူဆိုတဲ့ကောင်လေးဟာ သူ့မိသားစုကိုပါ ဒီအထက်တန်းလွှာအိမ်မှာ အလုပ်သွင်းပေးနိုင်ဖို့ ရတဲ့နည်းနဲ့ ကြိုးပမ်းခဲ့ပါတယ်.... ဘဝမှာ တစ်ခါမှမကြုံဖူးတဲ့ ကံကောင်းခြင်းတွေကို မိသားစုလိုက် ပျော်ရွှင်စွာ ခံစားနေကြရင်းကနေ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်သွားခဲ့တဲ့အခါ... မတူညီတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းလာကြတဲ့သူတွေရဲ့ ရှုထောင့်အမြင်တွေက ဘယ်လိုမှတူညီနိုင်မှာ မဟုတ်တဲ့အပြင် ကွာဟလွန်းတဲ့ လူ့အလွှာနှစ်ရပ်ဟာ ဘယ်လိုလုပ် အတူယှဉ်တွဲပြီး နေနိုင်ကြပါ့မလဲ..... လူ့သဘောလူ့သဘာဝတွေကို ပီပြင်စွာရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကောင်းပဲ ဖြစ်ပါတယ် ကြည့်ရှုလိုက်ကြပါဦး..... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၆.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၇.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4hbkiSN

Cold Eyes ********* ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက်Action/Crime အမျိုးအစား ဇာတ်ကားကောင်းကို တင်ဆက်ပေးလိုက်ပါတယ်🖤 တောင်ကိုရီးယားနိုင်ငံမှာ ဘဏ်ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး စောင့်ကြည့်ထောက်လှမ်းရေး အင်ဂျင်စီကတရားခံဖော်ထုတ်ကြမှာပါ... မြို့ရဲ့နေရာတိုင်းကို စီစီတီဗီနဲ့ထိန်းချုပ်ထားပြီးကွန်ပျူတာနေတစ်ဆင့်ပဲ ညွှန်ကြားဖော်ထုတ်သွားမယ့် အေဂျင်စီ ပဲဖြစ်ပါတယ် .. ၂၀၁၃ ခုနှစ်ကတည်းက ထွက်ရှိထားတဲ့ကွန်ပျူတာ နည်းပညာ အခြေခံဇာတ်ကား ဆိုပေမဲ့ယနေ့ခေတ်ကာလနဲ့ ကွာဟမသွားဘဲအနှစ်သာရမပျက် ကြည့်ရှုနိုင်တာက ဒီဇာတ်ကားရဲ့ ထူးခြားချက်ပါ ☺️ 👮‍♂️ရဲတွေဖမ်းဆီးနိုင်ဖို့ ရှေ့ပြေးသတင်းယူရတဲ့ စောင့်ကြည့်ရေးအဖွဲ့ရဲ့ အန္တရာယ်ကြားမှ 😌စစ်ဆင်ရေးများ တရားခံများရဲ့ ပါးနပ်သောလုပ်ဆောင်ချက်များအစရှိတာတွေကို ရင်တလှပ်လှပ်နဲ့ ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၅.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၆.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4fXgbYL

Night in Paradise ********** Night in paradise ကတော့ 2020 မှာထွက်ရှိထားတဲ့ Crime, Drama အမျိုးအစားရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အသက်ရှင်ရတာကို စိတ်ကုန်နေတဲ့ လူမိုက်ဂိုဏ်းသား ပတ်တယ်ဂိုဟာ ဂျယ်ဂျူးကျွန်းကို အကြောင်းတစ်ခုကြောင့် ရောက်ရာက သေနေ့ကိုစောင့်နေတဲ့ကောင်မလေး ဂျယ်ယွန်း နဲ့တွေ့ပြီး နှစ်ယောက်သားဘယ်လိုအဆုံးသတ်မလဲဆိုတာကို အက်ရှင်များများနဲ့ကြည့်ရမယ့်ကားလေးပဲဖြစ်ပါတယ်။ သွေးထွက်သံယိုတွေများတဲ့အတွက် မိသားစုနဲ့အတူကြည့်ဖို့တော့မသင့်တော်ပါဘူး။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၄.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၅.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4fVdmaU

Love Forecast *********** အခုတစ်ခေါက်မှာတော့ စွယ်စုံရ မင်းသားချောလီဆောင်းဂီ နဲ့ Flower of Evil ထဲက မင်းသမီး ချောလေး မွန်းချယ်ဝန်း တို့ နှစ်ယောက်ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်... ယောကျာ်းလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ၁၈နှစ်ကြာတဲ့အထိ သူငယ်ချင်းလိုပဲ ခင်မင်နေကြတယ်ဆိုတာ ဖြစ်နိုင်လို့လား ချောမောလှပပြီး အရည်အချင်းရှိလို့ လူကြိုက်အရမ်းများတဲ့ ရာသီဥတုတင်ဆက်သူလေး ဟျွန်ဝူးဟာတီဗွီဖန်သားပြင်ရဲ့ အပြင်ဘက်မှာတော့ အရမ်းကို စိတ်ဆတ်စိတ်ကြီးတတ်တဲ့ ကောင်မလေးတစ်ယောက်ပါ သူ့ရဲ့ အရှုပ်ထုပ်တွေကိုလိုက်ရှင်းပေးပြီး အရာရာသည်းခံပေးတဲ့ သူကတော့ အသက် ၁၁ နှစ်အရွယ်ကတည်းက တစ်အိမ်တည်းအတူနေပြီး သူငယ်ချင်းအဖြစ် အနိုင်ကျင့်ဗိုလ်ကျလို့ရတဲ့ မူလတန်းပြဆရာလေး ဂျွန်ဆုပါပဲ ဂျွန်ဆုအပေါ်ကို လုံးဝရင်မခုန်ဘူးဆိုတဲ့ ဟျွန်ဝူးဟာ တခြားဘယ်သူ့ကိုမှ ရင်မခုန် မချစ်ပေမယ့် အလုပ်က အထက်လူကြီး အိမ်ထောင်သည်အမျိူးသားကြီးကိုတော့ အရမ်းကိုချစ်မိနေခဲ့တယ် ❤️ တစ်ဖက်မှာလည်း ကိုယ့်ဆရာက ရည်းစားကံမကောင်း တစ်ယောက်ကို ရက် 100 တောင်မတွဲလိုက်ရဘဲ ခဏခဏပြတ်နေတော့ သူငယ်ချင်းနှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ဘယ်လို အားပေးနှစ်သိမ့်ကြမလဲ ???? အခက်အခဲတွေပေါ်လာတဲ့အခါ ကိုယ့်နားမှာ ဘယ်သူက အမြဲရှိနေမှာလဲဆိုတာကို ခပ်မြူးမြူးလေးကြည့်ရမှာပဲဖြစ်ပါတယ်.... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၃.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၄.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/42cgo7w

KANTARA ======= ဟိုးရှေးတုန်းက ဘုရင်တစ်ပါးဟာ စည်းစိမ်ဥစ္စာ ခြွေရံသင်းပင်း လိုလေသေးမရှိ ပြည့်စုံပေမဲ့ စိတ်ရဲ့အေးချမ်းမှုကိုမရခဲ့ဘူး။ ဒါကြောင့်ပုဏ္ဏားဆရာတစ်ယောက်ရဲ့ ညွှန်ကြားချက်အတိုင်းအေးချမ်းမှုရှာဖို့တောထဲကိုတစ်ကိုယ်တည်းထွက်ခဲ့တယ်။ တောထဲမှာ ဒယ်မီဂေါ့ဒ် ဆိုတဲ့လူတစ်ပိုင်းနတ်တစ်ပိုင်းပုဂ္ဂိုလ်နဲ့တွေ့ပြီး ဘုရင်က စိတ်အေးချမ်းမှုရသွားတယ်။ဒယ်မီဂေါ့ဒ်ကို နန်းတော်ထဲခေါ်သွားချင်တဲ့အတွက် ဒယ်မီဂေါ့ဒ် တောင်းဆိုချက်အတိုင်းသူပိုင်မြေအားလုံးကို ဒယ်မီဂေါ့ဒ်စောင့်ရှောက်ထားတဲ့ရွာကိုပေးခဲ့တယ်။ ခေတ်တွေပြောင်းလာတာနဲ့အမျှအဲဒီမြေတွေကို မြေပိုင်ရှင်တွေက ရွာသားတွေဆီကနည်းအမျိုးမျိုးနဲ့လှည့်ပတ်ယူခဲ့ကြတယ်။ဒါပေမဲ့ ထူးခြားတာက ဒယ်မီဂေါ့ဒ် က အဲဒီရွာကိုစောင့်ရှောက်နေဆဲဖြစ်လို့ မတရားယူတဲ့ မြေရှင်တစ်ယောက်သွေးအန်သေခဲ့တယ်။ အဲဒီမြေရှင်ရဲ့သားကဒီမြေတွေကိုပိုင်ဖို့ ဆက်လက်ကြိုးစားခဲ့တယ်။ အဲဒီရွာမှာ ဒယ်မီဂေါ့ဒ် နဲ့ရတဲ့ ရှီဗန်နာ ဆိုတဲ့သား တစ်ယောက်ရှိတယ်။သူကအဲလိုက်ဝါသနာပါတယ်။အပေါင်းအသင်းတွေနဲ့တောထဲမှာ အမဲလိုက်လေ့ရှိတယ်။ နောက်တော့မြေရှင်ကသစ်တောဌာနအရာရှိနဲ့ပေါင်းပြီး သစ်တောနဲ့ရွာမြေတွေကိုအပိုင်သိမ်းဖို့ကြိုးစားခဲ့တယ်။ ရွာသားတွေကသစ်တောထွက် ပစ္စည်းတွေကိုအားကိုးစားသောက်နေရတော့ ရွာနဲ့သစ်တောဌာနနဲ့ပြဿနာတက်တယ်။ ရှီဗန်နာ က ပညာမတတ်ပေမဲ့မဟုတ်မခံစိတ်ဓာတ်ရှိတော့ရွာသားတွေကသူ့ကို အားကိုးကြတယ်။နောက်ပိုင်းမှာ မြေရှင်က ရှီဗန်နာ ရဲ့ညီဝမ်းကွဲကိုလုပ်ကြံလိုက်တယ်။ အဲဒီကစပြီး မြေပိုင်ရှင်၊ သစ်တောအရာရှိ နဲ့ရှီဗန်နာ တို့ရဲ့အရှုပ်အထွေး၊ ဒယ်မီဂေါ့ဒ် နဲ့ ရှီဗန်နာ ရဲ့ဆက်နွယ်မှု၊ ရှီဗန်နာ ကိုဒယ်မီဂေါ့ဒ် ဝင်ပူးပြီး မြေရှင်ကိုလက်စားချေပုံ၊ ရှေးရိုးယူအဆနဲ့ခေတ်အမြင်တို့ရဲ့အားပြိုင်မှုကိုစိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ စိတ်ဝင်စားဖွယ်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၂.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၃.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4fWsgO6

WE ARE HIRING! - Animator Join the Mizzima Team! Send your CV to hrdepartment@mizzima.com https://bit.ly/3ChF1Vs

Miss Shetty Mr Polishetty (2023) ************ အန်ဗီသာဟာ အမေတစ်ခု သမီးတစ်ခုဘဝကနေ မာစတာရှက်ဖ် ဖြစ်တဲ့အထိ ဘဝကို ကိုယ်ထူကိုယ်ထ အောင်မြင်အောင် လုပ်လာနိုင်သူတစ်ယောက်ပါ။ မိဘဖြစ်သူတွေရဲ့ အိမ်ထောင်ရေးကတဆင့် ရတဲ့ စိတ်ဒဏ်ရာတွေကြောင့် သမီးရည်းစား၊ အိမ်ထောင်သည်ဘဝ စတာတွေကို မယုံကြည်ဘဲ ဘဝကို တစ်ကိုယ်တည်း ဖြတ်သန်းမယ်လို့ ဆုံးဖြတ်ထားပါတယ်။ မိခင်ဖြစ်သူ တိမ်းပါးသွားတဲ့အခါ အထီးကျန်မှုကို စတင်ခံစားရပြီး မိခင်ဖြစ်သူရှိစဉ်ကအဖြစ်ကို ပြန်ပြောင်းသတိရလာကာ ကိုယ်တိုင် မိခင်တစ်ယောက် ဖြစ်ချင်လာပါတယ်။ ဆီဒူပေါ်လီရှက်တီဟာ အိန္ဒိယရဲ့ သမားရိုးကျ ထုံးတမ်းစဉ်လာတွေကြားမှာ ကြီးပြင်းလာခဲ့တဲ့ အင်ဂျင်နီယာတစ်ယောက်ပါ။ တစ်ကိုယ်တော် စင်တင် လူပြက်တစ်ယောက် ဖြစ်ချင်ခဲ့တဲ့ သူဟာ ကုမ္ပဏီတစ်ခုမှာ ဆော့ဖ်ဝဲလ်ရေးသားရင်း စားသောက်ဆိုင် ကလပ်စတာတွေမှာ အခမဲ့ ဖျော်ဖြေရင်း ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေခဲ့ပါတယ်။ အစားအသောက်ဖန်တီးရာမှာ တိကျပြီး ပြည့်စုံအောင် ပြုလုပ်တတ်တဲ့ အန်ဗီသာတစ်ယောက် ကိုယ့်ရင်သွေးကိုလည်း အကောင်းဆုံးအရည်အချင်းတွေပဲ ပေးချင်တဲ့အခါ ဟာသဉာဏ်ရွှင်ပြီး အတွေးအမြင်ပိုင်းရော ဖြတ်ထိုးဉာဏ်ပါ ကောင်းတဲ့ ဆီဒူရဲ့ ဖျော်ဖြေမှုကို သဘောကျပြီး သွေးသားဖခင်တစ်ယောက်အဖြစ် ရွေးချယ်ဖို့ လေ့လာပါတော့တယ်။ သူတို့နှစ်ယောက် ဆုံစည်းပြီး ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ ဟာသအရွှန်းအဖောက်တွေ မပြတ်တမ်း ပါနေတဲ့ ဇာတ်လမ်းလေးကတဆင့် ကြည့်ရှုခံစားလိုက်ရအောင် ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၁.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၂.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3Pz9xgN

The Negotiation ========== The Negotiation ဆိုတဲ့ကားကတော့ 2018 မှာထွက်ရှိခဲ့တဲ့ action/thriller အမျိုးအစားပဲဖြစ်ပါတယ်။ ဒီကားမှာတော့ ပရိသတ်တွေအကြိုက်ဖြစ်တဲ့ မင်းသမီး Ye-Jin နဲ့ မင်းသား Hyun Bin တို့ကိုတွေ့ရမှာပဲဖြစ်ပါတယ် ❤️ ဟာချယ်ယွန်းဆိုတဲ့ ဆိုးလ်ရဲဌာနက အင်စပက်တာလေးဟာ မှုခင်းမတော်တဆမှုတစ်ခုကြောင့် စိတ်ဒဏ်ရာရပြီး အင်စပက်တာအဖြစ်ကနေထွက်လုဆဲမှာ အမှုတစ်ခုကိုထပ်ကိုင်တွယ်ရဖို့ဖြစ်လာပါတယ်။ အဲဒီအမှုဟာ ဘယ်လိုအမှုလဲ ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို သည်းထိတ်ရင်ဖိုစောင့်ကြည့်ရမှာဖြစ်ပါတယ်...... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁၀.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၁.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3E0CVK7

Pawn ****** အားလုံးပဲ အပေါင်ပစ္စည်းဆိုတာရဲ့ အဓိပ္ပာယ်ကို သိကြပါသလား ?? အကြောင်းအမျိုးမျိုးကြောင့် ငွေချေးကြတဲ့အခါမှာ ပြန်ပေးဆပ်မယ်ဆိုတဲ့ကတိကဝတ်ပြုတဲ့အနေနဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုကို အပေါင်အနေနဲ့ ပေးထားလေ့ရှိကြပါတယ်💕 ချေးငွေရဲ့ အတိုးကများလာလေလေ အပေါင်ပစ္စည်းရဲ့တန်ဖိုးကတက်လာလေလေဖြစ်ပြီး ချေးငွေ မပေးဆပ်နိုင်တော့တဲ့အခါအပေါင်ခံသူရဲ့ အပိုင်ဖြစ်သွားပါတော့တယ် ... အဲ့လိုပုံစံမျိုးနဲ့ ဒူဆော့ဦးလေးကြီးဘဝထဲရောက်လာခဲ့တဲ့ အပေါင်လေး ဆွန်းရီကို ဦးလေးကြီးက သမီးအရင်းလေးလို အရမ်းချစ်ပါတယ် ❤️ အပြင်ပန်းကသာ ဟိုဒီမြည်တွန်တောက်တီးနေပေမယ့် ဆွန်းရီလေး လိုတာမှန်သမျှ ဖြည့်ဆည်းပေးနေတဲ့အပြင် နောက်ဆုံး မိဘအရင်းတွေနဲ့ တွေ့ရဖို့ဖြစ်လာတော့လည်း ဦးလေးကြီးခမျာ ရင်ထဲမချိပေမယ့် ကြည်ကြည်ဖြူဖြူနဲ့ ကိုယ်တိုင်လိုက်ပို့ပေးစေခဲ့ပါတယ် .... ကိုယ့်ရင်ခွင်ကို စုံကန်ပြီး ထွက်သွားပြီး ဆုံးရှုံးရပြီလို့ တွေးထားခဲ့တဲ့ ဆွန်းရီလေးဆီက အဖေ သမီးကို လာကြိုလေ ဆိုတဲ့ စကားလေးတစ်ခွန်းကြောင့် ဦးလေးကြီးခမျာ ဘယ်လိုဝမ်းမြောက်ဝမ်းသာဖြစ်မှန်းမသိဖြစ်ခဲ့ရတယ် 💕 အဲ့လိုနဲ့ ဝမ်းသာအားရ သမီးဆီ သွားကြိုတဲ့အချိန် ဦးလေးကြီးရဲ့ဘဝ တစ်ဆစ်ချိုးပြောင်းလဲသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည်နူးတလှည့် မျက်ရည်ကျတလှည့် ကြည့်ရှုအားပေးကြရမှာပဲ ဖြစ်ပါတယ် ☺️ မင်းသမီးကြီး ဟာဂျီဝန်းနဲ့အတူ ဂန္တဝင်မင်းသားကြီး ဆောင်ဒုန်အီ မင်းသားကြီး ဂင်ဟီဝန်းတို့က ပါဝင်သရုပ်ဆောင်ထားပြီး အားလုံးစိတ်ကို ဆွဲဆောင်သွားမယ့် အပေါင်လေး ဆွန်းရီအနေနဲ့ကတော့ ဘတ်ဆိုရီက သဘာဝကျကျသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်🤩 ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၉.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁၀.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4a8dq5C

Forgotten (2017) ========== ၁၉၉၇ ခုနှစ်ရဲ့ နေ့တစ်နေ့မှာ "ဂျင်ဆော့"တို့ မိသားစုလေးယောက် အိမ်ပြောင်းလာခဲ့ပါတယ်။ အစ်ကိုဖြစ်သူ "ယူဆော့"က အဘက်ဘက်က ထူးချွန်သလောက် ဂျင်ဆော့ဆိုတဲ့ သူကတော့ နာတာရှည် စိတ်အပင်ပန်းလွန် ရောဂါကို ခံစားနေရတဲ့ အသက် ၂၀ အရွယ် နှစ်ကျ အထက်တန်းကျောင်းသား တစ်ယောက်ပါ။ ဒီလိုနဲ့ မိုးသည်းတဲ့ ညတစ်ညမှာ သူတို့ ညီအစ်ကိုနှစ်ယောက် လမ်းလျှောက်ထွက်ရာကနေ အစ်ကိုဖြစ်သူ ယူဆော့ကို လူတစ်သိုက်က သူ့မျက်စိရှေ့တင် ဖမ်းခေါ်သွားခဲ့ပါတယ်။ ၁၉ ရက် အကြာမှာပဲ သူ့ဘာသာသူ ပြန်ရောက်လာခဲ့ပေမဲ့ ယူဆော့ရဲ့ အပြုအမူတွေ မူမမှန်တော့တာကို ဂျင်ဆော့ သတိထားမိခဲ့ပါတယ်။ ထူးဆန်းနေတဲ့ အစ်ကိုဖြစ်သူကို နောက်ကလိုက်ချောင်းရင်း သူ မြင်ခဲ့ရတာတွေ မိခင်ဖြစ်သူကို ပြောပြခဲ့ပေမဲ့ အဖေ၊ အမေနဲ့ ယူဆော့တို့ သုံးယောက်လုံးဟာ သူ ထင်နေခဲ့သလို သူ့မိသားစု မဟုတ်မှန်း သိလိုက်ရလို့ သူ အိမ်ကနေ ထွက်ပြေးလာပြီး ရဲစခန်းမှာ အကူအညီ တောင်းခံခဲ့ပါတယ်။ ရဲစခန်း အရောက်မှာ ဒါဟာ ၂၀၁၇ ခုနှစ် ဖြစ်နေတဲ့အပြင် သူဟာလည်း အသက် ၂၀ မဟုတ်ဘဲ၊ အသက် ၄၀ အရွယ် လူလတ်ပိုင်းတစ်ဦး ဖြစ်နေတာကို တုန်လှုပ်ဖွယ် သိလိုက်ရပြီး၊ အိမ်ပြန်လာချိန်မှာပဲ ယူဆော့လို့ သူ သိထားတဲ့လူက လွန်ခဲ့တဲ့ နှစ် ၂၀ က လူသတ်မှုတစ်ခုအကြောင်း သူ့ကို ပြောပြလာချိန်မှာတော့... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၈.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၉.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3W9cOa8

Rampant ******** ဂျိုဆွန်းတိုင်းပြည်ဟာ လီမျိုးဆက် ရှင်ဘုရင်ရဲ့လက်ထက်မှာ ချင်နိုင်ငံရဲ့လက်အောက်ခံအဖြစ် သိမ်းပိုက်ခြင်းခံခဲ့ရပါတယ်...မင်းသားငယ် လီချောင်းဟာ ချင်နိုင်ငံကို ဓားစာခံအဖြစ် ပို့ဆောင်ခံခဲ့ရပါတယ်... တစ်ဖက်မှာ‌တော့ အိမ်ရှေ့စံမင်းသား လီယောင်းက ချင်နိုင်ငံကိုပုန်ကန်ရန် အနောက်တိုင်းကုန်သည်တွေဆီကနေ ယမ်းသေနတ်တွေ ၀ယ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် စစ်ရေးရာ၀န်ကြီး ကင်ဂျာဂျွန်းက သိရှိသွားပြီး ဒီအခွင့်အရေးကို အသုံးချကာ ပုန်ကန်ရန် အစီအစဉ်ချပါတော့တယ်.... ထိုအချိန်မှာ ဂျိုဆွန်းစစ်တပ်က သေနတ်တွေတင်ဆောင်လာတဲ့ ကုန်သင်္ဘောတွေကို ၀င်ဖမ်းဆီးရင်း စစ်သားတစ်ယောက်ကို မကောင်းဆိုးရွားတစ်ကောင်ကိုက်တာ ခံခဲ့ရပါတယ်... ထိုစစ်သားဟာ သူ့မွေးရပ်ရွာကို ပြန်ရောက်တဲ့အချိန်မှာ မကောင်းဆိုးရွားအဖြစ် ပြောင်းသွားပြီး .... ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်..... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၇.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၈.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/421wLn6

Burning ******** “ဘဝရဲ့အဓိပ္ပါယ်ကို ရှာဖွေခြင်း” ဘဝရဲ့အဓိပွါယ်က ဘာများလဲ?? ဒီမေးခွန်းဟာ လူတစ်ဦးတစ်ယောက်ချင်းအပေါ်မူတည်ပြီးအမျိုးမျိုးသောအဖြေရရှိနိုင်တဲ့ မေးခွန်းပါပဲ.......... ဒီအကြောင်းကို လေးလေးနက်နက်တွေးဖူးတဲ့လူတွေရှိသလို တစ်ခါမှ မစဉ်းစားဖူးဘဲ လောကကြီးထဲကနေနှုတ်ဆက်သွားကြသူတွေလည်း ဒုနဲ့ဒေးပါပဲ..... ဒီဇာတ်ကားရဲ့ အနှစ်ချုပ်ကို ပြောရရင်တော့“ဘဝရဲ့အဓိပ္ပါယ်ကို ရှာဖွေကြသူများ”ပေါ့ ရှာဖွေပုံရှာဖွေနည်းတွေသာ ကွဲပြားသွားပေမဲ့ သူတို့တွေကတော့ တွေ့ရှိသွားကြတဲ့ပုံပါပဲ Haruki Murakami ရဲ့ Barn Burning ဝတ္ထုကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုပါတော့..... တစ်ကားလုံး အငြိမ်ပုံစံမျိုးသွားပေမဲ့လွမ်းဆွေးပြီး ပဟေဠိဆန်တဲ့အငွေ့အသက်ကို ခံစားရစေမယ့်ကားပါ... Drama/Mystery ဇာတ်ကားအမျိုးအစားဖြစ်ပြီး IMDb rating 7.5 နဲ့ Rotten Tomatoes မှာ 95% တောင်ရရှိထားတာမလို့စောင့်မျှော်ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၆.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၇.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3PojOfB