en
Feedback
Mizzima+ TV Channel

Mizzima+ TV Channel

Open in Telegram

🕕နေ့စဉ် နံနက် ၆ နာရီ 🕛 ည ၁၂ နာရီအထိ 🗞သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV 🎭သတင်း နှင့် ဖျော်ဖြေရေးချန်နယ်အဖြစ် Mizzima + HD တို့အား PSI စလောင်းများ၊ 2ပေ စလောင်းများနှင့် 8ပေ စလောင်းများဖြင့် ဖမ်းယူကြည့်ရှုနိုင်ပါပြီ။ www.mizzima.tv

Show more
Buy Ad
1 611
Subscribers
No data24 hours
-37 days
-1830 days
Posts Archive
Uunchai ******** "ဘူပင်".. "အာမစ်".. "အုံမ်"နဲ့ "ဂျာဗစ်"ဆိုတာ လူငယ်ဘဝတည်းက အခု အသက် ၆၀ ကျော်တဲ့အထိ လည်ပင်းဖက် ပေါင်းခဲ့ကြတဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေပါ။ တစ်နေ့မှာတော့ ဘူပင် ရုတ်တရက် ကွယ်လွန်သွားခဲ့လို သူတို့ ယူကျုံးမရ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ မွေးရပ်မြေက ဧဝရတ်တောင်ကို သူငယ်ချင်းတွေခေ်ပြီး သွားချင်ခဲ့တဲ့ နီပေါသား ဘူပင်ရဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည် ဖော်ပေးဖို့ ကျန်ရစ်သူ သူငယ်ချင်းသုံးယောက် ဆုံးဖြတ်ခဲ့ပြီး၊ အခက်အခဲတွေကြားကပဲ သူတို့ ဧဝရတ်တောင် အခြေစိုက်စခန်း ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ဧဝရတ်တောင် အခြေစိုက်စခန်းဟာ ပင်လယ်ရေ မျက်နှာပြင်ထက် အမြင့်ပေ ၁၇၀၀၀ လောက်မှာ ရှိတာကြောင့် ဒီ‌တောင်တက်ခရီးဟာ သူတို့အတွက် အန္တရာယ်များလှပေမဲ့ ဘူပင် ပြောခဲ့ဖူးသလိုပဲ ဧဝရတ်တောင်ဟာ သူတို့ရဲ့ အတွေးအမြင်တွေ၊ ဘဝခံယူချက်တွေကို ကိုယ်စီ ပြောင်းလဲစေခဲ့ပါတော့တယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၅.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၆.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4a1XfXH

Bloody Daddy *********** မူးယစ်နှိမ်နှင်းရေးရဲအရာရှိတစ်ယောက်ဖြစ်တဲ့ ဆူမီးရ်ဟာ အိမ်ထောင်ကွဲနေသူဖြစ်ပြီး သားဖြစ်သူ အာသာ့ဗ်နဲ့ အပန်းဖြေခရီးထွက်လာချိန်မှာတောင် အချိန်ပြည့်ပြည့်၀၀မပေးနိုင်သူတစ်ယောက်ပါ...တစ်နေ့မှာတော့ ဆူမီးရ်က သူ့လက်ထောက်ဂျက်ဂီနဲ့အတူ မူးယစ်ရာဇာ ဆီကန်ဒါရဲ့ ဘီလီယံချီတန်ဖိုးရှိတဲ့ ဘိန်းဖြူတွေကို ၀င်လုပြီးအပျောက်ရိုက်တယ်... ကံဆိုးချင်တော့ သူတို့လှုပ်ရှားနေတာကို လူတစ်ယောက်က တွေ့သွားပြီး သူ့လက်ချက်မှန်း ဆီကန်ဒါက သိသွားတဲ့အတွက် ဆူမီးရ်ရဲ့သားကို ပြန်ပေးဆွဲပြီး သူ့ရဲ့ ကိုကင်းတွေနဲ့ လာလဲခိုင်းတယ် .. ဒီအမှုနဲ့ပက်သက်ပြီး ဆူမီးရ်ကိုမသင်္ကာလို့ စောင့်ကြည့်နေတဲ့ ရဲတပ်ဖွဲ့၀င် ၂ ယောက်ရှိသေးတယ်.. ဆူမီးရ်က စိတ်မချလို့ ဆီကန်ဒါဆီအလာမှာ ကိုကင်းတွေကို အမျိုးသမီးသန့်စင်ခန်းထဲမှာဝင်ဝှက်ထားတယ် ဒါကို စောင့်ကြည့်နေတဲ့ ရဲအရာရှိ အဒီသီကတွေ့သွားပြီး နေရာရွှေ့ထားလိုက်တယ်... ဆီကန်ဒါနဲ့ အပေးအယူလုပ်ပြီး ကိုကင်းတွေပြန်လာယူတဲ့ ဆူမီးရ်ဟာ သူထားခဲ့တဲ့ အထုပ်ကိုမတွေ့တော့တာကြောင့် ဗျာများသွားပြီး မီးဖိုခန်းထဲဝင် ဂျုံတွေနဲ့ အစားထိုးပြီး သူ့သားနဲ့ သွားလဲဖို့ ကြိုးစားတယ်... ဆူမီးရ်ရဲ့ လှည့်ဖျားမှုကအောင်မြင်သွားမလား... ဘယ်လ်ိုတွေဆက်ဖြစ်လာမလဲ ဆက်လက်ရှုစားကြည့်ပါဦး... ရှာဟစ်ဒ် ကပူးရ်က ဆူမီးရ်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၄.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၅.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/40k0hmV

The Beginning of a New World ************************* ဒီသိပ္ပံစိတ်ကူးယဉ်ဇာတ်ကားမှာ K-pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ P1Harmony က အဖွဲ့ဝင် ၆ယောက် ပါဝင်သရုပ်ဆောင် ထားပါတယ်။ ရောဂါပိုးကူးစက်ခံရရင် ဒေါသစိတ်တွေဖြစ်ပြီး လူသတ်ချင်စိတ်ဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ်တမျိုးကြောင့် ကမ္ဘာပျက်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရချိန်မှာ K-pop အဖွဲ့ဝင် ၆ယောက်က လူစွမ်းကောင်းတွေအဖြစ်နဲ့ကမ္ဘာကြီးကိုကယ်တင်ရဖို့ဖြစ်လာပါတယ်။ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်က လူငယ်လေး ၆ယောက်က သူတို့ရဲ့စွမ်းအားတွေကိုသုံးပြီးကမ္ဘာကြီးကို ကယ်တင်ကြမယ့် ဒီဇာတ်ကားမှာ ကွန်ပြူတာအထူးပြုလုပ်ချက်တွေနဲ့အက်ရှင်ခန်းတွေကို ကြည့်ရှုအားပေး ကြရမှာပါ။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၃.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၄.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4gZvBwz

Inseparable Bros **************** တာဝန်အိမ်ဆိုတဲ့ မသန်စွမ်း စောင့်ရှောက်ရေးဂေဟာမှာ ဆုံခဲ့ကြတဲ့ "ဂန်းဆီဟာ"နဲ့ "ပတ်ခ်ဒုံးဂူ"။ တစ်ကိုယ်လုံး အကြောသေနေတဲ့ ဆီဟာရဲ့ ဝေယျာဝစ္စတွေကို ဉာဏ်ရည် နိမ့်ပါးရှာတဲ့ ဒုံးဂူက ပြုစုလုပ်ကိုင်ပေးရင်း သူတို နှစ်ဦးကြားက သံယောဇဉ်ဟာ ညီအစ်ကိုရင်းတမျှ ခိုင်မာခဲ့ပါတယ်။ ဒီလိုနဲ့ နှစ် ၂၀ အကြာမှာ ဂေဟာ ဆက်လက် ရပ်တည်ဖို့ မဖြစ်နိုင်‌တော့လို ဆီဟာနဲ့ဒုံးဂူတို နှစ်ယောက်တည်း သီးသန့်‌နေဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာပဲ ဒုံးဂူကို စွန့်ပစ်ခဲ့တဲ့ အမေရင်း ပြန်ပေါ်လာခဲ့ပြီး ဒုံးဂူကို အုပ်ထိန်းခွင့်ရဖို ဆီဟာနဲ့ တရားဆိုင်တဲ့အထိ ဖြစ်လာချိန်မှာတော့..... အစ်ကိုနဲ့ အတူတူ နေချင်ပေမဲ့ ဆီဟာရဲ့အနားမှာ သူ့ထက်စာရင် မီယွန်း ရှိနေတာ ပိုကောင်းတယ်ဆိုတဲ့ အတွေးလေးနဲ့ အစ်ကိုအတွက် တွေးပေးရှာတဲ့ ဒုံးဂူရဲ့ စေတနာ။ တစ်ယောက်နဲ့တစ်ယောက် ခွဲခွာမနေနိုင်တဲ့ သူတိုကြားက နက်ရှိင်းတဲ့ သံယောဇဉ်။ ဒါဟာ ရုပ်ရှင်တစ်ကားထက် ပိုမိုတဲ့ အနှစ်သာရလို့ပဲ ဆိုပါရစေ။ ဒီဇာတ်ကားလေးကို MizzimaTV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ MizzimaTV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၃.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3DETyej

Miracle : Letters to the President ********************** 1980 ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်...သင်္ချာဉာဏ်ကြီးရှင် ဂျွန်ယောင်းက ယာဉ်သွားလမ်းမရှိတဲ့ နယ်အစွန်အဖျားမှာ အစ်မဖြစ်သူ ဘိုယောင်းနဲ့အတူ နေထိုင်ပါတယ်.... မြို့မှာ ကျောင်းသွားတက်ရင်း သဘောကျသွားခဲ့ရတဲ့ ရည်းစားဖြစ်သူ နာဟီးရဲ့အကူအညီနဲ့ ဂျွန်ယောင်းဟာ ဘိုယောင်း နဲ့ရွာသူရွာသားတွေရဲ့ အကူအညီနဲ့ ရထားဘူတာရုံတစ်ရုံ ဆောက်ဖို့ အိပ်မက်နဲ့ သမ္မကြီးဆီကိုစာပို့ပါတယ်.... ဒါပေမယ့် ဘယ်လိုအကြောင်းပြန်ကြားခြင်းမျိုးမှရမလာတာကြောင့် ဂျီယောင်းတစ်ယောက် အခက်အခဲတွေမျိုးစုံကြားက သမ္မတကြီးနဲ့တွေ့ဖို့ ကြိုးစားခဲ့တဲ့ အဖြစ်အပျက်လေးကို သရုပ်ဖော်ထားပါတယ်.... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4a2gYpW

WE ARE HIRING! FM Radio Broadcast Network Engineer Join the Mizzima Team! Send your CV to hrdepartment@mizzima.com https://bit.ly/3VU6hjK

Check Aditya ဟာ လူလိမ်တစ်ယောက်ဖြစ်ပြီး သူရဲ့ချစ်သူကောင်မလေးထံမှ အကြမ်းဖက်သမားဟု မှားယွင်းစွပ်စွဲခံခဲ့ရပြီး သေဒဏ်ချမှတ်ခံခဲ့ရပါတယ် .. ဒါပေမဲ့ ကံက Aditya ဘက်မှာပဲလို့ဆိုရမလား ၊ အဆိုးထဲကအကောင်းလို့ပဲဆိုရမလား Aditya တစ်ယောက်ထောင်ထဲမှာ စစ်တုရင်ပညာသင်ယူခွင့်ရခဲ့ပါတယ် .. မှားယွင်းပြီး အစွပ်အစွဲခံခဲ့ရတဲ့ ပြစ်ဒဏ်မှ လွှတ်မြောက်အောင် ကြိုးစားရင်း စစ်တုရင်ချန်ပီယံဖြစ်လာခဲ့ပါတယ် .. Aditya တစ်ယောက် အမှုမှန်ကို စစ်တုရင် ကစားရင်း အကွက်ကျကျ ဘယ်လိုဖော်ထုတ်ပြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ် .. ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU #New ပြသမည့်ရက် ။ ။27.12.2024 ပြသမည့်အချိန်။ ။ ည (၈:၀၀) နာရီ #Reply ပြသမည့်ရက် ။ ။ 28.12.2024 ပြသမည့်အချိန်။ ။နေ့လည် (၂:၀၀) နာရီ (Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။ ------------------------ လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U https://bit.ly/3BOACt5

27.12.2024 ( Friday ) ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ် ✅Highlight ✅ 👉India Series -ပညာရေးမြို့တော်က စိန်ခေါ်သံများ ( ညနေ- ၆ နာရီ) 👉 India Movie -Check ( ည - ၈ နာရီ) 👉Korea Movie -Miss Baek (ညနေ- ၁၀ နာရီခွဲ) ➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည် https://bit.ly/3ZPNZRP

Beasts Clawing at Straws ကာလဝိပါတ် ဂုတ်ပိုးတက် ဆိုတဲ့စကားပုံအတိုင်း ကိုယ်ပြုခဲ့တဲ့ကိုယ်ကို ကိုယ်ပြန်ခံရမယ့် ပညာပေးဇာတ်ကား တစ်ပုဒ်လည်းဖြစ်ပါတယ်။ ဂျူမန်က သူငယ်ပြန်နေတဲ့ အမေဖြစ်သူနဲ့အတူ နေထိုင်ပြီးတော့ ဂျူမန်နဲ့သူ့မိန်းမက သမီးဖြစ်သူ ကျောင်းစရိတ် မိသားစုစရိတ်အတွက် ကြိုးစားရုန်းကန် နေရတဲ့သူဖြစ်ပါတယ်။ အများသုံး ရေချိုးခန်းမှာ သန့်ရှင်းရေးအဖြစ် အလုပ်လုပ်နေတဲ့ ဂျူမန်တစ်ယောက် ငွေအပြည့်နဲ့ ပိုက်ဆံအိတ်ကြီးကို လော့ခ်ကာထဲကနေ ရလိုက်ပါတယ်။ အဲဒီငွေအိတ်နောက်ကွယ်မှာ ဘယ်လိုဇာတ်လမ်းတွေ ရှိနေလဲဆိုတာတော့ ဒီဇာတ်ကားမှာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက်။ ။ ၂၃.၁၂.၂၀၂၄ ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ (Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3DskC0t

23.12.2024 (Monday) ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ် ✅Highlight ✅ 👉India Series -နတ်ဆိုး၏ကလဲ့စား ( ညနေ- ၆ နာရီ) 👉 India Movie -Bahubali The Beginning( ည - ၈ နာရီ) 👉Korea Movie -Beasts Clawing at Straws (ညနေ- ၁၀ နာရီခွဲ) ➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည် https://bit.ly/4gP4Vic

Kaun Pravin Tambe? ဒီဇာတ်ကားလေးကတော့ နိုင်ငံကျော် အိန္ဒိယ ခရစ်ကတ်ကစားသမား တစ်ယောက်ဖြစ်တဲ့ ပရာဗင်းတမ်ဘီရဲ့ အတ္တုပ္ပတ္တိကို ရိုက်ကူးထားတဲ့ အားကစား ဒရာမာအမျိုးအစား ဇာတ်ကားလေးပါ။ ပရာဗင်းတမ်ဘီဟာ ငယ်စဉ်ကတည်းက ခရစ်ကတ်ကို အရူးအမူး စွဲလမ်းကစားခဲ့ပြီး နိုင်ငံအဆင့်မှာ ကစားခွင့်ရဖို့ အိပ်မက်မက်ခဲ့သူပါ။ မပြည့်စုံတဲ့ ဘဝမှာ ကြမ်းတမ်းတဲ့လမ်းကို နင်းလျှောက်ပြီး သားမယားအတွက် အလုပ်တစ်ဖက်နဲ့ ရှာဖွေကျွေးမွေးနေခဲ့ရင်း အိပ်မက်ကို ဘယ်တော့မှ မစွန့်လွှတ်ခဲ့ပါဘူး။ ဒီကြားထဲမှာ တဖြေးဖြေး အသက်အရွယ်ကလည်း ကြီးလာတဲ့အတွက် နိုင်ငံအဆင့်ကစားချင်တဲ့ သူ့ရဲ့ အိပ်မက်တွေက အလှမ်းဝေးသထက် ဝေးသလို ဖြစ်ခဲ့ရပါတယ်။ အိန္ဒိယ ပရီးမီးယားလိဂ်မှာ ပရာဗင်း စတင် ကစားခွင့် ရချိန်မှာတော့ သူ့အသက် ၄၁နှစ်ရှိပြီဖြစ်ပါတယ်။ ဒီလို မလျှော့သော ဇွဲလုံ့လတွေနဲ့ မဆုတ်မနစ် ကြိုးစားခဲ့လို့ အောင်မြင်မှုတွေ အများကြီး ရရှိပိုင်ဆိုင်ခဲ့တဲ့ ခရစ်ကတ် ကစားသမား ပရာဗင်းတမ်ဘီရဲ့ လေးစားအားကျစရာ ဖြစ်ရပ်မှန် ဇာတ်လမ်းကို ပရိသတ်များ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU #New ပြသမည့်ရက်။ ။21.12.2024 ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ ပြန်လည်ပြသမည့်ရက်။ ။22.12.2024 အချိန်။ ။ နေ့လည် (၂:၀၀) နာရီ (Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။ ------------------------ လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U" https://bit.ly/4iKUcXP

"Sita-Ramam" မျိုးချစ်စိတ်ကြီးပြီး၊ မှန်မယ်ထင်ရာကို ဇွတ်လုပ်တတ်တဲ့ ပါကစ္စတန် ကျောင်းသူလေး "အာဖရင်န်" ... လန်ဒန်မှာ ကျောင်းတက်နေရာကနေ အကြောင်းတစ်ခုကြောင့် သူ(မ) အိမ်ပြန်လာချိန်မှာတော့ အဘိုးဖြစ်သူရဲ့ နောက်ဆုံးဆန္ဒအတိုင်း အိန္ဒိယက "ဆီတာမဟာလက်ခ်ျမီး" ထံကို စာတစ်စောင် သွားပို့ပေးဖို ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ လွန်ခဲ့တဲ့ နှစ် ၂၀ တည်းက "ရာမ်"ဆိုတဲ့ အိန္ဒိယ စစ်သည်တစ်ဦးက သူ့ရဲ့ချစ်သူ "ဆီတာ"ထံကို ရေးခဲ့တဲ့ စာလေးတစ်စောင်ပါ။ စာပေါ်က လိပ်စာအတိုင်း နိုဂျာဟန်နန်းတော်ကို သူ(မ) ရောက်လာခဲ့ပေမဲ့၊ ဆီတာဆိုတဲ့ မိန်းကလေးကို‌တော့ ရှာမတွေ့ခဲ့ပါဘူး။ ဒီလိုနဲ့ သူ(မ) လိုက်စုံစမ်းရင်း တစ်စထက်တစ်စ သိလာရတာက..... "ဆီတာရဲ့ စာ‌လေးတစ်စောင်ကနေ အစပျိုးခဲ့တဲ့ ဆီတာနဲ့ရာမ်ရဲ့ ကြည်နူးလွမ်းမောဖွယ် အချစ်ပုံပြင်... ရာမ် မသိခဲ့တဲ့ ဆီတာရဲ့ ဘဝမှန်... အတားအဆီးများကြားက မဖြောင့်ဖြူးခဲ့တဲ့ အချစ်စစ်တို့ရဲ့လမ်း..." ၁၉၆၅ ခုနှစ်က ရာမ် ရေးခဲ့တဲ့စာကို နှစ် ၂၀ ကြာအပြီး၊ ၁၉၈၅ ခုနှစ်မှာ ဆီတာ့လက်ထဲကို သူ(မ) အရောက်ပို့ပေးနိုင်ပါ့မလား... ဒီစာထဲမှာ ဘာတွေပါလဲ။ ဒီစာလေးဟာ "ရာမ်နဲ့ဆီတာ" အတွက် ဘယ်လိုအဓိပ္ပါယ် ရှိနေခဲ့မလဲ ဆိုတာကိုတော့..... ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU #New ပြသမည့်ရက်။ ။20.12.2024 ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ ပြန်လည်ပြသမည့်ရက်။ ။21.12.2024 အချိန်။ ။ နေ့လည် (၂:၀၀) နာရီ (Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။ ------------------------ လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U" https://bit.ly/403txht

20.12.2024 (Friday ) ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ် ✅Highlight ✅ 👉India Series -နတ်ဆိုး၏ကလဲ့စား ( ညနေ- ၆ နာရီ) 👉 India Movie - Sita Raman ( ည - ၈ နာရီ) 👉Korea Movie -The Howling (ညနေ- ၁၀ နာရီခွဲ) ➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည် https://bit.ly/3DmzHjQ

18.12.2024 (Wednesday) ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ် ✅Highlight ✅ 👉India Series -နတ်ဆိုး၏ကလဲ့စား ( ညနေ- ၆ နာရီ) 👉 English Movie - Checkin’it Twice ( ည - ၈ နာရီ) 👉Korea Movie - The Swindlers (ညနေ- ၁၀ နာရီခွဲ) ➡️Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည် https://bit.ly/4iFMcam

WE ARE HIRING! Cashier Join the Mizzima Team! Send your CV to hrdepartment@mizzima.com https://bit.ly/3ZWxDrC

Kapoor and Sons နယူးယောက်မှာအခြေချနေထိုင်နေတဲ့ ရာဟူးနဲ့ အာဂျွန်းတို့ညီအကိုနှစ်ယောက် အဘိုးဖြစ်သူ နှလုံးရောဂေါဖောက်လို့ သူတို့မွေးရပ်မြေကို ပြန်ခဲ့ကြတယ်.. ရာဟူးဟာ အောင်မြင်နေတဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပြီး စီးပွားရေးလည်းအဆင်ပြေတော့ မိဘတွေရဲ့ အားကိုးရတဲ့ သားကြီးဆိုလည်းမမှားဘူး အာဂျွန်းက ငယ်ငယ်ကတည်းက စာမေးပွဲမအောင်ဘူး ဒါနဲ့သူဝါသနာပါတဲ့ဆိုတဲ့ ဓါတ်ပုံပညာကိုသင်ပေမဲ့လည်း ဆုံးခန်းမတိုင်ဘူး အခုတော့ ဘားတစ်ခုမှာ အချိန်ပိုင်းအလုပ်တစ်ခုဝင်လုပ်ပြီး စာအုပ်ထုတ်ဖို့ ထုတ်ဝေသူလိုက်ရှာနေရတဲ့သူ.. ရာဟူးအောင်မြင်သွားတဲ့စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာကျောရိုးဟာ အာဂျွန်းရေးထားတဲ့စာအုပ်ထဲက အကြောင်းအရာနဲ့အတူတူဖြစ်နေတာကြောင့် ..အာဂျွန်းဟာ သူ့အကိုကို သူ့အိုင်ဒီယာခိုးချတဲ့သူလို့ပြောပေမဲ့ မိဘတွေက အကိုဖြစ်သူ အောင်မြင်တာကို မနာလိုလို့ ပြဿနာသက်သက်ရှာတယ်ဆိုပြီး မယုံကြဘူး အဲ့လိုနဲ့ဘဲ ညီအကိုနှစ်ယောက်ကောင်းကောင်းစကားမပြောဖြစ် မတွေ့ဖြစ်ကြတာ မွေးရပ်မြေပြန်မရောက်ခင်ထိဘဲ အဘိုးဖြစ်သူကျန်းမာရေးကြောင့် ခဏပြန်လာကြတာဖြစ်တဲ့အတွက် ဒီအချိန်လေးမှာရန်မဖြစ်ကြဖို့ အချင်းချင်းကတိပေးကြတယ်.. အိမ်ပြန်ရောက်တော့ ဖခင်ဖြစ်သူက ဖောက်ပြန်နေတယ်လို့ မိခင်ကထင်နေတော့ အမြဲလိုလိုရန်တကျက်ကျက်ဆေးရုံးမှာအဘိုးဖြစ်သူက မြေးနှစ်ယောက်ကို သူမသေခင်နှစ်ခုလုပ်ပေးဖို့ တောင်းဆိုတယ် တစ်ခုက စစ်သင်္ချိုင်းကသူ့ဘော်ဒါတွေအနားမှာမြေမြှပ်ပေးဖို့အတွက် နေရာဘိုကင်ယူပေးဖို့..နောက်တစ်ခုကတော့ မကြာခင်ကျရောက်မဲ့ အသက်(၉၀)ပြည့်နှစ် သူ့မွေးနေ့မှာ မိသားစုဓါတ်ပုံရိုက်ဖို့ မြေးနှစ်ယောက်လည်း အဘိုးဖြစ်သူပျော်ရွှင်ဖို့ စပရိုက်မွေးနေ့ပွဲလေးစီစဉ်ထားပေမဲ့ မထင်မှတ်ထားတဲ့ပြဿနာတွေနဲ့ မိသားစုတစ်ယောက်ချင်းစီတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီရှိနေတဲ့အခါမှာတော့………… Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့ Mizzima TV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/44WaGEU #New ပြသမည့်ရက်။ ။ 16.12.2024 ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ ပြန်လည်ပြသမည့်ရက်။ ။ 17.12.2024 အချိန်။ ။ နေ့လည် (၂:၀၀) နာရီ (Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။ ------------------------ လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U" https://bit.ly/4iEsNqn