en
Feedback
Mizzima+ TV Channel

Mizzima+ TV Channel

Open in Telegram

🕕နေ့စဉ် နံနက် ၆ နာရီ 🕛 ည ၁၂ နာရီအထိ 🗞သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV 🎭သတင်း နှင့် ဖျော်ဖြေရေးချန်နယ်အဖြစ် Mizzima + HD တို့အား PSI စလောင်းများ၊ 2ပေ စလောင်းများနှင့် 8ပေ စလောင်းများဖြင့် ဖမ်းယူကြည့်ရှုနိုင်ပါပြီ။ www.mizzima.tv

Show more
Buy Ad
1 611
Subscribers
No data24 hours
-37 days
-1830 days
Posts Archive
Thappad (2020) *********** အမ်မရီတာနဲ့ ဗစ်ကရမ်တို့က ချစ်ချစ်ခင်ခင်နဲ့ ပြီးပြည့်စုံတယ်လို့ပြောလို့ရတဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထားပါတယ်.. ကလေးမရှိသေးပေမယ့် နှစ်ဖက်မိဘဆွေမျိုးတွေနဲ့လည်း ချစ်ချစ်ခင်ခင်ရှိသလို ဗစ်ကရမ်က ချမ်းသာတဲ့မိသားစုကဖြစ်ပေမယ့် မိဘအလုပ်မှာ ဝင်မလုပ်ဘဲ ကုမ္ပဏီတစ်ခုမှာ ရာထူးကြီးကြီးနဲ့ လန်ဒန်ကိုသွားပြီး အုပ်ချုပ်ရမယ့် အခွင့်အရေးတစ်ခုကို ရလာဖို့ အလားအလာရှိသူပါ.. အမ်မရီတာကတော့ အိ​မ်ထောင်ရှင်မတစ်ယောက်အဖြစ်နဲ့ ဆီးချိုရောဂါသည် ဗစ်ကရမ့်အမေကို စောင့်ရှောက်ရင်း ယောက်ျားဖြစ်သူကို အရိပ်တကြည့်ကြည့်နဲ့ လိုအပ်တာ ဖြည့်ဆည်းပေးနေတတ်သူပေါ့.. တစ်နေ့တော့ ဗစ်ကရမ်က လန်ဒန်ကိုသွားရဖို့ အတည်တကျအသိပေးခံခဲ့ရတဲ့အတွက် အိမ်မှာပါတီပွဲလေးလုပ်နေတုန်း အလုပ်ထဲက အထက်လူကြီးတစ်ယောက်နဲ့ စကားများကြတယ် .. အဲ့ဒါကို အမ်မရီတာက ဝင်ဆွဲလိုက်တော့ ဒေါသထွက်နေတဲ့ ဗစ်ကရမ်က အမ်မရီတာ့ကို ပါးရိုက်လိုက်တယ် ... တစ်ခါမှ လက်မပါဖူးပေမယ့် လူရှေ့သူရှေ့မှာ ပါးရိုက်ခံလိုက်ရတာကို ဘယ်သူကမှ ဝင်မပါဘဲ မသိသလိုလုပ်နေကြသလို ပါးရိုက်တဲ့ ဗစ်ကရမ်က မမှားသလိုမျိုးပြောနေကြတဲ့ ပတ်ဝန်းကျင်မှာ အမ်မရီတာတစ်ယောက်ဟာ စိတ်ထိခိုက်သွားပြီး ဘာတွေဆက်လုပ်မလဲဆိုတာ... ဆက်လက်ရှုစားပေးကြပါဦး အမ်မရီတာနေရာမှာ ဝါရင့်သရုပ်ဆောင် တာ့ပ်ဆီးက ပါဝင်ထားပါတယ်.. ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၈.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၉.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3WS2xPU

Collectors ********* ရှေးဟောင်းပစ္စည်းတွေကို ခိုးနေရင်း ရှင်သန်နေတဲ့ ဂန်ဒုန်ဂိုတစ်ယောက် မူဟွာယောင်း ဘုရားကျောင်းကနေ ဆင်းတုတော်ကို ခိုးခဲ့ပါတယ်။ ဒီဆင်းတုတော်ကို ရှေးဟောင်း အမွေအနှစ်ပစ္စည်းကို စိတ်ဝင်စားတဲ့ စကိုင်းလုပ်ငန်းစုဥက္ကဌ ဂျင်ဆန်းဂီက လိုချင်တဲ့အတွက်ကြောင့် သူ့လက်အောက်က သူတွေကို မရမကရှာခိုင်းရင်း ဒုန်ဂိုနဲ့သူတို့ အချိတ်အဆက် ဖြစ်သွားပါတော့တယ်။ ဒီလိုနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ခိုးရင်းကနေ ဘုရင့်တော်ဝင် ဓားတော်ကို ခိုးဖို့ဖြစ်လာပါတော့တယ်။ ဒုန်ဂိုတို့အဖွဲ့ တော်ဝင်ဓားတော်ကို ဘယ်လိုခက်ခက်ခဲခဲ ခိုးကြမလဲ။ ဥက္ကဌဂျင်ဆန်းဂီနဲ့ ဒုန်ဂိုတို့ကြားမှာ ဘယ်လိုမျိုး ဇာတ်လမ်းတွေ ရှိဦးမလဲဆိုတာ ဒီဇာတ်ကားလေးကို စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၇.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၈.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4hKvm8Z

The Bad Guys : Reign of Chaos (2019) **************** - Action - ကိုရီးယားမှာ ရက်စက်မှုတွေအပြည့်နဲ့ ကြီးစိုးလာတဲ့ ယာကူဇာဂိုဏ်းတစ်ဂိုဏ်းကို ဖော်ထုတ်မဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ယောက်ကို ကာကွယ်ပေးဖို့ လူဆိုးတွေကို ပစ်သတ်ဖို့ လက်မနှေးတတ်လို့ နာမည်ကြီးတဲ့ ကင်ဆာရောဂါသည် ရဲ လူမိုက်ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး ထောင်ထဲမှာ ကောင်းကောင်းနေလို့ အထူးအခွင့်အရေးရထားတဲ့ လူမိုက် ထောင်ကျနေတဲ့ ရဲတစ်ယောက်နဲ့ လူလိမ်မတစ်ယောက်တို့ ပေါင်းပြီး ယာကူဇာဂိုဏ်းကို ဖော်ထုတ်ဖို့ ကြိုးစားပုံကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် အက်ရှင်ကားနှစ်သက်သူတွေ စိတ်တိုင်းကျမယ့် ဇာတ်ကားကောင်းတစ်ကားပါ သရုပ်ဆောင်တွေကတော့ မားဒုံးဆွတ် ကင်ဆန်းဂျွန်း ကင်အာဂျောင်း ဂျန်ကီယောင်းတို့ပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၆.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၇.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4jKOSnE

Recalled ******** ဆူဂျင်းဟာ မကြာသေးခင်က မတော်တဆမှုတစ်ခုတွေ့ကြုံခဲ့ရပြီး မှတ်ဉာဏ်တွေပျောက်ဆုံးသွားတဲ့ ကောင်မလေးတစ်ယောက်ပါ 👩‍🦰 ကျန်းမာရေးအခြေအနေသိပ်မကောင်းသေးပေမယ့် အိမ်မှာပဲပြန်နေပြီး ခင်ပွန်းဖြစ်သူ လီဂျီဟွန်းက ပြုစုစောင့်ရှောက်ပေးနေတာပါ .. မှတ်ဉာဏ်တွေပျောက်သွားလို့များ လောကကြီးဟာသူ့ကို အလျော်အစားအနေနဲ့ လက်ဆောင်ပေးခဲ့ရသလားလို့ ထင်မှတ်ရလောက်အောင် ဆူဂျင်းဟာ မတော်တဆမှုပြီးကတည်းက အနာဂတ်ကို မြင်နိုင်လာပါတယ် 🤩 သူမရဲ့ အိမ်နီးချင်းတွေ လမ်းပေါ်မှာတွေ့တဲ့ကောင်မလေးတွေ စသဖြင့် သူတို့ကြုံလာရမယ့် ရက်စက်မှုတွေ သေဆုံးနိုင်မှုတွေကို သူမ အနေနဲ့ တွေ့မြင်ရပြီး သူတို့ကို မကြုံတွေ့ရအောင် တားဆီးချင်နေခဲ့ပါတယ်.. ဒီလိုနဲ့ တစ်ရက်လမ်းလျှာက်သွားနေရင်း သူမ လုပ်ခဲ့တဲ့ အနုပညာကျောင်းက လုပ်ဖော်ကိုင်ဖက်နဲ့တွေ့ဆုံရာကနေ သူမ မသိတဲ့ အကြောင်းအရာတချို့ကို ထိတ်လန့်ဖွယ် သိရှိလိုက်ရပါတယ်..ထို့နောက် ဘာတွေဆက်ဖြစ်မလဲကတော့ ပရိသတ်ကြီး ကိုယ်တိုင်ပဲ ရှေ့ဆက် ခံစားကြည့်ရှုလိုက်ကြပါဦး..... 16+Rated ဖြစ်တဲ့အပြင် အထိတ်တလန့်ဖြစ်စရာ သွေးထွက်သံယိုဇာတ်ကွက်များ ရှိနိုင်တာကိုတော့ အထူးသတိပေးချင်ပါတယ် မင်းသမီး အလှလေး ဆောရယ်ဂျီနဲ့ Mystery မင်းသားချော ဂင်ဂန်ဝူးတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်😄 ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၅.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၆.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/42K05z2

Swing kids - 2018 ***************** 1950 ခုနှစ် ကိုရီးယားစစ်ပွဲအတွင်းမှာ တောင်ကိုရီးယားရဲ့ မဟာမိတ် အမေရိကန်တွေက မြောက်ကိုရီးယား ရဲဘော်တွေနဲ့ တရုတ် ကွန်မြူနစ်တွေကို ကိုဂျဲကျွန်းမှာ အကျဉ်းစခန်းတည်ဆောက်ပြီး ထိန်းသိမ်းထားကြတယ်။ အကျဉ်းစခန်းချင်းတောင် အပြိုင်အဆိုင်တွေ ရှိလာကြတော့ လူ့အခွင့်အရေး အပြည့်အဝရတဲ့ အကျဉ်းစခန်းဖြစ်ဖို့အရေး ပျော်ပွဲ ကပွဲတွေ စီစဉ်ဖို့ကြိုးစားရာကနေ Tap Dance အကအဖွဲ့ လေး ဖြစ်လာခဲ့တယ်။ အမေရိကန်က Tap Dancer ဂျက်ဆင်က ဦးဆောင်ပြီး တရုတ်ရဲဘော် ရှောင်ဖန်း၊ ကွန်မြူနစ်ဆိုပြီး မှားဖမ်းခံရတဲ့ ဗြောင်ဆမ်း၊ မိဘတွေ ဆုံးပြီး အငယ်လေးတွေကို ရှာကျွေးနေရတဲ့ ယန်ပါလေးဆိုတဲ့ ကောင်မလေးနဲ့ မြောက်ကိုရီးယား ကွန်မြူနစ်ရဲဘော် ဂီဆူး တို့ ၅ယောက်အဖွဲ့ Tap Dance နဲ့ ခံစားချက်တွေ ဝေမျှကြရင်း အိပ်မက်တွေ အပြည့်နဲ့ Tap Dance World Tour သွားချင်ခဲ့ကြတယ်။ သူတို့ရဲ့ အိပ်မက်လေးတွေအတွက် ဘယ်လိုတွေကြိုးစားပြီး ဘယ်လောက်ထိ ပျော်ရွှင်ခဲ့ကြသလဲ ဆိုတာကို ဇာတ်လမ်းလေးထဲကနေ Jazz Music သွက်သွက်လေးတွေ နားထောင်ရင်းနဲ့ တမေ့တမော ကြည့်ရှုခံစားကြရမှာပဲ ဖြစ်ပါတယ်။ IMDb ကတော့ 7.4/10 ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၄.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၅.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4hry4Rm

Wretches (2018) ************ တောင်ကိုရီယားမှာ အထက်တန်းကျောင်းသားတွေတော်တော်များများကြုံလေ့ရှိတဲ့ ပြဿနာတစ်ခုရှိပါတယ်.. ဒါကတော့ ကျောင်းတွင်းအကြမ်းဖက်မှုပါ.. လူကြီးတွေကတော့ ဒီကိစ္စကိုပေါ့သေးသေးသာ သဘောထားကြပေမဲ့အကြမ်းဖက်ခံရလို့ သေကြောင်းကြံစည်မှုတွေ ခဏခဏဖြစ်လေ့ရှိကြပါတယ် 😔😔 ဒီဇာတ်ကားကတော့ ဂျယ်ယောင်းလို့ခေါ်တဲ့ကျောင်းတွင်းအကြမ်းဖက်မှုခံရတဲ့ ကောင်လေးတစ်ယောက်အကြောင်းရိုက်ကူးထားတာပါ.. ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၃.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၄.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/40FRg6I

Gangubai Kathiawadi ********************** ဒီဇာတ်ကားလေးကတော့ လက်ရှိအချိန်မှာ အရမ်းကို ရေပန်းစားနေတဲ့ မင်းသမီးချောလေး Allia Bhatt ရဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် ... ၁၉၆၀ ခုနှစ်က ကာမာထီပူရက Gangubai ရဲ့ ဘဝ ဇာတ်ကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် ... ဇာတ်လမ်းအကျဉ်းကတော့ ဂန်ဂါဆိုတဲ့ ကောင်မလေးဟာ ရုပ်ရှင်မင်းသမီး အရမ်းဖြစ်ချင်တဲ့သူပေါ့ အဖေကလည်း ဝတ်လုံတော်ရှေ့နေဆိုတော့ အဆင့်အတန်းကြီးတဲ့ မိသားစုကပါ ဒီလိုနံ့ ရုပ်ရှင်မင်းသမီးဖြစ်ချင်တဲ့ ဂန်ဂါဟာ သူ့ခင်ပွန်းနဲ့အတူ အိမ်ကနေ ထွက်ပြေးပြီး အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ မြို့ဆီ ချီတက်လာပါတယ် ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဂန်ဂါတစ်ယောက် သူ့ချစ်ရသူရဲ့ ရောင်းစားခြင်းကို ခံလိုက်ရပါတယ် ...ဒီ ဇာတ်ကားရဲ့ ထူးခြားချက်ကတော့ အရင် ပြည့်တန်ဆာတွေ အကြောင်း ရိုက်ထားတဲ့ ဇာတ်ကားနဲ့ မတူဘဲ လုံးဝ ကွဲထွက်နေပါတယ် sex workers တွေရဲ့ ဘဝကို အသားပေးရိုက်ထားတာမျိုး မဟုတ်လို့ မိသားစုလိုက် ကြည့်လို့ရပါတယ် ... Gangubai တစ်ယောက် ဘဝကို ဘယ်လို ကြိုးစားမလဲ အမျိုးသမီး ၄၀၀၀ အတွက် ဘယ်လို တိုက်ပွဲဝင်မလဲဆိုတာတော့ ဒီဇာတ်ကားလေးကို ရှူစားလိုက်ပါ... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၃.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/40UQ2Wu

Narappa (2021) ================== Narappa - ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၁.၂.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3Q1awGA

Project Wolf Hunting (2022) ================== 2016 ခုနှစ်မှာ ဖိလစ်ပိုင်နဲ့ ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းစုံစမ်းမှုလုပ်ဖို့သဘောတူခဲ့ပြီးတော့ ဖိလစ်ပိုင်နိုင်ငံရောက် ကိုရီးယားက ​အပြစ်သားတွေကို ကိုရီးယားအစိုးရလက်ထဲ လွှဲပြောင်းမှုလုပ်ဆောင်ပါတယ်။ ပထမလွှဲပြောင်းမှုလုပ်ဆောင်တဲ့အချိန် ဗုံးဖောက်ခွဲခံရမှုကြောင့် အရာရှိတွေ အရပ်သားပြည်သူတွေထိခိုက်ခံရတဲ့အတွက် ဒုတိယအကြိမ်မှာတော့ ဖရန့်တီယားတိုက်တန်ခေါ် ကုန်တင်သင်္ဘောကြီးဖြင့် အကျဥ်းသားတွေကို ကိုရီးယားကိုရွှေ့ပြောင်းဖို့ဖြစ်လာပါတော့တယ်။ အနီရောင်အဆင့်သတ်မှတ်ခံရတဲ့အကျဥ်းသားတွေပါဝင်တဲ့ ဒီသင်္ဘောကြီးမှာ စုံထောက်အယောက်၂၀ ကျော်က သူတို့ကိုစောင့်ကြပ်ပြီး ကိုရီးယားကိုပြန်ခေါ်လာရမှာဖြစ်ပါတယ်။ ကိုရီးယားကိုသွားတဲ့လမ်းတလျှောက် ဘယ်လိုမျိုးတွေကြုံတွေ့ရမှာလဲ ။ ဇာတ်ကားရဲ့နာမည်အတိုင်း Project wolf hunting ဆိုတာကလည်း ဒီအကျဥ်းသားတွေနဲ့ဘယ်လိုဆက်စပ်နေမှာလဲဆိုတာဒီဇာတ်ကားမှာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၃၁.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၁.၂.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/42vjT97

Sweet & Sour ************* ကံကြမ္မာဆိုတာက ချိုတလှည့်.. ခါးတလှည့် ဆိုရင်အချစ်ဆိုတာကလည်း ချိုတလှည့်၊ ချဉ်တလှည့်ပေါ့ 😪 ခပ်ဝဝကောင်လေးတစ်ယောက်ဟာ ဆေးရုံတက်ရင်းချစ်စရာကောင်းတဲ့သူနာပြုဆရာမလေးတစ်ယောက်နဲ့ အမှတ်မထင် ချစ်သူတွေဖြစ်သွားခဲ့တယ် ❣️ ရုပ်မချော အပြောမကောင်းတဲ့ ခပ်ဝဝကောင်လေးကသူနာပြုဆရာမလေးရဲ့အချစ်ကို ဘယ်လိုရသွားတာလဲ ?🤔 ဆရာမလေးကရော ကောင်လေးကို တကယ်ချစ်သွားတာလား? အချစ်ဆိုတာ ချစ်နေရုံနဲ့မပြီးဘူး၊ ဂရုစိုက်မှုတွေ၊နွေးထွေးမှုတွေလိုအပ်တယ်၊ ဘယ်လိုချစ်သူချင်းမဆိုအားပေးကြင်နာမှုတွေ အမြဲရှိနေဖို့လိုတယ် 😒 အနေဝေးလို့ သွေးအေးခဲ့ရင် ကြားလေသွေးလို့ဝေးနိုင်တယ်ဆိုတဲ့ အချစ်ရဲ့ချိုချိုချဉ်ချဉ်အရသာလေးတွေကို ဒီဇာတ်ကားလေးနဲ့အတူစီးမြောခံစားလိုက်ကြရအောင်လား 😚" ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၃၀.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၃၁.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/40B3pcX

Alive ***** တစ်ကမ္ဘာလုံးသာ Zombie ဖြစ်သွားခဲ့ရင် ဘယ်လိုအသက်ရှင်ကြမလဲ? ကိုရီးယားနိုင်ငံမှာ ကူးစက်ရောဂါတစ်ခုဖြစ်သွားခဲ့ပြီး ရောဂါလက္ခဏာအနေနဲ့ အကြမ်းဖက်ခြင်းနဲ့လူသားစားခြင်းတွေကို လုပ်ဆောင်လာကြပါတယ်... ရုတ်ချည်းဖြစ်သွားတဲ့ ကူးစက်ရောဂါဟာ ရောဂါရှိသူရဲ့ အကိုက်ခံရမှုကနေတစ်ဆင့် လူအယောက်ပေါင်းများစွာကို အလျင်အမြန်ကူးစက်သွားခဲ့တယ်... မနက်နောက်ကျမှနိုးလာတဲ့ Jun-U ဆိုတဲ့ကောင်လေးကတော့ ဂိမ်းကစားနေရင်းကနေ တီဗီကလာတဲ့သတင်းကြောင့်အပြင်လောကကို ကြည့်မိချိန်မှာတော့.... တစ်အိမ်လုံးမှာ သူတစ်ယောက်တည်းကျန်ခဲ့ရာကနေ ဘ​ယ်နှရက်အထိ တောင့်ခံနိုင်မှာလဲ သတင်းထဲမှာတော့ အပြင်မထွက်ဖို့ အထပ်ထပ်သတိပေးထားပေမဲ့ စားနပ်ရိက္ခာကုန်သွားချိန်မှာတော့အသက်ရှင်ကျန်ရစ်သူများလည်း အပြင်ထွက်ပြီး အသက်စွန့်ကာ ရိက္ခာရှာရပါတော့တယ်... ဒီလိုနဲ့ ကိုယ့်လိုအသက်ရှင်တဲ့လူအချင်းချင်းတွေ့ပြီး အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာစိတ်ဝင်တစား ကြည့်ရှုရမယ့်ကားပဲဖြစ်ပါတယ် ❤.. ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၉.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၃၀.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4hzJCkO

Hope ***** ၂၀၀၈ ခုနှစ်က တောင်ကိုရီးယားနိုင်ငံမှာ တိုင်းသိပြည်သိဖြစ်ပွားသွားတဲ့ အမှုအခင်းတစ်ခုရှိခဲ့ပါတယ် အပြစ်မရှိတဲ့ ၈ နှစ်အရွယ်ကျောင်းသူလေးကို ကျောင်းနားမှာတင် လိင်အကြမ်းဖက်မှုကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်ပါ ကျူးလွန်ခံရသူ မိန်းကလေးဟာ သေလုမြောပါးခံစားခဲ့ရပြီး သေသည်ထိ ခံစားသွားရမယ့် ဝေဒနာတွေနဲ့ နေထိုင်သွားရတော့မှာ ဖြစ်ပေမဲ့တရားခံကတော့ ထိုက်သင့်တဲ့ပြစ်ဒဏ်မျိုး ချမှတ်ခြင်းမခံခဲ့ရပါဘူး ဒီဖြစ်ရပ်ဟာ ကိုရီးယားတစ်နိုင်ငံလုံးကို ဒေါသထွက်စေခဲ့ပြီး ယခုထိတိုင် ခံပြင်းနေစေရတဲ့ ဖြစ်ရပ်ဖြစ်ပါတယ် ဒီဇာတ်ကားကတော့ အဲဒီဖြစ်ရပ်ကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတာပါ ၂၀၁၃ ခုနှစ်ကတည်းက ထွက်ရှိထားပေမဲ့ဖြစ်ရပ်မှန် ရုပ်ရှင်ဖြစ်တဲ့အပြင် သရုပ်ဆောင်များကလည်း ပီပြင်စွာသရုပ်ဆောင်ထားတာကြောင့် ပြန်ကြည့်တိုင်း ရင်နာရဆဲ ငိုရဆဲရုပ်ရှင်ပါ IMDb rating 8.2 ထိရရှိထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ် ... ကြည့်ရှုလိုက်ကြပါဦး ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၈.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၉.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/4hceacO

The Face Reader ********** ဂျိုဆွန်းခေတ်မှာ မျက်နှာသွင်ပြင်ကိုကြည့်ပြီးဗေဒင်ဟောပေးနိုင်တဲ့ နာမည်ကြီးဆရာတစ်ယောက်ပေါ်ပေါက်ခဲ့ဖူးပါတယ်.... လူသူကင်းမဲ့တဲ့ ပင်လယ်နားတောင်ပေါ်မှာနေထိုင်တဲ့သူဖြစ်ပေမဲ့ဒီသတင်းဟာ မြို့တော်ထဲကိုပျံ့နှံ့သွားခဲ့တယ် တိုင်းပြည်ကိုသစ္စာဖောက်ခဲ့ဖူးတဲ့ ဖခင်ဖြစ်သူကြောင့်လူသူကင်းမဲ့ရာမှာ ဇာတ်မြှုပ်ပြီးနေခဲ့ပေမဲ့သားဖြစ်သူရဲ့ တောင်ဝင်မင်းမှုထမ်းဖြစ်ချင်တဲ့ဆန္ဒမိသားစုဂုဏ်ကို ပြန်လည်ဆယ်ယူလိုတဲ့ဆန္ဒကြောင့်မြို့တော်ထဲကို ပြန်လည်ဝင်ခဲ့ရာကနေသူ့သတင်းဟာ နန်းတော်ထဲထိ ရောက်သွားခဲ့ပါတယ်.... မူလပထမမှာတော့ ပြစ်မှုကျူးလွန်သူတွေကိုဖမ်းဆီးဖို့အတွက် သူ့ကိုခန့်အပ်ထားခဲ့ပေမဲ့ မင်းကြီးရဲ့ အထူးတာဝန်ကိုပေးအပ်ခြင်းခံခဲ့ရတယ်ဒီလိုကနေ ခေတ်ရဲ့ဒဏ် စနစ်ရဲ့ဒဏ်ကြားမှာမြေစာပင်ဖြစ်ခဲ့ရတဲ့ လူတစ်ယောက်အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်ကြည့်ရှုလိုက်ကြပါဦး.... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၇.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၈.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3WBDYH7

Rocky Aur Rani Kii Prem Kahaani (2023) ========================= ဒီတစ်ခါမှာတော့ ဇာတ်ကား ကောင်းတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးအတွက် ၂၀၂၃ ခုနှစ်အတွင်း ရုံတင်ခဲ့ပြီး Ranveer Singh နဲ့ Alia Bhatt တို့ ဦးဆောင်ပါဝင်တဲ့ "ရော်ကီနဲ့ ရာနီရဲ့ အချစ်ပုံပြင်" ရုပ်ရှင်ဇာတ်ကား ကြီးကို တင်ဆက်ပေးသွားမှာပါ။ "ရာနီ"ဆိုတဲ့ ထက်ထက် မြက်မြက် ပညာတတ် မိန်းမလှလေးနဲ့ မတွေ့ခင်အထိ အဘွားရဲ့ သြဇာခံဘဝနဲ့ နေလာခဲ့တဲ့ ဒန်လက်ချ်မီး မုန့်ချိုလုပ်ငန်းရဲ့ ဆက်ခံသူ သူဌေးသား "ရော်ကီ"...။ ရှပ်အကျီကို ကြယ်သီး မတပ်ဘဲဝတ်ပြီး six-pack တွေ ထုတ်ထုတ်ကြွား၊ စကားအဆန်းတွေ ပြောတတ်တဲ့ "ရော်ကီ့"ကိုမှ အသွင်မတူမှန်း သိပါလျက် ရူးရူးမူးမူး ချစ်မိသွားခဲ့တဲ့ "ရာနီ"...။ ယဥ်ကျေးမှု၊ အတွေးအခေါ်နဲ့ ခံယူချက်တွေ အစစအရာရာ ကွာခြားလှတဲ့ နှစ်ဖက်မိသားစုကြောင့် သူတို့ ချစ်သူနှစ်ဦး ပေါင်းဖက်ရဖို့ တစ်ယောက်ရဲ့အိမ်မှာ တစ်ယောက်က ၃ လ သွားနေပြီး မိသားစုချင်း အဆင်ပြေလာအောင် ညှိယူဖို့ သူတို့ ဆုံးဖြတ်ခဲ့ပါတယ်။ မဟာဖိုဝါဒကို လက်ကိုင်ထားတဲ့ ရော်ကီ့အဘွား "ဒန်လက်ချ်မီး"နဲ့ ထက်မြက်တဲ့ မိန်းမပျိုလေး "ရာနီ"... ရာနီတို့ရဲ့ ပညာတတ် အသိုင်းအဝိုင်းထဲမှာ မဝင်ဆံ့တဲ့ သူဌေးသား "ရော်ကီ"။ နှစ်ဖက် မိသားစုကြားက ကွာဟချက်တွေကို သူတို့ရဲ့ အချစ်က နီးကပ်စေနိုင်မလား ဆိုတာကိုတော့... ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၆.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၇.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/42tbgvO

Mission Raniganj (2023) =============== ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့ Mission Raniganj ဆိုတဲ့ ဖြစ်ရပ်မှန်ကို အခြခံ ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်က အနောက်ဘင်္ဂလားမှာ ရာနီဂန် ကျောက်မီးသွေးတွင်းရဲ့ နေရာတစ်ခုကို ဖောက်ခွဲရာက ရေတွေဝင်လာခဲ့ပါတယ်။ အလုပ်သမားတွေကို ချက်ချင်း ရွှေ့ပြောင်းဖို့ သတိပေးခဲ့ပေမဲ့ နားလေးနေတဲ့ ဘီဟရာ ဦးဆောင်တဲ့ ကျောက်မီးသွေးတူးသမား ၆၅ ယောက်ကတော့ မိုင်းတွင်းထဲက အချိန်မီ မထွက်နိုင်ခဲ့ပါဘူး။ အနီးအနား မိုင်းတွင်းက မန်နေဂျာတစ်ယောက်ဖြစ်တဲ့ ဂျက််စ်ဝမ့် ဆင်းန် ဂေးလ်ဆိုသူက ရာနီဂန် မိုင်းတွင်းရဲ့ ဖြစ်ရပ်ကို သိရှိသွားပြီး အကူအညီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လူအတော်များများက ပိတ်မိနေတဲ့ အလုပ်သမားတွေအားလုံး သေဆုံးသွားကြပြီလို့ ထင်ခဲ့ကြပေမဲ့ သူဟာ သူ့ရဲ့ ဆန်းသစ်တဲ့ အတွေးအခေါ် ထက်မြက်တဲ့ ဥာဏ်ရေနဲ့ ရဲရင့်တဲ့ စိတ်ဓာတ်တို့နဲ့အတူ အိန္ဒိယမှာ ပထမဆုံးအဖြစ် iron capsule နဲ့ အလုပ်သမားတွေကို တစ်ယောက်ချင်း ကယ်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဂေးလ်ရဲ့ ကယ်ဆယ်ရေး မစ်ရှင် အောင်မြင်မလား ရှုံးနိမ့်မလားဆိုတာကို ဇာတ်လမ်းပြီးတဲ့အထိ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Mizzima TV Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။ Mizzima TV Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင် App ဒေါင်းလော့လုပ်ရန် - https://bit.ly/3U39QDB #New ပြသမည့်ရက် ။ ။ ၂၅.၁.၂၀၂၅ ပြသမည့်အချိန်။ ။ ည (၁၀:၄၅) နာရီ #Reply ပြသမည့်ရက် ။ ။ ၂၆.၁.၂၀၂၅ ပြသမည့်အချိန်။ ။ မနက်(၁၀:၄၅) နာရီ၊ ညနေ (၄:၄၅) နာရီ ----------------------------------------- Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://bit.ly/3vEyqRU လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://bit.ly/4fri29j https://bit.ly/3EaSL5f