en
Feedback
တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

Open in Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

Show more
8 193
Subscribers
-824 hours
-287 days
-15930 days
Posts Archive
စုကြည်မကို လွှတ်နိုင်တယ်ဆိုတဲ့ သတင်းတချို့ထွက်နေတယ်။ ဘယ်လိုထင်ပါသလဲ။
Anonymous voting

မြန်မာ သမ္မတအဆက်ဆက်မှာ လက်ရှိသမ္မတဟာ အာဏာအကြီးဆုံးပဲ။ ၁။ စပ်ရွှေသိုက် ၂။ ဦးဘဦး ၃။ မန်းဝင်းမောင် ဒီသမ္မတတွေဟာ ရုပ်ပြသမ္မတအဆင့်ပဲ ၄။ ဦးနေဝင်း ဦးနေဝင်းက အာဏာကြီးတဲ့ သမ္မတဖြစ်ပေမဲ့ ပါတီတွင်း ဆန့်ကျင်မှုတချို့ရှိခဲ့တယ်။ နောက်ဆုံးတပ်မတော်ကို အာဏာလွှဲပေးခဲ့ရတယ်။ ၅။ ဦးစန်းယု ၆။ ဦးစိန်လွင် ၇။ ဒေါက်တာမောင်မောင် ဒီသမ္မတတွေဟာ ဥက္ကဌကြီးဦးနေဝင်း အာဏာအောက်က သမ္မ‌တတွေပါ။ ၈။ ဦးသိန်းစိန် ဦးသိန်းစိန်ဟာ လွှတ်တော်ကို အာဏာမလွှမ်းမိုးနိုင်ပါ။ နောက်ဆုံး ပါတီတွင်းအာဏာထိန်းမှုလုပ်ခဲ့ရတယ်။ ၉။ ဦးထင်ကျော် ၁၀။ ဦးဝင်းမြင့် ဒီနှစ်ယောက်ကတော့ တပ်မတော်ပေါ် အာဏာလွှမ်းမိုးနိုင်မှု လုံးဝမရှိခဲ့ပါ။ ၁၁။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဗိုလ်ချုပ်မှူးကြီးကတော့ တပ်မတော်၊ ပါတီ၊ လွှတ်တော်၊ အတိုင်ပင်ခံကောင်စီ အားလုံး သူ့လက်ခုပ်ထဲကရေပါပဲ။ အတိုက်အခံလုံးဝမရှိပါဘူး။ သူ့ဩဇာဟာ မြန်မာ့သမိုင်းမှာအကြီးဆုံးပါပဲ။ မလိုသူတွေကတော့ အာဏာရှင် Check and Balance မရှိဘူးဆိုကြပါလိမ့်မယ်။ သမ္မတသက်တမ်း အနည်းဆုံး ၁၀ နှစ်တာဝန်ယူပါလိမ့်မယ်။ ပြည်သူ့ဆန္ဒအရ လိုအပ်ရင် ခြေဥပြင်ပြီး ထပ်ယူပါလိမ့်မယ်။ သမိုင်းတစ်လျှောက် အာဏာအကြီးဆုံးသမ္မတ ဖြစ်နေပေမဲ့ ထိန်းချုပ်နယ်မြေအ‌သေးဆုံး သမ္မတဖြစ်နေတဲ့အတွက် အောင်မြေချဲ့ဖို့တော့ လိုပါမယ်။ စကြာဝတေးမင်းကဏ္ဍ တပ်သားလေးဖိုးထောင်

ဟော်မုဒ် ဒီနေ့ပွင့်ရင် မြန်မာမှာလည်း ဆီတွေပြန်ပွင့်ဖို့ ဘယ်လောက်ကြာလဲ? . တစ်နိုင်ငံလုံးပေါင်းလို့ ကားအစီးရေ ၁ သန်းမပြည့်တဲ့ မြန်မာပြည်ဆိုတာ ဆီဝယ်သုံးတဲ့ နိုင်ငံတွေစာရင်းမှာ ဇယားအောက်ခြေနား ကပ်နေတဲ့ နိုင်ငံပါ။ မြန်မာပြည်တစ်နိုင်ငံလုံးကားအစီးရေဟာ ဘန်ကောက်တစ်မြို့စာတောင် မရှိသေးပါဘူး..။ နိုင်ငံတကာလေယာဥ်ပျံလိုင်းပြောဖို့လည်း ဘယ်နှစ်လိုင်း ရှိလို့လဲ? ဘယ်သွားသွား ဘန်ကောက် စင်္ကာပူ transit ယူပြီး သွားနေရတာကို..။ အဲ့တော့.. အရှေ့အလယ်ပိုင်းဆီက ဆီဝယ်လက်နိုင်ငံတွေထဲမှာ မြန်မာပြည် ဆီဝယ်ရတယ်ဆိုတာ လန်ခရူဇာသမားနဲ့ တရုတ်ဆိုင်ကယ်သမားလောက် ကွာတယ်..။ ရေနံလိုအပ်ချက်နဲ့ပြရင် မြန်မာက ၁ ရက်ကို စည်ပေါင်း ၁ သိန်း ၂ သောင်း လိုတယ်တဲ့.. ဟာ.. များကြီးပဲ... များဘူး... အာဆီယံမှာ အဲ့တာ တရုတ်ဘီးစီးတဲ့အဆင့်လောက် လိုအပ်ချက်ဗျ။ ထိုင်းက ၁ ရက်ကို စည်ပေါင်း ၁.၃ သန်း လိုတယ်..။ ထိုင်း ရဲ့ ၁၀ ပုံ ၁ ပုံပဲ မြန်မာက လိုတာ.။ အဲ့တော့ အရှေ့အလယ်ပိုင်းက ဟော်မုဒ်ရေလက်ကြားမှာ ပိတ်မိနေတာ မြန်မာပြည်ကိုပို့တဲ့ သင်္ဘော တစ်စီးမှ မပါဘူး...။ ဘာလို့လဲဆို မြန်မာပြည်ကိုပို့တဲ့ Tanker ဆိုတာ ဟော်မုဒ်ကို မဖြတ်လို့..။ ဟော်မုဒ်က ဆီတွေက စင်္ကာပူကိုပဲ လာတာ။ အဲ့မှာ Refine ပြန်လုပ်ပြီးမှ 92-95-PD တွေ ပြန်ခွဲ..။ မြန်မာပို့မယ့် သင်္ဘောလေးက ဆီပုံးလေးကိုင်ပြီး စောင့်..။ ပြီးမှ ရန်ကုန်သီလဝါကို မောင်း...။ အဲ့လို Supply chain ကြီး..။ အဲ့တော့.. တောင်အာရှအတွက်ပို့တဲ့ ဆီထဲကမှ သူများတွေ ဘောင်ဆာနဲ့ဝယ်တဲ့အချိန် ဂါလံပုံလေးကိုင်ပြီး လာဝယ်တဲ့အဆင့်နဲ့ ဝယ်ရတဲ့ အဆင့်..။ သိပ်ပြီး ကိုယ့်နိုင်ငံကြီးက ကြီးကျယ်တယ် ထင်မနေကြနဲ့..။ ကျုပ်တို့မှာ ကြီးတာဆိုလို့ စိတ် ပဲရှိပြီး ကျယ် တာဆိုလို့ ဖင် ပဲ ရှိတယ်။ ဟော်မုဒ် ဒီနေ့ပွင့်ရင် ၂၂ ရက်အကြာမှာ စင်္ကာပူရောက် ကျောက်ချဖို့တန်းစီတာ ၃ ရက် ဆီချတာ ၂ ရက် Refine လုပ်တာ ၃ ရက် QC adjustment က ၃ ရက် သိုလှောင်ပြီး စောင့်ရတာ ၁၀ ရက် စင်္ကာပူက မြန်မာကို ၇ ရက် စုစုပေါင်း ရက်ပေါင်း (၅၀) ကြာတယ်...။ ဒီနေ့ ဒေါ်နယ်ထရန့်နဲ့ အီရန်ခေါင်းဆောင် ကစ်ဆင်တွေရိုက်ပြီး လိင်တူချင်းမင်္ဂလာဆောင်ပြီး လင်မယားဖြစ်လောက်အောင်ထိ ချစ်သွားကြရင်တောင် မင်္ဂလာဦးညအထိမ်းအမှတ် ဖွင့်ပေးလိုက်တဲ့ ဟော်မုဒ်ရေလက်ကြားက ဆီ ရန်ကုန် သီလဝါရောက်ဖို့ ရက်ပေါင်း ၅၀ စောင့်ဗျ..။ အဲ့ဆီ ကျွန်တော်တို့ စသုံးရတဲ့နေ့ဆို ဒေါ်နယ်ထရန့်တောင် ကိုယ်ဝန်ရလို့ ကိုယ်ဝန်သက် ၁ လ ဖြစ်နေပြီ..။ သိဘို့.. သိဘို့.. ဘာမှ မျှော်လင့်မနေနဲ့.. ဆီသာ သွားတန်းစီ.. ဖေ့ဘွတ်လေးသုံး ... ဖောင်းလေးထု.. နောက် ၃-၄ လ အနည်းဆုံးပဲ..။ Credit တပ်သားလေးဖိုးထောင်

ကိုကိုကြီးက ဘယ်လိုပါလာတာလဲ ဘစိုး ဦးဆောင်တဲ့ အတိုင်ပင်ခံကောင်စီရဲ့ ဂုဏ်ငြိုးနွမ်းပါတယ်။ တပ်သားလေးဖိုးထောင်
ကိုကိုကြီးက ဘယ်လိုပါလာတာလဲ ဘစိုး ဦးဆောင်တဲ့ အတိုင်ပင်ခံကောင်စီရဲ့ ဂုဏ်ငြိုးနွမ်းပါတယ်။ တပ်သားလေးဖိုးထောင်

အီရန်-အမေရိကန် အပစ်အခတ်ရပ်‌စဲရေး ပျက်စီး ဟော်မုဇ်ရေလက်ကြား ပြန်ပိတ်သွားပြီး အီရန်ကလဲ ဒရုန်းတွေနဲ့ ပြန်ပစ်နေပါပြီ။ ရေနံဈေးလဲ တစ်စည်ကို ဒေါ်လာ ၁၀၀ ပြန်ရောက်ပါပြီ။ မင်းတို့ဟာ စစ်တိုက်နေတာလား။ ရေနံ၊ စတော့၊ ရွှေဈေး ကစားနေတာလား မသဲကွဲတော့ဘူး။ တပ်သားလေးဖိုးထောင်

ကော့သောင်းနဲ့ ရေမိုင် ၁၃၀ ခန့်သာ ကွာဝေးတဲ့ ထိုင်းနိုင်ငံ ကရာဘီကျွန်းမှာ အမေရိကန်စစ်လေယာဉ်တွေ ဆက်တိုက်ဆင်းနေပြီး လက်နက်စုပုံမှုလဲရှိနေတယ်လို့ ဒေသခံတွေ စိုးရိမ်နေပါတယ်။ ဘာကြောင့်လို့ထင်ပါသလဲ။
Anonymous voting

ဝေါ်လေဗျူဟာအား KNU ပူးပေါင်းအဖွဲ့က ဆက်လက်ဝန်းရံပိတ်ဆို့ထားကြောင်း သိရပြီး၊ရန်သူဖက်မှ ဝေါ်လေ ဗျူဟာက ခံစစ်ဆင်နေတဲ့ကလေးတွေအား သောက်ရေခက်ခဲအောင် ကန့်သတ်နေကြောင်းသတင်းရရှိပါတယ်။ ရန်သူဖက်ကို သီဘောဘိုးနှင့် ချာချ်ကျောင်းကြား ကနေ အင်အားထပ်မံဖြည့်တင်းနေကြောင်းသတင်းရရှိပါတယ်။ ပေတိုးမီဒီယာ တပ်သားလေးဖိုးထောင်

အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မိုဂျ်တာဘာ ခါမေနီ အတည်ပြု၊ လာမယ့် သောကြာနေ့တွင် အစ္စလမ်မာဘတ်မြို့ ၌ အမေရိကန်နှင့် ဆွေးနွေးမည် အီရန် အမေရိကန် စစ်ပွဲရပ်တန့်ရန် ပါကစ္စတန်က ကြားဝင်ညှိနှိုင်းပေးသည့်အတွက် အပစ်အခတ်ရပ်စဲရေးကို အီရန်က လက်ခံလိုက်ပြီဖြစ်ပါတယ် ။ တီဟီရန်ဘက်က အချက် ၁၀ ချက်ပါ အစီအစဉ်ကို တောင်းဆိုနေချိန်မှာပဲ ဧပြီလ ၁၀ ရက်နေ့မှာ ပါကစ္စတန်နိုင်ငံ အစ္စလမ်မာဘတ်မြို့၌ အမေရိကန်နဲ့ ဆွေးနွေးပွဲလုပ်ဖို့ စီစဉ်ထားပါတယ်။ ဆွေးနွေးပွဲတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ အီရန်ရဲ့ စစ်မြေပြင်က အောင်ပွဲတွေကို သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုအတွင်းမှာ နိုင်ငံရေးရလဒ်တွေထွက်လာဖို့ဖြစ်ပါတယ် တပ်သားလေးဖိုးထောင်

အီရန်လူ့အဖွဲ့အစည်း တစ်ခုလုံး ယနေ့ညသေဆုံးမည်ဟု ထရမ့်ပြော အစိုးရအဖွဲ့ပြောင်းလျှင် အခြေအနေပြောင်းမည်ဟုဆို။ အီရန်အစိုးရဖြုတ်ချဖို
အီရန်လူ့အဖွဲ့အစည်း တစ်ခုလုံး ယနေ့ညသေဆုံးမည်ဟု ထရမ့်ပြော အစိုးရအဖွဲ့ပြောင်းလျှင် အခြေအနေပြောင်းမည်ဟုဆို။ အီရန်အစိုးရဖြုတ်ချဖို့ အီရန်ပြည်သူလူထုကိုပါ ဖိအားပေးလာပါပြီ။ အီရန်နိုင်ငံနဲ့ သံတမန်လမ်းကြောင်းအားလုံးဖြတ်တောက်လိုက်ပြီမို့လို့ ဘာဆက်ဖြစ်မလဲ စိတ်ဝင်စားစရာပါ။ လူ့သမိုင်းမှာ အရေးကြီးတဲ့ရက်တစ်ရက် ဖြစ်လာနိုင်ပါတယ်။ တပ်သားလေးဖိုးထောင်

အဘ ဇော်မင်းထွန်း ပြန်ကြားရေးဝန်ကြီး မဖြစ်တော့ပါ။ ဝန်ကြီးမဖြစ်တဲ့ အပြင် တာဝန်အားလုံးမှ နားခံရပါပြီ။ အဘဇနီးက တင်ဒါကိစ္စမှာ တစ်စုံတစ်ဦးနဲ့ ငြိသွားတယ်ကြားပါတယ်။ မဆန်းတဲ့ကိစ္စပါ။ တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့လဲ ပြုတ်ပါလိမ့်မယ်။ လက်ရှိ ဝန်ကြီးဌာန တင်ဒါစိစစ်ရေးအဖွဲ့တွေမှာ စိစစ်ရတာ တစ်ခုပဲရှိပါတယ်။ အရည်အသွေးပြည့်မှီလား၊ ငွေကြေးသက်သာလား၊ အတွေ့အကြုံရှိလားတို့ မဟုတ်ပါဘူး။ တစ်စုံတစ်ဦးရဲ့ သားဖြစ်သူ ရှယ်ယာပါတဲ့ ကုမ္ပဏီဟုတ်မဟုတ်ပဲ စိစစ်ရပါတယ်။ ရှယ်ယာပါတဲ့ ကုမ္ပဏီတွေများလွန်းတော့လဲ သေချာလိုက်စုံစမ်းရပါတယ်။ မှားယွင်းပြီး တခြားသူကို တင်ဒါပေးမိလို့ကတော့ ပင်စင်စောစောရပါမယ်။ တင်ဒါစီးပွားရေးကဏ္ဍ တပ်သားလေးဖိုးထောင်

ပြည်ထောင်စုဝန်ကြီးများ အမည်စာရင်း နိုင်ငံတော်သမ္မတ တင်ပြ April 7, 2026 PAN (ပြည်တွင်း) ဧပြီ ၇ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံံမှန်အစည်းအဝေး စတုတ္ထနေ့အား ယနေ့နံနက် ၁၀နါရီအချိန်က ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပြည်ထောင်စုဝန်ကြီးများအမည်စာရင်းအား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပြုတင်ပြထားသော ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးသင့်သည့် အမည်စာရင်းကို တင်ပြခဲ့ရာ ၁။ ဦး‌ခင်မောင်ရီ (အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန) ၂။ ဦးအောင်ကျော်ဟိုး (နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန) ၃။ ဦးတင်အောင်ဆန်း (ပို့ဆောင်ရေးဝန်ကြီးဌာန) ၄။ ဦးမြထွန်းဦး (ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန) ၅။ ဗိုလ်ချုပ်ကြီး ထွန်းအောင် (ကာကွယ်ရေးဝန်ကြီးဌာန) ၆။ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ (ပြည်ထဲရေးဝန်ကြီးဌာန) ၇။ ‌ဦးတင်မောင်ဆွေ ( နိုင်ငံခြားရေးဝန်ကြီးဌာန) ၈။ ဒေါက်တာကံဇော် (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန) ၉။ ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြတ် (နယ်စပ်ရေးရာဝန်ကြီးဌာန) ၁၀။ ဦးသန်းမောင် (တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန) ၁၁။ ဒေါက်တာ သီတာဦး (ဥပဒေရေးရာဝန်ကြီးဌာန) ၁၂။ ဒေါက်တာ ချောချောစိန် (ပညာရေးဝန်ကြီးဌာန) ၁၃။ ဒေါက်တာ မျိုးသိန်းကျော် (သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန) ၁၄။ ဒေါက်တာ သက်ခိုင်ဝင်း (ကျန်းမာရေးဝန်ကြီးဌာန) ၁၅။ ဒေါက်တာ သက်သက်ဇင် (အမျိုးသမီးရေးရာဝန်ကြီးဌာန) ၁၆။ ဦးထိန်လင်း (ပြန်ကြားရေးဝန်ကြီးဌာန) ၁၇။ ဦးတင်ဦးလွင် (သာသနာရေးဝန်ကြီးဌာန) ၁၈။ ဦးမင်းနောင် (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန) ၁၉။ ဦး‌မျိုးဇော်သိမ်း (သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန) ၂၀။ ဦးဆန်းဦး (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန) ၂၁။ ဦးကိုကိုလွင် (လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန) ၂၂။ ဒေါက်တာ ချာလီသန်း (စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန) ၂၃။ ဦးမြင့်ကြိုင် (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန) ၂၄။ ဦးခင်မောင်စိုး (အလုပ်သမားဝန်ကြီးဌာန) ၂၅။ ဦးထွန်းအုံ (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန) ၂၆။ ဦးရဲမြင့်ထွန်း (အားကစားရေးရာဝန်ကြီးဌာန) ၂၇။ ဒေါက်တာမောင်သင်း (လူငယ်ရေးရာဝန်ကြီးဌာန) ၂၈။‌ ဦးမျိုးသန့် (ဆောက်လုပ်ရေးဝန်ကြီးဌာန) ၂၉။ ဒေါက်တာစိုးဝင်းဘ(လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန) ၃၀။ ဦးမောင်မြင့် (ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန) တို့ဖြစ်ကြောင်း သိရသည်။ အဆိုပြုတင်သွင်းသည့် ပြည်ထောင်စုဝန်ကြီးစာရင်းနှင့် စပ်လျဥ်းပြီး ခန့်အပ်ရန် သဘောတူကြောင်း ကြေညာခြင်း သို့မဟုတ် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက်နိုင်‌ေကြာင်း အဆိုတင်သွင်းခြင်းတို့ကို ဧပြီ ၉ ရက် ကြာသ‌ပတေးနေ့မှာ ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်အစည်းဝေးတွင် ဆောင်ရွက်မည်ဖြစ်ပြီး ကန့်ကွက်ချက်တစ်စုံတရာမရှိပါက အမည်စာရင်းပါပုပ္ဂိုလ်များကို ပြည်ထောင်စုဝန်ကြီးများအဖြစ်ခန့်အပ်‌တာဝန်ပေးရန် လွှတ်တော်ကသဘောတူကြောင်း ကြေညာသွားမည်ဟု သိရသည်။ တပ်သားလေးဖိုးထောင်

အင်္ဂါနေ့ဟာ လျှပ်စစ်ဓာတ်အားပေးစက်ရုံနေ့ နဲ့ တံတားနေ့လို့ ထရမ့်က ဆိုထားပါတယ်။ ဗုံးကြဲမယ်လို့ ဆိုလိုတာပါ။ တကယ်လုပ်ရဲမရဲ ဒီနေ့သိ
အင်္ဂါနေ့ဟာ လျှပ်စစ်ဓာတ်အားပေးစက်ရုံနေ့ နဲ့ တံတားနေ့လို့ ထရမ့်က ဆိုထားပါတယ်။ ဗုံးကြဲမယ်လို့ ဆိုလိုတာပါ။ တကယ်လုပ်ရဲမရဲ ဒီနေ့သိရမှာပါ။ လုပ်ခဲ့ရင်တော့ ငြိမ်းချမ်းရေးနဲ့ ထပ်ဝေးလို့ စက်သုံးဆီအခက်အခဲ ထပ်ကြာ၊ ထပ်ဈေးတက်ပါဦးမယ်။ တပ်သားလေးဖိုးထောင်

6..4..2026 ဝေါ်လေဗျူဟာ..အခြေအနေ KNLA တမဟ...၄.၅..၆..၇..ကရင်တပ်တွေ Cobra. Venom. ကျားဖြူ ရေးဘီလူး.အဖွဲ့ပူးပေါင်း အင်အား.၁၃၀၀..ကျော်..ဝိုင်းပိတ်ဆို့ပြီးတိုက်နေတာ ဝေါ်လေအောက်ခြေ ထီးသဲလယ်ကာကင်းကိုအရင်တိုက်တယ်..ထီးညလိကနေက. ဒရူံး. လက်နက်ကြီး..စနိုက်ပါတွေပစ်တယ် ၃ရက်၃ည. အပြင်းအထန်းထိုးစစ်ဆင်တယ်.. တပ်မတော်လေ..Y.12...Jet fiter တွေ ပေါင်.၅၀၀ ID ဖျက်အားပြင်းဗုံးတွေကြဲချတယ် Y..8..ခဲယမ်း ရိက္ခာ ရေသန့်ဘူး.တိုက်ခိုက်ရေးရိက္ခာ အပြည့်ချပေးတယ်...သတ်မှတ်စည်းထဲကွက်တိ... ရန်သူဧရိယာခဲမကျဘူး ဝေါ်လေဗျူဟာက...ပစ်တဲ့120m. ၃လက်ပစ်အားက. ဝေါ်လေကမ်းနားတလျောက်...စာသင်ကျောင်း ဘုန်းကြီးကျောင်း..တရုပ်ဆိုက်အသစ်တွေ. ထိညလိ..DKBA စခမ်း..စစ်ဘေးရှောင်စခမ်း အကုန်ဒရစပ်ထိတယ် စစ်ကူပေးနေတဲ့..ကျောက်ခက်DKBA စခမ်းကို fpv အသေခံဒရုံးတွေသမထားတာ..တမဟ.၆.. စောဌေးမောင်လဲ..ထိုင်းဘက်ပြေးပြီ နောက်ဆုံးသတင်းအရ DKBA ဗိုလ်ချုပ် စောလားဘွယ်ရဲ့အိမ်ဟောင်းနေရာကို...Jet..ကြဲချသွားတာ..အပုံလိုက်တဲ့ ထီးသဲလယ်တရွာလုံးကြေမွပျက်စီး ဝေါ်လေမြိုင်.၆၀%ပျက်စီး... ထိုင်းဘက်ခြမ်းရွာတွေကိုကျတဲ့ကျည်တွေက.. Knu.ကျည်လား..တပ်ဿျည်လား... သူတို့ဘဲသိတာလေ ဝေါ်လေဗျူဟာ...ပန်းပန်လျက်ပါဘဲ ဖထီး@SittwayThitsar@..ကရင်ပြည်နယ် တပ်သားလေးဖိုးထောင်

ဆိတ်လစိ DKBA နှုတ်ခမ်းမွှေးအိမ်ကို ဗုံးကြဲရှင်းလင်း အာရှလမ်းမကြီးပြန်ဖွင့်တော့ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်ချင်လို့ လာညှိတယ်။ တ
ဆိတ်လစိ DKBA နှုတ်ခမ်းမွှေးအိမ်ကို ဗုံးကြဲရှင်းလင်း အာရှလမ်းမကြီးပြန်ဖွင့်တော့ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်ချင်လို့ လာညှိတယ်။ တပ်မတော်က လက်မခံတော့ ဝေါလေဗျူဟာကုန်းကို အကြမ်းဖက်တွေ တိုက်ဖို့ လမ်းဖွင့်ကူညီပေးတဲ့သူတွေ။ စိစိညက်ညက်ကျေအောင် ကြဲရမယ်။ တပ်သားလေးဖိုးထောင်

ဆိတ်လစိ DKBA နှုတ်ခမ်းမွှေးအိမ်ကို ဗုံးကြဲရှင်းလင်း အာရှလမ်းမကြီးပြန်ဖွင့်တော့ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်ချင်လို့ လာညှိတယ်။ တပ်မတော်က လက်မခံတော့ ဝေါလေဗျူဟာကုန်းကို အကြမ်းဖက်တွေ တိုက်ဖို့ လမ်းဖွင့်ကူညီပေးတဲ့သူတွေ။ စိစိညက်ညက်ကျေအောင် ကြဲရမယ်။ တပ်သားလေးဖိုးထောင်

Repost from View of Sue
ပင်ရင်းက ဝမ်ဟိုင်းက ပင်ရင်း မဖျက်ပဲ အခိုင်းအခက် လိုက်ခုတ်ဦးမယ်။
+1
ပင်ရင်းက ဝမ်ဟိုင်းက ပင်ရင်း မဖျက်ပဲ အခိုင်းအခက် လိုက်ခုတ်ဦးမယ်။

Australia နိုင်ငံပိုင် ရဟတ်ယာဉ် ၂ စီးကို AA အကြမ်းဖက်အဖွဲ့ ပစ်ခတ်တိုက်ခိုက် KT, April 6 ဘင်္ဂလားဒေ့ရှ်၊ စစ်တကောင်းလေဆိပ်မှ ရန်ကုန်မြို့သို့ပျံသန်းလာတဲ့ Australia နိုင်ငံအခြေစိုက် Aviation Utilities PTY Ltd (United Aero Helicopters) ပိုင် ရဟတ်ယာဉ် ၂ စီးကို ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းအနီးမှာ အခြေပြုထားတဲ့ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လက်ပံပင်ရင်းကျေးရွာနဲ့ ဆားပြင်ကြီးကျေးရွာများအနီးအရောက် ဧပြီ ၅ ရက်နေ့၊ နေ့လည် ၂ နာရီဝန်းကျင်မှာ လေယာဉ်ပစ် စက်သေနတ်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ - AA အဖွဲ့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် Airbus Helicopters H125 အမျိုးအစား ရဟတ်ယာဉ် ၁ စီး အမြီးပိုင်းကို ကျည်ထိမှန်ခဲ့ပြီး ဘေးအန္တရာယ်ကင်းစွာဖြင့် ရန်ကုန်လေဆိပ်ကို ညနေ ၃ နာရီ ဝန်းကျင်မှာ ရောက်ရှိခဲ့ပါတယ်။ ၎င်းရဟတ်ယာဉ်များဟာ ထိုင်းနိုင်ငံ၊ ဆူရက်ဌာနီသို့ သွားရောက်ရန် ရန်ကုန်လေဆိပ်တွင် တစ်ထောက်နားခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ဖြတ်ကျော်ပျံသန်းစဉ် ဘေးအန္တရာယ်ကင်းရှင်းစေရေး မောင်တောမြို့ဘက်မှ စစ်တွေမြို့ဘက်သို့ မေယုမြစ်ကြောင်းအတိုင်း ပျံသန်းလာစဉ် ယခုလို ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ - AA အကြမ်းဖက်အဖွဲ့က အရပ်ဘက်လေယာဉ်များကို ပစ်ခတ်တိုက်ခိုက်ခြင်းဟာ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သလို ရဟတ်ယာဉ်၊ လေယာဉ်သံကြားတာနဲ့ ကြောက်လန့်တကြား ရမ်းသမ်းပစ်ခတ်ခြင်းဖြစ်ပြီး ယခုလို နိုင်ငံ ဖြတ်ကျော်ပျံသန်းခွင့်ပြုထားတဲ့ အခြားပြည်ပနိုင်ငံပိုင် အရပ်ဘက်ရဟတ်ယာဉ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရပါတယ်။ တပ်သားလေးဖိုးထောင်

ပျောက်ဆုံးနေသူ မသဥ္ဇာအောင် အသက် ၂၀နှစ် အဖ အမည် ဦးလှထွန်းအောင် 14/မအပ(နိုင်)371247သည် တိုက်ကြီးမြို့ 9Star KTV တွင် သူငယ်ချင်
+4
ပျောက်ဆုံးနေသူ မသဥ္ဇာအောင် အသက် ၂၀နှစ် အဖ အမည် ဦးလှထွန်းအောင် 14/မအပ(နိုင်)371247သည် တိုက်ကြီးမြို့ 9Star KTV တွင် သူငယ်ချင်းဖြစ်သူနှင့် အလုပ်အတူလုပ်နေသူဖြစ်ပြီး ဆိုင်လာသူ ဗက ကိုဇော် ဆိုသူမှ 31 .3.2026 ညနေပိုင်းတွင်ခေါ်ဆောင်သွားကြောင်းသိရ။ KTVမှ မန်နေဂျာအား မိခင်ဖြစ်သူမှဆက်သွယ်အကြောင်းကြားရာ တပ်နှင့် ဆက်နွယ်နေသူဖြစ်တာကြောင့် ၎င်းတို့ ဝင်ရောက်မဖြေရှင်းပေးနိုင်ဟု ပြောကြားကြောင်းသိရ။ တိုက်ကြီးရဲစခန်းနှင့်ထောက်ကြံ့ရဲစခန်းတို့တွင်အမှုဖွင့်သော်လည်း လက်မခံကြောင်းသိရ။ မိခင်ဖြစ်သူမှ သမီးဖြစ်သူပျောက်ဆုံးနေမှုအား ဖော်ထုတ်ပေးရန် သက်ဆိုင်ရာလူကြီးများမှ အကူအညီပေးရန် တိုင်ကြားလာပါသည်။ဆောင်ရွက်နိုင်ပါရန် ဆက်သွယ်သတင်းပေးရန်👇 @khakbu969

ကြံ့ခိုင်ရေးပါတီက သမ္မတကြီးကို သူတို့ပါတီကနေ တင်​မြှောက်ပေးထားတာမို့ ဂုဏ်ပြုဖို့ မလိုအပ်ဘူးလို့ ယူဆလို့လား၊ စိတ်ထဲမှာ တစုံတခု
ကြံ့ခိုင်ရေးပါတီက သမ္မတကြီးကို သူတို့ပါတီကနေ တင်​မြှောက်ပေးထားတာမို့ ဂုဏ်ပြုဖို့ မလိုအပ်ဘူးလို့ ယူဆလို့လား၊ စိတ်ထဲမှာ တစုံတခုကို မကျေနပ်လို့လား ပါတီလူကြီးပိုင်းတွေရဲ့ စိတ်ရင်းကို မှန်းဆရ ခက်ပါတယ်။ တပ်သားလေးဖိုးထောင်