ch
Feedback
တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

前往频道在 Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

显示更多
8 297
订阅者
无数据24 小时
-417
-16630
帖子存档
ဆိတ်လစိ DKBA နှုတ်ခမ်းမွှေးအိမ်ကို ဗုံးကြဲရှင်းလင်း အာရှလမ်းမကြီးပြန်ဖွင့်တော့ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်ချင်လို့ လာညှိတယ်။ တပ်မတော်က လက်မခံတော့ ဝေါလေဗျူဟာကုန်းကို အကြမ်းဖက်တွေ တိုက်ဖို့ လမ်းဖွင့်ကူညီပေးတဲ့သူတွေ။ စိစိညက်ညက်ကျေအောင် ကြဲရမယ်။ တပ်သားလေးဖိုးထောင်

Repost from View of Sue
ပင်ရင်းက ဝမ်ဟိုင်းက ပင်ရင်း မဖျက်ပဲ အခိုင်းအခက် လိုက်ခုတ်ဦးမယ်။
+1
ပင်ရင်းက ဝမ်ဟိုင်းက ပင်ရင်း မဖျက်ပဲ အခိုင်းအခက် လိုက်ခုတ်ဦးမယ်။

Australia နိုင်ငံပိုင် ရဟတ်ယာဉ် ၂ စီးကို AA အကြမ်းဖက်အဖွဲ့ ပစ်ခတ်တိုက်ခိုက် KT, April 6 ဘင်္ဂလားဒေ့ရှ်၊ စစ်တကောင်းလေဆိပ်မှ ရန်ကုန်မြို့သို့ပျံသန်းလာတဲ့ Australia နိုင်ငံအခြေစိုက် Aviation Utilities PTY Ltd (United Aero Helicopters) ပိုင် ရဟတ်ယာဉ် ၂ စီးကို ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းအနီးမှာ အခြေပြုထားတဲ့ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လက်ပံပင်ရင်းကျေးရွာနဲ့ ဆားပြင်ကြီးကျေးရွာများအနီးအရောက် ဧပြီ ၅ ရက်နေ့၊ နေ့လည် ၂ နာရီဝန်းကျင်မှာ လေယာဉ်ပစ် စက်သေနတ်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ - AA အဖွဲ့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် Airbus Helicopters H125 အမျိုးအစား ရဟတ်ယာဉ် ၁ စီး အမြီးပိုင်းကို ကျည်ထိမှန်ခဲ့ပြီး ဘေးအန္တရာယ်ကင်းစွာဖြင့် ရန်ကုန်လေဆိပ်ကို ညနေ ၃ နာရီ ဝန်းကျင်မှာ ရောက်ရှိခဲ့ပါတယ်။ ၎င်းရဟတ်ယာဉ်များဟာ ထိုင်းနိုင်ငံ၊ ဆူရက်ဌာနီသို့ သွားရောက်ရန် ရန်ကုန်လေဆိပ်တွင် တစ်ထောက်နားခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ဖြတ်ကျော်ပျံသန်းစဉ် ဘေးအန္တရာယ်ကင်းရှင်းစေရေး မောင်တောမြို့ဘက်မှ စစ်တွေမြို့ဘက်သို့ မေယုမြစ်ကြောင်းအတိုင်း ပျံသန်းလာစဉ် ယခုလို ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ - AA အကြမ်းဖက်အဖွဲ့က အရပ်ဘက်လေယာဉ်များကို ပစ်ခတ်တိုက်ခိုက်ခြင်းဟာ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သလို ရဟတ်ယာဉ်၊ လေယာဉ်သံကြားတာနဲ့ ကြောက်လန့်တကြား ရမ်းသမ်းပစ်ခတ်ခြင်းဖြစ်ပြီး ယခုလို နိုင်ငံ ဖြတ်ကျော်ပျံသန်းခွင့်ပြုထားတဲ့ အခြားပြည်ပနိုင်ငံပိုင် အရပ်ဘက်ရဟတ်ယာဉ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရပါတယ်။ တပ်သားလေးဖိုးထောင်

ပျောက်ဆုံးနေသူ မသဥ္ဇာအောင် အသက် ၂၀နှစ် အဖ အမည် ဦးလှထွန်းအောင် 14/မအပ(နိုင်)371247သည် တိုက်ကြီးမြို့ 9Star KTV တွင် သူငယ်ချင်
+4
ပျောက်ဆုံးနေသူ မသဥ္ဇာအောင် အသက် ၂၀နှစ် အဖ အမည် ဦးလှထွန်းအောင် 14/မအပ(နိုင်)371247သည် တိုက်ကြီးမြို့ 9Star KTV တွင် သူငယ်ချင်းဖြစ်သူနှင့် အလုပ်အတူလုပ်နေသူဖြစ်ပြီး ဆိုင်လာသူ ဗက ကိုဇော် ဆိုသူမှ 31 .3.2026 ညနေပိုင်းတွင်ခေါ်ဆောင်သွားကြောင်းသိရ။ KTVမှ မန်နေဂျာအား မိခင်ဖြစ်သူမှဆက်သွယ်အကြောင်းကြားရာ တပ်နှင့် ဆက်နွယ်နေသူဖြစ်တာကြောင့် ၎င်းတို့ ဝင်ရောက်မဖြေရှင်းပေးနိုင်ဟု ပြောကြားကြောင်းသိရ။ တိုက်ကြီးရဲစခန်းနှင့်ထောက်ကြံ့ရဲစခန်းတို့တွင်အမှုဖွင့်သော်လည်း လက်မခံကြောင်းသိရ။ မိခင်ဖြစ်သူမှ သမီးဖြစ်သူပျောက်ဆုံးနေမှုအား ဖော်ထုတ်ပေးရန် သက်ဆိုင်ရာလူကြီးများမှ အကူအညီပေးရန် တိုင်ကြားလာပါသည်။ဆောင်ရွက်နိုင်ပါရန် ဆက်သွယ်သတင်းပေးရန်👇 @khakbu969

ကြံ့ခိုင်ရေးပါတီက သမ္မတကြီးကို သူတို့ပါတီကနေ တင်​မြှောက်ပေးထားတာမို့ ဂုဏ်ပြုဖို့ မလိုအပ်ဘူးလို့ ယူဆလို့လား၊ စိတ်ထဲမှာ တစုံတခု
ကြံ့ခိုင်ရေးပါတီက သမ္မတကြီးကို သူတို့ပါတီကနေ တင်​မြှောက်ပေးထားတာမို့ ဂုဏ်ပြုဖို့ မလိုအပ်ဘူးလို့ ယူဆလို့လား၊ စိတ်ထဲမှာ တစုံတခုကို မကျေနပ်လို့လား ပါတီလူကြီးပိုင်းတွေရဲ့ စိတ်ရင်းကို မှန်းဆရ ခက်ပါတယ်။ တပ်သားလေးဖိုးထောင်

◾️၂၀၀၈ ခြေဥရဲ့ ပုဒ်မ ၂၆၁ က သိပ်အရေးကြီးတယ်။ ဒါနဲ့ပတ်သက်ပြီး အရင် မိတ်ဆွေ တစ်ချို့နဲ့ဆွေးနွေးဖူးတယ်။ “မင်းကွာ ရခိုင်ကိုပဲ ဥပမာပေးမယ်။ သမက်က လက်နက်ကိုင်သူပုန်။ ယောက္ခထီးက လွှတ်တော်ဥက္ကဋ္ဌ ဖြစ်နေချိန်၊ ပုဒ်မ ၂၆၁ ကိုသာ ပြင်လိုက်ရင်…အဲ့ဒီပြည်နယ် ခွေး ဖြစ်ပြီလို့ ပြောလို့ရတယ်” ဆိုတော့…ဒီလိုအမြင်တွေရှိခဲ့ကြတော့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဟာ အစိုးရနှစ်ဆက် လက်ထက်မှာ ဖြစ်မလာခဲ့ဘူး။ ◾️ လက်ရှိ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကဏ္ဍမှာ ပုဒ်မ ၂၆၁ က အရေးကြီးတဲ့ပုဒ်မ တစ်ခု ဖြစ်လာခဲ့တယ်။ ပုဒ်မ ၂၆၁ မှာ ဝန်ကြီးချုပ်ကို သမ္မတက တိုက်ရိုက်ရွေးချယ်ခန့်အပ်ရတာ ဖြစ်သလို ဒီပုဒ်မကို ပြင်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုင်ရာလွှတ်တော်က ရွေးချယ်ခန့်အပ်ခွင့်ပေးလိုက်ရင်…လုပ်ပိုင်ခွင့်တွေပိုများပြီး ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်နိုင်တယ်လို့ မြင်တဲ့ အမြင်တွေလည်းရှိတယ်။ ဆိုတော့… ဥပဒေ တစ်ခုက မကျင့်သုံးရသေးဘဲနဲ့တော့ ဆိုးခြင်း၊ ကောင်းခြင်း သုံးသပ်ဖို့ သိပ်ခက်တယ်။ အမေရိကန်မှာတောင် အမျိုးသမီးတွေ မဲပေးခွင့်ရတာက နှစ်ပေါင်းအတော်ကြာပြီး မှ ရလာတဲ့ အခွင့်အရေးပဲမဟုတ်ဘူးလား။ ◾️ တကယ်တော့ ပြောချင်တာက ဒီအကြောင်းအရာတွေမဟုတ်ပါဘူး။ လက်ရှိ ကြားနေရတာ…မြဝတီ-ကော့ကရိတ်အာရှလမ်းဖွင့်တော့…ဘာအဖွဲ့အစည်း ၊ ညာအဖွဲ့ အစည်းဆိုသူတွေက ကရင်ဝန်ကြီးချုပ်နဲ့ နယ်လုံဝန်ကြီးဆီမှာ ဂိတ်နေရာတွေ တောင်းတယ် ဆိုတဲ့ သတင်းလေး ဖတ်မိလိုက်လို့ပါ။ ◾️အဖွဲ့အစည်းတစ်ခုထဲမှာတောင် ဒီလမ်းကြီး ပြန်ပွင့်ဖို့ တပ်မတော်ကိုကူခဲ့တဲ့ အဖွဲ့ တစ်ချို့ကသပ်သပ်ရှိသလို ဒုချုပ်ကြီးကိုယ်တိုင် ဆင်းရတဲ့အထိ ပူးသတ်အဖွဲ့တွေ၊ ကလန်ကဆန်လုပ်ခဲ့တဲ့၊ တနည်းအားဖြင့် ရေနစ်နေတုန်း ဝါးကူထိုးခဲ့ကြတဲ့ အဖွဲ့အစည်း တွေလည်း ရှိတာ မမေ့ကြဖို့ပါ။ ၂၀၂၃ မှာ ကော့ကရိတ်အတိုက်ခံရချိန်၊ တောင်ကြာအင်း ဖြစ်စဉ်တွေ၊ ဗောဓိကုန်းမှာ သစ္စာဖောက်လို့ ကိုယ့်စစ်သည်တွေ ကျဆုံးဖြစ်ခဲ့ရတာ တွေ မမေ့ဖို့ လိုပါတယ်။ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းက ဘယ်လိုလဲ ဆိုပြီး ခနဲ ခဲ့ကြတဲ့စကားသံတွေ မမေ့ကြဖို့ပါ။ ------- ◾️ ချမ်းသာချင်ရင် တခြားလုပ်ငန်းကနေ စီးပွားရေးရှာတာကောင်းပါတယ်။ ငြိမ်းချမ်းရေးအကြောင်းပြပြီး တသက်လုံး without ကားတွေ တင်သွင်းခဲ့ကြတာလည်း တော်လောက်ပါပြီ။ ခုလည်း တပ်မတော်သားတွေအသက်သွေးချွေးတွေနဲ့ရယူထားတဲ့ အာရှလမ်းမကြီးပေါ်မှာ အခန့်သင့် ဂိတ်ထောင်စားဖို့အတွက်တော့ ခွင့်မပြုကြပါနဲ့။ ဒီအဖွဲ့အစည်းတွေအနေနဲ့ သိပ်ကို ပိုက်ဆံရှာချင်ရင်…လက်နက်ဖြုတ်သိမ်းပြီး ပြည်မထဲ မှာ ကုမ္ပဏီထောင်ခွင့်ပြုလိုက်တာ နားအအေးဆုံးဖြစ်မယ်ထင်ပါတယ်။ ------ ◾️ခြုံပြောရရင် လူတိုင်း၊ အဖွဲ့အစည်းတိုင်းကိုတော့ မဆိုလိုပါဘူး။ ဒါပေမယ့် ပုဒ်မ ၂၆၁ က အန္တရာယ်ကြီးတယ်ဆိုတာနဲ့ တစ်ချို့အဖွဲ့အစည်းတွေက ယုံဖို့ မထိုက်တန်ဘူးဆိုတာ ပြောလိုတာပါ။ လိုချင်ရင်တော့ Give and Take တစ်ခုခု ပြန်ပေးဖို့လိုပါတယ်။ တသက်လုံး ကရင်ပြည်နယ်၊ ကရင်လူထုကောင်းစားရေးဆိုပြီး လက်နက်ကိုင်လာကြတာက စီးပွားရှာဖို့ သပ်သပ်အတွက်လား မေးရမလိုပါပဲ။ ဆိုတော့ ၂၆၂ က အသွား နှစ်ဖက်ပါတဲ့ ဓား လို ဖြစ်နေတာတော့အမှန်ပဲ။ (နရီမိုး)

အမေရိကန် ပင်တဂွန်က အတည်ပြုထားပြီးဖြစ်သည့် အီရန်စစ်ပွဲကြောင့် လေယာဉ်ပျံ၊ ရဟတ်ယာဥ် ထိခိုက်ဆုံးရှုံးမှုများ။ အီရန်မှာ ပျက်ကျတဲ့
အမေရိကန် ပင်တဂွန်က အတည်ပြုထားပြီးဖြစ်သည့် အီရန်စစ်ပွဲကြောင့် လေယာဉ်ပျံ၊ ရဟတ်ယာဥ် ထိခိုက်ဆုံးရှုံးမှုများ။ အီရန်မှာ ပျက်ကျတဲ့ ပိုင်းလော့တွေကိုတော့ အမေရိကန်က ဝင်ကယ်သွားနိုင်တာ နှမြောစရာပါ။ ဖမ်းမိထားရင် ဆွေးနွေးပွဲမှာ အသုံးချနိုင်တဲ့ ဝှက်ဖဲကို အီရန်ဖက်က ဆုံးရှုံးလိုက်ရတာပါ။ တပ်သားလေးဖိုးထောင်

ဦးမင်းအောင်လှိုင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရ၍ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့ကြသူများ နိုင်ငံတကာမှ ရုရှားနိုင
ဦးမင်းအောင်လှိုင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရ၍ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့ကြသူများ နိုင်ငံတကာမှ ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၊ တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကို၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးတို့မှဝမ်းမြောက်ကြောင်းသဝဏ်လွှာများအသီးသီးပေးပို့ခဲ့ကြသည်။ ပြည်တွင်းမှ UWSA ဝအဖွဲ့နှင့် NDAA မိုင်းလားအဖွဲ့မှ ပေးပို့ခဲ့သည်။ NCA ထိုးထားသည့်အဖွဲ့များ တစ်ဖွဲ့မှ မပို့သေးပဲ NCA မထိုးထားသည့်အဖွဲ့များဆီကသာ သဝဏ်လွှာလက်ခံရရှိပါသေးသည်။ NCA ဘာလဲ ဘယ်လဲတော့ မေးရတော့မည်။ တပ်သားလေးဖိုးထောင်

မြန်မာဟာ နဝတခေတ်မှာ ကိုကိုးကျွန်းကို တရုတ်ထံ ငှားရမ်းခဲ့ပေမဲ့ သိပ်ကို ပိရိခဲ့ပါတယ်။ ကျွန်းပေါ်မှာ တရုတ်ပိုင် အထည်ချုပ်စက်ရုံတွေနဲ့ ပရိဘောဂ စက်ရုံတွေတည်ပြီး အယောင်ပြထားပါတယ်။ တရုတ်ရေဒါစခန်းနဲ့ တရုတ်ရေတပ်စခန်းရှိတဲ့နေရာတွေဆီ ကျွန်းသားတွေကို သွားခွင့်မပေးပါဘူး။ အင်တာနက်လိုင်းလည်း ဖြတ်ထားပါတယ်။ မြန်မာစစ်တပ်မှာ အသုံးပြုနေတဲ့ ပြောက်ကျား ( Carouflage ) ယူနီဖောင်းတွေကို ကိုကိုးကျွန်းမှာချုပ်တာပါ။ သုံးသပ်ရရင်၊ တရုတ်ဟာ စီးပွားရေးနဲ့ စစ်ရေးအတွက် ကိုကိုးကျွန်းကို နဝတအစိုးရထံကနေ စျေးပေါပေါနဲ့ ငှားရမ်းခဲ့တာပါ။ အိန္ဒိယ ၊ အမေရိကန်နဲ့ ကမ္ဘာကသိတဲ့အချိန်မှာ နောက်ကျနေခဲ့ပါပြီ။ အခုလို အီရန်စစ်ပွဲအချိန်၊ ကိုကိုးကျွန်းမှာ အထိုင်ချနေတဲ့ တရုတ်စစ်သင်္ဘောတွေ ဘင်္ဂလားပင်လယ်တစ်ဝိုက်မှာ လှုပ်ရှားလာချိန်မှာတော့ ဘူးပေါ်သလို ပေါ်လာခဲ့ပါတယ်။ ကိုကိုးကျွန်းကို ငှားရမ်းတာနဲ့ပတ်သက်ပြီး နေပြည်တော်က နုတ်ပိတ်နေသလို၊ တရုတ်ဘက်ကလည်း ဖွင့်ဟ ဝန်ခံတာမျိုး မလုပ်ပါဘူး။ သို့ပေမဲ့ ထောက်လှမ်းရေးဂြိုလ်တုတွေရဲ့ တွေ့ရှိချက်အရ ကိုကိုးကျွန်းကို အထိုင်ချပြီး ဘင်္ဂလားပင်လယ်အော်ထဲမှာ တရုတ်စစ်သင်္ဘောတွေ လှုပ်ရှားနေတာကိုတော့ နိုင်ငံတကာစစ်တပ်တွေနဲ့ မီဒီယာတွေက စောင့်ကြည့်နေကြပါတယ်။ Crd တပ်သားလေးဖိုးထောင်

"ကိုကိုးကျွန်းမှာ အထိုင်ချပြီး အီရန်စစ်ပွဲကို စောင့်ကြည့်နေတဲ့ တရုတ်စစ်သင်္ဘောများ " တရုတ်စစ်သင်္ဘော Xiang Yang Hong 03၊ Zhong Shan Da Sue နဲ့ Yuan Wang 7 စစ်သင်္ဘောတွေဟာ ကိုကိုးကျွန်းမှာ အခြေစိုက်ပြီး ဘင်္ဂလားပင်လယ်အော်အတွင်းမှာ လှည့်လည်နေတယ်လို့ အမေရိကန် ထောက်လှမ်းရေးဂြိုလ်တုက ထောက်လှမ်းရရှိပါတယ်။ တရုတ်သင်္ဘောတွေဟာ အနောက်ဘက်က သီရိလင်္ကာနိုင်ငံမှာရှိတဲ့ တရုတ်ပိုင်ရေတပ်စခန်းကနေ အရှေ့ဘက်ထိပ်က မာလကာရေလက်ကြားအထိ လှည့်လည်နေပြီး ကိုကိုးကျွန်းကို ပြန်သွားတယ်လို့ ဆိုပါတယ်။ ဟော်မုဇ်ရေလက်ကြားကနေ ရေနံတင်လာတဲ့ တရုတ်သင်္ဘောတွေအတွက် လုံခြုံရေးယူပေးနေတာလို့လည်း နိုင်ငံတကာ သတင်းလေ့လာသူတွေက သုံးသပ်ကြပါတယ်။ တရုတ်ရေတပ်ဟာ ၁၉၉၄ ခုနှစ်ကတည်းက မြန်မာပိုင် ကိုကိုးကျွန်းမှာ အခြေချခဲ့တာပါ။ ကိုကိုးကျွန်းမှာ တရုတ်ရေတပ်စခန်း တည်ဆောက်နေပြီ ဆိုတဲ့သတင်းကို ပထမဦးဆုံး အချက်အလက်နဲ့တကွ ဖော်ပြခဲ့တာကတော့ ဂျပန်နိုင်ငံက ကျိူဒို သတင်းဌာနပါ။ အက်ဒမန်ပင်လယ်ထဲက မြန်မာပိုင် ကိုကိုးကျွန်းကို တရုတ်နိုင်ငံက ငှားရမ်းလိုက်ပြီး ကျွန်းပေါ်မှာ ရေဒါစခန်း၊ လေယာဥ်ပြေးလမ်းအကြီးစားနဲ့ ရေတပ်စခန်းတွေ တည်ဆောက်နေတယ်ဆိုပြီး ကမ္ဘာသိ တင်ပြလိုက်ရာကနေ နိုင်ငံတကာစစ်တပ်တွေနဲ့ ကမ္ဘာ့မီဒီယာတွေဟာ ဒီသတင်းနောက်ကို လိုက်ကြပါတော့တယ်။ ကိုကိုးကျွန်းနဲ့ အနီးဆုံးမှာရှိနေတဲ့ အိန္ဒိယရေတပ်စခန်းဟာ ကိုကိုးကျွန်းကို မျက်ခြေမပြတ် စောင့်ကြည့်ပါတော့တယ်။ အိန္ဒိယပိုင် အက်ဒမန် ( Andman ) နဲ့ နီကိုဘာ ( Nicobar ) ကျွန်းတွေအနီး ကီလိုမီတာ ၁၀၀ လောက်သာဝေးတဲ့ ကိုကိုးကျွန်းပေါ်မှာ လေယာဥ်ပြေးလမ်းတွေ တိုးချဲ့နေတာ ၊ ရေဒါစခန်းဆောက်တာနဲ့ ရေတပ်စခန်းဆောက်နေတာတွေကို အမေရိကန်နဲ့ အိန္ဒိယက သက်သေနဲ့တကွ သိရှိခဲ့ပါတယ်။ အိန္ဒိယအစိုးရဟာ မြန်မာပိုင်ကိုကိုးကျွန်းကို လာရောက်လေ့လာဖို့ တောင်းဆို ကမ်းလှမ်းခဲ့ပေမဲ့ နေပြည်တော်က အိန္ဒိယအစိုးရရဲ့ တောင်းဆို ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။ အိန္ဒိယဟာ ကိုကိုးကျွန်းပေါ်မှာ တရုတ်ရေဒါစခန်း၊ လေယာဥ်ပြေးလမ်းအကြီးစားနဲ့ ရေတပ်စခန်း ဆောက်တာတွေကို အမေရိကန်ထက်ပိုပြီး အသည်းအသန်ဖြစ်ပြီး ကန့်ကွက်နေတာပါ။ ဘာ့ကြောင့် အိန္ဒိယက အသည်းအသန်ဖြစ်နေသလဲဆိုရင် ၊ ကိုကိုးကျွန်းပေါ်က တရုတ်ရေဒါစခန်းဟာ အန်ဒရာပရာဒေရှ့် ပြည်နယ်မှာရှိတဲ့ ရမ်ဘီလီ ရေတပ်စခန်းက နယူကလီးယားရေငုပ်သင်္ဘောတွေရဲ့ လှုပ်ရှားသွားလာမှု့ကို အမြဲတမ်း စောင့်ကြည့်နေလို့ပါ။ အမေရိကန်ထောက်လှမ်းရေးဂြိုလ်တုရဲ့ ဖမ်းယူရရှိမှု့ သက်သေတွေထဲမှာတော့ တရုတ်စစ်သင်္ဘောတွေဟာ ဘင်္ဂလားပင်လယ်အော်ထဲမှာ လှည့်လည်နေပြီး ကိုကိုးကျွန်းကိုပြန်တဲ့အခါ ရေပြင်အတိုင်း လှိုဏ်ခေါင်းဥမင်အတွင်းထဲကို ဝင်သွားပြီး ရေဒါပျောက်သွားတယ်လို့ ဆိုပါတယ်။ ကိုကိုးကျွန်းစုမှာ စားပွဲကျွန်း၊ ကိုကိုးကျွန်းကြီး ( Great Coco Island ) နဲ့ ကိုကိုးကျွန်းငယ် ဆိုပြီး ကျွန်းစုတွေရှိပါတယ်။ တရုတ်ရေဒါစခန်း၊ လေယာဥ်ပြေးလမ်းနဲ့ ရေတပ်စခန်းတွေက ကိုကိုးကျွန်းမကြီးမှာ ရှိတာပါ။ တရုတ်တွေက ကိုကိုးကျွန်း ရေတပ်စခန်းကို " ပုလဲကြိုးတချောင်း" လို့ စကားဝှက်ပေးထားပါတယ်။ နေပြည်တော်နဲ့ တရုတ်အစိုးရက ကိုကိုးကျွန်းကို ငှားရမ်းမှု့မရှိဘူးလို့ ဘူးခံနေပေမဲ့ Maxar Technologies က တင်ပြလာတဲ့ ဂြိုလ်တုဓာတ်ပုံတွေထဲမှာတော့ ကိုးကိုးကျွန်းပေါ်မှာ တရုတ်လေယာဥ်တွေ ဆင်းလို့ရမယ့် ၂၀၀၀ မီတာရှည်တဲ့ လေယာဥ်ပြေးလမ်းကို တရုတ်အင်ဂျီနီယာတွေ ဦးဆောင်ပြီး ချဲ့ထွင်နေတာကို တွေ့ရှိခဲ့ပါတယ်။ ကိုကိုးကျွန်း လေယာဥ်ပြေးလမ်းမှာ တရုတ်စစ်ဘက်ဆိုင်ရာ Y-9 လို လေယာဥ်တွေ ဆင်းသက်နိုင်ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ အမေရိကန် ကာကွယ်ရေးဌာနက ကြေညာချက်တစ်ခု ထုတ်လိုက်ပါတယ်။ " အိန္ဒိယ သမုဒ္ဓရာထဲမှာ တရုတ်တွေ ရေတပ်စခန်း အထိုင်ချထားပြီး ခြေရှုပ်နေပြီ " ဆိုတဲ့ ကြေညာချက်ပါ။ နိုင်ငံတကာ စစ်တပ်တွေနဲ့ ထောက်လှမ်းရေးဂြိုလ်တုတွေဟာ မြန်မာပိုင် ကိုးကိုးကျွန်းက တရုတ်ရဲ့ လှုပ်ရှားမှု့တွေကို နေ့ညမပြတ် စောင့်ကြည့်ခဲ့ကြပါတယ်။ နိုင်ငံတကာ စစ်တပ်တွေနဲ့ ထောက်လှမ်းရေးဂြိုလ်တုတွေရဲ့ သက်သေ ဓာတ်ပုံတွေအရ ၊ ဘေကျင်း( တရုတ်) ဟာ စီးပွားရေးနဲ့ စစ်ရေးအားသာချက်ရဖို့အတွက် မြန်မာပိုင် Great Coco Island မှာ လှို့ဝှက်ထောက်လှမ်းရေး ( SIGINT ) ရေဒါစခန်းနဲ့ ရေတပ်စခန်းကို တည်ဆောက်လိုက်ပြီလို့ တညီတညွတ်တည်း သတ်မှတ်လိုက်ကြပါတယ်။ မြန်မာပိုင် ကိုးကိုးကျွန်းပေါ်မှာ တရုတ်ရေတပ်စခန်း၊ ရေဒါစခန်းနဲ့ လေယာဥ်ပြေးလမ်းအကြီးစားတွေ ဆောက်လုပ်ပြီးစီးတာကို နိုင်ငံတကာစစ်တပ်တွေနဲ့ ကမ္ဘာ့မီဒီယာတွေက အတည်ပြုလိုက်ချိန်မှာတော့ အိန္ဒိယနိုင်ငံသားတွေ ပြင်းပြင်းထန်ထန် ပေါက်ကွဲကြပါတယ်။ အိန္ဒိယအစိုးရ ထွက်ပေးဖို့အထိ တောင်းဆိုကြတာပါ။ “ကိုကိုးကျွန်းကို မြန်မာအတွက် လက်ဆောင်လိုသဘောထားပါ။" လို့ ပြောခဲ့တဲ့ အန္ဒိယ လွတ်လပ်ရေးဖခင်ကြီး နေရူးကိုတောင် အိန္ဒိယနိုင်ငံသားတွေက ပြစ်တင် ဆဲဆိုခဲ့ကြပါတယ်။ တပ်သားလေးဖိုးထောင်

Repost from Pae Toe Media
ယိုးဒယားတို့ သွေးတိုးစမ်းလေပြီ တရုတ်ထောက်ကူပြီး တရုတ်တပ်တွေ ဝင်ကူတိုက်လို့ ကိုးကန့်နယ်ကို တရုတ်တွေလွှမ်းမိုး လားရှိုးထိ ပြည်ထောင်စု လမ်းမကြီးကို တရုတ်ချုပ်ကိုင်သွားတာကို အားကျနေသလား ယိုးဒယားတို့ ဝေါလေဗျုဟာ ကို ဝင်တိုက်တာ ကရင်သူပုန် ပူးပေါင်း အင်အား ၁၂၀၀ ခန့်၊ အဲ့ထဲမှာ ယိုးဒယားတောမောင်း စစ်သားက ၂၀၀ လောက်ပါလာတယ်၊Live Cobra Gold လေ့ကျင့်ခန်းဆိုပဲ၊ တစ်ဖက်ကမ်းမှာက ယိုးဒယား တပ်မကြီး ထိုင်ပြီး လူသူ လက်နက် ခဲယမ်း ထောက်ပို့တယ်၊ ဒဏ်ရာရတွေ သယ်ထုတ် ကုသပေးတယ် ဆိုတဲ့ မျက်မြင် ဒေသခံ သတင်းတွေ တက်လာပြီ၊ ကရင်နယ်က ကိုးကန့်နယ်လို့ မဟုတ်ဘူး၊ တရုတ်အချင်းချင်း တာကော ညီလေး အထာမရှိဘူး၊ ကရင်သူပုန်တွေသာ ယိုးဒယားဘောမနေတာ၊ ကရင်လူထုက ခုထိ အလောင်းဘုရား စိတ်ဓါတ်ပဲ၊ ယိုးဒယား လူပါးလာဝတာကို လက်မခံဘူး။ တပ်ချုပ်သစ်ကြီး အနေနဲ့ အဆိုပါ ထိုင်းနရဲစွမ်တပ် စခန်းချရာ နယ်စပ်အနီး ပေါင် ၁၀၀၀ ဗုံးတစ်လုံးလောက် လက်ဆောင်ပေး သတိပေး ခြောက်လှန့်သင့်ပါကြောင်း ထိုင်းကို ကြုံလာဆုံလာ တိုင်း ဦးမနှိမ်ထားရင် နောက်ဆို ဘင်္ဂလားကပါ ရခိုင်ထဲ ဝင်လာတော့မယ် ငါ့ရှင်တို့ တောင်ပေါ်ပေသီး

၁၁ မီးငြိမ်းစေမဲ့ ၁၁ ဦးမြောက် သမ္မတကြီး ဂုဏ်ပြုကြိုဆိုပါတယ် တပ်သားလေးဖိုးထောင်
၁၁ မီးငြိမ်းစေမဲ့ ၁၁ ဦးမြောက် သမ္မတကြီး ဂုဏ်ပြုကြိုဆိုပါတယ် တပ်သားလေးဖိုးထောင်

အစိုးရသစ်တက်တဲ့ အထိမ်းအမှတ် အနေနဲ့ EPC က ပြည်သူတွေကို ခဏခဏ ပျော်အောင်ထားနေပါပြီ။ ၁၅ မိနစ်တစ်ခါ မီးပေးလိုက် ဖြတ်လိုက် လုပ်နေတော့။ မီးခဏခဏလာတိုင်း ပြည်သူတွေ ခဏခဏပျော်ရတာပေါ့ဗျာ။ လျှပ်စစ်စွမ်းအင် ပျော်ပွဲဆင်ကဏ္ဍ တပ်သားလေးဖိုးထောင်

တပ်ချုပ်သစ်ကြီး လက်စွမ်းပြပြီ။ ပထမဆုံး အကြီးအကျယ်လေကြောင်းတိုက်ခိုက်မှု အနေနဲ့ သံတွဲမြို့ကို ဗုံးကြဲထားပါတယ်။ မကြာခင် ရခီးငိုသံတွေ ကြားရပါမယ်။ သံတွဲမြို့ဟာ ယခင်တပ်ချုပ်ဟောင်းကတော်ရဲ့ ဇာတိမြို့ဖြစ်တာကြောင့် ယခင်လို ဘယ်သူ့မျက်နှာမှမထောက်ပဲ အကြမ်းဖက်ရှင်းလင်းတော့မယ်ဆိုတဲ့ သတင်းစကားကိုလဲ ပြည်သူတွေကို ပေးလိုက်တာဖြစ်ပါတယ်။ တပ်သားလေးဖိုးထောင်

စုံ မ ကားစနစ်ကို ယနေ့မှစ ဖျက်သိမ်းကြောင်း တရားဝင်ကြေငြာချက်မရှိပါ။ သတင်းများလျှောက်ရေးတာကိုဖတ်ပြီး အဖမ်းခံရပါက မိမိတာဝန်ပါ။ စေတနာကဏ္ဍ တပ်သားလေးဖိုးထောင်

သမ္မတ ဦးမင်းအောင်လှိုင် ဒုသမ္မတ ၁ ဦးညိုစော ဒုသမ္မတ ၂ ဒေါ်နန်းနီနီအေး အဖြေကတော့ ထွက်သွားပါပြီ။ ဦးစိုးဝင်းရဲ့ ကဏ္ဍမသိသေးပါ။ တပ်သားလေးဖိုးထောင်

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းအနေနဲ့ အခုအချိန်မှာ ဖြစ်နိုင်တာ ၃ ခုပဲရှိပါတော့တယ်။ ဘယ်ရာထူးဖြစ်မယ် ထင်ပါသလဲ။ အတိုင်ပင်ခံကောင်စီ ဥက္ကဌကတော့ ဌာနမရှိ၊ အာဏာမရှိ နာယက သဘောသာဖြစ်တာကြောင့် အနားယူတာနဲ့တော့ သိပ်မကွာပါ။
Anonymous voting

ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်တာ ဂုဏ်ယူပါတယ်။ ဒါပေမဲ့ စစ်ရေးအတွေ့အကြုံများတဲ့ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ပိုဖြစ်စေချင်တာတော့ ရင်ထဲကဆန္ဒအမှန်ပါ။ စောဒကတက်ခွင့်တော့မရှိပါဘူး။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက စစ်ရေးထက် အုပ်ချုပ်ရေးအတွေ့အကြုံပိုများနေလို့ အစိုးရသစ်လက်ထက် သူပုန်တွေကို အပြတ်ရှင်းရတော့မဲ့အချိန်မှာ ဒုဗခမက စိုးဝင်းလို့ ဦးဆောင်ပြတ်သားနိုင်ပါ့မလားလို့ အနည်းငယ်တော့ စိုးရိမ်မိတယ်။ တပ်သားလေးဖိုးထောင်

ဒေါ်နန်းနီနီအေးနှင့် ဒေါက်တာမနမ်တူးဂျာတိုကို အမျိုးသားလွှတ်တော်တွင် ဒုတိယသမ္မတလောင်းများအဖြစ် အမည်စာရင်းတင်သွင်း မှန်းတာ လူအတိအကျတော့ လွဲသွားပေမဲ့ ကချင် (သို့) ကရင် အမျိုးသမီး ဒုသမ္မတဆိုတာတော့ မှန်သွားပါတယ် တပ်သားလေးဖိုးထောင်

ဒုသမ္မတ ၂ ဘယ်သူဖြစ်မလဲ သမ္မတက ဦးမင်းအောင်လှိုင်ကို တပ်မတော်သားအစုအဖွဲ့က ရွေးမယ်။ ဒုသမ္မတ ၁ က လက်ရှိအစိုးရအဖွဲ့ကို ဦးဆောင်နေတဲ့ ဝန်ကြီးချုပ် ဦးညိုစောကို ပြည်သူ့လွှတ်တော်က ရွေးမယ်။ ဒါတွေက ခန့်မှန်းရလွယ်ပါတယ်။ မှန်းရခက်တာ အမျိုးသားလွှတ်တော်က တင်မဲ့ ဒုသမ္မတပဲ။ သတ်မှတ်ချက်မရှိပေမဲ့ အစဉ်အလာအရ ဒုသမ္မတ ၂ ဟာ ၁။ တိုင်းရင်းသားဖြစ်ရမယ် ၂။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ရမယ် တိုင်းရင်းသားထဲမှာ ရှမ်းနဲ့ ချင်းကို ပေးပြီးပြီမို့လို့ ထပ်မပေးတော့ဘူး။ ဖယ်ထုတ်လိုက်လို့ရတယ်။ ပြည်တွင်းစစ်ဖြစ်နေလို့ ငြိမ်းချမ်းရေးကို ရှေးရှုတဲ့အနေနဲ့ စစ်ဖြစ်နေတဲ့တိုင်းရင်းသားကို ပေးလိမ့်မယ်။ ဒါဆို မွန်နဲ့ ပအို့ဝ်ကို ထပ်ဖယ်ထုတ်လို့ရတယ်။ လူဦးရေး သိပ်မများရင်လဲ ပေးဖို့အလှည့်မရောက်သေးဘူးဆိုတော့ ကယားကို ထပ်ဖယ်ထုတ်ပါ။ ရခိုင်မှာ ရွေးကောက်ပွဲလုပ်နိုင်ခဲ့တဲ့ နာ်မြေအလွန်နည်းခဲ့လို့ ရခိုင်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နည်းလွန်းတယ်။ ဖယ်ထုတ်လို့ရပါတယ်။ အဲ့ဒီအတွက် ဒုသမ္မတ ၂ ဟာ ကချင် (သို့) ကရင် တိုင်းရင်းသား အမျိုးလွှတ်တော်ကိုယ်စားလှယ်ထဲကပဲဖြစ်လာလိမ့်မယ်။ အဲ့ဒီမှာမှ အမျိုးသားလွှတ်တော် စကျင်းပခဲ့တဲ့ရက်က သဘာပတိအဖြစ် ပွဲထုတ်လာတဲ့ ကချင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကို ပြေးမြင်မိတယ်။ နစက အဖွဲ့ဝင်အဖြစ်လဲ အဆင့်မြင့်တာဝန်ထမ်းဆောင်ဖူးလို့ ဒုသမ္မတ ၂ ဖြစ်ဖို့ အဖြစ်နိုင်ဆုံးသူဖြစ်ပါတယ်။ ဒုသမ္မတရွေးချယ်ရေးကဏ္ဍ တပ်သားလေးဖိုးထောင်

တပ်သားလေး ဖိုးထောင် 🇲🇲🪖 - Telegram 频道 @privatephoehtaung 的统计与分析