en
Feedback
Funny//Action//Cartoon/Drama// movies channel🖤⚔️🛡️

Funny//Action//Cartoon/Drama// movies channel🖤⚔️🛡️

Open in Telegram
2 487
Subscribers
-524 hours
-107 days
-1830 days
Posts Archive
ဇာတ်ကားနာမည်အတိုင်း ကိုယ့်ရဲ့ဖြစ်ရပ်ဆိုးကြီးကကိုယ့်ကို လိုက်ခြောက်လန့်နေမယ့် ခံစားချက်ကိုရစေမယ့် Drama ကားလေးပါ။ ပိုဆိုးတာက က
+1
ဇာတ်ကားနာမည်အတိုင်း ကိုယ့်ရဲ့ဖြစ်ရပ်ဆိုးကြီးကကိုယ့်ကို လိုက်ခြောက်လန့်နေမယ့် ခံစားချက်ကိုရစေမယ့် Drama ကားလေးပါ။ ပိုဆိုးတာက ကိုယ် ကိုယ်တိုင်မလုပ်ထားတဲ့ လုပ်ရပ်အတွက် ပေးဆပ်ခံစားနေရရင် ပိုဆိုးပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ နယ်မြို့လေးတစ်မြို့မှာ ကလေးတွေနဲ့ဆို ခင်တတ်မင်တတ် ပျော်တတ်တဲ့ မူကြိုကျောင်းဆရာတစ်ယောက်ရှိပါတယ်။ အလုပ်ကိုလည်းကြိုးစားရင် သားဖြစ်သူရဲ့ အုပ်ထိန်းခွင့်ကိုလည်း ရ‌အောင်ကြိုးစားရင်း ရုန်းကန်နေရတဲ့ သာမန်ဘဝလေးတစ်ခုပေါ့။ တစ်နေ့ကျတော့ သူအလုပ်လုပ်တဲ့ မူကြိုက ကလေးမလေးတစ်ယောက်ဟာ ဒီဆရာဖြစ်သူက ကလေးမကို လိင်ပိုင်းဆိုင်ရာပြုကျင့်ကြောင်း ပြောဆိုတိုင်ကြားလာပါလေရော။ ဒီကိစ္စဟာ လူ့အသိုင်းအဝိုင်းမှာ မဖြစ်သင့်တဲ့ကိစ္စမို့ မိဘဆရာတွေကလည်း ထိထိရောက်ရောက်ဆောင်ရွက်၊ ကလေးတွေကြားမှာလည်း အချင်းချင်းပြောရင်းဆိုရင်းကနေ အမှုကပိုကြီးလာပါတယ်။ သို့ပေမဲ့ ဒီမူကြိုဆရာကတော့ သူလုပ်တာမဟုတ်ကြောင်း တတွင်တွင်ငြင်းဆိုရင်း လူအများရဲ့ ဒဏ်ခတ်မှုကို သည်းညည်းခံ ခါးစည်းခံနေရပါတယ်။ အဆုံးမှာ ဘယ်လိုဖြစ်သွားမလဲကတော့ စိတ်ဝင်စားစရာပါပဲ။ Dramaကားကောင်းကြိုက်သူတိုင်း ကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်ဗျ။

The Good Dinosaur Animation ရုပ်ရှင်ကားလေးကို အသစ်တဖန် 1080P BluRay Version အဖြစ်ပြောင်းလဲ တင်ဆက်ပေးလိုက်ပါတယ် ကြည်တောက်ရှင်း
+1
The Good Dinosaur Animation ရုပ်ရှင်ကားလေးကို အသစ်တဖန် 1080P BluRay Version အဖြစ်ပြောင်းလဲ တင်ဆက်ပေးလိုက်ပါတယ် ကြည်တောက်ရှင်းမှ ကြိုက်တဲ့ Quality အကောင်းကြိုက်သူတွေ အတွက်ပါ…. ဒီ Animation ရုပ်ရှင်လေးဟာ ကလေးတွေတင် မကပါဘူး လူကြီးတွေပါ ကြိုက်ပါတယ်… ကျနော်တို့ မသိလိုက်တဲ့ ကျောက်ခေတ် မှာ ဒိုင်နိုဆော တွေဟာ သူတို့ဘာသာ အသက်ရှင် ရပ်တည်ဖို့ အသီးအရွက်စားတွေ ဆို လယ်တွေ စိုက်တယ် ရိတ်သိမ်းတယ် လှောင်ထားတယ် နွေစာ မိုးစာ ဆောင်းစာ သက်သက်မှတ်မှတ် သိမ်းကြပြီး အသားစား သတ္တဝါတွေကတော့ အသားစားလို့ရတဲ့ သတ္တဝါငယ်တွေကို မွေးမြူပြီး စားသောက်ကြပါတယ်     အဲ့ဒီအချိန်မှာ လူသားတွေ ဆိုတာ ဒိုင်နိုဆော လောက်တောင် အသိဉာဏ် မဖွင့်ဖြိုးသေးတဲ့ ပုံစံ ပြသထားပြီး ဒီရုပ်ရှင်ကား ရဲ့ အဓိက ဇတ်ကောင် ၂ ခုဖြစ်တဲ့ အာလို ဆိုတဲ့ ဒိုင်နိုဆော ငကြောက်လေး ရယ် သူ့ကို အမြဲ လိုက်စောင့်ရှောက်ပေးတဲ့ စပေါ့ ဆိုတဲ့ လူသားပေါက်စ လေးရယ် က ဇတ်လမ်းကို အဆုံးထိ ထိုင်ရာက မထစတမ်း ကြည့်ချင်အောင် စွဲဆောင်သွားပါတော့တယ်…. ကဲ အညွှန်းကို သေချာမပြောတော့ပါဘူး ကြည့်ဖူးတဲ့သူတွေလဲ ကြည့်ဖူးပြီးသား ဖြစ်မှာမို့လို့ Version အသစ်လေးနဲ့ ငြိမ့်လိုက်ကြစို့….

Unstoppable ဒုန်ချွဲ နဲ့ ဂျီဆူး တို့ဟာ သာယာပျော်ရွှင်နေတဲ့ ဇနီးမောင်နှံဖြစ်ပြီး အေးအတူ ပူအမျှ နေတက်ကြသူတွေပါ ဒုန်ချွဲ က အရမ်း
+1
Unstoppable ဒုန်ချွဲ နဲ့ ဂျီဆူး တို့ဟာ သာယာပျော်ရွှင်နေတဲ့ ဇနီးမောင်နှံဖြစ်ပြီး အေးအတူ ပူအမျှ နေတက်ကြသူတွေပါ ဒုန်ချွဲ က အရမ်းရိုးသားလွန်းတော့ အမြဲတမ်းလူလိမ်ခံရပါတယ် ချစ်ဇနီးလေး ဂျီဆူး အချိန်ပြည့်အလုပ်လုပ်နေရတာ မကြည့်ရက်တဲ့အတွက် သူကိုယ်တိုင်လဲ အပင်ပန်းခံပြီး ပိုက်ဆံရှာနေရပါတယ်… ဒုန်ချွဲဟာ ဂျီဆူး နဲ့ မတွေ့ခင်တုန်းက လူတိုင်းတုန်လှုပ်ရတဲ့ အတိုက်အခိုက်သမား တစ်ယောက်ဖြစ်ပြီး မတရားတာမြင်ရင် မနေတက်သလို စိန်ခေါ်ရင် ရေမြေဆုံးထိ လိုက်တက်သူပါ မိန်းမ ရပြီးမှ အရင်လို မဟုတ်တော့ပဲ ငါးရောင်းပြီး အေးဆေးနေတက်သူ ဖြစ်သွားခဲ့တာပါ… တစ်ရက်မှာတော့ ဒုန်ချွဲ တို့ ဇနီးမောင်နှံဆီကို ကံကြမ္မာဆိုး တစ်ခု ၀င်ရောက်လာပါတယ်… ဒုန်ချွဲ ငွေတွေ အလိမ်ခံရလို့ နှစ်ယောက်သား စကားများကြပြီး ဂျီဆူး က အိမ်ကို အစောကြီး ပြန်သွားခဲ့ပါတယ်…. စိတ်ကောက်နေတဲ့ ဂျီဆူး ကိုချော့ဖို့ ဒုန်ချွဲ ရောက်လာခဲ့ပေမဲ့ နောက်ကျသွားခဲပါပြီ အိမ်ထဲထိ ၀င်ရောက်ပြီး လူဆိုးဂိုဏ်းတစ်ခုက ဂျီဆူး ကို ပြန်ပေးဆွဲသွားခဲ့ပါတယ်…. ဒုန်ချွဲ တစ်ယောက် ရဲတိုင်ခဲ့ပေမဲ့ တကယ်အလုပ်မလုပ်တဲ့ ရဲတွေကြောင့် မိန်းမ ဖြစ်သူကို ကိုယ်တိုင်လိုက်ရှာဖို့ အမှောင်လောက ထဲသို့ ပြန်လည်ဝင်ရောက်ခဲ့သော် အခါ…

ဇာတ်ကားက တော့မင်းသားကြီး Donnie Yenရဲ့ february 1 2020မှာ ထွက်ရှိလာတဲ့ Action,Adventure,Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်.. ဇ
+1
ဇာတ်ကားက တော့မင်းသားကြီး Donnie Yenရဲ့ february 1 2020မှာ ထွက်ရှိလာတဲ့ Action,Adventure,Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်းကတော့ဟောင်ကောင်ရဲအရာရှိတစ်ယောက်ဟာ အရမ်းကြိုးစားပြီးလုပ်ကိုင်ပေမယ့် လွဲချော်မှုတွေကြုံရရင်းရာထူးချခံရတဲ့အပြင် ချစ်ရသူရဲ့လမ်းခွဲခြင်းကိုပါခံလိုက်ရတဲ့အခါ…စိတ်ဓာတ်ကျသွားပြီးအစားအလွန်စားရင်းကနေ ၁၀၀ကီလိုကျော်ဝတဲ့ဖက်တီးတစ်ယောက်ဖြစ်လာပါတယ်… ဒီလိုနဲ့ ဂျပန်ရဲတပ်ဖွဲ့ကအလိုရှိနဲ့သူတစ်ယောက်ကိုသွားပို့ပြီး ရာထူးပြန်ရဖို့အခွင့်အလမ်းရလာတဲ့အခါ မထင်မှတ်ပဲလူဆိုးဂိုဏ်းတစ်ခုနဲ့ပတ်သက်ဖို့ရာဖြစ်လာပါတယ်…. .ဂျပန်မှာဘယ်လိုလွဲချော်မှုတွေကြုံတွေ့ရမှာလဲ… မသမာမှုလုပ်ရပ်တွေကိုဖော်ထုတ်နိုင်ပမလားဆိုတာ ကို ဆက်လက် ကြည့်ရူပေးကြပါအုံး ခင်မျာ

Kabir singh {2019} IMDb Rating (7.1) ၂၀၁၉ ခုနှစ် ဘောလိဝုဒ် Box Office မှာ အောင်ပွဲခံသွားခဲ့တဲ့ Kabir Singh အကြည်ထွက်လာလို့ အမ
+1
Kabir singh {2019} IMDb Rating (7.1) ၂၀၁၉ ခုနှစ် ဘောလိဝုဒ် Box Office မှာ အောင်ပွဲခံသွားခဲ့တဲ့ Kabir Singh အကြည်ထွက်လာလို့ အမြန်ဆုံးပဲတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းကတော့ အိန္ဒိယကားတွေနဲ့မစိမ်းတဲ့လူတိုင်းလိုလိုသိပြီးသားပါပဲ ၂၀၁၇ မှာ နာမည်ကြီးအောင်မြင်ခဲ့တဲ့ Telugu ဇာတ်ကား Arjun Reddy ရဲ့ Remake ဖြစ်ပါတယ် အဲ့ဒီတော့ Arjun Redddy မကြည့်ရသေးသူတွေအတွက် ဇာတ်လမ်းလေးနည်းနည်းလောက်ပြောပြပါမယ် ဒေါက်တာ ကဗီး(ရ်) ရာဂျ်ဒီးဆင့်ဟာ ဒေလီဆေးသိပ္ပံရဲ့ ဘက်စုံထူးချွန်တဲ့ အလုပ်သင်ဆရာဝန်ဆိုးလေးပေါ့ နေရာတကာလည်း ဒေါသကြီးသလို ထင့်ကနဲ့ဆို လက်ပါမယ်ဆိုတာချည်း ဒါပေမဲ့ တစ်ခုတည်းသော သူ့အားနည်းချက်ကတော့ ပရီသီးဆိုတဲ့ကောင်မလေးပါပဲ “သဘာဝတရားတွေ ဖွံ့ဖြိုးတိုးတက်နေတဲ့လောကကြီးထဲမှာ ငါတို့နေထိုင်ကြတယ် အဲ့ဒီထဲမှာ ငါသဘောပေါက် နားလည်လာတာတစ်ခုကတော့ ငါတို့တစ်ခုခုဖြစ်ခဲ့ရင် အထိခိုက်နာကျင်ရဆုံးလူတစ်ယောက်ရှိတယ် ငါ့အတွက်ကတော့ ဒီကောင်မလေးပဲ သူသာတစ်ခုခုဖြစ်ရင် အခံစားရဆုံးဖြစ်မယ့်သူက ငါပဲ အဲ့ဒီတော့ သူ့ကို ထိခိုက်အောင်မလုပ်ကြပါနဲ့” ဒီလို အသည်းသန်ချစ်ရတဲ့ ပရီသီးနဲ့ ကဗီး(ရ်)ဟာ မထင်မှတ်ထားဘဲ ကွဲကွာသွားတဲ့အခါမှာတော့….။

GoodFellas(1990) *********************** စောက်ရမ်းမိုက်တယ် IMDb…8.7,,,,Rotten….96% (unicode) IMDbရဲ့ အကောင်းဆုံး ရုပ်ရှင်ကား
+1
GoodFellas(1990) *********************** စောက်ရမ်းမိုက်တယ် IMDb…8.7,,,,Rotten….96% (unicode) IMDbရဲ့ အကောင်းဆုံး ရုပ်ရှင်ကား (၂၀)  စာရင်းထဲမှာပါတယ်….တကယ့်အဖြစ်မှန်ကို အခြေခံရိုက်ကူးထားပါတယ်.. ဒါရိုက်တာ Martin Scorsese  ရဲ့ အကောင်းဆုံးလက်ရာထဲက တစ်ကားပါ…   á€Ąá€ąá€Źá€şá€…စကဏ တစ်ဆုရရှိခဲ့ပြီး  အခြားဆုပေါင်း (၄၄)ဆုလည်း ဆွတ်ခူးခဲ့ပါတယ်… ဒီကားကို အညွှန်းမရေးပါရစေနဲ့… á€›á€ąá€¸á€–á€­á€Żá€ˇá€œá€Šá€şá€¸á€™á€…á€˝á€™á€şá€¸á€žá€Źá€á€˛á€ˇá€€á€Źá€¸á€™á€­á€Żá€ˇá€•á€Ťâ€Ś ခံစားကြည့်လိုက်ပါဦးဗျို့..

My boss My teacher (2006) ကားကတော့ ပထမကား My Boss,My Hero (2001) ရဲ့ အဆက်ဖြစ်ပါတယ်။ ပထမကားက သရုပ်ဆောင်တွေပဲ ပြန်ပါလာတာမို့ ပထ
+1
My boss My teacher (2006) ကားကတော့ ပထမကား My Boss,My Hero (2001) ရဲ့ အဆက်ဖြစ်ပါတယ်။ ပထမကားက သရုပ်ဆောင်တွေပဲ ပြန်ပါလာတာမို့ ပထမကားလိုပဲ အချိတ်အဆက်မိမိ ရယ်ရတဲ့ဇာတ်ကားဖြစ်ပါတယ်။ ပထမကားမှာတော့ လူမိုက်ခေါင်းဆောင် ဂန်ဒူဆစ်တစ်ယောက် အထက်တန်းကျောင်းကို ပြန်တက်ပြီး အောင်လက်မှတ်ရရှိခဲ့ပေမယ့် သူ့ဆရာ လူမိုက်ဂိုဏ်းချုပ်ကြီးကတော့ တင်းတိမ်ခြင်းမရှိသေးပါဘူး။ သူ့တပည့်ကျော်ဂန်ဒူဆစ်အနေနဲ့ အဆင့်မီလူမိုက်ဖြစ်ဖို့ ကျောင်းပညာရေးဆက်သင်ရဦးမယ်ယူဆပြီး ကျောင်းကိုထပ်လွှတ်လိုက်ပါပြီ… ဒီတစ်ခါတော့ ကျောင်းသားမဟုတ်တော့ပါဘူး…ကျောင်းဆရာအနေနဲ့ပါ။ လူမိုက်ခေါင်းဆောင် ဂန်ဒူဆစ် တဖြစ်လဲ ကျောင်းဆရာဂန်ဒူဆစ်နဲ့ သူ့ရဲ့တပည့်ကျော်ခေါင်းကြီးတို့တွေ ကျောင်းမှာ ဘယ်လိုတွေချကြဦးမလဲဆိုတာ…။

My boss my hero (2001) တစ်ကားလုံးခွီးနေရတယ်😂 ဂန်ဒူဆစ် ဟာ တိုက်ရည်ခိုက်ရည်ရှိပြီး လူမိုက်လောကမှာ အလားအလာကောင်းတဲ့ ဂန်းစတားတစ်
My boss my hero (2001) တစ်ကားလုံးခွီးနေရတယ်😂 ဂန်ဒူဆစ် ဟာ တိုက်ရည်ခိုက်ရည်ရှိပြီး လူမိုက်လောကမှာ အလားအလာကောင်းတဲ့ ဂန်းစတားတစ်ယောက်ပါ သူ့ရဲ့စွမ်းဆောင်မှုတစ်ခုကြောင့် ဂိုဏ်းခေါင်းဆောင်ကြီးက သဘောကျပြီး ဆိုးလ်မြို့ရဲ့ အချက်အချာအကျဆုံး နေရာတွေထဲက တစ်ခုဖြစ်တဲ့ မြောင်ဒေါင်း ကို အုပ်ချုပ်စေဖို့ ဆုံးဖြတ်ခဲ့ပေမယ့် အထက်တန်းတောင် မအောင်တဲ့ သူ့ကို အရေးပါတဲ့နေရာတစ်ခုကို အုပ်ချုပ်ဖို့ တာ၀န်ပေးတာ မဖြစ်သင့်ဘူးလို့ ကျန်တဲ့ လူမိုက်တွေက ဝိုင်းကန့်ကွက်ကြတဲ့အခါ ဂန်ဒူဆစ် တစ်ယောက် ကြီးကောင်ကြီးမား လူလတ်ပိုင်းအရွယ်ကျမှ ကျောင်းပြန်တက်ဖို့ လုပ်ရပါတော့တယ် သူ့ရဲ့ တပည့်ကျော်နှစ်ယောက်ကြောင့် ပုဂ္ဂလိက ကျောင်းတစ်ခုမှာ ၀င်ခွင့်ရခဲ့ပေမယ့် ဂန်းစတားဘ၀ကနေ ကျောင်းသားဖြစ်သွားတဲ့ လူမိုက်ကြီး ကျောင်းမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို ဟာသလေးတွေနဲ့ ကြည့်ရှုခံစားရမှာပါ

Kandahar (2023) ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ နောက်ထပ် စစ်ကားကောင်းတစ်ခုလာပါပြီ။ ဒီကားက ဂျိတ်ယီလင်ဟောရဲ့ နာမည်ကြီးစစ်ကား The Co
+1
Kandahar (2023) ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ နောက်ထပ် စစ်ကားကောင်းတစ်ခုလာပါပြီ။ ဒီကားက ဂျိတ်ယီလင်ဟောရဲ့ နာမည်ကြီးစစ်ကား The Covenant နဲ့ ဆင်တူပါတယ်။ ကောင်းတာချင်းလည်းတူပါတယ်။ မင်းသားကတော့ အက်ရှင်ကားကောင်းတွေအများကြီးရိုက်ထားတဲ့ ဂျရက်ဘတ်တလာပါပဲ ဒီရုပ်ရှင်တစ်ခုလုံးကို ဆော်ဒီမှာပဲ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကိုတော့ အမေရိကန်တွေ အာဖဂန်ကနေ ဆုတ်ခွာအပြီး တာလီဘန်တွေကြီးစိုးနေချိန်မှာ တည်ထားပါတယ်။ တွမ်ဟားရစ်ဆိုတဲ့ စစ်ပြန် အမ်အိုင်-၆ လူဟောင်းဟာ စီအိုင်အေမှာ အငှားအေးဂျင့်အနေနဲ့ လုပ်နေပြီး အီရန်စစ်ဆင်ရေးတွေကို လျို့ဝှက်ဆောင်ရွက်နေသူဖြစ်ပါတယ်။ သူ့ရဲ့စစ်ဆင်ရေးကတော့ အီရန်နိုင်ငံထဲမှာအသွင်ယူပြီး အနုမြူဓာတ်ပေါင်းဖိုတွေကို ဖျက်ဆီးရတဲ့အလုပ်ပါပဲ။ ဒါပေမဲ့ နောက်ဆုံးစစ်ဆင်ရေးတစ်ခုစခါနီးမှာပဲ ပင်တဂွန်က သတင်းပေါက်ကြားမှုဖြစ်ပြီး သူ့နာမည်နဲ့ပုံဟာ အီရန်၊ အာဖဂန် တဝှမ်းမှာပြန့်သွားပါတော့တယ်။ တာလီဘန်၊ အိုင်းစစ်၊ အီရန်၊ အယ်ကိုင်ဒါ အဖွဲ့ပေါင်းစုံက သူ့ကိုလိုက်ဖမ်းဖို့ကြိုးစားတဲ့အချိန်မှာ သူနဲ့ စကားပြန် မိုဟာမက်တို့ နှစ်ယောက်တည်း ဘယ်လိုအသက်လုပြီး လွတ်မြောက်အောင် တိုက်ခိုက်ထွက်ပြေးကြမလဲဆိုတာ ကြည့်ရမှာပါပဲ။

Extraction 2 (2023) Extraction (2020) ရဲ့ အဆက် Extraction 2 လာပါပြီ။ မင်းသားက Chris Hemsworth ပဲဖြစ်သလို ဒါရိုက်တာကလည်း Sam H
+1
Extraction 2 (2023) Extraction (2020) ရဲ့ အဆက် Extraction 2 လာပါပြီ။ မင်းသားက Chris Hemsworth ပဲဖြစ်သလို ဒါရိုက်တာကလည်း Sam Hargrave ပါပဲ။ Extraction (2020) ဟာ အတော်ကောင်းပါတယ်။ မဖြစ်နိုင်တဲ့ စစ်ဆင်ရေးကို အသေခံပြီး လုပ်သွားတဲ့ ကြေးစားကြီးတစ်ယောက်အကြောင်းပေါ့။ သေနတ်ဒဏ်ရာ ဗလပွနဲ့ မြစ်ထဲကိုကျသွားတာ မသေစရာတော့မရှိပါဘူး။ ဒါပေမဲ့ မသေပါဘူး။ မသေတော့ အငြိမ်းစားယူသွားပါတယ်။ အငြိမ်းစားဆိုကတည်းက သေချာပေါက် ပြန်ချရမယ်ဆိုတာ အားလုံးသိပြီးသားပါပဲ။ အခုလည်း သူ့အငြိမ်းစားဘဝကနေ မငြင်းနိုင်ဘဲ သေချာပေါက်ပြန်လုပ်ခိုင်းနိုင်တဲ့သူ ပေါ်လာပါတယ်။ သူ့မိန်းမပါ။ ဖြစ်တတ်ပါတယ်။ သူ့မိန်းမရဲ့ ညီမကို ဂျော်ဂျီယာရဲ့ အကြီးဆုံးလူဆိုးဂိုဏ်းကြီးလက်ကနေ သွားကယ်ထုတ်ရတာပါ။ ဒါပေမဲ့ လူဆိုးဂိုဏ်းက ရိုးရိုး သေနတ်နဲ့ကားအဆင့်မဟုတ်ပါဘူး။ ကျည်ကားကား၊ လက်နက်ကြီး၊ ရဟတ်ယာဉ်တွေအထိပါပြီး မိုးအဆုံးမြေအဆုံးလိုက်သတ်တာကြောင့် ၂ နာရီစာလောက် မနားတမ်း ချရပါတော့တယ်…. ထုံးစံအတိုင်း ဇာတ်လမ်းရော အက်ရှင်ရော ကြည့်လို့ကောင်းပါတယ်။ ကြည့်လိုက်ကြပါ။