en
Feedback
Funny//Action//Cartoon/Drama// movies channel🖤⚔️🛡️

Funny//Action//Cartoon/Drama// movies channel🖤⚔️🛡️

Open in Telegram
2 487
Subscribers
-524 hours
-107 days
-1830 days
Posts Archive
EXTRACTION {Ep 1} သောရ် မင်းသားကြီး ခရစ် ဟမ်းဆွာ့ ရဲ့ အက်ရှင်ကား အသစ်ရပါပြီ။ ထင်ထားတာထက် ကောင်းပါတယ် ခရစ်စ်ဟာ အနီးကပ် တိုက်ခိ
+1
EXTRACTION {Ep 1} သောရ် မင်းသားကြီး ခရစ် ဟမ်းဆွာ့ ရဲ့ အက်ရှင်ကား အသစ်ရပါပြီ။ ထင်ထားတာထက် ကောင်းပါတယ် ခရစ်စ်ဟာ အနီးကပ် တိုက်ခိုက်ခန်းတွေ သေနတ်ပစ်ခန်းတွေ ဒီလောက်ထိ ကြမ်းပြနိုင်တာ အားရစရာပါပဲ။ Combat ခန်းတွေ အရမ်းကြမ်းပါတယ်။ ကြည့်ရတာ အားရကြမှာပါ။ ဇာတ်လမ်းအကျဉ်း တိုင်လာ ဟာ စစ်ပြန်ကြေးစားစစ်သား ဖြစ်ပြီး အိန္ဒိယက ဘိန်းဘုရင်တစ်ယောက်ရဲ့ ကလေးကို ကယ်ထုတ်ပေးရမယ့် အလုပ်ကို လက်ခံလိုက်ပါတယ်။ အဲဒီကလေးကို ဖမ်းထားတဲ့သူကလည်း ပြိုင်ဘက် ဘိန်းဘုရင် ဂန်းစတား ဖြစ်နေပြီး တိုင်လာနဲ့ ကလေးကို ရဲတွေအကူအညီနဲ့ တစ်မြို့လုံးပိတ်ဆို့ပြီး ဖမ်းဖို့ ကြိုးစားပါတော့တယ်။ ဒီကလေးကို မြို့ကနေ မရမက ကယ်ထုတ်ဖို့ တစ်မြို့လုံးနဲ့ တစ်ယောက် တိုက်ခိုက်ပြီး ကြိုးစားရပါတော့တယ်။

The Flash (2023) ============= HDTC version ပါ။ ကြော်ငြာရေစာတွေပါပါတယ် မျက်စိနောက်ပါမယ်။ အသံ သိပ်မကြည်သေးပါ။ ရုပ်တော့အတော်လေး
+1
The Flash (2023) ============= HDTC version ပါ။ ကြော်ငြာရေစာတွေပါပါတယ် မျက်စိနောက်ပါမယ်။ အသံ သိပ်မကြည်သေးပါ။ ရုပ်တော့အတော်လေးကြည်ပါပြီ။ ဒီရုပ်ရှင်မျိုးကတော့ ကြည်တောက်ရှင်းကိုပဲ ကြည့်တာအကောင်းဆုံးပါပဲ။ မစောင့်နိုင်တော့တာတို့ ဇာတ်လမ်းသိချင်ရုံတို့ဆိုတဲ့လူတွေအတွက် ဘာသာပြန်ပြီးတင်ပေးထားတာပါ။ Flash ဟာ စီးရီးမှာရော ရုပ်ရှင်မှာရော အစွမ်းအကုန်မပြသေးတာဖြစ်ပေမဲ့ ဒီစီရဲ့ စွမ်းအားအကြီးဆုံး ဟီးရီုးတွေထဲက တစ်ယောက်ပါပဲ။ အပြေးမြန်ရုံတင်မက၊ အချိန်-အာကာသကို ပြင်နိုင်စွမ်းတွေ၊ စကြာဝဠာကူးနိုင်စွမ်းတွေ၊ အနန္တလက်သီး၊ လျှပ်စီးလှိုင်း၊ လေမုန်တိုင်း၊ မော်လီကျူးထိန်းချုပ်နိုင်စွမ်း၊ ဒဏ်ရာအမြန်ပြန်ကောင်းနိုင်စွမ်း၊ စူပါဉာဏ်ရည်၊ အမြန်နှုန်းနဲ့ တွေးတောနိုင်စွမ်း စသဖြင့် ပြောမကုန်အောင်ပါပဲ။ ဒီရုပ်ရှင်ဟာတော့ ဖလက်ရှ်ပွိုင့် ဝိရောဓိ ကာတွန်းဇာတ်ကြောင်းကိုပဲ အခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ဝမ်းဒါးဝူးမန်းနဲ့ အက်ကွာမန်းတို့တုန်းကလို အော်ရဂျင်စတိုရီမဟုတ်ဘဲ၊ ဖလက်ရှ်တစ်ယောက် အတိတ်ကို ပြန်သွားပြီး သူ့အမေကို ကယ်ဖို့ ကြိုးစားရင်း စကြဝဠာကြီးကမောက်ကမဖြစ်ပုံကို တွေ့ရမှာပဲဖြစ်ပါတယ်။

Monster Hunt (2015) IMDb – 6.1/10_____Rotten – 66% Monster Hunt ဇာတ်ကားမှာ တနင်္ဂနွေနေ့တွင် ဝင်ငွေယွမ်(၁ ဒသမ ၃၁၇) ဘီလီယံ (ဒေါ
+1
Monster Hunt (2015) IMDb – 6.1/10_____Rotten – 66% Monster Hunt ဇာတ်ကားမှာ တနင်္ဂနွေနေ့တွင် ဝင်ငွေယွမ်(၁ ဒသမ ၃၁၇) ဘီလီယံ (ဒေါ်လာ ၂၁၂ သန်း) ရရှိကာ နိုင်ငံသမိုင်းတွင် ဝင်ငွေ အများဆုံးရသည့် ဇာတ်ကားစံချိန်သစ်ကို တင်နိုင်ခဲ့ကြောင်း သိရသည်။ နိုင်ငံပိုင် ဆင်ဟွာသတင်းမှ ဖော်ပြချက်တွင် ထိုရုပ်ရှင်မှာ ဇူလိုင်လ(၁၆)တွင် ရုံတင်ခဲ့ပြီးနောက် ဆယ်ရက်အကြာတွင် ယွမ်ငွေ တစ်ဘီလီယံကျော် ( ဒေါ်လာ ၂၁၂ သန်း) ရခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံတွင် ယခင်က ဝင်ငွေ အကောင်းဆုံး စံချိန်တင်ထားသည့် ရုပ်ရှင်ကားမှာ Lost in Thailand (၂၀၁၂) ဇာတ်ကား ဖြစ်ပြီး၊ ဝင်ငွေယွမ် ( ၁ ဒသမ ၂၇ ဘီလီယံ) ရခဲ့ဖူးသည်။ ယခု Monster Hunt ဇာတ်ကားမှာ လူနှင့် အန်နီမေးရှင်း ကာတွန်း ဇာတ်ကောင်များ ပေါင်းစပ် ရိုက်ကူးထားပြီး ဟူဘာဟု ခေါ်သည့် သရဲလေး တစ်ကောင် အကြောင်း ဇာတ်လမ်းဖြစ်သည်။ အဆိုပါဇာတ်ကားကို ၂၀၀၇ က ဟောလိဝုဒ် အန်နီမေးရှင်း ရုပ်ရှင်ကား ဖြစ်ပြီး၊ လူကြိုက်များခဲ့သည့် Shrek the Third ကို ရိုက်ကူးခဲ့သည့် ဒါရိုက်တာ ရာမန်ဟွီက ရိုက်ထားခြင်း ဖြစ်သည်။

Veteran {2015} ကိုရီးယားကားလေး ဇာတ်ညွှန်းက ရည်လို့ 😁မတင်တော့်ဘူး
+1
Veteran {2015} ကိုရီးယားကားလေး ဇာတ်ညွှန်းက ရည်လို့ 😁မတင်တော့်ဘူး

Top Gear (2022) IMDb 8.3/10 Top Gear တဲ့။ ဇာတ်ကားနာမည်ကြည့်လိုက်တာနဲ့ ကားတစီးနဲ့ ပတ်ကြမ်းတာမျိုးဖြစ်မှာပဲလို့ တွေးမိလိုက်တယ်မ
Top Gear (2022) IMDb 8.3/10 Top Gear တဲ့။ ဇာတ်ကားနာမည်ကြည့်လိုက်တာနဲ့ ကားတစီးနဲ့ ပတ်ကြမ်းတာမျိုးဖြစ်မှာပဲလို့ တွေးမိလိုက်တယ်မလား။ ဟုတ်ပါတယ် ခုတင်ဆက်ပေးမဲ့ ဇာတ်ကားက… မူးယစ်ရာဇာ စစ်ဒါးသ်ဆိုတဲ့ လူက မွမ်ဘိုင်းကနေ လစ်ထွက်ပြီး ဟိုက်ဒရာဘတ်ကနေ စင်ကာပူကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့အချိန်။ ကျွန်တော်တို့ ဇာတ်လိုက်ကျော် အာဂျွန်က ခုမှ ပူပူနွေးနွေး အိမ်ထောင်ကျပြီးကာစ၊သူက တက္ကစီဒရိုက်ဘာ၊ မင်း ဘွဲ့ရပြီးသားကို ဘာလို့ တက္ကစီဆွဲစားနေတာလဲဆိုတော့ ကျွန်တော့်မိန်းမကို ကားစီးစေချင်လို့၊ ရတဲ့ဘွဲ့နဲ့ အလုပ်ဝင်လုပ်ရင် ဆိုင်ကယ်နားတောင် ကပ်နိုင်မှာမဟုတ်ဘူး တဲ့၊မိန်းမကို အဲ့လောက်ချစ်တာ၊ တရက် တက္ကစီဆွဲပြီး အိမ်ပြန်တဲ့လမ်းမှာ လမ်းကြုံတယ်ဆိုပြီး လူ၂ယောက် တင်ခေါ်လာရာကနေအစ၊ အဲဒီလူ၂ယောက်က မူးယစ်ဂိုဏ်းနဲ့ပက်သတ်နေပြီး သူ့အကြောင်းကလည်း လမ်းမှာ ပြောထားဆိုထားတာ သိနေတော့ သူ့ဇနီးချောလေးကို ပြန်ပေးဆွဲပြီး သူတို့ ပြောတာ လုပ်ခိုင်းပါရော၊ နောက်ခံတီးလုံးတွေရော သီချင်းတွေရောက ရေလည်မိုက်ပြီး ဇာတ်လမ်းကရော မိတ်ဆွေတို့ကို ပျင်းစေမှာမဟုတ်ဘူးဆိုတာ လက်တို့ရင်း ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။

အနောက်ပိုင်းစစ်မြေပြင်ဟာ ပထမကမ္ဘာစစ်ရဲ့ ကမ္ဘာကျော်တိုက်ပွဲကြီးတွေ ဖြစ်ခဲ့တဲ့နေရာပါပဲ။ တစ်ဘက်နဲ့တစ်ဘက် မီတာ ၁၀၀ လောက် ရှေ့တိုး
အနောက်ပိုင်းစစ်မြေပြင်ဟာ ပထမကမ္ဘာစစ်ရဲ့ ကမ္ဘာကျော်တိုက်ပွဲကြီးတွေ ဖြစ်ခဲ့တဲ့နေရာပါပဲ။ တစ်ဘက်နဲ့တစ်ဘက် မီတာ ၁၀၀ လောက် ရှေ့တိုးနိုင်ဖို့ လူ တစ်သန်းလောက် အသေခံခဲ့ရတဲ့ စစ်မြေပြင်လည်းဖြစ်ပါတယ်။သဘောကျစရာကောင်းလာတာကတော့ စစ်ကားအများစုဟာ စစ်ပွဲကို သူရဲကောင်းဝါဒထက် စိတ်ကုန်စရာ စိတ်ပျက်စရာဖြစ်အောင် ပုံဖော်ခဲ့ကြတာ အတော်များလာပါပြီ//“ငါ့သားလည်း စစ်ပွဲထဲမှာ သေသွားတာပဲကွ၊ သူတော့ ဘာဂုဏ်သိက္ခာမှ ခံစားမိလိုက်တယ် မကြားပါဘူး” ဆိုတဲ့ စကားမျိုးတွေပဲ ပြောသွားတာပါပဲ။ ပထမကမ္ဘာစစ်ဟာ ၁၉၁၄ ဇူလိုင်လ ၂၈ မှာ စတင်ခဲ့ပြီး ၁၉၁၈ နိုဝင်ဘာ ၁၁ မှာ ပြီးဆုံးခဲ့ပါတယ်။ စတင်ခဲ့တာကတော့ ဩစတြီးယား-ဟန်ဂေရီက ဆားဘီယားကို စစ်ကြေညာတာကနေ စတင်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၃၀ ကျော်ပါဝင်ခဲ့ကြပြီး ပင်မအနေနဲ့ ရုရှား၊ ဘယ်ဂျီယံ၊ ပြင်သစ်၊ ဗြိတိန်၊ ဆားဘီးယား၊ အီတလီ၊ အမေရိကန် တို့ဟာ ဩစတြီးယား-ဟန်ဂေရီ၊ ဂျာမနီ၊ ဘူဂေးရီးယား၊ တော့တိုမန်အင်ပါယာတို့နဲ့ တိုက်ခိုက်ခဲ့ကြတာပါ။ အဆိပ်ငွေ့တွေအဓိကသုံးခဲ့ကြတဲ့ စစ်ပွဲလည်းဖြစ်ပါတယ်။ကမ္ဘာ့ပထမဆုံးနဲ့အကြီးဆုံး တုပ်ကွေးကပ်ရောဂါလည်း ပထမကမ္ဘာစစ်ကြောင့် ပြန့်နှံ့ခဲ့ပါတယ်။