cookie

Ми використовуємо файли cookie для покращення вашого досвіду перегляду. Натиснувши «Прийняти все», ви погоджуєтеся на використання файлів cookie.

avatar

Yinmarbin Local People's Defence Force - ယင်းမာပင်မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့

နွေဦးတော်လှန်ရေး

Більше
Рекламні дописи
1 123
Підписники
+124 години
-97 днів
-2530 днів

Триває завантаження даних...

Приріст підписників

Триває завантаження даних...

Фото недоступнеДивитись в Telegram
မုန်းမြို့က တပ်ရင်း ၂ခုကို KNLA နဲ့ PDF တို့ သိမ်းပိုက် မုန်း၊ ဒီဇင်ဘာ ၃၊ ၂၀၂၃။ ပဲခူးတိုင်း မုန်းမြို့နယ် အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း ၅၉၉ နဲ့ ၅၉၀ တို့ကို ဒီနေ့ နေ့လယ်ပိုင်းမှာ KNLA နဲ့ PDF အပါအဝင် ပူးပေါင်းတပ်တွေက သိမ်းနိုင်ခဲ့ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။ "တိုက်နေတာက ၃၀ ရက်နေ့ကတည်းကစတိုက်နေတာ။ ဒီနေ့မှ တပ်ရင်းတွေကျတာ" လို့ ဒေသခံတဦးက ပြောပါတယ်။ သတင်းအပြည့်အစုံ - https://myaelattathan.org/articles/မုန်းမြို့က_တပ်ရင်း_၂ခုကို_KNLAနဲ့PDFတို့_သိမ်းပိုက်
Показати все...
8👏 2
🤬 3
မုံရွာ၊ ကြာပိုင်ရွာက အမျိုးသား ၁၁ ဦးကို စစ်အုပ်စုက ဖမ်းဆီးပြီးနောက် မီးရှို့သတ် စစ်ကိုင်း ၊ ဒီဇင်ဘာ ၂ ၊ ၂၀၂၃ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြာပိုင်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာ ၂ ရက် ဒီမနက် ၉ နာရီခန့်မှာ ဝင်ရောက်စီးနင်းပြီး ရွာခံအမျိုး သား ၁၁ ဦး ဖမ်းဆီးပြီးနောက် အရှင်မီးရှို့သတ်သွားတယ်လို့ မုံရွာဒေသခံတွေထံက သိရပါတယ်။ “ ဘာထိတွေ့မှုမှ မရှိဘဲ ဒီအတိုင်းရွာထဲကိုဝင်လာပြီး မီးရှို့သွားတာ။ ၅ယောက်လောက်ကတော့ စစ်ကြောင်းဝင်လို့ထွက်ပြေးတာမှာ မလွတ်ဘဲအဖမ်းခံရပြီး ညှင်းပန်းနှိပ်စက်ခံပြီးမှ အသတ်ခံရတာ။ ” လို့ မုံရွာဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။ သတင်းဆက်ဖတ်ရန်... https://myaelattathan.org/articles/မုံရွာ_ကြာပိုင်ရွာက_အမျိုးသား၁၁ဦးကို_စစ်အုပ်စုက_ဖမ်းဆီးပြီးနောက်မီး_ရှို့သတ်
Показати все...
🤬 7👍 2🔥 2
Repost from Khit Thit Media
01:41
Відео недоступнеДивитись в Telegram
ကိုးကန့်ဒေသ၊ တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်းအလိုက် ရာနှင့်ချီ၍ သေဆုံး
Показати все...
signal-2023-12-02-144005.mp411.28 MB
👏 9👍 1
ကနီ၊ ဆယ်ရွာချောင်- လာပို့ရွာအနီး စစ်တပ် စခန်းကို PDF တပ်များက ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ သေဆုံး၊ PDF ၂ ဦးသေဆုံး ရန်ကုန်၊ နိုဝင်ဘာ ၂၃ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆယ်ရွာချောင်- လာပို့ရွာအနီး စစ်တပ် စခန်းကို PDF တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂၀ သေဆုံးကြောင်း ဒေသကာကွယ်ရေးခေါင်းဆောင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကြောင်း၊ စခန်းစွန့်ခွာထွက်ပြေးသည့် စစ်သားများလည်းရှိကြောင်း သိရှိရသည်။ "တိုက်ပွဲက မနက်ခင်းအစောပိုင်းက တစ်ကြိမ်တိုက်ပွဲ စဖြစ်တယ်။ အဲဒီလိုတိုက်ပွဲဖြစ်နေပြီး မကြာဘူး၊ နမခကနေ ဂျက်‌လေယာဉ်တစ်စီး မနက် ၈ နာရီလောက် တိုက်ပွဲဖြစ်ပွားရာနေရာကို ပစ်ခတ်မှုမလုပ်ဘဲ ပတ်ကြည့်သွားတယ်။နောက် နေ့လယ် ၁၂နာရီ ၂၀ မိနစ်လောက်ရောက်တော့ဂျက်ဖိုက်တာနဲ့ ဗုံးသီး၃လုံးချပြီး ပစ်ခတ်တာတွေလုပ်သွားသေးတယ်။ အဲဒီလိုပစ်ခတ်လို့ ရွာသား ၄ ဦးကျည် ထိမှန်တယ်။ PDF တပ်တွေဘက်က မွန်းလွဲ ၁ နာရီလောက်ရောက်တော့ ဒုတိယအကြိမ် တိုက်ပွဲထပ်တိုက်တယ်။ မွန်းလွဲ ၃နာရီ မှာ တိုက်ပွဲပြီးတယ်။ စစ်ခွေးတွေဘက်က ၂၀ ဦး ခန့်ကျဆုံးပြီး စခန်းစွန့် ထွက်ပြေးတဲ့ကောင်တွေလည်းရှိတယ်။ PDF ရဲဘော် ၂ဦးကျဆုံးပြီး၅ ဦးဒဏ်ရာရှိခဲ့တယ်" ဟု ဒေသကာကွယ်ရေးခေါင်းဆောင်က ရှင်းပြသည်။ အဆိုပါတိုက်ပွဲတွင် လက်နက်များနှင့် ခဲယမ်းဆက်စပ်ပစ္စည်းများလည်းသိမ်းဆည်းရရှိထားကြောင်း၊ စစ်တပ်က တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ ဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း သိရှိရသည်။ ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
Показати все...
👍 5👏 2😁 2
စစ်ကောင်စီ လေတပ်အတွက် စစ်ပစ္စည်းများ တင်သွင်းနေသူ စီးပွားရေးသမား အောင်ကျော်မြင့် ချင်းရွှေဟော်တွင် ပစ်ခတ်ခံရပြီး သေဆုံး ■ သေဆုံးသူ အောင်ကျော်မြင့်မှာ အာဏာရှင်ဟောင်းနေဝင်းမြေးများနှင့်အတူ အလုပ်လုပ်နေသူဖြစ်ပြီး Omini Focus ကုမ္ပဏီ၏ ဒါရိုက်တာလည်းဖြစ် ရန်ကုန်၊ နိုဝင်ဘာ ၁၅ အကြမ်းဖက်စစ်တပ် ဒေါက်တိုင် အာဏာရှင်ဟောင်း‌ အေးနေဝင်းနှင့်စီးပွားဘက်လည်းဖြစ်၊ လေတပ်အတွက် စစ်ပစ္စည်းများ တင်သွင်းပေးနေသူလည်းဖြစ်သူ လုပ်ငန်းရှင် အောင်ကျော်မြင့်သည် ချင်းရွှေဟော်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ အောက်တိုဘာလ ၂၇ ရက်၊ ၂၈ ရက်ဝန်းကျင် မြောက်ပိုင်းမဟာမိတ်ညီနောင်တပ်များက ချင်းရွှေဟော်မြို့ကို စီးနင်းနေစဉ် လုပ်ငန်းရှင် အောင်ကျော်မြင့်သည် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များနှင့်အတူ ရှိနေစဉ် ပစ်ခတ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ နဖူးတည့်တည့် ပစ်ခံရပြီး ပွဲချင်းပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။ အောင်ကျော်မြင့်သည် အာဏာရှင်ဟောင်းနေဝင်း၏ မြေးများ ပိုင်ဆိုင်သော Omini Focus ၏ ဒါရိုက်တာတစ်ဦး ဖြစ်ပြီး အကြမ်း ဖက်စစ်တပ်၏လေတပ်အတွက် စစ်ပစ္စည်းများ တင်သွင်းပေးနေသူ ဖြစ်ကြောင်း၊ အောင်ကျော်မြင့်သည် စစ်တပ် အာဏာသိမ်းမှုကိုထောက်ခံရုံသာမက ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့ဝင်များကို အရှင်မထားဘဲ သတ်ပစ်ရန် လူမှုကွန်ရက်မှ တစ်ဆင့် လှုံ့ ဆော်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။ ဓာတ်ပုံ- စစ်တပ်ဒေါက်တိုင် စီးပွားရေးသမား အောင်ကျော်မြင့်။
Показати все...
⚠️ဆားလင်းကြီး⚠️ ပုလဲမှထွက်လာ‌ေသာ စခစစကြောင်းသည် ရွှာသမင်း အောင်ပန်းကြားမှ တောင်အရပ်ကို ဆက်ထွက်လာပြီး ယခုဆုံတားရွာခြေရှေ့ပွိုင့်ရောက်လာကြောင်း သတင်းရ။ #SSN Nov 12,10:14 AM 📬သတင်းပို့ရန် @SagaingScoutNetworkBot
Показати все...
👍 4🔥 4
Оберіть інший тариф

На вашому тарифі доступна аналітика тільки для 5 каналів. Щоб отримати більше — оберіть інший тариф.