en
Feedback
Chin World Media

Chin World Media

Open in Telegram

Voice For Voiceless

Show more
4 688
Subscribers
-724 hours
-247 days
-8230 days
Posts Archive
Pi Helen Dawngliani ဒုတိယမြောက် မီဇိုအမျိုးသမီး တရားလွှတ်တော် တရားသူကြီး ဖြစ်လာ စက်တင်ဘာ ၉ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ် တရား
Pi Helen Dawngliani ဒုတိယမြောက် မီဇိုအမျိုးသမီး တရားလွှတ်တော် တရားသူကြီး ဖြစ်လာ စက်တင်ဘာ ၉ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ် တရားစီရင်ရေးဌာန အရာရှိ Pi Helen Dawngliani ကို ဂူဝါဟတီ တရားလွှတ်တော် (Gauhati High Court) ရဲ့ တွဲဖက် တရားသူကြီး အဖြစ် ခန့်အပ်ဖို့ အိန္ဒိယဗဟိုအစိုးရက အတည်ပြု အတည်ပြုပေးလိုက်တာကြောင့် သူမဟာ မီဇိုအမျိုးသမီးတွေထဲမှာ ဒုတိယမြောက် တရားလွှတ်တော် တရားသူကြီး ဖြစ်လာတော့မယ်လို့ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ ပြည်ထောင်စုအစိုးရက သူမကို ခန့်အပ်ကြောင်း အမိန့်ကြော်ငြာစာကို စက်တင်ဘာလ ၈ ရက်၊ အင်္ဂါနေ့မှာ တရားဝင် ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယ တရားလွှတ်တော်ချုပ် Supreme Court Collegium ဟာ ဩဂုတ်လ ၁၈ ရက်နေ့မှာ Helen Dawngliani နဲ့အတူ နာဂလန်းအခြေစိုက် ရှေ့နေ Nchumbemo Mozhui တို့ကို တရားလွှတ်တော် တရားသူကြီးတွေအဖြစ် ခန့်အပ်ဖို့ အကြံပြုထောက်ခံချက် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဗဟိုအစိုးရက အဆိုပါ အကြံပြုချက်ကို လက်ခံအတည်ပြုပြီး တရားဝင် ခန့်အပ်ကြောင်း အမိန့်ကြေညာချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မန်ယူဂန္ထဝင်များ ရန်ကုန်ခရီးစဉ် ဖျက်သိမ်းပေးရန် ပရိသတ်များ လက်မှတ်ရေးထိုး တောင်းဆို စက်တင်ဘာလ ၉ ရက်။ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကြောင့် ချစ်ကြည်ရေးနဲ့ ဖျော်ဖြေရေး ခရီးစဉ်အဖြစ် လာရောက်မယ့် မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် ကစားသမားဟောင်းတွေရဲ့ ရန်ကုန်ခရီးစဉ်ကို ဖျက်သိမ်းပေးဖို့ မန်ယူအသင်းကို အားပေးတဲ့ ပရိသတ်တွေ အပါအဝင် အားကစားချစ်သူတွေက အွန်လိုင်းကနေ လက်မှတ်ရေးထိုး တောင်းဆိုနေကြပါတယ်။ လာမယ့် အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၁ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နာမည်ကျော် ဂန္ထဝင် ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ရိုင်ယန်ဂစ် (Ryan Giggs)၊ ဒီမီတာ ဘာဗာတော့ (Dimitar Berbatov)၊ အန်ဒါဆန် (Anderson) နဲ့ ပက်ထရစ် အီဗရာ (Patrice Evra) တို့ရဲ့ ခရီးစဉ်ကို ဖျက်သိမ်းပေးဖို့ ယူကေနိုင်ငံ၊ မန်ချက်စတာမြို့မှာ ရောက်ရှိနေတဲ့ မြန်မာပြည်ဖွားတွေက ဦးဆောင်ပြီး အခုလို လက်မှတ်ရေးထိုး ကမ်ပိန်း ပြုလုပ်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီက စစ်ရေးအရ အသာစီးရလာပြီး နယ်မြေစိုးမိုးလာနိုင်တယ်ဆိုတာ မြေပြင်လက်တွေ့အခြေအနေနဲ့ ကိုက်ညီမှု မရှိကြောင်း Dr. Sui Khar
+1
စစ်ကောင်စီက စစ်ရေးအရ အသာစီးရလာပြီး နယ်မြေစိုးမိုးလာနိုင်တယ်ဆိုတာ မြေပြင်လက်တွေ့အခြေအနေနဲ့ ကိုက်ညီမှု မရှိကြောင်း Dr. Sui Khar ပြော စက်တင်ဘာလ ၉ ရက်။ ချင်းပြည်နယ်မှာ စစ်ကောင်စီက စစ်ရေးအရ အသာစီးရလာပြီး နယ်မြေစိုးမိုးလာနိုင်တယ်ဆိုတာ မြေပြင် လက်တွေ့အခြေအနေနဲ့ ကိုက်ညီမှု မရှိတဲ့အကြောင်း ချင်းပြည် ( Chinland) ကောင်စီကဖွဲ့စည်းပေးထားတဲ့ ချင်းပြည်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Dr. Sui Khar က ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ Chinland Council ရဲ့သတင်းစာ ရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ ချင်းပြည်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Dr. Sui Khar က “စစ်ကောင်စီဝါဒဖြန့်မှုပေါ့ အဓိကအားဖြင့် စစ်ရေးအရ အသားစီးရလာတယ် နယ်မြေစိုးမိုးလာတယ်ဆိုပြီး ပြောလာကြတယ် ပထမအနေနဲ့ ကျနော်ပြောချင်တာက အရင်ကတည်းကနေ တချို့မြို့တွေမှ အပ ရွာတွေမှာက နေပြည်တော်ရဲ့ သြဇာသက်ရောက်မှုက နတ္ထိ လုံးဝကိုမရှိဘူး ရုံးစာ ရုံးတစ်ခုမှ မရှိဘူး ပြောချင်တာက သူတို့ရဲ့သြဇာအာဏာသက်ရောက်မှုလုံးဝမရှိဘူး ဒီအချိန်မှာလည်း ဥပမာ တွန်းဇံ၊ ဖလမ်း မြို့ကိုသာယူတာ နယ်မှာ သူတို့သြဇာအာဏာသက်ရောက်မှုက တစ်ခုမှမရှိဘူး

နှာရိန်မြို့မှာ ဝက်နာရောဂါကြောင့် ဝက်သေဆုံးမှုတွေရှိပြီး ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ဖို့ လိုက်နာရမယ့် အချက်တွေထုတ်ပြန်
+3
နှာရိန်မြို့မှာ ဝက်နာရောဂါကြောင့် ဝက်သေဆုံးမှုတွေရှိပြီး ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ဖို့ လိုက်နာရမယ့် အချက်တွေထုတ်ပြန် စက်တင်ဘာလ ၉ ရက်။ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ၊ နှာရိန်မြို့မှာ လက်ရှိဝက်နာရောဂါ ကျရောက်နေတာကြောင့် ဝက်နာရောဂါကြောင့် ဝက်သေဆုံးမှုတွေရှိပြီး ဝက်ရောဂါကူးစက်ပျံနှံ့မှု ထိန်းချုပ်နိုင်ရန် ဒီကနေ့စက်တင်ဘာလ ၉ ရက်ကစလို့ စက်တင်ဘာလ ၂၂ ရက်နေ့အထိ နှာရိန်မြို့ကနေ ကျေးရွာတွေကို ဝက်အကောင်တွေကိုဖြစ်စေ၊ ဝက်သားတွေကိုဖြစ်စေ သယ်ဆောင် ဝင်ရောက်စေခြင်း မရှိစေဖို့ စတဲ့ လိုက်နာရမယ့် အချက်တွေကို လောက်တူဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာလ ၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ နှာရိန်မြို့ အမှတ် (၁) ရက်ကွက်နဲ့ အမှတ် (၂) ရက်ကွက်မှာ စက်တင်ဘာလ ၇ ရက်နေ့အထိ ဝက်နာရောဂါဖြစ်တဲ့ အကောင်ရေဟာ ၆၁ ကောင်အထိရှိပြီး သေဆုံးအကောင်အရေဟာလည်း ၁၁ ကောင်ရေရှိပြီဖြစ်တယ်လို့ လောက်တူဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထု

ပလက်ဝမြို့နယ်မှာ ၁၂ တန်းရခိုင်ဘာသာသင်ရိုးနေရာမှာ ကြိုက်နှစ်သစ်ရာ ဘာသာကို ရွေးချယ်သင်ကြားပေးမယ့် မူဝါဒကျင့်သုံးမယ်လို့ ULA / A
+3
ပလက်ဝမြို့နယ်မှာ ၁၂ တန်းရခိုင်ဘာသာသင်ရိုးနေရာမှာ ကြိုက်နှစ်သစ်ရာ ဘာသာကို ရွေးချယ်သင်ကြားပေးမယ့် မူဝါဒကျင့်သုံးမယ်လို့ ULA / AA ပညာရေးဌာနထုတ်ပြန် စက်တင်ဘာလ ၉ ရက်။ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်မှာ ၁၂ တန်းမြန်မာစာနေရာမှာ ရခိုင်ဘာသာသင်ရိုးသစ်ကို အစားထိုးထားပေမယ့် ကျောင်းသူကျောင်းသားတွေအနေဖြင့် ကြိုက်နှစ်သစ်ရာ ဘာသာကို ရွေးချယ်သင်ကြားပေးမယ် မူဝါဒကျင့်သုံးမယ်လို့အာရက္ခတပ်တော်(ULA / AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ၎င်းရဲ့ တယ်လီဂရမ်ချယ်နယ်ကနေတဆင့် အာရက္ခအမျိုးသားပညာရေးဌာနရဲ့ သဘောထားကို ဒီကနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ရခိုင်ဘာသာသင်ရိုးသစ် သင်ကြားမှုတွင် ကျောင်းသား၊ ကျောင်းသူတိုင်းကို မသင်မနေရ အတင်းအဓမ္မသင်ယူခိုင်းတာမျိုးလည်း မရှိကြောင်း အာရက္ခတပ်တော် ULA / AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာတွေ့ရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေထံ ဒရုန်းစစ်ဆင်ရေးနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပေးခဲ့တဲ့ အမေရိကန်နိုင်ငံသား ၁ ဦးနဲ့ ယူကရိန်းနို
တိုင်းရင်းသားလက်နက်ကိုင်တွေထံ ဒရုန်းစစ်ဆင်ရေးနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပေးခဲ့တဲ့ အမေရိကန်နိုင်ငံသား ၁ ဦးနဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးတို့အပေါ် အကြမ်းဖက်မှု ဥပဒေနဲ့ တရားစွဲဆိုမှုကို ပြန်ရုပ်သိမ်းပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အိန္ဒိယမှာ ပြောင်းလဲ တရားစွဲ စက်တင်ဘာလ ၉ ရက်။ အိန္ဒိယကနေတဆင့်မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေဆီ လာရောက်ပြီး ဒရုန်းနည်းပညာနဲ့ စစ်ရေးလေ့ကျင့်မှုတွေ သင်ကြားပေးလို့ဆိုပြီး အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ ( NIA) ဖမ်းဆီးခဲ့တဲ့ အမေရိကန်နိုင်ငံသား ၁ ဦးနဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးတို့ပေါ် စွဲဆိုထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေကို ယာယီအားဖြင့် ပြန်ရုပ်သိမ်းလိုက်ပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ပဲ ပြောင်းလဲ တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။ အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ ( NIA) က တင်သွင်းခဲ့တဲ့ စွဲချက်တင်လွှာမှာ မူလစွဲဆိုထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ( UAPA) ပုဒ်မကို ဖယ်ထုတ်ပြီး စက်တင်ဘာလ ၈ ရက်နေ့က

ချင်းလူငယ်တစ်ဦး ရန်ကုန်မြို့လှည်းတန်းအဆောင်မှာ နေထိုင်စဉ် အဆက်သွယ်မရဘဲ ပျောက်ဆုံးသွားလို့ အမြန်ဆုံးတွေ့ရှိနိုင်ဖို့ အကူညီတောင
ချင်းလူငယ်တစ်ဦး ရန်ကုန်မြို့လှည်းတန်းအဆောင်မှာ နေထိုင်စဉ် အဆက်သွယ်မရဘဲ ပျောက်ဆုံးသွားလို့ အမြန်ဆုံးတွေ့ရှိနိုင်ဖို့ အကူညီတောင်း စက်တင်ဘာလ ၈ ရက်။ ချင်းပြည်နယ်၊ မတူပီမြို့နယ် ၊ ရမ်းစီးကျေးရွာက မောင်ရမ်မင်းထန် (၁၉) နှစ် အရွယ်ရှိသူဟာ ရန်ကုန်မြို့ ၊ ကမာရွက်မြို့နယ်၊ လှည်းတန်းအဆောင်တွင် နေထိုင်စဉ် ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့ညကစလို့အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားလို့ အမြန်ဆုံးတွေ့ရှိနိုင်ဖို့ ကူညီပေးကြဖို့ ရန်ကုန်ဇိုတုန်လူမှုရေးအသင်းက ဒီကနေ့စက်တင်ဘာလ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ မတူပီမြို့နယ် ၊ ရမ်းစီးကျေးရွာနေ ခရစ်ယာန်ဓမ္မအမှုတော်ဆောင် အဘ Rev. ကျော်လွင်၏ သား မောင်ရမ်မင်းထန် (၁၉) နှစ် အရွယ်ရှိသူဟာ လှည်းတန်းအဆောင်တွင် နေထိုင်နေစဉ် စက်တင်ဘာလ ၆ ရက်နေ့ (တနင်္ဂနွေနေ့) ည ၉ နာခန့်လောက်ကနေစလို့ ဒီကနေ့ အချိန်ထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

မီဇိုရမ်၊လောင်တလိုင်ခရိုင်တွင် စစ်ဘေးရှောင်ဒုက္ခသည်တွေ နဲ့ နိုင်ငံခြားသားတွေ လိုက်နာရမယ့် ကန့်သတ်ချက် အမိန့် ၇ ချက် ထုတ်ပြန်
မီဇိုရမ်၊လောင်တလိုင်ခရိုင်တွင် စစ်ဘေးရှောင်ဒုက္ခသည်တွေ နဲ့ နိုင်ငံခြားသားတွေ လိုက်နာရမယ့် ကန့်သတ်ချက် အမိန့် ၇ ချက် ထုတ်ပြန် စက်တင်ဘာလ ၈ ရက်။ မြန်မာ (ချင်း) စစ်ဘေးရှောင်တွေ ထောင်နဲ့ချီ နေထိုင်တဲ့ မြန်မာ - အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်တွင် စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ နိုင်ငံခြားသားတွေ သွားလာနေထိုင်ခွင့် ကန့်သတ်တဲ့ အချက် (၇) ချက်ပါ အမိန့်ကို ခရိုင်အုပ်ချုပ်ရေးမှူးက စက်တင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ အချက် (၇) ချက်ပါ အမိန့်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူး Pu Donny Lalruatsanga ဦးဆောင်တဲ့ ခရိုင်အဆင့် အစိုးရအရာရှိတွေ အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ လူမှုအဖွဲ့အစည်းကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ အစည်းအဝေးမှ ဆုံးဖြတ်ချက်တွေ အပေါ် အခြေခံပြီး ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

မိုးများလို့ ပျက်စီးသွားတဲ့ တီးတိန်မြို့ကို ရေပေးဝေနေတဲ့ ရေပိုက်လိုင်းတွေ ပြန်လည်ပြုပြီးပြီလို့ သိရ စက်တင်ဘာလ ၇ ရက်။ ချင်းပြည
+3
မိုးများလို့ ပျက်စီးသွားတဲ့ တီးတိန်မြို့ကို ရေပေးဝေနေတဲ့ ရေပိုက်လိုင်းတွေ ပြန်လည်ပြုပြီးပြီလို့ သိရ စက်တင်ဘာလ ၇ ရက်။ ချင်းပြည်နယ် ၊ တီးတိန်မြို့နယ်မှာ ပြီးခဲ့တဲ့ ရက်သတ္တတစ်ပတ်က မိုးများလို့ တီးတိန်မြို့ခံတွေ အဓိကထားအသုံးပြုနေတဲ့ ရေအရင်းအမြစ်တွေကို သွယ်တန်းထားတဲ့ ပိုက်လိုင်းတွေ ပျက်စီးမှုတွေရှိခဲ့ပြီးနောက် ရေပြတ်လပ်တာတွေဖြစ်ခဲ့ပေမယ့် လက်ရှိမှာ ပြန်လည်ပြင်ဆင်ပြီးပြီဖြစ်လို့ ဒီကနေ့စက်တင်ဘာလ ၇ ရက်က စလို့ ပြန်အသုံးပြုလို့ ရတော့မှာဖြစ်တယ်လို့ စည်ပင်သာယာရေး အဖွဲ့တာဝန်ရှိတွေဆီကနေ သိရပါတယ်။ တီးတိန်မြို့နေ ပြည်သူတွေဟာ ပွန်ပီရေ ( Pawnpi) နဲ့ Sialtaang ရေအရင်းမြစ်တွေကနေ နေအိမ်တွေအထိ သွယ်တန်းပြီး သောက်သုံးရေ ၊ ချိုးရေတွေအဖြစ် အဓိကထား အသုံးပြုနေတာလို့ သိရပါတယ်။

D-Day ခေါ်တာ ၅ နှစ်မြောက်နေ့မှာ စစ်ဘက်ဆိုင်ရာသူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်များ ၁,၇၉၂ ဦးကို NUG ချီးမြှင့် စက်တင်ဘာလ ၇ ရက်။ ပ
+5
D-Day ခေါ်တာ ၅ နှစ်မြောက်နေ့မှာ စစ်ဘက်ဆိုင်ရာသူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်များ ၁,၇၉၂ ဦးကို NUG ချီးမြှင့် စက်တင်ဘာလ ၇ ရက်။ ပြည်သူ့ခုခံတွန်းလှန်စစ် D-Day ခေါ်တာ ၅ နှစ်မြောက်နေ့ဖြစ်တဲ့ ဒီနေ့စက်တင်ဘာလ ၇ ရက်မှာ တော်လှန်ရေး ၅ နှစ်တာကာလအတွင်း အသက်၊ ခန္ဓာနှင့် ကိုယ်ကျိုးစီးပွားများကို မငဲ့ကွက်ဘဲ စစ်ရေးတာဝန်များကို ရဲဝံ့စွာ ထမ်းဆောင်ခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်စုစုပေါင်း ၁,၇၉၂ ဦး ကို စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်များကိုအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်းသိရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်ပွဲကို ပြည်သူ့ခုခံတွန်းလှန်စစ် D-Day ခေါ်တာ ၅ နှစ်မြောက်နေ့ဖြစ်တဲ့ ဒီနေ့ စက်တင်ဘာလ ၇ ရက်နေ့မှာ အွန်လိုင်းနှင့် မြေပြင်အခမ်းအနားများ ပေါင်းစပ်၍ ကျင်းပခဲ့ခြင်းဖြစ်ကာ၊ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ကို နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ပြည်သူ့သားကောင်းဆုကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲမှု လျှော့ချရေး ကြိုးပမ်းမှုများတွင် မီဇိုရမ်ပြည်နယ် တစ်နိုင်ငံလုံး အဆင့် ၁ ရရှိ စက်တင်ဘာလ ၇ ရက်။ အိန္ဒိယ
မူးယစ်ဆေးဝါး သုံးစွဲမှု လျှော့ချရေး ကြိုးပမ်းမှုများတွင် မီဇိုရမ်ပြည်နယ် တစ်နိုင်ငံလုံး အဆင့် ၁ ရရှိ စက်တင်ဘာလ ၇ ရက်။ အိန္ဒိယနိုင်ငံ၊ ဗဟိုအစိုးရရဲ့ မူးယစ်ဆေးဝါး လိုအပ်ချက် လျှော့ချရေးဆိုင်ရာ အမျိုးသား လုပ်ငန်းစီမံချက် (NAPDDR) အောက်ကနေ မူးယစ်ဆေးဝါး အလွဲသုံးစားမှု တားဆီးကာကွယ်ရေး ကြိုးပမ်းချက်တွေမှာ မီဇိုရမ်ပြည်နယ်ဟာ အိန္ဒိယနိုင်ငံ ပြည်နယ်တွေအားလုံးထဲမှာ အဆင့် ၁ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အဆိုပါ အသိအမှတ်ပြုမှုကို စက်တင်ဘာ ၃ ရက် ကြာသပတေးနေ့က ပြုလုပ်တဲ့ ပြည်ထောင်စု လူမှုတရားမျှတရေးနှင့် လုပ်ပိုင်ခွင့်များဆိုင်ရာ ဝန်ကြီးဌာန (Social Justice and Empowerment) အတွင်းဝန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ အစည်းအဝေးမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဂန့်ဂေါစစ်ကောင်စီတပ်မှာ အလင်းဝင်ခဲ့သူ ၈ ဦးဟာ CDF – KKG တပ်ဖွဲ့ဝင်နဲ့ အရပ်သားတွေကို သတ်ဖြတ်ခဲ့သူတွေ ဖြစ်နိုင်တယ်လို့ သုံးသပ်နေ
+2
ဂန့်ဂေါစစ်ကောင်စီတပ်မှာ အလင်းဝင်ခဲ့သူ ၈ ဦးဟာ CDF – KKG တပ်ဖွဲ့ဝင်နဲ့ အရပ်သားတွေကို သတ်ဖြတ်ခဲ့သူတွေ ဖြစ်နိုင်တယ်လို့ သုံးသပ်နေ စက်တင်ဘာလ ၇ ရက်။ ယောဒေသ မကွေးတိုင်း ဂန့်ဂေါမြို့ ခလရ ၅၀ တပ်မှာ ဒီကနေ့ စက်တင်ဘာလ ၇ ရက်နေ့မှာ အလင်းဝင်ရောက်လာသူ PDF ၈ ဦး ရှိတယ်လို့ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပြီး အလင်းဝင်သူတွေဟာ ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ CDF - KKG တပ်ရင်း ၆ က ဥက္ကဌဖြစ်သူနဲ့ ရဲဘော်တစ်ဦး ၊ အရပ်သားပြည်သူတစ်ဦးတို့ကို သတ်ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့သူတွေ ဖြစ်နိုင်တယ်လို့ ဒေသတွင်း သတင်းတွေမှာ သုံးသပ်ဖော်ပြပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တွေမှာတော့ ဂန့်ဂေါတပ်နယ်တွင် PDF အမျိုးသား ၈ ဦးတို့ လက်နက်ခဲယမ်းတွေနဲ့ အလူ လင်းဝင်ရောက်လာတာ ရှိတယ်လို့ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပြီး မည်သည့်တပ်ဖွဲ့ မည်သည့် အရပ်ဒေသကနေ အလင်းဝင်လာတယ်လို့တော့ ဖော်ပြထားတာမျိုးမရှိဘူးလို့ သိရပါတယ်။

သတင်းပေးဒလန်တွေ ရှိတာကြောင့် ထိန်းချုပ်နယ်မြေအတွင်း ခွင့်ပြုချက်မရဘဲ လက်နက်ကိုင်ဆောင်ခွင့် မပြုဘူးလို့ CDF – Mara ထုတ်ပြန် စက
+2
သတင်းပေးဒလန်တွေ ရှိတာကြောင့် ထိန်းချုပ်နယ်မြေအတွင်း ခွင့်ပြုချက်မရဘဲ လက်နက်ကိုင်ဆောင်ခွင့် မပြုဘူးလို့ CDF – Mara ထုတ်ပြန် စက်တင်ဘာလ ၇ ရက်။ လေကြောင်းကနေ မတရားဗုံးကြဲနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို သတင်းပေး (ဒလန်) တွေရှိတာကြောင့် Chinland Defense Force -–Mara (CDF - Mara) ထိန်းချုပ်နယ်မြေအတွင်း စက်တင်ဘာလ ၅ ရက်နေ့ကစလို့ ခွင့်ပြုချက်မရဘဲ လက်နက်ခဲယမ်း၊ကိုင်ဆောင်သယ်ဆောင်တာတွေ မပြုလုပ်ရဘူးလို့ CDF – Mara က စက်တင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်လိုက်ပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဟာ လေကြောင်းကနေ မတရားဗုံးကြဲလျက်ရှိသည်သာမကဘဲ မြေပြင်တွင်လည်း သတင်းပေး ( ဒလန်) တွေ သွားလာလှုပ်ရှားလျက်ရှိတာကို သိရှိရတယ်လို့ CDF -–Mara က ဆိုပါတယ်။ ဒါကြောင့် စက်တင်ဘာလ ၅ ရက်နေ့ကစလို့ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကမဆို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လက်နက်ခဲယမ်းသယ်ဆောင်တာ ၊ လက်နက်ကိုင်ဆောင်တာတွေ CDF -–Mara ထိန်းချုပ်နယ်မြေအတွင်း လှုပ်ရှားသွားလာခြင်း မပြုလုပ်ရဘူးလို့ ဆိုထားပါတယ်။