4 688
Subscribers
-724 hours
-247 days
-8230 days
Data loading in progress...
Similar Channels
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
September '26
September '26
+22
in 0 channels
August '26
+63
in 0 channels
Get PRO
July '26
+136
in 1 channels
Get PRO
June '26
+175
in 1 channels
Get PRO
May '26
+152
in 0 channels
Get PRO
April '26
+148
in 1 channels
Get PRO
March '26
+66
in 0 channels
Get PRO
February '26
+96
in 1 channels
Get PRO
January '26
+113
in 0 channels
Get PRO
December '25
+215
in 1 channels
Get PRO
November '25
+86
in 0 channels
Get PRO
October '25
+130
in 3 channels
Get PRO
September '25
+99
in 1 channels
Get PRO
August '25
+124
in 3 channels
Get PRO
July '25
+114
in 1 channels
Get PRO
June '25
+111
in 1 channels
Get PRO
May '25
+135
in 1 channels
Get PRO
April '25
+225
in 1 channels
Get PRO
March '25
+221
in 0 channels
Get PRO
February '25
+459
in 1 channels
Get PRO
January '25
+314
in 1 channels
Get PRO
December '24
+397
in 3 channels
Get PRO
November '24
+243
in 1 channels
Get PRO
October '24
+158
in 1 channels
Get PRO
September '24
+158
in 1 channels
Get PRO
August '24
+465
in 8 channels
Get PRO
July '24
+445
in 1 channels
Get PRO
June '24
+687
in 2 channels
Get PRO
May '24
+147
in 1 channels
Get PRO
April '24
+102
in 1 channels
Get PRO
March '24
+104
in 1 channels
Get PRO
February '24
+142
in 1 channels
Get PRO
January '24
+117
in 2 channels
Get PRO
December '23
+164
in 2 channels
Get PRO
November '23
+210
in 3 channels
Get PRO
October '23
+25
in 1 channels
Get PRO
September '23
+37
in 0 channels
Get PRO
August '23
+35
in 0 channels
Get PRO
July '23
+108
in 0 channels
Get PRO
June '23
+194
in 0 channels
Get PRO
May '23
+251
in 0 channels
Get PRO
April '23
+180
in 0 channels
Get PRO
March '23
+166
in 0 channels
Get PRO
February '23
+139
in 0 channels
Get PRO
January '23
+314
in 0 channels
Get PRO
December '22
+175
in 0 channels
Get PRO
November '22
+143
in 0 channels
Get PRO
October '22
+340
in 0 channels
| Date | Subscriber Growth | Mentions | Channels | |
| 10 September | +1 | |||
| 09 September | +3 | |||
| 08 September | +3 | |||
| 07 September | +2 | |||
| 06 September | +1 | |||
| 05 September | +2 | |||
| 04 September | +3 | |||
| 03 September | +2 | |||
| 02 September | +3 | |||
| 01 September | +2 |
Channel Posts
ကြားဖြတ်ရွေးကောက်ပွဲတွင် ရီပတ်ဘလီကင်များ အနိုင်ရပါက နိုင်ငံသားတစ်ဦးလျှင် ဒေါ်လာ ၅,၀၀၀ စီ ပေးမည်ဟု ထရမ့်ပ် ကတိပြု
စက်တင်ဘာ ၁၀
လာမယ့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲ မှာ ရီပတ်ဘလီကင် (Republican) ပါတီက အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နှစ်ရပ်လုံးကို ဆက်လက်ထိန်းချုပ်နိုင်ခဲ့ရင် အမေရိကန် အရွယ်ရောက်ပြီး နိုင်ငံသားတစ်ဦးချင်းစီကို ဒေါ်လာ ၅,၀၀၀ စီ “ထရမ့်ပ် အမြတ်ဝေစု” (Trump Dividend) အဖြစ် ပေးအပ်သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ် (Donald Trump) က ကတိပြု ကြေညာလိုက်ပါတယ်။
တက္ကဆက်ပြည်နယ်၊Dallas မြို့မှာ စက်တင်ဘာလ (၇) ရက်နေ့က ကျင်းပခဲ့တဲ့ ရီပတ်ဘလီကင် ကြားဖြတ်ရွေးကောက်ပွဲ ညီလာခံအတွင်း ထရမ့်ပ်က “ရီပတ်ဘလီကင်တွေ နိုင်ရင် ခင်ဗျားတို့ပါ အတူတူ နိုင်မှာဖြစ်ပြီး ဒေါ်လာ ၅,၀၀၀ စီ ရကြပါလိမ့်မယ်။ ဒါကို ‘Trump Dividend’ လို့ ခေါ်ပါမယ်။ အခု ကျွန်တော်တို့ လုပ်ရမှာက ရွေးကောက်ပွဲမှာ နိုင်ဖို့ပါပဲ” လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
| 2 | ဖလမ်းမြို့မှာ ပင်စင်လစာထုတ်ယူခွင့်လုပ်ငန်းစဉ် ပြန်လည်စတင်မယ်လို့ သိရ
စက်တင်ဘာလ ၁၀ ရက်။
ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ခေတ္တရပ်နားထားတဲ့ ပင်စင်လစာ ထုတ်ယူခွင့်လုပ်ငန်းစဉ်တွေကို ပြန်လည်စတင် လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ ဘဏ်တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
ပင်စင်စားများအနေဖြင့် ပင်စင်လစာပြန်လည်ထုတ်ယူ လျှောက်ထားရာတွင် ပင်စင်စာအုပ်မူရင်းနဲ့ အတူ ဘဏ်ကို လူကိုယ်တိုင် လာရောက်လျှောက်ထားရမှာဖြစ်ပြီး ကိုယ်စားထုတ်ယူခွင့်ကိုတော့ လုံးဝခွင့်မပြုသေးကြောင်းလည်း သိရပါတယ်။ | 84 |
| 3 | ZRA-EC စခန်းကို ZNA ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ZRA – EC ဘက်က ၁ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ထုတ်ပြန်
စက်တင်ဘာလ ၁၀ ရက်။
ချင်းပြည်နယ် ၊ တွန်းဇံမြို့နယ်က ၊ ဇမ်ပီကျေးရွာရှိ Zomi Revolutionary Army ( ZRA – EC) စခန်းကို Zomi National Army (ZNA) တပ်ဖွဲ့က ဒီကနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်း ၃ နာရီဝန်းလောက်မှာ ဝင်ရောက်ပစ်ခတ်ခိုက်ခဲ့လို့ ZRA – EC တပ်ဖွဲ့ဘက်က ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ZRA – EC က ထုတ်ပြန်ထားပါတယ်။
ဇမ်ပီကျေးရွာရှိ Zomi Revolutionary Army ( ZRA – EC) စခန်းကို Zomi National Army (ZNA) တပ်ဖွဲ့က ဒီကနေ့ မနက်အစောပိုင်း ၂ နာရီ မိနစ် ၄၀ ခန့်လောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အဆိုပါ ပစ်ခတ်အမှုအတွင်း Zomi National Army (ZNA) ဘက်ကလည်း ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ | 161 |
| 4 | Pi Helen Dawngliani ဒုတိယမြောက် မီဇိုအမျိုးသမီး တရားလွှတ်တော် တရားသူကြီး ဖြစ်လာ
စက်တင်ဘာ ၉ ရက်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ် တရားစီရင်ရေးဌာန အရာရှိ Pi Helen Dawngliani ကို ဂူဝါဟတီ တရားလွှတ်တော် (Gauhati High Court) ရဲ့ တွဲဖက် တရားသူကြီး အဖြစ် ခန့်အပ်ဖို့ အိန္ဒိယဗဟိုအစိုးရက အတည်ပြု အတည်ပြုပေးလိုက်တာကြောင့် သူမဟာ မီဇိုအမျိုးသမီးတွေထဲမှာ ဒုတိယမြောက် တရားလွှတ်တော် တရားသူကြီး ဖြစ်လာတော့မယ်လို့ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။
ပြည်ထောင်စုအစိုးရက သူမကို ခန့်အပ်ကြောင်း အမိန့်ကြော်ငြာစာကို စက်တင်ဘာလ ၈ ရက်၊ အင်္ဂါနေ့မှာ တရားဝင် ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယ တရားလွှတ်တော်ချုပ် Supreme Court Collegium ဟာ ဩဂုတ်လ ၁၈ ရက်နေ့မှာ Helen Dawngliani နဲ့အတူ နာဂလန်းအခြေစိုက် ရှေ့နေ Nchumbemo Mozhui တို့ကို တရားလွှတ်တော် တရားသူကြီးတွေအဖြစ် ခန့်အပ်ဖို့ အကြံပြုထောက်ခံချက် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဗဟိုအစိုးရက အဆိုပါ အကြံပြုချက်ကို လက်ခံအတည်ပြုပြီး တရားဝင် ခန့်အပ်ကြောင်း အမိန့်ကြေညာချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ | 284 |
| 5 | https://www.youtube.com/watch?v=r_LFVE8HSIo | 238 |
| 6 | မန်ယူဂန္ထဝင်များ ရန်ကုန်ခရီးစဉ် ဖျက်သိမ်းပေးရန် ပရိသတ်များ လက်မှတ်ရေးထိုး တောင်းဆို
စက်တင်ဘာလ ၉ ရက်။
မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကြောင့် ချစ်ကြည်ရေးနဲ့ ဖျော်ဖြေရေး ခရီးစဉ်အဖြစ် လာရောက်မယ့် မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် ကစားသမားဟောင်းတွေရဲ့ ရန်ကုန်ခရီးစဉ်ကို ဖျက်သိမ်းပေးဖို့ မန်ယူအသင်းကို အားပေးတဲ့ ပရိသတ်တွေ အပါအဝင် အားကစားချစ်သူတွေက အွန်လိုင်းကနေ လက်မှတ်ရေးထိုး တောင်းဆိုနေကြပါတယ်။
လာမယ့် အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၁ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နာမည်ကျော် ဂန္ထဝင် ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ရိုင်ယန်ဂစ် (Ryan Giggs)၊ ဒီမီတာ ဘာဗာတော့ (Dimitar Berbatov)၊ အန်ဒါဆန် (Anderson) နဲ့ ပက်ထရစ် အီဗရာ (Patrice Evra) တို့ရဲ့ ခရီးစဉ်ကို ဖျက်သိမ်းပေးဖို့ ယူကေနိုင်ငံ၊ မန်ချက်စတာမြို့မှာ ရောက်ရှိနေတဲ့ မြန်မာပြည်ဖွားတွေက ဦးဆောင်ပြီး အခုလို လက်မှတ်ရေးထိုး ကမ်ပိန်း ပြုလုပ်နေတာ ဖြစ်ပါတယ်။ | 271 |
| 7 | https://www.youtube.com/watch?v=r64YsqzzrKs | 218 |
| 8 | စစ်ကောင်စီက စစ်ရေးအရ အသာစီးရလာပြီး နယ်မြေစိုးမိုးလာနိုင်တယ်ဆိုတာ မြေပြင်လက်တွေ့အခြေအနေနဲ့ ကိုက်ညီမှု မရှိကြောင်း Dr. Sui Khar ပြော
စက်တင်ဘာလ ၉ ရက်။
ချင်းပြည်နယ်မှာ စစ်ကောင်စီက စစ်ရေးအရ အသာစီးရလာပြီး နယ်မြေစိုးမိုးလာနိုင်တယ်ဆိုတာ မြေပြင် လက်တွေ့အခြေအနေနဲ့ ကိုက်ညီမှု မရှိတဲ့အကြောင်း ချင်းပြည် ( Chinland) ကောင်စီကဖွဲ့စည်းပေးထားတဲ့ ချင်းပြည်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Dr. Sui Khar က ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ Chinland Council ရဲ့သတင်းစာ ရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။
ချင်းပြည်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Dr. Sui Khar က “စစ်ကောင်စီဝါဒဖြန့်မှုပေါ့ အဓိကအားဖြင့် စစ်ရေးအရ အသားစီးရလာတယ် နယ်မြေစိုးမိုးလာတယ်ဆိုပြီး ပြောလာကြတယ် ပထမအနေနဲ့ ကျနော်ပြောချင်တာက အရင်ကတည်းကနေ တချို့မြို့တွေမှ အပ ရွာတွေမှာက နေပြည်တော်ရဲ့ သြဇာသက်ရောက်မှုက နတ္ထိ လုံးဝကိုမရှိဘူး ရုံးစာ ရုံးတစ်ခုမှ မရှိဘူး ပြောချင်တာက သူတို့ရဲ့သြဇာအာဏာသက်ရောက်မှုလုံးဝမရှိဘူး ဒီအချိန်မှာလည်း ဥပမာ တွန်းဇံ၊ ဖလမ်း မြို့ကိုသာယူတာ နယ်မှာ သူတို့သြဇာအာဏာသက်ရောက်မှုက တစ်ခုမှမရှိဘူး | 244 |
| 9 | နှာရိန်မြို့မှာ ဝက်နာရောဂါကြောင့် ဝက်သေဆုံးမှုတွေရှိပြီး ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ဖို့ လိုက်နာရမယ့် အချက်တွေထုတ်ပြန်
စက်တင်ဘာလ ၉ ရက်။
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ၊ နှာရိန်မြို့မှာ လက်ရှိဝက်နာရောဂါ ကျရောက်နေတာကြောင့် ဝက်နာရောဂါကြောင့် ဝက်သေဆုံးမှုတွေရှိပြီး ဝက်ရောဂါကူးစက်ပျံနှံ့မှု ထိန်းချုပ်နိုင်ရန် ဒီကနေ့စက်တင်ဘာလ ၉ ရက်ကစလို့ စက်တင်ဘာလ ၂၂ ရက်နေ့အထိ နှာရိန်မြို့ကနေ ကျေးရွာတွေကို ဝက်အကောင်တွေကိုဖြစ်စေ၊ ဝက်သားတွေကိုဖြစ်စေ သယ်ဆောင် ဝင်ရောက်စေခြင်း မရှိစေဖို့ စတဲ့ လိုက်နာရမယ့် အချက်တွေကို လောက်တူဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာလ ၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
နှာရိန်မြို့ အမှတ် (၁) ရက်ကွက်နဲ့ အမှတ် (၂) ရက်ကွက်မှာ စက်တင်ဘာလ ၇ ရက်နေ့အထိ ဝက်နာရောဂါဖြစ်တဲ့ အကောင်ရေဟာ ၆၁ ကောင်အထိရှိပြီး သေဆုံးအကောင်အရေဟာလည်း ၁၁ ကောင်ရေရှိပြီဖြစ်တယ်လို့ လောက်တူဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထု | 299 |
| 10 | ပလက်ဝမြို့နယ်မှာ ၁၂ တန်းရခိုင်ဘာသာသင်ရိုးနေရာမှာ ကြိုက်နှစ်သစ်ရာ ဘာသာကို ရွေးချယ်သင်ကြားပေးမယ့် မူဝါဒကျင့်သုံးမယ်လို့ ULA / AA ပညာရေးဌာနထုတ်ပြန်
စက်တင်ဘာလ ၉ ရက်။
ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်မှာ ၁၂ တန်းမြန်မာစာနေရာမှာ ရခိုင်ဘာသာသင်ရိုးသစ်ကို အစားထိုးထားပေမယ့် ကျောင်းသူကျောင်းသားတွေအနေဖြင့် ကြိုက်နှစ်သစ်ရာ ဘာသာကို ရွေးချယ်သင်ကြားပေးမယ် မူဝါဒကျင့်သုံးမယ်လို့အာရက္ခတပ်တော်(ULA / AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ၎င်းရဲ့ တယ်လီဂရမ်ချယ်နယ်ကနေတဆင့် အာရက္ခအမျိုးသားပညာရေးဌာနရဲ့ သဘောထားကို ဒီကနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ရခိုင်ဘာသာသင်ရိုးသစ် သင်ကြားမှုတွင် ကျောင်းသား၊ ကျောင်းသူတိုင်းကို မသင်မနေရ အတင်းအဓမ္မသင်ယူခိုင်းတာမျိုးလည်း မရှိကြောင်း အာရက္ခတပ်တော် ULA / AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာတွေ့ရပါတယ်။ | 308 |
| 11 | တိုင်းရင်းသားလက်နက်ကိုင်တွေထံ ဒရုန်းစစ်ဆင်ရေးနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပေးခဲ့တဲ့ အမေရိကန်နိုင်ငံသား ၁ ဦးနဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးတို့အပေါ် အကြမ်းဖက်မှု ဥပဒေနဲ့ တရားစွဲဆိုမှုကို ပြန်ရုပ်သိမ်းပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အိန္ဒိယမှာ ပြောင်းလဲ တရားစွဲ
စက်တင်ဘာလ ၉ ရက်။
အိန္ဒိယကနေတဆင့်မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေဆီ လာရောက်ပြီး ဒရုန်းနည်းပညာနဲ့ စစ်ရေးလေ့ကျင့်မှုတွေ သင်ကြားပေးလို့ဆိုပြီး အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ ( NIA) ဖမ်းဆီးခဲ့တဲ့ အမေရိကန်နိုင်ငံသား ၁ ဦးနဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးတို့ပေါ် စွဲဆိုထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေကို ယာယီအားဖြင့် ပြန်ရုပ်သိမ်းလိုက်ပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ပဲ ပြောင်းလဲ တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။
အိန္ဒိယအမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ ( NIA) က တင်သွင်းခဲ့တဲ့ စွဲချက်တင်လွှာမှာ မူလစွဲဆိုထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ( UAPA) ပုဒ်မကို ဖယ်ထုတ်ပြီး စက်တင်ဘာလ ၈ ရက်နေ့က | 298 |
| 12 | https://www.youtube.com/watch?v=XFIf4hfcMZE | 317 |
| 13 | https://chinworld.org/2026/09/%e1%80%9e%e1%80%80%e1%80%ba%e1%80%9e%e1%80%b1%e1%80%90%e1%80%bd%e1%80%b1-%e1%80%9b%e1%80%be%e1%80%ad%e1%80%94%e1%80%b1%e1%80%95%e1%80%bc%e1%80%ae%e1%81%8a-%e1%80%98%e1%80%9a%e1%80%ba%e1%80%99/ | 324 |
| 14 | ချင်းလူငယ်တစ်ဦး ရန်ကုန်မြို့လှည်းတန်းအဆောင်မှာ နေထိုင်စဉ် အဆက်သွယ်မရဘဲ ပျောက်ဆုံးသွားလို့ အမြန်ဆုံးတွေ့ရှိနိုင်ဖို့ အကူညီတောင်း
စက်တင်ဘာလ ၈ ရက်။
ချင်းပြည်နယ်၊ မတူပီမြို့နယ် ၊ ရမ်းစီးကျေးရွာက မောင်ရမ်မင်းထန် (၁၉) နှစ် အရွယ်ရှိသူဟာ ရန်ကုန်မြို့ ၊ ကမာရွက်မြို့နယ်၊ လှည်းတန်းအဆောင်တွင် နေထိုင်စဉ် ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့ညကစလို့အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားလို့ အမြန်ဆုံးတွေ့ရှိနိုင်ဖို့ ကူညီပေးကြဖို့ ရန်ကုန်ဇိုတုန်လူမှုရေးအသင်းက ဒီကနေ့စက်တင်ဘာလ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မတူပီမြို့နယ် ၊ ရမ်းစီးကျေးရွာနေ ခရစ်ယာန်ဓမ္မအမှုတော်ဆောင် အဘ Rev. ကျော်လွင်၏ သား မောင်ရမ်မင်းထန် (၁၉) နှစ် အရွယ်ရှိသူဟာ လှည်းတန်းအဆောင်တွင် နေထိုင်နေစဉ် စက်တင်ဘာလ ၆ ရက်နေ့ (တနင်္ဂနွေနေ့) ည ၉ နာခန့်လောက်ကနေစလို့ ဒီကနေ့ အချိန်ထိ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ | 354 |
| 15 | မီဇိုရမ်၊လောင်တလိုင်ခရိုင်တွင် စစ်ဘေးရှောင်ဒုက္ခသည်တွေ နဲ့ နိုင်ငံခြားသားတွေ လိုက်နာရမယ့် ကန့်သတ်ချက် အမိန့် ၇ ချက် ထုတ်ပြန်
စက်တင်ဘာလ ၈ ရက်။
မြန်မာ (ချင်း) စစ်ဘေးရှောင်တွေ ထောင်နဲ့ချီ နေထိုင်တဲ့ မြန်မာ - အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်တွင် စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့ နိုင်ငံခြားသားတွေ သွားလာနေထိုင်ခွင့် ကန့်သတ်တဲ့ အချက် (၇) ချက်ပါ အမိန့်ကို ခရိုင်အုပ်ချုပ်ရေးမှူးက စက်တင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
အချက် (၇) ချက်ပါ အမိန့်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူး Pu Donny Lalruatsanga ဦးဆောင်တဲ့ ခရိုင်အဆင့် အစိုးရအရာရှိတွေ အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ လူမှုအဖွဲ့အစည်းကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ အစည်းအဝေးမှ ဆုံးဖြတ်ချက်တွေ အပေါ် အခြေခံပြီး ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ | 365 |
| 16 | မိုးများလို့ ပျက်စီးသွားတဲ့ တီးတိန်မြို့ကို ရေပေးဝေနေတဲ့ ရေပိုက်လိုင်းတွေ ပြန်လည်ပြုပြီးပြီလို့ သိရ
စက်တင်ဘာလ ၇ ရက်။
ချင်းပြည်နယ် ၊ တီးတိန်မြို့နယ်မှာ ပြီးခဲ့တဲ့ ရက်သတ္တတစ်ပတ်က မိုးများလို့ တီးတိန်မြို့ခံတွေ အဓိကထားအသုံးပြုနေတဲ့ ရေအရင်းအမြစ်တွေကို သွယ်တန်းထားတဲ့ ပိုက်လိုင်းတွေ ပျက်စီးမှုတွေရှိခဲ့ပြီးနောက် ရေပြတ်လပ်တာတွေဖြစ်ခဲ့ပေမယ့် လက်ရှိမှာ ပြန်လည်ပြင်ဆင်ပြီးပြီဖြစ်လို့ ဒီကနေ့စက်တင်ဘာလ ၇ ရက်က စလို့ ပြန်အသုံးပြုလို့ ရတော့မှာဖြစ်တယ်လို့ စည်ပင်သာယာရေး အဖွဲ့တာဝန်ရှိတွေဆီကနေ သိရပါတယ်။
တီးတိန်မြို့နေ ပြည်သူတွေဟာ ပွန်ပီရေ ( Pawnpi) နဲ့ Sialtaang ရေအရင်းမြစ်တွေကနေ နေအိမ်တွေအထိ သွယ်တန်းပြီး သောက်သုံးရေ ၊ ချိုးရေတွေအဖြစ် အဓိကထား အသုံးပြုနေတာလို့ သိရပါတယ်။ | 365 |
| 17 | D-Day ခေါ်တာ ၅ နှစ်မြောက်နေ့မှာ စစ်ဘက်ဆိုင်ရာသူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်များ ၁,၇၉၂ ဦးကို NUG ချီးမြှင့်
စက်တင်ဘာလ ၇ ရက်။
ပြည်သူ့ခုခံတွန်းလှန်စစ် D-Day ခေါ်တာ ၅ နှစ်မြောက်နေ့ဖြစ်တဲ့ ဒီနေ့စက်တင်ဘာလ ၇ ရက်မှာ တော်လှန်ရေး ၅ နှစ်တာကာလအတွင်း အသက်၊ ခန္ဓာနှင့် ကိုယ်ကျိုးစီးပွားများကို မငဲ့ကွက်ဘဲ စစ်ရေးတာဝန်များကို ရဲဝံ့စွာ ထမ်းဆောင်ခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်စုစုပေါင်း ၁,၇၉၂ ဦး ကို စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်များကိုအမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်းသိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်ပွဲကို ပြည်သူ့ခုခံတွန်းလှန်စစ် D-Day ခေါ်တာ ၅ နှစ်မြောက်နေ့ဖြစ်တဲ့ ဒီနေ့ စက်တင်ဘာလ ၇ ရက်နေ့မှာ အွန်လိုင်းနှင့် မြေပြင်အခမ်းအနားများ ပေါင်းစပ်၍ ကျင်းပခဲ့ခြင်းဖြစ်ကာ၊ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ကို နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ပြည်သူ့သားကောင်းဆုကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။ | 416 |
| 18 | https://www.youtube.com/watch?v=U8s02PgF81U | 359 |
| 19 | https://www.youtube.com/watch?v=yZAdp8zih58&t=116s | 366 |
| 20 | မူးယစ်ဆေးဝါး သုံးစွဲမှု လျှော့ချရေး ကြိုးပမ်းမှုများတွင် မီဇိုရမ်ပြည်နယ် တစ်နိုင်ငံလုံး အဆင့် ၁ ရရှိ
စက်တင်ဘာလ ၇ ရက်။
အိန္ဒိယနိုင်ငံ၊ ဗဟိုအစိုးရရဲ့ မူးယစ်ဆေးဝါး လိုအပ်ချက် လျှော့ချရေးဆိုင်ရာ အမျိုးသား လုပ်ငန်းစီမံချက် (NAPDDR) အောက်ကနေ မူးယစ်ဆေးဝါး အလွဲသုံးစားမှု တားဆီးကာကွယ်ရေး ကြိုးပမ်းချက်တွေမှာ မီဇိုရမ်ပြည်နယ်ဟာ အိန္ဒိယနိုင်ငံ ပြည်နယ်တွေအားလုံးထဲမှာ အဆင့် ၁ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အဆိုပါ အသိအမှတ်ပြုမှုကို စက်တင်ဘာ ၃ ရက် ကြာသပတေးနေ့က ပြုလုပ်တဲ့ ပြည်ထောင်စု လူမှုတရားမျှတရေးနှင့် လုပ်ပိုင်ခွင့်များဆိုင်ရာ ဝန်ကြီးဌာန (Social Justice and Empowerment) အတွင်းဝန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ အစည်းအဝေးမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ | 318 |
