en
Feedback
Forward Channel [RANGOON]

Forward Channel [RANGOON]

Open in Telegram

ရန်ကုန်မြို့အခြေစိုက် ဒီမိုကရေစီအရေးတတ်ကြွလှုပ်ရှားအဖွဲ့အစည်း 🔹 Fundraising ➡️ @FCRFUNDRAISING🔹 🔹Tech ➡️ @FCRSTORE 🔹 FOR BUSINESSES CONTACT ➡️ @FCR02Bot

Show more
4 097
Subscribers
No data24 hours
-257 days
-65030 days
Posts Archive
ကံကောင်းခြင်းတွေရရှိဖို့ ထီကိုဘယ်သူတွေကို ရွေးချယ် ကံစမ်းခိုင်းလေ့ရှိလဲ?🤔 ဘဝလက်တွဲဖော်ဖြစ်တဲ့ မိမိကောင်မလေးကိုရွေးခိုင်းလေ့ရ
ကံကောင်းခြင်းတွေရရှိဖို့ ထီကိုဘယ်သူတွေကို ရွေးချယ် ကံစမ်းခိုင်းလေ့ရှိလဲ?🤔 ဘဝလက်တွဲဖော်ဖြစ်တဲ့ မိမိကောင်မလေးကိုရွေးခိုင်းလေ့ရှိလား ?ကံကောင်းတက်တဲ့ကလေးလေးတွေကိုလား?👶 ကောင်မလေး ပစ်သွားပြီးထဲက စိတ်မငြိမ်တော့တဲ့ ဘော်ဒါကြီးတွေကို ရွေးခိုင်းလေ့ရှိလား?ဒါမှမဟုတ်မိမိကိုယ်တိုင်လား..စတာလေးတွေကို မျှဝေပေးပြီး ကိုယ်တွေ့ခံစားချက်လေးတွေပါ ရေးပေးသွားပါဦးနော်?✍️🤳 May လအတွက် နွေဦးထီနဲ့ Super 4ကို NOH-RG-000101 @Mia_Kyi_Nhyun ဆီကနေ  အားပေးကံစမ်းလို့ရပါပြီ!🥳

“အပတ်စဥ် (၁) Super 4 ပေါက်စဥ်” စူပါဖိုး အမှတ်စဥ် “SF202501” ၏ ဆုအမျိုးအစား (၆) ခုလုံးရဲ့ ပေါက်မဲနံပါတ်တွေ ထွက်ရှိလာပြီး ဆုကြေ
“အပတ်စဥ် (၁) Super 4 ပေါက်စဥ်” စူပါဖိုး အမှတ်စဥ် “SF202501” ၏ ဆုအမျိုးအစား (၆) ခုလုံးရဲ့ ပေါက်မဲနံပါတ်တွေ ထွက်ရှိလာပြီး ဆုကြေးများကို တိုက်ရိုက် ထည့်သွင်းပေးထားပြီး ဖြစ်ပါတယ်။ Weekly Super 4 ရဲ့ Pilot ကာလ လေးမှာ web application အား တည်ငြိမ်အဆင့်မီအောင် အစွမ်းရှိသမျှ ဆောင်ရွက်ကြိုးစားနေသည့်အတွက် ရလာဒ်များကို စစ်ဖို့ အခက်အခဲရှိပါက ခေတ္တ စောင့်ဆိုင်းပေးဖို့လည်း မေတ္တာ ရပ်ခံလိုပါတယ်။ လိပ်ပြာလုံစွာ ထည့်ဝင်လိုက်တဲ့ ငွေကျပ် ၁,၀၀၀ မှသည် ပြည်သူ့ဘဏ္ဍာ ဖြည့်တင်းရေးမှာ များစွာအကျိုး သက်ရောက်မှုရှိတာကြောင့် ပါဝင်သူတိုင်းအတွက် အလွန်တရာမှ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ May လအတွက် နွေဦးထီနဲ့ Super 4ကို NOH-RG-000101 @Mia_Kyi_Nhyun ဆီကနေ  အားပေးကံစမ်းလို့ရပါပြီ!🥳

FCR အဖွဲ့သားများ မြေပြင်သို့ ရောက်ရှိကူညီနေပါကြောင်း 🙏 အားလုံးဘေးကင်းကြပါစေ #Forwardchannelrangoon

လေထုညစ်ညမ်းနေတဲ့ ရန်ကုန် -လေထုအရည်အသွေးတိုင်းတာတဲ့ အဖွဲ့အစည်း IQAir ရဲ့ ဇန်နဝါရီ ၂၆ ရက် နေ့လယ်ပိုင်း တိုင်းတာချက်အရ ရန်ကုန်မြ
လေထုညစ်ညမ်းနေတဲ့ ရန်ကုန် -လေထုအရည်အသွေးတိုင်းတာတဲ့ အဖွဲ့အစည်း IQAir ရဲ့ ဇန်နဝါရီ ၂၆ ရက် နေ့လယ်ပိုင်း တိုင်းတာချက်အရ ရန်ကုန်မြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှု အဆင့် ၈ မှာ ရှိနေခဲ့ 🌐 FCR Jan 26 🌐 ရန်ကုန်မြို့မှာ ဒီနေ့မနက်ပိုင်းမှာလည်း မြူဆိုင်းခဲ့ပြီး ရန်ကုန်မြို့ခံတွေကတော့ ဒီလို လေထုညစ်ညမ်းတဲ့အကြောင်း သတင်းမှာကြေညာတာတွေ မတွေ့ဘူးလို့ ဆိုပါတယ်။ ဆက်လက်ဖတ်ရှု့ရန် ⬇️

အမျိုးသမီးများ စစ်မှုထမ်းဆောင်ရန် သန်လျင်တွင် စာရင်းစတင်ကောက်ယူ 🌐 FCR Jan 25 🌐 စစ်ကောင်စီသည် စစ်မှုမထမ်းမနေရ ဥပဒေဖြင့် စစ်မ
အမျိုးသမီးများ စစ်မှုထမ်းဆောင်ရန် သန်လျင်တွင် စာရင်းစတင်ကောက်ယူ 🌐 FCR Jan 25 🌐 စစ်ကောင်စီသည် စစ်မှုမထမ်းမနေရ ဥပဒေဖြင့် စစ်မှုထမ်းဆောင်ရန် အမျိုးသမီးများကိုပါ စာရင်း စတင်ကောက်ယူနေပြီဖြစ်ကြောင်း သိရသည်။ သန်လျင်မြို့၊ ဗိုလ်ချုပ်ကျေးရွာအုပ်စုတွင် ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်နေ့က အသက် ၁၈ နှစ်နှင့် ၂၇ နှစ်ကြားရှိ စစ်မှုထမ်းရန်အကျုံးဝင်သည့် အမျိုးသမီးများ စာရင်းကို ကောက်ယူခဲ့ကြောင်း သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာနေ အမျိုးသမီးတစ်ဦးထံက သိရသည်။ "မိန်းမတွေကိုပါ စာရင်းတွေကောက်နေပြီ။ စာရင်းထဲတွေ့လိုက်တာ အယောက် ၂၀ လောက်ရှိတယ် "ဟု သန်လျင်မြို့နေ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ထို့အပြင် သာကေတမြို့နယ်၊ တာမွေမြို့နယ်တို့ရှိ ရပ်ကွက်နှင့် လမ်းအချို့တွင်လည်း စစ်မှုထမ်း‌ ဆောင်ရမည့်အမျိုးသမီးများစာရင်းကို ကောက်ယူသွားကြောင်း ဒေသခံများထံက သိရပါတယ်။ ဆက်လက်ဖတ်ရှု့ရန် ⬇️

စစ်မှုထမ်းရမည့် လူငယ်များ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့် မရှိစေရဟု စစ်မှုထမ်းနည်းဥပဒေဖြင့် ပြဋ္ဌာန်း ပိတ်ပင်လိုက်ပြီး စ
စစ်မှုထမ်းရမည့် လူငယ်များ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့် မရှိစေရဟု  စစ်မှုထမ်းနည်းဥပဒေဖြင့် ပြဋ္ဌာန်း ပိတ်ပင်လိုက်ပြီး စစ်မှုထမ်းရမည့် လူငယ်များစာရင်းကို အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ ပေးပို့တော့မည် 🌐 FCR Jan 25 🌐 အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းရမည့် လူငယ်များကို စစ်မှုထမ်းဆင့် ခေါ်ရေး ဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာခွင့် မရှိစေရဆိုသော ပြဋ္ဌာန်းချက်များကို ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် တရားဝင်ပြဋ္ဌာန်း ၍ စတင်ပိတ်ပင်လိုက်ကြောင်း အဆိုပါ နည်းဥပဒေအရ သိရှိရသည်။ ဆက်လက်ဖတ်ရှု့ရန် ⬇️

Welcoming New Year 2025!

❐ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် PDF များ စစ်ဆေးမှု ပြုလုပ်သည့်ကိစ္စ စစ်ကောင်စီထောက်ခံသူများ စစ်တပ်ကို ပြန်လည်မေးခွန်းထုတ် ဝေဖန်။
🌐 FCR Dec 23 🌐 ရန်ကုန်-မန္တလေး အမြန်ကားလမ်းမကြီးပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ခရီးသွားယာဉ်များကို ရှောင်တခင် စစ်ဆေးမှု၊ အသိပေးမှုများ ပြုလုပ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီထောက်ခံသူများက စစ်တပ်အပေါ် မေးခွန်းထုတ် ဝေဖန်မှုများ ရှိနေသည်။ ဆက်လက်ဖတ်ရှု့ရန် ⬇️

မတရားစစ်မှုထမ်းစုဆောင်းခံရသူများ စစ်တပ်မှစွန့်ခွာနိုင်ရေး ကူညီပေးမည်ဟု ပြည်သူ့ရင်ခွင်အဖွဲ့ ထုတ်ပြန် 🌐 FCR Dec 13 🌐 အာဏာသိမ်
မတရားစစ်မှုထမ်းစုဆောင်းခံရသူများ စစ်တပ်မှစွန့်ခွာနိုင်ရေး ကူညီပေးမည်ဟု ပြည်သူ့ရင်ခွင်အဖွဲ့ ထုတ်ပြန် 🌐 FCR Dec 13 🌐 အာဏာသိမ်းစစ်ကောင်စီ၏ မတရားစစ်မှုထမ်းစုဆောင်းခံရသူများ စစ်တပ်မှ စွန့်ခွာနိုင်ရေး ကူညီဆောင်ရွက်ပေးမည်ဟု ပြည်သူ့ရင်ခွင် - People's Embrace က ထုတ်ပြန်ကြေညာသည်။ နိုင်ငံတစ်ဝန်းလုံးတွင် စစ်ရှုံးနေသောစစ်ကောင်စီက လူငယ်များအား ရုပ်ပျက်ဆင်းပျက် မတရားစုဆောင်းဖမ်းဆီး၍ စစ်မှုထမ်းစေသည့် ဖြစ်စဉ်များမြင့်တက်နေကြောင်း၊ မတရားစစ်မှုထမ်းစုဆောင်းခံရသူများအနက် ပြည်သူ့ရင်ခွင်သို့ လာရောက်ဆက်သွယ် အကူအညီ တောင်းခံမှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ EROs များနှင့် မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများပူးပေါင်း၍ ခေါ်ထုတ်ကယ်ဆယ်ခဲ့သော မတရားစစ်မှုထမ်း စုဆောင်းခံရသူများတွင် အသက်မပြည့်သော ကလေးသူငယ်များထိ ပါဝင်နေသည်ကို တွေ့ရှိရကြောင်း ပြည်သူ့ရင်ခွင် - People's Embraceက အသိပေးသည်။ ဆက်လက်ဖတ်ရှု့ရန် ⬇️

မှော်ဘီမြို့နယ်၊ သန္ဓပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတို-က်ခိုက်မှု ပျူစောထီး ၃ ဦးထိခိုက်ဒ-ဏ်ရာရ 🌐 FCR Dec 13 🌐
မှော်ဘီမြို့နယ်၊ သန္ဓပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတို-က်ခိုက်မှု ပျူစောထီး ၃ ဦးထိခိုက်ဒ-ဏ်ရာရ 🌐 FCR Dec 13 🌐 ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မိုင်းဆွဲခိုက်တိုက်ခဲ့ရာ ပျူစောထီး ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း Operation Flame (OF)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၁၂ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းမပေါ်တွင်ရှိသော အကြမ်းဖက်စစ်တပ် လက်ပါးစေပျူစောထီးများ အခြေချထားသော သန္ဓေပင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းများအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးရဲဘော်များ ဘေးကင်းကြောင်း သိရှိရသည်။ ဆက်လက်ဖတ်ရှု့ရန် ⬇️

ရန်ကုန်တွင် ကျန်းမာသော လူငယ်မှန်သမျှကို စ-စ်မှုထမ်းရန် ပေါ်တာဆွဲခေါ်ယူမှု ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ညီညွတ်ဟု ရန်ကုန်တိုင်းထွ
ရန်ကုန်တွင် ကျန်းမာသော လူငယ်မှန်သမျှကို စ-စ်မှုထမ်းရန် ပေါ်တာဆွဲခေါ်ယူမှု ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ညီညွတ်ဟု ရန်ကုန်တိုင်းထွေ/အုပ်က အသိပေးအကြောင်းကြား 🌐 FCR Dec 13 🌐 ရန်ကုန်တိုင်းတွင် ကျန်းမာရေး ကောင်းမွန်သော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်မှန်သမျှကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို လိုအပ်လျှင် လိုအပ်သလို စစ်မှုထမ်းရန်အတွက် ခေါ်ယူစုဆောင်းနိုင်ပြီး ယင်းသို့ ခေါ်ယူစုဆောင်းမှု(ပေါ်တာဆွဲမှု) များမှာလည်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် တရားဝင် ညီညွတ်မှုရှိကြောင်း ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ တရားဝင် အသိပေးအကြောင်းကြားလိုက်ကြောင်း သိရှိရသည်။ ဆက်လက်ဖတ်ရှု့ရန် ⬇️

ရန်ကုန်တွင် စစ်ကောင်စီက ဧည့်စာရင်းများ ခပ်စိပ်စိပ် စစ်ဆေး 🌐 FCR Dec 12 🌐 ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ယမန်နေ့
ရန်ကုန်တွင် စစ်ကောင်စီက ဧည့်စာရင်းများ ခပ်စိပ်စိပ် စစ်ဆေး 🌐 FCR Dec 12 🌐 ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်)က စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲ ပူးပေါင်းကာ ဧည့်စာရင်းစစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၇/၈ လမ်းဆုံ၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရပ်ကွက် (၉)၊ ကမာရွတ်မြို့နယ် ရပ်ကွက် (၈)၊ လှိုင်သာယာမြို့နယ် ရပ်ကွက် (၁၀)၊ အင်းစိန်မြို့နယ် မြို့သစ် (က) (ခ) ရပ်ကွက်များ၊ အလုံမြို့နယ် ဆင်မင်းလမ်းနှင့် စက်တွင်းလမ်း၊ တောင်ဒဂုံ (၅၄) ရပ်ကွက်၊ (၁၇) ရပ်ကွက် ၊ တာမွေမြို့နယ်၊ ကျောက်မြောင်း စသည့် နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မြေပြင်သတင်းများကို ဖော်ပြပေးနေသည့် ကင်းထောက်ချန်နယ်များ၏ ဖော်ပြချက်နှင့် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ဆက်လက်ဖတ်ရှု့ရန် ⬇️

ပြည်ပနိုင်ငံများ တင်သွင်းသော သွင်းကုန်ပစ္စည်များကို ယခုထက်ပို၍ ၄ ဆခန့် ပိုမို ဖမ်းဆီးပေးရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း ထပ်မံ အ
ပြည်ပနိုင်ငံများ တင်သွင်းသော သွင်းကုန်ပစ္စည်များကို ယခုထက်ပို၍ ၄ ဆခန့် ပိုမို ဖမ်းဆီးပေးရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း ထပ်မံ အမိန့်ပေး 🌐 FCR Dec 12 🌐 ပြည်ပနိုင်ငံများ တရားမဝင် တင်သွင်းသော သွင်းကုန်ပစ္စည်များကို ယခုထက်ပို၍ ၄ ဆခန့် ပိုမို ဖမ်းဆီးရန် ဒုစစ်ခေါင်းဆောင် စိုးဝင်း ထပ်မံ အမိန့်ပေးကြောင်း သိရှိရသည်။  ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဗဟိုကော်မတီအစည်းအဝေးတွင် စိုးဝင်းက အထက်ပါအတိုင်း ပြောဆိုအမိန့်ပေးလာခြင်းဖြစ်သည်။  ဆက်လက်ဖတ်ရှု့ရန် ⬇️

အာရက္ခပြည်၊ မောင်တောမြို့၏ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီး မောင်တ
+5
အာရက္ခပြည်၊ မောင်တောမြို့၏ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီး မောင်တောဒေသတစ်ခုလုံးအား အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် 🌐 FCR Dec 11 🌐 အာရက္ခဒေသအတွင်းမှ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ စခန်းများ ၊ ဘင်္ဂလာဒေ့ရှ်-အာရက္ခ နယ်စပ်ရှိ စခန်းများ အားလုံးကို တစ်ခုမကျန် သိမ်းပိုက်ရယူနိုင်ရန်အတွက် အာရက္ခတပ်တော်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစတင်ပြီး ရန်သူ့စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်ပြုလုပ်ခဲ့သည်။ မောင်တောမြို့ရှိ ရန်သူ၏ "ချိန်ခါလီ၊ ဒုံးပိုက်"စခန်းများနှင့် ရသေ့တောင်၊ မင်းပြားမြို့ရှိ ရန်သူ့စခန်းများကို စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောနေ့မှ ယနေ့အချိန်ထိ တစ်နှစ်ကျော်ကာလအတွင်း၌ အာရက္ခဒေသ နှင့် ပလက်ဝဒေသအတွင်းရှိ ရန်သူ့စခန်းအများစုကို မိမိတို့မှ သိမ်းပိုက် ရယူထားသည့်နည်းတူ မြို့အများစုကိုလည်း ထိန်းချုပ်ထားပြီးဖြစ်သည်။ ဆက်လက်ဖတ်ရှု့ရန် ⬇️

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူပေါင်း ၆၀၃၅ ဦးအထိ ရှိနေလို့ AAPP ထုတ်ပြန် 🌐 FCR Dec 11 🌐 အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြ
နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူပေါင်း ၆၀၃၅ ဦးအထိ ရှိနေလို့ AAPP ထုတ်ပြန် 🌐 FCR Dec 11 🌐 အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူတွေကို သတ်ဖြတ်လျက်ရှိရာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်အထိ စာရင်းတွေအရ ကျဆုံး ခဲ့ရသူ ၆၀၃၅ ဦး အထိ ရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)က ထုတ်ပြန်လိုက် ပါတယ်။ ကျဆုံးခဲ့ရသူ ၆၀၃၅ ဦးကို အမည်နဲ့တကွ အတည်ပြုထားနိုင်တာဖြစ်ပြီးတော့ ကျဆုံးခဲ့ရသူတွေထဲမှာ အမျိုးသမီးက ၁၃၀၆ ဦး နဲ့ ကလေး က ၆၈၂ ရှိတယ်လို့ AAPP စာရင်းတွေအရ သိရပါတယ်။ ဒါအပြင် အတည်ပြုရန်လိုအပ်ဆဲ သေဆုံးမှုတွေက ၂၇၅၀ ခန့်အထိ ရှိတယ်လို့လည်း AAPP က အသိပေးထား ပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့မှတ်တမ်းပြုစုချက်တွေ အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်အထိ ဖမ်းဆီး ချုပ်နှောင် ခြင်းခံထားရသူ စုစုပေါင်း ၂၇၈၂၈ ဦးရှိပြီး ယင်းတို့ထဲမှာ ၂၁၂၆၀ ဦးမှာ ထိန်းသိမ်း ခံနေရဆဲဖြစ်ကာ အဆိုပါ ထိန်းသိမ်းခံထား ရသူများအနက် ၉၆၂၉ က ထောင်ဒဏ်ချမှတ် ခံထားရ တယ်လို့ ဖော်ပြထားပါတယ်။ ဆက်လက်ဖတ်ရှု့ရန် ⬇️

❐ ပြည်သူပေါင်း ခြောက်ထောင် ကျော်သတ်ဖြတ်ပြီး သုံးသောင်းနီးပါး ဖမ်းဆီးထားသည့် စစ်ကောင်စီက နေပြည်တော်တွင် လူ့အခွင့်အရေးနေ့အခမ်းအ
❐ ပြည်သူပေါင်း ခြောက်ထောင် ကျော်သတ်ဖြတ်ပြီး သုံးသောင်းနီးပါး ဖမ်းဆီးထားသည့် စစ်ကောင်စီက နေပြည်တော်တွင် လူ့အခွင့်အရေးနေ့အခမ်းအနားကျင်းပ 🌐 FCR Dec 11 🌐 လူထုအပေါ် နေ့စဥ်ရက်ဆက် အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်နေသော စစ်ခေါင်းဆောင် မင်းအောင် လှိုင်နှင့် အပေါင်းအပါများသည် ယမန်နေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင်ကျရောက်သည့် လူ့အခွင့်အရေးနေ့အခမ်း အနားကို နေပြည်တော်တွင် ကျင်းပခဲ့သည်။ ဆက်လက်ဖတ်ရှု့ရန် ⬇️

🌼🌼🌼 ဒီနေ့ကတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ လူ့အခွင့်အရေး ဖောက်ဖျက်ခံရတာမျိုး ကြုံဖူးကြပါသလား? လူ့အခွင့်အရေ
+3
🌼🌼🌼 ဒီနေ့ကတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ လူ့အခွင့်အရေး ဖောက်ဖျက်ခံရတာမျိုး ကြုံဖူးကြပါသလား?  လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး နားလည်ချက်‌တွေ၊ကျူးလွန်ခံရတာတွေ ဝေမျှကြဖို့ ဖိတ်ခေါ်ပါတယ်။ #HumanRightsDay #Dec10  #16DaysOfActivism #WhatsHappeningInMyanmar #BloodMoneyCampaignMM

ရန်ကုန်တွင် ‌ ၇၆ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် စစ်တပ် ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပြုလုပ် 🌐 FCR
ရန်ကုန်တွင် ‌ ၇၆ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် စစ်တပ် ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပြုလုပ် 🌐 FCR Dec 10 🌐 ရန်ကုန်တွင် မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ -NGYSC က ၇၆ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင်  "လူ့အခွင့်‌အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ " ဘန်နာစာသား ဆွဲကိုင်၍ စစ်ကောင်စီသက်ဆိုးရှည်ရန် ရည်ရွယ်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်များနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်၏အလံကို မီးရှို့ခြင်း ၊ စတေကာများကပ်ခြင်းစသည့်  ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။[Khit Thit Media][FCR] @Forwardchannelrangoon

တာမွေမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲမှု Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိမှု ရှိ 🌐 FCR Dec 10
တာမွေမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲမှု Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိမှု ရှိ 🌐 FCR Dec 10 🌐 ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ၊ စစ်တပ်လက်အောက်ခံ စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်အချိန် တာမွေမြို့နယ်၊ မီးပွိုင့်အနီး မြို့နယ်စည်ပင်သာယာရေးရုံးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ဗုံးပေါက်ကွဲမှုတွင် Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ "တာမွေမီးပွိုင့်နားမှာရှိတဲ့ ရေစည်ပင်ရုံးမှာ ပေါက်ကွဲမှုဖြစ်တယ်။ ပေါက်ကွဲသံက အတော်ကျယ်တယ်။ အခုတော့ စခတွေနဲ့ ဆေးရုံကားတော့ရောက်လာတယ်" ဟု မျက်မြင်ဒေသပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ လက်ရှိတွင် တာမွေမြို့နယ်နေရာတချို့တွင် စစ်တပ်နှင့်ရဲကားများ လှည့်လည် စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တချို့ထံသို့ ယခု ဧည့်စာရင်းစစ်ရန် ညွှန်ကြားမှုရှိကြောင်း သိရှိရသည်။[Khit Thit Media][FCR] @Forwardchannelrangoon