တက္ကသိုလ်ဘုန်းနိုင်
Open in Telegram
755
Subscribers
+224 hours
+127 days
+9830 days
Posts Archive
မချစ်တဲ့ သူကို
နေ့စဉ် မျက်စိအောက်မှာ မြင်နေရတာထက်
ချစ်သောသူကို ဘယ်လောက်အဝေးမှာရှိရှိ
အသည်းနှလုံးမှာ ပိုင်သိမ်းထားနိုင်တဲ့ ဘဝက
ပိုပျော်ဖို့ ကောင်းပါတယ်
#တက္ကသိုလ်ဘုန်းနိုင်
#မောင့်ဘဝညအလားကွယ်
ဒေါက်တာကျော်ဖေ - မှန်တယ်၊ ပြေးသူနောက် လိုက်ရာမှာ အကယ်၍ ပြေးသူသည် မိန်းကလေးဖြစ်အံ့၊ မောင်ရင် အရိပ်နောက်ကို လိုက်သလိုပဲ ဖြစ်မှာပဲ။
ဒေါက်တာမျိုးမွန် - ဝါဝါဟာ အရိပ်နဲ့တူသော မိန်းကလေး မဟုတ်ပါဘူး ဆရာ၊ အရိပ်နောက်ကိုလဲ ကျွန်တော် လိုက်ဖို့မလိုပါဘူး၊ အကြောင်းကတော့ ကျွန်တော့ရင်ထဲမှာ သူ့အရိပ်က အမြဲရှိနေတယ်။
#တက္ကသိုလ်ဘုန်းနိုင်
#မိုးတွေရွာမှဖြင့်လျှင်ကွယ်
သံယောဇဥ်ဆို
ဘယ်သံယောဇဥ်မှ မကောင်းဘူး၊
သံယောဇဥ် မရှိသေးသူများ
မရှိတဲ့အတိုင်းပဲ နေကြစေချင်တယ်၊
ရှိကြလို့ ရှိရင်လည်း
သံယောဇဥ်ကြိုးကို မရှည်ခင်
တိုတိုဖြတ်တာကောင်းတယ်၊
မုန်းစကိုတိုစေ၊ ချစ်စကိုရှည်စေလို့ ဆိုရိုးစကားရှိတယ်
တခါတလေ ကျွန်တော်တွေးမိတယ်
ချစ်စကို တိုနိုင်ရင်
လူတွေဟာ ဒီထက် ကံကောင်းကြမလားမသိဘူး
#တက္ကသိုလ်ဘုန်းနိုင်
#မောင့်ဘဝညအလားကွယ်
လူတိုင်းမှာရှိကြတဲ့ ဘဝမျှော်မှန်းချက်အကြောင်းတော့ လူတိုင်း နားလည်နိုင်တယ်၊ ဒါပေမယ့် တိုးတိုးသိရဲ့လား၊ တချို့လူတွေကျတော့ ကိုယ်ချစ်ခင်တဲ့ သူရဲ့ ဘဝအတွက်ကို ကိုယ့်ဘဝလိုဘဲ မျှော်မှန်းချက် ထားတတ်ကြတယ်။
#တက္ကသိုလ်ဘုန်းနိုင်
#မေတ္တာများနဲ့စိန်ပန်းနီနီ
ဝါဝါနဲ့ ခွဲခဲ့ရပြီးတဲ့နောက် ကိုယ့်နှလုံးသားမှာ သုခဆိုတာ မရှိတော့ပါဘူး၊ နေ့တိုင်းပဲ သောကနဲ့ နေရပါတယ်လို့ ကိုယ် အပိုမပြောချင်ဘူး၊ ပျော်တဲ့ ရယ်တဲ့အခါတွေ ရှိခဲ့ပါတယ်၊ ဒါပေမယ့် ကိုယ့်နှလုံးသားဟာ ဆုံးရှုံးခဲ့ရတာကို မမေ့ဘူး၊ အဲ့ဒီဆုံးရှုံးမှုဟာ အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုဆိုတာလဲ သိနေခဲ့တယ်၊ အဲ့ဒီ ဘဝကို သုခလို့ ဝါဝါ ဆိုမလား။
#တက္ကသိုလ်ဘုန်းနိုင်
#မိုးတွေရွာမှဖြင့်လျှင်ကွယ်
မျှော်လင့်ခြင်းအလင်းရောင် ရင်၌ ကွယ်ခဲ့ရသည်မှာ ကြာပီ၊ သစ္စာဆိုသည်မှာ မျှော်လင့်ခြင်းနှင့် မည်သို့မျှ မဆိုင်၊ မျှော်လင့်ခြင်းအလင်းရောင် ကွယ်ပါစေ၊ သစ္စာမဏ္ဍိုင်ကတော့ ခိုင်မြဲနေလေရမည်၊ နေစေရမည်။
#တက္ကသိုလ်ဘုန်းနိုင်
#ဝသန်လေချိန်မှန်ကူး
ဇာတ်လမ်းဆုံးတိုင်း သံယောဇဉ်ဟာ ဆုံးသလား၊ ဆုံးကော ဆုံးထိုက်သလား၊ လွမ်းတာကို နာတာနဲ့ဆို့တဲ့၊ ဇာတ်ထဲမှာ ပြောကြတာ၊ ဒါပေမယ့် ဘဝဆိုတာ ဇာတ်မဟုတ်ဘူး၊ ခွင့်လွှတ်ခြင်းနဲ့ ကင်းပြီး ချစ်ခြင်းမေတ္တာကိုလည်း အနက်အဓိပ္ပါယ် ဖွင့်ဆိုလို့မရဘူး။
#တက္ကသိုလ်ဘုန်းနိုင်
#မိုးတွေရွာမှဖြင့်လျှင်ကွယ်
ဪ...နုငယ်ရေ ဟိုမှာကြည့်စမ်း၊ နေကြီးက ဝင်တော့မလိုပဲ၊ ဒါပေမယ့် သူမဝင်ပါဘူး၊ နုငယ်ပြောသလိုပဲ ကမ္ဘာရဲ့ တစ်နေရာမှာ သူသွားပေါ်နေမှာပဲ၊ မနက်ဖြန်ဆို သူပြန်ပေါ်လာဦးမယ်၊ နုငယ်ဆီ ကိုယ်ပြန်ပေါ်လာသလို သူပြန်ပေါ်လာဦးမယ်။
#တက္ကသိုလ်ဘုန်းနိုင်
#ဝသန်လေချိန်မှန်ကူး
လောကမှာ လူကိုနှိပ်စက်တတ်တဲ့ နောင်တ နှစ်မျိုးရှိတယ်။ တစ်မျိုးက မလုပ်သင့်သည်ကို လုပ်မိလို့ရခဲ့တဲ့နောင်တ၊ တစ်မျိုးက လုပ်သင့်သည်ကို မလုပ်ခဲ့မိလို့ရတဲ့နောင်တ။
#တက္ကသိုလ်ဘုန်းနိုင်
#မိုးတွေရွာမှဖြင့်လျှင်ကွယ်
ညနေက နေလုံးကြီး ဝင်သွားတာ နုငယ် ထိုင်ကြည့်နေတယ်၊ရဲရဲနီနီလုံးလုံးကြီး ငိုထားတဲ့မျက်လုံးကြီးနဲ့ သိပ်တူတာပဲ၊ အင်းလေ သူလဲငိုမှာပေါ့၊ မြေကြီးထဲကို မြုပ်ပြီး သူ ဘယ်ဝင်သွားချင်ပါ့မလဲ
#တက္ကသိုလ်ဘုန်းနိုင်
#နွေကန္တာဦး
လူသာ အိုမည်
နှလုံးသားက အိုချင်မှအိုမည်
အိုလေသည့်တိုင်အောင်
နှလုံးသားသည် နုပျိုစဉ်က
တွယ်တာခဲ့ရသော
သံယောဇဉ်များကို ထိန်းသိမ်းထားမည်
#တက္ကသိုလ်ဘုန်းနိုင်
#ဝသန်လေချိန်မှန်ကူး
💬 ဒီကမောင်က အလွမ်းဘက်နွှယ်တဲ့ သီချင်းကို ကြိုက်တယ်လို့ပြောတယ်၊ တစ်ခုသိချင်လို့မေးမယ်နော်၊ မိန်းမအဆိုတော်တွေဆိုတဲ့ အလွမ်းသီချင်းတွေကို ယောက်ျားတွေက ဘာလို့ကြိုက်ရတာလဲ
🗯️ အဲ့ဒါကို ကျွန်တော်ဘယ်လိုဖြေရမလဲ
💬 ကြိုက်သလိုဖြေလေ
🗯️ အို ... ဘယ်လိုကြိုက်သလိုဖြေရမှာလဲ
💬 ဥပမာတိတိကျကျပေးပြီးမေးမယ်၊ တစ်နေ့တော့ မောင်ပြန်လာမည်တို့၊ တင်တင်မြရဲ့ စခန်းအောင်မြေတို့ကို ဒီကမောင်ဘာလို့ကြိုက်ရသလဲ
🗯️ ကောင်းလို့၊ ပြီးတော့ ကိုယ်ချင်းစာမိလို့
#တက္ကသိုလ်ဘုန်းနိုင်
#ဝသန်လေချိန်မှန်ကူး
💬 အလွမ်းဖက်နွှယ်တဲ့ သီချင်းကို ရွေးမိလို့ ဒီကမောင် ရှက်နေမိသလား
🗯️ ကိုယ်ကြိုက်တာ ကိုယ်ရွေးမိတာ ဘာလို့ ရှက်ရမှာလဲ
💬 မသိဘူး ဒီကမောင်ရေ၊ တချို့ကတော့ ခံစားမှုသီချင်းတွေ၊ အလွမ်းသီချင်းတွေကို ကြိုက်တယ်ဆိုတာ ဝန်မခံရဲကြဘူး၊ ဒါတွေကို ဝေဖန်ရင် ရှုပ်ချရင်တောင် ခေတ်မီသလိုလို ယူဆနေကြတယ်၊ လူ့ကွယ်ရာမှာတော့ ဒီသီချင်းမျိုးကိုပဲ ခိုးကြိုက်တဲ့လူက များနေတယ်
#တက္ကသိုလ်ဘုန်းနိုင်
#ဝသန်လေချိန်မှန်ကူး
ကို့ကို နေလုံးကြီးမဖြစ်စေချင်ပါဘူး၊ ကြယ်မင်းကြီးသာ ဖြစ်စေချင်တယ်၊ ကြယ်တွေကိုတော့ ထွက်လာတာလဲ မမြင်ရဘူး၊ ဝင်သွားတာလဲ မသိလိုက်ဘူး၊ ဟိုး...အမြင့်ကြီးမှာ၊ ဖြူဖြူဖွေးဖွေး ဝင်းဝင်းလက်လက်နဲ့ တိမ်ဖုံးနေရင်တော့ သူတို့ကိုမတွေ့ရဘူး၊ ဒါပေမယ့် သူတို့ရှိနေတာကိုတော့ နုငယ်သိတယ်။
ကို့ကို မမြင်မတွေ့ရပေမဲ့ ကို ရှိနေတာကို နုငယ်အမြဲသိတယ်၊ အဲ့ဒါနဲ့ပဲ နုငယ် စိတ်ချမ်းသာနေပါပြီ။
#တက္ကသိုလ်ဘုန်းနိုင်
#နွေကန္တာဦး
ယခင်ကအရာတို့သည် ယခုမရှိတော့ပြီ။ ယခင်အရာတို့ ယခုမရှိသော်လည်း ယခင်ဆိုသော အတိတ်သည် ရင်၌ဘာကြောင့် ရှိနေရသေးပါသနည်း။
#တက္ကသိုလ်ဘုန်းနိုင်
#ဝသန်လေချိန်မှန်ကူး
ဘဝဟာ ညအလားဆိုတာ ဘာကိုပြောတာလဲ မမမေ...
ကျွန်တော်တော့ ညကိုချစ်တယ် ညမှာဆိုရင်
လရောင်ဟာ ဝင်းလက်ပြီး ကြယ်တွေက
လက်နေလေ့ရှိတယ် အဲ့ဒိကြယ်တွေလတွေကို
ကြည့်ရင်း နတ်သျှင်နောင်လို ကဗျာစပ်ချင်တယ်
တခုတော့ ရှိတယ် နတ်သျှင်နောင်လို
ဖွဲ့နွဲ့စရာ ကျွန်တော့မှာ သခင် မရှိဘူး
#တက္ကသိုလ်ဘုန်းနိုင်
#မောင့်ဘဝညအလားကွယ်
ချစ်ပြီးလေပြီမို့ ချစ်ခွင့်ကိုတော့
တောင်းရန်မလိုပါ ခိုင်...
ချစ်ဆုကိုသာ ကိုယ့်မှာတောင်းရလေတယ်...
သခင်ပျောင်းပျညွှတ်ကောင်းလှလို့
ကြောင့်ကြရင်းကမျှော်လင့်မိတယ်ခိုင်
#တက္ကသိုလ်ဘုန်းနိုင်
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
💬 မောင် ဘာလို့ပြုံးတာလဲ
💭 သြော်... တစ်ညလုံး စကားပြောကြမယ်ဆိုလို့ပါ မမမေတစ်ကယ်ပြောတာလား
💬 မောင်က ဘာဖြစ်လို့ ဒီမေးခွန်း မေးရတာလဲ
💭 တစ်ကယ်ပြောတာဆိုရင် ဝမ်းသာလို့ပါ၊မမမေနဲ့ စကားပြောမယ်ဆိုရင် တစ်ညလုံးမကပါဘူး၊ တစ်သက်လုံး ပြောနိုင်တယ် မမမေ
#တက္ကသိုလ်ဘုန်းနိုင်
#မောင့်ဘဝညအလားကွယ်
