en
Feedback
တက္ကသိုလ်ဘုန်းနိုင်

တက္ကသိုလ်ဘုန်းနိုင်

Open in Telegram

စာဖတ်ခြင်းကို အချိန်ပေး ပျော်မွေ့နိုင်ပါစေ။

Show more
Myanmar21 797The category is not specified
755
Subscribers
+224 hours
+127 days
+9830 days
Attracting Subscribers
December '24
December '24
+59
in 0 channels
November '24
+80
in 0 channels
Get PRO
October '24
+122
in 0 channels
Get PRO
September '24
+671
in 0 channels
Date
Subscriber Growth
Mentions
Channels
21 December0
20 December+2
19 December+6
18 December+7
17 December+6
16 December+2
15 December+6
14 December+1
13 December+1
12 December+5
11 December+2
10 December+2
09 December+1
08 December+2
07 December0
06 December+2
05 December+4
04 December+1
03 December+3
02 December+4
01 December+2
Channel Posts
စာအုပ်တစ်အုပ်ကို အကျိုးရှိအောင် ဘယ်လိုဖတ်မလဲ? ဆိုတဲ့ ခေါင်းစဉ်နဲ့ share ပေးထားပါတယ်ခင်ဗျာ https://t.me/ReadAndReflect1/6

2
https://t.me/ReadAndReflect1
792
3
မိတ်ဆွေစာဖတ်ပရိတ်သတ်တွေအားလုံးကို ကြိုဆိုပါတယ် ကျွန်တော်တို့ အတူတကွ စာအုပ်တွေနဲ့ အဓိပ္ပာယ်ရှိတဲ့ ခရီးတစ်ခု စတင်ခဲ့ပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ စာပေတွေကို အကြောင်းအရာအမျိုးမျိုးနဲ့ ဖလှယ်ပေးပြီး ကြာပါပြီ။ မိတ်ဆွေတို့ရဲ့ စာဖတ်ဝါသနာကို ပိုမိုမြှင့်တင်ပေးဖို့ Read & Reflect Channel အသစ်တစ်ခုကို ဖန်တီးထားပါတယ်။ ဒီ Channel မှာ စာအုပ် review, summary, နဲ့ notes တွေကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။ စာဖတ်ခြင်းက ပညာရင်းမြစ်တစ်ခုဖြစ်သလို၊ သင်ယူမှုနဲ့ အတွေးအခေါ်တွေနဲ့ ပြည့်နေတဲ့ ခရီးတစ်ခုဖြစ်ပါတယ်။ စာအုပ်တိုင်းက အဓိပ္ပာယ်တွေ၊ အကြံဉာဏ်တွေကို မိတ်ဆွေတို့အတွက် ပြန်လည်မျှဝေပေးဖို့ Read & Reflect Channel မှာ ကြိုးစားနေပါတယ်။ ဒီချန်နယ်မှာတော့ စာဖတ်ခြင်းကို ဝါသနာပါတဲ့ လူတိုင်းအတွက် အသစ်အသစ်‌သော အတွေးအခေါ်တွေ၊ လမ်းစဉ်အသစ်တွေ ရှာဖွေဖတ်ရှုနိုင်တဲ့ နေရာလည်း ဖြစ်လာစေဖို့ ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ ခရီးစဉ်ရဲ့ နောက်တစ်ပိုင်းမှာ မိတ်ဆွေတို့ကိုပါ အတူပါဝင်ဖို့ တောင်းဆိုပါတယ်။ စာဖတ်ခြင်းက အချိန်ဖြုန်းတာတစ်ခုသာမက အသိပညာရယူမယ့် အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ Read & Reflect Channel မှာ မိတ်ဆွေတို့ကို စာအုပ်အသစ်တွေကို စိစစ်ဖတ်ရှုရင်း အတွေးအမြင်အသစ်တွေ၊ အခွင့်အလမ်းအသစ်တွေ ရှာဖွေဖို့ အခွင့်အရေးတွေ ပေးသွားမှာပါ။ Channel Link - https://t.me/ReadAndReflect1 ကျွန်တော်တို့အချိန်တွေကို ပိုမိုအဓိပ္ပာယ်ရှိစေဖို့ အားလုံးကို Channel အသစ်သို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ
766
4
အချစ်တို့... အချစ်နှင့်ပတ်သက်သော သစ္စာတို့ဆိုသည်မှာ ဝမ်းမပူရသူတို့၏ နှလုံးသားဆိုင်ရာ ဇိမ်ခံပစ္စည်းတစ်မျိုးပေလော #တက္ကသိုလ်ဘုန်းနိုင် #နှင်းငွေ့တစ်ထောင့် မိုးတစ်မှောင့်
778
5
လူ့ဘဝတွင် လူငယ်ဘဝသည် ပျော်ရွှင်ဖွယ်အကောင်းဆုံးဖြစ်သည်။ လူငယ်ဘဝတွင် ကျောင်းသားဘဝသည် ပျော်ဖွယ်အကောင်းဆုံးဖြစ်၏။ ကျောင်းသားဘဝတွင် တက္ကသိုလ်ကျောင်းသားဘဝကား ပျော်ဖွယ်အကောင်းဆုံးပေတည်း။ #တက္ကသိုလ်ဘုန်းနိုင် #သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
786
6
ကိုမြင့်သူ - လောကမှာ ဖြစ်နိုင်တာရှိတယ်၊ မဖြစ်နိုင်တာရှိတယ်၊ ဖြစ်ချင်တာရှိတယ်၊ မဖြစ်ချင်တာရှိတယ်၊ ဖြစ်သင့်တာရှိတယ်၊ မဖြစ်သင့်တာရှိတယ်၊ မဖြစ်နိုင်တာတွေကို လျှောက်မလုပ်ထိုက်သလို၊ ကိုယ်ဖြစ်ချင်တာတွေချည်းလဲ လျှောက်လုပ်နေလို့ မကောင်းဘူး မေရီ - ဟင်...ဒီလိုဆို လောကကြီးက ဘာပျော်စရာရှိတော့မလဲ ကိုမြင့်သူ - ဒီလိုလဲမဟုတ်ဘူး မေရီ၊ ဖြစ်ချင်တာကို ဖြစ်သင့်ဖြစ်ထိုက်တဲ့နည်းနဲ့ ဖြစ်ပေါ်လာအောင် ကြိုးစားယူရတယ်၊ ဒါဟာ လူ့ဘဝရဲ့ အနုပညာပဲ မေရီ - ဖြစ်ချင်တာဟာ ဘယ်တော့မှ ဖြစ်သင့်သလို ဖြစ်လာမှာတဲ့လဲ ဆရာ ကိုမြင့်သူ - အချိန်ဆိုတာ ရှိတယ်မေရီ၊ အချိန်ကိုစောင့်ရတယ်၊ အချိန်က အကောင်းဆုံးဆေးသမားဖြစ်သလို၊ တိုင်ပင်ဖို့အတွက် အကောင်းဆုံး ပညာရှိပဲ။ #တက္ကသိုလ်ဘုန်းနိုင် #ညီမလေးရယ်စိုးရိမ်မိတယ်
926
7
အလိုလိုက်မှ စရိုက်တူမှ အကြိုက်ညီမှ ချစ်တယ်ဆိုတဲ့ သဘောကို နွဲ့ လက်မခံနိုင်ဘူး။ မတူတာတွေ မညီတာတွေ ကွဲလွဲချက် အထွေထွေဟာ ချစ်ခြင်းမေတ္တာစစ်ကို လွှမ်းပစ်လို့မရပါဘူး။ #တက္ကသိုလ်ဘုန်းနိုင် #ညီမလေးရယ်စိုးရိမ်မိတယ်
795
8
အိမ်ဟူသည် တစ်လောကလုံး၌ ပျော်ရွှင်ဖွယ် အသာယာဆုံးနေရာ ဖြစ်၏။ အိမ်သူသက်ထားနှင့် ရင်သွေးဟူသည် ရင်ကို အအေးမြစေဆုံးသော ရတနာများဖြစ်ကြ၏။ ဘာမှမရှိသူတွေက ပထမ‌စာကြောင်းတင် ရပ်လိုက်ပါ :3 #တက္ကသိုလ်ဘုန်းနိုင် #မိုးတွေရွာမှဖြင့်လျှင်ကွယ်
774
9
ချစ်ခြင်းဆိုတာ ပိုင်ဆိုင်လိုခြင်းတဲ့၊ မိမိ ပိုင်ဆိုင်လိုတဲ့ အရာကို စွန့်လွှတ်ဖို့အတွက် မိမိ ဘယ်လောက်ထိခိုက် ခံစားရတယ်ဆိုတာဟာ ချစ်ခြင်းမေတ္တာရဲ့ ပမာဏကို အတိုင်းအတာပေးမယ်။ စာဖတ်ရင် နဲနဲတော့ရှုပ်တယ် သင်္ချာနည်းအရ ပိုင်ဆိုင်လိုတဲ့ အရာကို စွန့်လွှတ်ဖို့အတွက် ထိခိုက်ခံစားရခြင်း ပမာဏ = ချစ်ခြင်းမေတ္တာရဲ့ ပမာဏ 😑🤌 #တက္ကသိုလ်ဘုန်းနိုင် #ညီမလေးရယ်စိုးရိမ်မိတယ်
754
10
လွမ်းတပူဆွေး၊ သူနှင့်ဝေးသော်၊ ပြည်ထဲရေးနှင့် ဝမ်းရေးတို့ထက်၊ လွမ်းရေးခက်၏။ -ဥမ္မာဒန္တီပျို့မှ
676
11
ချစ်ခြင်းမည်သည် ပေါင်းသင်းရခြင်းကို မျှော်မှန်းပေမယ့် ပေါင်းသင်းရခြင်း တစ်ခုထဲဟာသာ ချစ်ခြင်းမေတ္တာစစ်တို့ရဲ့ ဆုံးလေရာအဖြစ်လို့ တွက်လို့မရပေဘူး။ #တက္ကသိုလ်ဘုန်းနိုင် #ညီမလေးရယ်စိုးရိမ်မိတယ်
710
12
ဪ... ချစ်ဒုက္ခ... ချစ်ဒုက္ခ...၊ ဒီဒုက္ခဒီအပူဟာ သံသရာကျင်လည်သော ‌ယောက်ျားတကာတို့ ခံရမြဲပါလား၊ ဘုရားအလောင်းတောင် မလွတ်ကင်းလေဘူး... #တက္ကသိုလ်ဘုန်းနိုင် #ညီမလေးရယ်စိုးရိမ်မိတယ်
713
13
ဆရာ့အချစ်ကို လွမ်း မပြိုင်ဝံ့တော့ပါဘူး၊ ချစ်တယ်ဆိုတာလဲလေ ပြိုင်လို့ရတာမျိုး ဟုတ်ရဲ့လားမသိဘူး #တက္ကသိုလ်ဘုန်းနိုင် #လွမ်း
738
14
လူငယ်တွေဟာ တက္ကသိုလ်ရောက်တဲ့ အချိန်နဲ့ လူလားမြောက်တဲ့ အချိန်နဲ့ လာကြုံကြိုက်နေတယ်။ ကလေးဘဝဟာ စိတ်သဘောအရာရော၊ ရုပ်သဘောအရာရော မျှတ ညီညွတ်နေတဲ့ အချိန်ဖြစ်တယ်၊ အင်္ဂလိပ်လိုတော့ ပီးရိရော့အော့ဖ် အီကွီလီဘရီရင်လို့ ခေါ်တယ်။ ကြီးကောင်ဝင် လူလားမြောက်တဲ့ အခိုက်အတန့်မှာ အဲဒီ မျှတညီညွတ်ခြင်း သဘောဟာ ပျက်ယွင်းသွားတယ်၊ လူသစ်စိတ်သစ်ဖြစ်သလို အကြံသစ် ဥာဏ်သစ် အမြင်သစ်တွေ ဝင်လာတယ်။ ဒီအချိန်မှာ စိတ်ကူးအယဉ်တတ်ဆုံး၊ စိတ်အပြောင်းအလဲ အမြန်ဆုံး ကိုယ်စွမ်းကိုယ်စကို အပြချင်ဆုံး အချိန်ဖြစ်တယ်။ လူကြီးဖြစ်လာမယ့် အချိန်မှာ တသက်စွဲမြဲတော့မယ် အကျင့်စာရိတ္တနဲ့ စိတ်သဘောထားတွေ စတင်ဖွဲ့စည်းအခြေပြုတဲ့ စပ်ကူးမတ်ကူးအချိန်လဲ ဖြစ်တယ်။ ကံဆိုးတာက ကျွန်တော်တို့ နိုင်ငံရဲ့ ဟိုက်စကူးကျောင်းနဲ့ တက္ကသိုလ်ကျောင်းတွေမှာ ဒီလို ပုံသွင်းတိုင်းရမယ့် လူငယ်တွေအတွက် အထူး ရွယ်စူးပြီးထားတဲ့ ညွှန်ကြားပဲ့ပြင်မှု စနစ် မရှိဘူး... #တက္ကသိုလ်ဘုန်းနိုင် #ညီမလေးရယ်စိုးရိမ်မိတယ်
736
15
အိမ်ကြီး၏ အောက်ထပ်ပြတင်းတစ်ခု အဝ၌ ဝါဝါက ရပ်ပြီး မိုးကောင်းကင်ဆီ ငေးကြည့်နေ၏။ ဪ...လမင်းပါ၊ မိမိအတွက်တော့ ငွေလမင်းပါ။ ယခုတော့ ဝါဝါသည် ငွေလမင်းနှင့် ပိုတူလေပြီ၊ လမင်းဟူသည် မိမိကို ငေးကြည့်နေသူရှိမှန်း မသိ။ ဤနေရာမှ ဤအသွင်ဖြင့် မိမိကြည့်နေလေမည်ကို ဝါဝါ သိမည်မဟုတ်။ #တက္ကသိုလ်ဘုန်းနိုင် #မိုးတွေရွာမှဖြင့်လျှင်ကွယ်
737
16
ညအခါတွေမှာ မဆိုက်ရောက်လာနိုင်တဲ့ အိပ်ပျော်ခြင်းဆိုတာကို သက်ပြင်းလှိုင်လှိုင် ချရင်းက စောင့်မျှော်နေတုန်းမှာ အဆုံးအစမရှိတဲ့ တွေးလုံးတွေဟာ ဝင်ဝင်လာတတ်တယ်၊ တကယ်ဆိုတော့ အစရယ်လို့ မယ်မယ်ရရမရှိတာမို့ အဆုံးဟာလဲ ဘယ်ဆီနေမှန်းမသိလေတဲ့ ဒီစိတ်ရဲ့ လွင့်ပါးမှုတွေကို အတွေးလို့ ခေါ်နိုင်ပါ့မလားလဲ မသိဘူး။ တခါတလေတော့လဲ နေချင်သလို ဖြစ်မလာတဲ့ လောကကြီးမှာ ဖြစ်သလိုနဲ့ ရောင့်ရဲပြီး အကြောင့်အကြနဲနဲနဲ့ ပျော်ပျော်ဘဲနေတော့မယ် စိတ်ကူးမိပါရဲ့၊ ဒီလိုဆိုပြန်တော့လဲ လူ့ဘဝကို လေရူးရှေ့ကရွက်ဝါပမာ မျောလေရာလွင့်စတမ်းလို့ လက်ခံခဲ့တဲ့အပိုင်း၊ ကံဇာတ်ဆရာ သူစေသမျှကို လွမ်းခန်းမှာငိုပြီး ပျော်ခန်းကျရယ်လို့ လောကဘုံတခွင် ကြုံအင်လေသမျှကို ကိုယ့်ကိုယ်ကိုကိုယ်အစိုးမရတဲ့ ကချေသည်ရဲ့အမြင်နဲ့ ကြည့်ခဲ့တဲ့အဖြစ်၊ ဒီအဖြစ် ဒီအစိတ်အပိုင်းတွေဟာ အတိတ်မှာ မှုန်မှေးဝေးသီ ကျန်ရစ်လေတဲ့ ခလေးဘဝနဲ့အတူ ပျက်ပြယ်လွင့်ပျောက်ခဲ့ ပြီဖြစ်တာမို့ ပေါ့ပေါ့နေဖို့ စိတ်ကူးမိတာကိုဘဲ ရူးသွပ်ခြင်းပေလား ထင်များထင်မိသေးတယ်။ ကိုယ့်ဘဝကိုယ် ပြန်ကြည့်မိတဲ့အခါမှာ အဆုံးစွန်ရောက်နေပြီဖြစ်တဲ့ ကြိုးတစ်စရဲ့ အဖျားကို ဆုပ်ကိုင်ထားရင်းက မှောင်နဲ့မဲမဲမှာ ရှေ့ဆက်ခရီးသွားဖို့ ထိတ်လန့်နေတဲ့ လူတစ်ယောက်အဖြစ် မြင်မိတယ်။ ဒီကြိုးကိုလွှတ်ပြီး မမြင်မစမ်း ရှေ့ဆက်ရင် ချောက်ကမ်းပါးမှာပဲ ကျမလားမသိ၊ ဒီကြိုးကိုတွယ်ပြီး ဘယ်မှမရွေ့ပြန်တော့လဲ ဒီအမှောင်က တစ်သက်ဘယ်လိုလွတ်ပါမယ်မသိ #တက္ကသိုလ်ဘုန်းနိုင် #ညီမလေးရယ်စိုးရိမ်မိတယ်
845
17
ကိုယ့်ဘဝမှာ ကိုယ်ပျော်နိုင်ဖို့ဟာ အရေးကြီးဆုံးပါ။ မရနိုင်တာကို တောင့်တ မိခြင်းလိုဘဲ၊ ရနေတာနဲ့ မတင်းတိမ်နိုင်ခြင်းဟာလဲ စိတ်ဒုက္ခရစရာ အကြောင်းရင်းတခုပါပဲ.... #တက္ကသိုလ်ဘုန်းနိုင် #ညီမလေးရယ်စိုးရိမ်မိတယ်
700
18
ပြဿနာအား ဖြေရှင်းရန်အတွက် နားလည်မှု၌ အခြေခံစတင်ရန်ထက် သာသောဆေးသည်မရှိ။ #တက္ကသိုလ်ဘုန်းနိုင် #ညီမလေးရယ်စိုးရိမ်မိတယ်
831
19
အချစ်ဓမ္မတာမှာ... ဘယ်သူကမှ ချစ်ခိုင်းလို့လဲ မရပါဘူး၊ မချစ်နဲ့လို့လဲ တားလို့မရပါဘူး။ #တက္ကသိုလ်ဘုန်းနိုင် #တပြည်သူမရွှေထား
941
20
လှည့်စားခြင်းဟာ သစ္စာဖောက်ခြင်းထက် ဆိုးတယ် သစ္စာဖောက်ခံရတာမှာ ခွင့်လွတ်နိုင်ဖွယ်အကြောင်း ရှိချင်ရှိလိမ့်ဦးမယ် လှည့်စားတာမှာတော့ မူလကတည်းက ရက်စက်တဲ့စေတနာ ရှိနှင့်တယ် #တက္ကသိုလ်ဘုန်းနိုင် #လွမ်းပါလေရစ်သည်သောင်ငွေဦး
980