en
Feedback
Here Youths 🎉

Here Youths 🎉

Open in Telegram

Let us help you for your Education ahead ❤️

Show more

📈 Analytical overview of Telegram channel Here Youths 🎉

Channel Here Youths 🎉 (@hereyouthss) in the Burmese language segment is an active participant. Currently, the community unites 11 565 subscribers, ranking 17 078 in the Education category and 10 462 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 11 565 subscribers.

According to the latest data from 07 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 10 over the last 30 days and by -4 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 13.38%. Within the first 24 hours after publication, content typically collects 5.00% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 547 views. Within the first day, a publication typically gains 578 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 14.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“Let us help you for your Education ahead ❤️”

Thanks to the high frequency of updates (latest data received on 08 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Education category.

11 565
Subscribers
-424 hours
-217 days
+1030 days
Posts Archive
❝Maths ကို နောက်လလယ်လောက် ဖြေတော့မယ်… အခုအချိန်မှာ ဘာလုပ်ရမလဲ၊ ဘယ်စာအုပ်ကိုင်ရမလဲ? 👀❞ Exam နီးလာပြီဆိုရင် ဘယ်စာအုပ်ကောင်းလဲ? Question ဘယ်လောက်ဖြေရမလဲ? အစကနေ ပြန်ဖတ်ရမလား? ဆိုပြီး စိတ်ရှုပ်တတ်ပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ စာအုပ်အသစ်တွေ အများကြီး စုဖို့ထက် ကိုယ်ဘယ်နေရာအားနည်းနေလဲ သိဖို့က ပိုအရေးကြီးပါတယ်။ GED Mathematical Reasoning မှာ အဓိကအားဖြင့် Basic Math, Geometry, Basic Algebra, Graphs & Functions စတဲ့အပိုင်းတွေကို တွေ့ရပါတယ်။ Official GED မှာ Math Study Guide, sample/practice resources, Formula Sheet နဲ့ Calculator Reference တွေလည်း ရှိပါတယ်။ Exam နီးလာပြီဆိုရင် ဒီလိုသွားကြည့်ပါ။ 1️⃣ အရင်ဆုံး Weak Topics ရှာပါ စာအုပ် Chapter 1 ကနေ ပြန်စဖတ်ဖို့ မလိုပါဘူး။ Practice Set တစ်စုံလောက် ဖြေပြီး ဘယ် Topic တွေမှာ အမှားများနေလဲ ကြည့်ပါ။ ဥပမာ • Fractions / Percentages • Algebra • Geometry • Graphs & Functions • Word Problems ထဲက ဘယ်အပိုင်းက ကိုယ့်အချိန်ကို အလိုအပ်ဆုံးလဲ သတ်မှတ်ပါ။ 2️⃣ Resource တစ်ခုကိုပဲ Main Resource လုပ်ပါ ဒီအချိန်မှာ စာအုပ် ၄–၅ အုပ် တစ်ပြိုင်တည်း ကိုင်တာထက် Main Resource တစ်ခု + Practice Questions ဆိုတဲ့ပုံစံက ပိုရှင်းပါတယ်။ မသေချာရင် Official GED Math Study Guide ကို အခြေခံပြီး ကိုယ်အားနည်းတဲ့ Topic တွေကို စနစ်တကျ ပြန်ကြည့်လို့ရပါတယ်။ GED Testing Service ကိုယ်တိုင်လည်း Math Study Guide ကို preparation အတွက် အသုံးပြုဖို့ညွှန်ထားပါတယ်။ 3️⃣ Calculator ကို သုံးတတ်တဲ့အဆင့်ထိ လေ့ကျင့်ပါ GED Math မှာ Calculator Reference Sheet ရှိပြီး test ရဲ့ calculator သုံးလို့ရတဲ့အပိုင်းမှာ TI-30XS ကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Question တချို့မှာ calculator မရသေးတဲ့အပိုင်းလည်း ရှိပါတယ်။ ဒါကြောင့် Calculator button တွေ သိတာတင်မကဘဲ Fractions, Percentages, Powers/Roots, Scientific Notation စတာတွေကို အလွယ်တကူ ထည့်တွက်တတ်အောင် Practice လုပ်ထားပါ။ 4️⃣ Exam နီးလာတာနဲ့ Timed Practice စလုပ်ပါ အိမ်မှာ အချိန်မကန့်သတ်ဘဲ Question ဖြေနိုင်တာနဲ့ Exam အခြေအနေမှာ ဖြေနိုင်တာ မတူပါဘူး။ ဒါကြောင့် နောက်ပိုင်းအပတ်တွေမှာ Question ဖြေ → Time စစ် → မှားတဲ့ Topic ပြန်ဖြည့် ဆိုတဲ့ Cycle နဲ့ လုပ်သွားပါ။ ပြီးတော့ Real Test မတိုင်ခင် ကိုယ်တကယ် Ready ဖြစ်/မဖြစ် သိချင်ရင် GED Ready® Math practice test ကို readiness check အဖြစ် အသုံးပြုနိုင်ပါတယ်။ Official GED ကလည်း GED Ready ကို actual test အတွက် readiness စစ်ဖို့ အသုံးပြုနိုင်တယ်လို့ ဖော်ပြထားပါတယ်။ Exam နီးလာတဲ့အချိန်မှာ အရေးကြီးတာက စာအုပ်ဘယ်နှအုပ်ပြီးသွားလဲ မဟုတ်ပါဘူး။ ကိုယ်အမြဲမှားနေတဲ့အပိုင်း ဘယ်နှခုကို ပြင်ပြီးသွားပြီလဲ ဆိုတာပါ။ ဒါကြောင့် Maths ဖြေဖို့ မကြာတော့ဘူးဆိုရင် ဒီနေ့ကစပြီး Weak Topics 3 ခုရွေးပါ → တစ်ခုချင်းစီ ပြန်ဖြည့်ပါ → Practice လုပ်ပါ → Timed Practice နဲ့ စမ်းပါ။ 💬 GED Maths ဖြေဖို့ပြင်နေတဲ့သူတွေက အခုအခက်ဆုံး Topic ဘာဖြစ်နေလဲ? Comment မှာ ရေးခဲ့ပါဦး။

❝ GED Question ဖြေတဲ့အခါ A လည်းမှန်သလို၊ C လည်းမှန်သလို… နောက်ဆုံး ဘာရွေးရမှန်းမသိလို့ မှန်းရွေးလိုက်ဖူးလား? 👀❞ lဒီ Video မှာ ရှင်းပြထားပါတယ်။ 🌱 Video ကြည့်ရန် https://vt.tiktok.com/ZSVKj1AAn/ Video အဆုံးက Mini Challenge ကိုလည်း A လား၊ B လား TikTok Comment မှာ ဖြေခဲ့ပါဦး။ 👀 📩 GED Classes - @hereyouths1

photo content

❝သင်တန်းအကြောင်းကို ကြော်ငြာကပြောတာထက် တကယ်တက်ခဲ့တဲ့ Student ရဲ့ အတွေ့အကြုံက ပိုပြောနိုင်ပါတယ်။❞ 🤍 Here Youths မှာ Social Studies နဲ့ RLA ကို အချိန်အကြာကြီး One-on-One တက်ခဲ့တဲ့ Student တစ်ယောက်ဆီက Review လေးရခဲ့ပါတယ်။ Student က သိချင်တဲ့အကြောင်းအရာတွေကို Teacher နဲ့ ဆွေးနွေးလို့ရတာ၊ သေချာသင်ပြပေးတဲ့ Teachers တွေနဲ့ တွေ့ခွင့်ရခဲ့တာကို အဆင်ပြေခဲ့တယ်လို့ ပြောထားပါတယ်။ One-on-One အတန်းဖြစ်တာကြောင့် သူ့အခြေအနေအလိုက် Class Schedule တွေကို ပြန်ညှိပေးခဲ့တာနဲ့ လိုအပ်တဲ့ Lesson Recording တွေ ရခဲ့တာကလည်း သူ့အတွက် အထောက်အကူဖြစ်ခဲ့ပါတယ်။ Ready Test နဲ့ Real Exam Date ကိုပါ HY မှာ တစ်ခါတည်း စီစဉ်လို့ရတာကြောင့် Exam ရက်ယူဖို့ ထပ်ပြီးစိတ်ပူစရာမလိုခဲ့ဘူးလို့ ပြောပါတယ်။ Review ထဲမှာ အကြိုက်ဆုံးစကားကတော့ ❝ကိုယ်တိုင် အချိန်အကြာကြီးတက်ခဲ့တဲ့သူမို့ အရမ်းအဆင်ပြေပါတယ်။ Highly recommend ပေးပါတယ်။❞ ဒီလို Review လေးတွေက Here Youths အတွက် ချီးကျူးစကားတစ်ခုတည်း မဟုတ်ပါဘူး။ Student တစ်ယောက်အတွက် Class Time ထဲက Lesson အပြင် Journey တစ်လျှောက် ဘယ်လို Support တွေက တကယ်အသုံးဝင်လဲဆိုတာ ပြန်မြင်စေတဲ့ Feedback လည်းဖြစ်ပါတယ်။ 🌱 ယုံယုံကြည်ကြည်နဲ့ အချိန်အကြာကြီး အတူတူလျှောက်ခဲ့ပေးတာအတွက် ကျေးဇူးတင်ပါတယ်ရှင့်။ 🤍 📩 GED Classes & Exam Services - @hereyouths1

GED Maths မှာ Calculator သုံးလို့ရတယ်ဆိုတော့ Maths က လွယ်သွားပြီလား? 👀 https://vt.tiktok.com/ZSVvAPP7q/

စာသင်ချိန်မှာတော့ နားလည်တယ်… ဒါပေမဲ့ Practice Test ဖြေလိုက်ရင် Score မတက်ဘူးဆိုတာ ကြုံဖူးလား? 👀 တကယ်ပြဿနာက ဘယ်နေရာမှာရှိနေလဲဆိုတာ ဒီ Video လေးမှာ ရှင်းပြထားပါတယ်။ TikTok မှာ ကြည့်ရန် 👇 https://vt.tiktok.com/ZSVWdN1fX/

စာနဲ့ဖတ်ထားပြီးပြီဆိုရင် ဒီတစ်ခါ Video Version လေးနဲ့ ပြန်ကြည့်လိုက်ပါ 🎥✨ GED Subject ၄ ဘာသာကို ဘယ်လို Priority ခွဲပြီး လေ့လာသင့်လဲဆိုတာ တိုတိုရှင်းရှင်း ရှင်းပြထားပါတယ်။ TikTok မှာကြည့်ရန် 👇 https://vt.tiktok.com/ZSVGyRX8e/

❝Maths လည်းလုပ်ရမယ်၊ RLA လည်းလုပ်ရမယ်… GED (၄) ဘာသာကို ဘယ်လိုခွဲလေ့လာမလဲ❞ GED စလေ့လာပြီဆိုတာနဲ့ Subject (၄) ခုရှိပါတယ်။ ဒီတော့ ကျောင်းသားတချို့က ၄ ဘာသာလုံးကို တစ်ပြိုင်တည်း လုပ်ရမလား၊ တစ်ဘာသာပြီးမှ နောက်တစ်ဘာသာ သွားရမလား၊ နေ့တိုင်း Subject အကုန်ထိရမလား ဆိုပြီး Study Plan ဆွဲတဲ့နေရာမှာ စိတ်ရှုပ်တတ်ပါတယ်။ တကယ်တော့ လူတိုင်းအတွက် အဆင်ပြေမယ့် Study Plan တစ်ခုတည်း မရှိပါဘူး။ကိုယ့်ရဲ့ လက်ရှိ Level၊ အားနည်းတဲ့ Subject နဲ့ Exam Timeline ပေါ်မူတည်ပြီး ခွဲတာ ပိုကောင်းပါတယ်။ 1️⃣ GED အခုမှ စလေ့လာနေတယ်ဆိုရင် Subject တစ်ခုတည်းကို လပေါင်းများစွာ လုပ်ပြီး ကျန်တဲ့ Subject တွေကို လုံးဝမထိတာထက် (၄) ဘာသာလုံးနဲ့ တဖြည်းဖြည်း ရင်းနှီးလာအောင် လေ့လာထားတာ ပိုအဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် နေ့တိုင်း (၄) ဘာသာလုံး လုပ်ရမယ် လို့ မဆိုလိုပါဘူး။ ဥပမာ Mon — Maths + RLA Tue — Science + Social Studies Wed — Maths + RLA လို့ ကိုယ့်အချိန်နဲ့ကိုက်အောင် ခွဲလို့ရပါတယ်။ 2️⃣ Subject တစ်ခုက တခြား Subject တွေထက် အားနည်းနေတယ်ဆိုရင် Subject (၄) ခုလုံးကို အချိန်အညီအမျှပေးဖို့ မလိုပါဘူး။ ဥပမာ Social Studies က အဆင်ပြေပေမယ့် Maths အခြေခံမှာ အခက်အခဲရှိနေတယ်ဆိုရင် Maths ကို အချိန်ပိုပေးတာက ပိုအဓိပ္ပာယ်ရှိပါတယ်။ Study Plan က Subject တိုင်းအတွက် မျှတ နေရမယ်ဆိုတာထက် ကိုယ့်လိုအပ်ချက်နဲ့ ကိုက် နေဖို့က ပိုအရေးကြီးပါတယ်။ 3️⃣ Exam ဖြေမယ့် Subject သတ်မှတ်ထားပြီးပြီဆိုရင် ဒီအချိန်မှာတော့ Priority ပြောင်းရပါမယ်။ အရင်ဖြေမယ့် Subject ကို Practice ပိုလုပ်မယ်၊ အမြဲမှားနေတဲ့အပိုင်းတွေ ပြန်ဖြည့်မယ်၊ Exam အတွက် ပိုပြီး Focus လုပ်မယ်။ ကျန် Subject တွေကို လုံးဝပစ်ထားဖို့ မဟုတ်ပေမယ့် Subject (၄) ခုလုံးကို အချိန်တူတူပေးနေဖို့လည်း မလိုတော့ပါဘူး။ ဒါကြောင့် GED Study Plan ဆွဲတဲ့အခါ Subject တစ်ခုစီကို ဘယ်နှနာရီပေးမလဲ လို့ပဲ မစဉ်းစားပါနဲ့။ အရင်ဆုံး အခုအချိန်မှာ ဘယ် Subject က ကိုယ့်အချိန်ကို အလိုအပ်ဆုံးလဲ လို့ စဉ်းစားကြည့်ပါ။ GED မှာ Subject (၄) ခုရှိပေမယ့် ကိုယ့်အချိန်ကို 25% စီ အညီအမျှ ခွဲပေးဖို့ မလိုပါဘူး။ ကိုယ့်ရဲ့ Level နဲ့ Goal ပြောင်းလာတာနဲ့အမျှ Study Plan ကိုလည်း ပြန်ပြောင်းတတ်ဖို့ လိုပါတယ်။ 🌱 ကဲ… GED လေ့လာနေတဲ့သူတွေကရော Maths / RLA / Science / Social Studies ထဲမှာ အခုဘယ် Subject ကို အချိန်အများဆုံးပေးနေရလဲ? 👀 Comment မှာ ပြောခဲ့ပါဦး။ #HereYouths #GED #GEDStudyPlan #GEDMyanmar

photo content

❝သားသမီး GED တက်နေတယ်ဆိုရင် မိဘအနေနဲ့ Progress ကို ဘယ်လိုသိနိုင်မလဲ?❞ မိဘတွေက သားသမီး စာပညာရေးကို စိတ်ပူလို့ မေးတတ်ကြပါတယ်။ ဒီနေ့ Class တက်ပြီးပြီလား။ စာလုပ်ပြီးပြီလား။ စာလုပ်ဖြစ်လား။ ဒီမေးခွန်းတွေ မမှားပါဘူး။ ဒါပေမယ့် GED မှာ ကလေး တကယ်တိုးတက်နေလား သိချင်ရင် Class တက်/မတက် တစ်ခုတည်းထက် နည်းနည်းပိုကြည့်သင့်ပါတယ်။ ဥပမာ ဒီလို မေးကြည့်လို့ရပါတယ်။ ဒီအပတ် ဘာအသစ်သင်ခဲ့လဲ ကလေးက ရိုးရိုးရှင်းရှင်း ပြန်ပြောနိုင်လား နားထောင်ကြည့်ပါ။ ဘယ်အပိုင်းက အခက်ဆုံးဖြစ်နေလဲ။ အကုန်ရတယ် ဆိုတဲ့အဖြေထက် အားနည်းချက်ကို ကိုယ်တိုင်သိနေခြင်းကလည်း အရေးကြီးပါတယ်။ အရင်က မလုပ်နိုင်ပေမယ့် အခုလုပ်နိုင်လာတာ ဘာရှိလဲ။ Reading ပိုမြန်လာတာ ဖြစ်နိုင်တယ်။ Maths Question တစ်မျိုးကို ကိုယ်တိုင်တွက်တတ်လာတာ ဖြစ်နိုင်တယ်။ Practice မှာ အမှားတစ်မျိုး လျော့လာတာ ဖြစ်နိုင်တယ်။ Progress ဆိုတာ Score တစ်ခုတည်း မဟုတ်ပါဘူး။ ဒါပေမယ့် Class တက်နေတယ် ဆိုတာတစ်ခုတည်းနဲ့လည်း Progress ကို သတ်မှတ်လို့မရပါဘူး။ တစ်ဖက်မှာလည်း နေ့တိုင်း စာလုပ်၊ စာလုပ်ပြီးပြီလား ဆိုပြီး ဖိအားပေးနေရုံနဲ့ ကလေးက ပိုတာဝန်ယူတတ်လာမယ်လို့ မဆိုနိုင်ပါဘူး။ တစ်ခါတလေ မိဘက အဖြေကို စစ်ဆေးပေးဖို့ထက် ကလေးကိုယ်တိုင် သူဘယ်နေရာရောက်နေတယ်၊ ဘယ်နေရာမှာ အခက်အခဲရှိတယ်ဆိုတာ ပြောလာနိုင်အောင် မေးခွန်းကောင်းကောင်း မေးပေးတာက ပိုအသုံးဝင်ပါတယ်။ ဒီတစ်ပတ်တော့ စာလုပ်ပြီးပြီလား အစား ဒီအပတ် ဘာတစ်ခု တိုးတက်လာလဲ လို့ တစ်ခါလောက် ပြောင်းမေးကြည့်ပါ။ 🤍

photo content

❝October SAT အတွက် Exam Booking တစ်ခု ထပ်မံအောင်မြင်စွာ ဆောင်ရွက်ပေးပြီးပါပြီ။ ✨❞ Here Youths မှတစ်ဆင့် SAT Exam Booking လာရောက်အပ်နှံထားတဲ့ ကျောင်းသားတစ်ဦးအတွက် October SAT Exam ကို အောင်မြင်စွာ Booking ပြုလုပ်ပေးပြီးပါပြီရှင့်။ 🤍 📅 Test Date - October 3, 2026 ⏰ Test Time - 8:00 AM 📍 Test Center - AYEYARWADDY INTERNATIONAL SCHOOL, Mandalay SAT ဖြေဖို့ ပြင်ဆင်နေပြီဆိုရင် စာလေ့လာတာတစ်ခုတည်းအပြင် Exam Registration ကိုလည်း အချက်အလက်မှန်မှန်ကန်ကန်နဲ့ အချိန်မီ ပြီးစီးထားဖို့ လိုပါတယ်။ SAT Account ကနေ Registration ပြုလုပ်တာ၊ လိုအပ်တဲ့အချက်အလက်တွေ ဖြည့်သွင်းတာ၊ Test Center ရွေးချယ်တာနဲ့ Payment ပြုလုပ်တာတွေမှာ ကိုယ်တိုင်လုပ်ဖို့ အဆင်မပြေသူတွေအတွက် Here Youths မှ SAT Exam Booking Service ကို ဆောင်ရွက်ပေးနေပါတယ်။ ကိုယ်ဖြေချင်တဲ့ SAT Test Date အတွက် Seat ရှိ/မရှိနဲ့ Booking ဆိုင်ရာအသေးစိတ်အချက်အလက်တွေကို အရင်မေးမြန်းနိုင်ပါတယ်ရှင့်။ 📩 SAT Exam Booking - @hereyouths1

❝GED Passage ဖတ်တဲ့အခါ စာလုံးတိုင်းရဲ့ အဓိပ္ပာယ် သိဖို့လိုလား👀❞ GED Reading လေ့ကျင့်နေတဲ့ ကျောင်းသားတချို့မှာ ဒီအလေ့အကျင့် ရှိတတ်ပါတယ်။ Passage ဖတ်နေတယ် မသိတဲ့ English Word တစ်လုံး တွေ့တယ်။ ရပ်တယ်။ အဓိပ္ပာယ်ရှာတယ်။ နောက်တစ်ကြောင်းဆက်ဖတ်တယ်။ မသိတဲ့ Word ထပ်တွေ့တယ်။ ထပ်ရပ်တယ်။ 🥲 ဒီလိုနဲ့ Passage တစ်ပုဒ်လုံးရဲ့ အကြောင်းအရာကို လိုက်ဖတ်နေတာထက် Word တစ်လုံးချင်းစီကို ဘာသာပြန်နေတာ ဖြစ်သွားတတ်ပါတယ်။ တကယ်တော့ Reading မှာ မသိတဲ့ Word တွေ့တိုင်း ချက်ချင်း ရပ်စရာမလိုပါဘူး။ အရင်ဆုံး ဒီမေးခွန်း (၃) ခု မေးကြည့်ပါ။ 1️⃣ ဒီ Word မသိဘဲ စာကြောင်းတစ်ကြောင်းလုံးရဲ့ အဓိပ္ပာယ်ကို နားလည်နိုင်သေးလား? ဥပမာ “Despite the torrential rain, the game continued.” torrential ကို မသိဘူးဆိုပါစို့။ ဒါပေမယ့် rain နဲ့ the game continued ဆိုတဲ့ အချက်တွေကို ကြည့်ပြီး စာကြောင်းရဲ့ အဓိကအကြောင်းကို နားလည်နိုင်သေးတယ်။ ဒါဆို ဒီနေရာမှာ Word တစ်လုံးတည်းကြောင့် Reading ကို ရပ်ထားစရာ မလိုသေးပါဘူး။ 2️⃣ ရှေ့နောက်စာကြောင်းတွေကနေ အဓိပ္ပာယ် ခန့်မှန်းလို့ရလား? ဥပမာ “Unlike his talkative brother, Min was very reserved and rarely spoke to strangers.” reserved ကို မသိဘူး။ ဒါပေမယ့် unlike his talkative brother rarely spoke to strangers ဆိုတဲ့ Clues တွေရှိတယ်။ ဒါကြောင့် reserved က တိတ်တိတ်နေတတ်တဲ့၊ စကားသိပ်မပြောတဲ့သဘောမျိုး ဖြစ်နိုင်တယ်လို့ Context ကနေ ခန့်မှန်းနိုင်ပါတယ်။ ဒါကို Vocabulary in Context လို့ စဉ်းစားလို့ရပါတယ်။ 3️⃣ ဒီ Word က Question ဖြေဖို့ တကယ်လိုအပ်လား? ဒါက အရေးကြီးပါတယ်။ Passage ထဲမှာ မသိတဲ့ Word (၅) လုံးရှိတယ်ဆိုတိုင်း အဲ့ဒီ (၅) လုံးလုံးက Question ဖြေဖို့ အရေးကြီးတာ မဟုတ်ပါဘူး။ တချို့ Word တွေကို ကျော်ဖတ်လို့ရတယ်။ တချို့ကို Context နဲ့ ခန့်မှန်းလို့ရတယ်။ တချို့ကိုတော့ Question နားလည်ဖို့ အရေးကြီးတာကြောင့် သေချာစဉ်းစားရမယ်။ Reading Skill ဆိုတာ Word တိုင်းကို Burmese လို ဘာသာပြန်နိုင်တာတစ်ခုတည်း မဟုတ်ပါဘူး။ မသိတဲ့အရာတွေကြားထဲကနေတောင် စာရေးသူ ဘာပြောနေလဲ၊ ဘယ် Evidence က အရေးကြီးလဲ၊ Context က ဘာကိုညွှန်ပြနေလဲ ဆိုတာ ဖမ်းယူနိုင်ဖို့လည်း လိုပါတယ်။ ဒါကြောင့် နောက်တစ်ခါ GED Passage ဖတ်ရင်း မသိတဲ့ Word တစ်လုံးတွေ့ရင် ချက်ချင်း Reading ကို မရပ်ခင် ဒီ Word ကို မသိဘဲ ဆက်နားလည်နိုင်သေးလား လို့ အရင်မေးကြည့်ပါ။ 🌱 ကဲ အပေါ်က example မှာ torrential rain ဆိုတာ ဘယ်လိုမိုးမျိုး ဖြစ်မယ်ထင်လဲ? 👀 A. မိုးဖွဲဖွဲ B. မိုးအရမ်းသည်းသည်း C. မိုးမရွာခြင်း D. နှင်းကျခြင်း Answer ကို Comment မှာ ဖြေခဲ့ပါ။ 📩 GED Exam Preparation, Ready Test နှင့် Exam-related Services များအကြောင်း သိရှိလိုပါက @hereyouths1 တွင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

❝ဒီရက်ပိုင်း Here Youths မှာ ဘာတွေဖြစ်နေကြလဲ 👀❞ ဘာလိုလိုနဲ့ August လတောင် တစ်ဝက်ကျော်လာပါပြီ။ Here Youths မှာလည်း ပုံမှန်အတိုင်း Classes တွေ၊ ကျောင်းသားတွေရဲ့ Exam Preparation တွေနဲ့ နေ့တိုင်း လှုပ်လှုပ်ရှားရှားပါပဲ။ 🌱 အခုလက်ရှိမှာ… GED Classes တွေ ဆက်လက်သင်ကြားနေပါတယ်။ ✨ GED Foundation ကနေ Preparation, Exam Practice အထိ ကိုယ်ရောက်နေတဲ့ Level အလိုက် GED ကို ဆက်လက်လေ့လာနေကြတဲ့ ကျောင်းသားတွေ ရှိပါတယ်။ Exam အတွက် ပြင်ဆင်နေကြတဲ့ ကျောင်းသားတွေလည်း ရှိပါတယ်။ ✨ Practice လုပ်တာ၊ ကိုယ့်အားနည်းချက်တွေ ပြန်စစ်တာ၊ Ready Test ဖြေတာကနေ Real Test အတွက် ပြင်ဆင်တာအထိ တစ်ဆင့်ချင်းစီ ဆက်သွားနေကြပါတယ်။ GED Exam Services တွေလည်း ပုံမှန်ဆောင်ရွက်ပေးနေပါတယ်။ ✨ GED Account Opening, Parent Consent Form, Ready Test, Exam Booking ကနေ GED ပြီးဆုံးသွားတဲ့နောက် eTranscript, eDiploma နဲ့ Hard Copy Documents တွေအထိ လိုအပ်တဲ့အဆင့်တွေမှာ ဆက်လက်ကူညီပေးနေပါတယ်။ ပြီးတော့ ဒီ Channel ထဲမှာလည်း သင်တန်းအကြောင်းတွေပဲ တင်နေမယ့်အစား GED လေ့လာနေတဲ့ ကျောင်းသားတွေအတွက် တကယ်အသုံးဝင်မယ့် GED Tips, Subject Knowledge, Exam Preparation နဲ့ Student Guidance Content တွေကို ဆက်ပြီး ပိုမျှဝေပေးဖို့လုပ်ဆောင်နေပါတယ်။🤍 Here Youths ရဲ့ ရည်ရွယ်ချက်ကတော့ အရင်အတိုင်းပါပဲ။ GED ကို ဘယ်ကစရမှန်းမသိသေးတဲ့အချိန်ကနေ စာလေ့လာတာ၊ Practice လုပ်တာ၊ Exam အတွက် ပြင်ဆင်တာနဲ့ GED Journey ပြီးဆုံးတဲ့အထိ ကျောင်းသားတစ်ယောက်ရဲ့ Journey တစ်လျှောက် လိုအပ်တဲ့နေရာတွေမှာ ကူညီပေးနိုင်ဖို့ပါ။ အခုတော့ ဒီ Journey က GED တစ်ခုတည်းမှာပဲ ရပ်မနေတော့ပါဘူး။ 👀 GED Services တွေအပြင် IELTS Exam Booking နဲ့ SAT Exam Booking Services တွေကိုပါ Here Youths မှာ ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။🌱 📩 Classes နှင့် Exam Services များအကြောင်း အသေးစိတ်သိရှိလိုပါက - @hereyouths1

❝500,000 ကျပ်တန် Laptop ကို 20% OFF ဆိုရင် ဘယ်လောက်ပေးရမလဲ? 👀❞ GED Maths မေးခွန်းလေး အရင်တွက်ကြည့်ပါ။ ❝Laptop တစ်လုံးရဲ့ မူရင်းဈေးက 500,000 ကျပ်။ Sale မှာ 20% OFF ပေးထားတယ်ဆိုပါစို့။ ဒါဆို နောက်ဆုံး ဘယ်လောက်ပေးရမလဲ?❞ 20% OFF ဆိုတာ ဘာရဲ့ 20% လဲ? မူရင်းဈေး 500,000 ကျပ်ရဲ့ 20% ပါ။ အရင်ဆုံး လျှော့ပေးမယ့်ပမာဏကို ရှာမယ်။ 500,000 × 20/100 = 100,000 ကျပ် ဒါက Discount Amount ပါ။ ဒါပေမယ့် ဒီမှာ သတိထားရမှာတစ်ခုရှိပါတယ်။ 👀 Question က Discount ဘယ်လောက်ရလဲ? လို့ မမေးထားပါဘူး။ နောက်ဆုံး ဘယ်လောက်ပေးရမလဲ? လို့ မေးထားတာပါ။ ဒါကြောင့် 500,000 − 100,000 = 400,000 ကျပ် နောက်ဆုံးပေးရမယ့်ဈေးက 400,000 ကျပ် ဖြစ်ပါတယ်။ ဒီလို Question တွေမှာ ကျောင်းသားတွေ မှားတတ်တာက Calculation မလုပ်တတ်လို့တင် မဟုတ်ပါဘူး။ Question က ဘာကို တောင်းနေတာလဲ မခွဲမိလို့လည်း ဖြစ်ပါတယ်။ Original Price လား? Discount Amount လား? Final Price လား? Percentage တွက်နိုင်ပေမယ့် မေးထားတဲ့အရာနဲ့ မကိုက်တဲ့ Answer ပေးလိုက်ရင်လည်း မှားပါတယ်။ ဒါကြောင့် GED Maths မှာ Formula ကိုပဲ မကြည့်ပါနဲ့။ ဘာပေးထားလဲ? ဘာရှာခိုင်းထားလဲ? ကို အရင်ခွဲပါ။ ကဲ… နောက်တစ်ခု ကိုယ်တိုင်တွက်ကြည့်မယ်။ 😁 80,000 ကျပ်တန် အင်္ကျီတစ်ထည်ကို 15% OFF ဆိုရင် နောက်ဆုံး ဘယ်လောက်ပေးရမလဲ? Calculator သုံးလို့ရပါတယ်။ Answer ကို Comment မှာ ချခဲ့ပါ။ 👀 📩 GED Exam Preparation, Ready Test နှင့် Exam-related Services များအကြောင်း သိရှိလိုပါက @hereyouths1 တွင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

❝GED ကို မြန်မြန်ပြီးချင်တာနဲ့ Exam ကို မြန်မြန်ဖြေဖို့ မလိုပါဘူး။❞ GED ကျောင်းသားတချို့ဆီက မကြာခဏ ကြားရတဲ့ စကားတစ်ခုရှိပါတယ်။ မြန်မြန်ပြီးချင်လို့ ဒီလထဲ ဖြေလိုက်မယ်။ GED ကို မြန်မြန်ပြီးချင်တာ နားလည်ပါတယ်။ University Application ရှိလို့ ဖြစ်နိုင်တယ်။ အချိန်မဆွဲချင်လို့ ဖြစ်နိုင်တယ်။ သူငယ်ချင်းတွေ Subject တွေ အောင်သွားတာမြင်ပြီး ကိုယ်လည်း မြန်မြန်ဖြေချင်လာတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် Exam မြန်မြန်ဖြေတာနဲ့ GED မြန်မြန်ပြီးတာက အမြဲတမ်း တစ်ခုတည်း မဟုတ်ပါဘူး။ Ready မဖြစ်သေးဘဲ Real Test ကို အလောတကြီးဝင်ဖြေလိုက်ပြီး မျှော်မှန်းထားတဲ့ Result မရခဲ့ရင် အချိန်လည်း ထပ်ပေးရမယ်။ ပြန်လေ့လာရမယ်။ Exam အတွက် ထပ်ပြီး ပြင်ဆင်ရမယ်။ ကိုယ့် Confidence ပါ ကျသွားနိုင်ပါတယ်။ အဲ့ဒါကြောင့် ဘယ်တော့ဖြေမလဲ? မဆုံးဖြတ်ခင် ငါ တကယ်ဖြေဖို့ Ready ဖြစ်ပြီလား ကို အရင်စစ်သင့်ပါတယ်။ Exam Date မယူခင် ကိုယ့်ကိုယ်ကို ဒီအချက်တွေ ပြန်မေးကြည့်ပါ။ 1️⃣ Lesson ပြီးတာနဲ့ပဲ Ready လို့ ထင်နေတာလား? သင်ခန်းစာတွေ အကုန်သင်ပြီးသွားတာက ကောင်းပါတယ်။ ဒါပေမယ့် သင်ပြီးတာနဲ့ Exam Question တွေကို ကိုယ်တိုင် ဖြေနိုင်တာက မတူပါဘူး။ 2️⃣ မမြင်ဖူးသေးတဲ့ Questions တွေကို ကိုယ်တိုင်ဖြေနိုင်လား? လေ့ကျင့်ပြီးသား Question တွေမှာ ရတာထက် Question အသစ်တွေမှာ ကိုယ်သိထားတာကို အသုံးချနိုင်ဖို့က ပိုအရေးကြီးပါတယ်။ 3️⃣ အချိန်ကန့်သတ်ထားတဲ့ Practice မှာရော အဆင်ပြေလား? စာသိပေမယ့် Exam အချိန်အတွင်း Question တွေကို မပြီးနိုင်သေးရင် အဲ့ဒီအပိုင်းကို ထပ်လေ့ကျင့်ဖို့ လိုနိုင်ပါတယ်။ 4️⃣ ကိုယ်အမြဲမှားနေတဲ့အပိုင်းကို သိလား? ငါတော့ အဆင်ပြေပါတယ် ဆိုတဲ့ feeling တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါနဲ့။ ကိုယ်က Evidence Questions မှာ အားနည်းနေတာလား၊ Graph တွေမှာလား၊ Maths Concept တစ်ခုမှာလား။ ကိုယ့် Weak Point ကို သိပြီး ပြင်ထားဖို့ လိုပါတယ်။ GED Exam ကို ကြောက်လို့ အမြဲရွှေ့နေတာလည်း မကောင်းပါဘူး။ ဒါပေမယ့် မြန်မြန်ပြီးချင်တဲ့စိတ်တစ်ခုတည်းနဲ့ Ready မဖြစ်သေးဘဲ အလောတကြီး ဖြေတာလည်း မကောင်းပါဘူး။ ရည်ရွယ်ချက်က Exam ကို အမြန်ဆုံးဝင်ဖြေဖို့ မဟုတ်ပါဘူး။ ဖြေသင့်တဲ့အချိန်မှာ ပြင်ဆင်မှုရှိရှိနဲ့ ဝင်ဖြေနိုင်ဖို့ပါ။ 🌱 ဒါကြောင့် Exam Date ရွေးတော့မယ်ဆိုရင် Calendar ကိုပဲ မကြည့်ပါနဲ့။ ကိုယ့် Readiness ကိုပါ ကြည့်ပါ။ 📩 GED Exam Preparation, Ready Test နှင့် Exam-related Services များအကြောင်း သိရှိလိုပါက @hereyouths1 တွင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Practice မှာရတယ်၊ Exam မှာ ဘာလို့ Score မတက်တာလဲ👀 ဒီလို ဖြစ်ဖူးလား? Practice Question တွေ ဖြေတဲ့အခါတော့ အဖြေမှန်တယ်။ Lesson လည်း နားလည်တယ်။ Ready ဖြစ်ပြီထင်တယ် လို့တောင် ခံစားရတယ်။ ဒါပေမယ့် Mock Test ဒါမှမဟုတ် Ready Test ဖြေလိုက်တဲ့အခါ မျှော်လင့်ထားသလောက် Score မရဘူး။ 🥲 ဘာကြောင့်လဲ? တစ်ခါတလေ ပြဿနာက စာမရလို့ မဟုတ်ပါဘူး။ 1️⃣ Practice လုပ်တဲ့အခါ အဖြေကို သိပြီးသားဖြစ်နေတာ တူညီတဲ့ Question တွေကို ထပ်ခါထပ်ခါ ဖြေတာ၊ Answer Explanation ကြည့်ပြီး ချက်ချင်းပြန်ဖြေတာတွေက တကယ်နားလည်တာနဲ့ အဖြေကို မှတ်မိနေတာ ကြား ခွဲရခက်စေပါတယ်။ ဒါကြောင့် မမြင်ဖူးသေးတဲ့ Questions အသစ်တွေနဲ့လည်း ကိုယ့်ကိုယ်ကို စမ်းသပ်ဖို့ လိုပါတယ်။ 2️⃣ အချိန်မသတ်မှတ်ဘဲ Practice လုပ်နေတာ ⏰ အိမ်မှာ Question တစ်ပုဒ်ကို စိတ်အေးအေးနဲ့ ဖြေနိုင်တာနဲ့ Exam ထဲမှာ အချိန်ကန့်သတ်ချက်နဲ့ ဖြေနိုင်တာ မတူပါဘူး။စာရတာတင်မကဘဲ ပေးထားတဲ့အချိန်အတွင်း မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ပါ လေ့ကျင့်ထားရပါတယ်။ 3️⃣ မှားတဲ့ Question ကို အဖြေမှန် ပဲ ကြည့်ပြီး ကျော်သွားတာ ဒီတစ်ချက်က အရေးကြီးပါတယ်။ Question မှားတိုင်း အော်… B ကိုး ဆိုပြီး မပြီးပါနဲ့။ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ဘာကြောင့် မှားတာလဲ? Concept မသိလို့လား? Question ကို ဖတ်မှားလို့လား? Evidence မှားရွေးလို့လား? အလျင်လိုလို့လား? Answer Choices ကြား မခွဲတတ်လို့လား? အမှားရဲ့ အကြောင်းရင်းကို မပြင်သရွေ့ Question ပြောင်းသွားရင် အဲ့ဒီအမှားကို ထပ်လုပ်မိနိုင်ပါတယ်။ ဒါကြောင့် GED Practice လုပ်တဲ့အခါ Question ဘယ်နှပုဒ်ဖြေခဲ့လဲ ဆိုတာထက် မှားခဲ့တဲ့ Question တွေဆီက ဘာသင်ယူခဲ့လဲ ဆိုတာက ပိုအရေးကြီးပါတယ်။ 🌱 Practice ရဲ့ ရည်ရွယ်ချက်က ကိုယ့်ကိုယ်ကို မှန်ကြောင်း သက်သေပြဖို့ မဟုတ်ပါဘူး။ Real Exam မရောက်ခင် ကိုယ့်အားနည်းချက်တွေကို ရှာတွေ့ဖို့ပါ။ 🤍 Practice မှာ အများဆုံး ကြုံရတဲ့ပြဿနာက ဘာလဲ? အချိန်မလောက်တာလား၊ Question နားမလည်တာလား၊ Answer (၂) ခုကြား ရွေးမရတာလား? Comment မှာ ပြောခဲ့ပါဦး။ 👀 For GED classes, contact @hereyouths1

IELTS ကို အိမ်ကနေ ဖြေလို့ရနေပြီဆိုတာ သိလား? 😳 IELTS ဖြေမယ့်သူတွေကြားမှာ အခုထိ ရောထွေးနေတတ်တဲ့ အချက်တစ်ခုရှိပါတယ်။ IELTS on Computer နဲ့ IELTS Online က အတူတူ မဟုတ်ပါဘူးနော် ❗️ British Council Myanmar ရဲ့ Official Information အရ 💻 IELTS on Computer Test Centre ကို သွားပြီး Computer နဲ့ ဖြေဆိုရတာဖြစ်ပါတယ်။ 📍 Myanmar မှာ Yangon နဲ့ Mandalay မှာ ဖြေဆိုနိုင်ပါတယ်။ လက်ရှိ Test Fee - USD 210 Academic နဲ့ General Training နှစ်မျိုးလုံး ရှိပါတယ်။ 🏠 IELTS Online ဒါကတော့ Test Centre သွားစရာမလိုဘဲ ကိုယ့်အိမ်ကနေ Online ဖြေဆိုနိုင်တဲ့ IELTS Academic Test ဖြစ်ပါတယ်။ လက်ရှိ Test Fee - USD 190 ဒါပေမယ့် ဒီနေရာမှာ သတိထားရမယ့် အရေးကြီးဆုံးအချက်ရှိပါတယ်။ IELTS Online ကို Institution အားလုံးက လက်ခံတာမဟုတ်ပါဘူး။ ⚠️ ကိုယ်လျှောက်မယ့် University / Institution က IELTS Online ကို လက်ခံ၊ မလက်ခံ မဖြေခင် အရင်စစ်ဖို့ လိုပါတယ်။ ပြီးတော့ Immigration purposes အတွက် အသုံးပြုလို့ မရပါဘူး။ General Training မရှိပါဘူး။ ✅ Academic Test အတွက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် “IELTS Online က $190 ပဲဆိုတော့ ပိုစျေးသက်သာတယ်၊ အိမ်ကနေလည်း ဖြေလို့ရတယ်” ဆိုပြီး ချက်ချင်းရွေးလိုက်တာမျိုး မလုပ်သင့်ပါဘူး။ IELTS ကို ဘာအတွက်သုံးမှာလဲ။ University Admission လား။ Study Abroad လား။ Immigration လား ဆိုတာပေါ်မူတည်ပြီး သင့်တော်တဲ့ IELTS Test Type ကို ရွေးချယ်ဖို့လိုပါတယ်။ အထက်ပါအချက်အလက်များသည် British Council Myanmar Official Website မှ ဖော်ပြထားသော IELTS information များကို ကိုးကားထားခြင်းဖြစ်ပါသည်။ For IELTS, GED, SAT Exam Booking, Contact @hereyouths1 🙌

❝GED Science မှာ Independent Variable နဲ့ Dependent Variable ကို ဘယ်လိုခွဲမလဲ?❞ 🔬 နာမည်တွေကြည့်လိုက်ရင် ရှုပ်သလို ထင်ရပေမယ့် တကယ်တော့ ခွဲရတာ မခက်ပါဘူး။ ဥပမာတစ်ခု ကြည့်ရအောင် 👀 သုတေသီတစ်ယောက်က အပင်တစ်ပင်ကို နေရောင် ဘယ်လောက်ပေးရင် အပင်ကြီးထွားမှု ဘယ်လိုပြောင်းလဲမလဲ ဆိုတာ စမ်းသပ်ချင်တယ်ဆိုပါစို့။ အပင်တွေကို တစ်နေ့ ၂ နာရီ နေရောင်ပေးမယ်။ တစ်နေ့ ၄ နာရီ နေရောင်ပေးမယ်။ တစ်နေ့ ၆ နာရီ နေရောင်ပေးမယ်။ ပြီးရင် အပင်တွေ ဘယ်လောက်ကြီးလာလဲ တိုင်းတာမယ်။ ဒီ Experiment မှာ Variable နှစ်မျိုးကို ခွဲကြည့်ရအောင်။ 1️⃣ Independent Variable ဒါက တမင်ပြောင်းလဲပေးတဲ့အရာ ဖြစ်ပါတယ်။ ဒီ Experiment မှာ Researcher က ဘာကို ပြောင်းနေလဲ? နေရောင်ပေးတဲ့ အချိန်။ ဒါကြောင့် Amount of Sunlight = Independent Variable ဖြစ်ပါတယ်။ ဘာကို ပြောင်းလိုက်တာလဲ? စဉ်းစားပါ။ 2️⃣ Dependent Variable Independent Variable ကို ပြောင်းလိုက်တဲ့အခါ ရလဒ်အနေနဲ့ ဘာပြောင်းသွားလဲဆိုတာ တိုင်းတာတဲ့အရာ ဖြစ်ပါတယ်။နေရောင်ပေးတဲ့ အချိန်ကို ပြောင်းပြီး Researcher က ဘာကို တိုင်းတာနေလဲ? အပင်ရဲ့ ကြီးထွားမှု။ ဒါကြောင့် Plant Growth = Dependent Variable ဖြစ်ပါတယ်။ ဒီတစ်ခါတော့ ဘာကို တိုင်းတာနေတာလဲ? ဆိုတာစဉ်းစားကြည့်ပါ။ ဒါဆို အလွယ်ဆုံး မှတ်ရရင်… Independent Variable = ပြောင်းလိုက်တဲ့အရာ Dependent Variable = တိုင်းတာတဲ့ရလဒ် ဒါပဲ ဖြစ်ပါတယ်။ 🙌 GED Science Question မှာ Experiment တစ်ခု ပေးထားပြီး Variable ခွဲခိုင်းလာရင် နာမည်တွေကို အလွတ်ကျက်ပြီး ရှုပ်မနေပါနဲ့။ ဘာကို ပြောင်းထားလဲ? ဘာကို တိုင်းတာထားလဲ? ဒီမေးခွန်း (၂) ခုကိုပဲ အရင်မေးကြည့်ပါ။ 📩 GED Classes နှင့် GED Services များအကြောင်း အသေးစိတ် - Telegram @hereyouths1