ch
Feedback
Here Youths 🎉

Here Youths 🎉

前往频道在 Telegram

Let us help you for your Education ahead ❤️

显示更多

📈 Telegram 频道 Here Youths 🎉 的分析概览

频道 Here Youths 🎉 (@hereyouthss) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 11 496 名订阅者,在 教育 类别中位列第 17 413,并在 缅甸 地区排名第 10 622 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 11 496 名订阅者。

根据 30 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 214,过去 24 小时变化为 15,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 15.26%。内容发布后 24 小时内通常能获得 6.18% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 754 次浏览,首日通常累积 711 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 27。

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
“Let us help you for your Education ahead ❤️”

凭借高频更新(最新数据采集于 01 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 教育 类别中的关键影响点。

11 496
订阅者
+1524 小时
+477 夊
+21430 夊
帖子存档
ဒီနေ့က June 30 နော် 👀🎉 ၂၀၂၆ ခုနှစ်ရဲ့ ပထမ (၆) လ ကတော့ ပြီးသွားပါပြီ။ အချိန်က တကယ်မြန်တယ်နော်။ ဒီ (၆) လအတွင်း… တချို့ကျောင်းသားတွေက GED Subject (၄) ခုလုံး အောင်သွားကြပြီ။ တချို့က Subject (၁) ခု၊ (၂) ခု အောင်ပြီး နောက်တစ်ဆင့်ကို ဆက်လျှောက်နေကြပြီ။ တချို့ကတော့ အခုမှ စာစလုပ်ဖို့ ပြင်ဆင်နေတုန်းပါ။တချို့ကတော့… ဒီတစ်ပတ်ကစလုပ်မယ်… မနက်ဖြန်ကစလုပ်မယ်… လို့ ပြောရင်း အချိန်တွေ ကုန်သွားခဲ့တယ်။ ဒါကလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့်… ဒီနေ့က နောက်ကျသွားတဲ့နေ့ မဟုတ်ပါဘူး။ ပြန်စလို့ရသေးတဲ့နေ့ပါ။ ရှေ့မှာ နောက်ထပ် (၆) လ ကျန်ပါသေးတယ်။ အဲ့ဒီ (၆) လက ကိုယ့်အတွက် ဘာဖြစ်မလဲဆိုတာ ဒီနေ့ကစပြီး ကိုယ်လုပ်မယ့် အရာတွေပေါ် မူတည်ပါတယ်။ စာကို တစ်နေ့ ၁ နာရီပဲ လုပ်နိုင်ရင်လည်း ကိစ္စမရှိပါဘူး။ အရေးကြီးတာက… ဆက်လုပ်ဖို့ပါ။ ဒီနေ့ကစပြီး Goal အသစ်လေးတွေ ချလိုက်ရအောင်။ 📖 ဒီအပတ် Chapter တစ်ခန်းပြီးအောင် လုပ်မယ်။ 📝 Practice Questions ပုံမှန်ဖြေမယ်။ 📅 Exam ဖြေမယ့် Timeline ကို သတ်မှတ်မယ်။ ကြီးကြီးမားမား ပြောင်းလဲဖို့ မလိုပါဘူး။ နေ့တိုင်း နည်းနည်းချင်း ရှေ့ဆက်သွားရင်လည်း လုံလောက်ပါတယ်။ ပထမ (၆) လက ဘယ်လိုဖြစ်ခဲ့လဲဆိုတာကို ပြန်ပြောင်းလို့ မရတော့ပါဘူး။ ဒါပေမယ့်… ကျန်တဲ့ (၆) လကိုတော့ ကိုယ်လိုချင်တဲ့ ပုံစံဖြစ်အောင် စတင်တည်ဆောက်နိုင်ပါသေးတယ်။ 🤍 Here Youths Team ကလည်း ၂၀၂၆ ခုနှစ်အကုန်မှာ ကျောင်းသားတိုင်း ကိုယ်ရည်မှန်းထားတဲ့ GED Goal ကို အောင်မြင်စေဖို့ ဆုတောင်းပေးပါတယ်။ 💙 Let’s finish this year stronger than we started.

ဒီနေ့က June 30 ၂၀၂၆ ခုနှစ်ရဲ့ ပထမ (၆) လ ပြီးဆုံးသွားပါပြီ။ အခုချိန်မှာ ခဏလောက် ရပ်ပြီး ကိုယ့်ကိုယ်ကို မေးကြည့်ရအောင် 📌 ဒီနှစ်အစမှာ GED နဲ့ ပတ်သက်ပြီး ဘာရည်မှန်းချက် ချခဲ့လဲ? 📌 အခု ဘယ်အခြေအနေအထိ ရောက်နေပြီလဲ? တချို့ကျောင်းသားတွေက… Subject (၄) ခုလုံး အောင်ပြီးသွားပြီ။ တချို့က… Subject (၁) ခု၊ (၂) ခု အောင်ပြီးသွားပြီ။ တချို့ကတော့… စာစလုပ်ဖို့ ပြင်ဆင်နေတုန်းပဲ။ တချို့က… မနက်ဖြန်ကစလုပ်မယ် လို့ ပြောရင်း June တစ်လလုံး ကုန်သွားခဲ့တယ်။ ဒါပေမယ့်… နောက်ကျသွားပြီ လို့ တွေးစရာ မလိုပါဘူး။ ဒီနေ့က… နှစ်တစ်နှစ်ရဲ့ အလယ်မှတ်တိုင် ပဲ ဖြစ်ပါတယ်။ ရှေ့မှာ နောက်ထပ် (၆) လ ကျန်သေးတယ်။ ဒီနေ့မှာ အရေးကြီးတာက… ကျန်တဲ့ အချိန်ကို ဘယ်လို အသုံးချမလဲ ဆိုတာပါပဲ တစ်နေ့ကို ၁ နာရီပဲ ဖြစ်ဖြစ်… ပုံမှန် ဆက်လုပ်နိုင်ရင်… ၆ လအတွင်း ပြောင်းလဲမှုက အများကြီး ဖြစ်လာနိုင်ပါတယ်။ 🎯 ဒီနေ့ကစပြီး Goal အသစ် ချလိုက်ပါ။ 📖 Chapter တစ်ခန်းပြီးအောင် လုပ်မယ်။ 📝 Practice Questions နေ့တိုင်း ဖြေမယ်။ 📅 Exam Timeline သတ်မှတ်မယ်။ တစ်နှစ်ရဲ့ ပထမ (၆) လက ဘယ်လိုဖြစ်ခဲ့လဲဆိုတာကို မပြောင်းလဲနိုင်တော့ပါဘူး။ ဒါပေမယ့်… နောက်ဆုံး (၆) လကိုတော့ ဒီနေ့ကစပြီး ပြောင်းလဲနိုင်ပါတယ်။ 🤍 Here Youths Team မှလည်း ကျောင်းသားတိုင်း ၂၀၂၆ ခုနှစ်မှာ GED Journey အောင်မြင်ဖို့ ဆုတောင်းပေးပါတယ်။ Let’s finish this year stronger than we started. 💙

GED မှာ Chapter ပြီးမှ Practice Questions ဖြေရမယ် ဆိုတာ အမြဲမှန်ရဲ့လား ⁉️ GED Students တွေထဲမှာ တွေ့ရတတ်တဲ့ အယူအဆတစ်ခု ရှိပါတယ်။ Chapter အကုန်ပြီးမှ Question ဖြေမယ်။ တကယ်တော့ ဒီနည်းလမ်းက လူတိုင်းနဲ့ မကိုက်ပါဘူး။ Practice Questions က စာပြီးမှ စစ်တဲ့အရာ တစ်ခုတည်း မဟုတ်ပါဘူး။ စာသင်နေတုန်း လေ့လာဖို့ Tool တစ်ခုလည်း ဖြစ်ပါတယ်။ ဥပမာ… Cell Structure ကို သင်ပြီးတာနဲ့ Question (၅) ပုဒ်၊ (၁၀) ပုဒ်လောက် ဖြေကြည့်လိုက်ရင်… 📌 ဘာနားလည်သွားလဲ 📌 ဘာမသိသေးဘူးလဲ 📌 ဘယ် Concept ကို ပြန်ဖတ်သင့်လဲ ဆိုတာ ချက်ချင်း သိနိုင်ပါတယ်။ ဒါကြောင့် Practice Questions ကို စာပြီးမှ ဖြေမယ် လို့ မစောင့်ပါနဲ့။ သင်ယူနေတဲ့အချိန်မှာ အသုံးချပါ။ ဒါက Learning ကို ပိုထိရောက်စေတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ GED မှာ Practice Questions ဆိုတာ… ကိုယ့်ကို အမှတ်ပေးဖို့ မဟုတ်ပါဘူး။ ကိုယ် ဘာလိုသေးလဲဆိုတာ ပြန်သင်ပေးဖို့ ဖြစ်ပါတယ်။ Score ကို ကြည့်ရုံနဲ့ မရပ်လိုက်ပါနဲ့။ ငါ ဘာကြောင့် မှားသွားတာလဲ ဆိုတာကို ပြန်သုံးသပ်နိုင်တဲ့အချိန်မှာပဲ တကယ့် Learning စပါတယ်။ 🤍 Blessed Night🤍

photo content
+3

GED မစခင် စမ်းကြည့်သင့်တဲ့ Free English Test App တစ်ခု 🌱 GED ကို စလေ့လာချင်နေတဲ့ ကျောင်းသားတော်တော်များများက 💭 ငါ့ English Level နဲ့ ရနိုင်ပါ့မလား? 💭 Foundation တက်ရမလား? 💭 Preparation တန်း ဝင်လို့ရပြီလား? ဆိုတာကို သိချင်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ လက်ရှိ English Level ကို မသိဘဲ GED ကို စလိုက်တဲ့အခါ 📌 Reading Passage တွေ ခက်သွားနိုင်တယ် 📌 Vocabulary တွေ နားမလည်နိုင်ဘူး 📌 Confidence ကျသွားနိုင်တယ် ဒါကြောင့် GED မစခင် EnglishScore App လို Free English Assessment Tool တွေနဲ့ ကိုယ့် Level ကို အရင်စစ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ 📖 Reading 🎧 Listening 📝 Grammar & Vocabulary စတဲ့ Skills တွေကို စစ်ဆေးပေးနိုင်ပြီး ကိုယ့်ရဲ့ English Level ကို အကြမ်းဖျင်း သိနိုင်ပါတယ်။ ⚠️ ဒါပေမယ့် သတိထားရမှာ တစ်ခုရှိပါတယ်။ EnglishScore Result က GED Ready Score ကို မခန့်မှန်းနိုင်ပါဘူး။ GED Exam Result ကို အာမမခံနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ GED မှာ English တစ်ခုတည်း မဟုတ်ဘဲ… 📊 Data Interpretation 🔍 Evidence Analysis 🧠 Critical Thinking 📖 Academic Reading စတဲ့ Skills တွေကိုပါ အသုံးပြုရပါတယ်။ ဒါပေမယ့်… ငါ့ English Foundation ဘယ်လောက်ရှိလဲ ဆိုတာကို သိချင်တဲ့ ကျောင်းသားတွေအတွက်တော့ EnglishScore က စမ်းကြည့်သင့်တဲ့ Free App တစ်ခု ဖြစ်ပါတယ်။

စာလုပ်ချင်ပေမယ့်… ဘယ်ကနေ စလုပ်ရမှန်း မသိဘူး 😇 GED ကို စလေ့လာတဲ့ ကျောင်းသားတော်တော်များများမှာ ဒီပြဿနာတစ်ခု ရှိပါတယ်။ 📌 PDF တွေ အများကြီးရှိတယ်။ 📌 YouTube Videos တွေ အများကြီးရှိတယ်။ 📌 Telegram Channels တွေလည်း အများကြီးရှိတယ်။ ဒါပေမယ့် အခု ဘာကို အရင်လုပ်ရမလဲ ဆိုတာကိုဝေခွဲမရဘူး။ အဲ့ဒီလိုနဲ့ Resources တွေ ပိုများလာလေလေ စပြီး စာလုပ်ရတာ ပိုခက်လာလေလေ ဖြစ်တတ်ပါတယ်။ Here Youths ရဲ့ ကျောင်းသူတစ်ယောက်ကလည်း အစပိုင်းမှာ အဲ့ဒီလိုပဲ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ Feedback ထဲမှာ အခုလို ရေးထားပါတယ်။ 💬 ပုံမှန်ဆို ဘယ်ကနေလေ့လာရမှန်း မသိဖြစ်နေတာ။ တီချယ်နဲ့ သင်တော့မှ လေ့လာစရာ Resources တွေ အများကြီး သိရပြီး စာလည်း ပုံမှန်လုပ်ဖြစ်သွားပါတယ်။ Self-confidence လည်း ပိုရသွားပါတယ်။ GED မှာ Resources မရှိတာက ပြဿနာ မဟုတ်ပါဘူး။ Resources တွေ များလွန်းပြီး ဘယ်ကနေ စရမှန်း မသိတာ က ပိုကြီးတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် Here Youths မှာ… 📚 ဘာကို အရင်လေ့လာသင့်လဲ 📝 ဘယ် Resources ကို အသုံးပြုသင့်လဲ 🎯 ဘယ်လို Sequence နဲ့ Practice လုပ်သင့်လဲ ဆိုတာတွေကို ကျောင်းသားတစ်ယောက်ချင်းစီရဲ့ Level ပေါ်မူတည်ပြီး လမ်းညွှန်ပေးပါတယ်။ တစ်ခါတစ်လေ လူတစ်ယောက် လိုအပ်နေတာက Resources အသစ်တွေ မဟုတ်ပါဘူး။ မှန်ကန်တဲ့ လမ်းညွှန်မှု တစ်ခု ဖြစ်နိုင်ပါတယ်။ 🤍 📩 GED နဲ့ပတ်သက်ပြီး ဘယ်ကနေ စရမှန်း မသိသေးရင် Here Youths ကို အချိန်မရွေး လာရောက်တိုင်ပင်နိုင်ပါတယ်။ Telegram - @hereyouths1

photo content

GED စာလုပ်ရင်း ပျော်လည်းပျော်၊ မှတ်လည်းမှတ်မိစေတဲ့ Tool တစ်ခု💡 Hi guyys!! Kahoot ကို Gameတစ်ခုလို့ပဲ ထင်နေတုန်းလား ⁉️ တကယ်အသုံးချတတ်ရင် Kahoot က Review လုပ်လို့ကောင်းတဲ့ Tool တစ်ခု ပဲနော်။ Kahoot ကို သုံးရင် 📝 ၁။ Chapter တစ်ခု ပြီးတိုင်း Review လုပ်နိုင်တယ်။ စာအသစ်တွေ ဆက်ဖတ်နေရုံနဲ့ မလုံလောက်ပါဘူး။ Chapter တစ်ခုပြီးတိုင်း Kahoot နဲ့ ပြန်လေ့ကျင့်လိုက်ရင်၊ ဘာတွေ မှတ်မိသေးလဲ၊ ဘာတွေ မေ့နေပြီလဲ ကို ချက်ချင်း သိနိုင်ပါတယ်။ ⚡ ၂။ အချိန်တိုအတွင်း စဉ်းစားနိုင်တဲ့ Skill ကို လေ့ကျင့်ပေးတယ်။ Kahoot မှာ Question တစ်ခုချင်းစီအတွက် အချိန်ကန့်သတ်ထားတာကြောင့် အဖြေကို မြန်မြန်ရွေးဖို့ထက် မြန်မြန်စဉ်းစားနိုင်ဖို့ ကို ပိုလေ့ကျင့်ပေးပါတယ်။ 🧠 ၃။ နားလည်တာ နဲ့ မှတ်မိတာ ကို ခွဲသိစေတယ်။ Notes ဖတ်တဲ့အချိန်မှာ ငါနားလည်ပြီ လို့ ထင်ထားတာတွေက ဒါပေမယ့် Question ဖြေတဲ့အခါမှာ တကယ်နားလည်တာလား၊ အလွတ်မှတ်ထားတာပဲလား ဆိုတာ သိလာပါတယ်။ ❗ Kahoot တစ်ခုတည်းနဲ့ GED ကို ပြင်ဆင်လို့ မရပါဘူးနော်။ GED Exam မှာ Reading Passages, Graphs, Extended Response, Critical Thinking တွေကိုလည်း လေ့ကျင့်ဖို့ လိုပါတယ်။ ဒါကြောင့် Kahoot ကို စာမေးပွဲအစား မဟုတ်ဘဲ Review အတွက် အသုံးပြုတာက ပိုထိရောက်ပါတယ်။ Here Youths မှာတော့ Kahoot ကို အပျော်ကစားဖို့ မဟုတ်ဘဲ… 💝 ✅ Chapter Review ✅ Concept Reinforcement ✅ Instant Feedback ✅ Friendly Competition တွေအတွက် အသုံးပြုပါတယ်။ တစ်ခါတစ်လေ သင်ယူမှုက ပျင်းစရာဖြစ်နေဖို့ မလိုပါဘူး။ နည်းမှန်ရင် ပျော်ပျော်ရွှင်ရွှင် လေ့လာရင်းလည်း တိုးတက်နိုင်ပါတယ်။ 🎉

Who is that? 👀

photo content

GED Skills Lab #01 🧠 GED Reading မှာ စာတစ်ပိုဒ်ကို နားလည်ဖို့ စာကြောင်းတိုင်း နားလည်ဖို့ မလိုပါဘူး😉 GED RLA, Social Studies နဲ့ Science ကို စလေ့လာတဲ့ ကျောင်းသားတော်တော်များများမှာ အယူအဆတစ်ခု ရှိပါတယ်။ စာကြောင်းတစ်ကြောင်း မသိရင် ဒီ Passage တစ်ပုဒ်လုံး မဖြေနိုင်တော့ဘူး👀 တကယ်တော့ အဲ့ဒီအယူအဆက GED Reading မှာ အကြီးဆုံး အမှားတွေထဲက တစ်ခုပါ။ ဥပမာ… Passage တစ်ပုဒ်မှာ စာကြောင်း (၁၀) ကြောင်း ရှိတယ်ဆိုပါစို့။ အဲ့ဒီထဲက စာကြောင်း (၂) ကြောင်းကို နားမလည်ဘူး။ ကျောင်းသားတော်တော်များများက… ငါတော့ ဒီ Passage မရတော့ဘူး လို့ ချက်ချင်း ဆုံးဖြတ်လိုက်ကြပါတယ်။ ဒါပေမယ့် GED Question အများစုက Passage တစ်ပုဒ်လုံးရဲ့ အဓိပ္ပာယ်ကို နားလည်နိုင်သလား ဆိုတာကို စစ်တာပါ။ စာကြောင်းတိုင်းကို အလွတ်ပြန်ဆိုနိုင်သလားဆိုတာကို မစစ်ပါဘူး။ ဒါကြောင့် Reading လုပ်တဲ့အခါ Vocabulary တစ်လုံး မသိတာနဲ့ ရပ်မသွားပါနဲ့။ အရင်ဆုံး ဒီမေးခွန်းကို မေးကြည့်ပါ။ ဒီ Paragraph က ဘာကို ပြောချင်တာလဲ🧐 Paragraph ရဲ့ အဓိပ္ပာယ်ကို နားလည်နေသေးရင် Vocabulary တချို့ မသိသေးလည်း Question အများစုကို ဖြေနိုင်ပါတယ်။ ဒါက ဘာကြောင့် အရေးကြီးတာလဲ⁉️ ဘာလို့လဲဆိုတော့ GED Exam မှာ အချိန်က အကန့်အသတ်ရှိပါတယ်။ မသိတဲ့ စကားလုံးတိုင်းကို ရပ်စဉ်းစားနေရင် Reading Flow ပျက်သွားမယ်။ Main Idea ပျောက်သွားမယ်။ နောက်ဆုံးမှာ လွယ်တဲ့ Question တွေပါ မှားသွားနိုင်ပါတယ်။ Today’s Skill ✅ Sentence ကို မဖတ်ပါနဲ့။ Meaning ကို ဖတ်ပါ။ GED Reading မှာ စာကြောင်းတိုင်းကို နားလည်အောင် ကြိုးစားတာထက် Passage တစ်ပုဒ်လုံးရဲ့ အဓိပ္ပာယ်ကို ဖမ်းမိဖို့က ပိုအရေးကြီးပါတယ်။ Next: GED Skills Lab #02 Reading မှာ ကျောင်းသားအများစု လုပ်မိတဲ့ Highlighting အမှား🎉 GED အတန်းများစုံစမ်းလိုပါက Telegram - @hereyouths1

photo content

GED Social Studies Kahoot Quiz လာဆော့ကြမလားရှင့်🎉 လက်ရှိမှာ ကျွန်မတို့ Teacher နဲ့ Student နှစ်ယောက် GED Social Studies Kahoot ဆော့နေတာပါ။ 😆 နှစ်ယောက်တည်းဆိုတော့ နည်းနည်းပျင်းလာလို့ Community ထဲက အားတဲ့သူတွေကို လာပြီး Challenge လုပ်ဖို့ ဖိတ်ခေါ်ပါတယ်။ 🤩 အားလုံး ဝင်ဆော့လို့ရပါတယ်နော်🏆

Introducing: GED Skills Lab 🎉 GED ကို လေ့လာနေတဲ့ ကျောင်းသားတော်တော်များများက Notes တွေ စုကြတယ်။ Videos တွေ ကြည့်ကြတယ်။ Practice Questions တွေ ဖြေကြတယ်။ ဒါပေမယ့် GED က Knowledge (ဗဟုသုတ) တစ်ခုတည်းကို စစ်တဲ့ စာမေးပွဲ မဟုတ်ပါဘူး။ GED က Skills (စွမ်းရည်) ကို စစ်တဲ့ စာမေးပွဲလည်း ဖြစ်ပါတယ်။ ဥပမာ… Passage တစ်ပုဒ်ဖတ်ပြီး Main Idea ကို ရှာနိုင်လား ⁉️ Graph တစ်ခုကို ဖတ်ပြီး Data ကို အဓိပ္ပာယ်ဖော်နိုင်လား ⁉️ Evidence နဲ့ Opinion ကို ခွဲခြားနိုင်လား ⁉️ စာထဲမှာ တိုက်ရိုက်မရေးထားတဲ့ အဓိပ္ပာယ်ကို Inference ဆွဲနိုင်လား ⁉️ ဒီလို Skills တွေက GED Subject (၄) ခုလုံးမှာ ထပ်ခါထပ်ခါ အသုံးပြုရတဲ့ အခြေခံစွမ်းရည်တွေ ဖြစ်ပါတယ်။ ဒါကြောင့် Here Youths က GED Skills Lab ဆိုတဲ့ Content Series အသစ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။ ဒီ Series ထဲမှာတော့… Reading Skills 📖 Critical Thinking 🧠 Data Interpretation 📊 Writing Skills ✍️ Evidence Analysis 🧐 Problem Solving 👀 စတဲ့ GED မှာ အမှန်တကယ် အသုံးဝင်တဲ့ Skills တွေကို တစ်ခုချင်းစီ လေ့လာသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က Question အဖြေတွေ ပေးဖို့ မဟုတ်ပါဘူး။ GED Question တွေကို ပိုနားလည်အောင် သင်ပေးဖို့ ဖြစ်ပါတယ်။ စာကျက်တဲ့နည်းထက်… စဉ်းစားတဲ့နည်း ကို အတူတူ လေ့ကျင့်ကြရအောင်။ GED Skills Lab #01 ကို မနက်ဖြန်မှာ စတင်ဖော်ပြပေးသွားပါမယ်။ 🤍

GED ပြီးရင် ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားနေသေးလား⁉️ GED ကို ဖြေအောင်မြင်ပြီးတဲ့နောက်… 🎓 ဘယ်တက္ကသိုလ်တက်လို့ရမလဲ ⁉️ 🌏 နိုင်ငံခြားမှာ ပညာဆက်သင်ချင်ရင် ဘယ်လိုပြင်ဆင်ရမလဲ ⁉️ 💰 Scholarship လျှောက်ဖို့ ဘာတွေလိုအပ်လဲ ⁉️ ဒီလိုမေးခွန်းတွေက ကျောင်းသားတော်တော်များများမှာ ရှိတတ်ပါတယ်။ ဒါကြောင့်ပဲ Together We Rise မှ စီစဉ်ကျင်းပမယ့် After GED: What’s Your Next Step? Webinar ကို Here Youths မှ Media Partner အဖြစ် ဝမ်းမြောက်စွာ ပါဝင်အားဖြည့်ထားပါတယ်။ 🤝🏻 ဒီ Webinar မှာတော့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Thammasat University မှ TISR Scholarship Recipient ဖြစ်တဲ့ Ko Lin Htet (Willie) က Guest Speaker အဖြစ် ပါဝင်ပြီး… ✅ GED ပြီးရင် ရွေးချယ်နိုင်တဲ့ ပညာရေးလမ်းကြောင်းများ ✅ Scholarship အခွင့်အရေးများ ✅ နိုင်ငံခြားတက္ကသိုလ်တက်ရောက်နိုင်မယ့် လမ်းကြောင်းများ ✅ ကိုယ်တွေ့အတွေ့အကြုံများကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ GED Journey က Exam အောင်တာနဲ့ မပြီးသေးပါဘူး။ GED ပြီးရင် ဘယ်ကိုဆက်သွားမလဲ ဆိုတာကလည်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ ဒါကြောင့် အခုလို Scholarship Recipient တစ်ယောက်ဆီကနေ တိုက်ရိုက်အတွေ့အကြုံတွေ နားထောင်ခွင့်ရမယ့် အခွင့်အရေးကို လက်မလွတ်စေချင်ပါဘူး။ 🤍 📅 Date - 20 June 2026 🕗 Time - 8:00 PM – 9:00 PM 💻 Platform - Google Meet 📝 Registration Deadline - Today (19 June) | 11:59 PM 🔗 Registration Link https://docs.google.com/forms/d/1sMVFLZX4tcGi-_ty1ob1JNf9vwkanbZUX0ZxXBPKqk4/viewform အခုည Deadline မတိုင်ခင် Register လုပ်ထားဖို့ မမေ့ပါနဲ့နော်။

📢 Community Announcement မနေ့ညက Here Youths Community Group အတွင်းမှာ Member Account တစ်ခုမှတစ်ဆင့် Spam Message များနှင့် မသင့်လျော်သော Link များ ပို့ခြင်းဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ယခုအချိန်တွင် အဆိုပါ Account ကို Ban ပြုလုပ်ပြီး လိုအပ်သည့် ဆောင်ရွက်မှုများကို ပြီးစီးအောင် လုပ်ဆောင်ထားပြီးဖြစ်ပါတယ်။ အားလုံးကို မေတ္တာရပ်ခံလိုတာကတော့ 🔹 မသင်္ကာဖွယ် Link များကို လုံးဝ မနှိပ်ပါနှင့်။ 🔹 Spam Account များကို Telegram မှ Report ပြုလုပ်ပေးပါ။ တစ်ခုလေး နားလည်ပေးစေချင်တာကတော့ Here Youths Admin Team သည်လည်း ပုံမှန်အလုပ်ချိန်အတိုင်း တာဝန်ထမ်းဆောင်နေသူများဖြစ်ပြီး ၂၄ နာရီ အွန်လိုင်းရှိနေနိုင်ခြင်း မရှိပါ။ မနေ့ညက ဖြစ်စဉ်မှာလည်း လူအိပ်ချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သောကြောင့် ချက်ချင်း မဖြေရှင်းနိုင်ခဲ့တာကို နားလည်ပေးစေလိုပါတယ်။ ထိုသို့ဆိုသော်လည်း Admin Team အနေဖြင့် မနက်မှာ တွေ့ရှိသည်နှင့် တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါတယ် မနေ့ညက Spam Link များကို မနှိပ်ဘဲ အချင်းချင်း သတိပေးပေးခဲ့ကြသူများ၊ Report ပြုလုပ်ပေးခဲ့ကြသူများအားလုံးကို Here Youths မှ အထူးကျေးဇူးတင်ရှိပါတယ်။ 🤍

G12 ဆက်မတက်တော့ဘဲ GED ကို ရွေးချယ်ခဲ့တဲ့ ကျောင်းသားတစ်ယောက်ရဲ့ အတွေ့အကြုံ GED ကို စတင်လေ့လာဖို့ စဉ်းစားနေတဲ့ ကျောင်းသားတွေထဲမှာ 💭 Online Class က တကယ်အဆင်ပြေရဲ့လား 💭 စာနားမလည်ရင် ဘယ်လိုလုပ်မလဲ 💭 Exam အထိ တကယ်ရောက်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းတွေ ရှိမှာ သေချာပါတယ်။ ဒီနေ့တော့ Here Youths ရဲ့ ကျောင်းသားတစ်ယောက်ရဲ့ အတွေ့အကြုံလေးကို မျှဝေပေးချင်ပါတယ် 🤍
COVID ကာလပြီးနောက် ကျောင်းပြန်တက်ခဲ့ပေမယ့် G11 ပြီးတဲ့အချိန်မှာတော့ G12 ဆက်မတက်တော့ဘဲ GED ကို ပြောင်းလဲလေ့လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Online ကနေ GED တက်ချင်တာကြောင့် ကျောင်းတွေ စုံစမ်းကြည့်ရာက Here Youths နဲ့ စတင်တွေ့ရှိခဲ့ပြီး Join ဖြစ်ခဲ့တာပါ။

သူ့ရဲ့ Feedback ထဲမှာ ကျွန်မတို့ သဘောကျမိတဲ့ အချက်တစ်ခု ရှိပါတယ်။


“စာနားမလည်ရင် ပြန်မေးလို့ရတယ်။ မရှင်းသေးရင် ထပ်ရှင်းပေးတယ်။ မေးခွန်းချဉ်းကပ်ပုံတွေ၊ ဖြေပုံဖြေနည်းတွေကိုလည်း သေချာသင်ပေးတယ်”
GED မှာ အရေးကြီးဆုံးက စာပြီးသွားဖို့ မဟုတ်ပါဘူး။ နားလည်သွားဖို့ ဖြစ်ပါတယ်။ တချို့ကျောင်းသားတွေက Online Class ဆိုတော့ Class လွတ်သွားရင် ဘယ်လိုလုပ်မလဲ လို့ စိုးရိမ်ကြမှာပါ။ ဒါပေမယ့် Here Youths မှာတော့ Batch ဆိုရင် Recording ပြန်ကြည့်နိုင်၊ One to One ဆို သေချာပြန်အစားခေါ်သင်ပေးတဲ့အတွက် 📚 အလုပ်ရှိလို့ဖြစ်ဖြစ် 📚 အိမ်ကိစ္စရှိလို့ဖြစ်ဖြစ် 📚 အင်တာနက်အခက်အခဲကြောင့်ဖြစ်ဖြစ်လွတ်သွားတဲ့ သင်ခန်းစာတွေကို ပြန်လည်လေ့လာနိုင်ပါတယ်။ နောက်ထပ် အရေးကြီးတာတစ်ခုက GED Journey က Class တက်ရုံနဲ့ ပြီးသွားတာ မဟုတ်ပါဘူး။ GED Account ဖွင့်တာ၊ Ready Test ဝယ်တာ၊ Exam Booking တင်တာ၊ ၊ Exam Planning ဆွဲတာတွေကိုလည်း လုပ်ရပါသေးတယ်။
“GED Account ဖွင့်တာကနေ Exam Booking တင်တဲ့အထိ ကူညီပေးတဲ့အတွက် အဆင်ပြေပါတယ်”
ဆိုတဲ့ Feedback ကိုလည်း ရရှိခဲ့ပါတယ်။ Here Youths ရဲ့ ရည်ရွယ်ချက်က သင်ခန်းစာသင်ပေးရုံတင် မဟုတ်ပါဘူး။ GED ကို စတင်စဉ်းစားတဲ့နေ့ကနေ စာမေးပွဲဖြေပြီးတဲ့နေ့အထိ ကျောင်းသားတွေကို လိုအပ်တဲ့ လမ်းညွှန်မှု၊ ပံ့ပိုးမှုတွေပေးနိုင်ဖို့ ဖြစ်ပါတယ်။ GED ကို အိမ်ကနေ အေးအေးဆေးဆေး လေ့လာချင်တဲ့သူတွေအတွက် Here Youths မှာ သင့်ကို ကြိုဆိုနေပါတယ် 🤍 📩 Telegram - @hereyouths1

GED မှာ အရေးအကြီးဆုံး Skill တစ်ခုကို ရွေးပါဆိုရင် Reading Skill ကိုပဲ ရွေးရပါလိမ့်မယ်🌱 GED စာစလုပ်တဲ့ ကျောင်းသားတော်တော်များများက Maths ကို ကြောက်တယ်၊ Science ကို ကြောက်တယ်၊ RLA ကို ကြောက်တယ်၊ Social Studies ကို ကြောက်တယ်။ ဒါပေမယ့် GED Exam ကို သေချာလေ့လာကြည့်ရင် စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခု တွေ့ရပါတယ်👀 GED Subject (၄) ဘာသာလုံးမှာ Reading Skill ကို အသုံးပြုနေရပါတယ်။ 📕 RLA မှာတော့ Reading Skill လိုတာ သိသာပါတယ်။ Passage တွေ ဖတ်ရတယ်။ Main Idea ရှာရတယ်။ Evidence တွေ ခွဲရတယ်။ Inference ဆွဲရတယ်။ ⚖️ Social Studies မှာရော? လူတော်တော်များများ ထင်တာက History ကျက်ရမယ် လို့ ထင်ကြတယ်။ တကယ်တော့ Passage တွေ၊ Political Cartoons တွေ၊ Historical Documents တွေ ဖတ်ပြီး Analysis လုပ်ရတာ ဖြစ်ပါတယ်။ 🧪Science မှာရော? Science ဆိုတာ Knowledge Test သက်သက် မဟုတ်ပါဘူး။ Scientific Articles တွေ၊ Experiments တွေ၊ Graphs တွေ၊ Data Tables တွေဖတ်ပြီး Conclusion ထုတ်နိုင်ဖို့ လိုပါတယ်။ 🧮 Maths မှာတောင် Reading Skill လိုပါတယ်။ GED Maths မှာ ကျောင်းသားအများစု မှားတာ Calculation မှားလို့ မဟုတ်ဘူး။ Question ကို နားမလည်လို့ ဖြစ်တာက ပိုများပါတယ်။ Word Problems တွေကို သေချာ မဖတ်နိုင်ရင် Formula သိနေလည်း မှားနိုင်ပါတယ်။ ဒါကြောင့် GED မှာ Vocabulary တိုးအောင် လုပ်တာ၊ Passage တွေ ဖတ်တာ၊ Main Idea လေ့ကျင့်တာ၊ Evidence Analysis လုပ်တာတွေက RLA အတွက်တင် မဟုတ်ပါဘူး။ Subject (၄) ခုလုံးကို အကျိုးသက်ရောက်ပါတယ်။ Fact တစ်ခု ပြောရမယ်ဆိုရင်… GED မှာ Score မြင့်တဲ့ ကျောင်းသားတွေက အမြဲတမ်း Knowledge အများဆုံးရှိတဲ့သူတွေ မဟုတ်ဘူး။ သူတို့က ဖတ်နိုင်တယ်၊ နားလည်နိုင်တယ်၊ Analyze လုပ်နိုင်တယ် ဆိုတဲ့ Reading Skills အားကောင်းတဲ့သူတွေ ဖြစ်ပါတယ် 🤍 နောက်နေ့မှာ Reading အတွက် Technique တွေ sharing လုပ်ပေးသွားပါမယ်ရှင့်။ GED အတန်းများစုံစမ်းရန် - @hereyouths1

GED မှာ Class တက်တာနဲ့ အဆင်ပြေမယ်ထင်ရင် မှားနိုင်ပါတယ်😇 💭 Class တက်ထားတယ် 💭 Teacher သင်တာ နားထောင်ထားတယ် 💭 Notes တွေ ရေးထားတယ် ဒါဆို Exam အတွက် အဆင်ပြေမှာပဲ လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် GED မှာ Result ကို ဆုံးဖြတ်ပေးတာက Class Time ထက် Self-Study Time ဖြစ်ပါတယ်။ စဉ်းစားကြည့်ပါ။ Teacher က Slope သင်ပေးနိုင်တယ်။ ဒါပေမယ့် Slope Questions 50 ဖြေပေးလို့ မရဘူး။ Teacher က Extended Response Structure သင်ပေးနိုင်တယ်။ ဒါပေမယ့် Essay 10 ပုဒ် ရေးပေးလို့ မရဘူး။ Teacher က Science Concept ကို ရှင်းပြပေးနိုင်တယ်။ ဒါပေမယ့် Graph Questions တွေကို ကိုယ်စား လေ့ကျင့်ပေးလို့ မရဘူး။ GED မှာ တိုးတက်ဖို့ 📝 Class ပြီးတဲ့နောက် Self-Study လုပ်တဲ့အချိန်က အရမ်းအရေးကြီးပါတယ်။ GED Students တွေကို ကြည့်လိုက်ရင် Class တူတူတက်တယ်။ Teacher တူတူသင်တယ်။ Resources တူတူရတယ်။ ဒါပေမယ့် Result မတူကြဘူး။ ဘာကြောင့်လဲ ⁉️ အဖြေက ရိုးရှင်းပါတယ်။ Self-Study Hours မတူလို့ပါ။ GED မှာ 1 Hour Class တက်ပြီး 3 Hours Self-Study လုပ်တဲ့ ကျောင်းသားက 1 Hour Class တက်ပြီး စာပြန်မလုပ်တဲ့ ကျောင်းသားထက် တိုးတက်နှုန်း အများကြီး မြန်ပါတယ်။ Class က လမ်းပြပေးနိုင်တယ်။ ဒါပေမယ့် ပန်းတိုင်ရောက်အောင် လျှောက်ရမှာက ကိုယ်တိုင်ပါပဲ🤍

GED လုပ်နေတာ ၁ နှစ်ကျော်ပြီ… ဒါပေမယ့် Exam မဖြေရသေးဘူး 😔 ဒီလို ကျောင်းသားတွေ တကယ်ကို အများကြီး ရှိပါတယ်။ GED Class တက်ထားတယ်။ စာအုပ်တွေ ဝယ်ထားတယ်။ Notes တွေ ရေးထားတယ်။ Resources တွေ စုထားတယ်။ Discussion Group တွေ Join ထားတယ်။ ဒါပေမယ့်…Science မရသေးဘူး။ RLA ကို ကြောက်နေတုန်းပဲ။ နောက်လမှ ဖြေမယ်။ စာထပ်လုပ်လိုက်ဦးမယ် ဆိုရင်းနဲ့ Exam Date မရှိသေးဘူး။ တကယ်တော့ GED Journey မှာ အကြီးဆုံး ပြဿနာက Maths မဟုတ်ဘူး။ Science မဟုတ်ဘူး။ RLA မဟုတ်ဘူး။ ကိုယ် အခု ဘယ်အခြေအနေမှာ ရောက်နေမှန်း မသိတာ ပါပဲ။ ဥပမာ… Foundation Level ဖြစ်နေတဲ့ ကျောင်းသားတစ်ယောက်က Exam Practice တွေချည်း လိုက်ဖြေနေတယ်။ Exam Practice Level ရောက်နေတဲ့ ကျောင်းသားတစ်ယောက်က Basic Notes တွေ ပြန်ဖတ်နေတာ ရှိတယ်။ တကယ်တော့ ပြဿနာက စာမလုပ်တာ မဟုတ်ဘူး။ ကိုယ့် Level နဲ့ မကိုက်တဲ့ နည်းလမ်းကို သုံးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် Here Youths မှာ ကျောင်းသားတိုင်းကို 📊 လက်ရှိအခြေအနေ ဘယ်လိုရှိလဲ 📚 ဘယ် Program က သင့်တော်လဲ 📝 ဘာတွေ လုပ်ဖို့ လိုသေးလဲ 📅 ဘယ်အချိန် Exam ဖြေလို့ ရနိုင်လဲ ဆိုတာတွေကို ကြည့်ပေးပါတယ်။ လူတိုင်း GED Preparation Class တက်ဖို့ မလိုပါဘူး။ တစ်ချို့ကျောင်းသားတွေက English Foundation လိုတယ်။ တစ်ချို့ကျောင်းသားတွေက GED Foundation နဲ့ အဆင်ပြေတယ်။ တစ်ချို့ကျောင်းသားတွေက Exam Practice ပဲ လိုတော့တယ်။ GED မှာ လမ်းကြောင်းမှန်ဖို့ အရေးကြီးပါတယ်။ တစ်နှစ်လုပ်ပြီး မဖြေရသေးတာထက် ၄ ၅ လ လုပ်ပြီး မှန်တဲ့လမ်းကြောင်းနဲ့ သွားတာက ပိုမြန်တတ်ပါတယ်။ GED ကို ဖြေချင်နေပြီဖြစ်ပေမယ့် ဘယ်ကနေ စရမှန်းမသိသေးဘူး။ ဘယ် Program က ကိုယ့်အတွက် သင့်တော်မှန်း မသိသေးဘူးဆိုရင် Here Youths Page Messenger သို့မဟုတ် Telegram မှာ အခမဲ့ လာရောက် မေးမြန်းနိုင်ပါတယ် 🤍 📩 Telegram - @hereyouths1