BURMAPEDIA,Ltd
Open in Telegram
မြန်မာပြည်မှ ဝိဇ္ဇာပင်မျိုးစေ့များကို မြေမြှောက်ပေး၍ အကူအညီပေးအံ့။ - ဗမာပီးဒီးယား ဆောင်ပုဒ်။ let's give a hand to endeavor brilliant-minds by supporting them. - Burmapedia's Mottoes.
Show more987
Subscribers
No data24 hours
-37 days
-1930 days
Posts Archive
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ညအိပ်မပျော်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ညအိပ်မပျော်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။
လေ့ကျင့်ခန်းလုပ်ပါ တက်တက်ကြွကြွနေပါ
ဆေးများကို စစ်ပါ – မှန်မှန်ဆေးသောက်နေရလျှင် အိပ်မပျော်ခြင်းကိုဖြစ်စေသလားဆိုသည်ကို ဆရာဝန်နှင့်ပြသစစ်ဆေးပါ
တစ်ရေးတစ်မောအိပ်ခြင်းများကို ရှောင်ပါ – ၃၀ မိနစ်ထက်မပိုသော တစ်ရေးတစ်မောအိပ်ခြင်းသည် အဆင်ပြေ၏။ ၃ နာရီနောက်ပိုင်းတွင် အိပ်စက်ခြင်းမပြုပါနှင့်။
ကဖိန်းနှင့် အရက်ကိုထိန်းပါ၊ နီကိုတင်းမသုံးပါနှင့်။
အစာအများကြီးစားခြင်းနှင့် အချိုရည်သောက်ခြင်းများကို မအိပ်ခင် မလုပ်ပါနှင့်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။
#zanne
Insomnia (ညအိပ်မပျော်ခြင်း ) ကို ဘယ်လိုကုသပါသလဲ
အိပ်ရေး၀၀ အိပ်စက်နိုင်စေရန်အတွက် သင်၏ အိပ်စက်သည့်ပုံစံနှင့် ဆေးများကို ပြောင်းလဲရန် လိုကောင်းလိုနိုင်ပါသည်။ ဆရာဝန်သည် သင့်အား အိပ်ပျော်စေမည့်နည်လမ်းများ၊ အိပ်စက်မည့်နေရာအား ပြင်ဆင်ပုံများပါသည့် အမူအကျင့်ကုထုံးများနှင့် မိတ်ဆက်ပေးနိုင်ပါသည်။
ထိုနည်းလမ်းများနှင့် ရောဂါအားမကုသနိုင်လျှင် အိပ်စက်အနားယူစေနိုင်မည့် ဆေးများကို ပေးပါလိမ့်မည်။ ဆရာဝန်မှ သင့်အား အိပ်ဆေးများဖြစ်သော zolpidem (Ambien), eszopiclone (Lunesta), zaleplon (Sonata) or ramelteon (Rozerem) အား အိပ်ပျော်စေရန် ပေးပါလိမ့်မည်။ သို့သော် အိပ်ဆေးများသည် နောက်ဆုံးအဆင့်ရွေးချယ်မှုများ ဖြစ်သောကြောင့် ဘယ်ဆေးများကိုရေတိုသာသောက်ပြီး ဘယ်ဆေးများကို ရေရှည်သောက်ရမည်ကို သေချာသိထားရပါမည်။
ဆရာဝန်မှလည်း ဒီတိုင်းဝယ်ယူနိုင်သော ဆေးများကို ပေးနိုင်ပါသည်။ ထိုဆေးများတွင် အိပ်ချင်စိတ်ကို ဖြစ်စေသည်မက ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်သော Antihistamine များ ပါရှိပါသည်။
#zanne
ဒီကနေ့ဘာမှမတင်ရသေးဘူးလားလို့ မအားသေးလို့ပါနော် တင်ပေးပါမယ် မနက်ဖြန်ကျ မပျက်မကွက်။
#zanne
ကျွန်တော်ဒီအကြောင်းအရာကို တင်ပေးရခြင်းက ကျွန်တော်တို့လူငယ်တွေ ဂိမ်းဆော့များတာဖြစ်စေ screen time များတာကြောင့်ဖြစ်စေ နောက်ဆက်တွဲအကျိုးဆက်အရ Concentration အားနည်းလာကြတာကြောင့် ပြန်လည်ကောင်းမွန်လာစေဖို့ စေတနာရှေ့ထား၍ မျှဝေရခြင်းဖြစ်ပါတယ်။
လိုအပ်တာရှိသော် မှားတာတွေ့မိသော် ဝေဖန်ထောက်ပြနိုင်ပါသည်ခင်ဗျ။
ဖြည့်စွက်လိုပါကလည်း comment box မှာ မှတ်ချက်ပြုသွားနိုင်ပါတယ်ခင်ဗျ။
#zanne
ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်ပါ
တည်ငြိမ်တဲ့ လုပ်ရိုးလုပ်စဉ်တွေ ရှိခြင်းဟာသင့်ရဲ့တစ်နေ့တာကိုကောင်းမွန်စွာ စတင်စေနိုင်ပါတယ်။ သင့်ရဲ့ အစီအစဉ်ရေးမှတ်ထားမှုတွေ၊ စာအုပ်တွေ၊ အိပ်တွေကိုတစ်နေရာတည်းမှာ ထားပေးခြင်းအားဖြင့် သင်လိုအပ်တဲ့အချိန်ထားအလွယ်တကူယူနိုင်မှာပါ။
အာရုံစူးစိုက်မှုနဲ့ ပတ်သက်ရင် ဖြတ်လမ်းဆိုတာမရှိပါဘူး။ အကောင်းဆုံးကြိုးစားပြီးစိတ်ရှည်ရမှာပါ။ အထက်ဖေါ်ပြပါနည်းလမ်းတွေဟာသင့်ရဲ့အာရုံစူးစိုက်မှုကိုတဖြည်းဖြည်းနဲ့ ကောင်းလာစေမှာပါ။
#zanne
လုပ်စရာတွေကိုရေးမှတ်ပါ
အစည်းအဝေးတစ်ခုမှာလိုက်ရေးမှတ်ခြင်းဟာလည်းသူတို့ဘာတွေပြောနေလဲဆိုတာကိုအာရုံစိုက်မိစေပါတယ်။ တကယ်လို့ မေ့သွားရင်တောင် သင်မှတ်ထားတဲ့ စာစုတွေမှာ ပြန်ရှာရနိုင်ပါတယ်။
#zanne
စိတ်လျှော့ပါ
သင့်အာရုံစူးစိုက်မှုဟာသင်စိတ်ဖိစီးနေရင် ပိုပိုဆိုးလာနိုင်ပါတယ်။ ဒါ့ကြောင့် လိုအပ်ရင် ဘယ်လိုစိတ်အနားပေးအောင် လုပ်မလဲဆိုတာတွေ သိထားဖို့ အရေးကြီးပါတယ်။
#zanne
အစီအစဉ် ဆွဲပါ
သင်တစ်နေကုန်ဘာတွေလုပ်ဖို့လိုလဲဆိုတာကို ကြိုတင်တွေးတောထားပါ။ ဒီဂျစ်တယ်ပစ္စည်းများသုံး၍ အစီအစဉ်ဆွဲခြင်းဟာသင်ဘယ်အချိန်မှာ ဘာလုပ်သင့်သလဲဆိုတာတွေကိုသတိပေးချက်တွေ ထည့်ထားနိုင်တဲ့အတွက် ပိုအသုံးဝင်ပါတယ်။
#zanne
အရာရာကိုစနစ်တကျ ပြုလုပ်ပါ
သပ်ရပ် သန့်ရှင်းနေတဲ့ အလုပ်လုပ်တဲ့နေရာဟာသင့်ကိုပိုအာရုံစူးစိုက်စေမှာပါ။ တကယ်လို့ သင်ဟာအရေးကြီးတဲ့ အလုပ်လုပ်နေတုံးဆိုရင်တော့ သင့်စားပွဲကိုရှင်းဖို့ မကြိုးစားပါနဲ့။
#zanne
အချိန်သတ်မှတ်ပါ
အချိန်သတ်မှတ်ပြီးအလုပ်လုပ်ခြင်းအားဖြင့် သင့်အားသင့်အလုပ်မှာအာရုံစိုက်နေစေမှာပါ။ တကယ်လို့ သင့်စိတ်ဟာလျှောက်လွင့်နေခဲ့မယ်ဆိုရင် အချိန်သတ်မှတ်စက်ကသင့်စိတ်ကို ပြန်လည်ဖမ်းယူပြီးသင်လုပ်နေတဲ့အလုပ်ကို ပြန်ပို့ပေးမှာ ဖြစ်ပါတယ်။
#zanne
တိတ်ဆိတ်တဲ့ နေရာတစ်ခုကိုရှာပါ
တိတ်ဆိတ်ပြီးသီးသန့်ဖြစ်တဲ့နေရာဟာ အလုပ်လုပ်ဖို့အရေးကြီးတယ်ဆိုတာ သ့င်ခေါင်းထဲထည့်ထားသင့်ပါတယ်။ တခြားတစ်ယောက်နဲ့ အလုပ်အတူတူလုပ်ရမယ်ဆိုရင် အေးဆေးစွာအလုပ်လုပ်တတ်တဲ့သူနဲ့ အတူလုပ်ဖို့ ကြိုးစားပါ။
#zanne
အလုပ်လုပ်ဖို့ နေရာရွေးချယ်ပါ။
မတူညီတဲ့နေရာတွေမှာ အလုပ်လုပ်ခြင်းဟာလည်း သင့်ကိုအာရုံပျက်ပြားစေပါတယ်။ ပြင်ပပတ်ဝန်းကျင်မှာအေးဆေးနေနိုင်ဖို့ စိတ်သက်သာရာရမယ့် နေရာတစ်ခုကိုရွေးချယ်ပါ။
#zanne
ဖြစ်နိုင်တဲ့ ရည်မှန်းချက်တွေ ထားပါ။
တကယ်လို့ အလုပ်တစ်ခုကသင့်အတွက် အရမ်းကြီးမားနေပြီး သင့်ကိုစိုးရိမ်စေတယ်ဆိုရင် အလုပ်ကိုကိုယ်ပြီးမြောက်နိုင်တဲ့ သေးငယ်တဲ့အပိုင်းလေးတွေ အဖြစ်ခွဲထားလိုက်ပါ။ ဒါဆိုအလုပ်ကိုသင်လုပ်နိုင်တယ်လို့ ခံစားရပါလိမ့်မယ်။
#zanne
ဘယ်ဟာတွေကိုအရင်လုပ်ရမလဲဆုံးဖြတ်ပါ။
အာရုံစူးစိုက်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ဘာပြီးရင် ဘာလုပ်မယ်ဆိုတာကိုရေးမှတ်ထားပါ။ ပြီးရင် အရေးကြီးတဲ့ အရာတွေလုပ်ဖို့ သင့်အာရုံကိုအသုံးပြုပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အာရုံစိုက်လို့မရတော့ဘူးဆိုရင်တောင် အရေးမကြီးတဲ့အရာတွေပဲကျန်တော့လို့ ကိစ္စမရှိတော့ပါဘူး။
#zanne
အာရုံစူးစိုက်နိုင်မှုဟာသင့်ဘဝအောင်မြင်မှု ရရှိဖို့ မရှိမဖြစ်ပါ။ တစ်ကယ်လို့ သင့်မှာအာရုံမစူးစိုက်နိုင်တဲ့ရောဂါ (ADHD) ရှိခဲ့မယ်ဆိုရင် (သို့) ပုံမှန်ကကိုလျှောက်တွေးနေမိမယ်ဆိုရင် သင်လုပ်ရမယ့်တာဝန်တွေကို ပြီးဆုံးအောင် လုပ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် စိုးရိမ်စရာမရှိပါဘူး။ သင့်ဦးနှောက်ကို အကောင်းဆုံးအာရုံစူးစိုက်မှု ရနိုင်အောင် ပြုပြင်မရနိုင်သော်လည်း သင့်မှာရှိသလောက်နဲ့ တိုးတက်အောင်လုပ်လို့ရပါတယ်။
#zanne
စာမေးပွဲတွေဖြေနေ၊ဖြေပြီးကြမှ တင်ပေးမိလို့တော့အားနာပါရဲ့ နောက်စာမေးပွဲအတွက်ပေါ့ဗျာ။
#zanne
ကျက်မှတ်လေ့လာတတ်ပါစေ
Student Lifetime မှာမှမဟုတ်ပါဘူး။လူတိုင်းကဘဝမှာအသစ်အသစ်တွေကိုအမြဲထိတွေ့လေ့လာနေရတာပါ။ဒီလိုလေ့လာတဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ ကိုယ်တိုင်ဦးနှောက်စွမ်းရည်ကိုအသုံးချပြီးကျက်မှတ်လေ့လာတာဖြစ်ဖို့အရေးကြီးပါတယ်။
ဆိုလိုချင်တာက ကိုယ့်ရဲ့ "Learning process"ထပ် "Learning Progress" ကိုတစတစ တိုးတက်မြင့်မားလာအောင် ကြံဆနိုင်ဖို့ပါ။ဒါမှသာ ဉာဏ်ရည်ဉာဏ်သွေးကလည်း အမြဲတိုးတက်လာမှာဖြစ်ပြီး ဦးနှောက်ရဲ့မှတ်ဉာဏ်စွမ်းအားကိုအထောက်အပံ့ဖြစ်စေနိုင်တဲ့ Smart Study မျိုးဖြစ်လာမှာပါ။
ဒီနည်းလမ်းလေးတွေကို လက်တွေ့ဘဝမှာ သေချာအသုံးချပြီး လိုရာပန်းတိုင်ကိုတက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ဗျာ။
#zanne
အခြားတစ်ယောက်ကို စာသင်ပေးနေသလို ကျက်မှတ်ကြည့်ပါ
အများအားဖြင့် သီအိုရီတွေ သင်္ချာတွက်နည်းတွေကို အခြားတစ်ယောက်ကို သင်ပြပေးတဲ့အခါ ကိုယ်တိုင်လည်း ထပ်ခါထပ်ခါ ပိုမိုနားလည် သဘောပေါက်လာပြီး မှတ်ရပိုလွယ်လာတယ်လို့ဆိုကြပါတယ်။
ဒါကဘာကြောင့်လဲဆိုရင် အမှန်တစ်ကယ် ကိုယ်တိုင်နားလည်ထားတဲ့ သီအိုရီ သဘောတရားတွေက ကိုယ်ပိုင်စကားလုံး၊ကိုယ်ပိုင်မှတ်ဉာဏ်စွမ်းရည်နဲ့ ရှင်းလင်းသင်ပြလိုက်တာဖြစ်လို့ပါ။
ကိုယ်တိုင်ကရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်မှသာ အခြားလူကိုလည်း အသေးစိတ်ရှင်းလင်းစွာသင်ကြားပြသပေးနိုင်တာမို့လို့ ဒီလိုစာကျက်မှတ်လေ့လာတဲ့နေရာမှာလည်း ကိုယ်ကပိုင်နိုင်သွားပြီလို့ထင်ရင် အခြားတစ်ယောက်ကိုရှင်းပြပြီး ကိုယ့်ရဲ့နားလည်သဘောပေါက်မှုစွမ်းရည်ကို စစ်ဆေးကြည့်ပါလို့တိုက်တွန်းပါရစေဗျ။
#zanne
