en
Feedback
BURMAPEDIA,Ltd

BURMAPEDIA,Ltd

Open in Telegram

မြန်မာပြည်မှ ဝိဇ္ဇာပင်မျိုးစေ့များကို မြေမြှောက်ပေး၍ အကူအညီပေးအံ့။ - ဗမာပီးဒီးယား ဆောင်ပုဒ်။ let's give a hand to endeavor brilliant-minds by supporting them. - Burmapedia's Mottoes.

Show more
987
Subscribers
No data24 hours
-37 days
-1930 days
Posts Archive
ကိုယ်တိုင် မှတ်ဉာဏ်စွမ်းရည်အကြောင်းလေ့လာပါ လူတစ်ဦးနဲ့တစ်ဦး ဦးနှောက်ဉာဏ်ရည်ချင်းမတူညီကြသလို မှတ်ဉာဏ်စွမ်းရည်ရဲ့ အလုပ်လုပ်ပုံခြင်းလည်း မတူညီကြပါဘူး။ ဥပမာ အချို့ကတော့ ညနက်ထိစာလုပ်တာကပိုထိရောက်မှုရှိတယ်လို့ဆိုကြပေမယ့် အချို့ကတော့ တစ်ညလုံးကျက်မှတ်လိုက်ပေမယ့် မနက်မိုးလင်းတဲ့အခါ ဘာမှမမှတ်မိတော့သလိုဖြစ်သွားတာမျိုးတွေလဲရှိပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့ဦးနှောက်က ၂၄ နာရီအတွင်း ဘယ်လိုအချိန်မှာ Energetic အဖြစ်ဆုံးလဲ၊ဒီလိုအချိန်မှာကိုယ်က ဘယ်လိုနည်းလမ်းတွေနဲ့ support လုပ်ပြီး Smart Study ဖြစ်အောင် ကြိုးစားမလဲ ကိုယ်တိုင်သိအောင်လုပ်ဖို့ အရေးကြီးပါတယ်။ #zanne

မကျက်ပါနဲ့ မှတ်ပါ ကျွန်တော်ပြောချင်တာရဲ့အဓိကက ဒါပါပဲ။ကျွန်တော်ကိုယ်တိုင်လည်းစာမကျက်သလို စာကျက်ခြင်းကိုလည်းအားမပေးပါဘူး။ စာကျက်မှတ်တဲ့နေရာမှာ မျက်လုံးကဖတ်ပြီး ပါးစပ်ကကြက်တူရွေးနှုတ်တိုက်အော်သလို အော်ကျက်နေတာမျိုးထပ် အဓိပ္ပာယ်ကိုသေချာနားလည်အောင်မှတ်တာမျိုးကသာ ဦးနှောက်ရဲ့ မှတ်နိုင်စွမ်းရည်အတွက် အသုံးဝင်တာပါခင်ဗျာ။ #zanne

တရေးတမောအိပ်စက်အနားယူပါ ဦးနှောက်စွမ်းရည်မြင့်မားစွာနဲ့ စာလေ့လာမှတ်ဖို့အတွက်နည်းလမ်းကောင်းတွေထဲမှာ ဒီအချက်ကိုထည့်ထားတာ ရယ်စရာကောင်းနေပေမယ့် အမှန်တစ်ကယ် ထိရောက်တဲ့နည်းလမ်းပါ။ တရေးတမော အိပ်စက်အနားယူခြင်းက ဦးနှောက်စွမ်းရည်ကို ပိုမိုမြင့်မားလာအောင် စွမ်းဆောင်ပေးနိုင်တဲ့အတွက် သင့်စာကျက်ချိန် Timetable ထဲမှာ Napping time ကို မဖြစ်မနေထည့်သင့်ပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားစေချင်တာက ကျွန်တော်တို့အိပ်ရင် သီချင်းလေးနဲ့မှအိပ်တတ်လို့ဖွင့်အိပ်တတ်ကြတာကြောင့် ကိုယ်က အိပ်တော့မယ်ဆိုရင် ဘာဆူညံသံမှမရှိတဲ့နေရာမျိုးမှာ သေချာလဲလျောင်းပြီးအိပ်စက်တာက ပိုကောင်းမွန်ပါတယ် ဘာကြောင့်လဲဆိုတော့ လူကအိပ်နေပေမယ့် အသိစိတ်ကအိပ်မနေတာကြောင့် သီချင်းသံအပေါ်အာရုံစိုက်နေရင် ဦးနှောက် Nerve ကြောလေးတွေက ဖွံ့ဖြိုးနိုင်မှာမဟုတ်တော့လို့ပါ။ #zanne

စာကျက်တဲ့နေရာကို အပြောင်းအလဲလုပ်ပေးပါ ကျွန်တော်တို့ဦးနှောက်ရဲ့ ထူးခြားချက်တစ်ခုက နေရာအသစ် အပြောင်းအလဲအသစ်တွေမှာ ဖြစ်ပျက်တတ်တဲ့ အဖြစ်အပျက်တွေ၊သတင်းအချက်အလက်တွေကို ပုံမှန်ထက် ပိုမိုအမှတ်ရနေတတ်ပါတယ်။ ဒါကြောင့်လည်း စာကျက်မှတ်လေ့လာရာမှာ ပုံမှန်စာကြည့်စားပွဲမှာပဲ ကျက်မှတ်တတ်တဲ့အကျင့်ထက် စာကြည့်တိုက်မှာ သွားရောက်ကျက်မှတ်တာပဲဖြစ်ဖြစ် ကိုယ့်အတွက် စာကျက်လို့ကောင်းတဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်အပြောင်းအလဲတစ်ခုခုမှာ လေ့လာကျက်မှတ်ခြင်းက ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းရည်ကို ပိုမိုကောင်းမွန်စေပါတယ်။ #zanne

အချိန်ခွဲပြီးလေ့လာကျက်မှတ်ပါ သုတေသီတွေရဲ့အဆိုအရ "prolonged cramming" လုပ်ခြင်းကဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုကျဆင်းစေနိုင်တာမလို့ အချိန်အကြာကြီး တထိုင်တည်းမကျက်မှတ်သင့်ပါဘူး။ အဲ့လိုမျိုးထပ် ဦးနှောက်ကို ခေတ္တ အနားပေးပြီးကျက်တာမျိုးက ပိုမိုထိရောက်မှုရှိတဲ့အတွက် ဦးနှောက်စွမ်းရည်ကို ပိုမိုတိုးတက်စေနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်တဲ့ "Study session"အလိုက်ကျက်မှတ်တာမျိုးပြုလုပ်ပေးပါခင်ဗျ။ #zanne

စာမြန်မြန်ရအောင် ဘယ်လိုကျက်ရမလဲ ကျွန်တော့်အနေနဲ့ပြောရရင်စာမြန်မြန် ကျက်တာထပ် နည်းမှန်လမ်းမှန်နဲ့ကျက်တာက ကိုယ့်အတွက်ပိုပြီးထိရောက်မှုရှိစေပါတယ်။ နည်းလမ်းမှားနဲ့ဆိုရင် မြန်မြန်ကျက်လေလေ စာမရလေလေပါပဲ။ဒါကြောင့် စာကိုထိထိရောက်ရောက် ဘယ်လိုကျက်မှတ်ရမလဲဆိုတာ မျှဝေပေးပါမယ်ဗျ။ကျွန်တော်ကိုယ်တိုင်လည်းအသုံးပြုနေတဲ့နည်းလမ်းလေးတွေပါ။ #zanne

ကလေးတစ်ယောက်တွင် ညအိပ်ချင် ၈ နာရီမှ ၉ နာရီအတွင်း ရှိသင့်ပါသည်။ ဆယ်ကျော်သက်လူငယ်များတွင် ညအိပ်ချင် ၇ နာရီမှ ၈ နာရီအတွင်းရှိသင့်ပါသည်။ လူငယ်များအနေဖြင့် ညအိပ်ချိန် ၆ နာရီမှ ၇ နာရီထိ ရှိသင့်ပါသည်။ အိပ်မပျော်ခြင်းကြောင့် မအိပ်ပဲနေရာ ဘာမှမဖြစ်ပါဘူးဟုထင်မြင်နေပါက အသက်တိုမည်ဟုသာ စိတ်ထဲတွင်စွဲထားပါ။ ‌ဂျာနယ်ကျော် မမ လေး ရေးသားထုတ်ဝေသော "သူလိုလူ" စာအုပ်ကို ဖတ်ဖူးလျှင် အအိပ်ပျက်အစားပျက်၍ ဝမ်းမနှုတ်သော ဆရာကြီးဦးချစ်မောင်၏ အဖြစ်ကို သာဓကထား၍သာကြည့်ကြစေလိုပါသည်။ #zanne

(၁)။ညစဉ် ပုံမှန်အိပ်စက်တဲ့ အချိန်ကိုသတ်မှတ်ပါ။ မနက်ခင်းနိုးလာတဲ့ အချိန်မှာ ချက်ချင်းအိပ်ယာထဖို့ ကြိုးစားပါ။ (၂)။အိပ်ယာထဲမှာ အလုပ်လုပ်ခြင်း၊ ဖုန်းသုံးခြင်း၊ စာဖတ်ခြင်း များကို မလုပ်ပါနဲ့။ (၃)။အိပ်ခန်းဟာ မှောင်မဲတိတ်ဆိတ်ပြီး လေဝင်လေထွက် ကောင်းဖို့ လိုသလို အိပ်ဖို့အတွက် သင့်လျော်တဲ့ အပူချိန်ရှိဖို့လိုပါတယ်။ (၄)။နေ့ဘက်မှာအိပ်စက်ခြင်းဟာ ည အိပ်မပျော်ခြင်းကိုဖြစ်စေတာကြောင့် နေ့ဘက်အိပ်ခြင်းကို ရှောင်ကျဉ်ပါ။ (၅)။ညနေဘက်မှာ အများကြီးစားခြင်း၊ အဆီပါဝင်တဲ့ အစားအစာတွေ စားခြင်း ဟာ အစာအိမ်ကို မအီမသာဖြစ်စေပြီး အိပ်ပျော်ဖို့ ခက်ခဲစေတာကြောင့် ရှောင်ကျဉ်ရပါမယ်။ (၆)။ညနေခင်းအချိန်တွေမှာ အရက်နဲ့ ကဖင်းဓာတ်ပါတဲ့ အရည်များ သောက်ခြင်းကို ရှောင်ကျဉ်ပါ။ (၇)။ရေ အများကြီးသောက်ခြင်းဟာ အိပ်ယာကနေထပြီး တစ်ညလုံး ခဏခဏ ဆီးသွား စေတာကြောင့် အိပ်ယာမဝင်ခင် ရေအများကြီးမသောက်ပါနဲ့။ (၈)။မအိပ်ခင် ရေနွေးနဲ့ရေချိုးခြင်း ကြွက်သားများကို ပြေလျော့စေ ပြီး အိပ်ပျော်ဖို့ ပိုလွယ်ကူစေပါတယ်။ အကယ်၍ သင်ဟာ ညဖက်အိပ်မပျော်ခြင်းကို ခံစားနေရလျှင် ဖော်ပြပါ အချက်များကို အကျင့်တစ်ခုသဖွယ် ပြုမူနေထိုင်လျှင် အိပ်ပျော်စေနိုင်ပါသည်။ #zanne

(၁)။ညစဉ် ပုံမှန်အိပ်စက်တဲ့ အချိန်ကိုသတ်မှတ်ပါ။ မနက်ခင်းနိုးလာတဲ့ အချိန်မှာ ချက်ချင်းအိပ်ယာထဖို့ ကြိုးစားပါ။ (၂)။အိပ်ယာထဲမှာ အလုပ်လုပ်ခြင်း၊ ဖုန်းသုံးခြင်း၊ စာဖတ်ခြင်း များကို မလုပ်ပါနဲ့။ (၃)။အိပ်ခန်းဟာ မှောင်မဲတိတ်ဆိတ်ပြီး လေဝင်လေထွက် ကောင်းဖို့ လိုသလို အိပ်ဖို့အတွက် သင့်လျော်တဲ့ အပူချိန်ရှိဖို့လိုပါတယ်။ (၄)။နေ့ဘက်မှာအိပ်စက်ခြင်းဟာ ည အိပ်မပျော်ခြင်းကိုဖြစ်စေတာကြောင့် နေ့ဘက်အိပ်ခြင်းကို ရှောင်ကျဉ်ပါ။ (၅)။ညနေဘက်မှာ အများကြီးစားခြင်း၊ အဆီပါဝင်တဲ့ အစားအစာတွေ စားခြင်း ဟာ အစာအိမ်ကို မအီမသာဖြစ်စေပြီး အိပ်ပျော်ဖို့ ခက်ခဲစေတာကြောင့် ရှောင်ကျဉ်ရပါမယ်။ (၆)။ညနေခင်းအချိန်တွေမှာ အရက်နဲ့ ကဖင်းဓာတ်ပါတဲ့ အရည်များ သောက်ခြင်းကို ရှောင်ကျဉ်ပါ။ (၇)။ရေ အများကြီးသောက်ခြင်းဟာ အိပ်ယာကနေထပြီး တစ်ညလုံး ခဏခဏ ဆီးသွား စေတာကြောင့် အိပ်ယာမဝင်ခင် ရေအများကြီးမသောက်ပါနဲ့။ (၈)။မအိပ်ခင် ရေနွေးနဲ့ရေချိုးခြင်း ကြွက်သားများကို ပြေလျော့စေ ပြီး အိပ်ပျော်ဖို့ ပိုလွယ်ကူစေပါတယ်။ #zanne

၁ ။ အတွေးလွန်ခြင်းကြောင့် အိပ်မပျော်ခြင်း(Insomnia) ၂ ။ ဟောက်ခြင်း(Snoring) ၃ ။ အိပ်ပျော်နေစဉ်အသက်ရှူရပ်ခြင်း(Sleep Apnoea) ၄ ။ အကြောင်းအရင်းမရှိမောပန်းနွမ်းနယ်ခြင်း (Idiopathic Exhaustion) အကယ်၍ သင်ဟာ ဒီအချက်လေးချက်ထဲကတစ်ခုခုနှင့်ကိုက်ညီနေပါက အထက်ဖော်ပြပါအတိုင်း တတ်ကျွမ်းတဲ့ အထူးကုများနှင့် ပြသသင့်ပြီး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ #zanne

သာမန်လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်ညမှာ (၆)နာရီ-(၇)နာရီ လောက် အိပ်ချိန်ရှိပါတယ်။ လုံလောက်တဲ့အိပ်စက်မှုမရှိခြင်းဟာ ဆေးလိပ် သောက်ခြင်း၊ သွေးတိုးခြင်း၊ နှလုံးရောဂါခံစားရခြင်း ထက် ပိုများတဲ့ ကျန်းမာ ရေးထိခိုက်မှု (သို့) ၎င်း ရောဂါများနဲ့ ညီမျှတဲ့ ကျန်းမာရေးထိခိုက်မှုကို ဖြစ်စေ ပါတယ်။ အိပ်မပျော်ခြင်းဟာ စိတ်ဖိစီးမှု၊ ဟော်မုန်းလျော့နည်းခြင်း၊ ဟောက်ခြင်း၊ အတွေးလွန်ခြင်း၊ အိပ်နေစဉ်လမ်း ထ လျှောက်ခြင်း၊ မကြာခဏအိပ်မက်ဆိုး များမက်ခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းအရင်းများ အာလုံးဟာ န်ိုးထတဲ့အချိန် မောပန်းခြင်းနဲ့ မလန်းဆန်းတဲ့ ခံစားမှုကို ဖြစ်စေ ပါတယ်။ ဒါကြောင့် အကြောင်းအရင်းအမှန်ကို သိပြီး လိုအပ်တဲ့ ကုသမှုတွေလုပ်ဆောင်နိုင်ဖို့အတွက် သက်ဆိုင်ရာနယ်ပယ်က တတ်ကျွမ်း တဲ့ အထူးကုဆရာဝန်နဲ့ ပြသပြီး ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ #zanne

အော် လုပ်ရက်လိုက်လေချင်းဆိုပီးရင်နာလိုက်တာ ခံစားချက်တွေကိုဖွင့်ပြောဖို့နားထောင်ပေးမဲ့လူတောင်မရှိဘူး😭

အချစ်ခံချင်လိုက်တာလူတေရယ်😭 #shar

ကျိုင်းမြို့များ ၁။ ကျုင်းတုံ ၂။ ကျိုင်းတောင်း ၃။ ကျိုင်းလပ်ကျောက်အမည်ရှိမြို့များ ၁။ ကျောက်ကြီး ၂။ ကျောက်စရစ်မြို့ဟောင်း ၃။ ကျောက်ဆည် ၄။ ကျောက်တလုံး ၅။ ကျောက်တန်း ၆။ ကျောက်တော် ၇။ ကျောက်တံတား ၈။ ကျောက်တံခါး ၉။ ကျောက်ထု ၁၀။ ကျောက်ပန်းတောင်း ၁၁။ ကျောက်ဖြူ ၁၂။ ကျောက်မဲ ၁၃။ ကျောက်မြောင်း တောင်အမည်ရှိမြို့များ ၁။ တောင်ကုတ် ၂။ တောင်ကြီး ၃။ တောင်ငူ ၄။ တောင်တွင်းကြီး ၅။တောင်ပြိုလက်ဝဲ ၆။ တောင်သာ ၇။ တောင်ဥက္ကလာပ ၈။ ရွှေတောင် ၉။ သံတောင် ၁၀။ သံတောင်ကြီး ၁၁။ ဗူးသီးတောင် ၁၂။ ရသေ့တောင် စမြို့များ ၁။ စကု ၂။ စလင်း စဉ့်မြို့များ ၁။ စဉ့်ကူး ၂။ စဉ့်ကိုင် တာမြို့များ ၁။ တာချီလိတ် ၂။တာမိုးညဲ ၃။ တာလေ ၄။ တုံတာ ၅။ ပူတာအို ၆။ လပွတ္တာ တန့်မြို့ ၁။ တန့်ယန်း ၂။ တန့်ဆည် နမ့်မြို့များ ၁။ နမ့်ခမ်း ၂။ နမ့်စန် ၃။ နမ့်ဆန် ၄။ နမ့်တစ် နောင်မြို့များ ၁။။ နောင်ခစ် ၂။ နောင်ချို ၃။ နောင်တရား ၄။ မိုင်းနောင် ၅။ နောင်မွန်း ပင်မြို့များ ၁။ ပင်လောင်း ၂။ ပင်လုံ ၃။ ပင်လယ်ဘူး ၄။ ဟိုပင် ၅။ ယင်းမာပင် ၆။ညောင်လေးပင် ၇။ ထန်းတပင် ၈။ ဥသျစ်ပင် ၉။ အောင်ပင်လယ် ၁၀။ သနပ်ပင် ပေါင်းမြို့များ ၁။ ပေါင်းတလည် ၂။ ပေါင်းတည် ၃။ သာပေါင်း ပန်မြို့ ၁။ ပန်ဝါ ၂။ ပန်နန်းဒင် ၃။ ပန်ခမ့် ၄။ ပန်ယန်း ၅။ ပန်လုံ ၆။ ပန်ဝိုင် ၇။ မိုင်းပန် ၈။ ပန်ဆန်း ပန်းမြို့ ၁။ ပန်းတနော် ၂။ အောင်ပန်း ၃။ ကျောက်ပန်းတောင်း ၄။ ပန်းပဲတန်း မိုးအမည်ရှိသောမြို့များ ၁။ မိုးကုတ် ၂။ မိုးကောင်း ၃။ မိုးညို ၄။ မိုးညှင်း ၅။ မိုးနဲ ၆။ မိုးဗြဲ ၇။ မိုးမောက် ၈။ မိုးမိတ် မော်မြို့ ၁။ မော်လမြိုင် ၂။ မော်လမြိုင်ကျွန်း ၃။ ဗန်းမော် ၄။ ဝိုင်းမော် ၅။ မော်ထိုက် ၆။။ မော်လိုက် မောက်မြို့များ ၁။ မောက်မယ် ၂။ မိုးမောက် ၃။ ဗန်းမောက် ၄။ နတ်မောက် မင်းမြို့များ ၁။ မင်းကင်း ၂။ မင်းကွန်း ၃။ မင်းတပ် ၄။ မင်းတုန်း ၅။ မင်းပြား ၆။ မင်းဘူး ၇။ မင်းရဲလှမြို့ဟောင်း ၈။ မင်းလှ မိုင်းအမည်ရှိမြို့များ ၁။ မိုင်းကာ ၂။ မိုင်းကိုင် ၃။ မိုင်းခတ် ၄။ မိုင်းခုတ် ၅။ မိုင်းငေါ့ ၆။ မိုင်းစံ ၇။ မိုင်းဆတ် ၈။ မိုင်တုံ ၉။ မိုင်းနောင် ၁၀။ မိုင်းပန် ၁၁။ မိုင်းပွန် ၁၆။ မိုင်းပေါက် ၁၇။ မိုင်းပျဉ်း ၁၈။ မိုင်းဖျန် ၁၉။ မိုင်းဖြတ် ၂၀။ မိုင်းမော ၂၁။ မိုင်းယန်း ၂၂။ မိုင်းယု ၂၃။ မိုင်းယောင်း ၂၄။ မိုင်းရယ် ၂၅။ မိုင်းရှူ း ၂၆။ မိုင်းလား ၂၆။ မိုင်းလုံ ၂၇။ ကာမိုင်း ၂၈။ လမိုင်း မြိုင်မြို့များ ၁။ မြိုင် ၂။ မော်လမြိုင် ၃။ မော်လမြိုင်ကျွန်း ၄။ မြိုင်ကြီးငူ ၅။ ဝေါလေမြိုင် ရေမြို့များ ၁။ ရေကြည် ၂။ ရေစကြို ၃။ ရေဇွာ ၄။ ရေတာရှည် ၅။ ရေနံချောင်း ၆။ ရေဖြူ ၇။ ရေဦး ရန်မြို့များ ၁။ ရန်ကင်း ၂။ ရန်ကုန် ရွှေအမည်ရှိမြို့များ ၁။ ရွှေကူ ၂။ ရွှေကျင် ၃။ ရွှေညောင် ၄။ ရွှေပေါ်ကွန်း ၅။ ရွှေပြည်သာ ၆။ ရွှေဘို ၇။ ရွှေသောင်ယံ ၈။ ညောင်ရွှေ ၉။ ချင်းရွှေဟော် လားမြို့များ ၁။ လားရှိူး ၂။ မိုင်းလား လင်မြို့များ ၁။ လွိုင်လင် ၂။ လင်ဟော် ၃။ ဘုတလင် လွိုင်မြို့များ ၁။ လွိုင်ကော် ၂။ လွိုင်လင် ဟိုမြို့များ ၁။ ဟိုတောင်း ၂။ ဟိုပင် ၃။ ဟိုပန် ၄။ ဟိုပုံး ၅။ ဟိုမိန်း ဦးတို့ရဲ့မြို့များ ၁။ ခင်ဦး ၂။ ချောင်းဦး ၃။ ညောင်ဦး ၄။ တံတားဦး ၅။ ဒိုက်ဦး ၆။ ပြင်ဦးလွင် ၇။ မြောက်ဦး ၈။ ရေဦး အောင်မြို့များ ၁။ အောင်ပန်း ၂။ အောင်လံ ၃။ မြန်အောင် ၄။ မာန်အောင် အကောင်နာမည်ပါသောမြို့များ ၁။ ဆင်ဘို ၂။ ဖားကန့် ၃။ ဖားဆောင်း ၄။ လိပ်သို ၅။ ဆင်ပေါင်ဝဲ ၆။ ဆင်ဖြူကျွန်း ၇။ ဆိပ်ဖြူ ၈။ ငါန်းဇွန် ၉။ မြင်းခြံ ၁၀။ မြင်းလွတ် ၁၁။ ပုဇွန်တောင် ၁၂။ မိုင်းလား ၁၃။ လောက်ကိုင် ၁၄။ ငသိုင်းချောင်း ၁၅။ ဟင်္သာတ ၁၆။ ကျိုင်းတုံ ၁၇။ ကျိုင်းတောင်း ၁၈။ ကျိုင်းလပ် ၁၉။ နွားထိုးကြီး ၂၀။ ဝက်လက် Crd ဆရာညို(မကွေး) အစွမ်းထက်တဲ့ ဆေးစွမ်းကောင်း #ဗဟုသုတ #ဘဝ #knowledge Edit from comments ထီးချိုင့် ထီးလင်း ပခုက္ကူ သဲတော ဒီပဲယင်း ဘုတလင် ချောက် ပဲခူး ဆင်တဲ ညောင်တုန်း မအူပင် ဖားအံ ဗျည်းမပါ သရသက်သက်မြို့ ပ ငမြို့ က ဝမြို့ လေရှီး လဟယ် ဒလ အာမထိ လျှာမထိမြို့ ဝေါ ရေး ယော ကွန်မန့်များမှ ပြန်လည်ဖြည့်စွက်ရေးသားထားတာပါ စာ - credit #shar

မြန်မာနိုင်ငံမှထူးဆန်းသော မြို့အမည်များ **** ဆန့်ကျင်ဘက်မြို့များ ၁။ ကျောက်ဖြူ X ကျောက်မဲ ၂။ မိုးကောင်း X မိုးနဲ ၃။ တောင်ကြီး X တောင်ကုတ် ၄။ အလုံ X ပေါက် ၅။ အမြင့် X မြေထဲ ၆။ မေမြို့ X မောင်တော အက္ခရာပူးမြို့များ =========== ၁။ ကိုကိုးကျွန်း ၂။ ကျောက်ကြီး ၃။ ကျောင်းကုန်း ၄။ ဂန့့်ဂေါ ၅။ ဆီဆိုင် ၆။ တံတား ၇။ တွံတေး ၈။ မြောင်းမြ ၉။ မြင်းမူ ၁၀။ မိုးမိတ် ၁၁။ မိုးမောက် ၁၂။ မောက်မယ် ၁၃။ တီးတိန် ၁၄။ လောင်းလုံ ၁၅။ လွိုင်လင် ၁၆။ ဟဲဟိုး ၁၇။ မေမြို့ နာမည်တစ်လုံးရှိမြို့များ ============== ၁။ ချောက် ၂။ ဂွ ၃။ ဆော ၄။ ဆွာ ၅။ ပေါက် ၆။ ပေါင် ၇။ ပြည် ၈။ ဖြူး ၉။ မြိတ် ၁၀။ မြိုင် ၁၁။ မြောင် ၁၂။ ရေး ၁၃။ လှိုင် ၁၄။ ဝေါ ၁၅။ အမ်း ဂဏန်းသင်္ချာ ပါတဲ့မြို့များ ================ ၁။ ထန်းတစ်ပင် ၂။ ဘုရားသုံးဆူ ၃။ သုံးခွ ၄။ ညောင်လေးပင် ၅။ လေးမျက်နှာ ၅။ ငါးသိုင်းချောင်း ၆။ ကိုကိုးကျွန်း ၇။ မူဆယ် ၈။ သုံးဆယ် ၉။ အထောင် ၁၀။ ဗိုလ်တထောင် ၁၁။ ကော့သောင်း ဖားမြို့များ ====== ၁။ ဖားကန့် ၂။ ဖားဆောင်း စစ်မြို့များ ====== ၁။ စစ်ကိုင်း ၂။ စစ်တွေ ၃။ စစ်တောင်း ဆင်မြို့များ ======= ၁။ ဆင်ဘို ၂။ ဆင်ပေါင်ဝဲ ၃။ ဆင်ဖြူကျွန်း မြင်းမြို့များ ======= ၁။ မြင်းခြံ ၂။ မြင်းမူ ၃။ မြင်းလွှတ် ဆိပ်မြို့များ ======= ၁။ ဆိပ်ကမ်း ၂။ ဆိပ်ကြီးခနောင်တို ၃။ ဆိပ်ဖြူ ခန္ဓာကိုယ်အစိပ်အပိုင်းပါတဲ့မြို့ =================== ၁။ ပေါက်ခေါင်း ၂။ ပျဉ်းမနား ၃။ ဝက်လက် ၄။ ဝမ်းတွင်း ၅။ ဟားခါး ၆။ ပေါင် ၇။ ကျော (ဂန့်ဂေါခရိုင်) ၈။ မြေဒူး ၉။ မအူပင် ၁၀။ ဆင်ပေါင်ဝဲ ၁၁။ ပေါင်းတလည် တပ်မြို့များ ======= ၁။ ဗထူးတပ် (ရှမ်း) ၂။ ရဲမွန်တပ် (ရန်ကုန်) ၃။ ဘုရင့်နောင်တပ် (ကရင်) ၄။ တပ်ကုန်း အကျဉ်းအကြပ်ဆုံးမြို့ ============= ၁။ ဝမ်းတွင်း ရွာအမည်ရှိမြို့များ ============ ၁။ ရွာငံ ၂။ မုံရွာ ၃။ ရွာသစ် (မိုးညင်း ခရိုင်) ၄။ ရှမ်းရွာသစ် (ကရင်) တောအမည်ရှိ မြို့များ ============== ၁။ ရှားတော ၂။ အင်တော ၃။ ငပုတော ၅။ ပေါက်တော ၆။ မောင်တော ရေးအမှန် ဖတ်အသံမြို့များ ================= ၁။ ကျောက်ပန်းတောင်း ၂။ ငါန်းဇွန် ၃။ တန့်ဆည် ၄။ တံတား ၅။ တံတားဦး ၆။ ထားဝယ် ၇။ နွားထိုးကြီး ၈။ ပုဂံ ၉။ ပုဇွန်တောင် ၁၀။ ပုလဲ ၁၁။ ပုသိမ် ၁၂။ ပုလော ၁၃။ ပဲခူး ၁၄။ ပြည် ၁၅။ ဗန်းမောက် ၁၆။ ဗန်းမော် ၁၇။ ဘားအံ ၁၈။ မြိတ် ၁၈။ သံလျင် ပါဠိမြို့ ==== ၁။ ကရသူရိ ၂။ ကေတုမတီ ၃။ ကောလိယမြို့ဟောင်း ၄။ စေတုတ္တရာ ၅။ ဇေယျဝတီ ၆။ တောင်ဥက္ကလာ ၇။ ဒက္ခိဏသီရိ ၈။ ပုဗ္ဗသီရိ ၉။ မတ္တရာ ၁၀။ မိတ္ထိလာ ၁၁။ မေတ္တာ ၁၂။ မေရဉ္စရာမြို့ဟောင်း ၁၃။ မြောက်ဥက္ကလာ ၁၄။ လပွတ္တာ ၁၅။ ဝေသာလီ ၁၆။ သက္ကလ ၁၇။ သာကေတ ၁၈။ သာဝတ္ထိ ၁၉။ သုဝဏ္ဏဝတီ ၂၀။ ဟင်္သာတ ၂၁။ ဟံသာဝတီ ၂၂။ အင်္ဂပူ ၂၃။ အမရပူရ ၂၄။ ဥတ္တရသီရိ လောကနဲ့ ပြောင်းပြန်ဖြစ်တဲ့မြို့ (ကလော) လူကြီးမဟုတ်တဲ့မြို့ (ကလေး) ငယ်တုံးက မပိန်တဲ့မြို့ (ကလေးဝ) မပူပင်ရတဲ့မြို့ (ကံမ) ပူရှိန်းပူရှိန်းမြို့ (ငရုပ်ကောင်း) ထွက်ပေါက်မရှိသောမြို့ (အလုံ) ကြောက်စရာ ကောင်းသောမြို့ (ဘီလူး) မင်းမရှိတဲ့မြို့ (မင်းကင်း၊) အချမ်းသာဆုံးမြို့ (ရွှေတောင်) မျက်နှာများတဲ့မြို့ (လေးမျက်နှာ) ကြည့်ပေါင်းရသောမြို့ (သာပေါင်း) မသေသောမြို့ (အမရပူရ) ဒဏ်ရာရှိတဲ့မြို့ (အရာတော်) အိမ်တွေ တရောင်တည်း ရှိတဲ့မြို့ (အိမ်မဲ) ခေတ်စကားအရ သွက်လက်သောမြို့ (ဖလမ်း) ဗိုလ်များတဲ့မြို့ (ဗိုလ်တထောင်) လက်ရွံစရာကောင်းတဲ့မြို့ (လောက်ကိုင်) အခိုင်မာဆုံးမြို့ (သံတောင်၊ သံတောင်ကြီး) မိန်းမမြို့ (မေမြို့) ယောက်ျား ဘသားမြို့ (တောင်ကြီး၊ ပြွန်တန်ဆာ) မစိုပြေတဲ့မြို့ (ချောက်၊ မိုးနဲ) ရွာမလို လာမလိုလိုမြို့ (မိုးညို) လှသလားလို့ မေးစရာမလိုတဲ့မြို့ (မြို့လှ) တမြို့လုံး ချိုတဲ့မြို့ (ကြံခင်း) လုံခြုံသောမြို့ (ကျောက်တံခါး) ဘုန်းဘုန်းတွေဆွမ်းမဝတဲ့မြို့ (သပိတ်ကျဉ်း) တရုတ်ကြီး သူ့မိန်းမရဲ့ ညီမကိုခေါ်တဲ့မြို့ (ဝါးခယ်မ) နှာခေါင်းပိတ်ရမည့်မြို့ (ပေါက်တော) ဆီပေါတဲ့မြို့ (ဆီဆိုင်) ရန်မရှိတဲ့မြို့ (ရန်ကုန် ၊ ရန်ကင်း) အလုပ်ကြမ်းမြို့ (ကျောက်ထု) ဖြောင့်မတ်သောမြို့ (မကွေး) အရင်ဆုံးပေါ်တဲ့မြို့ (မြို့ဟောင်း) နောက်ဆုံးပေါ်တဲ့မြို့ (မြို့သစ်) အသားမဲတဲ့ ဓနုမရှိတဲ့မြို့ (ဓနုဖြူ) နာမည်ပြောင်းပြန်ဖြစ်တဲ့ မြို့ ၁။ ညောင်ရွှေ >< ရွှေညောင် နာမည်တူမြို့ * မင်းလှ (မကွေးတိုင်း သရက်ခရိုင်၊ အထက်မင်းလှ) * မင်းလှ(ပဲခူးတိုင်း သာယာဝတီခရိုင်၊ အောက်မင်းလှ) * ထန်းတပင် (ရန်ကုန်တိုင်း) * ထန်းတပင် (အင်းစိန်ခရိုင် လှိုင်မြစ်အရှေ့) * ထန်းတပင် (ပဲခူးတိုင်း တောင်ငူခရိုင်) ကာမြို့များ ၁။ ကာလိ ၂။ ကာမိုင်း ၃။ မိုင်းကာ ကျိုက်အမည်ရှိမြို့များ ၁။ ကျိုက္ခမီ ၂။ ကျိုက်ဒုံ ၃။ ကျိုက်ထို ၄။ ကျိုက်မရော ၅။ ကျိုက်လတ် ၆။ ဇင်းကျိုက်

Hello Hello Knowledge အပိုင်းကိုတာဝန်ယူရတဲ့Admin new ပါဗျ သျှားလို့လည်းခေါ်လို့ရပါတယ်ဗျ အများသူငှာမျိုးခင်ပေးကြပါအူး #knowledge #shar

ဥပုဒ်နေ့ #zanne

Btw ဆရာကြီး JVKE အသစ်ထွက်တဲ့သီချင်းလည်းညကျမှတင်ပေးမယ်နော် မေ့နေလို့။ #zanne

စကားမစပ် Admin အသစ်တွေခေါ်ချင်ပါသေးတယ်ဗျ။ Knowledge - 1 Pool player - 1 ‌cmt မှာကျွန်တော် Hi ထားက့မယ်ဗျ ‌လာရောက်ပြောဆိုနိုင်ပါတယ်။ #zanne

သီချင်းတွေက တစ်ရက်တစ်ပုဒ်ပဲတင်ပေးနိုင်အုန်းမယ်ဗျာ။ စာမေးပွဲပြီးမှ သေချာတင်ပေးဖို့အများကြီးစိတ်ကူးထားပါတယ်ဗျာ။ ပုံစံတစ်မျိုးနဲ့တင်ပေးဖို့လည်း စိတ်ကူးထားပါတယ်။ အပြန်အလှန်အနေနဲ့ ပြန်တောင်းဆိုချင်တာလေးတွေလည်းရှိပါသေးတယ်ဗျာကြိုပြောပြထားတာပါ။ #zanne