en
Feedback
BURMAPEDIA,Ltd

BURMAPEDIA,Ltd

Open in Telegram

မြန်မာပြည်မှ ဝိဇ္ဇာပင်မျိုးစေ့များကို မြေမြှောက်ပေး၍ အကူအညီပေးအံ့။ - ဗမာပီးဒီးယား ဆောင်ပုဒ်။ let's give a hand to endeavor brilliant-minds by supporting them. - Burmapedia's Mottoes.

Show more
987
Subscribers
No data24 hours
-37 days
-1930 days
Posts Archive
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်တွင်ဖော်ပြထားသောလက္ခဏာများရှိလျင်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓာကိုယ်သည် တုံ့ပြန်မှုမတူညီကြသည့်အတွက်သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန်သာအကြံပြုပါသည်။ #zanne

Memory Loss (မှတ်ဉာဏ်ပျောက်ဆုံခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များသော လက္ခဏာများမှာအောက်ပါအတိုင်းဖြစ်သည်။ – မှတ်ဉာဏ်အသစ်များကို မမှတ်မိခြင်း – ယခင်က အဖြစ်အပျက်များကိုမမှတ်မိခြင်း၊ – မမှန်ကန်သော မှတ်ဉာဏ်အသစ်များ ဖန်တီးခြင်း၊ သို့မဟုတ် အသိမှားယွင်းနေခြင်း။ – စိတ်ရှုပ်ထွေးခြင်း၊ သေချာစွာမသိခြင်း။ အထက်တွင်ဖော်ပြထားသော အချက်များမဟုတ်ပဲ အခြားသော လက္ခဏာများလည်း ရှိနိုင်သည်။ သင့်တွင်ရောဂါလက္ခဏာနှင့် ပတ်သတ်၍စိတ်ပူနေသည်များရှိလျင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ #zanne

Memory Loss (မှတ်ဉာဏ်ပျောက်ဆုံခြင်း) က ဘယ်လောက်အဖြစ်များသလဲ မှတ်ဉာဏ်ပျောက်ဆုံးခြင်းသည် အလွန်အဖြစ်များသော ကျန်းမာရေးအခြအနေဖြစ်သည်။ ငယ်ရွယ်သူများထက် အသက်ကြီးသူများတွင်ပိုဖြစ်သည်။ သို့သော် အသက်အရွယ်မရွေးတွင် ဖြစ်နိုင်ပါသည်။ ၎င်းကို အဖြစ်များစေနိုင်သော အချက်များကို ရှောင်ခြင်းဖြင့် ဖြစ်ပွားခြင်းကိုထိန်းချုပ်နိုင်သည်။ ပိုမိုသိရှိနိုင်ရန် သဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ #zanne

Memory Loss (မှတ်ဉာဏ်ပျောက်ဆုံခြင်း) ကဘာလဲ။ မှတ်ဉာဏ်ပျောက်ဆုံးခြင်းဆိုသည်မှာ အချက်အလက်၊ အကြောင်းအရာ၊ အတွေ့အကြုံ၊များကဲ့သို့သော မှတ်ဉာဏ်များပျောက်ဆုံးခြင်းဖြစ်သည်။ မှတ်ဉာဏ်ပျောက်တတ်သောသူများသည် များသောအားဖြင့် အချိန်အတိုင်းအတာတစ်ခုတွင် ဖြစ်ပေါ်သည်။ သူတို့ကိုယ်သူတို့လည်း မှတ်မိပြီး၊ အသစ်သင်ယူခြင်းနှင့် မှတ်ဉာဏ်အသစ်ပြုလုပ်ခြင်းများတွင် အခက်အခဲရှိနိုင်သည်။ #zanne

Evi jordan နားထောင်ပြီးကြပလား #zanne

Goodnight everyone #zanne

ပုံမှန်ဖွံ့ဖြိုးကြီးထွားအောင် ဘာတွေလုပ်မလဲ ကိုယ်ဝန်ဆောင်ချိန်ကတည်းက မိခင်အနေနဲ့ အာဟာရဓာတ်ပြည့်ဝစွာ စားသုံးဖို့ လိုပါတယ်။ မွေးဖွားပြီးချိန်မှာလည်း သူ့အရွယ်နဲ့သူ အာဟာရဓာတ် လုံလောက်စွာ ရရှိဖို့ လိုအပ်ပါတယ်။ ယောကျ်ားလေးများ ဆယ်ကျော်သက်အရွယ်ရောက်လာရင် ကိုယ်လက်လှုပ်ရှားခြင်း၊ အိပ်စက်အနားယူခြင်း၊ စားသောက်ခြင်း စတာတွေ ဟန်ချက်ညီဖို့ လိုပါတယ်။ တစ်နေ့ကို နာရီဝက်ကနေ ၄၅ မိနစ်ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးသင့်ပါတယ်။ ဘောလုံးကန်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း စတာတွေ ပြုလုပ်ပေးသင့်ပါတယ်။ အစားအစာများကိုလည်း အာဟာရဓာတ်မျှတအောင် အသားငါး ဟင်းသီးဟင်းရွက်များကို မျှတအောင် စားသုံးရပါမယ်။ အိပ်ချိန်အနေနဲ့ကတော့ ဆယ်ကျော်သက်အရွယ်မှာ အနည်းဆုံး ၈ နာရီ အိပ်စက်သင့်ပါတယ်။ အဆိုပါအချက်များ ပြည့်စုံနေပေမယ့် မိမိကလေးဟာ တခြားယောကျ်ားလေးတွေလို ပုံမှန်ဖွံ့ဖြိုး ကြီးထွားမှု မရှိရင်တော့ ဆရာဝန်ပြသသင့်ပါတယ်။ ရောဂါအခံတစ်ခုခုရှိနေသလား စစ်ဆေးနိုင်ဖို့ ဖြစ်ပါတယ်။ #zanne

ဘယ်အရာတွေက ဖွံ့ဖြိုးကြီးထွားမှုကို နှေးစေသလဲ ဖွံ့ဖြိုးကြီးထွားမှုကို နှေးစေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဓိကအားဖြင့် – သိုင်းရွိုက်ဂလင်းကို ထိခိုက်စေသော ရောဂါများ – ဖွံ့ဖြိုးကြီးထွားမှုအားပေးသော ဟော်မုန်းများ ချို့တဲ့ခြင်း – အင်ဆူလင်ပမာဏ – တက်စတိုစထရုန်းဟော်မုန်း – ဒေါင်းရောဂါလက္ခဏာစုနှင့် အခြား မျိုးရိုးဗီဇချို့ယွင်းခြင်းများ စတာတွေ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်များတဲ့၊ အဝလွန်တဲ့ ယောကျ်ားလေးများဟာ ဖွံ့ဖြိုးကြီးထွားမှုနှုန်း နှေးတတ်ပါတယ်။ ကလေးဘဝမှာ အစာအာဟာရ ကောင်းကောင်းမရခြင်းဟာလည်း ဖွံ့ဖြိုးမှုကို နည်းစေနိုင်ပါတယ်။ #zanne

ယောကျ်ားလေးနဲ့ မိန်းကလေး ဖွံ့ဖြိုးကြီးထွားတဲ့နှုန်း တူသလား ယောကျ်ားလေး နဲ့ မိန်းကလေးကြီးထွားပုံ မတူပါဘူး။ ယောကျ်ားလေးတွေဟာ မိန်းကလေးတွေထက် ဖွံ့ဖြိုးကြီးထွားတာ နောက်ကျတတ်ပါတယ်။ ယောကျ်ားလေးတွေဟာ လူပျိုဖော်ဝင် နောက်ပိုင်းကာလတွေမှာမှ လျင်မြန်စွာ ကြီးထွားလာတတ်ပါတယ်။ အကြောင်းအရင်းတရပ်ကတော့ ယောကျ်ားလေးတွေမှာ တက်စတိုစထရုန်းဟော်မုန်းကို ပိုပြီး ထုတ်လုပ်လာတာကြောင့် ဖြစ်ပါတယ်။ လူပျိုဖော်ဝင်ချိန်မှာ တက်စတိုစထရုန်း ထုတ်လုပ်မှုဟာ ဆယ်ဆထိ တက်လာတတ်ပါတယ်။ #zanne

အရပ်အမောင်းဟာ မျိုးရိုးဗီဇနဲ့ ဆိုင်သလား မိဘ နှစ်ဦးစလုံးဆီက မျိုးရိုးဗီဇဟာ ကလေးတွေရဲ့ အရပ်အမောင်းရော တခြား ဖွံ့ဖြိုးကြီးထွားမှုတွေ အတွက်ပါ အရေးပါ ပါတယ်။ ဒီ ကိစ္စပေါ် မူတည်ပြီး ကလေးရဲ့အရပ် ဘယ်လောက်ထိ ကြီးထွားနိုင်မယ် ဆိုတာကို အကြမ်းဖျင်း တွက်ချက်တဲ့နည်း ရှိပါတယ်။ မိဘနှစ်ဦးစလုံးရဲ့ အရပ်များ (လက်မဖြင့်) ကို ပေါင်းပြီး ၂ နဲ့ စားကြည့်ပါတယ်။ ပြီးရင် ယောကျ်ားလေးအတွက်ဆို ၂.၅ ပေါင်းပြီး မိန်းကလေးအတွက်ဆို ၂.၅ နုတ်ရပါတယ်။ ဥပမာအားဖြင့် ဖခင်ရဲ့အရပ်ဟာ ၇၀ လက်မရှိပြီး မိခင်ဟာ ၆၂ လက်မရှိခဲ့ရင် သူတို့ နှစ်ဦးပေါင်းခြင်းဟာ ၁၃၂ လက်မ ရပါတယ်။ ဒါကို ၂ နဲ့စားပြီး ယောက်ျားလေးအတွက် ၂.၅ လက်မ ပေါင်းထည့်ရပါတယ်။ ရလာတဲ့ ဂဏန်း (လက်မ) ဟာ သူတို့ နှစ်ဦးကမွေးတဲ့ သား ယောကျ်ားလေးရဲ့ ရှိနိုင်တဲ့ အရပ်ပါပဲ။ ဒါပေမယ့် ယေဘုယျသာဖြစ်ပြီး အမြဲမမှန်နိုင်ပါဘူး။ အရပ်အမောင်းနဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးကြီးထွားမှုဟာ အစားအစာ၊ လှုပ်ရှားမှုပမာဏ၊ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရရှိတဲ့ အာဟာရ စတာတွေပေါ်မှာလည်း မူတည်ပါသေးတယ်။ #zanne

လူပျိုဖော်ဝင်ခြင်း ယောကျ်ားလေးများဟာ လူပျိုဖော်ဝင်စ အချိန်မှာ ဖွံ့ဖြိုးကြီးထွားမှု မြန်ဆန်လာတတ်ပါတယ်။ လူပျိုဖော်ဝင်ချိန် ကတော့ တစ်ဦးနဲ့ တစ်ဦး မတူကြပါဘူး။ လူပျိုဖော်ဝင်ချိန်မှာ ယောကျ်ားလေးတွေရဲ့ အရပ်ဟာ တစ်နှစ်တာမှာ ၃ လက်မ (၇.၆ စင်တီမီတာ)ခန့် ရှည်လာတတ် ပါတယ်။ လူပျိုဖော်ဝင်ချိန်မှာ ယောကျ်ားလေးတွေရှည်ထွက်လာတဲ့ အရပ်ဟာ အရွယ်ရောက်ပြီးချိန်မှာ ရှိတဲ့ အရပ်အမောင်းရဲ့ ၉၂ ရာခိုင်နှုန်းဖြစ်တယ်လို့ သုတေသနစာစောင်တစ်ခုမှာ ဖော်ပြထားပါတယ်။ #zanne

ယောကျ်ားလေးများ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုအကြောင်း ယောကျ်ားလေးများ ဟာ အသက် ဆယ်နှစ်ကျော် အရွယ်မှာ တစ်ဟုန်ထိုး ဖွံ့ဖြိုးကြီးထွား လာတတ်ကြတာ မိဘဆွေမျိုးများက အံ့အားသင့်ရတဲ့ အထိပါပဲ။ အသက် ၁၆ နှစ်လောက်မှာတော့ ယောကျ်ားလေး အများစုရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုဟာ ရပ်တန့် သွားတတ်ပါတယ်။ တချို့ကတော့ ဆက်လက် ကြီးထွားပါသေးတယ်။ #zanne

လူထု၏ အကြပ်အတည်းများ လောက၏တရားသော သဘောအရ သာယာချိန်ကို ခံစားရချိန်ဟာ ဘဝရဲ့ ၁၀၀ ပုံရင် ၁ ပုံသာလျှင်ရှိပါတယ်။ လိုချင်တပ်မက်မှုများ၊ မာန်ပါပါတုံ့ပြန်မှုများနှင့် စိတ်ဖိစီးမှုများဟာ လူသားအများစုရဲ့ ဘဝကို လွှမ်းခြုံထားတတ်ပါတယ်။ ကျွန်တော်တို့ဟာ လူဆိုပြီးဖြစ်လာပြီဖြစ်တဲ့အတွက်ကြောင့် လောကဓံများအရကြုံတွေ့ရတတ်ကြပါတယ်။ မင်းဖြစ်လို့ စည်းစိမ်ခံစားရပြီး ဘဝဟာ အဆင်ပြေချောမွေ့နေတယ်ဆိုတာလည်း မရှိသလို လူသားများရဲ့ ဘဝဟာလည်း အဲ့ဒီလိုဘဲဖြစ်ပါတယ်။ စိတ်ညစ်၊ စိတ်ဖိစီးပြီဆိုရင် ဘယ်လိုမျိုးလုပ်သင့်သလဲ ၁။ အရင်ဆုံး ကိုယ့်မှာ စိတ်အခြေအနေမူမမှန်မှု ( အထူးသဖြင့် ADHD - အာရုံစူးစိုက်ရခက်ခဲသော စိတ်ဝေဒနာများ ) ရှိမရှိသိထားပါ။ ဒါမှသာ စိတ်ဖိစီးရင် ပိုပြီး အခြေအနေမဆိုးမှာဖြစ်ပါတယ်။ ၂။ ရင်ဖွင့်ပါ။ တစ်ချို့သော လူတွေအင်မတန်တိတ်ဆိတ်ပါတယ်။ တိတ်ဆိတ်တဲ့လူတွေရဲ့ သဘောဟာ သူတို့ ခံစားချက်ကို မြိုသိပ်ထားတယ်ဆိုတာကိုပါပဲ။ ကိုယ်က ဖွင့်မထုတ်ဘဲ ထိန်းသိမ်းထားလေလေ၊ ကိုယ့် ဝန်ထုပ်ဝန်ပိုး ပိုကြီးလာလေ။ ဝန်ပိုကြီးလေ စိတ်ပိုဖိစီးလေပါပဲ။ ၃။ ရင်ဖွင့်ခြင်း အမျိုးအစားများ - စာရွက်။ မနက်ခင်းစာမျက်နှာ၊ ဂျာနယ်လ်ရေးသားခြင်းတို့လိုမျိုး ကိုယ့်ရဲ့ အခက်အခဲ၊ ဖြစ်ချင်တဲ့ဆန္ဒ၊ အဲ့ဒါကို ကိုယ်ဘယ်လိုဖြေရှင်းသင့်လဲ စသည်ဖြင့် ကိုယ့်မြိုသိပ်ဖို့ သိပ်ကို ခက်ခဲလွန်းတဲ့အရာကို ချရေးထားသင့်ပါတယ်။ ထွက်ပေါက်မရှိသောနားများ။ နားထောင်ပြီး ပြန်ထွက်မဲ့အကြောင်းမျိုးမရှိတဲ့ လူပုဂ္ဂိုလ်ဆီမှာ ရင်ဖွင့်ပါတယ်။ ကိုယ့်ကိုယ် ဘေးဥပဒ်ဖြစ်စေမဲ့ သူမျိုးဖြစ်ကြောင်း မဖြစ်ကြောင်း ကိုယ့်ရင်ဖွင့်မဲ့သူကို အရင်စုံစမ်းပါ။ အဓိက ကတော့ အမေ့ဆီ ရင်ဖွင့်တာက အကောင်းဆုံး ဖြေရှင်းနည်းပါပဲခင်ဗျ။ ၄။ ဖိစီးရင် work out လုပ်။ တစ်ချို့သူတွေ ဂျင်မ်သွားပါတယ်။ တစ်ချို့သူတွေကျတော့ မနက်ခင်း ထပြေးတယ်။ တစ်ချို့ကျတော့လေ အကြောရှော့ လေ့ကျင့်ခန်းတွေလုပ်လေ့ရှိတယ္။ စိတ်အခြေအနေမြင့်တင်ဖို့ဆိုရင်တော့ ကိုယ်လက်လှုပ်ရှားလုပ်ဖို့ အင်မတန်အရေးကြီးပါတယ်။ ၅။ စာအုပ်သည် အဖော်မွန်ကောင်း။ စာဖတ်ခြင်းက စိတ်ဓာတ်ကျသူတွေကို ကုစားဖို့အကောင်းဆုံးနည်းလမ်းဖြစ်သလို စိတ်ဖိစီးဖို့ စိတ်ထွက်ပေါက်ရှာနေတဲ့ သူတွေအတွက်‌ အကောင်းဆုံးပါပဲခင်ဗျ။ ဒီ ၅ ချက်ကတော့ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျပြီး စိတ်အခြေအနေ မူမှန်ခြင်း မရှိနေတဲ့သူတွေအတွက် အဓိကရည်ရွယ်ရေးသားပါတယ်။ ဒီအတိုင်းလိုက်လုပ်ရင် ကိုယ်စိတ်မူမှန်ဖို့ အရာရောက်နိုင်ပါတယ်ခင်ဗျ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။ - ဝံသာနုမောင်သျှား

မေးချင်တဲ့ အကြောင်း၊ ပေးချင်တဲ့ စာတိုနဲ့ ရေးသားပေးစေလိုတဲ့ ဆောင်းပါးများ တောင်းဆိုနိုင်ပါသည်။

စာမေးပွဲဖြေနေရပါပြီ(စာမေးပွဲပြီးလို့ ရေခဲချောင်းရောင်းနေရင်လာအားပေးကြဦးဗျာ) #zanne

Hello everyone အပန်းမကြီးရင်linkမှာဂျိုင်းပေးကြပ့အူး https://t.me/wattpad_blficatiombook1

လာ share တာ #zanne

Guten Morgen #zanne

နောက်အပါတ်စာမေးပွဲဖြေရတော့မယ် #zanne

Hi #zanne