en
Feedback
BURMAPEDIA,Ltd

BURMAPEDIA,Ltd

Open in Telegram

မြန်မာပြည်မှ ဝိဇ္ဇာပင်မျိုးစေ့များကို မြေမြှောက်ပေး၍ အကူအညီပေးအံ့။ - ဗမာပီးဒီးယား ဆောင်ပုဒ်။ let's give a hand to endeavor brilliant-minds by supporting them. - Burmapedia's Mottoes.

Show more
987
Subscribers
No data24 hours
-37 days
-1930 days
Posts Archive
နည်းပညာနဲ့ ပတ်သက်လာရင် မြန်မာကျောင်းသားတွေရဲ့ အိမ်မက် ထိပ်တန်း တက္ကသိုလ်က ...
Anonymous voting

အာဆီယံဒေသတွင်းနိုင်ငံတစ်ခုဖြစ်တဲ့ လာအိုကကော ပင်လယ်နဲ့ ဘယ်လောက်ဝေးမလဲခင်ဗျ။
Anonymous voting

ဘယ်ကုန်းတွင်းပိတ်နိုင်ငံက ပင်လယ်နဲ့ အဝေးဆုံးဖြစ်မလဲ
Anonymous voting

တစ်ပါးသူ ဒုက္ခရောက်နေချိန်မှာ ကောင်းစကားမဆိုသူထက် နှုတ်ဆိတ်နေသူက ပိုမြတ်ပါတယ်။ နှုတ်ဆိတ်နေသူထက် ဒုက္ခရောက်နေ အားပေးစကားပြောသူက ပိုမြတ်ပါတယ်။ ဝစီကံဖြင့်ကူသူထက် ကိုယ်ကာယအလှူအားဖြင့် လှူသူက ပိုမြတ်ပါတယ်။ ကိုယ်ကာယအားဖြင့်လှူသူထက် ဓနအားဖြင့် တတ်နိုင်လို့လှူသူက ပိုမြတ်ပါတယ်။ မြတ်ခြင်းမမြတ်ခြင်းကြားက ငလျင်ဘေးသင့် တစ်မျိုးသားချင်း နိုင်ငံသားများကို ကိုယ်ချင်းစာတရားနဲ့ အလိုက်တသိ နေတတ်သူက အမြတ်ဆုံးဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေ ငလျင်ကြောင့် လိပ်ပြာမလုံနေရင်လည်း ကိုယ့်မှာ ကိုယ်ချင်းစာတရားရှိသေးတဲ့ဆိုရင်ကို စိတ်သန့်သန့်နေ အကောင်းဆုံးနေထိုင်လိုက်ပါ။ ပြည်သူများရဲ့ ပြန်လည်ထူထောင်ရေးလမ်းစဉ်မှာ ပါဝင်အားဖြည့်ကြပါစို့။ - ဝံသာနုမောင်သျှား ( နန္ဒဝန့်ဌာနီ )

လိုင်းပေါ်မှာလူတွေကနောက်ထပ်အင်အား၈ဒါမှမဟုတ်၉အဆင့်ရှိတဲ့ငလျင်တွေလှုပ်ခတ်လာနိုင်တယ်လို့တင်ပြောနေကြတာတွေတွေ့မှာပါ။ဒါကြောင့်ကျွန်တော်အခုတစ်ခုချင်းစီကိုမဟုတ်ကြောင်းနဲ့ဘယ်လိုမျိုးတွေရင်ဆိုင်လာရဖို့ရှိလဲဆိုတာပြောပြပေးသွားပါ့မယ်။ ၁။လှုပ်ခတ်တာကိုဖြစ်ပေါ်စေတဲ့နေရာဒေသ ဒီငလျင်ဟာစစ်ကိုင်းပြတ်ရွေ့(sagaing fault)က‌နေဖြစ်ပေါ်လာတဲ့ငလျင်ပါ။စစ်ကိုင်းပြတ်ရွေ့ကအင်အား၉အထိရောက်တဲ့ငလျင်တွေကိုမဖြစ်ပေါ်စေနိုင်ပေမယ့်အင်အား၈လောက်အဆင့်ရှိတဲ့ငလျင်တွေကိုတော့ဖြစ်ပေါ်စေနိုင်ပါတယ်။ဒါပေမယ့်ဒီငလျင်ဟာငလျင်ကြီးဖြစ်ပြီးဒါကြီးအပြီးမှာငလျင်ငယ်ပေါင်း၉၀ကျော်လှုပ်ခတ်ခဲ့တာကြောင့်နောက်ထပ်ငလျင်ကြီးလှုပ်ခတ်ဖို့အလားအလာရှိပေမယ့်ဒီငလျင်ကြီးနဲ့အင်အားတူတာဒါမှမဟုတ်အင်အားငယ်တာနဲ့ကြီးတာအထိရှိနိုင်ပါတယ်။ဒါပေမယ့်အဆင့်၈အထိရောက်အောင်လို့စစ်ကိုင်းပြတ်ရွေ့ကသိပ်မလှုပ်ခတ်စေနိုင်တာကြောင့်နောက်ထပ်တစ်ခုထပ်လှုပ်တ်ရင်တောင်အဆင့်၈ရောက်ဖို့ကခက်ခဲပါတယ်။ပြီးတော့ပြတ်ရွေ့ကလှုပ်တဲ့ငလျင်ကြောင့်မလို့ potentially အရအများဆုံး၈အထိသာလှုပ်နိုင်ပါတယ်။ ၂။အချိန် သူတို့ပြောတာအချိန်အတိအကျပါတယ့်အတွက်မဖြစ်နိုင်ဘူးလို့ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့ငလျင်လှုပ်မယ်မလှုပ်ဘူးဆိုတာကကြိုတင်ခန့်မှန်းလို့မရပေမယ့်ရှာဖွေ့လို့ရပါတယ်။ပြောချင်တာကတစ်ခုခုမူမမှန်တာတွေဖြစ်နေပြီဆိုရင်(ဉပမာ-မအူပင်မှာဒီမတိုင်ခင်ကငလျင်ငယ်လေးတွေလှုပ်ခတ်တာတွေ)မျိုးဆိုရင်တော့ငလျင်ကြီးလှုပ်ခတ်ဖို့အလားအလာရှိတယ်လို့မှန်းဆလို့ရပေမယ့်ဘယ်လောက်နှုန်းနဲ့ဘယ်အချိန်မာလှုပ်ခတ်မယ်ဆိုတာကတော့မှန်းဆလို့မရပါဘူး။ ၃။အလားအလာရှိ/မရှိ မြန်မာနိုင်ငံမှာကတော့လက်ရှိငလျင်စိုးရိမ်ရတဲ့ကြောကစစ်ကိုင်းပြတ်ရွေ့ကြောပါ။ဒါပေမယ့်အဲ့ထက်ပိုပြီးစိုးရိမ်စရာနေရာရှိပါတယ်။အဲ့ဒါကတော့ arakan subduction zone ပါပဲ။ဘာလို့လဲဆိုတော့subduction zoneတွေကအနည်းဆုံးအင်အား၈ကနေ၉အထိထုတ် လွှတ်နိုင်တဲ့ငလျင်ကြောကြီးတွေဖြစ်ပါတယ်။{ဉပမာ-၂၀၀၄အိန္ဒိယသမုဒ္ဒရာ ဆူနာမီ(MW-9.3)/၂၀၁၁ဂျပန်ဆူနာမီငလျင်(MW-9.1)/၁၉၆၀ချီလီငလျင်(MW-9.5,ကမ္ဘာ့ခွန်အားအပြင်းဆုံးငလျင်)}တို့လှုပ်ခတ်ခဲ့ပါတယ်။ဒီ arakan subduction zoneကလဲ၁၇၆၂လောက်မှာအင်အား8.8အဆင့်ရှိတဲ့ငလျင်ကိုလှုပ်ခတ်စေခဲ့ပါတယ်။subduction zoneဆိုတာဘယ်လိုနေရာမျိုးလဲကိုတော့ရှင်းပြရမှာကြာမှာမလို့ဒီမှာမရှင်းပြတော့ပါဘူး။ ၄။အနာဂတ်မှာရင်ဆိုင်လာကဖို့ရှိ/မရှိ အနာဂတ်မှာမြန်မာနိုင်ငံဟာအင်အား၈နဲ့၉အဆင့်ရှိတဲ့ငလျင်တွေကိုရင်ဆိုင်လာရနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့စစ်ကိုင်းပြတ်ရွေ့ကြီးဟာမူမမှန်ပဲလှုပ်ခတ်နေလို့အချိန်မရွေး၈အဆင့်ရှိတဲ့ငလျင်တွေဖြစ်နိုင်သလို arakan subduction zone ကလဲအနာဂတ်မှာအင်အား၈နဲ့၉အဆင့်ရှိတဲ့ငလျင်ကြီးတွေကိုထုတ်လွှတ်ဖို့အလားအလာရှိတယ်လို့ပညာရှင်တွေကပြောထားတဲ့အတွက်အနာဂတ်မှာဒီလိုငလျင်မျိုးကြီးတွေရင်ဆိုင်လာရနိုင်ပါတယ်။ ၅။ကြိုတင်ကာကွယ်ခြင်း အဓိကအားဖြင့်ဒီလိုငလျင်မျိုးကြီးတွေကိုရင်ဆိုင်ရင်အခြေအနေမဆိုးအောင်ပဲထိန်းဖို့ရှိတော့ပါတယ်။အဲ့အချက်တွေက- (၁)ငလျင်ဒဏ်ခံနိုင်တဲ့နည်းပညာတွေကိုအဆောက်အအုံတွေမှာထားပြီးဆောက်လုပ်တာတွေ (၂)ကမ်းခြေ/မြစ်နဲ့ချောင်းအနီးမှာအိမ်တွေမဆောက်တာတွေ (၃)အရေးပေါ်လှေကားနဲ့ဆေးဝါး၊အစားအသောက်အဆင်သင့်ထားတာတွေ (၄)ကိုယ်နေတဲ့အိမ်ကိုမြေပြန့်မှာဆောက်တာတွေ (၅)အဆောက်အအုံများတဲ့နေရာတွေမှာမနေတာတွေနဲ့ (၆)တောင်‌ေစာင်းနား‌ေတွနဲ့အထပ်မြင့်တွေပေါ်မ‌နေတာတို့ပဲဖြစ်ပါတယ်။ ကျွန်တော်ရေးသားထားတာကိုဖတ်ရှုပေးခဲ့ကြသူတိုင်းကိုကျေးဇူးတင်ပါတယ်။လူတိုင်းဘယ်ကပ်ကြီးမဆိုကင်းလွတ်ပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ကျွန်တော်အက်မင်zenoအခုတစ်ခုတင်စရာရှိပါတယ်

Wifi ပျက်နေလို့ အင်တာနက်လိုင်းတွေလည်းပျက်နေလို့ပါ လိုအပ်တာတွေ အခုညတင်ပါ့မယ်၊ကျွန်တော်နေတဲ့မြို့က ဘုရားပုထိုးကစိန်ဖူးတော်တွေပြုတ်ကျတာကလွဲရင် တစ်ခြား ကြီးကြီးမားမားထိခိုက်ပျက်စီးတာ လူထိခိုက်တာတွေမရှိပါဘူးဗျ။ မီးကတော့ပျက်နေပါတယ်။ #zanne

Repost from N/a
အရေးပေါ်ဖုန်းအားသွင်းဖို့လိုပါက အခမဲ့ ဖုန်းအားသွင်းနိုင်သောနေရာများ စုစည်းမှု Pro Tech Care - ရန်ကုန် တာမွေ https://www.facebook.com/share/p/1A3ZYMcHWg/ Great One အိမ်ခြံမြေ - ရန်ကုန် ရွှေပြည်သာ https://www.facebook.com/share/p/1DePYAvLKF/ Nail House by Grace - ရန်ကုန် ရွှေပြည်သာ https://www.facebook.com/share/p/15RCwf1McG/ AUTO LIFE Car Service - မန္တလေး https://www.facebook.com/share/p/1A4cRTsnP6/ Aye Myit Tar Store - ပဲခူး https://www.facebook.com/share/p/12EYmadGetp/ ဦးတရုတ် Battery ဆိုင်ကယ် - ပဲခူး https://www.facebook.com/share/p/1AXvqUiveD/ အဆွေတော်-ကွမ်းဒိုင် - ပြည် https://www.facebook.com/share/p/12GMQXExm3H/ A-One ဖိတ်စာဆိုင် - ပြည် https://www.facebook.com/share/p/1EZkRsCzbm/ Golden Galaxy - ကစားကွင်း - ကျိုက်ထို https://www.facebook.com/share/p/1BFRiYgkvQ/ စိန်ချယ်-စားသောက်ဆိုင် - လင်းခေး https://www.facebook.com/share/p/18b33Ncd6Q/ အထင်ကရ မိုဘိုင်း - သာစည် https://www.facebook.com/share/p/1697JEynWq/ Mobile City -  သရက်မြို့ https://www.facebook.com/share/p/1EazGyDe5N/ အောင်မြင်သူ သင်တန်းကျောင်း - မကွေး https://www.facebook.com/share/p/17L6u97YQg/ ဒေါ်လာလျှပ်စစ်ပစ္စည်းဆိုင် - မကွေး https://www.facebook.com/share/p/1A5eHyq1ny/ Shwe Yi Win Mobile - သနပ်ပင်မြို့ https://www.facebook.com/share/p/14kpnuxqxQ/?mibextid=oFDknk မိုးမခ Mobile - ပေါင်းတည်မြို့ https://www.facebook.com/share/p/15zr5VZbax/ ထပ်မံ၍ ဖြည့်စွက်ပါမည်။ #Crd #staysafe #𝐎𝐰𝐧𝐞𝐫_𝐕𝐚𝐧 (share ကူကြပါအုန်းဗျ)

🍚မန္တလေးမြို့၌ ငလျင်ဘေးဒုက္ခသည်များ အခမဲ့သုံးဆောင်နိုင်သော စားသောက်ဆိုင်များ⛑️ 1. ရွှေကွတ်ခိုင်    ☎️ 09-953832339 | 09-43016082    📍 58/36D|  ရှမ်းခေါက်ဆွဲ ပြင်ဆင်ထားပါသည်။ အကူအညီလိုအပ်သူများ စိတ်ချလက်ချ အခမဲ့ သုံးဆောင်နိုင်ပါသည်။  2. Beer Prince    📍 65/108 | ထမင်းကြော်၊ ခေါက်ဆွဲကြော်နှင့် ရေသန့်များ ရရှိနိုင်ပါသည်။  3. xiaolajiao အကင်ဆိုင်    📍 63/39*40| အခမဲ့ ထမင်းဖြူ ရယူနိုင်ပါသည်။  4. chilichacha    📍 လိပ်စာဖော်ပြမထား။  5. 39° bar    📍 54/30 | အခမဲ့ ထမင်းဖြူ နှင့် ရေသန့်ရရှိပါသည်။  6. 📍007 beach bar    ကွင်းပြင်လွတ်၌ ခိုလှုံနိုင်ပြီး အခမဲ့ ထမင်းကြော်သုံးဆောင်နိုင်ပါသည်။  7. WeiDongNan အရှေ့တောင်အရသာစားသောက်ဆိုင်    📍 60/35*35A 8. IN.718 bar    ☎️ 09-888599899 | 09-665713227    📍 55*56/39D| အခမဲ့ ထမင်းကြော်နှင့် ထမင်းဖြူ ရယူနိုင်ပါသည်။ Crd #shareပေးကြအူးနော် အကူညီလိုအပ်သူတေအတွက်

🔴အရေးပေါ် ကူညီကယ်ဆယ်ရေး နံပတ်များ🔴 🚨မန္တလေး 09402600033 ( မဟာ - လူမှုကယ်ဆယ်ရေး မန္တလေး ) အမရပူရမြိုနယ် ☎️02-4070713,02-4070996 ပြည်ကြီးတံခွန်မြိုနယ် ☎️02-5154974 ပုသိမ်ကြီးမြိုနယ် ☎️02-4058056 ချမ်းမြသာစည်မြိုနယ် ☎️02-4021087,02-4062718 မဟာအောင်မြေမြိုနယ် ☎️02-4076362 အောင်မြေသာစံမြိုနယ်☎️02-4060200 ချမ်းအေးသာစံမြိုနယ်☎️02-4060738 🚨အမရပူရမြိုနယ် ဦးထွန်းနေနွယ်(ဒု ဦးစီး)☎️09404080191 အမရပူရမြိုနယ် မီးသတ်စခန်း ဦးကျော်နိုင်ဝင်း(စခန်းမှုး) ☎️0429551689 မြစ်ငယ်နယ်မြေခံမီးသတ်စခန်း ဦးဇော်မင်းဦး (တပ်ကြပ်ကြီး)☎️09444032583 အမရပူရမြိုနယ် မီးသတ်စခန်း ဦးအောင်မျိုးကျော် (တပ်ကြပ်ကြီး)☎️09449637974 အမရပူရမြိုနယ် မီးသတ်စခန်း ဦးဖြိုးဇင်(တပ်ကြပ်ကြီး)☎️09783299191 မြစ်ငယ်မီးသတ်စခန်း ဦးစည်သူဇော် ☎️09-959984191 အမရပူရ အရှေ့ခြမ်း စွယ်တော် ဦးသဲဦး ☎️09-402574094 အမရပူရ အရှေ့ခြမ်း ဖျောက်ဆိပ်ကုန်း ဦးစံသိန်း ☎️09448197750 အမရပူရ အရှေ့ခြမ်း နတ်ရေကန်အရန်မီးသတ်စခန်း တာဝန်ခံ ဦးစည်သူအောင် ☎️09445765287 အမရပူရ အရှေ့ခြမ်း နတ်ရေကန်အရန်မီးသတ်စခန်း ဦးဇင်ကို ☎️09451801862 အမရပူရ အနောက်ခြမ်း ရှမ်းကလေးကျွန်း 09-767119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ) 09-787119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ) 09-440119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ) 09988144119(Myanmar Rescue Amarapura ကိုဥက္ကာကျော် ) 🚨နေပြည်တော် #နေပြည်တော်သီးသန့် 09420722222 (ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း) 09423671702 (ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း) 0673404666(လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန) 0673404777 (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန) 09972755311 09420771405 (မိုးစေတနာ) 09404590001 (မိုးစေတနာ) 09677080162 (တပ်ကုန်းမီးသတ်) 09677080126 (တပ်ကုန်းမီးသတ်) လူမှုကရုဏာရှင်အဖွဲ့ 09681000095 09797604667 09775207713 09972755311 0943106850(တပ်ကုန်းရေဘေး) 095044564(ပုဗ္ဗတွဲလက်များ) 09448535275 (နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့) 09420714432 (နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့) 09404050511 (မြတ်ပါရမီလူမှုကူညီရေးအသင်း) 09429319960 (မြတ်ပါရမီလူမှုကူညီရေးအသင်း) 09420104504 (စိုးမိုးသူလူမှုကူညီရေးအသင်း) 09253095834 (စိုးမိုးသူလူမှုကူညီရေးအသင်း) 09254080946 (စိုးမိုးသူလူမှုကူညီရေးအသင်း) 09445599676 (ပုညကာရီလူမှုကယ်ဆယ်ရေး) 095402616 (ပုညကာရီလူမှုကယ်ဆယ်ရေး) 09771151505 (စေတနာလူမှုကူညီရေးအသင်း) 09420720713 (စေတနာလူမှုကူညီရေးအသင်း) 09797905232 (စေတနာလူမှုကူညီရေးအသင်း) 09797712335 (ကရုဏာရှင်ပရဟိတအသင်း) 09786545509 (ကရုဏာရှင်ပရဟိတအသင်း) 09254448800 (ကရုဏာရှင်ပရဟိတအသင်း) 09420942455 (သုခဒါနပရဟိတအသင်း) 09773592699 (သုခဒါနပရဟိတအသင်း) 09779905443 (ဇမ္ဗူတလူ ပရဟိတာအသင်း) ညောင်ရွှေမြို့ ရေဘေးကယ်ဆယ်ရေး   09428310586 ( ကိုစိုးမင်းလတ် ) 09261932939 ( ကိုသက်ပိုင်စိုး ) 09428311563 ( ကိုတိုးအောင်ရွှေ ) 🚨(နေပြည်တော် တပ်ကုန်း ဆွာ တောင်ငူ ကယ်ဆယ်ရေး) 0943106850 ဒို့လယ်ဝေးပရဟိတလူငယ်များ အဖွဲ့ 09681000095 09797604667 09775207713 09 972755311 09 420771405 (မိုးစေတနာ) 09 404590001 (မိုးစေတနာ) 09 677080162 (တပ်ကုန်းမီးသတ်) 09 677080126 (တပ်ကုန်းမီးသတ်) 095044564 (ပုဗ္ဗတွဲလက်များ လူမှု ကူညီရေးအသင်း) 09420085147 (ဟန်းရာဇာ) 🚨(ကျောက်ဆည်ကယ်ဆယ်ရေး) KYAUKSE RESCUE 09256006355 09258444414 09787900929 ( ကျောက်ဆည်ကြက်ခြေနီ ) 09402526768 ( ကျောက်ဆည်ကြက်ခြေနီ ) 🚨မြစ်သား 09251156006  ( မြစ်သားကြက်ခြေနီ ) 🚨စဉ့်ကိုင် 09788743559  ( စဉ့်ကိုင်ကြက်ခြေနီ ) 🚨(ဝမ်းတွင်းကယ်ဆယ်ရေး) ဝမ်းတွင်းမြို့နယ်လုံးဆိုင်ရာ ပရဟိတ ကွန်ယက် 092165003 09444484129 09444484128 🚨(ပျော်ဘွယ်ကယ်ဆယ်ရေး ) 09449988191 092228214 0943020516 09459975496 092049021 09449988191 မီးသတ်ဦးစီးမှူး 092228214 ကိုကျော်ကျော်ဝင်း 0943020516 ကိုအောင်ဇော်မိုး 09459975496 ကိုရဲမင်းထွန်း 🚨(ရမည်းသင်း ကယ်ဆယ်ရေး) 09404590001(မိုးစေတနာ) 064-4007(ရမည်းသင်းမီးသတ်) 064-40787- ရမည်းသင်း 🚨(တောင်ငူ ကယ်ဆယ်ရေး) 09443555502 (T.E.R.Tအသင်း) 09791232000 (T.Rescueအသင်း) 09428155773 (မေတ္တာရှင်အသင်း) 09687635151 (အာယုပါလအသင်း) 09770313323 (ရှင်စောပုအသင်း) 09973775151 (၆ရပ်ကွက်အသင်း) 🚨(မိတ္ထီလာ ကယ်ဆယ်ရေး ) မိတ္ထီလာမြို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ မျိုးဆက်သစ်မြတ်ပါရမီအသင်း 09402684996 09696860666 crd

အခုလို အပင်ပန်းခံပြီး ရန်းပေးနေတဲ့ အက်ဒမင် ဇိမ်းကို ကျေးဇူးတရားကို အထူးတလည် အသိအမှတ်ပြု မှတ်တမ်းတင်ချင်ပါတယ်ဗျ။ အက်ဒမင်ဇိမ်းအနေနဲ့ စာမေးပွဲပြီးလို့ မအားတဲ့ကြားက ရန်းပေးနေခဲ့တာလည်းဖြစ်ပါတယ်။ ကျွန်တော်ကတော့ တစ်ခါတစ်ရံမှာ ဆောင်းပါးတစ်ပုဒ်တစ်ပုဒ်ကို ဗမာပီးဒီးယား ပရိတ်သတ်တို့အတွက် အကောင်းဆုံးဖြစ်အောင် ရေးသားပေးပါမယ်ခင်ဗျ။ ထပ်မံပြီး ကျေးဇူးတင်ပါတယ် အက်ဒမင် ဇိမ်း။ wtnmsaustin@gamil.com

အဟဲ ဒါပါပဲဗျာ များတော့များကြီးပဲ #zanne

အလှူလှည့် ဝတ်စားဆင်ရင်မှု အလှူလှည့် အများစုတွင် ရှင်လောင်း ကို ရှင်လောင်းဝတ်စုံ၊ နားထွင်းများကိုလည်း နားထွင်းဝတ်စုံ ဝတ်ဆင်ပေးကြသည်။ ရှင်လောင်းများကို အမျိုးသားကြီးများက ပခုံး‌ေါ် တင် ထမ်းပိုးကြသည်။ အချို့ ‌ဒေသများတွင် ရှင်လောင်းကို ကကြိုး ဆင်ရင်ထားသော မြင်း သို့မဟုတ် ဆင် များ စီးနင်း စေသည်။ သီးသန့် အမျိုးသား တဦးစီက ရွှေထီး တစ်လက်စီကို ရှင်လောင်း တစ်ပါးစီ အား မိုးပေးကြသည်။ နားထွင်းများ ကိုမူ တန်ဆာဆင်ထားသော လှည်းယာဉ် များ စီးနင်း‌စေသည်။ အလှူ့ရှင်များက ရိုးရာဝတ်စုံများ ဆင်မြန်းကာ ပဋိက္ခရာရှစ်ပါး ကိုင်ဆောင်ကြသည်။ ရပ်ရွာ အမျိုးသမီးတို့က အလှဆုံး ရိုးရာဝတ်စုံများ ဆင်မြန်းပြင်ဆင်ပြီး ကွမ်းထောင်၊ ပန်းထောင်၊ လှူဖွယ်ဝတ္ထု၊ ကန်တော့ပွဲ စသည်တို့ကို ကိုင်ဆောင်ကြသည်။ ကွမ်းတောင် ကိုင်ရန် အချော အလှဆုံး အိမ်ထောင်မရှိသူ အမျိုးသမီးကို ရွေးချယ်လေ့ ရှိသည်။ ရပ်ရွာ ကာလသားတို့က အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်း၊ သျှိုးလိုက်ရတုဝိုင်း များဖြင့် လိုက်ပါကြသည်။ အချို့အလှူများတွင် တတ်နိုင်သလို ဆင်အက နှင့် အခြားသော အကများ၊ ကို လည်း အလှူလှည့်ရာတွင် ထည့်သွင်းကြသည်။ ဝင်းခင်းခြင်း ဓလေ့ မှာ ရှေးခေတ် ဘုရင်များ ထွက်တော်မူ အခမ်းအနားများ ပုံစံကို တုပ ကျင်းပကြခြင်းဖြစ် ရာဇာဝင်း ဟု ခေါ် သည်။ အချို့ နတ် သကြား များ ပါသည့် ‌ဒေဝါဝင်း ကိုပါထည့်သွင်းကြသည်။ #zanne

အလှူလည့် ရှင်လောင်းလှည့် အလှူလှည့်သည့် ဓလေ့ ဘုရားရှင်လက်ထက် သာဝတ္ထိမြို့သား ပဏ္ဍိတနဲ့ သုခမင်းသား တို့မှ စတင်ကြောင်း ဓမ္မပဒ အဋ္ဌကထာတွင် တွေ့ရသည်။ ဘုရားရှင်လက်ထက်မှာပင် ရာဇဂြိုဟ်မြို့ ဓမ္မဒိန္နာ ဘိက္ခုနီပြုပွဲကို ခန်းနားကြီးကျယ်စွာ ကျင်းပခဲ့ဖူးပြီး ဓမ္မဒိန္နာကို ရွှေထမ်းစင်ဖြင့် ဘိက္ခုနီကျောင်းသို့ပို့ဆောင်ခဲ့ကာ ဗိမ္ဗိသာရမင်းကြီးကပါ မြို့တော်တစ်ခုလုံးကို တန်ဆာဆင်ပေးခဲ့ကြောင်း ရှင်လောင်းလှည့်ပွဲကြီးမှာ လူထုလူတန်းစားအသီးသီးက ပန်းနံ့သာများ စွဲကိုင်လျက်လိုက်ပါရကြောင်း တွေ့ရသည်။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်းနှစ်ရာကျော် သီရိဓမ္မာသောကမင်းကြီးလက်ထက်တွင်လည်း ဘုရင့်ညီတော် တိဿမင်းသား ရှင်ပြုပွဲ နှင့် ရှင်လောင်းလှည့် ကို ခန်းနားကြီးကျယ်စွာ ကျင်းပခဲ့ဖူးသည်။ နန်းတော် မှ အသောကာရုံကျောင်းတိုက်သို့ သွားရာ လမ်းကိုအမျိုးမျိုးတန်ဆာဆင်ပြီး တိဿမင်းသားကို နှစ်သက်ဖွယ် ပွဲလမ်းသဘင်ဝင်အဝတ် အစားများ ဝတ်စားဆင်ယဉ်စေကာ စစ်အင်္ဂါလေးပါး ခြံရံ လျှက် အသောကာရုံကျောင်းတိုက်ကို ပို့ဆောင်ကြပြီး ရှင်ပြုပေးခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ရှင်လောင်းလှည့် သည့်ဓလေ့ မည်သည့်အချိန်က စတင်သည်ကို သုတေသနပြုရန် လိုပေသည်။ နေရာ ဒေသ အလိုက် အလှူလှည့်ပုံများ ကွာခြားကြသည်။ #zanne

အလှူမဏ္ဍပ် အလှူမဏ္ဍပ် များ ထိုးခြင်း အဓိက ရည်ရွယ်ချက်မှာ အလှူ လာ ဧည့် ပရိသတ် တို့ နားနေရန်ပင် ဖြစ်သည်။ အလှူမဏ္ဍပ် ထဲတွင် ပရိသတ်ကို ‌အစား အသောက် ကျွေးမွေး ဧည့်ခံခြင်း၊ ဆိုင်း အငြိမ့် တို့ဖြင့် ဧည့်ခံ ဖျော်ဖြေခြင်း၊ အလှူမဏ္ဍပ် များ ကို အခြေခံအားဖြင့် ဝါးလုံး တိုင်များ၊ တန်းများ ဖြင့် ထိုးကြပြီး မိုးကာဖြင့် မိုးထားကြသည်။ အလှတန်ဆာ ဆင်ထားသည့် မဏ္ဍပ် များ အတွက် စီးပွားဖြစ် ငှားရမ်းသည့် မဏ္ဍပ်များကို အသုံးများကြသည်။ ဘိသိတ်သွန်းခြင်း၊ဘတရားနာခြင်း၊ အလှူလှည့် စတင် ထွက်ခွာရာ နှင့် ဆိုက်ရောက် ရာ နေရာအဖြစ် သုံးခြင်း စသည်တို့ ဆောင်ရွက်ကြသည်။ #zanne

ကြွေးတင်ကျွန်ဖြစ် ရှင်သာမဏေမဖြစ်(End) ၁။ သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍လှူခံတယ်။ ၂။ ကွမ်း၊ ဆေး၊ လက်ဖက်၊ ဆီစက်စက်၊ ဝတ်နှင့် ကြက်သား ကျွေးခဲ့တယ်။ ၃။ သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျိုဗျာမစဲ ခေါ်ခဲ့တယ်။ ၄။ ကျွန်တော်အလှူ၊ ကြွေးတွေပူ၊ ငွေကူရဘိ မျှော်မိတယ်။ ၅။ ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။ ၆။ ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှ ဝယ်လှူတယ်။ ပဓာနဖြစ်သည့် ပရိက္ခရာတွင် ငွေချိုထား၍ ပကာသနဖြစ်သည့် ဝတ်သားကြက်သားတွင် ငွေစရံကြိုပေး၍ မှာကြသည်။ အသားပေါ်သူ တို့ကလည်း အလှူရက်ရောက်မှ ဝက်ကြက်တို့ကို လောလောလတ်လတ် သတ်ဖြတ်ပြီး အသားကို လာပို့သည်။ ကုသိုလ်က တစ်ပဲ ငရဲက တစ်ပိဿာဟု ဆိုရမည့် မိဿက အလှူမျိုးဖြစ်သည်။ အလှူရက်ပြီးသောအခါ၌လည်း ကြွေးတင်ကျန်ရစ်သဖြင့် စိတ်ညစ်ဆင်းရဲကာ ပရစေတနာ ပျက်ရတော့သည်။ သို့အတွက် ပုဗ္ဗ၊ မုဉ္စ၊ ပရဟူသော စေတနာသုံးတန် အင်္ဂါ မစုံလင်သည့်အတွက် အလှူ အကျိုးမှာ မဖွံ့ဖြိုး မကြီးကျယ်တော့ချေ။ လက်ငင်းဘဝ၌ပင် ကြွေးတင်ကျွန် ဖြစ်ခံရ၍ အရှုံးကြီးဆုံးရှုံးရပါတော့သည်။ “ပျက်အစဉ် ပြင်ခဏ” ဟူသည်နှင့်အညီ မှားယွင်းသည့် အစဉ်အလာကို ဖယ်ရှား၍ အကျိုးများမည့် အစဉ် အလာသစ်ကို ထူထောင်သင့်ကြပါသတည်း။ #zanne

ကြွေးတင်ကျွန်ဖြစ် ရှင်သာမဏေမဖြစ်(part-4) “သားရှင်ပြုကိစ္စ၌ ဂုဏ်သရေရှိ လူကြီးလူကောင်းတို့ကို ဖိတ်၍ ကျွေးမွေးလေ့ရှိကြ၏။ ထိုလူကြီးလူကောင်းတို့သည် ထိုကဲ့သို့ အစားအစာကို စားနေကျဖြစ်၏။ အလှူရှင်က ဖိတ်လို့သာ အားနာ၍ (မသွားကောင်းသဖြင့်) သွားရသည်။ မိမိအိမ်မှာ (ရုံးမှာ) အလုပ်ကိစ္စတန်းလန်းနှင့် မအားလပ်ကြ။ ကျွေးမွေးရာ၌ ကုန်သော ငွေလည်း မနည်းလှ၊ စားရသူတို့ကလည်း အားနာပါးနာနှင့် မလွှဲသာလို့ လာကြရာဝယ် အဘယ်မှာ ကုသိုလ်ထုပ်ကြီး ရနိုင်ပါမည်နည်း။ ထိုအပေါ်မှာ ဂုဏ်ဖော်ချင်သော (ပကာသနအကုသိုလ် လောဘစိတ် ကလေး) ပါလိုက်ချေသေး၏။ “ဘုန်းကြီးပင့်ရာမှာလည်း ပင့်ရိုးပင့်စဉ်မပါလျှင် မကောင်းသော ဘုန်းကြီးပေါင်း များစွာကိုပင့်ရပြန်၏။ ထိုဘုန်းကြီးများသည် ပရိယတ် ပဋိပတ် အလုပ်ပျက်ကြရ၏။ နောက်ပါကျောင်းသားတို့လည်း စာသင် ပျက်ကြရ၏။ သို့ဖြစ်၍ ရာပေါင်းထောင်သောင်းများစွာ အကုန်အကျခံ၍ ပြုကြရသော သားရှင်ပြု သမီးနားသ အလှူဒါနကြီးသည် အဘယ်နည်းဖြင့် သာသနာကို အားပေးရာ ရောက်တော့မည်နည်း။ “အလှူဒါယကာတစ်ယောက်သည် ကူငွေများကို မျှော်လင့်ပြီး အလှူကြီးကို ခမ်းခမ်းနားနား မွမ်းမံပြင်ဆင်၍ထား၏။ ကုန်ငွေနှင့် အကူရသောငွေမှာ မျှော်လင့်ချက်အတိုငိ်း ဖြစ်မလာသောအခါ တရားကိုပင် ဖြောင့်ဖြောင့်မနာနိုင်အောင် ဖြစ်သွား၏ ။ “ပရိတ်ရွတ်တာကိုလည်း စိတ်မဝင်စားနိုင်၊ ဟောပြောသောတရား ကိုလည်း အာရုံမပြုနိုင်တော့ဘဲ စိတ်တွေ ကယောင်ချောက်ချားဖြစ်နေတော့၏။ တရားဆုံးလို့ ဆုံးမှန်းမသိ၊ ဘေးလူတွေက အမျှဝေလိုက် အမျှဝေလိုက်လို့ ပြောသည့်အခါ သတိရပြီး ကပျာကယာ “သောက်ကျိုးနည်းပါပြီးဗျို့” လို့ နှုတ်က ထွက်သွားရှာသတဲ့။” အမတ်ကြီးဦးပေါ်ဦးကလည်း “ယမမင်းထံ အစစ်ခံ သံပေါက်” ထဲတွင် သားရှင်ပြုအလှူနှင့်ပတ်သက်၍ ဤသို့ကောက်ချက်ချပြထား၏။ #zanne

ကြွေးတင်ကျွန်ဖြစ် ရှင်သာမဏေမဖြစ်(part-3) သင်္ကန်းပရိက္ခရာ ဝယ်ခြမ်းခြင်းသည် မွန်မြတ်သည့် ဒါနကောင်းမှု ဖြစ်သည်။ ရှင်ပြုရာတွင် ဤဒါနကောင်းမှုသာလျှင် ပဓာနလိုအပ်သည်။ သင်္ကန်းပရိက္ခရာသစ်အတွက် ငွေကြေးမတတ်နိုင်လျှင်လည်း ဘုန်းကြီးကျောင်းသို့ ငွေတတ်နိုင်သမျှ လှူဒါန်းပြီး ကျောင်းထိုင်ဆရာတော်ထံမှ သင်္ကန်းပရိက္ခရာအဟောင်းများကို ရယူနိုင်သည်။ မြတ်စွာဘုရားသည် မိမိ၏ တစ်ဦးတည်းသော ရင်သွေးဖြစ်သည့် ရာဟုလာကို ရှင်သာမဏေပြုစေရာတွင် မည်သည့်အလှူအတန်း ပကာသနကိုမျှ မပြုလုပ်ချေ။ အရှင်သာရိပုတ္တရာက ရာဟုလာ၏ ဦးခေါင်းကို ရိတ်၍ သာမေဏဝတ်ပေးခြင်းဖြင့် ရှင်ပြုခြင်းကိစ္စ ပြီးစီးသွားပေတော့သည်။ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသက “အနာဂတ် သာသနာရေး” စာအုပ်တွင် “သားရှင်ပြု အလှူမင်္ဂလာပြုပြင်ရေး” အကြောင်းကို ဤသို့ ရေးသားထား၏- #zanne

ကြွေးတင်ကျွန်ဖြစ် ရှင်သာမဏေမဖြစ်(part-2) ၁။ ရှင်ပြုခြင်းသည် မိမိသားငယ်အား သာသနာ့အမွေကို ခံယူစေပြီး ရှင်သာမဏေတို့၏ သီလနှင့် ကျင့်ဝတ်ကို စောင့်ထိန်းစေခြင်းဖြင့် သီလသာသနာကို ထူထောင်ခြင်းဖြစ်သည်။ ၂။ လှူဒါန်းခြင်းသည် ပစ္စုပ္ပန်တမလွန် ကောင်းကျိုးချမ်းသာကို ရည်မှန်း၍ ဒါနသာသနာကို ထူထောင်ခြင်းဖြစ်သည်။ “ရှင်ပြုခြင်းက ပဓာန၊ လှူဒါန်းခြင်းက သာမည” ရှင်ပြုခြင်းသည် ဒါနပြုခြင်းထက် အဆများစွာပို၍ သာလွန်မြင့်မြတ်သည်။ ရှင်သာမဏေအဖြစ်သို့ တင်မြှောက်ရာတွင် သရဏဂုံကို ပီပီသသ မရွတ်ဆိုတတ်လျှင် ရှင်မဖြစ်ပါ၊ ရှင်ဝတ်ပြီးနောက် ရှင်ကျင့်ဝတ်များ နှင့်အညီ လေးလေးစားစား မနေထိုင်လျှင်လည်း အကျိုးကျေးဇူးမကြီးပါ။ ရှင်ပြုခြင်းကိစ္စ အောင်မြင်ပေါက် မြောက်ရန်အတွက်- (၁) ဥပဇ္ဈာယ်ဆရာကောင်းထံ ချဉ်းကပ်၍ ဩဝါဒခံယူခြင်း၊ (၂) သင်္ကန်းတောင်း၊ လိင်ဒဏ်၊ သေခိယ၊ ပစ္စေဝက္ခဏာ၊ ခန္ဓကဝတ် တို့ကို သင်ယူပြီး သရဏဂုံ ပီပီသသ ရွတ်ဆိုတတ်အောင် လေ့ကျင့်ထားခြင်း၊ (၃) သင်္ကန်း၊ သပိတ်၊ ပရိက္ခရာ တို့ကို ဓမ္မကံနှင့် လျော်ညီအောင် ဝယ်ခြမ်း စီမံထားခြင်း တို့ကို ကြိုတင်ဆောင်ရွက်ထားသင့်သည်။ #zanne

ကြွေးတင်ကျွန်ဖြစ် ရှင်သာမဏေမဖြစ်(part-1) ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ အစဉ်အလာ ဓလေ့တစ်ခုမှာ သားရှင်ပြုရာတွင် အိတ်သွန်ဖာမှောက် အောတိုက်၍ လှူဒါန်းခြင်း ဖြစ်သည်။ မိမိတို့၏ ငွေအင်အားထက် ကျော်လွန်၍ သားငယ်ကို မင်းမြောက်တန်ဆာ ဆင်မြန်းပေးကာ အဘိသိက်သွန်း၍ မြင်းဖြင့်လှည့်ခြင်း၊ မြို့များ၌ မော်တော်ကားဖြင့်လှည့်လည်ခြင်း၊ လူအမြောက်အမြား ဖိတ်ကြားပြီး ကျွေးမွေးခြင်း၊ မဏ္ဍပ် ဆောက်၍ ဆိုင်းဝိုင်း၊ အဆိုတော် တို့ဖြင့် ဧည့်ခံခြင်း၊ အသံချဲ့စက် ငှားရမ်း၍ တစ်ရပ်ကွက်လုံး ဆူညံသွားအောင် သီချင်းများဖွင့်ခြင်း၊ ပဓာနအလှူထက် ပကာသနအမှုတို့ဖြင့် ငွေသုံးဖြုန်းခြင်း စသည်တို့ကို ကောင်းသည် လိုအပ်သည်ထင်၍ သူ့ထက်ငါ မသာရင်တောင် မနိမ့်ကျအောင် လုပ်မည်ဟု အားခဲကာ လုပ်ဆောင်နေကြ၏။ အချို့လယ်သမားတို့က လှည်းကိုရောင်း၊ နွားကိုရောင်း၊ လယ်ကို ပေါင်နှံကာ ရှင်ပြုအလှူကို ပြုလုပ်ကြသဖြင့် လယ်လုပ် ကိရိယာများလည်းသုဉ်း၊ လယ်ပေါင်လည်းဆုံးရှုံး၍ ကြွေးတင်ကျွန်ဖြစ်ရသည့် အခြေသို့ ဆိုက်ရောက်ကြရသည်။ လွတ်လပ်ရေး မရမီက ချစ်တီးကုလား သူဌေးတို့ထံ သမီးပါအပ်နှံ၍ ကျွန်အဖြစ်ခံခဲ့ကြရသည်ကို ဆင်ခြင်အောက်မေ့ သင့်ကြသည်။ သားရှင်ပြုခြင်းနှင့် လှူဒါန်းခြင်းတို့သည် သီးခြားကိစ္စနှစ်ရပ် ဖြစ်သည်ကို သဘောပေါက်ထားသင့်ပါသည်။ #zanne