en
Feedback
.

.

Open in Telegram

★彡[ᴡᴇʟᴄᴏᴍᴇ ᴛᴏ ᴛʜᴇ 𝑵𝒘𝒂𝒚 𝐾𝑛𝑜𝑤𝑙𝑒𝑑𝑔𝑒 ᴮᴼᴼᴷ 🍧🤍 sᴛᴀʀᴛ [ 4.3.2024 ] ᴡᴇ ᴀʀᴇ ꜱᴇᴄᴏɴᴅ ꜰᴀᴍɪʟʏ ꜱᴏ ᴡᴇ ᴡᴏᴜʟᴅ ꜱᴛᴀʏ ᴀɴᴅ ʙᴇ ʜᴀᴘᴘʏ ᴡɪᴛʜ ᴇᴀᴄʜ ᴏᴛʜᴇʀ]彡★

Show more
285
Subscribers
No data24 hours
-27 days
-1030 days
Posts Archive
.
285
ကိုယ်ဘယ်လောက်ပဲ ဂရုစိုက်မှု ပေးပေး ဘယ်လောက်ပဲ ချစ်ပေးခဲ့ ချစ်ပေးခဲ့ အရင်လူပြန်လာရင် ကိုယ်ပဲ ကျန်ခဲ့ ရတာပါပဲ။ အင်းပေါ့လေ ကိုယ့်မှာလဲ လိုအပ်ချက်တေ ရှိနေလို့ဖြစ်မာပေါ့။ အရင်လူကို ဘယ်ယှဥ်နိုင်ပ့မလဲ. . နှစ်ယောက်အားဆိုတော့ ကိုယ်ကပဲ နောက်ဆုတ်ပေးလိုက်ပါတယ် အချစ်ရယ်။ #𝙼𝚊𝚗 #Crd

.
285
လွမ်းတယ် .....🥺 သတိရတယ် စကားတွေပြောချင်တယ် မဖစ်နိုင်တော့ဘူးဆိုတာသိနေပါလျက်နဲ့ပေါ့ စိတ်ပူမိတယ်ခဗျားကို ကျန်းမာရေးချူချာတာမဟုတ်ပေမဲ့နေမကောင်းဖစ်လွယ်တက်တဲ့ခဗျားကို နောက်လူကဂရုစိုက်ပေးမဲ့ထင်ပါရဲ့ 😔 #𝙼𝚊𝚗 #Crd

.
285
နေသားကျတယ် ဆိုတာ နေနိုင်သွားတာကို ပြောတာမဟုတ်ဘူး အချစ်ရဲ့... တကယ်ပြန်မလာတော့ဘူး ဆိုတဲ့ အသိနဲ့ နာကျင်မှုဒဏ်ကို ခံနိုင်သွားတယ် ဆိုရုံပဲ။ #𝙼𝚊𝚗 #Crd

.
285
ကျွန်တော်တို့ဘဝတွေမှာ အခုထက်စောပြီး တွေ့သင့်တဲ့ သူတွေ ရှိခဲ့တယ်။ နောက်ကျပြီး တွေ့သင့်တဲ့ သူတွေလည်း ရှိခဲ့တယ်။ ပြီးတော့... ဘယ်တော့မှ မတွေ့ခဲ့သင့်တဲ့ သူတွေလည်း တကယ်ပဲရှိခဲ့ပါတယ်။ #𝙼𝚊𝚗 #Crd

.
285
ကျန်ခဲ့ရဖို့ ချန်ခဲ့ရဖို့ တွေးပြီးမှပဲ ချစ်ဖြစ်တော့တယ် ။ အရင်ကလို ဒီလူ့ကိုချစ်ရင် သူ့ကို ပိုင်ရမှဆိုတဲ့စိတ်တွေ မထားဖြစ်တော့ဘူး ။ တစ်ခုခုဆို ကိုယ်က အအများကြီးမျှော်လင့်ထားတတ်တာ အများကြီး စိတ်ကူးယဥ်နေမိတာလေ ... နောက်ဆုံး ကိုယ့်မှာသာ အဲ့ဒီမျှော်လင့်ချက်တွေ အဲ့ဒီစိတ်ကူးယဥ်မှုတွေကြားမှာ ... ဘာမှ မရှိတော့အောင် ကျန်ခဲ့ရတာလေ ... အခုဆို အဲ့လောက်ထိ မချစ်တော့ဘူး ... ချန်ခဲ့ရဖို့ ဒါမှမဟုတ် ချန်ခဲ့ရဖို့ တွေးပြီးမှပဲ ချစ်ဖြစ်တော့တယ် ။ မတွေးလို့လဲ မရတော့ဘူးလေ သူတော့ ငါ့ကို ဘယ်တော့မှ ထားမသွားပါဘူးဆိုတဲ့ အတွေးနဲ့ လူတစ်ယောက်လက်ကိုဆွဲခဲ့တာ နောက်ဆုံး ထားသွားတဲ့အချိန်ကျ ကိုယ့်မှာ နှစ်တွေ အကြာကြီး လမ်းတွေ ပျောက်ရတယ် ။ လျှောက်နေပေမယ့် အတိတ်မှာ ပိတ်မိချင် ပိတ်မိနေတတ်သလို အနာဂတ်ကိုတွေးကြည့်ရင် ကိုယ့်နာမည်ဟာလဲ ပျောက်နေတတ်တယ် ။ မဖြစ်ဘူး ...နောက်ထပ် အဲ့လို ကိုယ်ကိုယ်ကိုယ် ပျောက်သွားလို့ မဖြစ်ဘူး ... အခုဆို လူတစ်ယောက်ကို ချစ်မိပြီဆိုရင် ကျန်ခဲ့ရမှာလားဆိုတဲ့ အတွေးနဲ့ အရင်ဆုံး ချစ်ဖြစ်တယ် ။ ခံနိုင်ရည်ရှိအောင်ရယ် အများကြီး မျှော်လင့်မထားမိအောင်ရယ်ပေါ့ ပြီးတော့ မပျော်တော့ဘူးဆိုတဲ့ အချိန်ကျရင် လက်လွှတ်ရဲဖို့လဲ ကြိုတွေးထားရတယ် ။ နှစ်တွေအကြာကြီးဆွဲထားလဲ ကိုယ်ဆွဲထားတဲ့လက်က မြဲချင်မှ မြဲတာလေ ... နာကျင်ရတာရယ် ပြီးတော့ အချိန်တွေအကြာကြီး ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင် ချနေမိတာကလွဲလို့ အဆုံးသတ်တွေက အကုန်အတူတူပါပဲ မချစ်ချင်တော့ဘူးလို့ပြောတဲ့အခါ ကိုယ့်ဖက်က မတွယ်ကပ်ပဲ နေချင်တယ် မပျော်တော့ဘူးဆိုတဲ့အခါ လက်လွှတ်ပေးရဲတဲ့ သတ္တိလေးရှိနေချင်တယ် ။ ချန်ထားခဲ့သင့်ပြီဆိုတဲ့အခါ ချန်ထားရဲတဲ့ သတ္တိတွေရှိချင်တယ် ... အခုဆို ... လူတစ်ယောက်ကို ချစ်တော့မယ်ဆိုရင် ငါ ကျန်ခဲ့ရဖို့ ပြီးတော့ ချန်ခဲ့ရဖို့ သတ္တိတွေ မွေးပြီးမှပဲ လူတစ်ယောက်ကို ချစ်ဖြစ်တော့တယ် နောက်တစ်ကြိမ် ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားလို့ မဖြစ်တော့ဘူးလေ ။ ဒီတစ်ကြိမ်ဆို ကိုယ်ဆိုပြီးတောင် ကျန်နေခဲ့ဖို့ လွယ်မနေတော့ဘူး။ #𝙼𝚊𝚗 #Crd

.
285
ဒီရက်ထဲ ... ပြုံးကြည့်သေးတယ် အပြုံးတွေက ပျော်ယောင်သမ်းလာမယ့်အစား ပိုပြီး မဲ့လာသလိုမျိုး ခံစားနေမိတယ် ။ ရယ်ကြည့်သေးတယ် အသက်ပါရမယ့်အစား ပိုပြီး ခြောက်ကပ်ကပ်နိုင်သလိုပါပဲ အင်း ... စိတ်နဲ့ကိုယ်နဲ့ မကပ်သလိုပါပဲ ။ #𝙼𝚊𝚗 #Crd

.
285
မိန်းမတစ်ယောက်ရဲ့ သနားစရာကောင်းတဲ့ အချိန်က သူသိပ်ချစ်တဲ့ ယောင်္ကျားကသူ့ကိုလိမ်နေတာ သိသိနဲ့ မသိချင်ယောင်ဆောင်ပေးတဲ့ အချိန်ပဲ့...။ #𝙼𝚊𝚗 #Crd

.
285
ဘာမှမပိုင်ဆိုင်ချင်တော့ဘူး ဘာမှလည်း မတောင်းဆိုတော့ဘူး မျှော်လည်း မ‌မျှော်လင့်တော့ပါဘူး ချစ်နေသရွေ့ အကောင်းဆုံးချစ်သွားမယ် ထွက်ခွာသွားရင်တော့ လက်ပြနှုတ်ဆက်ပေးမယ် ဒီလောက်ပဲ့ ဘဝက ရိုးရှင်းပါတယ် #𝙼𝚊𝚗

.
285
တစ်ခုခုဆို ဝမ်းနည်းတတ်တဲ့မိန်းမပါ စကားလေးတစ်ခွန်းကြောင့် နာရီပေါင်းများစွာ ထိုင်ငိုခဲ့ရဖူးတယ်...😔 #𝙼𝚊𝚗 #Crd

.
285
အကြိမ်ကြိမ်အခါခါဖြစ်နေပြီဆိုရင် မတော်တဆဘယ်ဟုတ်တော့မှာလဲ ကိုယ်တွေဘယ်လောက်ထိ နာကျင်သွားရမလဲ သူတို့လည်းသိလောက်ပြီပဲ သိသိလျက်နဲ့ ကိုယ့်ဖက်ကို တစ်ချက်မှမငဲ့တတ်တဲ့၊ ကိုယ့်ကိုတစ်စက်မှ ဂရုမစိုက်တတ်တဲ့ အသည်းနှလုံးမျိုး တချို့လူတွေမှာ တကယ်ရှိပါတယ် ဝမ်းနည်းစရာကောင်းတာတစ်ခုကတော့ အဲ့ဒီလူဟာ ကျနော်တို့အချစ်ဆုံးတစ်ယောက် ဖြစ်နေတတ်တာပါပဲ #𝙼𝚊𝚗 #Crd

.
285
ဘဝမှာ နောက်ကျသွားပြီ ဆိုတာ တကယ်ရှိတယ် ပြောရမဲ့အချိန်မှာ ပြောသင့်တဲ့စကားကို ပြောဖြစ်အောင် ပြောပါ ချစ်တဲ့အကြောင်းပဲဖြစ်ဖြစ် မချစ်ချင်တော့တဲ့ အကြောင်းပဲဖြစ်ဖြစ်။ #𝙼𝚊𝚗 #Crd

.
285
အနားတစ်တောင်တိုးသွားလို့မှ တစ်ထွာပြန်တိုးမလာရင်...သိသိချင်းရပ်လိုက်ပါ။ အဲ့ဒါ...မေတ္တာမစစ်လို့။ ကိုယ့်ဘက်က publicချပြ၊စတိုရီတင်၊ပိုစ့်တင်လို့မှ တဖက်ကကိုယ်နဲ့ပတ်သက်တာ ဘာတစ်ခုမှ မဖော်ပြဘူးဆိုရင် သိသိချင်းရပ်ပါ။ အဲ့ဒါ...ခဏသုံးမို့လို့။ ဖုန်းနဲ့မျက်နှာမခွာတဲ့ခေတ်မှာ စာတစ်ကြောင်း၊ဖုန်းတစ်ခေါမှဝင်မနေဘူးဆိုရင် သိသိချင်း ရပ်လိုက်ပါ။ အဲ့ဒါ...ဦစားပေးခြင်းမခံရလို့။ ကိုယ့်ဘက်ကပဲ စကားစရ၊ကိုယ့်ဘက်ကပဲ စွဲထားရ၊ ကိုယ်ကပဲ ဆက်သွယ်ရရင် သိသိချင်း ရပ်လိုက်ပါ။ အဲ့ဒါ...ဝဋ်မို့လို့။ ရပ်ပစ်ပါ၊ ယုံယုံကြည်ကြည် stop (စတော့ဖ်)လိုက်ပါ။ အချစ်စစ်မှာ အဲ့လိုမျိုးတွေမရှိဘူး။ အပြန်အလှန်အနားတိုးခြင်းမျိုး၊သူ့ထက်ငါကောင်း ဆိုတာမျိုးပဲရှိတယ်။ အချစ်စစ်ဆိုတာ "မနေနိုင်ခြင်းမျိုး"လေ။ မဆက်သွယ်ဘဲ၊စာမပို့ဘဲ မနေနိုင်ဘူး၊ မတွေ့ရ၊မပြောရ၊မကြားရ၊ မပိုင်ရ..မနေနိုင်ဘူး။ နေနိုင်နေရင်....တော့။😊😊 ဖြည့်တွေးလိုက်တော့။ ဒါကြောင့် စောစောသိရင် စောစောရပ်ပါ။ သိသိခြင်းမှာ ကျောခိုင်းပါ။ (အကောင်းဆုံးကတော့ ဘယ်သူနဲ့ဆုံဆုံ အစ သိသိချင်းမှာပဲ ရပ်လိုက်တာပါပဲ)။ #𝙼𝚊𝚗 #Crd

.
285

.
285
ချစ်ရင်.. " မရမက ဆက်သွယ်မှာပေါ့ "ဆိုပြီးလို့ ပဲ ကိုယ် ထင်ထားခဲ့တာ တကယ်တမ်း ကျတော့ .. ကိုယ်မရှိ မှ ပို အဆင်ပြေနေတာ သိလိုက်ရတယ်။ လွမ်းနေပေမယ့်... တဖက်က လိုလိုလားလား မရှိတဲ့ အခါ ဆက်သွယ်ချင်မိတဲ့ စိတ်ကို ထိမ်းထား ရတယ်။ အမြဲတမ်း နှောက်ယှက်နေလို့ မကောင်းဘူး လေ ... 😔 #𝙼𝚊𝚗 #Crd

.
285
အခုနောက်ပိုင်း ကိုယ်နားလည်သွားတဲ့ အမှန်တရား တစ်ခုက အချစ်ဆိုတာ လုပ်ယူလို့မရဘူး၊၊ တစ်စုံတစ်ယောက်က ကိုယ့်အပေါ် မပြောင်းလဲပဲအကြာကြီးချစ်နေဖို့ ကိုယ့်ကိုမထားခဲ့ဖို့ဆိုတာ တောင်းဆိုလို့ရတဲ့အရာ၊ လုပ်ယူလို့ရတဲ့အရာ မဟုတ်ဖူး၊၊ အဲ့တော့ လူတစ်ယောက်က ကိုယ့်ကိုမချစ်တော့တာပဲဖြစ်ဖြစ်၊ ကိုယ့်ကိုမလိုချင်တော့တာပဲ ဖြစ်ဖြစ်၊ အဲ့လိုမျိုးဆို ဇွတ်အတင်းဆွဲမထားမိပါစေနဲ့၊၊ #𝙼𝚊𝚗 #Crd

.
285
မင်းကိုယ့်ကိုမချစ်တော့ဘူးလို့ပြောတဲ့စကား အဆုံးမှာ..ကိုယ်ကမ္ဘာဟာပြင်းပြင်းထန်ထန် ငလျင်ဒဏ်ခံလိုက်ရသလိုဘဲ.... ဘာတစ်မှ ရစရာမရှိတော့အောင် ... ပြိုပျက် ပျက်စီးခဲ့ရတယ်.......။ - အာရွန် ဓားတွေဘယ်လောက်ထက်ထက် စကားတစ်ခွန်းလောက် မထက်မြက်ဘူးဆိုတာ မင်းလက်ခံရမယ် အမေပြောတစ်လ မယားပြောတစ်ညတဲ့ ဓားတချက်ထက် စကားလုံးတစ်လုံးရဲ့ထိရောက်မှုဟာ လူတစ်ယောက်ရဲ့ဘဝကြီးတစ်ခုလုံးကို ပြိုလဲအောင်တင်မဟုတ်ဘူး သေဆုံးအောင်လုပ်လို့ရတယ် ဥပမာ "ကျွန်မတို့လမ်းခွဲရအောင်" - ငြိမ်းဝေ ( အတွေးစာစု) မင်းအပေါ်ဘယ်လောက်ထိ အလေးအနက်ထားလည်းဆိုရင် မျက်နာအမူအယာကအစ စကားသံအဆုံး အလွတ်ရအောင်ထိ ကိုယ့်နှလုံးသားထဲမှာ ကဗ္ဗည်းထိုးထားတယ် မျက်နာတချက်အညှိုးမခံဘူး စကားပြောတဲ့အခါ အသံမမာစေရဘူး အဲ့ဒီလို့အစစအရာရာ ဂရုစိုက်ခဲ့တဲ့ငါ့ကိုမှ မင်းပြောလိုက်တဲ့စကား ဟာ "မချစ်နိင်လို့မဟုတ်ပဲ မဖြစ်နိုင်လို့လမ်းခွဲရတာပါ". ....တဲ့ သုံးသွားတဲ့စကားလုံးလေးလှလိုက်တာ မင်္ဂလာဆောင်ဖိတ်စာကိုလက်ချင်းချိတ်လာပို့တော့ သူနဲ့ကျတော့ ချစ်လဲချစ်နိုင်တယ် ဖြစ်လဲဖြစ်နိုင်တယ်ပေါ့ #𝙼𝚊𝚗 #Crd

.
285
သံယောဇဉ် ဖြတ်နည်း လေးက သေသပ်လှပ လိုက်တာ.... " မချစ်တော့ဘူး "လို့ မပြောဘူး.. " အရမ်းချစ်တယ် ပိုချစ်တယ် "ပြောပြီး... Phအရင်လို မဆက်‌တော့ တာ .. စာ တွေ အရင်လို မပို့တော့တာ ဘာစာနေနေ အားရင်တောင် ဝင်မကြည့်တော့တာ... (အားလည်း တစ်ခြား လူအတွက် အချိန်ပေးတာ) တစ်ဖြည်းဖြည်းနဲ့ တစ်ဖတ်လူ စိတ်ကုန်အောင် သူ့ အလိုလို နောက်ဆုတ်လမ်းခွဲ ပေးအောင် တစ်ဖတ်လူ သွေးအေးသွားအောင် လုပ်သွားတယ်နော်.... အရမ်းတော်တယ်... ဆရာလည်း ကျခဲ့တယ်... ချစ်တယ် လို့ပြောတဲ့ ဟန်ဆောင် စကားလေးကလည်း သိပ်ကို ပီပြင်ခဲ့တယ်... ကျေးဇူးတင်ပါ တယ်... (တကယ်) သင်ခန်းစာ တွေ အများကြီး ရခဲ့လို့... ဒီတစ်ယောက် ထဲနဲ့ တင် လုံလောက်နေခဲ့ပါပြီ...😔 #𝙼𝚊𝚗 #Crd

.
285
အချစ်ဆုံးရှိလာခဲ့ရင် မရှုံးဆုံးရစေဖို့အတွက် ဒါလေး ကို ပီးအောင်ဖတ်ပါ ကိုယ်သိပ်ချစ်တဲ့ လူတစ်ယောက်ကို သိပ်မထည့်ထားပါနဲ့ စိတ်ထဲ ထည့်ထားလေ သူဘာလုပ်တယ် သူဘယ်သွား တယ် ဆိုတာ သိချင်လာလေလေ ကိုယ့်ဘက်က စာပို့မယ် ပြန်မဖြေရင် phဆက်မယ် မကိုင်လေ ပိုသိချင်လေ ဖစ်လာတတ်တယ် တစ်ဖက်က မအားတဲ့အချိန်😢😢 phကိုင်လို့ အဆင်မပြေဖစ်နေချိန်မှာ ဒီဘက်က ဆက်သွယ်ချင်သူမှာ စိတ်တွေ ချောက်ခြားလာပီ🥺🥺 ဘာလို့ မကိုင်ရတာလဲဆိုတဲ့ အဖြေဒေါသတွေနဲ့ ရင်ထဲမှာ ဗလောင်ဆူပီ 😡😡😡 smsတွေ တစီတတန်း ပို့ပီ အကြောင်းပြချက်တွေ တောင်းပီ ဒီလိုနဲ့ တစ်ရက်ပီး တစ်ရက်များလာတော့ဖိအားတွေ ဖစ်လာပီ သူ့အတွက်ရော ကိုယ့်အတွက်ပါ ဘယ်လောက်ပဲ ခိုင်မာတဲ့ ကျောက်ဆောင်ဖစ်နေပါစေ နဲ့ တာများလာရင်တော့ ရွေ့သွားတတ်ကြတယ် ရစ်လွန်းတယ် ငါစိတ်ပျက်လာပီ ငါစိတ်ရှုပ်လွန်းတယ် လို့ မင်းမတွေးနဲ့ မရစ်ရအောင် မင်းဘက်ကနေ အကျိုးအကြောင်းပြော ပြပေးပါ သူလည်း တချိန်ကမင်းဆီကနေနွေးထွေးမှုရှိခဲ့တာ မရ တော့လို့ Aww~~~ ငါသူ့အပေါ်အရင်လိုနွေးထွေးမှု မပေးနိုင်လို့ ဆိုပီးနည်းနည်းဖြည့်တွေးပေးပါ 💖💖💖 နွေးထွေးမှုပေးတာပဲလေ မင်းရဲ့ဘဝအတွက် ဘာမှ ဆုံး ရှုံးသွားတာမှ မဟုတ်တာ မင်းနွေးထွေးပေးလိုက်လို့ မင်းရဲ့ဂရုစိုက် ကြောင်းsmsလေးတစ်စောင်ကြောင့်တစ်ဖက်မှာတော့ စိတ်ခွန်အားအပြည့်နဲ့ သူ့တစ်နေတာလုံး တတ်ကြွနေ တာလည်း ဖစ်ချင်ဖစ်မှာပါ💕💕💕 ကိုယ်ကလည်း သူမဟုတ်သလို သူကလည်း ကိုယ်မဟုတ်ဘူး အရမ်းကြီး ဖိအားများလာရင် အဝေးကြီးရောက်သွား တတ်ကြတယ် 🥰🥰 အများကြီးမလိုပါဘူး ဒီလိုမဖစ်အောင် မနက်မိုးလင်းရင် ကိုယ်နိူးလာပီဆိုတာနဲ့ Mornee ချစ်တယ် 3 တစ်လုံးလောက်သာ ပို့ထားလိုက် နေ့တစ်နေ့ရဲ့ အစမှာ မင်းကို ပထမဆုံးသတိရမိတာက တော်ရုံနဲ့တော့ ဖစ်လာတာ မဟုတ်ဘူးနော် ရှိတုန်း တန်ဖိုးထားပေးလိုက်ပါ မင်းကို အမှတ်ရနေကြောင်း သူရဲ့ စိတ်ထားလေးပဲ တစ်နေ့ကို အနည်းဆုံး ၂ခါလောက်တော့ Phလေး ဆက်ပေးပါ ကိုယ်ဆက်ချင်စိတ်မရှိရင်တောင် အဝင်callလေးကို လက်ခံပေးပါ ချစ်တဲ့သူရဲ့ အသံကိုမကြားချင်တဲ့လူတော့မရှိလောက် ဘူးထင်ပါတယ် ။ ဥပမာ ကိုယ်ဘယ်သွားမယ်နော် ဘာလုပ်မယ်နော် မအားသေးလို့ (ပစ်ထားတာ မဟုတ် ဘူးနော်)ဆိုပီး နွေးထွေးလုံခြုံတဲ့စာလေး တစ်စောငိသာ ပို့လိုက်ပါ ချစ်သူနှစ်ဦးအတွက် နီးတဲ့ ဆက်ဆံရေးပဲဖစ်ဖစ် ဝေးတဲ့ ဆက်ဆံရေးပဲဖစ်ဖစ် သီးသန့် အချိန်လေးထားပေးပါ မိုးလင်းကနေ မိုးချုပ်အထိ ကိုယ့်ဘဝရဲ့ရည်မှန်းချက် ကိုယ့်ဘဝရဲ့ ပန်းတိုင် ကိုယ့်ရဲ့တခြား personal ကိစ္စ တွေနဲ့ နေ့စဉ် ဖြတ်သန်းနေကြရတာပါ💞💞💞 အဲ့လို မအားလပ်တဲ့ လောကကြီးထဲကနေ ကိုယ့်ရဲ့ လူကို ကိုယ်ရှာတွေ့ထားတာပဲလေ ပစ်မထားကြပါနဲ့ အနည်းဆုံးတော့ တစ်နေ့တာရုန်းကန်မှုတွေအဆုံးသတ်လို့ ညအိပ်ရာဝင်ချိန်လေးမှာ ကိုယ်ရွေးချယ်ထားတဲ့ ကိုယ့်ဘဝရဲ့တစ်စိတ်တစ်ပိုင်းဖ စ်တဲ့ သူနဲ့ တစ်နေ့တာ အတွေ့အကြုံတွေ ဖလှယ်ကြမယ် ကိုယ့်ဘက်က အမှားလုပ်ခဲ့မိတာရှိရင်လည်း ပွင့်လင်း စွာ ပြောပီးတိုင်ပင်ကြမယ် ပစ်ထားမိတာရှိခဲ့ရင်လည်း အကျိုးအကြောင်းပြောပြ ပီး ပြန်နွေးထွေးပေးမယ် တစ်ဖက်နဲ့ တစ်ဖက် စိတ်လုံခြုံမှုတွေ အကောင်းဆုံးပေး ကြရမယ် လွမ်းတိုင်းပြေးတွေ့လို့မရတဲ့ LDRSဆိုရင် ပိုပီးနွေးထွေးမှုလိုအပ်ပါတယ် အော် သူနားလည်မှာပါပဲဆိုပီး ကိုယ့်အတွေးနဲ့ တစ်ဖက်သတ်မတွေးပါနဲ့(တစ်ခါတစ်လေ နားလည်နေ တာတောင်မှ တမင်ချွဲချင် ဂရုစိုက်ခံချင်တဲ့ စိတ်လေး ကြောင့် ဂျစ်တိုက်မိတာကိုလည်း မင်းဘက်ကနေ ဖစ်နိုင် ရင် အပစ်မမြင်ပါနဲ့ စိတ်ရှည်ပါ) နှစ်ဘက်မျှ မကြည့်ရင် နှစ်ဘက်မျှမတွေးရင် ကြာရင် လူပါမက နှလုံးသားချင်းပါ ဝေးသွားနိုင်တယ် အသက်ကြီးတာငယ်တာက အဓိကကျမနေပဲ ကိုယ့်နှလုံးသားက သူ့ကိုတကယ်လိုလားရဲ့လားဆိုတာ ကပိုပီး အဓိကကျနေပါတယ် အသက်ပိုကြီးသူကလည်း ငါကကြီးတယ် နုစရာ Romaticဆန်စရာမလိုဘူးလို့ မာနမထားပါနဲ့ . ငယ်ရွယ်သူကလည်း ငါကငယ်တယ် ငါချွဲမယ် ငါရစ်မယ် ငါဆိုးမယ်လို့အခြေအနေတိုင်းမှာ သူ့အခြေအနေနဲ့သူ အလိုက်သင့် နေပေးပါ တစ်ဖက်နဲ့ တစ်ဖက် တန်ဖိုးကို မြင်အောင်ကြည့်ပါ အရမ်းသဘောကောင်းလွန်းတာ မင်းအပေါ်ကို လိုက်လျောနားလည်ပေးတယ်ဆိုတာ မင်းတစ်ယောက်တည်းအတွက် မင်းမို့လို့လိုဆိုတဲ့ အသိလေးတော့ မင်းရဲ့ ခေါင်းထဲမှာ ထည့်ထားပါ ကိုယ့်ရဲ့တစ်ဖက်က လူရဲ့စိတ်ကိုနားလည်အောင်လုပ် ထားပါ နားမလည်ထားရင် တစ်လမကြာပြတ်ကြဖို့အခွင့်အ လမ်းက ပိုများတယ် ကိုယ်မှ သူမဟုတ်တာလေ စိတ်ချမ်းသာရမလဲ ရာနှုန်းပြည့်တော့ကိုယ်ဘယ် ဒါပေမယ့် ဖြည့်သာတွေးလိုက် ကိုယ်စိတ်ချမ်းသာရ တယ် လူတစ်ယောက်ကို ပြုပြင်ဖို့ အတင်းမကြိုးစားနဲ့ သူအရင်လိုတစ်ယောက်ထည်းမဟုတ်တော့တာ သူသိလာရင်(ငါ့ဘဝထဲမှာ သူရှိနေပီ )ဆိုတဲ့ အတွေးမျိုးသူရှိလာရင် သူ့ဘာ့သူပြုပြင်လာပါလိမ့်မယ် အချိန်တစ်ခုတော့ သူ့ကိုအချိန်ပေးရမယ် ကိုယ်လည်းစောင့်နိုင်ရမယ် စိတ်ရှည်စွာနဲ့ စိတ်ချ မင်းရဲ့ Right personဆိုရင် မင်းဆီရောက်လာမှာပါ ကိုယ့်ဘက်ကနေတော့ ရှောင်ရဆောင်ရမယ့်အချက် လေးတွေကို သိထားနော် လိုရာခရီးရောက်၍ချစ်တဲ့သူတိုင်းပေါင်းစည်းနိုင်ကြပါ ရင်နှင့်ရင်း၍ #𝙼𝚊𝚗 #Crd

.
285
ယောကျ်ားတစ်ယောက်မှာ ရွေးချယ်ရခက်တဲ့ချစ်ခြင်းဆိုတာမရှိပါဘူး သူတို့စိတ်ကို သူတို့သိတယ် ဘယ်သူ့ကိုပိုချစ်တာ ၊ဘယ်သူ့ကိုစိတ်ကပိုသာနေ တာ ဘယ်သူ့ဆိုရင် သူတို့ရဲ့မသိစိတ်ကပြောပြစရာမလို အောင် အလိုလိုလိုက်လုပ်ပေးပြီးသား၊ဖြည့်ဆည်းပေးပြီး သား ဝေခွဲမရဖြစ်တာအတူတူပဲဆိုရင်တော့ တစ်ယောက်ကိုတော့ တကယ်ချစ်ရင်ချစ်လိမ့်မယ် တစ်ယောက်ကိုတော့ သူ့အပေါ်ကောင်းတယ်ဆို တာသိလို့ သူ့ကိုချစ်ပေးနေတယ်ဆိုတာသိလို့ အားနာပြီးပြော မထွက်ခဲ့တာ အလိုက်သင့် ဆက်ဆံပြီးနေပေးခဲ့တာ တကယ်တော့ သူတို့တကယ်ချစ်တာတခြားတစ် ယောက် အိမ်မက်တွေက တခြားတစ်ယောက် ရည်ရွယ်ထားတာက တခြားတစ်ယောက်တွက်ဆို တာပါပဲ အဲ့ဒီတခြားတစ်ယောက်ဆိုတာက ကိုယ်ဟုတ်ချင်မှ လည်းဟုတ်မှာပါ။ ကျွန်မကြောက်မိတာက အားနာလို့တုန့်ပြန်နေတဲ့ ဆက်ဆံရေးတွေ ကိုယ့်အတွက်မဟုတ်တာကို ထင်ယောင်မှားပြီး မျှော်လင့်နေမိမယ့်ခံစားချက်တွေကိုပါပဲ..၊၊ ❤️🌹 #𝙼𝚊𝚗 #Crd

.
285
လမ်းခွဲလိုက်ပါ...🚶‍♂️ **** 🚶‍♂️ကိုယ်ဆက်ဆံသလို ပြန်မဆက်ဆံတဲ့ သူတွေနဲ့ လမ်းခွဲလိုက်ပါ။ 🚶‍♂️ကိုယ်ကောင်းသလို ပြန်မကောင်းနိုင်တဲ့ သူတွေနဲ့ လမ်းခွဲလိုက်ပါ။ 🚶‍♂️ကိုယ့်စေတနာကို ဝေဒနာဖြစ်အောင်လုပ်တဲ့ သူတွေနဲ့ လမ်းခွဲလိုက်ပါ။ 🚶‍♂️ကိုယ်ချစ်သလို ပြန်မချစ်နိုင်တဲ့ သူတွေနဲ့ လမ်းခွဲလိုက်ပါ။ 🚶‍♂️ဘယ်အရာမှမမြဲတဲ့ လောကကြီးမှာ ကြိုးစား ဆုပ်ကိုင်ထားရတာ ပင်ပန်းတယ် မဟုတ်လား-? 🚶‍♂️လွှတ်ချပေးလိုက်ပါ။ အဲဒီလိုလူတွေက သူတို့လိုလူမျိုးနဲ့ ပြန်တွေ့မှ ကိုယ့်တန်ဖိုးကို နားလည်နိုင်တာပါ။ 🚶‍♂️ဒီလောက်ဆိုရင်... မင်းပေးခဲ့တာတွေ လုံလောက်ပြီ မဟုတ်လား-? မင်းနာကျင်ခဲ့တာတွေ လုံလောက်ပြီ မဟုတ်လား-? မင်းချစ်ပေးခဲ့တာတွေ လုံလောက်ပြီ မဟုတ်လား-? 🚶‍♂️ဒါဆိုရင် လမ်းခွဲလိုက်ပါတော့… မင်းအကောင်းဆုံး လုပ်ပေးခဲ့တဲ့ အတွက် မင်းလိပ်ပြာ မင်းလုံနေပါပြီ။ #𝙼𝚊𝚗 #Crd