en
Feedback
.

.

Open in Telegram

★彡[ᴡᴇʟᴄᴏᴍᴇ ᴛᴏ ᴛʜᴇ 𝑵𝒘𝒂𝒚 𝐾𝑛𝑜𝑤𝑙𝑒𝑑𝑔𝑒 ᴮᴼᴼᴷ 🍧🤍 sᴛᴀʀᴛ [ 4.3.2024 ] ᴡᴇ ᴀʀᴇ ꜱᴇᴄᴏɴᴅ ꜰᴀᴍɪʟʏ ꜱᴏ ᴡᴇ ᴡᴏᴜʟᴅ ꜱᴛᴀʏ ᴀɴᴅ ʙᴇ ʜᴀᴘᴘʏ ᴡɪᴛʜ ᴇᴀᴄʜ ᴏᴛʜᴇʀ]彡★

Show more
285
Subscribers
No data24 hours
-27 days
-1030 days
Posts Archive
.
285
ကိုယ့်ရဲ့ Partner ကိုမေးကြည့်သင့်တဲ့ မေးခွန်း (13)ခု ၁-ကိုယ်ဘယ်အခြေအနေပဲရောက်ရောက် မငြိုငြင်ပဲအနားမှာ ရှိပေးနိုင်ပါ့မလား? ၂-က
ကိုယ့်ရဲ့ Partner ကိုမေးကြည့်သင့်တဲ့ မေးခွန်း (13)ခု ၁-ကိုယ်ဘယ်အခြေအနေပဲရောက်ရောက် မငြိုငြင်ပဲအနားမှာ ရှိပေးနိုင်ပါ့မလား? ၂-ကိုယ့်ကိုပြင်စေချင်တဲ့ အချက်ရှိလား? ၃-ကိုယ် မသိလိုက်ပဲ ဝမ်းနည်းသွားအောင် ပြောမိလိုက်တဲ့ စကားခဲ့ရှိလား? ၄-ကိုယ်မသိအောင် တစ်ခုခုဖုံးကွယ်ခဲ့တာ ရှိလား ? ရှိခဲ့ရင်ရော ဘာလဲ? ၅-ကိုယ်သာခုချိန်မှာ လမ်းခွဲစကားပြောခဲ့ရင် နောက်ဆုံးအနေနဲ့ ကိုယ့်ကိုဘာပြန်ပြောချင်လဲ? ၆-ကိုယ့်ရဲ့လုပ်ရက်တစ်ခုခုကြောင့် ဆက်မချစ်ချင်တော့ဘူးဆိုပြီး တွေးခဲ့ဖူးလား? ၇-ကိုယ့်ကိုပိုပြီး ပြောစေချင်၊ မေးစေချင်တဲ့အရာရှိလား၊ ရှိမယ်ဆို ဘာဖြစ်မလဲ? ၈-ကိုယ့်ကိုဆုံးရှုံးရမှာ ကြောက်မိလား။ ၉-ကိုယ်နဲ့ပတ်သက်ပြီး လုံးဝ အစားထိုးလို့မရမယ့်အရာက ဘယ်အရာလဲ။ ၁၀-ကိုယ့်ရဲ့ဘယ်စကားလုံးတွေက စိတ်သက်သာရာရအောင် လုပ်ပေးနိုင်လဲ။ ၁၁-ကိုယ်နဲ့ပတ်သက်ပြီး ဘယ်တော့မှ မေ့မရမယ့် အခိုက်အတန့်က ဘယ်အခိုက်အတန့်လဲ။ ၁၂-ကိုယ့်ကိုစကားတစ်ခွန်းတည်းနဲ့ ဖော်ပြရရင် ဘယ်လိုဖော်ပြမလဲ။ ၁၃-ကိုယ်နဲ့ပတ်သက်ပြီး သဘောအကျမိဆုံးအရာက ဘယ်အရာလဲ။ #𝙼𝚊𝚗 #Crd

.
285
ကျွန်တော့်ချစ်သူက ချစ်လားလို့ ကျွန်တော်မေးတိုင်း ချစ်တယ် လို့ပဲဖြေနေကြပါ ဒါပေမယ့် အဲ့စကားက သူ့ရင်ထဲက တကယ်လာတာမဟုတ်မှန်း ကျွန်တော်သိနေတယ် ။ သူ့ရဲ့အရင်ဒဏ်ရာကို ကျွန်တော်နဲ့အစားထိုးပြီး ကျွန်တော့်ကို ဒဏ်ရာသစ်ပေးနေသလိုပါပဲ ။ လောကကြီးက သိပ်ပဟေဋိဆန်တယ် တကယ်ချစ်တာလား မချစ်တာလားတောင် ဝေခွဲမရခဲ့ဘူး ။ #𝙼𝚊𝚗 #Crd

.
285
လူတစ်ယောက်ကို ချစ်ရင် ... ကြောက်တတ်သွားတာချည်းပါပဲ ... သူ စိတ်ဆိုးမှာ သူ မချစ်တော့မှာ သူ ကိုယ့်ကို အလေးမထားတော့မှာ ကိုယ့်ကို မလိုအပ်တော့မှာ စသည်ဖြင့်တော့ ကြောက်တတ်သွားတာပါပဲ ။ မျက်နှာလေး ညှိုးနေရင် ကိုယ့်ကြောင့် အဆင်မပြေဖြစ်နေရတာလားဆိုပြီး စိတ်ပူပြီး အကြိမ်ကြိမ် မေးနေမိတာမျိုး ။ #𝙼𝚊𝚗 #Crd

.
285
သြော်.. တကယ်ဝေးသွားကြပြီကို လက်မခံနိုင်သေးဘူး ဖြစ်နေတယ် ။ ဦးနှောက်ကတော့ အသိပေးနေပါရဲ့ နှလုံးသားကတော့ လက်မခံနိုင်ဘူး။ #𝙼𝚊𝚗 #Crd

.
285
အမှတ်မရှိတာလဲ မဟုတ်ပါဘူး အရှက်မရှိတာလဲ မဟုပါဘူး သူမှသူဖြစ်နေတဲ့ နှလုံးသားကသာ သူ ရှိနေတယ်ဆိုရင်ကို.... ဒဏ်ရာတွေနဲ့ပျော်နေမိရုံပါ။ #𝙼𝚊𝚗 #Crd

.
285
ကျွန်တော်သာ မပိုင်ဆိုင်ရတာ သူက တကယ့်ကို ချစ်စရာလေး … ပြန်လှည့်ကြည့်ရအောင် မလှပေမယ့် တစိမ့်စိမ့်ငေးနေလည်း ရိုးအီမသွားမယ့် ချစ်စရာကောင်းမှုမျိုးလေ … ရိုးရှင်းပြီး ကလေးဆန်တဲ့ မျက်နှာလေးက ကျွန်တော့အတွက် ဘယ်တော့မဆို အပြစ်ကင်းနေသလိုမျိုး မျက်တောင်လေး ခပ်တာကအစ ကဗျာဆန်နေတတ်ပြီး နှုတ်ခမ်းလေး ကွေးညွှတ်ပြီး ပြုံးနေတာလေးက တကယ်ပဲ ဖြူစင်လွန်းပါတယ် တကယ်ပါ … ပြောလို့ပြောတာ မဟုတ်ဘူး ကျွန်တော်သာ မပိုင်ရတာ သူက တကယ့်ကို ချစ်စရာလေး ။ #𝙼𝚊𝚗 #Crd

.
285
ချစ်ခြင်းမေတ္တာ ဆိုတာလေ လွတ်လပ်ခြင်းပဲ ။ ဆွဲမထားချင်ဘူး နောက်ပြီး ချည်နှောင်မထားချင်ဘူး ။ ချစ်ခြင်း‌မေတ္တာတွေသာ ထပ်တူကြတဲ့အခါ ဆွဲထားစရာမလိုတဲ့ လက်လေးတစ်စုံ ချည်နှောင်စရာမလိုတဲ့ ကြိုးလေး‌တစ်ချောင်းကြောင့် ကိုယ့်စိတ်လေးနွေးနေမယ် ။ စိတ်အေးကြည်သာရှိနေမယ် ။ ဒါဟာ ချစ်ခြင်းကြောင့်ပဲ ဖြစ်လိမ့်မယ် ။ #𝙼𝚊𝚗 #Crd

.
285
တစ်စုံ တယောက် ဆိုတာ မင်းက လက်တစ်စုံတွဲပြီး ငါက တစ်ယောက်တည်း ကျန်ခဲ့ရတာမျိုးလေ အိပ်မရတာချင်း တူရင်တောင် မင်းကချော့သိပ်မယ့်သူရှိတယ်လေ #𝙼𝚊𝚗 #Crd

.
285
တစ်စုံ တယောက် ဆိုတာ မင်းက လက်တစ်စုံတွဲပြီး ငါက တစ်ယောက်တည်း ကျန်ခဲ့ရတာမျိုးလေ အိပ်မရတာချင်း တူရင်တောင် မင်းကချော့သိပ့်မယ့်သူရှိတဲ့လေ #𝙼𝚊𝚗 #Crd

.
285
အချစ်မခံရဖူးလို့ အချစ်ခံချင်တာ ကျွန်တော်မှားသလား.........? အမေ ဒီတခါထပ်ချစ်ဖြစ်ခဲ့ရင်တော့ သေချာပါတယ် ကျွန်တော့်ဘဝရဲ့နောက်ဆုံးချစ်ခြင်းပဲဖြစ်လိမ့်မယ် ချစ်ခြင်းမေတ္တာတခုရဖို့ ကျွန်တော်အရှက်သိက္ခာတွေလည်းမဲ့ခဲ့ရတယ် #𝙼𝚊𝚗 #Crd

.
285
အိမ်ပြန်ချိန်တွေကို မပိုင်တော့ပေမဲ့ လူတစ်စုရဲ့အတင်းဆွဲခေါ်လာခဲ့မူတွေကြောင့် ဂန်းလဲကိုင်ခဲ့ရသလို အလွမ်းတွေနဲ့လည်း ရင်ဆိုင်ခဲ့ရတယ် အမေ #ꪀׁׅᨰׁׅɑׁׅ֮ᨮ꫶ׁׅ֮ #crd

.
285
ငှက်တွေလည်းအော်နေပြီ နွေကလည်းပိုပြီးပူလာပြီ အစ်ကိုရေ ဟိုအစ်မလက်ထဲမှာပျော်ရွှင်ရဲ့လား။ သတိရလို့စာပို့တိုင်းအစ်ကိုကစာကိုseenပြီး Rpပြန်မလာတာကိုစောင့်ရတာရိုးနေပြီး။ အရင်အချိုးတွေပဲ မပြောင်းသေးဘူးနော် အဲ့လိုခေါင်းမာတာလေးကိုပဲဒီကမိန်းမကသိပ်ချစ်တာအစ်ကိုရဲ့။ #𝙼𝚊𝚗 #Crd

.
285
ချစ်ရဖို့အရေးကို ဝေ့လည်ကြောင်ပတ် လုပ်နေခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကို မေးခဲ့ဖူးတယ် ။ " မင်းက ချစ်သူ လိုအပ်နေတာလား ။ ချစ်သူ မလိုအပ်ပဲ တစ်ယောက်ထဲနေချင်နေတာလား" ပေါ့ ။ ဟုတ်လည်း ဟုတ်တယ် ။ သူ့စိတ်က ချစ်သူ မထားချင်တာမျိုးလည်းမဟုတ်ဘူး။ တစ်စုံတစ်ယောက်ကို ချစ်လည်းချစ်ချင်နေတယ် ။ ဒါပေမဲ့ ချစ်လိုက်ဖို့အရေးကျတော့လည်း အရမ်းကြီး ဟိုတွေး ဒီတွေးနဲ့ မချစ်မိတော့ ပြန်ဘူး ။ အဲ့လိုအနေအထားကြီးနဲ့ တစ်ယောက်ထဲ ဖြစ်နေခဲ့တာအချိန်တော်တော်ကြာနေပြီ။ ကျွန်တော်မေးတဲ့အချိန် သူက ဘာပြန်ပြောလဲဆိုတော့ .... " ငါ က မချစ်ချင်လို့လည်း မဟုတ်သလို ၊ ထပ်ချစ်ရမှာ ကြောက်လို့လည်း မဟုတ်ဘူးတဲ့ ။ ငါ့စိတ်က လူတစ်ယောက်ကို အရမ်းကြီး သံယောဇဉ်တွေဖြစ်သွားတဲ့အခါ အရမ်းတွယ်တာသွားတတ်လွန်းတာမို့ အဲ့ဒီ့တစ်စုံတစ်ယောက် မရှိပဲ မနေနိုင်တော့မှာ ..... အဲ့ဒီ့သူအပေါ်မှာပဲ အရမ်းကြီး မျှော်လင့်ချက်တွေထားပြီး ချစ်မိသွားမှာ ကြောက်လို့ပါ တဲ့ ။ ငါကချစ်မိသွားပြီး အရမ်းလိုအပ်နေတဲ့အချိန်မှာမှ ငါ့ကို ထားခဲ့ရင် ငါ့စိတ်က ရပ်တည်နိုင်မယ် မထင်လို့" တဲ့ တစ်ခါတစ်လေကျရင် တစ်ချို့တွေက မချစ်ချင်လို့ အကြောင်းပြချက်တွေ ပေးနေတာ မဖြစ်နိုင်ပါဘူး။ တစ်ယောက်ယောက်အပေါ်မှာ အရမ်းကြီး လိုအပ်သွားမှာ ကြောက်နေလို့သာ မချစ်ရဲကြတာလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ #𝙼𝚊𝚗 #Crd

.
285
လူတစ်ယောက်ကို လွမ်းနေလျက်နှင့် မဆက်သွယ်မိအောင် ကြိုးစားရတာ လွယ်တယ်လို့ ရှင်ထင်နေတာလား မလွယ်ဘူးနော်..။ တိုက်ဆိုင်မှုတွေ ရှိလာတ
လူတစ်ယောက်ကို   လွမ်းနေလျက်နှင့် မဆက်သွယ်မိအောင် ကြိုးစားရတာ လွယ်တယ်လို့ ရှင်ထင်နေတာလား မလွယ်ဘူးနော်..။ တိုက်ဆိုင်မှုတွေ ရှိလာတဲ့အခါတိုင်း ရှင့်ကိုလွမ်းနေရတယ်..။ ဒါကြောင့် ချစ်လွန်းလို့သာ မဆက်သွယ်ပဲ နေနိုင်အောင်     ကြိုးစားလိုက်တာပါ..။ #𝙼𝚊𝚗 #Crd

.
285
တစ်ဖက်သတ်အချစ်ဆိုတာ တစ်ဖက်ကလိုလိုလားလားချစ်တာတောင် တစ်ဖက်က ပြင်းပြင်းထန်ထန်ငြင်းပယ်တဲ့ ဖြစ်ရပ်လား...... ကိုယ်ဟာမင်းကို အသက်တမျှချစ်ပေမယ့် မင်းက သူ့ကိုဘဝတစ်ခုလုံးပုံပေးပြီးချစ်တော့ ကိုယ်အသက်တမျှဟာ မျက်နှာငယ်ရပြီပေါ့ အချစ်ရယ်..... မင်းတို့နှစ်ယောက်အရမ်းချစ်ကြတယ်ထင်တယ်နော် က်ိုယ်ရဲ့ ရင်ခူန်သံတွေဟာ မင်းနှလုံးသားဆီ မထိုးဖောက်ခဲ့ဘူး..........အေးပေါ့လေ တစ်ဖက်သတ်ဆိူမှတော့ တစ်ကိုယ်တော်ဘဲ ပြိုလဲရုံပေါ့ အချစ်ရေ မင်းတို့ ချစ်ခြင်း အပြစ်ကင်းပါစေ....... -အာ ရွန် တဖက်သတ်ဆိုတာ    တဖက်ကအမြဲတမ်းသတ်သတ်နေလို့   ငါတို့သေဆုံးရတာပါပဲ မလိုအပ်တဲ့    ချစ်ခြင်းမေတ္တာကိုပေးမိရင်   စိတ်တွေသေဆုံးရတယ် မလိုချင်တဲ့    ဂရုစိုက်မှုပေးရင် အတွေးတွေဟာ     သေဆုံးရတယ် မလိုအပ်တာရော   မလိုချင်တာရော ၂ ခုပေါင်းစပ်ထားတဲ့ မြတ်နိုးမှုထားလိုက်ရင်     ဘဝပါသေတယ် တကယ်တမ်းကြတော့    တဖက်သတ်ဆိုတာ    သူကသတ်တာမဟုတ်ပဲ   ငါတို့က ငါတို့ငါတို့ပြန်သတ်နေတာ       ကွ ရိုးရိုးလေးပဲတွေးကြည့်ပါ    ကွာ    မဖြစ်နိူင်တာတွေရော မဖြစ်သင့်တာရောသိနေပေမဲ့   အဲ့ဒီအရာပေါ်မှာ     မျော်လင့်ချက်ထားမိတာကိုက    ငါတို့သေဆုံးဖို့လုံလောက်တယ် #𝙼𝚊𝚗 #Crd

.
285
ဘာပဲ့ဖြစ်ဖြစ် ငါ့စိတ်ကိုငါနိုင်အောင်ထိန်းလိုက်ရတာပါပဲ့ ငါ့ကောင်ရာ သူက မလိုချင်လို့ ထားခဲ့တော့လည်း ကိုယ်က ဒီနေရာမှာ ကျန်ခဲ့ပီး သူပျော်ရွှင်ဖို့အတွက် အနှောင့်အယှက်မရှိ နေပေးရတာပါပဲ့😊 ကျွန်နော့် ချစ်ခြင်းမေတ္တာတွေက အသွားပဲ့ရှိပီး အပြန်မရှိဘူးဗျ😄 #𝙼𝚊𝚗

.
285
မလာမှန်းတော့သိပေမယ့် ထပ်စောင့်ချင်သေးတယ် သတိမရမှန်းသိပေမယ့် ထပ်လွမ်းချင်သေးတယ် မေ့နေတာမှန်းသိပေမယ့် ထပ်မျှော်နေချင်သေးတယ် အရေးမပါမှန်းသိပေမယ့် အရာလေးတော့ ရောက်ချင်သေးတယ် ဘောင်မဝင်မှန်းသိပေမယ့် ဘောင်အပြင်ကနေတော့ ငေးခွင့်ရှိသေးတယ် မဟုတ်လား ဒီလိုနဲ့ ဒီလိုနဲ့ ဒီလိုနဲ့...... ကိုယ့်ကိုကိုယ် ညာရတာ ကျွန်တော်အရမ်းပျော်ပါတယ်..... #𝙼𝚊𝚗 #Crd

.
285
ဒီလိုပါပဲ အဲ့ဒီတုန်းက ငါ့မှာမင်းမရှိလို့မဖြစ်ဘူးဆိုတဲ့စိတ်တွေကို အတိတ်မှာပဲ ထားခဲ့တာပေါ့ကွာ၊ ဆရာအကြည်တော်ပြောခဲ့ဖူးသလိုပဲ ငါ့မင်္ဂလာပွဲလည်းမလာပါနဲ့ မင်းစျာပနလည်း ငါမလာဘူး။ #𝙼𝚊𝚗 #Crd

.
285
မိန်းမ မရှားဘူးဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..... ဒီခေတ်မှာဆို မိန်းကလေးမရှားတော့ဖူးဆိုတာ ဟုတ်ကိုဟုတ်တာပါ....... ကားတစ်စီး ဖုန်းတစ်လုံးသုံးနိုင်ပီး ကြွယ်တဲ့ ယောက်ျားတစ်ယောက်အတွက် စော်တစ်ယောက်ရဖို့ မခက်ဘူးဆိုတာ ဟုတ်တယ်x') ပိုက်ဆံမရှိတဲ့အခိုက်တန့်လမ်းဘေးဆိုင်တွေမှာ မုန့်လိုက်စားပေးမယ့် မိန်းမတော့ရှားလိမ့်မယ်:') မိဘတွေနဲ့ပြဿနာတက်တိုင်းကို့ဘက်ကရပ်တည်ပီး အပြုံးမပျက် နှစ်သိမ့် ပေးမယ့် မိန်းမမျိုးတော့ရှားနေလိမ့်မယ် မွေးနေ့၊Anniversaryလိုနေ့မျိုးမှာဘာလက်ဆောင်မှ မမျှော်လင့်ဘဲ ဘေးမှာ အတူရှိရုံနဲ့ ကျေနပ်နေတတ်တဲ့မိန်းမမျိုးတော့ရှားလိမ့်မယ် ဘဝကောင်းစားချိန်မှာဘဲဖြစ်ဖြစ်နင့်ဘဝရှုံးနိမ့်နေတဲ့ အချိန်မှာဘဲ ဖြစ်ဖြစ် လက်တွဲ မဖြုတ်စတမ်း ဖေးကူပေးမယ့်မိန်းမ မျိုးတော့ရှားနေလိမ့်မယ် အမျိုးသမီး100မှာ95ယောက်လောက်ကပစ္စည်းဥစ္စာတွေကိုမက်မောပြီးတွဲတတ်တဲ့သူတွေမို့ ဘေးမှာဘယ်အရာမှမမက်မောဘဲအနစ်နာခံပြီး ဆိုးသမျှ သည်းခံပေးတတ်တဲ့ မိန်းမမျိုးတော့ရှားလိမ့်မယ် ဟုတ်တယ်ဆော်မရှားပါဖူး အဲ့လို မိန်းမ မျိုးတော့ ရှားလိမ့်မယ် တန်ဖိုးထားတတ်ပါစေ.......တချို့အရာတွေက အရမ်းတန်ဖိုးရှိတယ်ဆိုတာ ဆုံးရှုံးသွားမှ တဖြည်းဖြည်းသိလာတာမျိုးပါ... #𝙼𝚊𝚗

.
285
+959683729069 စနိုက်မရဲ့ Accလေးလင်းလိုက်ပါပီ #𝙼𝚊𝚗