cookie

We use cookies to improve your browsing experience. By clicking ÂŤAccept allÂť, you agree to the use of cookies.

avatar

Lustrum channel😵😵😵

What are you scared of?😵😵😵

Show more
The country is not specifiedThe language is not specifiedThe category is not specified
Advertising posts
278
Subscribers
No data24 hours
No data7 days
No data30 days

Data loading in progress...

Subscriber growth rate

Data loading in progress...

Show all...
sweet dreams❤️🤘

ဝင်ခဲ့ပေးကြပါညော် quiz တေွ​လည်းဆော့ပေမယ်၊စာတိုတွေလည်းရေးပေးမယ်၊anime ပုံလေးတွေတို့ ဘာတို့ပေါ့နော် ဝင်ခဲ့ပေးရင် sub. လေးတို့အကြိုက်လုပ်ပေးမယ်နော်.သီချင်းတွေလည်းတင်တယ် အစုံတင်တယ်နော် 😎 သတိ ဝင်လိုက်ထွက်လိုက်မလုပ်ရ :) <3 120ပြည့်ချင်ရယ်

Mn ပါသဲငယ်တို့ရေနိုးကြပြီလား😋🖤
Show all...
အာဇာနည်ဗိမာန်အာဇာနည်ဗိမာန် လေးချိုးကြီး [သခင်ကိုယ်တော်မှိုင်း] ဪ …… အဆောင်ဆောင် နန်းတွေ ကြငှန်းတွေနှင့်နှော၊ အခေါင်မမြန်းခင်က၊ အောင်စာတမ်း ချို့စေဘို့ အောင်ပန်းညှို့ရရှာတဲ့၊ တောင်တမန်းတို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့်၊ အောင်ဆန်းတို့ မသာမယာဟာ ၎င်းကံကြမ္မာ အလုပ်ပေထင့်၊ သောင်းမြန် မရဏာစမုတ်မှာတော့ ချုပ်သနဲ့ ယင်းအလိုတွင်၊ ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြိုဟ်ချင်။ ။ ဪ … တပည့်အရင်းတွေမို့ ကဝိမတင်းနိုင်ဘုကွဲ့၊ သတိကင်းကာ မျက်ရည်ကျကျပြီး၊ ခက်ကပြီ လက်ဆည်မရနိုင်ဘု၊ သောက ဘလောင်ဆူတော့၊ တောင်ဇမ္ဗူ ပုဂံခေတ်ဆီက၊ ယခေါင်မူ ယမန်သနစ်တွေပေါ့၊ ရန်အဖြစ်မကွဲ့ မနှေးသနော် တသောင်း ဒီဇမ္ဗူရမ်းနေကြ၊ ကျန်ရစ်တဲ့ မြေးတော် အလောင်းစည်သူရဲ့ နန်းကိုဖြင့်၊ လူကြမ်းဓမြတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ၊ ဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့၊ သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်၊ ရွှေမြန်မာဘုံမှာ အမင်းမင်း သမတတွေနဲ့၊ သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ၊ သားရင်း ရှင်တရုပ်ကယ်က၊ ရှင်ဘုရင်လုပ်မယ်လို့ အကျယ်ဇယားတွင်ဖြင့်၊ ဒဝယ်သားတွေ ဗိုလ်ဝင်ခံလို့မို့၊ ဟိုအရင်ယမန် နန်းတော်စီးစဉ်က၊ အပျက်ကြီးပျက်ကာ အသက်ခန္ဓာတွေဆုံးပုံနဲ့၊ တထုံးနောက်တနဲမှာတော့၊ မင်းရဲရန္တမိတ်ခမြာမှာ ညီသနင်းပေပေါ့၊ ပြည်မင်း ဂုဏ်ခံလို့၊ မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့ အတိုင်းရဲ့ပြင်၊ တလိုင်းနယ် ရွှေပြည်တခွင်မတော့၊ ဓမ္မစေတီဘုရင် လက်ထက်တုန်းဆီက၊ လက်ရုံးရည် တသိန်လျှမ်းပေတဲ့၊ သမိန်ဘရမ်းဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်၊ မဟုတ်တရုတ်အကောင် တေလေတစ္ဆေကိုက်တာနဲ့၊ ဪ … ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော၊ မရေမရာ သေရွာဆိုက်သလိုပါ့၊ အခိုက်အခါ တူလို့မို့၊ ဆရာတမူ မကြာမကြာလွမ်းရပါတဲ့၊ ဘမရာအဆူဆူ ကြာ ကြငှန်းတွေနှင့်၊ မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့်၊ ငါတလူ ငါသရမ်းရော့မဟဲ့ လို့၊ သာခန်း ပလ္လင်ညွှန်းပြီး၊ မြင်ကွန်းပိုင် သူပုန်ထစဉ်က၊ ကြုံရသူ မသာတော်နှင့်၊ ပမာသော် တူတယ်လို့ နှိင်းမိတယ်၊ ရိုင်းသနဲ့ အတိတ်ယခင်လိုနော်ကွယ်၊ စကိုင်းတပဲ့ ဂိုဏ်းအဖွဲ့တွေနဲ့၊ မှိုင်းရဲ့ စိတ်ထင်။ ။ မင်းစိတ်မင်းမာန် အကြံအဖန်တင်းလိုက်ပုံက၊ အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့၊ ရန်ခပင်းကိုတဲ့ မောင်းကာနှင်၊ ဒေါင်းမြန်မာတခွင်မှာဖြင့် ယခင်သဘော၊ တကောင်းရာဇဝင်ကိုတဲ့ ဆက်ချင်သကော။ ။ နန်းမြို့တည်ရန်၊ မှန်းလို့ရည်ကာသန်တဲ့၊ ညီလာခံ ဗိုလ်ရှုပွဲတွင်မှ၊ ထိုထို လူခပဲကို မကြည်ညိုတဲ့၊ ဝသီအလို တဖြေးဖြေးရူးမဟဲ့လို့၊ တနွေးနွေး မူးမူးပြီး ခွေးဘီလူးလို အကောင်မိုက်တွေက၊ ဪ ……… အမှောင်စရိုက်ကယ်နှင့်၊ ပြောင်ပြောင်ဘဲ မိုက်မပေါ့လို့၊ ပြောင်ကိုက်သဟာမှာ ယာယီယတြာအချိန်နဲ့ ဇာတာမှိန်လို့မို့၊ ဂဏှာမငြိမ် တာဝတိန်ယွန်းကြပေါ့၊ ဖြေမကြည် နေရီတော့ လွမ်းစေဘို့၊ မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့၊ အစွမ်းကုန် သည်တခါဖြင့်၊ ပြည်ရွာ ညီညာဘို့ အလုပ်ပေပါ့၊ သုဿန်တံခွန်စောင်းရရှာတဲ့၊ ရုပ်အကျန် ခုနစ်လောင်းရယ်နှင့်၊ အလွန်ကောင်းစွာ ကမ္ဘာတည်မည့်၊ အာဇာနည် ဗိမာန်ပုထိုးကိုဖြင့်၊ ပါရမီ အဓိဋ္ဌာန်တမျိုးရယ်နှင့်၊ ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့၊ မြန်မာမတော့ ပူစရာဘို့၊ တဗျူဟာ အောင်ခမန်းတွင်မှ၊ လူမသမာ အမှောင်သန်းချိန်မို့၊ သောင်ကမ်းမို့မို့ ဆီက၊ ဖေါင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့၊ ဪ ……… တောင်နန်း မြောက်နန်း အဆောင်ဆောင် ကြငှန်းနဲ့၊ အခေါင်မမြန်းရခင်က အောင်ပန်း ညို့ရရှာတဲ့၊ အောင်ဆန်းတို့ သေပုံနှမြော။ ။ [သခင်ကိုယ်တော်မှိုင်း]
Show all...
03:50
Video unavailableShow in Telegram
၇၅ နှစ်မြောက်အာဇာနည်နေ့ ၁၉* ၇* ၂၀၂၂ အင်္ဂါနေ့ ၁၉ ဇူလှိုင် မမေ့နိုင် အာဇာနည်နေ့ တို့မမေ့ 🟪⚜️ #ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးရဲ့ #အထွဋ်အထိပ်သမိုင်းမော်ကွန်း၀င်အာဇာနည်ကိုး ဦး . . . . . . . . ❤ 1. #ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) ကျည် ( 13 ) ချက် အသက်(၃၂)နှစ်နဲ့ ကျဆုံးသည် 2. #ဒီးဒုတ်ဦးဘချို (၁၈၉၃-၁၉၄၇) ကျည် (5) ချက် အသက် (၅၄)နှစ် နဲ့ ကျဆုံးသည် 3.#သခင်မြ (၁၈၉၇-၁၉၄၇) ကျည် (2) ချက် အသက် (၅၀)နှစ် နဲ့ ကျဆုံးသည် 4. #မန်းဘခိုင် (၁၉၀၃-၁၉၄၇) ကျည် ( 15 ) ချက် အသက် (၄၄)နှစ် နဲ့ ကျဆုံးသည် 5. #ဦးဘဝင်း (၁၉၀၁-၁၉၄၇) ( ဗိုလ်ချုပ်အောင်ဆန်း၏ အစ်ကိုအကြီးဆုံး) ကျည် (8) ထိမှန်ဒဏ်ရာ အသက် (၄၆)နှစ် နဲ့ ကျဆုံးသည် 6. #ဦးရာဇတ် (၁၈၉၈-၁၉၄၇) ကျည် (6) ချက် အသက် (၄၉)နှစ် နဲ့ ကျဆုံးသည် 7.#မိုင်းပွန်စော်ဘွားကြီး_စဝ်စံထွန်း (၁၉၀၇-၁၉၄၇) ကျည် (2) ချက် သက်တော် (၄၀) နှစ်နဲ့ နတ်ရွာစံသည် 8.#အတွင်းဝန်_ဦးအုံးမောင် (၁၉၁၃-၁၉၄၇) ကျည် (5) ချက် အသက်(၃၄)နှစ် နဲ့ ကျဆုံးသည် 9. #သက်တော်စောင့်_ရဲဘော်ကိုထွေး (၁၉၂၉-၁၉၄၇) ကျည် (4) ချက် အသက်(၁၈) နှစ် နဲ့ ကျဆုံးသည် 🍂
Show all...
55.81 MB
Show all...
အာရှသူရဲကောင်း_ဗိုလ်ချုပ်အောင်ဆန်း_သီချင်း.mp35.24 MB
အလေးပြုပါသည်ဒေါ်မေလှမြိုင်.mp34.80 MB
00:13
Video unavailableShow in Telegram
(July19)ငါတို့မမေ့တဲ့ ဒီနေ့စွဲလေး
Show all...
4.58 MB
Repost from N/a
Photo unavailableShow in Telegram
\ အောင်ဆန်းဇာနည် ဖေဖော်ဝါရီ ဆယ့်သုံး မှာ ဗိုလ်ချုပ်မွေးနေ့ပါ၊ တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး ရှေ့နေ ဦးဖာသား၊ ဇာတိ နတ်မောက် မကွေးခရိုင် သိကြများ ခုတိုင်၊ ကြံ့ကြံ့ခိုင်လို ဇာနည်ဘွား မိခင်ဒေါ်စုသား၊ တစ်ထောင့်ကိုးရာလေးဆယ့်ခွန် ပြောင်းကြွ တမလွန်၊ မျက်ရည်သွန်လို ဘဝင်ညှိး ဇူလိုင် တစ်ဆယ့်ကိုး။ ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် တိုဖခင်၊ ကောင်းစေချင်တဲ့ မှာစကား ငါတို မမေ့အား။ #Bora
Show all...
အာဇာနည်မျိုး သေရိုးမရှိ 🟥 ပြည်သူလူထုကြီး ခင်ဗျာ.... ဇူလိုင်လ (၁၉)ရက်မှာဆိုရင် (၇၅)နှစ်မြောက် အာဇာနည်နေ့ကို ပြန်လည် ကျရောက်တော့မှာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၇၅)နှစ်ဆီကို ပြန်ကြည့်မယ်ဆိုရင် အာဇာနည်ခေါင်းဆောင်ကြီးများဟာ လွတ်လပ်ရေးရဲ့ အခြေခံအုတ်မြစ် ဖြစ်သလို အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဒီမိုကရေစီကျင့်သုံးနိုင်ရေးတို့ကို ပေါင်းစည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်ဖြစ်ပေါ်လာရေးကို ဦးတည်တဲ့ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြပြီး အကောင်အထည် ဖော်နိုင်ရေးအတွက် ကြိုးပမ်းနေကြရင်း ခရီးမတ်တပ် လမ်းခုလတ်မှာ ကျဆုံးခဲ့ကြရတာပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဝမ်းနည်းထိခိုက်ဖွယ်ကောင်းလှတဲ့ အကျိုးဆက်ကြီးတစ်ရပ် အဖြစ် အာဇာနည် ခေါင်းဆောင်ကြီးများ အပါအဝင် ခေါင်းဆောင်ကြီးများဟာ နိုင်ငံတော်ကို လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ရပ်အဖြစ် စွမ်းဆောင်နိုင်ခဲ့သော်ငြားလည်း အာဇာနည် ခေါင်းဆောင်ကြီးများ ပိုင်းဖြတ် မျှော်ရည်ခဲ့တဲ့ ပင်လုံစာချုပ်နဲ့ ပင်လုံကတိကဝတ်များကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းခဲ့တဲ့ အစိုးရ အစဉ်အဆက်ဟာ လိုက်နာ အကောင်အထည်ဖော်ခဲ့ခြင်း မရှိခဲ့ရုံမျှမက စစ်အာဏာသိမ်းမှု အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ပေါင်း (၇၀)ကျော်ကြာတဲ့အထိ ပြည်ထောင်စုနိုင်ငံအဖြစ် မရောက်ရှိခဲ့ပါဘူး။ ဒါကြောင့်လည်း ကျနော်တို့ နိုင်ငံရဲ့ ခေတ်သမိုင်းတစ်လျှောက်မှာ လူမျိုးအလိုက်၊ ဒေသအလိုက်၊ သမိုင်းအလိုက်၊ ကဏ္ဍနယ်ပယ်အလိုက် ပြည်သူ့ရင်ထဲမှာ မှတ်တမ်းတင် မော်ကွန်းထိုးထားကြတဲ့ စစ်အာဏာရှင်စနစ်ကို အံတုပြီး ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် "စွန့်" သွားကြတဲ့ "အာဇာနည်ပုဂ္ဂိုလ်ကြီး" တွေ များစွာ ရှိခဲ့ပါတယ်။ ယခု နွေဦးတော်လှန်ရေးမှာဆိုရင်လည်း တိုင်းပြည်နှင့် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးအတွက် မျှော်လင့်ချက် ဖြစ်သလို အမျိုးသားအာဇာနည် ခေါင်းဆောင်အပေါင်းတို့ရဲ့ တော်လှန်ရေး ကတိကဝတ်နှင့် ဖက်ဒရယ် ဒီမိုကရေစီတော်လှန်ရေး ရည်မှန်းချက်အတွက် တိုက်ပွဲဝင် တော်လှန်ရင်း ကျဆုံးခဲ့ကြတဲ့ အာဇာနည်များ မြောက်မြားစွာ ရှိနေပြီဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံးအနေနဲ့ကလည်း ကျနော်တို့ရဲ့ အာဇာနည်နေ့ ကြွေးကြော်သံဖြစ်တဲ့ “အာဇာနည်မျိုး သေရိုးမရှိ”ဆိုတဲ့အတိုင်း အာဇာနည်စိတ်ဓါတ်ကို လက်ဆင့်ကမ်း သယ်ဆောင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဆက်လက်ပြီး စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့လိုပါတယ်။ ဒါကြောင့် အာဇာနည်နေ့ နှစ်ပတ်လည်နေ့မှာ ကျနော်တို့ပြည်သူအပေါင်းက မြန်မာ့သမိုင်းတစ်လျှောက် အာဇာနည် ပုဂ္ဂိုလ်ကြီးများကို လေးစားဂုဏ်ပြုသော လှုပ်ရှားမှုတွေ ဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ အာဇာနည်နေ့ (၁၉ ရက် ဇူလိုင်) မှာ- (၁) ဗိုလ်ချုပ်တို့ လုပ်ကြံခံရချိန် နံနက် (၁၀:၃၇) နာရီမှာ မိမိတို့ရောက်ရာနေရာကနေ လမ်းမပေါ်ထွက်ကာ မတ်တပ်ရပ်အလေးပြုခြင်း (၂) (အဲ့ဒီအချိန်မှာ ကား၊ ဆိုင်ကယ်ပေါ် ရောက်နေပါက) ဟွန်းတီးဂုဏ်ပြုခြင်း၊ ဖုန်းသို့ အခြား အသံထွက်နိုင်သော ကိရိယာများမှတဆင့် ဥဩသံများ ဖွင့်၍ ဂါရဝပြုခြင်း အာဇာနည်ခေါင်းဆောင်အပေါင်းတို့ရဲ့ တော်လှန်ရေးကတိကဝတ်နှင့် ဖယ်ဒရယ်ဒီမိုကရေစီတော်လှန်ရေး ရည်မှန်းချက်အတွက် ကျွန်ုပ်တို့ရဲ့ တိုက်ပွဲဝင်အလံတော်အား အမြင့်မားဆုံး လွှင့်ထူကြ။တိုက်ပွဲဝင်ကြ။ #အာဇာနည်တို့အရိုးဖြင့်_ဖက်ဒရယ်အလံတော်ကို_လွှင့်ထူကြ #GSCB #OCTOPUS #ရေဘဝဲ
Show all...
Choose a Different Plan

Your current plan allows analytics for only 5 channels. To get more, please choose a different plan.