en
Feedback
တောင်ပေါ်သား ရှမ်းကိုးမီး

တောင်ပေါ်သား ရှမ်းကိုးမီး

Open in Telegram

တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia

Show more

📈 Analytical overview of Telegram channel တောင်ပေါ်သား ရှမ်းကိုးမီး

Channel တောင်ပေါ်သား ရှမ်းကိုးမီး (@skm_code4) in the Burmese language segment is an active participant. Currently, the community unites 25 227 subscribers, ranking 12 759 in the Movies category and 5 743 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 25 227 subscribers.

According to the latest data from 01 March, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -1 144 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 0%. Within the first 24 hours after publication, content typically collects N/A% reactions from the total number of subscribers.
  • Post reach: On average, each post receives 0 views. Within the first day, a publication typically gains 0 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 0.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia”

Thanks to the high frequency of updates (latest data received on 02 March, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Movies category.

25 227
Subscribers
No data24 hours
-3887 days
-1 14430 days
Posts Archive
ဂျူလိုင် ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြီး ၄ ခု လန်ဒန်မြို့လယ်ကောင်ရှိ အထင်ကရနေရာများနှင့် လူထူထပ်သည့် မြေအောက်ရထားလိုင်းများတွင် ပေါက်ကွဲခဲ့သော ဖြစ်ရပ်များကြောင့် ပြည်သူပြည်သားများ အထိတ်တလန့်ဖြစ်ကြရသလို လူအသေအပျောက်များလည်း တဟုန်ထိုး မြင့်တက်ခဲ့သည့်အချိန်... ထိုအချိန်တွင် ရဲများဘက်မှ ယခု ပေါက်ကွဲမှုများဟာ မူစလင် စစ်သွေးကြွများ၏ လုပ်ရပ်ဖြစ်ကြောင်းကြေညာလိုက်ချိန်မှာတော့ လန်ဒန်ပြည်သူပြည်သားများကြားတွင် စစ်ပွဲတစ်ရပ် စတင်လာခဲ့ပါတော့တယ် ကြောက်လန့်နေကြသည့် ပြည်သူများဟာ မူစလင် လူမျိုးတွေကို စတင် ခွဲခြားလာကြသလို ခံရသူ မူစလင်များဟာလည်း စတင် ဒေါသထွက်လာကြပါတော့တယ် ထိုအချိန်ကို အခွင့်ကောင်းယူပြီး ပေါက်ကွဲမှုတွေ လုပ်ဆောင်နေတဲ့ စစ်သွေးကြွတွေဟာလည်း ထပ်မံ ဖောက်ခွဲရန် ပြင်ဆင်နေပါတော့တယ် ဘာသာရေးကို အကြောင်းပြပြီး အကြမ်းဖက်မှုတွေ လုပ်နေသည့် စစ်သွေးကြွတွေနှင့် ပြည်သူတွေကြားသွေးကွဲနေမှုများကို ထိန်းသိမ်းရင်း ရဲဌာနနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းကာပေါက်ကွဲမှုတွေကို မည်သို့ တားဆီးသွားမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမည့် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းရေးသားသူကတော့ Lazy Me ဖြစ်ပြီး ဘာသာပြန်သူများကတော့ Lazy Me, Floria ZPS, Rain, Ash ဖြစ်ပါတယ်။

Suspect: The Shooting of Jean Charles de Menezes (2025) Web-dl 1080p Complete Ep 1 to 4 ရပါပီ
Suspect: The Shooting of Jean Charles de Menezes (2025) Web-dl 1080p Complete Ep 1 to 4 ရပါပီ

ဒီတစ်ခေါက်မှာလည်း နာမည်ကြီးလူကြိုက်များတဲ့ 911 စီးရီးပဲဖြစ်ပါတယ် ဟောင်းနေပေမယ့်လည်း ကြည့်ပြီးရင်းကြည့်ချင်စိတ်ပေါက်လောက် ကောင်းပါတယ် ဇာတ်လမ်းဇာတ်အိမ်ကလည်း မိုက်ပြီး တစ်ပိုင်းချင်းစီမှာလည်း ခေါင်းစဥ်လေးတွေနဲ့ တစ်ပိုင်းပြီးကြည့်ချင်လောက်အောင် ဆွဲဆောင်မှုပေးနိုင်ပါတယ် ညွှန်းစရာမလိုလောက်အောင်ကိုကောင်းတဲ့အတွက် ကိုယ်တိုင်ပဲ ကြည့်လိုက်ကြဖို တိုက်တွန်းလိုက်ပါတယ် ဇာတ်လမ်းအညွှန်းရေးသားသူကတော့ Teddy ဖြစ်ပြီး ဘာသာပြန်သူများကတော့ Teddy, Aung Myat Tun, Ash, Eddie, Floria ZPS, Lazy Me, Thae Su Aung ဖြစ်ပါတယ်။

9-1-1 (2018) Web-dl 1080p Season 5 Complete Ep 1 to 18 ရပါပီ
9-1-1 (2018) Web-dl 1080p Season 5 Complete Ep 1 to 18 ရပါပီ

ကြောက်တတ်တဲ့ကျောင်းသူလေး ယုံးအွန်း ဟာ ကျောင်းဂီတခန်းထဲမှာ သီချင်းဆိုနေရင်း ပဟေဠိဆန်ဆန် သေဆုံးသွားတယ်။ သေဆုံးသွားပေမယ့်လည်း ယုံးအွန်းရဲ့အသံကို သူ့အချစ်ဆုံးသူငယ်ချင်း ဆွန်းမင်း က ကြားနေရတယ်။ သဘာဝလွန်ဖြစ်ရပ်ကြောင့်လန့်သွားပေမယ့် ဆွန်းမင်းဟာ အခြေအနေနဲ့အသားကျအောင်လုပ်ပြီး သူငယ်ချင်းဖြစ်သူ ရုတ်တရက်သေဆုံးရတဲ့ အကြောင်းရင်းကို ရှာခဲ့ပါတယ်။ ကျောင်းဝင်းထဲမှာ သေဆုံးမှုတွေဆက်တိုက်ဖြစ်လာတဲ့အခါမှာတော့ ဆွန်းမင်းရဲ့သူငယ်ချင်းအပေါ်ယုံကြည်မှုဟာ တုန်လှုပ်သွားပါတယ်။ ယုံးအွန်းကပဲ လူသတ်မှုကိုကျူးလွန်တာလား။ တရားခံဟာ ရက်စက်တဲ့တခြားတစ်ယောက်ဖြစ်နေမလားဆိုတာ ရှုစားလိုက်ကြပါစို့။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ May Zaw ဖြစ်ပါတယ်

Ariella Barash နဲ့အတူ သူမရဲ့ ဓားပြအုပ်စုတွေက အစီအစဉ်တကျနဲ့ဘဏ်ကိုဖောက်ထွင်းဖို့ကြံစည်ထားခဲ့ကြပါတယ် သူတို့အဖွဲ့ဟာ ခရီးသွားတွေကိုဓါးစာခံတွေအဖြစ် ဖမ်းဆီးထားကြတဲ့အချိန်မှာတော့ NYPD နဲ့ FBI တပ်ဖွဲ့ဝင်တွေဟာ အပြစ်မဲ့ပြည်သူတွေကိုကယ်ဆယ်ဖို့အချိန်နဲ့အညီလုံးပမ်းနေကြရပါတယ် မင်းသား Aml Ameen ကစုံထောက်အနေနဲ့ပါဝင်ထားတာမို့ အက်ရှင်ဇာတ်ကားကြိုက်သူတွေသိတဲ့အတိုင်း မင်းသားရဲ့ဇာတ်ကားတွေက အက်ရှင်ဇာတ်ကွက်များစွာနဲ့ခပ်မိုက်မိုက်ချည်းပဲမို့ လက်မလွတ်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Yuri ဖြစ်ပါတယ်

လူဆိုးအယောက်တစ်ရာနဲ့ချလည်း မင်းသားပဲနိုင်စေချင်တဲ့လူတွေအတွက် Action Drama အသစ်နဲ့ မိတ်ဆက်ပေးမယ် ဇာတ်လမ်းနာမည်က "Vaamana 2025" ဂူနာက မာဖီယားဂိုဏ်းချုပ်ရဲ့ လက်ရုံးတစ်ယောက် လူသူသိပ်မသိပေမဲ့ ပြိုင်ဘက်ဂိုဏ်းရဲ့တပည့်တွေကို တဖြည်းဖြည်းရှင်းပစ်နိုင်လို့ ပြိုင်ဘက်ခေါင်းဆောင်က သတိထားမိလာတယ် ဂူနာက လူဆိုးဆိုပေမဲ့ မကောင်းတဲ့လူတွေကိုရှင်းပစ်ပြီး ကောင်းတဲ့အလုပ်လုပ်တယ် မှန်ကန်တယ် တရားမျှတတယ် ဒီလိုနဲ့ ပြိုင်ဘက်ဂိုဏ်းချုပ်ကို ရှင်းပစ်နိုင်သည်အထိ ဖြစ်လာတဲ့အခါ သာမာန်လူဆိုးတစ်ယောက်မဟုတ်ဘဲ ဂူနာ့ရဲ့နောက်ကြောင်းတွေပေါ်လာခဲ့တယ် သူကတကယ်တမ်းဘယ်သူလဲ? ဘယ်အကြောင်းတွေက ဒီလောကထဲကိုရောက်လာစေတာလဲ? Plot တွေအရမ်းဆန်းသစ်နေတာမျိုးမဟုတ်ပေမဲ့ တဖြည်းဖြည်း ဇာတ်ရှိန်တက်ပြီး ကြည့်ကောင်းတာတာမို့ အပန်းပြေ Movie time အတွက်တော့ Recommend ပေးပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ki Ki Chit Su ဖြစ်ပါတယ်

တစ်​နေ့ မိုက်ကယ်နဲ့ သမီးဖြစ်သူ ကယ်ရန်တို့က အားလပ်ရက်ခရီးအ​နေနဲ့ အ​ဝေးကို ထွက်လာကြပါတယ်။ ဒါပေမဲ့ စီစဥ်ထားသလို ဖြစ်မလာဘဲ လမ်းမှာ ကားကလည်း ပျက်သွားပါတယ်။ အဲဒီအချိန် အနီးတစ်ဝိုက်မှာ ​ပျော်ဖို့ကောင်းမယ့် အရာတစ်ခု ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ​ကြော်ငြာထဲ​ တွေ့မိတဲ့ ကစားနည်း တစ်မျိုးကို သူများ ညွှန်းလို့ ပါဝင်ကစားဖြစ်သွားပါတယ်။ အဲဒီကစားနည်း ပုံစံက​တော့ လူတစ်အုပ်စုကို အခန်းတစ်ခန်းထဲ ပိတ်ထားပြီး လွတ်​မြောက်ဖို့အတွက် ဝှက်ထားတဲ့ သဲလွန်စ​တွေကို ရှာ​ဖွေကာ ရုန်းထွက်ရမှာပါ။ မိုက်ကယ်နဲ့ ကယ်ရန်တို့ အဲဒီအိမ်ထဲ ​ရောက်သွား​တဲ့အခါ တခြားလူ​တွေနဲ့ ​ရောပြီး သဲလွန်စ လိုက်ရှာကြ​ပေမဲ့ တဖြည်းဖြည်းနဲ့ လူအ​သေအ​ပျောက် ရှိလာပါတယ်။ လွတ်လမ်းရှာ​​ပေမဲ့ မ​တွေ့​တော့တဲ့အခါ ဘယ်လိုလွတ်​မြောက်​အောင် လုပ်မလဲ။ အ​သက်ရှင်လျက် လွတ်လာနိုင်ပါ့မလားဆိုတာ စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုက်ကြပါဦး။ ဒီဇာတ်ကားအတွက် အညွှန်း​ရေးသားသူနဲ့ ဘာသာပြန်မှာ Poe Yin Thar ဖြစ်ပါတယ်

Jang Ok Jung (2013) ဒီကားလေးကတော့ ဂျိုဆွန်းခေတ်မှာ နာမည်အကြီးဆုံး တော်ဝင်ကိုယ်လုပ်တော် ဂျန်ဟီးဘင်အကြောင်းကို ရိုက်ကူးထားပါတယ် မင်းသား Yoo Ah In က ဘုရင်ဆော့ဂျုံ(လီဆွန်း) မင်းသမီး Kim Tae Hee က ဂျန်အို့ဂျောင်အဖြစ် အဓိကပါဝင်ထားပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ဂျိုဆွန်းခေတ်က ဘုရင်ဆော့ဂျုံရဲ့ တော်ဝင်ကိုယ်လုပ်တော် ဂျန်ဟီးဘင်က ငယ်စဥ်တုန်းက အမေက ကျွန် အဖေက မျိုးရိုးမြင့်ပေမယ့် သွေးတစ်ဝက်က ကျွန်ဖြစ်တာမို့ အနှိမ်ခံရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ပြီး ဖြတ်သန်းခဲ့ရပါတယ် ဂျန်အို့ဂျောင်က သူများနဲ့မတူဘဲ အင်္ကျီချုပ်တဲ့နေရာမှာလည်း ထူးချွန်တဲ့သူပါ ဘုရင်ဆော့ဂျုံ(လီဆွန်း)နဲ့ ကလေးဘဝကတည်းက တွေ့ဖူးကြပြီး အချင်းချင်း သဘောကျနေကြပါတယ် ဒါပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ ဂျန်အို့ဂျောင်က နန်းတွင်းသူအဖြစ် လီဆွန်းက ဘုရင်အဖြစ် ပြန်တွေ့ကြတဲ့အချိန်မှာတော့ အဆင့်အတန်းကွာခြားတဲ့ သူတို့ချစ်သူနှစ်ဦးကြားမှာ ဘယ်လိုအတားအဆီးတွေနဲ့ ရင်ဆိုင်ရမလဲကို စိတ်ဝင်တစားကြည့်ရှုရမယ့် နန်းတွင်းကားတစ်ကားဖြစ်ပြီး ၂၄ပိုင်းပါရှိသွားမှာပါ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Myint Thuzar Lin ဖြစ်ပါတယ်။

Rurouni Kenshin (1996) Web-dl 1080p Season 12 Ep 19 ရပါပီ
Rurouni Kenshin (1996) Web-dl 1080p Season 12 Ep 19 ရပါပီ

ဒီကားလေးက Marchလကမှထွက်ထားပြီး IMDb 6.9ရထားတဲ့ ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဇာတ်ကားလေးပါ။ ကိုရီးယားဘာဒု(ကျားကွက်)အားကစားရဲ့ ချန်ပီယံဖြစ်တဲ့ ဂျိုဟွန်းဟျွန်းဟာ တရုတ်ကိုပါအနိုင်ရပြီး ဘာဒုရဲ့ဘုရင်ကြီးအဖြစ် သမုတ်ခံခဲ့ရပါတယ်။ တစ်ရက်ကျ ဂျိုဟွန်းဟျွန်းတစ်ယောက် နယ်ဘက်က ဘာဒုပွဲတွေလိုက်ကြည့်ရင်း အီချန်းဟိုဆိုတဲ့ ကလေးတစ်ယောက်က တအားတော်တာမလို့ ဂျိုဟွန်းဟျွန်းနဲ့ပြိုင်တဲ့အချိန်မှာ ကလေးက ရှုံးသွားပြီး နောက်တစ်လှည့်ပြိုင်တဲ့အချိန် သူနိုင်ရင် တပည့်အဖြစ်လက်ခံရမယ်ဆိုပြီး လောင်းခဲ့ကြပါတယ်။ ပထမဆုံးတော့ အနိုင်အရှုံး သရေကျနေခဲ့ပေမဲ့ ဂျိုဟွန်းဟျွန်းကလည်း ကလေးကို သဘောကျတာမလို့ ကလေးပြောသလို တပည့်အဖြစ်လက်ခံလိုက်ပါတော့တယ်။ နဂိုကတည်းက ပါရမီပါတဲ့ အီချန်းဟိုကို သင်ပေးရင်း ကလေးရဲ့အောင်မြင်မှုက ချန်ပီယံဆိုတဲ့ဆရာ့ရဲ့ဂုဏ်ပုဒ်ကို ခြိမ်းခြောက်သလိုဖြစ်ပြီး ဘယ်လိုစိတ်ဝမ်းကွဲတာတွေ ကြုံတွေ့လာရမလဲဆိုတာ... ဒီကားလေးမှာတော့ ဆရာ ဂျိုဟွန်းဟျွန်းအဖြစ် Lee Byung Hunနဲ့ တပည့်ဖြစ်သူ အီချန်းဟိုအဖြစ် Yoo Ah Inတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

တောင်ပေါ်သား ရှမ်းကိုးမီး - Statistics & analytics of Telegram channel @skm_code4