တောင်ပေါ်သား ရှမ်းကိုးမီး
前往频道在 Telegram
📈 Telegram 频道 တောင်ပေါ်သား ရှမ်းကိုးမီး 的分析概览
频道 တောင်ပေါ်သား ရှမ်းကိုးမီး (@skm_code4) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 25 227 名订阅者,在 电影 类别中位列第 12 759,并在 缅甸 地区排名第 5 743 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 25 227 名订阅者。
根据 01 三月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -1 144,过去 24 小时变化为 0,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 0%。内容发布后 24 小时内通常能获得 N/A% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 0 次浏览,首日通常累积 0 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 0。
📝 描述与内容策略
作者将该频道定位为表达主观观点的平台:
“တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia”
凭借高频更新(最新数据采集于 02 三月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 电影 类别中的关键影响点。
25 227
订阅者
无数据24 小时
-3887 天
-1 14430 天
帖子存档
ဂျူလိုင် ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြီး ၄ ခု
လန်ဒန်မြို့လယ်ကောင်ရှိ အထင်ကရနေရာများနှင့် လူထူထပ်သည့် မြေအောက်ရထားလိုင်းများတွင် ပေါက်ကွဲခဲ့သော ဖြစ်ရပ်များကြောင့် ပြည်သူပြည်သားများ အထိတ်တလန့်ဖြစ်ကြရသလို လူအသေအပျောက်များလည်း တဟုန်ထိုး မြင့်တက်ခဲ့သည့်အချိန်...
ထိုအချိန်တွင် ရဲများဘက်မှ ယခု ပေါက်ကွဲမှုများဟာ မူစလင် စစ်သွေးကြွများ၏ လုပ်ရပ်ဖြစ်ကြောင်းကြေညာလိုက်ချိန်မှာတော့ လန်ဒန်ပြည်သူပြည်သားများကြားတွင် စစ်ပွဲတစ်ရပ် စတင်လာခဲ့ပါတော့တယ်
ကြောက်လန့်နေကြသည့် ပြည်သူများဟာ မူစလင် လူမျိုးတွေကို စတင် ခွဲခြားလာကြသလို ခံရသူ မူစလင်များဟာလည်း စတင် ဒေါသထွက်လာကြပါတော့တယ်
ထိုအချိန်ကို အခွင့်ကောင်းယူပြီး ပေါက်ကွဲမှုတွေ လုပ်ဆောင်နေတဲ့ စစ်သွေးကြွတွေဟာလည်း ထပ်မံ ဖောက်ခွဲရန် ပြင်ဆင်နေပါတော့တယ်
ဘာသာရေးကို အကြောင်းပြပြီး အကြမ်းဖက်မှုတွေ လုပ်နေသည့် စစ်သွေးကြွတွေနှင့် ပြည်သူတွေကြားသွေးကွဲနေမှုများကို ထိန်းသိမ်းရင်း ရဲဌာနနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းကာပေါက်ကွဲမှုတွေကို မည်သို့ တားဆီးသွားမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမည့် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်
ဇာတ်လမ်းအညွှန်းရေးသားသူကတော့ Lazy Me ဖြစ်ပြီး ဘာသာပြန်သူများကတော့ Lazy Me, Floria ZPS, Rain, Ash ဖြစ်ပါတယ်။
Suspect: The Shooting of Jean Charles de Menezes (2025) Web-dl 1080p Complete Ep 1 to 4 ရပါပီ
ဒီတစ်ခေါက်မှာလည်း နာမည်ကြီးလူကြိုက်များတဲ့ 911 စီးရီးပဲဖြစ်ပါတယ်
ဟောင်းနေပေမယ့်လည်း ကြည့်ပြီးရင်းကြည့်ချင်စိတ်ပေါက်လောက် ကောင်းပါတယ်
ဇာတ်လမ်းဇာတ်အိမ်ကလည်း မိုက်ပြီး တစ်ပိုင်းချင်းစီမှာလည်း ခေါင်းစဥ်လေးတွေနဲ့ တစ်ပိုင်းပြီးကြည့်ချင်လောက်အောင် ဆွဲဆောင်မှုပေးနိုင်ပါတယ်
ညွှန်းစရာမလိုလောက်အောင်ကိုကောင်းတဲ့အတွက် ကိုယ်တိုင်ပဲ ကြည့်လိုက်ကြဖို တိုက်တွန်းလိုက်ပါတယ်
ဇာတ်လမ်းအညွှန်းရေးသားသူကတော့ Teddy ဖြစ်ပြီး ဘာသာပြန်သူများကတော့ Teddy, Aung Myat Tun, Ash, Eddie, Floria ZPS, Lazy Me, Thae Su Aung ဖြစ်ပါတယ်။
ကြောက်တတ်တဲ့ကျောင်းသူလေး ယုံးအွန်း ဟာ ကျောင်းဂီတခန်းထဲမှာ သီချင်းဆိုနေရင်း ပဟေဠိဆန်ဆန် သေဆုံးသွားတယ်။ သေဆုံးသွားပေမယ့်လည်း ယုံးအွန်းရဲ့အသံကို သူ့အချစ်ဆုံးသူငယ်ချင်း ဆွန်းမင်း က ကြားနေရတယ်။
သဘာဝလွန်ဖြစ်ရပ်ကြောင့်လန့်သွားပေမယ့် ဆွန်းမင်းဟာ အခြေအနေနဲ့အသားကျအောင်လုပ်ပြီး သူငယ်ချင်းဖြစ်သူ ရုတ်တရက်သေဆုံးရတဲ့ အကြောင်းရင်းကို ရှာခဲ့ပါတယ်။
ကျောင်းဝင်းထဲမှာ သေဆုံးမှုတွေဆက်တိုက်ဖြစ်လာတဲ့အခါမှာတော့ ဆွန်းမင်းရဲ့သူငယ်ချင်းအပေါ်ယုံကြည်မှုဟာ တုန်လှုပ်သွားပါတယ်။
ယုံးအွန်းကပဲ လူသတ်မှုကိုကျူးလွန်တာလား။
တရားခံဟာ ရက်စက်တဲ့တခြားတစ်ယောက်ဖြစ်နေမလားဆိုတာ ရှုစားလိုက်ကြပါစို့။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ May Zaw ဖြစ်ပါတယ်
Ariella Barash နဲ့အတူ သူမရဲ့ ဓားပြအုပ်စုတွေက အစီအစဉ်တကျနဲ့ဘဏ်ကိုဖောက်ထွင်းဖို့ကြံစည်ထားခဲ့ကြပါတယ် သူတို့အဖွဲ့ဟာ ခရီးသွားတွေကိုဓါးစာခံတွေအဖြစ် ဖမ်းဆီးထားကြတဲ့အချိန်မှာတော့ NYPD နဲ့ FBI တပ်ဖွဲ့ဝင်တွေဟာ အပြစ်မဲ့ပြည်သူတွေကိုကယ်ဆယ်ဖို့အချိန်နဲ့အညီလုံးပမ်းနေကြရပါတယ် မင်းသား Aml Ameen ကစုံထောက်အနေနဲ့ပါဝင်ထားတာမို့ အက်ရှင်ဇာတ်ကားကြိုက်သူတွေသိတဲ့အတိုင်း မင်းသားရဲ့ဇာတ်ကားတွေက အက်ရှင်ဇာတ်ကွက်များစွာနဲ့ခပ်မိုက်မိုက်ချည်းပဲမို့ လက်မလွတ်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Yuri ဖြစ်ပါတယ်
လူဆိုးအယောက်တစ်ရာနဲ့ချလည်း မင်းသားပဲနိုင်စေချင်တဲ့လူတွေအတွက် Action Drama အသစ်နဲ့ မိတ်ဆက်ပေးမယ်
ဇာတ်လမ်းနာမည်က "Vaamana 2025"
ဂူနာက မာဖီယားဂိုဏ်းချုပ်ရဲ့ လက်ရုံးတစ်ယောက်
လူသူသိပ်မသိပေမဲ့ ပြိုင်ဘက်ဂိုဏ်းရဲ့တပည့်တွေကို တဖြည်းဖြည်းရှင်းပစ်နိုင်လို့ ပြိုင်ဘက်ခေါင်းဆောင်က သတိထားမိလာတယ်
ဂူနာက လူဆိုးဆိုပေမဲ့ မကောင်းတဲ့လူတွေကိုရှင်းပစ်ပြီး ကောင်းတဲ့အလုပ်လုပ်တယ် မှန်ကန်တယ် တရားမျှတတယ်
ဒီလိုနဲ့ ပြိုင်ဘက်ဂိုဏ်းချုပ်ကို ရှင်းပစ်နိုင်သည်အထိ ဖြစ်လာတဲ့အခါ သာမာန်လူဆိုးတစ်ယောက်မဟုတ်ဘဲ ဂူနာ့ရဲ့နောက်ကြောင်းတွေပေါ်လာခဲ့တယ်
သူကတကယ်တမ်းဘယ်သူလဲ? ဘယ်အကြောင်းတွေက ဒီလောကထဲကိုရောက်လာစေတာလဲ?
Plot တွေအရမ်းဆန်းသစ်နေတာမျိုးမဟုတ်ပေမဲ့
တဖြည်းဖြည်း ဇာတ်ရှိန်တက်ပြီး ကြည့်ကောင်းတာတာမို့ အပန်းပြေ Movie time အတွက်တော့ Recommend ပေးပါတယ်
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ki Ki Chit Su ဖြစ်ပါတယ်
တစ်နေ့ မိုက်ကယ်နဲ့ သမီးဖြစ်သူ ကယ်ရန်တို့က အားလပ်ရက်ခရီးအနေနဲ့ အဝေးကို ထွက်လာကြပါတယ်။ ဒါပေမဲ့
စီစဥ်ထားသလို ဖြစ်မလာဘဲ လမ်းမှာ ကားကလည်း ပျက်သွားပါတယ်။ အဲဒီအချိန် အနီးတစ်ဝိုက်မှာ
ပျော်ဖို့ကောင်းမယ့် အရာတစ်ခု ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကြော်ငြာထဲ တွေ့မိတဲ့ ကစားနည်း တစ်မျိုးကို
သူများ ညွှန်းလို့ ပါဝင်ကစားဖြစ်သွားပါတယ်။ အဲဒီကစားနည်း ပုံစံကတော့ လူတစ်အုပ်စုကို အခန်းတစ်ခန်းထဲ
ပိတ်ထားပြီး လွတ်မြောက်ဖို့အတွက် ဝှက်ထားတဲ့ သဲလွန်စတွေကို ရှာဖွေကာ ရုန်းထွက်ရမှာပါ။ မိုက်ကယ်နဲ့
ကယ်ရန်တို့ အဲဒီအိမ်ထဲ ရောက်သွားတဲ့အခါ တခြားလူတွေနဲ့ ရောပြီး သဲလွန်စ လိုက်ရှာကြပေမဲ့ တဖြည်းဖြည်းနဲ့
လူအသေအပျောက် ရှိလာပါတယ်။ လွတ်လမ်းရှာပေမဲ့ မတွေ့တော့တဲ့အခါ ဘယ်လိုလွတ်မြောက်အောင်
လုပ်မလဲ။ အသက်ရှင်လျက် လွတ်လာနိုင်ပါ့မလားဆိုတာ စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုက်ကြပါဦး။
ဒီဇာတ်ကားအတွက် အညွှန်းရေးသားသူနဲ့ ဘာသာပြန်မှာ Poe Yin Thar ဖြစ်ပါတယ်
Jang Ok Jung (2013) ဒီကားလေးကတော့ ဂျိုဆွန်းခေတ်မှာ နာမည်အကြီးဆုံး တော်ဝင်ကိုယ်လုပ်တော် ဂျန်ဟီးဘင်အကြောင်းကို ရိုက်ကူးထားပါတယ်
မင်းသား Yoo Ah In က ဘုရင်ဆော့ဂျုံ(လီဆွန်း) မင်းသမီး Kim Tae Hee က ဂျန်အို့ဂျောင်အဖြစ် အဓိကပါဝင်ထားပါတယ်
ဇာတ်လမ်းအကျဥ်းကတော့ ဂျိုဆွန်းခေတ်က ဘုရင်ဆော့ဂျုံရဲ့ တော်ဝင်ကိုယ်လုပ်တော် ဂျန်ဟီးဘင်က ငယ်စဥ်တုန်းက အမေက ကျွန် အဖေက မျိုးရိုးမြင့်ပေမယ့် သွေးတစ်ဝက်က ကျွန်ဖြစ်တာမို့ အနှိမ်ခံရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ပြီး ဖြတ်သန်းခဲ့ရပါတယ် ဂျန်အို့ဂျောင်က သူများနဲ့မတူဘဲ အင်္ကျီချုပ်တဲ့နေရာမှာလည်း ထူးချွန်တဲ့သူပါ ဘုရင်ဆော့ဂျုံ(လီဆွန်း)နဲ့ ကလေးဘဝကတည်းက တွေ့ဖူးကြပြီး အချင်းချင်း သဘောကျနေကြပါတယ် ဒါပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ ဂျန်အို့ဂျောင်က နန်းတွင်းသူအဖြစ် လီဆွန်းက ဘုရင်အဖြစ် ပြန်တွေ့ကြတဲ့အချိန်မှာတော့ အဆင့်အတန်းကွာခြားတဲ့ သူတို့ချစ်သူနှစ်ဦးကြားမှာ ဘယ်လိုအတားအဆီးတွေနဲ့ ရင်ဆိုင်ရမလဲကို စိတ်ဝင်တစားကြည့်ရှုရမယ့် နန်းတွင်းကားတစ်ကားဖြစ်ပြီး ၂၄ပိုင်းပါရှိသွားမှာပါ
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Myint Thuzar Lin ဖြစ်ပါတယ်။
ဒီကားလေးက Marchလကမှထွက်ထားပြီး IMDb 6.9ရထားတဲ့ ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ ဇာတ်ကားလေးပါ။
ကိုရီးယားဘာဒု(ကျားကွက်)အားကစားရဲ့ ချန်ပီယံဖြစ်တဲ့ ဂျိုဟွန်းဟျွန်းဟာ တရုတ်ကိုပါအနိုင်ရပြီး ဘာဒုရဲ့ဘုရင်ကြီးအဖြစ် သမုတ်ခံခဲ့ရပါတယ်။ တစ်ရက်ကျ ဂျိုဟွန်းဟျွန်းတစ်ယောက် နယ်ဘက်က ဘာဒုပွဲတွေလိုက်ကြည့်ရင်း အီချန်းဟိုဆိုတဲ့ ကလေးတစ်ယောက်က တအားတော်တာမလို့ ဂျိုဟွန်းဟျွန်းနဲ့ပြိုင်တဲ့အချိန်မှာ ကလေးက ရှုံးသွားပြီး နောက်တစ်လှည့်ပြိုင်တဲ့အချိန် သူနိုင်ရင် တပည့်အဖြစ်လက်ခံရမယ်ဆိုပြီး လောင်းခဲ့ကြပါတယ်။ ပထမဆုံးတော့ အနိုင်အရှုံး သရေကျနေခဲ့ပေမဲ့ ဂျိုဟွန်းဟျွန်းကလည်း ကလေးကို သဘောကျတာမလို့ ကလေးပြောသလို တပည့်အဖြစ်လက်ခံလိုက်ပါတော့တယ်။
နဂိုကတည်းက ပါရမီပါတဲ့ အီချန်းဟိုကို သင်ပေးရင်း ကလေးရဲ့အောင်မြင်မှုက ချန်ပီယံဆိုတဲ့ဆရာ့ရဲ့ဂုဏ်ပုဒ်ကို ခြိမ်းခြောက်သလိုဖြစ်ပြီး ဘယ်လိုစိတ်ဝမ်းကွဲတာတွေ ကြုံတွေ့လာရမလဲဆိုတာ...
ဒီကားလေးမှာတော့ ဆရာ ဂျိုဟွန်းဟျွန်းအဖြစ် Lee Byung Hunနဲ့ တပည့်ဖြစ်သူ အီချန်းဟိုအဖြစ် Yoo Ah Inတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
