Click For BPLA
Open in Telegram
Bamar People's Liberation Army - BPLA အတွက် Click ချန်နယ် ဖြစ်ပါတယ် ခင်ဗျား
Show more1 063
Subscribers
No data24 hours
-27 days
-2330 days
Posts Archive
1 063
ထို သုံးလအတွင်းမှာပဲ ဗင်ဂိုတို့အားလုံး စစ်ရေးအတတ်များကို တတ်မြောက်အောင် သင်ယူနိုင်ခဲ့ကြသည်။ သေနတ်ကို ဖြောင့်အောင် ပစ်နိုင်ခဲ့ပြီ။ ပြောက်ကျားစစ်တိုက်နည်းလည်း သင်ယူခဲ့ပြီ။ သေနတ် အဖြုတ် အတပ်ကို ကျွမ်းကျင်ပိုင်နိုင်ခဲ့ကြပြီ။ မိုင်း၊ ဒရုန်း၊ ကျည်ထိပ်ဖူး စသဖြင့်တို့နှင့်လည်း ထုတ်လုပ်တတ်၊ တပ်ဆင်တတ်၊ ပစ်ခတ်တတ်နိုင်ခဲ့ကြပြီ။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/9LH6N9
1 063
သင်တန်းကာလသည် သုံးလအတွင်း ပြီးဆုံးသွားခဲ့သည်။ တော်လှန်ရေးကြီး သည့်ထက် မကြန့်ကြာစေရန်အတွက် အချိန်တိုအတွင်း ပြီးဆုံးစေခဲ့ရခြင်းဖြစ်သည်။ သည့်အတွက်လည်း သင်တန်းသည် ပြင်းထန်လွန်းခဲ့သည်။ သို့သော်လည်း ဗင်ဂိုတို့အားလုံး ကြံ့ကြံ့ခံနိုင်ခဲ့ကြသည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/UQU9bP
1 063
'အာ အဲ့လိုတော့ မလုပ်ပါနဲ့ကွာ၊ အေးပါ ဒီတစ်ခါ ငါ တကယ် နှုတ်လုံပါတော့မယ်ကွာ၊ ငါ နှုတ်ယားတော့မယ်ကြံတိုင်း ထုံပေ့ဟာဖြစ်ဖြစ် ပြေးငုံလိုက်တော့မယ် ဟုတ်ပြီလား၊ ရော့ ထမင်းစားလိုက်ဦး၊ အောက်မှာ ငါအတုံးတွေ ဖွက်ထည့်ထားတယ်''
ဘသန်းက ဗင်ဂို့ခြေဖဝါးနှစ်ခုကြား ပန်းကန်ကို ချပြီး ထွက်သွားသည်။ ဗင်ဂိုသည် တောက်ကနဲ့ တက်ခေါက်ရင်း ဆဲဆိုရေရွတ်ကာ ကျန်ခဲ့သည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/J02olo
1 063
ထိုစကားကြားတော့ ဘသန်းသည် ဟုတ်မှန်နေသဖြင့် ဆွံအ ကြောက်လန့်သွားသည်။
''ထုံပေပြောသလို ငါနွားဖြစ်ခဲ့တာကို ရှက်တာထက် ဒီကောင်မနာမည်ကို ကြားရတာနဲ့တင် နာကျည်းလွန်းလို့ ငါ့ကိုယ်ငါ သတ်သေချင်လောက်အောင် ခံစားရတာရော မင်းသိရဲ့လား၊ ဒီ ခံစားချက်ကို ငါပြောမှ မင်းသိမှာလား၊ အေး ငါပြောမှ သိမှာဆိုရင်လည်း အခု မင်းသိပြီမို့ နောက်လည်း နှုတ်ဖွာဦးမှာလားဟင်၊ အေး ဒီတစ်ခါ တကယ်သေချာပြီ၊ ဒီကောင်မနာမည်ကြားတိုင်း ဒီကောင်မကို သတ်ချင်လွန်းလို့ ဘာမှမလုပ်နိုင်မယ့်အတူတူ ငါ့ကိုယ်ငါ သတ်သေပစ်လိုက်တော့မှာ သေချာပြီလို့ပြောတာ''
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/v96Skt9
1 063
ဘသန်းထံမှ သည်သို့ ကြားရတော့ ဗင်ဂိုသည် နာကျည်းခြင်းရော ဝမ်းနည်းခြင်းရော ရောစွက်လာပြီး ငိုသံနှင့် ဒေါသသံပါ ရောစွက်လာတော့သည်။
''မင်း အခုမှ ကိုယ့်အပြစ်ကိုယ်သိနေ၊ မပြောပါနဲ့လို့ ငါအတန်တန် ကတိတောင်းထားတဲ့ကြားကကို မင်း ကတိဖျက်တယ်။ ရွာမှာကတည်းက မင်း ကတိဖျက်တာ ငါသိတယ်၊ ရွာက လူတွေရဲ့ အကြည့်တွေကို မခံနိုင်လို့ ငါ ဒီကို လာရှောင်တာကိုရော မင်းသိရဲ့လား''
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/O4aL95
1 063
"ပါးစပ် ဆယ်ပေါက်ရှိရင်တောင် ငါ မငြင်းနိုင်ပါဘူး၊ ဟုတ်ပါတယ်၊ ငါ နှုတ် မစောင့်စည်းနိုင်ခဲ့လို့ပါ၊ မင်းရှေ့မှာတော့ သွားမပြောပါနဲ့လို့ ငါ အတန်တန်ပြောထားရဲ့နဲ့ကွာ၊ တောက် ဒီမအေဘေးထုံပေနဲ့တော့၊ ထားပါလေ၊ အခု မင်း ငါ့ကို သတ်ချင်နေမှာ သိတယ်၊ အသတ်လည်း အသတ်ခံထိုက်ပါတယ်၊ ပြောချင်တာကကွာ မင်း ငါ့ကို သတ်ချင်ရင် သင်တန်းပြီးမှ သတ်ပါလား၊ ငါ ကျေကျေနပ်နပ်ခံယူပါ့မယ်၊ သင်တန်းကာလအတွင်းမှာတော့ ဘာအမှားမှ မလုပ်မိပါစေနဲ့တော့၊ မင်း ဒီလို အပြစ်ခံနေရတာ ငါတကယ်မကြည့်ရက်လို့ပါ''
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/XUYKqoe
1 063
၇ ရက်မြောက်နေ့မှာ ဗင်ဂို့ရှေ့သို့ ဘသန်းက ထမင်းပန်းကန်နှင့် လာထိုင်သည်။ ဗင်ဂိုဆွဲထိုးမှာလည်း ကြောက်သဖြင့် မမီနိုင်သည့် ခပ်လှမ်းလှမ်းမှာ ထိုင်သည်။
ဗင်ဂိုသည် ဘသန်းအား စားဝါးတော့မတတ် ကြည့်သည်။ ဘသန်းသည် သူ့နှုတ်ဖွာမှုကြောင့်မှန်း သိသည်ကြောင့် ဗင်ဂို့ကို စေ့စေ့မကြည့်ရဲဘဲ မျက်လွှာချထားသည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/KDszt3z
1 063
အလေးအပေါ့ သွားချင်လို့မှ ထိတ်တုံးခဏဖြုတ်ပေးဖို့ ပြောဖို့ရာ အရိပ်အယောင်ပင် မမြင်ရ။ သူ့အပြစ် သူသိပြီး ဗင်ဂို့ကို မျက်နှာမပြရဲတာ ဖြစ်ရမည်။ ဘသန်း သည်သို့ ပြုမူလေလေ ဘသန်းအပေါ် ပိုအခဲမကျေလေ ဖြစ်ရသည်။ လွတ်ရက်စေ့လျှင် သည်ကောင့်မျက်ခွက်ကို အရင်ဆုံး ပြေးထိုးမည်ဟု ကြိမ်းဝါးထားသည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/E0ioLoF
1 063
"ပြည်သူ့စစ်သားကောင်းစစ်စစ်ဖြစ်ချင်ရင် ဆာလောင်မွတ်သိပ်တဲ့ ဒဏ်ကိုလည်း ခံနိုင်ရည်ရှိရမယ်၊ ဒါကို လေ့ကျင့်တယ်လို့ပဲ သဘောထားလိုက်''
သည်သို့ နှစ်သိမ့်သော်လည်း ရေဆာလို့မှ ရေလေးပင် သောက်ခွင့်မရသည့်အခါ ဘသန်းကို စိတ်နာမိသည်။ တကယ်ဆို တစ်ရွာတည်းနေ တစ်ရေတည်းသောက် သူငယ်ချင်းတွေပီပီ ရေလေးတော့ ခိုးခိုးတိုက်သင့်သည်မဟုတ်လား။ အခုတော့ ရန်ဖြစ်သည့်အချိန်ကစပြီး ဗင်ဂို့မျက်စိရှေ့ ပေါ်ကိုမလာ။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/UKglC3
1 063
ဗင်ဂိုသည် ထိုလုပ်ရပ်ကြောင့် တစ်ပတ်တိတိ ထိတ်တုံးနှင့် နေရပြီး နေ့လယ်စာလေးသာ ထမင်းနှင့် ရေကိုသာ သောက်ခွင့်အပြစ်ကို ပေးခံရသည်။ ထိုအတောအတွင်း သင်တန်းမှူးက လာနှစ်သိမ့်သွားသေးသည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/gKaZIPp
1 063
ထုံပေကလည်း ဟောဟဲဟောဟဲကြားက ''အံမယ် နွားဖြစ်ခဲ့တဲ့ ကောင်ကများ သူများကို အသုံးမကျဘူးလာလုပ်နေ'' ဟု ပြန်ခံပက်သဖြင့် ရင်ထဲက အနာကို ဆွသလို ဖြစ်သွားခြင်းကြောင့်ရော သူခိုးက လူပြန်ဟစ်ရလား သဘောသက်ရောက်နေသောကြောင့်ရော ဆွဲထိုးပစ်လိုက်ခြင်းဖြစ်သည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/19dY2g
1 063
သည်သို့ အပြစ်ပေးခံရကြိမ် များလွန်းသဖြင့် ဗင်ဂိုသည် သည်းမခံနိုင်တော့သည့်အဆုံး ထုံပေ့အား ''မင်းအသုံးမကျတာနဲ့ ငါတို့အပြစ်ပေးခံရပေါင်းများပြီ၊ ဒီတစ်ခါ မင်း စည်းဖောက်ရင် မင်းနဲ့ငါ သူသေကိုယ်သေပဲ'' ဟု အံတကြိမ်းကြိမ်းနှင့် ပြောလိုက်သည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/3OOmxv
1 063
ထုံပေ အရက်ခိုးသောက်တာ မိသဖြင့် သင်တန်းသားအားလုံး ကွင်းပတ် တစ်ရာကြိမ် ပတ်ပြေးခဲ့ရသည်။ ထုံပေ ကွမ်းခိုးစားတာ မိသဖြင့် ဒိုက်အကြိမ် တစ်ရာ ထိုးခဲ့ရဖူးသည်။ ထုံပေ ဆေးလိပ်ခိုးသောက်သဖြင့် သင်တန်းသားအချင်းချင်း ပါးအချက် ငါးဆယ်စီ အပြန်အလှန်အရိုက်ခံရဖူးသည်။ ထုံပေ ဆေးခြောက် ခိုးရှုတာ မိသဖြင့် ဖားခုံ အကြိမ်တစ်ရာ ခုံခဲ့ရဖူးသည်။ သင်တန်း သင်ယူနေချိန်မှာ ထုံပေနှောင့်နှေးလွန်းသဖြင့် ထိုင်ထနားရွက်ဆွဲ အကြိမ်တစ်ရာအပြစ်ပေးခံရဖူးသည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/jyID16
1 063
သင်တန်းသားတစ်ယာက် ဖောက်သည်မှာ အခြားသင်တန်းဖော်များက ကိုယ့်အတန်းဖော်အပေါ် စနစ်တကျ စည်းကမ်းညီညွတ်အောင် မစည်းလုံးနိုင်မှုကြောင့် ဆိုပြီး အားလုံးအပြစ်ပေးခံရခြင်းဖြစ်သည်။ သင်တန်းမှူးကတော့ ပြောသည်။ ''မင်းတို့အချင်းချင်း စည်းလုံးနိုင်အောင် ကြိုးစားရမယ်၊ မစည်းလုံးနိုင်သရွေ့တော့ မင်းတို့ မအောင်မြင်နိုင်ဘူး''ဟု။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/7DbUqY
1 063
ဗင်ဂို သည်သို့ ကျူးလွန်မိမည်ဆိုလည်း ကျူးလွန်မိလောက်ပါပေသည်။ သင်တန်းကာလအတွင်း ထုံပေ့ကြောင့် ဗင်ဂိုတို့ သင်တန်းသားအားလုံး ခဏခဏ အပြစ်ပေးခံခဲ့ရသည်ကိုး။ သင်တန်းသား တစ်ယောက် ဖောက်လျှင် သင်တန်းသားအားလုံး အပြစ်ပေးခံရမည့် စည်းကမ်းချက်ရှိသည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/NdhnVK0
1 063
သင်တန်းဖော်တွေ အဖျန်ဖြေတော်လို့သာ ထုံပေ သည့်ထက် ကြီးကြီးမားမားမဖြစ်သည်။ သို့သော် ထုံပေ့မျက်လုံးတစ်ဖက် နီမြန်းပြီး မှေးသွားသလို သွားတစ်ချောင်းလည်း ကျိုးသွားခဲ့သည်။ ထိုလုပ်ရပ်ကြောင့် ဗင်ဂိုသည် တစ်ပတ်တိတိ ထိတ်တုံးခတ်ခံရခြင်းဖြစ်သည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/KmYvQU
1 063
သို့သော်လည်း ဗင်ဂိုသည် အနားမှာ ဘသန်းမရှိသဖြင့် ထုံပေ့မျက်ခွက်ကိုသာ ဆတ်ကနဲ့ ထကာ ဆွဲထိုးသည်။ ထုံပေသည် ရှောင်ချိန်မရလိုက်။ အငိုက်မိခံရသူလို တစ်ချက်တည်းမှာပင် အထိနာသွားသဖြင့် ပြန်လုပ်ချိန်မရလိုက်။ ဗင်ဂိုကလည်း သစ္စာဖောက်မနှင့် ဘသန်းအပေါ် ကျသည့် ဒေါသတွေကို ထုံပေ့အပေါ် စုပြုံချပစ်သည်။ ထို့ကြောင့် လက်သီးချက်တွေက ပြင်းသည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/rLf1dM
1 063
သည် သင်တန်းမှာ ငါ့ရွာကလူဆိုလို့ မင်းတစ်ယောက်သာ ရှိသည်။ မင်း နှုတ်ဖွာမှုကြောင့် မဟုတ်လျှင် ဘယ်သူ စကားသယ်လာလို့ တစ်နယ်တကျေးသား၏နှုတ်ကနေ သည်ကောင်မ၏ အမည် ထွက်လာမည်နည်း။ ငါ မင်းကို သည့်ထက်ပိုပြီး သည်းမခံနိုင်ပေတော့ဘူး။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/DxqO6V
1 063
ထိုမိန်းမအမည်ဟာ နာမည်နှင့် လိုက်ဖက်အောင် ထုံပေလှသည့် သင်တန်းတက်ဖော် ထုံပေ့ထံမှ ထွက်ကျလာခဲ့သည်။ ဤသည်မှာ တခြားမဟုတ် ဘသန်း၏ နှုတ်ဖွာမှုကြောင့်သာ ဖြစ်မည်။ ဪ ဘသန်း ဘသန်း ရွာမှာ မင်းရဲ့နှုတ်ဖွာမှုကြောင့် စိတ်ဒုက္ခမခံနိုင်ခဲ့လို့ သင်တန်းသို့ တက်ခဲ့သည်။ သည်အထိ ငါ မင်းကို သည်းခံခဲ့သေးသည်။ သည်ကောင်မ၏ နာမည်ကို မကြားချင်လို့ သင်တန်း တက်ခဲ့သော်လည်း မင်းက သည်ကောင်မအမည်ကို သင်တန်းအထိ သယ်လာခဲ့သေးသည်။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/kOm3EU8
1 063
"အံမယ် နွားဖြစ်ခဲ့တဲ့ ကောင်ကများ သူများကို အသုံးမကျဘူးလာလုပ်နေ''
''ဘာ မင်း ဘာစကားပြော''
''မင်းကိုယ်တိုင် နွားဖြစ်ခဲ့တာ မင်းပိုသိမှာပေါ့၊ မင်းမိန်းမ နှင်းသက်ရည်က မင်းကို နွားဇာတ်သွင်းခဲ့တာ ငါတို့ မသိဘူးများ ထင်နေလား''
နှင်းသက်ရည် နှင်းသက်ရည် ဪ နှင်းသက်ရည် ထိုမိန်းမဟာ သင်တန်းထံသို့အထိ ဗင်ဂို့အား စိတ်ဒုက္ခ ပေးနေတုန်းပါလား။
👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင်
👇
https://ouo.io/NiJX9k
