en
Feedback
Click For BPLA

Click For BPLA

Open in Telegram

Bamar People's Liberation Army - BPLA အတွက် Click ချန်နယ် ဖြစ်ပါတယ် ခင်ဗျား

Show more
1 063
Subscribers
No data24 hours
-27 days
-2330 days
Posts Archive
နောက်ဆုံးမှာ အောင်နိုင်ခဲ့သည်မဟုတ်လား။ အောင်နိုင်ခြင်းဆိုတာ တော်လှန်ရေးနှင့် အလွန်လိုက်ဖက်လှသည်ဟု တွေးသည်။ သည့်ကြောင့်ပဲ မောင်မောင်လွင် (ခ) ဗင်ဂို ဟု စာရင်းပေးလိုက်သည်။ ဝင်းမင်းသန်းကတော့ သူ့နာမည်၏ နောက်မှ သန်း ကို ယူကာ ဘသန်းဟု လွယ်လွယ်ပေးလိုက်ဟန်တူသည်။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/TJU5wub

ထိုစကားကို ပြေးသတိရပြီး မောင်မောင်လွင် အလွန်သဘောကျသွားသည်။ ဗင်ဂိုဆိုတာ အောင်နိုင်ခြင်း။ ဟုတ်သည် ပါပီလွန်သည် အပြစ်မရှိဘဲနှင့် တစ်သက်တစ်ကျွန်း ကျခံခဲ့ရသည်။ ထိုအပြစ်ကလွတ်အောင် နည်းမျိုးစုံနှင့် ကြိုးစားခဲ့သည်။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/nj3LpI

သူငယ်ချင်းတစ်ယောက်ကို ပါပီလွန်ဆိုသည့် ရုပ်ရှင် ကောင်းကြောင်း ညွန်းပြခဲ့တုန်းက သူငယ်ချင်းက ပြန်ပြောခဲ့ဖူးသည်။ ''အဲ့ကား ငါသိတယ်၊ ရုပ်ရှင်ထက် စာအုပ်က ပိုကောင်းတယ်၊ စာအုပ်အမည်က ပါပီလွန်နှင့် ဗင်ဂိုတဲ့'' ထိုသို့ ပြောလာတော့ မောင်မောင်လွင် တွေဝေသွားခဲ့သေးသည်။ ''ဗင်ဂို ဟုတ်လား၊ ဇာတ်ကားထဲမှာ ဗင်ဂိုဆိုတဲ့ ဇာတ်ကောင် မပါပါဘူး'' ''ဟုတ်တယ် မပါဘူး၊ ဗင်ဂိုဆိုတာ ဇာတ်ကောင်အမည်မဟုတ်ဘူးလေ၊ မူရင်းရေးသူတို့ရဲ့ ဘာသာစကားပဲ၊ မူရင်းက ဘယ်နိုင်ငံလဲတော့ ငါမေ့နေပြီ၊ မြန်မာလိုပြန်ရင်တော့ အောင်နိုင်ခြင်း၊ ပါပီလွန်နှင့် အောင်နိုင်ခြင်းပေါ့ကွာ'' 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/RDw2W8

မင်းဆိုးမင်းညစ်ကို ဖြုတ်ချပြီး တိုင်းပြည်အာဏာကို ပြန်လည်ရယူမယ့် ငါတို့ဟာ သူပုန်တွေပါပဲ။ သူပုန်ဆိုတာ တော်လှန်ရေးမှာ ကိုယ့်နာမည်အရင်းကို မသုံးရဘူး။ ကိုယ်ပေးချင်တဲ့ နာမည်ပေးရမယ်'' ထိုသို့ပြောလာသဖြင့် မောင်မောင်လွင်သည် နာမည်ကို စဥ်းစားရာ ဗင်ဂိုဆိုသည့် နာမည်ကို ပြေးသတိရလိုက်သည်။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/czqJyC

ပီဒီအက်ဖ် သင်တန်းသို့ရောက်တော့ မောင်မောင်လွင်၏အမည်သည် ဗင်ဂို ဖြစ်သွားသည်။ သင်တန်း စတက်စဥ်က သင်တန်းမှူးက သင်တန်းသား အားလုံးရှေ့မှာ ပြောသည်။ ''ရဲဘော်တို့ စာရေးဆရာကြီး ဘီအီးဒီအောင်သိုက် ရဲ့ စကားကို ကျွန်တော်ငှားပြောမယ်။ ''မင်းကောင်းမင်းမြတ်ရဲ့ လက်ထက်မှာ သူပုန်မဖြစ်ပါစေနဲ့၊ မင်းဆိုးမင်းညစ်ရဲ့ လက်ထက်မှာ သူပုန်ဘဝနဲ့ ဂုဏ်ယူလိုက်စမ်းပါ'' တဲ့။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/ye2VqWq

ဝင်တော့မည်။ သူပုန်အဖွဲ့ထဲ ဝင်တော့မည်။ ပီဒီအက်ဖ်အဖွဲ့ထဲဝင်ပြီး တိုင်းပြည်ကို ကာကွယ်တော့မည်။ ဇနီးသည်ကလည်း ထားသွားပြီး အလုပ်မရှိ အကိုင်မရှိ ဗလာနတ္ထိနှင့် ဘဝက အနာဂတ်မဲ့နေသည်ထက်စာလျှင် ပီဒီအက်ဖ်ထဲ ဝင်ပြီး တိုင်းပြည်အာဏာကို ပြန်လည်ရယူတာကမှ အကျိုးရှိဦးတော့မည်။ အဘယ်ကြောင့်မူ မောင်မောင်လွင်တို့၏ တိုင်းပြည်သည် လွန်ခဲ့သည့် ၂ နှစ်ကျော်လောက်က စစ်အာဏာရှင် မင်းအောင်လှိုင်က အာဏာသိမ်းလိုက်ခြင်းကို ခံခဲ့ရသည် မဟုတ်လား။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/Or8war

ရွာ့ ပီဒီအက်ဖ်ခေါင်းဆောင်က ထိုသို့ပြောလာတော့ လူလွတ်ဖြစ်သည့် ဝင်းမင်းသန်းက ဝင်မယ်ဟု ချက်ချင်း အဖြေပေးသည်။ မောင်မောင်လွင်သာ နဂိုကတည်းက သတ္တိကြောင်တတ်သည်မို့ တွေဝေနေမိသည်။ အခုတော့ ထိုသို့ တွေဝေခဲ့မိသည်ကို ရှက်မိသွားသည်။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/COhQ3Oi

မှန်ပါပေသည်။ မောင်မောင်လွင်နှင့် ဝင်းမင်းသန်းသည် ၂၀ နှစ် ပြည့်ပြီးစ အရွယ်များဖြစ်သည်။ အာဏာမသိမ်းခင် ငါးနှစ်လောက် ကတည်းက မြို့တက်ပြီး အလုပ်လုပ်နေခဲ့ကြသဖြင့် တော်လှန်ရေးကြီးနှင့် ဝေးနေခဲ့သည်။ ရွာထဲက အရွယ်ကောင်းတွေ အကုန် ပီဒီအက်ဖ်ထဲဝင်ပြီး ကိုယ့်နည်းကိုယ့်ဟန်နှင့် အာဏာရှင်ကို ပုန်ကန်ကာ ရွာကို ကာကွယ်နေခဲ့ကြသည်။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/yVR1nyQ

ဟုတ်သည်လေ။ မောင်မောင်လွင်တို့ ရွာသို့ ပြန်ရောက်စက ရွာ့ပီဒီအက်ဖ်ခေါင်းဆောင် ကိုပြောင်က မောင်မောင်လွင်နှင့် ဝင်းမင်းသန်းတို့ကို ပြောလာခဲ့ဖူးသည်။''မင်းတို့နှစ်ယောက်က အရွယ်ကောင်းပဲ၊ ဝင်ခဲ့၊ ရွာမှာ မင်းတို့နှစ်ယောက်ပဲ ကျန်တော့တာ၊ တချို့ကောင်တွေ အကုန်သူပုန်တွေချည်းပဲ။ သူပုန်လုပ်ဖို့ မင်းတို့အရွယ်က အသင့်တော်ဆုံးပဲ။ ဝင်မလား၊ ဝင်မယ်ဆို အရင်ဆုံး သင်တန်းတက်ရမယ်။ သင်တန်းအဖွဲ့နဲ့ ငါချိတ်ပေးမယ် ဘယ်လိုလဲ'' 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/bfPHPdg

သည့်ကြောင့် ရွာထဲက လူတွေနှင့် သည်မိန်းမအကြောင်း ဝေးရာဆီ ထွက်ပြေးချင်လှသည်။ သည့်ကြောင့်ပဲ ''စဥ်းစားပါဦးမယ်'' ဟု ရွာက ပီဒီအက်ဖ်ခေါင်းဆောင် ကိုပြောင် တောင်းဆိုထားသော စကားကို အဖြေပေးဖို့ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်လိုက်သည်။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/fvNCFOt

ဆက်လက်ပြီးတော့လည်း လိမ်ညာမနေချင်တော့။ အထူးသဖြင့် သည်မိန်းမနှင့် ပတ်သက်ပြီး မေးရ၊ ဖြေရ၊ ကြားရတာ စိတ်ကုန်လွန်းလှပြီ။ သည်မိန်းမကို စိတ်အနာကြီး နာခဲ့ပြီမို့ သည်မိန်းမအကြောင်း ကြားတိုင်း ဒေါသထွက်ရကာ အသားတွေပင် တဆတ်ဆတ် တုန်ရသည်။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/T7cz8t

ရွာထဲက လူတွေ၏ ပြီတီတီ အပြုအမူတွေ၊ ပြုံးတုံ့တုံ့ မျက်နှာပေးတွေနှင့် မောင်မောင်လွင့်အကြောင်း အကြောင်းစုံ မသိသူတွေက ''မင်းမိန်းမရော ဘာလို့ မခေါ်ခဲ့တာတုန်း၊ မင်းမိန်းမက ဘယ်မှာလဲ '' ဆိုသည့် အမေးတွေ၊ အပြောတွေကို မောင်မောင်လွင် သည်းမခံနိုင်တော့ပါ။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/nXagKh

ဝင်းမင်းသန်း ကတိကို ဖျက်ခဲ့ပြီ ထင်သည်။ သည်ကောင်က ဘယ်လောက်ပဲ ကတိပေးပေး တိုးတိုးတိတ်တိတ် ပြောပြထားတတ်ပြီး ''သူ့ကို သွားမမေးနဲ့နော်၊ မသိသလို၊ မင်းကို ငါယုံလို့ပြောပြတာ'' ဆိုသည့် အချိုးမျိုး ချိုးတတ်သူ။ သည်အထိတော့ ဝင်းမင်းသန်းအပေါ် မောင်မောင်လွင် သည်းခံနိုင်ပါသေးသည်။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/Q1tiG5

ရက်ပိုင်းလောက် ကြာသည့်အခါတွင် ရွာထဲက လူတွေ၏ အကြည့်သည် တစ်မျိုးပြောင်းလာသည်ဟု မောင်မောင်လွင် ခံစားရနေမိသည်။ တချို့က ပြုံးတုံ့တုံ့မျက်နှာပေးနှင့်။ လှောင်ပြောင်သွားသလိုလို။ တချို့က စိုက်ကြည့်ပြီး ''မင်း ဘယ်လောက်ပဲ ဖုံးကွယ် ဖုံးကွယ် ငါသိတယ်နော်'' ဆိုသည့် အထာမျိုးလိုလို။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/7tY2Du

ရွာရောက်တော့ မောင်မောင်လွင်သည် မိမိ၏ အကြောင်းကို မိဘနှစ်ပါးကိုသာ မပြောလျှင် မဖြစ်သည်မို့ ပြောပြရသည်။ မိဘများကိုလည်း ဝင်းမင်းသန်းကို မှာထားသည့်အတိုင်း မှာထားရသည်။ ပြီးမှ မောင်မောင်လွင်သည် ရင်ထဲက အနာကို ဘာမှမဖြစ်သလို ဟန်လုပ်ကာ ခပ်တည်တည် နေခဲ့သည်။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/Fo5mFV

မိမိသည် ဇနီးသည်နှင့် ထိုမြို့ကြီးမှာပဲ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း ဖေ့ဘုတ်တွင် တင်ခဲ့သဖြင့် တစ်ရွာလုံးက သိနေကြလောက်ပြီ။ အသိသက်သအဖြစ် ဝင်းမင်းသန်းလည်း ရှိခဲ့သေးသည်မို့ ရွာထဲကလူတွေက မိမိ၏ ဇနီးအကြောင်း ဝင်းမင်းသန်းကို မေးကြပေလိမ့်ဦးမည်။ သည့်ကြောင့် ကြိုတင်သတိပေးထားရခြင်းပင်။ ဝင်းမင်းသန်းကလည်း မပြောဘူးဟု ကတိပေးသည်။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/vafATNA

ဝင်းမင်းသန်းသည် အင်မတန် နှုတ်ဖွာတတ်သည့်ကောင်မှန်း မောင်မောင်လွင် သိထားသည်။ မိမိ၏ အဖြစ်အပျက်များကို ရွာထဲကလူတွေ သိသွားမှာကို မောင်မောင်လွင် အလွန်ရှက်သည်။ သည့်ကြောင့် သည်မြို့ကြီးမှာ ဖြစ်ပျက်ခဲ့သော မိမိ၏ အကြောင်းများကို ရွာထဲက လူတွေကို မပြောဖို့ ကြိုပြောထားရသည်။ သူများတွေမေးလျှင် ခေတ်မကောင်းလို့ ပြန်လာရသည်ဟုသာ ပြောဖို့၊ ဇနီးသည်က သူ့ဇာတိရပ်သို့ ပြန်သွားသည်ဟုသာ ပြောဖို့။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/A0lDVa

သည့်ကြောင့် မိဘများရှိရာ ဇာတိရပ်ရွာဆီသို့ ပြန်ဖို့ ပြင်သည်။ သည်တော့ သည်မြို့ကြီးဆီ အလုပ်လုပ်သွားစဥ်က အတူလိုက်ပါလာခဲ့သော ရွယ်တူသူငယ်ချင်း ဝင်းမင်းသန်းကလည်း ပြည်တွင်းစစ် ဖြစ်နေသည့် သည်နိုင်ငံထဲက သည်မြို့ကြီးမှာ ကိုယ့်ဇာတိဆီက အသိအကျွမ်းမရှိဘဲနှင့် တစ်ယောက်တည်း မနေရဲဘူး ဆိုပြီး အတူလိုက်ပါလာခဲ့သည်။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/42l7M4j

ပြစရာ မျက်နှာပင် မရှိတော့လောက်အောင် မောင်မောင်လွင်၏ ဘဝကို နင်းချေဖျက်ဆီးခံရသဖြင့် သည်မြို့မှာ ဆက်လက်မနေချင်တော့ပါ။ တကယ်ဆိုလျှင်လည်း ဘာအကြောင်းကြောင့်မှ ဆက်လက်နေစရာ အကြောင်းမရှိတော့။ မောင်မောင်လွင်၏ ဘဝသည် ဇနီးသည်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီ။ အနာဂတ်သည်လည်း မဲ့ခဲ့ပြီ။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/O4ZZjJj

ဖောက်လွဲဖောက်ပြန်တတ်သော ထိုမိန်းမ၊ ဗင်ဂို့ဘဝကို ရစရာမရှိအောင် နင်းချေဖျက်ဆီးသွားခဲ့သော ဇနီးသည်ဖြစ်သူ အဲ့သည် မိန်းမကိုတော့ လက်သီးနှင့် အထပ်ထပ်ထိုးပြီး လည်ပင်းကို ညှစ်ကာ သတ်ပစ်လိုက်ချင်သည်။ ဗင်ဂို အခုလို ထိပ်တုံးခတ် ခံရအောင်၊ ပြဿနာများစွာ ဖန်တီးစေမိရအောင် ထိုမိန်းမက အခြေတည်ခဲ့တာပင်။ 👉 မင်းမျက်ရည်တွေ သုတ်ပေးချင်တယ် by ထွင် 👇 https://ouo.io/To08oj