632
Subscribers
+124 hours
+47 days
+430 days
Posts Archive
Repost from မောင်ချိန်ခွင်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ပအဖ အဖွဲ့ဝင်များသည် အရက်သေစာနှင့် မူးယစ်ဆေးဝါးများ သုံးစွဲကာ အကြောင်းမဲ့ သေနတ်ပစ်ဖောက်ခြင်း၊ ကျေးရွာသားများကို အကြောင်းရှာ ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေကြသည်။ လတ်တလောတွင် ဒေသခံတစ်ဦးနှင့် အခြေအတင် စကားများရာမှတစ်ဆင့် အဆိုပါရွာသားအား ဖမ်းဆီးခေါ်ဆောင်ကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
မိမိတို့ ကျွေးမွေးထားသည့် အဖွဲ့အစည်းများက ဒေသခံ ပြည်သူလူထု၏ အသက်အန္တရာယ်ကို ပြန်လည်ခြိမ်းခြောက်လာနေခြင်း ဖြစ်သောကြောင့် အနိုင်ကျင့်လုပ်ဆောင်နေသည့် ပကဖနှင့် ပအဖ အဖွဲ့များကို ပြည်သူများအနေဖြင့် ငြိမ်ခံမနေဘဲ ဝိုင်းဝန်းဆန့်ကျင် တော်လှန်ကြရန် အချိန်တန်ပြီ ဖြစ်သည်။
⚖️
#ခင်ဦးမြို့နယ် #ပအဖလုပ်ရပ်များ #ဒေသခံများဆန့်ကျင်ရေး
Repost from Aung Moe Kyaw
ဇူလိုင်လ ၃ ရက်နေ့အတွက် သတင်းရုပ်သံ
ကျွန်တော်တို့ မီဒီယာကို ထောက်ပံ့ပေးမယ်ဆိုရင်KPay Wave Pay နံပါတ်ဖြစ်တဲ့ 09400080398 ကို
ပေးပို့ကူညီနိုင်ပြီးသတင်းတွေပေးပို့မယ်ဆိုရင် 09678046496 ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။
#AungMoeKyaw
Repost from PAN
မိခင်ဖြစ်သူကိုယ်တိုင် ခွင့်ပြုချက်နဲ့ သမီးငယ် ၂ ဦးမှာ မိခင်ရဲ့ရည်းစားဖြစ်သူက အကြိမ်ကြိမ်အဓမ္မပြုကျင့် ခံနေရ
(မှုခင်း) ဇူလိုင် ၄
မိခင်ဖြစ်သူကိုယ်တိုင်က ခွင့်ပြုပေးထားတာကြောင့် အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ကျောင်းသူ သမီးငယ်၂ ဦးမှာ မိခင်ရဲ့ရည်းစားဖြစ်သူက အကြိမ်ကြိမ်အဓမ္မပြုကျင့် ခံနေရတယ်လို့ သိရပါတယ်။
ဒီလို ထူးခြားတဲ့ဖြစ်စဥ်ဟာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်မှာ နေထိုင်တဲ့ မိသားစုတစ်ခုထဲမှာ ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။
အဓမ္မပြုကျင့်ခံနေရသူ သမီးငယ်တွေမှာ အသက် ၈ နဧ်နဲ့ အသက် ၁၃ နှစ် အရွယ်သာ ရှိသေးတဲ့ မိန်းကလေးငယ်တွေ ဖြစ်ပြီး သူမတို့ရဲ့ မိခင်ဖြစ်သူရဲ့ ရည်းစားဖြစ်တဲ့ အသက် ၅၀ အရွယ်ရှိ ဦးဝင်းဗိုလ် ဆိုသူက သူမတို့ ရဲ့၂ ဦးကို လိင်ပိုင်းဆိုင်ရာ အကြိမ်ကြိမ် ပြုကျင့်နေတာလည်း ဖြစ်ပါတယ်။
တပင်ရွှေထီးရပ်ကွက် နေအိမ်မှာ ဦးဝင်းဗိုလ်က သမီးဖြစ်သူနဲ့ အတူအိပ်ချင်ကြောင်း မိမိရဲ့ ...
သတင်းအပြည့်အစုံဖတ်ရန် - https://positiveanglenews.com/2026/07/04/မိခင်ဖြစ်သူကိုယ်တိုင်-ခ/
Telegram - t.me/positiveanglenews
#PAN
Repost from Thae Thae🇲🇲🇲🇲🇲🇲
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထုတွေကို ဘာ့ကြောင့် ဖယ်ရှားနေတာလဲဒေါက်တာအောင်မျိုး
Repost from MWD NEWS
ဒုတိယသမ္မတ ဦးညိုစော မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။ နေပြည်တော်၊ ဇူလိုင် ၃
Repost from MT News _ Myanmar Transparency
+2
မြန်မာ-လာအို ချစ်ကြည်ရေးနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး မြန်မာနိုင်ငံတော်သမ္မတနှင့် လာအိုဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး
◾ မြန်မာ-လာအို နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းစီမံကိန်းနှင့် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အားဝယ်ယူရေးကို အရှိန်မြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြ
သတိုး
၃. ၇. ၂၀၂၆
လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံဝန်ကြီးချုပ် ဆွန်ဆိုင် ဆီဖန်ဒွန်နှင့် တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ လျှပ်စစ်စွမ်းအင်၊ အလုပ်သမားရေးရာ၊ လုံခြုံရေးနှင့် နယ်စပ်တည်ငြိမ်ရေးအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်အကောင်အထည်ဖော်သွားရန် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက သတင်းထုတ်ပြန်သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးမှုများအရ မြန်မာ-လာအို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာစေရန်၊ သံတမန်ဆက်ဆံရေး (၇၀) ကျော်ကာလအတွင်း ရရှိခဲ့သည့် ချစ်ကြည်ရေးကို ဆက်လက်လက်ဆင့်ကမ်း အားကောင်းစေရန်နှင့် (၇၅) နှစ်ပြည့် အထိမ်းအမှတ်အတွက် ကြိုတင်ပြင်ဆင်သွားရန်၊ နယ်စပ်ကုန်သွယ်ရေး၊ Border Trade၊ နယ်စပ်ဂိတ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဖြတ်ကျော်သဘောတူညီချက်များကို အမြန်အကောင်အထည်ဖော်ရန်၊ မြန်မာ-လာအို နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းစီမံကိန်းနှင့် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အားဝယ်ယူရေးကို အရှိန်မြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။
ထို့အပြင် တရားဝင် အလုပ်သမားစေလွှတ်ရေး၊ အလုပ်သမားအခွင့်အရေးကာကွယ်ရေးနှင့် သက်ဆိုင်ရာ MoU များ အဆင့်မြှင့်တင်ရေးကို ပူးပေါင်းဆောင်ရွက်သွားရန်၊ Online လိမ်လည်မှု၊ အွန်လိုင်းလောင်းကစား၊ ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါးပြဿနာများကို သတင်းအချက်အလက် ဖလှယ်၍ ပူးပေါင်းနှိမ်နင်း....
◾️ Website တွင် ဆက်လက် ဖတ်ရှုရန်
https://www.mtnewstoday.com/archives/140073
#နိုင်ငံတော်သမ္မတ #သမ္မတ #ဦးမင်းအောင်လှိုင် #လာအို #အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ #ဝန်ကြီးချုပ် #နိုင်ငံတော်အဆင့် #ချစ်ကြည်ရေးခရီး #statevisit #MT #mtnews #MyanmarTransparency
Repost from နေပြည်တော်👌👌
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ၊ မုဒ္ဒဟန်ခရိုင်မှာ ၁၁ နှစ်အရွယ်ကလေးတစ်ယောက်မောင်းနှင်တဲ့ကား တိုက်မိမှုကြောင့် ပျံလွန်တော်မူသွားတဲ့သံဃာတော်ဟာ လက်ရှိမှာ ၁ဝ ပါးအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။
လက်ရှိမှာ အဲဒီကလေးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ပါတယ်။
Repost from MRTV
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ်(ပထမနေ့)
Source- Head Of State
