en
Feedback
SGFS (E-Library)

SGFS (E-Library)

Open in Telegram

စာဖတ်ခြင်းနဲ့ ကမ္ဘာပတ်ကြမယ်

Show more
566
Subscribers
No data24 hours
+17 days
+530 days
Posts Archive
တက်တူးထိုးတဲ့အခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးကြောနဲ့ဆဲလ်တွေမှာ ဘယ်လိုကြီးမားတဲ့အန္တရာယ်တွေကြုံတွေ့ရသလဲ ဆိုတာ ပြထားပါတယ်၊

ဖုန်းကိုအိပ်ရာနဲ့အနည်းဆုံး ၃ ပေအကွာမှထားမှ save ဖြစ်ပါတယ်၊ အိပ်တော့မယ်ဆို ဖုန်းကိုမဖြစ်မနေ Airplane mode ကိုပြောင်းပေးပါ၊ radiation ထွက်မှုလျော့ကျပါတယ်၊ WiFi / Mobile data တွေကိုမဖြစ်မနေပိတ်ထားပါ၊ ဒါမှသာ ဖုန်းကထွက်တဲ့ blue light နဲ့ RF radiation တွေကိုလျော့ကျစေပါတယ်

ဖုန်းကိုခေါင်းဦးအောက်ထားမအိပ်ဖို့ သတိပေးချက်

photo content

မူလတန်းနဲ့အလယ်တန်းကလေးများ AI အသုံးပြုခွင့်ပိတ်ပင်

ကိုယ့်ဘဝကိုယ်ရှင်သန်ပါ... အဆင်ပြေတိုင်းလဲ သိပ်မပြောနဲ့ မနာလိုသူတွေရှိတတ်တယ်။ အဆင်မပြေတိုင်းလဲ သိပ်မဖော်နဲ့ ကျိတ်ပျော်နေသူတွေရှိတတ်တယ်။ ပင်ပန်းတိုင်းလဲ မညည်းညူပြနဲ့ အားရသူတွေရှိတတ်တယ်။ အားငယ်မိတိုင်း လူတိုင်းကို ရင်မဖွင့်နဲ့ ပျော့ညံ့သူလို့ ထင်တတ်တယ်။ ဟုတ်တယ်ထင်တိုင်း တန်းမပြောနဲ့ မုန်းတဲ့သူတွေများတတ်တယ်။ တကယ်တမ်းကိုယ့်ရဲ့ ပျော်ရွှင်မူကို လူတွေ လွယ်လွယ်နဲ့ မြင်တွေ့နိုင်ပေမယ့်။ကိုယ့်ရဲ့နာကျင်မူကိုတော့ ကိုယ်ကိုယ်တိုင်ကလွဲရင် ဘယ်သူမှ မယ်မယ်ရရနားမလည်နိုင်ပါဘူး။ လူတွေက ကိုယ့်ပေးဆပ်မူ အကြိမ်တစ်ရာထက် အမှားတခါကို ပိုမှတ်မိတတ်ကြတာများတယ်။ ဒါကြောင့်ဘဝမှာ ကိုယ်ကလွဲပြီး ကိုယ့်အကြောင်းကိုယ့်ခံစားချက်ကို နားလည်ပေးတဲ့သူဆိုတာ (သိပ်) မရှိပါဘူး။ ရင်တွေတအားဖွင့်ချင်နေပြီဆိုရင် တခြားကို သွားရှာမနေပါနဲ့သူငယ်ချင်း မှန်ထဲကိုသာ ပြေးကြည့်လိုက်ပါ။ မှန်ထဲကလူက နောက်ကျောဓားမထိုးတတ်သလို ဘယ်တော့မှ မလှောင်ပြောင်တတ်ဘူး။

ရွှေသွေး ကာတွန်းစာစောင်လေးတွေဖတ်ကြပါ🧑‍💻

ရွှေသွေး၊အတွဲ_၅၈_အမှတ်_၁၁.pdf5.17 MB

အများစုမသိတဲ့ GED မှာပါတဲ့ hot topic များ
liver fluke Burmese explanation separate but equal မြန်မာလို + vocab များ chicken pox မြန်မာလို + နမူနာ questions အခက်ဆုံး math word problem မေးခွန်းပုံစံတွက်နည်း  RLA reading တန်းဖြေနည်း Don Quixote အကျဉ်းချုပ်

အာဏာရှင်စနစ်က လူ့အခွင့်အရေးကို ထပ်မံ မနင်းချေနိုင်ဖို့... နောက်မျိုးဆက်တွေ လက်နက်သံမကြားဘဲ ကျောင်းတက်နိုင်ဖို့... ဘယ်ပြည်သူမှ
အာဏာရှင်စနစ်က လူ့အခွင့်အရေးကို ထပ်မံ မနင်းချေနိုင်ဖို့... နောက်မျိုးဆက်တွေ လက်နက်သံမကြားဘဲ ကျောင်းတက်နိုင်ဖို့... ဘယ်ပြည်သူမှ ကိုယ့်အမြင်ကြောင့် အသက်မပေးရတော့ဖို့... ဒီတိုက်ပွဲကို အဆုံးသတ်အောင် ကိုယ်တတ်နိုင်တဲ့ နေရာကနေ ဆက်လက်ပါဝင်ဖို့ ဖြစ်တယ်။ 7 July က ကျောင်းသားတွေ လုပ်ခဲ့တာဟာ သူတို့ခေတ်ရဲ့ တာဝန်ပါ။ ဒီနေ့ ဒီတာဝန်ကို ဆက်လက်ထမ်းဆောင်ရမယ့်သူတွေကတော့ ကျွန်တော်တို့ပဲ ဖြစ်တယ်။ ✊ 7 July ကို အောက်မေ့တယ်ဆိုတာ... အာဏာရှင်စနစ် အမြစ်ပြတ်တဲ့နေ့အထိ အမှန်တရားဘက်မှာ မရပ်မနား ရပ်တည်နေဖို့ ကတိပြုတာပဲ ဖြစ်တယ်။ သူတို့ပေးဆပ်ခဲ့တဲ့ သွေးမြေကျခဲ့တဲ့ နေရာတွေ၊ သူတို့ စတေးခဲ့တဲ့ အနာဂတ်တွေဟာ ဒီနေ့ တော်လှန်ရေးရဲ့ အသက်သွေးကြောတွေ ဖြစ်လာခဲ့ပါပြီ။ အဲဒီစိတ်ဓာတ်တွေကို လက်ဆင့်ကမ်းရင်း... အာဏာရှင်စနစ် နိဂုံးချုပ်တဲ့အထိ အတူတူ ဆက်လက် ချီတက်ကြပါစို့။

အာဏာရှင်တွေ အကြောက်တရားနဲ့ လူတွေကို တိတ်ဆိတ်သွားစေချင်ခဲ့တယ်။ ဒါပေမယ့် ကျောင်းသားတွေက "တိတ်ဆိတ်နေခြင်းထက် အမှန်တရားဘက်မှာ ရပ်
အာဏာရှင်တွေ အကြောက်တရားနဲ့ လူတွေကို တိတ်ဆိတ်သွားစေချင်ခဲ့တယ်။ ဒါပေမယ့် ကျောင်းသားတွေက "တိတ်ဆိတ်နေခြင်းထက် အမှန်တရားဘက်မှာ ရပ်တည်ခြင်း" ကို ရွေးချယ်ခဲ့ကြတယ်။ 7 July ဟာ ကျောင်းသားလှုပ်ရှားမှုတစ်ခုတည်းမဟုတ်ဘဲ လွတ်လပ်ရေးနဲ့ ပြည်သူ့အခွင့်အရေးလှုပ်ရှားမှုရဲ့ စမှတ်တစ်ခုဖြစ်ပါတယ်။ နှစ်ပေါင်း (၆၀) ကျော် ကြာလာခဲ့ပေမယ့် မြန်မာနိုင်ငံမှာ ဒီမေးခွန်းက မပြောင်းလဲသေးဘူး 👇 လွတ်လပ်မှုကို ရွေးမလား...? အကြောက်တရားကို လက်ခံမလား...? ဒီနေ့အထိလည်း မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ၊ စစ်ဘေးရှောင်စခန်းတွေမှာ နေ့ရက်တွေကို ကြံ့ကြံ့ခံဖြတ်သန်းနေတဲ့ ပြည်သူတွေ၊ ကမ္ဘာအနှံ့မှာ အမှန်တရားဘက်ကနေ အသံထုတ်နေတဲ့ မြန်မာပြည်သူတွေဟာ အဲဒီမေးခွန်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေနေကြပါတယ်။ ဒါကြောင့် 7 July ကို အောက်မေ့တယ်ဆိုတာ သမိုင်းကို ပြန်ဖတ်တာမဟုတ်ပါဘူး။

မန္တလေးဆောင်နံရံပေါ်က ကျောင်းသားရဲဘော်ကိုကျော်ဝင်းရဲ့ “၇.၇.၆၂ မမေ့ကြနဲ့” ဆိုတဲ့စကားဟာ ဒီနေ့ခေတ်လူငယ်တွေအတွက် အမှန်တရားကို မမေ
မန္တလေးဆောင်နံရံပေါ်က ကျောင်းသားရဲဘော်ကိုကျော်ဝင်းရဲ့ “၇.၇.၆၂ မမေ့ကြနဲ့” ဆိုတဲ့စကားဟာ ဒီနေ့ခေတ်လူငယ်တွေအတွက် အမှန်တရားကို မမေ့ဘဲ ဆက်လက်တိုက်ပွဲဝင်ရမယ်ဆိုတဲ့ သတင်းစကားတစ်ခုအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ 7 July ဆန္ဒပြမှုအပြီး နောက်တစ်နေ့ July 8 ရက် မနက်အစောပိုင်းမှာတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံကို စစ်တပ်က ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ မြန်မာကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ပြီး လွတ်လပ်စွာ စုဖွဲ့ခွင့်ကို ဖိနှိပ်ခံရတဲ့ သင်္ကေတတစ်ခုအဖြစ် သမိုင်းမှာ ကျန်ရစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်နောက်ပိုင်းမှာ တက္ကသိုလ်တွေထဲက ကျောင်းသားသမဂ္ဂလှုပ်ရှားမှုတွေကို တဖြည်းဖြည်း တင်းကြပ်စွာ ကန့်သတ်လာခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေကိုလည်း “လုံခြုံရေးအကြောင်းပြချက်” နဲ့ ထိန်းချုပ်လာခဲ့ပါတယ်။

💢 “(၆၄) နှစ်မြောက် ကျောင်းသားအရေးတော်ပုံ” 7 July ဟာ သမိုင်းထဲမှာ ကျန်ခဲ့တဲ့နေ့ မဟုတ်ဘူး။ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှာ စစ်တ
💢 “(၆၄) နှစ်မြောက် ကျောင်းသားအရေးတော်ပုံ” 7 July ဟာ သမိုင်းထဲမှာ ကျန်ခဲ့တဲ့နေ့ မဟုတ်ဘူး။ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီး ဒီမိုကရေစီအစိုးရကို ဖြုတ်ချခဲ့တယ်။ အဲဒီနောက် တက္ကသိုလ်ကျောင်းသားတွေရဲ့ လွတ်လပ်စွာ စုဝေးခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ကျောင်းသားသမဂ္ဂရဲ့ လှုပ်ရှားမှုတွေကို တဖြည်းဖြည်း ကန့်သတ်လာခဲ့တယ်။ မတရားမှုကို လက်မခံနိုင်တဲ့ ကျောင်းသားတွေက ၁၉၆၂ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း စုဝေးပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်။ သူတို့ရဲ့ လက်ထဲမှာ လက်နက်မရှိဘူး။ သူတို့ တောင်းဆိုခဲ့တာလည်း အာဏာမဟုတ်ဘူး။ သူတို့ တောင်းဆိုခဲ့တာက တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ကျောင်းသားတွေရဲ့ အခွင့်အရေးပဲ ဖြစ်တယ်။ ဒါပေမယ့် အဖြေက ဆွေးနွေးမှုမဟုတ်ခဲ့ဘူး။ သေနတ်သံတွေ ဖြစ်ခဲ့တယ်။ အဲဒီပစ်ခတ်မှုကြောင့် ကျောင်းသားအများအပြား ကျဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရခဲ့ကြတယ်။

ကျန်းမာသော လူနေမှုဘဝပုံစံ (A healthy lifestyle) (ဇူလိုင်လ၊ ၂၀၂၆ ခုနှစ်) ကျန်းမာသော လူနေမှုဘဝရရှိစေရန် အသီးအနှံနှင့် ဟင်းသီးဟင
ကျန်းမာသော လူနေမှုဘဝပုံစံ (A healthy lifestyle) (ဇူလိုင်လ၊ ၂၀၂၆ ခုနှစ်) ကျန်းမာသော လူနေမှုဘဝရရှိစေရန် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးပြီး အဆီဓာတ်၊ သကြားနှင့် ဆားကို လျှော့စားရန်နှင့် လေ့ကျင့်ခန်းလုပ်ရန် ကမ္ဘ့ာကျန်းမာရေးအဖွဲ့ (WHO) က အကြံပြုထားသည်။ အရပ်နှင့် ကိုယ်အလေးချိန်ပေါ်မူတည်၍ တွက်ချက်သော ခန္ဓာကိုယ်အချိုးအစားအညွှန်းကိန်း (BMI) ကို တွက်ချက်ပြီး အဝလွန်ခြင်းရှိ၊ မရှိ သိနိုင်ပါသည်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Self-confidence is a super power. Once you start to believe in yourself, magic starts happening.

GED မှာ ဒီ Elimination Sign 6 ခုကို သိရင် အဖြေမှန်လားမှားလား စစ်လိုရတာကြောင့် Sharing လုပ်ပေးထားပါတယ်နော်။❤️ https://t.me/wayofgedofficial/31

Q: BECA Certificate နဲ့ ပြည်ပတက္ကသိုလ်တက်လို့ရလား? Ans: တက်လို့ရပါတယ်။ Schoolarship ပါရပါတယ်။ လက်ရှိ မကြာခင်တက်ရတော့မယ့် ခလေးတွေရှိပါတယ်။ ကျောင်း (၁၅) ကျောင်းလျှောက်ပြီး (၄) ကျောင်းက ဝင်ခွင့်လက်ခံကာ (၂) ကျောင်းထံက Scholarship ပင် ရရှိခဲ့ပါတယ်။ BECA Certificate နဲ့ Volunteer လုပ်ထားတဲ့ Certificate တွေကိုင်ပြီး Portfolio, Essay, Interview တွေဖြတ်သန်းပြီး ဝင်ခွင့်နဲ့ scholarship ရရှိခဲ့တာပါတဲ့။ အဲဒီအတွက် ကြိုတင်ပြင်ဆင်ထားကြပါ။ အားလုံးဇွဲမလျော့ကြပါနဲ့ အားလုံး Fighting ပါနော် ခလေးတို့။ Try your best.

AI အပိုင်း (၄) – လူငယ်တွေ AI ခေတ်အတွက် ဘယ်လိုပြင်ဆင်သင့်သလဲ https://ift.tt/hsvJ4nE Media AI နဲ့ အနာဂတ်အလုပ်အကိုင်များက ဘာလဲ ဘယ်လဲ နယူးယောက်တိုင်းသတင်းစာ ပညာရှင်စကားဝိုင်း (ဘာသာပြန်) မိုးမခ၊ ဇွန် ၂၃၊ ၂၀၂၆ AI အပိုင်း (၄) – လူငယ်တွေ AI ခေတ်အတွက် ဘယ်လိုပြင်ဆင်သင့်သလဲ Bill Wasik အနာဂတ်မှာ ပေါ်လာမယ့် အလုပ်အကိုင်အသစ်တွေ၊ အခွင့်အလမ်းအသစ်တွေအကြောင်း ပြောကြရအောင်။ လက်ရှိ လူငယ်တစ်ယောက်ကို “မင်း ဘာသင်ယူသင့်သလဲ”လို့ မေးရင် ဘယ်လိုအကြံပေးမလဲ။ Clara Shih ကျွန်မ အခု အသက် ၂၅ နှစ်ဝန်းကျင် လူငယ်တွေနဲ့ နေ့တိုင်း အလုပ်လုပ်နေရတယ်။ ကျွန်မ တွေ့ရတာက AI သင်တန်းတွေ၊ AI အကြံပေးချက်တွေ အများစုက အရမ်းယေဘုယျဆန်နေတယ်။ ဒါကြောင့် ကျွန်မတို့က Platform တစ်ခု စတင်ထားတယ်။ အဲဒီမှာ ဝင်ခါစ အဖြူရောင်အင်္ကျီအလုပ် (White-Collar Jobs) ၅၀ လောက်ကို တစ်ခုချင်း လေ့လာထားတယ်။ ဥပမာMarketing Software Engineering Accounting Finance စတဲ့ အလုပ်တွေ။ အလုပ်ခန့်တဲ့ Manager တွေကို မေးတယ်။ AI ကို ဘယ်လိုအသုံးပြုနေကြသလဲ AI ကြောင့် ဘယ်လို Skill တွေ ပြောင်းလဲလိုက်သလဲ ဆိုတာ သိချင်လို့။ ထွက်လာတဲ့ အဖြေကတော့ "ချမ်းသာနဲ့ ဆင်းရဲ အဆင့်အတန်း ဇာတ်ခွဲခြားထားတဲ့ ဇာတ်လမ်း" လိုပဲ ဖြစ်နေတယ်။ AI ကို နားလည်တဲ့ လူတွေ အထူးသဖြင့် AI Agent တွေ ဘယ်လို အလုပ်လုပ်တယ်ဆိုတာ သိတဲ့သူတွေက သူတို့ အိပ်မက်ထဲက အလုပ်တွေ ရနိုင်တယ်။ ဒါပေမယ့် AI Skill မရှိတဲ့သူတွေ အတွက်တော့ အောက် ခြေကစရတဲ့ အလုပ်အကိုင်တွေက တဖြည်းဖြည်း ပျောက်ကွယ်နေတယ်။ Bill Wasik ဒါပေမယ့် AI Skill ဆိုတာ တကယ်ရေရှည်အသုံးဝင်မှာလား။ AI Model တွေက အမြဲပြောင်းလဲနေတယ်။ အခု Model တစ်ခုမှာ သုံးတဲ့ နည်းလမ်းက နောက် Model တစ်ခုမှာ မလိုတော့တာမျိုး ရှိတယ်။ ဒါဆို AI ကို အသုံးချတဲ့ နည်းလမ်း သင်ယူတာက ရေရှည်မှာ တကယ် တန်ဖိုးရှိသေးလား။ Clara Shih AI Skill ဆိုတာ ရွေ့လျားနေတဲ့ ပစ်မှတ်တစ်ခုလိုပဲ။ မင်း ရထားပေါ် တက်လိုက်တယ်။ ဒါပေမယ့် အဲဒီရထား ဘယ်တော့မှ မရပ်ဘူး။ AI ခေတ်မှာ သင်ယူခြင်းက အဆုံးမရှိဘူး။ Model အသစ်ထွက်တိုင်း စမ်းသပ်ရမယ်။ ဥပမာ ဒီအလုပ်အတွက် Gemini က ပိုကောင်းတယ် ဒီအလုပ်အတွက် Claude က ပိုကောင်းတယ် ဆိုတာ သိလာရမယ်။ အဲဒါဟာ AI ခေတ်ရဲ့ Skill Set အသစ်ပဲ။ Ethan Mollick ကျွန်တော် စိုးရိမ်တာက ဝင်ခါစ ဝန်ထမ်းတွေ အတွက်ပါ။ လူတစ်ယောက်က ကိုယ်တိုင် မလုပ်ဖူးသေးတဲ့ အလုပ်တစ်ခုကို ကောင်းမကောင်း ခွဲခြားနိုင်ဖို့ လက်တွေ့အတွေ့အကြုံ လိုတယ်။ ဥပမာ Bill က New York Times ဆောင်းပါးတစ်ပုဒ်ကို မြင်လိုက်တာနဲ့ ကောင်းမကောင်း ချက်ချင်း သိနိုင်တယ်။ Daron နဲ့ ကျွန်တော်က သုတေသနစာတမ်းတစ်ခုကို မြင်လိုက်တာနဲ့ ဖတ်သင့် မဖတ်သင့် သိနိုင်တယ်။ Dean က ဥပဒေမူကြမ်းတစ်ခုကို ဖတ်လိုက်တာနဲ့ အားနည်းချက် ဘယ်မှာလဲ သိနိုင်တယ်။ Clara က Code တစ်ပိုင်းကို ကြည့်လိုက်တာနဲ့ ကျွမ်းကျင်သူ ရေးတာလား အရည်အချင်းမရှိသူ ရေးတာလား သိနိုင်တယ်။ ဒါပေမယ့် အတွေ့အကြုံမရှိတဲ့ လူတစ်ယောက်က အဲဒီလို မလုပ်နိုင်ဘူး။ AI Agent တွေကို စီမံခန့်ခွဲဖို့လည်း အဲဒီလို အတွေ့အကြုံ လိုတယ်။ ဒါက လူငယ်တွေ အတွက်ပဲ မဟုတ်ဘူး။ လူကြီးတွေ အတွက်လည်း ပြဿနာ ဖြစ်နိုင်တယ်။ Clara Shih ဒါကြောင့် ကျွန်မ ယုံကြည်တာက လူငယ်တိုင်း ကောလိပ်တက်နေစဉ်မှာ ဖြစ်စေ အထက်တန်းတက်နေစဉ်မှာ ဖြစ်စေ ကိုယ်ပိုင် Project တစ်ခု ရှိသင့်တယ်။ AI ကို အစကနေ အဆုံးအထိ အသုံးချပြီး ကိုယ်တိုင် တည်ဆောက်ကြည့်ဖူးရမယ်။ အဲဒီလို လုပ်တဲ့သူတွေက အလုပ်ရဖို့ လိုအပ်တဲ့ လက်တွေ့အတွေ့အကြုံကို ရလာမယ်။ Ethan Mollick ဒါပေမယ့် လူတိုင်းက Entrepreneur မဟုတ်ဘူး။ ကျွန်တော်က Entrepreneurship ကို သင်နေတာ နှစ်ပေါင်းများစွာ ရှိပြီ။ ကျွန်တော် Project တွေ ပေးဖူးတယ်။ ဒါပေမယ့် လူတိုင်းက အဲဒီလို မလုပ်နိုင်ဘူး။ မိသားစုနောက်ခံ စီးပွားရေးအခြေအနေ ပညာရေးအခွင့်အလမ်း စတဲ့ အချက်တွေက ကွာခြားနေတယ်။ Project လုပ်လိုက်ရုံနဲ့အောင်မြင်မယ်လို့ မပြောနိုင်ဘူး။ Clara Shih ဟုတ်ပါတယ်။ လွယ်တော့ မလွယ်ဘူး။ ဒါပေမယ့် AI ကို တကယ် နားလည်ချင်ရင် အစကနေ အဆုံးအထိ ကိုယ်တိုင် တစ်ခုခု လုပ်ကြည့်ဖို့ လိုတယ်။ AI ရဲ့ အကန့်အသတ်တွေ AI ရဲ့ အားသာချက်တွေ Model တွေ ဘယ်လို ပြောင်းလဲလာတယ် ဆိုတာ သိဖို့ ဒါက အရေးကြီးဆုံး Skill ဖြစ်တယ်။ Daron Acemoglu Clara ပြောတာဟာ လက်ရှိအခြေအနေကို ဖော်ပြတာ မှန်တယ်။ အခု လူတွေဟာ Model တစ်ခုချင်းစီကို အချိန်အများကြီး ပေးပြီး လေ့လာနေရတယ်။ သုံးလကြာရင် Model အသစ်တွေ ထပ်ပေါ်လာတယ်။ အဲဒီအခါ အစကနေ ပြန်လေ့လာရတယ်။နေရာတစ်ခုတည်းမှာ ရပ်တည်နိုင်ဖို့တောင် အမြဲတမ်း ပြေးနေရတယ်။ ကျွန်တော့်အမြင်မှာတော့ ဒါဟာ ထုတ်လုပ်နိုင်စွမ်း မြင့်တဲ့ အနာဂတ် မဟုတ်ဘူး။ စိုးရိမ်စရာကောင်းတဲ့ အနာဂတ်တစ်ခု ဖြစ်တယ်။ Clara Shih ဟုတ်တယ်။ ကျွန်မ အရင်က ပြောခဲ့သလိုပဲ။ AI ဟာ အံ့ဖွယ်ကောင်းတယ်။ တစ်ချိန်တည်းမှာ ကြောက်စရာလည်း ကောင်းတယ်။ ဒါဆို AI ကို ပိုကောင်းတဲ့ဘက်ကို ဘယ်လို တွန်းပို့မလဲ။ ပိုဆိုးတဲ့ဘက်ကို မရောက်အောင် ဘယ်လို ကာကွယ်မလဲ။…