uz
Feedback
SGFS (E-Library)

SGFS (E-Library)

Kanalga Telegram’da o‘tish

စာဖတ်ခြင်းနဲ့ ကမ္ဘာပတ်ကြမယ်

Ko'proq ko'rsatish
558
Obunachilar
Ma'lumot yo'q24 soatlar
-17 kun
-930 kun
Postlar arxiv
၂၀၂၆ မှာ ဖြစ်လာမယ့် အယ်လ်နီညို ၁။ El Niño (အယ်လ်နီညို) ဆိုတာ ဘာလဲ? အယ်လ်နီညိုဆိုတာ အပူပိုင်းပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာရှိတဲ့ ရေမျက်နှာပြင်အပူချိန်တွေ ပုံမှန်ထက် သိသိသာသာ မြင့်တက်လာတဲ့ သဘာဝရာသီဥတုဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ သူဟာ ကမ္ဘာလုံးဆိုင်ရာ လေထုလည်ပတ်မှုကို ကမောက်ကမဖြစ်စေပြီး ရာသီဥတုပုံစံတွေကို ပြောင်းလဲပစ်ပါတယ်။ ၂။ ပုံမှန်ထက် ပိုမိုခြောက်သွေ့ပူပြင်းမည့် ဒေသများ (Drier than normal - လိမ္မော်ရောင်ဇုန်) မြေပုံပေါ်ရှိ လိမ္မော်ရောင်ပြထားတဲ့ ဒေသတွေဟာ အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားမှုနဲ့ အပူလှိုင်းဒဏ်ကို ပိုမိုခံရလေ့ရှိပါတယ်။ အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံအပါအဝင်ဒေသများ အယ်လ်နီညိုနှစ်တွေမှာ အရှေ့တောင်အာရှဒေသဟာ မိုးရွာသွန်းမှု သိသိသာသာ လျော့နည်းပြီး ပုံမှန်ထက် ပိုမိုပူပြင်းလေ့ရှိပါတယ်။ ဒါဟာ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်နဲ့ တောမီးအန္တရာယ်တွေအတွက် အထူးသတိပြုရမယ့် အခြေအနေ ဖြစ်ပါတယ်။ ဩစတြေးလျမြောက်ပိုင်းနှင့် အရှေ့ပိုင်း မိုးခေါင်ရေရှားမှု ပြင်းထန်ပြီး တောမီးလောင်ကျွမ်းမှု အန္တရာယ် အလွန်မြင့်မားတတ်ပါတယ်။ အမေဇုန်မြစ်ဝှမ်း (တောင်အမေရိကမြောက်ပိုင်း) မိုးရေချိန်လျော့နည်းပြီး ကမ္ဘာ့အဆုတ်လို့တင်စားရတဲ့ အမေဇုန်တောအုပ်တွေ ခြောက်သွေ့မှုကို ရင်ဆိုင်ရပါတယ်။ အာဖရိကတောင်ပိုင်း သီးနှံဖြစ်ထွန်းမှုနဲ့ စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်စေတဲ့အထိ မိုးခေါင်တတ်ပါတယ်။ ၃။ ပုံမှန်ထက် မိုးပိုမိုများပြားမည့် ဒေသများ (Wetter than normal - အပြာရောင်ဇုန်) သမုဒ္ဒရာရေပြင် ပူနွေးလာမှုကြောင့် လေထုထဲ ရေငွေ့ပျံတက်မှု များပြားပြီး အချို့ဒေသတွေမှာ မုန်တိုင်းနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်စေပါတယ်။ ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းနှင့် တောင်အမေရိကအနောက်ဘက်ကမ်းရိုးတန်း (ဥပမာ-ပီရူး၊ အီကွေဒေါ) သမုဒ္ဒရာရေပြင် ပူနွေးလာမှုရဲ့ တိုက်ရိုက်သက်ရောက်မှုကြောင့် ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားတတ်ပါတယ်။ အမေရိကန်ပြည်ထောင်စု တောင်ပိုင်း ဆောင်းရာသီနဲ့ နွေဦးကာလတွေမှာ ပုံမှန်ထက် မိုးနဲ့နှင်း ပိုမိုများပြားတတ်ပါတယ်။ အာဖရိကအရှေ့ပိုင်း (Horn of Africa) အချို့သော အယ်လ်နီညိုဖြစ်စဉ်တွေမှာ ဒီဒေသဟာ ပုံမှန်ထက် မိုးပိုများပြီး ရေကြီးမှုကို ကြုံတွေ့ရတတ်ပါတယ်။ ၄။ ကမ္ဘာလုံးဆိုင်ရာ အကျိုးသက်ရောက်မှု အနှစ်ချုပ် ကမ္ဘာ့အပူချိန် စံချိန်တင်မြင့်တက်ခြင်း အယ်လ်နီညိုဖြစ်စဉ်ဟာ လေထုထဲကို အပူဓာတ်တွေ ပိုမိုထုတ်လွှတ်ပေးတဲ့အတွက် ကမ္ဘာ့ပျမ်းမျှအပူချိန်ကို ပိုမိုမြင့်တက်စေပြီး အပူဆုံးနှစ်စံချိန်တွေကို ချိုးဖျက်လေ့ရှိပါတယ်။ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ လုံခြုံမှု တစ်ဖက်မှာ မိုးခေါင်ပြီး တစ်ဖက်မှာ ရေကြီးတဲ့အတွက် ကမ္ဘာ့သီးနှံထုတ်လုပ်မှုကို တိုက်ရိုက်ထိခိုက်စေပါတယ်။ အဏ္ဏဝါဂေဟစနစ် ထိခိုက်ခြင်း သမုဒ္ဒရာရေပြင် ပူနွေးလာမှုကြောင့် သန္တာကျောက်တန်းများ အရောင်ချွတ်ခြင်း (Coral Bleaching) နဲ့ ငါးလုပ်ငန်းကဏ္ဍ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေပါတယ်။ မိုးလေဝသသတိပေးချက် အမြင် အယ်လ်နီညိုဖြစ်စဉ်ဟာ ရာသီဥတုဖောက်ပြန်မှု (Climate Change) နဲ့ ပေါင်းစပ်သွားတဲ့အခါ ပိုမိုပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ်တွေကို ဖန်တီးတတ်ပါတယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်မှု၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုနဲ့ စိုက်ပျိုးရေးဆိုင်ရာ ရာသီဥတုအခြေပြု အကြံပြုချက်များကို အစဉ်မပြတ် စောင့်ကြည့်လိုက်နာဖို့ လိုအပ်ပါတယ်။

photo content

ကမ္ဘာသည် မိမိတို့ ထင်ထားသလောက် မကြီးလှသဖြင့် လူတို့၏ လုပ်ဆောင်မှုများ၊ စွန့်ထုတ်လိုက်သည့် အမျိုးမျိုးသောအညစ်အကြေးများကြောင့် အလွယ်တကူ ညစ်ညမ်းလာနိုင်မှန်း စတင် ရိပ်မိလာကြသည်။ ၁၉၇၈ ခုနှစ်တွင် ပြင်သစ်ကမ်းလွန် ဘရစ်တန်နီဒေသ ရေပြင်၌ ရေနံတင်သင်္ဘော အမိုကိုကာဒစ် နစ်မြုပ်ရာမှ ရေနံ အကြီးအကျယ် ယိုဖိတ်ခြင်းနှင့် ၁၉၈၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဘိုပါးလ်စက်ရုံ ဓာတ်ငွေ့စိမ့်ထွက်ခြင်းတို့ကလည်း ပတ်ဝန်းကျင်ညစ်ညမ်းမှုအန္တရာယ် ဆိုသည်မှာ စိုးရိမ်စရာ ဖြစ်ကြောင်း တပ်လှန့်ပေးသည်။ အဆိုပါ ဖြစ်ရပ်များမှာ အတိုင်းအတာအားဖြင့် မသေးငယ်လှသော်လည်း ပြင်သစ် ကမ်းလွန်ရေပြင်က ရေနံစိမ်းများ၊ အိန္ဒိယနိုင်ငံ ဘိုပါးလ်စက်ရုံ၏ အဆိပ်ငွေ့များသည် ကမ္ဘာ့ အခြားဒေသများသို့ ရောက်ရန် မဆိုထားဘိ၊ ဆိုင်ရာနေရာများတွင်ပင် အချိန်ကြာလာသောအခါ လူတို့၏ မြင်ကွင်းမှ ပျောက်ပျယ်သွားကြသည်။ ယင်းတို့၏ နောက်ဆက်တွဲ ဆိုးကျိုး ရောဂါဘယ ခံစားကြရသူအချို့ ရှိသော်လည်း ကမ္ဘာ့ပြည်သူများ၏ ရင်တွင် ကြာရှည်စွဲမြဲစွာ ရှိနေအောင် မများပြားလှချေ။ ထွက်ပေါ်ခဲ့သည့် ရေနံနှင့် အဆိပ်ဓာတ်ငွေ့များသည် အပြောကျယ်လှသောကမ္ဘာကြီး၏ လေ ရေ မြေထဲတွင် စိမ့်ဝင် ပျောက်ကွယ်ကာ သဘာဝဝန်းကျင်သည် ရှေးကအတိုင်း သန့်စင်မြဲ သန့်စင်နေခဲ့သည်ဟု အတွေးမှားခဲ့ကြပြန်သည်။ အိုဇုန်းအပေါက် ၁၉၈၅ ခုနှစ်တွင် အန္တာတိကဒေသ လေထု၌ အိုဇုန်းအပေါက်ကို တွေ့ရှိမှုသည် ကမ္ဘာ့ပတ်ဝန်းကျင် ရေးရာတွင် အများပြည်သူတို့ကို တစ်ဖန် နိုးကြားလာစေသည့်အချက် ဖြစ်သည်။ အိုဇုန်းလွှာ ပေါက်နေခြင်းက ကမ္ဘာ့ လေထုသည် လူတို့ ထင်ရာစိုင်းတိုင်း အပြောင်းအလဲ မရှိ ကြံ့ကြံ့ခံလိမ့်မည် မဟုတ်ကြောင်း ကွက်ကွက်ကွင်းကွင်းပြလိုက်သည်။ အိုဇုန်းလွှာသည် ကမ္ဘာ့တောင်ဘက်စွန်း အန္တာတိကတိုက်၏ အပေါ်ယံလေထုတွင် အဓိက ပေါက်သော်လည်း ထိုသို့ပေါက်မှုကြောင့် အာကာသထဲမှ အန္တရာယ် ခရမ်းလွန်ရောင်ခြည်များ ကမ္ဘာ့မျက်နှာပြင်တစ်ခုလုံးပေါ်သို့ ဖြန့်ကြက် ကျဆင်းလာ တော့မည်လားဟု အထိတ်တလန့်ဖြစ်ခဲ့ကြသည်။ သိပ္ပံပညာရှင်များနှင့် အစိုးရများ၊ အဖွဲ့အစည်းများက စက်မှုလုပ်ငန်းနှင့် အိမ်သုံးကိရိယာများမှ ထွက်သော အိုဇုန်းလွှာကို ပေါက်စေသည့် ဓာတုပစ္စည်းများကို ထိန်းချုပ်လိုက်နိုင်သဖြင့် အများစိုးရိမ်သည့်အဆင့်အထိ မရောက်ခဲ့ပေ။ သို့သော် ထိုအချိန်တွင်ပင် အိုဇုန်းလွှာပေါက်မှုနှင့် အခြား သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုများထက် အဆပေါင်းများစွာဆိုးရွားသည့် ကမ္ဘာ့ရာသီဥတုဖြစ်စဉ်တစ်ခုလုံး ပြောင်းလဲနေသည်ကိုမူ အများက မရိပ်စားမိခဲ့ကြချေ။ စတင်ဖြစ်တည်စ ကိစ္စတို့၏သဘာဝအတိုင်း ရာသီဥတု ပြောင်းလဲမှုကို ကနဦးက မသိရှိသေး နားမလည်သေး သဘောမပေါက်သေးသည့်အပြင် ပတ်ဝန်းကျင် ညစ်ညမ်းခြင်းနှင့် ရာသီဥတု ပြောင်းလဲခြင်းတို့သည် ဆက်စပ်မှု အနည်းငယ် ရှိသော်လည်း ကွဲပြားသော ဖြစ်စဉ်များမှန်း မသိခဲ့ကြချေ။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုသည်မှာ လေထု မြေထု ရေထုတွင်းသို့ ယင်းတို့၏ ရုပ်ပိုင်း ဓာတ်ပိုင်း ဆိုင်ရာ အပြောင်းအလဲများကို ဖြစ်စေသည့် ဓာတ်ပစ္စည်းများ ဝင်ရောက်ပေါင်းစည်းလာခြင်းဟု ဖွင့်ဆိုကြသည်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုက လေ မြေ ရေတို့ထဲတွင် ရှင်သန်နေကြသည့် အပင်နှင့် သတ္တဝါတို့၏ နေထိုင်ရှင်သန်မှုကိုလည်း အနှောင့်အယှက် ဖြစ်စေ ထိခိုက်စေသည်။ ယနေ့ကမ္ဘာတွင် ဖြစ်ပေါ်နေသည့် ရာသီဥတု ပြောင်းလဲခြင်းသည် ကာဘွန်ဒိုင်အောက်ဆိုက်စသည့် ဖန်လုံအိမ်ဓာတ်ငွေ့များ လေထုတွင်း ဝင်ရောက်၍ လေထု၏ဖွဲ့စည်းပုံကို ပြောင်းလဲစေကာ ကမ္ဘာ၏ ရုပ်ပိုင်းနှင့် သက်ရှိ ဇီဝပိုင်းဆိုင်ရာကို ထိခိုက်နေသဖြင့် သဘာဝပတ်ဝန်းကျင်ပြောင်းလဲခြင်းတစ်မျိုး ဟု ဆိုနိုင်သည်။ သို့သော် အဆိပ်ငွေ့များကြောင့် လေထုညစ်ညမ်းခြင်း၊ ရေနံယိုဖိတ်မှု အညစ်အကြေးများစီးဝင်မှု စသည်တို့ကြောင့် ရေထုညစ်ညမ်း ခြင်းတို့မှာ ဖြစ်ပွားသည့် ဒေသတစ်ဝိုက်တွင်သာ ဆိုးကျိုးများကို ဖန်တီးပြီး ယင်းဆိုးကျိုးများမှာလည်း နှစ်အနည်းငယ်ကြာသောအခါ ပြေပျောက်သလောက် ဖြစ်သွားသည်။ လက်ဆင့်ကမ်းဆိုးမွေ ရာသီဥတု ပြောင်းလဲခြင်းမှာမူ တစ်ကမ္ဘာလုံးကို ခြုံ၍ ဖြစ်ပေါ်နေပြီး ယင်း၏အကျိုးဆက်သည် ရာစုနှစ်နှင့်ချီ၍ ကြာမည် ဖြစ်၍ သာမန် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုထက် များစွာ ကျယ်ပြန့်ဆိုးရွားသည်။ လက်ရှိလူသားတို့က ယခုချက်ချင်း ရုပ်ကြွင်းလောင်စာအသုံး လုံးဝရပ်ဆိုင်းကာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်မှုကို ရပ်တန့်လိုက်ကြသည့် တိုင်အောင် လေထုတွင်း ရောက်နှင့်ပြီးဖြစ်သည့် ဓာတ်ငွေ့များ၏သတ္တိကြောင့် ရာသီဥတု ဆက်လက်ပြောင်းလဲနေဦးမည်။ ရုပ်ကြွင်းလောင်စာအသုံး လျှော့ကြလျှင်မူ လျှော့သည်နှင့်အမျှ ရာသီဥတုပြောင်းလဲမှု ပမာဏ လျော့မည်။ ရုပ်ကြွင်းလောင်စာအသုံး မလျှော့နိုင်ကြလျှင် ယနေ့ လူသားများနှင့် အနာဂတ်မျိုးဆက်တို့ခံကြရမည့် အကျိုးဆက်မှာ မတွေးဝံ့လောက်အောင် ဖြစ်သည်။

ပြောင်းလဲခြင်းအကြောင်း အကျိုးတရားတစ်ခု ပေါ်ပေါက်လာလျှင် ယင်းအကျိုးကို ပေါ်ပေါက်စေသော နောက်ခံအကြောင်းတရား ရှိမြဲဖြစ်သည့်အတိုင်း ရာသီဥတု ပြောင်းလဲလာရခြင်း၏ အကြောင်းရင်းကို လေ့လာသောအခါ ကမ္ဘာ့ကြီး ပူနွေးလာခြင်းကြောင့် ဖြစ်ကြောင်း တွေ့ရှိကြသည်။ လူ့ခန္ဓာကိုယ် အပူချိန် ကြာရှည်တက်လာသောအခါ ခန္ဓာ၏ ဇီဝကမ္မစနစ်ကို ထိခိုက်ပြီး အစားအသောက် ပျက်ခြင်း၊ ထိုင်းမှိုင်းလေးလံခြင်းစသည်တို့ ဖြစ်လာသကဲ့သို့ လူတို့ မှီတင်းနေထိုင်ရာ ကမ္ဘာကြီးတွင်လည်း ပျမ်းမျှအပူချိန် တက်လာသဖြင့် အထက်ဖော်ပြပါ ရာသီဥတု ပြောင်းလဲမှု လက္ခဏာများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာခြင်း၏အကြောင်းရင်းကို ဆက်၍ လေ့လာလျှင် လူတို့က ရုပ်ကြွင်းလောင်စာများကို လောင်မြှိုက်ခြင်းဖြင့် ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို လေထုတွင်း သွတ်သွင်းကြခြင်းဟူသော ဖြစ်စဉ်ကို တွေ့ရမည်။ လူတို့သည် မိမိတို့၏ လက် ခြေစသော ကိုယ်အင်္ဂါလှုပ်ရှားမှုနှင့် ခွန်အားကို အသုံးချ၍ အသက်မွေးခဲ့ကြရာမှ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ ခန့်မှ စ၍ စက်ကိရိယာများကို တီထွင်အသုံးချခြင်းဖြင့် မိမိတို့၏လူနေမှုဘဝကို အရှိန်အဟုန်နှင့် မြှင့်တင်ခဲ့ကြသည်။ ယင်းစက်ကိရိယာများကို လည်ပတ် မောင်းနှင်ရန် လိုအပ်သည့် စွမ်းအင်အတွက် ရုပ်ကြွင်းလောင်စာများ ဖြစ်ကြသော ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့တို့ကို အသုံးပြု လောင်မြိုက်ကြသည်။ ထိုသို့လောင်မြိုက်ရာမှ ဘေးထွက်ပစ္စည်းအဖြစ် ကာဘွန်ဒိုင်အောက်ဆိုက် ထွက်ပေါ်လာကာ လေထုတွင်း ရောက်ရှိသည်။ ကာဘွန်ဒိုင်အောက်ဆိုက်သည် မူလကပင် လေထုတွင်း ရှိနှင့်နေပြီးသော ဓာတ်ဖြစ်ကာ ကမ္ဘာကို အလောတော် အပူချိန်၌ နွေးထွေးစေခြင်းဖြင့် အကျိုးပြုနေသည်။ သို့သော် လူတို့၏ ပယောဂကြောင့် ယင်းဓာတ်များ လေထုတွင်း ထပ်ဝင်လာသောအခါ ရှိသင့်သည့် ပမာဏထက် ပိုလာသဖြင့် ကမ္ဘာ့အပူချိန် တက်လာရသည်။ မသိမှုအရင်းခံ စက်များကို တစ်ချိန်ထက် တစ်ချိန် အလုံးအရင်းနှင့်တိုးမြှင့် အသုံးပြုခဲ့ကြသော လူတို့သည် မိမိတို့၏ ပယောဂကြောင့် ကမ္ဘာ့အပူချိန် တက်လာနေမှန်း၊ ရာသီဥတုပြောင်းနေမှန်း အချိန်အတော်နှောင်းမှ သိကြသည်။ အကယ်၍ စောစီးစွာ သိခဲ့ပါလျှင် ယခုကဲ့သို့ ကမ္ဘာ့အပူချိန် လျင်မြန်စွာတက်ပြီး ရာသီဥတုပါ ပြောင်းလဲခြင်း ဖြစ်မလာအောင် ဆင်ခြင်ထိန်းသိမ်းခဲ့ဖွယ် ရှိသည်။ သို့သော် ဖြစ်နေသည့် အကြောင်းရင်းနှင့် ဖြစ်လာမည့် အကျိုးဆက်တို့ကို ဆက်စပ်၍ သိနိုင်စွမ်းမရှိခဲ့သဖြင့် အပူချိန်တက်ကာ ရာသီပြောင်းလာ ခဲ့သည်။ ထို့ကြောင့် ရာသီဥတုပြောင်းလဲခြင်းသည် လူတို့၏ မသိမှုအကြောင်းမှ မြစ်ဖျားခံခဲ့သည်ဟု ကောက်ချက်ဆွဲယူနိုင်သည်။ မသိမှုဆိုရာတွင် တစ်ဦး တစ်ယောက် တစ်စုတစ်ဖွဲ့ တစ်ဒေသ တစ်နိုင်ငံတည်း၏ မသိမှုမျိုးမဟုတ်၊ လူသားတိုင်း၏ မသိမှုများ ဖြစ်ကြသည်။ တစ်ဖန် ရာသီဥတုပြောင်းလဲနေခြင်းဖြစ်စဉ်နှင့် ပတ်သက်၍ မသိမှု၏ ဇာစ်မြစ်ကို ခြေရာကောက်သောအခါ ကျယ်ဝန်းလှသော ကမ္ဘာသည် အနန္တ ဖြစ်သယောင် လူတို့က ထင်နေကြသောအချက်တွင် မြစ်ဖျားခံသည်။ ကမ္ဘာမြေပြင်ဧရိယာ စတုရန်းကီလိုမီတာ သန်း ၅၁၀ ကို လက်ရှိကမ္ဘာ့လူဦးရေ သန်း ၈၂၀ဝ နှင့် အချိုးချလျှင် လူတစ်ဦးအတွက် စတုရန်းမီတာ ၆၂၀ဝ၀ ခန့် ပျမ်းမျှနေရာရှိသည်။ ကျယ်ဝန်းလှသော ခြံကြီးတစ်ခု၏ အလယ်ရှိ အိမ်ကြီး ရခိုင်တွင် လူနှစ်ဦး သုံးဦးသာ ရှိသည့် မိသားစုသည် မိမိတို့ လူးလိုရာ လူး၊ လှိမ့်လိုရာလှိမ့်၊ အော်ချင်တိုင်း အော်၊ အညှော်ကြိုက်သလောက်လုပ်၊ အမှိုက်သရိုက် အညစ်အကြေး မည်မျှထွက်ထွက် မိမိအိမ်နှင့်ခြံ၏ သန့်ရှင်းမှုကို ချက်ချင်း မထိခိုက်နိုင်ဟု ထင်ကြသကဲ့သို့ လူတို့သည် မိမိတို့ စွန့်ထုတ်လိုက်သော အမှိုက်သရိုက် အညစ်အကြေးမျိုးစုံ အဆိပ်ငွေ့ စသည်တို့ကို ကျယ်ဝန်းလှသော ကမ္ဘာ၏ လေထု မြေထု ရေထုက သဘာဝအလျောက် သန့်စင် စုပ်ယူပျောက်ကွယ်သွားစေသည်ဟု ထင်မှတ်ကာ စွန့်ချင်တိုင်း စွန့်၊ ထုတ်ချင်တိုင်း ထုတ်ခဲ့ကြသည်။ တယုတယထွေးပိုက်ထားရမည့်ကမ္ဘာ လူများ ထင်နေသကဲ့သို့ ကမ္ဘာသည် အပြောမကျယ်လှကြောင်း ပြသလိုက်သော ဖြစ်ရပ်တစ်ခု လွန်ခဲ့သော နှစ်ပေါင်း ၆၀ နီးပါးခန့်က ထွက်ပေါ်ခဲ့သည်။ ယင်းအချိန်က အမေရိကန်တို့သည် လကမ္ဘာလေ့လာရေးကို စူးစိုက် လုပ်ဆောင်နေခဲ့ရာ အပိုလို-၈ အာကာသယာဉ်ဖြင့် လကို လှည့်ပတ်လေ့လာရင်း ၁၉၆၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က အာကာသယာဉ်မှူး တစ်ဦး ရိုက်ယူပေးပို့လိုက်သော လ၏ မိုးကုပ်စက်ဝိုင်းပေါ်မှ ကမ္ဘာကြီး ထွက်ပြူလာသည့် ရှုခင်းမှာ ရင်သပ်ရှုမောဖွယ်ကောင်းသကဲ့သို့ အာကာသထဲတွင် အထီးကျန် လွင့်မျောနေသည့် ကမ္ဘာ၏ပုံရိပ်ကို လူတို့အား ကွက်ကွက်ကွင်းကွင်း ပြသလိုက်သည်။ ယင်းရှုခင်းကို မြင်ရသည့် အမေရိကန် မနုဿဗေဒပညာရှင် မာဂရက်မိ(ဒ်)က ''လကနေ ရိုက်ထားတဲ့ ကမ္ဘာရဲ့ပုံကို မြင်တော့မှ ဒီကမ္ဘာဟာ ဘယ်လောက်ငယ်သလဲ၊ ဘယ်လောက် အကူအညီမဲ့နေသလဲ ဆိုတာကို သိတော့တယ်၊ ကမ္ဘာဟာ ကျွန်မတို့ရဲ့ လက်မောင်းတွေကြားမှာ တယုတယနဲ့ ထွေးပိုက်ထားဖို့ ကောင်းတဲ့အရာပါ''ဟု ပြောခဲ့သည်။

"ရုပ်ကြွင်းလောင်စာတွေ သုံးရင် ဒီလိုဖြစ်မယ်မှန်း မသိခဲ့ကြဘူးလား။ " "မသိခဲ့ပါ။ မသိခဲ့၍ သုံးခဲ့ကြခြင်း ဖြစ်ပါသည်။" "ဘယ်လို မသိခဲ့သလဲ" ဆိုတာကို အကျယ်တဝင့် သိလိုသူများ အောက်ပါဆောင်းပါးကို ဖတ်ပါ။ မသိမှုမှ ပေါက်ဖွားလာသော ပူနွေးကမ္ဘာ နေရာဒေသတစ်ခု၏ မိုးလေဝသအခြေအနေကို မေးလျှင် မိုးရွာနေသည်၊ လေတိုက်နေသည်၊ ပူသည်၊ အေးသည် စသည်ဖြင့် ပြောကြသည်။ ယင်း 'မိုးလေဝသ'ဟူသောဝေါဟာရနှင့် နေရာအတော်များများ၌ တပူးပူး တတွဲတွဲ ရေးသား ပြောဆိုနေကြသော စကားလုံးတစ်ခုမှာ 'ရာသီဥတု' ဖြစ်သည်။ အချို့က မိုးလေဝသနှင့် ရာသီဥတုတို့ကို ရောထွေးကာ အဓိပ္ပာယ်တူဟု ထင်မှတ်မှားတတ်ကြသည်။ ရာသီဥတုဆိုသည်မှာ နေရာဒေသတစ်ခု၏ မိုးရွာခြင်း၊ လေတိုက်ခြင်း၊ ပူခြင်း၊ အေးခြင်းတို့သည် ယင်းနေရာ ယင်းအရပ်၏ မိုးလေဝသအခြေအနေ ဖြစ်သည်။ ယင်းဒေသတွင် ကာလရှည်ကြာစွာ ဖြစ်ပေါ်နေသော မိုးလေဝသ အခြေအနေများကို ခြုံငုံစုပေါင်း၍ အဆိုပါဒေသ၏ ရာသီဥတု မည်သို့ရှိသည်ဟု သတ်မှတ် ပြောဆိုကြသည်။ ဥပမာ အီကွေတာဝန်းကျင်အရပ်များတွင် တစ်နှစ်ပတ်လုံး ပူတတ်ကာ မိုးလည်း နေ့စဉ်လိုလို သို့မဟုတ် လအတန်ကြာ ရွာသွန်းနေသဖြင့် ယင်းဒေသ၏ နေ့စဉ် မိုးလေဝသအခြေအနေကို မေးလျှင် ပူသည်၊ မိုးရွာသည် စသည့် အဖြေများကိုသာ ကြားရမည်။ အဆိုပါ နေ့စဉ် ကြုံတွေ့ရသော မိုးလေဝသ အခြေအနေများကို ကာလကြာ စုပေါင်း၍ အီကွေတာဒေသတွင် ပူအိုက်စွတ်စိုသော ရာသီဥတု ရှိသည်ဟု ဆိုရသည်။ ဝင်ရိုးစွန်းအရပ်များတွင်မူ နေ့စဉ် အေးခဲသော မိုးလေဝသအခြေအနေများကိုသာ တစ်နှစ် ပတ်လုံး ကြုံတွေ့ခံစားကြရသဖြင့် ယင်းအရပ်များတွင် အေးသောရာသီဥတု ရှိသည်ဟု အသိအမှတ်ပြုကြသည်။ သုတေသနနှင့်နည်းစနစ်များ တစ်ဟုန်ထိုး တိုးတက်လာသော ယနေ့ခေတ်တွင် ရာသီဥတုကို အထက်ပါ အတိုင်း ''ဒေသတစ်ခု၌ ကာလ ရှည်ကြာစွာ ဖြစ်ပေါ်နေသော မိုးလေဝသ အခြေအနေများ'' ဟုသာ သတ်မှတ် ပြောဆိုခြင်းသည် ပြည့်စုံလုံလောက်ခြင်း မရှိတော့ဟု ပညာရှင် အများက ယူဆကြသည်။ ရာသီဥတုကို ဖြစ်ပေါ်စေရာတွင် ပါဝင်ခြယ်လှယ်သည့် ရေထု၊ လေထု၊ မြေထုတို့အပြင် သက်ရှိများကို တစုတစည်းတည်း သဘောထား၍ သတ်မှတ်လေ့လာသည့် ဘိုင်အိုစဖီးယားခေါ် ဇီဝထု စသည်တို့ကိုပါ ခေတ်သစ်သိပ္ပံက ယခင်ကထက် များစွာတိုးချဲ့လေ့လာနိုင်ပြီဖြစ်သည်။ ထို့ကြောင့် ''ရာသီဥတုဗေဒ''သည် ရာသီဥတုနှင့် အထက်ပါ သဘာဝအစိတ်အပိုင်းများ၏ ဆက်စပ် ပတ်သက်မှုကိုပါ ထည့်သွင်း တွက်ချက်လာနိုင်သည်။ ယခုအခါ ဒေသတစ်ခု၏ ရာသီဥတုအခြေအနေကို ဖော်ပြရာ၌ ယင်းဒေသ၏ ရေရှည် မိုးလေဝသ အခြေအနေများသာမက ယင်းအခြေအနေများနှင့် ပတ်သက်ယှက်နွယ်နေသော ရေထု၊ လေထု၊ မြေထု၊ ဇီဝထု စသည်တို့၏ အခြေအနေများပါ ထည့်သွင်း ဖော်ပြလာကြသည်။ ဥပမာ - ရာသီဥတုပြောင်းလဲခြင်းကြောင့် တိရစ္ဆာန်အချို့ နေရင်းဒေသကို စွန့်ခွာပြီး မိမိတို့နှင့် ကိုက်ညီသော ရာသီဥတု ရှိရာသို့ ပြောင်းရွှေ့နေထိုင်ခြင်း ဖြစ်သည်။ ပြောင်းလဲနေသောရာသီဥတု ပညာရပ်၏ တိုးတက် ပြောင်းလဲခြင်းကို လိုလား ကြိုဆိုကြသော ရာသီဥတုဗေဒပညာရှင်တို့သည် ယင်းတို့ မလိုလားသော မကြိုဆိုလိုသော ပြောင်းလဲခြင်းတစ်ခုကို လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်မှစ၍ တွေ့ရှိခဲ့ကြသည်။ ယင်းမှာ ရာသီဥတုဗေဒ အခြေစိုက်ရာ ကမ္ဘာ့ရာသီဥတုစနစ်ကြီး တစ်ခုလုံး ပြောင်းလဲနေခြင်းပင် ဖြစ်သည်။ တစ်နေ့ချင်း၊ ရက်သတ္တတစ်ပတ်ချင်း သုံးသပ်ပါက ဒေသတစ်ခု၏ မိုးရွာ၊ နေပူ စသည့် မိုးလေဝသ အခြေအနေများ၏ ပြောင်းလဲနေမှုကို သိသာစွာ မမြင်နိုင်သော်လည်း ယင်းဖြစ်စဉ်တို့၏ ရေရှည်မှတ်တမ်းများ ဖြစ်ကြသော ရာသီဥတုအခြေအနေကို လေ့လာသောအခါ ကမ္ဘာ့ဒေသအားလုံး၏ ရာသီဥတုမှာ ပြောင်းလဲလာခဲ့ပြီ ဖြစ်ကြောင်း ခိုင်လုံစွာ သိလာကြသည်။ ဤနေရာ၌ ရာသီဥတုပြောင်းလဲခြင်း ဆိုသည်မှာ နွေရာသီမှ မိုးရာသီ၊ မိုးရာသီမှ ဆောင်းရာသီ စသည်ဖြင့် ရာသီတစ်မျိုးမှ နောက်တစ်မျိုးသို့ ကူးပြောင်း ရောက်ရှိခြင်းကို မဆိုလိုဘဲ ရာသီတစ်ခုအတွင်း၌ ပုံမှန်ဖြစ်နေကျ အခြေအနေများ ပုံမှန်မှ သွေဖည်လာခြင်းကို ဆိုလိုသည်။ အချို့နေရာများတွင် မိုးရွာသွန်းသည့် နေ့ရက်များတိုးလာနေပြီး အချို့ဒေသများတွင်မူ မိုးခေါင်သည့် ကာလ ရှည်လျားလာနေသည်။ ကမ္ဘာ၏ 'ခေါင်ဖျား'ဟု ဆိုသော အာတိတ် ဒေသ၊ ကမ္ဘာ၏ 'အောက်ခြေ' ဖြစ်သော အန္တာတိကဒေသ၊ ဟိမဝန္တာတောင် ထိပ်များစသည်တို့၌ ရေခဲပြင်များ တတိတိ အရည်ပျော်လာနေသည်။ ပင်လယ်ရေပြင် တအိအိ မြင့်လာနေသည်။ သီးနှံအချို့၏ မှည့်ဝင်းချိန် ရိတ်သိမ်း ခူးဆွတ်ချိန်များ တရွေ့ရွေ့ ပြောင်းလာနေသည်။ အပူပိုင်းဒေသတွင်သာ ရှင်သန်နိုင်ခဲ့သည့် ရောဂါပိုးသယ် သတ္တဝါအချို့ သမပိုင်းသို့တိုင် တစ်စတစ်စ နယ်ချဲ့ရောက်ရှိ၍ ရောဂါဘယ ဖြစ်ပွားမှုနယ်ပယ်နှင့် အရေအတွက် တိုးပွား လာနေသည်။ ရာသီပြောင်းမှုကို မခံနိုင်၍ မျိုးသုဉ်းသွားသော သက်ရှိမျိုးစိတ် အရေအတွက် တဖြည်းဖြည်းများပြားလာနေသည်။ သန္တာကျောက်တန်းများ တဖြုတ်ဖြုတ် ပျက်စီးလာနေသည်။ ယင်းတို့မှာ ရာသီဥတု ပြောင်းလဲမှု၏ လက္ခဏာများ ဖြစ်ကြသည်။

photo content

photo content

ဒီနေ့ထုတ် နယူးယောက်တိုင်းမ်သတင်းစာမှာ ဖော်ပြတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းအကြောင်းဆောင်းပါးကို ဘာသာပြန်မျှဝေလိုက်ပါတယ်။ ———— ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ရာထူးနဲ့ နယူးယောက်မြို့၊ အပ်ပါးအီးစ်ဆိုက်က မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးကို ငါးနှစ်ကျော်ကြာတဲ့အထိ လက်မလွှတ်ဘဲ ထိန်းသိမ်းထားပါတယ်။ ရေးသားသူ — Verena Hölzl ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက် နယူးယောက်မြို့ စင်ထရယ်ပတ်ခ်နား၊ အရှေ့ ၇၇ လမ်းပေါ်မှာ ငါးထပ်အဆောက်အအုံတစ်လုံး ရှိပါတယ်။ ဒီအဆောက်အအုံဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးပါ။ အဝေးမှာ ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခဟာ ဒီအဆောက်အအုံထဲမှာပါ တိုက်ရိုက်ပေါ်လွင်နေပါတယ်။ အပေါ်ဆုံးနှစ်ထပ်မှာ စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရရဲ့ အမိန့်ကို နာခံတဲ့ သံတမန်တွေ ရှိပါတယ်။ အောက်သုံးထပ်ကိုတော့ အဲဒီအစိုးရဟာ တရားဝင်အစိုးရမဟုတ်ဘူးလို့ လက်မခံတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထိန်းချုပ်ထားပါတယ်။ ဦးကျော်မိုးထွန်းဟာ ၂၀၂၀ ပြည့်နှစ်၊ ကိုဗစ်ကပ်ရောဂါ အဆိုးဆုံးအချိန်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် နယူးယောက်ကို ရောက်လာခဲ့ပါတယ်။ သူကိုယ်စားပြုခဲ့တဲ့ ရွေးကောက်ခံအစိုးရကို လအနည်းငယ်အကြာ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး ဖြုတ်ချခဲ့ပါတယ်။ ဒါပေမဲ့ ဦးကျော်မိုးထွန်းက စစ်ဗိုလ်ချုပ်တွေအတွက် အလုပ်လုပ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ သူ့ရဲ့ ကုလသမဂ္ဂရာထူးကိုလည်း လက်မလွှတ်ခဲ့သလို မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးကိုလည်း စစ်တပ်ဘက်က မသိမ်းနိုင်အောင် ဆက်ပြီးထိန်းထားခဲ့ပါတယ်။ ဒီအခြေအနေက မြန်မာနိုင်ငံမှာ ဒီမိုကရေစီအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေကြရတဲ့ အခြေအနေကို နယူးယောက်မြို့လယ်မှာ မြင်နေရသလိုပါပဲ။ တစ်ချိန်က ဦးကျော်မိုးထွန်းရဲ့ လက်အောက်ငယ်သားတွေဖြစ်ခဲ့ပြီး အခု စစ်တပ်ဘက်က ရပ်တည်နေသူတွေရော၊ ဦးကျော်မိုးထွန်းဘက်က လူတွေပါ ဒီအဆောက်အအုံကို ဘယ်တော့မှ လူလွတ်မထားရဲကြပါဘူး။ တစ်ဖက်က အခွင့်အရေးရရင် တံခါးသော့ပြောင်းပြီး ရုံးကို သိမ်းသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့်ပါ။ “သော့က ကျွန်တော်တို့လက်ထဲမှာ ရှိတယ်” လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။ အပေါ်ထပ်မှာရှိတဲ့ စစ်တပ်ဘက်ကလူတွေကို ရည်ညွှန်းပြီးတော့လည်း— “ကျွန်တော်တို့ ဘာလုပ်နေတယ်ဆိုတာ သူတို့အမြဲစောင့်ကြည့်နေကြတယ်။ ဒီနေ့ ခင်ဗျား ဒီကိုလာတဲ့အကြောင်းတောင် သူတို့ရဲ့ အစီရင်ခံစာထဲမှာ ပါသွားလိမ့်မယ်” လို့ ပြောပါတယ်။ အရှေ့ ၇၇ လမ်းပေါ်က ရုံးအဆောက်အအုံရှေ့မှာ မြန်မာအလံကို တိုင်တစ်ဝက်ပဲ လွှင့်ထားပါတယ်။ ဒါဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သဘောထားကို ပြသထားတာပါ။ ကုလသမဂ္ဂရဲ့ စာရင်းမှာတော့ စစ်တပ်က ဖြုတ်ချခဲ့တဲ့ ရွေးကောက်ခံအစိုးရကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ဆက်လက်ဖော်ပြထားပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂအထွေထွေညီလာခံအတွက် ကမ္ဘာ့ခေါင်းဆောင်တွေ နယူးယောက်ကို လာရောက်ကြမယ့်အချိန်နီးလာတာနဲ့အမျှ စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရက ဦးကျော်မိုးထွန်းအပေါ် ဖိအားပိုပေးလာပါတယ်။ ယခင်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း သူ့ကိုယ်သူ အရပ်သားသမ္မတတစ်ယောက်လို ပုံဖော်လာပါတယ်။ လွတ်လပ်မျှတမှုမရှိတဲ့ အတုအယောင်ရွေးကောက်ပွဲလို့ ဝေဖန်ခံထားရတဲ့ ရွေးကောက်ပွဲကနေ သမ္မတရာထူးရလာတာပါ။ အဲဒီနောက်မှာတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီနဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့လို နိုင်ငံ့ခေါင်းဆောင်တွေနဲ့အတူ ကော်ဇောနီပေါ်မှာ တွေ့လာရပါတယ်။ ဇူလိုင်လတုန်းက မြန်မာအစိုးရက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဆီကို စာပို့ခဲ့ပါတယ်။ အဲဒီစာထဲမှာ ဦးကျော်မိုးထွန်းက ကုလသမဂ္ဂရာထူးမှာ ဆက်နေနိုင်ဖို့ ကြိုးစားရင်း ဒေါ်လာ ၂ ဒသမ ၆ သန်းကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ သူ့ကို “တရားပြေး၊ သူခိုး၊ သစ္စာဖောက်” လို့လည်း ခေါ်ခဲ့ပါတယ်။ ဒီလထဲမှာတော့ အဲဒီစွပ်စွဲချက်တွေကို ထပ်ပြောခဲ့ပြီး အင်တာပိုလ်နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ ဆက်သွယ်နေတယ်လို့လည်း ဆိုပါတယ်။ “ဒီနှစ်မှာတော့ သူတို့ဘက်က အစွမ်းကုန်ကြိုးစားနေကြတာ” လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။ စစ်တပ်က ၂၀၂၁ ခုနှစ်မှာ သူ့ကို ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကို ပယ်ဖျက်ခဲ့သလို ကိုယ်စားလှယ်အဖွဲ့ရုံးရဲ့ ဘဏ်အကောင့်ကို ပိတ်နိုင်ဖို့လည်း အကြိမ်ကြိမ်ကြိုးစားခဲ့တယ်လို့ သူက ဆိုပါတယ်။ ဦးကျော်မိုးထွန်းကို လူအများဆုံး မှတ်မိကြတာကတော့ ၂၀၂၁ ခုနှစ်မှာ ကုလသမဂ္ဂစင်မြင့်ပေါ်ကနေ စစ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တဲ့အချိန်ပါ။ ဒီနှစ် ဇွန်လမှာလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သူ့ရဲ့တာဝန်ကို ထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ထို့အပြင် ကျောင်းမှာ သီးသန့်သုံးစွဲတဲ့ ဘာသာစကား (Eton Slang) တွေလည်း ရှိပါတယ်။ ဆရာတွေကို "Beaks"၊ စာသင်ချိန်ကို "Divs"၊ စာမေးပွဲကို "Trials"၊ ကျောင်းသားခေါင်းဆောင်တွေကို "Pop" လို့ ခေါ်ဆိုကြပါတယ်။ စည်းကမ်း ဖောက်ဖျက်လို့ နောက်ကျရင် "Tardy Book" မှာ စာရင်းထိုးရပြီး၊ ပြစ်ဒဏ်ကြီးရင် "The Bill" လို့ခေါ်တဲ့ ပြစ်ဒဏ်စာရင်းထဲ ရောက်ရှိသွားပါတယ်။ ကျောင်းသားတိုင်းဟာ သီးသန့် အခန်းတစ်ခန်းစီ ရရှိကြပြီး အခန်းသန့်ရှင်းရေး လုပ်ပေးတဲ့ "Boys' maid"၊ အကူအညီပေးတဲ့ "Uncle" နဲ့ အချိန်ဇယား စီမံပေးတဲ့ "Timelord" တို့ရဲ့ ဝန်ဆောင်မှုကို ရရှိကြပါတယ်။ အသက် ၁၆ နှစ် ပြည့်သွားရင်တော့ ကျောင်းပိုင် "Tap" လို့ခေါ်တဲ့ အရက်ဆိုင်မှာ တစ်ပတ်ကို ဘီယာ ၂ ခွက်အထိ သောက်သုံးခွင့် ရရှိကြပါသေးတယ်။ အားကစားပိုင်းမှာလည်း အခြား ဘာကျောင်းမှာမှ မရှိတဲ့ Eton Wall Game (၁၇၁၇ ခုနှစ်က ဆောက်ခဲ့တဲ့ အုတ်တံတိုင်းဘေးမှာ ကစားရပြီး ၁၉၀၉ ခုနှစ်ကတည်းက ဂိုးမဝင်ခဲ့ဖူးတဲ့ ဂိမ်း) နဲ့ Eton College ဘုရားကျောင်းလှေကားထစ် ပုံစံအတိုင်း ဆောက်လုပ်ထားတဲ့ လက်ပစ်ဘောလုံးဂိမ်း Eton Fives တို့လို သီးသန့် အားကစားနည်းတွေကို ကစားကြရတာပါ။ စိတ်ဝင်စားစရာက Eton Wall Game ရဲ့ အဓိကပွဲစဉ်မှာ Collegers (ပညာသင်ဆုရကျောင်းသားများ) နဲ့ Oppidans (ကျောင်းလခပေး တက်သူများ) ဆိုပြီး အသင်းနှစ်ဖွဲ့ ခွဲပြီး ယှဉ်ပြိုင်ကစားကြတာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၅၈၀ ကျော် ရိုးရာတွေကို ထိန်းသိမ်းထားရင်း ကမ္ဘာ့အဆင့်မီ ခေါင်းဆောင်တွေကို မွေးထုတ်ပေးနေတဲ့ Eton ကျောင်းတော်ကြီးမှာ အနာဂတ်ဗြိတိန်ဘုရင်လေး ဂျော့ဂျ်မင်းသားရဲ့ ကျောင်းသားဘဝ ခရီးသစ်ကတော့ စတင်လို့နေပါပြီ။ ဒီကျောင်းတော်ကြီးမှာ ဗြိတိန်ရဲ့ အနာဂတ်ဘုရင်လေးတစ်ပါး ဘယ်လိုပုံစံနဲ့ ပြုစုပျိုးထောင်ခံရပြီး အရွယ်ရောက်လာမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါဘဲ။ Disclaimer: This Facebook page retells public life stories and well-known events using information from reputable publicly available sources.

အနာဂတ်မင်းလောင်း ဂျော့ဂျ်မင်းသား အခုစတက်နေတဲ့ Eton College ဆိုတာက ဝန်ကြီးချုပ် အယောက် ၂၀ ကိုမွေးထုတ်ခဲ့တဲ့ကျောင်းဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံသမိုင်းက ပထမဆုံး ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးချုပ်ဟောင်း ၃ ပုံ ၁ ကျော်က ဒီကျောင်းထွက်တွေပါ။ ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ အနာဂတ် ဗြိတိန်နိုင်ငံရဲ့ ထီးနန်းကို ဆက်ခံမယ့်သူ အသက် ၁၃ နှစ် အရွယ် ဂျော့ဂျ်မင်းသား (Prince George of Wales) ဟာ ဖခင် ဝီလီယမ်မင်းသား (Prince William) နဲ့ မိခင် ကတ်သရင်း (Kate Middleton) တို့နဲ့အတူ Eton College ကျောင်းတော်ကြီးဆီမှာ ကျောင်းအိပ်ကျောင်းစားနေပြီး ကျောင်းတက်ဖို့ လာရောက်ခဲ့ပါတယ်။ ဂျော့ဂျ်မင်းသားဟာ ၁၉၉၅ ခုနှစ်က ဖခင်ဖြစ်သူ ဝီလီယမ်မင်းသား ဖြတ်သန်းခဲ့တဲ့ပုံစံအတိုင်း ကျောင်းဝင်မှတ်တမ်းစာအုပ်မှာ လက်မှတ်ရေးထိုးပြီး ကျောင်းသားသစ်အဖြစ် စတင်ခဲ့တာဖြစ်ပါတယ်။ အဖိုးဖြစ်သူ ချားလ်စ်ဘုရင် (King Charles III) က စကော့တလန်က Gordonstoun ကျောင်းမှာ တက်ရောက်ခဲ့ပေမဲ့ ဝီလီယမ်မင်းသားနဲ့ ဟယ်ရီမင်းသားတို့ကတော့ Eton မှာပဲ ပညာသင်ယူခဲ့ကြတာပါ။ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးနဲ့ ဩဇာအကြီးဆုံးကျောင်းလို့ တင်စားခံရတဲ့ Eton College ဆိုတာ ဘယ်လိုကျောင်းမျိုးလဲဆိုတာ အတူလေ့လာကြည့်ရအောင်။ ၁၄၄၀ ပြည့်နှစ်မှာ အင်္ဂလန်ဘုရင် ဟင်နရီ ၆ (King Henry VI) က ဆင်းရဲတဲ့ ကျောင်းသား ၇၀ အတွက် ပညာဒါနအဖြစ် စတင်တည်ထောင်ခဲ့တဲ့ ဒီကျောင်းတော်ကြီးဟာ နှစ်ပေါင်း ၅၈၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ၁၇၂၁ ခုနှစ် ဗြိတိန်ရဲ့ ပထမဆုံး ဝန်ကြီးချုပ် ဆာ ရောဘတ် ဝါးလ်ပို (Sir Robert Walpole) ကနေစပြီး ဒေးဗစ် ကင်မရွန်း (David Cameron) နဲ့ ဘောရစ် ဂျွန်ဆင် (Boris Johnson) တို့အထိ ဗြိတိန်ဝန်ကြီးချုပ် စုစုပေါင်း ၂၀ ဦး အထိ မွေးထုတ်ပေးနိုင်ခဲ့တာကြောင့် "ဗြိတိန်နိုင်ငံရေးသမားများကို အဓိက ပျိုးထောင်ပေးရာဌာန" လို့တောင် အမည်တွင်ခဲ့ပါတယ်။ ဝန်ကြီးချုပ်တွေတင် မဟုတ်ပါဘူး၊ '1984' နဲ့ ‘'Animal Farm' စာအုပ်ရေးခဲ့တဲ့ ဂျော့ဂျ် အိုဝဲလ် (George Orwell)၊ ဂျိမ်းစ်ဘုန်းဒ် ဇာတ်ကောင်ကို ဖန်တီးသူ အီရန် ဖလက်မင်း (Ian Fleming) နဲ့ ဟောလိဝုဒ် မင်းသားတွေဖြစ်ကြတဲ့ အက်ဒီ ရက်ဒ်မိုင်း (Eddie Redmayne)၊ တွမ် ဟစ်ဒယ်စတန် (Tom Hiddleston) တို့ဟာလည်း Eton ထွက်တွေ ဖြစ်ကြပါတယ်။ ဒီကျောင်းတော်ကြီးက ကျောင်းသားတွေကို ကမ္ဘာ့ခေါင်းဆောင်တွေ (World Leaders) ဖြစ်လာအောင်၊ ကမ္ဘာ့ခေါင်းဆောင်တွေ၊ ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ ရဲရဲဝံ့ဝံ့ ထိတွေ့ဆက်ဆံနိုင်အောင် ဘယ်လိုတွေ လေ့ကျင့်ပေးနေသလဲဆိုတာ စိတ်ဝင်စားစရာ အရမ်းကောင်းပါတယ်။ Eton မှာ ကျောင်းသားတွေ ကိုယ်တိုင် စီမံခန့်ခွဲတဲ့ ကလပ်နဲ့ အသင်းအဖွဲ့ (Societies) ပေါင်း ၈၀ ခန့် ရှိပါတယ်။ ဒီအသင်းအဖွဲ့တွေမှာ ကမ္ဘာကျော် ပညာရှင်တွေနဲ့ ဩဇာအာဏာရှိတဲ့ ဧည့်သည်တော်တွေကို ဖိတ်ခေါ်ပြီး ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေကို ကျောင်းသားတွေ ကိုယ်တိုင်က စီစဉ်ကျင်းပကြရတာပါ။ ဒါကြောင့် ကျောင်းသားတွေက ငယ်စဉ်ကတည်းက ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ တိုက်ရိုက် မေးမြန်းဆွေးနွေးခွင့် ရရှိကြပါတယ်။ ပြီးတော့ ကျောင်းရဲ့ စကားစစ်ထိုးပွဲများ (Debating societies) ကနေတစ်ဆင့် ကျောင်းသားတွေရဲ့ စကားပြောစွမ်းရည်၊ စုစည်းတွေးခေါ်မှုနဲ့ အများပြည်သူရှေ့မှာ ရဲဝံ့စွာ စကားပြောဆိုနိုင်တဲ့ ယုံကြည်ချက်ကို ပျိုးထောင်ပေးပါတယ်။ သူတို့မှာက ဆရာနဲ့ ကျောင်းသား အချိုးကို ၈:၁ ထားဘဲရှိတာမို့ ကျောင်းသားတစ်ဦးစီရဲ့ လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကို ဆရာက အနီးကပ်နည်းပြ ထိန်းကျောင်းပေးနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ Eton ဟာ ကမ္ဘာတစ်ဝန်းက သြဇာကြီးမားတဲ့ မိသားစုတွေနဲ့ နိုင်ငံတကာက တော်ဝင်မျိုးနွယ်တွေကို လက်ခံသင်ကြားပေးတာကြောင့် ကျောင်းသားတွေက တစ်သက်တာလုံး အသုံးဝင်တဲ့ ဩဇာကြီးတဲ့ လူမှုရေးကွန်ရက် (Old school tie effect) ကို ရရှိကြပါတယ်။ ထိုင်းနိုင်ငံရဲ့ ဘုရင် Rama VII (King Prajadhipok) ကလဲဘဲ Eton ကျောင်းသားဟောင်းတစ်ဦး ဖြစ်ပါတယ်။ Eton ကျောင်းတော်ကြီးရဲ့ Provost's Garden ဝင်းထဲမှာ King Prajadhipok ကို ဂုဏ်ပြုပြီး ၁၉၂၉ ခုနှစ်က တည်ဆောက်ခဲ့တဲ့ "King of Siam's Garden" ဆိုတဲ့ အမှတ်တရ ဥယျာဉ်လေးတောင် ယနေ့ထက်တိုင် တည်ရှိနေဆဲ ဖြစ်ပါတယ်။ ဒီကျောင်းမှာ ပညာသင်ကြားခဟာ တစ်နှစ်ကို ပေါင် ၆၃,၀၀၀ မှ ၆၅,၆၇၃ အထိ (အမေရိကန်ဒေါ်လာ ၈၅,၀၀၀ ခန့်) ကုန်ကျပြီး၊ ကျောင်းသားနဲ့ ဆရာ အချိုးကို ၈:၁ ခန့်သာ ထားရှိတာကြောင့် တစ်ဦးချင်းစီရဲ့ အရည်အသွေးကို ထက်မြက်အောင် နီးကပ်စွာ သင်ကြားပေးပါတယ်။ ဒါပေမဲ့ Eton ရဲ့ အနှစ်သာရကတော့ ရိုးရာနဲ့ ထူးဆန်းတဲ့ စည်းကမ်းစနစ်တွေမှာ ရှိနေတာပါပဲ။ ကျောင်းသားတိုင်းဟာ အနက်ရောင် Tailcoat အင်္ကျီ၊ Waistcoat နဲ့ အဖြူရောင် ကော်လံပါဝင်တဲ့ ရှေးဟောင်း ဝတ်စုံ (School Dress) ကို နေ့စဉ် ဝတ်ဆင်ရပါတယ်။ ကျောင်းသားသစ်တွေဟာ ပထမဆုံးအပတ်မှာတင် ကျောင်းရဲ့ အိပ်ဆောင် ၂၅ ခုရဲ့ အရောင်တွေနဲ့ အဆောက်အအုံ တည်နေရာတွေကို အလွတ်ကျက်မှတ်ရတဲ့ "Colours test" စာမေးပွဲကို ဖြေဆိုရပါတယ်။

ဘောလုံး ဆိုတာ ခြေထောက်နဲ့ကန်ရတာလေ 😅 သူတောင်အခြေခံ massage ကိုသိနေတာနော် 😅

အဆုတ်အားကောင်းဖို့၊အဆုတ်သန့်ရှင်းဖို့ စားရမယ့်အစားအစာတွေပြထားပါတယ်

AI ရဲ့ကြောက်စရာကောင်းပုံတွေကိုပြောပြထားပါတယ်

Toilet ထဲမှာဖုန်းအကြာကြီးထိုင်သုံးရင် ရလာမယ့်ဆိုးကျိုးများကို ပြထားပါတယ်။

နား မှာ အလိုအလျှောက်သန့်စင်ပေးသောစနစ်ပါရှိသည်။နားသန့်ရှင်းရေးဟုဆိုပြီး နားထဲသို့ ပစ္စည်းမျိုးစုံနှင့်ထိုးသွင်းခြင်း၏ အန္တရာယ်ကို ပြထားပြသည်။

တိတ်ဆိတ်ခြင်း လူတိုင်းကို မရှင်းပြဖြစ်တော့ဘူး... နားလည်ပေးမယ့်သူက စကားမများဘဲ နားလည်တယ်။ မနားလည်ချင်တဲ့သူကိုတော့ စကားတစ်ထောင်ပြောလည်း အဓိပ္ပာယ်မရှိဘူး။ ဒါကြောင့်... တိတ်ဆိတ်ခြင်းကို ရွေးလိုက်တာဟာ ရှုံးနိမ့်လို့ မဟုတ်ဘူး။ စိတ်ငြိမ်းချမ်းမှုကို တန်ဖိုးထားတတ်လာလို့ပါ။

တက်တူးထိုးတဲ့အခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးကြောနဲ့ဆဲလ်တွေမှာ ဘယ်လိုကြီးမားတဲ့အန္တရာယ်တွေကြုံတွေ့ရသလဲ ဆိုတာ ပြထားပါတယ်၊

ဖုန်းကိုအိပ်ရာနဲ့အနည်းဆုံး ၃ ပေအကွာမှထားမှ save ဖြစ်ပါတယ်၊ အိပ်တော့မယ်ဆို ဖုန်းကိုမဖြစ်မနေ Airplane mode ကိုပြောင်းပေးပါ၊ radiation ထွက်မှုလျော့ကျပါတယ်၊ WiFi / Mobile data တွေကိုမဖြစ်မနေပိတ်ထားပါ၊ ဒါမှသာ ဖုန်းကထွက်တဲ့ blue light နဲ့ RF radiation တွေကိုလျော့ကျစေပါတယ်

ဖုန်းကိုခေါင်းဦးအောက်ထားမအိပ်ဖို့ သတိပေးချက်