Learn English With Us💙
Open in Telegram
English စာဆိုတာက International language တစ်ခုဖြစ်တာကြောင့် မဖြစ်မနေရထားသင့်ပါတယ်နော်💙 အတူ” လေ့လာကြရအောင်😉💙 Channel ကိုကြိုက်နှစ်သက်ရင် ပြန်လည် မျှဝေပေးလို့ရပါတယ်နော်💙 4.July.2022
Show more3 456
Subscribers
No data24 hours
-57 days
-3830 days
Posts Archive
Hi guy!
Mary's ရဲ့ project လေးအတွက် survey လေးကူဖြည့်ပေးနိုင်မလား?🥹
https://forms.gle/zRVKkBcmyW4XcEYm7
အဖြေတွေကို english လိုတော့ ရေးပေးစေချင်ပေမဲ့ မြန်မာလိုရေးထားလည်း အဆင်ပြေပါတယ်။
မဖြေချင်တဲ့မေးခွန်းတွေကျော်သွားလို့ရပါတယ်။
ဖြည့်ပေးသွားရင် အရမ်းကျေးဇူးတင်နေမှာပါ😘
အားလုံး ဂရုစိုက်ကြပါ💖
#mary
Speaking ကို ဘယ်လိုလေ့ကျင့်ကြမလဲ? ကိုယ့်မှာ phoneticsတွေလည်း မလေ့လာချင်ဘူး လေ့လာဖို့လည်း အချိန်မရှိဘူးဒါပေမဲ့ speakingကို အသံထွက်လည်းကောင်းချင်တယ် daily useလေးလည်း ရချင်တယ် ဘယ်လိုလုပ်မလဲ⁉️
1) shadowing method🏃♀️
ဒါကတော့ ထွေ”ထူး”ပြောစရာလိုမယ်မထင်ပါဘူး audioလေးတွေ နားထောင်ရင်း ကြားလိုက်ရတာလေးကို လိုက်ပြောလိုက်တာပဲ ဖြစ်ဖြစ် movies/seriesတွေ ကြည့်ရင်း ကိုယ်နားလည်လိုက်တဲ့စာသားလေးတွေကို လိုက်ပြောတာပဲဖြစ်ဖြစ် speechတွေ နားထောင်ရင်း သူပြောသွားတဲ့အတိုင်း လိုက်ပြောတာပဲဖြစ်ဖြစ် shadowing methodလို့ ခေါ်ပါတယ် shadowing methodကို tryကြည့်ရင် Astridတို့ အသံထွက်တွေက American/british(ကိုယ်ကြည့်တဲ့ပေါ်မူတည်) အဓိကကတော့ ဒါကကိုယ်လိုချင်တဲ့ accentအတွက်လည်း သုံးကြတယ်ပေါ့နော် အဲ့လိုaccentလေးတွေရလာမယ် အကုန်လုံးမဟုတ်ရင်တောင် ကိုယ်ပြောခဲ့တဲ့ sentence/phrase တချို့တလေကို ခေါင်းထဲမှာ မှတ်မိနေတတ်ပါတယ် 🧠
အဲ့တာလေးတွေကိုလည်း မှတ်မိသလောက် ပြန်အသုံးချပြီး real lifeမှာ ပြောကြည့်တာမျိုးလေးတွေ လုပ်ရင်တော့ အကောင်းဆုံးပေါ့ရှင် ✨
2) Think in English💭
ကိုယ်တွေးလို့ရသလောက် တွေးနိုင်သလောက် ဘယ်အရာကိုပဲဖြစ်ဖြစ် Englishလို တွေးကြည့်ပါ ပြောကြည့်ပါ grammarမှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ဒီနေရာမှာ အရေးမကြီးပါ
Astridဆိုရင်လေ အခုထက်ထိ တစ်ယောက်တည်းစကားပြောတတ်တဲ့အကျင့်ရှိပါတယ် ဘယ်လိုပြောလည်းဆိုရင် Englishလိုပြောပါတယ် အရင်တုန်းကတော့ ဟုတ်တာပေါ့ Grammarတွေလည်း မှားတာပေါ့ နောက်ပိုင်းကျတော့ ပြောရင်း”နဲ့ grammarတွေမှန်လာတယ် sentenceတည်ဆောက်ပုံတွေပြောင်းလာတယ် ကိုယ််မှတ်ထားပေမဲ့ မေ့သွားတဲ့ စာလုံးအချို့ ခေါင်းထဲမှာ ပြန်ပေါ်လာတတ်တယ် တစ်ယောက်တည်းမပြောချင်ရင် သူငယ်ချင်း/မိသားစုဝင်/ချစ်သူ စတဲ့ဘယ်သူနဲ့နေနေပြောပါ ဒါဟာရှက်စရာမဟုတ်ပါဘူး တစ်ယောက်တည်းဆိုရင်ရော ဘာပြောရမှာလဲ? ပြောချင်တာပြောပါ ကိုယ့်ခံစားချက်တွေပဲကိုယ့်ကိုယ်ကိုယ် ရင်ဖွင့်မလား လူတွေကိုလိုက်ပြီးjudgeလုပ်မလား စသဖြင့် ပြောစရာတွေအများကြီးရှိပါတယ်🤯
3) Rephrase practice📈
ဒါကတော့ နည်းနည်းတော့ အူကြောင်ကြောင်နိုင်နေမလားပေါ့နော် ဘာလဲဆိုရင် ကိုယ်ပြောလိုက်တဲ့sentenceတစ်ခုကို အဲ့ဒီအဓိပ္ပယ်နဲ့ပဲ နောက်ထပ်မတူတဲ့ sentenceတစ်ခုကို ထပ်ပြောတာပါ practiceသဘောပါပဲ ဥပမာ I’m tired လို့တစ်ခါပြောလိုက်တယ် နောက်ထပ်စဉ်းစားမယ် I’m tiredမဟုတ်ဘဲ ဘယ်လိုပြောလို့ရသေးလဲ I feel tired ဟောရပြီ နောက်တစ်မျိုးဆိုရင် I’m a bit exhausted ဟော ရပြန်ပြီ ဒါမျိုး စဉ်းစားလို့မရတော့တဲ့ထိ rephraseလုပ်တာမျိုး
4) record yourself🎙️
ကိုယ်ပြောထားတဲ့speaking/topic စသဖြင့်ပေါ့နော် အဲ့တာလေးကိုrecordingသွင်းပြီး ပြန်နားထောင်ပါ အဲ့တာဆိုရင် ဪ ငါဒီနေရာလေးကတော့ ဒီလိုလေးပြောလိုက်ရင်ကောင်းမှာ ဆိုပြီး ဖြစ်တတ်ပါတယ်
5) Learn chunks/phrases 📝
Astridတို့ အများအားဖြင့် Englishရချင်ရင် vocabulary တွေ ကျက်ကြတာများတယ်ပေါ့နော် မှန်ပါတယ် ဒါပေမဲ့ vocabularyတွေ ကျက်မဲ့အစား phraseလေးတွေ ပြောင်းပြီး ကျက်မှတ်ကြည့်ပါ အသုံးချပါ takeတစ်လုံးတည်းကျက်မဲ့အစား take a break/ take a look ဒါမျိုးလေးတွေ မှတ်ကြည့်ပါ သုံးပါ
6) Reading challenges (from social media especially TikTok) 🤓📖
ဒါကတော့ Astridခဏ ခဏလုပ်ဖြစ်တာလေးပေါ့နော် ဘာလဲဆိုရင် TikTokကလေ reading challengesဆိုပြီးတော့ စာပိုဒ်လေးတွေကို video/photo အနေနဲ့postလေးတွေရှိတယ် အဲ့တာလေးတွေကို အသံထွက်ပြီး ဖတ်တာ ဖတ်တဲ့အချိန်မှာ ကိုယ်ကြိုက်တဲ့ accentတစ်ခုခုသုံးပြီး ဖတ်ပေးပါ ဘာရလဲဆိုရင်တော့ accentပိုကောင်းလာမယ် writingရေးတဲ့အခါကျရင်လည်း sentenceတည်ဆောက်ပုံ အသစ်လေးတွေရနိုင်ပါတယ်(စာအုပ်ထဲက စာတွေကိုလည်း ဖတ်နိုင်ပါတယ် Astridက ဒါကိုတော့ TikTokကနေ အဲ့လိုအပိုင်းအစလေးတွေကို ပြောရတာသဘောကျလို့ပါ)
ဆိုတော့ အရမ်းရှည်သွားလားတော့မသိဘူးနော်🗿💋
#Astrid
ဒါနဲ့လေ ရေးမဲ့လူတွေက စာလုံးရေဘယ်လောက်ဆိုတာ ကိုယ့်ဟာနဲ့ကို သတ်မှတ်ပြီး သတ်မှတ်ထားတဲ့စာလုံးရေ ပြည့်အောင်ရေးပါနော် Astridအနေနဲ့ကတော့ ဖြစ်နိုင်ရင် 350-400 ဝန်းကျင် ရေးကြည့်စေချင်ပါတယ် ကိုယ့်lvlက A2လောက်ဆိုရင်ကို basic vocabsလေးတွေ သုံးပြီး မရရအောင်ရေးပါနော်❤️🩹
စာထပ်ချင်တဲ့သူတွေက အပေါ်က postရဲ့အောက်မှာလည်း ထပ်ပေးနိုင်သလို privateဖြစ်ချင်ရင် Astrid channelရဲ့ descriptionမှာရေးပေးထားတဲ့ botလေးမှာ ပြသနိုင်ပါတယ်ရှင်📈💋
#Astrid
ဒီနေ့ Astridနဲ့အတူ 30 days writing challenge လေးtryကြည့်ရအောင်နော်✍🏻
ဒါကဘာကြီးလဲ Astridက ဘာတွေပြောနေတာလဲ?
1လအတွက် နေ့စဉ် essay/writing လေး တစ်နေ့တစ်ပုဒ် ပုံမှန်ရေးရင်း ကိုယ့်ရဲ့ writing skillလေးကို မြှင့်တင်ကြမယ်📈
ဆရာ/မက essay/ writing တစ်ခုခုရေးခိုင်းတဲ့အခါတိုင်း chat gpt ကိုအားကိုးနေရင်တော့ အထက်တန်းမှာ writingsတွေကို လက်တန်းမရေးနိုင်ပဲ နောက်ကောက်ကျနေရပါလိမ့်မယ်
ဒီ30 days challengeလေးကို မနက်ဖြန် စမလား ဒီနေ့ပဲစလိုက်မလား topicတွေအတွက်လည်း ပြထားပြီးသားမို့ ဘယ်topicရေးရမလဲ ခေါင်းမရှုပ်တော့ပါဘူး Astridလည်း ဒါလေးကိုဟိုးအရင်က တစ်ခါtryခဲ့ဖူးပါတယ် ဒါပေမဲ့ Astridတုန်းက ဘာကိုမီမလေ့လာပဲ ကောက်ရေးလိုက်တဲ့အတွက် နည်း”တော့ ပေါ့လျော့သွားတာပေါ့လေ အဲ့တော့ challengeလေး မjoinခင် ဘာတွေအရင်လုပ်ရမလဲ!?
1. Writings ရေးတဲ့အခါမှာ အသုံးဝင်မဲ့ phraseတွေ vocabulary တွေကို noteလေးနဲ့ စုပါ
2. Topicမှာပါတဲ့ဟာက ကိုယ့်မှာမရှိ/မဖြစ်နေဘူးဆိုရင် ကျော်မသွားပဲနဲ့ မရှိ/မဖြစ်နေတဲ့အကြောင်း ကိုယ်ကရှိချင်မရှိချင်ရေးရမယ် ဘာလို့ရှိချင် မရှိချင်ရတာလဲဆိုတာရေးရမယ်
3. မပျင်းဘဲ နေ့တိုင်းမှန်မှန်ရေးပါနော်
ကဲ ဆိုတော့ နောက်ထပ်ရက်၃၀နေရင် ကိုယ့်ဆီမှာ ဘယ်လိုskillတွေရလိုက်မလဲဆိုတာတော့ challengeလုပ်တဲ့ သူတွေပဲ သိပါလိမ့်မယ်နော်💋
Joinပြီးတဲ့ အချိန်ကျရင်လည်း ဒီpostလေးကို ပြန်ရှာပြီး ဘယ်လိုဖြစ်ခဲ့လဲဆိုတာလေးတွေလည်း ပြန်sharingလုပ်နိုင်ပါတယ်တဲ့နော့ bye” guys see ya!💋
#Astrid
What’s the difference between “will” and “shall”⁉️
Willကလည်း futureအတွက်သုံးတယ် shallကလည်း futureဆန်တယ် သုံးတာကရော တူတူပဲလား?
Astridတို့ ငယ်ငယ်တုန်းက ကျောင်းမှာ Modal Verbsတွေသင်တဲ့အခါမှာ အချို့က shall=သင့်သည် shouldက shallရဲ့ past tense formဆိုပြီး သင်တတ်ကြပါတယ် ဒါပေမဲ့ shallနဲ့ shouldက လုံးဝမတူပါဘူး။(လော”ဆယ်က will and shallအကြောင်းပြောနေတာဖြစ်လ်ို့ shouldကိုတော့ မပြောတော့ပါဘူး)🙌🏼
Willက Astridတို့သိတဲ့အတိုင်း အနာဂတ်မှာ ဖြစ်လာမဲ့ ဖြစ်ရပ်တွေကိုပြောတာဖြစ်တယ်
Will ကို future decisions, promisesတွေနဲ့ predictionsတွေပြောတဲ့ အခါမှာသုံးတယ်👾
I will always love you.💋
ငါ မင်းကို အမြဲချစ်သွားမှာပါ ဒီနေရာမှာဆိုရင် promiseသဘော ဖြစ်သွားပါတယ်
Willက ကျတော့ Astridတို့သိတဲ့အတိုင်း I,We,You,He,She,It,Theyဆိုတဲ့ subjectတိုင်းနဲ့ သုံးနိုင်ပြီးတော့ Shallကိုကျတော့ I,Weနဲ့ပဲ သုံးပါတယ်
Shall ကိုတော့ suggestions, offersအနေနဲ့ သုံးပြီးတော့ သူကလည်း futureဆန်ပါတယ်
Shallကတော့ ပိုပြီး politeဖြစ်ပါတယ်✨
Will we go now? လို့ ပြောမဲ့အစား Shall we go now?က ပိုပြီးအဆင်ပြေပါတယ်
Example sentenceလေးတွေကြည့်ကြည့်ရအောင်🏃🏻♀️
Making a suggestion => use “Shall we…?”
Shall we take a break?💆🏻♀️
Shall we eat lunch now?🌮
Asking about future fact/certainty => “Will (subj)…?”
Will we finish on time?📑
Will you come tomorrow morning at 8am?⏱️
Shallကကျတော့ မြန်မာလိုပြောရရင် “ကြမလား” ဆိုတာနဲ့ သွားတူပါတယ်
ငါတို့ အခုသွားကြတော့မလား ဒါလုပ်ကြမလား စားကြမလား စသဖြင့်…
Willကကျတော့ လုပ်မှာ ဒီကိစ္စကိုလုပ်ကိုလုပ်မှာ အနာဂတ်မှာ လုပ်ဖြစ်မဲ့ အစီအစဉ်/ဖြစ်ရပ် “မှာ/မယ်”
I will go to America in 1 year. ငါကတော့ အမေရိကန်ကို ၁နှစ်အတွင်း သွားမှာ။🇺🇸
ဆိုတော့ နားလည်သွားမယ်လို့မျှော်လင့်ပါတယ်✨
#Astrid
I’m in, I’m down, I’m out, I’m up, I’m off, I’m over
ဒါတွေက ဘာတွေလဲ!? Let’s see
I’m in = I want to participate
မြန်မာလို လွယ်”ပြောရရင် “ငါပါမယ်” လို့ပြောတာပါ✌🏼
Eg., That’s sounds fun, I’m in!🏃♀️
I’m down = I’m interested
တစ်ခုခုကိုလုပ်ဖို့စိတ်ဝင်စားတာ “ရတယ်လေ” လို့ပြောလိုက်တာမျိုး👌
Eg., Late-night snacks? I’m down.✨
I’m out = I don’t want to participate
ဒါကတော့ I’m inရဲ့ဆန့်ကျင်ဘက် ငါမပါတော့ဘူး ထွက်မယ် ငါမလုပ်တော့ဘူး လို့ပြောတာ🙅🏻♀️
Eg., If there’s drama, I’m out.🏃🏻♀️
I’m up = Awake
= Ready/ Next turn
I’m upဆိုတာက အိပ်မပျော်နေတာ (or) it’s my turnဆိုတဲ့ သဘောမျိုးပြောတာပါ။ 🫦
I’m up for = I’m willing
I’m up forကကျတော့ patternနဲ့ဆိုရင်တော့ I’m up for + V-ing/Noun နဲ့သုံးပါတယ် အဓိပ္ပာယ်က တစ်ခုခုကိုလုပ်ချင်စိတ်ရှိတယ် လုပ်ဖို့အဆင်ပြေတယ်လို့ပြောတာ ဖြစ်ပါတယ်။
E.g., I couldn’t sleep, so I’m up.
I’m up for pizzas.
I’m off = I’m leaving
ငါသွားတော့မယ်/ပြန်တော့မယ် ဆိုတာမျိုးပြောတာဖြစ်ပါတယ်👋🏼
E.g., It’s late, I’m off.
I’m over = I don’t care anymore
ပြီးသွားပြီ ထပ်ပြီးဂရုမစိုက်တော့ဘူး ဆိုတာမျိုး ဖြစ်ပါတယ်❌
Eg., I used to cry about it but now I’m over it.
I’m over him.🫵🏻
#Astrid
Guys, let’s learn everyday English with me today!!✨
1. It’s once in a blue moon!
ဒါကရှား”ပါး” ဖြစ်ခဲတယ် (very rarelyနဲ့ဆင်တူပါတယ်)
E.g., I heard she fell asleep last night at 9. That’s once in a blue moon!
သူမ မနေ့ကအစောကြီး အိပ်ပျော်သွားတယ်လို့ကြားတယ် အဲ့တာတော်”ရှားတာပဲ
2. I’m afraid + S+V - အားနာလိုက်တာ/အားနာပါတယ်/စိုး(ရိမ်)တယ် (sorry/unfortunatelyနဲ့ ဆင်တူပါတယ်)
(I’m afraid of + noun / I’m afraid to + infinitive verb ဆိုရင် ကြောက်တဲ့ သဘောကိုသက်ရောက်ပါတယ်)
E.g., I’m afraid I can’t help you.
ငါမင်းကို မကူညီနိုင်တဲ့အတွက် အားနာပါတယ်
I’m afraid of spiders.
ငါပင့်ကူတွေကိုကြောက်တယ်
I’m afraid to go alone.
ငါတစ်ယောက်တည်းသွားရမှာကြောက်တယ်
3. How’s everything? - အစစအရာရာအဆင်ပြေရဲ့လား
E.g., How’s everything? I’ve heard you were unwell.
အစစအရာရာအဆင်ပြေရဲ့လား ငါမင်းနေမကောင်းဘူးလို့ ကြားတာ
4. What next? - နောက်ထပ်ဘာလဲ/ထပ်ပြီးတော့ ဘာဖြစ်ဦးမှာလဲ/ထပ်ပြီးတော့ ဘာလဲ
E.g., You’ve already made terrible problems, and what next?
မင်းကဆိုးရွားတဲ့ ပြဿနာတွေကိုလုပ်ပြီးပြီလေ ထပ်ပြီးတော့ ဘာလုပ်ဦးမှာလဲ
5. Not yet! - အခုထိမဟုတ်သေးဘူး
E.g., We’re not taking the next step, not yet.
ငါတို့ နောက်တစ်ဆင့်ကိုမလုပ်သေးဘူး
Astridက မြန်မာလိုဘာသာပြန်တာမတော်လို့ မရှင်းတာလေးတွေရှိရင်ပြောနော်✨
#Astrid
ဒီနေ့Astridက တော်”များ” အသံမှားထွင်တတ်တဲ့ စာလုံးလေးတွေကို တင်ပေးလိုက်ပါတယ်🫶🏻
ဒီရက်ပိုင်းမတင်အားတဲ့အတွက် မrunဖြစ်လို့sorryပါရှင်
Photo crd#
#Astrid
ဒီနေ့Astridက အဓိပ္ပာယ်ဆင်တူသယောင်ရှိတဲ့ reject, refuse ဆိုတဲ့စာလုံးလေးတွေရဲ့ ကွဲပြားပုံကို ပြောပြပါမယ်🫨
Reject
Meaning: Say “no” because something isn’t good enough (or) you don’t want it.
🔹 Common with things, ideas, applications, proposals, people’s offers.
Examples:
-My application was rejected.
-She rejected his idea.
-The store rejected the coupon.
**တစ်ခုခုကို မလိုချင်တဲ့အခါ ဒါမှမဟုတ် တစ်ခုခုက ကိုယ်လိုချင်တဲ့ အရည်အသွေးနဲ့မပြည့်မှီနေဘူး ဆိုရင်သုံးပါတယ် he was rejected သူကအငြင်းခံလိုက်ရတယ် ဒါမျိုးလေးတွေကြားဖူးကြမှာပါ အဲ့တာဆိုရင် တစ်ဖက်လူက သူ့ကိုမလိုချင်လို့ မလိုအပ်လို့ မကြိုက်လို့ ဖြစ်ပါတယ်😬
Refuse
Meaning: Say “no” to something you are asked to do or offered.
🔹 Common with requests, offers, invitations, commands.
Examples:
-I refuse to go. (I say no.)
-She refused his invitation.
-He refused to help.
**တစ်စုံတစ်ယောက်က ကိုယ့်ကိုတစ်ခုခုလုပ်ဖို့ပြောလာတဲ့အခါ မလုပ်ချင်ကြောင်းပြောချင်ရင် သုံးပါတယ်။I don’t accept itဆိုတဲ့သဘော🚫
#Astrid
Volunteerခေါ်မယ် ပြောထားတာလေးက နည်းနည်းနောက်ကျပါမယ်နော် Astrid နောက်လထဲမှာ examတွေက scheduled ဖြစ်နေလို့ volunteerအတွက် ခေါ်ဖို့အတွက််courseတွေလည်း ဆွဲလက်စမပြီးသေးလို့ပါ ခေါ်တာတော့ ခေါ်မှာပါနော် Hazelအဆင်ပြေခဲ့ရင်တော့ စောပါမယ်❤️🩹
Difference between “belong to” & “belong with”?
Belong to
Meaning: shows ownership or relationship to a group/place/person.
We use it when something is owned by or part of something.
Eg: This phone belongs to me.
(Ownership)
He belongs to the basketball team. (member of a group)
This key belongs to that door.
(Connection)
Belong to = is owned by/is part of
Belong with
Meaning: Shows a natural match, pairing, or something that fits together.
We use it when two things go well together or should be together.
Eg: You belong with me. (we match)
This painting belongs with the others in the gallery. (fits in a group)
That puzzle piece belongs with these ones. (fits together)
Belong with = matches/fits together
Note:
Belong to(ownership) _ You belong to me.
Belong with(fit together) _ You belong to me.
#Astrid
ဆိုတော့ ဒီနေ့ Astridပြောထားခဲ့တဲ့ phraseလေးအချို့ကို လေ့လာကြည့်ကြမယ်နော်
တစ်ဖက်က ကိုယ့်ကိုယ် Englishလို ပြောလာတဲ့အခါမှာ ကိုယ့်ဘက်ကလည်း ပြန်ပြောတတ်ဖို့လိုပါသေးတယ် ဆိုတော့…
“Honestly, I don’t really vibe with that idea.”
အမှန်တိုင်းပြောရရင်/ရိုး”သား”ပြောရရင် ငါတော့ဒီideaကို မကြိုက်ဘူး
“I’m sorry,come again??”
Sorryနော် ပြန်ပြောပေးလို့ရလား
Note: ဒီနေရာမှာ come againက ပြန်လာဦး မဟုတ်ပါဘူး come again=can u repeat that? မကြားလိုက်လို့ ပြန်ပြောခိုင်းတဲ့ သဘောပါ။
“Don’t get it twisted”
အထင်မလွဲပါနဲ့
“I’m not having it”
ငါဒါကို လက်မခံဘူး(I won’t accept this behavior)ဒီတစ်ခုကို Astridမြန်မာလိုသိပ်မပြောတတ်လို့ exampleလေး ထည့်ပေးလိုက်ပါတယ်
E.g., She tried to blame me, and I’m not having it.
“It’s not that deep”
ဒါက အဲ့လောက်ထိ ပြဿနာကြီး”မား” မဟုတ်ပါဘူးကွာ
“I’m holding onto my last brain cell.”
Mentally tiredဖြစ်နေတာကို ပြောချင်တာပါ။
“You’re missing the point.”
မင်းအဓိကအကြောင်းအရာကို သေချာမသိနေဘူးပဲ။
ဒီနေ့တော့ ဒီလောက်ပဲဗျ volunteerလေးတွေ ခေါ်ဖို့ရှိပါတယ်နော်btw
Join for more @learn_english_together19
#Astrid
Astrid အရင်တုန်းက I love you ငါမင်းကိုချစ်တယ်ကို I love youအပြင် တစ်ခြားပြောလို့ရတဲ့ပုံစံလေးတွေ တင်ပေးခဲ့ဖူးတယ်ဟုတ်?
ဆိုတော့ ဒီနေ့ I hate you ကို ဘယ်လိုပြောကြမလဲ? I don’t like youကို ဘယ်လိုပြောကြမလဲ?ဒါမှမဟုတ် တစ်ယောက်”က ကိုယ့်ကိုဖွင့်ပြောလာတဲ့အခါ ဘယ်လိုငြင်းကြမလဲ?
“I don’t feel comfortable around you.”
ငါမင်းအနားမှာဆိုရင် နေရတာသိပ်အဆင်မပြေဘူး
“We’re not a good match.” (Friendship or relationship)
ငါတို့က မလိုက်ဖက်ပါဘူး
“You’re not someone I want in my life.”
ငါ့ဘဝမှာလိုချင်တဲ့လူက မင်းမဟုတ်ဘူး/ငါ့ဘဝထဲကို ဝင်လာစေချင်တဲ့လူက မသ်းမဟုတ်ဘူး
“I have no interest in you”
ငါမင်းကို စိတ်မဝင်စားဘူး
Extra:
“You don’t keep your words.”
မင်းက စကားမတည်ဘူးပဲ။
“Your actions don’t match your words.”
မင်းအပြုအမူတွေက မင်းပြောခဲ့တာတွေနဲ့ တစ်ခြားစီပဲ။
I’ll post some phrases you should know to improve your speaking skill,alright!?(well…later)
#Astrid
Hello guys. Volunteer လေးတွေခေါ်မယ်ဆိုစိတ်ဝင်စားကြလားရှင့်💕
The book was so "compelling" that she finished it in one sitting. #jess
