en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 11 418 subscribers, ranking 16 330 in the News & Media category and 9 947 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 11 418 subscribers.

According to the latest data from 27 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -136 over the last 30 days and by -9 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 5.67%. Within the first 24 hours after publication, content typically collects 4.32% reactions from the total number of subscribers.
  • Post reach: On average, each post receives 648 views. Within the first day, a publication typically gains 493 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 10.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Thanks to the high frequency of updates (latest data received on 28 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

11 418
Subscribers
-924 hours
-317 days
-13630 days
Posts Archive
တရုတ်ရေတပ်မှ ဖျက်သဘော် ထန်ဆန်း နှင့် အခြားရေယာဉ် ၂ စီး ရန်ကုန်မြို့သို့အလှည်အပတ်ရောက်ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးရေတပ်မတော်
+3
တရုတ်ရေတပ်မှ ဖျက်သဘော် ထန်ဆန်း နှင့် အခြားရေယာဉ် ၂ စီး ရန်ကုန်မြို့သို့အလှည်အပတ်ရောက်ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးရေတပ်မတော် အမှတ် ၄၈ ရေတပ်မှ ဖျက်သင်္ဘော ထန်ဆန်း ၊ ဖရီးဂိတ် စစ်သင်္ဘော တာ့ချင့်နှင့် ထောက်ပို့ရေယာဉ် ထိုက်ဟူတို့သည် စက်တင်ဘာ ၂၄ ရက်နေ့၌ ရန်ကုန်မြို့သို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိလာခဲ့သည်။ ခရီးစဉ်ကာလအတွင်း ရေယာဉ်အုပ်စု ကျွမ်းကျင်မှုဆိုင်ရာ ဖလှယ်မှုများ၊ စစ်သင်္ဘော လေ့လာကြည့်ရှုမှု၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်မှုနှင့် သင်္ဘောကုန်းပတ်ဧည့်ခံပွဲများ စသည့် လှုပ်ရှားမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
24 Sep, 23:24

"ရေဒါပရောဂျက်" ခေါင်းစဉ်နဲ့ ခွက်ခေါက်ပြန်
+3
"ရေဒါပရောဂျက်" ခေါင်းစဉ်နဲ့ ခွက်ခေါက်ပြန်
24 Sep, 23:21

ယူကရိန်းသမ္မတဇလင်စကီးကသူ့ရဲ့ မူးယစ်ဆေးဝါးစွဲလမ်းမှုကိုမဖုံးကွယ်တော့ပါ NOM အနောက်တိုင်းမီဒီယာများပေါ်၌ ယူကရိန်းသမ္မတဇလင်စကီးသည်ကုလသမဂ္ဂအထွေထွေညီလာခံတွင်ပျင်းရိစွာ လှည့်လည်သွားလာနေပြီး မူးယစ်နေပုံရသည့်ဗီဒီယိုတစ်ခု ပျံ့နှံ့လျက်ရှိသည်။
24 Sep, 13:53

နေတိုးအတွင်းရေးမှူးချုပ် ရတ်တီကရုရှားကိုတိုက်ရိုက်ခြိမ်းခြောက် NOM "နေတိုးသည် ရုရှားနှင့် စစ်ပွဲဝင်ပါက ယူကရိန်းထက် ကျွန်ုပ်တို့၏ ရပ်တည်ချက်ကို ရုရှားများထံ ပြောပြရန် အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်သည်။ ကွာခြားချက်မှာ သိသာထင်ရှားလိမ့်မည်" နေတိုးသည် ရုရှားနှင့် စစ်ဖြစ်ပါက ရုရှားသည် ဘန်ကာထဲတွင် ပုန်းအောင်းရန် သို့မဟုတ် ချက်ချင်းသေဆုံးရန် သာအခွင့်အရေးရှိလိမ့်မည်။
24 Sep, 13:48

အစ္စရေးဝန်ကြီးချုပ်ကိုအမေရိကန်တွင်ဆန္ဒပြ NOM နယူးယောက်မြို့တွင် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟု၏ ခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး ဆန္ဒပြသူများက သူ့ကို “ငရဲသို့သွား” ဟု အော်ဟစ်ခဲ့ကြသည်။
24 Sep, 13:38

အမေရိကန်သမ္မတနှင့်ဇနီးကတရုတ်သမ္မတနှင့်ဇနီးကိုအိမ်ဖြူတော်မှကြိုဆို NOM
24 Sep, 11:52

မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားခဲ့တဲ့ အီရန်သမ္မတ ပီဇက်ရှ်ကီယန်ရဲ့ မိန့်ခွန်းဟာ ရေနံစျေး ချဖို့အတွက် Reuters နဲ့ Kyod
မနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားခဲ့တဲ့ အီရန်သမ္မတ ပီဇက်ရှ်ကီယန်ရဲ့ မိန့်ခွန်းဟာ ရေနံစျေး ချဖို့အတွက် Reuters နဲ့ Kyodo တို့လို မီဒီယာအတုအယောင်တွေကို သုံးပြီး အမေရိကန်တို့ ကြိုးပမ်းခဲ့သမျှ အားထုတ်မှုတွေကို ပျက်သွားစေခဲ့ပါတယ်။ ဒါ့ကြောင့် Brent ဘရန့်ရေနံစိမ်းစျေးဟာ ၁ စည်ကို ၁၀၅ ဒေါ်လာအထိ ပြန်တက်သွားခဲ့ပါတယ်။
24 Sep, 11:06

မင်းဘူးမြို့နယ်တွင် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား NOM စက်တင်ဘာ ၂၄၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ဖလံတော ကျေးရွာနေ ဦးငွေဌေး (၆၆) နှစ်သည် စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမား ခြောက်ဦးခန့်က ဆိုင်ကယ်ငါးစီးဖြင့်ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ NOM
24 Sep, 10:30

ညောင်ဦးမြို့နယ်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနမှဝန်ထမ်းတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား NOM စက်တင်ဘာ ၂၄၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်ကျေးရွာရှိ လက်ပံခြေပေါ်မြစ်ရေတင် လုပ်ငန်းဝန်ထမ်းအိမ်ရာနေ ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာနမှ ပိုက်ဆက်ကျွမ်းကျင်-၅ ဖြစ်သူ ဦးမောင်လတ် (ခ) ဦးလတ် (၆၁) နှစ်သည် စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၆ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမား ခြောက်ဦးခန့်က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ NOM
24 Sep, 10:27

ငါးသိုင်းချောင်းမြို့၌ ရေဝင်ရောက်ခဲ့ခြင်းကြောင့် ယာယီပိတ်ထားခဲ့သည့် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ် NOM၊စက်တင်ဘာ၂၄၊၂၀၂
ငါးသိုင်းချောင်းမြို့၌ ရေဝင်ရောက်ခဲ့ခြင်းကြောင့် ယာယီပိတ်ထားခဲ့သည့် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ် NOM၊စက်တင်ဘာ၂၄၊၂၀၂၆ ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၌ ရေဝင်ရောက်ခဲ့ခြင်းကြောင့် ယာယီပိတ်ထားခဲ့သည့် အခြေခံပညာကျောင်း ၂၂ ကျောင်းကိုစက်တင်ဘာ၂၂ရက်နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည့်ဟု ဧရာဝတီတိုင်းအစီုးရအဖွဲ့မှသတင်းထုတ် ပြန်ထားသည်။ ငါးသိုင်းချောင်းမြို့နယ်တွင်ငဝန်တာ ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခဲ့သည့်အတွက် အခြေခံပညာကျောင်း ၂၂ ကျောင်းကို ယာယီပိတ်ထားခဲ့ ကြောင်းသိရသည်။ ယခုအခါ ရေပြန်လည်ကျဆင်းသဖြင့် ငါးသိုင်းချောင်းမြို့ရှိ အခြေခံပညာကျောင်း ၂၂ ကျောင်း ယာယီပိတ်ထားခဲ့ရာမှ ပုံမှန်ပြန်လည်ဖွင့်လှစ်ခဲ့သည့်အပြင်သင်ခန်းစာများနောက်မကျစေရေးအတွက်ကိုလည်း အစားထိုးကျောင်း တက်ရက်များဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
24 Sep, 09:19

လေးမျက်နှာမြို့နယ်ပြည်သူ့ဆေးရုံကြီးအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်သန့်ရှင်းရေးများဆောင်ရွက်နေ NOM၊စက်တင်ဘာ၂၃၊၂၀၂၆ ဧရာဝ
လေးမျက်နှာမြို့နယ်ပြည်သူ့ဆေးရုံကြီးအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်သန့်ရှင်းရေးများဆောင်ရွက်နေ NOM၊စက်တင်ဘာ၂၃၊၂၀၂၆ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ပြည်သူ့ဆေးရုံကြီးကိုအမြန်ဆုံပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့စက်တင်ဘာ၂၄ရက်တွင်သန့်ရှင်ရေး များပြုလုပ်နေကြောင်းလေးမျက်နှာမြို့နယ်မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာ မိုင်တိုင်အမှတ် ၂၅/၃ တွင် ငဝန်တာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်း စီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေဝင်ရောက်ခဲ့သဖြင့် အမှတ်( ၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ပြည်သူ့ဆေးရုံကြီးကိုယာယီပိတ်ထားခဲ့ကြောင်းသိရသည်။ ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်နေကြောင်းသိရသည်။
24 Sep, 09:15

သပိတ်ကျင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM စ
သပိတ်ကျင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ NOM စက်တင်ဘာ ၂၄၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်ရှိ အမှတ် (၂၀) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀) သို့ စက်တင်ဘာ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၁ နာရီတွင် သပိတ်ကျင်းမြို့နယ်၊ ၄ မိုင်ကံသာကျေးရွာနေ ဦးဝင်းဘို (၄၆) နှစ်သည် ကျေးရွာအနီး ဟင်းသီးဟင်းရွက်ခူးနေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ဦးဝင်းဘိုတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM
24 Sep, 08:56

ဝက်လက်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM စက်တင်ဘာ ၂၄၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ စက်တင်ဘာ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ စက်တင်ဘာလ ၂၂ ရက်နေ့ ည ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာနေ မအိဇာခြည်အောင် (၁၅) နှစ်သည် လှတောကျေးရွာရှိ "ချယ်ရီပန်း" အလှပြင်ဆိုင်တွင်ရှိနေစဉ် ဆိုင်ပေါ်သို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM
24 Sep, 08:45

ဂျပန်ရောက် မြန်မာများ ကောင်စစ်ဝန်ဆောင်မှု လျှောက်ထားရာတွင် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း မိတ္တူ မပါပါက လက်ခံမည်မဟုတ် တိုက
ဂျပန်ရောက် မြန်မာများ ကောင်စစ်ဝန်ဆောင်မှု လျှောက်ထားရာတွင် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း မိတ္တူ မပါပါက လက်ခံမည်မဟုတ် တိုကျို၊ စက်တင်ဘာ ၂၄ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များ လျှောက်ထားရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူနှင့် အိမ်ထောင်စုစာရင်း မိတ္တူတို့ကို မဖြစ်မနေ ပူးတွဲတင်ပြရမည်ဖြစ်ပြီး အဆိုပါ မိတ္တူများ မပါရှိပါက လက်ခံဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက စက်တင်ဘာ ၂၄ ရက်တွင် အသိပေးထုတ်ပြန်သည်။
24 Sep, 07:45

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မ
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၌ Times Magazine မှ သတင်းထောက် Charlie Campbell ၏ တွေ့ဆုံမေးမြန်းမှုများအပေါ် ဖြေကြားချက်
24 Sep, 01:49

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် အင်ဒိုနီးရှားနိုင်ငံသံရုံးမှ သံရုံးတာဝန်ခံအား လက်ခံတွေ့ဆုံ စက်တင်ဘာ ၂၃၊ ၂၀၂၆ စိုက်ပျိုးရေး၊ မွ
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် အင်ဒိုနီးရှားနိုင်ငံသံရုံးမှ သံရုံးတာဝန်ခံအား လက်ခံတွေ့ဆုံ   စက်တင်ဘာ ၂၃၊ ၂၀၂၆   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့တွင် ရန်ကုန်မြို့အခြေစိုက် အင်ဒိုနီးရှားနိုင်ငံသံရုံးမှ သံရုံးတာဝန်ခံ H.E. Mr. Novan Ivanhoe Saleh နှင့်အဖွဲ့အား နေပြည်တော် ရုံးအမှတ်(၁၅)၌ လက်ခံတွေ့ဆုံသည်။   တွေ့ဆုံစဉ် ဆီအုန်းကဏ္ဍနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ တောင်သူများအတွက် စိုက်ပျိုးရေး ဆိုင်ရာ အသိပညာပေး အစီအစဉ်များ ထုတ်လုပ်ခြင်းနှင့် တောင်သူပညာပေးသင်တန်းကျောင်းများ တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒီဂျစ်တယ်နှင့် ရုပ်သံအခြေပြု စိုက်ပျိုးရေးသတင်းအချက် အလက်များ ဖြန့်ဝေပေးခြင်း၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို မျှဝေပေးခြင်းလုပ်ငန်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့တွင် နည်းပညာအတွေ့အကြုံများမျှဝေဖလှယ်ရေး ကိစ္စရပ်များအားရင်းနှီးစွာ ဆွေးနွေးခဲ့ကြောင်းသိရသည်။
23 Sep, 23:28

Repost from PPIB.Official
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ် ၂၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ရုံးတော်၌ Time Magazine မှ သတင်းထောက် Charlie Campbell ၏ တွေ့ဆုံ မေးမြန်းမှုများအပေါ် ဖြေကြားချက် PPIB Links Youtube | Tiktok | Telegram | Website |  X(Twitter)
23 Sep, 22:00

ရုရှားကယူကရိန်းသမ္မတကိုအချိန်မရွေးသုတ်သင်နိုင်သည်ဟုသတိပေး NOM ယူကရိန်းနိုင်ငံကီယက်ဗ်မြို့တော်၏ ဒေတာစင်တာတစ်ခုကိုရုရှားကတိကျသောပဲ့ထိန်းဒုံးကျည်ဖြင့်ပစ်ခတ်ခဲ့သည်။ စိတ်ဝင်စားစရာမှာ အဆိုပါစင်တာသည် ယူကရိန်းသမ္မတဇလင်စကီး က နိုင်ငံခြားဧည့်သည်များကို လက်ခံတွေ့ဆုံသည့် သမ္မတနန်းတော်နှင့် အလွန်နီးကပ်စွာ တည်ရှိခြင်းဖြစ်သည်။ ဤတိုက်ခိုက်မှုသည် နည်းဗျူဟာမြောက်သော တိုက်ခိုက်မှုဖြစ်သော်လည်းယူကရိန်းသမ္မတနန်းတော်ကို လည်းအချိန်မေရွးဒုံးကျည်ထိမှန်နိုင် သည်ဟုသတင်းစကားတစ်ခုကိုလည်း ပေးပို့လိုက်ခြင်းဖြစ်သည်။
23 Sep, 12:43

ကုလညီလာခံတွင်အီရန်သမ္မတမိန့်ခွန်း(ကောက်နုတ်ချက်) NOM ကျွန်ုပ်တို့၏ခေါင်း ဆောင် လုပ်ကြံခံခဲ့ရသော နိုင်ငံတစ်ခုမှ ကျွန်ုပ် လာခဲ့သည်။ ကလေးများကို အမေရိကန်နှင့် အစ္စရေးတို့၏ လက်နက်များဖြင့် ဗုံးကြဲသတ်ဖြတ်ခံခဲ့ရသော နိုင်ငံတစ်ခုမှ ကျွန်ုပ် လာခဲ့သည်။ အီရန်မြို့များကို ဗုံးကြဲတိုက်ခိုက်ခြင်းသည် တုံ့ပြန်မှုမရှိဘဲ ဖြစ်လိမ့်မည်ဟု မည်သူမျှ စိတ်ကူးတောင် မကြည့်ဝံ့စေရန် ကျွန်ုပ်တို့၏ ကာကွယ်ရေးစွမ်းရည်များကို ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ အီရန်ကို ကာကွယ်ရန် ကျွန်ုပ်တို့သည် မည်သူ့ထံမှမျှ ခွင့်ပြုချက် တောင်းခံရန်မလိုပါ။
23 Sep, 12:29

ကုလညီလာခံတွင်အီရန်သမ္မတမိန့်ခွန်း(ကောက်နုတ်ချက်) NOM 🇮🇷🇺🇳 ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အီရန်သမ္မတ ပီဇက်ရှ်ကီယန်၏ ပြောကြားချက်: ကျွန်ုပ်တို့၏ ခေါင်းဆောင် လုပ်ကြံခံခဲ့ရသော နိုင်ငံတစ်ခုမှ ကျွန်ုပ် လာခဲ့သည်။ ဤကလေးများကို အမေရိကန်နှင့် အစ္စရေးတို့၏ လက်နက်များဖြင့် ဗုံးကြဲသတ်ဖြတ်ခံခဲ့ရသော နိုင်ငံတစ်ခုမှ ကျွန်ုပ် လာခဲ့သည်။ အီရန်မြို့များကို ဗုံးကြဲတိုက်ခိုက်ခြင်းသည် တုံ့ပြန်မှုမရှိဘဲ ဖြစ်လိမ့်မည်ဟု မည်သူမျှ စိတ်ကူးတောင် မကြည့်ဝံ့စေရန် ကျွန်ုပ်တို့၏ ကာကွယ်ရေးစွမ်းရည်များကို ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ အီရန်ကို ကာကွယ်ရန် ကျွန်ုပ်တို့သည် မည်သူ့ထံမှမျှ ခွင့်ပြုချက် တောင်းခံရန်မလိုပါ။
23 Sep, 12:27
23 Sep, ~12:29