en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 11 418 subscribers, ranking 16 330 in the News & Media category and 9 947 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 11 418 subscribers.

According to the latest data from 27 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -136 over the last 30 days and by -9 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 5.67%. Within the first 24 hours after publication, content typically collects 4.32% reactions from the total number of subscribers.
  • Post reach: On average, each post receives 648 views. Within the first day, a publication typically gains 493 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 10.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Thanks to the high frequency of updates (latest data received on 28 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

11 418
Subscribers
-924 hours
-317 days
-13630 days
Posts Archive
ယူကရိန်းအမျိုးသမီးတစ်ဦးကိုစစ်မှုထမ်းရန်စစ်သားစုဆောင်းရေးတပ်ဖွဲ့ကအတင်းအဓမ္မဖမ်းဆီးနေသည့်ဗီဒီယိုသည်အင်တာနက်တွင်ပထမဆုံးအဖြစ်တက်လာသည်။
23 Sep, 12:21

ခရစ်ယာန်ဂိုဏ်းချုပ်တစ်ဦးကမွတ်ဆလင်ဘာသာရေးခေါင်းဆောင်တစ်ဥိးအားချီးမြှင့်သည့်ဆုတံဆိပ်ကိုရုတ်သိမ်း NOM ကန်တာဘာရီ ဂိုဏ်းချုပ်သည်
ခရစ်ယာန်ဂိုဏ်းချုပ်တစ်ဦးကမွတ်ဆလင်ဘာသာရေးခေါင်းဆောင်တစ်ဥိးအားချီးမြှင့်သည့်ဆုတံဆိပ်ကိုရုတ်သိမ်း NOM ကန်တာဘာရီ ဂိုဏ်းချုပ်သည် ၉/၁၁ နှစ်ပတ်လည်နေ့တွင် မွတ်စလင် ဘာသာရေးခေါင်းဆောင်တစ်ဦးအား ချီးမြှင့်ခဲ့သော ဘာသာပေါင်းစုံ ဆုတံဆိပ်ကို ယခုအခါ ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်သည် ။ အဆိုပါ ဘာသာရေးခေါင်းဆောင်သည် အိုစမာ ဘင်လာဒင်ကို ချီးမွမ်းခဲ့ကြောင်းသတင်း ပေါ်ထွက်လာပြီးနောက်တွင်ရုတ်သိမ်းလိုက်ခြင်း ဖြစ်သည်။
23 Sep, 12:17

ကုလသမဂ္ဂတွင်အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် ပြောကြားချက် NOM ထရမ့်သည် သိထားရမည်မှာ အီရန်ပြည်သူများ၏ ခုခံတွန်းလှန်မှုသည် ပိတ်ဆို့အရေးယူမှုများ၊ ဖိအားများ တိုးမြှင့်ခြင်းနှင့် အနိုင်ကျင့်မှုများ တိုးလာခြင်းတို့နှင့် ရင်ဆိုင်ရာတွင် ပို၍သာ တိုးလာမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ခေါင်းကို ဘယ်တော့မှ မညွှတ်၊ ဒူးကိုလည်း ဘယ်တော့မှ ထောက်မည်မဟုတ်။
23 Sep, 12:08

23 Sep, 12:07
23 Sep, ~12:08

အမေရိကန်ကသေဆုံးသောအရာရှိအမည်ထုတ်ပြန် NOM ပင်တဂွန်က သေဆုံးသွားသော အရာရှိမှာ ဗာဂျီးနီးယားပြည်နယ်၊ နောဖော့ခ်မြို့မှ အသက် ၃၇ နှစ်အရွယ် ကပ္ပတိန် ဘီယန်ကာ စီ. ဝီလ်ကာဆင် (Captain Bianca C. Wilkerson) အဖြစ် ဖော်ထုတ်အတည်ပြုခဲ့သည်။ သူမသည် ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် “နိုင်ငံရပ်ခြား စစ်ဆင်ရေးများကို ပံ့ပိုးကူညီရန်” တာဝန်ချထားခြင်း ခံရသူဖြစ်သည်။ သူမသည် ဆော်ဒီအာရေဗျသို့ သွားသော တိုက်ခိုက်ရေးမဟုတ်သည့် လေယာဉ်ခရီးစဉ်တွင် “ဆေးဘက်ဆိုင်ရာ ဖြစ်ရပ်တစ်ခု” ကြောင့် သေဆုံးခဲ့သည်ဟု စစ်တပ်က ဆက်လက် ပြောဆိုနေဆဲဖြစ်သည်။ သူမကို သေဆုံးပြီးနောက် ဗိုလ်မှူး (Major) ရာထူးသို့ ရာထူးတိုးမြှင့်ပေးခဲ့သည်။ သေဆုံးပြီးနောက် ရာထူးတိုးမြှင့်ပေးခြင်းသည် ပုံမှန်အားဖြင့် သေဆုံးမှုသည် တိုက်ခိုက်ရေးနှင့် ဆက်စပ်နေသည့်အခါ ဖြစ်ပွားလေ့ရှိပြီး၊ ဆေးဘက်ဆိုင်ရာ နောက်ဆက်တွဲပြဿနာများကြောင့် သေဆုံးခြင်းအတွက် ရာထူးတိုးမြှင့်ပေးခြင်းသည် ပုံမှန်မဟုတ်ပေ။
23 Sep, 11:58

တစ်လအတွင်းအမေရိကန်စစ်သည်၆၇ဥိးဒဏ်ရာရ NOM ပင်တဂွန်၏ နောက်ဆုံးထုတ် ထိခိုက်ကျဆုံးမှု အစီရင်ခံစာတွင် ဩဂုတ် ၂၀ ရက်နောက်ပိုင်း အမေရိကန် စစ်မှုထမ်းများအကြား နောက်ထပ် ထိခိုက်ဒဏ်ရာရရှိသူ ၆၇ ဦး စာရင်းပါရှိသည်။ The Intercept သတင်းဌာန၏ ဖော်ပြချက်အရ ယင်းထိခိုက်မှုများအနက် ၆၆ ခုသည် စက်တင်ဘာလတစ်လတည်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသက် ၃၅ နှစ်အရွယ် အမျိုးသမီး စစ်တပ်အရာရှိတစ်ဦးကိုလည်း စက်တင်ဘာ ၂၂ ရက် တနင်္လာနေ့တွင် သေဆုံးသူအဖြစ် အတည်ပြုခဲ့ပြီး၊ လေယာဉ်ပေါ်တွင် “ဆေးဘက်ဆိုင်ရာ နောက်ဆက်တွဲပြဿနာများ” ကြောင့်ဟု စွပ်စွဲဖော်ပြထားသည်။ အမေရိကန် စစ်ဌာန (Department of War) က ထင်ရှားစွာ ဖုံးကွယ်မှုများ ဆက်လက်ပြုလုပ်နေချိန်တွင် ဤထိခိုက်ကျဆုံးမှုများ ဘယ်နေရာတွင် ဖြစ်ပွားနေသည်ဆိုသည့် မေးခွန်းများ ပေါ်ထွက်လာသည်။ ဖြစ်နိုင်ခြေတစ်ခုမှာ ဆော်ဒီအာရေဗျတွင် တပ်စွဲထားသော အမေရိကန်တပ်ဖွဲ့ဝင်များသည် အန်ဆာအလ္လာဟ် (AnsarAllah) ၏ တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိနေခြင်း ဖြစ်သည်။ အမေရိကန်သည် ဆော်ဒီဦးဆောင်သော ယီမင်စစ်ပွဲတွင် ၎င်း၏ အကြံပေးအခန်းကဏ္ဍကို တိုးမြှင့်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး၊ ဤအချိန်သည် အစ္စလာမ်၏ အမြင့်မြတ်ဆုံး နေရာများကို သိမ်းပိုက်ထားသူအပေါ် မကြုံစဖူး ဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်ပွားနေချိန်နှင့် တိုက်ဆိုင်နေသည်။ နောက်ဖြစ်နိုင်ခြေတစ်ခုမှာ ရေလက်ကြားကို ဖြတ်သန်းသွားလာနေသော ကုန်တင်နှင့် ရေနံတင်သင်္ဘောများပေါ်တွင် အမေရိကန်စစ်တပ်၏ “လုံခြုံရေးအဖွဲ့များ” ကို အသုံးပြုခြင်းနှင့် ဆက်စပ်နေပြီး၊ ယင်းသင်္ဘောများသည် နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်ခံနေရကာ သတင်းအချက်အလက်များကိုလည်း အဆင့်ဆင့် ဖိနှိပ်ဖုံးကွယ်မှုများ ရင်ဆိုင်နေရသည်။ စက်တင်ဘာ ၂၁ ရက် ရေနံတင်သင်္ဘောတစ်စီးအပေါ် တိုက်ခိုက်မှုတစ်ခုကြောင့် “ပင်လယ်ပြင်တွင် လုပ်ကိုင်သူများ” အနည်းဆုံး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ မည်သို့ဖြစ်စေ၊ ထရမ့်၏ စစ်ဌာန (Department of War) သည် အမေရိကန်ထိခိုက် ကျဆုံးမှုများနှင့် ပတ်သက်၍ မကြုံစဖူး စစ်ဘက်ဆိုင်ရာ ဆင်ဆာဖြတ်တောက်မှုများ ပြသခဲ့ပြီး၊ အမေရိကန်ပြည်သူအများစုမှာ လက်ရှိ ရန်လိုမှုအခြေအနေ အကြောင်းကို လုံးဝနီးပါး မသိရှိကြပေ။ သူတို့သိရှိထားသည့်အရာမှာ ဈေးနှုန်းများ မြင့်တက်နေခြင်းနှင့် ထိုလမ်းကြောင်း မကြာမီ ပြောင်းလဲမည့် အရိပ်အယောင်များ မရှိခြင်းသာ ဖြစ်သည်။
23 Sep, 11:51

သတင်းထုတ်ပြန်ချက် Time မဂ္ဂဇင်းအနေဖြင့် မြန်မာအစိုးရက ပြည်ထောင်စုမပြိုကွဲရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်ထိန်းသိ
+2
သတင်းထုတ်ပြန်ချက် Time မဂ္ဂဇင်းအနေဖြင့် မြန်မာအစိုးရက ပြည်ထောင်စုမပြိုကွဲရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်ထိန်းသိမ်းဆောင်ရွက်ခဲ့သည့် နိုင်ငံတော်၏ သမိုင်းဝင်အခန်းကဏ္ဍများ၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ခဲ့မှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၏ တိုးတက်အောင်မြင်မှုများကို “The Future of Myanmar” ခေါင်းစဉ်ဖြင့် မဂ္ဂဇင်းတွင် ဖော်ပြရန်အတွက် အင်တာဗျူးပြုလုပ်လိုကြောင်း မြန်မာသံရုံး၊ စင်ကာပူမှတစ်ဆင့် မေတ္တာရပ်ခံအဆိုပြုခဲ့ပါသည်။ Time မဂ္ဂဇင်းသည် နိုင်ငံတကာတွင် လူသိများသည့် မီဒီယာတစ်ခုဖြစ်သည့်အတွက် အဆိုပါမေတ္တာရပ်ခံချက်အပေါ် အပြုသဘောဖြင့် တုံ့ပြန်ခဲ့ပြီး နိုင်ငံတော်သမ္မတက Time မဂ္ဂဇင်း၏ သတင်းထောက် Charlie Campbell အား လက်ခံတွေ့ဆုံကာ မေးမြန်းခဲ့သည့် အကြောင်းအရာများကို ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ သို့သော် အဆိုပါအင်တာဗျူးကို Time မဂ္ဂဇင်း၏ Online Media တွင် ဖော်ပြရာ၌ မူလတွေ့ဆုံမေးမြန်းခဲ့သည့် အမေးအဖြေပုံစံအတိုင်း တင်ပြခြင်းမရှိဘဲ ဆောင်းပါးပုံစံဖြင့် ပြန်လည်ရေးသားဖော်ပြခဲ့သည့်အပြင် အင်တာဗျူးအတွင်း အမှန်တကယ်ဖြေကြားခဲ့သည့် အကြောင်းအရာများကိုလည်း ပြည့်စုံစွာ ထင်ဟပ်ဖော်ပြခဲ့ခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် မူလအင်တာဗျူးတွင် မပါဝင်သည့် အခြားပုဂ္ဂိုလ်များ၏ ပြောကြားချက်များ၊ တွေ့ဆုံမေးမြန်းမှုများနှင့် သုံးသပ်ချက်များကို ထည့်သွင်းဖော်ပြခဲ့ပြီး မြန်မာအစိုးရနှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ အမြင်လွဲမှားစေနိုင်သည့် အသုံးအနှုန်းများနှင့် အပြုသဘောမဆောင်သော ရေးသားဖော်ပြချက်များကိုလည်း ထည့်သွင်းရေးသားထားကြောင်း သတိပြုမိပါသည်။ ထိုသို့ မူလဆွေးနွေးသဘောတူညီထားသည့် အင်တာဗျူးအကြောင်းအရာများထက် အခြားအကြောင်းအရာများကို အလေးပေးဖော်ပြခြင်းသည် မီဒီယာကျင့်ဝတ် (Media Ethics) နှင့်အညီ ဆောင်ရွက်ခြင်း ရှိ၊ မရှိအပေါ် မေးခွန်းထုတ်စရာ ဖြစ်ပေါ်စေပါသည်။ နိုင်ငံတော်သမ္မတနှင့် Time မဂ္ဂဇင်းသတင်းထောက် Charlie Campbell တို့အကြား ပြုလုပ်ခဲ့သည့် မူရင်းအမေးအဖြေများကိုလည်း ဆက်လက်ထုတ်လွှင့်ဖော်ပြသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ Time မဂ္ဂဇင်း၏ သတင်းထောက် Charlie Campbell အနေဖြင့် မူလအင်တာဗျူးအတွင်း ပြောကြားခဲ့သည့် အကြောင်းအရာများကို ပြည့်စုံမှန်ကန်စွာ ထင်ဟပ်ဖော်ပြခြင်းမရှိဘဲ အခြားအကြောင်းအရာများနှင့် သုံးသပ်ချက်များကို ထည့်သွင်းရေးသားဖော်ပြခဲ့သည့်အပေါ် မီဒီယာကျင့်ဝတ်နှင့် မကိုက်ညီသည့် ရေးသားဖော်ပြမှုအဖြစ် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်အပ်ပါသည်။
23 Sep, 11:07

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ နေအိမ်အတွင်း ဝင်ရောက်၍ ရွှေထည်နှင့် ငွေကြေးများ လုယက်ရန်ရည်ရွယ်ချက်ဖြင့် အိမ်ရှင်
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ နေအိမ်အတွင်း ဝင်ရောက်၍ ရွှေထည်နှင့် ငွေကြေးများ လုယက်ရန်ရည်ရွယ်ချက်ဖြင့် အိမ်ရှင်လင်မယားအား သတ်ဖြတ်ခဲ့သူအမျိုးသား နှစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ NOM စက်တင်ဘာ ၂၃၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၅) ရပ်ကွက်၊ ၁၁၁ (A) လမ်း၊ ၆၈ (A) လမ်းနှင့် ၆၈ (B) လမ်းကြားနေ ဒေါ်တင်ပြည့် (၆၃) နှစ်နှင့် ခင်ပွန်းဖြစ်သူ ဦးကျော်စိုး (၅၉) နှစ် တို့ (၂) ဦး သည် စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် နေအိမ်အတွင်း၌ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိပြီး သတ်ဖြတ်ခံထားရကြောင်းသတင်းအရ ပြစ်မှုကျူးလွန်သူ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ချမ်းမြသာစည်မြို့နယ်၊အမှတ် (၁၁) နယ်မြေရဲစခန်း (ပ)၁၄၀/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့် စုံစမ်းဆောင်ရွက်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တရားခံများအား ဖမ်းဆီးရမိနိုင်ရေး နယ်မြေအတွင်း သတင်းရယူ စုံစမ်းခြင်း၊ အခင်းဖြစ်ရပ်မှတ်တမ်းနှင့် နေအိမ်အတွင်း ဝင်ထွက်သွားလာသူများအား စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင် မသင်္ကာတရားခံများဖြစ်ကြသည့် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ပတင်းရွာမကြီးကျေးရွာနေ ကျော်ဇင် (ခ) ကျော်ကြီး (၂၃) နှစ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မိုးကြိုးပစ်ကျေးရွာနေ လမင်းထွန်း (ခ) ကရင် (၂၀) နှစ်တို့ (၂) ဦးအား စစ်ဆေးခဲ့ရာ ၎င်းတို့ (၂) ဦးသည် ရေသန့်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်ကာ ရပ်ကွက်အတွင်းရှိ ဒေါ်တင်ပြည့်နှင့် ဦးကျော်စိုးတို့၏နေအိမ်သို့ တစ်ပတ်လျှင် သုံးကြိမ်ခန့် ရေသန့်သွားရောက် ပို့ဆောင်လေ့ရှိပြီး ၎င်းတို့နှင့် ခင်မင်ရင်းနှီးကာ နေအိမ်အတွင်း ဝင်/ထွက်သွားလာ လေ့ရှိကြောင်း၊ နေအိမ်တွင် ဦးကျော်စိုးမှာ လေဖြတ်ရောဂါခံစားနေရသူဖြစ်ပြီး ဒေါ်တင်ပြည့် တစ်ဦးတည်းသာရှိကြောင်း၊ လွန်ခဲ့သော တစ်ပတ်ခန့်က လမင်းထွန်း (ခ) ကရင် မှာ ငွေကြေး လိုအပ်ချက်အရ ကျော်ဇင် (ခ) ကျော်ကြီး နှင့်အတူ အဆိုပါနေအိမ်သို့ သွားရောက်၍ ဒေါ်တင်ပြည့်နှင့် ဦးကျော်စိုးတို့ (၂) ဦးအား သတ်ဖြတ်၍ ရွှေထည်ပစ္စည်းနှင့် ငွေကြေးများယူဆောင်ရန် တိုင်ပင်ခဲ့ကြကြောင်း၊ စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်းတွင် ၎င်းတို့ (၂) ဦးသည် ဒေါ်တင်ပြည့်၏နေအိမ်သို့ သွားရောက်ခဲ့ကြပြီး ဒေါ်တင်ပြည့်နှင့် ဦးကျော်စိုးတို့ (၂) ဦးအား အသင့်ပါလာသောဓားနှင့် နေအိမ်ရှိ ကတ်ကြေးတို့ဖြင့် ခန္ဓာကိုယ်အနှံ့ ထိုးသတ်ခဲ့ကြကြောင်း၊ ရွှေထည်ပစ္စည်းနှင့်ငွေကြေးများထားရှိသည့် ဒေါ်တင်ပြည့်၏အခန်းမှာသော့ခတ်ထားသဖြင့် အခန်းသော့တွေ့ရှိခြင်း မရှိ၍ ရေသန့်စက်ရုံသို့ ပြန်လာခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရပြီး စက်တင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ပြစ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် သက်သေခံ ဓား (၁) လက်နှင့် ကတ်ကြေး(၂)လက် တို့အား ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၅) ရပ်ကွက်၊ ၆၉ လမ်း၊ သံလမ်းဘေးရှိ ခြုံပုတ်အတွင်းမှ သိမ်းဆည်းရမိခဲ့သည်။ ဖြစ်စဉ်တွင် ငွေကြေးလိုအပ်ချက်အရ အိမ်ရှင်လင်မယားအား သတ်ဖြတ်ခဲ့သူ တရားခံ လမင်းထွန်း (ခ) ကရင်နှင့် ကျော်ဇင် (ခ) ကျော်ကြီးတို့ (၂) ဦးအား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓား (၁) လက်၊ ကတ်ကြေး (၂) လက်တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။ NOM
23 Sep, 11:05

တိုင်းမ်မဂ္ဂဇင်းနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်။ ၂၀၂၆ စက်တင်ဘာ ၂၃
23 Sep, 10:43

ကုလညီလာခံတွင်နေတန်ယာဟုကိုသပိတ်မှောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင်အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုမိန့်ခွန်းမပြောမီနိုင်ငံများစွာကညီလာခံခန်းမအတွင်းမှသပိတ်မှောက်ထွက်ခွါသွားကြသဖြင့်ခန်းမအတွင်းထိုင်ခုံအလွတ်များသာကျန်ရှိခဲ့သည်။
23 Sep, 10:19

PDF ၃၈ ဦး လက်နက် ၁၃ လက်ဖြင့်အလင်းဝင်ရောက် NOM စက်တင်ဘာ ၂၃၊ ၂၀၂၆ ယနေ့ စက်တင်ဘာလ ၂၃ ရက်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွပ်က
+7
PDF ၃၈ ဦး လက်နက် ၁၃ လက်ဖြင့်အလင်းဝင်ရောက် NOM စက်တင်ဘာ ၂၃၊ ၂၀၂၆ ယနေ့ စက်တင်ဘာလ ၂၃ ရက်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုနယ်မြေ စစ်ကိုင်းမြို့၌ PDF ၃၈ ဦးသည် လက်နက် ( ၁၃ ) လက်၊ လက်ပစ်ဗုံးများ ၊ ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူအလင်းဝင်ရောက်ခဲ့ကြောင်းသိရသည်။  အလင်းဝင်ရောက်လာသည့် PDF လူငယ်များအား ဆုကြေးငွေများပေးအပ်ကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့ကြောင်းသိရသည်။
23 Sep, 10:14

PDF ၃၈ ဦး လက်နက် ၁၃ လက်ဖြင့်အလင်းဝင်ရောက် NOM၊စက်တင်ဘာ၂၃၊၂၀၂၆ ယနေ့ စက်တင်ဘာလ၂၃ရက်တွင်အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုန
+1
PDF  ၃၈ ဦး လက်နက် ၁၃ လက်ဖြင့်အလင်းဝင်ရောက် NOM၊စက်တင်ဘာ၂၃၊၂၀၂၆ ယနေ့ စက်တင်ဘာလ၂၃ရက်တွင်အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုနယ်မြေ စစ်ကိုင်းမြို့၌ PDF ၃၈ ဦးသည် လက်နက် ( ၁၃ )လက်၊ လက်ပစ်ဗုံးများ ၊ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူအလင်းဝင်ရောက်ခဲ့ကြောင်းသိရသည်။ အလင်းဝင်ရောက်လာသည့်PDF လူငယ်များအား ဆုကြေးငွေများပေးအပ်ကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့ကြောင်းသိရသည်။
23 Sep, 10:11
23 Sep, ~10:12

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ အစည်းအဝေ
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ တက်ရောက် အမှာစကားပြောကြားသည်။ နိုင်ငံတော်သမ္မတက နျူကလီးယားစွမ်းအင် အစီအစဉ်၏အခြေခံသည် အမျိုးသားအကျိုးစီးပွားဖြစ်ရမည်ဖြစ်ပြီး မည်သည့်နိုင်ငံ၏ နည်းပညာ၊ မည်သည့်နိုင်ငံတကာမိတ်ဖက်နှင့် ပူးပေါင်းသည်ဖြစ်စေ မြန်မာနိုင်ငံ၏ ရေရှည်စွမ်းအင်လိုအပ်ချက်၊ စီးပွားရေးအခြေအနေ၊ နည်းပညာစွမ်းရည်၊ လူ့စွမ်းအားနှင့် လုံခြုံရေးအခြေအနေများနှင့် ကိုက်ညီမှု ရှိ၊ မရှိကို အဓိကထား သုံးသပ်ရန် လိုအပ်ပါကြောင်းထည့်သွင်းပြောကြားခဲ့သည်။
23 Sep, 08:58

UAB ဘဏ်ခွဲတွင် ဘဏ်ဓားပြတိုက်ခံရ NOMစက်တင်ဘာ ၂၃၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ UAB ဘဏ်ခွဲတွင်စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က သေနတ်နှင့် ဓား ကိုင်ဆောင်ကာ ဝင်ရောက်လုယက်ခဲ့‌ ကြောင်းသိရသည်။ ဖြစ်စဉ်မှာ အသားလှီးဓား ကိုင်ဆောင်ထားသူတစ်ဦးနှင့် သေနတ်နှင့် အထုတ်တစ်ထုတ် ကိုင်ဆောင်ထားသူတစ်ဦး စုစုပေါင်း နှစ် ဦး ဘဏ်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး မအော်ရန်နှင့် အော်ပါက လက်ထဲမှ အထုတ်အား ဖောက်ခွဲပစ်မည်ဟု ခြိမ်းခြောက်ကာ အဆိုပါ အထုတ်အား ကောင်တာစားပွဲပေါ်သို့ တင်ထားခဲ့သည်။ ထို့နောက် အသားလှီးဓား ကိုင်ဆောင်ထားသူက ဘဏ်အတွင်း ကြမ်းပြင်ပေါ်တွင် ပုံထားသော ငွေကျပ် သိန်း ၆၅၀ အား အသင့်ပါလာသည့် ဆာလာအိတ်အတွင်း ထည့်သွင်းယူဆောင်ကာ ပြန်လည်ထွက်ပြေးရန် ကြိုးပမ်းခဲ့သည်။ ထိုသို့ လုယက်ထွက်ပြေးစဉ် ဘဏ်ဝန်ထမ်းများ၏ အော်ဟစ်အကူအညီတောင်းခံမှုကြောင့် အနီးဝန်းကျင်ရှိ ပြည်သူများက သေနတ်နှင့် ဓားကိုင်ဆောင်ထားသည့် ဓားပြများကို မကြောက်မရွံ့ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြသည်။ အဆိုပါ ပြည်သူများ၏ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် ငွေထုတ်ယူထွက်ပြေးသည့် အသားလှီးဓားကိုင်ဆောင်သူ စည်သူစိုး (ခ) ရှောင်ကျဲ (၂၉) နှစ် အား လုယက်ခံရသည့် ငွေကြေးများအားလုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျန်တစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ တရားခံအား ဖမ်းဆီးရမိပြီးနောက် တာဝန်ရှိသူများက စစ်ဆေးမှသာ ဓားပြများ ကိုင်ဆောင်လာသည့် သေနတ်မှာ သေနတ်အတုဖြစ်ကြောင်းနှင့် ကောင်တာပေါ် ထားခဲ့သည့် အထုတ်အတွင်း၌ တိတ်ပတ်ထားသော ဓာတ်ခဲများသာ ပါဝင်ကြောင်း သိရှိရသည်။ လက်ရှိတွင် ထွက်ပြေးလွတ်မြောက်နေသူ သူထက်အောင် ဆိုသူအား ဖမ်းမိရန်စုံစမ်းလျက်ရှိသည်။
23 Sep, 07:20

ငွေပင်လယ်စက်မှုဇုန်တွင် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲနေသည့် ဦးသိန်းနိုင်၏ “777” ပလတ်စတစ်စက်ရုံအား စစ်ဆေးဖော်ထုတ်ပြီး နိုင်ငံတေ
+2
ငွေပင်လယ်စက်မှုဇုန်တွင် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲနေသည့် ဦးသိန်းနိုင်၏ “777” ပလတ်စတစ်စက်ရုံအား စစ်ဆေးဖော်ထုတ်ပြီး နိုင်ငံတော်အနေဖြင့် နစ်နာခဲ့သည့် ငွေကျပ် ၇ ဒသမ ၉၀၇ ဘီလီယံအား ပြန်လည်ပေးသွင်းစေပြီး ဥပဒေအရ အရေးယူဆောင်ရွက်   စက်တင်ဘာ ၂၂၊ ၂၀၂၆   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဓာတ်အားခိုးယူသုံးစွဲမှုများကို Control Center များမှ စောင့်ကြည့်စစ်ဆေး၍ စဉ်ဆက်မပြတ်ဖော်ထုတ်လျက်ရှိရာ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရွှေလင်ပန်း ငွေပင်လယ် စက်မှုဇုန်အတွင်း မြေကွက်အမှတ် (၇/B) ရှိ ဦးသိန်းနိုင်၏ “777” ပလတ်စတစ်စက်ရုံတွင် တပ်ဆင်ထားသည့် 2 MVA ထရန်စဖော်မာနှင့် တွဲဆက်တပ်ဆင်ထားသည့် မီတာတွင် Alarm ပေါ်နေသဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ရုံးချုပ်၊ ခရိုင်၊ မြို့နယ် ပါဝင်သော ငါးဦးကော်မတီအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ရာ လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲထားကြောင်း သက်သေအထောက်အထားများဖြင့် စစ်ဆေးတွေ့ရှိရသဖြင့် မီတာအား ချက်ချင်းဖြုတ်သိမ်းခဲ့ပြီး နစ်နာဆုံးရှုံးခဲ့သော လျှပ်စစ်ဓာတ်အား ယူနစ် ၁၀ ဒသမ ၄၆၈ သန်း အတွက် ကျသင့်လျော်ကြေးငွေကျပ် ၇ ဒသမ ၉၀၇ ဘီလီယံအား ပြန်လည်ပေးလျော်စေရေးနှင့် လျှပ်စစ်ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် သောင်ကြီးနယ်မြေရဲစခန်းတွင် စက်ရုံပိုင်ရှင် ဦးသိန်းနိုင်နှင့် စက်ရုံမန်နေဂျာ ဦးကြည်လှိုင်တို့အား အမှုဖွင့်အရေးယူလျက်ရှိသည်။   လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှိ Control Center များ၏ နည်းပညာများအဆင့်မြှင့်တင်လာနိုင်သည့်အတွက် လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲမှုများ ပိုမို၍ဖော်ထုတ်လာနိုင်သည်နှင့်အမျှ လျှပ်စစ်ဓာတ်အားမရရှိသေးသည့် ပြည်သူများကို ပိုမို၍တိုးမြှင့်ဖြန့်ဖြူးပေးနိုင်လျက်ရှိသည်။   ပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အားကို စနစ်တကျသုံးစွဲကြရန်နှင့် ဓာတ်အားခိုးယူသုံးစွဲမှုများတွေ့ရှိပါက Call Center များသို့ ဆက်သွယ်သတင်းပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးကြေညာထားကြောင်း သိရသည်။
23 Sep, 06:53

မုဒုံမြို့တွင် ဘောလုံးကစားနေစဉ် Lion City FC အသင်းမှ အားကစားသမားတစ်ဦး မိုးကြိုးပစ်ခံရပြီးသေဆုံး NOM စက်တင်ဘာ ၂၃၊ ၂၀၂၆ မွန်ပြည
မုဒုံမြို့တွင် ဘောလုံးကစားနေစဉ် Lion City FC အသင်းမှ အားကစားသမားတစ်ဦး မိုးကြိုးပစ်ခံရပြီးသေဆုံး NOM စက်တင်ဘာ ၂၃၊ ၂၀၂၆ မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ (၁) ရပ်ကွက် ဒီဇယ်လမ်းရှိ ဘောလုံးကွင်းတွင် ယမန်နေ့ (စက်တင်ဘာ ၂၂ ရက်) ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က ဘောလုံးကစားနေစဉ် Lion City FC အသင်းမှ အားကစားသမားတစ်ဦးမိုးကြိုးပစ်ခံရပြီးသေဆုံးခဲ့သည်။ ဖြစ်စဥ်မှာ မုဒုံမြို့၊ မြို့မ (၁) ရပ်ကွက် ဒီဇယ်လမ်းရှိ မီတာ(၄၀၀)အားကစားကွင်းဘောလုံးကွင်းတွင် တောင်ပေါ်သား FC အသင်းနှင့်Lion City FC အသင်းတို့ အလွတ်တမ်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ယှဉ်ပြိုင်နေစဉ် Lion City FC အသင်းမှ အသက် ၂၉ နှစ်ခန့်ရှိ ကျောနံပါတ် ၉ ဝတ်ဆင်ထားသည့် သန်းတိုးအောင် ကိုမိုးကြိုးထိမှန်၍ ကွင်းအတွင်းလဲကျခဲ့သည်။ အခင်းဖြစ်စဥ်တွင် ကွင်းဘေး၌ တာဝန်ထမ်းဆောင်နေသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်နှစ်ဦးက အခင်းဖြစ်နေရာသို့ ချက်ချင်းသွားရောက်ကာ ရင်ဘတ်ဖိနှိပ်ခြင်း၊ နှလုံးနှိုးဆွခြင်းနှင့် အသက်ရှူအားကူခြင်းတို့ ပြုလုပ်ပေးခဲ့ပြီး လူနာတင်ယာဉ်ဖြင့် မုဒုံမြို့နယ် ပြည်သူ့ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့သော်လည်း ဆေးရုံအရာက်တွင်သေဆုံးသွားကြောင်းသိရသည်။
23 Sep, 06:52

အီရန်စစ်ပွဲကြောင့် ပင်လယ်ကွေ့ နည်းပညာကုမ္ပဏီများ အာရှဘက်သို့ ဦးလှည့်လာ အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွားနေချိန်တွင် ဟောင်ကောင်နှင့်
အီရန်စစ်ပွဲကြောင့် ပင်လယ်ကွေ့ နည်းပညာကုမ္ပဏီများ အာရှဘက်သို့ ဦးလှည့်လာ အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွားနေချိန်တွင် ဟောင်ကောင်နှင့် စင်ကာပူတို့သည် လမ်းကြောင်းပြောင်းလာသည့် နည်းပညာရင်းနှီးမြှုပ်နှံမှုများ၏ အကျိုးအမြတ်ကို အများဆုံးရရှိသည့် ဒေသများအဖြစ် ပေါ်ထွက်လာခဲ့သည်။ ဘာရိန်းနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့ရှိ ဒေတာစင်တာများကို အီရန်က လက်တုံ့ပြန်တိုက်ခိုက်ခဲ့သဖြင့် ဝန်ဆောင်မှုများ ပြတ်တောက်သွားပြီးနောက် ထိုသို့ လမ်းကြောင်းပြောင်းရွှေ့မှုမှာ ပိုမိုမြန်ဆန်လာခဲ့သည်။ ဒူဘိုင်းအခြေစိုက် ကုန်သွယ်ရေးနည်းပညာကုမ္ပဏီ xBratAI သည် အာရှ-ပစိဖိတ်ဈေးကွက်သို့ တိုးချဲ့မှုကို မြှင့်တင်ရန်အတွက် ၂၀၂၆ ခုနှစ် အစောပိုင်းတွင် ဟောင်ကောင်၌ လုပ်ငန်းခွဲတစ်ခု တည်ထောင်ရန် အစီအစဉ်များကို အရှိန်မြှင့် ဆောင်ရွက်ခဲ့သည်။ ဟောင်ကောင်နှင့် စင်ကာပူတို့သည် ပထဝီနိုင်ငံရေးအန္တရာယ်များကို လျှော့ချရန် ကြိုးပမ်းနေသည့် ပင်လယ်ကွေ့စီးပွားရေးလုပ်ငန်းများအတွက် "ပူးတွဲဗဟိုချက်များ (Dual hubs)" ဖြစ်လာနေသည်။ ပင်လယ်ကွေ့နိုင်ငံများ၏ အချုပ်အခြာအာဏာပိုင် ရန်ပုံငွေအဖွဲ့များသည် လွန်ခဲ့သည့်နှစ် ပထမ ၉ လအတွင်း ကမ္ဘာတစ်ဝန်းတွင် ဒေါ်လာ ၅၆ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံခဲ့ပြီး ယင်းအနက် ၄၀ ရာခိုင်နှုန်းခန့်မှာ အာရှသို့ ဦးတည်ခဲ့သည်။ ဇူလိုင်လက ကျင်းပခဲ့သော LEAP East နည်းပညာပွဲ၌ ဟောင်ကောင်၊ ဆော်ဒီအာရေးဗီးယား၊ စင်ကာပူနှင့် အမေရိကန်တို့မှ စုစုပေါင်း ပိုင်ဆိုင်မှု ဒေါ်လာ ၂ ထရီလီယံကို ကိုယ်စားပြုသည့် ထိပ်တန်းရင်းနှီးမြှုပ်နှံသူ ၂၀၀ ကျော် ပါဝင်တက်ရောက်ခဲ့သည်။ စင်ကာပူ ဘဏ္ဍာရေးအဖွဲ့အစည်းများသည် AI ဒေတာစင်တာ လုပ်ဆောင်နိုင်စွမ်း ပြိုင်ဆိုင်မှုကြောင့် မကြုံစဖူး အခြေခံအဆောက်အအုံ တိုးတက်နေသည့် ဒေသတွင်းသို့ ပင်လယ်ကွေ့၏ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်နိုင်ရန် နယ်စပ်ဖြတ်ကျော် ဒစ်ဂျစ်တယ်ကွန်ရက်များနှင့် ငွေကြေးမျိုးစုံ ပေးချေမှုစနစ်များကို တည်ဆောက်ထားကြသည်။
23 Sep, 06:47

အဓိကပင်မစနစ် ပျက်စီးသွားပြီ- ကုလသမဂ္ဂသည် မိမိ၏ မူလရည်ရွယ်ချက်ကို အကောင်အထည်မဖော်နိုင်တော့ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေ
အဓိကပင်မစနစ် ပျက်စီးသွားပြီ- ကုလသမဂ္ဂသည် မိမိ၏ မူလရည်ရွယ်ချက်ကို အကောင်အထည်မဖော်နိုင်တော့ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် နောက်ဆုံးဖြစ်ပွားခဲ့သော ကျူးကျော်စစ်ပွဲသည် ကုလသမဂ္ဂ၏ ကမ္ဘာ့ငြိမ်းချမ်းရေး ပွဲစားအဖြစ်မှ စွမ်းအားမဲ့ ဘေးထိုင်ကြည့်သူအဖြစ်သို့ ကျဆင်းသွားမှုကို မီးမောင်းထိုးပြလိုက်သည်။ နယူးယောက်တွင် ကျင်းပလျက်ရှိသော အထွေထွေညီလာခံ၌ ကုလသမဂ္ဂသည် ဗီတိုအာဏာပိုင် အင်အားကြီး ၅ နိုင်ငံကြောင့် ရပ်တန့်နေရသည်ဟု ကမ္ဘာ့ခေါင်းဆောင်များက ပြောကြားကြောင်း The Wall Street Journal က ရေးသားထားသည်။ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံ (P5) သည် မိမိတို့၏ လုပ်ရပ်များက ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ကို ချိုးဖောက်နေသည့်တိုင် မည်သည့်ဝေဖန်ပြစ်တင်မှုကိုမဆို ပိတ်ပင်တားဆီးနိုင်သည်။ လုံခြုံရေးကောင်စီကို အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်နှင့် ဗြိတိန်တို့အပြင် အခြားနိုင်ငံများပါ တိုးချဲ့ဖွဲ့စည်းရန် အရေးပေါ် တောင်းဆိုမှုများ ပြန်လည် ထွက်ပေါ်လာခဲ့သည်။ မကျေနပ်ချက်များမှာ လည်း ပိုမိုမြင့်တက်လာလျက်ရှိသည်- ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမြင့်မားဆုံး စစ်မက်ပဋိပက္ခများ ဖြစ်ပွားနေသော်လည်း လုံခြုံရေးကောင်စီမှာ အရေးယူဆောင်ရွက်မှု မရှိဘဲ ငြိမ်သက်နေဆဲဖြစ်သည်။ အမေရိကန်၏ အီရန်အပေါ် ကျူးကျော်တိုက်ခိုက်မှုများနှင့် ဗင်နီဇွဲလား၏ တရားဝင်သမ္မတ မာဒူရိုအား မတရားဖမ်းဆီးခေါ်ဆောင်မှုများကို ပဋိညာဉ်စာချုပ် ချိုးဖောက်မှုများအဖြစ် ရှုမြင်ကြသည်။ အိန္ဒိယ၊ ဘရာဇီး၊ တူရကီနှင့် နိဂျီးရီးယားတို့သည် ယနေ့ခေတ် ကမ္ဘာ့ပကတိအခြေအနေများနှင့် ကိုက်ညီသော အမြဲတမ်းအဖွဲ့ဝင်နေရာများကို တောင်းဆိုနေကြသည်။ တူရကီသမ္မတ အာဒိုဂန်က “ကမ္ဘာကြီးဟာ ဒီ ၅ နိုင်ငံထက် ပိုမိုကြီးမားပါတယ်” ဟု ကြေညာခဲ့သည်။ ဘရာဇီးသမ္မတ လူလာက အားလုံးသည် “လုံခြုံရေးကောင်စီ၏ အရေးယူဆောင်ရွက်မှုမရှိခြင်း၌ ဓားစာခံဖြစ်နေရသည်” ဟု သတိပေးလိုက်သည်။ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က လက်တင်အမေရိက သို့မဟုတ် အာဖရိကနေရာများ ပါဝင်ခြင်းမရှိဘဲ P5 သည် တရားဝင်ဂုဏ်သိက္ခာ မရှိကြောင်း ပြောကြားခဲ့သည်။
23 Sep, 06:43

ဂိုလန်ကုန်းမြင့် ကိစ္စနှင့် ပတ်သက်၍ ထရမ့်ကို ဆီးရီးယားသမ္မတ အယ်လ်ရှာရာ လှောင်ပြောင် ကုလသမဂ္ဂ အစည်းအဝေး ပြင်ပတွင် ဆီးရီးယားသမ္မတ အာမက် အယ်လ်ရှာရာက ၂၀၁၉ ခုနှစ်က ဂိုလန်ကုန်းမြင့်ကို အစ္စရေးပိုင်ဆိုင်ကြောင်း အမေရိကန်၏ အသိအမှတ်ပြုမှုနှင့် ပတ်သက်၍ ဒေါ်နယ်ထရမ့်ကို ထိတို့လှောင်ပြောင်လိုက်သည်။ အိမ်ဖြူတော်တွင် ထရမ့်နှင့် တွေ့ဆုံခဲ့စဉ်က အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြရာ၌ အယ်လ်ရှာရာက “ခင်ဗျား နယူးဂျာစီပြည်နယ်ကို အစ္စရေးတွေကို ပေးလိုက်ပါလား” ဟု စနောက်ခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ ရည်ရွယ်ချက်မှာ နယူးဂျာစီသည် အမေရိကန်ပိုင်နက် ဖြစ်သောကြောင့် ထရမ့်အနေနှင့် ပေးချင်ပေးနိုင်သော်လည်း “ဂိုလန်ကုန်းမြင့်က ခင်ဗျားပိုင်တာ မဟုတ်တဲ့အတွက် ပေးပိုင်ခွင့်မရှိဘူး” ဟု မီးမောင်းထိုးပြလိုခြင်းဖြစ်သည်။ ထို့အပြင် နယူးဂျာစီသည် ဒီမိုကရက်တစ်ပါတီ အားကောင်းသော ပြည်နယ်ဖြစ်ပြီး ထရမ့်ကို မဲပေးသည့်ပြည်နယ် မဟုတ်ကြောင်းလည်း အယ်လ်ရှာရာက စနောက်ပြောဆိုခဲ့သည်။ ဂိုလန်ကုန်းမြင့်သည် “ထိုဒေသတွင် နေထိုင်သူများ၏ ပိုင်ဆိုင်မှုသာ ဖြစ်သည်” ဟု အယ်လ်ရှာရာက အခိုင်အမာ ပြောကြားခဲ့သည်။ “ဒါဟာ စွန့်လွှတ်လိုက်ဖို့ ဒါမှမဟုတ် အခြားသူတွေကို ပေးလိုက်ဖို့ ဆီးရီးယားသမ္မတ ပိုင်တာလည်း မဟုတ်ဘူး၊ အမေရိကန်သမ္မတ ပိုင်တာလည်း မဟုတ်သလို အခြားဘယ်သူမှလည်း ပိုင်တာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
23 Sep, 06:33

ငါးသိုင်းချောင်းမြို့၌ ရေဝင်ရောက်ခဲ့ခြင်းကြောင့် ယာယီပိတ်ထားခဲ့သည့် အခြေခံပညာကျောင်း ၂၂ ကျောင်း ယနေ့တွင် ပြန်လည်ဖွင့်လှစ်သင်က
ငါးသိုင်းချောင်းမြို့၌ ရေဝင်ရောက်ခဲ့ခြင်းကြောင့် ယာယီပိတ်ထားခဲ့သည့် အခြေခံပညာကျောင်း ၂၂ ကျောင်း ယနေ့တွင် ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိ   စက်တင်ဘာ ၂၂၊ ၂၀၂၆   ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့၌ လေးမျက်နှာမြို့နယ် ငဝန်မြစ်ရေကာတာ မိုင်တိုင်အမှတ် ၂၅/၃ တွင် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခဲ့ကာ ယခုအခါ ရေပြန်လည်ကျဆင်းသဖြင့် ငါးသိုင်းချောင်းမြို့ရှိ အခြေခံပညာကျောင်း ၂၂ ကျောင်း ယာယီပိတ်ထားခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင် ကျောင်းများအားလုံး ပုံမှန်ပြန်လည်ဖွင့်လှစ်၍ သင်ကြားလျက်ရှိသည်။ အဆိုပါကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ငါးသိုင်းချောင်း မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင် ဦးဆောင်မှုဖြင့် ​မြို့မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ကျောင်းအတွင်းအပြင် သန့်ရှင်းရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေးနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ပြီး ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သင်ခန်းစာများနောက်မကျစေရေးအတွက်ကိုလည်း အစားထိုးကျောင်း တက်ရက်များဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
23 Sep, 06:30