ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 511 名订阅者,在 新闻与媒体 类别中位列第 16 060,并在 缅甸 地区排名第 10 067

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 511 名订阅者。

根据 20 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -281,过去 24 小时变化为 -11,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 9.99%。内容发布后 24 小时内通常能获得 5.36% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 250 次浏览,首日通常累积 670 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 15

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 21 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 511
订阅者
-1124 小时
-757
-28130
帖子存档
အီရန်ပြည်ပြေးမင်းသားခရမ်းချဉ်သီးအရည်အပက်ခံရ NOM အီရန်၏ ပြည်ပြေးအိမ်ရှေ့စံ မင်းသားရီဇာ ပါလာဗီသည် ဘယ်လ်ဂျီယံနိုင်ငံတွင် အများပြည်သူရှေ့မှောက်သို့ ရောက်ရှိလာစဉ် ခရမ်းချဉ်သီးရည်ဟု ယူဆရသော အနီရောင်အရည်ဖြင့် ပက်ဖျန်းခံခဲ့ရသည်။ အီရန်နှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများအကြောင်း ပြောဆိုနေသည့် သတင်းစာရှင်းလင်းပွဲမှ ထွက်ခွာလာစဉ် ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၄င်းသည် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ အာဏာပိုင်များက အဆိုပါဖြစ်ရပ်အပြီး မကြာမီပက်ဖျန်းသူကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

သီချင်းများ ပြန်လည်သီဆိုရာ၌ ပိုင်ရှင်ထံမှ ခွင့်ပြုချက်ယူရမည် ဧပြီ၂၃၊၂၀၂၆
သီချင်းများ ပြန်လည်သီဆိုရာ၌ ပိုင်ရှင်ထံမှ ခွင့်ပြုချက်ယူရမည် ဧပြီ၂၃၊၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆ (၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆  (၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်) (၂ဝ၂၆ခုနှစ်၊ ဧပြီလ ၂၃ ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၂ /၂၀၂၆ (၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၂ /၂၀၂၆ (၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်) ( ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ) စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁ /၂၀၂၆ (၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရ
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁ /၂၀၂၆ (၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်) ( ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် )အရေးပေါ်အခြေအနေကြေညာခြင်း

အီရန်ရေတပ် ကဟော်မုဇ်ရေလက်ကြားတွင် အစ္စရေးကုန်သင်္ဘောကိုယနေ့ဖမ်းဆီး

ဥရောပတွင်ရွှေ့ပြောင်းနေထိုင်သူ၆၄သန်းအထိရောက်ရှိလာ NOM Rockwool ဖောင်ဒေးရှင်း၏ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်တွင် ဥရောပသမဂ္ဂရှိ ရွှေ့ပြောင်းနေထိုင်သူဦးရေသည် စံချိန်တင် ကာ ၆၄ သန်းအထိ ရောက်ရှိခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ထိုဦးရေမှာ သန်း ၄၀ ရှိခဲ့ရာ ၁၅ နှစ်အတွင်း လူဦးရေ ၆၀ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။

အီရမ်ကအာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)ကိုအများဆုံးတိုက်ခိုက် NOM အီရန်-အမေရိကန်စစ်ပွဲအတွင်းအီရန်သည်ဒုံးကျည်နှင့်ဒရုန်း၆၈
အီရမ်ကအာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)ကိုအများဆုံးတိုက်ခိုက် NOM အီရန်-အမေရိကန်စစ်ပွဲအတွင်းအီရန်သည်ဒုံးကျည်နှင့်ဒရုန်း၆၈၀၀ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ရာယူအေအီးနိုင်ငံသည်အစ္စရေးထက်ပင်အရေအတွက်ပိုမိုတိုက်ခိုက်ခံရပြီးအစ္စရေးကိုတိုက်ခိုက်သည့်အရေအတွက်ထက်နှစ်ဆကျော်တိုက်ခိုက်ခံရသည်။

မြိတ်မြို့နယ်တွင် လူမဆန်စွာ ရိုက်နှက်ခံရသည့်ကိုရင်လေးမှာလက်ရှိကျန်းမာရေးကောင်မွန်ပြီး ယင်ကျောင်းတွင်ဆက်လက်သီတင်းသုံးနေ NOM၊ဧပြီ၂၃၊၂၀၂၆ မြိတ်မြို့နယ်တွင် လူမဆန်စွာ ရိုက်နှက်ခံရသည့်ကိုရင်လေးမှာလက်ရှိကျန်မာရေးကောင်မွန်ပြီး ယင်ကျောင်းတွင်ဆက်လက်သီတင်းသုံးနေပြီး ရိုက်နှက်ခဲ့သောဦးဇင်ကို လူဝတ်လဲကာ မြိတ်မြို့မ ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၂၉၅-(က)နဲ့အရေးယူ ထားပါတယ်"ဟု အရိုက်ခံရသောကိုရင်လေးအား ကူညီပေးသူဆရာတော်ဦးသုနန္ဒကမိန့်ကြားခဲ့သည်။ ဖြစ်စဉ်မှာတနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင်ဧပြီ ၂၁ ရက်နေ့ ညနေပိုင်း ကိုရင်ငယ်ကို ဖုန်းသုံးသည့်ဟုဆိုကာ ပဋိပတ္တိတောရကျောင်း၏ ကျောင်းထိုင်ဘုန်းကြီးဦးတေဇက ရက်ရက်စက်စက် လူမဆန်စွာ ရိုက်နှက်ခဲ့သည့် ဗီဒီယိုသည် လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံ့လာခဲ့သဖြင့် ပြည်သူများအကြား ဝေဖန်မှုများ အလွန်မြင့်တက်ခဲ့ကြောင်း၊ ယင်းနောက် သာသနာ ရေးဦးစီးဌာန၊ ထွေ/အုပ်နှင့်ရဲများက ကိုရင်ငယ်ကို ရိုက်နှက်ခဲ့သော ကျောင်းထိုင်ဘုန်းကြီး ဦးတေဇကို ခေါ်ယူ မေးမြန်း စစ်ဆေးခဲ့ကြောင်း၊ ယင်းနောက် ယမန်နေ့ ညပိုင်းတွင် ဦးတေဇကို လူဝတ်လဲ၍ သာသနာတော်ကို စိတ်နာစေရန် ပြုလုပ်သော ပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့် ဖမ်းဆီးလိုက်ကြောင်းသိရသည်။ "ကိုရင်လေး ကိစွနဲ့ပတ်သတ်ပြီး ပြောရရင်အခုအွန်လိုင်းမှာပျံ့နှံ့နေတဲ့ ကိုရင်လေးတစ်ပါးဆေးရုံပေါ်ကပုံသည် လက်ရှိဖြစ်စဉ်က ကိုရင်လေးမဟုတ်ပါဘူး မြိတ်က ကိုရင်လေးက ကျန်းမာစွာ လက်ရှိကျောင်းမှာဘဲ သီတင်းသုံးနေပါတယ်ဘယ်ဆေးရုံကိုမှလည်းမတက်ခဲ့ပါဘူးရိုက်တဲ့ ဘုန်းကြီးဦးတေဇ -သက်တော် (၄၁)နှစ် ဝါတော် (၂၁)ဝါကတော့ လူဝတ်လဲပြီးလူအမည် ဦးထွန်းလှိုင် အနေဖြင့် မြိတ်မြို့မ ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၂၉၅-(က)ဖြင့်အရေးယူထားပါတယ်"ဟု ဆရာတော်ဦးသုနန္ဒကမိန့်ကြားခဲ့သည်။ လက်ရှိနောက်ထပ် ဆုံးရှုံးမှုများမှာ အများသိအောင် video တင်ပေးသည့် ဦးဇင်းလေးနှင့် ရိုက်ကူးခဲ့သည့် ဒကာမတို့မှာ ချိန်းခြောက်မှုများရှိလာသည့်အတွက် ဒကာမမှာရှောင်နေရပြီး Video တင်ပေးသည့် ဦးဇင်းလေးမှာတရားခံဖြင့်မှားယွင်းကာ ၎င်း၏ပုံကို တင်ခံရသောကြောင့် ကြောက်လန့်ပြီး လူထွက်လိုက်ကြောင်းသိရသည်။ "တစ်ချို့ကမေးတယ်ကိုရင်လေးမိဘတွေကမရှိတော့တာလားဘာမှမလုပ်ဘူးလားလို့မေးကြတယ် တစ်ကယ်တော့ကိုရင်လေးမှာမိဘတွေရှိပါတယ်သူတို့ကပင်လယ်မှာအလုပ်လုပ်နေရတဲ့အတွက် ဆက်သွယ်လို့မရဘူး၊ ဆက်သွယ်လို့ရရင်လည်းအသိပေးမှာပါ ခက်တာကပင်လယ်ပြင်သွားတယ်ဆိုတာက အနည်းဆုံနှစ်လကနေ တစ်နှစ်အထိကြားတတ်ပါတယ်"ဟုဆရာတော်ဦးသုနန္ဒက ထပ်မံမိန့်ကြားခဲ့သည်။ လက်ရှိကိုရင်လေး၏မိဘများထံယခုဖြစ်စဉ်များနှင့်ပတ်သက်၍အသိပေးရန်စီစဉ်ထားသာ်လည်း ပင်လယ် ဘက်တွင်လုပ်ကိုင်နေသူများဖြစ်သောကြောင့် အလုပ်ပိုင်ရှင်ကမည်သို့အကြောင်းကြားပေးမည်ကိုစောင့်နေရကြောင်းသိရသည်။

ရေနံစျေးပြန်လည်တက် NOM အမေရိကန်နှင့်အီရန်ဆွေးနွေးပွဲပျက်ပြားခြင်းနှင့်ဟော်မုဇ်ရေလက်ကြားကိုအမေရိကန်ကရောအီရန်ကပါပိတ်ဆို့ထားသည့်
ရေနံစျေးပြန်လည်တက် NOM အမေရိကန်နှင့်အီရန်ဆွေးနွေးပွဲပျက်ပြားခြင်းနှင့်ဟော်မုဇ်ရေလက်ကြားကိုအမေရိကန်ကရောအီရန်ကပါပိတ်ဆို့ထားသည့်အတွက်ဘရန့်ရေနံစိမ်းတစ်စည်လျင်အမေရိကန်ဒေါ်လာ၁၀၅ဒေါ်လာသို့ပြန်လည်မြင့်တက်သွားသည်။

ပုသိမ်ကြီးမြို့နယ်အတွင်းမိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်သဖြင့် မန္တလေး-ပြင်ဦးလွင်ကားလမ်းပိတ်ခဲ့ပြီး နေအိမ်အချို့ပျက်စီး NOM၊ဧပ
ပုသိမ်ကြီးမြို့နယ်အတွင်းမိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်သဖြင့် မန္တလေး-ပြင်ဦးလွင်ကားလမ်းပိတ်ခဲ့ပြီး နေအိမ်အချို့ပျက်စီး NOM၊ဧပြီ၂၃၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းယမန်နေ့ဧပြီ၂၂ရက် ည၁၁နာရီခန့်ကမိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်သဖြင့် မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင်သစ်ပင်များ လဲကြပြီးလမ်းပိတ်ခဲ့သည့်အပြင် နေအိမ်များလည်းပျက်စီးခဲ့ကြောင်းပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ပုသိမ်ကြီးမြို့နယ်အတွင်းမိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် သမ္မတောကျေးရွာနှင့် ကျောက်မီးကျေးရွာကြားရှိ မန္တလေး-ပြင်ဦးလွင်ကားလမ်း လမ်းလယ်ကျွန်းနှင့် လမ်းဘေးဝဲယာရှိ သစ်ပင်များလဲကျပြီး လမ်းပိတ်ခဲ့ခြင်း၊ကျောက်မီးကျေးရွာအတွင်းရှိလူနေအိမ်များပျက်စီးခြင်း၊ရွာရှည်ကျေးရွာ၊ ဆည်မြောင်းဘောင်လမ်းများတွင်သစ်ပင်လဲကျမှုများကြောင့် လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

PDF အမည်ခံအဖွဲ့များ ဥပဒေဘောင်အတွင်းခိုလှုံဝင်ရောက်ရန် ဖိတ်ခေါ် နှိုးဆော်တိုက်တွန်း ဧပြီ ၂၂၊ ၂၀၂၆ နိုင်ငံတော်အတွင်း အကြမ်းဖက်မှုများဖြစ်ပွားစေရန် သွေးထိုးလှုံ့ဆော်ပြီး ပြည်ပသို့ထွက်ပြေးသွားခဲ့ကြသူများက ဥပဒေအခြေခံမရှိဘဲ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကို တရားမဝင်ဖွဲ့စည်းဆောင်ရွက်ခဲ့ကြကာ အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်အတွက် PDF အမည်ခံအဖွဲ့များကိုဖွဲ့စည်းပြီး နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်စေခဲ့ကြသည်။ CRPH နှင့် NUG တို့သည် နိုင်ငံရေးအရ မှန်ကန်ခိုင်မာသည့် ရပ်တည်ချက်မရှိဘဲ ရှေ့နောက်မညီသည့် ထုတ်ပြန်ပြောဆိုမှုများကို ပြုလုပ်ခဲ့သည်။ CRPH က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး NUG ကို ဖွဲ့စည်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းအခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ ဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ CRPH က ကြေညာသည့် အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပျက်ပြယ်သွားပြီ ဆိုပါလျှင် ၎င်းတို့လွှတ်တော်ကိုယ်စားလှယ်များဆိုသည်မှာလည်း အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဆိုသည်မှာလည်းရှိတော့မည် မဟုတ်သကဲ့သို့ NUG ကို ဖွဲ့စည်း၍ပင်မရတော့ပေ။ အခြားတစ်ဖက်တွင်လည်း CRPH နှင့် NUG တို့က ၎င်းတို့သည်သာ ပြည်သူရွေးကောက်တင်မြှောက်ထားသည့် တရားဝင်အစိုးရဟုဆိုပြန်သည်။ ထိုသို့ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို အသိအမှတ်ပြုနေခြင်းပင်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိတော့ဟုဆိုပါလျှင် ၎င်းတို့လည်းရှိတော့မည်မဟုတ်ပေ။ ၎င်းတို့ တရားဝင်တည်ရှိနေသည်ဆိုပြန်လျှင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) က တည်ရှိဆဲဖြစ်သည်ကို အသိအမှတ်ပြုသကဲ့သို့ဖြစ်နေသည်။ CRPH နှင့် NUG တို့သည် လမ်းပေါ်လျှောက်ရင်း လမ်းပျောက်နေသူများပင်ဖြစ်သည်။ ၎င်းတို့သာ ရွေးကောက်ခံအစိုးရဆိုပြီး NUG ကို ဖွဲ့စည်းကြသူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ သက်တမ်းကကုန်ပြီဖြစ်သည်။ ၎င်းတို့သည် မည်သို့ပင် တရားဝင်သည်ပြောနေသော်လည်း အခြေခံဥပဒေဖျက်သည်ဆိုလျှင်လည်း ပျက်သည့်အဖွဲ့အစည်း၊ အခြေခံဥပဒေတည်ဆဲပါဆိုလျှင်လည်း သက်တမ်းကုန်သည့် အဖွဲ့အစည်းအဖြစ် ရုပ်လုံးသဏ္ဌာန်မှာ ပီပြင်လာခဲ့ပြီဖြစ်သည်။ ယခုဆိုလျှင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီက လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ်ထားပြီးဖြစ်သည်။ ထို့ကြောင့်ပင် PDF အမည်ခံ အဖွဲ့အစည်းအသီးသီးတို့အနေဖြင့်လည်း လမ်းကြောင်းအမှန်ကို စဉ်းစားချိန်တန်ပြီဖြစ်သည်။ PDF အမည်ခံ အဖွဲ့အစည်းအသီးသီးတို့သည် နိုင်ငံတော်အစိုးရ၏ ကမ်းလှမ်းဖိတ်ခေါ်သည့်အတိုင်း ဥပဒေဘောင်အတွင်း အမြန်ဆုံးပြန်လည်ခိုလှုံဝင်ရောက်ဖို့ နှိုးဆော်တိုက်တွန်းထားကြောင်း သိရှိရသည်။

ဒုတိယသမ္မတ ဦးညိုစော ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Sihasak Phuangketkaew ဦးဆောင်သည့် ကိ
+2
ဒုတိယသမ္မတ ဦးညိုစော ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Sihasak Phuangketkaew ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ ဧပြီ ၂၃၊ ၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Sihasak Phuangketkaew ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံရှိရင်းစွဲ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမို တိုးတက်ခိုင်မာလာစေရေး၊ စီးပွားရေးကဏ္ဍ၊ နယ်စပ်ဒေသကုန်သွယ်ရေးတိုးမြှင့် နိုင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုမြှင့်တင် ဆောင်ရွက်ရေး၊ ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံဘဏ်များ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး၊  နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားမဝင်နယ်စပ်ကုန်သွယ်ရေးနှင့် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့် လင်းစွာဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ  နိုင်ငံခြားရေးဝန်ကြီး၏အကြံပေးပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

မနက်ဖန်မှစ၍မာန်အောင်နှင့်ကျောက်ဖြူသို့လေယာဉ်ပြန်လည်ပြေးဆွဲမည်
မနက်ဖန်မှစ၍မာန်အောင်နှင့်ကျောက်ဖြူသို့လေယာဉ်ပြန်လည်ပြေးဆွဲမည်

မတ္တရာမြို့နယ်၊ လက်ဝဲကြီးကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် မန်ကျည်
မတ္တရာမြို့နယ်၊ လက်ဝဲကြီးကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် မန်ကျည်းရွက်များ ခူးရန်သွားသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ ဧပြီ ၂၂၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ပြည်သူ့ ဆေးရုံသို့ ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်၌ မတ္တရာမြို့နယ်၊ လက်ဝဲကြီးကျေးရွာနေ ဦးအောင်ရှိုင်း (၃၁) နှစ်သည် လက်ဝဲကြီးကျေးရွာအရှေ့ဘက် ငါးဖာလုံခန့်အကွာရှိ မန်ကျည်းပင်တွင် မန်ကျည်းရွက်များခူးရန် သွားရောက်စဉ် PDF အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

သက်သာချောင်ချိရေးနှင့်ပတ်သက်၍ တပ်များအပေါ်တွင် စေတနာထား၍ လုပ်ဆောင်ရန်လိုအပ်ပြီး သက်သာချောင်ချိရေးဆိုသည်မှာ စားရေး၊ သောက်ရေးသာမက နေရေး၊ ထိုင်ရေး၊ သွားရေး၊ လာရေး စသည်ဖြင့် အားလုံးခြုံငုံ၍ အဆင်ပြေရန် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ သက်သာချောင်ချိရေးဆိုသည်မှာ ထောက်ပံ့ပေးသည့် ငွေကြေး (သို့မဟုတ်) ပစ္စည်း၊ အစားအသောက် ဆောင်ရွက်ပေးရုံသာမက ၎င်းတို့၏ နေရေးထိုင်ရေး၊ သွားရေးလာရေး၊ ပညာရေး၊ ကျန်းမာရေး စသည်များအဆင်ပြေစေရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သက်သာချောင်ချိရေးကောင်းမွန်မှုသည် အုပ်ချုပ်ရေးနှင့် စိတ်ဓာတ်အပေါ်များစွာ အထောက်အကူပြုပါကြောင်း။ တစ်ပိုင်တစ်နိုင်စိုက်ပျိုး/ မွေးမြူရေးလုပ်စေခြင်းသည် မိသားစု၏ ပြင်ပမှဝယ်ယူ စားသုံးမှုအတွက် ငွေကြေးကုန်ကျမှု လျှော့ချနိုင်ရန်ဖြစ်ကြောင်း၊ တပ်ပိုင်စိုက်ပျိုး/မွေးမြူရေးသည် တပ်ရန်ပုံငွေတိုးပွားအောင် ဆောင်ရွက်ခြင်းမဟုတ်ဘဲ တပ်မိသားစုဝင်များ၏ သက်သာချောင်ချိရေးအတွက်ဖြစ်ပြီး ပိုလျှံသောထွက်ကုန်ပစ္စည်းများအား ဒေသတွင်းရှိ ဝန်ထမ်းများအတွက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများကို မည်သည့်အတွက်ကြောင့် လုပ်ဆောင်သည်ကို နားလည်စေရန်အတွက် ရှင်းပြပေးရန်လိုအပ်ပြီး တပ်ပိုင်စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်း များလုပ်ဆောင်ကြရန်လိုကြောင်း။ တပ်မှူးအားလုံးသည် မိမိတို့တပ်ဖွဲ့အတွင်း မှီခိုနေထိုင်ကြသည့် တပ်မတော်သားများ၏ မိသားစုဝင်များ ကျောင်းပညာမြင့်မားရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အားပေးကြရန်ပြောကြားလိုကြောင်း၊ တပ်မတော်သားများ၏ အရည်အသွေးသာမက သားသမီးများ၏ ပညာရေးကိုလည်းမြှင့်တင်ပေးနိုင်ရန် တစ်နှစ် နှစ်ကြိမ်ထောက်ပံ့ရန် ညွှန်ကြားထားကြောင်း၊ ထို့ကြောင့် တပ်မတော်သားများ၏ သား/သမီးအားလုံးကို KG+9 အဆင့်အထိ အနည်းဆုံးတတ်မြောက်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း။ စိတ်ဓာတ်ဖြင့်တည်ဆောက်ခြင်းအပိုင်းတွင် ရပိုင်ခွင့်များ အချိန်နှင့်တစ်ပြေးညီ ပြည့်ပြည့်ဝဝရရှိအောင် ဆောင်ရွက်ပေးခြင်းတို့ပင်ဖြစ်ပြီး လေ့ကျင့်ရေး၊ အုပ်ချုပ်ရေးနှင့် သက်သာချောင်ချိရေးတို့သည်လည်း စိတ်ဓာတ်နှင့် တည်ဆောက်မှုအပိုင်းကို တိုက်ရိုက်သက်ရောက်မှုရှိကြောင်း၊ စစ်သည်များ၏စိတ်ဓာတ်မြင့်မားရေး လုပ်ဆောင်ပေးရမည်ဖြစ်ရာ တပ်မှူးများအနေဖြင့် လက်အောက်နှင့်အနီးကပ်တွေ့ဆုံပြီး လက်ပွန်းတတီးနေထိုင်ရန် လိုအပ်ကြောင်း။ ပြည်သူနှင့်တပ်မတော်ဆိုသည်မှာ ခွဲခြား၍မရဘဲ ပြည်သူနှင့်တပ်မတော်သည် ချစ်ချစ်ခင်ခင်နှင့် စည်းစည်းလုံးလုံးရှိနေစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် (၂၄) နာရီတာဝန်ရှိပြီး ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် ပြည်သူများက ပေါက်ဖွားလာခြင်းဖြစ်သည့်အတွက် ပြည်သူ့အကျိုးကိုဖော်ဆောင်ပေးရန် တာဝန်ရှိသည်ကို မိမိတို့အမြဲတမ်းခံယူထားရမည်ဖြစ်ပြီး နဂိုကတည်းကပင် ရှိပြီးသားဖြစ်ရမည့်စိတ်ဓာတ်ဖြစ်ကြောင်း။ မိမိတို့လုပ်ဆောင်ရသောအလုပ်ကို သိရှိအောင်လုပ်ပြီး ၎င်းအလုပ်ကို ကောင်းမွန်အောင် မည်သို့လုပ်ဆောင်မည်၊ တိုးတက်အောင်မည်သို့လုပ်ဆောင်မည်၊ အင်အားတိုးတက်အောင် မည်သို့လုပ်ဆောင်မည်ဟူသော စိတ်ဓာတ်ကိုမွေးမြူပြီး ဂရုတစိုက်လုပ်ဆောင်သွားမည်ဆိုပါက မိမိတို့တပ်မတော်၏ အရည်အသွေးတိုးတက် လာမည်ဖြစ်ကြောင်းဖြင့်ပြောကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကိုမေးမြန်းကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တပ်နယ်မှူးကလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်ရှိ မိခင်နှင့်ကလေးစောင်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တပ်နယ်မှူး၏ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။ တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ထို့ပြင် တပ်မတော်ကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မကွေးမြို့ရှိနယ်မြေခံတပ်ရင်းအတွင်း လက်ရှိအခြေခံပညာမူလတန်းကျောင်းအား အခြေခံပညာအလယ်တန်းကျောင်းအဆင့် တိုးချဲ့ဆောက်လုပ်မည့်နေရာအားလည်းကောင်း၊ နယ်မြေခံလေတပ်စခန်းဌာနချုပ်အတွင်း မီတာ (၄၀၀) ရာဘာပြေးလမ်းပါ ဘောလုံးကွင်းနှင့် (၁၅၅၆) ဦးဆံ့ ပွဲကြည့်ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းခွင်သို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး မကွေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား ဧပြ
+5
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး မကွေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား ဧပြီ ၂၂၊ ၂၀၂၆ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယနေ့နံနက်ပိုင်းတွင် မကွေးတပ်နယ်ရှိအရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ် သီဟသူရကျင်စံခန်းမ၌ သွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။ ထိုသို့ တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်၏အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး ၎င်းတာဝန်များထမ်းဆောင်နိုင်ရန်အတွက် အမှန်တကယ်စွမ်းရည်ရှိသော တပ်မတော်ဖြစ်စေရေးအတွက် တပ်မတော်သားတိုင်း ကိုယ်စီအရည်အချင်းရှိအောင် တည်ဆောက်ရန်လိုကြောင်း၊ နိုင်ငံတော်ကို လုံခြုံစွာကာကွယ်နိုင်ရန်အတွက် စစ်ရေးစွမ်းရည် ထက်မြက်ရမည်ဖြစ်ပြီး ထိုသို့တပ်မတော် စွမ်းရည်မြင့်မားရန် လူသားစွမ်းရည်မြင့်မားရေးသည် အလွန်အရေးကြီးကြောင်း၊ စွမ်းရည်ဆိုသည့်နေရာတွင် စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်များ မြင့်မားနေရန်လိုအပ်ကြောင်း။ တပ်မတော်အနေဖြင့် စွမ်းရည်သုံးရပ်နှင့်ပြည့်စုံသည့် တပ်မတော်ဖြစ်ရန် မလွဲမသွေလိုအပ်ပြီး လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကို မမေ့ရန်လိုကြောင်း၊ စစ်ရေးစွမ်းရည်ဆိုသည်မှာ တိုက်စွမ်းရည်၊ တိုက်စွမ်းအားပင်ဖြစ်ကြောင်း၊ စွမ်းရည်ရှိရန် ကျန်းမာကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုများနှင့် ရဲစွမ်းသတ္တိများရှိအောင် လေ့ကျင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုက်စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်ရေးသည် လူနှင့်သက်ဆိုင်ပြီး စွမ်းရည်မြင့်မားစေရန်အတွက် လေ့ကျင့်ရေးသည် အဓိကပင်ဖြစ်ကြောင်း။ စစ်ပညာ၏ အခြေခံသည်စစ်ရေးပြပင်ဖြစ်ပြီး အမိန့်နာခံတတ်မှုနှင့် စစ်စည်းကမ်းကောင်းမွန်စေမှု အတွက်ရည်ရွယ်လေ့ကျင့်ပေးခြင်းဖြစ်၍ စစ်ကျောင်းကြီးများအနေဖြင့် စနစ်တကျ လေ့ကျင့်ပေးသွားရန်လိုကြောင်း၊ အမိန့်နာခံတတ်မှုတွင် တစ်ဦးချင်းနှင့်အဖွဲ့လိုက်ဟူ၍ရှိပြီး မိမိတို့တပ်မတော်အနေဖြင့် အဖွဲ့စနစ်ဖြင့်ဆောင်ရွက်ခြင်းဖြစ်သောကြောင့် တစ်ဦးချင်းစွမ်းရည်များစုပေါင်းပြီး အဖွဲ့အစည်း၏စွမ်းရည်များရရှိအောင် တည်ဆောက်ခြင်းဖြစ်ကြောင်း။ တပ်မတော်တွင် အုပ်ချုပ်ရေးစွမ်းရည်သည် အလွန်အရေးကြီးသည့်အခန်းကဏ္ဍတွင်ရှိပြီး အုပ်ချုပ်မှုမကောင်းလျှင် စစ်ရေးစွမ်းရည်နှင့်စည်းရုံးရေး စွမ်းရည်ပါမကောင်းနိုင်သဖြင့် စွမ်းရည်သုံးရပ်တွင် အုပ်ချုပ်မှုစွမ်းရည်သည် အလွန်အရေးကြီးကြောင်း၊ အုပ်ချုပ်ရေးစွမ်းရည်တွင် စားရေး၊ နေရေး၊ သွားလာနေထိုင်ရေး၊ စစ်စည်းကမ်း ထိန်းသိမ်းရေးအပါအဝင် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်သွားရန်လိုအပ်ပြီး တာဝန်ရှိသူများအနေဖြင့်လည်း ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် တပ်တွင်းစည်းလုံးညီညွတ်မှု အားနည်းချက်ကို ဖြစ်ပေါ်နိုင်ကြောင်း။ အုပ်ချုပ်ရေးပိုင်းတွင် တပ်မှူးကောင်းစိတ်ဓာတ်၊ ဖခင်သဖွယ်စိတ်ဓာတ်ဖြင့် ကိုယ်ချင်းစာတရားများရှိနေရန်လိုပြီး အုပ်ချုပ်မှုညီညွတ်မျှတမှုရှိရန်လိုကြောင်း၊ အုပ်ချုပ်မှုအားနည်းလျှင် စည်းလုံးညီညွတ်မှုကို အားနည်းစေမည်ဖြစ်ကြောင်း၊ အုပ်ချုပ်မှုကောင်းရန် စည်းကမ်းကောင်းမွန်မှုသည် အရေးကြီးကြောင်း၊ စည်းကမ်းဆိုသည်မှာ တိုက်တွန်းချက်နှင့် တားမြစ်ချက်ပင်ဖြစ်ကြောင်း၊ ခေါင်းဆောင်ကောင်းသည် တာဝန်ခံမှု၊ တာဝန်ယူမှု စိတ်ဓာတ်ရှိရမည်ဖြစ်ပြီး ခွင့်လွှတ်သင့်သည်ကို ခွင့်လွှတ်ပေးရမည်ဖြစ်ကာ ခွင့်လွှတ်ပေး၍မရသည့်ကိစ္စရပ်များကိုလည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့်ချမှတ်ထားသော စည်းကမ်းဘောင်အတွင်းမှသွေဖည်ပြီး လုပ်ဆောင်၍မရသဖြင့် စည်းကမ်းကိုချိုးဖောက်ခြင်းသည် ပြစ်မှုကျူးလွန်ခြင်းပင်ဖြစ်ကြောင်း၊ စည်းကမ်းရှိသည့်၊ စည်းကမ်းကောင်းသည့် တပ်မတော်ဖြစ်အောင် အမြဲတမ်းစောင့်ထိန်းလိုက်နာနိုင်ရန် လိုအပ်သော်လည်း အစွန်းရောက်သော တင်းကြပ်မှုမဖြစ်ရန် သတိပြုရမည်ဖြစ်ကြောင်း။ စည်းကမ်းသည်စည်းရုံးရေး၏ အခြေခံအချက်ပင်ဖြစ်ပြီး စည်းကမ်းကောင်းမွန်မှုမရှိပါက စည်းရုံးရေးပျက်ပြားနိုင်သဖြင့် စည်းကမ်းကောင်းမှ စည်းရုံးရေးကောင်းမွန်မည်ဖြစ်ကြောင်း၊ စည်းကမ်းများနှင့်အညီ နေထိုင်လုပ်ကိုင်ရန်လိုအပ်ပြီး ဝတ်စားဆင်ယင်မှုစည်းကမ်း၊ သွားလာမှုစည်းကမ်း၊ နေထိုင်မှုစည်းကမ်း၊ လုပ်ကိုင်မှုစည်းကမ်း စသည်တို့ကို ပီပီပြင်ပြင်လုပ်ဆောင်သွားပါက ၎င်းတပ်သည် တပ်ကောင်းတစ်ခုဖြစ်မည်ဖြစ်ကြောင်း။

ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးအား လွိုင်လင်မြို့၌ ဖမ်
+4
ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးအား လွိုင်လင်မြို့၌ ဖမ်းဆီးရမိ ဧပြီ ၂၂၊ ၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝ
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ ဧပြီ ၂၂၊ ၂၀၂၆

အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အမြန်သွားတိုက်ခိုက် ရေးရေယာဉ်အုပ်စုကြီးဖြင့် ဟော်မုဇ်ရေလက်ကြားတွင် ကင်းလှည့် ဂြိုဟ်တုဓာတ်
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အမြန်သွားတိုက်ခိုက် ရေးရေယာဉ်အုပ်စုကြီးဖြင့် ဟော်မုဇ်ရေလက်ကြားတွင် ကင်းလှည့် ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းများအရ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်​၏ အမြန်သွားတိုက်ခိုက်ရေးရေယာဉ် ၃၃ စီးပါဝင်သော အုပ်စုကြီးတစ်ခုသည် ဟော်မုဇ်ရေလက်ကြားတွင် ကင်းလှည့်ပြီးနောက် ကမ်းခြေသို့ ပြန်လည်ဦးတည်နေသည်ကို တွေ့ရှိရသည်။ အီရန်ရေတပ်သည် "လုံးဝဥဿုံ ပျက်စီးသွားပြီ" ဟု ဒေါ်နယ်ထရန့်က ပြောကြားထားသော်လည်း ယခုတွေ့ရှိရသည့် အခြေအနေမှာ ထိုပြောကြားချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ အဆိုပါ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်များသည် ယနေ့တွင် သင်္ဘော ၃ စီးကို တိုက်ခိုက်ရာ၌ ပါဝင်ခဲ့ပြီး ၎င်းတို့အနက် သင်္ဘော ၂ စီးကို သိမ်းဆည်းခဲ့ဖွယ်ရှိကြောင်းသိရသည်။ NOM