en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 12 475 subscribers, ranking 15 941 in the News & Media category and 10 074 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 475 subscribers.

According to the latest data from 01 July, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -216 over the last 30 days and by -7 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 9.87%. Within the first 24 hours after publication, content typically collects 6.74% reactions from the total number of subscribers.
  • Post reach: On average, each post receives 1 232 views. Within the first day, a publication typically gains 841 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 15.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Thanks to the high frequency of updates (latest data received on 02 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 475
Subscribers
-724 hours
-197 days
-21630 days
Posts Archive
သံလွင်တံတား ဖားဆောင်းကို KNPP/PDF အကြမ်းဖက်အဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်၌ မိုင်းခွဲ ဖျက်ဆီးခဲ့သည်။ News Of Myanmar NOM
+1
သံလွင်တံတား ဖားဆောင်းကို KNPP/PDF အကြမ်းဖက်အဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်၌ မိုင်းခွဲ ဖျက်ဆီးခဲ့သည်။ News Of Myanmar NOM

🏆 "မြူးနစ် ၂၀၂၆ အမှတ်တရဆုများ" ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကကျင်းပခဲ့သော ၂၀၂၆ ခုနှစ် မြူးနစ်လုံခြုံရေးညီလာခံမှ လူပြောများခ
🏆 "မြူးနစ် ၂၀၂၆ အမှတ်တရဆုများ" ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကကျင်းပခဲ့သော ၂၀၂၆ ခုနှစ် မြူးနစ်လုံခြုံရေးညီလာခံမှ လူပြောများခဲ့သည့် ဖြစ်ရပ်များကို Politico သတင်းဌာနက" မြူးနစ် ၂၀၂၆ ဆုများ" (Munich 2026 awards) ဟု အမည်ပေးကာ ဟာသနှော၍ အောက်ပါအတိုင်း ဂုဏ်ပြုဆုများပေးအပ်ခဲ့သည်- ၁။ အပြောင်မြောက်ဆုံး ဖက်ရှင်အခိုက်အတန့် (Cheekiest fashion moment) — ဝုဖ်ဂန်း အစ်ရှင်ဂါ (Wolfgang Ischinger) မြူးနစ်လုံခြုံရေးညီလာခံ ဥက္ကဋ္ဌ ဝုဖ်ဂန်း အစ်ရှင်ဂါသည် ၎င်း၏ မိန့်ခွန်းကို ပြင်သစ်သမ္မတ မက်ခရွန် အား ရယ်စရာအဖြစ် ဂုဏ်ပြုသည့်အနေဖြင့် နေကာမျက်မှန်တပ်ကာ စတင်ခဲ့သည်။ NOM ​၏ ထပ်မံဖြည့်စွက်ချက်= မက်ခရွန်သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ဒါးဗို့စ် (Davos) တွင် ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်နှင့် နောက်ပိုင်းပွဲစဉ်များတွင် နေကာမျက်မှန်ကို တပ်ဆင်ထားခဲ့သည်။ နေကာမျက်မှန်တပ်ဆင်ရသည့်အကြောင်းရင်းမှာ မက်ခရွန်​၏ ညာဘက်မျက်လုံးတွင် သွေးကြောပေါက်သည့် ဝေဒနာခံစားခဲ့ရခြင်းကြောင့် ဖြစ်ပြီး ၎င်း၏မျက်လုံးသည် အလွန်နီမြန်းနေပြီး ဖောင်းကြွနေသည့်အတွက် ရုပ်ဆိုးနေမည်ကို စိုးရိမ်သဖြင့် လူအများကြားတွင် နေကာမျက်မှန်ဖြင့် ဖုံးကွယ်ထားခြင်း ဖြစ်သည်။ ၂။ အဆိုးရွားဆုံး စကားအသုံးအနှုန်း (Most colorful language) — လင်ဆေး ဂရေဟမ် (Lindsey Graham) "ဂရင်းလန်း (Greenland) ကို ဘယ်သူပိုင်ပိုင် ဘယ်သူက ဂရုစိုက်မှာလဲ" ဟု အမေရိကန် အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ်က POLITICO Pub တွင် မေးခွန်းထုတ်ခဲ့ပြီး "ငါတော့ ဂရုမစိုက်ဘူး" ဟု ၎င်း၏မေးခွန်းကို ပြန်လည်ဖြေကြားခဲ့သည်။ ၃။ အရိုးသားဆုံး မျက်နှာအမူအရာ (Worst poker face) — ကာဂျာ ကားလပ်စ် (Kaja Kallas) ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ခ် ဝေါ့ဇ် (Mike Waltz) က ဝါရှင်တန်(အမေရိကန်) သည် စစ်ပွဲအမြောက်အမြားကို အဆုံးသတ်နိုင်ခဲ့သည်ဟု ကြွားဝါနေချိန်တွင် ဥရောပသမဂ္ဂ​၏ လက်ရှိ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ကာဂျာ ကားလပ်စ်သည် ၎င်း၏ သံသယဖြစ်မှုကို မဖုံးဖိနိုင်ခဲ့ပေ။ နှုတ်ခမ်းကိုစူပြီး ပါးကိုဖောင်းလိုက် သည့် သူမ၏ တုံ့ပြန်မှုပုံရိပ်သည် အင်တာနက်ပေါ်တွင် ချက်ချင်းပင် ရေပန်းစားသွားခဲ့သည်။ ၄။ အထူးဆန်းဆုံး ပုံပြင်များ (Weirdest anecdotes) — မာ့ခ် ရုတေး (Mark Rutte) လက်ရှိ နေတိုးအဖွဲ့​၏ အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ် ရုတေးသည် ပြီးခဲ့သည့်နှစ်က သမ္မတထရန့် (Trump) ကို ရည်ညွှန်းရာတွင် "ဒယ်ဒီ" (Daddy) ဟု သုံးနှုန်းခဲ့သဖြင့် ကမ္ဘာကြီးကို အံ့အားသင့်စေခဲ့သည်။ ထိုသို့မှားယွင်းပြောဆိုမိခြင်းမှာ ၎င်း၏ အင်္ဂလိပ်စာ ညံ့ဖျင်းခြင်းကြောင့်ဟု အပြစ်ပုံချခဲ့သည်။ ထို့အပြင် မာ့ခ်ရုတေးက မိမိ၏ မျက်လုံးကို စိုက်ကြည့်ကာ "ဘယ်တော့မှ လက်နက်ချမှာ မဟုတ်ဘူး" ဟု ပြောခဲ့သည့် ယူကရိန်းခွေးတစ်ကောင်အကြောင်း ပုံပြင်ကိုလည်း ပြောပြခဲ့သည်။ NOM ​၏ထပ်မံဖြည့်စွက်ချက်= မာ့ခ်ရုတေးက သမ္မတ ထရန့်ကို "ဒယ်ဒီ" ဟု ခေါ်ဆိုခဲ့သည့် ဖြစ်ရပ် သည်၂၀၂၅ ခုနှစ် ဇွန်လအတွင်းက ပြုလုပ်ခဲ့သော နေတိုးထိပ်သီးဆွေးနွေးပွဲတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသည့် ပဋိပက္ခကို ထရန့်က ကျောင်းဝင်းအတွင်း ကလေးနှစ်ယောက် ရန်ဖြစ်နေသကဲ့သို့ တင်စားပြောဆိုခဲ့သည်။ ထိုစဉ် မာ့ခ် ရုတေးက ရယ်မောလျက် "တစ်ခါတလေကျရင် သူတို့ ရပ်သွားအောင် ဖေဖေ (Daddy) က ပြင်းထန်တဲ့ စကားလုံးမျိုး သုံးရတတ်တယ်" ဟု ဝင်ရောက်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းခွေးနှင့် ပတ်သက်သည့် ပုံပြင် မာ့ခ် ရုတေးသည် ယူကရိန်းနိုင်ငံသို့ သွားရောက်စဉ်က တွေ့ကြုံခဲ့ရသည့် ထူးဆန်းသော အဖြစ်အပျက်တစ်ခုကို ပြန်လည်ပြောပြခဲ့ခြင်း ဖြစ်သည်။ ရုတေးသည် ယူကရိန်းရှိ ပျက်စီးနေသော ရပ်ကွက်တစ်ခုသို့ ရောက်ရှိနေစဉ် လမ်းဘေးခွေးတစ်ကောင်ကိုတွေ့ခဲ့သည်။ ထိုခွေးသည် ၎င်း၏ မျက်လုံးကို တည့်တည့်စိုက်ကြည့် ပြီး "ကျွန်တော်တို့ ဘယ်တော့မှ လက်နက်ချမှာ မဟုတ်ဘူး" ဟု ပြောနေသကဲ့သို့ ခံစားရကြောင်း ရုတေးက ဆိုသည်။ ၅။ အသိသာဆုံး လျစ်လျူရှုမှု (Most notable diss) — ဂျော်ဂျီယာ မယ်လိုနီ (Giorgia Meloni) အီတလီဝန်ကြီးချုပ် မယ်လိုနီသည် ယခုသီတင်းပတ်ကုန်တွင် ကျင်းပသည့် ညီလာခံသို့ တက်ရောက်ခြင်းမရှိဘဲ အာဖရိကသို့ သံတမန်ရေးရာ ခရီးစဉ်သွားရောက်ကာ ညီလာခံကို လျစ်လျူရှုခဲ့သည်။ News Of Myanmar NOM

ဘီလျံနာ တောမ်ပရစ်ဇ်ကာ (Tom Pritzker) နှင့် လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) တို့၏ ဆက်နွှယ်မှုများကို အမ
ဘီလျံနာ တောမ်ပရစ်ဇ်ကာ (Tom Pritzker) နှင့် လိင်ရာဇဝတ်ကောင် ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) တို့၏ ဆက်နွှယ်မှုများကို အမေရိကန် တရားရေးဌာနမှ ဖိုင်တွဲသစ်များတွင် ထုတ်ပြန်ခဲ့ပြီးနောက် တောမ်ပရစ်ဇ်ကာ သည် ဟိုင်းယတ်ဟိုတယ်များ (Hyatt Hotels) ၏အမှုဆောင်ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ကြေညာခဲ့သည်။ News Of Myanmar NOM

"နဂါးရဲ့ BNRA အဖွဲ့တွေကို NUG စတိုက်ပြီ" ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆ News Of Myanmar NOM
"နဂါးရဲ့ BNRA အဖွဲ့တွေကို NUG စတိုက်ပြီ" ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆ News Of Myanmar NOM

မြန်မာနိုင်ငံက တီမောနိုင်ငံသံအမတ်ကို နှင်ထုတ်ခဲ့တဲ့ လုပ်ရပ်ဟာ အာဆီယံအဖွဲ့အတွင်းမှာရော၊ ဒေသတွင်းနိုင်ငံရေးမှာပါ အတော်လေး ဂယက်ရိုက်သွားတဲ့ ကိစ္စတစ်ခု ဖြစ်လာမှာပါ။ ၇ ရက်အတွင်း ထွက်သွားဆိုတဲ့ အမိန့်ဟာ ဒေသတွင်း အာဆီယံနိုင်ငံတွေကြားမှာ ကြုံတောင့်ကြုံခဲ အဖြစ်အပျက် တစ်ခု လို့တောင် ဆိုရပါ့မယ်။ ဘယ်နိုင်ငံမှလည်း မြန်မာက ဒီလောက်တုန့်ပြန်မယ်လို့ ထင်ထားပုံ မရပါဘူး။ ဒီနေရာ အရေးကြီးတဲ့ အချက်က အာဆီယံရဲ့ "ပြည်တွင်းရေးမစွက်ဖက်ရေးမူ" (Non-interference Policy) ဟာ ဒီအဖွဲ့အစည်းရဲ့ အသက်သွေးကြောဖြစ်ပါတယ်။ အာဆီယံကို စတင်တည်ထောင်စဉ်က အဖွဲ့ဝင်နိုင်ငံတွေကြား ကျင့်သုံးဖွဲ့စည်းကြတဲ့ အစိုးရစနစ်တွေ မတူညီတာ၊ နယ်နိမိတ် အငြင်းပွားတာတွေကို ကျော်လွှားနိုင်ဖို့အတွက် "တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တစ်နိုင်ငံက မဝေဖန်ကြေး၊ မစွက်ဖက်ကြေး" ဆိုတဲ့ သဘောတူညီချက်နဲ့ စုစည်းခဲ့ကြတာပါ။ အဓိက နိုင်ငံရေးအရ စုဖွဲ့တာထက် အကျိုးစီးပွားအရ ပေါင်းစည်းကြတာ ဖြစ်ပါတယ်။ လက်ရှိ အာဆီယံ ကိုင်စွဲထားတဲ့ ဘုံ ၅ ချက်ဟာ သာမန်အားဖြင့် ရိုးရိုးလေး ထင်ရပေမယ့် ရာဇဝတ်ပြစ်မှုသင့် တရားခံတွေကိုပါ နိုင်ငံရေး အကျဉ်းသား ခေါင်းစဉ်တပ်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။ အပစ်ရပ်ရေးဆိုတာ တပ်မတော်ကိုပဲ ပြောရမှာ မဟုတ်ဘဲ ရွေးကောက်ပွဲ မလုပ်နိုင်အောင် တောက်လျှောက် စစ်ရေးဖော်ဆောင်ခဲ့တဲ့ ကိစ္စတွေ၊ ၁၀၂၇ စစ်ဆက်ရေးဆိုပြီး ကြေညာခဲ့တဲ့ EAO တွေ လုပ်ရပ်ကြောင့်သာ တပ်မတော်က လိုအပ်သလို တုန့်ပြန်နေခဲ့ရတာပါ။ မေးစရာရှိလာတာက မြို့တွေ သိမ်းလာတယ်၊ စစ်ဘောင်ကျယ်လာတဲ့အချက်ကို ဘယ်နိုင်ငံက တည်ဆဲ အစိုးရတွေက လွှတ်ပေးထားပြီး အပစ်အခတ်ရပ်စဲကြမှာလဲ ဆိုတဲ့ မေးခွန်းပါ။ ပိုပြီး အရေးကြီးတဲ့အချက်က All inclusive ဆိုပြီး လက်နက်ကိုင် အကြမ်းဖက်တဲ့ အဖွဲ့အစည်းကို နိုင်ငံရေး စားပွဲဝိုင်းပေါ် ဆွဲတင်နေတဲ့ အချက်ပါပဲ။ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို အစောကတည်း နိုင်ငံရေးအရ ဆွေးနွေးချင်ရင် ဘာကိစ္စ စင်ပြိုင်အစိုးရ ဖွဲ့တာလဲ ပြန်မေးရမှာပါ။ ထုံးစံအတိုင်း အာဆီယံမှာလည်း ကိုယ်ကျိုးရှာ ပတ်သက်မှုတွေကြောင့် နောက်ခံ ကာလာတွေ ကွဲပါတယ်။ နယ်မြေပိုင်ဆိုင်မှုမှာ ကျွန်းတုပြဿနာ၊ ငါးဖမ်းလှေ ကိစ္စတွေနဲ့ ပြဿနာ တက်နေတဲ့ ဖိလစ်ပိုင်တို့က တရုတ်နဲ့ ဆက်ဆံရေးထက် တရုတ်ကို တုန့်ပြန်နိုင်ဖို့ အမေရိကန်ကို ဆရာတင်ထားကြတဲ့ နိုင်ငံမျိုးပါ။ အမေရိကန်ဘက်ကကြည့်ရင်လည်း တရုတ်ကို ထိန်းချုပ်ဖို့ရာ အတွက် အာဆီယံလို ဒေသတွင်းနိုင်ငံတခုမှာ စစ်အခြေစိုက်စခန်း ဖွင့်ခွင့်ရတာက ထူးခြားတဲ့ အမြတ်တစ်ခုပါ။ ပထဝီအနေအထားအရ တရုတ်နဲ့ ကုန်းမြေဆက်စပ်တဲ့ နိုင်ငံတွေက တအုပ်စု၊ ကျွန်းဆွယ်နိုင်ငံတွေက တအုပ်စု ဆိုတဲ့အနေအထားမှာ....ပထဝီနိုင်ငံရေးအရ ဖိအား မရှိတဲ့ တီမောက နိုင်ငံရေး အကျိုးစီးပွားအရ တရားစွဲတာတွေ လက်ခံလိုက်ဟန် ရှိပါတယ်။ တနည်းအားဖြင့် နောက်တက်လာမယ့် အစိုးရသစ်မှာ တပ်ခေါင်းဆောင်တွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ မျှော်မှန်းချက်ကြောင့်လည်း နိုင်ငံရေး Image ကျအောင် ကြိုခင်းထားတဲ့ သဘောလည်း ဖြစ်ကောင်း ဖြစ်မှာပါ။ နဂိုကတည်းက အာဆီယံ ချာတာကို လိုက်နာ စောင့်ထိန်းဖို့ တာဝန်ရှိကြပါလျှက်နဲ့ အကျိုးစီးပွားနဲ့ နောက်ကွယ်က Guide line တွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာတယ်လို့ပဲ မြင်ပါတယ် ။ မြန်မာအတွက်ကတော့ ဒီ ၅ နှစ်တာကာလလုံး စိတ်ရှည်ရှည်ထားပြီး ဆက်ဆံခဲ့ရတာ မျိုး ဖြစ်မှာပါ။ အစိုးရသစ်တက်လာရင်တော့ ပိုပြတ်သားတဲ့ Decision တွေ ချမှတ်နိုင်ဖို့လည်း ရှိလာနိုင်တာမျိုးပါ။ ကောင်းတာကတော့ ကိုယ့်အကျိုးစီးပွား၊ သူ့အကျိုးစီးပွားအရ အပြန်အလှန် အကျိုးရှိတဲ့ နိုင်ငံတွေနဲ့ပဲ ရှေ့ဆက်သွားတာ ကောင်းပါတယ်။ တကယ်တော့ အစိုးရအနေနဲ့ ပြည်တွင်း တည်ငြိမ်ရေးကိုသာ လုပ်နိုင်ခဲ့ရင်.... တရုတ် CMEC နဲ့ အိန္ဒိယရဲ့ Act East Policy အရကို မြန်မာက ဒေသတွင်းမှာ ထိုးထွက်လာဖို့ရှိပါတယ်။ ဒါကိုသိလို့လည်း မလေးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုက်တို့က NUG ကို ကိုင်ပြီး ကစားနေကြပုံပဲ။ (နရီမိုး)

🇦🇷 🇦🇷 "အာဂျင်တီးနားနိုင်ငံတွင် တစ်နေ့တာအလုပ်ချိန်ကို ၈ နာရီမှ ၁၂ နာရီအထိ တိုးမြှင့်လိုက်ခြင်းကြောင့် ကန့်ကွက်ဆန္ဒပြပွဲမျာ
+1
🇦🇷 🇦🇷 "အာဂျင်တီးနားနိုင်ငံတွင် တစ်နေ့တာအလုပ်ချိန်ကို ၈ နာရီမှ ၁၂ နာရီအထိ တိုးမြှင့်လိုက်ခြင်းကြောင့် ကန့်ကွက်ဆန္ဒပြပွဲများ ဖြစ်ပွား" (လွှဖြတ်စက်ဖြင့် နာမည်ကြီးသည့်) သမ္မတ ဟာဗီယာ မီလေ (Javier Milei) သည် အလုပ်သမားအခွင့်အရေးများကို ဆန့်ကျင်သည့် ပြုပြင်ပြောင်းလဲမှုများကို အတည်ပြုခဲ့ပြီး အလုပ်ချိန်ကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ကာ အလုပ်သမားသမဂ္ဂများ၏ အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်များကိုလည်း ပြင်းထန်စွာ ကန့်သတ်လိုက်သည်။ သို့သော် လစာတိုးမြှင့်ပေးရန်အတွက်မူ မည်သည့်အစီအစဉ်မျှ မရှိသေးပေ။ မှတ်ချက်= "The one with the chainsaw" (လွှဖြတ်စက်ကိုင်ဆောင်သူ) ဆိုသည်မှာ သမ္မတ မီလေက ၎င်း၏ မဲဆွယ်စည်းရုံးရေးကာလအတွင်း အစိုးရအသုံးစရိတ်များကို အကြီးအကျယ် ဖြတ်တောက်မည် ဖြစ်ကြောင်း ပြသသည့်အနေဖြင့် လွှဖြတ်စက်ကို အထိမ်းအမှတ်အဖြစ် အသုံးပြုခဲ့ခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ News Of Myanmar NOM

✈️ "ဗြိတိန်ရှိလေတပ်စခန်းမှ F-35A တိုက်လေယာဉ် ၁၈ စီးကို အရှေ့အလယ်ပိုင်းဒေသသို့ အရေးပေါ်ရွှေ့ပြောင်း အင်အားဖြည့်" ဗြိတိန်နိုင်င
✈️ "ဗြိတိန်ရှိလေတပ်စခန်းမှ F-35A တိုက်လေယာဉ် ၁၈ စီးကို အရှေ့အလယ်ပိုင်းဒေသသို့ အရေးပေါ်ရွှေ့ပြောင်း အင်အားဖြည့်" ဗြိတိန်နိုင်ငံရှိ Leuchars လေတပ်စခန်းမှ ပဥ္စမမျိုးဆက် F-35A တိုက်လေယာဉ် ၁၈ စီးကို အရှေ့အလယ်ပိုင်းဒေသသို့ အရေးပေါ် အင်အားဖြည့်တင်း ရွှေ့ပြောင်းလျက်ရှိသည်။ ယင်းတိုက်လေယာဉ်များနှင့်အတူ KC-135 "ဝေဟင်ဆီဖြည့်လေယာဉ်" များလည်း လိုက်ပါသွားကြသည်။ လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသ၌ ရောက်ရှိနေပြီးဖြစ်သော အမေရိကန်ရေတပ်၏ တိုက်ခိုက်ရေးရေယာဉ်အုပ်စုကို မဟာမိတ်များ၏ အကူအညီဖြင့် ဆက်လက်အင်အားဖြည့်တင်းနေခြင်းဖြစ်ပုံရသည်။ News Of Myanmar NOM

✈️ "SpaceX နှင့် Elon Musk ၏ xAI တို့ ပင်တဂွန်၏ ဒရုန်းအုပ်စုထိန်းချုပ်ရေးနည်းပညာ (Swarm Drone Control) စာချုပ်အတွက် ယှဉ်ပြိုင
✈️ "SpaceX နှင့် Elon Musk ၏ xAI တို့ ပင်တဂွန်၏ ဒရုန်းအုပ်စုထိန်းချုပ်ရေးနည်းပညာ (Swarm Drone Control) စာချုပ်အတွက် ယှဉ်ပြိုင်" 👉 ဒရုန်းအုပ်စုလိုက် ထိန်းချုပ်နိုင်မည့် နည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် ဤပြိုင်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဆုကြေးငွေ ဒေါ်လာ သန်း ၁၀၀ သတ်မှတ်ထားကာ ခန့်မှန်းခြေ ခြောက်လခန့် ကြာမြင့်မည်ဖြစ်သည်။ ယင်း၏ ရည်မှန်းချက်မှာ လေကြောင်းနှင့် ပင်လယ်ပြင်ရှိ ဒရုန်းအမြောက်အမြားကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်ရန်အတွက် လူ၏ "အသံဖြင့်စေခိုင်းချက်" များကို "ဒစ်ဂျစ်တယ်ညွှန်ကြားချက်" များအဖြစ် ပြောင်းလဲပေးနိုင်မည့် ဆော့ဖ်ဝဲလ်ကို ဖန်တီးရန်ဖြစ်သည်။ ၎င်းတွင် ပစ်မှတ်ကို အလိုအလျောက် နောက်ယောင်ခံလိုက်နိုင်သည့် စနစ်လည်း ပါဝင်သည်။ 👉ဒရုန်းအများအပြားကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်သည့် နည်းပညာမှာ လက်ရှိတွင် ရှိနှင့်နေပြီဖြစ်သော်လည်း၊ ပစ်မှတ်တစ်ခုကို နောက်ယောင်ခံလိုက်နေစဉ် လေကြောင်းနှင့် ရေပြင်ရှိ ဒရုန်းအုပ်စုများကို အလိုအလျောက် ရွေ့လျားထိန်းချုပ်နိုင်မည့် ဆော့ဖ်ဝဲလ်ကို တီထွင်ရန်မှာမူ ခက်ခဲနက်နဲသော စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ News Of Myanmar NOM

"......အမေရိကန်စစ်သည်များသေဆုံးရကျိုးနပ်" စစ်လိုလားသော အမေရိကန်အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ် (Lindsey Graham) က အီရန်နိုင်ငံကို တိုက်ခိုက်ရန်နှင့် အစိုးရအပြောင်းအလဲလုပ်ရန်အတွက်ဆိုလျှင် အမေရိကန်စစ်သည်များ သေဆုံးရကျိုးနပ်သည်ဟုပြောကြားလိုက်သည်။ News Of Myanmar NOM

🇮🇷 🔥 🇺🇸 အမေရိကန် / အီရန် အရေးသတင်း- E-3 စင်ထရီ (Sentry) အမျိုးအစား ဝေဟင် အခြေစိုက် ကြိုတင်သတိပေးရေးနှင့် ထိန်းချုပ်ရေးလေ
🇮🇷 🔥 🇺🇸 အမေရိကန် / အီရန် အရေးသတင်း- E-3 စင်ထရီ (Sentry) အမျိုးအစား ဝေဟင် အခြေစိုက် ကြိုတင်သတိပေးရေးနှင့် ထိန်းချုပ်ရေးလေယာဉ် (AEW&C) နှစ်စီးသည် အမေရိကန်နိုင်ငံ၊ အလက်စကာပြည်နယ်ရှိ Elmendorf လေတပ်စခန်းမှ ထွက်ခွာသွားပြီး အရှေ့အလယ်ပိုင်းဒေသသို့ ဦးတည်ပျံသန်းနေပြီ ဖြစ်သည်။ E-3 စင်ထရီ (Sentry) လေယာဉ်များသည် အီရန်နိုင်ငံအပေါ် အကြီးစားဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် အမေရိကန်တို့ လိုအပ်နေသည့် စစ်လက်နက်ပစ္စည်းများထဲမှ အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိမလာသေးဘဲ ကျန်ရှိနေသည့် နောက်ဆုံးလက်နက်အမျိုးအစားများထဲမှ တစ်ခုဖြစ်သည်။ မှတ်ချက်: အဆိုပါ E-3 လေယာဉ်များသည် ဝေဟင်မှနေ၍ ရေဒါဖြင့် စောင့်ကြည့်ခြင်းနှင့် တိုက်လေယာဉ်များကို ကွပ်ကဲခြင်းတို့တွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ News Of Myanmar NOM

"ကဋေမှော်မှာ မြေစာပုံပြတ်ကျပြီး လူတော်တော်များများ မြေစာပြိုတဲ့နောက်ပါသွား" ယမနေ့ (ဖေဖော်ဝါရီလ ၁၆ ရက်) ည ကိုးနာရီခွဲခန့်က ကဋေမှော်မှာ မြေစာပုံပြတ်ကျပြီး လူတော်တော်များများ မြေစာပြိုတဲ့နောက်ပါသွားပါတယ်။ အနည်းဆုံးလူ၂၀ ခန့် သေဆုံးတယ်လို့သိရှိရပါတယ်။ ကူညီကယ်ဆယ်ရေးအတွက် လတ်တလော ထိထိရောက်ရောက်လုပ်ဆောင်နိုင်ခြင်းမရှိသေးပါဘူး။ ပြတ်ကျသွားတဲ့ပမာဏများတဲ့အတွက် အောက်မှာပိနေတဲ့bodyတွေကို ပြန်လည်တူးဖော်ဖို့ခက်ခဲပါတယ်။ စက်ယန္တယားပေါင်းများစွာနဲ့အချိန်ပေးပြီးတူးဖော်မှရနိုင်မယ့်ကိစ္စမို့ ဘယ်သူကမှဒီလောက်အကုန်အကျခံပြီး ပြန်တူးဖော်ပေးမှာမဟုတ်ပါဘူး။ သွေးပျက်ဖွယ်ညတခုတော့ ဖြစ်ပျက်ခဲ့ပါပြီ။ Credit: Hkun Naung NOM

🇺🇸🏦📈 "Bank of America က တင်ပြတဲ့ အမေရိကန် လွှတ်တော် ဘတ်ဂျက်ရုံး (CBO) ရဲ့ ကိန်းဂဏန်း အချက်အလက်များအရ အမေရိကန် အမျိုးသားကြ
🇺🇸🏦📈 "Bank of America က တင်ပြတဲ့ အမေရိကန် လွှတ်တော် ဘတ်ဂျက်ရုံး (CBO) ရဲ့ ကိန်းဂဏန်း အချက်အလက်များအရ အမေရိကန် အမျိုးသားကြွေးမြီဟာ လက်ရှိ ရှိနေတဲ့ ဒေါ်လာ ၃၉ ထရီလီယံကနေ တစ်နှစ်ကို ဒေါ်လာ ၂.၄ ထရီလီယံနှုန်းနဲ့ တိုးလာနေပြီး ၂၀၃၆ ခုနှစ်မှာ ဒေါ်လာ ၆၄ ထရီလီယံအထိ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။" News Of Myanmar NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြိုရှိ ဟွေထိုက်ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး၊ ထေရဝါဒဗုဒ္ဓ သာသနာပြုကျောင်းများသို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း News Of Myanmar NOM

🇮🇷 🚢"ဟော်မုဇ် ရေလက်ကြားကို စမတ်စနစ်ဖြင့် ထိန်းချုပ်ရေး" လေ့ကျင့်ခန်းကို အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရေတပ်က ဦးဆောင်ပြီး ဗိုလ်ချုပ်ကြီး မိုဟာမက် ပတ်ခ်ပါ (Mohammad Pakpour) ၏ ကြီးကြပ်မှုဖြင့် ယခုအခါ စတင်ကျင်းပနေပြီ ဖြစ်သည်။ မဟာဗျူဟာမြောက် ဟော်မုဇ် ရေလက်ကြားတွင် ပြုလုပ်သည့် ဤစစ်ရေးလေ့ကျင့်မှုသည် စစ်ဆင် ရေးဆိုင်ရာ အသင့်ဖြစ်မှု၊ ရေကြောင်းလုံခြုံရေး စီမံချက်များ ချမှတ်မှုနှင့် ဖြစ်ပေါ်လာနိုင်သော ခြိမ်းခြောက်မှုများကို လျင်မြန်စွာ တုံ့ပြန်နိုင်မှုတို့အပေါ် အဓိကထား လုပ်ဆောင် ခြင်းဖြစ်သည်။ ယင်းသည် ပါရှန်ပင်လယ်ကွေ့နှင့် အိုမန်ပင်လယ်ပြင် အတွင်း တည်ငြိမ်အေးချမ်းမှုကို ပိုမိုခိုင်မာစေရန် ရည်ရွယ်သည်။ News Of Myanmar NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအ
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချင်းတွင်းတံတား (ထမံသီ) ဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့် ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆ ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ထမံသီကျေးရွာအနီးရှိ အဆိုပါတံတားနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို့ ရောက်ရှိကြရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များ၊ ဘင်ခရာအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက လှိုက်လှဲနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ချင်းတွင်းတံတား (ထမံသီ) အား ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဦးမင်းနောင်၊ ဦးမျိုးသန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ချင်းတွင်းတံတား (ထမံသီ) ကမ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူးနှင့် အခမ်းအနားတက်ရောက်လာကြသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ချင်းတွင်းတံတား (ထမံသီ) ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းရင်းသားအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ ၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ချင်းတွင်းတံတား (ထမံသီ) ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ချင်းတွင်းတံတား (ထမံသီ) ပေါ်တွင် ဖြတ်သန်းကြည့်ရှုပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် တံတားဖွင့်ပွဲသို့ လာရောက်အားပေးလျက်ရှိကြသည့် ဒေသခံပြည်သူများအား တွေ့ဆုံ၍ လူမှုစီးပွားအခြေအနေများအား မေးမြန်းပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။ အဆိုပါချင်းတွင်းတံတား (ထမံသီ) အနေဖြင့် တံတားအရှည် ၂၆၂၈ ပေရှိပြီး သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကြောင်း၊ ရေလမ်းကင်းလွတ်အမြင့် ၄၀ ပေရှိကြောင်း၊ ယခုကဲ့သို့ ချင်းတွင်းတံတား (ထမံသီ) ကို တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြင့် ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ရှိ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက်ကုန်များအား လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို များစွာအထောက်အကူဖြစ်လာစေမည်ဖြစ်ကြောင်း သတင်းရရှိသည်။ News Of Myanmar NOM

ဖေဖော်ဝါရီလ၁၆ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။မြောက်ကိုရီးယားသည် ယခုလအတွင်းကျင်းပမည့် ၎င်း၏ နဝမအကြိမ်မြောက် ပါတီကွန်ဂရက်တွင် လ
+3
ဖေဖော်ဝါရီလ၁၆ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။မြောက်ကိုရီးယားသည် ယခုလအတွင်းကျင်းပမည့် ၎င်း၏ နဝမအကြိမ်မြောက် ပါတီကွန်ဂရက်တွင် လက်နက်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်အသစ်များကို ထုတ်ဖော်ပြသရန် စီစဉ်ထားသည်။ (ဓါတ်ပုံ) ၂။ဗြိတိန်တွင်ယခု၂၀၂၆ခုနှစ်အတွင်းအသက်၁၆နှစ်အောက်ကလေးများဆိုရှယ်မီဒီယာသုံးစွဲခွင့်ပိတ်ပင်မည်ဖြစ်သည်။ ၃။ရုရှားနိုင်ငံကပ်စ်ဒေသတွင်တိုက်ပွဲဝင်ရင်းကျဆုံးသွားသည့်မြောက်ကိုရီးယားစစ်သည်များ၏ကျန်ရစ်သူမိသားစုများအတွက်တိုက်ခန်းများပေးအပ်ပွဲသို့မြောက်ကိုးရီးယားခေါင်းဆောင်ကင်ဂျုံအမ်တက်ရောက်ပြီးအခန်းသော့များပေးအပ်ခဲ့သည်။(ဓါတ်ပုံ) ၄။လက်ဘနွန်နိုင်ငံ တောင်ပိုင်းဟန်နင်းမြို့တွင်ကျောင်းကားတစ်စီးကိုအစ္စရေးလေတပ်မှတိုက်ခိုက်သဖြင့်ကားသမားအပါအဝင်ကျောင်းသားကျောင်းသူများသေဆုံးခဲ့သည်။(ဗီဒီယို) ၅။အီရန်ရေတပ်သည်ရေတပ်ဗိုလ်ချုပ်ပက်ကပိုး၏ဦးဆောင်မှုဖြင့်ဟော်မုဇ်ရေလက်ကြားထိန်းချုပ်ရေးစစ်ရေးလေ့ကျင့်ခန်းပြုလုပ်လျက်ရှိသည်။(ဗီဒီယို)

လူမျိုးစုံနေတဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော်က စစ်ကြောင့် ဆန့်တငင်ငင် ဖြစ်နေချိန်၊ ချင်းယူနစ်၊ နာဂယူနစ်၊ က သုံးလုံး နေရာတွေအကြောင
+1
လူမျိုးစုံနေတဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော်က စစ်ကြောင့် ဆန့်တငင်ငင် ဖြစ်နေချိန်၊ ချင်းယူနစ်၊ နာဂယူနစ်၊ က သုံးလုံး နေရာတွေအကြောင်း(ဆက်တွေးကြည့်ရင် ဒီနယ်မြေတွေ ဗဟို အာဏာစက်လွတ်ရင် ဘာဖြစ်မလဲ၊ အပေါ် တကြောလုံး လက်လွတ်ရမှာပါ )နဲ့ လိုင်ဇာမှာ ခမ်းခမ်းနားနား ဘွဲ့ယူခွင့်ရနေတာတွေက သိပ်တော့ အဆင်မပြေနေပါဘူး။ ဗန်းမောက်၊ အင်းတော်၊ ကသာ ဒေသတွေ စစ်မီးမွှေးထားတယ်ဆိုတာ ....လိုအပ်ရင် မြစ်ကြီးနားအထိပါ တိုက်ဖို့ပြင်ဆင်ထားတဲ့ KIA ရဲ့ စစ်ကစားမှုပါ။ လောလောလတ်လတ်တင်ပဲ မြစ်ကြီးနားဟာ လေကြောင်းတစ်ခုတည်း အားကိုးရပါတော့တယ်။ ပူပူနွေးနွေး ဖြစ်သွားတဲ့ FPV ဒရုန်းဟာ လေကြောင်းစနစ်ကိုပါ အကဲစမ်းလာတဲ့ သဘောပါ။ အဖြေရှာဖို့ လိုနေပြီလို့ပဲ တွေးပါတယ်။ (နရီမိုး)

⚠️📊⚛️🌎 "နျူကလီးယားဓာတ်ပေါင်းဖိုများ အများဆုံး တည်ဆောက်နေသည့် နိုင်ငံများ" 🇨🇳 တရုတ်နိုင်ငံသည် လုံးဝဦးဆောင် နေသည့်နိုင်ငံဖြ
⚠️📊⚛️🌎 "နျူကလီးယားဓာတ်ပေါင်းဖိုများ အများဆုံး တည်ဆောက်နေသည့် နိုင်ငံများ" 🇨🇳 တရုတ်နိုင်ငံသည် လုံးဝဦးဆောင် နေသည့်နိုင်ငံဖြစ်ပြီး လက်ရှိတွင် နျူကလီးယားဓာတ်ပေါင်းဖိုပေါင်း ၃၈ ခုကို တည်ဆောက်လျက်ရှိသည်။ News Of Myanmar NOM

🇮🇷 🇨🇭 အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ခ်ချီ (Abbas Araqchi) နှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) အ
🇮🇷 🇨🇭 အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ခ်ချီ (Abbas Araqchi) နှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲ ရာဖေးလ် ဂရော့ဆီ (Rafael Grossi) တို့သည် ယခုအခါ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် တွေ့ဆုံဆွေးနွေးနေကြသည်။ News Of Myanmar NOM

👍🩸 🇪🇺"ယူကရိန်းပြည်သူတွေဟာ သွေးထွက်သံယိုမှုတွေ ရပ်တန့်ဖို့အတွက် အပစ်အခတ်ရပ်စဲရေးကို စိတ်ဝင်စားနေကြပါတယ်။ တစ်ဖက်မှာတော့ ဥရေ
👍🩸 🇪🇺"ယူကရိန်းပြည်သူတွေဟာ သွေးထွက်သံယိုမှုတွေ ရပ်တန့်ဖို့အတွက် အပစ်အခတ်ရပ်စဲရေးကို စိတ်ဝင်စားနေကြပါတယ်။ တစ်ဖက်မှာတော့ ဥရောပဟာ ရုရှားရဲ့ရန်ကနေ ကာကွယ်ရေးစနစ် တည်ဆောက်ဖို့ အချိန်ရအောင် ယူကရိန်းကို လုံခြုံရေးဒိုင်းသဖွယ် ဆက်အသုံးချဖို့ ရှုမြင်နေကြပါတယ်။" - ဂျာမနီနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ဟောင်း အန်ဒရေ မဲလ်နစ်ခ် (Andrey Melnyk) က ဒီ ဗဲ့လ်ထ် (Die Welt) သတင်းဌာနနဲ့ အင်တာဗျူးမှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ News Of Myanmar NOM