en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 11 422 subscribers, ranking 16 330 in the News & Media category and 9 947 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 11 422 subscribers.

According to the latest data from 27 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -136 over the last 30 days and by -9 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 5.67%. Within the first 24 hours after publication, content typically collects 4.32% reactions from the total number of subscribers.
  • Post reach: On average, each post receives 648 views. Within the first day, a publication typically gains 493 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 10.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Thanks to the high frequency of updates (latest data received on 28 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

11 422
Subscribers
-924 hours
-317 days
-13630 days
Posts Archive
သွားတစ်ချောင်းကြောင့် အမေရိကန်နိုင်ငံသားတစ်ဦးက မက္ကဆီကန် သွားဆရာဝန်ကို သေနတ်ဖြင့် ရက်စက်စွာပစ်သတ် အမေရိကန်နိုင်ငံသားတစ်ဦးသည် မက္ကဆီကိုနိုင်ငံ၌ သွားဆရာဝန်တစ်ဦးထံပြသအပြီးတွင် ၎င်း၏ သွားတစ်ချောင်း "နဲ့" ကျန်ခဲ့သည် ဟုဆိုကာ သွားဆရာဝန်အား ရက်ရက်စက်စက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ နှစ်ရက်အကြာတွင် အဆိုပါ အသက် ၃၀ အရွယ် ပြစ်မှုကျူးလွန်သူအား ဆိုနိုရာပြည်နယ်၌ မက္ကဆီကိုရဲတပ်ဖွဲ့က ဖမ်းဆီးရန်ကြိုးပမ်းစဉ် ရဲတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူမှာ သေနတ်ဒဏ်ရာဖြင့်သေဆုံးသွားခဲ့သည်။
19 Oct, 11:37

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်နှင့် ချင်းပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်တို့သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ အောက်တိုဘာ (၁၉)ရက် နံနက်ပိုင်းတွင် ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဖြစ်သည့် ဖလမ်းခရိုင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး ရုံးအဆောက်အအုံ ပြုပြင်ပြီးစီးမှုနှင့် ဝန်ထမ်းတာဝန် ထမ်းဆောင်နေမှုအခြေအနေများ၊ 66KV ဓါတ်အားခွဲရုံပြန်လည်ပြုပြင် တည်ဆောက်ပြီးစီးမှုနှင့် စက်ပစ္စည်းအခြေအနေများ၊ လျှပ်စစ်ဝန်ထမ်းဝန်ထမ်းအိမ်ရာ ပြုပြင်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာကုမ္ပဏီတာဝန်ခံများနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီး ချင်းပြည်နယ် လျှစ်စစ်အင်ဂျင်နီယာ၊ ဒုတိယအင်ဂျင်နီယာချုပ် ဦးနိုင်ဝင်းမှ ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးတို့က မဟာဓါတ်အားလိုင်းမှ လျှပ်စစ်ဓါတ်အား ပြန်လည်ရရှိသည့် အချိန်တွင် မြို့တွင်း လျှပ်စစ်ဓါတ်အားဖြန့်ဝေနိုင်ရေး လိုအပ်သည်များစီမံဆောင်ရွက်ထားရန်၊ ရုံးတွင်းရုံးပြင် သာယာလှပရေး ဆောင်ရွက်ရန်၊ ဆက်တင်ပစ္စည်းများအား စနစ်တကျသိမ်းဆည်း ထားရှိပြီး လိုအပ်သည့်အချိန်တွင် ပြန်လည်အသုံးပြုနိုင်ရေး ပြင်ဆင်ထားရှိရန် မှာကြားသည်။ ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဖလမ်းခရိုင်ကြီးကြပ်‌ရေး ရုံးအဆောက်အအုံ ပြုပြင်ပြီးစီးမှုနှင့် ရုံးလုပ်ငန်းများဆောင်ရွက်နေမှု၊ အမှုထမ်း၊ အရာထမ်း၊ ဝန်ထမ်းအိမ်ရာများ ပြုပြင်ပြီးစီးမှုနှင့် အိမ်ရာများ တွင်ဝန်ထမ်းများ နေထိုင်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး ရုံးနှင့် ဝန်ထမ်းအိမ်ရာ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ရေးစီးရေလာကောင်းမွန်ရေး ဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းများ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ပြည်သူများအား ကောင်းမွန်သည့်ဝန်ဆောင်မှုပေးရန် မှာကြားခဲ့ကြောင်းသိရသည်။
19 Oct, 11:24

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ကာလအတန်ကြာရပ်နားထားသည့် ကာကွယ်ဆေးထိုးလုပ်ငန်းများ ပြန်လည်လည်ပတ်လျက်ရှိ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းနှင့် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာ‌သောင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် အဖွဲ့များ ကြည့်ရှုအားပေး အောက်တိုဘာ ၁၉၊ ၂၀၂၆ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ကာလအတန်ကြာရပ်နားထားသည့် ကာကွယ်‌ဆေးထိုးလုပ်ငန်းများ ပြန်လည်လည်ပတ်နေပြီဖြစ်ရာ အောက်တိုဘာ(၁၉)ရက် မွန်းလွဲပိုင်းတွင် ဖလမ်းမြို့၊ မြို့တော်ခန်းမနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရှလွယ်ခန်းမတွင် ကျင်းပသည့် ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းနှင့် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသောင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ တက်ရောက်အားပေးသည်။ ‌ရှေးဦးစွာ အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်မှ အဖွင့်အမှာစကားပြောကြားရာ “ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းသည် နှစ်စဉ်အသက်ပေါင်းများစွာကို ကယ်တင်ပေးလျက်ရှိပြီး တစ်ကမ္ဘာလုံးကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်လာခြင်း၏ အောင်မြင်မှု ပြယုဂ်ဖြစ်ကြောင်း၊ ကမ္ဘာတစ်လွှားကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသော ရောဂါပေါင်း (၃၀)ကျော်ကို ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်းဖြင့် ရောဂါဟန့်တားနိုင်ကြောင်း ကမ္ဘာအနှံ့အပြားတွင် ဝက်သက်ရောဂါဖြစ်ပွားမှု မြင့်တက်ခြင်းကြောင့် ရောဂါခုခံနိုင်စွမ်းအား အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်နေသည်ကို တွေ့ရကြောင်း၊ ဝက်သက်ရောဂါ ဖြစ်ပွားမှုများသည် ရောဂါခုခံနိုင်စွမ်းမရှိသည့် လူအုပ်စုများတွင် ရောဂါဖြစ်ပွားပါက ရောဂါကူးစက်မှု ပိုမိုမြန်ဆန်သည်ကို တွေ့ရကြောင်း၊ ကာကွယ်ဆေးထိုးလုပ်ငန်းသည် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေးကြီးဆုံးကဏ္ဍတစ်ခုတွင် ပါဝင်သည့်အတွက် နိုင်ငံတော်မှ စီမံကိန်းများသေသေချာချာ ချမှတ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း” ပြောကြားသည်။ ဆက်လက်ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်‌ ဒေါက်တာကျော်ကံကောင်းမှ နိုင်ငံတော်မှ နှစ်စဉ်မွေးဖွားလျက်ရှိသည့် ကလေးငယ်များအား ချင်းပြည်နယ်ကဲ့သို့ ခက်ခဲဒေသများမကျန် ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည့် အစီအစဉ်ကို လည်းကောင်း၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးရခြင်းအကြောင်းနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးတင်ပြသည်။ ထို့နောက် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းအတွက် ပြည်သူလူထုသို့အသိပေးနှိုးဆော်သည့် Video Clip အားပြသပြီး အခမ်းအနားအား အောင်မြင်စွာရုတ်သိမ်းကြောင်း သိရသည်။ အခမ်းအနားအပြီးတွင် နေရပ်ပြန် ဒေသခံများဖြစ်သည့် အသက်(၉)လမှ (၅)နှစ် အရွယ်ကလေးများအား ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးကြသည်။ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းအား အောက်တိုဘာ(၁၉)မှ (၂၃)အထိ ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် အောက်တိုဘာ(၁၉)ရက် ယနေ့တွင် ကလေး (၆၀)ဦးအား ထိုးနှံပေးကြောင်းသိရသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရှလွယ်ခန်းမတွင် ကျင်းပသည့် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနေမှုအားသွားရောက် ကြည့်ရှုအားပေးသည်။ ဖလမ်းမြို့ပေါ်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အထက်တန်းကျောင်းများမှ‌ အသက်(၉)နှစ်မှ (၁၁)နှစ်အရွယ် ကျောင်းသူ (၇၃)ဦးတို့အား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
19 Oct, 11:23

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ကာလအတန်ကြာရပ်နားထားသည့် ကာကွယ်ဆေးထိုးလုပ်ငန်းများ ပြန်လည်လည်ပတ်လျ
+9
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ကာလအတန်ကြာရပ်နားထားသည့် ကာကွယ်ဆေးထိုးလုပ်ငန်းများ ပြန်လည်လည်ပတ်လျက်ရှိ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းနှင့် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာ‌သောင်းနိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် အဖွဲ့များ ကြည့်ရှုအားပေး
19 Oct, 11:22

ဆူးလေ-တောင်ဒဂုံ(ကျီစု) သို့ ပြေးဆွဲသည့် YBS ယာဉ်ပေါ်တွင် အိပ်ပျော်နေသည့်က‌လေးငယ်တစ်ဦးတွေ့ရှိသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးရုံးသိ
ဆူးလေ-တောင်ဒဂုံ(ကျီစု) သို့ ပြေးဆွဲသည့် YBS ယာဉ်ပေါ်တွင် အိပ်ပျော်နေသည့်က‌လေးငယ်တစ်ဦးတွေ့ရှိသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ အပ်နှံထား အောက်တိုဘာ ၁၉၊ ၂၀၂၆ ဆူးလေမှ တောင်ဒဂုံ (ကျီစု) သို့ ပြေးဆွဲသည့် YBS 111 ယာဉ်ပေါ်တွင် အိပ်ပျော်နေသည့် ၉ လအရွယ် ယောင်္ကျားလေးတစ်ဦးကို ဂိတ်ဆုံးချိန်၌ တွေ့ရှိသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ အပ်နှံထားကြောင်း သိရသည်။ အောက်တိုဘာ ၁၉ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် YBS 111 ယာဉ်လိုင်းမှ ယာဉ်အမှတ် 1F-8758 ယာဉ်မောင်းသည် ဒုတိယအခေါက် ဆူးလေမှ ကျီစုသို့ ပြန်လာပြီး ဂိတ်သို့ရောက်ရှိကာ ယာဉ်အား သန့်ရှင်းရေးဆောင်ရွက်စဉ် ယာဉ်မောင်းနောက် နှစ်ယောက်တန်းခုံတွင် ၉ လသားအရွယ် ယောက်ကျားလေးတစ်ဦး အိပ်နေသည်ကို တွေ့ရှိခဲ့ကြောင်းသိရသည်။ ယာဉ်မောင်းမှ ကြီးကြပ်ရေးမှူးထံ သတင်းပို့သဖြင့် ကုမ္ပဏီဒါရိုက်တာ (စည်းကမ်း) ထံသို့ ဆက်လက်သတင်းပို့ခဲ့ကြောင်း၊ ဒါရိုက်တာမှ ၁၀၄ ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့သွားရောက်သတင်းပို့ခဲ့ကြောင်း၊ ၁၀၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တောင်ဒဂုံထွေအုပ်ရုံးသို့ သတင်းပို့ရာမှ ကလေးအား ၁၀၄ ရပ်ကွက်ရုံးအပ်နှံရန် ပြောသဖြင့် ညနေ ၅ နာရီခန့်တွင် ကြီးကြပ်ရေးမှူးမှ ကလေးအား တောင်ဒဂုံထွေအုပ်ဒုဦးစီးမှူး၊ ရယကဥက္က္ထဋ္ဌ၊ ရယကစာရေး၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးရုံးမှ ဝန်ထမ်းများရှေ့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထံ အပ်နှံခဲ့ကြောင်းသိရသည်။
19 Oct, 11:21

PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်၍ အလုပ်လုပ်ကိုင်နေသူများ မြန်မာသံရုံး၌ ခွင့်ပြန်ထောက်ခံစာရယူရန် မလိုအပ်တော့ကြောင်း အ
PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်၍ အလုပ်လုပ်ကိုင်နေသူများ မြန်မာသံရုံး၌ ခွင့်ပြန်ထောက်ခံစာရယူရန် မလိုအပ်တော့ကြောင်း အသိပေးကြေညာချက်
19 Oct, 11:09
19 Oct, ~11:17

ဗြိတိန်၊ ဒိန်းမတ်၊ ဆွီဒင်နှင့် အိုင်ယာလန်နိုင်ငံတို့တွင် အလုပ်လုပ်ကိုင်နေသည့် PJ အမျိုးအစား မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်
ဗြိတိန်၊ ဒိန်းမတ်၊ ဆွီဒင်နှင့် အိုင်ယာလန်နိုင်ငံတို့တွင် အလုပ်လုပ်ကိုင်နေသည့် PJ အမျိုးအစား မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအနေဖြင့် မြန်မာနိုင်ငံသို့ ခွင့်ပြန်လာရောက်ရာတွင် မြန်မာသံရုံး၊ လန်ဒန်မြို့ထံမှ ခွင့်ပြန်ထောက်ခံစာ ရယူရန် မလိုအပ်တော့ကြောင်းသိရသည်။
19 Oct, 11:04

ရုရှားတို့၏ ညပိုင်းတိုက်ခိုက်မှုများတွင် ယူကရိန်း၏ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များသည် ရုရှားတို့ ပစ်လွှတ်လိုက်သော ပဲ့ထိန်း ဒုံးကျည်တစ်စင်းကိုမျှ ကြားဖြတ်ဟန့်တားနိုင်ခြင်း မရှိခဲ့ ရုရှားနိုင်ငံ၏ Iskander-M ဒုံးကျည်များနှင့် မြေပြင်တိုက်ခိုက်ရေးအတွက် ပြန်လည်ပြင်ဆင်ထားသော S-400 ဒုံးကျည်များသည် ယူကရိန်း၏ လေကြောင်းရန်ကာကွယ်ရေးကို ဖောက်ထွင်းဝင်ရောက်သွားခဲ့ပြီးနောက် နေရာ ၂၅ ခုတွင် ထိမှန်ပျက်စီးမှုများ ရှိခဲ့ကြောင်းနှင့် အခြားနေရာ ၈ ခုတွင်လည်း "အပျက်အစီးများ" ကျရောက်ခဲ့ကြောင်း ယူကရိန်းလေတပ်၏ တရားဝင် တယ်လီဂရမ်ချန်နယ်က ဝန်ခံပြောကြားခဲ့သည်။ အဆိုပါဒုံးကျည်များကို Iskander-K ခရုဇ်ဒုံးကျည်များ၊ Geran အမျိုးအစား တိုက်ခိုက်ရေးဒရုန်း ၂၆၉ စင်း (၅၉ စင်းမှာ ဂျက်အင်ဂျင်တပ်)၊ Banderol၊ Gerbera နှင့် အခြားဒရုန်းများနှင့် ပေါင်းစပ်ကာ ရုရှားတို့က ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ လေကြောင်း၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များ၊ အီလက်ထရောနစ်စစ်ဆင်ရေး (EW)၊ မောင်းသူမဲ့စနစ်များနှင့် ရွှေ့ပြောင်းတိုက်ခိုက်ရေး အုပ်စုများကို အသုံးပြု၍ ပဲ့ထိန်းဒုံးကျည်မဟုတ်သော ပစ်မှတ် ၂၄၇ ခုကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းလေတပ်ကပြောကြားထားသည်။ သို့သော်လည်း မြေပြင်မှ သတင်းပေးပို့ချက်များ၊ ဓာတ်ပုံများနှင့် ဗီဒီယိုများကမူ အခြားဇာတ်လမ်းတစ်ပုဒ်ကို ဖော်ပြနေပြီး ရုရှားသည် ယူကရိန်း၏ စွမ်းအင်ကွန်ရက်၊ စက်မှုအခြေခံအဆောက်အုံများ၊ ဆိပ်ကမ်းများ၊ တံတားများ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို လနဲ့ချီ၍ အပြင်းအထန် တိုက်ခိုက်လျက်ရှိရာ နိုင်ငံစီးပွားရေး၏ ကဏ္ဍအသီးသီးမှာ ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီး ယူကရိန်း၏ စစ်ရေးကြိုးပမ်းမှုများလည်း ပိုမိုအားနည်းလာခဲ့ရသည်။ တနင်္လာနေ့တွင် ယူကရိန်း၏ တယ်လီကွန်းကုမ္ပဏီကြီးဖြစ်သော Datagroup က ၎င်း၏ ပင်မဒေတာစင်တာကို ရုရှားတို့ ညဘက်တွင် အပြင်းအထန် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့ပြီး "ပြုပြင်ရန်နှင့် လုပ်ငန်းလည်ပတ်မှုကို ပြန်လည်စတင်ရန်မှာ မဖြစ်နိုင်တော့ပါ" ဟု ဆိုခဲ့သည်။ ယူကရိန်း၏ ပြဿနာများမှာ Patriot ဒုံးကျည်များ ကုန်ခမ်းလာခြင်းနှင့် အီလွန်မတ်စ် (Elon Musk) က ယူကရိန်း၏ Starlink ချိတ်ဆက်မှု အမြန်နှုန်းအပေါ် ကန့်သတ်ချက်များ ချမှတ်လိုက်ခြင်းတို့ကြောင့် ပိုမိုဆိုးရွားလာခဲ့ရပြီး၊ ယူကရိန်းတပ်မှူးများက အီလွန်မတ်စ်၏ လုပ်ရပ်ကြောင့် မဟာဗျူဟာမြောက် သက်ရောက်မှုကို "နျူကလီးယားတိုက်ခိုက်မှု" တစ်ရပ်နှင့်ပင် နှိုင်းယှဉ်ပြောဆိုခဲ့ကြသည်။
19 Oct, 11:02

ဒုတိယသမ္မတ ဦးညိုစော ရန်ကုန်မြို့ မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထ
ဒုတိယသမ္မတ ဦးညိုစော ရန်ကုန်မြို့ မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး အောက်တိုဘာ ၁၉၊ ၂၀၂၆ ဒုတိယသမ္မတ ဦးညိုစောသည် ခရီးစဉ်တွင်လိုက်ပါလာသော အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်ဆိပ်ကမ်းသို့ရောက်ရှိပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ကြည့်ရှုစစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများက လုပ်ငန်းအစီအမံများကို ရှင်းလင်းပြသကြသည်။ ထို့နောက် ဒုတိယသမ္မတသည် ဗိုလ်တစ်ထောင်မြို့နယ် ကမ်းနားလမ်းတစ်လျှောက်ရှိ အိမ်ယာများ အမြင်တင့်တယ်ပြီး စနစ်တကျရှိစေရန် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး ဆက်လက်၍ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ကျန်စစ်သားလမ်းရှိ ဘောလုံးကွင်း၊ အားကစားကွင်းများ တည်ဆောက်မည့် လျာထားအဆိုပြုမြေနေရာနှင့် ကနောင်မင်းသားကြီးလမ်းရှိ လျာထားအဆိုပြု မြေနေရာများကိုလည်းကောင်း၊ ရွှေပြည်သာမြို့နယ် စက်မှုဒေသလမ်းမကြီးရှိ ခေတ်မီပန်းခြံနှင့် ဘောလုံးကွင်းတည်ဆောက်မည့် လျာထားအဆိုပြုမြေနေရာကိုလည်းကောင်း၊ ရွှေပြည်သာမြို့နယ် ပြည်ထောင်စုလမ်းရှိ ဘောလုံးအားကစားကွင်း လျာထားအဆိုပြုမြေနေရာကိုလည်းကောင်း၊ လှိုင်သာယာ (အနောက်ပိုင်း) အနော်ရထာစက်မှုဇုန်ရှိ တိုးချဲ့ဆောင်ရွက်မည့် မြေနေရာများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။
19 Oct, 10:45

ပြင်သစ်နိုင်ငံ၊ ကန် (Caen) မြို့ရှိရဲစခန်းကို ဆန္ဒပြသူများက ဝင်ရောက်စီးနင်းခဲ့ကြသည်။
19 Oct, 10:44

ပဲခူးမြို့ ကတွင်းခြံကျေးရွာတွင် လျှပ်စစ်အိုးဖြင့် ငါးပိရည်ကျိုထားရာမှမီးလောင်မှုဖြစ်ပွား NOM၊အောက်တိုဘာ၁၉၊၂၀၂၆ ပဲခူးတိုင်းဒေသ
ပဲခူးမြို့ ကတွင်းခြံကျေးရွာတွင် လျှပ်စစ်အိုးဖြင့် ငါးပိရည်ကျိုထားရာမှမီးလောင်မှုဖြစ်ပွား NOM၊အောက်တိုဘာ၁၉၊၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ကတွင်းခြံကျေးရွာ မြောက်ပိုင်းလမ်းတွင် လျှပ်စစ်အိုးဖြင့် ငါးပိရည်ကျိုထားရာမှ လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှသိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ကတွင်းခြံကျေးရွာ၊ မြောက်ပိုင်းလမ်းနေ မငွေကြည်သည် ကျားသီဟဆေးလိပ်ရုံသို့ ဖက်ရွေးအလုပ် သွားရောက်လုပ်ကိုင်နေစဉ် နေအိမ်တွင် လျှပ်စစ်အိုးဖြင့် ငါးပိရည်ကျိုထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မီးလောင်မှုသတင်းရရှိသဖြင့် ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ်နှင့် မော်တော်ဆိုင်ကယ်တို့ မီးလောင်ဆုံးရှုံးခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ အိမ်ရှင်ဖြစ်သူအား အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
19 Oct, 09:21

ငါးမန်းပေါက်စလေးက အမျိုးသားတစ်ဦးရဲ့ ရင်ဘတ်ကို ကိုက်ထားပြီး လုံးဝပြန်မလွှတ် ဖလော်ရီဒါကီးစ် (Florida Keys) မှာ ရေငုပ်နေစဉ်အတွင်း 'နပ်စ်ငါးမန်း' (nurse shark) ပေါက်စလေးက အမျိုးသားတစ်ဦးရဲ့ ရင်ဘတ်ကို တွယ်ကပ်ကိုက်ခဲထားခဲ့တာဖြစ်ပြီး၊ အတော်လေး ရုန်းကန်ပြီးမှ ဖြုတ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ငါးမန်းကို ဖြုတ်လိုက်နိုင်ပြီးနောက်မှာတော့ အဆိုပါအမျိုးသားက ကိုက်ရာကို ပြသရင်း ဒါဟာ "တော်တော်မိုက်တဲ့ တက်တူးတစ်ခု" ရလိုက်တာပဲလို့ နောက်ပြောင်ပြောဆိုခဲ့ပါတယ်။
19 Oct, 08:08

သတင်းထုတ်ပြန်ချက် နေပြည်တော်၊ အောက်တိုဘာ ၁၉ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက် ၁၀၄၀ အချိန်မှ ၁၀၅၀ အချိန်ထိ ပြည်ထဲရေး ဝန်ကြီးဌာန
+3
သတင်းထုတ်ပြန်ချက် နေပြည်တော်၊ အောက်တိုဘာ ၁၉ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက် ၁၀၄၀ အချိန်မှ ၁၀၅၀ အချိန်ထိ ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူများက အထူးအကျဉ်းသူ ဒေါ်စုကြည် ထံသို့ ဗြိတိန်နိုင်ငံ၊ တတိယမြောက် ချားစ်ဘုရင်က ပေးပို့သည့် စာအုပ် ၂ အုပ် (The Land Garderners – Soil to Table နှင့် Soil The World at Our Feet) အိတ်ပိတ်စာအိတ် ၁ အိတ်နှင့် သံတမန်အိတ်ပိတ်စာတို့အား ပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
19 Oct, 08:04

ဆူပူဆန္ဒပြပွဲများကြောင့် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်ရဲ့ တနင်္ဂနွေနေ့ နံနက်ခင်းဟာ ကမ္ဘာပျက်ရုပ်ရှင်ဇာတ်ကားထဲက မြင်ကွင်းတစ်ခုလို ပျက်စီးယိုယွင်းလို့ နေပါတယ်။
19 Oct, 08:03

"ရွှေ့ပြောင်းဒုက္ခသည်တွေဟာ ပြင်သစ်နိုင်ငံကို လွှမ်းမိုးစိုးမိုးလိုက်ကြပြီ။ နယ်စပ်တွေကို အမြန်ဆုံး ပိတ်ပစ်ရမယ်" ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပြောကြား။
19 Oct, 07:58

ယီမင်တောင်ပိုင်းရှိဆော်ဒီသစ္စာခံစစ်စခန်းကိုဟူသီကတိုက်ခိုက် NOM ယီမင်နိုင်ငံ၊ ရှာဘွာ ပြည်နယ်ရှိ အယ်လ်-အာလမ် စစ်စခန်းကို အန်ဆာအလ္လာ(ဟူသီ) တပ်ဖွဲ့က ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ရာ ဆော်ဒီလက်အောက် ခံ ရုပ်သေးအစိုးရကို သစ္စာခံသည့် တပ်ဖွဲ့ဝင်များ စစ်ရေးပြတန်းစီနေချိန်တွင် ထိမှန်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်သား ၄၀ မှ ၅၀ ခန့် သေဆုံးခဲ့ပြီး၊ တစ် ဒါဇင် ခန့် ဒဏ်ရာရရှိခဲ့သည်။
19 Oct, 07:26

ပြင်သစ်ဆန္ဒပြပွဲတွေအတွင်း ဆူပူဆန္ဒပြသူတွေ ဝင်ရောက်လုယက်ထားတဲ့ ဆိုင်ထဲကနေ အမျိုးသမီးတစ်ဦးက အဝတ်အစားတွေကို အထုပ်လိုက် ပျော်ပျော်ရွှင်ရွှင် ဆွဲပြီးထွက်လာပါတယ်။ ဒါပေမဲ့ သူ့ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူရဲ့ လုပ်ရပ်ကို မနှစ်မြို့တဲ့အတွက် အဝတ်အစားတွေကို အတင်းပြန်လုယူသွားပြီး ဆိုင်ထဲကို ပြန်သယ်သွားခဲ့ပါတယ်။
19 Oct, 07:10

အိမ်သုံးရေများ ညစ်ညမ်းမှုကြောင့် ဆူပူဆန္ဒပြသူများက မက္ကဆီကိုနိုင်ငံရှိ အစိုးရရုံးအဆောက်အအုံတစ်ခု၏ တံခါးများကို ဆွဲဖြုတ်ဖျက်ဆီး။
19 Oct, 07:00

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်း (ဇရပ်ကုန်းခင်)၊ အခြေခံပညာအလယ်တန်းကျောင်း(မျှော်တော်ဦး)၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(အိုးဝ)နှင့် အခြေခံပညာအထက်တန်းကျောင်း(ကမား)သို့ သွားရောက်ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံပြီး အားပေးစကားပြောကြားကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဆောင်သစ်များ ဆောက်လုပ် နိုင်ရေး၊ ကျောင်းဆောင်များကောင်းမွန်စေရေး၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးနှင့်ရေရရှိရေးအတွက် ဆောင်ရွက်နိုင် ရေးတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မျှော်တော်ဦးကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင် တောင်သူများပူးပေါင်းကာ မျိုးစေ့ထုတ် စိုက်ခင်းဧက(၂၀) ဖြစ်ထွန်းအောင်နေမှုကို လှည့်လည်ကြည့်ရှုကြပြီး တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇီးတောကျေးရွာတွင် မာန်အောင်ကျွန်းကိုအခြေခံ၍ သဘာဝကျောက်ပုဇွန်မွေးမြူရေးလုပ်ငန်း အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စမ်းသပ်လုပ်ကွက်များ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု ကြရာ ကုမ္ပဏီတာဝန်ခံက လုပ်ငန်းဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်းတင်ပြသည်။ တင်ပြချက်များ အပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ သရော်တောကျေးရွာသွားလမ်းအားလည်းကောင်း၊ ကမားကျေးရွာကုန်ထုတ်လမ်းအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး မျှော်တော်ဦးကျေးရွာ ရေရရှိရေးအတွက် မြေသားရေကန်တူးဖော်နိုင်ရန်လည်းကောင်း၊ သစ်ပုံချောင်းတွင် Check Dem တည်ဆောက်၍ ရေရရှိရေးဆောင်ရွက်ရန်လည်းကောင်း၊ ပြင်ကောက်ကျေးရွာ ရေရရှိရေးအတွက်လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာနေပြည်သူများအတွက် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးအတွက် မြေပြင်ကွင်းဆင်း တိုင်းတာ ဆောင်ရွက်ခဲ့မှုနှင့် ရေရရှိရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
19 Oct, 06:52

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက် အောက်တိုဘာ ၁၉၊ ၂၀၂၆ ရခို
+3
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက် အောက်တိုဘာ  ၁၉၊ ၂၀၂၆ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ရခိုင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ထင်လင်းဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက မာန်အောင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့  စားရေရိက္ခာဖူလုံမှုရှိစေရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိစေရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်များ ကွင်းဆင်းဆောင်ရွက်ကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကအီးချောင်းတွင် Checkden တည်ဆောက်၍ ကျေးရွာနေပြည်သူများသို့ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိနိုင်ရေး ဆောင်ရွက်မည့်အခြေအနေအား လည်းကောင်း၊ ဆားချက်ကျေးရွာရေရရှိရေးအတွက် ဆားချက်ဆည်မှ ကျေးရွာအတွင်းသို့ ရေပေးရေးဆောင်ရွက်မည့်အခြေအနေများအားလည်းကောင်း၊ ပလင်တောကျေးရွာ ရေရရှိရေးအတွက်ဆောင်ရွက်မည့် အစီအမံများအားလည်းကောင်း၊ သာယာကုန်းကျေးရွာ ရေရရှိရေးအတွက် ဆောင်ရွက်မည့်အစီအမံများအား လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း တိုင်းတာဆောင်ရွက်ခဲ့မှုနှင့် ရေရရှိရေးအတွက်ဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံကာ ရာသီဥတုဖြစ်စဉ်ပြောင်းလဲမှုနှင့်အတူ ရင်ဆိုင်ကြုံတွေ့လာနိုင်သည့် အယ်လ်နီညိုဖြစ်စဉ်၏ အကျိုးဆက်များကို ကြိုတင်မှန်းဆပြီး ဒေသခံပြည်သူများ စိုက်ပျိုးရေးကဏ္ဍ၊ သောက်သုံးရေလုံလောက်စွာ ရရှိရေးကဏ္ဍနှင့်ကျန်းမာရေးကဏ္ဍများကို ထိခိုက်မှုနည်းနိုင်သမျှနည်းအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် မြေပြင်ကွင်းဆင်းပြီး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်း(ဆားချက်)၊ အခြေခံပညာအထက်တန်းကျောင်း(သာယာကုန်း)သို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဆောင်သစ်များ ဆောက်လုပ်နိုင်ရေး၊ ကျောင်းဆောင်များကောင်းမွန် စေရေး၊ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးနှင့်ရေရရှိရေးအတွက် ဆောင်ရွက်နိုင်ရေးတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခအုန်းမော်ကျေးရွာအုပ်စုတွင် မာန်အောင်မြို့ပေါ်ရပ်ကွက် များနှင့်ကျေးရွာများသို့ ဆိုလာစနစ်ဖြင့်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော ဆိုလာစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာက ဆိုလာစက်ရုံဆိုင်ရာအချက်အလက်များနှင့်လက်ရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှုအခြေအနေများ၊ ပေါ်စကိုဒေဝူးကုမ္မဏီမှ လျှပ်စစ်ပညာရှင်များက ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးနိုင်ရေးဆောင်ရွက်မည့်အစီအမံများကို ရှင်လင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးကာ ဆိုလာစက်ရုံအနီးရှိ အမဲသားပြားလွှာစက်ရုံ တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက် ဆားချက်တိုက်နယ် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ မြို့နယ်ပြည်သူ့ဆေးရုံသို့သွားရောက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ဆေးရုံတက်ရောက်နေသူများအား အားပေးစကားပြောကြားပြီး အာဟာရဖြည့်စွက်စာများပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်း၊ အောက်ဆီဂျင်စက်ရုံနှင့် ဆေးရုံအတွင်းဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူပေးထားမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်သည်။
19 Oct, 06:51