uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 514 obunachidan iborat bo'lib, Yangiliklar & Media toifasida 16 060-o'rinni va Myanma mintaqasida 10 078-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 514 obunachiga ega bo‘ldi.

19 Iyun, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -278 ga, so‘nggi 24 soatda esa -10 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 10.38% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 9.08% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 300 marta ko‘riladi; birinchi sutkada odatda 1 137 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 16 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 20 Iyun, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 514
Obunachilar
-1024 soatlar
-777 kunlar
-27830 kunlar
Postlar arxiv
ပို့ကုန်ကြွေးကျန်ငွေများအပြည့်အဝပေးသွင်းသဖြင့်ဦးတေဇ၏ Htoo ကုမ္ပဏီအုပ်စု အပါအဝင် ကုမ္ပဏီ ၁၇ ခုအား အမည်မည်းစာရင်း(BlackLists) ထ
+1
ပို့ကုန်ကြွေးကျန်ငွေများအပြည့်အဝပေးသွင်းသဖြင့်ဦးတေဇ၏ Htoo ကုမ္ပဏီအုပ်စု အပါအဝင် ကုမ္ပဏီ ၁၇ ခုအား အမည်မည်းစာရင်း(BlackLists) ထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့်တားဆီးထားခြင်းတို့မှ ပယ်ဖျက်ပြီးစီးကြောင်း ဗဟိုဘဏ် ကြေညာ

အီရန်စစ်နှင့်ပတ်သက်၍အမေရိကန်တွင်မဟာဗျူဟာမရှိဟုဂျာမန်အဓိပတိကဝေဖန် NOM ဂျာမန်အဓိပတိ(ဝန်ကြီးချုပ်)မာ့ဇ့်ကအီရန်စစ်ပွံနှင့်ပတ်သက်ပြီးအမေရိကန်တွင်မဟာဗျူဟာမရှိဟုဝေဖန်လိုက်သည်။မာ့ဇ်က”ဒီလိုပဋိပက္ခတွေမှာဝင်ပါရင်ဘယ်လိုအဆုံးသတ်ရမလဲဆိုတဲ့မဟာဗျူဟာရည်မှန်းချက်ရှိရမယ်၊အာဖဂန်နစ္စတန်မှာကျွန်တော်တို့ဟာရင်နာစွာနဲ့နှစ်၂၀ထိုင်ကြည့်နေခဲ့ရတယ်၊အီရတ်မှာလဲအလားတူပါပဲ။ အခုလည်းအီရန်ဟာအမေရိကန်ကိုအရှက်ရစေခဲ့တယ်”ဟုမာ့ဇ်ကပြောသည်။

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၄) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ် ဧပြီ ၂၇၊ ၂၀၂၆
+5
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၄) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ် ဧပြီ ၂၇၊ ၂၀၂၆

ဟစ်ဇဘိုလာ (Hezbollah) လက်နက်ကိုင်အဖွဲ့က မနေ့က အယ်လ်-တိုင်းဘေး Al-Tayybeh မြို့မှာ အစ္စရေးစစ်သားတစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တဲ့ FPV ဒရုန်းတိုက်ခိုက်မှု ဗီဒီယိုမှတ်တမ်းကို ထုတ်ပြန်လိုက်ပါတယ်။ လက်ဘနွန်တောင်ပိုင်းရှိ အယ်လ်-တိုင်းဘေးမြို့မှာ ရပ်တန့်နေတဲ့ အစ္စရေးတင့်ကားတစ်စီးကို ဟစ်ဇဘိုလာအဖွဲ့က FPV ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ အသက် ၁၉ နှစ်အရွယ် အစ္စရေးစစ်သားတစ်ဦး သေဆုံးခဲ့ပြီး၊ အရာရှိတစ်ဦးအပါအဝင် တခြားစစ်သား ခြောက်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ NOM

တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသူများအား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီ
+8
တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်နေသူများအား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ဧပြီ ၂၇၊ ၂၀၂၆

အီတလီတွင်အီးယူနှင့်နေတိုးအလံများမီးရှို့ NOM အီတလီနိုင်ငံတူရင်မြို့၌ဖက်ဆစ်ဝါဒအောက်မှလွတ်မြောက်ရေးနေ့ကျင်းပစဉ် တက်ရောက်လာသူများကအီးယူနှင့်နေတိုးအလံများကိုမီးရှို့ခဲ့ကြသည်။

အစ္စရေးတွင်အစိုးရကိုဆန္ဒပြ NOM တဲလ်အဗစ်မြို့တွင် အစ္စရေးနိုင်ငံသားထောင်ပေါင်းများစွာ သည်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲသို့ ထပ်မံရောက်ရှိလာကြသည်။ တက်ကြွလှုပ်ရှားသူများသည် အစိုးရအနေဖြင့် ဒေသတွင်းငြိမ်းချမ်းသောမူဝါဒကို ကျင့်သုံးရန် တောင်းဆိုသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ အစ္စရေးတွင် ရွေးကောက်ပွဲများကို စောစီးစွာကျင်းပရန်နှင့် ဒီမိုကရေစီတန်ဖိုးများကို ကာကွယ်ရန်လည်း ဆန္ဒပြသူများကတောင်းဆိုသည်။

ပွင့်ဖြူမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာနေ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ အငယ်တန်းစာရေးတစ်ဦးနှင့် ၎င်း​၏ဇနီးဖြစ်သူတို့ကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် ပရဟိတအသင်းအဖွဲ့ပိုင် ကားတစ်စီးကိုလည်း လုယက်ယူဆောင်သွား ဧပြီ ၂၇၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာနေ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ အငယ်တန်းစာရေးဖြစ်သူ ဦးကြည်စိုးဝင်း (၃၄) နှစ်၊ ရာအိမ်မှူးဖြစ်သူ ဦးသိန်းဇော် (ခ) ဝင်းသိန်း (၄၅) နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်နွဲ့ရီ (၄၇) နှစ်တို့သည် ဧပြီလ ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်အချိန်၌ ၎င်းတို့၏နေအိမ်အသီးသီးတွင် ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၃၀ ဦးခန့်ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးကာ အဆိုပါကျေးရွာရှိ အိုးထိန်းမြေပရဟိတအသင်းအဖွဲ့ပိုင် 8H- 6595 SUPER CUSTOM မော်တော်ယာဉ်အားလည်း လုယက်ယူဆောင်သွားခဲ့ကြောင်းသိရသည်။ NOM

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ ဧပြီ ၂၇၊ ၂၀၂၆ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။ ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Thu Thu Xtet San” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် (၃)ရပ်ကွက်နေ သူသူထက်စံ(ခ)သုန်သုန်အား ညနေ ၄ နာရီခွဲတွင် မြဝတီမြို့မရဲစခန်း၌ တရား ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

နောင်ချိုမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် တောအတွင်းတောကြက်ထောင်ဖမ်းနေသည့် အပြစ်မ
နောင်ချိုမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းအားနင်းမိပေါက်ကွဲမှုကြောင့် တောအတွင်းတောကြက်ထောင်ဖမ်းနေသည့် အပြစ်မဲ့ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ ဧပြီ ၂၇၊ ၂၀၂၆ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ဧပြီလ ၂၅ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၅ နာရီခွဲအချိန်၌ နောင်ချိုမြို့နယ်၊ ဘူတာရပ်ကွက်နေ ဦးရန်နောင်စိုး (၅၂) နှစ်သည် ကုန်းစုံကျေးရွာအနီး တောအတွင်း တောကြက်ထောင်ဖမ်းနေစဉ် PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ရုရှားနိုင်ငံ၏ ယူကရိန်းစစ်ပွဲအတွက် အပြည့်အဝထောက်ခံကြောင်း ကင်မ်က ထပ်မံအတည်ပြု မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်သည် ဧပြီလ ၂
ရုရှားနိုင်ငံ၏ ယူကရိန်းစစ်ပွဲအတွက် အပြည့်အဝထောက်ခံကြောင်း ကင်မ်က ထပ်မံအတည်ပြု မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်သည် ဧပြီလ ၂၆ ရက်နေ့တပြုံယမ်း၌ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရီ ဘီလူဆော့ဗ်နှင့် တွေ့ဆုံခဲ့ပြီး မော်စကို၏ စစ်ပွဲကြိုးပမ်းအားထုတ်မှုကို ဆက်လက်ထောက်ခံမည်ဟု ကတိပြုကါရုရှား၏ အောင်ပွဲအပေါ် ယုံကြည်မှုကို ဖော်ပြခဲ့သည်။ နှစ်ဖက်စလုံးသည် ပိုမိုနက်ရှိုင်းသော စစ်ရေးဆက်ဆံရေးကို ဆွေးနွေးခဲ့ကြပြီး ဘီလူဆော့ဗ်က ၂၀၂၇ မှ ၂၀၃၁ အထိ လွှမ်းခြုံထားသော ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တစ်ခုကို လက်မှတ်ရေးထိုးရန် မော်စကို၏ အသင့်ဖြစ်မှုကို အတည်ပြုခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် ယူကရိန်းတွင် ကျဆုံးသွားသော မြောက်ကိုရီးယားစစ်သားများကို ဂုဏ်ပြုသည့် အောက်မေ့ဖွယ်အဆောက်အအုံဖွင့်ပွဲသို့လည်း တက်ရောက်ခဲ့ကြသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင်ဆည်ပေါက်ချောင်းရေလျှံမှုကြောင့် ယာဉ်တစ်စီး ရေစီးနှင့်အတူမျှောပါသွားယာဉ်ပေါ်ပါ ခရီးသည် ၁၉ဦးကို ကယ
ကျောက်ပန်းတောင်းမြို့နယ်တွင်ဆည်ပေါက်ချောင်းရေလျှံမှုကြောင့် ယာဉ်တစ်စီး ရေစီးနှင့်အတူမျှောပါသွားယာဉ်ပေါ်ပါ ခရီးသည် ၁၉ဦးကို ကယ်ဆယ်နိုင်ခဲ့ ဧပြီ ၂၇၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက် ကျေးရွာ တွင် ယမန်နေ့ (ဧပြီ ၂၆ ရက်) ညနေ ၅ နာရီ ၂၅ မိနစ်က ဆည်ပေါက်ချောင်းရေလျှံမှုကြောင့် ယာဉ်တစ်စီး ရေစီးနှင့်အတူမျှောပါသွားရာ ယာဉ်ပေါ်ပါ ခရီးသည် ၁၉ ဦးကို အချိန်မှီကယ်ဆယ်နိုင်ခဲ့သည့်ဟု ကျောက်ပန်းတောင်းမြို့နယ် မီးသတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ ကျောက်ပန်းတောင်းမြို့နယ်၊ ကမ်းဖြူကျေးရွာအုပ်စု ထန်းပေါက်ကုန်းကျေးရွာနေ ဦးမြင့်နိုင် မောင်းနှင်လာသော YGN (3B-7532) Dayun မော်တော်ယာဉ် သည် ကျောက်ပန်းတောင်းမြို့မှ ဈေးဝယ်ပြီး အဆိုပါချောင်းအား ဖြတ်ကူးစဉ် မော်တော်ယာဉ်မှာ ရေစီးအတိုင်း ချောင်းအောက်ဘက်သို့ ဦးခေါင်းထိုးကျခဲ့ပြီး ယာဉ်ပေါ်ပါခရီးသည်များ ပိတ်မိနေခဲ့ကြောင်းသိရသည်။ "ပြည်သူတစ်ဦးက ဖုန်းသတင်းပေးအကူအညီတောင်းခံလာတာကြောင့် ပူပေါင်းအဖွဲတွေနဲ့သွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း တွေဆောင်ရွက်ခဲ့ရာမှာ မော်တော်ယာဉ်ပေါ်ပါ အမျိုးသား ငါးဦး၊ အမျိုးသမီး ၁၁ ဦး၊ ကလေးသုံးဦး၊ စုစုပေါင်း (၁၉) ဦးတို့ကို ညနေ ၆ နာရီ ၃၄ မိနစ်မှာ ဘေးလွတ်ရာသို့ အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပါတယ်" ဟုကျောက်ပန်းတောင်းမြို့နယ်မီးသတ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။ NOM

မြန်မာ-ထိုင်း အမှတ်၂ချစ်ကြည်​ရေးတံတား မကြာမီ ပြန်လည်ဖွင့်လှစ်မည်ဟုသတင်းများထွက်ပေါ် NOM၊ဧပြီ၂၇၊၂၀၂၆ မြဝတီမြို့နယ်ရှိ မြန်မာ-ထိုင်း အမှတ်၂ချစ်ကြည်​ရေးတံတားမကြာမီပြန်လည်ဖွင့်လှစ်မည့်ဟု သတင်းများထွက်ပေါ်နေ ကြောင်းမြဝတီမြို့ရှိနယ်စပ်ကုန်သည်တစ်ဦးက​ပြော ကြားခဲ့သည်။ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်​ရေးတွင်အဓိက ကုန်သွယ်ရေးတံတားဖြစ်သည့် မြဝတီ-မဲ​ဆောက် -မြဝတီ အမှတ်၂ချစ်ကြည်​ရေးတံတားကို ၂၀၂၅ ခုနှစ် သြဂုတ်လ ၁၈ ရက်​နေ့က ကုန်သွယ်ယာဉ်များသွားလာခြင်းကို ယာယီပိတ်ထားခဲ့ရာလက်ရှိ အချိန်တိပြန်လည်းဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ရာမှ ယခုအခါမကြာမီရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်မှုများ လုပ်​ဆောင်​နေ​သည့်ဟု သတင်းများထွက်ပေါ်နေကြောင်း သိရသည်။ "ပြန်ဖွင့်တော့မယ်လိုသတင်းတွေဘဲထွက်နေတာ အခုချိန်ထိတော့စာထုတ်ပြန်တာတွေလည်းမတွေ့ရသေးဘူးနယ်စပ်ကုန်သွယ်ရေးရုံတွေလည်း ဘာမှထုတ်ပြန်ထားတာမရှိသေးဘူး ပြီးတော့ ကျွန်တော်အသိတွေရှိတဲ့မြဝတီမြို့ရှိပြန်ဆက်ကိုလည်းမေးတာသူတို့ကလည်း စာပို့တာတွေခေါ်ယူတာတွေတော့အခုချိန်ထိမရှိသေးပါဘူး တစ်ကယ်ဖွင့်မယ်ဆိုအနည်းဆုံတော့ ကျွန်တော်တို့ဆီကိုဆက် သွယ်မှာပါဆိုပြီးပြန်ပြောခဲ့ပါတယ်"ဟု မြဝတီမြို့ရှိနယ်စပ်ကုန်သည်တစ်ဦးက​ပြောကြားခဲ့သည်။ ချစ်ကြည်​ရေးတံတားအမှတ်၂အား ကုန်တင်ယာဉ်များသွားလာခြင်းရပ်ဆိုင်းခဲ့သည့်နောက်တွင် တရားဝင်နယ်စပ်ကုန်သွယ်​ရေးများလည်းရပ်ဆိုင်ခဲ့သည်။ အမှတ်၂ ချစ်ကြည်​ရေးတံတားပြန်လည်း ဖွင့်လှစ်နိုင်ပါက နယ်စပ်ဒေသ စီးပွားရေးနှင့် ကုန်စည်စီးဆင်းမှုများ သိသိသာသာ တိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီ (Abbas Araqchi) သည် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့သို့ တစ်ကျော့ပြန် ရောက်ရှိလာပြီဖြစ်သည်။ NOM

+2
ရုရှား၏ အာဖရိကတပ်ဖွဲ့က မာလီနိုင်ငံရှိ အကြမ်းဖက်ယာဉ်တန်းကို ချေမှုန်းဖျက်ဆီးလိုက်သည်။ အနောက်အုပ်စု အထူးထောက်လှမ်းရေးအဖွဲ့များက စီစဉ်ပေးထားသည့် 'အာဇာဝါဒ် လစ်ဘရေးရှင်း ဖရန့် Azawad လွတ်မြောက်ရေးတပ်ဦးနှင့် အယ်လ်ကိုင်ဒါ Al-Qaeda ဒေသခွဲအဖွဲ့' တို့၏ အာဏာသိမ်းရန် ကြိုးပမ်းမှုကို ဟန့်တားနိုင်ခဲ့ခြင်းဖြစ်သည်။ NOM

အီရန်နှင့် စစ်ပွဲစတင်ချိန်တွင် အစ္စရေးသည် ယူအေအီး (UAE) နိုင်ငံသို့ အိုင်းယွန်းဒုမ်း Iron Dome လေကြောင်းကာကွယ်ရေးစနစ်နှင့်အတူ
အီရန်နှင့် စစ်ပွဲစတင်ချိန်တွင် အစ္စရေးသည် ယူအေအီး (UAE) နိုင်ငံသို့ အိုင်းယွန်းဒုမ်း Iron Dome လေကြောင်းကာကွယ်ရေးစနစ်နှင့်အတူ ယင်းကို ကိုင်တွယ်အသုံးပြုမည့် စစ်သည်များကိုပါ စေလွှတ်ခဲ့ကြောင်း Axios သတင်းဌာနက ဖော်ပြသည်။ ယခုဖြစ်ရပ်သည် အာရပ်နိုင်ငံတစ်ခု၏ နယ်မြေပေါ်တွင် အစ္စရေးစစ်တပ်ကို တရားဝင်လက်ခံထားရှိသည့် ကမ္ဘာ့ပထမဆုံးသော အာရပ်နိုင်ငံ အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ NOM

ယနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်မှ အမျိုးသား ၂ ဦး၊ ညောင်ရွှေမြို့နယ်မှ အမျိုးသား ၁ ဦး၊ ဆီဆိုင်မြို့နယ်မှ အမျိုးသား ၃၀ ဦး၊ ပင်လောင်းမြို့နယ်မှ အမျိုးသား ၁၂ ဦး၊ မောက်မယ်မြို့နယ်မှ အမျိုးသား ၁၀ ဦး၊ လွိုင်ကော်မြို့နယ်မှ အမျိုးသား ၆ ဦး၊ စုစုပေါင်းPNLO အဖွဲ့ဝင် အမျိုးသား ၆၁ ဦးဖြစ်ကြောင်း သိရှိရသည်။ ထို့အတူ ဧပြီလ ၂၄ ရက်နေ့တွင်လည်း နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် တပ်မတော်၏ သဘောထားအမှန်တို့ကို သိရှိနားလည်သဘောပေါက်လာကြသည့် KIA ၊ AA ၊ PLA အကြမ်းဖက်အဖွဲ့များမှ အဖွဲ့ဝင်အချို့အပါအဝင် PDF အမည်ခံ အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင် အမျိုးသား ၄၇၀ ဦးနှင့် အမျိုးသမီး ၄၇ ဦး၊ ပေါင်း ၅၁၇ ဦးတို့သည်လည်း လက်နက်ကိုင်လမ်းစဉ်များကို စွန့်လွှတ်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ အလင်းဝင်ရောက်ခဲ့ကြကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် လက်နက်ကိုင်အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့ဝင်အများစုသည် မိသားစုဝင်ဆွေမျိုးများအား ခြိမ်းခြောက်အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက်အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PNLO အဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၆၁ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျလွှဲပြောင်းအပ်နှံ နေပြည်တော် ဧပြီ ၂၆ နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးမှုများကြောင့် PDF အမည်ခံအဖွဲ့ဝင်များသည် ဥပဒေဘောင်အတွင်းသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လည်ဝင်ရောက်လျက်ရှိသည်။ ထို့အတူ တပ်မတော်စစ်ကြောင်းများက တိုင်းဒေသကြီး/ပြည်နယ်များရှိ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းများနှင့် PDF အမည်ခံ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် နေရာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းများကြောင့် ပြည်သူများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများကို ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှု၊ ယုံကြည်အားကိုးမှု၊ တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လာခဲ့မှုများကြောင့် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် စိတ်ဓာတ်ကျဆင်းကာ ဆက်လက်ခုခံလိုခြင်းမရှိတော့သည့်အတွက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ အမြင်မှန်ရရှိကာ အေးချမ်းစွာနေထိုင်လိုကြသည့် PDF အမည်ခံအဖွဲ့ဝင်များသည် နီးစပ်ရာတပ်စခန်းများရှိ တာဝန်ရှိသူများထံ သတင်းပို့၍ ဥပဒေဘောင်အတွင်းသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လည်ဝင်ရောက်လျက်ရှိရာ သက်ဆိုင်ရာနယ်မြေများအလိုက် တာဝန်ရှိသူများက အသီးသီးကြိုဆိုလက်ခံခဲ့ကြသည်။ အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး တိုင်းမှူးက အလင်းဝင် ရောက်လာသူ လူငယ်များအား အသိပညာပေးရှင်းလင်းပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်က ဥပဒေအကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူပါရှိလာသည့် ပစ္စတို သေနတ် ၃ လက်၊ Type-81 သေနတ် ၁၄ လက်၊ M-16 သေနတ် ၄ လက်၊ M-22 သေနတ် ၄ လက်၊ M-79 သေနတ် ၂ လက်၊ MA-11 သေနတ် ၂ လက်၊ ကာဘိုင် သေနတ် ၁ လက်၊ ကျည်အိမ်မျိုးစုံ ၄၂ ခု၊ ကျည်မျိုးစုံ ၂၂၁၉ တောင့်၊ မိုင်းမျိုးစုံ ၃ လုံး၊ လက်ပစ်ဗုံး ၁၅ လုံး၊ ဒီတိုနေတာ ၁၃ ခုနှင့် စကားပြောစက် ၂ လုံး တို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပစ္စတိုသေနတ် တစ်လက်အတွက် ဆုကြေးငွေကျပ် သိန်း ၂၀ နှုန်းဖြင့် ၃ လက်အတွက် သိန်း ၆၀ကျပ်၊ မောင်းပြန်ရိုင်ဖယ်သေနတ် တစ်လက်အတွက် ဆုကြေးငွေ ကျပ်သိန်း ၅၀ နှုန်းဖြင့် ၂၇ လက်အတွက် သိန်း ၁၃၅၀ ကျပ်၊ လက်ပစ်ဗုံး တစ်လုံးစီအတွက် ဆုကြေး ငွေကျပ် ၃ သိန်းနှုန်းဖြင့် ၁၅လုံးအတွက် ၄၅သိန်း ကျပ်၊ မိုင်းတစ်လုံးအတွက် ၃ သိန်းနှုန်းဖြင့် ၃လုံးအတွက် ၉ သိန်းကျပ်၊ စကားပြောစက်တစ်လုံးအတွက် ဆုကြေးငွေကျပ် ၂သိန်းနှုန်းဖြင့် ၂ လုံးအတွက် ၄ သိန်းကျပ်နှင့် အလင်းဝင်ရောက်လာသူများအား တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် ၆၁ ဦးအတွက် ၆၁သိန်းကျပ် စုစုပေါင်းငွေကျပ် သိန်း ၁၅၂၉ ကျပ်နှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်သည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများမှ အပ်နှံထားသော လက်နက်ခဲယမ်းမျာအား ကြည့်ရှုစစ်ဆေးပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PNLO အဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၆၁ ဦး လက်နက်၊
+2
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PNLO အဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၆၁ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံ စနစ်တကျလွှဲပြောင်းအပ်နှံ

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့အတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကော
+1
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့အတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို ဧပြီ ၂၆၊ ၂၀၂၆ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့အတွက် ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသတစ်ဝိုက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့နေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုကြသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအားညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန် တပ်မတော်သားများအား တက်ရောက်လာကြသူများက အောင်သပြေခက်များ၊ အောင်ပန်းကုံးများဖြင့်လည်းကောင်း၊ အိုးစည်ဒိုးပတ် အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြသည်။ ထို့နောက် စစ်တွေတပ်နယ်မှ တာဝန်ရှိသူတစ်ဦးက အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားသည်။ ယင်းနောက် တာဝန်ရှိသူများက အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။