en
Feedback
News Of Myanmar

News Of Myanmar

Open in Telegram

📈 Analytical overview of Telegram channel News Of Myanmar

Channel News Of Myanmar (@newsofmyanmar) in the Burmese language segment is an active participant. Currently, the community unites 12 442 subscribers, ranking 15 917 in the News & Media category and 10 085 in the Myanmar region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 12 442 subscribers.

According to the latest data from 04 July, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -222 over the last 30 days and by -10 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 7.33%. Within the first 24 hours after publication, content typically collects 6.47% reactions from the total number of subscribers.
  • Post reach: On average, each post receives 912 views. Within the first day, a publication typically gains 805 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 15.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Thanks to the high frequency of updates (latest data received on 05 July, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

12 442
Subscribers
-1024 hours
-347 days
-22230 days
Posts Archive
CDF ဟားခါးအကြမ်းဖက်အဖွဲ့​၏ တွဲဖက်အတွင်းရေးမှူး ဆလိုင်းငွန်ဆန်းအောင်သေဆုံး NOM ဇန်နဝါရီ ၂၆၊ ၂၀၂၆ ဇန်နဝါရီလ ၂၅ ရက်နေ့၌ သေဆုံးခဲ
+1
CDF ဟားခါးအကြမ်းဖက်အဖွဲ့​၏ တွဲဖက်အတွင်းရေးမှူး ဆလိုင်းငွန်ဆန်းအောင်သေဆုံး NOM ဇန်နဝါရီ ၂၆၊ ၂၀၂၆ ဇန်နဝါရီလ ၂၅ ရက်နေ့၌ သေဆုံးခဲ့ကြောင်းသိရပြီး သေဆုံးသည့်အကြောင်းရင်းကိုမူ တိတိကျမသိရသော်လည်း ၎င်း​၏ဖခင်ဖြစ်သူ ပြီးခဲ့သည့်ရက်ပိုင်း၌ ကျန်းမာရေးကြောင့် သေဆုံးသွားပြီးနောက် အကြမ်းဖက်သမား ဆလိုင်းငွန်ဆန်းအောင်လည်း ကျန်းမာရေးချို့ယွင်းလာပြီး ဇန်နဝါရီ ၂၅ ရက်နေ့၌ ရုတ်တရက်သေဆုံးသွားသည်ဟု ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းထံမှသိရသည်။ News Of Myanmar NOM

Repost from NOM.World News
ဖိလစ်ပိုင်နိုင်ငံ၊ Shariff Aguak မြို့မှာ မြို့တော်ဝန် Akmad Ampatuan ကို တတိယအကြိမ်လုပ်ကြံသတ်ဖြတ်ဖို့အတွက် ကြိုးစားခဲ့မှုမှာ မြို့တော်ဝန်ရဲ့ ကျည်ကာ Land Cruiser ကားကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ ကားကိုတိုက်ရိုက်ထိမှန်သွားခဲ့တယ်လို့ သိရပါတယ်။ လုပ်ကြံဖို့ကြိုးစားသူဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြန်လည်တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ တနင်္ဂနွေနေ့ (၂၅.၁.၂၀၂၆) မနက်အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး RPG နဲ့ ပစ်မှတ်ထား ချုံခိုတိုက်ခိုက်မှုမှာ မြို့တော်ဝန်က အသက်ဘေးက လွတ်မြောက်ခဲ့ပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဖြူရောင်ဗင်ကားကို စီးနင်းလိုက်ပါလာတဲ့ သံသယရှိသူ ၃ ဦးစလုံးကို ရဲနဲ့ စစ်ဘက်ပူးပေါင်းအဖွဲ့က လိုက်လံဖမ်းဆီးမှုအတွင်း သေဆုံးသွားခဲ့ပါတယ်။ NOM

Repost from NOM
ဖိလစ်ပိုင်နိုင်ငံ၊ Shariff Aguak မြို့မှာ မြို့တော်ဝန် Akmad Ampatuan ကို တတိယအကြိမ်လုပ်ကြံသတ်ဖြတ်ဖို့အတွက် ကြိုးစားခဲ့မှုမှာ မြို့တော်ဝန်ရဲ့ ကျည်ကာ Land Cruiser ကားကို RPG နဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ ကားကိုတိုက်ရိုက်ထိမှန်သွားခဲ့တယ်လို့ သိရပါတယ်။ လုပ်ကြံဖို့ကြိုးစားသူဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြန်လည်တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ တနင်္ဂနွေနေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး RPG နဲ့ ပစ်မှတ်ထား ချုံခိုတိုက်ခိုက်မှုမှာ မြို့တော်ဝန်က အသက်ဘေးက လွတ်မြောက်ခဲ့ပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဖြူရောင်ဗင်ကားကို စီးနင်းလိုက်ပါလာတဲ့ သံသယရှိသူ ၃ ဦးစလုံးကို ရဲနဲ့ စစ်ဘက်ပူးပေါင်းအဖွဲ့က လိုက်လံဖမ်းဆီးမှုအတွင်း သေဆုံးသွားခဲ့ပါတယ်။ NOM

ဝိုင်းမော်ဘက်တွင် လီဆူးပသစက KIA ရဲ့ကျွန် PDF ၃ ဦးအား ဖမ်းမိ - တိုက်ပွဲသတင်းစုံ
ဝိုင်းမော်ဘက်တွင် လီဆူးပသစက KIA ရဲ့ကျွန် PDF ၃ ဦးအား ဖမ်းမိ - တိုက်ပွဲသတင်းစုံ

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) သို လာရောက်လေ့လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား ဂုဏ်ပ
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) သို လာရောက်လေ့လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်း ဇန်နဝါရီ ၂၅၊ ၂၀၂၆ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။ ညစာစားပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ ဘယ်လာရုစ်သမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့၊ နီပေါနိုင်ငံ ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့၊ အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်နှင့် International Conference of Asian Political Parties (ICAPP) အဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြ သည်။ ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲ၏ အရေးကြီးသည့် မှတ်တိုင်တစ်ခုဖြစ်သည့် ရွေးကောက်ပွဲအပိုင်း (၃) ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲတွင် အဆွေတော်တို့၏ ပါဝင်ဆောင်ရွက်ခဲ့မှုများကို ချီးကျူးမှတ်တမ်းတင်သည့်အနေဖြင့် ယနေ့ဂုဏ်ပြုညစာစားပွဲကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း။ ရွေးကောက်ပွဲကျင်းပသည့် လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ပါဝင်၍ စောင့်ကြည့်လေ့လာခဲ့ကြသည့်အတွက် မြန်မာနိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံ ပြည်သူများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ အဆွေတော်တို့၏ စောင့်ကြည့်လေ့လာမှုသည် လွတ်လပ်မှုနှင့် တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုကို ခိုင်မာစေရုံသာမက ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်ပြည်သူများနှင့် ရွေးကောက်ပွဲတွင် ပါဝင်သူအားလုံး၏ ယုံကြည်မှုကို ပိုမိုခိုင်မာစေမည်ဖြစ်ပါကြောင်း။ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံအဖွဲ့ဝင်များ၊ လုံခြုံရေးတာဝန်ထမ်းဆောင်ကြသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးခဲ့ကြသူများ၊ အထူးသဖြင့် နိုင်ငံသားတစ်ဦး၏ တာဝန်သိစိတ်ဖြင့် လာရောက်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများ၏ ကြိုးစားအားထုတ်မှုများကို အဆွေတော်တို့အနေဖြင့် မျက်ဝါးထင်ထင်မှတ်ကျောက်တင်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ပြည်သူများ၏ စိတ်အေးချမ်းသာယာ၊ ပျော်ရွှင်တက်ကြွစွာနှင့် နိုင်ငံ့အနာဂတ်အတွက် မဲပေးနေမှုများကို တွေ့မြင်သိရှိခဲ့ကြပြီး ဖြစ်ပါကြောင်း။ ယနေ့ အခမ်းအနားကတစ်ဆင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် နားလည်မှုကို ပိုမိုခိုင်မာစေမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေမည့် အဆွေတော်တို့၏ လေ့လာတွေ့ရှိချက်များနှင့် အကြံပြုချက်များကိုလည်း စောင့်မျှော်နေပါကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်မှုသည် မြန်မာနိုင်ငံ၏ ကောင်းမွန်သည့် အရွေ့တစ်ခုကို ဖော်ဆောင်နိုင်ခြင်း ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ အပိုင်း (၃) ပိုင်းလုံးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် တက်ရောက်လာကြသည့် အဆွေတော်တစ်ဦး တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း ဂုဏ်ပြုစကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသည် ညစာစားပွဲသို့ တက်ရောက်လာကြသူများနှင့် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြပြီး ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ယဉ်ကျေးမှုအကအဖွဲ့၏ မြန်မာ့ရိုးရာယဉ်ကျေးမှုအဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဖျော်ဖြေတင်ဆက်မှုအပြီးတွင် အနုပညာဦးစီးဌာနအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းများနှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

မိမိအနေဖြင့် နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်တွင် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ကြေးများနှင့် သက်စွန့်ဆံဖျားစရိတ်များ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ကြောင်း၊ တပ်မတော်သားမိသားစုဝင်များ၏ နေရေး၊ စားရေးနှင့် ဝတ်ရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိနေကြောင်း၊ တပ်မတော်အကြီးအကဲတစ်ဦးအနေဖြင့် မိမိဦးဆောင်ကွပ်ကဲအုပ်ချုပ်နေရသည့် အဖွဲ့အစည်းနှင့် မိမိတပ်ဖွဲ့ဝင်များကို မည်ကဲ့သို့မြှင့်တင်ဆောင်ရွက်ပေးရမည်ကို အမြဲမပြတ်စဉ်းစား၍ လိုအပ်သည်များ စီမံဆောင်ရွက်ပေးခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်တွင် ကျရောက်လာနိုင်သည့် မည်သည့်အန္တရာယ်ရန်စွယ်ကိုမဆို ကာကွယ်ရန် တာဝန်ရှိသည်ဖြစ်သဖြင့် စွမ်းရည်စွမ်းအားရှိသည့်တပ်မတော်ဖြစ်စေရေး ဆက်လက်ကြိုးပမ်းတည်ဆောက်သွားကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားပြီး အရာရှိ၊ စစ်သည်များ၏ လိုအပ်ချက်များကို မေးမြန်းသည်။ ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်းသတင်းရရှိသည်။

လုပ်ငန်းများကို ထမ်းဆောင်ရာတွင် ကံ၊ ဉာဏ်၊ ဝီရိယများပေါင်းစပ်၍ မိမိတို့တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ကြရန်လိုကြောင်း၊ ကောင်းသည့်အလုပ်ကို လုပ်မည်ဆိုပါက ကောင်းကျိုးကိုခံစားနိုင်မည်၊ မကောင်းသည့်အလုပ်ကိုလုပ်ပါက မကောင်းကျိုးကို ခံစားရမည်ဖြစ်ကြောင်း၊ မိမိတို့ကို သင်ကြားပေးထားသည့် စစ်အတတ်ပညာများကို ဉာဏ်ဖြင့် သုံးသပ်ဆင်ခြင်၍ ကျွမ်းကျွမ်းကျင်ကျင် အသုံးချဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ စစ်သည်တစ်ဦးချင်းစီအလိုက် စစ်သားကောင်းတစ်ယောက်ပီသစွာ တာဝန်ထမ်းဆောင်ကြရန်လိုပြီး ထိုသို့ဆောင်ရွက်မှသာလျှင် တစ်ဦးချင်းစီ၏ အရည်အသွေးများ တက်လာမည်ဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုလည်း ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေးအတွက် တပ်မတော်အနေဖြင့် ခေတ်အလိုက်နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်လာနေသည့် နည်းပညာများနှင့်အညီ စစ်အသုံးအဆောင်ပစ္စည်းများ တပ်ဆင်ပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေးအတွက် ရှိသင့်ရှိထိုက်သည်များကို ဖြည့်တင်းပေးနေရမည်ဖြစ်သကဲ့သို့ စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေးအတွက်လည်း စစ်သည်တစ်ဦးချင်းစီအလိုက်၊ တပ်ဖွဲ့တစ်ဖွဲ့ချင်းစီအလိုက်မှစ၍ ကျန်းမာကြံ့ခိုင်မှုရှိစေရေး၊ တိုက်ရည်ခိုက်ရည်နှင့် ရဲစွမ်းသတ္တိရှိစေရေး၊ စစ်နည်းဗျူဟာနှင့် စစ်လက်နက်ပစ္စည်းများအပေါ် ကျွမ်းကျင်မှုရှိစေရေး အမြဲမပြတ်လေ့ကျင့်ဆောင်ရွက်ပေးနေရမည်ဖြစ်ကြောင်း၊ အလားတူ နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာနှင့် စစ်နည်းဗျူဟာများကိုလည်း ခေတ်နှင့်အညီ အသုံးချနိုင်ရေးဆောင်ရွက်ကြရန်လိုကြောင်း၊ စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်တစ်ရပ်ကို တည်ဆောက်သွားမည်ဆိုပါက မိမိတို့နိုင်ငံအပေါ်မည်သူကမျှ မလေးမစားပြုလုပ်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်တစ်ရပ်ကို အမြဲတမ်းဆက်လက်ကြိုးပမ်းတည်ဆောက်သွားကြရမည်ဖြစ်ကြောင်း။ လက်ရှိအချိန်တွင် တပ်မတော်၌ အမျိုးသမီးစစ်မှုထမ်းများသည်လည်း အမျိုးသားများနှင့် ရင်ပေါင်တန်း၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေပြီဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ကောက်ယူခဲ့သည့်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များအရ မိမိတို့နိုင်ငံတွင် အမျိုးသမီးဦးရေမှာ ပိုမိုများပြားသည်ကို တွေ့ရှိရကြောင်း၊ သို့ဖြစ်၍နိုင်ငံတော်တွင် အမျိုးသမီးများ၏ လုပ်အားမှာ မနည်းသည်ကို တွေ့မြင်နိုင်ကြောင်း၊ တပ်မတော်သားမိသားစုဝင် မှီခိုသူမိသားစုများ အချင်းချင်းအနေဖြင့် ညီရင်းအစ်ကို၊ မောင်ရင်းနှမစိတ်ဓာတ်မွေး၍ စည်းလုံးညီညွတ်စွာဖြင့် နေထိုင်ဆောင်ရွက်ကြရန်လိုကြောင်း၊ စစ်သည်အင်အားနှင့် ရဲမေအင်အားများ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်၏ ကာကွယ်ရေးအင်အားစုမှာ များစွာတောင့်တင်းခိုင်မာသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး စုစည်းညီညွတ်သည့်အားကို တန်ဖိုးထားဆောင်ရွက်ကြရန်လိုကြောင်း။ အရာရှိ၊ စစ်သည်များအနေဖြင့် ခေတ်နှင့်အညီပြောင်းလဲတိုးတက်နေသည့် သိပ္ပံနှင့် နည်းပညာများကိုလည်း လေ့လာနေကြရန်လိုကြောင်း၊ ဗဟုသုတများရရှိစေပြီး အသိအမြင်များတိုးပွားလာစေရေး၊ မိမိတို့တစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများ တိုးတက်စေရေးအတွက် စာပေဖတ်မှတ်လေ့လာခြင်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စာပေဖတ်မှတ်လေ့လာခြင်းအားဖြင့် တစ်ဦးချင်းစွမ်းရည်များ တိုးမြင့်လာနိုင်မည်ဖြစ်ပြီး တစ်ဦးချင်းစွမ်းရည်မှ တပ်မတော်တစ်ရပ်လုံး၏စွမ်းရည်များ တိုးတက်လာစေရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အလားတူ နိုင်ငံတော်၏ ဖြတ်သန်းခဲ့ရသည့် သမိုင်း ကြောင်းနောက်ခံအကြောင်းအရာများကို မှန်မှန်ကန်ကန်သိမြင်ရှုမြင် သုံးသပ်နိုင်ရေးအတွက်လည်း စာပေများဖတ်ရှုကြရန်လိုကြောင်း၊ တပ်မတော်၏ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်နေရမှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ခေတ်အဆက်ဆက် ဆောင်ရွက်ချက်သမိုင်းကြောင်းများကိုလည်း လေ့လာကြရန်လိုကြောင်း၊ နိုင်ငံတော်ကို ဦးဆောင်ခဲ့ကြသည့် နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ သမိုင်းကြောင်းများကိုလည်း လေ့လာကြရန်လိုကြောင်း၊ ထိုသို့မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းများကိုဖတ်ရှုလေ့လာခြင်းဖြင့် မိမိတို့ တပ်မတော်၏ တာဝန်ထမ်းဆောင်ရမှုများကိုလည်း မှန်မှန်ကန်ကန်ဖြင့် သိရှိနားလည်လာမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် ရွေးကောက်ပွဲကျင်းပအပြီး အနိုင်ရရှိသည့် အစိုးရအဖွဲ့အား နိုင်ငံတော်၏ တာဝန်များကို လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များလည်း လာရောက်လေ့လာခဲ့ကြကာ အပြုသဘောဆောင်သည့် မှတ်ချက်များစွာကိုလည်းရရှိခဲ့ကြောင်း၊ မိမိတို့ ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသည် အောင်မြင်သည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပါဝင်ထမ်းဆောင်ခဲ့ကြသူများအားလုံးကိုလည်း မိမိအနေဖြင့် အသိအမှတ်ပြုကျေးဇူးတင်ပါကြောင်း။ နိုင်ငံ့အရေးနှင့် နိုင်ငံရေးတို့ကို ဆောင်ရွက်ရာတွင် အားနှင့်မာန်နှင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန်အတွက် ပါတီများ သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖွဲ့စည်းခွင့်များပေးခဲ့ပြီး ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီကြီးများရှိသကဲ့သို့ ဒေသအလိုက် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီများလည်းရှိကြောင်း။ တပ်မတော်၏ အခန်းကဏ္ဍ တပ်မတော်သည် နိုင်ငံတော်တွင် အခိုင်အမာဆုံးသောအဖွဲ့အစည်းဖြစ်ပြီး လွတ်လပ်ရေးရရှိကတည်းကပင် ယနေ့အချိန်အထိ တည်ရှိနေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ မည်သို့ပင်ပြောင်းလဲခဲ့သည်ဖြစ်သော်လည်း တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဒို့တာဝန်အရေးသုံးပါးဦးထိပ်ထားလျက် ယနေ့ထက်တိုင် မမှိတ်မသုန် ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်၏ ပြည်ပရန်ကာကွယ်ရေးနှင့် ပြည်တွင်းလုံခြုံရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ သို့သော်လည်း လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ဖြစ်ပေါ်လာခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် သောင်းကျန်းမှုနှိမ်နင်းရေးစစ်ဆင်ရေးများကို ခေတ်အဆက်ဆက်ဆောင်ရွက်ခဲ့ရကြောင်း၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို ထိန်းသိမ်းဆောင်ရွက်ရမည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တာဝန်ဖြစ်သော်လည်း လိုအပ်ချက်အရ တပ်မတော်မှ ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်း စွမ်းရည်မြှင့်တင်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း။ နိုင်ငံတော်ကို ပြည်ပရန်မှကာကွယ်ရေးအတွက် တပ်မတော်ကို စဉ်ဆက်မပြတ် စွမ်းရည်၊ စွမ်းပကားများ မြှင့်တင်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် မိမိတို့အားပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ကျန်းမာကြံ့ခိုင်နေရမည်ဖြစ်ကြောင်း၊ အရည်အချင်းပြည့်ဝသည့် တပ်မတော်၊ တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့် တပ်မတော်ဖြစ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ အရည်အချင်းပြည့်ဝရန်အတွက် လေ့ကျင့်သားပြည့်ဝနေရန်လိုပြီး တပ်မတော်သားတစ်ဦးချင်းအနေဖြင့် ကျန်းမာကြံ့ခိုင်ရမည်၊ တိုက်ရည်ခိုက်ရည်ရှိရမည်၊ ရဲစွမ်းသတ္တိရှိရမည်၊ စစ်နည်းဗျူဟာနှင့် စစ်လက်နက်ပစ္စည်းများအပေါ် ကျွမ်းကျင်မှုရှိရမည်ဖြစ်ကြောင်း၊ တပ်မတော်သားတစ်ဦးချင်းစီအလိုက်၊ တပ်၊ ဌာနချုပ်များအလိုက် တိုက်ပွဲဝင်အသင့်ဖြစ်စေရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်လိုကြောင်း။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော် ဇန်နဝါရီ ၂၅ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ မန္တလေးတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့မှု ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) အား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အပိုင်း (၃) ကို ယနေ့တွင် ကျင်းပပြုလုပ်လျက်ရှိနေပြီဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲအပိုင်း (၃) ကျင်းပနေမှုများကို မိမိအနေဖြင့် လှည့်လည်ကြည့်ရှုခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် တက်တက်ကြွကြွဖြင့် ဆန္ဒမဲများပေးနေသည်ကို တွေ့ရှိရပြီး ထိုအထဲတွင် လူငယ်လူရွယ်များ၊ လူလတ်ပိုင်းများလည်း များစွာပါဝင်သည်ကို တွေ့ရှိရကြောင်း၊ ရွေးကောက်ပွဲအပိုင်း (၁) နှင့် (၂) တွင် ပျမ်းမျှအားဖြင့် ပြည်သူလူထု ၅၅ ရာခိုင်နှုန်းခန့် ဆန္ဒမဲများပေးကြောင်း သိရသဖြင့် အောင်မြင်သည့် ရွေးကောက်ပွဲတစ်ခုဟု သတ်မှတ်နိုင်ပြီး ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုကို တွေ့မြင်ရကြောင်း။ မိမိတို့နိုင်ငံ၏ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိခဲ့ကြောင်း၊ ထို့နောက် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိခဲ့ကြောင်း၊ သို့ဖြစ်၍ ပါတီစုံဒီမိုကရေစီ အစိုးရသက်တမ်းနှစ်ဆက်တွင် ပြည်သူလူထုအနေဖြင့် ဆန္ဒမဲပေးကြသည့် အတွေ့အကြုံများ ထိုက်သင့်သလောက်ရှိလာပြီဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ကြီးမားစွာဖြစ်ပေါ်ခဲ့သောကြောင့် မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ လူမှာကတိ၊ မင်းမှာသစ္စာရှိသည်နှင့်အညီ ရှေ့လုပ်ငန်းစဉ် (၅) ရပ် ချမှတ်ထားသည့်အတိုင်း မိမိတို့အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝပြီး လွတ်လပ်၍ တရားမျှတမှုရှိသည့် ရွေးကောက်ပွဲတစ်ခု ပြန်လည်ကျင်းပနိုင်ရေးစီမံဆောင်ရွက်ခဲ့ပြီး မဲမသမာမှုများဖြစ်ပေါ်မှု မရှိစေရေးအတွက် Myanmar Electronic Voting Machine (MEVM) စက်များကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မဲမသမာမှုမရှိသောရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရန်နှင့် ဆန္ဒမဲပေးကြသည့် ပြည်သူလူထုများ၏ ဆန္ဒအမှန်ဖြင့် လိုလားသည့်ရလဒ်များ ထွက်ပေါ်လာစေရန်ပင်ဖြစ်ကြောင်း။ အသက် ၁၈ နှစ်ပြည့်ပြီးသူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆန္ဒမဲပေးနိုင်ပြီဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အားလုံးဆန္ဒမဲများပေးနိုင်ရေး စီမံဆောင်ရွက်ပေးထားပြီး ဆန္ဒမဲပေးခြင်း၊ မပေးခြင်းသည် မဲဆန္ဒရှင်ပြည်သူများ၏ ရပိုင်ခွင့်ပင်ဖြစ်ကြောင်း၊ အချို့နိုင်ငံများတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်၌ ဆန္ဒမဲပေးသူနည်းပါးသည့် နိုင်ငံများလည်းရှိကြောင်း၊ မိမိတို့ကျင်းပနေသည့် ရွေးကောက်ပွဲတွင်လည်း ဆန္ဒမဲပေးနိုင်သူ၏ ထက်ဝက်ကျော်ဆန္ဒမဲများပေးခဲ့ကြသဖြင့် ရွေးကောက်ပွဲအောင်မြင်သည်ဟု ဆိုနိုင်ကြောင်း။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အလယ်
+1
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား ဇန်နဝါရီ ၂၅၊ ၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်နှင့်ဇနီး ဒေါ်ကြူကြူလှ မန္တလေးမြို မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများအား မေးမြန်းလျှောက်ထားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ဇန်နဝါရီ ၂၅၊ ၂၀၂၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ သက်တော် ၉၈ နှစ်၊ ဝါတော် ၇၈ ဝါရှိ သက်တော်ရှည်ဆရာတော်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုသည်။ ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီး၏ ကျန်းမာရေးဆိုင်ရာများနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများအား မေးမြန်းလျှောက်ထားပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့က ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် ဆရာတော်ကြီး၏ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များအား အမြဲမပြတ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသတင်းရရှိသည်။

Repost from NOM
ရုရှားလုံခြုံရေးကောင်စီရဲ့ ဒုတိယဥက္ကဌဖြစ်သူ၊ ရုရှားသမ္မတဟောင်းလည်းဖြစ်တဲ့ Medvedev က “အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် နူကလီ
+1
ရုရှားလုံခြုံရေးကောင်စီရဲ့ ဒုတိယဥက္ကဌဖြစ်သူ၊ ရုရှားသမ္မတဟောင်းလည်းဖြစ်တဲ့ Medvedev က “အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် နူကလီးယားလက်နက်တွေထက် ပိုယုံကြည်စိတ်ချရတဲ့ အရာမရှိဘူး” လို့ ရုရှားနေ့စဉ်ထုတ်သတင်းစာ Kommersant ကို ပြောဆိုသွားခဲ့ပါတယ်။ NOM

Repost from NOM
❗ အိန္ဒိယနိုင်ငံမှာ သေစေနိုင်တဲ့ Nipah ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရ
❗ အိန္ဒိယနိုင်ငံမှာ သေစေနိုင်တဲ့ Nipah ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်း အပါအဝင် ငါးဦးကို အတည်ပြုခဲ့ပြီးသူနာပြုဟာ လူနာတစ်ဦးကို ကုသနေချိန် ကူးစက်ခံရပြီးနောက် ကိုမာဝင်တဲ့အထိ ဖြစ်သွားတယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေဟာ ထိတွေ့မှု ၁၈၀ ကို စစ်ဆေးခဲ့ပြီး လူ ၂၀ ကို သီးခြားခွဲထားခဲ့ပါတယ်။ ဗိုင်းရပ်စ်ဟာ တိရစ္ဆာန်ကတဆင့်ရော၊ လူအချင်းချင်းဆီကပါ ကူးစက်ပြီး ဖျားနာခြင်း၊ဦးနှောက်ရောင်ရမ်းခြင်းအထိ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်စေတယ်လို့ သိရပါတယ်။ Nipah အတွက် ကာကွယ်ဆေး မရှိသေးဘဲ သေဆုံးမှုနှုန်းမှာ ၇၅% အထိ ရှိပါတယ်။ NOM

Repost from NOM
ဖိလစ်ပိုင်မှာ ကူးတို့သင်္ဘောတစင်း နစ်မြုပ်ခဲ့လို့ လူပေါင်းများစွာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ခရီးသည် ၃၅၀ ဦးအထိ လိုက်ပါလာတဲ့ ကူးတို့သင်္ဘောနစ်မြုပ်ခဲ့တာဖြစ်ပြီး လူပေါင်း ၁၀၀ ကျော် ညလုံးပေါက် ပျောက်ဆုံးနေကာ ရှာဖွေကယ်ဆယ်ရေးတွေကို လုပ်ဆောင်နေရပါတယ်။ NOM

ဒွန်းဘတ်စ်ကိုအပြည့်အဝထိန်းချုပ်ခွင့်ကိုသာရုရှားကိုင်စွဲထား NOM မြန်မာဘာသာပြန်ဆိုချက်: ရုရှားသည် ဒွန်းဘတ်စ်ဒေသ အပေါ် ၎င်း၏ အပြ
ဒွန်းဘတ်စ်ကိုအပြည့်အဝထိန်းချုပ်ခွင့်ကိုသာရုရှားကိုင်စွဲထား NOM မြန်မာဘာသာပြန်ဆိုချက်: ရုရှားသည် ဒွန်းဘတ်စ်ဒေသ အပေါ် ၎င်း၏ အပြည့်အဝ ထိန်းချုပ်မှုမရသောမည်သည့် အစီအစဉ်ကိုမဆို ပယ်ချကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ရေးသားဖော်ပြသည်။ အဆိုပါ သတင်းအရ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) တွင် ကျင်းပသည့် ညှိနှိုင်းဆွေးနွေးပွဲများတွင် အမေရိကန်နှင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များသည် ဒိုနက်စ်တိုင်းဒေသကြီး၏ အစိတ်အပိုင်းတွင် ကြားနေတပ်ဖွဲ့များ တပ်စွဲထားရေး သို့မဟုတ် စစ်လက်နက်ကင်းမဲ့ဇုန် တည်ထောင်ရေးအား ဆွေးနွေးခဲ့ကြသည်။ သို့ရာတွင် ရုရှားသည် အလာစကာတွင် ပြီးခဲ့သည့်နွေရာသီက ကျင်းပခဲ့သည့် အစည်းအဝေးတွင် ထရမ့်နှင့် ပူတင်တို့ သဘောတူညီခဲ့သည့် သဘောတူညီချက်နှင့် ဆန့်ကျင်သော မည်သည့်အရာကိုမဆို ငြင်းပယ်နေသည်ဟု ဆိုသည်။ ထိုသဘောတူညီချက်တွင် ယူကရိန်းတပ်မတော်အား ဒွန်းဘတ်စ်ဒေသမှ လုံးဝဆုတ်ခွာရေးနှင့် ယူကရိန်းတွင် နိုင်ငံခြားတပ်များ မတပ်စွဲရေး အချက်များ ပါဝင်သည်။

တရုတ်ထိပ်တန်းဗိုလ်ချုပ်ကြီးအဖမ်းခံရ NOM တရုတ်နိုင်ငံ၏ ထိပ်တန်းဗိုလ်ချုပ်ကြီး ကျန်းယို့ရှန်(Zhang Youxia )သည် အဂတိလိုက်စားမှုန
တရုတ်ထိပ်တန်းဗိုလ်ချုပ်ကြီးအဖမ်းခံရ NOM တရုတ်နိုင်ငံ၏ ထိပ်တန်းဗိုလ်ချုပ်ကြီး ကျန်းယို့ရှန်(Zhang Youxia )သည် အဂတိလိုက်စားမှုနှင့် အမေရိကန်သို့ နျူကလီးယားလက်နက်လျှို့ဝှက်ချက်များကို ပေါက်ကြားစေမှုတို့အတွက် စုံစမ်းစစ်ဆေးခံနေရသည်။ အာဏာပိုင်များက ၎င်းသည် ရာထူးတိုးမြှင့်ရန်အတွက် လာဘ်ငွေယူခဲ့ပြီး နိုင်ငံရေးဂိုဏ်းဂဏများတည်ဆောက်ခဲ့ကာ စစ်ပစ္စည်းဝယ်ယူမှုတွင် အာဏာအလွဲသုံးစားလုပ်ခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင်ကျင်းပနေသည့်အာဆီယံမသန်စွမ်းပြိုင်ပွဲတွင်မြန်မာကဆုတံဆိပ် ၅၉ခုရရှိထား NOM၊ဇန်နဝါရီ၂၅၊၂၀၂၆ ဇန်နဝါရီလ ၂၀ ရက်နေ့မ
+1
ထိုင်းနိုင်ငံတွင်ကျင်းပနေသည့်အာဆီယံမသန်စွမ်းပြိုင်ပွဲတွင်မြန်မာကဆုတံဆိပ် ၅၉ခုရရှိထား NOM၊ဇန်နဝါရီ၂၅၊၂၀၂၆ ဇန်နဝါရီလ ၂၀ ရက်နေ့မှ၂၆ ရက်နေ့အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေ သော (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ၌ဇန်နဝါရီလ ၂၅ ရက်နေ့ ပြိုင်ပွဲများအပြီးတွင်မြန်မာနိုင်ငံကိုယ်စားပြု မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ ရွှေတံဆိပ်ဆု ၂၀ ခု၊ ငွေတံဆိပ်ဆု ၁၉ ခု၊ ကြေးတံဆိပ်ဆု ၂၀ ခု၊ စုစုပေါင်း ဆုတံဆိပ် ၅၉ ခုတို့ကို အသီးသီးဆွတ်ခူးရယူနိုင်ခဲ့ပြီး နိုင်ငံအလိုက် အဆင့် ၆ နေရာတွင် ရပ်တည်လျက်ရှိကြောင်းသိရသည်။

ရွေးကောက်ပွဲရှင်းတမ်း ============ ၁။ အတိတ်မှာ ပြည်တွင်းစစ်ဖြစ်နေခဲ့တဲ့ အချိန်ကာလတုန်းက တိုင်းပြည်ရဲ့ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပခဲ့ရဖူးတယ်။ တိတိကျကျ ဆိုရင်တော့ ၁၉၅၁ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှာ ၁၉၃၅ ခုနှစ် အက်ဥပဒေရွေးကောက်ပွဲကို အခြေခံပြီး ပထမအကြိမ် ရွေးကောက်ပွဲကို ကျင်းပခဲ့တာပါ။ ရွေးကောက်ပွဲရဲ့ တတိယပိုင်းကိုတော့ ၁၉၅၂ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့မှာမှ အဆုံးသတ်နိုင်ခဲ့တာဖြစ်လို့ ဦးနုလက်ထက် ၊ ပါလီမန်ခေတ်မှာ ရွေးကောက်ပွဲဟာ ရက်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့တယ်လို့လည်း အကြမ်းဖျင်း ဆိုလို့ရနိုင်ပါလိမ့်မယ်။ ---- ၂။ လက်ရှိ တည်ဆဲအစိုးရကလည်း လုံခြုံရေးမတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေမှာ ကြုံခဲ့ရတဲ့ သမိုင်းအဖြစ်အပျက်တွေကိုပဲ ပြန်ပြီး ကိုးကားလုပ်ဆောင်ခဲ့တာ တွေ့ရမှာပါ။ ဒီနေရာမှာ လက်ရှိအစိုးရ ရင်ဆိုင်ခဲ့ရတဲ့ တစ်ခုတည်းသော အခက်အခဲတစ်ခုက ရွေးကောက်ပွဲကို အတုအယောင်ဆိုပြီး နိုင်ငံတကာက လက်ခံယုံကြည်ဖို့၊ လုံခြုံရေးအရ မဲပေးကြမယ့် ပြည်သူတွေကို အကြောက်တရားကြောင့် မဲလာမပေးကြစေဖို့ ဆောင်ရွက်ခဲ့ကြတဲ့ အဖျက်အမှောက်လုပ်ငန်းတွေကိုတော့ မလွှဲမသွေ ရင်ဆိုင်ခဲ့ကြရတာ အမှန်ပါပဲ။ -------- ၃။ ရွေးကောက်ပွဲတစ်ရပ်ကျင်းပပြီး အနိုင်ရပါတီကို အာဏာပြန်အပ်ရေးဟာ နစက ရဲ့ အဓိက လုပ်ငန်းစဉ်တစ်ခုလို့ ဆိုရမှာဖြစ်သလို ရွေးကောက်ပွဲကို ဖျက်စီးပြီး နိုင်ငံရေးမှာ ၂၀၂၀ မဲခိုးရလဒ်နဲ့ လူရာဝင်ချင်တဲ့ NUG အတွက်တော့ ရွေးကောက်ပွဲမှာ လူထုမပါဝင်ဖို့ ကြိုးစားခဲ့ကြရတာကလည်း သူတို့ရဲ့ အဓိက ရည်မှန်းချက်တစ်ခု ဖြစ်ခဲ့ပြန်ပါတယ်။ ------ ၄။ ဘယ်လိုပဲ ဖြစ်ဖြစ်... အပိုင်းတစ်ပိုင်းနဲ့ တစ်ပိုင်းကြားမှာ ၂ ပတ်လောက်သာခြားပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ အဓိက တွေ့ရတဲ့အချက်က ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ No Vote အုပ်စုရယ်၊ အကြမ်းဖက်တွေ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ကြောက်လို့ မဲလာမပေးရဲကြတဲ့ အခြေအနေကလွဲရင်.... ကျင်းပပြီးစီးခဲ့တဲ့ အပိုင်း(၃)ပိုင်းစလုံးမှာ ၅၀ ရာခိုင်နှုန်းထက် လျော့သွားတဲ့ အခင်းအကျင်းမျိုး မတွေ့ရပါဘူး။ ------ ၅။ ပါတီတစ်ခုအပေါ် မုန်းစွဲစိတ်ကြောင့် No Vote လုပ်ခဲ့ကြပြီး ရွေးကောက်ပွဲ ကို မပါဝင်ခဲ့ကြတဲ့ လူအုပ်စုတစ်ခုကြောင့် အဓိက အမြတ်ထွက်ခဲ့တာက ပါတီအမာခံရှိထားတဲ့ USDP လို့ ပြောလို့ရသလို မဲထွက်မပေးတဲ့ ပြည်သူတွေကြောင့် Third Party တွေ ထင်သလောက် မဲ မရခဲ့တာကလည်း အထင်အရှားပဲဖြစ်ပါတယ်။ ပိုဆိုးတာက... ဒီ Third Party တွေရဲ့ ခေါင်းဆောင်ပိုင်းဟာ အရင် NLD နဲ့ ဆက်နွယ်ခဲ့မှုတွေ၊ NLD ကလွဲရင် ဘယ်ပါတီဖြစ်ဖြစ် လက်မခံတဲ့ လူအုပ်စုတစ်ခုရဲ့ အခြေခံစိတ်ဓာတ်တွေကြောင့်လည်း ထင်သလောက် မဲ မရခဲ့ကြတာလို့ ပြောရင်လည်း မှန်ပါလိမ့်မယ်။ ------- ၆။ ဘယ်လိုပဲဖြစ်ဖြစ် NUG နဲ့ အစိုးရတို့ရဲ့ ရွေးကောက်ပွဲ အားပြိုင်မှု ကတော့ ဒီနေ့မှာပဲ အဆုံးသတ်သွားခဲ့ပါပြီ။ ရွေးကောက်ပွဲကို ပျက်စီးအောင်၊ ပြည်သူတွေ မဲလာမပေးရဲအောင် အကြမ်းဖက်မှုတွေလုပ်၊ မြို့သိမ်းတိုက်ပွဲတွေ ဟန်ပြဆင်နွှဲခဲ့ကြတဲ့ လုပ်ငန်းစဉ်ကြီးလည်း မအောင်မြင်ခဲ့ဘူးလို့သာ သုံးသပ်ရမှာပါ။ UEC အနေနဲ့ လာမယ့်ရက်ပိုင်းတွေမှာ အနိုင်ရရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေကို အပြီးသတ်ကြေညာပြီးရင် မတ်လထဲမှာ ပထမအကြိမ် လွှတ်တော်ကြီး စတင်ခေါ်ယူပါလိမ့်မယ်။ ------ ၇။ တကယ်တော့ တိုင်းပြည်တစ်ခုရဲ့ အုပ်ချုပ်သူအစိုးရ တစ်ရပ်ဆိုတာ လူထုအားလုံးရဲ့ ထောက်ခံမှုကြောင့် အစိုးရ ဖြစ်ကြတာမဟုတ်ပါဘူး။ မဲလာပေးကြသူတွေရဲ့ ထောက်ခံမှု ကြောင့်သာ အစိုးရ ဖြစ်ကြတာ ဖြစ်ပါတယ်။ (နရီမိုး)

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများအာ
+5
ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများအား ဒုတိယအသုတ်အဖြစ် ထပ်မံ ပြန်လည်ခေါ်ဆောင် နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၂၅ ရက်

မိုးညှင်း KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ​နေရာယူ အခြေပြုထားသည့် ဟဲပါးဒေသအား တပ်မတော်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များက ချေမှုန်းတိုက်ခိုက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများ အလောင်း လက်နက်များထားပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့။ - အောင်မြင်မှုများဆက်တိုက်လာပါမည် - Vox