803
Subscribers
+424 hours
+167 days
+4630 days
Posts Archive
ခက်ဝေလတ်ရဲ့အသံမာမာကြောင့် ဖူးငုံပွင့်ပါးစပ်ထဲရှိရာကို အမြန်ပြန်ဖြေလိုက်ရတယ်။ပြီးတော့ သူ့ဆုပ်ကိုင်ထားတဲ့လက်ကတင်းကျပ်လွန်းတာမို့ ဖူးငုံပွင့်မျက်နှာလေးမဲ့ပြီး လက်ကို ပြန်ရုန်းလိုက်တယ်။အဲ့ဒီအခါမှ ခက်ဝေလတ်ကသူ့လက်ကို သူပြန်သတိထားမိသွားပြီး သူမလက်ကို ချက်ချင်းလွှတ်ပေးလိုက်တယ်။
"ဆောရီး ... မင်းကို အနိုင်ကျင့်တာမဟုတ်ဘူး...အဘိုးနိုးသွားမှာ စိုးလို့ပါ ...နောက်ဆို အဲ့ဒီပြာခွက်ကိုမကိုင်နဲ့ ကြားလား...အဲ့ဒီပြာခွက်က အဘိုးအတွက် တန်ဖိုးဖြတ်လို့မရတဲ့ အမှတ်တရပစ္စည်းတဲ့...ကိုယ့်အထင်တော့ အဘွားရဲ့ လက်ဆောင်မို့ ထင်ပါတယ်ကွာ ..."
"ဟုတ်..ဟုတ်ကဲ့ပါ "
ခက်ဝေလတ်ရဲ့အသံက ရုတ်တရက် နုညံ့ချိုသာသွားတာမို့ ဖူးငုံပွင့်မှာ အံ့ဩတကြီးနဲ့ မော့ကြည့်လိုက်မိတယ်။သူကတော့ ဖူးငုံပွင့်ကို မကြည့်ဘဲ ကျောခိုင်းလိုက်ပြီး သူ့ ဘိုးအေ အခန်းထဲကို ပြန်ဝင်သွားခဲ့တယ်။
~~~~~~
"မိနွေ လာအုံး ...မင်းပုံစံက မထင်ရဘူးနော် "
ရုတ်တရက်ဘာအဓိပ္ပါယ်မှန်းမသိပြောလိုက်တဲ့ မမညိုရဲ့ စကားကြောင့် ဖူးငုံပွင့်ကြောင်သွားမိတယ်။
"ဟုတ်..ဟုတ်ကဲ့ ..ဘာကိုပြောတာလဲ မမညို "
"အမယ် ....ညည်းက အခုတော့ ရိုးသားတဲ့ မျက်နှာပေးနဲ့ပါလား ...စောစောကတော့ ကိုမင်းခိုင်ကို ဘာတွေများလုပ်ပြလိုက်လို့ ဟိုကနင့်အကြောင်းတွေ မေးသွားရတာလဲ ..မိနွေ ကောင်မနော်....အေးအေးဆေးဆေးနေ ..မရွနဲ့ ကြားလား ..ချမ်းသာချင်တာနဲ့ သူဌေးမြင်တိုင်းလိုက်ကပ်ဖို့တွေးမနေနဲ့ ..ဟိုက ခြေတော်တင်သွားမှ ... ဗိုက်တစ်လုံးနဲ့ကျန်နေခဲ့မယ် "
မမညိုရဲ့ ယုတ်ညံ့ကြမ်းတမ်းတဲ့ စကားလုံးတွေကြောင့် ဖူငုံပွင့်ရှက်စိတ်ဖြင့်မွန်ထူသွားမိတယ်။ တစ်သက်နဲ့တစ်ကိုယ် ဒီလိုမျိုးအပြောခံရလိမ့်မယ်လို့ ဖူးငုံပွင့်အိပ်မက်တောင် မမက်ခဲ့ဖူးဘူး။ ယောကျာ်းလေးကိစ္စနဲ့ ပတ်သက်လို့ နာမည်ပျက်လဲမရှိခဲ့သလို အရှုပ်အရှင်းလဲမရှိခဲ့။ခုချိန်ထိလဲဖူးငုံပွင့်မှာ ချစ်သူရည်းစားပင်မထားဖူးသေးဘဲ ချိုးချိုးဖဲ့ဖဲ့ အပြောခံလိုက်ရခြင်းပါပင်။ခွင့် တစ်ရက်လောက်တောင်းဖို့ကိစွပင်ဘယ်ဆီရောက်သွားမှန်းမသိပါလေတော့။ပြောတော့လဲ နှစ်ယောက်တည်းရှိနေချိန်ပြောတာမဟုတ်ပေ။စကားဝိုင်းမှာ ဒေါ်ဝေဝေမာတင်မဟုတ်ဘဲ ခက်ဝေလတ်ပါရှိနေခဲ့တယ်။
'"မိနွေနဲ့မောင်မင်းခိုင်ဘာဖြစ်လို့လဲ ညိုညို "
ဒေါ်ဝေဝေမာက ညီမဖြစ်သူကို မေးလိုက်တယ်။ခက်ဝေလတ်ရဲ့ ခပ်စူးစူးအကြည့်တွေက ဖူးငုံ ပွင့်ဆီမှာ ရောက်ရှိနေခဲ့တယ်။
"ဘာဖြစ်ရမှာလဲ မမရယ် ... သူက ကိုမင်းခိုင်ကို မူပြမြူပြလိုက်တယ်လေ .."
"ဟင် ဟုတ်လား မိနွေ ...အဲ့ဒီလိုလူမျိုးဆိုရင်တော့ အိမ်မှာရေရှည်ထားလို့ မဖြစ်ဘူးနော် ညိုညို...လူသစ်ရရင်ပြန်လွှတ်လိုက်တော့ "
အဖြစ်မှန်းကို မသိဘဲ ရမ်းသန်းပြောနေတဲ့ ဒေါ်ညိုညိုမာရဲ့ စကားမဆုံးဆင်မှာဘဲ ဒေါ်ဝေဝေမာကပါ အထင်တသေးဝင် ပြောလိုက်တယ်။ဖူးငုံပွင့် အံကိုတင်းတင်းကြိတ်ထားလိုက်မိတယ်။
~~~~.
''ညည်းက အလုပ်ဆင်းတာတစ်လတောင်မပြည့်သေးဘူး.. ခွင့်တစ်ရက်လောက်ယူချင်တယ်ပေါ့လေ ဟုတ်လား ...ဘာလဲကိုမင်းခိုင်နဲ့ သွားတွေ့မလို့လား "
မမညို့ရဲ့အသံက ခနဲ့ သံရွှဲ့ သံတွေပါနေခဲ့တယ်။ဖူးငုံပွင့်မှာ စိတ်ကိုလျှော့ချထားရပြီး တောင်းပန်သံနဲ့ ပြောလိုက်ရတယ်။
"မဟုတ်ပါဘူး မမညို ....ဒီမြို့မှာ ကျွန်မလိုပဲ အိမ်အကူလာလုပ်နေ တဲ့သူငယ်ချင်းနဲ့ တွေ့ဖို့ပါ ... ကျွန်မလို အနေအထားနဲ့ ဦးမင်းခိုင်လိုလူမျိုးကိုလဲ မမှန်းရဲပါဘူး...အဲ့ဒီအတွက် စိတ်ချပါ ....တကယ်လို့ မမညို လက်မခံနိုင်လို့ အလုပ်ထွက်ဆိုရင်လဲ ကျွန်မအလုပ်ထွက်ပါ့မယ် "
ဖူးငုံပွင့်သည်းခံနိုင်စွမ်းကုန်သွားပြီမို့ စကားကုန်ပြောပစ်လိုက်တယ်။အလုပ်ထွက်ဆိုရင်လဲ အလုပ်ကထွက်ပြီး ဒေါ်ညိုညိုမာ့အကြောင်းကို အပြင်ကပဲစုံစမ်းဖို့ ဆုံးဖြတ်လိုက်တယ်။အလုပ်မထွက်ခင် နောက်ဆုံးအနေနဲ့ ငုဝါကို ကူညီခဲ့ဖို့ပဲ ဖူးငုံပွင့်ဆုံးဖြတ်လိုက်တယ်။
"ဘာအေ့ .. ဘာပြောတယ် ..ညည်းပြောပုံက ...ခွင့်ရက်မပေးရင် အလုပ်ထွက်မယ်ပေါ့လေ ဟုတ်လား ...ဘာလဲ ကိုမင်းခိုင်အားကိုးနဲ့ အလုပ်ထွက်မှာလား ...ညည်းဒီကအလုပ်ထွက်သွားရင် သူကခေါ်မှာတဲ့လား ဟုတ်လား ... အေး စိတ်ကူးယဉ်မနေနဲ့ ..ညည်းဟော့ဒီကသုခမြိုင်မှာပဲ အလုပ်လုပ်ရမှာသိရဲ့လား....ခွင့်ကိုလဲ ငါပေးတဲ့ရက်မှ သွားရမယ် "
~~~~~~
မနက်စောစောကတည်းက သုခမြိုင်စံအိမ်ကနေ ဖူးငုံပွင့်ထွက်လာခဲ့လိုက်တယ်။သူမအပြင်ထွက်လာတော့ မမညိုဆီကို အကြောင်းသွားကြားရသေးတယ်။သူမရဲ့ ပုံစံကိုကြည့်ပြီး မမညိုက မဲ့ကာရွဲ့ကာနဲ့ပြောလိုက်သေးတယ်။
"သွားတာတော့သွားပေါ့အေ... လမ်းဘေးဂျင်းထည်ဝတ်ပြီး အမြင့်တော့မမှန်းနဲ့အေ...အကျနာတတ်တယ် "
ဖူးပုံပွင့်က တစ်စုံတည်းပါလာတဲ့ ဂျင်းဘောင်းဘီနဲ့ရှပ်လက်ရှည်ကိုဝတ်ပြီး ခေါင်းစွပ်အင်္ကျီအပါးလေးကို ဝတ်ထားတာကို အထင်သေးသလို ကြည့်ပြီး ပြောလိုက်ခြင်းဖြစ်တယ်။ ဒါက အိမ်အကူအလုပ်သမားဆိုရင် လစာနည်းနည်းပေပြီး လူတစ်ယောက်ရဲ့တစ်ဘ၀လုံးသူတို့ပိုင်သလို ထင်နေကြတဲ့အိမ်ရှင်အချို့ရဲ့ စိတ်ဓါတ်မျိုးသာဖြစ်တယ်။အိမ်အကူပဲဖြစ်ဖြစ်၊ ခြံစောင့်မာလီပဲဖြစ်ဖြစ် သူ့တို့လဲတခြားအလုပ်သမားတွေလို
ကားဟွန်းသံခပ်ကျယ်ကျယ်ကြောင့် အပေါ်ထပ်ကိုတက်ဖို့ ချောင်းနေတဲ့ ဖူးငုံပွင့်ရဲ့ခြေထောက်တွေက ခြံဝဆီကို အပြေးထွက်ခဲ့ရတော့တယ်။
ခြံ၀ကိုရောက်တော့ ကားတစ်စီးရပ်ထားတာကိုတွေ့လိုက်ရတယ်။ ကားပေါ်မှာ အသက်လေးဆယ်ကျော်အရွယ်မျက်နှာစိမ်း ယောကျာ်းကြီးတစ်ယောက်ကို တွေ့လိုက်ရတာမို့ ဖူးငုံပွင့်လူကြည့်ပေါက်ကနေ လှမ်းမေးလိုက်တယ်။
"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲရှင် "
" မင်းက အလုပ်သမားအသစ်ဆိုတာထင်တယ် ...ညိုညိုရှိလား ...ကိုမင်းခိုင်ရောက်နေတယ်လို့ ပြောလိုက်ပါ... "
"ဟုတ်ကဲ့ပါရှင် ... ခဏလောက် စောင့်ပါနော် "
ဧည့်သည်ကိုထားခဲ့ပြီး ဖူးငုံပွင့် အိမ်ထဲကို ပြန်ဝင်ခဲ့လိုက်တယ်။
~~~~~~
"မင်းလဲနော် ...တကယ်ပဲနုံလွန်းအလွန်းပါလား မိနွေရယ် .. ငါလဲ ရှိနေတာပဲ ..ငါ့ဧည်သည်ဆိုရင် တစ်ခါတည်း ခေါ်ခဲ့လိုက်ပါလား....အခုတော့ အခေါက်ခေါက်အခါခါနဲ့ ..နောက် ဆိုရင် ကိုမင်းခိုင်ကို မှတ်ထား..ကိုမင်းခိုင်က ငုဝါရဲ့ဦးလေးလဲဟုတ်တယ် .. ငါ့ရဲ့သူငယ်ချင်းလဲ ဟုတ်တယ် .. သူလာရင် တံခါးသာဖွင့်ပေးလိုက်ကြားလား ..."
"ဟုတ်ကဲ့ပါ မမညို "
မမညိုရဲ့ စကားဆုံးတော့ ဖူးငုံပွင့်မှာ ခြံဝဆီကို ပြေးရပြန်တယ်။အရေးထဲ အောက်ထပ် ဧည့်ခန်းထဲမှာ ခက်ဝေလတ်က လက်တော့တစ်လုံးနဲ့ အလုပ်ရှုပ်နေရင်းကနေ လှမ်းကြည့်နေတာမို့ ဖူးငုံပွင့်မှာခြေလှမ်းတွေပင် မှားမလိုဖြစ်ရတယ်။
~~~~~~~
"ဟေ့ မင်းနာမည် ဘယ်လိုခေါ်လဲ "
"ရှင် .. ဟို ..ဟို ..မိ..မိနွေပါရှင် "
ကားပေါ်ကနေလှမ်းမေးလိုက်တဲ့အသံကြောင့် ဖူးငုံပွင့်မှာ နာမည်ကို မမှားအောင် မနည်းထိန်းပြောလိုက်ရတယ်။ပြီးတော့ ဦးမင်းခိုင်က ငုဝါရဲ့ ဦးလေးဆိုတော့ ဖူးငုံပွင့် မသိမသာ အကဲခတ်လိုက်တယ်။
"မင်းက ရန်ကုန်သူလားကွ ... မင်းရုပ်လေးက မင်းအလုပ်နဲ့တောင် မလိုက်ဖက်ဘူး...ကိုယ့်နာမည်လဲ မှတ်ထားနော် ..ကိုမင်းခိုင်တဲ့...ဒီကိုရောက်တာ မကြာသေးဘူးမဟုတ်လား ... အလုပ်ပိတ်ရက်မြို့ထဲလျှောက်လည်ချင်ရင် ပြောနော် ... ရော့ဒီမှာ ကိုယ့်လိပ်စာကတ် "
ပြောပြောဆိုဆိုနဲ့ ဦးမင်းခိုင်က လိပ်စာကတ်လှမ်းပေးနေတာမို့ ဖူးငုံပွင့်ကြောင်ကြောင်အအနဲ့ လှမ်းယူလိုက်ရတယ်။
. ခြံတံခါးကိုပြန်ပိတ်ပြီး ဖူးငုံပွင့် အိမ်ထဲပြန်ဝင်ခဲ့ချိန်မှာ သူမကို မျက်နှာထားတင်းတင်းနဲ့ လှမ်းကြည့်နေတဲ့ ခက်ဝေလတ်ကိုတွေ့လိုက်ရတာမို့ ခြေလှမ်းတွေပင်တုံ့ခနဲဖြစ်သွားရတယ်။
"ဟေ့ ..မင်း ဒီကိုလာအုံး ''
ခေါင်းကိုငုံ့ပြီး နောက်ဖေးဘက်ကိုသွားဖို့ပြင်နေတဲ့ဖူးငုံပွင့်ခြေလှမ်းတွေက သူ့အသံကြောင့် တုန်ခနဲပင်ဖြစ်သွားရတယ်။
"ဧည့်သည်လာတာကို တံခါးဖွင့်ပေးလိုက်ရင်ပြီးရောမဟုတ်လား..ဘာတွပျာယာခတ်နေတာလဲ ....ပြီးတော့ ဘာစကားတွေပြောနေကြတာလဲ ... အဘိုးကို သွားကြည့်ပေးအုံး...အဲ့ဒီမှာလျှော်ရမဲ့အဝတ်တွေကိုယူသွားလိုက် "
" ရှင် .. ဟုတ်ကဲ့ "
ဘာမဆိုင်ညာမဆိုင် အဆူအငေါက်ခံလိုက်ရလို့ စိတ်တိုသွားမိသလို အပေါ်ထပ် ဧည့်သည်ဆီကို အပူလေးအအေးလေး ပို့ပေးရင်း အကဲခတ်ဖို့ အစီအစဉ်ပါ ပျက်သွားရတာမို့ စိတ်ထဲတိုသွားမိတယ်။သူကလဲ ရုပ်တည်ကြီးနဲ့ ဖူးငုံပွင့်ကို မော့ကြည့်နေပြီး ဘာလုပ်နေတာလဲ သွားလေဆိုတဲ့ သဘောနဲ့ မေးငေါ့ပြတယ်။ဖူးငုံ ပွင့်ရင်ထဲက မကျေနပ်နိုင်ပေမဲ့ ခေါင်းငြိမ့်ပြလိုက်ပြီး ဦးအောင်ဒင်အခန်းရှိရာဆီကို လျှောက်
သွားလိုက်ရတယ်။တကယ်ဆိုရင် ငုဝါရဲ့ ဦးလေးဆိုသူကို ဖူးငုံပွင့်အကဲခတ်ကြည့်ချင်သေးတာလေ။
~~~~~~~
ဖူးငုံပွင့် အခန်းထဲရောက်တော့ ဦးအောင်ဒင်အိပ်ပျော်နေတာကိုတွေ့ရတယ်။ခက်ဝေလတ်ရောက်လာပြီးကတည်းက ဦးအောင်ဒင်ရဲ့အခြေအနေက အရင်ထက်ပိုပြီး ကျန်းမာရေးပိုကောင်းလာတာကိုတော့ ဖူးငုံပွင့်မျက်မြင်ကိုယ်တွေ့ပါပဲ။ သူမကို တွေ့တိုင်း မျက်နှာကြောတင်းတင်းနဲ့ပြောတတ်ဆိုတတ်တဲ့သူက သူ့သွေးသားကိုတော့ သိတတ်ချစ်တတ်လိုက်တာ ။ ဖူးငုံပွင့်ခြေကိုခပ်ဖွဖွနင်းပြီး လျှော်ရမဲ့အဝတ်တွေကို ခြင်းတောင်းထဲစုထည့်လိုက်တယ်။ခက်ဝေလတ်ပြန်ရောက်တည်းက ဦးအောင်ဒင်အသုံးပြုတဲ့ မျက်နှာသုတ်ပဝါနဲ့ တဘက်တွေကိုလဲ တစ်ရက်ခြားလျှော်ရတာမို့ အဝတ်တွေကို ခြင်းထဲစုထည့်လိုက်တယ်။ဆေးဗီရိုပေါ်မှာတင်ထားတဲ့ မျက်နှာသုတ်ပဝါကို လှမ်းယူလိုက်ချိန်မှာ ဆေးလိပ်ပြာခွက်လေးကို တွေ့လိုက်ရတာမို့ ကောက်ယူကြည့်လိုက်မိတယ်၊၊ပြာခွက်ကိုကြည့်ရင်း ဖူးငုံပွင့်စိတ်ထဲမှာ မြင်ဖူးတွေ့ဖူးသလိုခံစားနေရပေမဲ့ သေချာစဉ်းစားလို့မရဘူးဖြစ်နေတယ်။ဖူးငုံပွင့်ပြာခွက်လေးကို ဖင်တစ်ပြန်ခေါင်းတစ်ပြန်ထောင်ကြည့်မိလိုက်ချိန်မှာပဲ လက်ထဲကပြာခွက်ကို ရုတ်တရက်ဆွဲလုယူခံလိုက်ရတာမို့ လန့်ပြီးမော့ကြည့်လိုက်မိတော့ ခက်ဝေလတ်ကိုတွေ့လိုက်ရတယ်။ခက်ဝေလတ်က ပြာခွက်ကို ဆွဲယူလိုက်ပြီး ခုံပေါ်ကို ပြန်တင်လိုက်တယ်။ ပြီးတော့ သူမလက်ကို ဆောင့်ဆွဲကာ လသာဆောင်ဝရံတာဘက်ကိုဆွဲခေါ်သွားခဲ့တယ်။
"မင်းဘာလုပ်နေတာလဲ ... ဘာလို့ အဲ့ဒီပြာခွက်ကိုပဲကြည့်နေရတာလဲ...အဲ့ဒီပြာခွက်ကို တခြားသူကိုင်တာ အဘိုးမကြိုက်ဘူးကွ သိရဲ့လား .."
"ဟုတ်..ဟုတ်ကဲ့ပါ ..နောက် မကိုင်တော့ပါဘူး....လှလို့ကိုင်ကြည့်မိတာပါ "
"မင်း ဘာလုပ်နေတာလဲ "
မာကျောကျောမေးသံနဲ့အတူခက်ဝေလတ်ကို တွေ့လိုက်ရတာမို့ ဖူးငုံပွင့်ရင်ထဲထိတ်ခနဲတုန်လှုပ်သွားရတယ်။ညအိပ်ဝတ်စုံပေါ်မှာ ခေါင်းစွပ်အင်္ကျီကို ဝတ်ထားတဲ့ပုံက မျက်နှာလေးပဲမြင်နေရတယ်။သူက ဖူးငုံပွင့်ကို သေချာကြည့်နေပြီး
"မင်းဘာလုပ်နေတာလဲ ...မအေးဘူးလား ..မင်းမှာ အနွေထည် ရောမရှိဘူးလား "
ခက်ဝေလတ်မေးမှပင် ဖူးငုံ ပွင့်မှာ အပေါ်ကထပ်ဝတ်ထားတဲ့ အင်္ကျီလက်ရှည်အပါးလေးကို ငုံကြည့်လိုက်မိတယ်။အပြင်မှာအေးနေတယ်ဆိုပေမဲ့ ဖူးငုံပွင့်ရင်ထဲမှာ ပူလောင်နေတာမို့ အပြင်က အအေးဒဏ်ကိုပင် မေ့လျော့နေသလို ဖြစ်နေမိတယ်။
"မင်းဒီမှာ ရပ်နေတယ်ဆိုရင်လဲ ... ဝရံတာမီးလေးဘာလေးဖွင့်ထားလေကွာ .. မှောင်ကြီးထဲလှမ်းကြည့်လိုက်တာ သူခိုးလိုလိုဘာလိုလိုနဲ့ ..တစ်ယောက်ယောက်က လူမှာပြီး ရိုက်လိုက်ရင် ဘယ်လိုလုပ်လဲ "
အပြစ်ပြောတာလား ဘာလားမသိပေမဲ့ ဝံရံတာမီးကိုဖွင့်လိုက်ပြီး သူမကိုခပ်တည်တည် စိုက်ကြည့်ကာပြောနေတဲ့သူ့ပုံစံကြောင့် ဖူးငုံပွင့်ခေါင်းကိုငုံ့လိုက်ပြီး တိုးလျလျနဲ့ပြန်ပြောလိုက်ရတယ်။
"ကျွန်မ ဒီမှာညတိုင်းထွက်ရပ်နေကျပါ ... "
" ဪ ..ဟုတ်လား .... မှောင်ကြီးထဲရပ်နေ့တော့ တစ်ယောက်ယောက်ကတွေ့သွားပြီး.. အထင်လွဲပြီးရိုက်တာဖြစ်ဖြစ်လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ "
အရစ်ရှည်လိုက်တဲ့လူသားလို့ ဖူးငုံပွင့်စိတ်ထဲက ပြောလိုက်မိတယ်။မကျေနပ်စိတ်ကို မျိုသိပ်လိုက်ရပြီးခေါင်းကိုငုံကာ မပြောချင်ပြောချင်နဲ့ပဲ ပြောလိုက်ရတယ်။
" ဟုတ်ကဲ့ ...နောက်ဆိုဆင်ခြင်ပါမယ် အစ်ကိုလေး ... ကျွန်မသွားအိပ်ပါတော့မယ် "
ဖူးငုံပွင့်ပြောလိုက်တော့ သူက ဘာမှမပြောတော့ဘဲ ကိုယ်ကိုတိမ်းကာ လမ်းဖယ်ပေးလေတယ်။
"အစ်ကိုလေး ဒီမှာဆက်နေအုံးမလို့လားရှင့် ..မနေဘူးဆိုရင် တံခါးပိတ်မလို့ပါ "
"ဪ ..မနေပါဘူး ပိတ်လိုက်တော့ "
~~~~.
ဖူးငုံပွင့် အခန်းထဲပြန်ရောက် တော့ ပိန်သေးကအိပ်ပျော်နေခဲ့ပြီ။ ဖူးပုံပွင့် အခန်းတံခါးကိုချက်ချကာပိတ်လိုက်တယ်။ အခန်းက နှစ်ယောက်နေဖို့အတွက် သိပ်မကျယ်လှပေမဲ့ ဖူးငုံပွင့်နဲ့ ပိန်သေး မှာက အိတ်တစ်လုံးဆီသာ ရှိကြတာမို့အခန်းက ကျဉ်းကျဉ်းကျဉ်းကျုတ်ကျုတ်တော့ ဖြစ်မနေခဲ့။ဖူးငုံပွင့် သူမနေတဲ့အခြမ်းဘက်မှာထိုင်ချလိုက်ပြီး ပိန်သေးကို လှည့်ကြည့်လိုက်တယ်။ ပိန်သေးက ဟောက်သံများပင် ထွက်ကာ အိပ်ပျော်နေပြီမို့ ဝှက်ထားတဲ့အထုပ်လေးကို ထုတ်ယူကြည့်လိုက်တယ်။
အထုပ်ကကတ္တီပါရှုံ့အိတ်နဲ့ ဖြစ်ပြီး အထဲကိုဖွင့်ကြည့်လိုက်တဲ့အခါ စာနှစ်စောင်နဲ့ တစ်သောင်းတန်ငွေစက္ကူတစ်ချို့ကို တွေ့လိုက်ရတယ်။စာရွက်တွေကိုဖူးငုံပွင့်ကြည့်လိုက်တော့ တစ်ရွက်ပေါ်မှာ "မနွေ " ဆိုတဲ့ စာလုံးကို တွေ့လိုက်ရတာမို့ ဖွင့်ပြီးဖတ်ကြည့်လိုက်တယ်။
" မနွေကို အကူအညီတောင်းပါရစေရှင် ... ပထမဆုံး ပြောချင်တာက ဒီအိမ်မှာ ကျွန်မယုံကြည်ရတဲ့သူ တစ်ယောက်မှမရှိလို့ တခြားသူတွေကို ဒီအကြောင်းတွေကို မပြောပြဖို့ တောင်းဆိုပါရစေ ..တကယ်လို့ မနွေသာ ကျွန်မကို ကူညီမယ်ဆိုရင် မနွေအတွက်ထိုက်သင့်တဲ့ ငွေကြေးပေးမှာပါ ..အခုလဲ ငွေငါးသောင်းထည့်ပေးလိုက်ပါတယ် ....တကယ်လို့ ကျွန်မကို ကူညီမယ်ဆိုရင် မနွေ အားတဲ့ရက်မှာ လှုတစ်ယောက်ကို သွားတွေပေးပါ..တကယ်လို့မကူညီနိုင်ဘူးဆိုရင်လဲ .. ငွေကိုယူပြီး စာတွေကိုဖျောက်ဖျက်ပေးပါ
နော် "
ပထမစာတစ်ပိုဒ်ကိုဖတ်ပြီးတော့ ဖူးငုံပွင့်သက်ပြင်းကို ချလိုက်မိတယ်။
ကျွန်မ သူနဲ့ လက်ထပ်ပြီး ကတည်းက ဖုန်းလဲမကိုင်ရသလို အိမ်ကအလုပ်သမားတွေနဲ့လဲ ဆက်သွယ်ခွင့်မရခဲ့ပါဘူး...ဦးလေးက ကျွန်မဆီကို လာပေမဲ့ ကျွန်မပြောတာတွေကို မယုံတဲ့ပုံပါပဲ ..ကျွန်မ သူ့ဆီကနေ ကွာရှင်းခွင့်တောင်းလို့ အရိုက်အနှက်ခံရပါတယ် ..မနွေလဲကျွန်မအရိုက်ခံရတာ သိတယ်မဟုတ်လား....ဒီကိစ္စကို သူ့မိသားစုဝင်တွေလဲသိကြပေမဲ့ မသိဟန်ဆောင်ပြီး နေနေကြတယ်...သူက ကျွန်မကို တစ်ချက်မှ အလစ်မပေးဘဲ စောင့်ကြည့်နေခဲ့တယ်...ရှင်းရှင်းပြောရရင် ဒီအိမ်ထဲမှာတောင် အခန်းပြင်ကို ကျွန်မတစ်ယောက်တည်း ထွက်ခွင့်မရပါဘူး..ကျွန်မသူ့ဆီကလွတ်မြောက်ချင်နေပါပြီ ကျွန်မကိုကူညီပေးပါရှင် .. ကျွန်မဦးလေးကိုလဲ မယုံပါကြည်နိုင်တော့လို့ပါ ... အောက်မှာရေးထားတဲ့ လိပ်စာဆီကို ပေးလိုက်တဲ့စာလေးကိုပို့ပေးပါရှင် .. ကျွန်မအကြောင်း အပြည့်အစုံသိချင်ရင် ..စာလက်ခံမဲ့သူကို မေးလို့လဲရပါတယ် ...။
စာဆုံးသွားတော့ ပိန်သေးရှိရာကို ဖူးငုံပွင့်မလုံမလဲနဲ့လှည့်ကြည့်လိုက်မိတယ်။ အဖြစ်က ကိုယ့်အပူထက် သူ့အပူကပိုဆိုးနေသလိုဖြစ်နေခဲ့ပြီ။
~~~~~
ဒီနေ့မနက်တော့ ဦးမင်းလတ်နဲ့ သက်ဝေလတ်တို့ဇနီးမောင်နှံရယ် ခင်နီလာတို့မိသားစုကလွဲရင် ကျန်တဲ့ မိသားစုတွေအားလုံး အိမ်မှာရှိနေကြတယ်။ဖူးငုံပွင့်စိတ်ထဲမှာ ဒေါ်ညိုညိုမာက သူမကိုခေါ်ပါစေလို့စိတ်ထဲကဆုတောင်းနေမိရင်း အပေါ်ထပ်ကို တက်ဖို့အခွင့်အရေးကို ချောင်းနေမိတယ်။
"တီ ...တီ..တီ ''
#တိမ်ခိုးဝေတဲ့နွေ
အပိုင်း (၉ )
******
"မ ..မငုဝါ...."
ဖူးငုံပွင့်ရဲ့ နှုတ်ဖျားကနေအလန့်တကြားခေါ်လိုက်မိတဲ့ အသံမဆုံးခင်မှာပဲ ငုဝါကဖူးငုံပွင့်ရဲ့ ပါးစပ်ကိုသူ့လက်ဖဝါးနဲ့ ဖိပိတ်လိုက်ပြီး
"အသံမထွက်ပါနဲ့နော် မနွေ...ငုဝါ အရမ်းဒုက္ခရောက်နေလို့ပါ .. ငုဝါကို ကူညီပါနော် ...မနွေကို ယုံကြည်ပါရစေ .. ဒါလေးကို ဘယ်သူမှ မမြင်အောင်ယူသွားလိုက်ပါနော် .."
ငုဝါကပြောပြောဆိုဆိုနဲ့ ဖူးငုံ ပွင့်လက်ထဲကို အထုပ်တစ်ထုပ်ကိုထည့်လိုက်ပြီး ချာခနဲပြန်လှည့်ထွက်သွားခဲ့တယ်။ဖူးငုံပွင့်မှာ ငုဝါပေးသွားတဲ့ အထုပ်ကို ခါးကြားထဲထည့်လိုက်ပြီး ရင်တုန်ပန်းတုန်နဲ့ အောက်ထပ်ကို မပြေးရုံတစ်မယ်ဆင်းခဲ့လိုက်တယ်။
~~~~~~
"မနွေရဲ့လက် အပူလောင်သွားသေးလားဟင် "
အိပ်ရာထဲ၀င်ချိန်မှာ ပိန်သေးကမေးလိုက်တာမို့ ဖူးငုံပွင့် ခေါင်းကို ခါယမ်းပြလိုက်ပြီး
"လက်ကသိပ်မထိသွားလို့ မပူပါဘူးပိန်သေးရယ်...ဒါပေမဲ့ ဖင်ထိုင်ရက်လဲကျသွားလိုနာတာရယ်..ရှက်တာရယ်က ပိုဆိုးတယ် ''
"ဟုတ်တယ်နော် ... အစ်ကိုလေးကိုသက်ကလဲ သူ့မိန်းမကိုဆိုရင် အထိမခံရွှေပန်းကန်ပဲ ... လွန်လွန်မင်းမင်းကိုချစ်နေတယ် "
" အင်း ... ငါကလဲ တမင်လုပ်တာမဟုတ်ပါဘူး ပိန်သေးရယ် မတော်တဆဖြစ်သွားတာပါ "
ဖူးငုံပွင့်ကပိန်သေးရဲ့ စကားကို အလိုက်သင့်လိုက်ပြောလိုက်တယ်။ပိန်သေးကဖူးငုံပွင့်နားမှာ အမြဲရှိနေသူဖြစ်ပြီး စကားပြောဖော်စကားပြောဖက်ဆိုပေမဲ့ ပိန်သေးရဲ့စိတ်ရင်းအမှန်ကလိမ်ညာပြောတတ်ပုံမရတာမို့ ဖူးငုံပွင့်မှာ ကိုယ့်အခြေအနေကို ပိန်သေးမသိအောင် ဆင်ဆင်ခြင်ခြင်နေနေရတယ်။ ဒိကြားထဲဘာမှန်းမသိတဲ့ မငုဝါရဲ့ အကြောင်းကိုတွေးမိတော့ ဖူးငုံပွင့်စိတ်ထဲပိုပြီးရှုပ်ထွေးရပြန်တယ်။ဒီညမှပဲ ပိန်သေးက တော်တော်နဲ့မအိပ်နိုင်ဘဲ စကားတွေပြောနေပြန်တယ်။ပိန်သေးနဲ့ စကားပြောနေရပေမဲ့ဖူးငုံပွင့်ရဲ့စိတ်အစဉ်က ငုဝါပေးလိုက်တဲ့ အထုပ်ဆီကိုရောက်နေမိတယ်။ အထုပ်ကို ဖောက်ကြည့်ချင်စိတ်တွေများနေပေမဲ့လဲ ပိန်သေးက မအိပ်သေးတာ့ ဘာမှလုပ်မရဖြစ်နေရတယ်။
" အစ်ကိုလေး ခက်ဝေလတ်က ချောတယ်နော် မနွေ.... "
" အင်း ချောတော့ချောပါတယ် .. စိတ်တိုတတ်တာလဲ ထည့်ပြောအုံးလေ ..ပြီးတော့ အိမ်ကိုပြန်မရောက်သေးဘူး ..ဟိုပြောင်းဒီရွေ့နဲ့ ..စိတ်တိုင်းမကျနိုင်ဘူးဖြစ်နေတယ်လေ "
ဖူးငုံပွင့် မကျေမနပ်နဲ့ ပြောလိုက်မိတယ်။ဘာပဲဖြစ်ဖြစ် ဦးအောင်ဒင်အပေါ်မှာနေတော့ ဦးအောင်ဒင်ကို သွားကြည့်ပေးရင် ဒေါ်ညိုညိုမာကို လေ့လာအကဲခတ်လို့ရတယ်လေ။အခုတော့ သန့်ရှင်းရေးလုပ်ချိန်ကလွဲရင် အပေါ်ထပ်တက်ဖို့ရာ အကြောင်းသိပ်မရှိတော့။ သန့်ရှင်းရေးလုပ်ချိန်ကျတော့လဲ ပိန်သေးက တောက်တဲ့လိုလိုက်ကပ်နေတော့ မမညိုရဲ့အခန်းထဲမှာ ရှာဖို့ဖွေဖို့ အခွင့်အရေးကမရပြန်။ဖူးငုံပွင့်ဒီအိမ်မှာ ဘယ်လောက်ကြာကြာ သောင်တင်နေရမှန်းမသိသလို ကြာရှည်နေဖို့ကလဲ မဖြစ်နိုင်။ အခုတောင် အလုပ်ကတောင်းပန်လို့မရတော့ ပြုတ်ဖို့သေချာသလောက် ဖြစ်နေပြီ။ ဖူးငုံပွင့် ပိန်သေးကိုမသိမသာစောင်းငဲ့ကြည့်လိုက်တယ်။ပိန်သေးက မအိပ်သေးဘဲ ဖူးငုံပွင့်ကို ငေးကြည့်နေပြီး
"မနွေရဲ့ မျက်နှာလေးက သနပ်ခါးတွေ မလူးထားရင် ..မမငုဝါမျက်နှာလေးလို ဝင်းနေတာပဲနော် .. သူဌေးသမီးလေးကျနေတာပဲ "
အရေးထဲ ကိုယ့်ထက်ဆိုးတဲ့ စုံထောက်မနဲ့တွေ့နေရတဲ့အဖြစ်။
"အင်း .. သူဌေးတွေအိမ်မှာပဲနေခဲ့ရတော့... နေမထိလေမထိမို့ အသားတွေကဖြူဝင်းနေတာပါ ပိန်သေးရယ် ...အစ်မအပြင်ထွက်ပြီး လေညှင်းခံလိုက်အုံးမယ် "
"ဟင် ...ဒီလောက်အေးနေတာကို မနွေကလဲ ...ပိန်သေးတော့အိပ်တော့မယ် '
ကိုယ်ထိုင်နေသ၍ စကားပြောနေမဲ့ပုံရတဲ့ ပိန်သေးကို ရှောင်ရှာဖို့ အခန်းပြင်ကို ဖူးငုံပွင့်ထွက်လာခဲ့လိုက်တယ်။ဖူးငုံပွင့်တို့နေတဲ့အခန်းတွေက အိမ်မကြီးရဲ့ အနောက်ဘက်ဆောင်မှာရှိပြီး ခြံ ထဲကိုဆင်းတဲ့တံခါးလဲရှိသလို ဝရံတာလဲရှိတယ်။ ၀ရံတာရှိရာကို ဖူးငုံပွင့်ထွက်ခဲ့လိုက်တယ်။
ဝရံတာမှာရပ်လိုက်မိချိန်မှာ အအေးဓါတ်ကြောင့် ခန္ဓာကိုယ်ထဲမှာစိမ့်ခနဲအေးသွားသလို လူကလဲလန်းဆန်းသွားသလို ခံစားလိုက်ရတယ်။တစ်နေကုန် ဒေါ်လေးရဲ့မိန်းမဆန်ဆန် အဝတ်အစားတွေကို မတော်တရော်ဝတ်ထားရပြီး မျက်နှာမှာသနပ်ခါးအထူကြီးတွေကိုလိမ်းထားရတော့ အသက်ရှူကြပ်ချင်စရာကောင်းလှတယ်။ပြီးတော့ ကျောလယ်လောက်ရှိတဲ့ဆံပင်ရှည်တွေကိုလဲကျစ်ဆံမြီးကျစ်ထားရသေးတာ။ ဒီလိုညဘက်ရောက်မှ အိမ်မှာနေခဲ့တဲ့အတိုင်း ညအိပ်ဝတ်စုံဘောင်းဘီရှည်နဲ့ပေါ့ပေါ့ပါးပါးနေခွင့်ရတာ။ဒီတော့မှ ဆံပင်ရှည်ကိုလဲ ဖြည်ချဖြန့်ချခွင့်ရတာ။ဆံပင်ရှည်တွေက အချိန်ပြည့်ကျစ်ဆံမြီးကျစ်ထားရတော့ ညအိပ်ရာဝင်ချိန်ဖြန့်ချထားလိုက်ရင်လဲ ဆံပင်တွေက တွန့်လိမ်ကာမလှမပဖြစ်နေခဲ့ပြီ။ သုခမြိုင်စံအိမ်ကြီးမှာ နေနေသ၍တော့ အလှအပဆိုတာကို ဖူးငုံပွင့်မေ့ထားရမှာဖြစ်လေတယ်။ညရဲ့လေပြေအေးတွေက ဖူးငုံပွင့်ရဲ့ ခန္ဓာကိုယ်ကို ခပ်ဖြည်းဖြည်း တိုးဝှေ့တိုက်ခတ်နေခဲ့တယ်။လူက ချမ်းစိမ့်စိမ့်ဖြစ်လာပေမဲ့ အခန်းထဲကို ၀င်ချင်စိတ်မရှိသေးဘဲ ဖြစ်နေတယ်။
"ရှပ် ..ရှပ် ..ရှပ် "
တိတ်ဆိတ်နေတဲ့ ညမှာ နောက်ကျောဘက်ဆီကခြေသံကြားလိုက်ရတာမို့ ဖူးငုံပွင့်အထိတ်တလန့် လှည့်ကြည့်လိုက်မိတော့
ဝှီးချဲလ်ကိုလဲအသုံးမပြုဘဲ ပစ်ထားကြလို့ ကျွန်တော်သန့်ရှင်းပေးထားပါတယ် ...အဘိုးနေမဲ့ အခန်းဘေးမှာလဲ ... အခန်းပိုတွေ ရှိသေးတာမို့ ဒေါ်လေးတို့နေချင်လဲ နေလို့ရပါတယ် "
ခက်ဝေလတ်ရဲ့ စကားအဆုံးမှာ ဒေါ်ခင်မိုးက ထိုင်နေရာကနေ ဆတ်ခနဲ ထထွက်သွားခဲ့တယ်။ဒေါ်ညိုညိုမာနဲ့ အစ်ကိုဖြစ်သူသက်ဝေလတ်အပါအဝင် ဝမ်းကွဲအစ်မဖြစ်သူခင်နီလာတို့ဇနီးမောင်နှံက ခက်ဝေလတ်ကို ခပ်စူးစူးစိုက်ကြည့်နေခဲ့ကြတယ်။
"ငါ့မောင်လုပ်ပုံက .... အစ်မတို့ကပဲ အဘိုးကို ပစ်ထားသလိုဖြစ်နေပါလား ...တကယ်တမ်း အဘိုးကိုပစ်ထားပြီး ထွက်သွားတာက ငါ့မောင့်မဟုတ်လား ...အခုလို နောက်ဆုံးချိန်ကိုရောက်နေတယ် ဆိုမှ အသည်းအသန်ပြန်လာခဲ့တာက ဘာသဘောလဲ ... နေ့တိုင်းပြုစုလုပ်ကိုင်ပေးနေတဲ့သူတွေကို အပြစ်ပြောပြီး မျက်နှာကောင်း ဝင်ယူတာက သိသာလွန်းနေတယ် "
"နီလာမင်းဘယ်လိုပြောလိုက်တာလဲ ....သားငယ်က အဲ့ဒီလိုလူမဟုတ်ဘူးဆိုတာ မင်းလဲသိသားပဲ "
ခင်နီလာရဲ့အပြောကို ဒေါ်ဝေဝေမာက အသံမာမာနဲ့ထပြောလိုက်တယ်။
"ကဲ ဝေဝေမင်းလဲတော်တော့.. နီလာသမီးလဲ စကားကို လက်လွတ်စပယ်မပြောနဲ့....ဒီကိစ္စကို အဖေကျေနပ်တယ်ဆိုရင် ဘကြီးတို့ခွင့်ပြုပေးရမှာပဲ ...ပြီးတော့ သားငယ်ကလဲ အဝေးကြီးကိုခေါ်သွားတာမဟုတ်ဘူးလေ .. ဒီအိမ်ထဲမှာပဲ ရှိတာလေ ...ပြီးတော့အောက်ထပ်မှာက အလုပ်သမားတွေလဲရှိတော့ ညရေးညတာဆိုရင်လဲ အလွယ်တကူ ခေါ်ခိုင်းလို့ရတာပဲ .. အေး သားငယ်ကလဲ ဘာမဆို မင်းစိတ်တိုင်းကျမလုပ်နဲ့ ... မြေးလေးနှစ်ယောက်မပါရင်...မိသားစုတွေထဲမှာသားက အငယ်ဆုံးဆိုတာ မမေ့နဲ့ "
ဦးမင်းလတ်က ထပြောလိုက်တော့ စကားဝိုင်းက တစ်ခဏတော့ တိတ်ဆိတ်သွားတယ်။
~~~~~~~
မိသားစုစကားဝိုင်းမပြီးမချင်း ဖူးငုံပွင့်တို့မှာ အနားမရနိုင်သေး။မိသားစုတွေ စကားပြောနေချိန်မှာ အသီးအနှံတွေတစ်မျိုးပြီးတစ်မျိုး ပြင်ဆင်ပေးနေရတယ်။စကားပြောကြတော့လဲ အပေါ်ထပ်ကဧည့်ခန်းမှာပဲပြောကြတာ။ဒေါ်ခိုင်နဲ့ညှပ်စိက နောက်ဖေးခန်းထဲကနေ အသီးအနှံတွေကို စားဖို့ အဆင်သင့်ဖြစ်ပြင်ဆင်ပေးကြပြီး ဖူးငုံပွင့်နဲ့ ပိန်သေးက အပေါ်ထပ်နဲ့ အောက်ထပ်ကို အခေါက်ခေါက်အခါခါ တက်ဆင်းနေရတယ်။ပြီးတော့ ဆွေမျိုး မိသားစုစကားဝိုင်းဆိုပေမဲ့ ရယ်သံမောသံအစား တင်းမာအေးစက်နေတဲ့မျက်နှာထားတွေကိုသာတွေ့နေရတယ်။နာမည်ကသာသုခမြိုင်စံအိမ်။အိမ်ထဲမှာတော့ ဒေါသအိုးတွေ စုနေတာမို့ ဒေါသမြိုင်စံအိမ်လို့ပင် ခေါ်ရမလို။
.ဖူးငုံပွင့်ကိုယ်ကို ယို့ကာနွားနို့ပန်းကန်တွေကို တစ်ယောက်ချင်းစီရှေ့ကိုလိုက်ချပေးနေချိန်မှာပဲ မထင်မှတ်ထားတဲ့ အခြေအနေဖြစ်ပွားသွားခဲ့ရတယ်။ဖြစ်ပုံက ငုဝါတို့လင်မယားထိုင်တဲ့ရှေ့ကို ဖူးငုံပွင့်အရောက်မှာ ဖူးငုံပွင့်ကငုဝါအတွက်နွားနို့ခွက်ကို ခုံပေါ်ကို လှမ်းအတင် တိုက်တိုက်ဆိုင်ဆိုင် ငုဝါကလဲ သစ်သီးပန်းကန်ဆီ လက်အလှမ်းမို့ ဖူးငုံပွင့်ရဲ့လက်နဲ့ ငုဝါရဲ့လက်တိုက်မိသွားပြီး နွားနို့ဖန်ခွက်က ငုဝါပေါ်ကို မှောက်ကျသွားခဲ့တယ်။
"ဟာ ..မင်းဘယ်လိုလုပ်လိုက်တာလဲ ..မင်းလက်က ဒီပန်းကန်လေးကိုတောင် မနိုင်ဘူးလားကွ...ကဲဟာ "
" အ "
သက်ဝေလတ်က ဇနီးဖြစ်သူရဲ့အဖြစ်ကိုမြင်ပြီး ဒေါသတကြီးနဲ့ပြောဆိုလိုက်ရင်း ဖူးငုံပွင့်ကို ဆောင့်တွန်းလိုက်တာမို့ ဖူးငုံပွင့်မှာ ကြမ်းပြင်ပေါ် ဖင်ထိုင်ရက်လဲ ကျသွားရတယ်။ အားလုံးက အဖြစ်အပျက်တွေကြောင်အအနဲ့ ငေးကြည့်နေခဲ့ကြတယ်။
''အို ဘယ်လိုလုပ်လိုက်တာလဲ ကို သက်ရယ် ... မနွေကြောင့်ဖြစ်တာမဟုတ်ပါဘူး ... ငုဝါလက်လှမ်းလိုက်မိလို့ ဖြစ်တာပါ "
ငုဝါက ပြောပြာဆိုဆိုနဲ့ သူ့လက်မှာပူသွားတာကို ဂရုမစိုက်ဘဲ ဖူးငုံပွင့်ကိုလှမ်းထူပေးလိုက်တယ်။ဖူးငုံပွင့်မှာ သက်ဝေလတ်ရဲ့ ရိုင်းစိုင်းတဲ့အပြုအမူနဲ့ အိမ်သားတွေရဲ့ နေစိမ့်နိုင်တဲ့စိတ်ကို အံ့ဩမိရင်း အံလေးကို မသိမသာကြိတ်လိုက်မိတယ်။ပြီးတော့ သူမရဲ့လက်ကိုတမင်လိုလိုတိုက်ချပစ်လိုက်တဲ့ ငုဝါကို နားမလည်နိုင်စွာမော့ကြည့်လိုက်မိပြီး
"ရပါတယ် မမလေးငုဝါ ... ကျွန်မ ဘာမှမဖြစ်ပါဘူး ...ကျွန်မတောင်းပန်ပါတယ်ရှင် "
"အို ..ရပါတယ် ငုဝါကလက်ရှည် ဝတ်ထားလို့ မပူပါဘူး ....ငုဝါ တောင်းပန်ပါတယ်နော် ....ငု ဝါအ၀တ်အစားသွားလဲလိုက်အုံးမယ်ရှင် "
ငုဝါက ဖူးငုံပွင့်ကိုလဲ တောင်းပန်လိုက်ရင်း အားလုံးကို ခွင့်တောင်းကာ သူမတို့အိပ်ခန်းရှိ ရာဆီကို ထွက်သွားခဲ့တယ်။
ဖူးငုံပွင့်လဲ နွားနို့ပန်းကန်ကို ကောက်ယူလိုက်ပြီး ဖိတ်ကျသွားတဲ့နွားနို့တွေကို တစ်ရှူးစတွေနဲ့ ခပ်မြန်မြန်သုတ်ပစ်လိုက်တယ်။နွားနို့ စက်တွေကို သုတ်နေတဲ့ဖူးငုံပွင့်ရဲ့ လက်တွေက ဒေါသကြောင့်တဆ တ်ဆတ်တုန်ယင်နေလေတယ်။ဖူးငုံပွင့်ရဲ့ဒီမြင်ကွင်းကိုသာ ဒေါ်လေးတစ်ယောက်မြင်ခဲ့ရင်တော့ ရင်ကွဲပက်လက်ဖြစ်ရှာမယ်ထင်၏။နွားနို့စက်တွေကို ပြောင်အောင်သုတ်ပြီးသွားတာနဲ့ ဘယ့် သူ့မျက်နှာကိုမှမကြည့်ဘဲ နေရာကနေဖူးငုံပွင့်ထွက်လာခဲ့လိုက်တယ်။
ဖူးငုံပွင့်ကိုတွေဝေစေခဲ့ပြန်တယ်။
"ဘုက် "
ဗီရိုထဲကအဝတ်ဟောင်းတွေကို ရှင်းလင်းရင်းအထဲက တစ်စုံတစ်ခု ပြုတ်ကျလာတာကို တွေ့လိုက်ရတယ်။ပြုတ်ကျလာတဲ့အရာကို ကောက်ယူကြည့်လိုက်တော့ ဆေးလိပ်ပြာခွက်တစ်ခုကို တွေ့လိုက်ရတယ်။ဆေးလိပ်ပြာခွက်က ဖန်နဲ့လုပ်ထားတာမို့ တန်ဖိုးသိပ်ရှိပုံတော့မပေါ်။အဝတ်ဗီရိုထဲမှာသိမ်းထားတာဆိုတော့ ရှေ့ဟောင်းလက်ရာဖြစ်ပုံပင်။ကံကောင်းလို့ စောင်ပုံပေါ် ပြုတ်ကျလို့သာပေါ့ အောက်ပြုတ်ကျပြီး ကွဲသွားရင်ဖြင့် ကိုယ်ကြောင့် ဖြစ်နေအုံးမယ်။ပြာခွက်ကို ကောက်ယူလိုက်ပြီး အဝတ်စတစ် ခုနဲ့သုတ်ကာ အပေါ် ဆင့်ကိုပြန်တင်ဖို့ မတ်တတ်ထရပ်လိုက်တယ်။ပြာဖန်ခွက်ကလေးက အလင်းရောင်ကြောင့် ဝင်းခနဲပင်တောက်ပသွားတယ်။ဖူးငုံပွင့်ပြာခွက်လေးကို အမှတ်တမဲ့စိုက်ကြည့်လိုက်မိတယ်။ကြည်လင်တောက်ပနေတဲ့ ဖန်ခွက်လေးကို ကြည့်ပြီး ဖူးငုံပွင့်စိတ်ထဲတစ်နေရာရာမှာ မြင်ဖူးသလိုခံစားနေရတယ်။ဘယ်နေမှာ တွေ့ဖူးတာလဲ စဉ်းစားကြည့်တော့လဲ အဖြေက ထွက်မလာပြန်။
"ဟင်း ..ဟွန်း ..ပေး .. ပေး ....ဒီဂိုပေး ..."
"ဒုန်း ... ခွမ်း "
"အမေ့ "
ရုတ်တရက် ဦးအောင်ဒင်ရဲ့ဝူးဝူးဝါးဝါးအော်သံကြီးနဲ့အတူ သူ့ဘေးမှာရှိတဲ့ သောက်ရေခွက်နဲ့ ပစ်ပေါက်လိုက်တာမို့ ဖူးငုံပွင့်လန့်ပြီး အော်ပင်အော်လိုက်မိတယ်။အဲ့ဒီအချိန်မှာပဲ အခန်းထဲကိုခက်လတ် ရောက်လာခဲ့ပြီး ဘိုအေးဖြစ်သူကို စိုးရိမ်တကြီးနဲ့ လှမ်းမေးလိုက်တယ်။
"အဘိုး ...ဘာဖြစ်တာလဲ ..ဘာဖြစ်လို့လဲ "
"ဟွန်း .. ဟို .. ....ဟွန်း .. ပေး..ပေး "
ခက်ဝေလတ်ကမေးလိုက်တော့ ဦးအောင်ဒင်ကဝမ်းခေါင်းသံကြီးနဲ့ ဝူးဝူးဝါးဝါးအော်ရင်း ဖူးငုံဖွင့်ဆီကို လက်ညှိုးထိုးပြလိုက်တယ်။
ဖူးငုံပွင့်မှာ ဦးအောင်ဒင်ရဲ့ ကြောက်စရာအမူအရာကိုကြည့်ပြီး ဆေးလိပ်ပြာဖန်ခွက်ကို ကိုင်ကာ ကြောင်ငေးကြည့်နေမိတယ်။ခက်ဝေလတ်က ဘိုးအေဖြစ်သူ လက်ညှိုးညွှန်ရာ ဖူးငုံပွင့်ဆီကို လှမ်းကြည့်လိုက်ပြီး
"ဪ ...ဆေးလိပ်ပြာခွက်ကို ပြောတာလားအဘိုး ... ဘာမှမဖြစ်ပါဘူး အဘိုးရဲ့ ....သူ့ကို ကျွန်တော်ရှင်ခိုင်းထားတာပါ .....ကျွန်တော်နဲ့အဘိုး အောက်ထပ်မှာ ပြောင်းနေကြမယ်လေ .."
ခက်ဝေလတ်က ဘိုးအေဖြစ်သူကို ရှင်းပြလိုက်ရင်း ဖူးငုံပွင့်လက်ထဲက ဆေးလိပ်ပြာခွက်ကို ယူလိုက်တယ်။ဖူးငုံပွင့်မှာ ဆေးလိပ်ပြာခွက်ကိုတစ်လှည့် ဦးအောင်ဒင်ကိုတစ်လှည့်ကြည့်ရင်း စိတ်ထဲမှာ ရှုပ်ထွေးသွားမိတယ်။
"အဝတ်အစားတွေက လေးငါးစုံပဲ အရင်သွားထားလိုက်....အခုခင်းထားတဲ့ အိပ်ရာခင်းတွေအားလုံးကို လွှင့်ပစ်လိုက်တော့ ....ဒါနဲ့ဝှီးချဲလ်ကို ဘယ်မှသိမ်းထားတာလဲ .. "
"ရှင် ..ဟို....ကျွန်မ မသိဘူး .. ကျွန်မရောက်ကတည်းက ဒီအခန်းထဲမှာ ဝှီးချဲလ်မရှိပါဘူး "
"ဘယ်လို ...အဘိုးအတွက်ဝှီးချဲလ်ဝယ်ဖို့သေချာပြောထားတာကို ... မင်းဒီကိုရောက်တာ ဘယ်လောက်ကြာပြီလဲ ..ဘာမေးမေးဘာမှမသိပါလား "
ခက်ဝေလတ်ဆီက စိတ်မရှည်တဲ့အသံနဲ့ ပြောလိုက်တယ်။
"ဟို ... ကျွန်မဒီကိုရောက်တာ တစ်ပတ်ပဲရှိပါသေးတယ် "
"ကျွစ် ...ဘာတွေမှန်းလဲမသိဘူး ကွာ "
ခက်ဝေလတ်က မကျေမနပ်ရေရွတ်ရင်း အခန်းပြင်ကို ပြန်ထွက်သွားခဲ့တယ်။ဖူးငုံပွင့်ကတော့ ဦးအောင်ဒင် ဘေးနားမှာ ရှိနေတဲ့ ဆေးလိပ်ပြာခွက်ကိုပဲ ငေးကြည့်နေမိတယ်။
~~~~~
" ပြန်လာတာကိုလဲ အမေတို့ကို ဖုန်းမဆက်ဘူး .. အမေတို့မှာတော့ တမျှော်မျှော်နဲ့ "
ဒေါ်ဝေဝေမာက သားဖြစ်သူကိုကြည့်ပြီးမကျေမနပ်ပြောလိုက်တယ်။
" တမင်မဆက်တာပါအမေရာ ..ခုလဲ အိမ်ရောက်နေပြီပဲဟာ ... ကျွန်တော်ကြောင့် အမေတို့ အလုပ်ရှုပ်မှာစိုးလို့ပါ "
"ကဲပါ ထားလိုက်ပါတော့ ...ဒါနဲ့ ဘာလို့ အောက်ထပ်မှာဆင်းနေရတာလဲ ....အပေါ်မှာ သားအတွက် အခန်းပြင်ပေးထားပြီးသားလေ...ပြီးတော့ အဘိုးကိုပါ ဘာလို့ အောက်ထပ်ကိုပြောင်းရတာလဲ "
"ရတယ်အမေ ... ကျွန်တော် အပေါ်မှာမနေချင်ဘူး...အောက်ထပ်မှာပဲ အေးအေးဆေးဆေးနေချင်တယ်...အဘိုးကို ကျွန်တော်ကြည့်ပေးမှာမို့ ...အဘိုးကိုပါ အောက်ထပ်ရွေ့လိုက်တာပါ ...အဘိုးကို အပြင်လေးဘာလေးလဲ ထွက်စေချင်လို့ပါ ..အပေါ်ထပ်ကျတော့ တက်ရဆင်းရတာမလွယ်ဘူးလေ "
ခက်ဝေလတ်က ရှင်းပြလိုက်တော့ မိဘနှစ်ပါးကလက်ခံပေမဲ့ အဒေါ်ဖြစ်သူ ဒေါ်ခင်မိုးက မျက်နှာထားတင်းတင်းနဲ့ ကြည့်လိုက်ပြီး
"ငါ့တူက ရောက်ရောက်ချင်း ဒီလို မပြောမဆိုနဲ့လုပ်လိုက်တာတော့ ဘယ်ကောင်းမလဲကွယ် ..ဒေါ်လေးကညတိုင်း အဖေ့အခန်းထဲ မကြာခဏ ၀င်ကြည့်နေတဲ့သူပါ ... မင်းလုပ်ပုံက မသိရင် ငါတို့ကပဲ အဖေ့ကိုပစ်ထားသလိုဖြစ်နေတယ် "
ဒေါ်ခင်မိုးရဲ့ စကားကြောင့် ခက်ဝေလတ်က ပြုံးရုံသာပြုံးနေလိုက်ပြီး လက်ထဲက ဖုန်းကိုဖွင့်လိုက်တယ်။ဒေါ် ဝေဝေမာကတော့ ယောင်းမဖြစ်သူ ဒေါ်ခင်မိုးကို ခပ်စူးစူးကြည့်လိုက်တယ်။
" ကျွန်တော်က ဘယ်သူ့ကိုမှ အပြစ်ပြောတာမဟုတ်ပါဘူး ဒေါ်လေး ... ဒီမှာ အဘိုးရဲ့အခန်းပုံကိုကြည့်ပါအုံး....အိမ်ရဲ့မီးဖိုချောင်လောက်တောင် သန့်ရှင်းသပ်ရပ်မှုမရှိဘူး ..အဲ့ဒါကြောင့် အဘိုးကိုကျွန်တော်ကြည့် ပေးမှာမို့ ...အဘိုးအတွက်လဲ အဆင်ပြေအောင်အောက်ထပ်ကို ပြောင်းပေးလိုက်တာပါ ..အဘိုး လဲ အလွယ်တကူနဲ့ ခြံထဲဘာညာ ဆင်းလို့ရတာပေါ့ ..ပြီးတော့ အဘိုးအတွက်ဝယ်ခိုင်းထားတဲ့
#တိမ်ခိုးဝေတဲ့နွေ
အပိုင်း (၈)
******
"သား ကိုခက်....ဖုန်းလဲကြိုမဆက်ပါလားကွယ် ... သားပြန်လာတာကိုသူဋ္ဌေးမင်းတို့ရော သိပြီးပြီလား... မိနွေ တံခါးဖွင့်လိုက်အုံး ...ကိုခက်က သူဌေးမင်းတို့ရဲ့သားအငယ်ခက်ဝေလတ်တဲ့ မှတ်ထားအုံး "
ဒေါ်ခိုင်က လူကြည့်ပေါက်ကနေကြည့်လိုက်ပြီး တရစပ်ပြောလိုက်တယ်။ဒေါ်ခိုင့်စကားကို ကြားတာနဲ့ ဖူးငုံပွင့်ခြံတံခါးကို အမြန်ဖွင့်လိုက်ရတယ်။အိမ်မှာ လူတစ်ယောက်တိုးလာပြီဆိုတော့ ဖူးငုံပွင့်လဲ အလုပ်တိုးလာပြန်ပြီပေါ့လေ။
ဖူးငုံပွင့်ခြံတံခါးဖွင့်ပေးလိုက်တော့ ခက်ဝေလတ်က ခရီးဆောင်အိတ်ကိုဆွဲယူလိုက်ပြီး ခြံထဲကို ဝင်ဖို့ပြင်လိုက်တယ်။
"အိတ်ထားခဲ့လေ ကိုခက် ... အိတ်ကို မိနွေသယ်လာပေးလိမ့်မယ် ..."
ဒေါ်ခိုင့်စကားကို ကြားတော့ ခက်ဝေလတ်က ဖူးငုံပွင့်ကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး
"ရပါတယ် ဒေါ်ကြီးရယ် .. ကျွန်တော့်ဘာသာ သယ်သွားပါ့မယ် ... သူက အလုပ်သမားအသစ်လား "
"ဟုတ်တယ် ..သူကအလုပ်သမားအသစ်ပါကိုခက်....နာမည်ကမိနွေတဲ့ ...ကိုခက်ခိုင်းစရာရှိရင် ခေါ်ခိုင်းပါ "
"ဟုတ်ကဲ့ ..ခိုင်းစရာရှိရင် ခေါ်လိုက်ပါ့မယ် "
စကားတစ်ခွန်းသာပြောပြီး လှည့်ထွက်သွာတဲ့ ခက်ဝေလတ်ဆိုသူကိုကြည့်ပြီး ဖူးပုံပွင့်ခေါင်းကို မသိမသာ ခါယမ်းလိုက်မိတယ်။ညီကိုတွေ မျိုးရိုးလိုက်ပုံက ညီဖြစ်သူကလဲအစ်ကိုဖြစ်သူလိုပဲ မျက်နှာကြောကတင်းနေရောပဲလေ။
~~~~
ဦးအောင်ဒင်ရဲ့ အခန်းတံခါးကိုဖွင့်လိုက်ချိန်မှာ အခန်းထဲမှာခက်ဝေလတ်ကိုတွေ့လိုက်ရတာမို့ ဖူးငုံပွင့်အခန်းပြင်ကို ပြန်ထွက်ဖို့ပြင် လိုက်တယ်။
"ဟိတ် ..ဒီမှာ... ဘယ်ကိုသွားမှာလဲ ...ဝင်လာခဲ့အုံး "
နောက်ဘက်က လှမ်းပြောလိုက်တဲ့အသံကြောင့် ဖူးငုံပွင့်အခန်းထဲကို ပြန်ဝင်လိုက်ရတယ်။
"အဘိုးကိုတာဝန်ယူရတာ မင်းလား "
ခက်ဝေလတ်ရဲ့မေးသံက တင်းမာခက်ထန်လွန်းနေတာမို့ ဖူးငုံပွင့်စိတ်ထဲတင်းခနဲဖြစ်သွားရပြီး ခက်ဝေလတ်ကို မော့ကြည့် ပစ်လိုက်တယ်။ပြီးတော့ မမာလွန်းမပျော့လွန်းတဲ့အသံနဲ့ သူ့အမေးကို ပြန်ဖြေလိုက်တယ်။
"ကျွန်မတစ်ယောက်တည်းရဲ့ တာဝန်တော့မဟုတ်ပါဘူး ..အလုပ်သမားတွေအားလုံး အလှည့်ကျတာဝန်ယူလုပ်ပေးရတာပါ "
" ဪ ... အလုပ်သမားတွေအကုန်ပေါ့လေဟုတ်လား ....ဒီမှာကြည့်စမ်းပါအုံး ...အဘိုးအိပ်ရာခင်းတွေကဒီလောက်ညစ်ပတ်နေတာကို မင်းတို့ဒီတိုင်းပဲ ကြည့်နေကြတာလား ...အခန်းကလဲ မှုန်မှုန်မှိုင်းမှိုင်းနဲ့ မှိုနံ့တွေတောင်ရနေသလိုပဲ .. ဒါကို ဒီအတိုင်းပဲ ကြည့်နေကြတာလား "
လေသံမာမာနဲ့ ပြောနေတဲ့ ခက်ဝေလတ်ကိုကြည့်ပြီး ဖူးငုံပွင့်စိတ်ထဲကနေ မဲ့ပြုံးလေးပြုံးလိုက်မိတယ်။လူမမာအဘိုးအိုကြီးကို သူ့မိသားတစ်စုလုံးက ပစ်ထားတာကိုမသိဘဲ အပြစ်လာပြောနေတာလေ။ ဒီလောက်ရှင်းလင်းနေတာတောင်ဖူးငုံပွင့် ရှင်းလင်းပေးထားလို့ဆိုတာကို မသိဘဲသူကလာပြောနေတာမဟုတ်လား။ သူ့မိသားစုတွေပစ်ထားတဲ့အတိုင်း အခန်းကိုပြလိုက်ချင်တာ။
"ဒီမှာ .. အခန်းထဲက အဘိုးပစွည်းတွေကိုအကုန်းသိမ်းထားလိုက်ကြားလား "
ပြောပြီတာနဲ့ အခန်းပြင်ကို ထွက်သွားတဲ့ ခက်ဝေလတ်ကို ဖူးငုံပွင့်မျက်စောင်းလှမ်းထိုးလိုက်မိတယ်။ ခရီးရောက်မဆိုက် အဆူ အငေါက်ကျွမ်းပုံကတော့ အဒေါ်ဖြစ်သူနဲ့တထေရာတည်းပင် ။ အဘိုးအိုကြီးဦးအောင်ဒင်ကတော့ မြေးဖြစ်သူကိုတွေ့ရ၍ ကျေနပ်ပျော်ရွှင်နေပုံပင်။မျက်နှာက အရင်နေများကနဲ့မတူဘဲ ကြည်လင်ရွှင်ပျနေတယ်။
~~~~
"ဒေါ်ကြီး ... ဒေါ်ခိုင် "
ခက်ဝေလတ်က လှေကားအဆင်းကနေ ဒေါ်ခိုင့်ကိုအော်ခေါ်လိုက်တယ်။
" သား ကိုခက် ..ဘာလိုချင်လို့လဲ "
" ကျွန်တော်နဲ့အဘိုး... အောက်ထပ်ကလသာဆောင်ဘက်အခြမ်းမှာနေမယ်ဒေါ်ကြီး ....အခန်းကိုအခုချက်ချင်းပြင်ဆင်ပေးပါ "
" ဟင် ... အပေါ်ထပ်အခန်းကို စိတ်တိုင်းမကျလို့လားကိုခက် ... မမဝေတို့က ...ကိုခက်ကို အပေါ် မှာပဲနေစေချင်တာလေ ...မမဝေတို့ကို ဒေါ်ကြီးဖုန်းဆက်ပြီး မေးပေးရမလား "
ဒေါ်ခိုင်က ခက်ဝေလတ်ကိုမဝံ့မရဲနဲ့ပြန်ပြောလိုက်တယ်။
"ဒါလေးနဲ့ဖုန်းဆက်စရာမလိုပါဘူး ဒေါ်ကြီးရယ် ..... ကျွန်တော့်အသက် (၂၆) နှစ်ထဲရောက်နေပါပြီ .. ကျွန်တော်နေမဲ့အခန်းကို ကျွန်တော့်စိတ်ကြိုက်ပဲရွေးမယ်..လသာဆောင်ဘက်က နှစ်ခန်းလုံးကို အခုချက်ချင်ပြင်ပေးပါ ..အဘိုးတစ်ခန်းကျွန်တော်တစ်ခန်းနေမယ် "
ပြောပြီးတာနဲ့ အပေါ်ထပ်ကို ပြန်တက်သွားတဲ့ ခက်ဝေလတ်ကို ကြည့်ပြီးဒေါ်ခိုင်စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းကိုခါယမ်းလိုက်တယ်။
~~~~~
ဗီရိုထဲက ပစ္စည်းတွေကို စုသိမ်းလိုက်ပြီး ဗီရိုကိုပါ ဖူးငုံပွင့်သန့်ရှင်းရေးလုပ်လိုက်တယ်။ သူဋ္ဌေးကြီးတစ်ယောက်ရဲ့ ဗီရိုထဲမှာ အဖိုးတန်းပစ္စည်းဆိုလို့ ဘာမှမတွေ့ရဘဲ အိပ်ရာခင်းအသုံးဆောင်အဟောင်းတွေနဲ့ အဝတ်ဟောင်းတွေကိုသာတွေ့ရတယ်။သိမ်းဆိုလို့သာ သိမ်းနေရပေမဲ့ ဘာအတွက် သိမ်းခိုင်းမှန်းလဲမသိရ။ဖူးငုံပွင့်ဘ၀ကလဲ တကယ့်ကိုမျှော်လင့်မထားပါဘဲ သူများခိုင်းဖက်လုံးလုံးဖြစ်နေခဲ့ရလေပြီ။ ဒါကိုမှ မကျေနပ်ရင်လဲ တပ်ခေါက်ပြီးပြန်ရုံသာရှိတယ်။ပြန်မယ်ဆိုကာမှ မပြန်ဖြစ်ဖို့အကြောင်းတွေက ဖန်လာခဲ့တယ်။ဒီအကြောင်းတွေထဲမှာ ငုဝါရဲ့စာတိုလေးကလဲ
"ဦးမြင့်ဦးပေါ့လေ ဟုတ်လား ....တီညို ပြောပြမဲ့နေ့ကိုပဲ စောင့်ရမှာပေါ့ဗျာ"
ဒေါ်ညိုညိုမာရဲ့ နှုတ်ကနေ ဖခင်ဖြစ်သူရဲ့နာမည်ကို ပြောလိုက်တာမို့ ဖူးငုံပွင့်ကိုယ်ထဲကသွေးတွေပင် အေးခဲသွားသလိုခံစားလိုက်ရတယ်။ ဒေါ်ညိုညိုမာရဲ့ ပြောပုံအရဆိုရင်ဖခင်ဖြစ်သူနဲ့ အကြောင်းကလျှို့ဝှက်ချက်တစ်ခုဖြစ်ပြီး ဖူးငုံပွင့်မေးရင်လဲဖြေမှာ မဟုတ်လောက်ပေ။ဖခင်ဖြစ်သူနဲ့ ဒေါ်ညိုညိုမာ့ကြားက လျှို့ဝှက်ချက်ကဘာများလဲ။ ဖူးငုံပွင့်ခေါင်းထဲမှာ မေးခွန်းတွေများစွာနဲ့အခန်းထဲက အသံတွေကိုနားစွင့်နေမိပေမဲ့ အခန်းထဲကစကားသံတွေတိတ်ဆိတ်သွားပြီး လမ်းလျှောက်သံလိုလိုကြားလိုက်ရတာမို့ ဖူးငုံပွင့်အခန်းရှေ့က အမြန်ထွက်ခဲ့လိုက်ရတယ်။
~~~~~
အပူပင်ကင်းကင်းနဲ့အိပ်ပျော်နေတဲ့ပိန်သေးကို ဖူးငုံပွင့်ခပ်တွေတွေ ငေးကြည့်နေမိတယ်။တစ်ရက်နှစ်ရက်အတွင်း ပြန်ဖို့စီစဉ်ထားတဲ့ကိစ္စက မမညိုရဲ့စကားတွေကြောင့်တွေဝေနေမိတယ်။ သေချာတာက မိဘတွေနဲ့အစ်ကိုဖြစ်သူရဲ့သေဆုံးမှုရယ်ဘွာကြည်ရဲ့သေဆုံးမှုတွေဟာ မတော်တဆမှုမဟုတ်ဘဲ တစ်ဦးတစ်ယောက်ကလုပ်ကြံတာမျိုးဖြစ်နိုင်တာ ပိုပြီးသေချာလာခဲ့တယ်။ထိုတစ်စုံတစ်ယောက်ဟာ မမညိုခေါ်ဒေါ်ညိုညိုမာများလား။ အတွေးပေါင်းများစွာနဲ့ပဲ ဖူးငုံပွင့်မှာမိုးစင်စင်လင်းခဲ့ရပါလေပြီ။
~~~~~
သက်ဝေလတ်တို့ဇနီးမောင်နှံရဲ့ကားလေးခြံ၀ကို ရောက်လာချိန်မှာ ကားထဲကို ဖူးငံပွင့် မသိမသာလှမ်းပြီး အကဲခတ်ကြည့်လိုက်တယ်။သက်ဝေလတ်ရဲ့မျက်နှာကတင်းမာနေပြီး မငုဝါကတော့ခေါင်းလေးကိုငုံ့ထားပြီး တဟွပ်ဟွပ်နဲ့ချောင်းတွေဆိုးနေခဲ့တယ်။ဖူးငုံပွင့်ခြံတံခါးတွေကို ဖွင့်ပေးလိုက်ပြီး ခေါင်းကိုငုံ့ကာ ခပ်ယို့ယို့လေးရပ်နေလိုက်တယ်။ထိုအချိန်မှာပဲ ဖူးငုံပွင့်ရဲ့မျက်စိထဲမှာ ကားပြတင်းပေါက်ကနေ ခပ်သေးသေးအရာတစ်ခုပြုတ်ကျလာတာကို တွေ့လိုက်ရတယ်။ဖူးငုံပွင့် ဟန်မပျက် ဆက်ရပ်နေလိုက်ပြီး ခြံပြင်ကိုကားရောက်သွားမှ တံခါးကိုပြန်ပိတ်လိုက်ပြီး ဘေးဘီကိုဝေ့ဝဲကြည့်လိုက်တယ်။ပတ်ဝန်းကျင်မှာ ဘာအရိပ်အယောင်မှ မရှိတာ သေချာမှ ခပ်စောစောက ကားပေါ်ကနေပြုတ်ကျခဲ့တဲ့အရာကို ကောက်ယူကြည့်လိုက်တယ်။လက်ထဲရောက်လာတာက ခေါက်လျက်သားတစ်ရှူးတစ်ရွက်ဖြစ်နေခဲ့တယ်။အရေးကြီးတဲ့ အရာ၀တ္ထုတစ်ခုလေးများလားလို့ ထင်ပြီး ကောက်လိုက်မိတာ တစ်ရှူးတစ်ရွက်ဖြစ်နေတာမို့ ဖူးငုံပွင့်စိတ်ပျက်ပျက်နဲ့အမှိုက်ပုံးထဲကိုထည့်ဖို့ ပြင်လိုက်တယ်။
အမှိုက်ပုံးဆီကို လှမ်းနေတဲ့ ဖူးငုံပွင့်ရဲ့ခြေထောက်တွေက တစ်ရှူးရွက်ကို ကြည့်ပြီးရပ်တန့်သွားရတယ်။
~~~~~~
အိမ်သာထဲဝင်ပြီး ခေါက်ထားတဲ့တစ်ရှူးရွက်ကို ဖူးငုံပွင့်ခပ်မြန်မြန်ဖြန့်ကြည့်လိုက်တယ်။အဲ့ဒီအခါတစ်ရှူးပေါ်မှာ နှုတ်ခမ်းနီတောင့်နဲ့ ရေးထားတဲ့စာတွေကို တွေ့လိုက်ရတယ်။
" နှိပ်စက်ခံနေရလို့ ကူညီပေးပါ ... မိသားစုတွေ မသိပါစေနဲ့ .."
စာက ဒီလောက်သာဖြစ်တယ်။စာထဲမှာနာမည်လဲမပါ ဘာလဲမပါ ။ ဒါပေမဲ့ စာကိုဖတ်လိုက်တာနဲ့ဒီစာဟာ မငုဝါရဲ့စာဆိုတာကို ဖူးငုံပွင့်သိလိုက်တယ်။ တစ်ရှူးစကိုခပ်ကြာကြာကိုင်ထားရင် တွေဝေနေမိတယ်။ခဏကြာမှ တစ်ရှူးစကိုလုံးခြေပြီး အိမ်သားထဲကို ထည့်ပစ်လိုက်တယ်။ဖူးငုံပွင့်ရင်ထဲမှာတော့ လေးလံထိုင်းမှိုင်းနေခဲ့တယ်။
~~~~
"တီ ..တီ ..တီ "
နေလယ်ခင်းကြီးမှာ ခြံရှေ့က ဟွန်းတီးသံကြားလိုက်ရတာမို့ ဖူးငုံပွင့်ရင်ထဲထိတ်ခနဲ ခုန်လှုပ်သွားရပြီးခြံဝဆီကို ထွက်ခဲ့လိုက်တယ်။ခြံဝရောက်တော့ လူကြည့်ပေါက်ကအပိတ်ကိုမပြီး အပြင်ကိုချောင်းကြည့်လိုက်တယ်။အိမ်ကြီးရှင်တွေက မိသားစုကလွဲရင် တံခါးမဖွင့်ပေးနဲ့လို့ မှာကြားထားပြီးသားလေ။ဖူးငုံပွင့် ခြံရှေ့ ကို ချောင်းကြည့်လိုက်ချိန်မှာ ခြံရှေ့ကနေ ဆိုင်ကယ်တစ်စီးမောင်းထွက်သွားတာကို တွေ့လိုက်ရပြီး ခြံတံခါးဝရှေ့မှာ ယောကျာ်းတစ်ယောက်ရပ်နေတာကို တွေ့လိုက်ရတယ်။အရပ်ရှည်ရှည်နဲ့ ကြည့်ကောင်းတဲ့ရုပ်ရည်သွင်ပြင်ရှိတဲ့သူ့ကို ဖူးငုံပွင့်ခဏတာငေးမောကြည့်လိုက်မိပြီးမှ သတိဝင်လာပြီးလှမ်းမေးလိုက်တယ်။
"ဘာကိစ္စရှိလို့လဲရှင့် .. ဘယ်သူနဲ့တွေ့ချင်လို့လဲ "
ဖူးငုံပွင့်မေးလိုက်တော့ သူက ဖူးငုံပွင့်ကြည့်နေတဲ့ ချောင်းကြည့်ပေါက်ကို ငုံ့ကြည့်လိုက်ပြီး
"မင်းကဘယ်သူလဲ ... ဒေါ်ခိုင်တို့ မရှိကြဘူးလား ..တံခါးဖွင့်လေ "
"ဟင့်အင်း ..ရှင်ဘယ်သူလဲမသိဘဲမဖွင့်ပေးနိုင်ပါဘူး ...ဒီမှာခဏစောင့်ပါ .. ဒေါ်ခိုင့်ကိုသွားခေါ်ပေးပါ့မယ် "
@@@@@@@@@@@@@@
အပိုင်း (၈) ဆက်ရန်
#ဧကြည်ဖြူ
ဖူးငုံပွင့်မှာရှိတာကနာမည်ရှိတံဆိပ်အဝတ်အစားတွေလောက်ပဲ သင့်တင့်ရုံရှိတာမို့ ဒေါ်လေး အင်္ကျီဟောင်းတွေ ယူလာခဲ့ရတာ။ ဒေါ်လေးငယ်ငယ်တုန်းကဝတ်ခဲ့တဲ့အင်္ကျီတွေဆိုတော့လဲ နှစ်ပေါင်း (၃၀) လောက်ရှိပြီးမို့ ပိန်သေးမေးတာလဲမလွန်လှပေ ။
"အမေ့အင်္ကျီတွေတော့ မဟုတ်ပါဘူး ပိန်သေးရယ် ...အဒေါ့်အင်္ကျီတွေပါ ...ကြည့်ရတာအရမ်းရုပ် ဆိုးနေလို့လားဟင် "
ဖူးငုံပွင့်မေးလိုက်တော့ ပိန်သေးက ရိုးသားသူလေးပီပီ ဖူးငုံ ပွင့်ကိုသေချာကြည့်လိုက်ပြီး
"အင်း ..ရုပ်ဆိုးတာတော့မဟုတ်ပါဘူး.... ဒါပေမဲ့ ဒီလိုအင်္ကျီတွေက မမနီလာတို့လို့ခန္ဓာကိုယ်မျိုးနဲ့ဆို လှမယ်ထင်တယ် ..မနွေကပိန်တော့ အဘွားကြီးအိုလေးနဲ့ တူနေရော "
ဟန်ဆောင်မပြောတတ်တဲ့ပိန်သေးရဲ့စကားကြောင့် ဖူးငုံပွင့်တင်းမထားနိုင်တော့ဘဲ ရယ်လိုက်မိတယ်။ဒေါ်လေးအင်္ကျီတွေက ခါးနဲ့ရင်နဲ့ ကျကျနနချုပ်ထားတဲ့ အင်္ကျီတွေလေ။ဖူးငုံပွင့်လို့ ပိန်ပိန်သွယ်သွယ်ကဝတ်လိုက်တော ပိန်သေးပြောသလို အဘွားအိုလေးဆိုတာနဲ့သွားတူနေတာပေါ့။
~~~~~
ဦးအောင်ဒင်ကိုညစာကျွေး ကာဆေးတိုက်ပြီးသွားတာနဲ့ မမညိုတစ်ယောက်တည်းရှိမဲ့အချိန်ကို ဖူးငုံပွင့်အလစ်ချောင်းနေမိတယ်။မိသားစုတွေက ကိုယ့်အခန်းနဲ့ကိုယ် သီးသန့်နေကြတာဆိုပေမဲ့ ညအိပ်ချိန်မရောက်ခင်အထိတော့ ဒေါ်ညိုညိုမာကအစ်မဖြစ်သူ၊ခဲအိုဖြစ်သူတို့နဲ့ စကားပြောနေတတ်တာမို့ ဖူးငုံပွင့်မှာ အိမ်အလုပ်တွေတစ်ဖက်နဲ့ မမညိုရဲ့ အားလပ်ချိန်ကို ချောင်းနေရတယ်။
ညကိုးနာရီလောက်မှာတော့အားလုံး အခန်းထဲအသီးသီးဝင်သွားကြတာမို့ မမညိုအခန်းရှိရာကို ဖူးငုံပွင့်အသာတက်ခဲ့လိုက် တယ်။အပေါ်ထပ်တစ်ထပ်လုံး စင်္ကြန်မီးတွေထိန်ထိန်းလင်းနေတုန်းဖြစ်ပြီး ပတ္တမြားနဲ့ကျောက်စိမ်းရဲ့ အခန်းကလွဲလို့ ကျန်အခန်းတွေက တိတ်ဆိတ်နေခဲ့တယ်။ငုဝါတို့အခန်းရှေ့က ဖြတ်အလျှောက်မှာ အခန်းဘက်ကို ဖူးငုံပွင့်အမှတ်မထင်နားစွင့်လိုက်မိတယ်။အလုပ်ကပြန်လာပြီးကတည်းက ငုဝါတစ်ယောက် ထမင်းလဲဆင်းစားတာမတွေ့ရ။ သက်ဝေလတ်တော့ သူ့မိဘတွေနဲ့အတူ ထမင်းဆင်းစားတာကိုတွေ့လိုက်ရတယ်။ညစာထမင်းဝိုင်းမှာ သူဌေးဦးမင်းလတ်တို့စုံတွဲရယ်မမညိုနဲ့ သက်ဝေလတ်ပဲစားတာကိုတွေ့ရတယ်။နောက်တစ်ဝိုင်းဖြစ်တဲ့ ဒေါ်ခင်မိုးတို့မိသားစုထမင်းစားဝိုင်းမှာလဲ ဒေါ်ခင်မိုးနဲ့ သမီးဖြစ်သူ မနီလာတို့မိသားစုတွေပဲ စားခဲ့ကြတာ။ ဖူးငုံပွင့်မှာ ငုဝါရဲ့မနေ့ညကအဖြစ်အပျက်ကို တွေးလိုက်မိတိုင်း မိန်းမချင်းကိုယ်ချင်းစာမိပြီး စိတ်ထဲဘ၀င်မကျဖြစ်နေမိတယ်။ငုဝါတို့အခန်းရှေ့မှာ ဖူးငုံပွင့်ခြေစုံရပ်မိချိန်မှာပဲ အခန်းထဲကရှိုက်သံလိုအသံသဲ့သဲ့ကို ကြားလိုက်ရတာမို့ ရပ်ပြီးနားစွင့်မိပြန်တယ်။ အသံက တစ်ချက်တစ်ချက်မှကြားရတယ်ဆိုရုံ ကြားနေရခြင်းဖြစ်ပြီး ငိုသံရယ်လို့လဲမသဲကွဲပဲရှိတယ်။သူများလင်မယားအခန်းရှေ့မှာ ဆက်ပြီးရပ်မနေချင်တာမို့ ဖူးငုံပွင်ရပ်နေရာကထွက်ခဲ့လိုက်တယ်။အောက်ထပ် လှေကားကနေ အပေါ်ထပ်ကိုတက်လိုက်ရင် ဧည့်ခန်းကျယ်ကို စရောက်ပြီး အရှေ့ဘက်ကိုဆက်သွားရင် ဘုရားခန်းနဲ့စာကြည့်ခန်းရှိတယ်။ပြီးရင် အိမ်ရှေ့ဝရံဆီကိုသွားတဲ့စင်္ကြန်လမ်းလေးရှိတယ်။ဧည့်ခန်းရဲ့တောင်ဘက် စင်္ကြန်ဘေးကအခန်းသုံးခန်းကတော့ အဘိုးဦးအောင်ဒင်ရဲ့အခန်းရယ် ၊ဦးမင်းလတ်တို့ လင်မယားအခန်းနဲ့ ဒေါ်ခင်မိုးရဲ့အခန်းရှိတယ်။မမညိုရဲ့အခန်းကတော့ သက်ဝေလတ်တို့အခန်းနဲ့ဘေးချင်းကပ်အခန်းဖြစ်တယ်။အခန်းတွေက စင်္ကြန်လမ်းတွေခြားထားပြီး ဝင်္ကပါပုံစံမျိုးတွေ တည်ဆောက်ထားကြတယ်။ အဓိကကတော့ အခန်းတိုင်းမှာ ပြတင်းပေါက်ပါအောင် အခန်းဖွဲ့ထားတာဖြစ်တယ်။ဖူးငုံပွင့်ခြေကိုခပ်ဖွဖွနင်းရင်း မမညိုအခန်းရှေ့ဆီကိုလျှောက်သွားလိုက်တယ်။
~~~~~
မမညိုရဲ့ အခန်းရှေ့အရောက်မှာ.တံခါးခေါက်ရန် ဖူးငုံပွင့်လက်ရွယ်လိုက်ချိန်မှာပဲ အခန်းထဲက စကားသံခပ်တိုးတိုးကို ကြားလိုက်ရတာမို့ လက်ကိုအမြန်ပြန်ရုပ်လိုက်ရတယ်။
"ကျွန်တော်ကတော့ စိတ်မရှည်တော့ဘူး တီညိုရယ် .. ဘယ်အချိန်ထိ သည်းခံနေရမှာလဲ ..."
"ကိုသက်ရယ် မင်းကလဲစိတ်ရှည်ရှည်ထားမှပေါ့...သူကလူကြည့်တော့ ပျော့တိပျော့နွဲ့နဲ့ ခေါင်းကတော့မာသားပဲ...သူ့ကိုမြင်တော့ တစ်ခါတုန်းကလူတစ်ယောက်ကိုတောင်.သတိရသွားမိတယ်"
"ဘယ်သူလဲတီညိုရဲ့ "
" ပီတောက်စုရွာက အညာသားတစ်ယောက်ပါကွယ် .... တီညို တွေ့ခဲ့သမျှယောကျာ်းတွေထဲမှာတော့ အထူးဆန်းဆုံးယောက်ျားပဲ သိလား "
ကြားလိုက်ရတဲ့ စကားသံကြောင့် ဖူးငုံပွင့်ခန္ဓာကိုယ်လေးမှာ မတ်ခနဲဖြစ်သွားရပြီး ခန္ဓာကိုယ်ထဲက သွေးတွေပါတထိတ်ထိတ်တိုးလာသလို ခံစားလိုက်ရတယ်။
"ဘယ်လိုထူးဆန်းတာလဲ တီညိုရဲ့ ပြောပါအုံး ....ထူးထူးဆန်းဆန်းတွေဆို စိတ်ဝင်စားလို့ "
ကြားနေရတဲ့ သက်ဝေလတ်ရဲ့အသံက မြင်ဖူးနေကြ တင်းမာခက်ထန်တဲ့ မျက်နှာထားနဲ့ ဆန့်ကျင်လှစွာ ရွှင်မြူးနေခဲ့တယ်။ဖူးငုံပွင့်မှာလဲ မမညိုပြန်ဖြေမဲ့ စကားသံကို အသက်တောင်မရှူဝံ့ဘဲ နားစွင့်နေမိတယ်။
''ဘာထူဆန်းတာလဲဆိုတာကတော့ ပြောပြလို့မရဘူးတူလေး ရဲ့ ... ဒါကထိပ်တန်းလျှို့ဝှက်ချက်လေ ...ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ ပြောပြလို့မရသေးဘူး ...တူလေးသိပ်သိချင်နေရင်တော့ နာမည်လေးဖြစ်ဖြစ်ပြောပြရမလား ...နေပါအုံး နာမည်က ဘာပါလိမ့် ...မြင့်ဦးဆိုလားပဲ "
#တိမ်ခိုးဝေတဲ့နွေ
အပိုင်း(၇)
******
ဖူးငုံပွင့်ဓါတ်ပုံအယ်လ်ဘမ်ကိုဖွင့်လိုက်ပြီး တစ်ရွက်ချင်းလှန်ကြည့်လိုက်တယ်။ဓါတ်ပုံတွေ အများစုက မမညိုရဲ့အလှဓါတ်ပုံတွေဖြစ်ပြီး မြန်မာပြည်အနှံ့က နာမည်ကြီးနေရာတွေမှာရိုက်ထားတဲ့ပုံတွေဖြစ်တယ်။မမညိုက ဓါတ်ပုံတွေထဲမှာ အိုက်တင်အမျိုးမျိုးနဲ့ ရိုက်ထားပြီး သူမရဲ့အလှက လုံးကြီးပေါက်လှနဲ့ ညှို့ငင်နိုင်စွမ်းရှိတဲ့ အလှမျိုးဖြစ်တာကိုတွေ့ရတယ်။ မမညိုရဲ့အလှကယောက်ျားသားတွေကိုဆွဲဆောင်ညှို့ယူနိုင်တဲ့ အလှမျိုးဆိုတာကို ဖူးငုံပွင့်ကိုယ်တိုင် လက်ခံနိုင်ပေမဲ့ ဖခင်ဖြစ်သူနဲ့ပတ်သက်ခဲ့တာကိုတော့ လက်မခံနိုင်ဖြစ်နေမိတယ်။ပုံတွေတစ်ပုံချင်းကြည့်နေပေမဲ့လဲ ပိတောက်စုရွာပတ်ဝန်းကျင်နဲ့ ခပ်ဆင်ဆင်တူတဲ့ပုံမျိုးကိုပင် မတွေ့ရပေ။ဖူးငုံပွင့်စိတ်ဓါတ်ပင်ကျချင်လာမိတယ်။အယ်လ်ဘမ်သုံးလေးခုလုံးလဲ ကုန်လုနီးပါးဖြစ်နေခဲ့ပြီ။
"ဟင် "
ပုံကိုကြည့်ပြီး ဖူးငုံပွင့်လက်တွေတဆတ်ဆတ်တုန်လာမိတယ်။ဓါတ်ပုံက မမညိုတစ်ယောက်တည်းရိုက်ထားတဲ့ပုံမို့သိပ်မထူးဆန်းပေမဲ့ နောက်ခံရှုခင်းနဲ့ ဝတ်ထားတဲ့အဝတ်အစားကို ဖူးငုံပွင့်ချက်ချင်းမှတ်မိလိုက်တယ်။နောက်ခံရှုခင်းက ညောင်ပင်သာမြို့လေးရဲ့ မြို့ဝင်တံတားထိပ်မှာရိုက်ထားတာဖြစ်ပြီး အဝတ်အစားတွေက ဖခင်ကြီးနဲ့တွဲရိုက်ထားတဲ့ပုံထဲက အဝတ်အစားတွေဖြစ်တယ်။ နှစ်တွေအကြာကြီးကြည့်လာခဲ့တဲ့ပုံမို့ ပုံကိုမြင်လိုက်ရတာနဲ့ ဖူးငုံပွင့်ချက်ချင်းမှတ်မိလိုက်တယ်။ ဖူးငုံပွင့်ဓါတ်ပုံကိုကြည့်ရင်း အံကိုတင်းတင်းကြိတ်လိုက်မိတယ်။တကယ်ပဲဖခင်ဖြစ်သူဟာ မမညိုနဲ့ပတ်သက်ခဲ့လေသလားဆိုတာကို တွေးတောလို့မရနိုင်အောင်ဖြစ်နေမိတယ်။ ဒီအချိန်မှာဒီမေးခွန်းရဲ့အဖြေမှန်ကို မမညိုတစ်ယောက်တည်းပဲ ဖြေနိုင်ပေလိမ့်မယ် ။ ဒီအတွက်မမညိုခေါ် ဒေါ်ညိုညိုမာကို ပွင့်ပွင့်လင်းလင်းမေးလိုက်ဖို့ကို ဖူးငုံးပွင့်ဆုံးဖြတ်လိုက်ပြီး ပိန်သေးမမြင်အောင် မမညိုပုံကိုအယ်လ်ဘမ်ထဲကဆွဲထုတ်ယူလိုက်တယ်။
"ဒီအခန်းပြီးရင် ဘယ်အခန်းသွားရှင်းမှာလဲ ပိန်သေး ... တို့တွေမငုဝါတို့လင်မယားအခန်းကို တစ်ခါမှမရှင်းပေးရသေးဘူးနော် "
ဖူးငုံပွင့် ပိန်သေးကိုပြောလိုက်ရင်း ငုဝါအဖြစ်ကိုသတိရသွားတာမို့ မေးကြည့်လိုက်မိတယ်။
" မရှင်းရဘူးလေ မနွေရဲ့ ..ဒီအိမ်မှာ မမငုဝါတို့အခန်းကို ပိန်သေးတို့ ရှင်းစရာမလိုဘူးလေ ..မမငုဝါကိုယ်တိုင်ရှင်းတာ "
" ဟင် ...ဟုတ်လား ...မငုဝါပုံစံက သူဋ္ဌေးသမီးပုံစံလေးနော် ..သန့်ရှင်းရေးကိုယ်တိုင်လုပ်တာလား... တော်လိုက်တာ "
ဖူးငုံပွင့် စကားရောဖောရောနဲ့ထပ်မေးလိုက်တယ်။
'အင်း ဟုတ်တယ်လေ ..မမငုဝါက သူဌေးသမီးပါ ....သဘောလဲ ကောင်းတယ် ...အဲ့ဒါကြောင့် အစ်ကိုလေးက သိပ်ချစ်တာပေါ့ ...မမငုဝါကိုမျက်စိအောက်ကတောင် အပျောက်ခံတာမဟုတ်ဘူး .. ဘယ်သွားသွား မမငုဝါကိုခေါ်သွားတတ်တယ်... အောက်ထပ်မှာထမင်းဆင်းစားတာပဲဖြစ်ဖြစ် ...ခြံထဲဆင်းတာကအစ မမငုဝါနောက်ကလျှောက်လိုက်နေတတ်တာ မနွေရဲ့ ..ပိန်သေးတော့ အစ်ကိုလေးနဲ့မမငုဝါလက်ထပ်ပြီးသုံးလအတွင်းမှာ မမငုဝါတစ်ယောက်တည်း အခန်းပြင်ထွက်တာကိုတောင် မမြင်ဖူးဘူး ... အစ်ကိုလေးသဝန်တိုချက်များ မမငုဝါက ပိန်သေးတို့ကိုပြုံးပြနှုတ်ဆက်ရင်တောင် မကြိုက်ဘူး မျက်နှာကြီးကချက်ချင်းစူပုတ်သွားတတ်တယ်သိလား "
"ဟင် ...တကယ် အဲ့လိုကြီးလား ပိန်သေးရဲ့ ...လွန်လိုက်တာ "
ပိန်သေးစကားကို ဖူးငုံပွင့် ပြန်ပြောလိုက်ရင်း စိတ်ထဲမှာ အလိုမကျသလိုဖြစ်သွားမိတယ်။
" ဒါဆို ... မငုဝါကို ပိန်သေးတို့ စကားမပြောဖူးဘူးပေါ့ "
" အင်း ..တစ်ခါပြောဖူးတယ် ... အဲ့ဒီနေ့က အစ်ကိုလေးအပြင် သွားနေတုန်း မမလေးငုဝါကို ထမင်းစားဖို့ သွားခေါ် မိတာလေ ..မမလေးငုဝါကလဲ လိုက်လာပြီး ပိန်သေးကိုအသက်ဘယ် လောက်ရှိပြီလဲ ဘာညာမေးနေတုန်းမှာ... အစ်ကိုလေးပြန်ရောက်လာလို့ ...ဆူတာခံလိုက်ရတယ်လေ "
"ဟုတ်လား ...ဒါနဲ့ မငုဝါရဲ့မိဘတွေရော ...လာမလည်ကြဘူးလား "
ဖူးငုံပွင့်ရဲ့အမေးကြောင့် ပိန်သေးက အခန်းပြင်ကိုလှမ်းကြည့်လိုက်ပြီးမှ တိုးတိုးကြိတ်ကြိတ်ပြန်ဖြေတယ်။
" မမငုဝါက မိဘတွေမရှိကြတော့ဘူးလေ မနွေရဲ့ ....ဦးလေးနဲ့ နေတာလေ ..မမငုဝါရဲ့ဦးလေးကတော့ မကြာခဏလာတယ် ... ကြည့်ရတာ မမညိုနဲ့ ကြိုက်နေတာထင်ထယ် "
"ဟုတ်လား "
ပိန်သေးရဲ့စကားကြောင့် ဖူးငုံပွင့်မှာ ငုဝါနဲ့ပတ်သက်ပြီး အတွေးလွန်နေမိတာကို ခေါင်းထဲက ထုတ်ပစ်လိုက်ရတယ်။ဘာပဲဖြစ်ဖြစ် ညကျရင်မမညိုကိုဖွင့်မေးလိုက်ပြီး နောက်ရက်မှာပြန်ဖို့ကိုပဲဆုံးဖြတ်လိုက်တော့တယ်။
" ဒါနဲ့ ... မနွေတို့လဲ ပိန်သေးတို့လို အရမ်းဆင်းရဲတာလားဟင် .. မနွေဝတ်တဲ့အင်္ကျီတွေက မနွေရဲ့အမေအင်္ကျီတွေလား ..မနွေလဲ မမလေးငုဝါနဲ့ မနီလာတို့လိုမျိုးအဝတ်အစားကောင်းကောင်းဝတ်ရရင် သူတို့လိုချောမယ်ထင်တယ်နော် "
ပိန်သေးပြောမှ ဖူးငုံပွင့်လဲ ကိုယ့်ကိုယ်ကိုယ်ကြည့်မိတော့တယ်။ဖူးငုံပွင့်ပုံစံက ပိန်သေးမေးမယ်ဆိုလဲ မေးချင်စရာလေ။ ဒေါ်ညိုညိုမာခေါ်ရာနောက်ကို အားချင်းထလိုက်လာရတော့ ယူစာရာအဝတ်အစားမရှိတာနဲ့ပဲ ဒေါ်လေးငယ်ငယ်ကဝတ်ခဲ့တဲ့ အဝတ်ဟောင်းလေးငါးစုံကို မသိအောင်ထည့်ယူလာခဲ့ရတာလေ။ဖူးငုံပွင့်က အဝတ်အစားကိုတစ်ထည်ကောင်းဝတ်တတ်သူဆိုတော့
ထုရိုက်သံလိုမျိုးအသံခပ်သဲ့သဲ့ကိုထပ်ကြားလိုက်ရပြီး ရှိုက်သံသဲ့သဲ့ကိုပါ ကြားလိုက်ရတယ်။ အသံတွေကိုနားထောင်နေမိပြီး ဖူးငုံပွင့် ရှေ့ကိုခြေလှမ်းမဆက်နိုင်ဘဲ သတိလက်လွတ်နဲ့ ရပ်တန့်နားစွင့်နေမိတယ်။အဲ့ဒီအချိန်မှာပဲအခန်းတံခါးက ဝုန်းခနဲမြည်ကာပွင့်လာခဲ့ပြီး အခန်းထဲကနေ သက်ဝေလတ်ထွက်လာတာကိုတွေ့လိုက်ရတယ်။
သက်ဝေလတ်က အခန်းရှေ့ကစင်္ကြန်လမ်းမှာရပ်နေတဲ့ ဖူးငုံပွင့်ကို ဖြုန်းခနဲတွေ့လိုက်ရတော့ ပထမတော့ထိတ်လန့်ကြောင်အသွားသလိုရပ်ကြည့်နေပြီးမှ သတိပြင်ဝင်လာပြီး ဒေါသတကြီးနဲ့ အော်လိုက်တယ်။
"ဟဲ့ ...နင်က ဒီမှာဘာရပ်လုပ်နေတာလဲ ..."
သက်ဝေလတ်ရဲ့ အမေးကြောင့် ဖူးငုံပွင့်လဲရုတ်တရက် ဘာဖြေရမှန်းမသိဖြစ်သွားပြီးမှ ကမန်းကတန်းပြန်ဖြေလိုက်ရတယ်။
"ဟုတ် ...ဟုတ်ကဲ့ ..အဘိုးကိုဆေးတိုက်ဖို့သွားမလို့ပါ ..."
"အေး ..သွားစရာရှိတာသွားလေ ...ဘာရပ်လုပ်နေတာလဲ ... အလုပ်သမားက အလုပ်သမားလို နေ .. မစပ်စုနဲ့ ကြားလား .. သွား "
"ဟုတ်..ဟုတ်ကဲ့ပါ အစ်ကိုလေး "
ဖူးပုံပွင့် အသံတုန်တုန်နဲ့ ပြန်ဖြေလိုက်ရင်း ခပ်ဟဟပွင့်နေတဲ့ သက်ဝေလတ်တို့အခန်းထဲကို မျက်လုံးထောင့်ကပ်ပြီးကြည့်လိုက်မိတယ်။ အဲ့ဒီအခါအခန်းထဲမှာလဲကျနေတဲ့ငုဝါကို တစ်စွန်းတစ်စလှမ်းတွေ့လိုက်ရတာမို့ ရှေ့ဆက်လှမ်းဖို့ ပြင်နေတဲ့ ခြေလှမ်းတွေပင် တုံ့ခနဲပြန်ဖြစ်သွားရတယ်။
"သားကြီးကိုသက် ဘာဖြစ်နေကြတာတုန်း ... သားအော်လိုက်တာ တီညို့အခန်းထဲကတောင် ကြားရတယ် "
ဖူးငုံယောင်ယမ်းပြီး ခြေလှမ်းတွေကို ရပ်တန့်မိလိုက်ချိန်မှာပဲ ဒေါ်ညိုညိုမာတစ်ယောက်အသံစာစာနဲ့ပြောရင်း ဖူးငုံတို့အနားကို ရောက်လာခဲ့တယ်။
"ဒီမှာလေ ...တီညိုခေါ်လာတဲ့ အလုပ်သမားပေါ့... အခန်းရှေ့မှာရပ်နေလို့ မေးနေတာ "
"ဟင် ..ဟုတ်လား မိနွေ...နင်က သူများလင်မယားအခန်းရှေ့မှာ ဘာရပ်လုပ်နေတာလဲ ...ကောင်မ နော် ပြောထားတဲ့ကြားကမထနဲ့ ....ညိုညိုမာကိုဘာမှတ်နေလဲ ..ညိုမာတို့က သဘောကောင်းရင်သူများထက်ကောင်းပြီး ဆိုးရင်လဲသူများထက်ဆိုးတယ်နော်...အိမ်ဖော်ကအိမ်ဖော်လိုနေ.. ရှုပ်ရှုပ်ယှက်ယှက်လာမလုပ်နဲ့ ... သွားစမ်း ..အခုချက်ချင်း ဒီနေရာက ထွက်သွားစမ်း "
" ဟုတ် .. ဟုတ်ကဲ့ပါ မမညို"
ဒေါ်ညိုညိုမာရဲ့ စကားတွေကြောင့် ဖူးငုံပွင့်အသားတွေ ဆိုးဆိုးဆတ်ဆတ်တုန်အောင် ဒေါသထွက်သွားမိပေမဲ့ စိတ်ကို ပြန်ထိန်းလိုက်ပြီး ကျောခိုင်းကာ ထွက်ခဲ့လိုက်တယ်။
" ကိုသက် တူလေးလာခဲ့...စိတ်ကိုထိန်းမှပေါ့ကွယ် ..သူဘာမှမပြောဘူးမဟုတ်လား ..တော်တော် အကြောတင်းတဲ့ဟာမလေး....."
"အေးဆေးပါတီညိုရယ်.. ဒီဟာမ ဘယ်လောက်အကြောတင်းနိုင်မလဲ ..မကြာတော့ပါဘူး "
ဖူးငုံပွင့်ကျောခိုင်းထွက်လာခဲ့ချိန်မှာ နောက်မှာကျန်ခဲ့တဲ့ ဒေါ်ညိုညိုမာတို့တူအရီးဆီကနေ စကားသံအချို့ ကိုကြားလိုက်ရတယ်။
~~~~~~
"အဘိုး ဆေးသောက်မယ်နော် .."
"အင်း ...အင်း "
ဦးအောင်ဒင်ကို အသာထိန်းပေးရင်း ဆေးကိုတိုက်လိုက်တယ်။ဦးအောင်ဒင်က စကားသံပီပီသသမပြောနိုင်၊လမ်းမလျှောက်နိုင်ပေမဲ့ လက်တွေကိုတော့လှုပ်ရှားနိုင်တယ်။လူမမာ တစ်ယောက်အနေနဲ့ ညရေးညတာမှာ ဘေးနားမှာအဖော်မရှိတဲအဖြစ်က သနားစရာတော့ကောင်းလှတယ်။ဘေးချင်းကပ်အခန်းနှစ်ခန်းမှာ သားကြီးဖြစ်တဲ့ဦးမင်းလတ်တို့ဇနီးမောင်နှံနဲ့သမီးဖြစ်သူ ဒေါ်ခင်မိုးရဲ့အခန်းတော့ရှိတယ်။ ဒါပေမဲ့ဘာသံကြားကြား ဂရုမစိုက်ဘဲနဲ့နေကြတာမို့ နေလဲနေနေပဲလေ။ဖခင်ကြီးအတွက် အားမှမကိုးရတာ။ ဒီလောက် ငွေတွေ ချမ်းသာနေပါရဲ့နဲ့ကိုယ်တိုင်မပြုစုချင်လဲ လူနာစောင့်ရှောက်နိုင်တဲ့ တစ်ယောက်လောက်ခေါ်ထားပေါ့။အခုတော့ဖူးငုံပွင့်တို့လို့ ဘုမသိဘမသိသူတွေပဲ ကြုံရာလူက ကြုံသလိုထမင်းကျွေးဆေး တိုက်လုပ်ပေးနေကြရတာ။ခန္ဓာကိုယ်သန့်ရှင်းရေးကိုတော့ ဒေါ်ခိုင်နဲ့ညှပ်စိနဲ့က လုပ်ပေးကြတာ။ သားသမီးတွေနဲ့ မြေးတွေက အခန်းထဲကို တစ်နေ့တစ်ခေါက်တောင်ဝင်ကြည့်ဖော်ရကြတာမဟုတ်ဘူး။ မြင်ရတွေ့ရတာ စိတ်မချမ်းသာစရာကောင်းတာတော့ အမှန်ပါပင်။
"ဟွန်း ....ဟွန်း ...ပိ..ပိ ဒေါင်း ..."
"ရှင် .. အဘိုး .ဘာပြောတာလဲဟင် "
ဦးအောင်ဒင်ဆီမှ မပီမသ စကားပြောသံထွက်လာတာမို့ ဖူးငုံပွင့် ဂရိုစိုက်နားစွင့်ပြီးပြန်မေးလိုက်မိတယ်။
"ဘာလုပ်ချင်လို့လဲ အဘိုး ...ဗိုက်ဆာလို့လား ... "
" ဘိ ...ဘိဒေါင်း ... ဘီဒေါက်စု ''
'' ရှင် .. ပိတောက်စုဟုတ်လား "
ဦးအောင်ဒင်ရဲ့ နှုတ်ဖျားက ထွက်လာတဲ့ မပီမသစကားသံကိုနားထောင်ပြီး ဖူးငုံပွင့်ရင်ထဲဒိန်းခနဲခုန်လှုပ်သွားမိတယ်။ဦးအောင်ဒင်က ဘာပြောချင်တာလဲဆိုတာကို ဖူးငုံပွင့်သေချာနားမလည်ပေမဲ့ ဖူးငုံပွင့်ရဲ့ နားထဲမှာတော့ "ပိတောက်စု" လို့ ကြားလိုက်မိတာမို့ ရင်တွေ ဒိန်းခနဲဆောင့်ခုန်သွားရခြင်းဖြစ်တယ်။ဖူးငုံပွင့် ရင်တုန်တုန်နဲ့ နောက်ထပ် ထပ်မေးလိုက်ပေမဲ့ ဦးအောင်ဒင်ဆီက စကားသံထပ်မထွက်လာတော့ဘဲတိတ်ဆိတ်သွားခဲ့တယ်။
.~~~~~~
"ပိန်သေးနဲ့အတူ ကျွန်မဝိုင်းလုပ်ပေးလိုက်ပါ့မယ် ..ဒေါ်ခိုင် "
" အင်း ...အင်း .....မောင်ခက် အတွက်ပြင်ထားတဲ့ အခန်းကိုလဲ သေချာလေးပြင်ပေးထားလိုက်အုံး...ရက်သေချာမသိပေမဲ့ ဒီရက်အတောအတွင်း ပြန်လာမှာတဲ့ "
"ဟုတ်ကဲ့ ဒေါ်ခိုင် "
~~~~~~
"ဒီမှာ အပင်ပန်းဆုံးအခန်းကတော့ ပတ္တမြားနဲ့ကျောက်စိမ်းရဲ့အခန်းပဲ မနွေရဲ့ ... သူတို့နှစ်ယောက်ကသိပ်ဖွကြတာ...မုန့်တွေ နေကြာစေ့ခွံတွေဆိုတာ အမြဲပွနေတာလေ "
ပိန်သေးပြောနေတာတွေကို ဖူးငုံပွင့်ဂရုမစိုက်နိုင်အားဘဲ ဟိုဒီ ဝေ့ဝဲကြည့်လိုက်ရင်း
" သူဋ္ဌေးတွေက ဘယ်အချိန်ပြန်လာကြမှာလဲ ပိန်သေး ..အခန်းရှင်းချိန်ရောရရဲ့လား...မမညိုအခန်းကစပြီး ရှင်းကြမလား "
" ညနေမှပြန်လာကြမှာလေ မနွေရဲ့ ..တစ်ခါတစ်လေတော့ နေလယ်လောက်တစ်ခေါက်ပြန်လာတတ်တယ် ..ဒါပေမဲ့ ...နေ့လယ်ခင်းထမင်းချိုင့်ကို ကားဆရာကြီးက လာပြန်ယူတာမို့ ပြန်လာတာရှားပါတယ်လေ "
ပိန်သေးရဲ့စကားကြောင့် ဖူးငုံပွင့်စိတ်ထဲလှိုက်ခနဲပျော်သွားတာကို ဟန်မပျက်အောင် ထိန်းလိုက်ပြီးပြန်မေးလိုက်တယ်။
"ဪ ... ဟုတ်လား ....ဘယ်တွေသွားကြတာလဲ "
" အလုပ်လေ မနွေရဲ့ ....ဘဘကြီးနဲ့ အစ်ကိုလေးတို့လင်မယားက ကုမ္ပဏီဆိုလားဘာလား မခေါ်တတ်ပါဘူး မနွေရယ်..ကြီးကြီး ဝေနဲ့မမညိုကအထည်ဆိုင်ဖွင့်ထားတာလေ ..ကြီးကြီးခင်က စတိုးဆိုင်ဖွင့်ထားတာ ...မမနီလာတို့က စားသောက်ဆိုင်ဖွင့်ထားတာ "
" ဪ "
ပိန်းသေးပြောတာကို ကြားလိုက်ရတော့မှ သုမမြိုင်စံအိမ်က မိသားစုဝင်တွေအားလုံး ဒေါ်ညိုညိုမာပြောသလို အလုပ်ကိုယ်စီနဲ့ပါလားလို့ တွေးလိုက်မိပြန်တယ်။
ဒေါ်ညိုညိုမာရဲ့ အခန်းထဲကို သန့်ရှင်းရေးလုပ်နေရချိန်မှာ ဖူးငုံပွင့်စိတ်တွလှုပ်ရှားနေမိတယ်။အခန်းတွင်း အပြင်အဆင်က ခေတ်မီလှပပေမဲ့ သပ်ရပ်မှုတော့ မရှိလှ။ချိတ်တန်းမှာ ချိတ်ထားတဲ့ အဝတ်အစားတွေကဖရိုဖရဲ။ ခုတင်ပေါ်မှာ ပုံချထားတဲ့ ဝတ်စုံအချို့ကိုလဲတွေ့ရပြန်တယ်။
"မမညိုက ဒီလိုပဲမနွေရဲ့...အဝတ်အစားဝတ်ခါနီးရင် အကုန်ဖွပစ်တတ်တာ ..အပျိုကြီး ပီပီလှချင်တာတအားပဲ..."
"ဟုတ်လား...ဒါနဲ့ ပိန်သေး ဒီမှာ အလုပ်လုပ်တာ ဘယ်လောက်ကြာပြီလဲဟင် "
" ကြာပြီလေမနွေ ...ပိန်သေး အသက်(၁၅)နှစ်တုန်း ဒီကို စရောက်လာတာလေ "
" ဪ ..ဟုတ်လား..အဲ့ဒီအချိန်ကလဲ မမညိုမှာရည်းစားမရှိတာလား "
"သိပ်တော့ မမှတ်မိပါဘူး ...ဒါပေမဲ့ မမညိုဆီကို ယောကျာ်းဧည့်သည်တွေ ခဏခဏလာကြတယ် ... လာသမျှလူတိုင်ကလဲ ကားအကောင်းစားကြီးတွေနဲ့ လာကြတာမနွေရဲ့သိလား ...ဘိုးဘိုးကြီးလေမဖြတ်ခင်ကဆိုရင် မမညိုရဲ့ ဧည့်သည်တွေလာတိုင်း ဘိုးဘိုးကြီးကတအားဆူတာ ..ဒါပေမဲ့ မမညိုက ဘိုးဘိုးကြီးကိုပြန်အော်ပစ်တာသိလား "
"ဟုတ်လား "
ပိန်သေးရဲ့စကားကြောင့် ဖူးငုံပွင့် အံ့သြသွားရတယ်။ တကယ်ဆိုရင် ဒေါ်ညိုညိုမာက အစ်မဖြစ်သူရဲ့ အရှိန်အဝါနဲ့ ခဲအိုအိမ်မှာလိုက်ကပ်နေရသူမဟုတ်လား။ဒါပေမဲ့ တွေ့မြင်ရသလောက်တော့ ဒေါ်ညိုညိုမာက သုခမြိုင်မှာ သြဇာအာဏာတော့ ရှိပုံရတယ်။
"မမညိုက အသက်ကြီးပေမဲ့သိပ်ချောနေတုန်းပဲနော် ပိန်သေး ... ဟိုအရင်ကဆို ဒီထက်ပိုချောမယ်ထင်တယ်... မမညိုငယ်ငယ်ကပုံတွေဘာတွေ ပိန်သေးမြင်ဘူးလား "
" ဟုတ်တယ် ..ချောတယ်မနွေရဲ့ ... မမညိုအရင်ကပုံတွေ ဓါတ်ပုံအယ်လ်ဘမ်ထဲမှာရှိတယ်လေ ... ဟိုမှာလေ မမညိုရဲ့ ဓါတ်ပုံအယ်လ်ဘမ်ကြီး .. မနွေ မယုံရင်ကြည့်ကြည့်ပါလား "
" ဘယ် ..ဘယ်လို ..ဓါတ်ပုံအယ်လ်ဘမ်ဟုတ်လား... "
ဖူးပုံပွင့်အထစ်ထစ်အငေါ့ငေါ့နဲ့ ပြန်ပြောလိုက်ရင်း ဓါတ်ပုံအယ်လ်ဘမ်ရှိရာဆီကို လျှောက်သွားလိုက်မိတယ်။အဲ့ဒီအချိန်မှာပဲ အခန်းပြင်က ခြေသံပြင်းပြင်း ကြားလိုက်ရပြီး
"ပိန်သေးတို့ ဒီအခန်းကို ဘယ်လောက်ကြာအောင် ရှင်းနေကြမှာလဲပြော ....ဟိုမှာ အဘိုးကြီးအော်နေပြီသွားလိုက်ကြအုံး....တကယ်ပဲ လေးပင်နေကြတာပဲ... အလုပ်တွေကတစ်ပြုံတစ်ခေါင်းကြီးကျန်သေးတယ် ကြားကြရဲ့လား "
" ဟုတ် .. ဟုတ်ကဲ့ပါ ဒေါ်ခိုင် ... နွေသွားလိုက်ပါ့မယ်ရှင် "
လက်ထဲရောက်နေပြီဖြစ်တဲ့ ဓါတ်ပုံအယ်လ်ဘမ်ကို မချင့်မရဲနဲ့ ပြန်ချခဲ့လိုက်ပြီး ဖူးငုံပွင့် အပေါ်ထပ်ကိုတက်ခဲ့ရတော့တယ်။
~~~~~
သက်ကြီးရွယ်အိုတစ်ယောက်ကို ပြုစုပေးရတာကိုဖူးငုံပွင့်မငြိုငြင်ချင်ပေမဲ့ လာရင်းရည်ရွယ်ချက်တွေပျောက်ဆုံးပြီး လူမမာအိုကြီးနားမှာနေရတာကိုတော့ စိတ်ညစ်စိတ်ရှုပ်မိတာ အမှန်ပင်။ အားလပ်ချိန်လေးများ ဒေါ်ညိုညိုမာ့အကြောင်း စုံစမ်းရမလားမှတ်တယ်။လူမမာအိုကြီးကိုပဲပြုစုနေရတော့ အရာရာကို လက်လျှော့ပြီး ပြန်ပြေးချင်စိတ်ပါဖြစ်လာမိတယ်။ဒီလိုပုံစံနဲ့ တစ်လပြည့်သွားရင် အဒေါ်ဖြစ်သူကို ဆက်လိမ်ဖို့က အဆင်မပြေနိုင် လောက်တော့။ အခုတောင် သုံးရက်အတွင်းမှာ လူလစ်ရင်လစ်သလိုဖုန်းဆက်ပြီး မနည်းရှင်းပြနေရတာ။
"ဖြန်း "
ဖြန်းခနဲ ကြားလိုက်ရတဲ့ ခပ်ပြင်းပြင်းရိုက်သံကြောင့် စင်္ကြန်လမ်းမှာလျှောက်နေတဲ့ ဖူးငုံပွင့်ရဲ့ခြေလှမ်းတွေရပ်တန့်သွားရတယ်။အသံလာရာအခန်းကို စောင်းငဲ့ကြည့်လိုက်တော့ သက်ဝေလတ်တို့ဇနီးမောင်နှံရဲ့ အခန်းထဲကဖြစ်နေတယ်။အခန်းနဲ့မလှမ်းမကမ်းမှာ ဖူးငုံပွင့်ရပ်ပြီး နားစွင့်မိလိုက်ချိန်မှာပဲ
#တိမ်ခိုးဝေတဲ့နွေ
အပိုင်း (၆)
******
အခန်းထဲမှာ ချဉ်စုတ်စုတ် အောက်သိုးသိုးအနံ့တွေရနေပြီး ခေါင်းတွေပါထိုးကိုက်ချင်သလို ဖြစ်လာတယ်။သားသမီးနဲ့ မြေးမြစ်တွေအထိရှိပါရဲ့နဲ့ လူအိုကြီးတစ်ယောက်ရဲ့ ဘ၀နေ၀င်ချိန်ကမြင်ရတာ စိတ်မချမ်းသာစရာပါပင်။ကြည့်ရတာ အဘိုးကြီးရဲ့ အခန်းထဲမှာ ငါးမိနစ်ပြည့်အောင်ပင် နေဖူးကြပုံမရပေ။ဖူးငုံပွင့် မနေနိုင်တော့တာမို့ အခန်းထဲလှည့်ပတ်ကြည့်ရင်း တစ်ခန်းလုံးအနှံ့လှည်း.ကျင်းသန့်ရှင်းလိုက်တယ်။ဖူးငုံပွင့်က မိဘအပေါ် ပြုစုလုပ်ကျွေးရမဲ့ကံနည်းပါးခဲ့လို့ မိဘတွေနဲ့ စောစီးစွာခွဲခွါခဲ့ရပေမဲ့ သွေးမတော်သားမစပ်သူဘွားကြည်ကို ပြုစုစောင့်ရှောက်ပေးခဲ့ဖူးတာမို့ လူအိုတစ်ယောက်ကို ပြုစုစောင့်ရှောက်ရမဲ့နည်းတွေကို အနည်းငယ်နားလည်နေခဲ့တယ်။
"အဘိုး နေရတာသက်သာရဲ့လားဟင် ... အဘိုးလိုချင်တာရှိရင် သမီးကိုပြောနော် "
" အင်း .. အင်း "
ဖူးငုံပွင့်ကပြောလိုက်တော့ မပီမသအသံနဲ့ ပြန်ပြောနေတာမို့ ဦးအောင်ဒင်ရဲ့ အနားကိုကပ်ပြီးဖူးငုံပွင့်နားထောင်လိုက်ရတယ်။
"ဟုတ်ကဲ့ ..ဘာပြောတာလဲဟင် အဘိုး ...ဗိုက်ဆာလို့လား ..ဘာစားချင်လဲ "
ဖူးငုံပွင့်က ဒုတိယအကြိမ်မြောက်ထပ်မေးလိုက်ချိန်မှာ ဦးအောင်ဒင်က နှုတ်ခမ်းလှုပ်ရုံနဲ့ မပီမသထပ်ပြောပြန်တယ်။
"အင်း ...ရေ...ရေ .. "
အဘိုးအိုကြီးပြောတာကို ဖူးငုံပွင့် သေချာနားထောင်လိုက်ပြီး
"ရေလား အဘိုး ...မဟုတ်ဘူးလား ....ရေ..ရေနွေးကြမ်းလား "
ဖူးငုံပွင့်ရဲ့ မေးသံအဆုံးမှာ ဦးအောင်ဒင်က ခေါင်းငြိမ့်ပြတာမို့ ဖူးငုံပွင့်မှာဝမ်းသာသွားမိတယ်။
"ခဏစောင့်နော် အဘိုး ... သမီး သွားယူပေးပါမယ် "
ဦးအောင်ဒင်ရဲ့ အခန်းထဲက ဖူးငုံပွင့်ထွက်လာခဲ့ရင်း စိတ်ထဲမှာ တစ်စုံတစ်ခုကို တွေဝေစဉ်းစားနေမိတယ်။ ဒီအတွေးက မရေရာလှဘူးဆိုပေမဲ့ အဘိုးကြီးဦးအောင်ဒင်ကို ဖူးငုံပွင့်စိတ်ထဲမှာတွေ့မြင်ဖူးသလိုလိုခံစားနေရခြင်းဖြစ်တယ်။ဘယ်နေရာမှာ တွေ့ကြံဖူးလဲဆိုတာကို သေချာစဉ်းစားကြည့်ပြန်တော့လဲ အဖြေကမရေမရာ ဖြစ်သွားရပြန်တယ်။
"ဟဲ့ ..မိနွေ ....ညည်းက ဘယ်သွားနေတာလဲ ...ဟိုမှာ သားကြီးတို့ အလုပ်သွားတော့မှာလေ ...ခြံတံခါးဖွင့်ရမှာနင့်အလုပ်လေ မသိဘူးလား "
ဖူးငုံပွင့် အောက်ထပ်ကိုပြန်ဆင်းလာချိန်မှာပဲ အောက်ထပ် ဧည့်ခန်းကနေလှမ်းအော်လိုက်တဲ့ ဒေါ်ဝေဝေမာရဲ့ အသံကိုကြားလိုက်ရတယ်။ဒေါ်ဝေဝေမာရဲ့အသံကြောင့် ဖူးငုံပွင့်ခြံတံခါးပေါက်ဆီကို ပြေးရပြန်တယ်။
~~~~~
တံခါးပေါက်ဆီကိုရောက်တော့ခြံတံခါးဖွင့်နေချိန်မှာပဲ ကားကတံခါးဝနားရောက်လာတာမို့ ဖူးငုံ ပွင့်ခေါင်းကိုညွှတ်ကာနှုတ်ဆက်လိုက်ရင်း ကားဆီကိုအမှတ်တမဲ့ကြည့်လိုက်မိတယ်။
"ဟင် " ဖူးငုံပွင့်လှမ်းကြည့်လိုက်ချိန်မှာ အမှတ်တမဲ့မြင်လိုက်ရတဲ့ငုဝါဆိုတဲ့သူဋ္ဌေးချွေးမရဲ့ နီရဲမို့အစ်နေတဲ့မျက်နှာကိုကြည့်ပြီး လန့်သွားမိတယ်။မနေ့ကမှ ချောမွေ့လှပနေခဲ့တဲ့ မျက်နှာလေးက ဒီနေ့တော့ ယောင်အမ်းမို့အစ်နေခဲ့တာဖြစ်တယ်။ ပြီးတော့ ဖူးငုံပွင့်ကို အမှတ်တမဲ့လှမ်းကြည့်လိုက်တဲ့သူမရဲ့မျက်ဝန်းတွေထဲမှာ စိုးထိတ်အားငယ်နေတဲ့ ပုံရိပ်တွေကို တွေ့မြင်လိုက်ရတယ်။ဝေါခနဲ မောင်းထွက်သွားတဲ့ ကားကို ကြည့်ပြီးဖူးငုံပွင့်ဘာရယ်မဟုတ် ခေါင်းကိုခါယမ်းလိုက်မိတယ်။
~~~~
"ဟဲ့ မိနွေ ...ညည်းအေတံခါးဖွင့်နေတာကြာလိုက်တာဟယ် ....အမြန်ဖွင့်စမ်းပါဟဲ့ ... ဒီမှာအချိန်နောက်ကျနေပြီ "
ထုံးစံအတိုင်း အပြစ်မပြောရရင် မကျေနပ်တဲ့ဒေါ်ညိုညိုမာက အော်ကြီးဟစ်ကျယ်နဲ့ လှမ်း အော်တာမို့ ဖူးငုံပွင့်အသက်ရှုချိန်တောင်မရဘဲ တံခါးကို အသည်းအသန် ဖွင့်ရပြန်တယ်။ ဒီနေ့တော့ ကားကိုဒေါ်ညိုညိုမာကိုယ်တိုင်မောင်းတာဖြစ်ပြီး ကြီးကြီးဝေခေါ် ဒေါ်ဝေဝေမာကိုပါ ကားပေါ်မှာတွေ့လိုက်ရတယ်။
"ညည်းအေ အလုပ်လုပ်တာသိပ်နှေးတာပဲ ...ဒီပုံစံအတိုင်းဆိုရင် တစ်လမပြည့်ခင် အလုပ်ပြုတ်လိမ့်မယ် ... ညည်းကို ငါတာဝန်ယူပြီးခေါ်လာခဲ့ရတာ .. အလုပ်ကို သေချာလုပ်စမ်းပါအေ ''
တဖျစ်တောက်တောက် ပြောဆိုပြီးထွက်သွားတဲ့ ဒေါ်ညိုညိုမာတို့ကားထွက်သွားပြီးတော့ ဖူးငုံပွင့်ခြံတံခါးပိတ်ဖို့ပြင်နေချိန်မှာပဲ ကားဟွန်းတီးသံတွေကြားလိုက်ရပြီး ဆင်၀င်လမ်းအတိုင်းမောင်းထွက်လာတဲ့ ကားနှစ်စီးကိုတွေ့လိုက်ရတာမို့ ဖူးငုံပွင့်မှာ ပိတ်လက်စတံခါးကို အမြန်ပြန်ဖွင့်ရပြန်တယ်။
"ဟဲ့ ... ငါ့ကလေးတွေ အခန်းထဲမှာရှင်းပေးထားအုံး ကြားလား ."
"ဟုတ်..ဟုတ်ကဲ့ ...."
ရှေ့ကကားပေါ်ကနေ လှမ်းအော်ပြောလာတဲ့မနီလာကို ဖူးငုံပွင့်ခပ်မြန်မြန်ပဲ ခေါင်းငြိမ့်ပြလိုက်ရတယ်။နောက်က ကားထဲမှာတော့ကြီးကြီးခင်ခေါ် ဒေါ်ခင်မိုးကိုယ်တိုင် ကားမောင်းလာတာကို တွေ့လိုက်ရတယ်။ဒေါ်ခင်မိုးက ဖူးငုံပွင့်ကို စူးစူးရဲရဲတစ်ချက်ကြည့်သွားပြီး မျက်နှာလွှဲသွားခဲ့တယ်။
ဒေါ်ခင်မိုးရဲ့ ကားထွက်သွားပြီးတော့မှ ဖူးငုံပွင့်ခြံတံခါးကို စိတ်ချလက်ချပိတ်လိုက်ရတော့တယ်။သူဌေးဦးမင်းလတ်က မနက်စောစောကတည်းက ကား ဆရာနဲ့အတူထွက်သွားပြီဖြစ်လို့ သုခမြိုင်စံအိမ်ကြီးမှာ အဘိုးအိုကြီးဦးအောင်ဒင်နဲ့ ဖူးငုံပွင့်တို့ပဲ ကျန်ခဲ့တော့တာဖြစ်တယ်။
"ညည်း ဒီအိမ်မှာအလုပ်မြဲချင်ရင် အရိပ်အကဲကိုသိပါ...ဒီလူမမာကြီးက ငါ့အဖေပဲ .. တစ်ခုခုဆိုရင် ငါ့ကိုပြောပြဖို့လဲမမေ့နဲ့ ကြားလား ..ညိုညိုမာဆိုတာ ..ဒီအိမ်မှာလာကပ်နေတဲ့သူပဲ ... ငါ့အဖေ ကိစ္စက သူနဲ့ဘာမှမဆိုင်ဘူးကြားရဲ့လား "
" ဟုတ် ..ဟုတ်ကဲ့ပါ ကြီးကြီးခင် "
အသားလွတ်ကြီး ဆူပူပြောဆိုသွားတဲ့ ဒေါ်ခင်မိုးကို ကြည့်ပြီး ဖူးငုံပွင့်သက်ပြင်းမောကိုချလိုက်မိတယ်။ဘယ်သူတွေဘာပြောပြော ဖူးငုံပွင့်ရဲ့လာရင်းကိစ္စက ဒေါ်ညိုညိုမာရဲ့ အကြောင်းကိုပဲ သိချင်တာမို့ တခြားအကြောင်းအရာတွေကို ခေါင်းထဲမထည့်ဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။ဖူးငုံပွင့်သာ ဒီလိုမျိုး အိမ်ဖော်အဖြစ်အလုပ်လုပ်နေရတာကို ဒေါ်လေးတစ်ယောက်သိသွားခဲ့ရင် ဘာတွေဆက်ဖြစ်မလဲ ဆိုတာကို တွေးတောင်မတွေးရဲဘူး။
ဒေါ်ညိုညိုမာရော ဒေါ်ခင်မိုးပါ အခန်းထဲက ထွက်သွားကြချိန်မှာ ဖူးငုံပွင့်လူနာခုတင်ရှိရာကို ပြန်လျှောက်သွားလိုက်တယ်။ ဒေါ်ခင်မိုးက နှုတ်ကသာသူ့ဖခင်အရင်းလို့ ပြောသွားပေမဲ့ လက်တွေ့မှာတော့ ဖခင်ဖြစ်သူကိုဂရုတစိုက်မေးမြန်းပြောဆိုခြင်းပင်မရှိပေ။
@@@@@@@@@@@@@@@@@@
အပိုင်း (၆ ) ဆက်ရန်
#ဧကြည်ဖြူ
