en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

Open in Telegram
1 029
Subscribers
No data24 hours
-17 days
-1230 days
Posts Archive
" မ .မလုပ်ပါနဲ့ မမဒါလီ ... နောက်ဆို အလင်းချိုချက် ချင်းလာပါ့မယ် " မမဒါလီစိုးရဲ့ ဒေါသတကြီးနဲ့ ပြောလိုက်တဲ့စကားကြောင့် အလင်းချိုတစ်ထစ် ငေါ့ငေါ့နဲ့ ပြန်ပြောလိုက်မိတယ်။ဒီသစ်ပင်လေးတွေဖြစ်လာဖို့ အလင်းချို မနည်းပြုစုပျိုးထောင်ခဲ့ရတာလေ။အပြင်ထွက်ခွင့်မရှိ၊ တခြားပျော်ရွှင်စရာမရှိတဲ့ အလင်းချိုအတွက် အပင်လေးတွေစိုက်ပျိုးနေရတာကပဲ ပျော်ရွှင်စရာလေ။ပြီးတော့ အလင်းချို စိုက်ထားတဲ့ ပန်းတွေနဲ့ အသီးအရွက်တွေကို သူတို့လဲ ခူးကြ၊ပန်ကြ၊စားကြတာပဲကို။တစ်ခုခုဆို ဒီအပင်တွေကိုပဲ ရန်ရှာနေတော့ အလင်းချိုမှာသူတို့ခိုင်းသမျှကို မငြင်းရဲဘူးဖြစ်နေတယ်။အလင်းချိုက အိမ်အလုပ်တွေရယ် သူတို့တွေခိုင်းတဲ့ အလုပ်တွေနဲ့ပဲ အချိန်ကုန်နေမယ့်အစား ရှစ်တန်းကျောင်းသူ ဘဝထဲက ခြံရဲ့ မြေလွတ်မှာ ပန်းပင်နဲ့ သီးပင်စားပင်လေးတွေစိုက်ခဲ့တာပေါ့။နည်းပေးလမ်းညွှန် ဆရာကတော့ ဒေါ်လေးစန်းပေါ့။အလင်းချိုက သစ်ပင်စိုက်ဝါသနာပါတယ်လို့ပြောလိုက်တော့ ဒေါ်လေးစန်းက ရွာမှာနေတုန်းက သစ်ပင်စိုက်ခဲ့တဲ့အတွေ့အကြုံတွေကို ပြောပြ သင်ပြတော့တာပဲ။ ဒေါ်လေး စန်းပြောတာကို နားထောင်ပြီး အလင်းချိုလဲစိုက်တတ်သလောက် စိုက်ရတာပေါ့။အဖေ တစ်ခါတလေ အိမ်လည်လာရင် ပေးတဲ့ မုန်ဖိုးတွေကလဲ သစ်ပင်စိုက်တဲ့အထဲ ပါသွားတာပဲ။ သစ်ပင်စိုက်တဲ့ အကျိုးအမြတ် အနေနဲ့ ၀င်ငွေတော့ မရဘူးပေါ့။ဒါပေမဲ့ အသီးအရွက်ဟင်းနဲ့ အတို့အမြှုပ် အတွက်ကတော့ အလင်းချိုရဲ့စိုက်ခင်းထဲက လတ်လတ်ဆတ်ဆတ် ခူးစားရုံပဲလေ။ အခုဆိုရင် ဈေးထဲမှာ အသီးအရွက် တောင်သိပ်ဝယ်စရာမလိုတော့ဘူး။ ချဉ်ပေါင်လား၊ကန်စွန်းလား၊ ငရုတ်သီးစိမ်းတောင့်လား၊ မြင်းခွါရွက်လား ဒါတွေကတော့ အမြဲလိုလို ရတယ်။ပဲသီးတို့ ဗူးသီးတို့ကတော့ သူ့အချိန်အခါနဲ့သူပေါ့။ဆယ်တန်း စာမေးပွဲဖြေခါနီးတုန်းကတော့ သစ်ပင်တွေကို ခဏ ပစ်ထားလိုက်ရသေးတယ်။အိမ်အလုပ်ကတစ်ဖက်၊ စာက တစ်ဖက်နဲ့ အပင်တွေကို ဂရုမစိုက်နိုင်ခဲ့တော့ အပင်တွေ တော်တော်များများ သေသွားခဲ့တယ်။အလင်းချိုရဲ့ ရည်းမှန်းချက်ကတော့ ကြီးကြီးကျယ်ကျယ်လို့ပဲ ပြောရမလား အပင်တွေစိုက်ရင်း ဝင်ငွေရအောင် လုပ်ချင်တာ။ သေချာတာက ဒီနှစ်ဆယ်တန်းအောင်ခဲ့ရင်တောင် အလင်းချိုမှာ တက္ကသိုလ်တက်ဖို့ အခွင့်အရေးက မသေချာဘူးဆိုတာ အလင်းချို သိနေတယ်။အပြင်မှာ ကိုယ့် ဘာသာအလုပ်ထွက်လုပ်ပြီး နေဖို့ကိုလဲ အလင်းချိုသတ္တိမရှိသေးဘူး။ပြီးတော့ အိမ်ကနေ အလုပ်သွားအလုပ် ပြန်လုပ်ဖို့ကလဲ လုံးဝကို မဖြစ်နိုင်တာ။အိမ်မှာ အလုပ်တွေများလွန်းလို့ အဘွားတို့က အိမ်မှာ ဒေါ်လေး စန်းနဲ့ ဝိုင်းကူခိုင်းတာ။ အဓိက က အဖေကလဲ နောက်မိန်းမနဲ့ ကလေးရပြီး အလင်းချိုအတွက် အိမ်စရိတ်များများစားစား မပေးနိုင်တော့တာလဲပါတယ်။အဲ့ဒီတော့ အလင်းချိုက နေစရိတ်စားစရိတ် ကျေအောင် လုပ်ပေးရတယ်ပဲပြောရမလား။ ဒီလို အကြောင်းတွေကို အဖေသိလား၊ မသိဘူးလားဆိုတာကိုတော့ အလင်းချိုမသိဘူး။ အလင်းချို သိသလောက်တော့ အဖေက အလင်းချိုကို တွေ့တာနဲ့ " နင့်အမေနဲ့မတူစေနဲ့ ဆိုတဲ့ စကားကလွဲရင် ဘာမှ သိပ်ပြောတာမဟုတ်ဘူး။ အဖေ့ထက်ဆိုးတာက အဘွားလို့ပဲ ပြောရမလား။ အဘွားက အလင်းချို အလှလေးနည်းနည်းပြင်တာနဲ့ကို ပြောတော့တာပဲလေ။ အဘွားရဲ့ လက်သုံးစကားက "မအေတူသမီး မအေလိုအချိုးတော့ မချိုးနဲ့ ကတုံးတုံးပြီး သီလရှင်ဝတ်ပေးလိုက်မယ် ... ငါက သက်ဦးလိုတော့ ငြိမ်ခံနေမှာမဟုတ်ဘူး " တဲ့လေ။မှန်တာပြောရရင် အမေနဲ့အဖေ့ကြားမှာ ဘယ်လိုပြဿနာတွေရှိခဲ့လဲဆိုတာ အလင်းချို မသိဘူး။အဖေကလဲ ပြောပြတာမဟုတ်ဘူး။ ဒါမှမဟုတ် တကယ်ပဲ အမေက အဘွားတို့ ပြောသလို စာရိတ္တ ချို့ယွင်းနေသူလား။ ဒါနဲ့ပဲ အမေနဲ့ ရုပ်ချင်းတူတဲ့ အလင်းချိုက တစ်ချိန်မှာ အမေ့လိုဖြစ်မှာပဲဆိုပြီး နှိမ်ချ ပိတ်လှောင်ထားချင်ကြတာလား။ လူကြီးတွေရဲ့ အတွေးတွေက တစ်ဖက်စွန်းရောက်နေတယ်လို့ အလင်းချိုတစ်ခါတစ်ခါ တွေးမိတယ်။ ဒါပေမဲ့လဲ ဘယ်တတ်နိုင်မလဲ။ လူကြိးတွေရဲ့ စိတ်အတွေးတွေကို အလင်းချိုက ဘယ်လိုပြောင်းပေးနိုင်မှာလဲ။အဲ့ဒီတော့ အလင်းချိုဘာသာ အဆင်ပြေပြေနေတတ်အောင်ပဲ ကြိုးစားရတော့တာပေါ့။အလင်းချိုရဲ့ ကံကြမ္မာကို ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်ရယ်လဲ အပြစ်မတင်ချင်တော့ဘူး။ ဒီနေရာကနေ အဆင်ပြေပြေနဲ့ မရုန်းထွက်နိင်သမျှတော့ ကျေးဇူးကြွေးတွေကို ပြုံးပြုံးလေးနဲ့ ဆပ်ပြီးနေသွားဖို့ပဲ အလင်းချိုတွေးထားတယ်။တစ်ခုတော့ရှိတာပေါ့ အလင်းချိုဘ၀က ဒီလိုဘ၀နဲ့ပဲတန်တယ်ဆိုပြီးတော့ အရာရာကို လက်လျှော့အရှုံးပေးလိုက်ရတာမျိုး မဟုတ်ဘဲ ဒီလိုဘ၀ထဲကနေ အလင်းချို့အတွက် အဆင်ပြေနိုင်မဲ့ နည်းလမ်းကိုတော့ ကြိုးစားရှာဖွေရမှာပေါ့။ "ငါ့ဖိနပ်တွေ တိုက်ပေးအုံး...ဒေါ်လေးစန်းက ပြီးစလွယ်လုပ်လွန်းလို့ ဖိနပ်တွေက ပြောင်ပြောင်ရောင် ရောင်ကို မရှိဘူး " အတွေးများနေတဲ့ အလင်းချိုမှာ မမဒါလီက သူ့ရှေ့ကို ဖိနပ်တွေ ပစ်ချပေးလိုက်မှ သတိဝင်လာပြီး ပြန်ဖြေလိုက်မိတယ်။ "ဟုတ်ကဲ့ .မမဒါလီ " တကယ်တော့ ဒီဖိနပ်တိုက်တဲ့အလုပ်ဆိုတာက အလင်းချိုရဲ့ အလုပ်မဟုတ်ဘူးလေ။ ဒါပေမဲ့ အလင်းချိုမှ မလုပ်ပေးရင်လဲ မမဒါလီက အသံပြဲကြီးနဲ့ အော်ပြီး မဟုတ်တရုတ်တွေ လုပ်ကြံပြီး အဘွားကို ပြောတော့မှာလေ။အဘွားဆိုတာကလဲ မမဒါလီက ပြောတာဆိုရင် "ညဘက်မှာ နေထွက်တယ်"လို့ ပြောရင်တောင် ယုံမယ့် သူမျိုးဆိုတော့ ကျန်တာတွေတော့ ပြောမနေနဲ့တော့။ အဲ့ဒီအခါကျရင်

"ဟုတ်တယ် မင်းလဲ ဒီမှာလာနေပါလားဟ" "ဟာ ...ဒီမှာတော့ မနေနိုင်ဘူဟ ..ငါက ခေါင်းအုံးပါမှ အိပ်တတ်တာ ... ဒါပေမဲ့ မပူနဲ့ ငါကြီးလာလို့ ပိုက်ဆံပိုရှာနိုင်ရင် ခြံအကျယ်ကြီးဝယ်ပြီး မင်းတို့နဲ့ အတူတူနေမယ် ... ငါ့တို့အိမ်မှာက နားငြီးလို့ ငါလဲ မနေချင်ဘူး " "ဟေး ..တကယ်လား ...ခြံ မြန်မြန်ဝယ်နော် ကိုကြီး ... ကျွန်တော်တို့လဲ ခေါင်းအုံးနဲ့ အိပ်ချင်လို့ " ကလေးတစ်သိုက်က တက်ညီလက်ညီ ထအော်တော့ ဟန်သောလင်း ပြုံးရယ်လိုက်မိတယ်။သူ့ဘ၀က ဒီလိုနေရတာပဲ စိတ်ချမ်းသာတယ်။အိမ်ပြန်ရောက်သွားရင် အဘွားတို့နဲ့ တည့်မှ မတည့်တာကို ။ ~~~~~~ "ဒေါ်ရီရေ.... ကျွန်တော်ပြန်လာပြီ ခင်ဗျ " ဟန်သော်လင်း အိမ်ထဲကိုကြည့်ပြီး လှမ်းအော်လိုက်တယ်။ ဟန်သော်လင်း အော်လိုက်တုန်းမှာပဲ အဘွားဖြစ်သူ ဒေါ်ရီ ထွက်လာပြီး "ဟဲ့ ကောင်လေး ...ခေါ် ပြန်ပလား ဒီဒေါ်ရီ ...အမေလို့ ခေါ်ဖို့ပြောရတာအာပေါက်နေပြီ " "ဟာဗျာ ...မခေါ်ချင်ဘူး ...အဘွားလို့ မခေါ်နဲ့ဆို မခေါ်ဘူး ...အမေလို့တော့မခေါ်ချင်ဘူး ...သူများတွေမေးရင် မွေးစားသားလို့ ပြောလိုက်ပေါ့ " ဟန်သော်လင်း ခပ်တည်တည်နဲ့ ပြောလိုက်ပြီး အိမ်ပေါ်ကို တက်လာခဲ့တယ်။ဒီနေ့ ဟန်သော်လင်း အိမ်ပြန်လာတာ စောနေ၍ပဲလားမသိ။အိမ်မှာ အဘွားကလွဲပြီး ဘယ်သူမှရှိမနေပါ။ ခါတိုင်းဆို အလှပြင်ဆိုင်ဖွင့်ထားတဲ့ အဒေါ်အငယ် မရောက်သေးရင်တောင် အထည်ဆိုင်ဖွ င့်ထားတဲ့ အကြီးမတို့လင်မယားတော့ ပြန်ရောက်နေပြီလေ။ဦးလေးအငယ်ကိုတော့ အမေကသူနဲ့အတူမန္တလေးမှာ ခေါ်ထားတာမို့ အိမ်မှာမရှိဘူး။အမေက ဟန်သော်လင်း အပေါ်မှသာ စိမ်းစိမ်းကားကား ဆက်ဆံတတ်ပေမဲ့ သူ့မောင်နှမတွေကိုတော့ သိပ်ချစ်တာလေ။ သူ့ညီမနှစ်ယောက်လုံးကို ဆိုင်တစ်ဆိုင်စီဖွင့်ပေးခဲ့တယ်။ဟန်သော် လင်းအတွက်ကတော့ ထမင်းနပ်မှန်အောင် စားရရုံရယ်၊အဘွားဆီက အော်ကြီးဟစ်ကျယ် တောင်းမှ ရတဲ့ မုန့်ဖိုးလောက်ပဲရတာလေ။ဖုန်းလေးတစ်လုံးဝယ်ပေးဖို့တောင် မနည်းတောင်းခဲ့ရတာ။ "မင်း တစ်နေ့တစ်နေ့ လည်လိုက်ပတ်လိုက်နဲ့ပဲ အချိန်ကုန်နေမှာလား ... သင်တန်းတစ်ခုခုတက်ဖို့လုပ်တဲ့ ...မင်းအမေက ဖုန်းဆက်တယ် " "ဘာသင်တန်းတက်ရမှာလဲ ...တက်စေချင်ရင် ကိုယ်တိုင်ဖုန်းဆက်ပါလား ..." ဟန်သော်လင်းက အဘွားဖြစ်သူကို ပြန်အော်ပြောလိုက်တယ်။အမေက ဒီလိုပဲ သူ့ကို ဘယ်တော့မှ ကိုယ်တိုင် မပြောဘဲ ကြားလူနဲ့ပဲပြောတယ်။ မသိရင် ဟန်သော် လင်းက သူ့အတွက် အန္တရာယ်ပေးမယ့်လူကျနေတာပဲ။ အမေက ဟန်သော်လင်းကို သူ့ရဲ့ သားပါလို့ သူ့ယောက်ျား သူဋ္ဌေးကြီးသိသွားမှာကို စိုးရိမ်တာလား၊ ဒါမှမဟုတ် အမေကိုယ်တိုင်က ဟန်သော်လင်းကို မုန်းတီးရွံရှာနေတာလာဆိုတာကတော့ အမေကိုယ်တိုင်ပဲ အသိဆုံးဖြစ်မယ်ထင်တယ်။ "မင်းတစ်နေ့တစ်နေ့ အပြင်မှာ အလေနတော သွားနေဖို့ပဲ သိတယ် ...အိမ်မှာ နည်းနည်းပါးပါး ကူပါအုံးလား ...အပြင်လေးထွက်သွားလိုက် ဗိုက်ဆာရင် အိမ်ပြန်စားလိုက်နဲ့ ဟုတ်နေတာပဲ ...အဲ့ဒီလိုသာဆက်နေ ငါသေရင် မင်းလမ်းပေါ်ရောက်မှာ သိရဲ့လား " " ဒေါ်ရီပြောမှပဲ ကျွန်တော် ဗိုက်ဆာလာပြီ ထမင်းစားမယ်နော့် ...." ဒီလောက် ပြောဆိုနေတဲ့ကြားက မခိုးမခန့် ပြောပြီး ထမင်းစားခန်းထဲကို ဝင်သွား တဲ့ ဟန်သော်လင်းကို ကြည့်ပြီး ဒေါ်ရီ စိတ်တိုတိုနဲ့ ထမင်းစားခန်းထဲထိလိုက်သွားလိုက်တယ်။ "အေး ပြောလို့တောင် မဆုံးသေးဘူး .... စားဖို့ သောက်ဖို့ လောက်ပဲသိတယ် ... အုပ် ဆောင်းထဲမှာ ရှိတဲ့ ငါးဟင်းနဲ့ပဲ စာနော် ... ဆိတ်သားဟင်းကို ထည့်မစားနဲ့...အဲ့ဒီဟင်းက နင့်အစ်မကြီးက သူ့ယောကျာ်းအတွက် ချက်ထားခဲ့တာ " "ဟုတ်ကဲ့ပါ ဒေါ်ရီ " ဟန်သော်လင်းက ခပ်ပြုံးပြုံးပြန်ဖြေလိုက်ပြီး မီးဖို့ခန်းထဲနေရာအနှံ့ကို လိုက်ရှာလိုက်တယ်။ သူ့ဟာသူ ဘာမှမပြောဘဲထားရင် ခုံပေါ်မှာတွေ့တဲ့ ဟင်းနဲ့ပဲ စားပစ်လိုက်မှာ။ ခုလို တကူးတကမှာပြီဆိုရင်တော့ ဟန်သော်လင်းက တွေ့အောင်ရှာပြီသာမှတ်။သူတို့ဘာသာ ဘယ်သူ့အတွက်ပဲဖြစ်ဖြစ်၊ ဘာလုပ်ဖို့ပဲဖြစ်ဖြစ် ဒီလိုခွဲခြားခွဲခြားလုပ်တာဆိုရင် ဟန်သော် လင်းတို့က အရွဲ့တိုက်ပြီးသားပဲ။ သူတို့အားလုံးရဲ့ စိတ်ထဲမှာ ဟန်သော်လင်းဆိုတာ လူပိုတစ်ယောက်။မတတ်သာလို့ ခေါ်ထားရတာမျိုးဆိုတော့ သူတို့စားသလို စားခွင့်မရှိ၊ သူတို့ နေသလို နေခွင့်မရှိဘူးလို့သက်မှတ်ထားကြတာ။ ဒါပေမဲ့ ဟန်သော် လင်းပဲ ဘယ်ရမလဲ။ အားလုံးကို ပြုံးပြုံးလေးနဲ့ပဲ ဆန့်ကျင်ပစ်လိုက်တာပေါ့။ဒီလို ဆန့်ကျင်လို့ တစ်အိမ်သားလုံးက ပြဿနာရှာခဲ့ရင်လည်း ဟန်သော်လင်းတို့က ဂရုမစိုက်ပါ။ပြောချင်တဲ့သူ့ ပြောချင်ရာသာပြော သီချင်းလေးတအေးအေးနဲ့ ခပ်ပြုံးပြုံးပဲနားထောင်ပေးနေလိုက်တယ်။ စကားတွေ ပြိုင်ပြောရရတာကို ဟန်သော်လင်း ဝါသနာမပါ။ဒီထက်လွန်ပြီး လက်ပါ ခြေပါတော့မလုပ်နဲ့ မရဘူး။အိမ်ထဲမှာရှိတဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းမှန်သမျှ တစ်စစီဖြစ်သွားမယ်။ ~~~~~~~ "ဟဲ့ မိလင်း ..နှင့် အလုပ်က ဘာအရေးပါလို့လဲ ..ငါခိုင်းတာကို အရင်လာလုပ်ပေးစမ်း " မမဒါလီစိုးရဲ့ အသံကြောင့် အလင်းချို လက်ထဲက ရေပုံးကို ချထားခဲ့ပြီး ပြေးသွားလိုက်တယ် ။ " နင်ဘာလို့ ငါခေါ်ရင်ချက်ချင်းမလာတာလဲ ..နင့်အပင်တွေက ဘာအရေးကြီးလို့လဲ.. နောက်နေ့ အဲ့ဒီအပင်တွေကို ငါဖျက်ဆီးပြမယ် ......"

ဧကြည်ဖြူ "သံယောဇဉ် ကမ်းပါး " အပိုင်း ( ၁၀ ) *** " ဘာ အူကြောင်ကြောင်ကြည့်နေတာလဲ ... မင်းရဲ့အမှိုက်တွေ တစ်လမ်းလုံးကျခဲ့တယ်လို့ ပြောနေတာ နားလည်ရဲ့လား...မင်းတို့လို ကိုယ့်တာဝန်ကိုယ်မကျေတဲ့ လူတွေကြောင့် အခြားသူတွေပါဒုက္ခရောက်နေတာ " သူဘာတွေပြောနေတာလဲလို့ အလင်းချို တွေးနေမိပြီးမှ သူ့လက်ထဲက အမှိုက်တွေကိုကြည့်ပြီး သဘောပေါက်သွားရတယ်။ "အလင်းချိုရဲ့အမှိုက်တွေ ကျခဲ့တာလား .. ပေးလေ နင့်အမှိုက်တွေကိုပါ ...ငါ ပစ်ပေးပါ့မယ် ..." "မလိုပါဘူး ... ငါ့အလုပ် ငါ့ဘာသာလုပ်မယ် ...နင်သာ လမ်းမှာ အမှိုက်တွေထပ်မကျစေနဲ့ " အသားက မဖြူမညို ။အရပ်က နေမခပခုံးလောက်ပဲရှိမယ့် ပြူးထူးကြောင်တောင် ကောင်မလေးကို နေမခဘုပြောလိုက်မိတယ်။သူ့ကို စိတ်တိုပြီး အပြစ်ပြောနေတဲ့သူကို ပြန်ပြီး ပြုံးရယ်ပြနေပုံက အမြင်ကပ်စရာလိုလို၊ စိတ်တိုစရာလိုလိုနဲ့။ သူ့ခန္ဓာကိုယ်နှစ်ကိုယ်စာလောက်၀င်လို့ရတဲ့ ရှပ်အင်္ကျီဖားဖားကြီးကို ဂျင်းဘောင်းဘီ ခပ်ဟောင်းဟောင်းနဲ့ တွဲဝတ်ထားပုံက မသိရင် ယောကျာ်လျာလိုလို ဘာလိုလို ။ ခေါင်းပေါ်မှာ ခပ်တင်းတင်းစုစည်းထားတဲ့ ဆံပင်ရှည်ရှည်တွေရှိနေလို့သာပေါ့။ သူ့ဘာသာပြောချင်ရာပြောပြီး သူ့ဘာသာ စိတ်တိုနေတဲ့ သူ့ကို အလင်းချိုက မျက်နှာချိုသွေးပြီး ရယ်ပြလိုက်ကာမှ ဘုကြည့်ကြည့်လာတဲ့သူ့အကြည်တွေကြောင့် အလင်းချို မျက်နှာကို လွှဲဖယ်လိုက်ပြီး အမှိုက်ပုံ ရှိရာကို ခပ်သွက်သွက် လျှောက်ခဲ့လိုက်တယ်။ သူကတော့ ခြေသံပြင်းပြင်းနဲ့ အလင်းချိုကို ကျော်တက် သွားလေရဲ့။ သူ့ကြည့်ရတာ အလင်းချိုနဲ့ သက်တူရွယ်တူလောက်ပဲရှိမယ်ထင်တယ်။ အသားဖြူဖြူ ပိန်ပိန်သွယ်သွယ်နဲ့ သူ့ပုံစံကို ဒီနားတစ်ဝိုက်မှာအရင်က မမြင်ဖူးသလိုပဲ ။ သန့်သန့်ပြန့်ပြန့် ရုပ်ရည်နဲ့ သူ့ကို ကြည့်ရတာ တစ်အိမ်အိမ်ရဲ့ သူဋ္ဌေးသားလေးတစ်ယောက် အခုမှ အမှိုက်လာပစ်ဖူးတဲ့ပုံပဲ။ ~~~~ အမှိုက်တွေ ပစ်ခဲ့ပြီး အပြန်လမ်းမှာ အလင်းချိုနဲ့ သူက ရှေ့နောက် မလှမ်းမကမ်းကနေ လမ်းလျှောက်ခဲ့ကြတယ်။သူ့မျက်နှာက တစ်လောကလုံးကို ရှာကျွေးထားရသလို မှုန်တေတေနဲ့ စူပုတ်နေတာပဲ။ သူက အလင်းချိုတို့ အိမ်ရှိတဲ့ဘက်ကို သွားနေတာမို့ အလင်းချိုလဲ နောက်က တိတ်တိတ်ဆိတ်ဆိတ်လိုက်ခဲ့တယ်။အိမ်နားရောက်ခါနီး လမ်းလေးခွဆုံနားကိုရောက်တော့ ရှေ့ကဈေးဆိုင်ထဲကို ၀င်သွားတဲ့သူ့ကို ကြည့်ပြီး အလင်းချိုလဲ နောက်ကနေ အသာလေး လိုက်ဝင်လိုက်တယ် ။ဒီဆိုင်က ဒေါ်လေးစန်းပြောတဲ့ ဆိုင်သစ်ဆိုတာလေ ။ ဒီဆိုင်ကိုကျော်ပြီး ရှေ့ဆက်သွားရင် အလင်းချိုတို့အိမ်ကို ရောက်ပြီလေ။ ~~~~~~ "ဘာယူမှာလဲ " မိန်းခလေးတန်မဲ့ ပြုံးရိပ်သန်းနေတဲ့ မျက်နှာလေးနဲ့ အူကြောင်ကြောင် ကောင်မလေးကို နေမခအသံခပ်မာမာနဲ့ မေးလိုက်တယ်။၀ယ်သူတွေကို ချိုချိုသာသာ ပြောလို့ အမေကမှာထားပေမဲ့ ဒီကောင်မလေးကို စိတ်ထဲကြည့်မရသလိုဖြစ်နေမိတာကို ။ "ငါး ... ငါးမုန့်ကြော် " အလင်းချိုက သူ့ကို ကိုယ့်လိုပဲ ၀ယ်သူထင်နေမိတာ။ သူ့ဆီက အသံမာမာနဲ့ မေးလိုက်သံကို ကြားလိုက်ရမှ ထစ်ထစ်ငေါ့ပေါ့နဲ့ ပြန်ဖြေလိုက်မိတယ်။ "ဟိုဘက်ထောင့်မှာလေ ... မတွေ့ဘူးလား ...အူတူတူနဲ့ " " ဟုတ်... ဒီမှာ ပိုက်ဆံနော် '' အလင်းချိုကပဲ အမှတ်မရှိတာလား ။ သူကပဲ နဂို မျက်နှာကြောတင်းတာလား မသိ။ မုန့်ဖိုး ပိုက်ဆံကို အလင်းချိုက တရိုတသေ ပေးလိုက်တာကို သူက ဆောင့်အောင့်ပြီး ဆွဲယူလိုက်တယ်လေ။ ~~~~~~ "မင်းကများ ငါ့ကို ဘာကောင်ထင်နေလဲ .. ဟေ့ကောင် မင်းလစ်လိုက်တော့..အချင်းချင်းတွေ လူပါးလာမဝနဲ့ " ဟန်သော်လင်းက ရှပ်အင်္ကျီလက်ကို ဟန်ပါပါ ခေါက်တင်လိုက်ပြီး အသံခပ်မာမာနဲ့ ပြောလိုက်တော့ အနီးတဝိုက်မှာရှိနေတဲ့ကောင်တွေအားလုံးငြိမ်ကျသွားတယ် ။ ဒီကုန်းကျော်တံတား တစ်ဝိုက်နားမှာ ဟန်သော်လင်းက ကလေးတွေကြားမှာတော့ ဗိုလ်ပဲ ။ ဝတ်စားထားတော့သားသားနားနားသန့်သန့်ပြန့် ပြန့်နဲ့ လူပုံကလဲ တောင့် တောင့်ဖြောင့်ဖြောင့်ဆိုတော့ မသိရင် ဟန်သော်လင်းပုံစံက သူဋ္ဌေးသားလိုလို ဘာလိုလိုနဲ့ အမြဲ ကြော့ကြော့မော့မော့နဲ့လေ။ ဒါပေမဲ့ တကယ်တမ်းက ဟန်သော်လင်းကဂျပွေး။အသက်သာငယ်တာ ပညာက မငယ်ဘူး ။အသက်ဆယ်ခွန်ပဲရှိသေးပေမဲ့ မမကြီးတွေကို ညာစားတတ်နေပြီ။တစ်ခုရှိတာက အဲ့ဒီမမကြီးတွေဆီက ရတဲ့ပိုက်ဆံတွေကိုတော့ အလဟာသမဖြုန်းဘူး။ ဒီကုန်းတံတားအောက်မှာရှိတဲ့ မိမရှိဖမရှိကလေးတွေနဲ့ မိဘရှိရဲ့နဲ့ အစွန့်ပစ်ခံကလေးတွေကို ပေးတယ် ၊ ကျွေးတယ် ။ "မင်းတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ရန်မဖြစ်ကြနဲ့ ... တစ်ယောက် စျေးရောင်းနေရင် နောက်တစ်ယောက်က လုမရောင်းနဲ့ ...အဆိုးဆုံးက ပိုက်ဆံလိုက်တောင်းတာပဲ... ကားတွေပေါ်တက်ပြီး ပိုက်ဆံတောင်းတာဖြစ်ဖြစ် ...လမ်းသွားလမ်းလာတွေဆီမှာ ပိုက်ဆံတောင်းတာကို တွေ့ရင် လက်သီးစာပဲနော် တွေ့လား ... ဈေးရောင်းမကောင်းလို့ စားဖို့မရှိရင်ပြော ..ပိုက်ဆံပေးမယ် ... ဟိုကောင်ငထွန်းတို့ အုပ်စုနော် မင်းတို့ ရုတ်ရုတ် မလုပ်နဲ့ .. ဒီတစ်ခါ စျေးရင်းပြုတ်ရင် ထုတ်မပေးတော့ဘူး ...မင်းတို့ကို ချေးဖို့ ငှားဖို့ကို ငါလဲမနည်းရှာနေရတာ ... အိမ်ကလဲ ငါ့ကိုနှင်ချနေပြီဟ " " နှင်ချရင် ဒီမှာလာနေပေါ့ ကိုကြီး ."

ဘာကြောင့်ရယ်လို အလင်းချိုခံစားမနေချင်ပါ။ "သမီးရေ အလင်းချို ...အမှိုက်သွားပစ်ရင်းနဲ့ မုန့်ဝယ်စားချင်စားခဲ့ ... တစ်ခြံကျော်မှာ စျေးဆိုင်သစ်ဖွင့်တာ ဒေါ်လေးစန်း တွေ့ခဲ့တယ် " ပြောပြောဆိုဆိုနဲ့ ဒေါ်လေးစန်းက အလင်းချိုကို တစ်ထောင် တန်တစ်ရွက်လှမ်းပေးရှာတယ်။ "ရပါတယ် ဒေါ်လေးစန်းရယ် ...သမီးမှာပိုက်ဆံရှိပါတယ်" အလင်းချိုက ဒေါ်လေးစန်းလက်ထဲက ပိုက်ဆံကို မယူဘဲ ပြန်ပေးလိုက်တယ်။ ဘ၀တူချင်းတူတူ ဒေါ်လေး စန်းရဲ့ ပိုက်ဆံကို အလင်းချို မယူရက်ပါဘူး။ ဒေါ်လေးစန်းမှာ တစ်နေကုန်တစ်နေခန်း အလုပ်လုပ်ရပြီး တစ်လလုံးနေမှ လုပ်အားခရရှာတာလေ။ အလင်းချို ဘ၀ကလဲ အမေတူသမီးဖြစ်မှာစိုးလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ မုန့်ဖိုးမရတာကတော့ အမှန်ပဲ ။ ဒါပေမဲ့ တစ်ခါတလေ အဘွားစိတ်လိုလက်ရ ရှိတဲ့အခါ အလင်းချိုကို မုန့်ဖိုးပေးတက်တယ် ။ အဲ့ဒီမုန့်ဖိုးတွေကိုပဲ အလင်းချိုက မသုံးဘဲစုထားတာလေ။ ~~~~~ အမှိုက်အိတ်တစ်ပြုံတစ်မကြီးကို မနိုင်မနင်းသယ်လာတဲ့ ကောင်မလေးကို ကြည့်ပြီး နေမခစိတ်တိုသွားပါတယ်။ဘယ်နှယ့် တစ်လမ်းလုံး သူ့အိတ်ထဲက အမှိုက်တွေက ဟိုထွက်ကျ ဒီထွက်ကျနဲ့လေ။ပြုတ်ကျတဲ့ အမှိုက်စတွေကို မြင်တဲ့ အခါ ပြန်ကောက်တတ်ပေမဲ့ သူမမြင်တဲ့ အမှိုက်ကျတော့ အမြင်မတော်တာနဲ့ နေမခလိုက်ကောက်ခဲ့ရတယ်လေ။ "ဟိတ် ... ဒီမှာ " စိတ်တိုလာတဲ့ အဆုံးမှာ ရှေ့ကသွားနေတဲ့ကောင်မလေးကို နေမခ ခပ်ဆတ်ဆတ်လေး လှမ်းအော်လိုက်တယ်။ အဲ့ဒီအခါ ကောင်မလေးက နေမခကို မျက်လုံးပြူးပြူးလေးတွေနဲ့လှည့်ကြည့်လာပြီး "ဟင် ... အလင်းကိုခေါ်တာလား ..ဘာလို့လဲဟင် .. အမှိုက်ပစ်ပေးရမှာလား " အောင်မယ်ပေးပုံကိုက မသိရင် ကိုယ်ကပဲ သူ့ကို ဗိုလ်ကျပြီး အမှိုက်ပစ်ခိုင်းနေတာလိုလိုနဲ့။ "ဘာကိစ္စ မင်းကို ငါ့အမှိုက်တွေကို ပစ်ခိုင်းရမှာလဲ ...ဒီမှာတွေ့လား ...တစ်လမ်းလုံးမင်း ကျခဲ့တဲ့ အမှိုက်တွေကို ငါကောက်လာရတာ....မင်းဟာက အမှိုက် လာပစ်တာလား....အမှိုက်လိုက်ဖွနေတာလား ... အလုပ်လုပ်ရင် ရှေ့နောက်ကြည့်ပြီး မလုပ်တတ်ဘူးလား " " ဟင် " အခုမှတွေ့ဖူးကြတာကို ခပ်တည်တည်နဲ့လာဟောက်နေတဲ့သူ့ကိုကြည့်ပြီး အလင်းချို အူကြောင်ကြောင်နဲ့ ကြည့်လိုက်မိတယ်။ =================== အပိုင်း ( ၁၀ ) ဆက်ရန် ..... ဧကြည်ဖြူ

သားသားနားနားတော့ ရှိကြတယ်။ အဘွားက ဒီရပ်ကွက်ထဲမှာ ပေလေးဆယ် ခြောက်ဆယ် ခြံတစ်ခြံကို ဝယ်ခဲ့တာ ။ခြံထဲမှာ နှစ်ထပ်အိမ်လေး တစ်လုံးလဲပါတော့ နေမတို့အတွက် နေထိုင်ဖို့လဲ အဆင်ပြေတယ်။အဘွားက အိမ်ရှေ့မှာ သွပ်မိုး အုတ်ကာ ချေးဆိုင်လေးကို ဆောက်ခဲ့တယ်။တကယ်တော့ အဘွားမှာ လက်ကျန်ငွေ သိပ်မရှိတော့ဘူးဆိုတာကို နေမခသိတယ်။အဘွားရဲ့ ပိုင်ဆိုင်မှုက ဒီအိမ်နဲ့ ဒီခြံပဲ ရှိတော့တာကို သိတယ်။ မသာကာ ဘဏ်မှာ သိမ်းထားပါစေအုံး ဆယ်ဂဏန်း လောက်ပဲရှိမှာကိုလဲ နေမခသိတယ်။ဒီအိမ်မှာ အဘွားကလဲ အသက်ရလာပြီ။ အမေကလဲ ကျန်းမာစမို့ အိမ်ရဲ့ စီးပွားရေးကို နေမခ တာဝန်ယူဖို့ကို ဆုံးဖြတ်လိုက်တယ်။ အခုဆိုရင် နေမခ အသက်က ဆယ့်ခွန်နနှစ်ပြည့်တော့မှာမို့ အသက်ဆယ့် ရှစ်နှစ် အထိ အိမ်ရဲ့စီးပွားရေးကို ဦးဆောင်ပေးရင်း အင်္ဂလိပ်စာနဲ့ ကွန်ပျူတာနဲ့ပတ်သက်တာကို နေမခ သင်ယူမယ်။မြန်မာ ပြည်ကလဲ ဖွံ့ဖြိုးနေပြီမို့ ဖုန်းတွေ ကွန်ပျူ တာတွေလဲ ခေတ်စားလာပြီဆိုတော့ သင်ယူဖို့က သိပ်မခက်ခဲတော့ဘူးလေ။ဒါတွေကို သင်ပြီးရင်တော့ အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီးတာနဲ့ နေမခ နိုင်ငံခြားမှာ အလုပ်သွားလုပ်မယ်။ပြီးရင် အဘွားနဲ့ အမေရယ်၊ ညီမလေးကို အဘိုးတို့ထက် ပိုကောင်းတဲ့ နေရာ ၊ ပိုသာတဲ့ တိုက်မျိုးနဲ့ ထားဖို့ ကြိုးစားမယ် ။ဒါက နေမခရဲ့ ရည်မှန်းချက်ပဲ။ ~~~~~~ "သားက ဒီနှစ် ကျောင်းပြန်မတက်တော့ ဘူးလား " အေးမြနွယ် သားကြီးကိုကြည့်ပြီး ခပ်တိုးတိုး မေးလိုက်မိတယ်။ "မတက်တော့ဘူး အမေ ... အဘွားကလဲ အသက်ကြီးပြီလေ အမေရယ် ...အမေ့ဆိုင်ကို ဝိုင်းကူနိုင်မှုမဟုတ်ဘူး ..အမေလဲ ကျန်းမာကာစမို့ ပင်ပင်ပန်းပန်း လုပ်လို့ မရဘူးလေ ...ဒါပေမဲ့ စိတ်ချပါ အမေရယ် ...သားကြိုးစားမှာပါ " "အဘွားတို့ကြောင့်တော့ မြေးလေးကို ဒုက္ခမရောက်စေချင်ပါဘူးကွယ် .. အဘွားတို့ စျေးရောင်းစားတတ်ပါတယ်။ ခပ်တိုးတိုး ၀င်ပြောတဲ့ အဘွားကို ကြည့်ပြီး နေမခ စိတ်မကောင်းဖြစ်သွားမိတယ်။နားပေါက်မှာ ရွှေနားကပ် ခပ်သေးသေးတစ်ရံကလွဲလို့ ဆွဲကြိုးလေးတစ်ကုံးတောင် မရှိရှာတော့တဲ့ အဘွား ။အဘွားက ရိုးရိုးအေးအေးနေတတ်သူဆိုပေမဲ့ ရှေးလူကြီးပိပီ ရွှေကို မြတ်နိုးတန်ဖိုးထားပြီး ဝတ်စားတတ်တဲ့ အကျင့်ရှိမှန်း နေမခ သိပြီးသားပင်။ အခုတော့ အဘွားခမျာ လူမြင်တင့်ရုံ နားကပ်လေးတစ်ရံမှ အပ ဘာဆိုဘာမှ မရှိရှာ။ဒီအတွက် နေမခ အတော်လေး စိတ်မကောင်း ဖြစ်မိတယ်။ "သားတို့နေရာက လမ်းလေးဆုံးလဲ ဖြစ်တော့ ဘာဆိုင်ဖွင့်ဖွင့် အဆင်ပြေမှာပါ ... အရင်လိုပဲ ကုန်ခြောက်ဆိုင်ဖွင့်ကြမလား အဘွား ...ပြီးတော့ အလှကုန်ဆိုင်လေးပါ တွဲဖွင့်မယ်လေ ..." "ငါ့မြေးတောင် တော်တော် အရွယ်ရောက်လာပြီးပဲ " အန်တီချိုက ပြောရင်း အေးမြ နွယ်ကို ကြည့်တယ်။ အေးမြနွယ် သားဖြစ် သူကို ကြည့်ရင်း စိတ်ထဲ ကြည်နူးနေမိတယ်။ တကယ်တော့ အေးမြ နွယ်ရဲ့ မသိစိတ်ထဲမှာ သားကို သူ့အဖေနဲ့ တူမှာကို သိပ်ကို ကြောက်နေမိတာ။ သူ့အဘိုး အဘွားတွေနဲ့ စိတ်တွေ တူနေမှာကို စိုးရိမ်ခဲ့မိတာ။ အခုလိုဆိုတော့ အေးမြနွယ် ရင်ထဲ ကြည်နူးပျော်ရွှင်နေမိတယ်။ သားကြီးသာ ဒီလို လိမ္မာနေမယ်ဆိုရင် အေးမြနွယ် ဒုက္ခတွေကို ရင်ဆိုင်နိုင်ပါတယ်။ ~~~~~~ "နိုင်ရဲ့လား သမီးရယ် ...အမှိုက်တွေက မနည်းဘူး...မေမေကြီးတို့က ဆိုတာလဲ ဒီအမှိုက်ပစ်ခကိုမှ နှမြောနေကြတယ် ... အခုတော့ ငါ့သမီးလေး အလင်းချိုပဲ ပင်ပန်းရတယ် " စိတ်တိုပြီး ပွစိပွစိပြောနေတဲ့ ဒေါ် လေး စန်းကို ကြည့်ပြီး အလင်းချို ရယ်လိုက်မိတယ် ။ဒါက အလင်းချို အမှိုက် သွားပစ်တော့မယ်ဆိုရင် လုပ်နေကျ ၊ ပြောနေကျ ခေါ် လေးစန်းရဲ့ ပုံစံပဲ မဟုတ်လား။ အမှိုက်ပစ်တဲ့ တာဝန်ကလဲ အလင်းချို အဘွားတို့အိမ်ကို စရောက်ကတည်းက လုပ်ခဲ့ရတာမို့ အလင်းချိုအတွက် မထူးဆန်းတော့ပါ။ အခုဆိုရင် ဒီလိုအမှိုက် သွားပစ်ရတာကိုပဲ အလင်းချိုက ကျေနပ်သလိုဖြစ်နေပါပြီ။တစ်နေကုန်းတစ်နေခန်း အမှိုက်ပစ်ချိန်ကလွဲလို့ အလင်းချို အိမ်ထဲက အိမ်ပြင်ကို ထွက်ခွင့်ရတာမဟုတ်ဘူးလေ။ဆယ်တန်း စာမေးပွဲဖြေပြီးသွားကတည်းက အလင်းချို အပြင်ထွက်ခွင့် မရတော့တာလေ။ အမှိုက်ပစ်ရတဲ့ အလုပ်ကသာ အလင်းချိုအတွက် အပြင်ထွက်ခွင့်ရတဲ့ တစ်ခုတည်းသော အခွင့်အရေးလေ။အလင်းချိုကို ဒီလိုပဲနေဖို့ ပိတ်ပင်ထားတဲ့သူကတော့ အလင်းချိုရဲ့ ချစ်ရပါတဲ့ အဖေကိုယ်တိုင်ပါပဲ။အဖေက အလင်းချိုကို အပြင်ထွက်ခွင့်မပေး ၊ အလှပြင်ခွင့်လဲမပေးဘဲ တီရှအင်္ကျီဖားဖား ၊ ဂျင်းဘောင်းဘီးကိုသာ ဝတ်ဆင်ခိုင်းခဲ့ပြီး အိမ်ထဲမှာပဲ နေစေခဲ့တယ်။အဖေက နောက်အိမ်ထောင်ပြုလိုက်ပြီမို့ အဘွားအိမ်မှာမနေတော့ပေမဲ့ အလင်းချိုတစ်ခုခုအမှားလုပ်တာနဲ့ အိမ်ကလူတွေက လှမ်းတိုင်နေကြလေ။ ဒါပေမဲ့ အဘွားတို့ မတိုင်လဲ အလင်းချို ကိုယ်တိုင်က အမေတူသမီးလို့ အပြောမခံချင်လို့ ကိုယ်ဘာသာ ဆင်ခြင်ပြီးနေခဲ့တယ်။အလင်းချို ငယ်ငယ်ကတော့ အမေကဘယ်လိုလူမျိုးလဲဆိုတာကို မသိခဲ့ပေမဲ့ အရွယ်ရောက်လာတော့ အလင်းချို နားလည်လာခဲ့ရတယ်။ နားလည်လာခဲ့တာနဲ့အမျှ အမေ့ကိုလဲ အလင်းချိုအပြစ်မပြောလိုခဲ့ပါ။လူသားအားလုံးက ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနေကြတာမို့ တစ်နေ့ကျရင် အလင်းချိုရဲ့ ဘဝကိုလဲ အလင်းချို စိတ်တိုင်းကျ ရှင်သန်နိုင်ဖို့ပဲ တွေးနေမိတယ်။အလင်းချိုရဲ့ ကံဆိုးခြင်းတွေက ဘယ်သူ့ကြောင့်

အေးမြနွယ်က သားကို လှမ်းပြီး ထားလိုက်တယ်။ ဦးလွင်ဦးတို့ကတော့ နေမခရဲ့ဒေါသတကြီးနဲ့ ပြောတဲ့စကားတွေကို ပါးစပ်အဟောင်းသားနဲ့ နားထောင်နေကြတယ်။ ဦးလွင်ဦးတို့ စိတ်ထဲမှာ အေးမြနွယ်က သူတို့အပေါ်မှာ ပြန်မပြောဝံ့ မှန်းသိလို့ မောင်းတင်ပြီး လာခဲ့ကြပေမဲ့ ဒီရောက်တော့ သူတို့အမှန်တကယ် ရင်ဆိုင်လိုက်ရသူက မြေးဖြစ်သူ နေမခဖြစ်နေမှန်း သိလိုက်ကြတဲ့ အခါ စိတ်ကို လျှော့ချလိုက်ကြတယ်။ မလျှော့ချလို့လဲ မဖြစ်ဘူးဆိုတာကို ဦးလွင်ဦးတို့သိကြတယ်လေ။ ညီမဖြစ်သူ ဦးလွင်ဦး အပေါ်မှာ ကြောက်ရွံ့ ရှိသေတယ် ဆိုပေမဲ့ မဖြစ်မနေ ရွေးချယ်ရမယ်ဆိုရင် အေးမြနွယ်တို့ မိသားစုကိုပဲ ရွေးချယ် မယ်ဆိုတာ သိပြီးသားလေ။ ~~~~~ "ကံကောင်းလိုက်တာ သမီးရယ် ...အိမ်က တည့်သွားပြီ ...သမီး ခွဲစိတ်ပြီးတာနဲ့ အိမ်သစ်ကို ပြောင်းကြမယ် " ဆေးရုံကို ရောက်ရောက်ချင်းမှာပဲ ပြောလိုက်တဲ့အန်တီ့စကားကြောင့် အေးမြနွယ်တို့ သားအမိ ဝမ်းသာသွားကြတယ်။ "တ ..တကယ်လား အဘွား ...အဲ့ဒါဆို အဘွား အဆင်ပြေသွားပြီပေါ့ " နေမခက အဘွားကိုထဖက်ပြီး မေးလိုက်တယ်။ "တကယ်ပေါ့ မြေးရဲ့ ...မနေ့က စရံပါချသွားပြီလေ ..." "ဒါ ...ဒါဆို ...အန်တီ ဘယ်ကိုပြောင်းမှာလဲဟင် ` အေးမြနွယ် စိုးတထိတ်ထိတ်နံ့ မေးလိုက်မိတယ်။ အေးမြနွယ်တို့ မိသားစုအနေနဲ့ အန်တီ ဘယ်ကိုပြောင်းပြောင်းလိုက်ရမှာ ဆိုပေမဲ့ အရင်တုန်းက အန်တီက အိမ်ပြောင်းရင် သူ့အစ်ကိုတွေရှိတဲ့ လမ်းထဲကို ပြောင်းမယ်လို့ ပြောထားဖူးတာမို့ အေးမြနွယ် တုန်တုန်ယင်ယင်နဲ့မေးလိုက်မိတာ ။ " ပြောင်းဖို့ ရွေ့ဖို့ကိစ္စအတွက် သမီးပူမနေနဲ့ ..အန်တီ့မောင်၀မ်းကွဲလေးတွေကို အကူအညီတောင်းထားတယ် ...အဓိက က အစ်ကိုတို့နဲ့ ဝေးတဲ့နေရာကို ပြောင်းကြတာပေါ့ကွက် ..." အန်တီ့ရဲ့ စကားကြောင့် အေးမြနွယ် ပြောမပြတတ်အောင် ၀မ်းသာသွားမိတယ် ။တကယ်တော့ အန်တီက အေးမြနွယ်တို့အတွက် ဘုရားက ဖန်ဆင်းပေးထားတဲ့ လူသားတစ်ယောက်လိုပါပင်။ အေးမြနွယ် ပြန်ကျန်းမာခဲ့ရင်ဖြင့် အန်တီကို ပြန်ပြီး လုပ်ကျွေးပြုစုပေးချင်လှပါပြီ။ ~~~~~~ ရက်အနည်းငယ်အတွင်းမှာပဲ အန်တီရဲ့ အိမ်က ရောင်းထွက်ခဲ့ပြီး အေးမြနွယ်လဲ မွေးရာပါ နှလုံးအပေါက်ကို ခွဲစိတ်ဖာထေးတာ အောင်မြင်ခဲ့ပါတယ်တယ်။ အိမ်ရောင်းလိုက်ပြီးတဲ့နောက်မှာ အန်တီတစ်ယောက် ပြဿနာပေါင်းစုံကို ရှင်းခဲ့ရတာကိုတော့ အေးမြ နွယ်မသိခဲ့ရပါဘူး ။ နေမခကတော့ တစ်ခါတစ်ရံအိမ်ကို ပြန်တာမို့ ပြဿနာတွေအားလုံးကိုသိခဲ့ရတယ်။ ~~~~ "လိုချင်လဲ ညီမကိုသာ သတ်ပြီးတော့ ယူသွားကြပါတော့ အစ်ကို...အစ်ကို သားနဲ့သမီးကို ညီမက ဘာကိစ္စ အမွေပေးရမှာလဲ ..ညီမသေသွားလို့လား ...အောင်သီဟ မင်းလဲ အရှက်မရှိပါလားဟဲ့ ... မင်းရဲ့ သားသမီးတွေနဲ့ မင်းမိန်းမကို ကျွေးမွေးစောင့်ရှောက်ပေးထားတာကို ကျေးဇူးမတင်ဘဲ နောက်မီန်းမအတွက်ပါ ငါက အမွေပေးရအုံးမှာပေါ့ ဟုတ်လား .. မင်း ရှာကျွေးနိုင်လို့ ယူထားတာလေ ငါနဲ့ဘာဆိုင်လဲ ...." အန်တီတီချိုတစ်ယောက် ဒေါသမထွက်စဖူး ဒေါသအကြီးအကျယ် ထွက်ပြီး လေသံမာမာနဲ့ ပြောလိုက်တယ်။ "နင့် တူနဲ့ တူမက သူတို့ အဆင် မပြေကြလို့ ငွေအရင်းအနှီးလေး နည်းနည်းပါးပါး တောင်းကြတာပါ မိချို...နင် ဒီလို ပြောစရာလား " ဦးလွင်ဦးက ညီမဖြစ်သူကို ထပြောလိုက်တယ် ။ " အစ်ကို သားနဲ့ သမီးနဲ့က ငွေတောင်းရုံတင်မကဘူး ....ခြိမ်းခြောက်တဲ့ ပုံမျိုးနဲ့ ပြောနေတာကို အစ်ကိုလည်းအမြင်ဘဲမဟုတ်လား....ညီမ ပိုက်ဆံကို ညီမ စေတနာရှိရင် ပေးချင်လဲပေးမယ် ...မပေးချင်လဲ မပေးဘူး ...အခုတော့ တဆိတ်ရှိ ဒီကလေးတွေနဲ့ပဲ ခြိမ်းခြောက်နေတာ ...မသိရင် သူ့သွေးသားရင်းတွေ မဟုတ်တဲ့ အတိုင်းပဲ " အဘွားရဲ့ ပြဿနာ။ အဘိုတို့မိသားစုတွေ့ရဲ့ အနိုင်ကျင့်မှုနဲ့ အဖေရဲ့ လူမဆန်တဲ့ လောဘတွေကို နေမခ မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရတဲ့အခါ အဖေတို့ မိသားစုတွေကို ပိုပိုပြီး စက်ဆုပ်ရွံရှာသွားမိတယ်။အဘွားမှာလည်း ဘယ်လောက် မပေးဘူးလို့ ငြင်းနေပေမဲ့ ဆေးရုံပေါ်မှာ ရှိနေတဲ့ အမေကို ပြဿနာ သွားရှာမှာစိုးလို့ အဘိုးတို့ကို ငွေအချို့ ခွဲဝေပေးခဲ့ရတယ်။ စိတ်ရှိတိုင်းသာဆိုရင် အဖေတို့ မိသားစုတွေကို နေမခ သောင်းကျန်းပစ်လိုက်ချင်ပေမဲ့ အားမတန်လို့မာန်လျော့ခဲ့ရတယ်။ ဒါပေမဲ့ နေမခစိတ်ထဲမှာတော့ တစ်နေ့မှာ အဖေတို့ မိသားစုတွေ နောင်တရနာကျင်စေရမယ်လို့တေးမှတ်ထားလိုက်ခဲ့တယ်။ ~~~~~~~ " ဘယ်လိုလဲ အမေ ....အိမ်ကို သဘော ကျရဲ့လား " နေမခ အမေ့ကို အိမ်ထဲကို တွဲခေါ်လာရင်း မေးလိုက်တယ်။အမေ့မျက်နားလေး ပြုံးနေတာကို မြင်ရတော့ နေမခ ပျော်မိတယ်။အဘွားရဲ့ အိမ်နဲ့ ခြံကို ရောင်းလိုက်ပြီး ရတဲ့ငွေ အပြည့်အ၀ နဲ့ဆိုရင် အဘွားက မြို့ထဲမှာပဲ တိုက်ခန်းကောင်းကောင်းနှစ်ခန်းလောက် ၀ယ်ပီး နေနိုင်မှာဖြစ်ပေမဲ့ အဘွားရဲ့ ငွေတစ်ချို့က ပဲ့ထွက်သွားတာမို့ အဘွားခမျာ မြိုနဲ့ အနီဆုံးဖြစ်တဲ့ မြို့သစ်နဘက်ကို ပြောင်းရွေ့ခဲ့ရတယ် ။ဒီနေရာက မြို့သစ်ဆိုပေမဲ့ မြို့ထဲနဲ့လဲ နီးပြီး လူနေမှု အဆင့်အတန်းကတော့ အထည်ကြီးပျက်များ နေထိုင်တဲ့ရပ်ကွက်မို့ လူနေသန့်တယ်။အများစုက နေမခတို့လို စျေးကောင်းရတဲ့နေရာကို ရောင်းခဲ့ပြီး ဝိတ်လျော့တဲ့အနေနဲ့ပြောင်းခဲ့ကြသူတွေမို့ အိမ်တွေကအစ

ဧကြည်ဖြူ " သံယောဇဉ် ကမ်းပါး " အပိုင်း ( ၉ ) ***** "ဟဲ့ ...ဟဲ့ ဒါက ဘယ်လိုဖြစ်နေကြတာလဲဟဲ့ " အောက်ထပ်ကိုရောက်သွားပြီးဖြစ်တဲ့ အန်တီအသံက ဟိန်းခနဲထွက်လာတယ်။ အေးမြနွယ်အောက်ထပ်ကို ရောက်လာတော့ အခန်းနှစ်ခန်းရဲ့ ရှေ့က ခြံဝန်းထဲမှာ မမျှော်လင့်ထားတဲ့ မြင်ကွင်းကိုတွေ့လိုက်ရတယ်။နေမခနဲ့ သူ့အဒေါ် ရန်ဖြစ်စကားများနေကြတာ။ သားကြီး နေမခက ဘယ်လောက်ထိစိတ်တိုနေလဲ (ဆိုရင် သူအကြိုက်ဆုံး ဘောက်စ် ကိုပါ ရိုက်ခွဲထားတာကို တွေ့လိုက်ရတယ်။ " အန်တီလေးတို့ ရောက်ကတည်းက...ကျွန်တော်တို့ မိသားစုတွေ တစ်ရက်မှ စိတ်မချမ်းသာခဲ့ရဘူး ...ဒီမှာ မနေကြတော့နဲ့ ပြောင်းကြတော့ ..." "ဟဲ့ ငါတို့က ဘာလို့ ပြောင်းရမှာလဲ ...ဒီအိမ်က ငါ့အဒေါ်အရင်းရဲ့အိမ်ဟဲ့ ... ပြီးတော့ ငါတို့က ပိုက်ဆံပေးပြီးနေတာ ...နင်တို့လို အလကား လာကပ်နေတာ မဟုတ်ဘူး " " သားကြီး နေမခ ...မင်းဘာဖြစ်နေတာလဲ .." အဒေါ်နဲ့တူ လူကြားမကောင်းအောင်အော်နေကြတာမို့ အေးမြနွယ် လှမ်းဟန့်လိုက်တယ်။ "နင်တို့ တော်ကြပါတော့ ဟယ် ... ပတ်ဝန်းကျင်မှာ ရှက်စရာကောင်းလိုက်တာ " အန်တီချိုက တူမနဲ့ မြေးရဲ့ကြားမှာဝင်ရပ်ပြီး ဟန့်တားလိုက်တယ်။ "ဘာလဲ အန်တီက သူတို့ကိုထိလို့ နာတာလား ... သမီးက အန်တီ့ တူမအရင်းပါ အန်တီရဲ့ ...သူတို့က အန်တီ ဆီမှာကပ်စာနေတဲ့ ဟာတွေ ...အန်တီငွေတွေကို လိုချင်လိုကပ်နေတာ အန်တိသိရဲ့လား .." " ဒုန်း " "အန်တီလေးတို့သာ အဘွား ငွေတွေကို လိုချင်လို့ လာကပ်နေတာမဟုတ်ဘူးလား .." နေမခက ခုံကို ထုရိုက်လိုက်ရင်း အဒေါ်ဖြစ်သူကို ပြန်အော်ပစ်လိုက်တယ်။ "တော်ကြပါတော့ဟယ် ...ငါတောင်းပန်ပါတယ်...ငါလည်းစိတ်ဆင်းရဲလှပါပြိ ...နင်တို့အားလုံးနဲ့ဝေးရာကို ငါ ထွက်သွားချင်နေပြီ " အန်တီချိုက နှစ်ယောက်လုံးကို အော်လိုက်တယ် ။ " အေးပါ နေမခ ...နင်တို့ သားအမိတွေက အန်တီက အရေးပေးတယ်ဆိုပြီး လူပါးဝနေကြတာပဲ....ငါအခု အဖေ့ဆီကိုဖုန်းဆက်မယ် " " ဆက်လေ ဆက်ပေါ့ ...ကျနော်တို့ကကြောက်နေရမှာလား...." " တောကြပါတော့ ....သားကြီး နေမခ တော်ပါတော့ကွယ် ...အမေတောင်းပန်ပါတယ် " အေးမြနွယ်က ငိုရင်း လှမ်း အော်လိုက်တော့မှ နေမခက အဒေါ်ဖြစ်သူကို ပြန်အော်နေတာကို ရပ်လိုက်ပြီး အိမ်ရှေ့စျေးဆိုင်ထဲကို ဝင်သွားတယ်။ ~~~~~~ "နင်တို့က ဘာတွေဖြစ်နေကြတာလဲ ..." ခြံထဲကို ရောက်တာနဲ့ ဦးလွင်ဦးက ဒေါ်သသံနဲ့ အော်လိုက်တယ်။ "ညီမလဲ မသိတော့ဘူး ...အစ်ကို့ သမီးနဲ့ အစ်ကို့ မြေးတွေ ဖြစ်နေကြတာလေ ..." အစ်ကိုဖြစ်သူရဲ့ အသံကို ကြားလို့ အန်တီက အပေါ်ထပ်က ဆင်းလာပြီး ပြောလိုက်တယ်။ "အဒေါ်ကို ပြန်ပြောနေတယ် ဟုတ်လား ...ဘယ်လောက်ရိုင်းတဲ့ ဟာလဲ ... စမန် ခုတ်နေတဲ့ဟာတွေ " ဒေါ်ခင်လှက သမီးဖြစ်သူ ပြောသမျှကို နားထောင်ပြီး မြေးဖြစ်တဲ့ နေမခကို ပြောလိုက်တယ် ။ အဘိုးနဲ့ အဘွားရဲ့အသံကို ကြားလိုက်ရတာနဲ့ အမေ့ကို ယပ်ခတ်ပေးနေရာကနေ နေမခ မတ်တတ်ထရပ်လိုက်တယ်။ "သား ဘယ်သွားမှာလဲကွယ် ...ဟိုမှာ သားရဲ့ဘွားလေးရှိတယ် ...ဘွားလေးပြောပြ လိမ့်မယ် ...သားမသွားပါနဲ့ကွယ် .တော်ကြာ စကားတွေ များကုန်ရင် သားပဲ ငရဲရမှာ ..." " ဟင့်အင်း အမေ...သား သွားပြောမယ် ... ဘွားလေးက အဘိုးကို ကြောက်ရတယ် ... ဒီပြဿနာက သားရှာတဲ့ ပြဿနာမို့ သားပဲ သွားရှင်းလိုက်မယ် ....သဲသဲ အပြင်ထွက်မလာခဲ့နဲ့နော် ...ထွက်လာရင် ကိုကို စိတ်ဆိုးမှာ " အမေ ဆွဲတားနေတဲ့ကြားက နေမခ အိမ်ရှေ့ကို ထွက်လာခဲ့တယ်။ တားနေတဲ့ကြားက ဇွတ်ထွက်သွားတဲ့ သားကြီးနေမခကြောင့် အေးပြနွယ်လဲ့ အိမ်ရှေ့ကို လိုက်ထွက်ခဲ့ရတယ်။ ~~~~~ "အိပ်ချိန်လဲ မဟုတ်ဘဲ သီချင်းဖွင့်မိတာ ကျွန်တော့် အလွန်လား ... လူကြီးတွေကိစ္စဆိုပြီး ကျွန်တော်ဝင်မပါခြင်းလို့ နေနေတာ ...အဘိုးတို့ကအရမ်းကို လွန်နေပြိ ..ကျွန်တော်တို့ရှေ့မှာ တင် ကျွန်တော်တို့အမေကို သေပါစေလို့ပြောတယ် ...ပြီးတော့ အန်တီလေး ရှိသေးတယ် ...အဖေ့နောက်မိန်းမက ဆံပင်က အရှည်ကြီးနဲ့ ပိုက်ဆံရှိတယ်ဆိုပြီး အမေကြားအောင် အမြဲပြောနေတာလေ ... ဘာလဲ ကျွန်တော့်အမေကို သေစေချင်နေကြတာလား .." နေမခက ဒေါသတကြီးနဲ့ အော်လိုက်တယ်။ "အဘိုးတို့က စိတ်တိုလို့ ပြောမိတာပါ ...." မြေးဖြစ်သူ နေမခ ဒေါသ တအားထွက်နေမှန်းသိတော့ ဦးလွင်ဦး လေသံကို လျှော့ပြီး ပြောလိုက်တယ် ။ "စိတ်တိုတယ် ဟုတ်လား....အဘိုးတို့ စိတ်တိုအောင်... သားတို့ အမေက ဘာလုပ်လို့လဲ ...အဘိုးရဲ့သားက သားတို့ အမေကို နှိပ်စက်ခဲ့တာလေ .. နောက်မိန်းမဆီ သွားဖို့ကို ပိုက်ဆံတောင်းလို့မရလို့ ညီမလေးနဲ့ ခြိမ်းခြောက်ခဲ့တာကို အဘိုးတို့ သိသိနဲ့ ဘာမှ မပြောခဲ့ကြဘူးလေ ... ဒီကြားထဲ အမေ့ကို ယောကျာ်းတွေနဲ့ ရှုပ်တယ်ဆိုပြီး မဟုတ်က ဟုတ်ကလျှောက်ပြောကြသေးတယ် ... အဘိုးတို့က အတော်ရက်စက်တဲ့ လူတွေ ... ဒီနေ့ကစပြီး အဘိုးတို့နဲ့ ကျွန်တော်တို့ သေခန်းပြတ်ပဲ ..အဘိုးတို့ နဲ့ အမျိုးလဲ မတော်ချင်ဘူး ...ပတ်လဲ မပတ်သက်ချင်တော့ဘူး " "သား နေမခ ...ဘာတွေ ပြောနေတာလဲ တော်တော့ "

အစားအသောက်ရှားပါးတယ်ဆိုတာလဲ မရှိခဲ့ဘူး။ အဝတ်အစား အစုတ်ဝတ်ရတာမျိုးလဲ မရှိခဲ့ဘူး။ကျောင်းပဲသွားသွား၊ အိမ်မှာပဲနေနေ အ၀တ်အစားတွေဆိုတာ မီးပူတိုက်ပြီးသား သန်းရှင်းသပ်ရပ်နေတာမျိုးလေ။အမေက ဈေးဆိုင် အလုပ်တွေနဲ့ ဘယ်လောက် အလုပ်များနေပါစေ နေမခတို့ စားဖို့ ဝတ်ဖို့ကို မညည်းမညူလုပ်ပေးခဲ့ရှာတာ။ နေမခတို့အတွက်တော့ အမေက အကောင်းဆုံး၊ အတော်ဆုံးလူသားတစ်ယောက်ပဲ ။ ~~~~~ အေးမြနွယ် ခွဲစိတ်ဖို့ အတွက် တစ်လပဲလိုတံ့ချိန်မှာ အန်တီချိုရဲ့ အပေါင်းအသင်းတွေက ငွေထုတ်ချေးမယ်လို့ ပြောလာကြတာမို့ အေးမြနွယ်တို့မှာ ဝမ်းသာခဲ့ရတယ်။ အန်တီချိုက နဂိုကတည်းက စေတနာကောင်းပြီး ရက်ရောသူတစ်ယောက်မို့ အပေါင်းအသင်းမိတ်ဆွေတွေ ပေါများပါတယ် ။အန်တီချို အကူအညီတောင်းတာနဲ့ ကူညီပေးမယ့်သူတွေကလဲ မရှားလှပါ။ "အဆင်ပြေပြီး သမီးရေ ဘာမှ ပူမနေနဲ့တော့ ... လိုနေတဲ့ ငွေလဲပြည့်ပြီ...အတိုးလဲ ပေးစရာမလိုဘူး ...အိမ်ရောင်းပြီးမှ ဆပ်တဲ့ ...ဟဲ့ ...ဟဲ့ ...ဘာလို့ငိုနေရတာလဲ ဒီကလေးမနဲ့ ဒါ ၀မ်းသာစရာလေ " အန်တီ့စကားကို ကြားတော့ အေးမြနွယ် ဝမ်းသာလွန်း၍ ငိုမိခြင်းပါ ။ ဘယ်လိုပင် တရားမရှိဘူး ပြောပါစေ အေးမြ နွယ်မသေချင်သေးဘူး။ သားနဲ့သမီးကို အေးမြနွယ်စိတ်မချဘူး။အန်တီရှိရင် သားနဲ့ သမီးအတွက် မပူရဘူးဆိုပေမဲ့ အန်တီက ရိုးသားအေးဆေးလွန်းသူမို့ အေးမြနွယ်ရဲ့ ယောက္ခမတွေကို မလွန်ဆန်နိုင်ဘူးဆိုတာ အားလုံးသိနေကြတယ်လေ။ ယောက္ခမတွေဆိုတာကလဲ ငွေကိုသာ ဦးစားပေးတတ်ကြတာလေ။ "ဝုန်း " "ဒုန်း " "ဂွမ်း " "ဟဲ့ ...ဟဲ့ ဘာဖြစ်ကြတာလဲ " အေးမြ နွယ်နဲ့ အန်တီတို့ အပေါ်ထပ်မှာ စကားပြောနေတုန်းမှာပဲ အောက်ထပ်က ဝုန်းဝုန်းဒိုင်းဒိုင်းအသံများကို ကြားလိုက်ရတာမို့ အန်တီက ထိတ်ထိတ်ပျာပျာနဲ့ အော်မေးလိုက်ပြီး အောက်ထပ်ကို ပြေးဆင်းသွားတယ်။ အေးမြနွယ်မှာတော့ အန်တီ့လို ပြေးမဆင်းနိုင်ဘဲ တဒိန်းဒိန်းခုန်လှုပ်သွားတဲ့ ရင်ဘတ်ကို လက်နဲ့ အသာဖိပြီး လှေကားထစ်တွေအတိုင်း တဖြည်းဖြည်း တရွေ့ရွေ့ဆင်းလာခဲ့ရတယ်။ အောက်ထပ်မှာတော့ ဘာတွေဖြစ်နေကြလဲ မသိ။ တံခါးကို ထုသံ ၊ ခြံတံခါးသံတိုင်းကို ထုရိုက်သံလိုမျိုး အသံတွေကို ကြားနေရတယ်။ ================== အပိုင်း (၉) ဆက်ရန် ..... ဧကြည်ဖြူ

" အဘိုးတို့က အရမ်းလွန်နေပြီ ...ထားလိုက်တော့ အဘွား သွားမတောင်းနဲ့တော့ ...အဘွားအသိတွေဆီက ချေးပေးပါနော် အဘွား ... အမေနေကောင်းတာနဲ့ သားနိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး အဘွားရဲ့အကြွေးတွေကို ဆပ်ပေးပါ့မယ် ..ပြီးတော့ အဘိုးတို့နဲ့လဲ မပတ်သက်နဲ့တော့ ... အဘွား တူမကိုလဲ ဒီမှာ မနေခိုင်းနဲ့တော့ အမေ့အကြောင်းတွေကို တစ်လမ်းလုံး အတင်းလိုက်ပြောနေတာ " "ဟယ် ...သား နေမခ ... ဘယ်လို ပြောတာလဲကွယ် ...အဲ့ဒီလို မပြောရဘူးလေ .. သားငရဲကြီး လိမ့်မယ် .. သူတို့က အမေနဲ့ ဘာမှမတော်ကြပေမဲ့ သားရဲ့ အဘိုးနဲ့အဘွားအရင်းတွေလေ " သားဖြစ်သူ နေမခရဲ့ ဒေါသတကြီးနဲ့ ပြောလိုက်တဲ့ စကားကြောင့် အေးမြနွယ်အလန့်တကြားနဲ့ တားမြစ်လိုက်မိတယ်။သားလေးကို ငရဲရစေမှာ မျိုးကိုတော့ အေးမြ နွယ်လက်မခံနိုင်ပါ။ဒါတောင် ကံကောင်းလို့ အငယ်မ တို့ မိသားစု ဒီနေ့အိမ်မှာမရှိလိုသာပေါ့ ။မဟုတ်ရင် ကြီး ကောင်ဝင်လာပြီဖြစ်တဲ့ သားနေမခက စိတ်တိုနေချိန်မှာ သူ့အဒေါ်တွေကို မပြောဘူးလို့ အာမခံနိုင်တာမဟုတ်ဘူး။ အန်တီချိုကတော့ ကိုယ်တိုင်ကြုံလာခဲ့ရသူမို့ မြေးဖြစ်သူ ရှေ့မှာ စိတ်ညစ်ညစ်နဲ့ထိုင်နေမိတယ်။ ~~~ " မထည့်နိုင်ဘူးနော် ... သဲသဲက သားညီမ ...သားညီမကို ဘယ်သူနဲ့မှ မထည့်နိုင်ဘူး ...အဘွားလဲ ထည့်ပေးလိုက်ဖို့ မတွေးနဲ့နော် " နေမခ အဘွားကို စိတ်တိုတာမဟုတ်ပေမဲ့ အော်ပြောလိုက်မိတယ်။ ဟုတ်တယ်လေ အမေနေမကောင်းမှန်း သိသိနဲ့ နေမခတို့ကို ပစ်ထားခဲ့ကြပြီးမှ သူတို့ခရီးသွားမှာမို့ ညီမလေးကိုပါ ခေါ်သွားမယ်တဲ့ ။မထည့်ပေးနိုင်ဘူး။ ညီမလေးကို ဘယ်သူနဲ့မှ စိတ်မချဘူး။ " အေး ...အေးပါဟယ် ...အဘွားက အငယ်လေး ...သူတို့ကခေါ်မယ်ဆိုမှတော့ မထည့်လို့ ရမလား " "ရတယ် အဘွား ...ဒီကိစ္စက အဘွားနဲ့ မဆိုင်တော့ ဘူး ...သားပြောမယ် " ~~~ ~~ အေးမြနွယ် ပက်လက်ကုလားထိုင်ပေါ်မှာ ထိုင်ရင်း ဘုရားကို အာရုံပြု ရှိခိုးနေတုန်းမှာ အပေါ်ထပ်က မြေးအဘွားနှစ်ယောက်ရဲ့ ဆူသံကို ကြားလိုက်ရတာမို့ ရင်တွေ ဒိန်းခနဲ ဆောင့်ခုန်သွားမိတယ်။ အပေါ်ထပ်ကို လှမ်းအော်မေးဖို့ကလဲ အားအင်မရှိတာမို့ အိမ်ပေါက်၀ကို ကြည့်ပြီး သားကြီးနေမခ ဆင်းအလာကို စောင့်နေလိုက်ရတယ်။ အေးမြနွယ်ကြည့်နေတုန်းမှာပဲ သားကြီးနေမခ အိမ်ထဲကို ဝင်လာတာမို့ အေးမြ နွယ်အလောသုံးဆယ် မေးလိုက်မိတယ်။ "ဘာ ..ဘာဖြစ်တာလဲ သား ...အဘွားကို ဘာလို့ အော်နေတာလဲ " နေမခ အမေ့ဘေးနားမှာ ၀င်ထိုင်လိုက်ပြီး " အဘွားကို အော်တာ မဟုတ်ဘူး အမေ ...အဘိုးတို့ပေါ့ ညီမလေးကို နယ်ဘက်ကို ခေါ်သွားမလို့တဲ့ ...အဲ့ဒါ မထည့်နိုင်ဘူးလို့ ပြောနေတာ " "ဘယ်လို ... နယ်ကို ခေါ်သွားမလို့ ဟုတလား ...မဖြစ်နိုင်တာ ...အမေလဲ မည့်ချင်ဘူး သား ..." အေးမြနွယ် စိတ်ထဲ ထိတ်ခနဲ ပူပင်သွားမိတာမို့ သားရဲ့ လက်ကို အားကိုးတကြီး ဆွဲကိုင်လိုက်မိတယ်။ "စိတ်ချပါ အမေရာ ..သားလဲ မထည့်ပေးပါဘူး " နေမခက အမေရဲ့ ပိန်လှီနေတဲ့ လက်ကလေးကို ဆုပ်ကိုင်ပြီး အံကိုကြိတ်ကာပြောလိုက်မိတယ်။ ~~~~ " ဒုန်း " "ဝုန်း " "ခွမ်း " "လူပါး၀တဲ့ ဟာတွေ..... ငါ ( ..... ) ဟာတွေ ... စိတ်ချ နင်တို့နဲ့ ငါတို့သေးခန်း ပြတ်ပဲဟေ့ ... ဘယ်တော့မှ မပတ်သက်ဘူး " ဦးလွင်ဦးက ခြံထဲမှာ ရှိတဲ့ ပစ္စည်းတွေကို ကန်ကျောက်ပြီး ပြောဆို ဆဲဆိုနေတယ်။ "အဲ့ဒီ ( ... ) မက ....ရှင့်မြေးတွေကို သွေးထိုးပြီး ရိုင်းအောင်လုပ်ထားတာ ...သေလဲ မသေနိုင်ဘူး ...အရိုင်းအစိုင်းတွေကို ခေါ်မနေနဲ့ ပြန်ကြမယ် " ဒေါ်ခင်လှက ယောကျာ်းဖြစ်သူရဲ့ ဘေးကနေ အေးမြနွယ်တို့ ကြားအောင် အော်ပြောလိုက်တယ်။ အေးမြနွယ်ကလဲ ကြားပါတယ်။မိမိကို သေပါစေဆုတောင်းတာမို့ စိမ်မကောင်းဖြစ်မိပေမဲ့ ဘာမှလဲ ပြန်ပြောစရာမရှိပါ။သူတို့က မိဘတွေမို့ ပြောချင်ရာပြောကြပါစေဟု သဘောထားပြီး ဘုရားကိုပဲ အာရုံပြုနေရင်း သားကြီးနေမခရဲ့လက်ကို ခပ်တင်းတင်းဆုပ်တိုင် ထားလိုက်ရတယ် ။မတော် အဘိုးအဘွားတွေကို ပြန်ပြောနေမှာစိုးရတယ်။ အပေါ်ထပ်က အန်တီဆီက ဘာအသံမှ မကြား ရတာမို့ အေးမြနွယ် သက်ပြင်းကို မသိမသာချလိုက်မိတယ်။ " သေလဲ မသေနိုင်ဘူး ... မြန်မြန်သေအေးတယ် " အမေ့ကို ကျိန်ဆဲနေတဲ့ အဘိုးနဲ့ အဘွားကို ကြည့်ပြီး နေမခအံကိုတင်းတင်းကြိတ်ထားမိတယ်။နေမခ သိတတ်တဲ့ အရွယ်ကတည်း အဖေနဲ့ အဘိုးအဘွားတို့ အမေ့ကို အမျိုးမျိုးနှိပ်စက်ခဲ့ကြပေမဲ့ အမေက အမြဲသည်းခံခဲ့တယ်။အဘိုးအဘွားတို့ကို ပြန်ပြောတာမျိုး၊ နောက်ကွယ်မှာ ပြောဆို ကျိန်ဆဲတာမျိုးလဲ ရှိခဲ့တာမဟုတ်ဘူး။ နေမခက ပြန်ပြောမိရင်တောင် အမေက တားမြစ်ခဲ့တာ။ အဖေရှိတုန်းကလဲ တစ်ခါတလေ အမေ့ကို ရိုက်နှက်ခဲ့ပေမဲ့ အမေ့က မျက်ရည်ကျရုံကလွဲပြီး အဘိုးအဘွားတို့လို ဆဲဆိုတာမျိုးကိုတောင် လုပ်ခဲ့တာမဟုတ်ဘူး ။ ကိုယ့်အမေ့မို့ ပြောတာမဟုတ်ဘူး ။အဖေက တစ်နှစ်မှာ အနည်းဆုံးတစ်ခါလောက်တော့ အိမ်ကနေ ထွက်သွားတတ်တယ်။ နေမခသိတတ်တဲ့ အရွယ်ကို ရောက်လာတော့ အဖေက ပိုဆိုးလာတယ်လို့ပဲ ပြောရမလား ။တစ်နှစ်ကို နှစ်ခါသုံးခါလောက် ကောင်မလေးတွေနဲ့ ထွက်သွားတတ်တာ ။ဒါပေမဲ့ အဖေထွက်သွားလို့လဲ နေမခတို့ မောင်နှမ ဒုက္ခမရောက်ခဲ့ပါဘူး။ အမေက စျေးရောင်းပြီးရှာကျွေးခဲ့တယ်။ နေမခတို့မှာ

ဧကြည်ဖြူ "သံယောဇဉ် ကမ်းပါး" အပိုင်း (၈ ) ** * ** "အန်တီချိုတို့တော့ မြေးတွေနဲ့ မပျင်းရတော့ဘူးပေါ့ " ၀ယ်နေကျ ဟင်းရွက်သည်လေးက စသလို နောက်သလိုပြောတော့ အန်တီချိုတစ်ယောက် ခပ်ယဲ့ယဲ့ပြုံးလိုက်မိတယ်။ဟင်းရွက်သည်ပြောသလိုပဲ မပျင်းရတာတော့ အမှန်ပင်။အိမ်ပြောင်းလာတဲ့ တူမအရင်းရဲ့ကလေးနဲ့ မြေးမလေး သဲသဲက အသက်အရွယ်ချင်းက မတိမ်းမယိမ်းတွေ။ သဲသဲလေးကအကြီး မိုးသည်းခံတတ်ပေမဲ့ အသေးမလေးက ခပ်စ္စာစွာဆိုတော့ မြေးမလေးသဲသဲခမျာ အထုအရိုက်ခံရတတ်တယ်။ မြေးချင်းတူတူဆိုပေမဲ့ မြေးမလေးသဲသဲကို ထိတော့ ရင်ထဲမကောင်းပါ။ အစားအသောက် တစ်ခုစုကျွေးရင်လဲ အသေးမလေးက သူ့ကို အရင်ခေါ်ကျွေးမှ ကျေနပ်တာမျိုး။ကိုယ်က အကျင့်ဖြစ်နေတာမို့ မြေးလေး သဲသဲရေ ခေါ်မိရင် အသေးမလေးကစိတ်ကောက်တော့တာပဲ ။ကလေးစိတ်ကောက်တာက အရေးမကြီးပေမဲ့ တူမဖြစ်သူကပါ ကြေးတိုက်ပြီး ဒီဘက်မှာ ဖြစ်သမျှ အလုံးစုံကို သူ့အဖေအမေတွေဆီကို ဟုတ်တာတွေရော ၊မဟုတ်တာတွေပါသတင်းပို့နေလေတော့ ကိုယ်တွေမှာ အလိုလိုနေရင်း အနေကျုံ့နေရတဲ့ဘ၀မျိုးဖြစ်နေတာ။ ဒီဘက်ကများ တစ်ခုခုပြောမိလုပ်မိရင် သတင်းက အစ်ကိုနဲ့ ယောင်းမဆီကိုရောက်သွားပြီး ဖုန်းနဲ့ တစ်မျိုး ၊ လူကိုယ်တိုင်တစ်မျိုး ပြစ်တင်ပြောဆိုကြတော့တာပဲ။အခုတော့ ကိုယ်တွေမှာ ပြောစရာလုပ်စရာရှိရင် တိုးတိုးတိတ်တိတ်နဲ့ ကျိတ်ပြောကျိတ်လုပ်ကြရတဲ့ ဘ၀ကို ရောက်မှန်းမသိ ရောက်နေခဲ့ကြရတဲ့ဘ၀လေ။ ~~~ "တစ်ပတ် တစ်ပတ်ဆေးဖိုးက တစ်သိန်းနီးပါးပဲ အဖေရဲ့ ... ဟို နှစ်ကောင်ကဆိုတာလဲ စားတာမှ တအားပဲ ... ဒီကြားထဲ အကြီးကောင်က အလိုက်ကန်းဆိုးမသိ သီချင်းတွေ ထထဖွင့်သေးတာ ...အဖေ့ညီမ မှာ အကြွေးတွေ ဝိုင်းနေပြီးနော် ...အိမ်ရောင်းပြီးရင် ပြန်ဆပ်မယ်ဆိုပြီး ချေးထားတဲ့ငွေတွေက မနည်းဘူး " ဦးလွင်ဦးးနဲ့ဒေါ်ခင်လှက သမီးဖြစ်သူပြောတာကို နားထောင်နေကြရင်း ကြိတ်မနိုင်ခဲမရဖြင့်ပင် "ဒီအရူးမကိုတော့ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး ...ဒီဟာတွေကြောင့်တော့ ရှိသမျှ ကုန်တော့မယ်..ရောဂါသည်ကလဲ သေစရာရှိ မသေးဘူး ..." "သေမှာမဟုတ်ဘူး အဖေရေ ... အန်တီက ဦးစားပေးတယ် ဆိုပြီး အကြောကို တင်းနေတာပဲ ... အိမ်ရောင်းမထွက်ခင် အဖေ့ဆီမှာလိုတဲ့ ပိုက်ဆံကို လာချေးမယ်လို့ ပြောနေသံကြားတယ် ..." "အို ..မချေးနိုင်ပါဘူး...ပေးလဲ မပေးနိုင်ဘူး ... ကိုယ့်ချွေးမလဲ မဟုတ်တော့ဘူး ...သူသေသွားလို့ ကလေးတွေ ကျန်ခဲ့ရင်တော့ ခေါ် မွေးရမှာပေါ့ ... အခုအောင်သီဟ မိန်းမမှာလဲ ကိုယ်ဝန်ရနေပြီတဲ့ ...မိချိုရဲ့ အမွေက သူတို့နဲ့ ဘာမှမဆိုင်ဘူး ရမဲ့ရ ငါ့သား အောင်သီဟ ပဲ ရ ရမှာ " ဒေါ်ခင်လှက မကျေမနပ်နဲ့ ရေရွတ်လိုက်တယ်။ ဦးလွင်ဦးကလဲ တောက်တစ်ခေါက်နဲ့ မကျေမနပ်ဖြစ်နေမိတယ်။ ~~~~ "အမေ့နားမှာပဲ တစ်ချိန်လုံး ကပ်နေစရာ မလိုပါဘူး သားရယ် ...စာလေးဘာလေး လေ့လာပါအုံး " အေးမြနွယ်က သားဖြစ်သူကို ကြည့်ပြီး ပြောလိုက်တယ်။နေမကောင်းတာ ခြောက်လကျော်လာဖြစ်တဲ့အတွက် သားကြီးရဲ့ ပညာရေးကိုလဲ ထိခိုက်ခဲ့ရတယ် ။အိမ်နဲ့ ဆေးရုံကို အချိန်အခါ မရွေး သွားနေရတဲ့အပြင် တစ်ယောက်တည်း နေလို့မဖြစ်တဲ့ အေးမြနွယ်ကြောင့် သားကြီးမှာ ကျောင်းနားခဲ့ရတယ်လေ။ကျောင်းနားခဲ့ရပေမဲ့ သားက အင်္ဂလိပ်စာကိုတော့ အချိန်အားတာနဲ့ လေ့လာသင်ယူနေရှာတယ်။ အေးမြနွယ်လဲ အမြန်ဆုံးပြန်ကောင်းချင်နေပါပြီ ။အန်တီ့ကိုလဲ အားနာလှပြီလေ။ပြီးတော့ သားကြီးကိုလဲ နောက်နှစ်တော့ ဆယ်တန်းကိုဖြေစေချင်မိတယ်။ ~~~~ ဦးလွင်ဦးက ညီမဖြစ်သူရဲ့မျက်နှာကို ခပ်စူးစူးစိုက်ကြည့်ပြီးပြောလိုက်တယ်။ "သိန်းနှစ်ဆယ် ဟုတ်လား ..... ဘယ်လိုဖြစ်လို့ အသည်းအသန် ပြန်တောင်းနေရတာလဲ " အစ်ကိုဖြစ်သူရဲ့ လေသံခပ်မာမာကြောင့် အန်တီချိုမှာ မျက်နှာကို မသိမသာအောက်ကိုငုံ့လိုက်မိတယ်။ကိုယ့်ပိုက်ဆံ ကိုယ်ပြန်လာတောင်းတာမို့ အစ်ကိုဖြစ်သူကိုကြောက်တာမဟုတ်ပေမယ့် စိတ်ထဲမှာတော့ စိုးရွံ့နေမိတာအမှန်ပင်။ "ကောင်မလေးကလဲ နောက်လထဲမှာ ခွဲစိတ်ဖို့ရက်ရတယ်လေ အစ်ကို ...ညီမမှာလဲ ငွေကမပြည့် လိုပါ ... အိမ်ကလဲ ကြည့်တဲ့သူတွေသာ လာနေတာ ဈေးကမတည့်ဘူးဖြစ်နေတယ် " "အေး ... ဘယ်တည့်မလဲ ...နင်တို့ငွေလိုနေမှန်းသိတော့ နှိမ်ချင်နေကြတာလေ ...နင်ကိုယ်က မဟုတ်တာ ... သူကနင့်တူမ မို့လို့လား နင်ဒီလောက်လိုက်လုပ်ပေးနေတာ ... အေး ငါ့မှာလဲ ငွေက လက်ထဲမရှိသေးဘူး... လုပ်ငန်းထဲ သုံးထားလို့ ပေးစရာမရှိဘူး " ~~~~~~ အစ်ကိုတွေရဲ့အိမ်က ပြန်ထွက်လာတော့ ကောင်းကင်မှာ ပူနေတဲ့ နေမင်းကြီးထက် အန်တီချို့ရဲ့ရင်ထဲက အပူမီးက ပိုနေခဲ့ပါပြီ။အစ်ကိုဖြစ်သူဆီကငွေကို ပြန်ရခဲ့ရင် မသကာလိုလှ ငါးသိန်း၊ ဆယ်သိန်းသာပေါ့။ အခုတော့ ငွေကို ဘယ်လိုရှာရပါ့မလဲ ။ မရတဲ့အဆုံးမှာ အိမ်ကို ပေါင်လိုက်ရလေမလား။ရှေ့မျက်နှာ နောက်ထားပြီး အပေါင်းအသင်းတွေဆီ ချေးရရင် ကောင်းလေမလား ။ လောလောဆယ် အိမ်ပြန်ရောက်ရင် အေးမြနွယ်တို့ သားအမိကို ဘယ်လိုပြောရမှန်းပင် မသိပါလေတော့ ။ အေးမြနွယ်ကတော့ သူ့ယောက္ခတွေ အကြောင်းကို သိသူမို့ ဘာမှ ပြောမှာမဟုတ်ပေမဲ့ မြေးဖြစ်သူက နားလည်သိတတ်နေပြီမို့ စိတ်ဆိုးဒေါသထွက်ပေအုံးမယ် ။ ^~~~~~

အဘွားက ငွေသုံးသိန်းကိုထုတ်ပေးလိုက်တာကို မြင်တော့ နေမခအံ့သြသွားမိသလို ၊ အမေလဲ အံ့ဩသွားပုံရတယ် ။အဖေဆိုတဲ့လူကတော့ ငွေကို ရတာနဲ့ သူ့ကျောပိုးအိတ်ထဲကို အဝတ်အစားတွေ စုထည့်ပြီး ထွက်သွားပါတော့တယ် ။ ~~~~~ "အန်တီ ငွေဘယ်ကရတာလဲဟင် " နေမခ သိချင်နေတဲ့ မေးခွန်းကို အမေက မေးလိုက်တယ် ။အဘွားက အေးအေးဆေးဆေးပဲ ပြန်ဖြေတယ်။ " အန်တီ့ အမေပေးခဲ့တဲ့ လက်ကောက်ကို ရောင်းလိုက်တာ သမီး ... မရှိဝမ်းစာ ရှိတန်ဆာပေါ့ ...အောင်သီဟကို ဒီလိုပဲ ရှင်းမှ ရတော့မှာလေ ...မဟုတ်ရင် မြေးလေး သဲသဲကို ခေါ်သွားရင်ဘယ်လိုလုပ်မလဲ ... ဘာမှစိတ်မကောင်း မဖြစ်ကြနဲ့ ..လောလောဆယ် သူ့ရန်က အေးဖို့ အရေးကြီးတယ် " ~~~~~ "ဘာပြောတယ် ကိုလွင်ဦး ...ရှင့်သားက နောက်မိန်းမနဲ့ အတိအလင်းယူလိုက်ပြီတဲ့လား ...အဲ့ဒါဆို ဒီဘက်မှာရော ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ပြီလား " " အေး မင်းယောင်းမနဲ့ သူတို့ရပ်ကွက်ရုံးမှာ လုပ်လိုက်တယ် ပြောတာပဲ ..." ဦးလွင်ဦးက ဇနီးဖြစ်သူကို ပြန်ဖြေလိုက်တယ်။ " အဲ့ဒါဆို အမွေကိစ္စ ဘယ်လိုလုပ်ကြမှာလဲ ...ရှင့်ညီမသာ တစ်ခုခုဖြစ်သွားရင် အေးမြနွယ်တို့ သားအမိတွေပဲ မောင်ပိုင်စီးလိုက်ကြမှာပေါ့ ...ခုလဲ အိမ်ရောင်းဖို့ လုပ်နေတာ မဟုတ်လား ...တော်ကြာ အေးမြ နွယ်က အပိုင်စီးသွားလိမ့်မယ် " ဒေါ်ခင်လှ စိုးရိမ်ပူပန်စွာထပြောလိုက်တော့ ဦးလွင်ဦးလဲ တွေဝေသွားမိတယ်။ "အေး မင်းပြောတာ ဟုတ်တာပဲ ... မင်းယောင်းမက သနားတတ်တယ် ... တော်ကြာ အိမ်ရောင်းပြီး အေးမြ နွယ်ကို လွှဲပေးလိုက်မှဖြင့် ... ငါတို့ ဘာလုပ်ကြမလဲ " ဦးလွင်ဦးထိတ်ထိတ်ပျာပျာနဲ့ မိန်းမလုပ်သူကို မေးလိုက်တယ်။ "ကျပ်မှာ အကြံရှိတယ် ...ဒီလိုလုပ် ... ရှင့်သမီးအငယ်မကို သူ့အဒေါ်ဆီကိုလွှတ်လိုက် ...အခုငှါးနေတဲ့ အိမ်က ဖယ်ခိုင်းနေလို့ ... အောက်ထပ်က ခြေရင်းဘက်ခြမ်းမှာ အခန်းကန့်ပြီး ခဏနေပါရစေလို့ ပြောခိုင်းလိုက် ... အောက်ထပ်က အကျယ်ကြီးပဲဟာ ရှင့်ညီမ မငြင်းပါဘူး " ~~~~ "တစ်လ နှစ်လပါပဲ အန်တီ ... အန်တီတူ အလုပ်ကလဲ မကောင်းလို့ပါ ...သမီးတို့နိုင်သလောက် အိမ်လခပေးမှာပါ " အန်တီချိုမှာ တူမ ငယ်ကို ကြည့်ရင်း သက်ပြင်းကို မသိမသာချလိုက်မိတယ်။ အောင်သီဟနောက်မိန်းမယူလိုက်ပြီ ဆိုလို့ မိသားစုတွေစိတ်ချမ်းသာမယ် မကြံသေး တူမ ရင်းဖြစ်သူက အတူလာနေမယ်ဆိုလေတော့ ......။ ================ = အပိုင်း (၈ ) ဆက်ရန် ဧကြည်ဖြူ

"ဘာမှတွေးမနေ သမီးရေ ...အန်တီ့အိမ်ကို ရောင်းဖို့ ပွဲစားကို အပ်လိုက်ပြီ ... သမီးကို ပျောက်အောင် အန်တီကုပေးမယ် " အေးမြနွယ် လက်အုပ်လေးကို ချီပြီး အန်တီ့ကို ကန်တော့လိုက်မိတယ်။အန်တီက အေးမြနွယ်တို့သားအမိတွေ အတွက် မိခင်ရင်း တစ်ယောက်ထက်မကဘဲ ကယ်တင်ရှင်တစ်ယောက်ပါပင်။ ~~~~~~ အေးမြနွယ်ခွဲစိတ်ဖို့ ရက်ချိန်းမရခင်မှာ ဆေးရုံကဆင်းခွင့် ရခဲ့တယ်။ " အပေါ်ထပ်က တအားပူတယ် ...သမီးတို့ အောက်ထပ်မှာပဲ နေကြ ...စားဖို့ သောက်ဖို့ အန်တီပဲလုပ်ပေးမယ် .. မြေးလေး နေမခက အမေ့နားမှာနေ ..အဘွား ခိုင်စရာရှိရင် လှမ်းခေါ်မယ် " အန်တီက အစစအရာရာကို တာဝန်အပြည့်ယူခဲ့ရှာတယ်။အောင်သီဟကတော့ ပြန်လာချင်ရင် ပြန်လာပြီး ထွက်ချင်လဲ ထွက်သွားတတ်တယ်။ " သား ...အဘွားကို ပန်းကန်တွေ ဝိုင်းကူဆေးပေး ... အဝတ်တွေဝိုင်းလျှော်ပေးနော်....သားတို့ အဖေကို ထည့်တွေးမနေနဲ့တော့ " "ဟုတ်ကဲ့ အမေ " နေမခက မိခင် ဘေးမှာ ထိုင်စောင့်နေရင်းကနေ မိခင်ကို ခေါင်းငြိမ့်ပြလိုက်တယ်။အမေပြောသလိုပဲ နေမခ ခေါင်းထဲမှာလဲ အမေရယ်၊ ညီမလေးရယ် အဘွားရယ်ပဲ ရှိတာပါ ။ အခုဆိုရင် ညီမလေးလဲ အဖေ့ကို အရင်ကလို သိပ်မကပ်တော့။နေမခနဲ့ အမေ ဆေးရုံက ဆင်းလာပြီးကတည်းက ညီမလေးက အမေ့နားက မခွါတော့တာကို နေမခသတိထားမိခဲ့တယ်။ ~~~~~ "အန်တီတူပုံက တစ်မျိုးပဲနော် အန်တိ ...သမီးက သွားဆိုတော့လဲ မသွားဘူး " သားနဲ့သမီး အပေါ်ထပ်မှာ ထမင်းသွားစားနေကြတုန်းမှာ အေးမြနွယ်က အန်တီ့ကို တိုးတိုး ကပ်ပြောလိုက်မိတယ်။ "အန်တီလဲ ရိပ်မိတယ် သမီး ...သမီး ပိုပြီးစိတ်ဆင်းရဲမှာစိုးလို့ မပြောတာ ... အရင်ကဆို သူဘယ်လောက်ဆိုးဆိုး ကလေးကို မာန်တောင် မာန်ခဲ့တာမဟုတ်ဘူး ...အခုဆို သဲသဲလေးကို ဆူလိုက်ငေါက်လိုက်နဲ့ ...အန်တီလဲ အစ်ကိုတို့ကို ပြောထားတယ် သူ့ကို ခဏပြန်ခေါ်ထားဖို့လေ " အေးမြနွယ်နဲ့ အန်တီတို့ အောင်သီဟအကြောင်းကို ပြောရင်းသက်ပြင်းပြိုင်တူ ချမိလိုက်ကြတယ်။ ~~~~ "ဘာ ...ဘာပြောတယ် ကိုကြီး...သုံးသိန်းပေးရမယ် ဟုတ်လား ...နွယ်လေးမှာ သုံးသိန်း မပြောနဲ့ သုံးထောင်တောင် မရှိဘူး " အေးမြနွယ်က အသက်ကို ခက်ခက်ခဲခဲရှုနေတဲ့ကြား ကနေ ယောကျာ်းဖြစ်သူကို ပြန်ပြောလိုက်တယ်။ခုတလောမှာ ကိုကြီးတစ်ယောက် အိမ်ကပစ္စည်းတွေကို ထုလိုက် ရိုက်လိုက် ၊ ကန်လိုက် ကျောက်လိုက်လုပ်နေလို့ မနေချင်ရင်ထွက်သွားဖို့ ပြောလိုက်တော့ ကိုကြီးရဲ့ နှုတ်ကနေ ခုလို ထွက်လာတာပါပဲ။ သူ့ကိုထွက်သွားစေချင်ရင် သုံးသိန်းပေးရမယ်တဲ့လေ။ " မသိဘူး ...သုံးသိန်းပေးရင်း ငါထွက်သွားမယ် ... မပေးရင်တော့ ကလေးကိုပါခေါ်ပြီး ထွက်သွားမှာ " "ဘာ ...ဘာပြောတယ် ကိုကြီး ..." အေးမြနွယ် ရှေ့ဆက်မပြောနိုင်တော့ပါ။ရင်ဘတ်တွေထဲကပင် အောင့်လာတာမို ခေါင်းအုံးပေါ်ကို ခေါင်းကို မှေးတင်လိုက်ရတယ်။ "အမေ မောလို့လား ..ခဏနားလိုက်နော် ဟိုမှာ အဘွားလာနေပြီ " နေမခ လက်သီးကို မသိမသာဆုပ်မိရင်း အမေ့ကို ယပ်တောင်နဲ့အသာခပ်ပေးလိုက်တယ်။စိတ်ထဲမှာ ပွက်ပွက်ဆူချင်နေတဲ့စိတ်ကို နေမခ မနည်းထိန်းချုပ်ထားရတယ်။ "ဟဲ့ အောင်သီဟ ... လူ လို အသိမရှိတဲ့ကောင်ရဲ့ ... မင်း အခုထွက်သွား မင်းလိုချင်တဲ့ငွေကို ငါရှာပေးမယ် ...မနက်ဖြန်လာယူ ...အေး ပြီးရင် ငါ့အိမ်ရိပ်ကိုတောင် လာမနင်းနဲ့ တော့ " ~~~~~ "အစ်ကိုတို့သားက တောင်းတာ သုံးသိန်းတဲ့လေ ... ဒီအချိန် ညီမမှာ ဘယ်လို ရှိတော့မှာလဲ ... စားဖို့ပဲ ရှိတယ် ... ခွဲစိတ်စရိတ်တောင် အိမ်ရောင်းရမှ အဆင်ပြေမှာ... အိမ်မရောင်းရခင် ဘယ်ကချေးရမှန်းမသိဘူး ...အဲ့ဒါ အစ်ကိုတို့ကိုတောင် လာပြောမလို့ ... အိမ်မရောင်းရသေးခင် လိုတဲ့ငွေကို ချေးထားပါ အစ်ကို...ပြီးတော့ အစ်ကိုတို့သား တောင်းတဲ့ငွေကိုလဲ စိုက်ထားပေးပါ ...ညီမအိမ်ကိုရောင်းပြီးတာနဲ့ အကုန်ပြန်ပေးပါ့မယ် " အန်တီချိုက အစ်ကိုနဲ့ ယောင်းမကို မနားတမ်း ပြောချလိုက်တယ်။ ဦးလွင်ဦးနဲ့ ဒေါ်ခင်လှက ညီမဖြစ်သူရဲ့ စကားကို နားထောင်ပြီး ခေါင်းကို ပြိုင်တူ ခါယမ်းလိုက်ကြတယ်။ "ငါတို့မှာလဲ မရှိဘူး ... နင်လဲ တော်ရုံသင့်ရုံပဲလုပ် ... သူ့အစ်ကိုတွေတောင် ပစ်ထားသေးတာ နင်က အနေသာကြီး ... သူ့ကံရှိသလောက် အသက်ရှင်လိမ့်မယ် ... ဟိုကောင် အောင်သီဟကိုလဲ ဘာပိုက်ဆံမှ မပေးနဲ့ သူ့ကလေး သူခေါ် ချခေါ် ခေါ်ချင်နေ ...နင်လဲ နေတတ်သလိုသာနေ ...နင့်အသက်လဲ မကြာခင် ခြောက်ဆယ်ပြည့်တော့မှာ ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက် " ~~~~ အဘွားပြန်လာတဲ့ပုံကို မြင်ကတည်းက အဆင်မပြေခဲ့မှန်း နေမခ ခန့်မှန်းလိုက်မိတယ်။အဘိုးနဲ့ အဘွားဆီမှာ ငွေသားချေးအုံးမယ်လို့ ပြောပြီး အဘွားထွက်သွားကတည်းက အဆင်မပြေနိုင်ဘူးဆိုတာကို နေမခသိပြီးသားပါပင်။အဘွားကညီမလေးကို ခေါ်ပြီး ငွေသွားချေးကတည်းက နေမခလိုက်သွားပြီး အဘိုးရင်း အဘွားရင်းတွေကို လိုက်ပြီး ပြောချင်ခဲ့တာ။အမေ့ကို စိတ်မချလို့သာ လိုက်မသွားခဲ့ရတာ။ "အောင်သီဟ .. ရော့ ဒီမှာ မင်းလိုချင်တဲ့ ငွေ ... ယူပြီး သွားတော့ ...ငါတို့ကိုလာမနှောက်ယှက်နဲ့တော့.."

ဖအေနားကပ်ပြီးပျော်ရွှင်နေတဲ့ သမီးလေးကိုကြည့်ပြီး အေးမြနွယ် စိတ်မကောင်းဖြစ်နေမိတယ်။သားလေးနေမခကတော့ နားလည်နေပြီမို့ ဖအေကိုရော သူ့အဘိုးအဘွားတွေကိုပါ ခပ်တန်းတန်းပဲ ခေါ်ပြောတော့တယ်။ သူ့အဘိုးနဲ့အဘွားတို့ လာရင်လဲ မေးထူးခေါ်ပြောလောက်သာ လုပ်ခဲ့တယ်။သမီးလေးကိုသာ နားလည်အောင် အေးမြနွယ် ဘယ်လိုပြောရမှန်းမသိပါ။တစ်နေ့တော့ သမီးလဲ နားလည် သဘောပေါက်နိုင်မယ် ထင်ပါရဲ့။ သားသမီးတွေအကြောင်းကို တွေးမိတော့ အေးမြနွယ် အသက်ရှူကြပ်ပြီး မောဟိုက်သလို ဖြစ်လာမီ တယ်။ခုတလော အေးမြ နွယ်နေလို့သိပ်မကောင်းချင်ပါ။ စျေးဆိုင်မှာထိုင်နေရင်းနဲ့ ကို အသက်ရှုကြပ်သလိုလို မောပန်းသလိုလို ဖြစ်နေမိတယ်။ အေးမြနွယ်လုပ်လက်စအလုပ်ကို ချထားလိုက်ပြီး ဖျာပေါ်အသာလှဲချလိုက်မိတယ်။ဖျာပေါ်လှဲချလိုက်မှပင် အေးမြနွယ်မှာ အသက်ပါရှုမရသလို ခံစားလာရတာမို့ သားဖြစ်သူကို လှမ်းခေါ်လိုက်ရတယ်။ "သား ...သားရေ ...အမေ အသက်ရှုကြပ်လိုက်တာကွယ် ..." ဒီစကားလေးကိုပင် အေးမြနွယ်မှာ အနိုင်နိုင် ပြောလိုက်ရတယ်။ထပ်ပြီးအသံပင် မထွက်နိုင်ပါတော့ ။ "အမေ .... အမေဘာဖြစ်လို့လဲ ..ဘာဖြစ်တာလဲ " နေမခ လက်ထဲက စာအုပ်ကို ဘုတ်ခနဲ ပစ်ချလိုက်ပြီး အမေ့ဆီကို ပြေးသွားလိုက်တယ်။ အေးမြနွယ်မှာ ချက်ချင်းလိုလိုပင် အသက်ရှူ မရအောင် ဖြစ်လာတာမို့ သားဖြစ်သူ ခေါ်တာကိုပင် မထူးနိုင်ပါတော့။ "အမေ ...အမေ ဘာဖြစ်တာလဲ ... အဘွားရေ ... အဘွား ...လာပါအုံး ...အမေဘာဖြစ်တာလဲ မသိဘူး " နေမခ အမေ့ကို ပွေ့ထူလိုက်ပြီး အပေါ်ထပ်မှာရှိတဲ့ အဘွားကို လှမ်း အော်ခေါ်လိုက်တယ်။ "ဟဲ့ ...ဟဲ့ ဘာဖြစ်တာလဲ မြေးလေး ...ဟဲ့ အောင်သီဟ ...ဟိုမှာ နင့်မိန်းမ ဘာဖြစ်တာလဲ ထကြည့်အုံးလေ .... " အန်တီမှာ မြေးဖြစ်သူရဲ့ အော်ခေါ်သံကြောင့် အောက်ထပ်ကို အပြေးအလွှားဆင်းလာခဲ့ပြီး တူဖြစ်သူကိုပါလှမ်း အော်လိုက်တယ်။ ----~~~~~ အိမ်နဲ့အနီးဆုံးဖြစ်တဲ့ စံပြဆေးရုံကို အေးမြ နွယ်ရောက်ရှိခဲ့ရပါတော့တယ်။ဆေးရုံရောက်တာနဲ့ အောက်ဆီဂျင် ပိုက်တပ်ခဲ့ရတော့တယ်။ ~~~ "လူနာရဲ့ နှလုံးမှာ မွေးရာပါ အပေါက်ပါတာလူနာရောသိလား " "ဟုတ် ... ဟုတ်ကဲ့ ဆရာ ... လွန်ခဲ့ တစ်နှစ်ကမှ ဆေးစစ်ခဲ့လို့သိပါတယ်...ဒါပေမဲ့ ဘာမှမဖြစ်ခဲ့ပါဘူး ...ခုမှ ထဖြစ်တာပါ ... စိုး...စိုးရိမ်ရပါသလားရှင် " မြေးလေးနေမခရဲ့ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း အန်တီချိုတုန်တုန်ယင်ယင်နဲ့ ဆရာဝန်ကိုမေးလိုက်မိတယ်။ "ဒီရောဂါက တချို့လဲ အသက်လေးငါးခြောက်ဆယ်အထိ သောက်ဆေးနဲ့ပဲ နေသွားလို့ရကြတာတွေလဲ ရှိတယ်...ဒါပေမဲ့ ...ခုလူနာက အသက်သုံးဆယ်ကျော်ရုံပဲရှိသေးတာကို ထဖြစ်တာပဲ ... နှလုံးအထူးကု ရှိတဲ့ဆေးရုံကို ပြောင်းရပါမယ် ` "ဟုတ် ... ဟုတ်ကဲ့ ဆရာ" ~~~~----- "ကိုကြီးမလာဘူးလား အန်တီ ... နေ့ရောညပါ သားကိုပဲ စောင့်ခိုင်းနေရတော့ သားကို စိတ်ပူလို့ပါ ...သမီးလေးရော နေကောင်းတယ် မဟုတ်လား ...." "အင်း ...အင်း မြေးလေး သဲသဲ နေကောင်းပါတယ် သမီးရဲ့ ...ကိုယ့်ကိုယ်ကိုကျန်းမာအောင်နေ ...အောင်သီဟက နည်းနည်းဖျားချင်နေလို့တဲ့ ... မနက်ဖြန်တော့ သူလာမှာပါ " အန်တီချိုက ထမင်းချိုင့်ခြင်းကို ခုံပေါ်ကို တင်လိုက်ပြီး အေးမြနွယ်ကို မကြည့်ဘဲခပ်တိုးတိုး ပြန်ဖြေလိုက်မိတယ်။ကိုယ့်တူအကြောင်း ကိုယ်အသိဆုံးမို့ အေးမြ နွယ်ကို အမှန်တိုင်း ပြောမထွက်ပါ။ ကံဆိုးရှာ လွန်းတဲ့ ဒီကောင်မလေး ။ယောကျာ်းကလဲ အသုံးမကျ။ယောက္ခမတွေကလဲ သတင်းမေးရုံမှအပ ဆေးရုံကိုပင် လာကြည့်ဖော်မရ။ ရှိတဲ့အစ်ကို ရင်းနှစ်ယောက်ကလဲ သူတို့ကို သိပ်ပြီး အဆက်အသွယ်မလုပ်ခဲ့လေတော့ သတင်းလှမ်းမေးကြရုံပဲ မေးကြလေတယ်။အရေးထဲ အောင်သီဟကလဲ ဆေးရုံမှာ တစ်ပတ်ပဲ နေပြီး ထပ်မလာတော့ ။ တစ်နေကုန်တစ်နေခန်း အိမ်မှာပဲမှောက်လိုက် ၊လှန်လိုက် အပြင်ထွက်လိုက်နဲ့။ အေးမြနွယ်ရဲ့ တာဝန်နဲ့ အိမ်ကလူတွေ စားဖို့ သောက်ဖို့အရေးက အန်တီချိုနဲ့ နေမခရဲ့ပခုံးပေါ်ကို ရောက်ရှိလာခဲ့ပါပြီ။ အေးမြနွယ်က မျက်နှာပျက်ချင်နေတဲ့ အန်တီကို ကြည့်ပြီး အခြေအနေအ၀၀ကို သဘောပေါက်လိုက်တယ် ။ ယောကျာ်းဖြစ်သူ ဗွေပြန်ဖောက်နေပြီဆိုတာကိုလဲ သိနားလည်လိုက်ပါတယ်။ ~~~ "သားအဖေတော့ ဗွေ ပြန်ဖောက်နေပြီ...အဘွားလဲစိတ်ညစ်နေပြီး ... မြေးလေးအမေကို မပြောနဲ့နော် ...ဟိုဘက်က ဟာမက ဖုန်းတွေ တဂွမ်ဂွမ် ဆက်နေတယ် " မြေးဖြစ်သူကို အန်တီချို ရင်ဖွင့်ပြောလိုက်မိတယ်။ "အဖေ သွားရင်လဲ သွားပါစေ အဘွား .. ကျွန်တော် အမေ့ကို စောင့်ရှောက်ပါ့မယ် ... အဘွားလဲ အရမ်းပင်ပန်းနေပြီ မဟုတ်လား ...ဆေးရုံကို တစ်နေ့တစ်ခေါက်ပဲလာပါ ...အမေလဲ သက်သာလာပြီပဲ ..." နေမခက အဘွားကိုကြည့်ပြီး အံလေးကိုကြိတ်လို့ ပြောလိုက်မိတယ်။ ~~~~ "သိန်းငါးဆယ် ဟုတ်လား အန်တီ " ခွဲစိတ်စရိတ်ကိုကြားလိုက်ရတော့ အေးမြနွယ်ရင်ထဲ မောလျသွားရတယ်။အခုလိုအချိန်မှာ သိန်းငါးဆယ်မပြောနဲ့ ငါးသိန်းတောင်ပြည့်အောင်မရှိပါလေ။အန်တီ့ဆီမှာ ရှိတဲ့ငွေကလဲ အေးမြနွယ်တို့ မိသားစုတွေကြောင့် ကုန်လုနီးနီးဖြစ်နေခဲ့ပြီမဟုတ်လား။

ဧကြည်ဖြူ "သံယောဇဉ် ကမ်းပါး " အပိုင်း ( ၇ ) *** ** * ယောက္ခမတွေအိမ်ကို အေးမြနွယ်တို့ ရောက်သွားတော့ သမီးလေးကို အိပ်ရာထဲမှာ တွေ့လိုက်ရတယ် ။လွန်ခဲ့တဲ့လတွေက ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်အောင် ပိုးမွေးသလို မွေးခဲ့ရတဲ့ သမီးလေး။အခုတော့ မျက်နှာလေးက ချောင်ချောင်။လက်ကလေးတွေက ပျော့တိပျော့တွဲနဲ့။ သမီးရဲ့မျက်နှာမှာ ခြင်ကိုက်ဖုလေးတွေမြင်လိုက်ရတော့ အေးမြနွယ် ရင်ထဲ ဒေါသတွေ တဟုန်းဟုန်း ဖြစ်လာမိတယ်။ " ကလေးဆေးရုံကိုပဲ သွားရအောင် အေးမြနွယ် ...အန်တီ့မှာ ပိုက်ဆံပါပါတယ် " အန်တီသာ မရှိခဲ့ရင် အေးမြနွယ်တို့ သားအမိတွေရဲ့ ဘ၀က ဘယ်လိုများပင် ဖြစ်လေမလဲမသိ။ ကလေးဆေးရုံကို တန်းသွားမယ်မှန်းသိသိနဲ့ ယောက္ခမတွေက တုတ်တုတ် ပင်မလှုပ်ကြ။ ကိုကြီးကတော့ ကလေး ဘေးနားမှာ ငူငူငိုင်ငိုင်နဲ့ ထိုင်နေလေရဲ့။ သမီးလေးအတွက် သူတတ်နိုင်တာ ဒီလောက်ပဲထင်ပါတယ်။ "မေမေ မီးမီးတို့ ဘယ်သွားကြမှာလဲဟင် ...ဖေဖေ့ကိုပါခေါ်ခဲ့မယ်နော် မေမေ " တိုးတိမ်ဖျော့တော့ လှတဲ့ သမီးရဲ့အသံလေးက အေးမြနွယ်ရဲ့နားထဲမှာ ဗုံးတစ်လုံးပေါက်ကွဲသွားသလိုပါပင်။ အေးမြ နွယ် စိတ်ကိုလျှော့ချလိုက်ပြီး "သမီးလေး ဖေဖေကိုပါ ခေါ်မှာပါ သမီးရဲ့ ..." အေးမြနွယ် သမီးလေး ကျေနပ်အောင် ပြောလိုက်ရင်း သမီးလေးရဲ့ အဝတ်အစား ထုတ်ကို သူ့အဖေလက်ထဲကို ထည့်ပေးလိုက်တယ်။ သူ့ကို အေးမြနွယ်တို့အတွက် မလိုအပ်ပေမဲ့ သမီးလေးအတွက်တော့ လိုအပ်နေတဲ့လူတစ်ယောက် ဖြစ်နေတာမို့ သမီးလေး နားလည်လာနိုင်မဲ့ အချိန်တစ်ခုအထိတော့ သည်းခံသွားရပေအုံးမှာပေါ့။ ဒါကပင် အေးမြ နွယ်ရဲ့ ဘ၀ပေလား ။ ~~~~ သမီးလေးကို ကလေးဆေးရုံမှာ ဆယ်ရက်ကျော်လောက် ဆေးရုံတင် ကုသခဲ့ပြီးတဲ့နောက် သမီးလေး ပြန်လည်ကျန်းမာလာတာကိုပဲ အေးမြနွယ်တို့ တစ်မိသားစုလုံး ပျော်ရွှင်ခဲ့ရတယ်။သမီးလေး ပြန်လည်ကျန်းမာလာပေမဲ့လည်း ကိုကြီးကိုတော့ အေးမြနွယ် ဘာမှမပြောတော့ပါ။ သူနေချင်ရင် နေ၊ မနေချင်ရင်လဲ သူ့သဘောလို့ပဲထားခဲ့လိုက်တယ်။တစ်လနှစ်လလောက် ခြေငြိမ်နေတဲ့ ကိုကြီးကို ကြည့်ပြီး ။အန်တီက သူ့မှာရှိတဲ့ငွေလေးကို ထုတ်ပေးပြီး တက္ကစီကားမောင်းဖို့ စီစဉ်ပေးခဲ့ရှာတယ်။ဒီလိုသာ တစ်သက်လုံးခြေ ငြိမ်သွားမယ်ဆိုရင်တော့ အေးမြနွယ်တို့ သားအမိတွေအတွက် ထီပေါက်သလိုပဲပေါ့။ဒီနှစ်မှ သားကလဲ ဆယ်တန်းတက်ရတော့မှာမို့ မအေ့စီးပွားရေးကိုမကူရဘဲ စာကိုပဲ ကြိုးစားခွင့်ရမယ်ဆိုရင် အေးမြနွယ် ကျေနပ်ပါပြီ။ ~~~~~---- "ခွေးမြီးကောက်ကျည်တောက်စွပ်"တဲ့။ရှေးလူကြီးတွေထားခဲ့တဲ့စကားပုံတွေက ပေါ့ပေါ့တန်တန်တော့မဟုတ်တန်ရာ။ တကယ်ပါပဲ။ ကိုကြီးတို့ခြေငြိမ်တယ်ဆိုတာက သုံးလတောင် ပြည့်မယ်မထင်ပါ။ကလေးတွေပင် ကျောင်းပြန်မဖွင့်သေး။သူကနောက်ထပ်တစ်ယောက်ထပ်ရပြန်ပါလေပြီ။ဒီတစ်ခါ တစ်ယောက်က အရင်က မိန်းခလေးတွေထက် ပိုပြီးရဲတင်းသွက်လက်ပုံရတယ်။ တစ်နေ့မှာ ကိုကြီးအိမ်မှာမရှိတုန်းဖုန်း ၀င်လာခဲ့တယ်။ "ဟုတ်ကဲ့ အမိန့်ရှိပါရှင် ... ကျွန်မ အေးမြနွယ်ပါ " " ကိုအောင်သီဟ ရှိလား " ဖုန်းကိုင်လိုက်တာနဲ့ အေးမြနွယ်ဘက်က ယဉ်ယဉ်ကျေးကျေးကျေးပဲ ထူးခဲ့ပေမဲ့ တစ်ဖက်က မိန်းခလေးတစ်ယောက်ရဲ့ မာဆတ်ဆတ်အသံကို ကြားလိုက်ရတယ်။ "ဟုတ်ကဲ့ ...ကိုအောင်သီဟ မရှိပါဘူးရှင် " အေးမြနွယ် အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်တယ်။ "ဟုတ်ကဲ့ ..ကိုအောင်သီဟကို ပြောပေးပါ ...မေလေးနဲ့ လာတွေ့ပါလို့ ...မဟုတ်ရင် အိမ်ထိ လိုက်လာမှာလို့ " ဒီလိုစကားမျိုးကိုကြားတော့ အေးမြနွယ် ချက်ချင်းသဘောပေါက်မိသွားတယ်။ ဒါကြောင့် ပြောသင့် ပြောထိုက်တဲ့ စကားကို တဖက်မိန်းခလေးကို ပြောလိုက်တယ်။ "ညီမရေ ... အစ်မက ကိုအောင်သီဟရဲ့ မိန်းမပါ ကွယ် ...ကိုအောင်သီဟက လူပျိုမဟုတ်ပါဘူး ... ကလေးနှစ်ယောက်အဖေပါနော် ...ညီမကို သူဘယ်လိုတွေ ပြောထားလဲတော့ မသိပါဘူး " အေးမြနွယ် ပြောလိုက်တော့ တစ်ဖက် အမျိုးသမီးဆီကနေ အသံခဏ တိတ်သွားပြီးမှ "မေလေး သိပါတယ် ...ဒါပေမဲ့ ဘာလုပ်ရမှာလဲ ...ကိုကိုက ရှင့်ကို မချစ်လို့ မေလေးဆီကိုလာတာလေ ...ရှင်ဘက်က ကိုယ့်ကိုမချစ်တဲ့ ယောကျာ်းကို ကလေးကို အကြောင်းပြပြီး ဆွဲထားတာ မရှက်ဘူးလား ...." "ရှင် ..." တစ်ဖက်က အမျိုးသမိးရဲ့ စကားကြောင့် အေးမြနွယ် အံ့သြလွန်း၍ ဘာပြောလို့ပြောရမှန်းပင်မသိပါလေတော့။အေးမြနွယ် ကြောင်အနှုတ်ဆိတ်နေမိတုန်းမှာပဲ တစ်ဖက်က ဖုန်းချသွားခဲ့ပါတယ်။ "ဘာဖြစ်လို့လဲ သမီး ...ဘယ်သူဆက်တာလဲ " အန်တီ့ရဲ့ အမေးကို အေးမြနွယ်တော်တော်နဲ့ ပြန်မဖြေနိုင်ခဲ့ပါ။ပြီးမှ အန်တီ့ကို အကျိုးအကြောင်း ပြောပြလိုက်မိတယ်။ "အင်း ...အောင်သီဟတို့က လူသေမှပဲ ဒီမကောင်းတဲ့အကျင့်ပါပျောက်မယ်ထင်တယ် ... ဘာမှခံစားမနေနဲ့ သမီးရေ ... ဒီတစ်ခါ အန်တီလဲ သူ့ကို အပြတ်ပဲ ... မြေးလေးသဲသဲကိုတော့ ဂရုစိုက်ရမယ် " ~~~~~

"ဟင့်အင်း ...မလိုက်ဘူး ...ဖေဖေနဲ့နေမှာ ...ဖေဖေနဲ့ မှလာမှာ " အန်တီက အေးမြနွယ်တို့ကို ပြန်ဖို့ ပြောရင်း မြေမလေး သဲသဲကို လှမ်းချီလိုက်တော့ သဲသဲက အချီ မခံဘဲ ဖအေဆီကို ပြေးကပ်လိုက်တယ်။ ဒီမြင်ကွင်းကို ကြည့်ပြီး အေးမြနွယ်ရင်ထဲမချိအောင်ပင် နာရတယ်။ "သမီး လာလေ ... မေမေတို့ အိမ်ပြန်ကြမယ်လေ နော်....." "ဟင့်အင်း ...ဖေဖေနဲ့ မှလာမှာ " အေးမြနွယ် သားကို လက်တစ်ဖက်နဲ့ ဖက်ထားရင်းကနေ သမီးကို လှမ်းခေါ်ကြည့်လိုက်တယ်။ သမီးက အေးမြနွယ်ကို မော့ကြည့်ပြီး ခေါင်းကို ခါယမ်းပြပြီး သူ့အဖေနားကို ပိုပြီး တိုးကပ်သွားတယ် ။အေးမြနွယ်မှာ သမီးကို လှမ်းချီလိုက်ချင်ပေမဲ့ အခုချိန်ထိ အသားတွေ ဆတ်ဆတ်တုန်နေသေးတဲ့ သားကို လက်က မလွှတ်ရဲဘူးဖြစ်နေတယ်။ " မြေးလေး သဲသဲကို ခဏထားခဲ့လိုက် သမီး ... နောက်ရက်မှ လာခေါ်မယ် ...အန်တီကားငှါးလိုက်အုံးမယ် သမီး ... မြေးလေး လမ်းလျှောက်နိုင်မှာ မဟုတ်ဘူး။ အပြန်လမ်းတစ်လျှောက်လုံး နေမခက အံကိုတင်းတင်းကြိတ်ပြီးကားပေါ်မှာ လိုက်ပါလာခဲ့တယ်။ ~~~~~ "မေမေ ... မီးမီးတို့ပြန်လာလို့ မရဘူးလားဟင် " ဖုန်းထဲကနေ သမီးရဲ့ အသံလေးကိုကြားလိုက်ရတော့ အေးမြနွယ် ရင်ထဲမကောင်းမီ ။ပြဿနာတွေဖြစ်ပြီးကတည်းက သမီးလေးကို ပြန်ခေါ်လို့မရခဲ့တာ ဒီနေ့ဆိုရင် တစ်ပတ်ပင်ပြည့်ခဲ့လေပြီ။ ဟိုဟက်ရပ်ကွက်နဲ့ ဒီဘက်ရပ်ကွက်မို့ တွေ့ချင်ရင် ချက်ချင်းသွားတွေ့လို့ ရပေမဲ့ အေးမြနွယ် သွားမတွေ့မိပါ။ သမီးက သူတို့အဘိုးအဘွားတွေအိမ်ကဖုန်းနဲ့ အန်တီအိမ်ကို တစ်နေ့တစ်ကြိမ်လောက်တော့ ပုံမှန်ဖုန်းဆက်တတ်တယ်။ဖုန်းဆက်ရင်လဲ သူနဲ့ သူ့အဖေပြန်လာလို့ရလားဆိုတဲ့မေးခွန်းကို မေးတတ်တယ်။ "သမီးပြန်လာချင်ပြန်လာလို့ ရတာပေါ့ သမီးရဲ့... ဘွားဘွားကို လာခေါ်ခိုင်းလိုက်မယ်နော် " "ဟင့်အင်း ဘွားဘွားကို ခေါ်ခိုင်းနဲ့လေ ဖေဖေနဲ့ စက်ဘီးစီးပြီးပြန်လာမှာကို ... မေမေ့ကို မီးမီးကလွမ်းနေပြီ " သမီးလေးရဲ့ စကားသံကိုကြားတော့ အေးမြနွယ်ရင်ထိမချိပါ။ ကလေးကို ခုတုံးလုပ်နေတဲ့ ယောကျာ်းကိုလဲ ရင်ထဲကနာလာမိတယ်။သမီးလေးကိုငဲ့ပြီး ကိုကြီးနဲ့ ပြန်ပေါင်း ဆိုလဲ အေးမြနွယ်က ကိုယ့်မာနနဲ့ ကိုယ့်ခံစားချက်ကို ဖယ်ထားပြီး ပြန်ပေါင်းနိုင်ပါတယ်။မိခင်ဆိုတဲ့ ဘ၀ကို ရခဲ့ကတည်းက အေးမြနွယ်မှာ ကိုယ်ပိုင်ဘ၀မှ မရှိတော့တာပဲလေ။ဒါပေမဲ့ ပြန်ပေါင်းလိုက်လို့ ကိုကြီးဘက်အရင်လို ပုံစံအတိုင်း ဖြစ်နေအုံးမယ်ဆိုရင် သားဖြစ်သူ စိတ်ဒဏ်ရာရသွားမှာကို အေးမြနွယ် အကြောက်ဆုံးပါပင်။ အေးမြနွယ်ရဲ့ ဘ၀က ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘတွေနဲ့ခွဲခွါခဲ့ရတာမို့ သားနဲ့ သမီးကို အေးမြနွယ်လိုဘ၀မျိုး မဖြစ်စေချင်လို့ အေးမြနွယ် အမြဲအလျှော့ပေးခဲ့ ။ အရှုံးပေးခဲ့တာလေ။အခုတော့ မခိုင်မြဲတဲ့အိမ်ထောင်ရေးကို အတင်းဖက်တွယ်နေမိတာက သိတတ်စအရွယ်ကိုရောက်နေပြီဖြစ်တဲ့သားလေးရဲ့စိတ်ကို ပိုပြီးထိခိုက်စေနေမိမှန်း အေးမြ နွယ်သိလိုက်ပါပြီ။နဂိုကအေးဆေးလှတဲ့ သားလေးက တစ်မုဟုတ်ချင်းမှာ ကြောက်စရာကောင်းအောင် ပြောင်းလဲသွားတာက အေးမြနွယ်တို့ကြောင့်ပဲ မဟုတ်လား။ တကျက်ကျက်ရန်ဖြစ်စကားများနေရတဲ့ အိမ်ထောင်ရေးထက် အေးအေးဆေးဆေး လမ်းခွဲလိုက်ခြင်းက ကလေးတွေအတွက် ပိုကောင်းစေတာလား အေးမြနွယ် မဆုံးဖြတ်နိုင်တော့ပါ။ရှေ့ဆက်ပြီး အေးမြနွယ် ဘယ်လိုဆုံးဖြတ်ရမှန်းပင်မသိပါလေတော့။ သမီးကတစ်ဖက် သားကတစ်ဖက်ကြားမှာ အေးမြနွယ် ရင်တွေပူလှပါပြီ။ ~~ ~~ "အေးမြနွယ်ရေ ... မြေလေး အတော်နေမကောင်းဖြစ်နေတယ်တဲ့ ... မြေးလေးဆီသွားရအောင် ...ဆိုင် မြန်မြန်ပိတ်လိုက်တော့ " "ရှင် " အပေါ်ထပ်ကနေ ရေကြီးသုတ်ပျာနဲ့ ပြေးဆင်းလာပြီးပြောလိုက်တဲ့ အန်တီ့ စကားသံကြောင့် အေးမြနွယ်ရဲ့ လက်ထဲက ထုတ်လက်စ ငါးပိရည်ကျိုထုတ်လေးမှာ ဘုတ်ခနဲ လွတ်ကျသွားတော့တယ်။ =================== အပိုင်း ( ၇) ဆက်ရန် ..... ဧကြည်ဖြူ (

ယောက္ခမကြီးရဲ့ စကားကြောင့် အေးမြ နွယ် ထိတ်လန့် အံ့သြသွားမိပြီး အန်တီကိုအလန့်တကြားနဲ့ မော့ကြည်လိုက်မိတယ်။ဒီစကားက အေးမြနွယ်တို့ သားအမိတွေနေစရာသွားစရာမရှိမှန်း သိသိနဲ့ ပြောတဲ့စကားမဟုတ်ပါလား။ ညီမလေးကိုချော့နေတဲ့ နေမခမှာ အဘိုးရဲ့ စကားကြောင့် အံ့ဩသွားမိပြီး အဘိုးကို ကြောင်ငေးကြည့်နေမိတယ်။ " အစ်ကိုက ဘယ်လို စကားပြောလိုက်တာလဲ ...ကလေးတွေက ညီမအိမ်မှာမနေလို့ ဘယ်မှာ သွားနေရမှာလဲ ...သူတို့ဘာသာ လင်မယားကွဲတာလေ ...ညီမ မြေးတွေကို ညီမအိမ်မှာ ခေါ်ထားတာ ဘာဆိုင်လိုလဲ ... တစ်ခါတည်း ညီမပြောလိုက်မယ် ...ညီမမြေးတွေကို ဘယ်ကိုမှမလွတ်နိုင်ဘူး ...အေးမြနွယ်ကိုလဲ အန်တီ တစ်ခါတည်း ပြောထားမယ် သမီးဘာသာ အောင်သီဟကို ပေါင်းချင်ပေါင်း မပေါင်းချင်နေ ...ကလေးတွေကို ခေါ်ပြီးထွက်သွားဖို့ မစဉ်းစားနဲ့... အန်တီ့မြေးလေးတွေကို ဒုက္ခအရောက်မခံနိုင်ဘူး .." အားလုံးတိတ်ဆိတ်သွားတဲ့အချိန်မှာ အန်တီက ထပြောလိုက်တာမို့ အေးမြနွယ် အံ့သြဝမ်းသာသွားရတယ်။ "ဟဲ့ အေးမြနွယ် အောက်တန်းစားမရဲ့...မပေါင်းချင်ဘူးဆိုရင်လဲ ရှင်းရှင်းပြတ်ပြတ်နေလေ ... ငါ့ယောင်းမအိမ်မှာ နင်က ကပ်နေနေ တော့ ငါ့သားက ဘယ်လို အိမ်ထောင်ပြုမလဲ ... နင် ထွက်သွား ...ငါ့သားကိုမပေါင်းနိုင်ရင် ဝေးဝေးကိုထွက်သွား ...မသွားနိုင်ရင် ပြန်ပေါင်းလေ ..." ယောင်းမဖြစ်သူရဲ့ စကားအဆုံးမှာ တစ်ချိန်လုံး ဘာမှ ၀င်မပြောဘဲ နေနေတဲ့ ဒေါ်ခင်လှက ထပြီးသောင်းကြမ်းလိုက်တယ်။ ယောက္ခမကြီးရဲ့ အပြုအမူကြောင့် အေးမြနွယ်စိတ်တွေ လွတ်ထွက်သွားမီတယ်။ "သမီးက ဘာအောက်တန်းကျလို့လဲ အမေ ... သမီးနေရာမှာ အမေ့သမီးဆိုရင်ရော အမေဒီလိုပဲ ဆုံးဖြတ်မှာလား ...အမေ့သားက သမီးတို့ကို နှိပ်စက်နေတာကို အမေသိသိနဲ့ သားသမီးချင်းမစာမနာ အမေမို့ပြောထွက်တယ်....သွားမှာပါ ..အမေ မောင်းထုတ်စရာမလိုပါဘူး ....အန်တီက သမီးတို့သားအမိတွေကို သူ့အိမ်မှာမနေနဲ့တော့လို့ ပြောလိုက်တာနဲ့ ချက်ချင်းထွက်သွားမှာပါ ...အမေ့အိမ်မှာ နေတာ မဟုတ်လို့ အမေ နှင်ချစရာ မလိုပါဘူး " "ဟဲ့ အေးမြနွယ် .. နင် ငါ့အမေကို ဘယ်လို ပြန်ပြောနေတာလဲ ...ကဲဟာ " "ခွပ်.... ခွပ် " " အား " အေးမြနွယ်ရဲ့စိတ်တွေ လွတ်ထွက်သွားပြီး တစ်သက်လုံး ရှိသေကြောက်ရွံ့လာခဲ့တဲ့ ယောက္ခမကြီးကို ဒေါသနဲ့ ခပ်စွာစွာပြန်ပြောပစ်လိုက်မိတယ် ။ ဒီအခါ အောင်သီဟက အေးမြနွယ် ရှေ့ကိုဝုန်းခနဲ ရောက်လာပြီး အေးမြနွယ်ရဲ့ မျက်နှာကို နှစ်ချက်ဆင့် ထိုးလိုက်တာမို့ အေးမြနွယ် သမံတလင်းပေါ်ကို လဲကျသွားခဲ့တယ်။ နေမခမှာ အမေလက်သီးနဲ့ အထိုးခံလိုက်ရတာကို မြင်လိုက်ရတာမို့ ဒေါသတွေ မထိန်းချုပ်နိုင်တော့ဘဲ ဖင်ထိုင်ခုံကို ဆွဲယူပြီး ဘေးနားကမှန်ဗီရိုကို အားကုန်ရိုက်ခွဲပစ်လိုက်တယ်။နေမခရဲ့မျက်လုံးထဲမှာ ကြမ်းပြင်ပေါ်လဲကျနေတဲ့အမေ့ကလွဲရင် ဘာကိုမှ ဘယ့််သူ့ကိုမှ မမြင်တော့ပါ။ "ဝုန်း " " ခွမ်း " "ကျွန်တော့် အမေကို မထိနဲ့နော် ... ရှေ့တိုးမလာနဲ့ အားလုံးကို ရိုက်ခွဲပစ်မှာ " "သား နေမခ ...အဲ့လိုမလုပ်ရဘူးနော် ..အမေပြောတာကို နားထောင်နော် " အေးမြနွယ် သားကိုကြည့်ပြီး စိုးရိမ်စိတ်နဲ့ အော်လိုက်မိတယ်။ " မြေး ... မြေးလေး မလုပ်ရဘူးနော် ...လက်ထဲက ခုံကိုချလိုက်... အဘွားပြောတာကို နားထောင်ပါနော် " အန်တီမှာလဲ သူ့မြေးကို ကြည့်ပြီး အလန့်တကြားနဲ့ တားမြစ်လိုက်တယ်။ " အောင်မာ ...မင်းကများ ... ငါမွေးလို့ လူဖြစ်လာတဲ့ကောင်က ငါ့ကို ပြန်ရိုက်မယ်ပေါ့လေ ဟုတ်လား ... လာစမ်းပါ လာရိုက်စမ်းပါ ...မင်းက များ ငါ့ကို စမ်းတာပေါ့လေ " အောင်သီဟက ပြောပြောပြောဆိုဆိုနဲ့ သားဖြစ်သူ နေမခရှေ့ကိုတိုးလာပြီး လက်သီးနဲ့ထိုးဖို့ရွယ်လိုက်တယ်။ "ကိုကြီး ...သားကိုရိုက်စရာမလိုဘူးနော်....သားကို မထိနဲ့ " သားကိုရိုက်ဖို့ လက်ရွယ်နေတဲ့ ယောကျာ်းကို မြင်တော့ အေးမြနွယ် လဲကျနေရာကနေ ကုန်းရုန်းထလိုက်ပြီး သားရှေ့မှာ ၀င်ရပ်လိုက်တယ်။ "အောင်သိဟ မင်း တော်တော့နော် ...ကလေးကို မထိနဲ့ " အန်တီကလဲ တူဖြစ်သူကို လှမ်းတားလိုက်တယ်။ "ဒုန်း " "ဝုန်း " "သား ...သား တော်တော့ ...အမေပြောနေတာကြားလား " အေးမြနွယ်နဲ့ အန်တီတို့ အော်နေတုန်းမှာပဲ နေမခက ဒေါသတကြီးနဲ့. လက်ထဲက ခုံကျိုးနဲ့ အနီးအနားက ပစ္စည်းတွေကို ရိုက်ခွဲပစ်လိုက်တာမို့ အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသလို အေးမြနွယ်မှာ သားကို အတင်းပင် ဖက်ထားလိုက်ရတယ်။ "ဟဲ့ ...တော်ကြစမ်း အရိုင်းအစိုင်းတွေ ...ငါ့အိမ်ထဲလာပြီး ဖျက်ဆီးနေကြတယ် ...သွားကြ ...ခုချက်ချင်း ထွက်သွားကြ ...အောင်သီဟ နင်လဲ နင့်မယား မပြတ်နိုင်ရင်လိုက်သွား ...ဒီလောက်ရိုင်းစိုင်းတဲ့ဟာတွေကို နင်က မပြတ်နိုင်ဘူးလားဟဲ့ ငနွားရဲ့ " သူတို့သားကပဲ နစ်နာသလိုလို တဖက်သက်ချည်းပြောနေတဲ့ ယောက္ခမကြီးကို ကြည့်ပြီး အေးမြနွယ် အံကိုတင်းတင်းကြိတ်ထားမိတယ်။သားရဲ့လက်ထဲမှာ တင်းတင်းကြပ်ကြပ် ဆုပ်ထားတဲ့ ဖင်ထိုင်ခုံကို အေးမြနွယ် မနည်းပဲ ဖြေယူနေရတယ်။ "အေးမြနွယ် .. အန်တီတို့ပြန်ရအောင် ...လာ..လာ မြေးလေးကို ခေါ်ခဲ့ ... မြေးလေး သဲသဲ ဘွားဘွားတို့ပြန်ရအောင်လေ ...လာ ...အဘွားဆီ လာနော် "