fa
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

رفتن به کانال در Telegram
803
مشترکین
+424 ساعت
+167 روز
+4630 روز
آرشیو پست ها
မူယာဟန်သည် အရူးတစ်ယောက်လို သွေးရူးသွေးတန်းနှင့် အော်ဟစ်နေသည်။အသံလုံသော တိုက်ခန်းဖြစ်သောကြောင့် မူယာဟန၏ အသံမှာ အခန်းထဲတွင် ဟိန်းထွက်နေလေသည်။ရဲရင့်က ကျောပိုးအိတ်ကို လွယ်လိုက်ပြီး ပြန်ရန်ပြင်လိုက်လေသည်။ "မမမူကို လာတွေ့တာ ဒီတစ်ခါ နောက်ဆုံးပဲ....ကျွန်တော် တောင်းပန်ပါတယ်မမမူ " ပြောပြီး သည်နှင့် ရဲရင့်သည်ပြန်ရန် တံခါးရှိရာသို့လျှောက်ခဲ့သည်။ မူယာဟန်သည် ကျောခိုင်းသွားသော ရဲရင့်၏နောက်ကျောကို နောက်မှ ဖက်တွယ်လိုက်ပြီးလျှင် တတွတ်တွတ် ပြောဆို တောင်းပန်လိုက်လေသည်။ "ဟင်အင်း ... မမမူ မင်းကို မစွန့်လွှတ်နိုင်ဘူး.... မင်း လက်ထပ်သွားမယ်ဆိုရင်လဲ မမမူကို အဆက်အသွယ် မဖြတ်ပါနဲ့နော်...ငြိမ်းမသိအောင် မမတို့ ခိုးတွေ့လို့ရတယ်လေ...." "တောင်းပန်ပါတယ် မမမူ ... ကျွန်တော့်ကို မေ့လိုက်ပါနော်....ကျွန်တော် မမငြိမ်းကို မစွန့်လွှတ်နိုင်ဘူး..." ရဲရင့်ကမူယာဟန်၏ လက်တွေကို ဖယ်လိုက်ပြီး တံခါးကိုဖွင့်ကာ အပြင်သို့ထွက်ခဲ့လေသည်။ **** စိုင်းခွန်နောင်သည် တိုက်ခန်းထဲမှ ထွက်လာသော ရဲရင့်ကိုတွေ့လိုက်ရသည်နှင့် ကားပေါ်မှ ဆင်းလိုက်ပြီး ရဲရင့်ရှိရာသို့ လှမ်းလျှောက်သွားလိုက် ပြီး စကားပြောလိုက်သည်။ "ညီလေး အစ်ကိုနဲ့ စကားခဏလောက် ပြောရအောင် ကွာ ... တိတ်ဆိတ်တဲ့ တစ်နေရာကိုသွားရအောင် ..." ရဲရင့်မှာ ရုတ်တရက်စိုင်းခွန်နောင်ကို တွေ့လိုက်ရသောကြောင့် ထိတ်လန့်အံ့သြပြီး ကြည့်နေမိစဉ်မှာပင် "ရဲ့ရင့် မင်း ...မမမူကို ဒီလို ထားခဲ့လို့မရဘူးနော်..." ရဲရင့်၏ နောက်မှ ပြေးထွက်လိုက်လာသော မူယာ ဟန်မှာ စိုင်းခွန်နောင်ကိုကြည့်ပြီး လန့်ဖျပ်ကာ ကိုယ်ရှိန်သပ်သွားလေသည်။ @@@@@@@@@@@@@@@@ အပိုင်း ၁၈ ဆက်ရန် ဧကြည်ဖြူ

ကြိတ်ခံစားနေရတာထက်စာရင် ...အကျိုးအကြောင်း သိရတာပေါ့" "ကျွန်တော်လည်း ရင်တွေပူပြီး ဘာလုပ်ရမှန်း မသိတော့ပါဘူးကိုဆန်းရာ..." စိုင်းခွန်နောင်က ခုံပေါ်တွင် အင်အားချည်နဲ့စွာ ထိုင်ချလိုက်ပြီး ဆန်လင်းအောင်ကို ပြောလိုက်သည်။ "ရင်ကတော့ ပူရအုံးမှာပဲ စိုင်းရေ...ငါစုံစမ်းခိုင်းထားတဲ့ကောင်လေး ပြောပုံအရ ...ရဲရင့်ဆိုတဲ့ကောင်ကို မမကြီးတစ်ယောက်နဲ့ တပူးတွဲတွဲတွေ့နေတယ်တဲ့ကွ...ငြိမ်းက သူ့ဆိုင်မှာပဲအနေများလို့ ဒီအကြောင်း တွေ သိပုံမရဘူး...." "ဗျာ...ဒီသတင်းကအမှန်ပဲလား ..ကိုဆန်း..." ဆန်းလင်းအောင်၏ စကားကြောင့် စိုင်းခွန် နောင် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်ပြီး မေးလိုက်သည်။ "ငါ့တပည့်လေး ပြောတာပဲ.... ကိုယ်တိုင်တော့ မတွေ့ဖူးသေးဘူး...မမကြီးက ငွေတော့ အတော် လျှံတဲ့ ပုံလို့ပြောတယ် ...အဲ့ဒါ မင်းသေချာစုံစမ်းကြည်အုံး..." ဆန်းလင်းအောင်၏ စကားကြောင့် စိုင်းခွန်နောင်အံကိုတင်းတင်းကြိတ်၍ လက်သီးကို ဆုပ်ထားလိုက်မိလေသည်။ ***** " နောက်အပတ် တနင်္ဂနွေနေ့ကျရင် ...ရဲရင့်ရဲ့ အမေနဲ့ လူကြီး အချို့ကို ခေါ်လာပြီး နားလာဖောက်ပါ...အဲဒီကျမှ လူကြီးတွေကိုယ်တိုင် မင်္ဂလာရက်ရွေးကြပါစေ" ငြိမ်းက ရဲရင့်ကိုကြည့်ပြီးပြောလိုက်သည်။ "မင်္ဂလာပွဲလုပ်ဖို့ ဘယ်ခန်းမငှါးမလဲ မမ..." ရဲရင့်၏ အမေး ကြောင့် ငြိမ်းက ခေါင်းကို ငြိမ့်ပြလိုက်ရင်း ပြန်ဖြေလိုက်သည်။ " ရဲရင့် သဘောပဲလေ...ရဲရင့် ဘယ်မှာစိစဉ်ချင်လဲ..." "အဝတ်အစားကို မမ ဘာရောင်ဝတ်ချင်လဲ..." "ရဲရင့် ကြိုက်တဲ့ အရောင် ရွေးလေ..." "ဟာ မမ ..ဘာဖြစ်နေတာလဲ...မောင့်ကို ရွဲ့နေတာလား...ရက်ကနီး နေပြီ ခုထိ ဘာမှ သေချာ မစီစဉ်ရသေးဘူး..." ရဲရင့်က တည်ငြိမ်လွန်နေသော ချစ်သူကို ကြည့်ပြီး စိတ်တိုပြီး အော်ပြောလိုက်သည်။ " ဘာရွှဲလို့လဲ...ရဲရင့်သဘောကျရင် ငြိမ်းလဲသဘောကျတယ်... အဝတ်အစားက ရဲရင့် ဝတ်ချင်တဲ့ ပုံစံကိုရွေး...ငြိမ်းလည်း သဘောတူတယ်... ပြီးရင် အမေ အပ်ပေးနေကျ ဒီဇိုင်နာဆီမှာ အပ်လိုက်မယ်... အဲ့ဒီတော့ ဒီနေ့ရဲရင့်ကြိုက်တာ အကုန်ရွေး..." ငြိမ်း၏ တုန်ပြန်စကားကြောင့် ရဲရင့်နှုတ်ဆိတ်ပြီး ကားဆက်မောင်းနေလိုက်သည်။သည်နေ့ ရဲရင့်နှင့် ငြိမ်းတို့ မင်္ဂလာပွဲအတွက် လိုအပ်တာများ ဝယ်ရန် ထွက်လာခဲ့ခြင်း ဖြစ်လေသည်။ "မင်္ဂလာပွဲပြီးရင်တော့ ရဲရင့်တို့အိမ်ကို ပြန်အပ်လိုက်ပြီး .... အန်တီကိုပါ ငြိမ်းတို့အိမ်ကိုခေါ်လာခဲ့ပါ...တစ်ယောက်တည်းတော့ ထားလို့ မဖြစ်ဘူး..." ငြိမ်းက ရဲရင့်ကို ကြည့်ပြီး ပြောလိုက်သည်။ ငြိမ်း၏ စကားကြောင့် ရဲရင့်က ကားကို လမ်းဘေးတစ်နေရာတွင် ထိုးရပ်လိုက်ပြီး ငြိမ်းကို မေးလိုက်သည်။ "မောင်တို့က အိမ်ခွဲမနေဘူးလား မမ ....မမအိမ်ကိုမောင်တို့သားအမိပြောင်းလာရမယ်ဆိုတော့ တစ်မျိုးကြီးပဲ.... " ငြိမ်းသည် ရဲရင့်ကိုကြည့်ပြီး အံ့ဩလွန်းသဖြင့် လေသံမာမာနှင့် ပြောလိုက်သည်။ "အမေနဲ့ ဆိုင်ကို ပစ်ထားပြီး ဘယ်လို အိမ်ခွဲနေမလဲ ရဲရင့်ရယ်...ရဲရင့်တို့လည်း သားအမိနှစ်ယောက်တည်း ....ငြိမ်းတို့လည်း သားအမိနှစ်ယောက်တည်းကို ...ဘာတွေ ရှည်ရှည်ဝေဝေ စဉ်းစားနေတာလဲ...အားလုံးတူတူနေကြမယ် ဒါပဲ..." ရဲရင့်သည် ဘာမျှပြန်မပြောတော့ဘဲ ကားကို ပြန်မောင်းထွက်ခဲ့သည်။တစ်လမ်းလုံး နှစ်ယောက်သား စကားပြောဆိုခြင်းမပြုမိကြဘဲ ငြိမ်သက်တိတ်ဆိတ်နေမိကြလေသည်။ **** "ဘာပြောတယ် မင်းလက်ထပ် ဘော့မယ် ဟုတ်လား...ရရင့်..." မူယာဟန်က ရဲရင့်ကို ကြည့်ပြီး လေသံမာမာနှင့်မေးလိုက်လေသည်။ "ဟုတ်တယ် မမမူ ...အရင်ကလည်း မမမူကို ပြောထားပါတယ် ...မကြာခင် လက်ထပ်တော့မှာလို့" ရဲရင့်က ဆိုဖာခုံကိုနောက် မှီချလိုက်ပြီး ပြောလိုက်သည်။ " ပြောခဲ့တာ ဟုတ်တယ်...ဒါပေမဲ့ ဒီလောက် မမြန်ဘူးလေ... ဒါဆိုရင် မင်းနဲ့မမမူ ဇာတ်လမ်းကရော ဘယ်လိုလုပ်မှာလဲ ပြော.. " မူယာဟန်က ဆိုဖာခုံတွင် ထိုင်နေသော ရဲရင့် ဘေးတွင် ကပ်ထိုင်လိုက်ပြီး ရဲရင့်၏ပခုံးနှစ်ဖက်ကို စုံကိုင်လျက် မေးလိုက်လေသည်။ " ကျွန်တော်တို့ ဇာတ်လမ်းက မတော်တဆမှားယွင်းခဲ့မိတာပဲ..ကျွန်တော် မမငြိမ်းကိုချစ်တယ် ... မမငြိမ်းနဲ့ပဲလက်ထပ်ချင်တယ်... ကျွန်တော့်ကို ခွင့်လွှတ်ပါ မမမူ " ရဲရင့်က သူ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ထားသော မူယာဟန်၏လက်များကို တွန်းထုတ်ပြီး ပြောလိုက်သည်။ "ဘာ...မမငြိမ်းကိုချစ်တယ် ဟုတ်လား...ဒါဆို မမမူ ခေါ်ရင် ဘာလို့လာလဲ ပြော...မင်းမသိစိတ်က မမမူကို ချစ်နေတယ်ဆိုတာ မမမူသိတယ်..." မူယာဟန်က ပြောပြောဆိုဆိုနှင့် ရဲရင့်၏ ရင်ခွင်ထဲသို့ အတင်း တိုးဝင်ဖက်တွယ်လိုက်လေသည်။ ရဲရင့်သည် မူယာဟန်၏ ခန္ဓာကိုယ်ကိုတွန်းဖယ်လိုက်ပြီး "တော်ပါတော့မမမူရယ်...ရှင်းရှင်းပြောရရင် ...မမမူ နေရာမှာ အခြားမိန်းမတယောက်ဆိုလဲ ကျွန်တော်မှားမိမှာပဲ ... ကျွန်တော်မှားနေတာကို သိသိနဲ့ မမမူ ခေါ်တိုင်း လာနေတယ်ဆိုတာ အထိအတွေကို မလွန်ဆိုင်နိုင်လို့ ဆိုတာ မှန်သလို ... ကျွန်တော်တို့ အကြောင်းကို မမငြိမ်းကို မမမူ ပြောလိုက်မှာကြောက်လို့ပဲ...အခုတော့ ဒီလိုမျိုးဆက်မနေချင်တော့ဘူး..." "ဘာ ကောင် စုတ်...အဲ့ဒါဆို...မင်းကမမမူကို မချစ်ဘူးပေါ့ ဟုတ်လား ...မချစ်ဘူးလား..."

ဦးအောင်မင်း၏ စကားကြောင့် ဒေါ်ငြိမ်းဝေသည် ထိုင်နေရာမှ ဝုန်းခနဲထရပ်လိုက်ပြီး ဦးအောင်မင်းကို ဒေါသတကြီး အော်ပြောလိုက်သည်။ "ဒီမှာ..ကိုအောင်မင်း ...ရှင်ကလေ...ခုချိန်ထိ တစ်ကိုယ်ကောင်းဆန်တုန်းပါလား....ရှင့်သား အဆင်ပြေဖို့အတွက် ကျွန်မသမီးဘယ်လိုခံစားရပါစေ ... ရှင်ဂရုမစိုက်ဘူး မဟုတ်လား ... ပြောလေ... " ဦးအောင်မင်းသည် ဒေါ်ငြိမ်းဝေကိုကြည့်ပြီး ပျာပျာသလဲ တောင်းပန်လိုက်သည်။ "မဟုတ် ... မဟုတ်ပါဘူး ငြိမ်းဝေရယ်..." "ရှင့်ကို ရှင်းရှင်းပဲပြောမယ်...ရှင့်သားကို ကျွန်မ လက်ခံထားတယ်ဆိုတာ ရှင့််အပေါ် သံယောစဉ်ကျန်နေသေးလို့တော့ ထင်မနေနဲ့... လမ်းဘေးအိပ် လမ်းဘေးစားနေရတဲ့ ကလေးကို ကြည့်ပြီး ကျွန်မသမီးလေး အဲ့ဒီအရွယ်က ဒုက္ခရောက်ခဲ့တာကို ပြန်တွေးမိလို့ သားသမီးချင်း ကိုယ်ချင်းစာပြီး ကူညီခဲ့တာ...ရှင်တို့ပေးခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့် သမီးလေးက တစ်ခါတစ်လေမှာ သိပ်ကိုကြောက်စရာကောင်းတဲ့သူတစ်ယောက် ဖြစ်သွားတတ်တာကို သိရဲ့လား...ဖြစ်နိုင်ရင် ရှင်တို့ သားအဖရော တင်ထူးအောင် ပါ ကျွန်မတို့သားအမိနဲ့ လာမပတ်သက်တာ အကောင်းဆုံးပဲ..ရှင့်သားကို ရှင့််ဆီကို အမြန်ဆုံး ပြန်ပို့ပေးမယ် ဆိုတာ သိထားလိုက်.... ယောင်လို့မှ သမီးလေးရှေ့ကို ပေါ်မလာနဲ့...." ဒေါ်ငြိမ်းဝေသည် ဦးအောင်မင်းကို ဒေါသတကြီးပြောဆိုခဲ့ပြီး အိမ်ထဲမှပြန်ထွက်ခဲ့လေသည်။ ဦးအောင် မင်းတစ်ယောက် မှာတော့ ခေါင်းကြီးငိုက်စိုက်ချလျက် ကျန်ခဲ့လေသည်။ ****** စိုင်းခွန်နောင်သည် ကားကို ငြိမ်းတို့အိမ်၏ မလှမ်းမကမ်းတွင်ရပ်လိုက်ပြီး ကားထဲတွင် ငြိမ်သက်စွာထိုင်နေမိပြီး ငြိမ်းတို့အိမ်ကိုလှမ်းကြည့်နေမိလေသည်။လူကသာ ငြိမ်သက်စွာထိုင်နေရသော်လည်း စိတ်ကမူ ငြိမ်း တို့ ဈေးဆိုင်ထဲသို့ အရောက်သွားပြီး ငြိမ်း၏ လက်ကို ဆွဲက အဝေးဆုံးသို့ ထွက်ပြေးသွားချင်နေမိသည်။"လက်မထပ်ပါနဲ့ ငြိမ်းရယ်.... ."စိတ်ထဲမှ သည် စကားလုံးများကိုပဲရွတ်ရင်း စိုင်းခွန်နောင် ရင်ထဲဆို့နင့်ကြေကွဲနေမိသည်။မျှော်လင့်ချက်တွေ ရင်မှာပိုက်ပြီးပြန်လာခဲ့သော်လည်း သူ့အဖြစ်က နောက်ကျနေခဲ့ပေပြီ။ " ဟို အဝေးကြီးကို ငေးကာ စိတ်တွေ လေးလံနေခဲ့တယ်...." စိုင်းခွန်နောင်သည် ငြိမ်းတို့အိမ်ကို လှမ်းကြည့်နေစဉ်မှာပင် ဖုန်းသံမြည်လာ လေသည်။မိခင်ဆီမှ ဆက်သော ဖုန်းဖြစ်နေသောကြောင့် စိုင်းခွန်နောင် ဖုန်းကို ကိုင်လိုက်သည်၊၊ "ဟယ်လို ..အမေ " " အေး... သားကြီး... ဘာတွေ လုပ်နေလဲ..အလုပ်တွေ အဆင်ပြေတယ် မဟုတ်လား..." ဖုန်းထဲမှ မိခင်၏အသံကိုကြားရသောအခါ စိုင်းခွန်နောင်ရင်ထဲမှဝမ်းနည်းနာကျင်စိတ်မှာ ထိန်းချုပ်၍ မရတော့ဘဲ မိခင်ကို အားကိုးတကြီး ဖွင့်ဟ ပြောလိုက်မိလေသည်။ "...သားစိတ်ညစ်တယ် အမေ.....ရင်ထဲမှာ အရမ်းပူနေတယ်...... တစ်ခါတစ်လေ စိတ်ထဲရှိတဲ့အတိုင်း လုပ်ပစ်လိုက်ချင်တယ်..." "ဟင် ...ဘာ ..ဘာဖြစ်လို့လဲ သားရယ်...ရင်တွေပူလိုက်တာ..." "နောက်လ ငြိမ်းလက်ထပ်တော့မပ်တဲ့ အမေ...ဒေါ်လေးကလည်း သားကို ငြိမ်းနဲ့ မပတ်သက်ဖို့ ပြောနေတယ် ..." စိုင်းခွန်နောင်၏ စကားကြောင့် မိခင်ဖြစ်သူထံမှ တိတ်ဆိတ်သွားပြီး အတန်ကြာသော အခါမှ စကားသံထွက်ပေါ်လာလေသည်။ "သားရယ်...အမေ စိတ်မကောင်းလိုက်တာ...သားဘ၀တစ်လျှောက်လုံး သူ့ကိုပဲ ချစ်ခဲ့တာပဲ....သားရဲ့ မေတ္တာစစ်မှန်ရင် သူနဲ့သား ဆုံစည်းရလိမ့်မယ်လို့ အမေထင်တယ်... ပြီးတော့ မငြိမ်းဝေကိုလဲ နားလည်ပေးလိုက်ပါ...သားတို့ကိုတွေ့ရတော့ သူတို့အတွက် အဟောင်းတွေ အသစ်ဖြစ်ပြီး ခံစားနေရမှာ စိုးလို့ ထင်ပါရဲ့..." "ဟုတ်ကဲ့ အမေ ... ဒေါ်လေး ပြောတာကို သားနားလည်ပါတယ်..." "အေးပါ သားရယ် ... မင်္ဂလာ မဆောင်ရသေးခင်အထိ သားမှာ မျှော်လင့်ချက် ရှိပါသေးတယ်... ဒါနဲ့ အမေ သားနဲ့ လာနေပေးရမလား...သား ညီလေးလဲ သူ့အလုပ်နဲ့ သူဖြစ်နေပြီမို့ ခဏတစ်ဖြုတ် တော့ ထားခဲ့လို့ရပါတယ်..." "ရတယ် အမေ...သားက အမေတို့ကို ရန်ကုန်မှာ သားနဲ့ အတူလာနေစေချင်တာ" "အဲ့ဒါတော့ မဖြစ်ဘူးသားရေ ... သားညီလေးက သူ့ကောင်မလေးကို ထားခဲ့ပြီး ရန်ကုန်ကိုလိုက်မှာ မဟုတ်ဘူး ....ပြီးတော့ သားရဲ့ အဘွားကလည်း သူ့အိမ်ကနေ ဘယ်မှ မသွားဘူးဆိုတာချည်းပဲ ...သားအလုပ်ပါးရင် သာအိမ်ကို ပြန်လာခဲ့အုံး ...ပြီးတော့ စိတ်လည်း လေမနေနဲ့ ... ဒီတိုင်း နေမယ့်အစား သားကထူးထူးဆိုတာရယ်...သားခံစားနေရတာတွေကို သမီးလေး ငြိမ်းကို ဖွင့်ပြောလိုက်လေ..." "သူ..သူစိတ်ရူပ် သွားမှာ စိုးလို့ပါအမေ ..." မိခင်ကြီးဆီမှ ဖုန်းချသွားသောအခါ စိုင်းခွန်နောင် ရင်ထဲ အတွေးပေါင်းများစွာနှင့် ကျန်ခဲ့လေသည်။ငြိမ်းတို့ ဆိုင်လေးကို လှမ်းကြည့်လိုက်သောအခါ၌လည်း ဟိုယခင် ရက်တွေကလို ဆိုင်ထဲတွင် ငြိမ်း၏အရိပ်အယောင်ကိုမျှ မမြင်တွေ့ရဘဲ ရှိလေသည်။ ** ***** "အန်တီ ပြောတာ မှန်တယ် စိုင်းရ ...မင်းအကြောင်း အဖြစ်မှန်တွေကို ငြိမ်းကို ဝန်ခံလိုက် ပြီးရင် သူ့ကိုချစ်တဲ့ အကြောင်းတွေကို ဖွင့်ပြောပြလိုက်ကွာ...ဆယ်တန်းအောင်ပြီးတော့ လိုက်ရှာမလို့လုပ်ခဲ့ပေမဲ့ မင်းဦးလေး ခေါ်လို့ နိုင်ငံခြားရောက်သွားရတဲ့ အကြောင်းတွေရော...ပြီးတော့ နိုင်ငံခြားကနေ လူငှါးပြီး သူ့ကိုရှာခဲ့တဲ့ အကြောင်းတွေအကုန်သာ ပြောလိုက်ကွာ...ဘာပဲဖြစ်ဖြစ်...ခုလို မင်းတစ်ယောက်တည်း

ဧကြည်ဖြူ " ချစ်ဆိပ် ," ( ချူ ) အပိုင်း (၁၇) **** ဖြစ်နိုင်ရင်...ဒီလကုန်လက်ထက်ရအောင် မမ" ရဲရင့်၏ စကားကြောင့် ငြိမ်း ခေါင်းကို ခါယမ်းလိုက်မိသည်။ "ဒီလကုန်တော့ ဘယ်လိုဖြစ်နိုင်မှာလဲ ရဲရင့်ရယ်....ဘာမှလဲ မစီစဉ်ရသေးဘူး...နောက်လလောက် စီစဉ်ကြမယ်" "ဒါဆိုလဲ ...မမအဆင်ပြေသလို အမြန်ဆုံး စီစဉ်ကြစို့နော်" ***** ဒေါ်ငြိမ်းဝေ တက္ကစီပေါ်မှ ဆင်းလိုက်ပြီး မြင်နေရသော အိမ်ကို လှမ်းကြည့်လိုက်သည်။အိမ်သည် သွပ်မိုးပျဉ်ထောင်သပ်သပ်ရပ်ရပ်အိမ်လေးဖြစ်သည်။သံဇကာစည်းရိုးများ ဖြင့်ကာရံထားသော ခြစည်းရိုးလေးလည်း ရှိသည်။တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်အနေအထားအရ အေးချမ်း ဆိတ်ငြိမ်သော ရပ်ကွက်လည်းဖြစ်ပုံရသည်။ခြံရှေ့တွင် အကောင်းစားကားတစ်စီးရပ်ထားသည်ကိုတော့ ဒေါ်ငြမ်း ဝေ အနည်းငယ်မျှ အံ့ဩနေမိသည်။ကိုအောင်မင်းအခြေအနေနှင့် " အိမ်ပိုင်ရပြိ "ဆိုသော စကားကြောင့် ဒေါ်ငြိမ်းဝေမယုံကြည်နိုင်အောင် ဖြစ်ခဲ့ရသည်မှာတော့ အမှန်ပင်ဖြစ်သည်။ ဒေါ်ငြိမ်းဝေသည် ခပ်ဟဟ စေ့ထားသော ခြံတံခါးမှ အထဲကို လှမ်းကြည့်ပြီး အသံပြုလိုက်သည်။ "ကိုအောင်မင်း...ကိုအောင်မင်းရှိလား" ဒေါ်ငြိမ်းဝေ၏ခေါ်သံကြောင့် အိမ်ထဲမှ ဦးအောင်မင်းထွက်လာလေသည်။ *** ဒေါ်ငြိမ်းဝေက ဦးအောင်မင်းနောက်မှ အိမ်ထဲသို့ လိုက်ဝင်လာခဲ့သည်။ "မင်္ဂလာပါ ဒေါ် လေး...မတွေ့ရတာကြာပြီ...ဒေါ် လေး နေကောင်းတယ်နော်.... " ဒေါ်ငြိမ်းဝေမှာ အိမ်ထဲသို့ ရောက်သောအခါ မိမိကို နှုတ်ဆက်လိုက်သော လူငယ်လေးကို အံ့သြစွာ ကြည့်လိုက်မိသည်။ "အေး...အေးပါကွယ်...နေကောင်းပါတယ်... ဒါနဲ့ သားကဘယ်သူများလဲ..." "ကျွန်တော် ထူးထူးပါ ဒေါ် လေး .." "ဘယ် ...ဘယ်လိုကွဲ့ ...ထူးထူး ဟုတ်လား " ဒေါ်ငြိမ်းဝေ၏အမေးကို ထူးထူးခေါ် စိုင်းခွန်နောင်က တရိုတသေနှင့် ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ် ဒေါ် လေး ကျွန်တော် ထူးထူးပါ..." "ဟုတ်တယ် ငြိမ်းဝေ ... ဒီအိမ်ကို ထူးထူး ဝယ်ပေးတာလေ... ဟိုတလောကမှ ထူးထူး နဲ့ အဆက် အသွယ်ရတာ... ထူးထူးက ဆယ်တန်းအောင်ပြီးတည်းက နိုင်ငံခြားရောက်နေခဲ့တာတဲ့လေ..." ဒေါ်ငြိမ်းဝေ သည် တင်ထူးအောင်၏ မျက်နှာကို မယုံကြည်နိုင်စွာငေးကြည့်နေမိရင်း မေးလိုက်မိသည်။ "နိုင်ငံခြားမှာ နေတာဟုတ်လား...ပြန်လာတာ ဘယ်လောက်ကြာပြီလဲ... ငြိမ်းနဲ့ရောတွေ့ဖြစ်လား ..." ဒေါ်ငြိမ်းဝေ၏ အမေးကို စိုင်းခွန်နောင်က ခေါင်းငြိမ့်ပြပြီး ပြန်ဖြေလိုက်သည်။ "တွေ့ပါတယ် အန်တီ...ဒါပေမဲ့ ငြိမ်းက ကျွန်တော်ကို မမှတ်မိပါဘူး....ကျွန်တော်ကို စိုင်းခွန်နောင်လို့ပဲသိထားတာ ပါ ..." " ဒေါ် လေး...မင်းနဲ့ စကားပြောချင်တယ်ကွယ်....မင်းအချိန်ရလား...." "ဟုတ်ကဲ့ ...ရပါတယ် ဒေါ်လေး..." " ဒေါ်လေး ပြောချင်တာက သမီးကို စိတ်မညစ်စေချင်ဘူးကွယ်...ဖြစ်နိုင်ရင် ကိုအောင်မင်းတို့ သားအဖကိုရော မင်းကိုပါ သမီးလေးနားမှာ မရှိစေချင်ဘူး ..." "ဗျာ.... ဒေါ် ... ဒေါ်လေး..." ကြားလိုက်ရသောစကားကြောင့် စိုင်းခွန်နောင်က ဒေါ်ငြိမ်းဝေကို အလန့်တကြား မော့ကြည့်လိုက်မိသည်။ "ဒေါ်လေး ပြောတာ စိတ်မဆိုးပါနဲ့....အဟောင်းတွေကို အသစ် မဖြစ်စေချင်တော့ဘူး.... ပြီးတော့ သမီးလေးကနောက်လထဲ လက်ထပ်တော့မယ်လို့ ပြောနေတယ်...ဖြစ်နိုင်ရင် ဒီလက်ထပ်ပွဲကို မဖြစ်စေချင်ဘူး...သမီးကို ကြည့်ရတာပျော်ရွှင်ပုံလဲ မရဘူးလေ... သူ့ဘာလို့ ဒီလက်ထပ်ပွဲကို မြန်မြန်လက်ခံလိုက်လဲလို့ တွေးနေခဲ့တာ ... ခုတော့ သိသွားပြီ....ဒေါ်လေး ထင်တာ မမှားဘူး ဆိုရင် ... သားကြောင့်ပဲဖြစ်မယ် ထင်တယ် ထူးထူး .." " ဗျာ ... ဒေါ်လေး ပြောတာ ကျွန်တော်နားမလည်းဘူး..." " ငြိမ်းရဲ့ အတွင်းစိတ်ကိုသိရင်တော့ သားနားလည်မှာပါ...သမီးက သူကိုယ်တိုင်က သူ့အဖေနဲ့ တူမှာ သိပ်ကြော်က်နေပုံရတယ်...အဲ့ဒါကြောင့် မောင်ရဲရင့်ပြောသမျှကို မငြင်းဆန်ဘဲ လက်ခံပြီးလိုက် လုပ်နေတာပဲ...ဒီပုံစံအတိုင်းဆို သူတို့ လက်ထပ်ဖြစ်မှာ သေချာသွားပြီးပဲ..." "ဗျာ " ဒေါ်ငြိမ်းဝေ၏ စကားကြောင့် စိုင်းခွန်နောင်၏ရင်ထဲ တွင်မုန်တိုင်းထန်သလို လှုပ်ခတ်သွားသည်။ငြိမ်းကို တကယ်တမ်း လက်လွတ်ဆုံးရှုံးရတော့မည်ဆိုသောအခါ စိတ်ထဲတွင် နာကျင်၍လာသည်။ဖြစ်နိုင်လျှင် ငြိမ်းလက်ကိုဆွဲကာ အဝေးဆုံးသို့ ပြေးထွက်သွားပစ်လိုက်ချင်တော့သည်။ "ကျွန်တော် သွားတော့မယ် ဒေါ် လေးနဲ့ ဦးလေး....ခွင့်ပြုပါအုံးနော်..." ဒေါ်ငြိမ်းဝေနှင့် ဦးအောင်မင်းကို နှုတ်ဆက်ပြီး စိုင်းခွန်နောင်အမြန်ဆုံးထပြန်ခဲ့သည်။စိတ်ထဲတွင် ငြိမ်းဆီသို့ အမြန်ဆုံး ရောက်သွားရန် ဇောကပ်နေမိသည်။ ***** ဒေါ်ငြိမ်းဝေက တင်ထူးအောင်ပြန်သွားသည်နှင့် ဦးအောင်မင်း၏ မျက်နှာကို ကြည့်ပြီး ပြောလိုက်သည်။ "ရှင့်မှာ အိမ်ရှိပြီဆိုတော့ ရှင့်သားကို ပြန်ခေါ်ပါတော့ ကိုအောင်မင်း...စည်သူက ရှင့်ရဲ့ သားဆိုတာကို သမီးသိသွားမှာစိုးလို့ ကျွန်မမှာ အမြဲ စိုးတထိတ်ထိတ်နေခဲ့ရတာ..." "ဟာ ...ချက်ချင်းကြီးခေါ်လို့ မဖြစ်သေးဘူးလေ ငြိမ်းဝေ ....ငါအလုပ်သွားတဲ့အချိန်... ကလေးတစ်ယောက်တည်း ကျန်ခဲ့မှာ ကိုစိတ်မချဘူး...ဘာပဲဖြစ်ဖြစ် အဖြစ်မှန်ကို ငြိမ်း သိသွားလဲ စည်သူက သူ့မောင်လေးမို့ သူခွင့်လွှတ်နိုင်မှာပါ....."

ပိတ်ထားသော ဆိုင်တံခါးကို ဖွင့်ပြီး အထဲသို့ ရှေ့မှဦးဆောင် ၀င်သွားသော မမမူကို ရဲရင့်ကမေးလိုက်သည်။ "မမမူရဲ့ ဆိုင်ပဲလေ ရဲရင့်...ဒီနေရာမှာ ကျားဝတ်သီးသန့် အရောင်ဆိုင်ဖွင့်မလို့လေ..." "ဟုတ်လား...မမမူကတော့ စီးပွားရေးနယ်ချဲ့ လှချည်းလား " ရဲရင့်က မမမူကို ကြည့်ပြီး စနောက်လိုက်သည်။ "စီးပွားရေးနယ်ချဲ့တာ မဟုတ်ဘူးကိုယ်တော်လေးရဲ့...ဒီဆိုင်က မင်းအတွက် ဖွင့်တာလေ..." "ဗျာ...ဟို...မမမူပြောတာကို ကျွန်တော်နားမလည်းဘူး..." ရဲရင့်သည် မမမူ ၏ အပြောကြောင့် နားမလည်နိုင်စွာပြန်မေးလိုက်မိလေသည်။ " တစ်နေ့ တစ်နေ့ မင်းအပြေး အလွှား ကားမောင်းနေရတာကို မမမူ မကြည့်ရက်ဘူး...ဒီဆိုင်မှာ အေးဆေး မန်နေဂျာပဲလုပ်... လစာအပြင် အထည်ရေနဲ့ ကော်မရှင် စားပါပေးပါ့မယ်...ရဲရင့်ဘက်က လုပ်ဆောင်ပေးရမှာက ကိုယ့်ဆိုင်လို သဘောထားရမှာပဲ... ပြီးတော့ နေဖို့အတွက်လည်း အပေါ်ထပ်မှာ အခန်းရှိတယ်နော် အန်တီ့ကိုပါ ခေါ်ထားလို့ရတယ်... ဘယ်လိုလဲ ဒီကိစ္စကို မင်းမမငြိမ်းနဲ့ တိုင်ပင်ရအုံးမှာလား " "ဗျာ...တ..တကယ်ပြောနေတာလားမမမူ " ရဲရင့်က မယုံကြည်နိုင်စွာ မမမူကိုမေးလိုက်လေသည်။ "တကယ်ပေါ့ ...ရဲရင့်ရယ်...မင်းလည်း အဆင်ပြေ မမမူလည်းဆိုင်သစ်ဖွင့်နိုင်တယ်လေ" ရဲရင့်၏ အမေးကို မူယာဟန်က မခို့တရို့ ပြုံးလျက် ပြန်ဖြေလေသည်။ ရဲရင့်သည် မမမူကို တစ်ချက်ကြည့်လျက် သက်ပြင်းကို မသိမသာ ချလိုက်ပြီး ခပ်တိုးတိုးပြန်ပြောလိုက်မိသည်။ "အားနာစရာတွေတော့ ဖြစ်ကုန်ပြီ မမမူ ...ကျွန်တော်က နှစ်ကုန်ရင် မမနဲ့ လက်ထပ်တော့မှာလေ ... စကားမစပ်မိလို့ မမမူကို မပြောပြဖြစ်တာ "ထိုသို့ ရဲရင့်ပြောလိုက်သောအခါ မူယာဟန်သည် ကွက်ခနဲပျက်သွားသော မျက်နှာကို ပြန်ထိန်းလိုက်ပြီး "လက်ထပ်တော့ရော ဘာဖြစ်လဲရဲရင့်ရာ ... သူ့စီးပွားသူလုပ်...ကိုယ့်စီးပွားကိုယ်လုပ်ပေါ့...မဟုတ်ရင် အများက ရဲရင့်ကို အထင်သေးကြမှာပေါ့ ...မမမူ ပြောတာ လက်ခံလား " "ဟုတ်ကဲ့ ...ဒါတော့ ဒါပေါ့ မမမူရယ်...ဒါပေမဲ့...." "အမေ့ ..." ရဲရင့်၏ စကားမဆုံးခင်မှာပင် ရှေ့မှသွားနေသော မမမူတစ်ယောက် ခလုတ်တိုက်ပြီး ဟန်ချက်ပျက်သွားကာ ခန္ဓာကိုယ်မှာ ရဲရင့်ဘက်သို့ယိုင်လဲကျလာလေသည်။ရဲရင့်လည်း ယိုင်လဲကျလာသော မမမူ၏ ခန္ဓာကိုယ်ကို အမှတ်မဲ့ လှမ်းတိန်းလိုက်စဉ် နှစ်ယောက်သား ပွေ့ဖက်မိသလိုဖြစ်သွားလေးသည်။နှစ်ယောက်သားပူးကပ်စွာရှိနေသောကြောင့်မမမူ ဆီမှနီးကပ်စ္စာရရှိနေသော မွှေးရနံ့နှင့်အတူ နုညံ့အိထွေးသော အထိအတွေ့ကြောင့် ရဲရင့် တစ်ကိုယ်လုံး သွေးများ ပွက်ပွက်ဆူလာသလို ခံစားလိုက်ရလေသည်။ရဲရင့်သည် မမမူ၏ ခန္ဓာကိုယ်ကို သတိလက်လွှတ်ပွေ့ဖက်ထားမိလေသည်။မမမူကလည်း သူ့ကို ပြန်လည်ဖက်တွယ်ထားသည်ကို ရဲရင့် သိနေသော်လည်း ရုန်းထွက်ရန် မကြိုးစားမိဘဲ ငြိမ်သက်နေမိလေသည်။မမမူ ထံမှ အသက်ရှူသံပြင်းပြင်းနှင့်အတူ သူ၏ပါးပြင်ကို မမမူ နမ်းရှိုက်လိုက်သည်ကိုလည်း ရဲရင့် မငြင်းဆန်မိလိုက်ပေ။မောလျလျ အတွေးများနှင့် အတူ မမမူ၏အထိအတွေ့များအောက်တွင် ရဲရင့် သတိလက်လွတ် မိန်းမောနေမိလေသည်။ ******* "နိုးပြီးလား...." အသံနှင့်အတူ နဖူးကို ခပ်ဖွဖွ စမ်းလာသော နွေးထွေးသောလက်အစုံကြောင့် ရဲရင့်ဖျတ်ခနဲ မျက်လုံးကိုဖွင့် ကြည့်လိုက်မိသည်။ထိုအခါ ခုတင်ပေါ်တွင် တင်ပလွှဲထိုင်လျက် သူ့နဖူးကိုစမ်းနေသော ငြိမ်းကို တွေ့လိုက်ရလေသည်။ငြိမ်းကို မြင်တွေ့လိုက်ရသောကြောင့် ပျော်ရွှင်သွားဝမ်းမြောက်သွားမိပြီး ရဲရင့်အိပ်နေရာမှ ဆတ်ခနဲ ထထိုင်လိုက်ပြီး ငြိမ်း၏ ခန္ဓာကိုယ်ကို သိမ်းကြုံးဆွဲယူပွေ့ဖက်လိုက်ကာ နှုတ်မှ အရူးတစ်ယောက်လို တတွတ်တွတ်ပြောလိုက်မိလေသည်။ "မောင်တို့ လက်ထပ်ရအောင် မမ.... နှစ်ကုန်အထိ မစောင့်နိုင်တော့လို့ ရှေ့လထဲမှာပဲလက်ထပ်ရအောင်နော်..." ငြိမ်းက ရဲရင့်၏ ကျောပြင်ကို အသာပုတ်လိုက်ပြီး " ဘယ်လိုဖြစ်ရပြန်ပြီလဲ...ရဲရင့်ရယ် နေမကောင်းဖြစ်ပြီး ကယောင်ကတမ်းတွေပြောနေတာလား....ဒါနဲ့ မနေ့က ဘယ်သွားနေရလို့လဲ ဖုန်းလဲ မကိုင်ဘူး...အိမ်ပြန်လာတာလဲ မိုးချုပ်တယ်ဆို " ငြိမ်း၏မေးခွန်းကြောင့် ရဲရင့်တစ်ကိုယ်လုံး ဆတ်ခနဲတုန်သွားပြီးလျှင် ငြိမ်း၏ခန္ဓာကိုယ်လေးကို တင်းကြပ်စွာ ပွေ့ဖက်လိုက်သလို နှုတ်မှလည်း "အဲ့ဒါတွေ ထားလိုက်ပါ မမရယ်...မိဘတွေဆီက ခွင့်တောင်းပြီး မောင်တို့ အမြန်ဆုံး လက်ထပ်ကြမယ်နော် မမ ..." ငြိမ်းသည် ရဲရင့်၏အပြောကို ခေါင်းမငြိမ့်မိဘဲ ရဲရင့်၏ ရင်ခွင်ထဲတွင် ငြိမ်သက်တောင့်တင်း လျက်ရှိနေမိလေသည်။ @@@@@@@@@@@@@@ အပိုင်း (၁၇) ဆက်ရန် ဧကြည်ဖြူ

ငြိမ်းမေးလိုက်တော့ စည်သူက ခေါင်းကို ငုံ့သွားပြီးခပ်တိုးတိုး ဖြေလေသည်။ "အဖေ့ကို သတိရလို့ပါ မမငြိမ်း " စည်သူလေး၏ အဖြေစကားကို ကြားရ သောအခါ ငြိမ်းရင့်ထဲ နင့်ခနဲ ဖြစ်သွားရလေသည်။ငြိမ်းသည် စည်သူ၏ခန္ဓာကိုယ်လေးကို ပွေ့ဖက် နှစ်သိမ့်ပေးလိုက်မိလေသည်။ "စိတ်မကောင်းမဖြစ်ပါနဲ့ ကလေးရယ်...စည်သူ့အဖေက အခု အလုပ်လုပ်နေတာဆို ...အဆင်ပြေတဲ့နေ့ စည်သူ့ကိုလာခေါ်မှာပေါ့...ဒီကြားထဲသတိရရင် အဖေ့ကို လာတွေ့ပါလို့ ဖုန်းဆက်ပြီးပြော လိုက်လေ ...မမတို့ကခွင့် ပြုပါတယ်နော်...." "တ...တကယ်လားဟင် မမငြိမ်း...ဒါပေမဲ့ ကြီးကြီးက ခွင့်မပြုဘူးလို့ပြောတယ် မမရဲ့..." စည်သူကငြိမ်း ကို ဝမ်းသာအားရနှင့်ပြောပြီး မျက်နှာလေး ပြန်လည် ညှိုးကျသွားပြန်လေ သည်။ "ကြီးကြီးက အဲ့လိုပြောတာ မဟုတ်ပါ ဘူးကွယ်... နောက်ဆို ပေးတွေ့ရအောင် မမပြောပေးမယ် ဟုတ်ပြီလား....." "တ...တကယ်ပြောတာနော် မမငြိမ်း...၀မ်းသာလိုက်တာဗျာ..." ငြိမ်း၏ နှစ်သိမ့်စကားကြောင့် စည်သူက ဝမ်းသာအားရထခုန်လိုက်လေသည်။ငြိမ်းမှာ ပျော်ရွှင်နေသော စည်သူလေးကိုကြည့်ပြီး ရင်ထဲ၌ ပျော်ရွှင်လာမိလေသည်။ "မမ....မမငြိမ်း...ဟိုးက ကားပေါ်က အစ်ကိုကြီးက သားတို့ကို လှမ်းကြည့်နေတယ် ...မမငြိမ်း သူငယ်ချင်းလား ဟင်..." စည်သူလေး၏စကားကြောင့် ငြိမ်းက စည်သူပြသောနေရာသို့ လှမ်းကြည့် လိုက်မိလေသည်။ လမ်း၏ တစ်ဘက်ခြမ်း ခပ်လှမ်းလှမ်းတွင် ကားတစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။လမ်းမီးတိုင်၏ အလင်းရောင်နှင့် ဖျတ်ခနဲ မြင်လိုက်ရသော မျက်နှာကိုကြည့်ပြီး ငြိမ်း၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစက် တောင့်တင်းသွား သလို ခံစားလိုက်ရသည်။ထို့နောက်အကြည့်ကို မလွှဲနိုင်ဘဲ မင်သက် အံ့ဩစွာငေးနေမိလေသလို ရင်တွေလည်း တထိတ်ထိတ် ခုန်လှုပ်လာသည်။သူလည်း ငြိမ်းကို လှမ်းကြည့်နေသည်။ ငြိမ်းတို့နှစ်ယောက်အတန်ကြာ အကြည့်ချင်းဆုံနေပြီးသည့်နောက် ငြိမ်း သူ့ကို ကျောခိုင်းပစ်လိုက်ပြီး အိမ်ထဲသို့ပြန်ပြေးဝင်ခဲ့မိသည်။ အခန်းထဲသို့ရောက်လျှင် မှန်တင်ခုံရှေ့မှာ အသက်မဲ့သူလို ငြိမ်း ထိုင်နေမီသည်။ " ချစ်သူ့ဆီကို ...အတောင်ပံဖြန့်ကျက်လို့သွားချင်တယ် ... ဘယ်ဆီဘယ်ဝယ်မှန်းလဲအတတ်မသိ" ဖုန်းသံက ကျယ်လောင်စွာ မြည်နေသော်လည်း ငြိမ်းဖုန်းကို မကိုင်ဘဲ ဖုန်းစခရင်ပေါ်တွင် ပေါ်နေသော "စိုင်းခွန်နောင် " ဆိုသော နာမည်လေးကို အကြောင်သားကြည့်နေမိလေသည်။ "တွီ...တွီ" ဖုန်းကို ကြောင်ငေးပြီး ကြည့်နေစဉ်မှာပင် ဖုန်းခေါ်သံမှာ ရပ်သွားပြီး မက်ဆေ့ရောက်သံကိုကြားလိုက်ရလေသည်။ငြိမ်း မရဲတရဲနှင့်ဖုန်းကို ကောက်ယူကြည့်လိုက်မိသည်။ "ကျွန်တော် တောင်းပန်ပါတယ် ငြိမ်းရယ်... ငြိမ်းက လိုင်းလဲမသုံး...ဖုန်းလဲဆက်လို့မရလို့ စိတ်ပူပြီးလာကြည့်မိတာ ' "ပြောတော့ ကျွန်တော်ကို မိတ်ဆွေတစ်ယောက်အဖြစ် အသိအမှတ်ပြုတယ်ဆို..." " ကျွန်တော် ကြောင့် စိတ်အနှောက်အယှက်ဖြစ်သွားရင် ကောင်းပန်ပါတယ်...." " ကျွန်တော်ပြန်ပါပြီ ငြိမ်းရယ်" ငြိမ်းသည် ဖုန်းကို တစ်လှည့် | မှန်ထဲတွင် ပေါ် နေသော မိမိပုံရိပ်ကိုတစ်လှည့်ကြည့်နေမိရင်း နားထဲတွင်"မိငြိမ်း ... ပြောတော့ သစ္စာဖောက်တဲ့လူတွေကို မုန်းတယ်ဆို ...ညည်းအဖေလို လူမျိုးကို အရမ်းမုန်းတယ်ဆို...အခုတော့ နင်ကိုယ်တိုင် သစ္စာမရှိတဲ့မိန်းမ ဖြစ်နေပြီမဟုတ်လား မိငြိမ်းရဲ့ " ဆိုသော အသံများကို ကြားယောင်နေမိလေသည်။ ငြိမ်းနားနှစ်ဖက်ကို လက်ဖဝါးနှင့် ခပ်တင်းတင်းဖိပိတ်လိုက်ပြီး ခေါင်းကို အားကုန်ယမ်းခါလိုက်မိသလို နှုတ်မှလည် "ဟင့်အင်း ... မဟုတ်ဘူး...သစ္စာမဖောက်ဘူး...ငြိမ်းက အဲ့ဒီလိုလူမျိုးမဟုတ်ဘူး...ရဲရင့် တစ်ယောက်တည်းကိုပဲချစ်ပြီး ရဲရင့်ကိုပဲ လက်ထပ်မှာ "အရူးတစ်ယောက်လို့ ငြိမ်း ပြောဆိုနေမိပြီး ဖုန်းကို ကောက်ယူလိုက်ကာ စိုင်းခွန်နောင် ဆီသို့ ဖုန်းကို ခေါ်လိုက်လေသည်။ "ဟယ်လို ငြိမ်း..." တစ်ဖက်မှ စိုင်းခွန်နောင်၏ ထူးသံကို ကြားလိုက်ရသောအခါ ငြိမ်းသည် လှုပ်ရှားခုန်လှုပ်နေသော စိတ်အစဉ်ကို ထိန်းချုပ်လိုက်ပြီး စိုင်းခွန်နောင်ကို တစ်ခွန်းချင်း တည်ငြိမ်စွာပြောလိုက်လေသည်။။ "ကိုစိုင်းက ငြိမ်းဆီလာတာလား...ငြိမ်းကသိမှမသိတာ...ခုတလော ငြိမ်းအလုပ်တွေ များနေလို့ လိုင်းမသုံးဖြစ်တာပါ...ကိုစိုင်းဖုန်းဆက်တော့လဲ ငြိမ်း မအားတာနဲ့ပဲ တိုးနေတာလေ...နောက်တစ်ခါဆိုအိမ်ထိအောင် လာလည်လေ... ငြိမ်းက နှစ်ကုန်ရင်လက်ထပ်တော့မှာဆိုတော့ သိပ်မအားဘူးဖြစ်နေတာကိုစိုင်းရဲ့...ကိုစိုင်းကို မိတ်ဆွေတစ်ယောက်လို ခင်ပါတယ်နော်..." ငြိမ်းသည် စကားအရှည်ကြီးကို မနားတမ်းပြောချလိုက်လေသည်။တစ်ဖက် စိုင်းခွန်နောင်ဆီမှ စကားသံကို မကြားရဘဲ တိတ်ဆိတ်၍နေလေသည်။အတန်ကြာသောအခါမှ စိုင်းခွန်နောင်ထံမှ စကားသံ သဲ့သဲ့ ထွက်လာလေသည်။ "ဝမ်းသာပါတယ် ငြိမ်းရယ်.... နောက်တစ်ခေါက် အိမ်ကို ၀င်လည်ပါ့မယ် ... ခု ကားမောင်းနေလို့ ဒါပဲနော် ငြိမ်း ...." ပြောပြီးသည်နှင့်စိုင်းခွန်နောင်ဘက်မှ ဖုန်းကို ဦးစွာချသွားလေသည်။ငြိမ်းသည် ဖုန်းကို နားမှာ ကပ်လျက် ငြိမ်သက်စွာ ထိုင်နေမိလေ၏။ ***** " ဒါက ဘယ်သူ.ဆိုင်လဲ....မမမူ "

" မောင်တို့လက်ထပ်ကြမယ်လို့ ပြောတာလေ... ဘာလဲ မမက မောင့်ကို လက်မထပ်ရဲဘူးလား...မောင့်မှာဘာပိုင်ဆိုင်မှုမှမရှိလို့ မောင့်ကို လက်မထပ်ချင်ဘူးလား ...ပြောလေ မမ " ရဲရင့်သည် ပြောနေရင်းမှ စိတ်တိုပြီး ငြိမ်းကို မေးလိုက်သည်။ " မင်း...ဘာဖြစ်နေတာလဲ ရဲရင့်...မင်းပြောတော့...လုပ်ငန်းရှင်ဖြစ်လာအောင် ကြိုးစားချင်သေးတယ်ဆို...." ‌"ဟင့်အင်း အခုမဖြစ်ချင်တော့ဘူး ....မမနဲ့ပဲလက်ထပ်ချင်တော့တယ်...မမက မောင့်ကို ဒီတိုင်းလက်မထပ်နိုင်ဘူးလား မမ ...." ‌ ‌ ‌ ရဲရင့်က ငြိမ်းကို ကြည့်ပြီး မေးလိုက်လေသည်။ "ဘာလို့လက်မထပ်နိုင်ရမှာလဲ...ငြိမ်းက ဘ၀မှာ လူတစ်ယောက်ကိုပဲ ချစ်ပြီး ...အဲ့ဒီလူကိုပဲလက်ထပ်မှာ...ငြိမ်းဘက်က ဘယ်တော့မှ သစ္စာမဖောက်ဘူး..." "တကယ်နော်မမ ...ဒါဆို မောင့် အမေနဲ့ မမအမေဆီက ခွင့်တောင်းပြီး နှစ်မကုန်ခင် လက်ထပ်ကြမယ် ..." ရဲရင့်၏ အပြောကို ငြိမ်းက ခေါင်းကို အသာငြိမ့်ပြလိုက်သည်။ငြိမ်း စိတ်ထဲတွင် တစ်သက်လုံး ခံယူလာသည့်အတိုင်း ချစ်သူကို သစ္စာမဖောက်ဘဲ သက်ဆုံးတိုင် သစ္စာရှိရှိ ချစ်သွားဖို့ရန်ကို့ငြိမ်း ဆုံးဖြတ်ထားပြီးပြီ ဖြစ်သောကြောင့် ရဲရင့်၏ လက်ထပ်ဖို့ပြောသော စကားကို ငြိမ်း ကိုယ်၌ကလည်း ငြင်းပယ်ရန် စိတ်ကူးမရှိခဲ့ပါချေ။ ***** "ဘယ်လိုလဲစိုင်း...အဆင်ပြေခဲ့လား" ဆန်းလင်းအောင်က စိုင်းခွန်နောင်ကို လှမ်းမေးလိုက်သည်။စိုင်းခွန်နောင်က ဆိုဖာခုံပေါ် စိတ်ပျက် လက်ပျက်နှင့် ထိုင်ချလိုက်ပြီး မျက်နှာကို လက်ဖဝါးနှစ်ဖက်နှင့် အုပ်ကာ အတန်ကြာငြိမ်သက်နေမိသည်။ပြီးနောက် ခေါင်းကို ပြန်မော့လိုက်ပြီး ဆန်းလင်းအောင်ကို ကြည့်ပြီးခေါင်းကိုခါယမ်းပြရင်း ပြန်ဖြေလိုက်သည်။ "သူ့ကောင်လေးနဲ့ တွေ့ခဲ့တာကွ ...ကောင်လေးကြည့်ရတာ ငြိမ်းကို အနိုင်ယူမဲ့ ပုံပဲ...ငါတို့ကို ကြည့်ပြီး စိတ်လည်း ဆိုးသွားပုံရတယ်ကွ " စိုင်းခွန်နောင်၏ စကားကြောင့် ဆန်းလင်းအောင်က "ကျစ်ခနဲ "မြည်အောင် စုတ်သပ်လိုက်ပြီး "အဲ့ဒါကြောင့် မင်းကို ပြောတာပေါ့...ဒီကောင့်ကြည့်ရတာ မဟန်ပါဘူးဆို ...မင်းမကြိုးစားခဲ့တာလေကွာ...မင်းကွာ ငါ့ကို အားနာရင် ငြိမ်းနဲ့ နီးစပ်အောင် ကြိုးစားသင့်တယ်...ငါ့မှာ မြန်မာပြည် ပြန်ရောက်တာနဲ့ မင်းကောင်မလေးအကြောင်းသိရဖို့ ငါဘယ်လောက်ကြိုးစားရှာဖွေခဲ့ရလဲ မင်းသိမှာမဟုတ်ဘူး...ပြီးတော့ သူ့နေရာကို သိတော့လည်း သူ့ဘော်ဒါ ကောင်တွေကိုပါ အရက်တိုက် ဘီယာတိုက်ပြီး ...အလျှော့ပေးပေါင်းခဲ့ရတာကွ ...အဲ့ဒီအရင်းလေးတော့ ကျေအောင် မင်းကြိုးစားသင့်တယ်..." ခေါင်းကြီး ငိုက်စိုက်ချပြီး ထိုင်နေသော စိုင်းခွန်နောင်ကို ဆန်းလင်းအောင်က ကရုဏာဒေါသနှင့် ပြောလိုက်သည်။ "အဲ့ဒါဆို ငါဘာလုပ်ရမှာလဲကွာ ...သူ့မှာ ချစ်ရတဲ့သူရှိနေပြီလေ ....ငါ ဝင်မရူပ်ချင်ဘူး...ပြီးတော့ ငါ့ကို သူမှတ်မိသွားရင် မုန်းသွားမှာလဲ ကြောက်တယ်..." "ငါ ကြည့်ရ သလောက်တော့ ငြိမ်က မင်းကို စိတ်ဝင်စားပုံရတယ်...အဲ့ဒီတော့ မင်းကြိုးစားကွာ ...လုသင့်ရင်လု...အချစ်နဲ့စစ်မှာ မတရားတာမရှိဘူး ကွ...ပြီးတော့ မင်းတို့ ငယ်ငယ်ကဖြစ်ခဲ့တဲ့ကိစ္စက မင်းနဲ့ဘာဆိုင်လို့လဲ ဆယ့်တစ်နှစ်အရွယ် ကောင်လေးက လူကြီးတွေကိစ္စမှာ ဘာတွေလုပ်ပေးနိုင်မှာလဲ ... ခုချိန်တော့ သူနားလည်လောက်ပြီထင်ပါတယ်... ပြီးတော့ ရဲရင့်နဲ့ ငြိမ်းကို ကြည့်ရသလောက် တစ်ယောက်နဲ့တစ်ယောက်နှစ်နှစ်ကာကာချစ်ကြပုံလဲ မရကြပါဘူး...အခုချိန်ကစပြီး အချိန်မလွန်ခင် လက်ဦး မှုရအောင် ကြိုးစား..." ဆန်းလင်းအောင်၏စကားကို စိုင်းခွန်နောင်က ခေါင်းကို ခါယမ်းပြီးငြင်းဆန်လိုက်သည်။ "အဲ့ဒီလို မလုပ်ပါဘူးကွာ...ငြိမ်းစိတ်ရှုပ်ရအောင် ငါမလုပ်ဘူး...အချစ်ဆိုတာ ရယူပိုင်ဆိုင်ရမှ အချစ် မဟုတ်ဘူး...ငါ ငြိမ်းကို အဝေးကနေစောင့်ရှောက်ပေးမယ်.... ငယ်ငယ်က သူ့ မသိအောင် ထွက်သွားခဲ့မိတဲ့အတွက် တစ်သက်လုံးသူ့ကို စောင့်ရှောက်ပေးသွားမယ် " "အဲ့ဒါတော့ မင်းသဘောပဲ....ငါလည် ဒီထက်ပိုပြီး ကူညီပေးလို့မရတော့ဘူးကွ..." ****** "ဘာပြောတယ် သမီး .... ဒီနှစ်မကုန်ခင် လက်ထပ်ကြမယ် ဟုတ်လား..." ဒေါ်ငြိမ်းဝေက ငြိမ်းကိုကြည့်ပြီး အလန့်တကြား နှင့်မေးလိုက်သည်။ "ဟုတ်တယ် အမေ..." "သေချာ စဉ်းစားပါအုံး သမီးရယ် ... နှစ်ကုန်ဖို့က သုံးလေးလလိုတော့ တာလေ..." "နောင်တစ်ချိန်လည်း လက်ထပ်မှာပဲဆိုတော့ ...နည်းနည်း ပိုပြီး မြန်မြန် လက်ထပ်လိုက်တာပါပဲ....အမေသဘောမကျလို့လားဟင်...." ငြိမ်းက မိခင်ကြီးကို ပြန်မေးလိုက်သည်။ "အမေ သဘောကျတာ ...မကျတာထက်....သမီးသဘောကျစေချင်တာ....သမီး မောင်ရဲရင့်ကိုတကယ်ချစ်တာလား....ရဲရင့် ကရော သမီးကို တကယ်ချစ်တာလား...သေချာ အချိန်ယူပြီးဆုံးဖြတ်စေချင်တာ... ခုဟာက....သမီးရဲ့ အတွေးက လူနှစ်ယောက်ချစ်သူဖြစ်နေတဲ့အတွက် မဖြစ်မနေလက်ထပ်ရမယ်လို့တွေးနေတာကို အမေ့က သဘောမကျတာ ...." "ဟုတ်ကဲ့ပါ ....အမေ စိတ်မပူရအောင် သမီးတို့သေချာတိုင်ပင်ကြည့်ပါ့မယ်.." ******* ငြိမ်းက အပေါ်ထပ်သို့တက်လာရင်း ၀ရံတာတွင် ရပ်နေသော စည်သူလေး ကို မြင်လိုက်ရတာကြောင့် ဝရံတာဘက်သို့လျှောက်သွားလိုက်လေသည်။ "စည်သူ ... ဘာလုပ်နေတာလဲ..."

ဧကြည်ဖြူ "ချစ်ဆိပ် "( ချူ) အပိုင်း (၁၆) ******* " ဟင် ...ရဲရင့် ...သူက ငြိမ်းရဲ့ မိတ်ဆွေပါ...ကိုစိုင်း...သူကရဲရင့်တဲ့...ငြိမ်းရဲ့ချစ်သူလေ " ငြိမ်းက ရုတ်တရက် ရောက်ချလာသော ရဲရင့်နှင့် စိုင်းခွန်နောင်ကိုမိတ်ဆက်ပေးလိုက်လေသည်။ရဲရင့်၏မျက်နှာသည် တင်းမာခက်ထန်လျက်ရှိသော်လည်း စိုင်းခွန်နောင်ကမူ ခပ်ပြုံးပြုံးပင် နှုတ်ဆက်လိုက်လေသည်။ "တွေ့ရတာဝမ်းသာပါတယ် ညီလေး....ငြိမ်းကတော့ ညီအကြောင်း အမြဲ ပြောပါတယ်... အစ်ကို နာမည်က စိုင်းခွန်နောင်တဲ့...မိတ်ဆွေတွေအဖြစ် ခင်ခွင့်ပြုပါ..." စိုင်းခွန်နောင်က ပြောရင်း လက်တစ်ဖက်ကို ရဲရင့်ထံသို့ ကမ်းပေးလိုက်လေသည်။ ရဲရင့်က မျက်နှာထားတင်းတင်းနှင့်ပင် ပြန်လည်နှုတ်ဆက်လိုက်လေသည်။ "ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်... ကျွန်တော်တို့ကို သွားခွင့် ပြုပါအုံး " ရဲရင့်သည် စိုင်းခွန်နောင်ကိုနှုတ်ဆက်လိုက်ပြီး ငြိမ်းလက်ကို ဆွဲယူကာ ကားဆီသို့ ဆွဲခေါ်ခဲ့လေသည်။ထို မြင်ကွင်းကို စိုင်းခွန်နောင်က ရပ်တန့်ငေးမောကြည့်နေမိလေသည်။ ******* ရဲရင့်က ကားတံခါးကို ဆွဲဖွင့်ပြီး ငြိမ်းကို ကားထဲသို့ ထိုင်စေလိုက်သည်။ပြီးလျှင် ကားကို တရကြမ်း မောင်းထွက်ခဲ့လေသည်။ "ဘယ်သွားမလို့လဲ ရဲရင့်.... ကားကို ဖြည်းဖြည်းမောင်းလေ ...ထမင်းရောစားပြီးပြီလား...အစားကို အချိန်မှန် စားနော်...ငွေကို အသည်းအသန်ရှာမနေနဲ့...ပြီးတော့ လပြတ် ကြိုရှင်း ကား အော်ဒါကို ဘာလို့လက်ခံလိုက်ရတာလဲ...ငြိမ်းက ရဲရင့်ကို သူများအလိုကျ နေထိုင်ရမှာစိုးလို့တောင် အပြင်အလုပ်မလုပ်ခိုင်းပဲ ကားမောင်းခိုင်းတာလေ...ခုလို လပြတ်အော်ဒါလက်ခံထားမှတော့ သူများ အလုပ်လုပ်နေရတာနဲ့ ဘာထူးတော့မှာလဲ...အဲ့ဒီငွေကို ပြန်အမ်းလိုက် ...ငွေလိုရင်ငြိမ်း ဆီမှာယူ..." ငြိမ်းတတွတ်တွတ် ပြောနေသည်ကို နားထောင်ပြီး ရဲရင့်သည် ကားအသွားအလာရှင်းသော တစ်နေရာတွင် ကားကိုထိုးရပ်လိုက်ပြီး ငြိမ်း၏ ပခုံးနှစ်ဖက်ကို ဆတ်ခနဲခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး ငြိမ်းကို အသံမာမာနှင့့်ပြောလိုက်လေသည် ။ "မမ...မောင့်ကိုတွေ့တိုင်း....ထမင်းစားပြီးပြီလား...ငွေအဆင်ပြေရဲ့လား ဒီစကားတွေပဲ ဘာဖြစ်လို့ပြောနေရတာလဲ...ဒီစကားတွေပဲပြောနေရအောင် မောင်က မမ မွေးထားတဲ့ ကလေးလား...မမရဲ့မောင်လေးလား...မမမှာ အခြား ပြောစရာ စကားမရှိဘူးလား..." ရဲရင့်က ဒေါသနှင့် ငြိမ်းကိုမေးလိုက်သည်။ ငြိမ်းက ရဲရင့်မျက်နာကို ကြည့်ပြီး နားထင် မှဆံပင်ကို ဆောင့်ဆွဲလိုက်ပြီး ပြန်ပြောလိုက်သည်။ "စိတ်ပူလို့ ပြောတာလေ...မပြောရဘူးလား...အဲ့ဒါဆို ဘာပြောရမှာလဲ..." "ဘာပြောရမှာလဲ ဟုတ်လား...ချစ်တဲ့စကားပြောပေါ့...ပြီးတော့...ဒါ...ဒါက ဘာဝတ်စုံလဲ...မောင်နဲ့ အပြင်သွားရင်တောင် ဒါမျိုးတွေမဝတ်ဘူး...အဲ့ဒီကောင်နဲ့သွားတာကို ဘာလို့ ဒီလိုဝတ်သွားရတာလဲ" ရဲရင့်က စိတ်တိုတိုနှင့် ငြိမ်းဝတ်ထားသော အင်္ကျီလက်ကို ဆုပ်ကိုင်ပြီးပြောလိုက်သည်။ "ဟာကွာ...ဘာဖြစ်နေတာလဲ ရဲရင့်ရာ...ဆိုင်ဖွင့်ပွဲအလှူဆိုလို့ဒီလို ပုံဝတ်သွားတာပါ...ငြိမ်းက ဒီလိုပုံစံမဝတ်ရတော့ဘူးလား ပြော...." ငြိမ်းသည်လည်း စိတ်တိုလာပြီမို့ ရဲရင့်ကို ပြန်အော်လိုက်သည်။ "ဟာဗျာ .... မသိဘူး...အဲ့ဒီကောင်မမကိုကြည့်တဲ့ အကြည့်တွေက မရိုးသားဘူး...ပြီး တော့ သူနဲ့ သိတာ ဘယ်လောက်ကြာပြီလဲ...သူ့အကြောင်း မောင့််ကိုတစ်ခါမှမပြောဖူးပါဘူး..." " သီတာက ကြာပြီ...ရဲရင့်နဲ့ချစ်သူ မဖြစ်ခင်ကတည်းကပဲ...ဒါပမဲ့ အပြင်မှာက ဒီနေ့မှာ ဆုံတာ" ရဲရင့်၏ အမေးကို ငြိမ်းက ခပ်ဆောင့်ဆောင့်ပြန်ဖြေလိုက်သည်။ "ဘာ...ဒါဆို...ဖေ့ဘုတ်ကသိတာပေါ့ ဟုတ်လား...ဒီမှာမ မ နောက်ထပ် အဲ့ဒီလူနဲ့ မဆက်သွယ်နဲ့တော့ ...မမရဲ့ ဖေ့ဘုတ် ကို မောင်နဲ့ နှစ်ယောက်အတူသုံးရမယ်..." "အင်းလေ...သုံးပေါ့..." "တကယ်နော် မမ...နောက်ထပ်သူနဲ့ မဆက်သွယ်ပါနဲ့တော့နော်...မမကို စိတ်မချတော့ဘူး ..." ရဲရင့်က ပြောရင်းမှ ငြိမ်း၏ ကိုယ်လုံးလေးကို ဆွဲယူပွေ့ဖက်လိုက်သည်။ငြိမ်းသည် ရဲရင့် ပွေ့ဖက်ခြင်းကို အလိုက် သင့်လိုက်ပါပြီး ငြိမ်သက်နေမိသည်။ထိုမှရဲရင့်က တစ်ဆင့်တိုးပြီး ငြိမ်း၏နဖူးပြင်လေးကို နမ်းရှိုက်လိုက်လေသည်။ရဲရင့်၏ အပြုအမူကြောင့် ငြိမ်းသည် ဆတ်ခနဲတစ်ချက် လှုပ်ရှားမိသွားသော်လည်း အသက် ဖြည်းဖြည်း မှန်မှန် ရှူ၍ ငြိမ်သက်နေမိလေသည်။ ရဲရင့်သည် ငြိမ်သက်လွန်းလှသော ချစ်သူကို ပွေ့ဖက်၍ နဖူးပြင်လေးကို နမ်းရှိုက်လိုက်ပြီးသည့်နောက် ပါးပြင်မို့မို့လေးကိုပါ တရှိုက်မက်မက် နမ်းရှိုက်လိုက်လေသည် ။ ထိုခဏ၌ ငြိမ်းသည် ငြိမ်သက်နေရာမှ ရဲရင်၏ ခန္ဓာကိုယ်ကို တွန်းထုတ်လိုက်သည် ။ "ပြန်ရအောင် ရဲရင့်...အခုလောက်ဆို အမေ စိတ်ပူနေလိမ့်မယ်....." ရဲရင့်သည် ဘာမျှမပြော။ပွေ့ဖက်ထားသော ငြိမ်း၏ ခန္စာကိုယ်ကို လွှတ်ပေးလိုက်ပြီး အံကိုကြိတ်၍ ထားမိသည်။အတန်ကြာသောအခါမှ ငြိမ်းဘက်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။ "မောင်တို့ လက်ထပ်ကြရအောင် မမ..." "ဘာ...ဘာပြောတယ် ရဲရင့် " ရဲရင့်၏ စကားကြောင့် ငြိမ်းက အံ့သြတကြီး မေးလိုက်မိလေသည်။

"ဟင့်အင်း ...ငြိမ်းဘာသာ ကားငှားပြီးပြန်ပါ့မယ်....လိုက်မပို့ပေးပါနဲ့ ... ဒီမှာ ဧည့်သည်တွေလည်းရှိသေးတာကို..." "ရပါတယ် ငြိမ်းရဲ့ .. ဧည့်သည်တွေ က ကိုဆန်းဧည့်သည်တွေချည်းပဲလေ... ကျွန်တော်က လူပိုလိုဖြစ်နေတာပါ...ပြီးတော့ ဒီနေ့တစ်ရက်ပဲ အားတော့တာ နောက်ရက်တွေဆို ဆိုင်ဖွင့်ပြီမို့ မအားတော့ဘူးလေ...ဘာလဲ...ငြိမ်းတို့အိမ်ကို အလည်မခေါ်ချင်လို့လား...." "ဟို ... ဟို့ ...အဲ့ဒီလို သဘောနဲ့ မဟုတ်ပါဘူးရှင်...ကိုစိုင်း အလုပ်များမှာစိုးလို့ ပါ " "ဒီနေ့ တစ်ရက်တော့ အလုပ်က မများပါဘူးဗျာ...လာပါ ...ဆိုင်ထဲလျှောက်ကြည့်ရအောင်... " ***** "ကျွီ " " အမေ့" မီးပွိုင့်နားရောက်ခါနီးတွင် ရှေ့ကားမှ ရုတ်တရက် ထိုးရပ်လိုက်သောကြောင့် စိုင်းခွန်း နော်င်မှာ ဘရိတ်ကို အမြန်နင်းလိုက်ရသဖြင့် ကားမှာ ထိုးဆောင့် ရပ်သွားသလို ငြိမ်းသည်လည်း ခါးပတ် ပတ်ထာသည့်ကြားမှ ခေါင်းမှာ ရှေ့သို့ငိုက်ခနဲ ယိမ်းယိုင်သွားလေည်။ စိုင်းခွန်နောင်သည်လည်း ကားဘရိတ်ကို နင်းလိုက်သည်နှင့် တပြိုင်နက် လက်က ငြိမ်း၏ ရှေ့သို့ လှမ်းကာလိုက်မိလေသည် ။ပြီးလျှင် ငြိမ်းကို စိုးရိမ်တကြီးတောင်းပန်လိုက်လေသည်။ " ဟာ ...ဆောရီးပါ ငြိမ်းရယ်... ကျွန်တော်က မြန်မာပြည်ရဲ့ ကားမောင်းတဲ့စနစ်ကို မကျွမ်းကျင်သေးလို့ပါ...ငြိမ်း ဘာဖြစ်သွားသေးလဲဟင်...." "ဟို....ဟို...ဘာမှမဖြစ်ပါဘူးရှင်..." ငြိမ်းသည် ကားကြောင့်လန့်သွား တာထက် ငြိမ်းရှေ့ကို လှမ်းကာလိုက်သော စိုင်းခွန်နောင်၏ လက်က ငြိမ်း၏ နဖူးကို အုပ်ကိုင်ထားသောကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ထူထူပူပူ ဖြစ်သွားပြီး ခေါင်းကို အောက်သို့ ငုံ့ချလိုက်မိလေသည်။ထိုအခါမှ စိုင်းခွန်နောင်လည်း သူ့အဖြစ် သူ ရိပ်စားမိသွားပြီး လက်ကို ပြန်ရုတ်လိုက်ပြီး ကားရှေ့သို့ အကြည့်ကိုလွှဲလိုက်သည်။ငြိမ်းသည်လည်း ပြတင်းမှန်မှတဆင့် အဝေးသို့ ငေးကြည့်ရင်းလိုက်ပါလာခဲ့လေသည်။ စိုင်းခွန်နောင်မောင်းလာသော ကားလေသည် ကတ္တရာလမ်းမကြီး အတိုင်း တရိပ်ရိပ်ပြေးနေရာမှ ငြိမ်းတို့ရပ်ကွက်နားသို့ ရောက်လာလေသည်။ငြိမ်းက စိုင်းခွန်နောင်ကို ကြည့်လိုက်ပြီး "ငြိမ်းဒီမှာပဲ ဆင်းတော့မယ် ကိုစိုင်း...နောက်တစ်ခေါက်မှ ကိုစိုင်းကို အိမ်လည်ခေါ်ပါ့မယ်...ခုလို နှစ်ယောက်တည်း ရပ်ကွက်ထဲ ဝင်သွားရင် သူများ တွေတစ်မျိုး ထင်မှာကြောက်လို့ပါ ... "ရပါတယ်...ငြိမ်းရယ်... ကျွန်တော်နားလည်ပါတယ်... ကျွန်တော်တို့ထပ်တွေ့လို့တော့ရတယ် မဟုတ်လား...." ****** ကားမောင်းနေရင်းမှ ဖုန်းမြည်ကသောကြောင့် ဖုန်းကို ရဲရင့်ကောက်ကိုင်လိုက်သည်။ "ဟယ်လို...မမမူ ... ပြောလေ .." "ကောင်စုတ်လေး မမမူကို မပြောမဆိုနဲ့ဘယ်ပျောက်သွားတာလဲ...ဒီမှာ မမမူက အိမ်ခဏပြန်မလို့ကို " "ဟာ .. တောင်ပန်းပါတယ် မမမူ ....ကျွန်တော်က အိမ်ကို ခဏပြန်လာတာ...အမေ့ကို ပြန်ကြည့်တာ...ခုပဲ လာခဲ့မယ်လေ မမမူ ' "တော်ပါ မင်းမမငြိမ်းကို အမောပြေသွားတွေ့တာ မဟုတ်လား ..." တစ်ဖက်မှ မမမူ၏ စူအောင့် အောင့်ပြောသံကြောင့် ရဲရင့် သဘောကျစွာ ရယ်ရင်း ပြန်ဖြေလိုက်မိလေသည်။ "မဟုတ်ရပါဘူးဗျာ...မမက သူ့အသိတစ်ယောက်ရဲ့ဆိုင်ဖွင့်ပွဲသွားတယ်တဲ့......" ရဲရင့်သည် မမမူနှင့် ဖုန်းပြောနေရင်းမှ မိမိကားရှေ့ မလှမ်းမကမ်းတွင် ထိုးရပ်လိုက်သော ကားကို အမှတ်တမဲ လှမ်းကြည့်လိုက်မိလေသည်။ကြည့်နေစဉ်မှာပင် ကားပေါ်မှအမျိုးသားတစ်ယောက် ဆင်းလာပြီး ဘေးဘက်ကားတံခါးသို့ လျှောက်သွားသည်ကို မြင်လိုက်ရလေည်။မြင့်မားသော အရပ်အမောင်းနှင့် ကြည့်ကောင်းလှသော ထိုလူ၏ပုံစံကို ရဲရင့်ငေးမောကြည့်နေမိလေသည်။ ပြီးလျှင် ထိုမျှ ယောက်ျားပီသပြီး ချောမော ကြည့်ကောင်းလှသော အမျိုးသားက ပျာပျာသလဲ နှင့်ကားတံခါးဖွင့်ပေးရသည့် ကားထဲမှ ဆင်းလာမည့်သူကိုပါ ရဲရင့် သိချင်စိတ်ဖြစ်လာမိသောကြောင့် ကားကို ခပ်ဖြည်းဖြည်းမောင်းရင်းကြည့်နေမိလေသည်။ရဲရင့်ကြည့် နေစဉ်မှာပင် ကားတံခါးပွင့်လာပြီး ကားပေါ်မှ အမျိုးသမီးတစ်ယောက်ဆင်းလာလေသည်။အဝေးမှ လှမ်းမြင်ရသော ဆံပင်ရှည်ကြီးများ ခရမ်းနုရောင် ဝမ်းဆက်နှင့် အမျိုးသမီးက နောက်ကျောဘက်မှ မြင်နေ ရသည်ကိုပင် ကျော့ရှင်းလှပနေလေသည်။ထိုအမျိုးသားမှာလည်း အမျိုးသမီး၏ မျက်နှာကို တစိုက်မက်မက် ငေးကြည့်နေသည်ကိုတွေ့ရလေသည်။အမျိုးသမီးသည် ကားပေါ်မှ ဆင်းပြီး နောက် ထိုအမျိုးသားနှင့် စကားပြောနေပုံရပြီး ခဏကြာလျှင် ကိုယ်ကို နောက်သို့ ဆုတ်လိုက်သောကြောင့် မျက်နာကို ဖျတ်ခနဲ လှမ်းမြင်လိုက်ရလေသည်။မြင်လိုက်ရသော မျက်နှာကြောင့် ရဲရင့်သည် အသက်ရှူမှားမတက်ဖြစ်သွားရပြီး ကားကို လမ်းဘေးတွင် ထိုးရပ်လိုက်ပြီး ကားပေါ်မှ လျှင်မြန်စွာဆင်းချသွားမိပြီး သူတို့နားသို့အပြေးအလွှား လျှောက်သွားမိလေသည်။ "မမ" ငြိမ်း နှင့် စိုင်းခွန်နောင်တို့ နှုတ်ဆက်စကားပြောနေကြစဉ် အနားသို့ ရုတ်တရက် ရောက်ချလာပြီး ငြိမ်း၏ လက်ကို ဆောင့်ဆွဲပြီး အသံခပ်မာမာနှင့် ခေါ်လိုက်သော ရဲရင့်ကြောင့် ငြိမ်းနှင့် စိုင်းခွန်နောင်မှာ ထိတ်လန့်အံ့ဩသွားကြလေသည်။ "မမ ဘယ်ကပြန်လာတာလဲ...သူကရော ဘယ်သူလဲ " @@@@@@@@@@@@@@@@@@@ အပိုင်း ၁၆ ဆက်ရန် ဧကြည်ဖြူ

မပိန်မပါးပုံစံဖြစ်သည်။နှစ်ယောက်လုံးမှာ လူရည်သန့် ပုံစံများ ဖြစ်သည်။ယခုအချိန်ထိတော့ မည်သူကစိုင်းခွန်နောင်မှန်း ငြိမ်း မခန်းမှန်းတတ်ပါချေ။နှစ်ယောက်လုံး၏မျက်နှာကို ငြိမ်း ဖျတ်ခနဲကြည့်လိုက်မိသည်။ပါဝါမျက်မှန်နှင့် သူက ပြုံးပြမြဲပြုံးပြလျက် ။ စိုင်းခွန်နောင်မှာ သူများလားဟု ငြိမ်း တွေးထင်လိုက်မိသည်။ကျန်သော တစ်ယောက်ဆီသို့အကြည့်ရောက်စဉ် ၌ တောက်ပနေသော မျက်ဝန်းတစ်စုံနှင့့်အကြည့်ချင်းဆုံလိုက်ရသဖြင့် ခေတ္တမျှ ငြိမ်း ငေးမောကြည့်နေမိသည်။သူ့ပုံစံက မျက်မှန်နှင့်လူထက် အနည်းငယ်ပို၍ ကြည့်ကောင်းနေသည်လေ။ "မင်္ဂလာပါ မခင်ငြိမ်းစံ...တွေ့ရတာဝမ်းသာပါတယ်နော်..." ပါဝါမျက်မှန်နှင့် တစ်ယောက်က ဦးစွာနှုတ်ဆက်လာလေသည်။ "ဟုတ်...ဟုတ်ကဲ့ .... မင်္ဂလာပါရှင် တွေ့ရတာဝမ်းသာပါတယ်" ငြိမ်း ယောင်နန နှင့် ပြန်နှုတ်ဆက်လိုက်မိသည်။ "တွေ့ရတာ ဝမ်းသာပါတယ် ငြိမ်း...." ထပ်မံထွက်ပေါ်လာသော နှုတ်ဆက်သံကြောင့် ငြိမ်းရင်တွေဒိန်းခနဲ ခုန်လှုပ်သွားမိလေသည်။ငြိမ်းဖျတ်ခနဲ ငေးမောကြည့်မိသော မျက်ဝန်းများ၏ပိုင်ရှင်က စိုင်းခွန်နောင် ဖြစ်နေသည်လေ။ "ငြိမ်းလာတယ်ဆိုတော့ ဝမ်းသာသွားတာပဲ...ကျွန်တော်ကစိုင်းခွန်နောင်ပါ... သူက ကျွန်တော်သူ့ငယ်ချင်း စန်းလင်းအောင်ပါ..." "ဟုတ်ကဲ့ .. " မခင်ငြိမ်းစံရေ ဧည်ခံထားတဲ့ မုန့်တွေကိုလည်းစား...ပြီးရင်ဆိုင်ထဲ အေးအေးဆေးဆေး လျှောက်ကြည့်ပါအုံးနော် .....သိချင်တာရှိရင် ကျွန်တော့်သူငယ်ချင်း ကိုစိုင်းကိုသာမေးနော်... ကျွန်တော်တော့ ... ဧည့်သည်တွေကို သွားဧည့်ခံလိုက်အုံးမယ်... ကျွန်တော့်သူငယ်ချင်းကို အပ်ခဲ့ပါတယ်ဗျာ..." "ရှင်... ဟုတ်.... ဟုတ်ကဲ့ " ဆန်းလင်းအောင်က ပြောပြောဆိုဆိုနှင့်နှုတ်ဆက်ပြီး ထွက်သွားလေသည်။နေရာတွင် ငြိမ်းနှင့် စိုင်းခွန်နောင်တို့သာကျန်ခဲ့ပြီး နှစ်ယောက်သား တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေမိကြလေသည်။နှစ်ယောက်သားနှာ ဖေ့ဘုတ်တွင် ရင်းရင်းနှီးနှီး ပြောဆိုနေကြသော မိတ်ဆွေများဖြစ်သော်လည်း ယခုလို့ မျက်နှာချင်းဆိုင် ဆုံတွေ့ရသောအခါ နှစ်ယောက်သား ဘာပြောလို့ ပြောရမှန်းမသိကြဘဲ ဆွံ့အနေမိကြလေသည်။ပြီးနောက် စိုင်းခွန်နောင်က ဦးစွာ စကားစလိုက်လေသည်။ "ငြိမ်းတစ်ယောက်တည်းလာတာလား...ငြိမ်းရဲ့ချစ်သူပါလာမယ်ထင်တာ " "အင်း ... သူက လချုပ်နဲ့ ငှါးထားတဲ့ ကားအော်ဒါရှိလို့ အချိန်သိပ်မအားလို့လေ..." "ဪ...ဒါဆို နောက်မှ သူနဲ့လည်း ထပ်ဆုံတာပေါ့" ငြိမ်းသည် စိုင်းခွန်နောင်နှင့်စကားပြောနေရင်းမှ ငြိမ်းသိချင်တာကိုမေးလိုက်သည်။ "ဒါနဲ့ ...ငြိမ်းရဲ့ ပုံလည်းမပို့ဖူးဘဲနဲ့ ... ငြိမ်းမှန်း ဘယ်လိုသိကြတာလဲ...ဧည့်ကြို ကောင်မလေးကလည်း ငြိမ်းကို သိနေတယ်..." ငြိမ်းမေးခွန်းကြောင့် စိုင်းခွန်နောင်သည် ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် ငြိမ်း၏မျက်နှာကို စိုက်ခနဲ တစ်ချက်ကြည့် ပြီး ဖြေလိုက်လေသည်။ "ဆိုင်ဝမှာ ...ဆိုင် မဖွင့်သေးပါဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတယ်လေ ငြိမ်းရဲ့... ဒီနေလာသမျှ လူတွေက ဖိတ်ထားတဲ့ ဧည့်သည်တွေချည်းပဲလေ.... လာသမျှ ဧည့်သည် အများစုကလည်း မိသားစုတွေ.. မိတ်ဆွေအပေါင်း အုပ်စုလိုက်တွေပဲလာတာလေ ...တစ်ယောက်တည်း လာတာဆိုလို့ ငြိမ်းပဲရှိတာလေ... အဲ့ဒီတော့ ဝင်လာတာနဲ့ ခန့်မှန်းမိတာပေါ့ " စိုင်းခွန်နောင်က ပြောရင်းမှ ငြိမ်းရှေ့သို့ မုန့်ပန်းကန်များကိုချပေးပြီး ငြိမ်း၏ အကြည့်များကို ရှောင်လွဲလိုက်လေသည်။ "စားနော်...ငြိမ်း....ဒါနဲ့ ငြိမ်းရဲ့ ဆိုင်ရော အရောင်းအ၀ယ်အဆင်ပြေလား ..." "ဟုတ်... ပြေပါတယ်...ငြိမ်းက ကိုစိုင်း ဆိုင်ဖွင့်မယ်ဆိုတော့ ရိုးရိုး ဆိုင်တစ်ဆိုင်ပဲ ထင်နေတာ" " ဒါလည်းရိုးရိုးဆိုင်ပါပဲ ငြိမ်းရဲ့...တကယ်တမ်း ကျွန်တော်တို့လုပ်ဖို့စီစဉ်ထားတာက အွန်လိုင်းပေါ်ကနေ ပညာသင်ကြားတာတွေ ... အရောင်းအ၀ယ်တွေ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နိုင်ဖို့အတွက် ကြိုးစားနေကြတာပါ..." "ဪ ...ငြိမ်းက နည်းပညာတွေနဲ့အလှမ်းဝေးတော့ ကိုစိုင်းပြောတာတွေကို သိပ်မသိ ဘူး..." "မြန်မာပြည်က လူတော်တော်များများ မသိကြသေးတာ ငြိမ်းရဲ့...လူတိုင်း ဖုန်းတွေ အသုံးပြု လာကြတာလည်း သိပ်မကြာသေးဘူးဆိုတော့လေ ... နောက်ဆို လူတိုင်း အွန်လိုင်းပေါ်ကနေ အလုပ်တွေ လုပ်နိုင်လာကြတော့မှာပါ...ဘာပဲဖြစ်ဖြစ် ကျွန်တော်တော့ အွန်လိုင်းကိုတော် တော်သဘောကျတယ် ... အွန်လိုင်းကို အသုံးပြုပြီး ကွဲကွာနေတဲ့သူတွေကိုလည်းပြန်ရှာနိုင်တယ်....ပြီးတော့ ကျွန်တော်အတွက်တော့ ငြိမ်းလို မိတ်ဆွေနဲ့လည်း ဆုံရတယ်လေ...." စကားတွေဖောင်ဖွဲ့ ပြောဆိုနေပြီးနောက် နှစ်ယောက်သားကြားအတန်ကြာ တိတ်ဆိတ်သွားပြန်လေသည်။စိုင်းခွန်နောင်သည် ငြိမ်းကို ငြိမ်သက်စွာ ငေးကြည့်နေသည်။ငြိမ်းသည်လည်း ခေါင်းကို ငုံ့လျက် ငြိမ်သက်စွာ ထိုင်နေမိလေသည်။အတန်ကြာလျှင် ငြိမ်းသည် စိုင်းခွန်နောင်ကို မော့ကြည့်လိုက်ပြီး နှုတ်ဆက် စကားပြောလိုက်သည်။ "ငြိမ်းပြန်တော့မယ်နော်...အမေစိတ်ပူနေမှာစိုးလို့ " " ပြန်တော့မလို့လား ...ဆိုင်ထဲလိုက်ကြည့်အုံးလေ... ပြီးရင် ကျွန်တော်လိုက်ပြန်ပို့ပေးပါ့မယ်...." ငြိမ်း၏ နှုတ်ဆက်စကားကြောင့် စိုင်းခွန်နောင်က ငြိမ်းကိုငေးမောကြည့်ရင်း ပြောလိုက်သည်။

ရဲရင့် ကားကို မမမူ လပေး ငှါးစီးမယ်လေ...ငြိမ်းကိုကားမောင်းပို့ပေးရမယ့်အချိန် ကလွဲရင် ကျန်တဲ့အချိန် တွေကို မမမူ ငှါးမယ်လေ....အဲ့ဒါဆို မမမူလည်း အဆင်ပြေသလို ....ရဲရင့်လည်း ခရီးသည်လိုက်ရှာနေစရာမလိုတော့ဘူးပေါ့ ...ကားငှားခကို ..လပေးကြိုရှင်းပေးပါမယ်နော်..." "ဗျာ" ရဲရင့်သည် မမမူ ၏ စကားကြောင့် အံ့သြတကြီးဖြင့်မမမူကိုကြည့လိုက်မိပြီး ယောင်ယမ်း၍ခေါင်းငြိမ့်ပြလိုက်မိလေသည်။ ******* တက္ကစီကားပေါ်မှ ဆင်းပြီးသည့်နောက်တွင် ငြိမ်း တစ်ယောက်တည်း ကြောင်တက်တက်နှင့် ရပ်နေမိလေသည်။အမြဲတမ်း ရပ်ကုန်မြို့ထဲရှိ ဈေးများ ၊ ကုန်တိုက်များနှင့် ရှောပင်းစင်တာများသို့ တစ်ယောက်တည်း ဈေးဝယ်ထွက်နေကြဖြစ်သော်လည်း ယခုအခါ၌ မြို့လယ်လမ်းမကြီးဘေးရှိ ဆိုင်ခန်းတစ်ခန်းထဲသို့ ၀င်ရန် ခြေလမ်းများတွန့် ဆုတ်နေမိလသည်။အစက အဖော်ခေါ်လာရန် တွေးမိသော်လည်း ငြိမ်းတို့ မိတ်ဆွေဖြစ်နေကြပုံကို ရှင်းပြပြောပြနေရမည်စိုးသောကြောင့် မခေါ်ခဲ့ခြင်းဖြစ်လေသည်။ရဲရင့်ကိုလည်း လိုက်ပို့ခိုင်းချင်စိတ် မရှိသောကြောင့် တစ်ယောက်တည်း ထွက်လာခဲ့ခြင်းဖြစ်လေသည်။ယခုဆိုင်ရှေ့သို့ ရောက်ခါနီးမှပင် မကြုံစဖူး ခြေလှမ်းများ က တွန့်ဆုတ်၍နေမိသည်။ငှါးလာသော ကားကိုလည်း လိပ်စာအတိုင်း မရပ်ခိုင်းဘဲ ခပ်လှမ်းလှမ်းမှာ ရပ်ခိုင်းခဲ့ခြင်းဖြစ်သည်။သည်နေရာအထိ ရောက်လာပြီးမှ မထူးတော့ပြီဖြစ်သောကြောင့် ငြိမ်းခြေလှမ်းတွေကို အရဲစွန့်ပြီး လျှောက်လှမ်းလိုက်သည်။အတန်းငယ်ကြာလျှင် လိပ်စာရှိရာ ဆိုင်ရှေ့သို့ရောက်ရှိလာလေသည်။ ဆိုင်သည် မှန်တံခါးအပြည့်နှင့်ဖြစ်သည်။ဆိုင်ရှေ့တံခါးနားတွင် ဧည့်ကြို ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက် ရပ်နေသည်ကို တွေ့ရသည်။ ဆိုင်ရှေ့တည့်တည့်သို့ ရောက်မှ ဘာဆိုင်များလဲဟု ဆိုင်းဘုတ် ဖတ်ကြည့်လိုက်ရသည်။ " လျှပ်စစ်ပစ္စည်းများနှင့်အီလက်ထရွန်နစ်ပစ္စည်းအမျိုးမျိုး အရောင်းပြခန်း" ဆိုသော ဆိုင်းဘုတ်ကြောင့် ငြိမ်း၏ လှမ်း လက်စ ခြေလှမ်းမှာရပ်တန့်သွားရပြန်လေသည်။ထိုစဉ်မှာပင် တံခါးရှေ့တွင်ရပ်နေသော ဧည့်ကြို ကောင်မလေးက ဆိုင်ဘက်ကိုမျက်နှာမူရပ်နေသော ငြိမ်းအနားသို့ လျှောက်လာပြီး "မခင်ငြိမ်းစံဆိုတာ များလားရှင်.... အထဲကို ကြွပါနော်....အထဲမှာ ဆရာတို့ ရှိပါတယ်ရှင်...." ချိုသာပျူငှါစွာကြိုဆိုနှုတ်ဆက်လိုက်သော ကောင်မလေး၏ အပြုအမူကြောင့် ငြိမ်း အံ့သြသွားမိလေသည်။ငြိမ်းသည် စိုင်းခွန်နောင်ဆီသို့ ပုံမပို့ဖူးခဲ့သလို ဖေ့ဘုတ်ပေါ်တွင်လည်း ပုံမတင်ဖူးသောကြောင့် ငြိမ်းကို သိနေခြင်းအတွက် အံ့သြနေမိခြင်းဖြစ်လေသည်။ထို့နောက် ငြိမ်းသည်ကောင်မလေး၏ နောက်မှ မဝံ့မရဲလျှောက်လိုက်လာခဲ့သည်။ဆိုင်ထဲတွင် ကွန်ပျူတာမှအစ တီဗီ ၊ရေခဲသေတ္တာ ၊ အဝတ်လျှော်စက်များနှင့် အမျိုးအမည်စုံလှသော ပစ္စည်းမျိုးစုံကို ခင်းကျင်းပြသထားလေသည်။ဆိုင်ထဲတွင် လှည့်ပတ်ကြည့်ရှုနေကြသူအချို့ကိုလည်း တွေ့ရလေသည်။ကောင်မလေးသည် ရှေ့မှ လျှောက်နေရင်းမှ အပေါ်ထပ်သို့တက်သော လှေကားအတိုင်း ရှေ့မှဦးဆောင်တက်သွားလေသည်။အပေါ်ထပ်သို့ ရောက်သောအခါ စားပွဲခုံများ ခင်းကျင်းထားပြီး အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေး နေသည်ကို တွေ့လိုက်ရလေသည်။ "မမ ဒီမှာထိုင်ပါနော်....ဆရာတို့ကို သွားခေါ်ပေးပါ့မယ်ရှင်..." ကောင်မလေးက ငြိမ်းကို စားပွဲခုံတစ်ခုတွင် နေရာချပေးပြီး ခပ်လှမ်းလှမ်းတွင် စကားပြောနေကြသော လူအုပ်ထံသို့ လျှောက်သွားလေသည်။ထိုလူအုပ်စုမှာ ယောက်ျားလေး အများစုဖြစ်နေသောကြောင့် ငြိမ်း မျက်လွှာကို အသာချပြီး ရှေ့တည့်တည့်သို့သာ ကြည့်နေလိုက်လေသည်။ယနေ့မှပင် ငြိမ်းသည် မိခင်ကြီးကိုယ်တိုင်ဝယ်ပေးထားသော ခရမ်းနုရောင် မြန်မာဝတ်စုံဝမ်းဆက်ကို ဝတ်ဆင်လာခဲ့မိသည်။ ထိုသို့ ငြိမ်းဝတ်လာသည်ကို မိခင်ကြီးအပါအ၀င် ဆိုင်ရှိ အလုပ်သမားများက အံ့ဩစွာ ကြည့်နေကြသည်ကို ခံခဲ့ရလေသည်။"ဆိုင်သစ်မိတ်ဆက်ပွဲ သွားမလို့ "ဟု ပြောပြီး ငြိမ်းခပ်တည်တည်နှင့် ထွက်လာခဲ့သည်။ထွက်လာခါနီးတွင် "ကားနဲ့ မသွားဘူးလား "ဟုသော မိခင်ကြီး၏ အမေးကိုလည်း မကြားယောင်ပြုခဲ့လေသည် ။ပြီးလျှင် ငြိမ်းသည် အဝတ်အစားတင်မကဘဲ ဆံပင်ကိုပါ ယခင်ကလို ကျစ်ဆံမြီး ကျစ်ခြင်း၊ ခပ်မြင့် မြင့်စုစည်းခြင်းမဟုတ်ဘဲ အပေါ်ယံတစ်လွှာကို ကျောက်စီဆံညှပ်လေးနဲ့ညှပ်ထားပြီး ဆံပင်ရှည်ကြီးများကို ဖားလျား ချထားသည်။ယခုအခါ၌မူ နေနေကြပုံစံမဟုတ်သောကြောင့် အနေရခက်ပြီး အသက်ရှူမွန်းကြပ်သလိုပင် ခံစားနေရလေသည်။ငြိမ်း စိတ်အိုက်အိုက်နှင့် ကောင်မလေး လာချပေးသော ဖျော်ရည်ကိုသောက်နေစဉ်မှာပင် ငြိမ်း ရှိရာဆီသို့ လှမ်းလျှောက်သော အမျိုးသားနှစ်ယောက်ကို တွေ့ရလေသည်။ နှစ်ယောက်လုံးက ငြိမ်းကိုလှမ်း ပြုံးပြနေကြသည်။ငြိမ်းလည်း ယောင်ဝါးဝါးနှင့် ပြန်ပြုံးပြလိုက်သည်။မည်သူက စိုင်းခွန်နောင် ဆိုတာတော့ငြိမ်းလည်းမသိပါ။ နှစ်ယောက်လုံးအရပ်မြင့်မြင့်အသားဖြူဖြူနှင့်ကြည့်ကောင်းသောသွင်ပြင်များ ဖြစ်ကြလေသည်။တစ်ယောက်က ပါဝါမျက်မှန်ခပ်ပါးပါးကိုတပ်ထားပြီး ပိန်ပိန်သွယ်သွယ်နှင့့်ဖြစ်သည်။ရှပ်အင်္ကျီအဖြူနှင့် အနီရောင်အကွက် စိပ်စိပ် ပုဆိုးကိုဝတ်ဆင်ထားလေသည်။ကျန်သောတစ်ယောက်မှာလည်း ရှပ်အင်္ကျီအဖြူနှင့် ခရမ်းရောင်ကွက် စိပ်ပုဆိုးကို ဝတ်ဆင်ထားလေသည် ။ခန္ဓာကိုယ်အချိုးအစားမှာ

ဧကြည်ဖြူ "ချစ်ဆိပ် "( ချူ ) အပိုင်း (၁၅ ) ***** ရဲ့ရင့် ကားမှန်ကိုချလိုက်ပြီး နှုတ်ဆက်လိုက်သည်။ "မမမူ.... ကား ဘာဖြစ်လို့လဲ..." "ကားပျက်သွားလို့လေ ...ရဲရင့်တစ်ယောက်တည်းလား...ငြိမ်းမပါဘူးလား...." " မပါဘူး မမမူ...မမမူဘယ်သွားမှာလဲ...ကျွန်တော်လိုက်ပို့ပေးရမလား " ရဲရင့်က မမူယာ ကိုမေးလိုက်သည်။ မမမူယာဆိုသည်မှာ ငြိမ်းတို့ ဆိုင်မှတင်ရောင်းသမျှ အထည်များကို လက်ကား ပေးနေသော အထည်ဆိုင်ပိုင်ရှင်ဖြစ်သည်။ငြိမ်းအထည်ဆိုင်သွားတိုင်း ရဲရင့် ပါသွားသောကြောင့် ရဲရင့်နှင့်လည်း အတော်အသင့် ရင်းနှီးနေပြီဖြစ်လေသည်။ "အတော်ပဲ ရဲရင့်ရေ ...မမမူက အိမ်ကို ခဏပြန်မလို့ လိုက်ပို့ပေးပါအုံး..." မူယာဟန်က ပြော်ပြာဆိုဆိုနှင့် ကားရှေ့ခန်း တံခါးကိုဖွင့်ကာ ဝင်ထိုင်လိုက်သည်။ မမမူ ကားပေါ်သို့ရောက်သည်နှင့် ရဲရင့်ကားကိုမောင်းထွက်ခဲ့သည်။ ကားမောင်းနေရင်းမှ မမမူနင့်စကားတွေပြောလာရင်း တစ်ချက်တစ်ချက် မမမူဘက်သို့ အကြည်ရောက်မိလျှင် ဖွေးနု မို့မောက်နေသော ရင်ညွှန့်အစပ်ကိုအတိုင်းသားမြင်နေရလေသည်။ထို့ပြင် ဒူးအထက်သို့ရောက်နေသော စကပ်တိုတိုနှင့် လုံးကျစ်သော ပေါင်သားဖွေးဖွေး များ ကိုလည်း မမြင်ချင်မှအဆုံးမြင်နေရလေသည်။မမမူသည် အသက်သုံးဆယ့်ငါးနှစ်ကျော်စပြုနေပြီဖြစ်သော်လည်း ခေတ်ဆန်သည်။လှလှပပ နုနုရွရွလေးများသာ ဝတ်ဆင်သည်။အသားအရည်မှာလည်း တရုတ်လူမျိုး သွေးပါသောကြောင့် ဖွေးဖွေးဖြူဖြူလေး ဖြစ်သည်။သို့သော်လည်း ထုံးစံအတိုင်း အသားအရည်လှ၊ ခန္ဓာကိုယ်အချိုးအဆစ်လည်းလှပါသော်လည်း မျက်ရစ်ကမပါ ။ နာခေါင်းကပြားပြား နှင့်ဆိုတော့ ရုပ်ရည်လှပသော သူတစ်ယောက်တော့ မဟုတ်ခဲ့ပေ။သို့သော်လည်း သို့အတွက်ကြောင့် တော့ မမမူ တစ်ယောက် ယခုအချိန်ထိ တစ်ကိုယ်တည်း အပျိုကြီး ဖြစ်နေရခြင်းမဟုတ်တန်ရာ ။ ရတာမလို ၊လိုတာမရ၍ တစ်ကိုယ်တည်း ဖြစ်နေသည်ဟုသာ ရဲရင့် ထင်မြင်မိလေသည်။ "ဒါနဲ့ ကားမောင်းရတာအဆင်ပြေရဲ့လား...ဟိုလေ... ဒီကားက ငြိမ်းရဲ့ ကားဆိုတော့ အုံနားကြေးတော့ မပေးရဘူး မဟုတ်လားကွ..." မမမူ၏ မေးခွန်းကြောင့် ရဲရင့်က ပြုံးရယ်ရင်းခေါင်းကိုခါယမ်းပြလိုက်သည်။မူယာဟန်သည် ရဲရင့်နှင့် ငြိမ်းချစ်သူတွေဖြစ်နေကြသည်ကို သိသောကြောင့် ထိုသို့ မေးခြင်းဖြစ်လေသည်။ "အုံနာကြေး ပေးရတာပေါ့ မမမူရယ် ... ချစ်သူက ချစ်သူ ...စီးပွားရေးက စီးပွားရေးပေါ့...." "ဟင်..အဲ့ဒီလိုချည်းလား...မမမူသာဆို ကိုယ့်ချစ်သူပဲ ကားကိုပါအပိုင် ပေးလိုက်မှာ..." မမမူသည် သူပြောပြီး သူ့ဘာသာ သဘောကျစွာ ရှက်ရယ်ရယ်နေလေသည်။ "ရောက်ပြီ ရဲရင့်ရေ...ရှေ့ကခြံပဲ...အိမ်ထဲဝင်ပြီး မမမူကို ခဏစောင့်အုံးနော်..." ***** ခမ်းနားထည်ဝါလှသော တိုက်ကြီးကို ကြည့်ပြီး မမမူ ဦးဆောင်ရာ တိုက်ကြီးထဲသို့ ရဲရင့် မဝံ့မရဲနှင့် ဝင်ခဲ့မိသသည်။အိမ်ဝင်ဝင်ခြင်း၌ အေးစိမ့်သွားသော ခံစားမှုနှင့်အတူ ခင်းထားသော ကြက်သွေးရောင် ကောဇောကြီးများမှာလည်း အိစက်၍ နေသည်မှာ နင်းရက်စရာပင်မရှိ။အိမ်ထဲသို့ဝင်လာပြီး ဧည့်ခန်းတွင် ထိုင်စောင့် နေရန် ပြောပြီး မမမူက အပေါ်ထပ်သို့တက်သွားလေသည်။ကျယ်ဝန်းခမ်းနားလှသော ဧည့်ခန်းထဲတွင် ထိုင်နေရင်းမှ မိမိတို့ သားအမိနှစ်ယောက်နေသော အိမ်ခန်းကျဉ်းလေးကို မြင်ယောင် မိလိုက်သလို ပစ္စည်းပစ္စယများနှင့် ပြည့်နှက်နေသော ငြိမ်းတို့သားအမိ နေသော အိမ်ကိုပါ ရဲရင့်မြင်ယောင်နေမိလေသည်။ "အအေး သောက်ပါ ရှင် ..." အိမ်ဖော်မလေးက အအေး နင့်မုန့်လာချပေးသည်။ ရဲရင့်မှာ အအေးနှင့်မုန့်ကို ရုမစိုက်နိုင်ဘဲ ဘ၀မှာ ပထမဦးဆုံးအနေနှင့်တွေ့မြင်နေရသော အိမ်ကြီး၏ ခမ်းနားမှုကို လိုက်လံ ငေးမောကြည့်ရှုနေမိလေသည်။ "စောင့်ရတာ ကြာသွားလား ရဲရင့်ရေ ... တောင်းပန်ပါတယ်နော်....ပစွည်း လေးတစ်ခု ရှာမတွေ့လို့ပါ ..." ****** "မမမူ တို့အိမ်ကြီးက ကြီးသလောက် မိသားစုတွေ မရှိကြဘူးလား...." ရဲရင့် ဘာရယ်မဟုတ် လွှတ်ခနဲ မေးလိုက် မိသည်။ "အင်း ဟုတ်တယ် သိပ်မရှိဘူး ရဲရင့်...အဖေနဲ့အမေကလည်း ခရီးတွေ လှည့်ပတ် ထွက်နေတော့ အိမ်မှာ အလုပ်သမား ကောင်မလေးတွေရယ် ...မမမူရယ် ....ကြီးတော် အပျိုကြီးတစ်ယောက်ရယ်ပဲ နေတာ များတယ်" "ဪ ... ညီကို မောင်နှမတွေ မရှိဘူးလား မမမူ ..." "ရှိပါတယ် ရှားရှားပါးပါး အစ်ကိုတစ်ယောက် ရှိတာ တရုတ်ပြည်မှာ အခြေချနေတယ်လေ..." "ဟုတ်လား...ဒါဆို စီးပွားရေးကိစ္စတွေကို မမမူပဲဦးဆောင်နေရတာပေါ့နော်..." "ဆိုပါတော့ကွယ်...ဒါနဲ့ တစ်လက်စတည်း ရဲရင့်ဆီက အကူအညီလေး တစ်ခုလောက် တောင်းချင်တယ်ကွယ်..." "ဟုတ်ကဲ့ ပြောလေ မမမူ " ရဲရင့်က မမူယာဟန်ကို ကြည့်ပြီးပြောလိုက်သည်။ "ဒီလိုပါ မမမူဆီမှာ ဒရိုင်ဘာလည်း သီးသန့် မထားတော့ တစ်ခါတစ်လေ အပြင်ကလည်းသွားရမယ်....လူကလည်းပင်ပန်းနေပြီဆိုရင် သိပ်ဒုက္ခများတာ...အဲဒါ အစကမမမူအတွက် ယုံကြည်စိတ်ချရတဲ့ကားဆရာတစ်ယောက်လောက် ငှါးမလား စဉ်းစားနေတာ...ခုတော့ စိတ်ကူးရသွားပြီ....

"ဒါဆို နောက်ထပ် ကျွန်မ သမီးကို စိတ်ဆင်းရဲအောင်လုပ်မယ်ဆိုရင်တော့ ...အဲဒီအချိန်ကျရင် ရှင့်သားကို ကျွန်မကိုယ်တိုင်စွန့်ပစ်လိုက်မယ်ဆိုတာကို သိထားပါ...." **** "ပြန်ရအောင် မောင်ရဲရင့်...အိမ်ကိုပဲ မောင်းတော့...." "ဗျာ...အန်တီ..မမကို မရှာတော့ဘူးလား" ရဲရင့်က နားမလည်နိုင်စွာ ဒေါ်ငြိမ်းဝေကို မေးလိုက်မိလေသည်။ " ရှာဖို့ မလိုတော့ပါဘူး.... ညမိုးမချုပ်ခင် ....ငြိမ်း ပြန်လာလိမ့်မယ်....မောင်ရဲရင့်ကို အန်တီ တစ်ခုတောင်းဆိုပါရစေကွယ်....အခုဖြစ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး သမီးလေး ကို .. ဘာမှမမေးပါနဲ့နော်..." " ဟုတ် ... ဟုတ်ကဲ့ပါအန်တီ...ဒါပေမဲ့ ကျွန်တော်နားမလည်နိင်ဘူး...." "မောင်ရဲရင့် နားလည်အောင် ပြောပြရရင်တော့ ခုန မင်း တွေ့ခဲ့တဲ့ လူက ငြိမ်းရဲ့ အဖေပဲ... နောက်အိမ်ထောင်ပြုပြီး ထွက်သွားခဲ့တာကြာပြီ...ငြိမ်းနဲ့မနေ့ကမှ မမျှော်လင့်ဘဲ ပြန်တွေ့တယ် ဆိုပါတော့ ...." "ဗျာ" ရဲရင့်သည် ဒေါ်ငြိမ်းဝေ၏ စကားကြောင့် အံ့သြတကြီးဖြင့် ဒေါ်ငြိမ်းဝေကို ကြည့်လိုက်မိလေသည်။ "အင်း.....နောက်မှ ဒီအကြောင်းတွေကို သေချာပြောပြမယ်... အခုတော့ ငြိမ်းကို ဘာမှမမေး မပြောပါနဲ့နော်...." ******* "စာရင်းတွေ သေချာလုပ်နော်....အိလေး....ရှေ့လကမမ မကြည့်မိတာနဲ့ ဆိုင်ထဲလည်း ပစ္စည်းမစုံတော့ပါလား....လိုတာတွေကို အမြဲလိုက်ကြည့်ဖို့ မမပြောထားတယ်လေ..." စတိုးဆိုင်ထဲတွင် လှည့်ပတ်ကြည့်ပြီး စာရေးမလေး ကို ငြိမ်း ဆူလိုက်သည်။ရှေ့လက ငြိမ်းစိတ်လေပြီ ဆိုင်ကို သိပ်ဂရုမစိုက်မိသောကြောင့် ဆိုင်ထဲတွင် အချို့သော ပစ္စည်းများ ကုန်နေသည်ကို တွေ့လိုက်ရလေသည်။ "မမငြိမ်း...ဖုန်းလာနေတယ်" အလှကုန်ပစ္စည်းများ စစ်ဆေးနေစဉ်မှာပင် မုန့်ဆိုင်ဘက်မှစာရေးမလေး၏ အသံကြောင့် ငြိမ်းက ဖုန်းကို လှမ်းယူပြောလိုက်လေသည်။ "ဟယ်လို...အမိန့်ရှိပါရှင် ခင်ငြိမ်းစံ ပြောနေပါတယ် " ငြိမ်းက ဖုန်းကို ယူပြီး ပြောလိုက်သော်လည်း တစ်ဖက်မှ တော်တော်နှင့် စကားပြန်မပြောဘဲ တိတ်ဆိတ်၍ နေလေသည်။ငြိမ်းသည် ဒုတိယအကြိမ်မြောက် ထပ်မံ၍ ပြောလိုက်သည်။ "ဟယ်လို...ခင်ငြိမ်းစံ ပြောနေတာပါရှင်.... ဘယ်သူများလဲ မသိဘူးနော်.... " " ကျွန်တော်ပါ ငြိမ်း....ကျွန်တော်လေ စိုင်းခွန်နောင်ပါ " " ရှင် " တစ်ဖက်မှ ပြောလာသော အသံကြောင့် ငြိမ်း အံ့သြပြီး ဖုန်းနံပတ်ကို ကြည့်လိုက်မိလေသည်။ဖုန်းနံပတ်သည် မြန်မာပြည်မှ ဖုန်းနံပတ်ပင် ဖြစ်ပါလေသည်။ " ကိုစိုင်းခွန်နောင်လား..ဘယ်က ဆက်နေတာလဲဟင်..." "ကျွန်တော် မြန်မာပြည် ပြန်ရောက်နေပြီ ငြိမ်းရဲ့....ငြိမ်းက ဖေ့ဘုတ်လည်းမသုံးတော့ မသိတာပါ ....ကျွန်တော် စာတွေ ပို့ထားတယ်....အဲ့ဒါနဲ့ ငြိမ်းပေးထားတဲ့ ဖုန်းကို အရဲစွန့်ပြီး ဆတ်ကြည့်လိုက်တာ...." "ဟုတ်.... ဟုတ်ကဲ့ .ငြိမ်းလည်း အလုပ်တွေ များလို့ လိုင်းမသုံးဖြစ်ဘူး ..." " ကျွန်တော်လေ... မြို့ထဲမှာ သူငယ်ချင်းနဲ့အတူ ဆိုင်လေး တစ်ဆိုင်ဖွင့်ဖို့လုပ်ထားတယ်....အဲ့ဒါ တနင်္ဂနွေနေ့ကျရင် ဆိုင်မှာ မိတ်ဆက်ပွဲလေးရှိလို့ ငြိမ်းကို လှမ်းဖိတ်တာ ...လာခဲ့မယ် မဟုတ်လားဟင်...ကျွန်တော်မှာ မိတ်ဆွေဆိုလို့ ငြိမ်းပဲရှိတာ......." ငြိမ်းသည် ဖုန်းကို ကိုင်ပြီး ခဏတာမျှငြိမ်သက်နေမိလေသည်။ငြိမ်းစိတ်ထဲ၌ စိုင်းခွန်နောင်နှင့် စကားပြောမိလျှင် ဘာရယ်မဟုတ် ရဲရင့်ကို မြင်ယောင်မိပြီး တစ်ယောက်တည်း စိတ်မလုံသလို ဖြစ်နေမိသည်လေ။ "ငြိမ်း....လာမှာမဟုတ်လားဟင် " တစ်ဖက်မှ စိုင်းခွန်နောင်၏ အသံဩဩရှရှက ထပ်မံထွက်ပေါ်လာလေသည်။ "ဟုတ်....ဟုတ်ကဲ့ ....လာခဲ့မယ်လေ...." "ဘာဆိုင်ဖွင့်မှာလဲ''ဟု တောင်မမေးလိုက်မိဘဲ ချသွား ပြီးဖြစ်သောဖုန်းကို ကိုင်လျက်ငြိမ်သက်စွာ ငြိမ်း ထိုင်နေမိလေသည်။ ***** ကားဘေးမှန်ပြတင်းပေါက်ဘေးတွင် ရပ်လျက် မိမိကို ငုံ့ကြည့်လာသောသူကို ရဲရင့်အံ့ဩစွာကြည့်လိုက်မိလေသည်။ @@@@@@@@@@@@@@@ အပိုင်း ၁၅ ဆက်ရန် ဧကြည်ဖြူ

ငြိမ်းက တက္ကစီကားပေါ် မှဆင်းလိုက်ပြီးသည်နှင့် ကန်တော်ကြီးထဲသို့ ခပ်သုတ်သုတ် လျှောက် ဝင်သွားလိုက်သည်။အထဲသို့ ရောက်သောအခါ နံနက်ခင်း အားကစားလုပ်နေကြသူများနှင့် စည်ကားနေသည်ကိုတွေ့ရလေသည်။ငြိမ်း နေရာအနှံ့သို့လျှောက်ကြည့်လိုက်သည်။မိနစ် အတန်ကြာသည်အထိ ငြိမ်းတွေ့ချင်သူကို မတွေ့ရ။ငြိမ်းသည် ဇွဲ့မလျှော့ဘဲ နေရာအနှံ့ လိုက်၍ ရှာလိုက်သည်။တစ်နေရာသို့ အရောက်တွင် ငြိမ်း၏ခြေလှမ်းများရပ်တန့်သွားရလေသည်။ယိုင်ယဲ့ယဲ့ခန္ဓာကိုယ်နှင့် သစ်ပင်များကြားတွင် တလှုပ်လှုပ်လှုပ်ရှားနေသော ခန္ဓာကိုယ်တစ်ခု။နံနက်စောစောပင်ရှိသေးသော်လည်း နဖူးပြင်ထက်မှ ချွေးများ စီးကျနေသည်ကို မြင်တွေ့ရလေသည် ။အနီးအပါးတွင်လည်း ရေသန့်ဘူးခွံများ ထည့်ထားသော အိတ်ကလေး ရှိလေသည်။ကြည့်ရသည်မှာ အလုပ်လုပ်ရင်း ရေသန့်ဘူးခွံများ ကောက်စုနေပုံရ၏။ငြိမ်း ခပ်လှမ်းလှမ်းမှ အတန်ကြာ ရပ်ကြည့်နေမိပြီးနောက် အနားသို့ လျှောက်သွားလိုက်သည်။အနားသို့ နောက်သောအခါ မော့ကြည့်လာသော အကြည့်တွင် အံ့ဩ ထိတ်လန့်သွားပုံရလေသည်။လက်ထဲမှ အပင်ညှပ်ကတ်ကြေးပင် မြက်ခင်းပေါ်သို့ ဘုတ်ခနဲပြုတ်ကျသွားသလို ခန္ဓာကိုယ်သည်လည်း မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်ကျသွားလေသည်။ထိုအခါ အမြီးတိုပြတ်နေပြီဖြစ်သော သားရေဖိနပ်မည်းမည်းညစ်ညစ်ကိုစီးထားသော အရိုးပြိုင်းပြိုင်းနှင့် ခြေထောက်က အရှေ့သို့ ထွက်လာပြီး လက်နှစ်ဖက်က နောက်သို့ ထောက်လျက် အနေအထားဖြစ်သွားလေသည်။ငြိမ်းသည် စုတ်ပြတ်နေသော မြီးတို့ဖိနပ်ပါးလေးကိုတစ်ချက်ကြည့်လိုက်ပြီး ကျောပိုးအိတ်ထဲမှ အထုတ်ကိုဆွဲထုတ်လိုက်သည်။ငြိမ်းလက်ထဲတွင်ပါသည်က ကိတ်မုန့်ထုတ်နှင့် ပေါင်မုန့်ထုတ်များ။ငြိမ်းက လက်ထဲက မုန့်ထုတ်တွေကို ကမ်းပေးလိုက်သည်။ "ကျွန်မတို့အိမ်မှာတော့ ဒီလိုမုန့်ထုတ်တွေအများကြီးပဲ...ဒါပေမဲ့...ကျွန်မအမေကိုတော့ ဒီထက်ကောင်းတဲ့ မုန့်တွေကိုပဲ ကျွေးတာ....အဲ့ဒါကြောင့် ဒီမုန့်ထုတ်တွေကို ဦးလေး ယူချင်ယူလိုက်လေ ... ဘ၀ဆိုတာဒီလိုပဲ ကြိုးစားရတယ်ဦးလေးရဲ့....ကျွန်မ ကလေးဘ၀ကဆို အဖေက ကွန်မတို့ သားအမိကို ပစ်ထားခဲ့လို့ ဟိုလူဒီလူ အိမ်ကပ်နေခဲ့ရတာ...ဒါပေမဲ့ အေးအေးဆေးဆေး နေခဲ့ရတာတော့မဟုတ်ဘူး...သူခိုးစွပ်စွဲလည်းခံရတယ်.... စောင်းမြောင်း ပြောဆိုတာလားခံရတာနဲ့....ဒီကြား မထင်ရင်မထင်သလို အိမ်ပေါ်ကနှင်ချခံရပြီး သားပြော မယားပြော ပြောခံရတာတောင် ရှိသေးတယ်....ဦးလေးကြုံနေရတဲ့ ဒုက္ခလောက်က စာမဖွဲ့လောက်ပါဘူး " ငြိမ်းသည် နှုတ်မှ ပြောချင်ရာကို ပြောလိုက်ပြီးလျှင်မုန့်ထုတ်များကို ရေသန့်ဘူးခွံတွေထည့်ထားသော အိတ်ပေါ်တွင်တင် ပေးလိုက်ပြီး ပြန်လှည့်ထွက်ခဲ့သည်။ငြိမ်းကျောခိုင်းလျှောက်လာစဉ် နောက်ဘက်ဆီမှ ရှိုက်သံသဲ့သဲ့ကို ကြားရသော်လည်း ငြိမ်း လှည့်မကြည့်ဖြစ်ခဲ့။အရာအားလုံးသည် သည်နေရာတွင် ပြီးဆုံးသွားပြီ ဟူ၍သာ ငြိမ်းသဘောထားလိုက်သည်။ငြိမ်း၏ အတွေးထဲမှ အပြီးအပိုင်ထုတ်ပယ်ပစ်ရန် ဆုံးဖြတ်လိုက်ပြီး ခြေလှမ်းတွေကို ခြေဦးတည့်ရာသို့ လှမ်းလိုက်သည်။သည်နေ့အဖို့တော့ တွေ့ရာ ဘတ်စ်ကားစီးပြီး လျှောက်သွားရန် ငြိမ်းဆုံးဖြတ်လိုက်သည်။ ***** ကားကို ရပ်လိုက်ပြီးသည်နှင့် ရဲရင့်နှင့် ဒေါ်ငြိမ်းဝေ ကန်တော်ကြီးထဲတွင် ငြိမ်းကို အသည်းအသန်လိုက်ရှာကြလေသည်။ "အန်တီ ...ဟိုမှာ...ဟိုမှာ...မနေ့ကတွေ့ခဲ့တဲ့ ဦးလေးကြီး ...." ဒေါ်ငြိမ်းဝေ သည် ရဲရင့်ညွှန်ပြသော နေရာသို့ လှမ်းကြည့်လိုက်ပြီးလျှင် "မောင်ရဲရင့်...ကားပေါ်က သွားစောင့်နေပါနော်...အန်တီ စကားခဏလောက် ပြောစရာရှိလို့....." "ဟုတ်...ဟုတ်ကဲ့ပါ အန်တီ" ရဲရင့် ထွက်သွားသည်နှင့် ဒေါ်ငြိမ်းဝေလည်း ဦးအောင်မင်းရှိရာသို့ လျှောက်သွားလိုက်လေသည်။ "ရှင့်ဆီကို ...သမီးလာသွားတယ် မဟုတ်လား..." ဒေါ်ငြိမ်းဝေ၏ အသံကြောင့် ဦးအောင်မင်းက မော့ကြည့်လာပြီး ခေါင်းကို ငြိမ့်ပြလိုက်လေသည်။ပြီးလျှင် မုန်ထုတ်များကို လက်နှင့်ကိုင်မြှောက်ပြလိုက်သည်။ "မုန့် ထုတ်တွေပေးသွားတယ် " ဦးအောင်မင်း၏ ငိုသံပါကြီးနှင့် ပြောလိုက်သော အက်ကွဲကွဲအသံကို နားထောင်နေပြီးနောက် ဒေါ်ငြိမ်းဝေက အသံပြတ် နှင့်မေးလိုက်သည်။ "သမီးရှေ့မှာ ရှင် ငိုလိုက်သေးလား...မငိုဘူး မဟုတ်လား....ရှင့်ကြောင့် ကျွန်မသမီး ဒီထက် ပိုပြီး စိတ်ထိခိုက်ခံစားနေရလိမ့်မယ်....ရှင်တို့ကြောင့် ငယ်ငယ်ကစိတ်ထားဖြူစင်လွန်းတဲ့ ကျွန်မသမီးလေးက ... ခုတော့တစ်ခါတစ်လေသိပ်ကို ကြောက်စရာကောင်း တဲ့သူ...အငြှိုးကြီးတဲ့သူတစ်ယောက်ဖြစ်မှန်းမသိ ဖြစ်လာခဲ့တာ...ဒါကြောင့်လည်း စည်သူလေး ကို ဒုတိယ ခင်ငြိမ်းစံဖြစ်မှာစိုးလို့ ကျွန်မကူညီခဲ့တာ...ခုတော့ မဖြစ်တော့ဘူး ရှင့်သားကိုခေါ်ပြီး နယ်ဘက်မှာ သွားနေပါတော့... ရှင်လိုတဲ့ငွေကို ကျွန်မ ထုတ်ပေး လိုက်မယ်" "မ...မယူဘူးငြိမ်းဝေ ...ငါ...ငါ...သမီးကို သတိရတယ်....ငါက မကြာခင် သေရမယ့်သူပါဟာ....သမီးကိုသတိရတဲ့အခါလာကြည့်လို့ရအောင် .... ရန်ကုန်မှာပဲနေပါရစေ.... ပြီး..ပြီးတော့ စည်သူလေးကိုလည်း စောင့်ရှောက်ပေးပါ...ကံဆိုးပြီး ငါတို့ဆီမှာ လူလာဖြစ်တဲ့ ကလေးပါ..." ဒေါ်ငြိမ်းဝေ သည် ပြောရင်းနှင့် ငိုနေသော ဦးအောင်မင်းကို ကြည့်လိုက်ပြီး သတိပေးစကားပြောလိုက်လေသည်။

ဒေါ်ငြိမ်းဝေ သည် ငြိမ်းအခန်းထဲမှ အသံများကြောင့် စိုးရိမ်ပူပန်စွာ ငြိမ်းကို ခေါ်လိုက်သည်။ရဲရင့်မှာလည်း ဒေါ်ငြိမ်းဝေ အနီးတွင် ရပ်လျက် တံခါးကို ဖွင့်ရန် ကြိုးစားနေမိလေသည်။ "မကြူရေ ... ကျွန်မအခန်းထဲက အိမ်သောအပိုတွဲကို အမြန်ယူခဲ့ပေးပါအုံး..." "သော့ဒီမှာပါ...အစ်မ " "မကြူရော မောင်ရဲရင့်ပါ ...အောက်ထပ်မှာ ခဏ သွားစောင့်နေကြပါနော်... စိတ်မပူနဲ့ မောင်ရဲရင့် ပြီးရင် မင်းကို အန်တီ ရှင်းပြပါ့မယ်ကွယ်...... " ဒေါ်ငြိမ်းဝေသည် လက်ထဲသို့ သော့ ရောက်လာသည်နှင့် မကြူနှင့် ရဲရင့်ကို အောက်ထပ်သို့ပြန်ဆင်းခိုင်းလိုက်ပြီး ကိုယ်တိုင်က ငြိမ်း၏အခန်းတံခါးကို ဖွင့်ပြီး၀င်လိုက်လေသည် ။ဒေါ်ငြိမ်းဝေ အခန်းထဲသို့ ရောက်သောအခါ ငြိမ်းသည် ခုတင်ထက်တွင် ငူငူချည်း ထိုင်လျက် နေလေသည်။ ဒေါ်ငြိမ်းဝေ ငြိမ်း၏ ဘေးတွင် အသာဝင်တိုင်လိုက်ပြီး ငြိမ်း၏ လက်ကလေးများကို ဖျစ်ညှစ်ဆုပ်ကိုင်လိုက်ပြီး နှစ်သိမ့်ချော့မော့လိုက်လေသည်။ "စိတ်ကို ထိန်းပါ အုံးသမီးရယ်...သမီးဒီလောက်အထိ စိတ်ထိခိုက်ခံစားနေရအောင် သမီးတွေ့ခဲ့တဲသူက ဘယ်သူလည်းဆိုတာ အမေမှန်းဆလို့ရပါတယ်... ဒါပေမဲ့ သူဆိုတာ သေချာလို့လား ...ဆယ်ငါးနှစ်ကျော်နေပြီလေ သမီးအမြင်မှားတာလည်း ဖြစ်နိုင်တာပဲ....အဲ့ဒီအကြောင်း တွေကို မတွေးပါနဲ့တော့ သမီးရယ်...အမေတောင်းပန်ပါတယ်..." ငြိမ်းက ငြိမ်သက်စွာထိုင်နေရာမှ မိခင်ဖြစ်သူကို မော့ကြည့်လိုက်ပြီး ခေါင်းကိုယမ်းခါပြလိုက်သည်။ ပြီးလျှင် အံကိုတင်းတင်းကြိတ်လိုက်ပြီး မိခင်ကို ပြန်ဖြေလိုက်သည်။ "သေချာပါတယ် အမေ... နှစ်တွေ ဘယ်လောက်ကြာကြာ သမီးမမေ့ပါဘူး..." ဒေါ်ငြိမ်းဝေ သည် အံကိုတင်းတင်းကြိတ်၍ ပြောနေသော သမီးဖြစ်သူ၏ ခန္ဓာကိုယ်လေးကို အသာဖက်လိုက်မိသည်။ပြီးလျှင်လေသံသဲ့သဲ့မျှနှင့် ပြောလိုက်မိသည်။ "သူ့ကြောင့် သမီးစိတ်ထဲမှာနာကျင်နေရရင် ဥပေက္ခာပြုထားလိုက်ပါနော်.... အခြားသူတွေကို လုပ်သလို လက်တုန့်ပြန်လို့မရဘူးနော်...ဘာပဲဖြစ်ဖြစ် သူက သမီးအဖေ လေ...ပြီးတော့ ဆယ်နှစ်ကျော်လောက် အမေတို့ကို မပူမပင်နေရအောင် ကျွေးမွေးစောင့်ရှောက်ပေးခဲ့တဲ့သူပဲ ...အားလုံးကို မေ့နိုင်အောင် ကြိုးစားပါ...အခုချိန်မှာ သူနဲ့အမေကဘာမှမဆိုင်တော့ပေမဲ့ သမီးနဲ့က သွေးသားတော်စပ်နေတုန်းပဲ...သမီးအဖေကိုခွင့်မလွှတ်နိုင်ရင်လည်း ဥပေက္ခာပြုထားလိုက်ပါနော်...အမေတောင်းပန်ပါတယ်ကွယ်...." ငြိမ်းသည် ဘာမျှပြန်မပြော မိခင်ဖြစ်သူ၏ရင်ခွင်ထဲတွင် မလှုပ်မယှက်ငြိမ်သက်နေမိလေသည်။ ****** အချိန်က မနက် ခြောက်နာရီကျော်။တစ်ညလုံး ငြိမ်းအိ ပ်မပျော်ခဲ့။နံနက်လင်းခါနီးမှ အိပ်ပျော်သွားခဲ့ပြီး မနက် ခြောက်နာရီကျော်တွင် ပြန်နိုးလာသည်။ဆိုင်ကမနက် ခုနှစ်နာရီမှ ဖွင့်သည်မို့ တစ်အိမ်လုံးတိတ်ဆိတ်နေဆဲပင်။ ငြိမ်းအိပ်ရာထက်မှ ကမန်းကတန်း ထလိုက်ပြီး ရေအမြန်ချိုးသည်။ပြီးလျှင် ကျောပိုးအိတ်လေးကို ကောက်လွယ်ပြီး အိမ်ထဲမှ အမြန်ထွက်ခဲ့လိုက်သည်။သည်အချိန်သည် မိခင် ဘုရားရှိခိုးနေသော အချိန်ဖြစ်သောကြောင့် ငြိမ်း အမြန်ဆုံးအိမ်ထဲမှ ထွက်ခဲ့လေသည်။ ****** ဒေါ်ငြိမ်းဝေဘုရားရှိခိုး ပြီးသည်နှင့် ငြိမ်းအခန်းဘက်သို့ လျှောက်လာခဲ့လိုက်သည်။အလုပ်သမားလေး များ ရောက်လာပြီး မုန့်ဆိုင်ရော စတိုးဆိုင်ပါဖွင့်နေကြပြီဖြစ်သော်လည်း ငြိမ်းအခန်းဘက်မှ အသံဗလံပင်မကြားရ သောကြောင့် လာချောင်းခြင်းဖြစ်ပါလေသည်။ ယခင်ကဆို မနက်ငါးနာရီဆိုသည်နှင့်အိပ်ရာမှ ထတတ်ပြီး မိမိနှင့်အတူဘုရားရှိခိုးနေကျဖြစ်သည်။ညက အတော်လေးညဉ့်နက်အထိနေပုံရသောကြောင့် ဒေါ်င်ငြိမ်းဝေ မနှိုးးဘဲထားရန်ဆုံးဖြတ်လိုက်ပြီး အခန်းတံခါးကို အသာဖွင့်လိုက်သည်။ တံခါးက လွယ်ကူစွာပွင့်သွားလေသည်။ပွင့်သွားသော တံခါးမှ ဒေါ်ငြိမ်းဝေ လှမ်းကြည့်လိုက်သည်။အခန်းသည် ရှင်းလင်း တိတ်ဆိတ်လျက် ရှိနေသည်။အခန်းထဲတွင်မူငြိမ်း၏ အရိပ်အယောင်ကိုမှ မမြင်ရပါချေ။ "ငြိမ်း.... သမီး....ငြိမ်း" ဒေါ်ငြိမ်းဝေ ထိတ်လန့် တုန်လူပ်စွာ ငြိမ်းကို အော်ဟစ်ခေါ်ရင် မိမိအခန်းရှိရာသို့ ပြန်လာခဲ့ပြီးဖုန်းကိုယူလိုက်သည်။ငြိမ်း၏ ဖုန်းကို ခေါ်လိုက်သည်။ "ချစ်သူ့ ဆီကို ... တောင်းပံဖြန့်ကျက်လို့ သွားချင်တယ်.... ဘယ်ဆီဘယ်ဝယ်မှန်းလဲ အတတ် မသိ " ဖုန်းသံက ငြိမ်းအခန်းထဲမှ ထွက်ပေါ်လာလေသည်။ဒေါ်ငြိမ်းဝေ ထူပူပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ ။အတန်ကြာမှ ရဲရင့် ဆီဖုန်းခေါ်ရန် သတိရလိုက်မိသည်။ "ဟယ်လို အန်တီ..." "သားရေ ...ရဲရင့် ...ငြိမ်းများ မင်းဆီလာလားလို့ " "ဗျာ...မလာဘူး အန်တီ...ကျွန်တော်လည်းဖုန်းဆက်နေတာ ...မကိုင်လို့ အိပ်နေးသေးတယ်ထင်နေတာ..." "ဒုက္ခပါပဲ သားရေ ... မနေ့က မင်းတို့တွေ သန့်ရှင်းရေးဦးလေးကြီးကို တွေ့ခဲ့တဲ့နေရာကို သွားတယ်ထင်တယ် ...သား အန်တီတို့အိမ်ကိုလာခဲ့...အန်တီတို့အမြန်လိုက်ကြရအောင်...." "ဟုတ်... ဟုတ်ကဲ့ အန်တီ ....ကျွန်တော်အခုပဲလာခဲ့မယ်..." -*****

ဧကြည်ဖြူ "ချစ်ဆိပ် " ( ချူ) အပိုင်း (၁၄) ***** "မမ ဘာဖြစ်လို့လဲ " ငြိမ်းသည် နေရာတွင် ခြေစုံရပ်တန့်လျက် ရှေ့မှမြင်နေရေသော မြင်ကွင်းကို မမှိတ်မသုန်စိုက်ကြည့်နေမိသည်။ အပေါ်အောက်ဆင် တူ အလုပ်ဝတ်စုံဝတ်ထားပြီး ပိန်လှီဖျော့တော့နေသောအရိုးပြိုင်းပြိုင်း ခန္ဓာကိုယ်နှင့် ဦးခေါင်းထက်မှဖွေးဖွေးလှုပ်နေသော ဆံပင်ဖြူများ ။ တွေ့မြင်စက ဖြုန်းခနဲ မမှတ်မိပေ။စျေးပေါသော ပေါင်မုန့်ကြမ်းတစ်လုံးကို လက်မှကိုင်ထားရင်း သစ်ပင်ခြေရင်း မြေပြင်တွင် ထိုင်ချလိုက်စဉ် ပေါင်မုန့်လေးမှာ မြေပြင်ပေါ်သို့ပြုတ်ကျသွားခဲ့လေသည်။ထိုသို့ ပြုတ်ကျသွားသော မုန့်ကို ပြန်ကောက်ပြီး သဲများကို ခါထုတ်ပစ်ရင်း စားရန်ပြင်နေသော မြင်ကွင်းကို သနားကြင်နာစိတ်ဖြင့် ငြိမ်းကြည့်နေမိစဉ်မှာပင် မှတ်မိသွားခဲ့ခြင်းဖြစ်ပါလေသည်။မှတ်မိသွားသည်နှင့် တစ်ပြိုင်နက် ငြိမ်းရင်တွေ တဆစ် ဆစ်နာကျင်လာသည်။ငါးဆယ့် ခြောက်နှစ်ဆိုသော အသက်အရွယ်သည် ထိုမျှလောက်အောင် အိုမင်းနေပြီလားဟု မယုံကြည်နိုင်စွာ သတိလက်လွတ် ငေးကြည့်နေမိသည်။ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ဘဲ လက်ထဲမှ ပေါင်မုန့်ကို အငမ်းမရ စားသောက်နေပုံက ငြိမ်းရင်ထဲကို ချွန်မြနေသော ဓါးဦးချွန်နှင့် ထိုးခွဲခံနေရသလိုပင်။တစ်ချိန်က အစဉ်အမြဲသန့် ပြန့် တောက်ပြောင်နေပြီးချောမောကြည့်ကောင်းခဲ့သော ထိုလူသားကြီးသည် ယခုအခါ၌ မှတ်မိချင်စရာတစ်ကွက်မျှမရှိအောင် ပေရေစုတ်ပြတ်နေလေသ ည်။သို့သော်လည်း ခဏမျှ ကြည့်လိုက်သည်နှင့်ငြိမ်းမှတ်မိခဲ့ပါလေသည်။"မုန်းတယ်....အရမ်းမုန်းတယ်''ဟု ငြိမ်းစိတ်တွင်းမှ ခပ်ကျယ် ကျယ်အော်ဟစ်နေမိသည်။လက်ထဲမှ မုန့်ကို စားလိုက် ၊ ရေသန့်ဘူးဟောင်းလေးထဲမှရေကို သောက်လိုက်နှင့် လုပ်နေသော ထိုလူသားကြီးကတော့ ငြိမ်းကြည့်နေသည်ကို သတိထားမိပုံပင် မရဘဲ ပိန်လီလီ လက်ထဲမှ မုန့်ကိုသာ အဆက်မပြတ်ကိုက်၍စားနေလေသည်။ ထိုစဉ်မှာပင် ထိုလူသားကြီးသည် ငြိမ်းရိုရာသို့လှမ်း၍ကြည့်လာလေသည်။ငြိမ်းသည် အထိတ်တလန့် နှင့် ခြေလှမ်းကိုနောက်သို့ ဆုတ်လိုက်မိသည်။ ပြီးလျှင် ချာခနဲ ကျောခိုင်းပစ်လိုက်ပြီး လှည့် ထွက်ပြေးခဲ့လေသည်။ "မမ ....မမ ဘာဖြစ်တာလဲ....မောင့်ကိုလည်းပြောအုံး..." ရဲရင့်သည် ငြိမ်းနောက်မှ တကောက်ကောက် ပြေးလိုက် လာပြီး မေးသည်။ "ပြန် ...ပြန်ရအောင် ရဲရင့် .... ငြိမ်းကို အိမ်ပြန်လိုက်ပို့ပေးပါနော်....ငြိမ်းအိမ်ပြန်ချင်တယ်..." ရဲရင့်သည် ငြိမ်း၏ သတိကင်းလွတ်နေသူကဲ့သို့ အမူအရာကိုကြည့်ပြီး ကားပေါ်သို့အမြန် တက်ကာ မောင်းထွက်ခဲ့လေသည်။ကားမောင်းနေစဉ် တောက်လျှောက်၌ ရဲရင့်မေးသော်လည်း ငြိမ်းမဖြေပါ။ ရှေ့တည့်တည့်ကို မျက်လုံး အကြောင်သားနှင့်ကြည့်နေပြီး ငြိမ်သက်စွာလိုက်ပါလာလေသည်။ ******** ရဲရင့်သည် ကားကို ငြိမ်းတို့အိမ်ရှေ့တွင်ထိုးရပ်လိုက်သည်။ ကားရပ်လိုက်သည်နှင့်တစ်ပြိုင်နက် ငြိမ်းသည် ရဲရင့်ကို ပင်နှုတ်မဆက်ဘဲ အိမ်ထဲသို့တန်း၍ ဝင်သွားသည်။ပြီးလျှင် အိပ်ပေါ်ထပ်သို့ တက်သွားလေတော့သည်။ရဲရင့်မှာ ငြိမ်း၏ နောက်ကျောပြင်ကို ငေးကြည့်လျက် နားမလည်နိုင်စွာ ကျန်ရစ်ခဲ့လေသည်။ ဒေါ်ငြိမ်းဝေမှာလည်း အိမ်ထဲသို့ အလောတကြီး ၀င်ချလာပြီး အပေါ်ထပ်သို့ တန်းတက်သွားသော ငြိမ်းကို ကြည့်ပြီး စိတ်ထဲမှ စိုးရိမ်ပူပန်သွားမိပြီး ရဲရင့်ကို မေးလိုက်လေသည်။ "မောင်ရဲရင့် ဘာဖြစ်လာကြတာလဲ...မင်းတို့ စကားများလာကြတာလား " ရဲရင့်က ဒေါ်ငြိမ်းဝေ၏ အမေးကိုခေါင်းကိုယမ်းခါလျက် ပြန်ဖြေလိုက်သည်။ "စကားမများပါဘူး အန်တီ...မမ ဘာဖြစ်သွားတာလဲ ကျွန်တော်လည်း မသိဘူး...ပန်းခြံထဲမှာ လမ်းလျှောက်ရင်း သန့်ရှင်းရေးဦးလေးကြီးကို ကြည့်ပြီး အဲ့လိုဖြစ်သွားတာပဲ..." "ဘယ် ... ဘယ်လို မောင်ရဲရင့်...သန့်ရှင်းရေး ဦးလေးကြီးဟုတ်လား...." ဒေါ်ငြိမ်းဝေသည် ရဲရင့်ဆီမှ ကြားလိုက်ရသောစကားကြောင့် ငြိမ်းရှိရာ အပေါ်ထပ်သို့ လျှင်မြန်စွာ တက်ခဲ့လေသည်။အပေါ်ထပ်သို့ ရောက်သောအခါ ငြိမ်း၏အခန်းရှေ့တွင် ရပ်ပြီး နားစွင့် ကြည့်လိုက်သည်။ငြိမ်း၏ အခန်းထဲမှ ဘာသံမျှမကြားရဘဲ တိတ်ဆိတ်ငြိမ်သက် ၍နေလေသည်။ ငြိမ်းသည် ခုတင်ပေါ်တွင် လူက ငြိမ်သက်စွာထိုင်နေမိသော်လည်း စိတ်က မငြိမ်မသက် ပြေးလွှားလျက် ရှိလေသည်။ပန်းခြံထဲတွင် မြင်တွေ့ခဲ့ရသော မြင်ကွင်းကိုသာ မြင်ယောင်နေမိပြီး အံကိုတင်းတင်းကြိတ်ထားမိသည်။လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလေသည်။ရင်ထဲမှာ တဆစ်ဆစ်နာနေသည် ။ လည်း ချောင်းဝတွင် တစ်ဆို့နာကျင်နေသည်။ငြိမ်းစိတ်ထဲမှာ အကျယ်ကြီးအော်ဟစ်ပစ်လိုက်ချင်သည်။ငြိမ်းသည် ခုတင်ပေါ်တွင် အတန်ကြာ ငြိမ်သက်စွာ ထိုင်နေပြီးနောက် ခေါင်းအုံးတွေကို စိတ်ရှိလက်ရှိ စုတ်ဖြဲပစ်လိုက်သည်။ပြီးလျှင် လက်ထဲမှ ကိုင်ထားမိသော ဖင်ထိုင်ခုံနှင့် မှန်ကို ပစ်ပေါက်ခွဲပစ်လိုက်လေသည်။ "ခွမ်း" "ခွမ်း"ခနဲ ကျကွဲသံနှင့်အတူ လွင့်စင်ကျလာသော မှန်ကွဲစများကို ကြည့်ရင်း ငြိမ်းရင်ထဲမှ တင်းကြပ်ရှုပ်ထွေးနေသောစိတ်က ပြေလျော့မသွားသော် လည်း အမေများ ငြိမ်းကြောင့် စိတ်ဆင်းရဲသောကခံစားရလေမည်လားဟု တွေးမိသောအခါ ငြိမ်း ခုတင်ပေါ်တွင် အရုပ် ကြိုးပြတ်ထိုင်ချလိုက်မိလသည်။ "သမီး..ငြိမ်း...တံခါးဖွင့်ပေးစမ်း..အမေပြောနေတာ ကြားလား..."