အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ
Ir al canal en Telegram
Mostrar más
1 031
Suscriptores
Sin datos24 horas
-37 días
-1230 días
Archivo de publicaciones
"ချက်ချင်းကြီး အဆောင်မှာနေလို့တော့ မဖြစ်သေးဘူးကိုချမ်း....အမေစိတ်မကောင်းဖြစ်သွားမှာပေါ့ .. ပြီးတော့ အလုပ်ကသိပ်အကြာချည်းမလုပ်ဘူး.....နှင်းအိမ်ကကိုယ်ပိုင်အလုပ်ပဲလုပ်မှာ ...ဒါပေမဲ့နှင်းအိမ်မှာ ဟင်းချက်တဲ့အတွေ့အကြုံကလွဲပြီး ဘာအတွေ့အကြုံမှမရှိလို့...အပြင်မှာ အလုပ်လုပ်ပြီးအတွေ့အကြုံယူမှဖြစ်မယ် "
ကိုချမ်းသည် သက်ပြင်းကို ချလိုက်ပြီး
"အင်းပါ ...နှင်းအိမ်က အခုချက်ချင်းဆိုင်ဖွင့်ချင်တယ်ဆိုရင်လဲပြော ...လိုအပ်တာမှန်သမျှ အကုန်စိုက်ပေးထားမယ် "
"ကျေးဇူးတင်ပါတယ်ကိုချမ်း...နှင်းအိမ်အတွက် အမေနဲ့အဘွားကလဲ ပေးမယ်လို့ပြောတယ် .. "
နှုတ်မှသာ တက်ကြွသောပုံစံမျိုးဖြင့်ပြောနေသော်လည်း အထီးကျန်နေဟန် အနည်းငယ် ပေါ်လွင်နေသော နှင်းအိမ်ကို ကြည့်ပြီး ကိုချမ်းအနေနှင့်မည်ကဲ့သို့ထိထိရောက်ရောက်ကူညီပေးရမည်ကို တွေးတောနေမိလေသည်။
"အလုပ်စဆင်းတဲ့နေ့ကျရင် လိုက်ပို့ပေးရအုံးမလား ..အပြင်မှာ ပထမဆုံးအလုပ်စလုပ်ဖူးတာမဟုတ်လား "
"ရပါတယ် ကိုချမ်းရဲ့ ..နှင်းအိမ်ကမကြောက်တတ်ပါဘူး ..."
ခပ်ယဲ့ယဲ့အပြုံးမျက်နှာလေးနှင့်ပြောနေသော နှင်းအိမ်၏ မျက်နှာလေးကို ကိုးချမ်းငေးကြည့်နေမိသည်။
" သားနဲ့တူတယ်ဆိုပြီး အဖေက ကြည့်နေတာ ..တကယ်ပဲ သားဖြစ်နေတာကို ... အဖေတို့ထိုင်မယ်နော်..."
စားပွဲဝိုင်းရှေ့သို့ ရုတ်တရက် ရောက်လာပြီး ပြောလိုက်သောအသံကြောင့်ကိုချမ်းနှင့်နှင်းအိမ်တို့ အလန့်တကြားနှင့်မော့ကြည့်လိုက်မိကြသည်။ကိုချမ်းတို့ ထိုင်နေသော ကော်ဖီဆိုင်ထဲသို့ရောက်ရှိလာသူမှာ ကိုချမ်း၏ဖခင်ဖြစ်သူဦးမောင်မောင်ပင် ဖြစ်လေသည်။ဦးမောင်မောင်နှင့်အတူပါလာသောသူမှာ အသက်သုံးဆယ်ခန့်ရှိ ယောကျာ်းပျိုတစ်ယောက်ဖြစ်လေသည်။ကိုချမ်းသည် ဖခင်ဖြစ်သူကို တအံ့တဩကြည့်နေမိစဉ်မှာပင် ဦးမောင်မောင်ကလည်း သားဖြစ်သူနှင့်အတူထိုင်နေသော နှင်းအိမ်ကို ခပ်စူးစူးစိုက်၍ကြည့်နေလိုက်လေသည်။
နှင်းအိမ်သည်က ကြောက်ရွံ့နေခြင်းအလျဉ်မရှိဘဲ သွက်သွက်လက်လက်ပင် ထ၍ နှုတ်ဆက်လိုက်သည်။
"ဟုတ်ကဲ့ ...ကိုချမ်းအဖေထင်တယ် ...တွေ့ရတာဝမ်းသာပါတယ်ရှင် ....နှင်းအိမ်ကကိုချမ်းရဲ့သူငယ်ချင်း မေနှင်းအိမ်ပါရှင် "
နှင်းအိမ်က နှုတ်ဆက်လိုက်သောအခါ နှုတ်ခမ်းကိုတွန့်ကွေးကာ ပြုံးလိုက်သောကိုချမ်း၏ ဖခင်ဖြစ်သူကို နှင်းအိမ်တွေခနဲ ငေးကြည့်လိုက်မိသည်။
" တွေ့ရတာ ဝမ်းသာပါတယ်ကွယ် ...အန်ကယ်က ကိုချမ်းရဲ့ အဖေပါ ...ဒီကတော့ အန်ကယ်နဲ့ အလုပ်တူတူလုပ်နေတဲ့ မောင်သန့်ဇင်ပါ ... မောင်သန့်ဇင်ကလဲ လူငယ်ပေမဲ့ ..သူလဲလုပ်ငန်းတွေစလုပ်နေပြီမို့ ... ငါ့တူမအလုပ်တစ်နေရာလောက်လိုချင်ရင် အန်ကယ်ပြောပေးနိုင်ပါတယ် "
ဦးမောင်မောင်၏ စကားကြောင့် နှင်းအိမ်ရင်ထဲတွင် အောင့်ခနဲဖြစ်သွားရလေသည်။ကိုသန့်ဇင်ဆိုသူကတော့ နှင်းအိမ်ကို စူးစိုက်၍ကြည့်နေသည်ကိုတွေ့လိုက်ရလေသည်။
ကိုချမ်းသည် ဖခင်၏စကားကြောင့် စိတ်ထဲတွင် ဒေါသဖြစ်သွားမိသော်လည်း ဒေါသကိုမျိုချလိုက်ပြီးလျှင်
"နှင်းအိမ်က မကြာခင်မှာ သူ့ကိုယ်ပိုင်လုပ်ငန်းပဲလုပ်တော့မှာ အဖေ ... ပြီးတော့ နှင်းအိမ်ရဲ့လုပ်ငန်းမှာ ကျွန်တော်လဲ ရှယ်ယာဝင်မှာပါ "
သားဖြစ်သူ၏ စကားကြောင့် ဦးမောင်မောင်၏မျက်နှာကွက်ခနဲပျက်သွားလေသည်။သားဖြစ်သူကို မာထန်သောအကြည့်များဖြင့် ကြည့်လိုက်သည်။ကိုချမ်းသည်လည်း ဖခင်၏ အကြည့်ကို မရောင်လွှဲဘဲ ပြန်၍ကြည့်နေလိုက်သည်။
"သားရေ ဒီမှာဆုံတုန်း...အရေးတကြီး အလုပ်ကိစ္စလေးတိုင်ပင်စရာရှိလို့ ...အဖေတို့သားအဖနှစ်ယောက် ခဏလောက်စကားပြောရအောင်ကွာ "
ဦးမောင်မောင်သည် ပြောရင်း နေရာမှထလိုက်သည်။ထို့နောက် နှင်းအိမ်နှင့်သန့်ဇင်တို့ကို ကြည့်လိုက်ပြီးခွင့်တောင်းလိုက်လေသည်။
"မောင်သန်ဇင်နဲ့ ဒီကငါ့တူမ ..အန်ကယ်တို့သားအဖကို ..ခဏလောက် ခွင့်ပြုပါအုံးနော် "
"ဟုတ်ကဲ့ ..ရပါတယ်ရှင် "
" နှင်းအိမ် ...ခဏလေးနော် ...မကြာပါဘူး "
ဦးမောင်မောင်နှင့်ကိုချမ်းထွက်သွားသောအခါ စားပွဲဝိုင်းတွင် ကျန်ခဲ့သောသန့်ဇင်ကနှင်းအိမ်ကို စူးစူးစိုက်စိုက်ကြည့်လိုက်ပြီးလျှင်
"အဘွားဆုံးသွားပြီ ... မင်းတကယ်ရက်စက်တတ်တာပဲနော် "
"ရှင် "
ကိုသန့်ဇင်၏ စကားကြောင့် နှင်းအိမ် ဖြုန်းခနဲနားမလည်နိုင်ဘဲ ကိုသန့်ဇင်ကိုကြည့်လိုက်မိသည်။
"အဘွားက ဘယ်လောက်ပဲအတ္တတွေကြီးခဲ့ပါစေ...သူရဲ့နောက်ဆုံးအချိန်ထိ မင်းကိုတမ်းတသွားရှာတာ ....သမီးမိန်းခလေးမြေးမိန်းလေးကို သိပ်လိုချင်ရှာခဲ့တဲ့ အဘွားက မင်းကိုအတော်လေးတမ်းတခဲ့ရှာတာကွ ...မင်းက အဘွားကိုတော့ ဥပေက္ခာပြုထားပြီး ဒီလိုအခြေအနေမျိုးနဲ့ အထင်သေးခံနေတာလား"
" ရှင် ...ရှင်ဘာတွေလာပြောနေတာလဲ "
နှင်းအိမ်က အထိတ်တလန့်နှင့် မေးလိုက်သည်။
"ငါပြောနေတာတွေကို မင်းနားမလည်ဘူးလား ..ငါကဦးမြင့်မောင်ရဲ့သား ..ဒေါ်သုန်ရဲ့မြေးပဲ ...အဘွားက မင်းအတွက်ရသင့်ရထိုက်တာတွေကိုပေးခဲ့တယ် ...အဲ့ဒါတွေ မင်းကိုပေးမှာပါ ...အဲ့ဒါတွေရရင် ကိုယ်ပိုင် အလုပ်လုပ်တော့ ...ပြီးတော့ ချမ်းမြေ့မောင်နဲ့မတွဲနဲ့တော့ .. သူ့မိသားစုကြောင့် မင်းစိတ်ဆင်းရဲရလိမ့်မယ် "
#မုန်းမာန်
(အခန်းဆက်ဝတ္ထုရှည်)
အပိုင်း (၂၀ )
********
လမင်းသည် ထိုင်နေရာမှထလိုက်၊ ထနေရာမှထိုင်လိုက်နှင့် ဣန္ဒြေမရဖြစ်ကာစိတ်ထဲရှုပ်ထွေးနေမိလေသည်။အတန်ကြာသောအခါ စိတ်ထဲတွင်မနေနိုင်တော့သည့်အဆုံး၌ အဘွားဖြစ်သူရှိရာဆီသို့လျှောက်သွားလိုက်လေသည်။ အနားသို့ရောက်လျှင်
"အဘွား... ဒီနေ့ မေနွယ်က လက်ထပ်လိုက်ပြီဆိုတော့ ...နှင်းအိမ်ကဘယ်မှာနေမှာတဲ့လဲ .."
မြေးဖြစ်သူလမင်း၏အမေးကြောင့် ဒေါ်အေးကြည်မှာ ကြောင်အမ်းအမ်းဖြစ်သွားရပြီးလျှင်
"ဒီညတော့ မအေးနွယ်ကမောင်မျိုးအိမ်မှာလိုက်နေမယ်ထင်တယ် ....နှင်းအိမ်ကတော့ သူ့ဘွားအေနဲ့ သူတို့အမျိုးတချို့ ရောက်နေတော့ သူတို့အိမ်မှာပဲနေမှာပေါ့ ....နောက်တော့ ဘယ်လိုစီစဉ်မယ်မသိဘူးကွဲ့ ... မောင်မျိုး အိမ်မှာပဲလိုက်နေမယ်ထင်တယ် ..ဟိုမှာက နှစ်ထပ်တိုက်ပဲ ကျယ်ပါတယ်...အေးနွယ်လဲ ထမင်းဆိုင်မဖွင့်တော့ဘူး ... နှင်းအိမ်လဲ အလုပ်ဝင်ရတော့မယ် ပြောတယ် ..ဒါနဲ့ လူလေးက မင်္ဂလာပွဲကို ဘာလို့မလာတာလဲ .. ဟိုမယ် အေးနွယ်စိတ်မကောင်းဖြစ်နေမှာပေါ့ ..."
"မြေကွက်အရောင်းအ၀ယ်ကိစ္စ အရေးတကြီး ပေါ်လာလို့ပါ အဘွားရယ် ... ငွေက အခွင့်အရေးရတုန်းရှာရတာမို့ ..."
လမင်း၏စကားကြောင့် ဒေါ်အေးကြည်က လမင်း၏မျက်နှာကို စူးစိုက်ကြည့်လိုက်ပြီး
"ခဏထိုင်အုံး လူလေး ....လူလေးနဲ့ စကားပြောဖို့ကလဲ အချိန်ကမရဘူးဖြစ်နေတယ်...ကြုံတုန်းအဘွားပြောအုံးမယ် ...လူလေးဘာလို့ ငွေကို ဒီလောက်လောဘတကြီးရှာ နေရတာလဲကွယ် ... လက်ရှိဆိုင်နဲ့လဲ အေးအေးဆေးဆေး စီးပွားရှာလို့ရပါတယ် .... ခုဟာက လူလေးက အချိန်ပြည့်ငွေနောက်ပဲလိုက်နေတော့ မင်းအမေနဲ့ မင်းဘကျော်တို့လင်းမယားခမျာ မင်းနဲ့ စကားပြောချင်လွန်းလို့ နေ့တိုင်းတမျှော်မျှော်နဲ့ကွယ် ...အဘွားတို့က အသက်ကြီးပြီဆိုတော့ မိသားစုနဲ့ အေးအေးချမ်းချမ်းနေရရင် ကျေနပ်ပါပြီကွယ် ..... လူလေးကိုလဲ အိမ်ထောင်ပြုပြီး အေးအေးဆေးဆေးနေစေချင်ပါပြီ ..မင်းဘကျော်တို့ကလဲ အသက်ကြီးနေပြီ ... လူလေးကအနားမှာနေပေးလိုက်ပါအုံး ...ငွေဆိုတာ အချိန်မရွေးရှာလို့ရတယ် ...လူဆိုအချိန်မရွေးရှိနေမှာမဟုတ်ဘူးကွဲ့ ..ရှိနေတုန်းမှာ ပိုပြီးချစ်ခင်ပေးရတယ် ... အထူးသဖြင့် ဘ၀နေ၀င်ချိန်ကို ရောက်နေပြီဖြစ်တဲ့ လူကြီးတွေကို ပိုပြီး ကြင်နာဂရုစိုက်ပေးရမယ် "
"ဟုတ်ကဲ့ပါ အဘွား ... အဲ့ဒီလိုနေနိုင်ဖို့ ကျွန်တော်ကြိုးစားနေတာပါအဘွား "
~~~~~~~
"မြေးလေး....အဘွားတို့နဲ့ ခဏတဖြုတ်လိုက်နေပါလား ...မြေးရဲ့အဘိုးကလဲ ခေါ်ခဲ့ခိုင်းနေတာ "
မိခင်ဖြစ်သူ ဒေါ်ရီ၏စကားကြောင့် မအေးနွယ်သည် သမီးဖြစ်သူကို မျက်လုံးဝင့်ကာဖြင့် ကြည့်လိုက်သည်။ နှင်းအိမ်ကလည်း မိခင်၏ အကြည့်ကို သဘောပေါက်လိုက်လေသည်။
"သိပ်မကြာခင်မှာ နှင်းအိမ်တို့လာလည်ပါ့မယ်အဘွား ....နှင်းအိမ်အတွက် စိတ်မပူနဲ့နော် ..ဦးမျိုးကလဲ လူကြီးလူကောင်းတစ်ယောက်ပါ ....ပြီးတော့သမီးက နောက်လဆန်းမှာ အလုပ်စ၀င်ရတော့မယ် ......ဒီကြားထဲမှာ အလုပ်အတွက်လေ့လာရမှာတွေလဲ ရှိနေလို့ပါ"
"အေးပါကွယ် ... ငါ့မြေးတို့ အဆင်ပြေရင် ပြီးတာပဲ ..."
~~~~~
" ကျွန်တော်အလုပ်တွေများပြီး ..ဘကျော်တို့ကို ပစ်ထားသလို ဖြစ်နေမိတာခွင့်လွှတ်ပါနော် ...ဘာကျော်ကိုရော ကြီးစန်းကိုရော ကျွန်တော်တောင်းပန်ပါတယ် "
လမင်းက ဦးကျော်တို့ ဇနီးမောင်နှံကို ရှိခိုးကန်တော့ တောင်းပန်လိုက်လေသည်။ထိုအခါ ဒေါ်စန်းကလမင်း၏ လက်ကလေးကို ဆွဲယူဆုပ်ကိုင်လိုက်ပြီး အသံတုန်တုန်ဖြင့်
"ရပါတယ်သားရယ် ...ကြီးစန်းတို့အနေနဲ့ ဒီအသက်အရွယ်မှာ ..မပူမပင်နဲ့ ဘုရားသွား ကျောင်းတက် လုပ်နေနိုင်တာကိုပဲ သားတို့တစ်မိသားစုလုံးကို ကျေးဇူးတင်လှပါပြီကွယ် ...တကယ်ဆို ကြီးစန်းတို့က အိမ်လေးတစ်လုံးပေးပြီး ကြီး စန်းတို့ကိုတစ်သက်လုံး တာဝန်ယူခိုင်းမိနေသလိုဖြစ်နေလို့ အားနာမိတယ် ..သားကို ဘာအပူအပင်မှမရှိဘဲအိမ်ထောင်ပြု စေချင်ပြီကွယ် "
"ဟာ ...ကြီးစန်းရယ် အဲ့ဒီလို မပြောပါနဲ့နော်... ဘကျော်နဲ့ ကြီးစန်းကလဲ ကျွန်တော်ချစ်ခင်ရတဲ့ကျွန်တော့်ရဲ့မိဘတွေပါ ..."
ကြီးစန်း၏စကားကြောင့် လမင်း စိတ်မကောင်းစွာ ပြန်ပြောလိုက်လေသည်။ထိုအခါ ဦးကျော်ကလည်း လမင်းကိုကြည့်လိုက်ပြီးနောက်
"မင်းရဲ့ကြီးစန်းပြောတာ မမှားဘူး လူလေး ... ဘကျော်လဲ မင်းကို အိမ်ထောင်ပြုစေချင်ပြီ ..တစ်နေ့ကပဲ ပပစိုးရဲ့မိဘတွေက ဘကျော်တို့ကိုစကားလမ်းကြောင်းတယ် ... ပတ်ဝန်းကျင်မှာလဲ ပြောနေကြလို့ သားနဲ့ သူတို့သမီးကို လက်ထပ်စေချင်ပြီတဲ့ ပြောသွားတယ် ... ဘကျော်တို့ဘက်ကလဲ သဘောတူတယ်နော် "
"ဗျာ ....ကျွန်တော်နဲ့ မမစိုးကိုပြောတာလား ဘကျော်"
ဦးကျော်၏ စကားကြောင့်လမင်း အံဩတုန်လှုပ်မိသွားလေသည်။ ပတ်ဝန်းကျင်တွင် လမင်းနှင့် ပပစိုးတို့၏သတင်းက မည်သို့ပျံ့နှံ့နေသည်ကို လမင်းကသတိမထားမိခဲ့ရိုးအမှန်ပါပင်။ယခုလို ကြားလိုက်ရသောအခါမှ လမင်း အံ့ဩတုန်လှုပ်မိသွားလေသည်။
~~~~~~
"အလုပ်နဲ့နီးတဲ့နေရာမှာ အဆောင်ဖြစ်ဖြစ်နေမလား ..."
ကိုချမ်း၏ အမေးကြောင့် နှင်းအိမ်ခေါင်းကိုခါယမ်းလိုက်ပြီး
နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်လိုက်ကြစဉ် လမင်း နှုတ်ခမ်းကို တွန့်ကွေးလျက်ခပ်မဲ့မဲ့ပြုံးလိုက်မိသည်။
@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း ( ၂၀ ) ဆက်ရန်
#ဧကြည်ဖြူ
"ဘာတွေပြောနေတာလဲ ... ငါ့အမေလက်ထပ်တာက ..ငါအလုပ်လုပ်တာ မလုပ်တာနဲ့ ဘာဆိုင်လို့လဲ ..."
"ဟင်..ဘာပြောတာ ..မေ့နွယ် လက်ထပ်တာဟုတ်လား "
" ဟုတ်တယ်လေ ... ဒီနေ့ ဦးမျိုးက အမေ့ကိုလာတောင်းတာလေ ....နောက်တစ်ပတ်မှာ မင်္ဂလာဆွမ်းကျွေးမယ် ..နင် အဲ့ဒါကို မသိဘဲဘာလာလုပ်တာလဲ "
နှင်းအိမ်၏ စကားကိုကြားလိုက်ရသည့်အခါတွင် လမင်းအံ့ဩသွားမိသလို ရင်ထဲမှ မွန်းကြပ်နေမှုများလည်း ပြေလျော့သွားသလို ခံစားလိုက်ရသည်။လမင်းမျက်နှာကို မပြုံးမိအောင် သတိထားလိုက်ပြီး
" ဆေးဆိုင်က ဦးမျိုးနဲ့မဟုတ်လား ..ငါ မေနွယ့်ကို သွားနှုတ်ဆက်လိုက်အုံးမယ် "
ပြောပြီးသည်နှင့် လမင်းက အိမ်အပေါ်ထပ်သို့ ခပ်မြန်မြန်တက်လာခဲ့လိုက်သည်။
~~~~~~~
" မစိုးပြောတာသေချာလား ....ထွန်းအိမ်ရာဆောက်လုပ်ခွင့်ကို ချမ်မြေ့ကုမ္ပဏီကရသွားတာပေါ့ ဟုတ်လား "
"ဟုတ်တယ် လမင်းရဲ့ ...မင်းသိတယ်မဟုတ်လား ... ထွန်းအိမ်ရာကို တည်ဆောက်မဲ့သူဌေး ညီအစ်ကိုတွေက အရမ်းဇီဇာကြောင်တဲ့သူတွေလေ ..သူတို့နဲ့ တော်ရုံလူတွေ အလုပ်မလုပ်ချင်ကြဘူး...တိကျတယ်စနစ်ကြီးတယ်.... ဘာမဆိုနည်းနည်းလေးမှ အတိမ်းအစောင်းမခံကြဘူး ...ကြားရသလောက်တော့ .. အခု ဆောက်လုပ်ရေးအတွက်လဲ သူတို့ သက်မှတ်ရက်အတွင်း မပြီးခဲ့ရင် လျှော်ကြေးပြန်ပေးရမယ်လို့ ချုပ်ဆိုခဲ့ကြတာတဲ့ ... တကယ်လို့ သက်မှတ်ရက်အတွင်းအောင်မြင်ခဲ့ရင် လုပ်အားခနှစ်ဆပိုရမဲ့အပြင် နောက်ထပ်အလုပ်ခွင်တွေလည်း စာချုပ်ဆက်ချုပ်ကြမှာ ...အောင်မြင်ရင်တော့ပွပေါက် အကြီးကြီးပေါ့ "
ကြားလိုက်ရသော စကားကြောင့် လမင်းအံကိုတင်းတင်းကြိတ်လိုက်မိသည်။
"ဒါနဲ့ လမင်းကဦးကောင်းထက်ဆီမှာ ရှယ်ယာဝင်မလို့ဆို....ဘယ်လိုလုပ် ဆောက်လုပ်ရေးကို စိတ်ဝင်စားသွားတာလဲ ...ပြောတော့ ဆိုင်ပဲဖွင့်တော့မလိုလိုနဲ့ "
ပပစိုးက မကျေမနပ်နှင့် ပြောလိုက်သည်။နှစ်ယောက်သား မြေကွက်အရောင်းအဝယ် စလုပ်ခဲ့ကြရာမှလမင်းက ခြေလှမ်းကျဲပြီး ဆောက်လုပ်ရေးလောကကို စိတ်ဝင်စားသွားခဲ့ခြင်းဖြစ်သည်။
" မှန်တာပြောရရင် အရောင်းဆိုင်ကို မလုပ်ချင်ဘူး မစိုးရယ် ..လူရယ်လို့ သိကတည်းက ဈေးရောင်းစားလာခဲ့ရတာလေ ...ပြီးတော ဆောက်လုပ်ရေးလုပ်ငန်းက တိုးတက်ဖို့ ပိုမြန်တယ် .... ဒါကြောင့် ကြိုးစားကြည့်မလို့ပါ "
~~~~~~
ကားကိုဆိုင်ရှေ့ရှိ ခြံမျက်စာတွင် ပါကင်ထိုးလိုက်ပြီး ဆိုင်တွင်းသို့ လမင်းဝင်ခဲ့လိုက်သည်။ဆိုင်နေရာကို စုံးစမ်းသိရှိထားခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း အလုပ်အားလပ်ချိန် မရှိသောကြောင့် လာရောက်ကြည့်ရှုနိုင်ခဲ့ခြင်းမရှိခဲ့ချေ။ချမ်းမြေ့ကုမ္ပဏီလုပ်ငန်းများနှင့်နေရာများကို လုပ်ငန်းရှင်များကြားတွင် စုံစမ်းရသည်မှာ သိပ်တော့မခက်ခဲလှ။အောင်မြင်နေသော သူတို့လုပ်ငန်းက လမင်း၏ရင်ကို ပို၍နာကျင်စေခဲ့သည်။ထို့ကြောင့် လမင်း၏ပထမဆုံး ပစ်မှတ်အဖြစ် ဦးမောင်မောင်တို့မိသားစု၏ နှလုံးသည်းပွတ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။လမင်း ဆိုင်ထဲသို့ ဝင်လာခဲ့ပြီး အခြေအနေကို အကဲခတ်ကြည့်လိုက်သည်၊၊ငွေရှိသူများဆိုတော့ ဆိုင်ကို သေချာလေးပြင်ဆင်ထားသည်။လိုတိုင်းတရနေသော ဘ၀တွင် ဘယ်အရာကများ သိမ်ငယ်စေမည်နည်း။ကိုယ့်ဘ၀ဖြစ်တည်မှုနှင့် ယှဉ်လျှင် နတ်ပြည်နှင့်ငရဲပြည်အလား ကွာခြားလွန်းနေသည်။
လမင်းဆိုင်ထဲသို့ ရောက်သောအခါ ဝန်ထမ်းလေးတစ်ယောက်က လမင်းရှိရာဆီသို့ လျှောက်လာပြီး ဘိုကင်ယူထား သော အခန်းဆီသို့လိုက်၍ပို့ပေးသည်။
အခန်းဆီသို့ရောက်သောအခါ လုပ်ငန်းကိစ္စအတွက် ချိန်းထားသည့် လူတစ်ချို့က ရောက်ရှိနေခဲ့ကြလေပြီ။လမင်းအနေနှင့် ယနေ့ပွဲသို့သာမန် ရှယ်ယာရှင်တစ်ယောက်အနေနှင့်တက်ရောက်ခဲ့ခြင်းသာဖြစ်သည်။လမင်းရှယ်ယာဝင်ခဲ့သည့် လုပ်ငန်းသည် ချမ်းမြေ့ကုမ္မဏီ၏ ပြိုင်ဘက်ကုမ္မဏီတစ်ခုဖြစ်ပြီး တမင်ပင် ချမ်းမြေ့ကုမ္ပဏီကပိုင် သော စားသောက်ဆိုင်ကြီးတွင် ပျော်ပွဲရွှင်ပွဲလာလုပ်ကြခြင်းဖြစ်သည်။
"မောင်လမင်းရောက်လာပြီလား ...ထိုင်ကွာ ... လူမစုံသေးပေ မဲ့ ပွဲတော့စနေပြီ ... ဒီမှာ ဆိုင်ရှင်သူဋ္ဌေးကိုယ်တိုင် ဝန်ဆောင်မှုပေးနေတယ်လေ .. မောင်လမင်းနဲ့ကို ချမ်းတို့ကို မိတ်ဆက်ပေးရအုံးမယ် "
လမင်းတို့၏ သူဌေးဦးကောင်းထက်က ဟန်ဆောင်မျက်နှာဖုံးကို အပြည့်အဝတပ်ဆင်လျက်ဖြင့်ပြောလာသည်။ထွန်းအိမ်ရာ ဆောက်လုပ်ရေးအတွက် ချမ်းမြေ့ကုမ္ပဏီက ဆောက်လုပ်ခွင့်ရသွားသည်မှာ သူဋ္ဌေးကြီးဦးကောင်းထက်လိုဝါရင့် ကန်ထရိုက်တာကြီး၏မာနနှင့်သိက္ခာကို ထိခိုက်စေခဲ့သည်လေ။သည်အခြေအနေကို ဦးမောင်မောင်၏သားကလည်း တမင်မသိဟန်ဆောင်နေသည်လား၊ တကယ်ပင်မသိတာလားမသိဘဲ ဦးကောင်းထက်ကို ပြုံးပြုံးရွှင်ရွှင်အနေအထားနှင့် စကားပြောနေသည်ကို လမင်း တွေ့နေရလေသည်။
"မောင်ချမ်းမြေ့ရေ ... သူကတော့ သိပ်မကြာသေးခင်ကမှ အန်ကယ်တို့ ဆောက်လုပ်ရေးလောကထဲကို ဝင်ရောက်လာခဲ့တဲ့သူပဲ.. နာမည်ကလမင်းတဲ့...လမင်းလဲ မှတ်ထားအုံး... သူကဒီဆိုင်ရဲ့ ဆိုင်ရှင်သူဋ္ဌေးလေး ချမ်းမြေ့မောင်တဲ့ ..ချမ်းမြေ့ကုမ္ပဏီပိုင်ရှင်သူဋ္ဌေးဦးမောင်မောင်ရဲ့ တစ်ဦးတည်းသောသားပေါ့ ...^
"တွေ့ရတာ ဝမ်းသာပါတယ် ကိုလမင်း "
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ....ကိုချမ်းမြေ့မောင် "
"ဟိုကွာ .... မင်းကို ငါပြောမယ် .. စိတ်မတိုရဘူးနော် ..ပြီးတော့ ငါတို့ရဲ့ခင်မင်မှုကိုဖျက်စီးလို့မရဘူးနော် ''
" အင်းပါ ..ဘာမို့လို့လဲဟင် ...."
" ဘာလဲဆိုတော့ ပြောပြီးနော် .... ငါ့နာမည် အပြည့်အစုံကချမ်းမြေ့မောင်တဲ့ ... မင်းနဲ့ငါ စတွေ့တဲ့ စားသောက်ဆိုင်က ငါကိုယ်တိုင်ဖွင့်ထားတာ ...ပြောရရင်ကွာ ..ငါကမင်းထင်နေသလို ဆင်းဆင်းရဲရဲနဲ့ နေနေရတဲ့သူမဟုတ်ဘူးကွာ ...အဲ့ဒါကြောင့် မင်းဘာလုပ်ချင်လဲ ...ငါအကုန်ကူညီပေးနိုင်တယ် "
နှင်းအိမ်သည် ကိုချမ်းပြောနေသမျှကို သေချာနားထောင်နေမိပြီးနောက်
"နောက်နေတာလား ...အတည်ပြောနေတာလား ကိုချမ်း "
" ဟာကွာ ကိုယ့်ပုံစံက လိမ်ပြောနေတဲ့ပုံပေါက်နေလို့လား နှင်းအိမ်ရယ် "
" အဲ့ဒီလို သဘောနဲ့ ပြောတာမဟုတ်ပါဘူး ...ကိုချမ်းလိုသူဌေးက နှင်းအိမ်ကိုလာခင်နေလို့ အံ့သြမိလို့ပါ ... နှင်းအိမ်အတွက်ကတော့ ကိုချမ်းကဆင်းရဲရဲ ..ချမ်းသာသာ စိတ်ဆိုးစရာအကြောင်းမှ မရှိတာ ... ကိုယ့်သူငယ်ချင်းကအဆင်ပြေပြေနေနိုင်တယ်ဆိုရင် ပိုတောင်၀မ်းသာရအုံးမယ် "
" ဒါဆို နှင်းအိမ်စိတ်မဆိုးဘူးနော် "
ကိုချမ်းဝမ်းသာအားရနှင့် မေးလိုက်မိသည်။
"မဆိုးပါဘူး ... ပိုတောင်ကောင်းသွားသေးတယ် ... မဟုတ်ရင် လခထုတ်ရက်မဟုတ်ရင် ... နင့်မှာ ကားခမှပါရဲ့လားလို့ အလကားလိုက်ပူနေမိတာလေ ... ဒါပေမဲ့ တစ်ခုတော့ရှိတယ် ...အလုပ်ကို နှင်းအိမ်ရဲ့ အရည်အချင်းနဲ့ပဲရချင်တယ် ...ကိုချမ်းကြောင့်အလုပ်ရတာမျိုး မဖြစ်ချင်ဘူး "
နှင်းအိမ်၏ စကားကြောင့် ကိုချမ်းရင်ထဲကြည်နူးသွားမိသလို ကျေကျေနပ်နပ်ဖြင့်ခေါင်းငြိမ့်ပြလိုက်မိသည်။
"ကဲ သွားကြမယ်လေ ...တော်ကြာ အင်တာဗျူး မဖြေလိုက်ရဘဲ နေမယ် ..."
နှင်းအိမ်ပြောရင်း ထရပ်လိုက်သည်။
~~~~~~~~
"အမေဘယ်သွားမလို့လဲ
လမင်းဆိုင်ထဲမှာ ပစ္စည်းစာရင်းများစစ်ဆေးနေစဉ် စောစောစီးစီး အလှပြင်ထားသော မိခင်ကို တွေ့လိုက်ရသဖြင့်လမင်းမေးလိုက်မိသည်။
" နှင်းအိမ်ဆီကိုသွားမလို့လေ သားရဲ့..နှင်းအိမ်တို့အိမ်မှာ ...မင်္ဂလာပွဲ ရှိတယ် ..အဲ့ဒါ အမေနဲ့အဘွားသွားမလို့..အမေပြောတာတော့ လူကြီးတွေနဲ့ နားဖောက်မှာဆိုလား ...သားက ခရီးသွားနေလို့မသိဘူး မဟုတ်လား ..အမေ့ကို ကြည့်အုံး... အမေလှရဲ့လားလို့ "
မိခင်ကြီးပြောလိုက်သော စကားများကြောင့် လမင်းအံ့သြပြီး ကြက်သေသေသွားမိသည်။လွန်ခဲ့သောလေးရက်ကပပစိုးနှင့် လမင်းတို့ အလုပ်ကိစ္စဖြင့် ခရီးသွားခဲ့ကြပြီး ညကမိုးအတော်ကြီးချုပ်မှ ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။သူ မရှိသောသုံးလေးရက်အတွင်း ဘာတွေဖြစ်ကုန်သည်မသိတော့။ခရီးသွားနေ စဉ် အရောင်းအ၀ယ်ဖုန်းများနှင့် အလုပ်ကိစ္စများကြောင့် သူရနှင့်လည်း ဖုန်းမပြောဖြစ်ခဲ့။အဖြစ် ပျက်များသည် လျင်မြန်စွာဖြစ်ပျက်ခဲ့ပြီလား။လမင်းမယုံကြည်နိုင်အောင်ဖြစ်နေမိသည်။
မိခင်ဖြစ်သူနှင့်အဘွားဖြစ် သူတို့ ထွက်သွားကြသည်ကို လမင်းငေးကြည့်နေမိသည်။လက်ကသာ လက်တော့ကြီးဖွင့်ပြီး စာရင်းလုပ်နေသော်လည်းစိတ်ကမူ စာရင်းတွက်နေသည့်ထံတွင် မရှိဖြစ်နေမိသည်။တစ်ခဏမျှ ကြာလျှင် လမင်းဆက်ထိုင်နေနိုင်စွမ်းမရှိတော့ချေ။ထိုင်နေရာမှဖျတ်ခနဲ ထရပ်လိုက်မိသည်။
လမင်း ဆိုင်ပြင်သို့ထွက်လာခဲ့မိသည်။ထို့နောက် ခြေထောက်များသည် လမင်း၏ဆန္ဒကိုသိသည့်အလား ဘူတာသို့သွားသော လမ်းကြားဘက်ဆီသို့ မပြေးရုံတမယ်ဦးတည်လျှောက်လှမ်းခဲ့လေသည်။
~~~~
အိမ်ရှေ့သို့ ရောက်သောအခါ "ယနေ့ဆိုင်ပိတ်သည် "ဆိုသော စာတန်းလေးချိတ်ဆွဲထားပြီး ခြံတံခါးစေ့ပိတ်ထားသည်ကိုတွေ့လိုက်ရလေသည်။အိမ်ထဲသို့ လှမ်းကြည့်လိုက်သောအခါ တဖျတ်ဖျတ်လှုပ်ရှားနေသော အရိပ်ကလေးကိုဦးစွာ တွေ့လိုက်ရသည်။ဆံပင်ကို ခပ်မြင့်မြင့်စည်းထားပြီး ခပ်ရိုးရိုးဝတ်စားထားပုံကိုကြည့်ရသည်မှာ သတို့သမီးလောင်းတစ်ယောက်၏ ပုံစံအနေအထားမျိုးတော့ မဟုတ်ချေ။လမင်းကြောင်ငေးပြီးကြည့်နေမိစဉ်မှာပင်
"လမင်းလား ..လာလေ ...၀င်ခဲ့လေကွယ် ... ဘာရပ်လုပ်နေတာလဲ "
မတူးသည် အချိုပွဲပြင်နေသော နှင်းအိမ်ကိုကူညီရန်ဆင်းလာစဉ် ခြံရှေ့တွင်ရပ်နေသော လမင်းကို မြင်လိုက်ရသဖြင့် လှမ်းခေါ်လိုက်သည်။ဒေါ်တူး၏ မေးသံကြောင့်နှင်းအိမ်သည်လည်း ခြံဝသို့လှမ်းကြည့်လိုက်မိသည်။ထိုအခါတွင် လမင်းနှင့်နှစ်ယောက်သား အကြည့်ချင်းဆုံသွားမိကြသည်။အကြည့်ချင်းဆုံလိုက်မိကြပြီးသည့်နောက် နှင်းအိမ်ကဦးစွာ အကြည့်ကိုလွှဲပစ်လိုက်သည်။
လမင်းသည် အိမ်ထဲသို့ဝင်လာခဲ့ပြီး နှင်းအိမ်အနားတွင် ယောင်တိယောင်တောင်နှင့် ရပ်လိုက်မိသည်။ရပ်နေရင်းမှ မည်သို့စကားစရန်းမှန်းမသိဘဲဖြစ်နေမိသည်။သူတို့နှစ်ယောက် စကားမပြောဖြစ်ခဲ့ကြသည်မှာလည်း ကြာခဲ့ပြီလေ။နောက်ဆုံးတွင် လမင် စိတ်ကို တင်းလိုက်ပြီး စကားစပြောလိုက်သည်။
"ငါ ..ဘာကူညီပေးရမလဲ ..."
"ရတယ် ... ဘာမှလုပ်စရာမရှိဘူး "
နှင်းအိမ်က အသံမာဆတ်ဆတ်နှင့် ပြန်ဖြေလိုက်သည်။
" ဘယ်ကကောင်လဲ ..ငါ့ကိုတောင် ဘာမှမပြောဘူး ... တွေ့တာ ဘယ်လောက်ကြာသေးလို့လဲ ... ကျောင်းပြီးတာနဲ့ အလုပ်လုပ်ဖို့စိတ်မကူးသေးဘဲ အိမ်ထောင်ပြုဖို့တွေးရလား "
ရုတ်တရက်အသံမာမာနှင့် ပြောလိုက်သော လမင်း၏စကားကြောင့်နှင်းအိမ်က လမင်းကိုကြည့်လိုက်ပြီး
" အေးပါ ... ဂရုစိုက်သွားနော် သမီး ....လိုင်းကားတွေကြပ်ရင်... ကားငှားစီးသွားလိုက်..ပိုက်ဆံကို နှမြောမနေနဲ့နော် "
"ဟုတ်ကဲ့ အမေ "
~~~~~~
အိမ်ကထွက်ပြီး လမ်းမပေါ်သို့ ရောက်သည်နှင့် တင်းထား သောစိတ်များက မျက်ရည်ပေါက်များအဖြစ် ပါးပြင်ပေါ်သို့ စီးကျလာခဲ့သည်။ အချစ်ဆိုတာ ဘာမှန်းမသိခင်မှာ အသည်းကွဲခြင်းဝေဒနာကို ဦးစွာခံစားခဲ့ရလေပြီ။
"တူ..တူ...တူ "
မျက်ရည်များကို ကာကွယ်ရန် ထီးကိုခပ်ငိုက်ငိုက်ဆောင်းပြီး လျှောက်လာခဲ့စဉ် ဖုန်းသံကမြည်လာခဲ့သည်။
"ဟယ်လို "
အသံကိုငိုသံမပါအောင် ထိန်းရင်းဖုန်းကိုထုတ်ပြောလိုက်သည်။
" နှင်းအိမ်ဘယ်မှာလဲ .. မြို့ထဲမရောက်သေးဘူး မဟုတ်လား ... ငါနားချိန်ရလို့ မင်းကိုလိုက်ပို့ပေးမလို့လေ....အခုဈေးရှေ့နားမှာစောင့်နေတယ် ... ဒါပဲနော် ....အေးဆေး လာခဲ့ ... သူငယ်ချင်းကားငှါးလာခဲ့တယ် "
ပြောပြီးသည်နှင့် ကိုချမ်းဘက်က ဖုန်းချသွားသည်။နှင်းအိမ် ခြေလှမ်းများကို ဈေးထိပ်ဘက်ဆီသို့ဦးတည်လျှောက်လှမ်းလိုက်သည်။
~~~~
" နှင်းအိမ် ဘာဖြစ်နေတာလဲဟင်..နေမကောင်းလို့လား "
နွမ်းလျနေသော နှင်းအိမ် မျက်နှာလေးကိုကြည့်ပြီး ကိုချမ်းမေးလိုက်မိသည်။
နှင်းအိမ်သည်လည်း ငိုချင်ရဲ့လက်တို့ဆိုသလို ကိုချမ်းမေးလိုက်သောအခါမှပင် ဟီးခနဲငိုချလိုက်မိတော့သည်။နှင်းအိမ်၏ အပြုအမူကြောင့် ကိုချမ်းထိတ်လန့်သွားမိပြီး ကားကိုလမ်းဘေးတစ်နေရာတွင် ထိုးရပ်လိုက်မိမလိုဖြစ်သွားသည်။ပြီးမှ ကားကိုဆက်မောင်းလာခဲ့ပြီး အားပါးတရငိုနေ သောနှင်းအိမ်ကို ဘာမျှမမေးဘဲ လွှတ်ထားပေးလိုက်သည်။ကိုချမ်းရင်ထဲမှာတော့ နှင်းအိမ်၏ရှိုက်သံက သူ့နှလုံးသားကို မီးစနှင့်ထိုးနေသလိုပင်ခံစားနေရသည်။
အတန်ကြာသောအခါ နှင်း အိမ်တစ်ယောက် အငိုတိတ်သွားသည်။ကိုချမ်းသည် လက်ကိုင်ပဝါလေးကို နှင်းအိမ်လက်ထဲသို့ထည့်ပေးလိုက်သည်။
" ဒီပုံစံနဲ့တော့ အင်တာဗျူးသွား ဖြေလို့မဖြစ်ဘူးထင်တယ် ..အချိန်လဲလိုသေးတာပဲ ..ကန်တော်ကြီးထဲမှာ ခဏသွားထိုင်ကြမလား "
ကိုချမ်းပြောလိုက်သောအခါ နှင်းအိမ်ကခေါင်းကိုအသာငြိမ့်ပြလိုက်မိသည်။
~~~~~
ရေပြင်ကိုဖြတ်တိုက်လာသောလေနုအေးက ကိုချမ်းတို့နှစ်ယောက်ကို ခပ်ဖြည်းဖြည်း တိုက်ခတ်သွားသည်။နှင်းအိမ်က ကန်တော်ကြီးရေပြင်ကိုငေးကြည့်နေသည်။ကိုချမ်းက နှင်းအိမ်၏ မျက်နှာလေးကို ငေးကြည့်နေသည်။ထို့နောက်တွင် ကိုချမ်းကပင် စကားစတင်ပြောလိုက်သည်။
"မင်းဘာဖြစ်လာတာလဲ နှင်းအိမ် ... ငါ့ကို ရင်ဖွင့်လို့ရပါတယ် "
ကိုချမ်း၏ စကားကြောင့် နှင်းအိမ်ကိုချမ်းကိုကြည့်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်မိသည်။
"ပြောရမှာရှက်စရာကြီးပါဟာ ...နှင်းအိမ်ရဲ့ အဖြစ်က ..ရည်းစားမထားဖူးဘဲ အသည်းကွဲနေတာလေ .. ရယ်ရတယ်မဟုတ်လား ..ဟင်း ..ဟင်း "
ပြောရင်းဖြင့် နှင်းအိမ်နာနာကျင်ကျင်လေသံဖြင့် ရယ်လိုက်မိသည်။ ကိုချမ်းကတော့ မရယ်နိုင်ဘဲ နှင်းအိမ်မျက်နှာလေးကိုသာ ငေးမြဲငေးနေမိပြီး သူသည် လည်း ရင်ထဲက နာကျင်မှုများကိုမျိုသိပ်လျက် နှင်းအိမ်ကို မေးလိုက်မိသည်။
"သူကဘယ်သူလဲ ...ဘယ်ကလဲ ဟင် ... "
" သူကနှင်းအိမ်ရဲ့ ငယ်သူငယ်ချင်းလေ ....မှန်တာပြောရရင် ကိုယ့်ကိုယ်ကိုယ် သူ့ကိုချစ်နေမိမယ်လို့မထင်ခဲ့ဘူး ... သူ တခြားတစ်ယောက်နဲ့ တွဲနေတော့မှ ကိုယ့်ခံစားချက်ကို သိလာမိတာ ...ငယ်ငယ်တုန်းကဆိုရင် သူကနှင်းအိမ်ကို ဦးစားမပေးဘဲ အခြားသူတွေကို ဦးစားပေးရင် ....သူ့ကို ထုရိုက်ပစ်ခဲ့တာ .. အဲ့ဒါတွေကြောင့် ထင်တယ် .. အရွယ်တွေရောက်လာကြတော့ ...သူက နှင်းအိမ်ကို မြင်တာနဲ့ ထွက်ပြေးတော့တာပဲ ...အခုတော့လဲ အားလုံးရှင်းရှင်းလင်းလင်း ဖြစ်သွားပါပြီ... သူက နှင်းအိမ်ကို သူငယ်ချင်းလိုတောင် သဘောမထားခဲ့ဘူးလေ ... ဒီနေ့လဲ သူတွဲနေတဲ့ တစ်ယောက်နဲ့ ခရီးထွက်သွားတယ် "
"ဪ "
နှင်းအိမ်၏ စကားဆုံးသွားသောအခါ နှစ်ယောက်သားကြားတွင် တစ်ခဏာမျှ တိတ်ဆိတ်သွားသည်။ပြီးနောက်ကိုချမ်းက စကားစလိုက်သည်။
" နှင်းအိမ်အလုပ်မလုပ်သေးဘဲ သင်တန်းတွေ အရင်တက်ပါလား ...အလုပ်ကို နောက်မှလုပ်လေ "
'' အမှန်တိုင်းပြောရရင် နှင်းအိမ် ဘာလုပ်ရမှန်းမသိဘဲ ယောင်ဝါးဝါးဖြစ်နေမိတာ ..အံ့ဒါ ကြောင့်မို့ အလုပ်တစ်ခုအရင်လုပ်ကြည့်မလားလို့ .."
"အင်းပါ ....မင်းလုပ်ချင်တာရှိရင်ပြော ...ငါကူညီပေးမယ် .. နောက်ဆုံး မင်းဆိုင်ဖွင့်ချင်တာဆိုရင်လဲ ငါကူညီပေးနိုင်တယ် ..."
ကိုချမ်း၏ စကားကြောင့် နှင်းအိမ်က ကိုချမ်းကို ကြည့်လိုက်မိသည်။
ကိုချမ်းက နှင်းအိမ်၏ အကြည်ကြောင်း ခေါင်းကိုလက်နှင့်ပွတ်လိုက်မိရင်း နှုတ်ခမ်းကို တစ်ချက်ဖိကိုက်လိုက်ပြီး
"ဒီလိုကွာ ..ပါပြောမယ် ... ငါ့အကြောင်းကို မင်းကိုအမှန်တိုင်းပြောပြဖို့ ကြိုးစားနေတာကြာပြီ...ဒါပေမဲ့ အရေးမကြီးဘူးထင်လို့ သေချာပြောပြဖို့ မကြိုးစားခဲ့တာ ...ဒီကြားထဲမှာ မင်းကလဲမင်းထင်တာတွေ လျှောက်ပြောနေတော့ ကြာလေရှင်းပြရခက်လေ ဖြစ်လာတာ ....မင်းကို ငါ လိမ်ခဲ့တာမဟုတ်ဘူး "
" ဘာတွေလဲ "
အလေးအနက်ပုံစံနှင့် ပြောနေသော ကိုချမ်းကို နှင်းအိမ် ကြောင်တောင်တောင်နှင့် မေးလိုက်မိသည်။
#မုန်းမာန်
(အခန်းဆက် ဝတ္ထုရှည် )
အပိုင်း ( ၁၉ )
*********
"ကိုချမ်း... မင်း ...ဘွားအေကို ဘယ်လိုပြောလိုက်တာလဲ "
ဦးမောင်မောင်ကသာဖြစ်သူကို အသံမာမာနှင့် ပြောလိုက်သည်။
" ကျွန်တော်ပြန်ပြောတာမဟုတ်ဘူး အဖေ ...အဖေတို့အဘွားတို့ဖြစ်စေချင်သလို ကျွန်တော်ကြိုးစားပြီး နေခဲ့တယ် ... ကျွန်တော်ဘွဲ့လဲရပြီးပြီ...ကျွန်တော့်ဦးစီးလုပ်တဲ့ လုပ်ငန်းတွေလဲ အောင်မြင်နေပြီ ..ဒါတောင်မှ ကျွန်တော့်စိတ်တိုင်းကျ မိတ်ဆွေအပေါင်းအသင်းထားခွင့် မရှိဘူးဆိုတာမဟုတ်သေးဘူး ... ကျွန်တော်ကလေး မဟုတ်တော့ဘူး.. ကိုယ်ပိုင်အသိဉာဏ်မရှိတဲ့ သူလို မိဘတွေလိုက်ထိန်းကျောင်းပေးရမဲ့ အရွယ်မဟုတ်တော့ဘူး ... လုပ်ငန်းကိစ္စတွေကအစ အပေါင်းအသင်းထားတာအထိ ... ကျွန်တော့်အသိဉာဏ်နဲ့ အသစ်အသစ်တွေကို အကောင်းဆုံး ဖန်တီးချင်တယ် အဖေ "
ကိုချမ်းသည် ဖခင်ဖြစ်သူနှင့်တကွ မိသားတစ်စုလုံးကို အေးဆေးတည်ငြိမ်စွာ ရှင်းပြလိုက်သည်။
ဒေါ်စန္ဒာက သားဖြစ်သူကို ကြည့်လိုက်ပြီး
"ဒါတော့ ဒါပေါ့ သားရယ် ..လူကြီးတွေက စိတ်ပူလို့ ပြောတာလေကွယ် "
"စိတ်ပူတာပူလို့ရတယ် အမေ .. ဒါပေမဲ့ ကိုယ်စိတ်ပူတတ်တာနဲ့ပဲ ... အခြားသူရဲ့ အခွင့်အရေးကိုတော့ လိုက်ပိတ်ပင်ထားလို့မရဘူး ..."
ကိုချမ်း၏ ပြတ်သားသော ပုံစံနှင့် စကားသံကိုနားထောင်ပြီး ဦးမောင်မောင်သက်ပြင်းချလိုက်မိသလို ဘွားအေဖြစ်သူများကတော့ မကျေမနပ်ဖြစ်နေမိကြသည်။တစ်သက်လုံးက တစ်အိမ်လုံးအပေါ် ဩဇာလွှမ်းမိုးခဲ့ကြသော ဒေါ်ခင်မမနှင့်ဒေါ်နုနုတို့အတွက် အချစ်ရဆုံးမြေးလေးက သူ့တို့၏အမိန့်အာဏာများကို အမြဲဆန့်ကျင်နေခဲ့သည်လေ။သည်မြေးကို ချစ်လွန်း၍ ဒေါ်နုနု၏သမီးနှစ်ယောက်ကိုပင်လျှင် အိမ်ခွဲပေးလိုက်ပြီး မောင်မောင်တို့နှင့်နေခဲ့သည်လေ။ မြေးဖြစ်သူချမ်းမြေ့မောင်သည် တော်ပါသည်။ထက်မြက်ပါသည်။ထူးချွန်ပါသည်။မိသားစုများကိုလည်း ချစ်ခင်ပါသည်။သို့သော်လည်း သူလုပ်ချင်ပြီဆိုလျှင် မည်သူမျှ တားမရဘဲ တဇွတ်ထိုးလုပ်တတ်သော အကျင့်ရှိသည်။ထိုအကျင့်ကြောင့်ပင် ဒေါ်ခင်မမတို့မှာ ရတက်မအေးနိုင် ဖြစ်နေကြရလေသည်။
"အဖေ့ကို ကျွန်တော်ပြောစရာရှိတယ် "
"ပြောလေ သား ...ဘာပြောမှာလဲ "
သားဖြစ်သူ၏ စကားကို ဦးမောင်မောင်က ထောက်ပေးလိုက်သည်။
"ကျွန်တော် ခရီးသွား၀န်ဆောင်မှုလုပ်ငန်းလုပ်ချင်တယ် ... အဲ့ဒီအတွက် ကျွန်တော်လေ့လာနေပြီ ...ဒီနှစ်ထဲမှာအကောင်အထည်ဖော်နိုင်ဖို့ ကြီးစားမယ် .. အဲ့ဒါ အဖေတို့ကို ပြောပြတာပါ "
သားဖြစ်သူ၏ စကားကြောင့် ဦးမောင်မောင်တို့ အံ့ဩသွားမိကြသည်။ဦးမောင်မောင်က သားဖြစ်သူကို ကြည့်လိုက်ပြီး
"သားက ခွင့်တောင်းတာမဟုတ်ဘဲ အသိပေးတာလား .. သားလုပ်ချင်တာကို အဖေတို့ မတားချင်ပါဘူး.....ဒါပေမဲ့ သားရဲ့ စားသောက်ဆိုင်းနဲ့ အဖေတို့လုပ်နေတဲ့ လုပ်ငန်းတွေ တိုးချဲ့ဖို့ကိစ္စတွေလဲရှိသေးတယ်လေကွာ .. ပြီးတော့ အဖေ အခုလုပ်နေတဲ့အိမ်ရာစီမံကိန်းကကြီးတယ် အဖေအဲ့ဒီမှာ ဆောက်လုပ်ခွင့်ရနိုင်ဖို့အတွက် အဲ့ဒီဘက်မှာလုံးဝစိတ်နှစ်ထားချင်လို့ တည်းခိုခန်းကိစ္စတွေကို သားကိုစီမံပေးစေချင်တာ ...သားက ဖြုန်းစားကြီ လုပ်ငန်းသစ်လုပ်မယ်ဆိုတော့ အဖေတို့ ဟိုမနိုင်ဒီမနိုင်ဖြစ်သွားလိမ့်မယ် "
" ဒါများ အဖေရယ် ...ဘာမှမပူပါနဲ့ ဒီလောက်ကတော့လုပ်နိုင်ပါတယ် ...ကျွန်တော့်အလုပ်ကြောင့် အဖေတို့ကို မထိခိုက်စေရပါဘူး "
ဖခင်ဖြစ်သူကို ကိုချမ်းရဲရဲကြီးအာမခံလိုက်သည်။ဘွားအေဖြစ်သူတို့မှာ စိတ်ထဲတွင် မကျေနပ်ကြသော်လည်း နှုတ်ဆိတ်လျက်ရှိကြလေသည်။
~~~~~
"လမင်းနဲ့ပပစိုးခရီးသွားကြတယ်တဲ့ သိလား ... အရောင်းအဝယ်ကိစ္စနဲ့သွားကြတယ်ဆိုလား ...ကြည့်ရတာ သူတို့နှစ်ယောက်လဲမကြာတော့ဘူးထင်တာပဲ ..ငါ့တို့တော့ ဒီနှစ်ထဲမှာမင်္ဂလာပွဲနှစ်ပွဲနွှဲ့ရမယ်ထင်တယ် "
မတူး၏စကားကြောင့် မအေးနွယ်ရှက်ဝဲဝဲလေးနှင့်ခေါင်းငုံ့ထားလိုက်သည်။
နှင်းအိမ်မှာလက်ထဲတွင်ကိုင်ထားသောဖိုင်တွဲကို ယောင်ယမ်းပြီးဆုပ်ခြေလိုက်မိသည်။ရင်ထဲတွင် လေးလံထိုင်းမှိုင်းသွားပြီးငိုချင်စိတ်များ ဖြစ်ပေါ်လာသောကြောင့် အံကိုတင်းတင်းကြိတ်ထားလိုက်မိသည်။ဆယ်ကျော်သက်အရွယ်သို့ ရောက်လာကြကတည်းက နှင်းအိမ်နှင့်အပြင်သွားကြမယ်ဆိုလျှင် အကြောက်အကန်ငြင်းခဲ့သောသူက တခြားအမျိုးသမီးတစ်ယောက်နှင့် ညအိပ်ညနေခရီးသွားသည်တဲ့လေ။မသိစိတ်ကရောသိစိတ်ကပါ မျှော်လင့်ထားခဲ့ရသမျှတို့သည် ရူးသွပ်ခြင်းသက်သက်သာဖြစ်နေသည်ကို နှင်းအိမ်သိလိုက်ပါပြီ။ နှင်းအိမ်နှင့်ပတ်သက်လျှင် ဆံခြည်တစ်မျှင်စာမျှပင် ခံစားချက်မရှိခဲ့သောသူ။သူရောကိုယ့်မှာပါ ဖုန်းတွေ ကိုယ်စီရှိခဲ့ကြသော်လည်း တစ်ခါလေးမျှ ဖုန်းမဆက်၊စာမပို့ခဲ့သောသူ။ သည်လိုလူမျိုးဆီက နှင်းအိမ်ဘာကိုမျှော်လင့်နေမိမှန်းမသိတော့ချေ။တွေးကြည့်လျှင် နာကြည်းစရာကောင်းလှသည်။
"သမီး ဘာတွေစဉ်းစားနေတာလား ...အင်တာဗျူးသွားဖြေရမှာ လား ...တော်ကြာအလုပ်ကတန်းဆင်းနေရလို့ ဟိုနေ့ကျရင်နားမရ ဖြစ်နေအုံးမယ် "
မိခင်၏အသံကိုကြားလိုက်ရသောအခါမှ နှင်းအိမ်သတိဝင်လာမိပြီး
" အင်တာဗျူး ဖြေပြီးရင် အနည်းဆုံးသုံးပတ်စောင့်ရမှာတဲ့ အမေ..... ဒီနေ့ သမီးနောက်ကျမယ်နော် ...အင်္ဂလိပ်စာသင်တန်းလဲ သွားအပ်မလို့လေ "
ကားပေါ်သို့ တက်သွားသော ကိုချမ်းကို နှင်းအိမ်လက်ပြလိုက်ပြီး ပြန်ရန်အလှည့်တွင် နှင်းအိမ်ကို စူးစူးဝါးဝါးလှမ်းကြည့်နေသော လမင်းကိုတွေ့လိုက်ရလေသည်။လမင်းကိုကြည့်ပြီး နှင်းအိမ်လန့်ဖျပ်သွားမိကာ ရင်တွေတဒိန်းဒိန်းခုန်လျက် ခြေဖျားလက်ဖျားများပါ အေးစက်လာသည်။လမင်းက အကြည့်ကိုတစ်စက်မှမလွှဲဘဲကြည့်နေသလို နှင်းအိမ်းကလည်း သူ့ကိုမင်သက်ငေးမောပြီးပြန်ကြည့်နေမိစဉ်မှာပင် စတိုးဆိုင်ထဲမှ ပပစိုးထွက်လာတာကို တွေ့လိုက်ရသည်။ထို့နောက် ဆိုင်ရှေ့တွင် ရပ်ထားသောကားပေါ်သို့ နှစ်ယောက်သားတက်သွားကြလေသည်။ထိုမြင်ကွင်းကို နှင်းအိမ်ကြောင်ငေးလျက်ကြည့်နေမိလေသည်။
~~~~~~~
" မြေးလေး ...အခုတလောဘယ်ကို သွားသွားနေတာလဲ .. ကားလဲယူမသွားဘူး ....ငါ့မြေးဘာတွေ လုပ်နေတာလဲ ပြောပါအုံး "
ချမ်းမြေ့မိသားစု၏ ညစာထမင်းဝိုင်းတွင် ဒေါ်နုနုကမေးလိုက်ခြင်းဖြစ်သည်။မြေးဖြစ်သူ ယခင်နှင့်မတူဘဲ ခြေလှမ်းများနေသည်ကို ဒေါ်နုနုနှင့်ကသိနေသည်လေ။
"ဟုတ်လား သား...သားဘာတွေ လုပ်နေတာလဲ ... အဖေတို့လဲ ဘာမှ မသိရပါလား "
ဦးမောင်မောင်က သားဖြစ်သူကို မေးလိုက်သည်။
ကိုချမ်းသည် ဖခင်ဖြစ်သူ၏မျက်နှာကို ကြည့်လိုက်ပြီး
" ဟုတ်တယ် အဖေ .... ကျွန်တော့် သူငယ်ချင်းဆီသွားလည်တာပါ "
" သူငယ်ချင်းဟုတ်လား ..ဘယ်က သူငယ်ချင်းလဲ ...သားသူငယ်ချင်းတွေက သားရဲ့ဆိုင်ကို လာကြတာမဟုတ်ဘူးလား "
သားဖြစ်သူ၏ အဖြေစကားကြောင့် မိခင်ဖြစ်သူဒေါ်စန္ဒာအံ့သြစိတ်ဖြင့်မေးလိုက်သည်။
" မဟုတ်ဘူး အမေ ....သူက သူငယ်ချင်းအသစ်ပါ "
" သူငယ်ချင်းအသစ်ဟုတ်လား မြေးလေး ... သူငယ်ချင်းက ယောက်ျားလေးလား မိန်းခလေးလားကွယ် ....တွေ့ရာလူတွေနဲ့ မိတ်ဆွေဖွဲ့နေပြန်ပြီလား မြေးလေးရယ် "
သည်တစ်ခါ စိုးရိမ်တကြီး ထမေးလိုက်သူမှာ ဒေါ်ခင်မမင်ဖြစ်သည်။
ကိုချမ်း ဘွားအေကြီးကို ကြည့်လိုက်ပြီး
"မိန်းခလေးပါ အဘွား ..ပြီးတော့ သူက တွေ့ရာလူမဟုတ်ပါဘူး အဘွား ...ကျွန်တော်တန်ဖိုးထားရတဲ့သူပါ "
" ဘာ...ဘာပြောတယ် မြေးလေး "
@@@@@@@@@@@@@@@@@@@@@
အပိုင်း (၁၉ ) ဆက်ရန်
#ဧကြည်ဖြူ
လမင်း၏စကားကြောင့် လမင်းကို သူရတစ်ချက်ကြည့်လိုက်ပြီး ဆိုင်ထဲသို့လှည့်ပတ်ကြည့်လိုက်မိသည်။
"မင်းလဲကြိုးစားတယ်နော် .. ငါ မင်းကို မေးစရာရှိလို့လာတာကွ ...မေတုတ်ရှိလား "
"မရှိဘူးကွ ...ဆိုင်မှာ ငါရှိတယ်ဆိုတာနဲ့ မေနွယ်တို့ဆိုင်သွားတာပဲ "
"မေတုတ်က နှင်းအိမ်ကိုတော့ အတော်ချစ်တာပဲကွနော် ...တကယ်လို့ နှင်းအိမ်သာအိမ်ထောင်ပြုသွားရင်တော့ ဒုက္ခပဲ "
" ဘာ ...ဘာပြောတယ် ..နှင်းအိမ်က အိမ်ထောင်ပြုမယ် ဟုတ်လား ... သူ့မှာ ချစ်သူရှိနေပြီလား "
သူရ၏ စကားကြောင့် လမင်း အံ့ဩတကြီးနှင့် မေးလိုက်မိသည်။
" သူလဲ အရွယ်ရောက်နေပြီပဲကွ ... အိမ်ထောင်ပြုမှာပေါ့ ...ပြီး တော့ မင်းနဲ့နှင်းအိမ်မတွေ့တာ ဘယ်လောက်ကြာပြီလဲ ....နှင်းအိမ်ဆီကို သူ့သူငယ်ချင်းဆိုတဲ့ကောင်. မကြာခဏလာနေတာမင်းမသိဘူးလား ....ငါနဲ့တောင် တစ်ခါဆုံဖူးသေးတယ် .. ရုပ်ကတော့ခပ်ဖြောင့်ဖြောင့်ပဲ ..မင်းနဲ့တောင်ဆင်သေးတယ် ...အခုလဲနှင်းအိမ်အလုပ်လုပ်ဖို့ကို သူကအလုပ်ရှာပေးနေတာလို့ပြောတယ် "
သူရထံမှ စကားများကို နားထောင်နေရင်း လမင်းရင်ထဲ မွန်းကြပ်သလို ဖြစ်လာပြီး လွှတ်ခနဲပြောလိုက်မိလေသည်။
" အိမ်ထောင်ပြုဖို့ကတော့ ... စောပါသေးတယ် "
" အဲ့ဒါကတော့သူ့ကိစ္စ ..သူ့သဘောလေကွာ "
~~~~~~~
ကိုချမ်းတက္ကစီပေါ်က ဆင်းလိုက်ချိန်တွင် ကားလမ်းဘေး ပလက်ဖောင်းတွင် ရပ်နေသော နှင်းအိမ်ကို တွေ့လိုက်ရသည်။ဆံပင်ကို ခပ်မြင့်မြင့်စည်းနှောင်ထားပြီး မဝတ်စဖူးထဘီအနက်ပွင့်နှင့်အဖြူရောင်လက်စကဘလောက်စ်အင်္ကျ ဖြူကိုဝတ်ထားသည်၊၊ရိုးရှင်းသော ဝတ်စုံလေးနှင့် သူမပုံစံက အဝေးကကြည့်လျှင်ပင် ထင်း၍နေသည်။ ဖြစ်နိုင်လျှင် သူ၏ကားနှင့်သူမသွားလေရာနေရာအနှံ့သို့ လိုက်ပို့ပေးချင်မိသည်။သို့သော်လည်း သူလည်း ညာမပြောရပါဘဲနှင့် သူမစိတ်ထင်ရာကို ရှင်းပြဖို့ရန် အားနာခဲ့မိခြင်းက ရှေ့ဆက်ညာဖို့ရန်အကြောင်းဖြစ်လာတော့သည်။ထို့ကြောင့် သူ့မှာ သူမဆီလာလျှင် တက္ကစီစီးလိုက်၊ လိုင်းကားစီးလိုက်နှင့် လုံးလည်ချာလည်လိုက်နေရတော့သည်၊
" နှင်းအိမ် စောင့်နေတာကြာပြီလား "
အနားသို့အပြေးသွားလိုက်ရင်း ကိုချမ်းမေးလိုက်သည်။
" ဟင့်အင်း မကြာသေးပါဘူး ...ကိုချမ်းမလာလဲ နှင်းအိမ်တစ်ယောက်တည်းသွားရဲပါတယ်... အလုပ်ကနေ အသည်းသန်ပြေးလာရတာ.. ဆိုင်ရှင်လဲဆူနေအုံးမယ်..."
"ရပါတယ် မဆူပါဘူး ..လာ .. သွားကြမယ် .. တက္ကစီစီးသွားကြရအောင်လေ "
"ဟင့်အင်း လိုင်းကားပဲစီးမယ်....အလုပ်ကမရသေးဘူး...ပိုက်ဆံကိုချွေတာရမယ် "
"တက္ကစီခ ငါပေးလိုက်မယ်လေ "
ကိုချမ်း ပြောလိုက်သော်လည်း နှင်းအိမ်ကကိုချမ်းရဲ့ အင်္ကျီလက်မောင်စကို ဆွဲလိုက်ပြီး
" လာစမ်းပါ ..ဘယ်လိုဖြစ်နေတာလဲ ...လိုင်းကားစီးရင် တစ်ရာနှစ်ရာပဲကုန်မှာကို ..ပိုက်ဆံကို ချွေတာစမ်းပါ ကိုချမ်းရယ်... အလုပ်လုပ်ရတာမပင်ပန်းဘူးလား ... ဆိုင်မှာလဲလုပ်ရ...သူတို့ခိုင်းရင်လဲသွားရနဲ့ ... ကိုယ်ပိုင်လုပ်ငန်းလုပ်နိုင်အောင်ကြိုးစားရမယ်လေ ...နှင်းအိမ်မှာ ပိုက်ဆံရှိရင် ခရီးသွားဝန်ဆောင်လုပ်ငန်း လုပ်မယ်...အဲ့ဒီကျရင် ကိုချမ်းက မန်နေဂျာလုပ် ..လုပ်ငန်းအားလုံးကိုစီမံလေ ..."
"ငါကအားလုံးကို လုပ်ရမယ်ဆိုတော့ ..မင်းကရော ဘာလုပ်မှာလဲ "
" နှင်းအိမ်ကခရီးတွေသွားပြီး... ခရီးစဉ်တွေကို လေ့လာရမှာပေါ့ "
" ဪ သူကျတော့သက်သာလိုက်တာ ..လူလည်မလေး "
ကိုချမ်းပြောလိုက်တော့ နှင်းအိမ်ကရယ်မောလိုက်သည်။ရယ်နေသောနှင်းအိမ်မျက်နှာလေးကို ကိုချမ်းငေးကြည့်နေမိသည်။ရိုးသားသော၊ ပွင့်လင်းသော၊ လူမကြောက်တတ်သော ထိုကောင်မလေးကို ဘယ်ဘ၀က ရေစက်ကြောင့်များ ကိုချမ်း ခင်တွယ်နေမိသည် မသိပါလေတော့။တစ်စတစ်စပို၍ရင်းနှီးလာသည်နှင့်အမျှ သူမကကိုချမ်းရင်ထဲတွင် နေရာအခိုင်အမာရယူထားခဲ့လေပြီ။
" ဒါနဲ့ အရင်တုန်းကပြောတော့ စတိုးဆိုင်ဖွင့်ချင်တာဆို ... အဲ့ဒါက ပိုမနီးစပ်ဘူးလား.."
ကိုချမ်း၏အမေးကြောင့် နှင်းအိမ်အောက်နှုတ်ခမ်းလေးကို အပေါ်သွားနှင့် ခပ်တင်းတင်းဖိကိုက်လိုက်မိပြီး မချိုပြုံးလေးပြုံးလိုက်ကာ
"စတိုးဆိုင်လောက်နဲ့ မရဘူးကိုချမ်းရဲ့ ...စတိုးဆိုင်ကြီးရယ်... သွားလေရာစီးဖို့ကားတစ်စီးရယ် ...ပြီးတော့ ဘဏ်ထဲမှာ ငွေသားသိန်းချီရှိမှရမှာလေ "
အောက်နှုတ်ခမ်းလေးကို ဖိကိုက်လျက် နာနာကျင်ကျင်ပုံစံနှင့်ပြောနေသော နှင်းအိမ်ကို ကြည့်ပြီး ကိုချမ်းရင်ထဲသနားသွားမိသည်။"မင်းလိုချင်တာတွေ ကိုယ်အကုန်ပေးနိုင်ပါတယ် နှင်းအိမ်ရယ် " ဟု စိတ်ထဲမှအခါခါပြောလိုက်မိသည်။တစ်နေ့နေ့ ကျရင်တော့ဖြင့် သူ့ဘ၀မှန်နှင့် သူ့ရင်ထဲမှခံစားချက်များကို ဖွင့်ပြောရမည်။ထိုနေ့အမြန်ဆုံးရောက်ရှိလာရန်အတွက်တော့ သူကြိုးစားရလိမ့်မည်ထင်သည်။
~~~~~
" ငါသွားတော့မယ်နော် ... အလုပ်အတွက် မပူနဲ့ ... မင်း အလုပ် ကျိန်းသေရစေရမယ် လူလည်မလေးရဲ့ "
ကိုချမ်းသည် နှင်းအိမ်၏ ခေါင်းလေးကို ခပ်ဖွဖွပုတ်ကာ အားပေးစကားပြောလိုက်ပြီး ရှေ့တွင် ထိုးရပ်လာသော ဘတ်စ်ကားပေါ်သို့ ပြေးတက်သွားလိုက်သည်။
"လမင်းရေ ...မင်းကဈေးကွက်အကြောင်းကို သဘောပေါက်လွယ်လှချည်းလား ...လုပ်ကွာ ...မင်းလုပ်ငန်းတစ်ခုတော့ စလုပ်သင့်ပြီ...ဦးလေးတို့လဲ မင်းလုပ်ငန်းထဲ ရှယ်ယာထည့်မယ် ...မင်းလုပ်ချင်တာတစ်ခုကို စလိုက်တော့ ...ဆိုင်ကို အလုပ်သမားတွေနဲ့ထားလိုက် ..မင်းအမေနဲ့ မင်းအဘွားလဲ အရောင်းအဝယ်ကျွမ်းနေပြီပဲလမင်းရ ..."
" ဟုတ်ကဲ့ ဦးလေး .. ကျွန်တော်လဲ စဉ်းစားနေတာ ... ဒီဘက်ကမြေကွက်အရောင်းအဝယ် ပါးပြီဆိုတာနဲ့ ...အပြတ်ဖြတ်လိုက်တော့မယ် ... မစိုးရဲ့လုပ်ငန်းကိုလဲ ကျွန်တော် စိတ်ဝင်စားတယ် ... ဒီလုပ်ငန်းက ခြေနိုင်လက်နိုင်ရှိတယ် ..ကျွန်တော်ကတော့ အလှကုန်ထက် လူသုံးကုန်လိုင်းကို ပိုစိတ်ဝင်စားတယ် ..နယ်စပ်အသိဆင်းပြီး တစ်ခါလောက် ကုန်ပစ္စည်းတွေကို သွားလေ့လာချင်သေးတယ် .. ပြီးရင် ဒီဘက်မှာ လက်ကားသဘောမျိုး အများထက်ဈေးသက်သာအောင်လုပ်ချင်တယ် "
လမင်း၏ ယုံကြည်ချက် အပြည်နှင့်ပြောနေသော ပုံစံကို ကြည့်ပြီး ပပစိုး၏ဖခင်ကြီးက ကျေကျေနပ်နပ်နှင့်ပြုံးလိုက်သည်။
~~~~
" ရှင် အစ်မတူး ..သမီးက အဲ့ဒီလိုပဲ ပြောတာလားဟင် .."
မအေးနွယ် မယုံကြည်နိုင်စွာ မေးလိုက်မိသည်။
"ဟုတ်တယ်အေးနွယ်ရဲ့ ...နင့်ကို တိုက်ရိုက်ပြောရင် နင်ရှက်နေမှာစိုးလို့တဲ့လေ ..."
မတူး၏စကားကြောင့် မအေးနွယ် သက်ပြင်းကိုချလိုက်မိသည်။
" မဖြစ်နိုင်ပါဘူး အစ်မတူးရယ် ... ကိုယ့်မှာသမီးပျိုလေးနဲ့လေ .. ဘယ်လိုလုပ် အိမ်ထောင်ပြုလို့ဖြစ်မှာလဲ ...အသက်လဲလေးဆယ်ကျော်လာပြီး "
" အေး ...အဲ့ဒီလို အသက်လေးဆယ်ကျော်လာလို့ ...နင့်သမီးက ပြောနေတာ ...နင့်ကိုထမင်းဟင်းမချက်ခိုင်းချင်တော့ဘူးတဲ့ ...သူလဲ အလုပ်လုပ်ချင်ပြီတဲ့ ..နင့်ကို စိတ်မချလို့တဲ့လေ ....နင်လဲ မောင်မျိုးကို သံယောဇဉ်ရှိတယ်မဟုတ်လား အေးနွယ်ရဲ့ "
မအေးနွယ်ငေးငိုင်သွားမိသည်။ဘ၀မှာ အချစ်ဆိုတာ ဘာမှန်းမသိဘဲ ကလေးတစ်ယောက်မွေးခဲ့ရသည်။ကိုမျိုးအောင်နှင့် ပတ်သက်လျှင် စိတ်ထဲလှုပ်ရှားပြီး သံယောဇဉ်တွယ်မိသော်လည်း သမီးလေးအတွက်သာပူပန်မိသည်။သမီးကို ဘယ်ယောကျာ်းနှင့်မှ စိတ်မချနိုင်။
" အို ..မဖြစ်သေးပါဘူး အစ်မရယ် .... စိမ်းစိမ်းကျက်ကျက်ဘယ်ယောကျာ်းနဲ့မှ သမီးလေးကို တစ်အိမ်ထဲ အတူနေခွင့်မပြုဘူး ..ရတယ် သမီးလေးကသူ့မိသားစုနဲ့သူဖြစ်သွားရင်လဲ ကျွန်မတစ်ယောက်တည်းပဲနေမယ်.. အသက်ကြီးလာရင် ဘိုးဘွားရိပ်သာမှာ သွားနေလိုက်မယ်...သမီးကလဲ ကျွန်မကိုမဖြစ်မနေတာဝန်ယူစရာ မလိုပါဘူး ....ကျွန်မကိုပဲ ကြည့်လေ မိဘတွေရှိပေမဲ့ အကြောင်းတွေကြောင့်.. မိဘတွေကိုသွားမပြုစုနိုင်ဘူးလေ "
နှင်းအိမ်ဆက်ပြီး နာထောင်နိုင်စွမ်းမရှိတော့သောကြာင့် မိခင်ဖြစ်သူ စကားပြောနေရာဆီသို့ ဝင်သွားလိုက်သည်။
" သမီးကလေ ..အမေအသက်ကြီးလာတဲ့အခါ တာဝန်မယူချင်လို့ ပြောတာမဟုတ်ပါဘူး အမေရယ် ... အမေ့ကို ပျော်စေချင်တယ် .. သမီးက အလုပ်လုပ်မယ်... ခရီးတွေသွားမယ် .. ပြီးရင်လဲ သမီးအိမ်တောင်ပြုလိုက်ရင်...အမေတစ်ယောက်တည်း အထီးကျန်နေလိမ့်မယ် ... သမီးကိုပဲ ချစ်မနေပါနဲ့အမေရယ် ... အမေ့ကိုယ်အမေလဲချစ်ပါအုံး ...အဲ့ဒီလိုမှမဟုတ်ရင် အမေ့ကိုအားနာလွန်းလို့ သမီးဘာမှမလုပ်နိုင်ဘူး အမေရယ် ... သမီးအတွက် အမေ့ဘ၀ကို ဒီလောက်စတေးခဲ့ပြီးရင် တော်ပါပြီ အမေရယ် "
နှင်းအိမ်ပြောရင်းနှင့် မျက်ရည်များ စီးကျလာမိသည်။
" အေးပါ သမီးရယ် ... အမေကလဲ သမီးအတွက်ပဲစိတ်ပူလို့ပါ ..."
"ကဲ ...ကဲ သားအမိနှစ်ယေက် ပြောကြ ..ငါပြန်လိုက်အုံးမယ် "
မတူးက သားအမိနှစ်ယောက်ကို ကြည့်ပြီး အလိုက်သိစ္စာပင် ပြန်ရန်ပြင်လိုက်သည်။ မိုးလည်းချုပ်နေပြီ ဖြစ်သောကြောင့် မတူးပြန်ခဲ့လိုက်သည်။မတူး ပြန်သွားသည်နှင့် မအေးနွယ်က သမီးဖြစ်သူကို ကြည့်လိုက်ပြီး "
" သမီးမှာ ချစ်သူရှိနေပြီလား .. ဟိုကောင်လေးနဲ့ သမီးကဘယ်လို ပတ်သက်တာလဲ "
" ကိုချမ်းနဲ့ သမီးက သူငယ်ချင်းတွေပါ ...သူက သမီးအလုပ်ရဖို့ကူညီပေးနေတာ အမေ ... သမီးကလေ တစ်နေရာပြီးတစ်နေရာ လျှောက်သွားနေရတဲ့ အလုပ်မျိုးကို လုပ်ချင်တာ ...အဲ့ဒါအမေ့ကို စိတ်ချလက်ချ ထားခဲ့ချင်တယ် - "
" နေရာအနှံ့လျှောက်သွားနေတာမျိုးတော့ အမေစိတ်မချပါဘူး သမီးရယ် "
"အမေကလဲ ..သမီးက ကလေးမဟုတ်တော့ဘူးလေ..အမေ ကြည့်လေ ..သူရတို့တွေကသူတို့ အလုပ်ကိုယ်စီနဲ့ ဖြစ်နေကြပြီ ..သမီးတစ်ယောက်တည်း ဘာလုပ်ရမှန်းမသိဖြစ်နေမိတာ .. ထမင်းဟင်းချက်နေရတာကို မလုပ်ချင်ဘူး ...အမေ့ကိုလဲ မလုပ်စေချင်ဘူ"
"အေးပါကွယ် ...အေးပါ ...အမေ စဉ်းစားပါ့မယ် "
အမေ့စကားကြောင့် နှင်းအိမ် အမေ့ခန္ဓာကိုယ်လေးကို ဖက်လိုက်မိသည်။အမှန်တိုင်းပြောရလျှင် မိခင်ကြီးကိုလည်း ပျော်ရွှင် စေချင်သည်။ပြီးလျှင် နှင်းအိမ်လည်း သည်နေရာတွင်မနေချင်။သည်အရပ်မှ အဝေးဆုံးသို့ပြောင်းရွေ့သွားပစ်လိုက်ချင်နေမိသည်။
~~~~~~~
" သူဋ္ဌေးရာ ....တွေ့ရခဲလိုက်တာ ...ဘာတွေလုပ်နေတာလဲ ငါလာတိုင်း မတွေ့ဘူး "
သူရက လမင်းဘေးကခုံတွင် ဝင်ထိုင်ရင်းမှ မေးလိုက်သည်။
" အင်း ဟုတ်တယ် ...မတွေ့တာကြာပြီပဲ ... အလုပ်တွေများနေတာ .. မြေကွက်ပွဲစားလဲလုပ်.. အိမ်ခြံမြေပွဲစားလဲလုပ်တယ် .. ပြီးတော့ မစိုးတို့နဲ့ဆိုင်တစ်ဆိုင်ဖွင့်ဖို့ ကြိုးစားနေတယ်ကွာ "
"ဪ ..အေးပါကွယ် ..နောက်လဲ လာလည်နော် သား "
"ဟုတ်ကဲ့ ..ကျေးဇူးတင်ပါတယ် အန်တီ "
~~~~
"မင်းအမေက သဘောကောင်းတယ်နော် နှင်းအိမ် "
" အင်း ဟုတ်တယ် ....အမေက သဘောကောင်းတယ် ...ငါနဲ့မတူဘူး ..ငါကတော့ နည်းနည်းဆိုးတယ်... ဘယ်သူနဲ့မှမတည့်ဘူး... သူငယ်ချင်းတွေနဲ့လဲ အမြဲရန်ဖြစ်နေတာ "
"ဟုတ်လား ... ငါနဲ့တော့ မဖြစ်ပါနဲ့ဟာ ... ငါကကြောက်တတ်တယ် ... မင်းဘာလုပ်လုပ်သည်းခံပါ့မယ် "
ကိုချမ်းက ရယ်ပြီးပြောလိုက်သဖြင့် နှင်းအိမ်လည်း ရယ်လိုက်မိပြီး
" သည်းခံစရာမလိုပါဘူးနော် ...တစ်ခုပဲ နှင်းအိမ်ပြောသမျှကို ဆန့်ကျင်ဘက်ပြောတာ ...လုပ်တာမျိုးတော့မရဘူးနော်...အဲ့ဒါမျိုးဆို အူတွေယားပြီးခေါင်းတွေ ခေါက်ချင်..လည်ပင်တွေ ညှစ်ပစ်ချင်တာ "
" ဟာကွာ လန့်လိုက်တာ...သတိထားရမှာပေါ့နော်....မင်းဆီကို ဖုန်းဆက်မယ်နော် ရတယ်မဟုတ်လား...တကယ်လို့မင်းအပြင်မှာ အလုပ်လုပ်မယ်ဆို ငါ့ကိုပြောလေ ..ငါ့မှာအသိတွေအများကြီးရှိတယ်..."
"အင်း ... အလုပ်ကလုပ်မှာ ...အဝေးသင်ဖြေထားတယ် .. ဒီနှစ်ကနောက်ဆုံးနှစ်လေ "
" ကျောင်းပြီးမှဆိုတော့ ပိုအဆင်ပြေတယ် ... အလုပ်အများစုက အလုပ်လုပ်ရင်းကျောင်းပြန်တက်ရင် ခွင့်ပေးချင်ကြတာမဟုတ်ဘူး "
နှင်းအိမ်တို့စကားတပြောပြောနှင့် လျှောက်လာကြရင်း ကားဂိတ်သို့ရောက်လာခဲ့ကြသည်။ကားဂိတ်သို့ရောက်သောအခါ မလှမ်းမကမ်းတွင်ရှိသော စတိုဆိုင်ဆီသို့ နှင်းအိမ်လှမ်းကြည့်လိုက်မိသည်။ယခုတလော ဘကျော်တို့ဆိုင်ရှေ့ကလည်း ဖြတ်မလျှောက်မိတော့သလို့ စတိုးဆိုင်ဘက်ကိုလည်း မရောက်ဖြစ်။ သွားစရာလာစရာရှိလျှင် ဈေးကြီးရဲ့ဘေးလမ်း သို့မဟုတ် ဈေးတန်းထဲကပဲ သွား လိုက်သည်။စတိုးဆိုင်ထဲတွင် ပပစိုး၏အရိပ်အယောင်ကိုမျှမတွေ့ရ။ အရောင်းစာရေးမလေးများကိုပဲ တွေ့နေရသည်။နှင်းအိမ် မျက်နှာကို တစ်ဖက်သို့ ပြန်လွှဲလိုက်မိသည်။
" နောက်ထပ် ငါလာလည်လို့ရလားဟင် "
နှင်းအိမ်၏တင်းမာသယောင်ဖြစ်နေသော မျက်နှာလေးကို ကြည့်ပြီး ကိုချမ်းမရဲတရဲ မေးလိုက်မိသည်။နှင်းအိမ်က ကိုချမ်းကို မော့ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
"ရပါတယ် လာလည်လေ ..ခုတလော ငါ့မှာ သူငယ်ချင်း မရှိတာနဲ့အတော်ပဲ "
နှင်းအိမ်၏ တုံ့ပြန်စကားကြောင့် ကိုချမ်းရင်ထဲ လှိုက်ခနဲ ဝမ်းသာသွားမိသည်။ နှင်းအိမ်နှင့် ပတ်သက်၍ နှစ်လနီးပါးလောက်အထိ ကိုချမ်း မေ့မေ့ပျောက်ပျောက်နေနိုင်အောင်ကြိုးစားခဲ့သည်။သို့သော်လည်း နှစ်လနီးပါးကြာ သောအချိန်တွင် မေ့ပျောက်သွားရမည့်အစား ကိုချမ်းစိတ်ထဲမှာ သူမကို ပိုတွေ့ချင်လာမိသည်။သတိရလာမိသည်။နောက်ဆုံးတွင်တော့ သည်နေရာသို့ ကိုချမ်းရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ရှေ့ရေး နောင်ရေး ဘာအရေးတွေကိုမှ ကိုချမ်း မတွေးချင်တော့ ကိုယ့်ရင်ထဲက စိတ်ဆန္ဒအတိုင်းပဲ လိုက်နာခဲ့လိုက်ခြင်းဖြစ်သည်။
" ကားလာနေပြီ ..ငါသွားတော့မယ်...ဖုန်းဆက်မယ်နော် "
" အင်းပါ ..အင်း ..အင်း...."
~~~~~
" နှင်းအိမ်က ဒီလိုမျိုး.. သူ့သူငယ်ချင်းတွေကို အလည်မခေါ်ဖူးဘူးနော် အေးနွယ် ....ကောင်းလေးက ရုပ်ရည်လဲသားသားနားနားသန့်သန့်ပြန့်ပြန့်လေးပါပဲ...နင် သိပ်တော့ စိတ်ပူမနေပါနဲ့ဟယ် "
မတူး၏ စကားကြောင့် မအေးနွယ်ရင်ထဲ ပို၍ပင်စိတ်ပူသွားမိသည်။သို့သော်လည်း ယခုတလောမှုန်မှိုင်းနေသောသမီးဖြစ်သူကို ဒီနေ့လို့ ရယ်ရယ်မောမောနှင့် စကားပြောနေတာကို မြင်ရတော့လည်း မအေးနွယ်စိတ်ချမ်းသာပါသည်။တစ်ဖက်ကစိတ်ပူမိသော်လည်း သမီးလေးပြုံးရွှင်နေလျှင်တော့ မအေးနွယ်လည်း ကျေနပ်ပါသည်။
~~~~~
" သိပ်အတင့်မရဲနဲ့ မစိုး ..အခြေအနေကို စောင့်ကြည့်အုံး ..တော်ကြာကိုယ့်လက်ထဲမှာပိုက်မိသွားရင် ငွေအိပ်သွားလိုက်မယ် ..... ဒီရက်ထဲတော့ လူနေရပ်ကွက်ထဲက အကွက်တွေပဲ .ဝယ်ကြတာပါ ...အဲ့ဒါတွေက ကိုယ့်ဆီမှာ အောင်းသွားလဲ အရှုံးမရှိဘူး..."
လမင်းက အခြေအနေကို တွက်ဆပြီး ပပစိုးကိုပြောလိုက်သည် ။ပပစိုး၏ ဖခင်ဖြစ်သူကလည်း သမီးဖြစ်သူကို ကြည့်လိုက်ပြီး
"ဟုတ်တယ် သမီးသိပ်အရဲမကိုးနဲ့တော့ ..ကိုယ်အတွက်လဲ အမြတ် တော်တော်များများ ရနေပြီဆိုရင် ..နည်းနည်းပြန်ထိန်းပြီး ခိုင်မာတဲ့ စီးပွားရေးတစ်ခုမှာပဲ ရင်းနှီးမြှုပ်နှံတော့ ...လမင်းရော ဘယ်လိုလဲ. ဦးလေးပြောတာ လက်ခံတယ်မဟုတ်လား "
" ဟုတ်ကဲ့ လက်ခံပါတယ် ဦးလေး ....အခုက သူဌေးတွေက ဈေးကွက်ကစားနေကြတာပါ .. သူတို့တွေ တဖြည်းဖြည်းနဲ့ နောက် ဆုတ်သွားပြီး ကျွန်တော်တို့လို့ သူငယ်နှပ်စားလူမျိုးတွေပဲ ပိုများလာမယ်ဆိုရင် .. ဒီကစားပွဲကိုရပ်သင့်ပြီလို့.. ကျွန်တော်တော့သုံးသပ်မိတယ် ... ဒီလိုဆက်သွားနေရင် လူလတ်တန်းစားတွေရဲ့ လက်ထဲမှာ : တော်တော်နဲ့ရောင်းမထွက်တဲ့ အကွက်တွေပိုက်မိသွားကြလိမ့်မယ် ... မြေကွက်တွေပြန်အသိမ်းမခံရရင်တော့ နှစ်ရှည်အောင်းလိုက်ရင် ကျိန်းသေ အမြတ်တော့ရမှာပေါ့ ... ဒါပေမဲ့ ဒါက မသေချာဘူး ... "
#မုန်းမာန်
(အခန်းဆက် ဝတ္ထုရှည်)
အပိုင်း ( ၁၈ )
*****
"မေနှင်းအိမ်တို့ဆိုင်လား ခင်ဗျ "
သူ့ကိုကြောင်ကြည့်နေကြ သော အမျိုးသမီးင်္ကြီး နှစ်ယောက်ကို ဒုတိယအကြိမ်မြောက် ကိုချမ်းမေးလိုက်သည်။
မအေးနွယ်နှင့်မတူးမှာလည်း နှင်းအိမ်ကိုလာမေးသော ယောကျာ်းလေးအပေါင်းအသင်းက မရှိသလောက်ရှားသောကြောင့် ရုတ်တရက်အံ့ဩသွားမိကြခြင်းဖြစ်လေသည်။ဒုတိယအကြိမ်မြောက်မေးမြန်းသံကိုကြားလိုက်ရသောအခါ၌မူ မအေးနွယ်က ပြန်၍ဖြေလိုက်သည် ။
" ဟုတ်ပါတယ် ....နှင်းအိမ်သူငယ်ချင်းလား ....ထိုင်လေ နှင်းအိမ်ကို ခေါ်ပေးပါမယ်ကွယ် "
ပြောပြီးသည်နှင့် မအေးနွယ် နောက်ဘက်ခန်းထဲသို့ဝင်ခဲ့လိုက်သည်။မတူးကတော့ ဟင်းအိုးများတင်ထားသည့်နားတွင် ထိုင်လျက် မသိမသာ အကဲခတ်နေမိသည်။
~~~~~
"သမီး နှင်းအိမ် ... ဧည့်သည်တစ်ယောက် သမီးကိုလာမေးတယ် "
"ရှင် ...ဧည့်...ဧည့်သည်ဟုတ်လား အမေ ..ဟိုတစ်ခါလာတဲ့ ရှေ့နေကြီးလား "
မိခင်ကို နှင်းအိမ်အထိတ်တလန့်နှင့် မေးလိုက်မိသည်။
" မဟုတ်ပါဘူးကွယ် ...အခုက သမီးတို့ အရွယ်ကောင်လေးတစ်ယောက်ပါ ...သမီးသူငယ်ချင်းနေမှာပေါ့ "
" ကောင်လေးတစ်ယောက်ဟုတ်လား အမေ "
မိခင်ဖြစ်သူကို နှင်းအိမ်ဇဝေဇဝါနှင့် မေးလိုက်မိပြီးမှ တစ်စုံတစ်ခုကို စဉ်းစားမိပြီး အပြင်သို့ ထွက်ခဲ့လိုက်သည်။
~~~~
အပြင်သို့ရောက်သောအခါ နှင်းအိမ်စိတ်ကထင်သည် အတိုင်း ကိုချမ်းဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားရသည်။
'' ကိုချမ်း တကယ်လာတာပဲ ... နှင်းအိမ်တို့ တွေ့တာကြာနေပြီဆိုတော့ မလာတော့ဘူးထင်နေတာ "
နှင်းအိမ်က နှုတ်ဆက်လိုက်ရင်း ကိုချမ်းထိုင်နေသော စားပွဲဝိုင်းရှိခုံမှာဝင်ထိုင်လိုက်သည်။
"အလုပ်တွေမအား ဖြစ်နေတာရယ် ..ခရီးလဲသွားနေလို့ပါ ...."
" ထမင်းစားမှာမဟုတ်လား ..ဘာဟင်းနဲ့စားမလဲ ...ဒါမှမဟုတ် အကုန် မြည်းကြည့်မလား ... စက်ဘီးလိုက်စီးခွင့်ပေးတဲ့ ကျေးဇူးကိုဆပ်တဲ့အနေနဲ့ အခမဲ့ ဝန်ဆောင်မှုပေးပါမယ် "
နှင်းအိမ်၏ စကားကြောင့် ကိုချမ်းခေါင်းကို ခါယမ်းလိုက်ပြီး
"မဟုတ်တာ ... ပိုက်ဆံတော့ ပေးပါရစေ "
"ရပါတယ်ဟာ ....အရသာကောင်းရင်သာကြေငြာပေး....အခုချိန်က လခထုတ်ရက်မဟုတ်သေးတော့... သူငယ်ချင်းဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့ပေါ့ ... ကို ချမ်းကို နှင်းအိမ်အမေနဲ့လဲ မိတ်ဆက်ပေးထားအုံးမယ် ...
နှင်းအိမ်က မိခင်ဖြစ်သူ၏ လက်ကို သွားဆွဲခေါ်လိုက်သည်။မအေးနွယ်နှင့်မတူးမှာ နှင်းအိမ်တို့ကို မသိမသိအကဲခတ်နေကြရာမှ နှင်းအိမ်ကလာဆွဲခေါ်သဖြင့် မအေးနွယ်မှာ သမီးဖြစ်သူနောက်သို့ ယောင်ဝါးဝါးနှင့်လိုက်ပါလာခဲ့ရသည်။
''အမေ .. သူက သမီးရဲ့ သူငယ်ချင်းအသစ်ပါ... နာမည်က ကိုချမ်းတဲ့ ..သူကစားသောက်ဆိုင်မှာအလုပ်လုပ်တာလေ...ကိုချမ်းလဲမှတ်ထားနော် ...ဒါက နှင်းအိမ်ရဲ့အမေလေ..နာမည်ကဒေါ်အေးအေးနွယ်.... အဖေတော့မရှိ တော့ဘူး ...ပြီးတော့ ဟောဟိုမှာ ရပ်နေတဲ့သူက ....နှင်းအိမ်ရဲ့ ကြီးတော် ကြီးကြီးတူးတဲ့ ... နှင်းအိမ်မရှိတုန်းဆိုင်လာခဲ့ရင်းလဲ ...တို့အမေက သဘောကောင်းပါတယ် "
" ဟုတ်ကဲ့ ...တွေ့ရတာဝမ်းသားပါတယ်ခင်ဗျ "
ကိုချမ်းက မတ်တတ်ရပ်လိုက်ပြီး ခါးကိုကိုင်းညွှတ်လျက် ရိုရိုကျိုးကျိုး နှုတ်ဆက်လိုက်သည်။
" တွေ့ရတာဝမ်းသာပါတယ်ကွယ် ... အန်တီတို့ဆိုင်က စားသောက်ဆိုင်ကြီးတွေလောက် တော့ မကောင်းပေမဲ့ ..မင်းသူငယ်ချင်းနှင်းအိမ်ရဲ့လက်ရာကို မြည်းကြည့်လေ ..အားနာစရာမလိုဘူးနော် ....ကောင်မလေးတွေ စားပွဲပြင်လိုက်ပါအုံး ... သမီးတို့သူငယ်ချင်းတွေ အေးအေးဆေးဆေးစကားပြောကြလေ ... လိုအပ်တာရှိရင်ပြောနော်သား "
"ဟုတ်ကဲ့ အန်တီ ..ကျေးဇူးတင်ပါတယ်ခင်ဗျ "
မအေးနွယ်ပြောပြီးသည်နှင့် မတူးရှိရာသို့ ပြန်လျှောက်လာခဲ့သည်။စိတ်ထဲမှာတော့ သမီးဖြစ်သူ၏ ဧည့်သည်ကောင်လေးကြောင့် ထူးဆန်းနေမိသည်။
"ကိုချမ်းစားနော် ...ဒါတွေ အကုန်လုံးက နှင်းအိမ်လက်ရာတွေချည်းပဲ သိလား "
"ဟုတ်လား ..မြည်းကြည့်လိုက်မယ်နော် "
ဟင်းပန်းကန်တစ်ချပ်ထဲမှ ဟင်းတစ်ဇွန်းကို ကိုချမ်းခပ်စားလိုက်သည်။
"ဟာ ....အရသာရှိလိုက်တာ ..နှင်းအိမ်ကတော်လှချည်းလား ....ဘာလဲ နှင်းအိမ်က ဟင်းချက်ဝါသနာပါတာလား "
ကိုချမ်း၏အမေးကြောင့် နှင်းအိမ်ခေါင်းကိုခါယမ်းလိုက်ပြီး
"ဟင့်အင်း ...ဝါသနာမပါပါဘူး .. အမေပင်ပန်းနေတာကို မကြည့်ရက်လို့ ချက်ပေးနေတာလေ ... နောက်ဆို အမေ့ကိုလဲထမင်းဆိုင် မဖွင့်ခိုင်တော့ဘူး ...နှင်းအိမ်လဲ စတိုးဆိုင်ဖွင့်မှာ "
" ဪ ....နှင်းအိမ်က အရောင်းပိုင်း ဝါသနာပါတာပေါ့ "
ကိုချမ်း၏အမေးကြောင့် နှင်းအိမ်တွေခနဲဖြစ်သွားမိပြီး
"ဟင့်အင်း အရောင်းပိုင်းလဲဝါသနာမပါဘူး ထင်တယ် ...ဒီလိုပဲ စတိုးဆိုင်ကြီးတစ်ဆိုင်လောက်ပိုင်ဆိုင်ချင်ရုံပါ ...ကဲပါ ထမင်းစားလိုက်အုံး ..."
~~~~~
"အမေ ကိုချမ်းပြန်တော့မယ်တဲ့ ...သမီးကားဂိတ်လိုက်ပို့ပေးလိုက်အုံးမယ်နော် "
နှင်းအိမ်က မိခင်ဖြစ်သူဆီမှ ခွင့်တောင်းလိုက်သည်။ကိုချမ်းကလဲနှုတ်ဆက်လိုက်သည်။
"ပြန်ခွင့်ပြုပါအုံး အန်တီ ...ကြိးကြီး .."
"ဘာသတင်းရမှာပဲ ....ခုတလော လမင်းနဲ့ ပပစိုးတို့ ပွဲစားဆိုလား လုပ်နေကြတာလေ ... အတော်လေး ၀င်ငွေကောင်းတယ်ထင်တယ်... ကားတွေဘာတွေတောင် ဝယ်လိုက်ပြီ ကြားတယ် "
"ဟယ် ..ဟုတ်လား ...လမင်း ဝယ်လိုက်တာလား ..၀မ်းသာလိုက်တာ အစ်မရယ် .."
"သူတစ်ယောက်တည်းပိုင်လား .. နှစ်ယောက်ပိုင်လားတော့ မသိဘူး ... ကားပေါ်မှာတော့ နှစ်ယောက်တစ်တွဲတွဲပဲ ...ကောင်းပါတယ် ပပစိုးတို့ကပိုက်ဆံရှိတော့... လမင်းကံကောင်းတာပေါ့ .."
ဒေါ်ကြီးတူး၏စကားများကို နားမထောင်ချင်တော့သောကြောင့် နှင်းအိမ်မီးဖိုခန်းထဲသို့ ဝင်ခဲ့လိုက်သည်း။
" ဒီဆိုင်က မေနှင်းအိမ်တို့ဆိုင်လားခင်ဗျာ "
နှင်းအိမ်နာမည်ကို မေးပြီး ဝင်လာသော ခပ်ချောချောလူငယ်လေး၏အမေးကို မတူးနှင့်မအေးနွယ်တို့ ဖြုန်းခနဲပြန်မဖြေနိုင်ဘဲ ကြည့်နေမိကြလေသည်။
@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း ( ၁၈ ) ဆက်ရန်
#ဧကြည်ဖြူ
" ဒေါ်သုန်ကြောင့် အမေလဲစိတ်ညစ်နေပြီ ... သူကဘာလို့များ သမီးကိုလာပတ်သက်ချင်နေရတာလဲ မသိဘူး.....သူတကယ်ပဲ သမီးကို သံယောဇဉ်ရှိနေလို့လား ... အမှန်တိုင်းပြောရရင် သမီးကိုသူတို့နဲ့ မပတ်သက်စေချင်ဘူး ...သူတို့နာမည် သူတို့အကြောင်းကို တွေးလိုက်ရုံနဲ့ အမေ့ရင်ထဲမှာ မီးတွေတောက်နေသလို ခံစားရတယ် "
" နှင်းအိမ်သိပါတယ်အမေရယ် .. နှင်းအိမ်တောင်းပန်ပါတယ်နော် "
နှင်းအိမ်က မိခင်ဖြစ်သူကို ခပ်တင်းတင်းဖက်ရင်း တောင်းပန်စကားဆိုလိုက်မိသည်။
~~~~~
လမင်းဆိုင်သိမ်းပြီး အိပ်ရာဝင်ချိန်တွင် ည(၁၁)နာရီထိုးနေလေပြီ။ဆိုင်အလုပ်သမားများကို ည(၉)နာရီဆိုလျှင်
ပြန်ခွင့်ပေးပြီး ကိုးနာရီခွဲလောက်အထိတော့ ဆိုင်ကိုဖွင့်ထားရသည်။မနက် (၆) နာရီမှ ည (၁၀)နာရီကျော်အထိ လမင်းမှာ မနားရ။ဆိုင်ကအစုံတင်ထားသောကြောင့် အရောင်းသွက်သည်။ တကယ်ဆိုလျှင် အလုပ်သမားလေးယောက်လောက်လိုအပ်သည်။လမင်းက လုပ်အားခချွေတာချင်သောကြောင့် သုံးယောက်ပဲငှားထားသည်။လိုအပ်သမျှကို လမင်းတစ်ယောက်တည်းနိုင်အောင်လုပ် သည်။မီခင်ဖြစ်သူလည်း ဈေးကူရောင်းပေးနေသောကြောင့်သာလမင်းမှာ အသက်ရှူချောင်နေရခြင်းဖြစ်သည်။မဟုတ်လျှင် ထမင်းစားချိန်ပင် ရမည်မထင်မိ။ဘကျော်နှင့် ကြီးစန်းတို့က ဆိုင်ကို လမင်းနှင့် လုံးဝလွှဲထားပြီး ဘုရားသွားကျောင်းတက်ဖြင့် ပျော်မွေ့နေကြလေပြီ။ဆိုင်ကို တိုးတက်အောင်လုပ်ဖို့က လမင်း၏ တာဝန်လုံးလုံးဖြစ်နေပြီ ။
"သား..လမင်း ....အိပ်ပြီလား "
'"မအိပ်သေးဘူး အမေ .... ဝင်ခဲ့လေ "
အခန်းပြင်မှ မိခင်ဖြစ်သူ၏ အသံကြောင့် လမင်းအိပ်ရာပေါ်လှဲနေရာမှထထိုင်လိုက်သည်။လမင်း၏ အခန်းတံခါးကပိတ်လေ့မရှိသောကြောင့် မိခင်ဖြစ်သူကို ဝင်ခဲ့ဖို့ပြောလိုက်သည်။အသက်ကြီးသော လူကြီးများနှင့် နေရသောကြောင့် လမင်းဘယ်တော့မှ အခန်းတံခါးကိုပိတ်ထားလေ့မရှိပါ။တစ်ယောက်ယောက်လှမ်းခေါ် လျှင် အလွယ်တကူ ကြားနိုင်သိနိုင်ဖို့ တံခါးကို လမင်းအမြဲဖွင့်တားရသည်လေ။
'' အမေ မအိပ်သေးဘူးလား...ဘာလိုချင်လို့လဲဟင် "
လမင်းက မိခင်ကို မေးလိုက်သည်။
မိတုတ်က သားဖြစ်သူကို ကြည့်ရင်း ခုတင်ဘေးက ခုံမှာဝင်လိုက်သည်။
"အမေ နှင်းအိမ်တို့ကို လွမ်းလို့ပါ သားလေးရယ် ... သူတို့နဲ့ အတူတူ နေရရင်ကောင်းမယ်...အမေက ပြောတယ် ...အတူတူနေချင်ရင် သားနဲ့နှင်းအိမ်လက်ထပ်ရင် အတူတူနေလို့ ရတယ်တဲ့ ...သားလေး နှင်းအိမ်ကိုယူလိုက်ပါလား ..ပြီးရင် အမေတို့တူတူနေ ကြမယ်လေ "
" ဗျာ "
မိခင်၏ စကားကြောင့် လမင်းလန့်သွားမိသည်။
"အမေ ဒီစကားတွေကို နှင်းအိမ်နဲ့ မေနွယ့်ကို သွားပြောလိုက်သေးလားဟင် "
" မပြောရသေးဘူး ... မနက်ဖြန်မှ သွားပြောမလို့လေ "
" တော်သေးတာပေါ့ အမေရယ် ...သွားမပြောရဘူးနော် ..မေနွယ်စိတ်ဆိုးသွားလိမ့်မယ် ... ကျွန်တော့်မှာ လုပ်စရာအလုပ်တွေ အများကြီးရှိသေးတယ် အမေ .... ကျွန်တော် အိမ်ထောင်ပြုလို့မရသေးဘူး ...အမေသတိရရင် သူတို့ဆီသွားလည်လေ အမေ ...အတူတူတော့ နေလို့မရလို့ပါ အမေရယ်နော် "
သားဖြစ်သူ၏ စကားကြောင့် မိတုတ်ထိုင်နေရာမှ ဝုန်းခနဲထရပ်လိုက်ပြီး
"အဲ့ဒါဆိုလဲ ပပစိုးကိုလဲ မယူရဘူးနော် ကြားလား....သားနဲ့ပပစိုးကကြိုက်နေတယ်လို့ လူတွေပြောနေကြတယ် အမေသဘောမတူဘူး...သားကနှင်းအိမ်နဲ့ပဲ ယူရမှာ..."
"ဗျာ... အမေဘာတွေပြောနေတာလဲ ..သွားအိပ်တော့နော် အမေ "
မိခင်ဆီမှ မထင်မှတ်ထားသော စကားများကိုကြားလိုက်ရသောကြောင့် လမင်းလန့်သွားမိတာ အမှန်ပင်။ကိုယ်တောင် မစဉ်းစားခဲ့ဖူးသည်ကို မိခင်ဖြစ်သူကစဉ်းစားနေသည်လေ။
~~~~~
" မြို့သစ်တွေဘက်မှာ မြေကွက်တွေ အရောင်းအဝယ် တစ်အားဖြစ်နေတယ် လမင်းရဲ့ ....စရံချပြီးလက်လွှဲရောင်းတာတောင် သိန်းချီပြီးကျန်တယ် ... တို့တောင် ဟိုနေ့ကတစ်ကွက် ဝယ်ပြီးပြန်ထုတ်လိုက်တာတာ တော်တော်လေးကျန်တယ် ... အဲ့ဒါလမင်းလဲရင်းကြည့်ပါလား ... မနိုင်ရင် တို့နှစ်ယောက်တစ်ဝက်စီပေါ့...မြေကွက်တွေ ဆင်းကြည့်ဖို့မလိုဘူး ...လူမနေသေးတဲ့အကွက်တွေကို မြေပုံကြည့်ပြီး အရောင်းအဝယ်လုပ်ကြတာ ... တစ်ချို့တွေ တော်တော်ထောနေကြပြီ "
ပပစိုး၏ စကားကို လမင်း စိတ်ဝင်စားမိသည်။ သို့ သော်လည်း စုဆောင်းထားသောငွေလေးဆုံးရှုံးသွားမှာလည်း ကြောက်မိသည်။
" ဘာတွေစဉ်းစားနေတာလဲ လမင်းရဲ့ ... မနက်ဖြန် ပွဲစားနဲ့ ချိန်းထားတယ် ....တစ်ကွက် ဝယ်ပြီး အမြတ်ရတာနဲ့ ချက်ချင်းပြန်ထုတ်ရောင်းမယ်ကွာ ..သုံးလေးရက်နဲ့ ဆယ်ဂဏန်းလောက်ကျန်မှာ "
" ဆယ်သိန်းလား "
" အေးလေ ...တို့ဆို တစ်နေ့ကမှ သိန်း(၂၀) နဲ့ ဝယ်လိုက်တဲ့ မြေကွက်ကို မနေ့က (၃၀) နဲ့ ပြန်ရောင်းလိုက်တယ်....."
သုံးလေးရက်နှင့် ဆယ်သိန်း တောင်မြတ်သည်ဆိုသောစကားကြောင့် လမင်းရင်တွေပင် တဒိန်းဒိန်းခုန်လာမိသည်။
"လုပ်မယ်ဗျာ ...."
" အိုကေ တို့နှစ်ယောက် အကျိုးတူ ပူပေါင်းကြတာပေါ့ ..မင်းရဲ့ဆိုင်ထက်တော့ အမြတ်ငွေသာစေရမယ်စိတ်ချ "
~~~~~~
''အေးနွယ်ရေ နင် လမင်း သတင်းကိုကြားသေးလား "
" ဘာသတင်းလဲ အစ်မတူး "
မတူး၏ အရင်းမရှိအဖျားမရှိ မေးလိုက်သောစကားကြောင့် မအေးနွယ် ပြန်မေးလိုက်မိသည်။
" ဟုတ်တယ် နှင်းအိမ်ကအရိုင်းအစိုင်းပဲ ....လူယုတ်မာရဲ့သွေးပါနေတာကို ဒီလောက်တော့ရိုင်းမှာပေါ့ .. တစ်ခါတည်း ပြောခဲ့မယ်နော် ...အမွေတွေ အကုန်မပေးနိုင်ဘဲနဲ့ မဆက်သွယ်ပါနဲ့ .. တော်ရုံ နေနိုင်စားနိုင်ရုံငွေလောက်ကတော့ မလိုချင်ဘူး "
ပြောပြီးသည်နှင့် နှင်းအိမ် နေရာမှထထွက်ခဲ့လိုက်သည်။ရင်ထဲတွင်တော့ ဦးမြင့်မောင်ကို မုန်းတီးလွန်း၍ ကြိတ်မနိုင်ခဲမရ ဖြစ်နေမိသည်။ သူ၏သားဆိုသူအတွက် ဆတ်ဆက်ထိမခံဖြစ်နေပုံက နှင်းအိမ်၏ဒေါသကိုပိုစွပေးနေသလိုပင်။
~~~~~
နှင်းအိမ်ဒေါသထွက်ထွက်နှင့် ဆိုင်ထဲမှထွက်လာခဲ့ပြီး ဆိုင်ပြင်ခြံဝသို့ရောက်သောအခါ ကောင်းကင်ထက်က နေမင်းက အလာတုန်းကထက်ပို၍ပူပြင်းနေခဲ့လေပြီ။နှင်းအိမ် အိတ်ထဲမှထီးအဟောင်းလေးကို ထုတ်ပြီးဖွင့်လိုက်သည်။အရေးထဲ မျက်ရည်က ပေါက်ခနဲကျလာပြန်သည်။ နှင်းအိမ်တို့နှင့် အဆက်အသွယ် ဖြတ်ချင်လို့ ပေးသည့်ပိုက်ဆံကို ယူလိုက်တဲ့ "လေ။ သူကတစ်ပြန်ပြောရသေးသည်။စိတ်ရှိတိုင်းသာဆိုလျှင် စိတ်ရှိလက်ရှိ ရိုက်နှက်ပစ်ခဲ့လိုက်ချင်သည်။ထီးကို ခပ်ငိုက်ငိုက်ဆောင်းရင်း အံကိုခပ်တင်းတင်းကြိတ်လျက် လမ်းမကြီးအတိုင်း ပြန်လျှောက်ခဲ့သည်။
~~~~~
စက်ဘီးကိုယူပြီးခပ်ဖြည်းဖြည်းတွန်းရင်းလမ်းလျှောက်သွားသော သူမနောက်မှ ကိုချမ်းခပ်ခွာခွာလိုက်ခဲ့သည်။အခန်းနံပတ် (၄ )ထဲက သူမ ထွက်လာတာကို တွေ့လိုက်ရတော့ ပိုက်ဆံ ပြန်ပေးပြီး တစ်ချက်လောက်ဆူငေါက်ဖို့ လုပ်ထားခဲ့သော်လည်း ရုတ်တရက် အခန်းထောင့်အကွယ်မှာ ငိုနေတာကို မြင်လိုက်ရတော့ ရင်ထဲမှာသနားမိသွားသည်။သူ့ချစ်သူနှင့်စကားများတာလားလို့ အခန်းဝန်ဆောင်မှုကို စုံစမ်းကြည့်လိုက်သောအခါ အခန်းထဲတွင် သူမနှင့်အတူ ရှိခဲ့သူများမှာ အသက်ကြီးကြီး လူများဖြစ်သည်။ကြည့်ရသည်မှာ မိသားစုပြဿနာဖြစ်မည်ထင်သည်။တကယ်ဆိုလျှင် သူတို့ဘာသာ ဘာပြဿနာဖြစ်ဖြစ် ကိုချမ်းနှင့်မဆိုင်ပါ။မဆိုင်သော်လည်း ယခုတော့စက်ဘီးကို အသာတွန်းရင်း သူမနောက်မှ လိုက်လာခဲ့မိလေသည်။
~~~~~
" ဟိတ် ... ကားဂိတ်သွားမှာလား ..လာလေ ငါနဲ့လိုက်ခဲ့ ... ငါလဲ ကားဂိတ်သွားမှာ "
စက်ဘီးကိုဘေးနားမှာရပ်ပြီး ပြောလိုက်သောအသံကြောင့် နှင်းအိမ် ဖျတ်ခနဲမော့ကြည့်လိုက်မိသည်။ထိုအခါ ခပ်စောစောက စက်ဘီးနဲ့လူကို မြင်လိုက်ရတာမို့ နှင်းအိမ်ဝမ်းသာသွားမိသည်။
" လိုက်လို့ရလားဟင် ... ကျေးဇူးပါပဲ "
သည်နေရာမှ မြန်မြန်သွားချင်နေပြီမို့ သူ့စက်ဘီးနောက်သို့ နှင်းအိမ် မြန်မြန်ဆန်ဆန်တက်ထိုင်လိုက်သည်။
~~~~~
"ဘယ်ကို ပြန်မှာလဲ "
စက်ဘီးကိုရပ်လိုက်ပြီးသည်နှင့် ကိုချမ်းမရဲတရဲဖြင့်မေးလိုက်မိသည်။
"သင်္ဃန်းကျွန်းဈေးဘက်ပြန်မှာ .."
" သင်္ဃန်းကျွန်းဈေးလား .. ဝေးတာပဲ.. အဲ့ဒီဘက်ကိုတစ်ခေါက်နှစ်ခေါက်တော့ ရောက်ဖူးတယ်..အဲ့ဒီနားမှာ ဘုရားရှိတယ်လေ ..ဆယ်တန်းတုန်းက သူငယ်ချင်းတွေနဲ့ လာဖူးတယ် "
ကိုချမ်းကစကားမရှိ စကားရှာပြီးပြောလိုက်မိသည်။
"ဘာလဲ ယက္ခညီနောင်ဆီမှာ... ဆယ်တန်းအောင်ဖို့လာဆုတောင်းတာလား "
"ဟင် ဘာပြောတာလဲ ..မင်းပြောတာကို နားမလည်းဘူး ''
သူမပြောတာကို နားမလည်တာကြောင်း ကိုချမ်းပြန်မေးလိုက်မိသည်။
"ဘာမှမဟုတ်ပါဘူး နောက်တာ ..ငါ့ကို တင်ခေါ်လာခဲ့ပေးလို့ ကျေးဇူးတင်ပါတယ် ... ပိုက်ဆံဘယ်လောက်ပေးရမလဲ "
" ရပါတယ် ခုနပေးပြီးပြီပဲ...မင်းနဲ့ငါ ဘော်ဒါတွေဖြစ်သွားပြီလို့မှတ်လိုက်လေ ...ငါ့နာမည်ကကိုချမ်းတဲ့..အသက်က (၂၂ )ပြည့်တော့မယ် ...စားသောက်ဆိုင်မှာ အလုပ်လုပ်နေတယ် ...မင်းကရော "
" ငါနာ့မည်က မေနှင်းအိမ်တဲ့ ... ဒီဇင်ဘာမှာအသက် (၂၂)ပြည့်မယ် ... ငါနဲ့ နင်နဲ့ အသက်လဲတူ ..အလုပ်လဲတူတယ် ....ဒါပေမဲ့ ငါကနင့်လို စားသောက်ဆိုင်မှာတော့ အလုပ်လုပ်တာမဟုတ်ဘူး ...ငါ့အမေရဲ့ထမင်းဆိုင်မှာ အချက်အပြုတ်လုပ်တာ "
နှင်းအိမ်၏ စကားကြောင့် ကိုချမ်း အံ့ဩသွားမိပြီး
"မင်းက အချက်အပြုတ်ကျွမ်း တယ်ပေါ့ ...အထင်ကြီးသွားပြီ ...အလုပ်ပိတ်ရက်မှာ မင်းတို့ဆိုင်မှာ ထမင်းလာစားအုံးမယ် ..လိပ်စာနဲ့ ဖုန်းနံပတ်ပေးခဲ့လေ "
" ငါတို့ဆိုင်က အိမ်ဆိုင်လေးနော် .. နင်အလုပ်လုပ်နေတဲ့ဆိုင်က အစားအသောက်တွေလောက် ကောင်းမှာမဟုတ်ဘူး "
" မင်းကလဲ ...ငါ့ကို အလကားကျွေးရမှာစိုးလို့လား "
"မဟုတ်ပါဘူး ပြောပြတာပါ ... ပေးလေနင့်ဖုန်း "
နှစ်ယောက်သား စကား ပြောနေစဉ်မှာပင် ကားရောက်လာသောကြောင့် နှင်းအိမ် ဘက်(စ်)ကားပေါ် အပြေးတက်ခဲ့လိုက်သည်။
နှင်းအိမ်ကားပေါ်သို့ တက်သွားသောအခါ ကိုချမ်းတစ်ယောက်တည်းစက်ဘီးတစ်စီးနှင့် ကားဂိတ်တွင် ခပ်ငေါင်ငေါင်ကျန်ခဲ့မိသည်။
~~~~~~
" သမီး အဆင်ပြေခဲ့လား ...သူတို့နောက်ထပ်လာပတ်သက်နေအုံးမှာလား ... အမေ သူတို့နဲ့ မဆုံချင်တော့ဘူး သမီးရယ် "
မအေးနွယ် သမီးဖြစ်သူကို ပြောလိုက်သည်။
"စိတ်ချပါ အမေ .. သူတို့ ထပ်မလာပါဘူး ...မသကာသမီးဖုန်းကို ဆက်ရုံပဲရှိမှာပါ "
" နှင်းအိမ် အဆင်ပြေပါတယ် ....ဘာမှလဲ မလိုချင်ဘူး ..အဘွားတို့နဲ့.ဒီအတိုင်း ဘာမှမပတ်သက်ဘဲနေချင်တယ်...အဲ့ဒါက နှင်းအိမ်အတွက်အဆင်ပြေဆုံးပါပဲ ... ရှေ့ဆက်ပြီး အမေ့ကိုစိတ်ဆင်းရဲအောင် လုပ်နေမယ်ဆိုရင် နှင်းအိမ် ဒီတက်ပိုပြီးသည်းခံမှာမဟုတ်ဘူးဆိုတာကို ပြောချင်လို့လာခဲ့တာပါ "
"မင်း ..မင်း ငါ့အမေကိုဘယ်လိုပြောနေတာလဲ ..မင်းစကားပြော တာ မိုက်ရိုင်းလှချည်လားကွ "
ရုတ်တရက် ဒေါသတကြီး ထပြောလိုက်သူကို နှင်းအိမ်ဖျတ်ခနဲ မော့ကြည့်ရက်မိပြီး
"ရိုင်းတယ်လို့ ပြောရအောင် ကျွန်မက ဘာတွေများစော်ကားမိလို့လဲ .....ဒီစကားလောက်တော့ ပြောခွင့်မရှိဘူးလား ...ဦးလေးဆိုရင်ရော ....ဦးလေးလိုလုပ်ခဲ့တဲ့သူရဲ့ အဆက်အနွယ်တွေနဲ့ ပတ်သက်ချင်ပါ့မလား ...ဒီမှာ ကျွန်မတို့ သုံးယောက်ပဲ စကားပြောချင်တယ် ..ရှေ့နေကြီးရော ..ဟိုဘက်က အဒေါ်ပါ အပြင်ထွက်သွားပေးပါ ... ."
နှင်းအိမ်က ဦးမြင့်မောင်ကို အသံမာမာနဲ့ ပြန်ပြောလိုက်ရင်း ရှေ့နေကြီးနဲ့ ဒေါ်သုန်၏ဘေးတွင် ရှိနေသောအမျိုးသမီးကြီးကို အပြင်သို့ထွက်ခိုင်းလိုက်သည်။
." ရပါတယ် အေးဆေးစကားပြောကြပါ ..."
ရှေ့နေကြီးနှင့် အမျိုးသမီးကြီး အပြင်သို့ထွက်သွားသည်နှင့် နှစ်ယောက်လုံးကို နှင်းအိမ် မျက်နှာချင်းဆိုင်းကြည့်လိုက်သည်။
''မြေးလေးမှားနေပြီနော် ... အဘွားက ငါ့မြေးတိုကို ဒုက္ခပေးဖို့လုပ်နေတာမဟုတ်ပါဘူးကွယ် .. မြေးလေးကို ချမ်းချမ်းသာသာနေစေချင်လို့ပါကွယ် "
ဒေါ်သုန်က လေသံအေးနှင့် ပြောလိုက်သည်။
" နှင်းအိမ်ဘက်က မလိုအပ်ဘူးလို့ပြောပြီးပါပြီ ...အဘွားလဲ မိန်းမသားဖြစ်ပြီး ကိုယ်ချင်းစာပေးပါလား ....အဘွားရဲ့သားက နှင်းအိမ်အမေ့အတွက် လူယုတ်မာတခ်ယောက်ပါ ... အဘွားသားရဲ့လုပ်ရပ်တွေက အမေ့အတွက်တော့ ပြန်မတွေးချင်တဲ့ကိစ္စတွေပါ .. သူ့ရဲ့ တဏှာစိတ်ကြောင့် ဆယ့်ရှစ်နှစ်တောင်မပြည့်သေးတဲ့ မိန်းခလေးကဘယ်လောက် ဒုက္ခရောက်ခဲ့ရလဲသိကြရဲ့လား .... စက်ဆုပ်ရွံရှာစရာကောင်းလှတဲ့ ဒီအဖြစ်တွေကို ပြန်မတွေးချင်လို့ ..မိဘတွေနဲ့တောင် မဆက်သွယ်ဘဲ ဒုက္ခတွေကို ရင်ဆိုင်ပြီးနေခဲ့တာလေ ...အဲ့ဒီလိုလူက ရှင်တို့ကိုတွေ့ချင်ပါ့မလား ....ဒီကိစ္စတွေအားလုံးကနှင်းအိမ်ကြောင့်ဖြစ်နေရတာမို့ ...အမေ့ကို အားနာလွန်းလို့...နှင်းအိမ်အသက်တောင်မရှင်ချင်ဘူး သိကြရဲ့လား "နှင်းအိမ်ပြောရင်းမှ ဝမ်းနည်းလာသောကြောင့် ငိုချလိုက်မိသည်။
ဒေါ်သုန်နှင့်ဦးမြင့်မောင်က ငိုနေသော နှင်းအိမ်ကိုကြောင်ငေးပြီး ကြည့်နေမိကြသည်။
"ရှင်တို့တွေအတွက်တော့ စိတ်အာသာပြေရုံ ... ကိုယ့်စိတ်ကျေနပ်ရရုံပြုလုပ်လိုက်တဲ့ ကိစ္စတွေက ... တစ်ဖက်လူအတွက် ဘဝတစ်သက်တာလုံး လူဖြစ်ရှုံးသွားတာကို သိကြရဲ့လား .. ပြောလေ .. ပြောစမ်းပါအုံး ဦးမြင့်မောင် ..ရှင့်မှာ ပိုက်ဆံတွေရှိရဲ့နဲ့ အပျော်မယ်တွေကြိုက်သလောက် ခေါ်လို့ရရဲ့နဲ့ မလုပ်သင့်တာကို ဘာလို့လုပ်ရတာနဲ့ ... ရှင်ရဲ့ တဏှာစိတ်ကြောင့် လူဖြစ်ခဲ့ရတဲ့ ကိုယ့်ကိုယ်ကို မုန်းလွန်းလို့ တစ်ခါတစ်ခါ အသက်တောင်မရှင်ချင်ဘူး သိရဲ့လား ...ဒါကို ဘာလို့ လာပတ်သက်နေကြတာလဲ "
နှင်းအိမ်ပြောလည်ပြောရင်း ငိုလည်းငိုမိလေသည်။
ဦးမြင့်မောင်က ငိုနေသော နှင်းအိမ်ကို ကြည့်လိုက်ပြီး
" ဒီမှာ ..မင်းကြီးကြီးကျယ်ကျယ် စကားတွေ လာပြောမနေနဲ့ ...ငါကလဲ မင်းတို့နဲ့ မပတ်သက်ချင်ပါဘူး ... ငါ့အမေရဲ့ ဆန္ဒမို့သာ ..ဒီနေရာကို ငါလိုက်လာခဲ့ရတာကွ ....ဒီမှာ တွေ့လား ငါ့ခြေထောက်ကို ... မင်းတို့သားအမိရဲ့ပယောဂကြောင့် ငါ့ခြေထောက်တစ်ဖက်လဲဖြတ်လိုက်ရပြီး .. ငါ့ရဲ့သားကလဲ ငါနဲ့ အဝေးဆုံးကို ထွက်သွားပြီ ....အေး မင်းတို့နဲ့ ပတ်သက်လာရင် ငါ့အတွက်လဲ အိပ်မက်ဆိုးပဲ သိရဲ့လား ...မင်းကို ငါ့အမေပေးတဲ့ပိုက်ဆံကိုယူပြီး ငါတို့ရဲ့ရေစက်ဆိုးကို ဖြတ်ရအောင် "
ဦးမြင့်မောင်၏ နှုတ်မှ ထွက်လာသော စကားများကြောင့် နှင်းအိမ် အံ့ဩလွန်း၍ ကြက်သေသေသွားမိသည်။
ဒေါ်သုန်က သားဖြစ်သူကို ကြည့်လိုက်ပြီး အသံမာမာနှင့် အော်လိုက်သည်။
"မြင့်မောင် မင်းပါးစပ်ကိုပိတ်ထားစမ်း "
နှင်းအိမ် ဦးမြင့်မောင်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီး
"ဘဝတော့ မပျက်သေးဘူးမဟုတ်လား ... ဘယ်လို ထပ်လုပ်ရင် ဦးလေးဘ၀ပျက်မှာလဲ ... ဒီမှာ အဘွား ...နှင်းအိမ်ကို အဘွားပိုင်ဆိုင်သမျှ အကုန်ပေးမယ်ဆိုရင် အဘွားအဖြစ် အသိအမှတ်ပြုပေးမယ် ...စည်းစိမ်အကုန်မပေးနိုင်ရင် ထပ်ပြီးမဆက်သွယ်ပါနဲ့ ... အဘွားကိုတော့ သနားပါတယ် ... သားလူယုတ်မာကြောင့် ဒုက္ခများနေရတယ် ... ဝဋ်ဆိုတာ ဒီလောက်နဲ့တော့ မပြီးဘူးနော် .... အိမ်ကထွက်သွားတဲ့ သားကိုလဲလိုက်ရှာလိုက်ကြပါအုံး ....တော်ကြာ အဖေ့ရဲ့ဝဋ်ကြွေးတွေကို သားက ဆပ်နေရအုံးမယ် "
" မင်း .. မင်း လူလေးလက်တောက်လောက်နဲ့ ရိုင်းစိုင်းလှချည်းလား "
ဦးမြင့်မောင် ဒေါသတကြီးနှင့် ထပြောလိုက်သည်။
ရှူးရှူးရှားရှား ဖြစ်သွားသော ဦးမြင့်မောင်ပုံစံကို ကြည့်ပြီး နှင်းအိမ်း ပြန်တုံ့ပြန်လိုက်သည်။
#မုန်းမာန်
(အခန်းဆက်ဝတ္ထု )
အပိုင်း ( ၁၇ )
********
" ကဲ...ရောက်ပြီ အမိ "
" ရောက်ပြီလား ... ရော့ "
စက်ဘီးရပ်လိုက်သည်နှင့် စက်ဘီးပေါ်ကနေ နှင်းအိမ် ဖျတ်ခနဲ ခုန်းဆင်းလိုက်ပြီး တစ်ထောင်တန်တစ်ရွက်ကို စက်သီးသမားလက်ထဲသို့ထည့်ပေးလိုက်ကာ ခြံထဲသို့ ပြေးဝင်ခဲ့လိုက်သည်။စားသောက်ဆိုင်သာဆိုသည် ခြံနှင့်ဝန်းနှင့် ဖြစ်သည်။ခြံထဲတွင်လည်း သီးသန့်စားပွဲဝိုင်းလေးများခင်းကျင်းထားသည်ကို တွေ့လိုက်ရသည်။
~~~~~
လက်ထဲသို့ ထိုးထည့်ပေးသွားသော တစ်ထောင်တန်ကိုကြည့်ရင်း စိတ်တိုသလိုလိုဖြစ်သွားမိသည်။ကျေးဇူးတင်စကားတစ်ခွန်းမျှပြောမသွားဘဲ ပိုက်ဆံပေးသွားပုံက လူကိုစော်ကားလိုက်သလိုပင်။ပြန်ပေးဖို့ မော့ကြည့်လိုက်တော့ မျက်စိရှေ့မှာမရှိတော့။ပြေး သွားလိုက်တာမှ လှစ်ခနဲ။ဆိုင်အ၀င်အ၀က ဧည့်ကြိုနှင့် စကားပြောနေတာကို တွေ့လိုက်ရသောကြောင့် စက်ဘီးကို လုံခြုံရေးဝန်ထမ်းဆီပေးလိုက်ပြီး အမြန်လိုက်သွားလိုက်သည်။အနားရောက်တော့ မရှိပြန်တော့။
"ခုနတစ်ယောက် ဘယ်ရောက်သွားလဲ ... သူ ဘယ်အခန်းကိုမေးတာလဲ "
" ရှင် ... ဟုတ်ကဲ့ ဘယ်သူ့ကိုမေးတာလဲ သူဋ္ဌေး"
ဧည့်ကြိုမလေးက ယောင်ဝါးဝါးနှင့် ပြန်မေးသည်။စိတ်တိုနေသည်ဆိုကာမှ ဧည့်ကြို ကောင်မလေး၏အခေါ်အဝေါ် ကြောင့်ပိုပြီး စိတ်တိုသွားရသည်။
"သူဋ္ဌေးလို့ မခေါ်နဲ့လို့ ပြောထားတယ်လေ ...ကိုချမ်းလို့ပဲခေါ် .. ခုန မင်းနဲ့စကားပြောနေတဲ့ ဆံပင်စည်းထားတဲ့မိန်းခလေးကိုပြောတာ... မျက်လုံးပြူးပြူးနဲ့ ခေါင်းကဆံပင်တွရှုပ်ပွနေတဲ့တစ်ယောက်လေ.... အင်္ကျီအနီလေးနဲ့ "
" ဪ ... ဟုတ်ကဲ့ ... ဟို ..ဟို သိပြီး..သန့်စင်ခန်းဘယ်မှာလဲလို့မေးတာ အစ်ကိုချမ်း "
" ဟမ် ..ဘာပြောတယ် သန့်စင်ခန်းနေရာမေးတာဟုတ်လား "
ကြားလိုက်ရသော စကားကြောင့် တိုနေသာစိတ်ကို ကိုချမ်းပြန်မျိုချလိုက်ရသည်။ဘာပဲဖြစ်ဖြစ်ကိုယ့်ဆိုင်ကိုလာရောက်အားပေးသူဆိုတော့လည်း ပြဿနာကိုပုံကြီးမချဲ့ချင်တော့ပါ။
~~~~~~
သန့်စင်ခန်းထဲရှိ မှန်ရှေ့တွင် နှင်းအိမ်ရပ်လိုက်ပြီး ချွေးပြန်နေသောမျက်နှာကို ပေါင်ဒေါပြန်ရိုက်လိုက်သည်။စည်းထားသော ဆံပင်များကို ပြန်ချကာသပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်လိုက်သည်။ပြင်ဆင်ပြီးသွားသောအခါ အိမ်ကထွက်လာတုန်းကလောက် ကြည့်မကောင်းတော့သော်လည်း ခပ်စောစောကလို ဆံပင်စုတ်တိစုတ်ဖွာ၊ ချွေးပြန်နေသောမျက်နှာထက်စာလျှင် အတော်လေးကြည့်ကောင်းသွားသည်။
သန့်စင်းခန်းထဲက ထွက်လာပြီးတော့ ဘာပ်သွားလို့သွားရမှန်းမသိ။စားသောက်ဆိုင်ဆိုပြီး အပြင်အဆင်က ဆိုင်ထဲမှာစားပွဲဝိုင်းများခင်းကျင်းထားခြင်းမဟုတ်။ဆိုင်ထဲစ၀င်လိုက်ကတည်းက သီးသန့်ခန်းလေးများနှင့်ဖြစ်သည်။ဖုန်းဆက်ပြီးပြောစဉ်က အခန်း (၄)ဟု ပြောသွားသော်လည်း အခန်းလေးကို ဘယ်လိုရှာရမှန်းမသိ။စင်္ကြန်လမ်းမှာ ကြောင်တောင်တောင်နှင့် ရပ်နေမိသည်။တစ်သက်နဲ့တစ်ကို ယ်ဒီလိုဆိုင်မျိုးကို ပထမဆုံးအကြိမ် ရောက်ဖူးတာလေ။ထိုအချိန်မှာပင် စားပွဲပန်းကန်များကို လက်တွန်းလှည်းလေးပေါ် တင်တွန်းလာသော စားပွဲထိုးတစ်ယောက်ကို တွေ့လိုက်ရသည်။
"ဒီမှာရှင့် ...အခန်း (၄) က ဘယ်နားမှာလဲ "
"ဟုတ်ကဲ့ .. မင်္ဂလာပါရှင် .. အခန်း (၄)က အပေါ်ထပ်မှာပါရှင် ... ခဏလေးပါနော် ...လိုက်ပို့ခိုင်းဖို့အတွက် တစ်ယောက်ခေါ်ပေးပါမယ် "
" ဟုတ်ကဲ့ ကျေးဇူးပါရှင် "
~~~~~~~~
"ဒီအခန်းပါရှင် "
"ဒေါက် ....ဒေါက် "
လမ်းညွှန်ပေးသူလေးက အခန်းတံခါးကို အရင်ခေါက်လိုက်ပြီး တံခါးကိုခပ်ဖြည်းဖြည်းဖွင့်လိုက်သည်။ ပွင့်သွားသော တံခါးမှ အခန်းတွင်းသို့ နှင်းအိမ်လှမ်းဝင်လိုက်သည်။
" မြေးလေးလာပြီလား ...ဘာနဲ့လာတာလဲ ...ကားငှါးစီးခဲ့ရလားကွယ် "
အခန်းထဲသို့ နှင်းအိမ်ဝင်လိုက်သည်နှင့် ဒေါ်သုန်သည် ထိုင်ခုံမှနေ တုန်တုန်ချိချိဖြင့်လှမ်း၍ နှုတ်ဆက်လေသည်။အဘွားကြီး ဒေါ်သုန်နှင့်အတူ သူ၏ဘေးတွင် အသက်ခပ်ရွယ်ရွယ်ခပ်နွမ်းနွမ်းပုံစံနှင့် အမျိုးသမီးတစ်ယောက်ပါသည်။ပြီးလျှင် နှင်းအိမ်တို့အိမ်သို့ လာခဲ့သောရှေ့နေနှင့် အမျိုးသားကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။ထိုလူကြီးသည် နှင်းအိမ်ကို မကြည့်ဘဲ မျက်နှာကိုဘေးသို့ခပ်စောင်းစောင်းလွှဲထားလေသည်။ထိုလူကြီး၏ပုံစံကိုကြည့်၍ နှင်းအိမ်စိတ်ထဲတွင် ဒေါသစိတ်ကဝင်ရောက်လာပြီး မျက်နှာထားတင်းတင်းနှင့်ပင် ခုံတွင် ဝင်ထိုင်လိုက်သည်။
"ငါ့မြေးလေးက လှလာလိုက်တာကွယ် ... ခုနေတဲ့နေရာမှာ နေခိုင်းရမှာတောင် စိတ်မချတော့ဘူး "
ဒေါ်သုန်က ပြောလျက်မှ နှင်းအိမ်၏လက်များကိုလှမ်းယူဆုပ်ကိုင်လိုက်သည်။နှင်းအိမ်က ဒေါ်သုန်လက်ထဲမှသူမလက်ကို ပြန်ရုန်းထွက်လိုက်ပြီး
"ပြောစရာရှင်းစရာရှိတာကို ဒီမှာပဲ အပြီးရှင်းဖို့ နှင်းအိမ်လာခဲ့တာ ပါ ...အိမ်ကိုလာပြီးအမေ့ကို စိတ်ဆင်းရဲအောင် ထပ်ပြီးဒုက္ခမပေးကြပါနဲ့ ...."
" အို မြေးလေးရယ် စကားကိုအဲ့လို ရိုင်းရိုင်းမပြောရဘူးလေ ... အဲ့ဒါကြောင့် မြေးလေးကိုအဲ့ဒီနေရာမှာ မထားချင်တာကွယ် ... မြေးလေးအတွက် ပိုကောင်းတဲ့နေရာကို အဘွားစီစဉ်ပေးနိုင်ပါတယ်... မြေးလေးသာ အဘွားကိုလက်ခံရင် သိပ်ကောင်းမှာပဲ "
