803
Subscribers
+424 hours
+167 days
+4630 days
Posts Archive
အဖေကအော်သံအကျယ်ကြီးနဲ့ထအော်လိုက်တယ်။ဘွားလေးတို့ကတော့စိတ်ဆိုးမာန်ဆိုးနဲ့ထွက်သွားခဲ့ကြတယ်။
" ကဲ ဟေ့ကောင်..မင်းဘာငေးနေတာလဲ..သွားမယ်လေ..ဒီအိမ်က ငါတို့အိမ်မဟုတ်တော့ဘူး..သွားမယ်.."
အဖေကပြောပြောဆိုဆိုနဲ့ရှေ့ကထွက်သွားခဲ့တယ်။ဟန်လင်းသန့်လဲ ကျောပိုးအိတ်အစုတ်ကြီးကိုမနိုင့်တနိုင်လွယ်ပြီး အဖေ့နောက်ကလိုက်ခဲ့တယ်။ခြံဝကိုအရောက်မှာတော့ မိသားစုတွေ အတူနေခဲ့ကြတဲ့ အိမ်ကြီးကို နောက်ဆုံးအနေနဲ့လည်ပြန်လှည့်ကြည့်လိုက်မိတယ်။ပြီးတော့ ဟန်လင်းသန့်အံကိုတင်းတင်းကြိတ်ထားမိတဲ့ကြားကနေ ပါးပြင်ပေါ်ကိုမျက်ရည်တွေတလိမ့်လိမ့်စီးကျလာခဲ့တယ်။
=====================================
အပိုင်း( ၅ ) ဆက်ရန်
A KYI PHYU
#ဧကြည်ဖြူ
အပိုင်း( ၁ ) Link
https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz
အပိုင်း (၂) Link
https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz
အပိုင်း(၃)Link
https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz
အဖေက သူ့ရင်ထဲက နာကြည်းမှုတွေကို သီချင်းဆို သလိုလုပ်ဆိုနေခဲ့ပြီး အရက်တွေမနားတမ်းသောက်နေခဲ့ပြန်တယ်။မူးပြီးမှောက်သွားတော့မှ အရက်ဝိုင်းသိမ်းတဲ့ အဖေ့ ကြောင့် ဟန်လင်းသန့်မှာ အိပ်မပျော်မချင်း အသံမထွက်ရဲဘူး။ အရင်က ဟန်လင်းသန့်ကို သိပ်ချစ်ခဲ့တဲ့အဖေဟာ အခုဆိုရင် အမေ့ကိုမုန်းသလိုပဲ ဟန်လင်းသန့်ကိုလဲ မုန်းတီးနေခဲ့တယ်၊၊ဘယ်လောက်တောင်မုန်းတီးနေလဲဆိုရင် အဖေအရက်မမူးတဲ့အချိန်မှာလဲ ဟန်လင်းသန့်ကို ကြည့်လဲမကြည့်သလို စကားလဲမပြောဘူး။ ပိုက်ဆံပေးစရာရှိရင် ခုံပေါ်မှာတင်ထားတယ်။ဟန်လင်းသန့်ကျောင်းတက်လားလဲမမေးဘူး။ စာမေးပွဲကြီး ဖြေနေပြီလားလဲမမေးဘူး။ ဘာမှကို မမေးမပြောဘဲခပ်စိမ်းစိမ်းပဲနှုတ်ဆိတ်နေတတ်တယ်။အရက်မူးလာပြီဆိုရင်တော့ အခုလိုပဲအော်ဟစ်သောင်းကျန်းပြီး မကျေတာတွေကို ပြောတယ်။ဟန်လင်းသန့်ကိုလဲ ဆဲဆိုကြိမ်းမောင်းတယ်။.အဖေ့စိတ်ထဲမှာ အမေ့တို့အကြောင်းကို ဟန်လင်းသန့်ကသိသိနဲ့မပြောပြခဲ့ဘဲ ဖုံးကွယ်ထားခဲ့တာကိုစိတ်အတော်ဆိုးနေခဲ့တယ်။အရက်မူးတိုင်း ဒီအကြောင်းတွေကိုပြောပြီး ဟန်လင်းသန့်ကို ဆူပူကြိမ်းမောင်းပြီးရိုက်တယ်။ရိုက်လို့ဝရင် အရက်တွေထပ်သောက်ပြီး ပစ္စည်းတွေကိုပစ်ပေါက်ဖျက်ဆီးတယ်။အဖေကနေ့တိုင်းဒီလိုပဲနေပြီး အဖေရှိတဲ့နေ့ရက်တွေက ဟန်လင်းသန့်အတွေက် ကြောက်စရာနေ့ရက်တွေဖြစ်မှန်းမသိဖြစ်လာခဲ့ရတယ်။
~~~~~~~~~
" ဟေ့ကောင် လင်းသန့်...မင်းကျောင်းမတက်နဲ့တော့ ...ငါ့အလုပ်ပြုတ်လာခဲ့ပြီ....မင်းကိုကျောင်းစရိတ်မပေးနိုင်တော့ဘူးကွ...အေး..ထမင်းစားဖို့လဲမပေးနိုင်တော့ဘူး...ငါတို့ဒီအိမ်ကိုရောင်းမယ်...ပြီးရင်အိမ်ငှားနေကြမယ်..အိမ်ရောင်းလို့ရတဲ့ပိုက်ဆံကိုသောက်မယ်စားမယ်ကွာ..ဟား..ဟား..ဟား ပျော်စရာကြီးကွာ "
" အိမ်ကိုရောင်းမယ်ဟုတ်လား အဖေ "
ဟန်လင်းသန့်အံ့ဩတကြီးမေးလိုက်ပေမဲ့ အဖေကဘာမှပြန်မဖြေဘဲ တဟားဟားအော်ရယ်နေခဲ့တယ်။တကယ်ဆိုရင် အမေထွက်သွားခဲ့တာ သုံးနှစ်ကျော်နေခဲ့ပြီ။သုံးနှစ်အတွင်းမှာ အဖေကအရက်သမားကြီးလုံးလုံးဖြစ်သွာခဲ့ပြီး အလုပ်တွေလဲ တစ်နေရာပြီးတစ်နေရာပြောင်းခဲ့တယ်။ဘယ်လောက်ပဲခင်မင်ရင်းနှီးတဲ့သူတွေပဲဖြစ်ကြပါစေ အဖေ့ကိုသုံးလထက်ပိုပြီး အလုပ်မှာလက်မခံခဲ့ကြဘူး။အချိန်ပြည့်အရက်ကိုတောင့်တနေတဲ့အဖေကလဲ အလုပ်ကိုစွန့်မလား၊အရက်ကိုစွန့်မလားဆိုရင် အလုပ်ကိုစွန့်ခဲ့တာချည်းပဲ။အရက်မသောက်ရရင်မနေနိုင်တော့တဲ့အဖေက အခုချိန်မှာတော့ဟန်လင်းသန့်ရဲ့အနာဂတ်ကိုဖျက်ဆီးမဲ့စကားကိုပြောလာခဲ့ပါပြီ။အသက်ကဆယ့်လေးနှစ်ကျော်၊ပညာအရည်အချင်းကရှစ်တန်းအောင်။အဖေကအရက်သမားဖြစ်နေခဲ့ပြီ။ဒီထက်ဆိုးတာက အိမ်ရှေ့မှာနေ့တိုင်းလိုလိုအကြွေးသမားတွေ အကြွေးလာတောင်းနေခဲ့တာပါပဲ။နွေရာသီကျောင်းပိတ်ထားတဲ့သုံးလအတွင်းမှာလဲ များသောအားဖြင့်ဟန်လင်းသန့် ကိုယ့်ထမင်းကိုယ်ရှာစားခဲ့ရတယ်။ဈေးရောင်းတာကအစငါးရှာဖားရှာတဲ့အလုပ်တွေကိုပါလုပ်ကိုင်ခဲ့ရတယ်။
" ဟေ့ကောင် လင်းသန့် ...အိမ်ရှင်းစမ်းကွာ..တော်ကြာနေရင် အိမ်ဝယ်မဲ့သူတွေလာကြည့်လိမ့်မယ်..အိမ်ကိုအမြန်ရှင်း..ပြောနေတာကြားလား..ငါတယ် .....လုပ်လိုက်ရ..ငါ့ကိုဂျစ်ကန်ကန်လာလုပ်မနေနဲ့စမ်းနဲ့.....အချိုးကိုက ဟိုဟာမနဲ့တပုံစံတည်းပဲ.....အကျင့်မကောင်းတဲ့ဟာတွေ...မအေနောက်မီးလင်းနေတာကို သိသိနဲ့ သားလုပ်သူကလဲဖုံးထားတယ်...ကောင်းရော..ဒါနဲ့နေပါအုံး ...မင်းကဘာလို့ အဲ့ဒီဟာတွေနဲ့မလိုက်သွာရတာလဲ...သူတို့နဲ့မင်းနဲ့တစ်ကျိတ်တည်းတစ်ဉာဏ်တည်းမဟုတ်လားဟေ့ကောင် "
အဖေကပြောရင်းနဲ့ဒေါသသံပါလာတာမို့ ဟန်လင်းသန့်အဖေ့ရှေ့ကနေ ခပ်မြန်မြန်ရှောင်ထွက်လာခဲ့လိုက်တယ်။ဒါတောင်မှ အဖေ့ရဲ့စက်ကွင်းကနေ သူမလွတ်မြောက်ခဲ့ပါဘူး။
" ဟေ့ကောင် ဘာလဲ ...ငါပြောနေတာကို.. မင်းကဘာလို့လှည့်ထွက်သွားရတာလဲ... အကျင့်မကောင်းတဲ့မျောက်မသားရဲ့....မင်းကငါ့ကို ဂရုမစိုက်တဲ့သဘောလားဟေ့ကောင် "
" ဒုန်း..ဝုန်း "
"ဒုက်"
" အ "
အဖေပစ်လိုက်တဲ့ ဆေးလိပ်ပြာခွက်ကကျောပြင်ကိုလာမှန်တာမို့ ကျောပြင်တစ်ခုလုံးအောင့်တက်နာကျင်သွာကာ ဟန်လင်းသန့် အခနဲယောင်အော်လိုက်မီတယ်။
~~~~~~~~~
" ဘယ်လိုလုပ်လိုက်တာလဲ ဝေလင်းရယ် ..အိမ်ကိုလဲ...မပြောမဆိုနဲ့ရောင်းပစ်လိုက်တယ်...အခုဘယ်မှာသွားနေကြမှာလဲပြောလေ...မင်းကကြီးတော်တွေရှိနေသေးတာကို လူရာမသွင်းတာလား..ဘာမဟုတ်တဲ့မိန်မတစ်ယောက်အတွက်... ကိုယ့်ဘဝကိုအနစ်မွန်းခံတဲ့လူမိုက်...ဘယ်မှာလဲ အိမ်ရောင်းလို့ရတဲ့ပိုက်ဆံတွေ "
" ဘာလဲ...ဘာလုပ်မလို့မေးတာလဲ...ကျုပ်ပိုက်ဆံ....ကျုပ်လုပ်ချင်ရာလုပ်မယ်...အရီးတို့အပူမပါဘူး...ရှိလဲမရှိတော့ဘူး..အကြွေးတွေဆပ်လိုက်လို့ကုန်သွားပြီး "
" ဘာ...ဘာပြောတယ်ဝေလင်း...ပိုက်ဆံတွေကုန်သွားပြီဟုတ်လား...အေး..ကောင်းတယ်....သိပ်ကောင်းတယ်.....သားအဖနှစ်ယောက်လမ်းပေါ်မှာနေကြပေါ့...ဒီလောက်ပြေနေခဲ့တာတောင် မိုက်လုံးကြီးလှတာ နေချင်သလိုနေကြဟေ့...ငါတို့ကိုလဲ ဆွေမျိုးရယ်လို့ သက်မှတ်စရာမလိုဘူး...လမ်းတွေ့ရင်လဲခေါ်စရာမလိုဘူးဟေ့ ....ငါတို့သွားမယ်"
" သွားကြသွားကြ..အားလုံးသွားကြ ..ငွေမက်တဲ့မိန်းမတွေ..ငွေရှိမှအမျိုးတော်ချင်ကြတဲ့ဟာတွေ...ဝေလင်းတို့ကဘယ့်သူ့ကိုမှဂရုမစိုက်ဘူး "
အဘိုးကြီးက ပြောပြောဆိုဆိုနဲ့ အိမ်တံခါးမကြီးကို ဖွင့်လိုက်တယ်။ပွင့်ဟသွားတဲ့ တံခါးကနေ ဟန်လင်းသန့်အတင်းတိုးဝင်လိုက်ပြီး အိမ်ထဲအနှံ့လိုက်ကြည့်တယ်။ အိပ်ခန်းတံခါးကို ဖွင့်ကြည့်တယ်။မီးဖိုချောင်ထဲ သွားကြည့်တယ်။ဘယ်သူမှမရှိဘူး။
"ကဲ ..ဘယ်လိုလဲကလေး ..မင်းယုံပြီးလား ...ဒီမှာဘယ်သူမှ မရှိပါဘူးကွာ .. "
အဘိုးကြီးကို ဘာမှပြန်မပြောဘဲ ဟန်လင်းသန့်ပြန်ပြေးထွက်လာခဲ့တယ်။
~~~~~~~~
စက်ဘီးကို ဈေးထိပ်ဝမှာ ရပ်ထားခဲ့ပြီး ဟန်လင်းသန့်ဈေးထဲကို ပြေးဝင်လာခဲ့တယ်။အမေဝယ်နေကျ ဈေးဆိုင်တွေမှာ အမေ့ကို လှည့်ပတ်ရှာတယ်။မေးတယ်။မတွေ့တဲ့အဆုံးမှာ ဈေးပြင်ကိုပြန်ထွက်လာခဲ့ပြီး ရပ်ကွက်လမ်းတွေထဲမှာလိုက်ရှာတယ်။အသိတွေကို လိုက်မေးတယ်။
"ဟဲ့ကောင်လေး ... တစ်ကိုယ်လုံးလဲ ချွေးတွေရွှဲလို့ပါလား...ဟယ် ..ကြည့်စမ်းပါအုံး ခြေထောက်နဲ့လက်မှာလဲဒဏ်ရာတွေချည်း...နင့်အမေအိမ်ပြန်ရောက်ချင်ရောက်နေမှာပေါ့ ..အိမ်ပြန်ကြည့်ပါအုံး ... အမယ်လေးဟဲ့ ..အမေပျောက်လို့ ရှာနေတာတဲ့ ...တို့အိမ်ကဟာတွေနဲ့များကွာပ..တို့အိမ်ကဟာတွေများ မိဘတွေအပြင်သွားလေ ..သူတို့ပျော်လေပါတော် "
အဒေါ်ကြီးရဲ့ စကားကြောင့် ဟန်လင်းသန့် အိမ်ကို ပြန်လာခဲ့လိုက်တယ်။လမ်းတစ်လျှောက်မှာ စက်ဘီးကို ဒုန်းစိုင်းနင်းလာခဲ့တာမို့ စက်ဘီးမှောက်ပြီး ခြေထောက်နဲ့ တံတောင်ဆစ်မှာလဲ ကွဲပြဲဒဏ်ရာတွေရထားတယ်။ဟန်လင်းသန့်အတွက်တော့ tသွးစို့နေတဲ့ဒဏ်ရာတွေရဲ့နာကျင်မှုထက် ရင်ထဲကစိုးရိမ်ပူလောင်မှုကပိုသာနေခဲ့တယ်။
~~~~~~~
" အမေ ...အမေ ..အမေရေ "
ဟန်လင်းသန့်တကြော်ကြော်အော်ဟစ်ခေါ်လိုက်ပေမဲ့ သူတို့အိမ်ကြီးကတော့ ခပ်စောစောကလိုပဲ တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ဘာဆက်လုပ်ရမှန်းမသိတာမို့ အိမ်ပေါက်ဝမှာ ဟန်လင်းသန့်ထိုင်ချလိုက်ကာ လမ်းမဘက်ကို မျှော်ကြည့်နေမိပြီး အမေပြန်အလာကိုပဲစောင့်နေမိတယ်။
~~~~~~~~
" တောက် ..."
အဖေ့ရဲ့တောက်ခေါက်သံ ခပ်ပြင်းပြင်းကြောင့် ဟန်လင်းသန့်တစ်ကိုယ်လုံး ဆတ်ခနဲတုန်ခါသွားရတယ်။ အဖေကဒေါသမျက်နှာနဲ့ ရှိနေခဲ့ပြီး အဖေ့ဘေးနားမှတော့ ဟန်လင်းသန့်တို့ ဆွေမျိုးတချို့နဲ့ဦးလေးမင်းနိုင်ရဲ့မိန်းမကိုလဲ တွေ့ရတယ်။
" မင်းနိုင်မူမမှန်တာကို ..ကျွန်မ ရိပ်မိနေတာကြာပါပြီ....အဲ့ဒါကြောင့်လဲ ..သူကျွန်မကို မလုပ်ကြံနိုင်ခင်မှာ.. သူ့ကိုကြည်ကြည်ဖြူဖြူနဲ့ကွာရှင်းပေးလိုက်တာပေါ့......ဒါပေမဲ့ မင်းနိုင်နဲ့ဖြစ်နေတဲ့သူက... ဝေလင်း မိန်းမခင်မေရီလို့ လုံးဝကိုမထင်ခဲ့မိတာ...ပွဲရုံကမိန်းကလေးတစ်ယောက်ယောက်နဲ့ဖြစ်နေတယ်လို့ပဲ ထင်ခဲ့မိတာ...ကျွန်မနဲ့ကွာရှင်းပြီးတာနဲ့ သူပိုင်တာတွေရောင်းချပြီး... မြို့ကနေ ချက်ချင်းပြောင်းဖို့စီစဉ်နေမှ ....စိတ်ထဲသိချင်လာတာနဲ့ စုံးစမ်းကြည့်လိုက်တော့မှ သူနဲ့ ဖြစ်နေတာ ခင်မေရီမှန်းရိပ်မိလိုက်တာ .. သိသိချင်းဝေလင်းကိုလာပြောပြမလို့ပါပဲ.... ဆေးရုံအားချင်းတက်လိုက်ရလို့ လာမပြောဖြစ်တာ....အခုတော့ အားလုံးလွန်ကုန်ပြီးပေါ့ ...စိတ်မကောင်းပါဘူးရှင် "
"အို ..ဘာမှစိတ်မကောင်းဖြစ်မနေနဲ့ ငါ့မောင်..မင်းလဲ အရွယ် ကောင်းပဲရှိသေးတာ ကြိုက်တဲ့ မိန်းမကို ကောက်ယူလိုက်စမ်းပါ ....အဲ့ဒီအယုတ်တမာမကို မေ့ပစ်လိုက် ..ကောင်မက ထမင်းဝလို့ ကျေးဇူးကန်းတာ "
" တော် ..တော်ကြပါတော့ဗျာ ...အားလုံးပြန်ကြပါတော့ ...ပြန်ကြပါတော့ "
အဖေက ဒေါသတကြီးနဲ့ အော်ဟစ်ပြောဆိုပြီး အပြင်ကို ထွက်သွားခဲ့တယ်။ အခုတော့လဲ အမေနဲ့ဦးလေးမင်းနိုင် အတူတူထွက်ပြေးသွားကြတယ်ဆိုတဲ့သတင်းကို အားလုံးသိသွားကုန်ကြပါပြီ။
~~~~~
"ဝုန်း...ဒုန်း ... "
" ခွမ်း "
" တောက်...သစွာဖောက်တွေ...အရှက်မရှိကြတဲ့ဟာတွေ... ဟေ့ကောင် ဟန်လင်းသန့် ....မင်းကမင်းအမေအကြောင်းကို သိရဲ့သားနဲ့ ... ငါ့ကို ဘာလို့မပြောရတာလဲ..ဘာလဲကွ..မင်းလဲ မင်းနိုင်ကိုအဖေတော်ချင်တာလား ... ဟုတ်လား...အေ့..ဟင် "
အဖေက အရက်မူးပြီးအော်ဟစ်သောင်းကျန်းကာ ပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးပစ်နေတာကြောင့် ဟန်လင်းသန့်ကြောက်ပြီး အခန်းထဲမှာငြိမ်ကုပ်နေခဲ့မိတယ်။အမေထွက်သွားပြီးကတည်းက အဖေက အလုပ်ကိုလဲ ပုံမှန်မသွားတော့ဘဲ အမြဲတမ်းလိုလို အရက်ပဲ သောက်နေခဲ့တယ်။စားဖို့ သောက်ဖို့အတွက်လဲ ဘာမှစီမံပေးခြင်းမရှိတာမို့ အစပိုင်းရက်တွေမှာ ဟန်လင်းသန့် ထမင်းငတ်ခဲ့ရတယ်။ထမင်းဆိုင်ဆိုတာကလဲ ဟန်လင်းတို့အိမ်နဲ့ အဝေးကြီးမှာပဲရှိတာ။ အဖေကတော့ ဘယ်မှာ စားတယ်မသိဘူး။ ဟန်လင်းသန့်မှာ အဖေပေးတဲ့မုန့်ဖိုးတွေနဲ့ မုန့်ဝယ်စားပြီးပဲနေခဲ့ရတယ်။သူထမင်းမစားရတာကို ဘကြီးကံသာသိသွားတော့ သူ့ကို ထမင်းခေါ်ကျွေးပါတယ်။ဒါပေမဲ့ ဟန်လင်းသန့်မစားခဲ့ပါဘူး။ ဘကြီးကံသာကျွေးတဲ့ထမင်းကို ဟန်လင်းသန့်မစားဖြစ်ပေမဲ့ ဘကြီးကံသာဆီက ထမင်းဟင်းချက်နည်းကို မေးမြန်းသင်ယူခဲ့လိုက်တယ်။အမေပြန်မလာတော့ဘူးဆိုတာ သေချာသွားတဲ့နောက်မှာ အဖေနဲ့ သူ့အတွက် သူကိုယ်တိုင်ပဲ ချက်ပြုတ်ရတော့မယ်ဆိုတာကို ဟန်လင်းသန့် သဘောပေါက်လာခဲ့တယ်။
~~~~~~
"အပျက်မ...အယုတ်မ ..သစ္စာ မရှိတဲ့မိန်းမ...သ<တ်မယ် ....မင်းတို့ကို ငါလိုက်သ<တ်မယ်..."
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၄)
akyiphyu
***********
*ဖတ်တဲ့သူတွေအဆင်ပြေအောင် ပြီးခဲ့တဲ့ Link တွေပါ ထည့်ပေးထားပါတယ်ရှင် *
" အမေ...အ...အမေ..မလုပ်ပါနဲ့နော်...မလုပ်ပါနဲ့ "
ဟန်လင်းသန့်အမေ့ကိုအော်ဟစ်ပြီးတားလိုက်ရင်းက အမေ့ရဲ့ခြေထောက်တွေကိုပြေးပြီးဖက်ထားလိုက်တယ်။
" အမေမလုပ်ပါနဲ့နော်...ဆင်းခဲ့ပါနော် "
ဟန်လင်းသန့်ငိုယိုကာတောင်းပန်လိုက်တော့ အမေကအောက်ကိုငုံ့ကြည့်လာခဲ့တယ်။
" သားက အမေ့ပြောစကားကိုမှနားမထောင်တာ...ကြာရင်အမေအရှက်ကွဲလိမ့်မယ်...ဒါကြောင့် ...သားဘယ့်သူ့ကိုမှမပြောခင် ..အမေထွက်သွားတော့မယ်...သားအဖေနဲ့လိမ်လိမ်မာမာနေခဲ့နော် သားလေး...အမေတောင်းပန်ပါတယ်သားလေးရယ် "
" မ..မလုပ်ပါနဲ့နော်အမေ...အ...အမေပြောတာတွေကို သားနားထောင်ပါ့မယ် အမေ...နောက်ဆိုရင် အဖေဘယ်လောက်မေးမေးမဖြေတော့ပါဘူး...အမေ့ပြောစကားကိုပဲနားထောင်ပါ့မယ်...မ...မလုပ်ပါနဲ့နော်အမေ ...အီး ဟီး ဟီး "
ဟန်လင်းသန့်ငိုရှိုက်ရင်းက အမေ့ကိုတောင်းပန်လိုက်မိတယ်။
" တကယ်လား သားလေး...သားတကယ်ပြောတာလား..မလိမ်ရဘူးနော်...သားကိုအမေချစ်တာ သားသိတယ်မဟုတ်လား...သားကိုချစ်လို့ ...ဦးလေးမင်းနိုင်နဲ့တောင် အမေမခေါ်တော့ဘူးလေ... ဦးလေးမင်းနိုင် အိမ်ကိုလာရင်.... အမေစကားတောင်သိပ်မပြောတာ ...သားလဲတွေ့တယ်မဟုတ်လား.."
" တွေ့...တွေ့ပါတယ်အမေ...သား..သား နောက်ကိုမပြောတော့ပါဘူးနော်"
" ဟုတ်ပြီလေ...ဒါဆိုရင် သားပြောတာကိုအမေယုံလိုက်မယ်နော်...ပြီးတော့ ဦးလေးမင်းနိုင်အိမ်ကိုလာလည်ရင်လဲ ...သားမသိချင်ယောင်ဆောင်နေရမယ်နော်.....ဦးလေးမင်းနိုင်ကို ရိုင်းရိုင်းစိုင်းစိုင်းပြောတာတွေလုပ်တာတွေ လုပ်လို့မရဘူးနော်"
" ဟုတ်...ဟုတ်ကဲ့ပါအမေ..သားမလုပ်တော့ပါဘူး ...ကတိပေးပါတယ် ...အမေဆင်းခဲ့တော့နော် "
ဟန်လင်းသန့်ငိုယိုပြီး ကတိတွေအထပ်ထပ်ပေးလိုက်တယ်။ဒီအခါ အမေကသူမရဲ့လည်ပင်းမှာစွပ်ထားတဲ့ ကြိုးကိုဖြုတ်ပစ်လိုက်ပြီး ခွေးခြေခုံပေါ်ကနေ အောက်ကိုပြန်ဆင်းလာခဲ့တယ်။ဟန်လင်းသန့် အမေ့ကိုတင်းတင်းပွေ့ဖက်ပြီး ရှိုက်ကြီးတငင်နဲ့ငိုချလိုက်မိတယ်။
~~~~~~~~~
ခြံတံခါးလဲပိတ်ထားသလိုအိမ်တံခါးလဲပိတ်ထားတာကိုကြည့်ပြီး ဟန့်လင်းသန့်ရင်ထဲစိုးရိမ်ထိတ်လန့်မိသွားတယ်။ခြံတံခါးကိုအမြန်ဖွင့်ပြိး အိမ်တံခါးဝဆီကိုအမြန်ပြေးသွားခဲ့လိုက်တယ်။အိမ်တံခါးကသော့ခတ်ထားတာမို့ သော့ထားနေကျ ပန်းအိုးအောက်ကိုအမြန်လှန်ကြည့်လိုက်တယ်။သော့ကိုတွေ့တော့ အလျင်အမြန်ကောက်ယူလိုက်ပြီး အိမ်တံခါးကို အမြန်ဖွင့်လိုက်တယ်။တံခါးပွင့်သွားချိန်မှာ အိမ်အတွင်းထဲမှာမှောင်မိုက်လို့နေတယ်။
" အမေ...အမေ..အမေရေ.."
သူ့အသံကတိုးရာကနေကျယ်လာခဲ့ပြီး အမေ့ကိုအော်ဟစ်ခေါ်လိုက်ပြီး အိပ်ခန်းတွေဆီကို အပြေးအလွှားသွားကြည့်လိုက်မိတယ်။အခန်းတွေကလဲ တိတ်ဆိတ်ပြီး အမေ့ရဲ့အရိမ်မယောင်ကိုတောင်မတွေ့ရဘူး။အမေ့ကို တစ်အိမ်လုံးအနှံ့ရှာပြီးတော့ ခြထဲထိဆင်းပြီးရှာမိပြန်တယ်။မတွေ့တဲ့အဆုံးမှာ ဟန်လင်းသန့်ငိုရင်းတန်းလန်းနဲ့ စက်ဘီးကိုဆွဲထုတ်ပြီး အမြန်နင်းခဲ့လိုက်တယ်။
သစ်ပင်တွေလမ်းတွေဟာလမ်းဘေးမှာတရိပ်ရိပ်နဲ့ကျန်နေခဲ့တယ်။ဟန်လင်းသန့်ရဲ့စက်ဘီးလေးက လမ်းမပေါ်မှာ အရှိန်နဲ့ ပြေးနေခဲ့တယ်။
~~~~~
ပိတ်ထားတဲ့ခြံတံခါးကို တွန်းဖွင့်ပြီးတော့ ခြံထဲကို ဟန်လင်းသန့်၀င်ခဲ့လိုက်တယ်။ခြံထဲရောက်ချိန်မှာ သော့ခတ်ထားတဲ့ အိမ်တံခါးကိုတွေ့လိုက်ရတာမို့ အိမ်ဘေးပတ်ပတ်လည်ကို လိုက်ကြည့်ပြီး ပြတင်းပေါ်တံခါးတွေကို လိုက်ခေါက်ကြည့်လိုက်တယ်။ အထဲက ဘာတုံ့ပြန်သံမှမကြားရတော့ တံခါးတွေကို ခဲတွေနဲ့ထု၊တုတ်တွေနဲ့ပါ လိုက်ရိုက်ပစ်လိုက်တယ်။ဘယ်လိုလုပ်လုပ် ဘာတုံ့ပြန်သံကိုမှမကြာရတော့ အရင်တစ်ခေါက်က ဝင်ခဲ့တဲ့ ပြတင်းပေါက်ကို တဒုန်းဒုန်းထုနေလိုက်တယ်။အိမ်က ဘေးအိမ်တွေနဲ့လဲ အတော်လေး အလှမ်းကျယ်တော့ မေးမြန်းစရာလဲလူမရှိဘဲဖြစ်နေခဲ့တယ်။နောက်ဆုံးတော့ အိမ်ရှေ့တံခါးနားမှာထိုင်ပြီး အိမ်တံခါးမကြီးကို ခဲနဲ့စိတ်ရှိလက်ရှိထုနေလိုက်တယ်။
''ဟေ့ ..ဟေ့ ..မင်းဘယ်သူလဲ ... ငါ့အိမ်ကို ဘာလို့ခဲနဲ့ထုနေရတာလဲ "
နောက်ကျော်ဆီက စကားသံ ရုတ်တရက်ကြားလိုက်ရတာမို့ ဟန်လင်းသန့်လှည့်ကြည့်လိုက်မိတဲ့အခါ အသက်ကြီးကြီးဘကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်။
'' ဟေ့ ..မင်းကိုမေးနေတယ်လေကွာ ..မင်းဘယ်သူလဲ ..ဘယ်ကလဲ ...ငါ့အိမ်ကို ဘာလို့ လာဖျက်ဆီးနေရတာလဲကွ "
" ဒါက ဘကြီးအိမ်လား ....ဦးလေးမင်းနိုင်ရဲ့အိမ်မဟုတ်ဘူးလား "
" ဪ ....အေး .. မဟုတ်တော့ဘူးကွ ....တစ်နေ့ကပဲ ဒီအိမ်ကိုဘကြီးဝယ်လိုက်ပြီလေ "
အဘိုးကြီးရဲ့ စကားကို ဟန်လင်းသန့် မယုံမရဲဖြစ်သွားမိပြီး အဘိုးကြီးမျက်နှာကို ကြည့်လိုက်မိတယ်။
" ဟင့်အင်း ..မယုံပါဘူး ..ဘကြီးညာနေတာမဟုက်လား ..ဒီအိမ်ထဲမှာ ဦးလေးမင်းနိုင် ရှိတယ်မဟုတ်လား...တံခါးဖွင့်ပြပါ "
" တယ် ..ဒီကောင်လေးတော့ ဇွတ်ပါလားဟ...ဒီအိမ်ကို ဘကြီးဝယ်လိုက်ပါပြီဆိုကွာ...ကဲ ..မယုံရင် တံခါးဖွင့်ပြမယ် ....မင်းကိုယ်တိုင် ဝင်ကြည့်ကွာ "
စာဖတ်ခ 1000Ks ပေးသွင်းဖို့ရန်အခြေအနေအခက်အခဲရှိပါကလဲ Free ဖတ်ရှုလို့ရပါတယ်ရှင်
စ/ဆုံး ဖတ်ရှုပြီးမှလဲ စာဖတ်ခကိုပေးသွင်းလို့ရပါတယ်ရှင် ....
စာဖတ်သူများကို မေတ္တာရပ်ခံချင်တာက စာဖတ်ခ 1000 Ks ပေးသွင်းနိုင်သူများအနေဖြင့်စာဖတ်ခပေးသွင်းပေးပါရန်နှင့် အခန်းဆက်ဝတ္ထုမှာလဲရေးသားထားပြီးသော ဝတ္ထုမဟုတ်ပါဘူးရှင် ..
နေ့စဉ်ရေးသားပြီးတစ်ပိုင်းစီတင်ပေးသွားမှာဖြစ်ပါတယ်...
စာဖတ်ခကို KPay (or) Wave နဲ့ ပေးသွင်းလို့ရပါတယ်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
#AKyiPhyu
#ဧကြည်ဖြူ
အဖေက ဟင်းတွေကို ကိုယ်တိုင်မစားဘဲ ဦးမင်းနိုင်ပန်းကန်ထဲကိုပဲ ထည့်ပေးနေတာကိုတွေ့လိုက်ရတော့ ဟန်လင်းသန့်မျက်နှာကို စူပုတ်ထားလိုက်မိတယ်။အမေ့ကို မသိမသာကြည့်လိုက်တော့ အမေက ဦးမင်းနိုင်ကို တစ်ချက်လေးမှ ဂရုမစိုက်ဘဲ အေးအေးဆေးဆေး ထမင်းစားနေတာကိုမြင်လိုက်ရမှ ဟန်လင်းသန့် စိတ်အေးသွားရတယ်။ ဒါပေမဲ့ ဦးမင်းနိုင်ကို ကြည့်ပြီး ဟန်လင်းသန့် စိတ်တွေတိုလာမိတာမို့ စိတ်ကူး ပေါ်လာတဲ့အတိုင်း လုပ်ပစ်လိုက်တယ်။
" အဖေ ရေနွေးသောက်မှာ မဟုတ်လား ..သားငှဲ့ပေးမယ် "
ဖခင်ဖြစ်သူကို ဟန်လင်းသန့်မေးလိုက်ပြီး အဖေပြန်မဖြေခင်မှာဘဲ ရေနွေးခရားကိုယူပြီး ပန်းကန်လုံးထဲငှဲ့ထည့်ပေးလိုက်တယ်။
" အား...ပူလိုက်တာ "
ဦးမင်းနိုင်ရဲအားခနဲ အော်သံကို ကြားလိုက်ရတော့ ဟန်လင်းသန့်ကျေနပ်သွားမိတယ်။
" ဟာ ..သူငယ်ချင်း ပူသွားတာလား .. တောင်းပန်ပါတယ်ကွာ .. သားကလဲကွာ လုပ်လိုက်ရင် အရမ်းပဲ ....ဒီမှာ ဦးလေးမင်းနိုင်ပူသွားပြီကွ "
"လူကြီးပဲအဖေရာ ...အဲ့လောက်မပူပါဘူး ...ဦးမင်းနိုင်ကြီးကပိုကိုပိုတယ် .. မတော်တဆထိမိတာပါဗျ ... အထိမခံနိုင်ဖြစ်နေရင် ..သူများအိမ်ကို လာမလည်နဲ့ပေါ့ဗျ "
" ဟန်လင်းသန့် ....သား .. မင်းဘယ်လိုပြောလိုက်တာလဲ ...."
အဖေက အံ့ဩထိတ်လန့်သွားတဲ့မျက်နှာနဲ့ ကြည့်လာတာမို့ ဟန်လင်းသန့်ခေါင်းကိုငုံ့ထားလိုက်တယ်။
"သား ..မင်းဘယ်လိုပြောလိုက်တာလဲ .. ဦးလေးမင်းနိုင်လေ သားရယ် .....သားဘာတွေ စိတ်ဆိုးနေတာလဲ ... အရင်က ဒီလိုမဟုတ်ပါဘူး ...အခုချက်ချင်း... ဦးလေးမင်းနိုင်ကိုတောင်းပန်လိုက် ...အဖေပြောနေတာ ကြားလား "
" နေ ....နေပါစေ ဝေလင်းရာ... ကလေးပဲ သူပြောချင်တာကို ပြောမှာပေါ့ ..ငါပြန်တော့မယ်ကွာ "
" အေး ..အေးပါသူငယ်ချင်းရာ ..ငါတောင်းပန်ပါတယ်ကွာ ... နေအုံးလေ သူငယ်ချင်း ငါ လိုက်ပို့ပေးမယ် "
အဖေက သူ့ကိုခပ်စူးစူး တစ်ချက်လှမ်းကြည့်ပြီး ဦးလေးမင်းနိုင်ကို လှမ်းပြော လိုက်ပေမဲ့ ဦးမင်းနိုင်က ခေါင်းကိုသာငြိမ့်ပြပြီး အပြင်ကိုခပ်သုတ်သုတ်ထွက်သွားခဲ့တယ်။ဒီအခါ အဖေ့ရဲ့အကြည့်တွေက သူ့ဆီကို ရောက်လာခဲ့တယ်။
"သား ..ဦးလေးမင်းနိုင်ကို ဘာလို့ရိုင်းရိုင်းစိုင်းစိုင်းပြန်ပြောရတာလဲ ....ဒီလိုမျိုးရိုင်းစိုင်းတာကို အဖေမကြိုက်ဘူး...သားဘာကိုမကျေနပ်မနပ်ဖြစ်နေတာလဲ အဖေ့ကိုပြောစမ်း "
အဖေ့ဆီက မကြားစဖူး ဒေါသသံကြားလိုက်ရတာမို့ ဟန်လင်းသန့်လန့်ပြီး ဆတ်ခနဲ တုန်သွားမိတယ်။
" အဖေမေးနေတယ်လေ သား .. ဖြေလေ "
" ဟို .. ဟို ....ဦး ..ဦးလေးမင်းနိုင်က အ....အကျင့် ..မကောင်းဘူး ... "
" ချွမ်...ခွမ်း "
"အမယ်လေး "
သူ့ရဲ့အဖြေစကားမဆုံးခင်မှာပဲ နောက်ဖေးခန်းဘက်က ပန်းကန်ကျကွဲသံနဲ့အတူ အမေ့ရဲ့ အော်သံထွက်ပေါ်လာတာမို့ အဖေ့က စိုးရိမ်တကြီးနဲ့ မီးဖိုချောင်ထဲကို ပြေးဝင်သွားခဲ့တယ်။
"ရီရီ ...ဘာဖြစ်တာလဲ ..ဘာဖြစ်သွားသေးလဲ "
" အ ... အကောင်ရှည်မြင်လိုက်လို့ လန့်သွားတာပါ ..ပန်းကန်တွေတော့ ကွဲသွားတယ် ... ခြေထောက်လဲရှသွားတယ် "
" ဟင် ..ဟုတ်သားပဲ .. thwayတွေထွက်နေတာပဲ ... ဆောရီပါ မိန်းမရာ ..သားဘာဖြစ်နေလဲ မသိဘူး ....သားကို စိတ်တိုနေတာနဲ့ မိန်းမကိုဝိုင်းမကူမိတာပါ "
"ရပါတယ်တော် ... ရီရီလဲ ကိုမင်းနိုင်ကိုအားနာလို့ ရှောင်ခဲ့လိုက်တာ ..သားကလေ ရပ်ကွက်ထဲက ခပ်ဆိုးဆိုးကလေးတွေနဲ့ပေါင်းပြီး ...အခုတလောနည်းနည်းရိုင်းချင်လာတယ် ..... သားကို ရီရီဆုံးမလိုက်ပါ့မယ်ရှင် "
" အေးပါကွာ ..ငါတော့ မင်းနိုင်ကို အားနာတာပဲသိတယ်...သူ့မှာ နဂိုကမှစိတ်ညစ်နေပါတယ်ဆိုမှ ... ငါတို့အိမ်လာလည်မိတာ ပိုစိတ်ညစ်သွားလား မသိဘူး "
~~~~~~
"အမေ ..အမေရေ "
ခြံဝကိုရောက်တာနဲ့ အမေ့ကို ဟန်လင်းသန့်လှမ်းခေါ်လိုက်မိတယ်။အိမ်တံခါးမကြီး ဖွင့်ထားပြီး တစ်အိမ်လုံးတိတ်ဆိတ်နေတာမို့ ဟန်လင်းသန့်ရင်ထဲတထိတ်ထိတ် ခုန်လှုပ်လာခဲ့မိတယ်။ပခုံးပေါ်က လွယ်အိတ်ကိုတောင် မချနိုင်ဘဲ အမေတို့အခန်းရှိရာဆီကို အမြန်လျှောက်သွားလိုက်တယ်။ပိတ်ထားတဲ့တံခါးကို ကြည့်ပြီး ဟန်လင်းသန့်ရင်ထဲပူလောင်လာသလို အံကိုတင်းတင်းကြိတ်လိုက်ပြီး အခန်းတံခါးကို ဆွဲဖွင့်ပစ်လိုက်တယ်။
'' အ မေ "
အခန်းထဲက မြင်ကွင်းကို ကြည့်ပြီး ဟန်လင်းသန့်တုန်လှုပ်ချောက်ချားစွာနဲ့ အမေ့ကိုခေါ်လိုက်မိတယ်။ခေါင်းမိုးတန်းကနေကြိုးတစ်ချောင်းဆွဲပြီး ကျန်တဲ့ကြိုးတစ်ဖက်ကို လည်ပင်းမှာချည်ထားခဲ့တဲ့အမေ။ပြီးတော့ လူကခွေခြေခုံပေါ် မှာ ရပ်နေခဲ့တယ်။ ဒီမြင်ကွင်းမျိုးကို ဗီဒီယိုတွေထဲမှာ ဟန်လင်းသန့်ကြည့်ဖူးနေတာမို့ ကြောက်လန့်တကြားအော်ဟစ်လိုက်မိတယ်။
=====================================
အပိုင်း( ၄ ) ဆက်ရန်
A KYI PHYU
#ဧကြည်ဖြူ
အပိုင်း (၂) Link
https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz
အပိုင်း( ၁ ) Link
https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz
" မင်္ဂလာပါ "
စာချစ်သူများရှင်
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု) ကိုစာဖတ်ခ 1000 Ksပေးသွင်းပြီး နေ့စဉ်ဖတ်ရှုနိုင်ပါတယ်။
ဒေါသသံနဲ့အော်ပြီး သူ့ကျောပြင်ကိုတဖြန်းဖြန်းနဲ့ရိုက်လိုက်တဲ့ အမေ့ကို ဟန်လင်းသန့်အငိုမျက်လုံးနဲ့မော့ကြည့်လိုက်မိတယ်။
"မအေပြောနေရင် နားထောင်ပါလား..အားတိုင်း နင့်ပထွေးကိုတမနေနဲ့ "
" အမေ့ကိုလဲမုန်းတယ်...ဦးလေးမင်းနိုင်ကိုလဲမုန်းတယ်...အမေကိုအဖေနဲ့တိုင်မယ် "
" ဘာ....ဟန်လင်းသန့် မင်းကပြောလေဆိုးလေပါလား..ကဲဟယ်... တိုင်အုံး..တိုင်အုံး "
အမေကစိတ်မရှည်စွာပြောပြီးတော့ ဟန်လင်းသန့်ရဲ့ကျောပြင်ကို တဖြန်းဖြန်းနဲ့ထပ်ရိုက်ပြန်တယ်။ဟန်လင်းသန့်နာကျင်နေပေမဲ့ လုံးဝမငိုဘဲကြိတ်မှိတ်ခံနေလိုက်တယ်။ကြာတော့ အမေလဲ ရိုက်ရတာမောသွားဟန်နဲ့ ရိုက်နေတာကိုရပ်လိုက်ပြီး ဦးမင်းနိုင်ကိုစကားလှမ်းပြောလိုက်တယ်။
" အစ်ကို ပြန်နှင့်လိုက်ပါလား...ညီမတို့သားအမိ ဒီမှာစကားခဏပြောချင်လို့...အိမ်ကို ညီမသော့ခတ်သွားလိုက်မယ်လေ "
" အင်းလေ...ဒါဆိုလဲအစ်ကိုပြန်လိုက်တော့မယ်လေ...အကြောင်းထူးရင်ဆက်သွယ်လိုက်လေ "
" ဟုတ်ကဲ့ပါ အစ်ကို "
ဦးမင်းနိုင်ထွက်သွားပြိးတဲ့နောက်မှာ အမေက ဟန်လင်းသန့်ရဲ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ဆွဲယူလိုက်တယ်။ဒီအခါမှာ အမေ့ရဲ့မျက်နှာက စောစောကလို ဒေါသမျက်နှာမဟုတ်တော့ဘဲ အမူအရာပြောင်းသွားတာကိုတွေ့လိုက်ရတယ်။
" သားလေး လင်းသန့် ...အမေ့ကိုမချစ်ဘူးလားကွယ်...အမေကလေ..ငါ့သားအတွက်မုန့်ဖိုးတွေအများကြီးရအောင် ဦးလေးမင်းနိုင်နဲ့ပတ်သက်မိတာပါကွယ်.....ဟော့ဒီလောကကြီးထဲမှာ ...အမေကသားကိုပဲအချစ်ဆုံးပါကွယ်...သားပြီးရင်သားရဲ့အဖေကိုအချစ်ဆုံးပါပဲ..အမေပြောတာကိုယုံပါနော်သားလေး.....သားလေးကအမေ့ကိုမယုံဘဲ...အခုကိစ္စတွေကို သားအဖေကို ပြန်ပြောမယ်ဆိုရင် အမေအရှက်ကွဲလိမ့်မယ်သားလေးရယ်.....သားရဲ့အဖေကလဲ အမေ့ကိုအိမ်ကနေပြီးမောင်းထုတ်လိမ့်မယ်...အဲ့ဒါဆိုရင် သားနဲ့အမေခွဲရလိမ့်မယ်သိလား...သားအဖေကို ဒီအကြောင်းတွေကိုမပြောပါနဲ့နော်သားလေး...အမေတောင်းပန်ပါတယ်နော် "
အမေကငိုပြိးပြောလာတော့ ဟန်လင်းသန့်ငိုင်တွေသွားမိတယ်။အမေမရှိဘဲ ဟန်လင်းသန့်မနေနိုင်ဘူးလေ။အဖေ့ကိုလဲချစ်ပေမဲ့ အမေမရှိဘဲနဲ့တော့ ဟန်လင်းသန့် နေနိုင်မယ်မထင်ဘူး။ သူတစ်နေကုန်ကျောင်းပဲ သွားသွား၊ လိုက်ပဲဆော့ဆော့ အိမ်ပြန်ရောက်ရင် အမေ့ကို မြင်လိုက်ရမှ စိတ်ထဲနေပျော်တယ်။အဖေနဲ့ ညအိပ်ညနေ ခွဲနိုင်ပေမဲ့ အမေ့နဲ့တစ်ရက်လေးတောင်မခွဲနိုင်ဘူး။ သူ့အရွယ်က အမေ့နားမှာ ကပ်နေရမဲ့ အရွယ်မဟုတ်တော့ပေမဲ့ အိမ်ထဲမှာအမေရှိနေမှသာ သူ့လဲ စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့နေနိုင်ကစားနိုင်တာ။
" ဒီမှာသား ...အမေ့ကိုကြည့်စမ်း ... သားက အမေနဲ့ ဦးလေးမင်းနိုင်အကြောင်းကို ...အဖေနဲ့ တခြားသူတွေကို ပြောမယ်ဆိုရင် ... အမေကိုယ့်ကိုယ်ကို သ<တ် tသပစ်လိုက်မှာနော် ... tသတယ်ဆိုတာကို သားသိတယ်မဟုတ်လား ... အမေပြောတဲ့စကားကို ...သားနားမထောင်ဘူးဆိုရင် ... အမေတို့အိမ်နားကချောင်းထဲကို အမေသွားခုန်ချလိုက်မယ် "
အသားနာခဲ့တာကို တစ်ချိန်လုံးတင်းခံနိုင်ခဲ့တဲ့ ဟန်လင်းသန့်မှာ အမေ့စကားကိုကြားလိုက်ရတော့ ဝမ်းနည်းလွန်းတာကြောင့် ဟီးခနဲငိုချပစ်လိုက်တယ်။
"မ ..မလုပ်ပါနဲ့ အမေ ....အမေမtသပါနဲ့နော် .......အဖေနဲ့လဲမတိုင်တော့ပါဘူး...အမေလဲ ဦးလေးမင်းနိုင်နဲ့မကြိုက်နဲ့တော့နော် ... သားလဲ ဘယ့်သူ့ကိုမှ မပြောတော့ဘူး "
" အင်းပါသားရယ်...အမေလဲ ဦးလေးမင်းနိုင်နဲ့မကြိုက်တော့ပါဘူး ..သားလဲ အဖေ့ကိုရော တခြားသူတွေကိုရော ဘယ့်သူ့ကိုမှ မပြောရဘူးနော် ...သားကလိမ္မာတယ်..မငိုနဲ့တော့နော် .. "
"ဟုတ် ..ဟုတ်ကဲ့ အမေ "
" ကဲ..ဒါဆိုရင် ..အမေတို့အိမ်ပြန်ကြမယ်နော် ..သားလေး ဘာမုန့်စားချင်လဲ ပြောပါအုံး "
အမေ့ရဲ့အမေးကို ဟန်လင်းသန့်ခေါင်းခါပြလိုက်ပြီး အမေ့လက်ကိုဆွဲပြီး အိမ်ထဲကထွက်ခဲ့လိုက်တယ်။
~~~~~~.
"ဘယ်လိုဖြစ်ရတာလဲ မင်းနိုင်ရာ ....မင်းနဲ့ မသန္တာကွာရှင်းကြတော့မလို့ဆို . "
" အင်း .... ဟုတ်တယ် ဝေလင်း ... ငါဆယ်နှစ်လုံးလုံး သူ့အတွက်နေပေးခဲ့ပြီးပြီလေကွာ....ငါ့အသက်လဲ မငယ်တော့ဘူး...ငါ့ဘ၀ငါ့ပျော်ရွှင်မှုအတွက်လဲ ငါရှင်သန်ချင်သေးတယ် "
ဟန်လင်းသန့် အိမ်ထဲကို ဝင်လိုက်ချိန်မှာပဲ ဦးမင်းနိုင် မျက်နှာကို မြင်လိုက်ရတာမို့ စိတ်တိုသွားမိတယ်။ဒီနေ့ သူလဲ ကျောင်းပိတ်သလို အဖေလဲ အလုပ်မသွားတာမို့ မိသားစု သုံးယောက် ပျော်ပျော်ရွှင်ရွှင်နေဖို့ စိတ်ကူးထားတာကို ဦးမင်းနိုင်ကြီး ရောက်ချလာတာမို့ စိတ်တိုသွားမိတယ်။
" သားပြန်လာတာ စောလှချည်လားကွ...ဗိုက်ဆာလို့ ပြန်လာတာလား ..အတူဆော့မဲ့ သူငယ်ချင်းတွေ ပြန်ကုန်ကြလို့ ပြန်လာတာလား "
" ဗိုက်ဆာလို့ အဖေ "
ဟန်လင်းသန့် အဖေ့ကို ပြန်ဖြေလိုက်ပြီး မှုန်ကုပ်ကုပ်မျက်နှာနဲ့ အိမ်ထဲဝင်လာခဲ့လိုက်တယ်။
" ရီရီရေ ....သားကဗိုက်ဆာနေပြီတဲ့ကွ ... ထမင်းပွဲပြင်လိုက်တော့လေ .. မင်းနိုင်ကိုပါ ထမင်းကျွေးလိုက်ရအောင် "
" ဟုတ်ကဲ့ပါ ကိုဝေလင်းရဲ့..သားလေး ရေသွားချိုးလိုက်အုံးနော် "
" ဟုတ်ကဲ့ အမေ "
အမေ့ကို ပြန်ဖြေလိုက်ပြီး ဟန်လင်းသန့် ရေချိုးဖို့ပြင်ဆင်လိုက်တယ်။
~~~~~
"စားကွာ သူငယ်ချင်း ..စိတ်ညစ်မနေနဲ့.....အကူအညီလိုရင်လဲပြောကွာ အားမနာနဲ့ "
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၃)
akyiphyu
*******
စေ့ထားတဲ့ခြံတံခါးကိုတွန်းဖွင့်ပြီးတော့ ခြံထဲကိုဟန်လင်းသန့်ဝင်ခဲ့လိုက်တယ်။ခြံဝန်းထောင့်ရဲ့တစ်နေရာမှာ အမေ့စက်ဘီးရပ်ထားတာကိုတွေ့လိုက်ရပေမဲ့ ရှေ့တည့်တည့်မှာမြင်နေရတဲ့ သစ်သားအိမ်မည်းမည်းကြီးက အိမ်တခါးတွေပိတ်ထားပြီး ငြိမ်သက်တိတ်ဆိတ်နေခဲ့တယ်။အိမ်တံခါးတွေ အားလုံးပိတ်နေပြီး ဘာသံမှမကြားရဘဲတိတ်ဆိတ်နေတဲ့အိမ်ကြီးကို ကြည့်ပြီး ဟန်လင်းသန့်အံ့ဩနေမိတယ်။ဒီအိမ်ဒီခြံထဲကို အမေဝင်သွားတာကို သေချာတွေ့လိုက်ပါရဲ့နဲ့အိမ်ကြီးကတိတ်ဆိတ်လွန်းနေတာမို့ မိခင်အတွက်စိုးရိမ်လာမိပြီး အိမ်ဘေးပတ်ပတ်လည်ကနေလိုက်လျှောက်ကြည့်လိုက်မိတယ်။
" ကြည့်ရတာ ကိုဝေလင်းက ရိပ်မိသွားတာများလား မသိဘူး... ဘယ်လိုလုပ်ကြမလဲ အစ်ကို ... မေလေးတော့ကြောက်တက် "
" သိတော့လဲ ဘာကြောက်စရာလိုလဲ မေလေးရယ်...မေလေး ကိုယ့်နောက်ကိုလိုက်ခဲ့လိုက်ပေါ့ .."
" ပြောတော့လွယ်လိုက်တာ အစ်ကိုရယ် ..အစ်ကို့မိန်းမကြီးကရော မေလေးတို့ကို ဒီတိုင်း ငြိမ်ခံနေမှာတဲ့လား "
" ကျွစ် ....တော်စမ်းပါမေလေးရယ်....သူ့ကိုစာရင်းထဲ ထည့်တွက်မနေနဲ့...အစ်ကိုသူနဲ့ကွာရှင်းဖို့လုပ်ထားပြီးသား...ရှေ့နေ့တွေနဲ့တိုင်ပင်ပြီး ပစွည်းတွေခွဲဖို့လဲ လုပ်ထားတယ်... အစ်ကို့ကိစ္စတွေက နောက်လထဲမှာ အကုန်ပြီးမှာ ...ကိစ္စတွေပြတ်ရင်.. အစ်ကိုပိုင်တာတွေ အကုန်ရောင်းခဲ့ပြီး...တစ်ခြားမြို့ကိုပြောင်းကြမယ်...အဲ့ဒီအချိန်ထိ အစ်ကိုတို့ ဟန်မပျက်နေကြမယ်... မေလေးက သုံးရက်တစ်ခါလောက်ပဲ... ဈေးဝယ်တဲ့ပုံစံနဲ့ ဒီကို ထွက်လာခဲ့လိုက်ပေါ့ ...အစ်ကိုတို့ ဒီမှာပဲတွေ့ကြမယ်...မေလေးတို့အိမ်ကို အစ်ကိုမလာတော့ဘူးနော် "
" ဟုတ်ကဲ့ အစ်ကို ... ဒါဆိုမေလေးစီစဉ်စရာရှိတာတွေ စီစဉ်ထားလိုက်မယ်နော် .. ပြီးတော့ ဒီနေ့ မေလေးစောစောပြန်မယ် အစ်ကို...ကျောင်းပိတ်တော့အိမ်မှာ သားလေးလင်းသန့် ရှိတယ် ..တော်ကြာ သူ့အဖေ့ကိုမဟုတ်တာတွေ လျှောက်ပြောနေမှာစိုးလို့လေ "
" ဟာကွာ...မေလေကလဲ ..သုံးရက်မှတစ်ခါပဲတွေ့ရတော့မဲ့ ဟာကို ၀အောင်ချစ်ပါရစေအုံး...မပြန်နဲ့အုံးကွာ..ညနေမှပြန်နော် "
" အစ်ကိုနော် ..တော်တော်ကဲ .. ပွဲရုံလဲမသွားဘူး "
အိမ်ထဲကပီပီသသ ထွက်ပေါ်လာတဲ့ စကားသံတွေကြောင့် ဟန်လင်းသန့်အိမ်နံရံဘေးမှာ အသက်မဲ့သူလို တောင့်တောင့်မတ်မတ်ကြီးရပ်နေမိတယ်။အသက်ဆယ်နှစ်ကျော်လာပြီဖြစ်တဲ့ သူ့အနေနဲ့ကြားနေရတဲ့ စကားသံတွေရဲ့အဓိပ္ပါယ်တွေကို ရှင်းရှင်းလင်းလင်းသိနေခဲ့တယ်။လက်သီးကိုဆုပ်လိုက်မိတယ်။ပြီးတော့တုတ်တစ်ချောင်းရှာပြီး ပြတင်းပေါက်တံခါးကို ခပ်ပြင်းပြင်းရိုက်ချပစ်လိုက်တယ်။
" ဒုန်း.....ဒုန်း....ဒုန်း "
"ဟေ့ ...ဘယ်သူလဲကွ "
ဒေါသတကြီးမေးသံနဲ့အတူ ပြတင်းပေါက်တံခါးက ဖျတ်ခနဲပွင့်လာခဲ့တယ်။ပြတင်းပေါက်တံခါးမှာ အပေါ်ပိုင်းဗလာနဲ့ရပ်နေတဲ့သူကို မြင်လိုက်ရတော့ ဟန်လင်းသန့်အံ့ဩတုန်လှုပ်သွားမိတယ်။
"ဦး...ဦးလေးမင်းနိုင်"
" ဟာ ...မင်း..မင်း...လင်းသန့် "
မင်းနိုင်ရဲ့ ပါးစပ်ကနေ လင်းသန့်ဆိုတဲ့ နာမည်ကို ကြားလိုက်ရတော့ ခင်မေရီလန့်ဖျပ်သွားမိပြီး အပေါ် အင်္ကျီကို မြန်မြန်ကောက်ဝတ်လိုက်တယ်။မင်းနိုင်ကလဲ ဟန်လင်းသန့်ကို တစ်ခဏကြောင်ငေးကြည့်နေပြီးမှ ပြတင်းပေါက်တံခါးကို ပြန်ပိတ်ဖို့ပြင်လိုက်တယ်။သို့ပေမဲ့ မင်းနိုင်နောက်ကျသွားခဲ့တယ်။ဟန်လင်းသန့်က ပြတင်းပေါက်ကနေ ကုပ်တွယ်တက်လာခဲ့ပြီလေ။
ဟန်လင်းသန့်မှာပြတင်းပေါင်ကနေ တက်လာခဲ့ပြီးနောက် အခန်းထဲကိုရောက်တဲ့အခါမှာ အင်္ကျီအဝတ်အစားတွေဝတ်ရင်းတန်းလန်းနဲ့ ထိတ်လန့်တုန်လှုပ်နေတဲ့မျက်နှာနဲ့ လှမ်းကြည့်နေတဲ့အမေကိုကြည့်ပြီး ဟန်လင်းသန့်ဆွံ့အငေးကြောင်ပြီးပြန်ကြည့်နေမိတယ်။
" လင်းသန့် ...မင်း...မင်း..ငါ့နောက်ကလိုက်လာတာလား.."
အမေ့အသံကိုကြားလိုက်ရမှ ဟန်လင်းသန့်သတိဝင်လာမိပြီး ဦးမင်းနိုင်ကိုမုန်းတီးစွာကြည့်လိုက်မိတယ်။
" အ..အမေ..ဘာ...ဘာလုပ်နေတာလဲ...ဦးလေးမင်းနိုင်လူယုတ်မာကြီး...အဖေနဲ့တိုင်မယ်...ကျွန်တော်တို့အိမ်မှာလဲ ထမင်းတွေလာစားသေးတယ်...အကျင့်မကောင်းဘူး "
" လင်းသန့် မင်းပါးစပ်ကိုပိတ်ထားစမ်း...မဟုတ်တာတွေလျှောက်ပြောမနေနဲ့..."
" မပိတ်ဘူး..မပိတ်ဘူး..အမေမကောင်းဘူး...ဦးလေးမင်းနိုင်က အဖေလောက်လဲမချောဘဲနဲ့...ဒီလူကြီးကိုဘာလို့ကြိုက်ရတာလဲ "
ဟန်လင်းသန့် စိတ်တိုဒေါသထွက်ပြီးမိခင်ဖြစ်သူကိုအော်ဟစ်မေးလိုက်မိတယ်။
" ဟန်လင်းသန့် မင်းပါးစပ်ကိုပိတ်ထားလို့ ငါပြောနေတာမကြားဘူးလား ...မင်းလာအုံး...ဒီကိုလာအုံး.."
" ဟင့်အင်း မလာဘူး...အဖေနဲ့သွားတိုင်မယ်... "
ဟန်လင်းသန့်ပြောပြီးတာနဲ့ ပြတင်းပေါက်ကနေ ခုန်ဆင်းဖို့ ပြင်လိုက်တယ်။
" အစ်ကို ဖမ်းလိုက်လေ...ဖမ်းလိုက်...မလွတ်စေနဲ့..."
အမေရဲ့အော်သံကိုကြားလိုက်ရပြီးတော့ ဟန်လင်းသန့်တစ်ကိုယ်လုံး ဦးမင်းနိုင်ရဲ့ဖမ်းချုပ်ခြင်းကိုခံလိုက်ရတယ်။
" လွှတ်..အခုလွှတ်ပေး..အဖေနဲ့တိုင်မယ်..."
ဟန်လင်းသန့်အတင်းရုန်းလိုက်ပြီး ဦးမင်းနိုင်ရဲ့လက်ကိုကိုက်ဆွဲပစ်လိုက်တယ်။
" အား "
" ဟယ် ကြည့်စမ်းအရိုင်းအစိုင်းလေး...လူကြီးကိုပြန်လုပ်ရလား..ကဲဟယ်...ရိုင်းအုံး..ရိုင်းချင်အုံး "
" ဖြန်း..ဖြန်း.."
စက်ဘီးကိုအတော်ကြာနင်းလာခဲ့ပြီးတဲ့နောက်မှာ လူသူတိတ်ဆိတ်တဲ့ခြံတစ်ခြံရဲ့ရှေ့မှာအမေ့ရဲ့စက်ဘီးရပ်လိုက်တာကိုမြင်လိုက်ရတာမို့ ဟန်လင်းသန့်လဲ ခပ်လှမ်းလှမ်းမှာပဲ စက်ဘီးကိုရပ်လိုက်တယ်။အမေကစက်ဘီးပေါ်ကဆင်းလိုက်ပြီးတော့ ခြံတံခါးကိုတွန်ုးဖွင့်ပြီး ခြံထဲကိုဝင်သွားခဲ့တယ်။အမေ့ကိုကြည့်ပြီး ဟန်လင်းသန့်မှာဘာလုပ်ရမှန်းမသိဘဲ ခပ်ကြောင်ကြောင်နဲ့ရပ်နေမိပြီးမှ ခြံထဲကိုဝင်လိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။
=====================================
အပိုင်း( ၃ ) ဆက်ရန်
A KYI PHYU
#ဧကြည်ဖြူ
အပိုင်း( ၁ ) Link
https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz
" မင်္ဂလာပါ "
စာချစ်သူများရှင်
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု) ကိုစာဖတ်ခ 1000 Ksပေးသွင်းပြီး နေ့စဉ်ဖတ်ရှုနိုင်ပါတယ်။
စာဖတ်ခ 1000Ks ပေးသွင်းဖို့ရန်အခြေအနေအခက်အခဲရှိပါကလဲ Free ဖတ်ရှုလို့ရပါတယ်ရှင်
စ/ဆုံး ဖတ်ရှုပြီးမှလဲ စာဖတ်ခကိုပေးသွင်းလို့ရပါတယ်ရှင် ....
စာဖတ်သူများကို မေတ္တာရပ်ခံချင်တာက စာဖတ်ခ 1000 Ks ပေးသွင်းနိုင်သူများအနေဖြင့်စာဖတ်ခပေးသွင်းပေးပါရန်နှင့် အခန်းဆက်ဝတ္ထုမှာလဲရေးသားထားပြီးသော ဝတ္ထုမဟုတ်ပါဘူးရှင် ..
နေ့စဉ်ရေးသားပြီးတစ်ပိုင်းစီတင်ပေးသွားမှာဖြစ်ပါတယ်...
စာဖတ်ခကို KPay (or) Wave နဲ့ ပေးသွင်းလို့ရပါတယ်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
#AKyiPhyu
#ဧကြည်ဖြူ
" ဟ..ဝေလင်းရ..တို့အရပ်ထဲကလူတွေကို ဧည့်သည်လို့ပြောစရာလား...အခုကလူစိမ်းထင်တယ်...ဝင်သွားရင်လဲလှစ်ခနဲ ပြန်ထွက်လာရင်လဲလှစ်ခနဲပဲ...မျက်နှာကိုလဲသေချာမမြင်ရဘူး...အချိုးအစားကြည့်ရတာတော့ ယောက်ျားတစ်ယောက်လို့ထင်ရတာပဲ...သူ့ပုံစံကခိုးကြောင်ခိုးဝှက်ပုံစံပေါက်နေတော့.... ဘကြီးလဲ မင်းတို့အိမ်သားတွေအတွက် စိတ်ပူတာနဲ့သေချာစောင့်ကြည့်ကြည့်တော့ ...ဧည့်သည်ကနေ့တိုင်းမဟုတ်ရင်တောင်ရက်ခြားလာလာနေတာသတိထားလိုက်မိတယ်...ဧည့်သည်ကဘယ်သူလဲ...ဘာလဲဆိုတာကိုတော့ဘကြီးလဲမသိဘူး...ဘာပဲဖြစ်ဖြစ် မင်းဇနီးကိုသေချာမေးပြီး ..အေးအေးဆေးဆေးဖြေရှင်းကြပေါ့ကွယ် "
" ဟုတ်...ဟုတ်ကဲ့ပါဘကြီး.."
ဒီမျှသာပြောပြီးဝေလင်းမှာစဉ်းစားရကျပ်ခဲ့ရတယ်။ဘယ်သူလဲဘာလဲဆိုတဲ့ အတွေးတွေမေးခွန်းတွေရဲ့နောက်မှာ ဇနီးဖြစ်သူခင်မေရီကိုယုန်ထင်ကြောင်ထင်ထင်လာမိတယ်။သို့ပေမဲ့ ကိုယ်တွေ့မမြင်ရမကြားရတဲ့အဖြေစ်အပျက်တွေအတွက် ဝေလင်းဘာကိုမှမဆုံးဖြတ်နိုင်ပါဘူး။ဇနီးသည်က သူ့အပေါ်မှာဆယ်နှစ်ကျော်လုံးလုံးဝတ္တရာမပျက်ကွက်ဘဲတာဝန်တွေကျေပွန်ခဲ့သလို ဣန္ဒြေသိက္ခာအပြည့်ရှိခဲ့တာကိုလဲသူအသိဆုံးပဲဖြစ်ခဲ့တာ။နောက်ဆုံးတော့ဝေလင်းမှာမယုံကြည်နိုင်ခြင်းတွေနဲ့ပဲ မဝေခွဲနိုင်ဖြစ်ကာ ဇနီးသည်ခင်မေရီကို မသိမသာအကဲခတ်နေခဲ့မိတော့တယ်။
~~~~~~~~~~
" ရီရီရေ...နေ့လယ်နေ့ခင်းတွေမှာ အစ်ကိုကလဲအလုပ်သွားရ...သားကလဲကျောင်းတက်နေရတော့ ...ရီရီတစ်ယောက်တည်းပျင်းနေမှာပဲ...အိမ်ဘက်ကိုဘယ်သူမှလာမလည်ကြဘူးလား"
ဝေလင်းကမသိမသာလေးအစ်အောက်ပြီးမေးကြည့်လိုက်တော့ ခင်မေရီကမျက်လုံးပြူးကြီးနဲ့မော့ကြည့်လိုက်ပြီး ခေါင်းကိုခါယမ်းလိုက်တယ်။
" ဘယ်သူမှလဲမလာသလို..ပျင်းချိန်လဲမရပါဘူးကိုဝေလင်းရယ်...တစ်နေ့တစ်နေ့ခြံထဲကသစ်ပင်တွေကိုပြုစုလိုက်...ရှင့်သားကိုစာသင်ရထိန်းရကျောင်းရတာနဲ့ပဲအချိန်ကုန်နေတာ...ဧည့်သည်နဲ့စကားပြောဖို့လဲ အချိန်မရပါဘူး "
ဇနီးသည်ရဲ့ဖြေရှင်းချက်အတွက် ဝေလင်းမှာထပ်မေးစရာမေးခွန်းတွေလဲမရှိခဲ့ပါဘူး။မသေချာမရေရာတဲ့အခြေအနေမှာ စိတ်ထဲကသိလိုစိတ်တွေကိုချိုးနှိမ်ပြီး မေးခွန်းတွေကိုဝေလင်းရင်ထဲမှာပဲသိမ်းဆည်းထားလိုက်တော့တယ်။
~~~~~~~~~~
" လင်းသန့်...မင်းဒီကိုလာအုံး "
မိခင်ဖြစ်သူရဲ့အသံက တင်းမာခက်ထန်ပြီးဒေါသသံပါနေတာကို ဟန်လင်းသန့်သတိထားလိုက်မိတယ်။
" ဟုတ်ကဲ့ အမေ...ဘာခိုင်းမလို့လဲ "
" မင်းလာစမ်း...ဒီမှာလာထိုင်စမ်း...မင်းရဲ့အဖေကို... မင်းဘာမဟုတ်တာတွေသွာပြောသေးလဲ....အိမ်ကိုဧည့်သည်လာတယ်ဆိုပြီး မဟုတ်တာတွေလျှောက်ပြောနေသေးတာလားပြောစမ်း "
" ဟင့်အင်း မပြောပါဘူးအမေ...အိမ်ကိုဧည့်သည်လာလို့လား "
ဟန်လင်းသန့်နားမလည်နိုင်ဘဲ အမေ့ကိုပြန်မေးလိုက်မိတယ်။
" ဘယ်ဧည့်သည်မှမလာလို့ပြောနေတာကို ...ဘာဧည့်သည်လဲ....မပြောဘူးဆိုလဲသွာဆော့တော့...အမေဈေးကြီးဘက်ဈေးသွာဝယ်လိုက်အုံးမယ်..."
" သားလဲလိုက်မယ် အမေ "
ဟန်လင်းသန့်ပြောလိုက်ပြီးတာနဲ့ အိမ်ရှေ့ဖိနပ်ချွတ်ဆီကိုပြေးလိုက်ပြီးဖိနပ်အသစ်ကိုစီးဖို့ပြင်လိုက်တယ်။အမေဈေးသွားဝယ်ပြီဆိုရင် ဈေးကြီးထဲမှာသွာဝယ်လေ့ရှိတာမို လမ်းမှာမုန့်သည်တွေလဲအများကြိးရှိတယ်။ဈေးဘက်က ဟန်လင်းသက်တို့နေတဲ့ဘက်လိုပျင်းစရာကြီးမဟုတ်ဘူးလေ။ဒါကြောင့်လဲ အမေဈေးကြိးဘက်ကိုသွားမယ်ဆိုရင် ဟန်လင်းသန့်လဲလိုက်နေကြပေါ့။
" ဟယ် ဒီကောင်လေးတော့သန့်ခနဲဆိုတာနဲ့နန့်ခနဲပဲ...မလိုက်ရဘူး.....မအေကအလကားသက်သက်အပျော်သွားတာမဟုတ်ဘူး... မလိုက်နဲ့...အရိုက်မခံချင်ရင်ပြောစကားနားထောင်နော်...စကားထပ်မပြောဘူးနော်...ငါကပျော်လွန်းလွန်းလျှောက်သွာနေတာမဟုတ်ဘူး "
ပြောပြီးတာနဲ့ပိုက်ဆံအိတ်ကိုချိုင်းကြားညှပ်ပြီး စက်ဘီးကိုယူကာထွက်သွားတဲ့မိခင်ကိုကြည့်ပြီး ဟန်လင်းသန့်မှုန်ကုပ်ကုပ်နဲ့ကျန်နေခဲ့ရတယ်။ခဏအကြာမှာတော့ ဟန်လင်းသန့်ထိုင်နေရာကနေကမန်းကတန်းထရပ်လိုက်ပြီးအိမ်တံခါးတွေကိုအမြန်လိုက်ပိတ်လိုက်တယ်။တံခါးတွေပိတ်ပြီးတာနဲ့ အိမ်ဘေးမှာထောင်ထားတဲ့စက်ဘီးကိုထုတ်စီးပြီး အမေစက်ဘီးနင်းသွားရာဘက်ကိုအမြန်လိုက်သွားလိုက်တယ်။
~~~~~~~~~
စက်ဘီးကိုဟောဟဲဆိုက်အောင် ဟန်လင်းသန့်နင်းလာခဲ့ရင်း မိခင်ရဲ့အရိပ်အရောင်ကိုရှာနေမိတယ်။အတော်ကြာနင်းလာခဲ့ပြီးမှ ခပ်ဝေးဝေးမှာစက်ဘီးနင်းသွာတဲ့မိခင်ဖြစ်သူကိုလှမ်းတွေ့လိုက်ရတာမို့ ဟန်လင်းသန့်ဝမ်းသာသွားမိပြီး စက်ဘီးကိုခပ်မှန်မှန်ပဲနင်းခဲ့လိုက်တယ်။စက်ဘီးနင်းသွားတဲ့မိခင်ရဲ့ပုံစံက ဝါးခမောက်ကြိးကိုဆောင်းထားပြီး ရှပ်အင်္ကျီဖားဖားကြီးကိုဝတ်ထားတာမို့ ဟန်လင်းသန့်တောင်ဖြုန်းခနဲမမှတ်မိဘဲဖြစ်သွားသေးတယ်။ဒါပေမဲ့ကိုယ့်အမေကိုတော့ ဘယ်အရပ်မှာဘယ်လိုပုံစံနဲ့ပဲမြင်မြင်ဟန်လင်းသန့်မှတ်မိနေတာပေါ့။
" ဟင် "
အမေ့စက်ဘီးက ဈေးကြီးဘက်ကိုမကွေ့ဘဲ မြို့စွန်ဘက်ဆီကိုကွေ့သွားတာမို့ ဟန်လင်းသန့်အံ့ဩသွားမိရင်း မိခင်ဖြစ်သူစက်ဘီးကွေ့သွားရာဘက်ကိုလိုက်ပြီးနင်းသွားလိုက်တယ်။
နှစ်ယောက်ပေါင်းပြီး မင်းနိုင်တို့ဘဝက ပဲခူးမြို့ပေါ်မှာ အခြေမြင့်အနေမြင့်နေနိုင်တဲ့ သူဌေးစာရင်းဝင်တွေဖြစ်လာခဲ့တယ်။မင်းနိုင်နဲ့ဝေလင်းက တက္ကသိုလ်အတူတက်ရင်းက ခင်မင်ရင်းနှီးခဲ့ကြတဲ့သူငယ်ချင်းတွေ။အိမ်ထောင်တွေ အသီးသီးကျတော့လဲ အခင်မင်မပျက် အသွားအလာမပျက်ခဲ့ဘူး။ မင်းနိုင်ရဲ့မိန်းမက အနေတည်ပြီး မာနကြီးတဲ့ ပုံစံမျိုးဖြစ်နေခဲ့တော့ မင်းနိုင်ရဲ့အိမ်ကိုတော့ ဝေလင်းကသိပ်မသွားဖြစ်ဘူးပေါ့ ။ မင်းနိုင်ရဲ့ဘ၀က ငွေကြေးပြည့်စုံပေမဲ့ အိမ်ထောင်ဖက်က ကျန်းမာရေးချူချာတာမို့ မင်းနိုင်ခမျာစိတ်မချမ်းမြေ့ခဲ့ရှာဘူး။အိမ်ထောင်သက်ဆယ်နှစ်အတွင်းမှာပဲ သူ့ထက်အသက်သုံးနှစ်ပဲကြီးတဲ့ သူ့ဇနီးက အသက်နဲ့မလိုက်အောင် အိုစာသွားခဲ့တာ။ ဒါတောင် ကလေးတစ်ယောက်မှမမွေးရသေးဘူး။ ဒါတွေကြောင့်လဲ အိမ်အကူတွေချက်ပြုတ်ကျွေးနေတာကိုပဲ ဖြစ်သလိုစားနေရတဲ့ မင်းနိုင်ကို ဝေလင်းကစာနာကာ သူ့အိမ်ကိုခေါ်ပြီးအမြဲဧည့်ခံကျွေးမွေးခဲ့တယ်။ဝေလင်းရဲ့ ဇနီးဖြစ်တဲ့ တောရွာသူ ခင်မေရီ ရဲ့ လက်ရာကလဲ စားဖူးသူတိုင်း ပြောစမှတ်တွင်လောက်အောင် အချက်အပြုတ်တော်တယ်လေ။
~~~~~
"ဟေ့ကောင်ကြီး ..ကျောင်းပြေးလားတာလားကွ "
လမ်းထိပ်မုန့်ဆိုင်က ဦးတိုးကြီးရဲ့အမေးကိုတောင် ဟန်လင်းသန့်ပြန်မဖြေနိုင်ဘဲ မျက်နှာလေးရှုံ့မဲ့ပြီး လမ်းကို ဆက်လျှောက်လာခဲ့လိုက်တယ်။ဟန်လင်းသန့်ကျောင်းပြေးလာတာမဟုတ်ပါဘူး ။အစားပေါင်းစုံစားပြီး ဝမ်းတွေ မကြာခဏသွားနေလို့ ဆရာမက ဟန်လင်းသန့်ကို အိမ်ပြန်လွှတ်လိုက်တာ။ ဟန်လင်းသန့်က အိမ်ပြန်ချင်တာမဟုတ်ဘူး ။ ကျောင်းမှာ အပေါင်းအသင်းတွေနဲ့ မျောက်ရှုံးအောင်ဆော့ချင်သေးတာ။အိမ်မှာက သူနဲ့ အမေနဲ့ နှစ်ယောက်တည်း နေရတာပျင်းစရာကြီး။အမေ အလုပ်လုပ်နေရင် ဟန်လင်းသန့်မှာ အိမ်ပေါ်တက်လိုက် ဆင်းလိုက်နဲ့ပျင်းနေတော့တာ။
~~~~~~~~
ခြံရှေ့ရောက်တော့ အိမ်တံခါးပိတ်ထားတာကို တွေ့လိုက်ရပြန်တာမို့ ကိုယ့်အခန်းရှိရာကို အိမ်ဘေးကနေပဲ ဟန်လင်းသန့်တန်းပြီးလျှောက်သွားလိုက်တယ်။အမေက အိမ်ထဲမှာ အလုပ်များနေတာပဲဖြစ်ဖြစ် ၊နေ့လယ်နေ့ခင်းတရေးတမောအိပ်နေတတ်တဲ့အခါမျိုးမှာလဲ အိမ်တံခါးကို ပိတ်ထားလေ့ရှိတယ်။ဟန်လင်းသန့်က မိခင်ဖြစ်သူအိပ်နေချိန်မှာ ခိုးထွက်ပြီး ဆော့နေကြမို့ အိမ်ထဲခိုးဝင်ခိုးထွက်လုပ်တာကို ကျွမ်းကျင်နေပြီ။အခုလဲ ခပ်တင်းတင်းစေ့ရုံစေ့ထားခဲ့တဲ့ ပြတင်းပေါက်တံခါးကို အသာဆွဲဟပြီးဖွင့်ဝင်လိုက်တယ်။အိမ်ကတိတ်ဆိတ်လွန်းနေခဲ့တယ်။ဟန်လင်းသန့်မှာ အခန်းထဲရောက်တာနဲ့ ဗိုက်ကရစ်ပြီးနာလာပြန်တာမို့ အိမ်သာရှိရာကို အရင်ပြေးဖို့ပြင်ရပြန်တယ်။ အခန်းတံခါးကိုဖွင့် နောက်ဖေးဘက်ကိုအသွားမှာ မိဘတွေရဲ့အခန်းတံခါးက ရုတ်တရက်ပွင့်လာတာမို့ ဟန်လင်းသန့် ရုတ်တရက်လန့်ပြီး အခန်းထဲကို ကြည့်လိုက်မိတယ်။ဟန်လင်းသန့်လန့်ပြီး ကြည့်လိုက်သလိုပဲ အခန်းတံခါးဖွင့်ပြီး ထွက်လာတဲ့အမေလဲ လန့်သွားပုံရတယ်။
"ဟန်..ဟန်လင်းသန့် ... မင်း...မင်းဘယ်တုန်းက ပြန်ရောက်နေတာလဲ ... ကျောင်း... ကျောင်းမတက်ဘူးလား "
အမေကအံ့ဩထိတ်လန့်သွားတဲ့အသံနဲ့ မေးရင်းက အိပ်ခန်းတံခါးကို ဒုန်းခနဲ ဆောင့်ပိတ်လိုက်တယ်။
" ဟုတ်.....ဟုတ်ကဲ့အမေ ... သားဗိုက်နာနေလို့ ဆရာမက ပြန်လွှတ်လိုက်တာ ...အခန်းထဲက ဘယ်သူကြီးလဲ အမေ ... အဖေလား "
အခန်းထဲကခုတင်ပေါ်မှာ လူတစ်ယောက်ကို ဟန်လင်းသန့်မြင်လိုက်သလိုလိုရှိတာမို့ အမေ့ကို မေးလိုက်မိတယ်။
"ဟင် ..ဘာလဲ ... ဘယ်သူမှမရှိပါဘူး ... နေပူထဲကပြန်လာပြီး မျက်လုံးတွေပြာပြီး မြင်ချင်ရာမြင်နေပြီးတော့ ဘာတွေလာမေးနေတာလဲ "
မိခင်ဖြစ်သူရဲ့ စကားကြောင့် ဟန်လင်းသန့် ဇဝေဇဝါတော့ဖြစ်မိသွားတယ်။အမေတို့ အခန်းရှေ့ကအဖြတ်မှာ ရုတ်တရက်ကြီး အခန်းတံခါးပွင့်လာတာမို့ ဟန်လင်းသန့်လန့်ပြီး လှမ်းကြည့်လိုက်မိချိန်မှာ ခုတင်ပေါ်မှာလှဲအိပ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်မိသလိုလိုပဲ။ဟန်လင်းသန့် ဘာမှ ဆက်တွေးမနေတော့ဘဲ အိမ်သာဆီကိုပဲ ဒုန်းစိုင်းပြေးလာခဲ့လိုက်တော့တယ်။
~~~~~~
ဝေလင်းတစ်ယောက် ကြားလိုက်ရတဲ့စကားတွေကို မယုံကြည်နိုင်ဘဲဖြစ်နေမိတယ်။မယုံဘူးလို့ငြင်းရအောင်လဲသတင်းစကားကိုပြောကြားသူက ဘကြီးကံသာဖြစ်နေခဲ့တယ်။ဘကြီးကံသာဆိုတာက ဝေလင်းတို့အိမ်နဲ့မျက်စောင်းထိုးခပ်လှမ်းလှမ်းမှာနေတဲ့အသက်(၇၀)ဝန်းကျင်အဘိုးအိုကြီး။သူ့ဘဝရဲ့နေဝင်ချိန်တွေကို အေးအေးချမ်းချမ်းဖြတ်သန်းနေသူ။ဘေးပတ်ဝန်းကျင်ကို အကောင်းအဆိုးပြောလေ့မရှိဘဲအေးငြိမ်းစွာနေတတ်သူ။အခုတော့ဒီလိုလူမျိုးက ဝေလင်းကိုပြောလေပြီ။
" မောင်ဝေလင်းရေ...အခုတလော မင်းတို့အိမ်ကိုဧည့်သည်လာလှချည်လားကွယ်...နေ့တိုင်းလိုလို ...နေ့လယ်ခင်းတွေဆိုရင်ဧည့်သည်ကရောက်လာတော့တာပဲ "
စစချင်းကြားတုန်းကတော့ ဘကြီးကံသာပြောတာကိုဝေလင်းမယုံချင်ဘူး။
" ဧည့်သည်ဟုတ်လား ဘကြီး...ဘယ်သူပါလိမ့်...ရပ်ကွက်ထဲကလူတွေကိုပြောတာလား"
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၂)
akyiphyu
********
" တကယ်ပဲ အိမ်ထောင်မပြုတော့တာလားကိုလင်း "
" တကယ်လို့ပဲပြောရမှာပေါ့ဗျာ...ကျွန်တော်က ငယ်ငယ်ချောချောမိန်းမလှလေးတွေကိုပဲကြိုက်တတ်တာလေဗျာ...မိန်းမယူလိုက်ပြီဆိုရင် ....အိမ်ထောင်သက်ကြာလာတာနဲ့အမျှ မိန်းမကပုံဆိုးပန်းဆိုးပုံစံဖြစ်လာမှာလေ...အဲ့ဒီလိုဆိုရင်ကွဲလိုက်ကွာလိုက်နဲ့မလွယ်လောက်ဘူးမဟုတ်လားဗျာ "
"ဟာ...ကိုလင်းကတော့နောက်ပြီ "
ကိုသက်ကပြုံးစိစိမျက်နှာနဲ့ပြောလာတော့ ဟန်လင်းသန့်ဘာမှထပ်မပြောဖြစ်တော့ဘဲ ပြုံးရုံသာပြုံးနေလိုက်တယ်။ သူ့လိုအစစအရာရာပြည့်စုံနေတဲ့သူတစ်ယောက်အတွက် မိန်းမတစ်ယောက်ကို မလိုအပ်ဘူးပဲပြောရမလား။ဒါမှမဟုတ် မိန်းမတွေကိုအထင်ကြီးလို့မရဘူးပဲပြောရမလား။သေချာတာကတော့ သူ့ရင်ထဲကနာကြည်းမှုတွေက အခုချိန်ထိမပြေပျောက်နိုင်သေးဘူးလို့ပဲပြောရမှာပဲ။ကိုယ်အချစ်ရဆုံးသူက ပေးခဲ့တဲ့ဒဏ်ရာဆိုတာမျိုးက အချိန်တွေကြာလာလဲ ပျောက်ကွယ်သွားခြင်းမရှိဘဲ ရင်ထဲမှာအမာရွတ်ထင်ကျန်နေတယ်လို့ပဲပြောရလိမ့်မယ်။ဒီနာကျင်မှုတွေကြောင့်ပဲ သူ့ရင်ထဲမှာနာကြည်းနာကျင်ပြီး ကြိုးစားလာခဲ့ရာက ဒီအခြေအနေအထိရောက်ရှိလာခဲ့တာလေ။ဒါတွေကိုမကျော်လွှားနိုင်ခဲ့တဲ့ သူ့ဖခင်ကြီးကတော့ အရက်သမားကြီးဘဝနဲ့ပဲ ဘဝကိုအဆုံးသတ်သွာခဲ့ရရှာတယ်။ဒီအကြောင်းတွေကိုပြန်တွေးမိတိုင်း ဟန်လင်းသန့်ရင်ထဲမှာနာကျင်နေမိတုန်းပါပဲ။အသက်ဆယ်နှစ်အရွယ်ကစိတ်ဒဏ်ရာက အသက်သုံးဆယ့်ခြောက်နှစ်အရွယ်အထိအနာမကျက်သေးဘူးလို့ပဲပြောရလေမလား။သူ့အသက်ဆယ်နှစ်အရွယ်က အဖြစ်တွေကိုပြန်တွေးမိတိုင်း နာနာကျင်ကျင်နဲ့မှတ်မိနေတုန်းပါပဲ။
...........................................
ရပ်ကွက်ထဲမှာလျှောက်ဆော့လို့ဝတော့ အိမ်ကို ဟန်လင်းသန့်ပြန်လာခဲ့တယ်။အိမ်ကိုရောက်တော့ အိမ်တံခါးတွေပိတ်ထားတာမို့ သူ့အခန်းပြတင်းပေါက်ကနေပဲကျော်ခွဝင်ခဲ့လိုက်တာပေါ့။
" အစ်ကိုနော်မကဲနဲ့.....တော်ကြာကိုဝေလင်းနဲ့သားလေးရိပ်မိသွားမှဖြင့် ဒုက္ခရောက်နေပါ့မယ် "
" သိတော့လဲသိပေါ့ မေလေးရယ်...ဝေလင်းသိသွားပြီဆိုရင် ...မေလေးလဲ ကိုယ့်နောက်ကိုလိုက်ခဲ့လိုက်တော့...ဘာမှစဉ်းစားမနေနဲ့တော့...အခုလိုမျိုး ခိုးကြောင်ခိုးဝှက်နဲ့တွေ့နေရတာကို စိတ်ကုန်နေပြီကွာ...မေလေးနဲ့လွတ်လွတ်လပ်လပ် အတူနေချင်နေပြီ "
မိဘတွေရဲ့အခန်းထဲကနေ အသံတွေကြားလိုက်ရတာမို့ ဟန်လင်းသန့်ယောင်ဝါးဝါးနဲ့ မိဘတွေအခန်းရှေ့ကိုသွားလိုက်တယ်။ ဒီအချိန်က ဖခင်ဖြစ်သူ အလုပ်သွားချိန်လေ။
" အမေ..အမေရှိလား...သားဗိုက်ဆာလို့ "
" ဒုန်း..ဒုန်း "
ဟန်လင်းသန့်ဗိုက်ဆာနေတာမို့ အခန်းတံခါးကိုထုလိုက်ပြီး အမေ့ကိုခေါ်လိုက်တယ်။တံခါးကို ဟန်လင်းသန့်ထုလိုက်ပြီး ခဏအကြာမှာပဲ အခန်းတံခါးက ပွင့်ဟလာခဲ့တယ်။
" ဟဲ့ကောင်လေး...ဘယ်အချိန်ရှိသေးလို့ဗိုက်ဆာနေရတာလဲ..သွားဆော့ဆိုရင်မဆော့ဘူး...မဆော့နဲ့လို့ပြောလိုက်ရင်တော့...စားချိန်သောက်ချိန်မှန်းတောင်မသိဘူးမဟုတ်လား...ကိုးလိုးကန့်လန့်လုပ်တဲ့အကျင့်ကတော့ ဖအေနဲ့တစ်ချိုးတည်းပဲ..သန္ဓေတွေကိုကမကောင်းကြဘူး "
ပါးစပ်ကတဖျစ်တောက်တောက်ပြောပြီးအခန်းထဲကထွက်လာခဲ့တဲ့ အမေ့ကိုဟန်လင်းသန့်ကြည့်ပြီး
နောက် အိပ်ခန်းထဲကိုလှမ်းကြည့်လိုက်မိတယ်။
" အဖေရောက်နေပြီမဟုတ်လား အမေ...ခုနအခန်းထဲက အသံကြားတယ်..အခုကြည့်တော့ အဖေလဲမရှိပါဘူး "
သားဖြစ်သူရဲ့အမေးကြောင့် ခင်မေရီမှာ မျက်နှာကိုမပျက်အောင်ထိန်းလိုက်ပြီး
" ဘာမဟုတ်တာတွေပြောနေတာလဲ ဟန်လင်းသန့်ရဲ့.....ဝတ္ထုကိုအသံထွက်ပြီး ငါဖတ်နေတာပါဟဲ့...လာ... ထမင်းစားမှာမဟုတ်လား...စားစရာရှိတာမြန်မြန်လာစား "
ဟန်လင်းသန့်မှာ အခန်းထဲကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး အူကြောင်ကြောင်နဲ့ထွက်လာခဲ့လိုက်တယ်။ယောက်ျားတစ်ယောက်ရဲ့အသံကို သူ့နားထဲသေချာကြားလိုက်ရတာမို့ စိတ်ထဲမကျေမနပ်ဖြစ်နေမိတယ်။
~~~~~~~~~~
" စားစမ်းပါမင်းနိုင်ရာ...မင်းကြည့်ရတာလဲ အားမရလိုက်တာ...ငါ့မိန်းမလက်ရာဒီလောက်ကောင်းတာကိုကွာ..."
ဝေလင်းကပြောပြောဆိုဆိုနဲ့သူငယ်ချင်းဖြစ်သူမင်းနိုင်ရဲ့ထမင်းပန်ကန်ထဲကို ဟင်းတွေခပ်ထည့်ပေးလိုက်တယ်။
" မင်းလိုသူဌေးကို ဒါမျိုးကျွေးရတာ အားတော့နာပါတယ်ကွာ...ဒါပေမဲ့ငါတို့အခြေအနေနဲ့ဒါမျိုးတွေပဲစားနိုင်တယ်ဟ...အသီးအရွက်စားတော့အစာကြေလွယ်တာပေါ့ကွာ...ဟဲ ဟဲ "
ဝေလင်းကပြောရင်းနဲ့အရှက်ပြေရယ်လိုက်တယ်။တကယ်ဆိုရင် ဝေလင်းတို့အနေအထားကလဲ ပြောသလောက်ကြီးဆိုးဝါးတဲ့အခြေအနေမဟုတ်ဘူး။ပဲခူးမြို့တစ်နေရာမှာ ခြံလေးဝန်းလေးနဲ့တစ်ထပ်တိုက်ပုလေးဆောက်ထားပြီးအေးအေးချမ်းချမ်းနေနိုင်တဲ့အနေအထားမျိုးပါပဲ။ဘဝကပြည့်ပြည့်စုံစုံချမ်းချမ်းသာသာကြီးမဟုတ်ပေမဲ့ ငွေကြေးအတွက်ပူပင်နေရတဲ့ဘဝတွေတော့မဟုတ်ဘူး။မင်းနိုင်လို ကိုယ်ပိုင်ကားမစီးနိုင်ပေမဲ့ သုံးဘီးလောက်တော့ အပူအပင်မရှိအေးအေးလူလူငှားစီးနိုင်တဲ့ဘဝမျိုးလို့ပဲရယ်စရာပြောရမလား။ဇနီးဖြစ်သူခင်မေရီနဲ့သားဖြစ်သူဟန်လင်းသန့်ကိုလဲ အပူအပင်သိပ်မရှိစေရဘဲထားနိုင်ခဲ့တယ်။မင်းနိုင်ကတော့ ပဲခူးမြို့ပေါ်မှာ ခြံကျယ်ကြီးနဲ့ တိုက်ကြီးနဲ့နေတဲ့သူ။ မင်းနိုင်ကိုယ်တိုင်ကလဲ သူဌေးသားတစ်ယောက်ဖြစ်ခဲ့သလို မင်းနိုင်ရဲ့မိန်းမကလဲ သူဌေးသမီးတစ်ယောက်မို့
သူ့ဘာသာပြောပြီး ဘာမှလာမပြောနဲ့လို့ပြောလာတဲ့ အစ်မဖြစ်သူကြောင့် မြရွက်ဝါလဲ ပါးစပ်ပိတ်ပြီး အစ်မဖြစ်သူနားကထလာခဲ့လိုက်တယ်။
~~~~~~
"ဘယ်လိုလဲဗျ ကိုလင်း ...အသက်က ၃၆)ဆိုတော့မငယ်တော့ဘူးနော် .. တော်ကြာ အဖေခါးကုန်းသားစားတုန်းဖြစ်နေအုံးမယ် ..အချိန်မီမိန်းမလေးဘာလေးယူတော့လေဗျာ "
" မိန်းမ ဘာလို့ယူနေရမှာလဲဗျာ ... ငွေရှိရင်ခေါင်းခေါက်ပြီး တွဲလို့ရနေတာပဲလေဗျာ ... ကျွန်တော်အတွက် မိ<န်းမဆိုတာအပျင်းပြေရုံသက်သက်ပါ ...အတည်တကျအိမ်ထောင်ပြုဖို့အတွက် တစ်ခါမှမတွေးမိပါဘူးကိုသက်ရာ ... ကျွန်တော့်အတွက်က ကားတစ်စီးပြီးတစ်စီးထည်လဲစီးနေရရင်ကျေနပ်နေပြီ ..ကျန်တာတွေ ဘာမှမလိုအပ်တော့ဘူး "
ဟန်လင်းသန့်က သူ့အမူအကျင့်အတိုင်း ခပ်ပြုံးပြုံးပြန်ပြောလိုက်တယ်။
==========================
အပိုင်း (၂ ) ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
*မိသားစုဇာတ်လေးဖြစ်တာမို့ အပြင်လောကနဲ့ သဘာဝကျကျတူအောင် ရေးထားတာမို့ "ကောင်မ " " ဟာမ " " အကောင် " ဘာညာ စတဲ့ စကားလုံးကြမ်းကြမ်းတွေ ပါနိုင်တာမို့ သည်းခံခွင့်လွှတ်ပေးကြပါရှင်
" မင်္ဂလာပါ "
စာချစ်သူများရှင်
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု) ကိုစာဖတ်ခ 1000 Ksပေးသွင်းပြီး နေ့စဉ်ဖတ်ရှုနိုင်ပါတယ်။
စာဖတ်ခ 1000Ks ပေးသွင်းဖို့ရန်အခြေအနေအခက်အခဲရှိပါကလဲ Free ဖတ်ရှုလို့ရပါတယ်ရှင်
စ/ဆုံး ဖတ်ရှုပြီးမှလဲ စာဖတ်ခကိုပေးသွင်းလို့ရပါတယ်ရှင် ....
စာဖတ်သူများကို မေတ္တာရပ်ခံချင်တာက စာဖတ်ခ 1000 Ks ပေးသွင်းနိုင်သူများအနေဖြင့်စာဖတ်ခပေးသွင်းပေးပါရန်နှင့် အခန်းဆက်ဝတ္ထုမှာလဲရေးသားထားပြီးသော ဝတ္ထုမဟုတ်ပါဘူးရှင် ..
နေ့စဉ်ရေးသားပြီးတစ်ပိုင်းစီတင်ပေးသွားမှာဖြစ်ပါတယ်...
စာဖတ်ခကို KPay (or) Wave နဲ့ ပေးသွင်းလို့ရပါတယ်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
#AKyiPhyu
#ဧကြည်ဖြူ
စ/ဆုံး Link
https://www.facebook.com/share/p/ncuBJW7Qawb15thP/?mibextid=oFDknk
ပြောပြီးတာနဲ့ အထဲကို မြရွက်ဝါလှစ်ခနဲပြန်ပြေးဝင်လာခဲ့လိုက်တယ်။မဝင်လို့လဲ မဖြစ်ဘူးလေ။တော်ကြာနေ အဘွားက အောက်ကနေအသားကုန်အော်ချင်ထအော်တော့မှာ။ သူ့မြစ်ကလေးမောင်မောင်နဲ့တွေ့ရင် လေသံကပျော့စိစိဖြစ်သွားတတ်တဲ့အဘွားက မြရွက်ဝါတို့ကိုဆိုရင် ကြိမ်းလိုက်မောင်းလိုက်ပြောလိုက်ဆိုလိုက်တာများ လူရှေ့သူရှေ့လဲမရှောင်ဘူး။အဘွားပြောပြီဆိုရင် မြခွါညိုကမခံဘူး။ချက်နဲ့လက်နဲ့ ပြန်ပြောတော့တာ။မြရွက်ဝါကတော့ မပြောပါဘူး။အဘွားပြောချင်တာပြော ခေါင်းလေး ငြိမ့်ပြီး ဟုတ်ကဲ့လိုက်လိုက်တာပဲ။ "ဟုတ်ကဲ့ " လို့ပြောပြီး ခေါင်းငြိမ့်လိုက်တာ ပင်ပန်းတာမှမဟုတ်တာ။မြရွက်ဝါ ဒီလောက်အလျှော့ပေးထားတာတောင် မြေးတွေအားလုံးထဲမှာ အဘွားကြည့်မရဆုံးက မြရွက်ဝါပဲဖြစ်နေခဲ့တာ။ ကြည့်မရတဲ့ အကြောင်းပြချက်ကလဲ ရိုးရိုးလေးပါပဲ မြရွက်ဝါကအမေ့ဘက်ကအမျိုးတွေနဲ့တူပြီး ရုပ် ဆိုးလို့တဲ့လေ။ သူ့သားလို ဖြူဖြူသန့်သန့်ခပ်ချောချောလူကနေပေါက်ဖွားလာခဲ့တဲ့ မျိုးဆက်က အသားညိုညိုရုပ်ဆိုးဆိုးလေးဖြစ်နေလို့ကိုကြည့်မရတာတဲ့လေ။ကံကောင်းလို့သာ မြရွက်ဝါမှာ အဖေ့ဆီကမျက်ခုံးအမွေကိုရလိုက်လို့သာပေါ့။မဟုတ်ရင် သူ့သွေးသားမဟုက်ဘူးဆိုပြီးအဘွားက ငြင်းချင်ငြင်းနေအုံမှာ။ အခုတော့ ထင်းပြီးကော့ညွှတ်နေတဲ့ တစ်ကြောင်းတည်းသော လှတပတ မျက်ခုံးမွှေးလေးနှစ်ဖက်ကတော့ ဖခင်ကြီးဆီကနေ ပုံတူကူးချထားသလိုရှိနေခဲ့တော့ အဘွားခမျာ သူ့မြေးအဖြစ်လက်မခံချင်လဲလက်ခံလိုက်ပုံရတယ်။ပြောရရင်လဲ မြရွက်ဝါတစ်ကိုယ်လုံးမှာ လှတာ ဆိုလို့လဲ ပြစရာမျက်ခုံးမွှေးပဲရှိတယ်ပြောရမလား။ အရပ်က ငါးပေတစ်လက်မ ။အသားက ညိုညို။မျက်နှာကကြီးကြီး။ ဆံပင်တွေကလဲ အရပ်နဲ့မလိုက်အောင် ဖောင်းဖောင်းပွပွ ကောက်ကောက်တွေကိုဖြစ်နေတာ။ဘယ်လိုဖြောင့်ဖြောင့် မရတဲ့ အကြောတင်းတဲ့ဆံပင်မျိုးတွေလေ။ဒီကြားထဲ ဘွဲ့ရပညာတတ်မဟုတ်တော့ ပိုဆိုးတာပေါ့။မြေး (၇) ယောက် ကြားမှာ မြရွက်ဝါသာအဆူခံ အပြောခံရဆုံး။မိဘနှစ်ပါးက ရှေ့ဆင့်နောက်ဆင့်ဆိုသလို ဆုံးပါးသွားကြတော့ ပိုဆိုးတာပေါ့။ အမိမဲ့သားရေနည်းငါးတဲ့လေ။မိဘအရိပ်အာဝါသမရှိတဲ့ အရပ်က ဘယ်လောက်တောင်ပူပြင်းလိုက်သလဲ။ပြီးတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသွားခဲ့တဲ့ အစ်မဖြစ်သူမြခွါညိုက ယောက်ျားနဲ့ ကွဲပြီး သားတစ်ယောက်နဲ့ပြန်ရောက်လာတာလေ။တကယ်ဆို မြရွက်ဝါနဲ့ မြခွါညိုက အသက်နှစ်နှစ်ကွာတယ်။မြခွါညိုက အသက်နှစ်နှစ်ကြီးပြီး ကလေးတစ်ယောက်မွေးထားပေမဲ့ အလှမပျက်လှနေဆဲပဲ ။ အသက်(၃၈)နှစ်လို့မထင်ရအောင်ကို နုပျိုလှပနေတာ။မြရွက်ဝါကတော့ အသက်ကသုံးဆယ့်ငါးစွန်းစွန်းပဲရှိသေးပေမဲ့ သုံးစားမရတဲ့ အပျိုဟိုင်းကြီးလို့ အားလုံးကဝိုင်းသက်မှတ် ခံထားရတာလေ။
''မြရွက် ...ဒါတွေက ဘယ်သူမှာတာလဲ .."
မြရွက်ဝါအတွေးများနေဆဲမှာ မြခွါညိုရဲ့မေးသံကိုကြားလိုက်ရတာမို့ ခေါင်းမော့ကြည့်လိုက်မိပြီး ပစ္စည်းမှာတဲ့ အကောင့်ကိုပြောပြလိုက်တယ်။မြရွက်ဝါတို့က အွန်လိုင်းကနေဈေးရောင်းကြတာ။ရောင်းတဲ့ပစ္စည်းတွေက တရု/ Xတ်ထုတ် ထို<င်းကထုတ်တဲ့ ဈေးသိပ်မကြီးတဲ့ အိမ်တွင်းအသုံးအဆောင်ပစ္စည်းလေးတွေရောင်းကြတာ။အွန်လိုင်းဈေးရောင်းဈေးဝယ်ခေတ်စားလာတော့ မြရွက်ဝါတို့ ညီအစ်မရဲ့လုပ်ငန်းက အရောင်းတွင်ကျယ်လာသလို ၀င်ငွေလဲ မဆိုးဘူး။ အရင်းတစ်ယောက်တစ်ဝက်စိုက်ထားပြီး အမြက်လဲတစ်ဝက်စီပေါ့ ။ဒီထဲမှာ ထမင်းဟင်းမချက်ချင်တဲ့ မြရွက်ဝါက အစ်မဖြစ်သူကို ထမင်းဖိုးပေးပြီးစားတယ်။တကယ်တမ်းက မြရွက်ဝါတို့မှာ ကိုယ့်ဝင်ငွေကိုယ့်လုပ်ငန်းနဲ့ အေးဆေးပဲ။ပူစရာကိုမရှိတာ။ ဒါပေမဲ့ မြရွက်ဝါတို့မှာတစ်ရက်မှ စိတ်အေးလက်အေးမရှိဘဲ ပူပင်သောကများနေရတယ်။ဒီလိုပူပင်သောကများနေရတာကလဲ (၁၈)နှစ်အရွယ်တူတော်မောင် ရဲမြတ်မောင်ကြောင့်လို့ပဲ ပြောရမလား။
" မညို ... မောင်မောင့်ဆီဖုန်းဆက်ကြည့်အုံးလေ ...သင်တန်းက (၂)နာရီလွှတ်တာဆို "
" မဆက်ဘူးဟေ ..မဆက်ဘူး ...အချိန်ရှိသ၍ ကောင်မနဲ့ပဲ ချိန်းတွေ့ချင်နေတာ ...ငါဘယ်တော့မှ ဖုန်းမဆက်ဘူး ..ပြန်လာချင်လာမလာချင်လို့ မိန်းမခိုးသွားလဲ သူ့ထိုက်နဲ့သူ့ကံပဲ ...အိမ်ပေါ်တော့ မိန်းမခေါ်တင်မလာနဲ့... အိမ်ဝကနေဆီးပြီးကန်ချပစ်လိုက်မယ် "
ဒေါသတကြီးထပြောလိုက်တဲ့ အစ်မဖြစ်သူကြောင့် မြရွက်ဝါလန့်သွားမိတယ်။
" မညိုကလဲ ..ကလေးက သူ့သူငယ်ငယ်ချင်းတွေနဲ့လည်နေတာဖြစ်မှာပေါ့ "
" အမယ်လေးဟဲ့ ..ဘာသူငယ်ချင်းလဲ ..သူ့ကောင်မနဲ့တွေ့ဖို့ ...ဖုန်းနဲ့ချိန်းနေကြတာ ငါကြားသားပဲ ... ငါတယ် မပြောလိုက်ချင်ဘူး ... ဟာမတွေလဲ ကောင်လေးချောချောဆိုရင် အလွှတ်ကိုမပေးချင်ကြဘူး ... အိမ်ကဟာကဖြင့် ရေချိုးဖို့ တောင်မနည်းပြောနေရတဲ့အပျင်း....အိမ်မှာနေရင်တော့ မိဘကူရမှန်းမသိဘူး ... ဂိမ်းဆော့လိုက်ရည်းစားနဲ့ ဖုန်းပြောလိုက် ..အိပ်လိုက်စားလိုက်နဲ့ ...ဒါကို သိသိနဲ့ ဟာမတွေကလဲ ..ဘာတွေကို အထင်ကြီးနေကြလဲမသိဘူး "
" ဪ ..မညိုရယ် ....သူတို့ အရွယ်တွေက ကလေးသာသာပဲရှိသေးတာလေ .....ဒါတွေ ဘယ်တွေးမိမှာလဲ "
"ဟဲ့ ....ဘာကလေးလဲ ....ဟိုဟာမက အသက်နှစ်ဆယ်ကျော်နေပြီ ...တမောင်မောင်နဲ့ ....ပြောလိုက်ရရင်တော့ မကောင်းရှိတော့မယ် ... ငါစိတ်ရှုပ်နေလို့ နင်ဘာမှမပြောပါနဲ့ဟယ် .."
...သူ့အပေါ်ယုတ်မာလဲခွင့်လွှတ်လေ့မရှိဘူး...ဟာ...ပြောရင်းဆိုရင်းနဲ့ သူလာနေပြီ.....ကြည့်ရတာမင်းဆီကိုလာတာထင်တယ်...ဘာပဲဖြစ်ဖြစ်တောင်းပန်လိုက်ကွာ...သူနဲ့ပြဿနာတော့သွားမဖြစ်နဲ့ ... "
သတိပေးစကားပြောသူရဲ့စကားမဆုံးခင်မှာပဲ သူတိုတွေထိုင်နေတဲ့စကားဝိုင်းဆီကိုလျှောက်လာတဲ့ ဟန်လင်းသန့်ကိုတွေ့လိုက်ကြရတယ်။လျှောက်လာတဲ့ပုံက တစ်လောကလုံးကိုဂရုမစိုက်တဲ့အထာမျိုးနဲ့လျှောက်လာတာ။ခြောက်ပေနီးပါးမြင့်မားတဲ့အရပ်အမောင်းနဲ့ချောမောကြည့်ကောင်းတဲ့ရုပ်ရည်သွင်ပြင်ကြောင့် အဝေးကလှမ်းကြည့်လိုက်ရင်ကိုသူ့ပုံစံကထင်းထင်းကြီးကိုပေါ်နေတော့တာလေ။
" မင်းနိုင်ဆိုတာဘယ်သူလဲ "
ကြည်လင်ပြတ်သားတဲ့အသံနဲ့မေးလာတဲ့ ဟန်လင်းသန့်ရဲ့မေးသံကြောင့် မင်းနိုင်နည်းနည်းတော့ဖြုံသွားရတယ်။ဟန်လင်းသန့်ရဲ့မေးသံက ဒေါသသံမပါပေမဲ့ အမေးခံရသူအဖို့တော့ရှိန်ခနဲဖြစ်သွားစေတယ်။
"မင်းနိုင်ဆိုတာကျွန်တော်ပဲ ကိုဟန်လင်းသန့်...မနေ့ကရောင်းလိုက်တဲ့ကားအတွက်လာတာလား...အဒါဆိုရင်တော့ဆောရီးပါဗျာ...ကျွန်တော့်ဝယ်လက်က ..အဲ့ဒီကားကိုအရမ်းကြိုက်နေတာနဲ့ ကြားထဲကနေဈေးညှိပေးပြီးဝင်ဆွဲလိုက်ရုံပါဗျာ..."
" ဖြောင်း "
မင်းနိုင်ရဲ့စကားမဆုံးခင်မှာပဲ ဟန်လင်းသန့်ရဲ့လက်ကဖျတ်ခနဲလှုပ်ရှားသွားခဲ့ပြီး မင်းနိုင်ရဲ့ဇက်ပိုးကိုဖြောင်းခနဲမြည်အောင်ရို<က်ချပစ်လိုက်တယ်။အရိုက်ခံလိုက်ရတာကြောင့် မင်းနိုင်ရဲ့မျက်နှာတစ်ပြင်လုံးနီရဲတက်လာပြီး နေရာကနေဝုန်းခနဲထရပ်လိုက်တယ်။
" မင်းကလူးပါးဝလှချည်လားကွ...မင်းနိုင်ဆိုတဲ့ကောင်ကိုတော့လာစမ်းလို့မရဘူးနော် "
" ဒုက် ...အွန့်.. "
ဒီတစ်ခါလဲမင်းနိုင်ရဲ့စကားမဆုံးလိုက်ပါလေ။ဟန်လင်းသန့်က မပြောမဆိုနဲ့မင်းနိုင်ရဲ့ညို့သကျည်းကိုဖြတ်က<န်ပစ်လိုက်တာကြောင့် မင်းနိုင်မှာအရှိန်မထိန်နိုင်တော့ဘဲ မြေပြင်ပေါ်ကို ဘုတ်ခနဲပစ်လဲကျသွားခဲ့ရတယ်။ဘေးကကြည့်နေသူတွေမှာ မင်းနိုင်ခံနေရတာမြင်ပေမဲ့လဲ ဟန်လင်းသန့်အကြောင်းကိုသိနေကြတာမို့ဝင်တားရဲကြဘူး။
" မင်းဘာကောင်ဖြစ်ဖြစ်..ဟန်လင်းသန့်ဆိုတဲ့ငါလိုကောင်ကလဲ ဂရုမစိုက်ဘူး...အေး ပွဲစားကပွဲစားအလုပ်လုပ်ရုံနဲ့ ...ဘာမှမဖြစ်ဘူး...မင်းမနေ့ကကားသွားဆွဲတော့ ပိုင်ရှင်ကဘာပြောလိုက်လဲ ပြောစမ်း.....ဘာလဲမမှတ်မိဘူးလား....မမှတ်မိရင်ပြန်ပြောပြရမလား...ပိုင်ရှင်က...မင်းကို ဟန်လင်းသန့်လွှတ်လိုက်တဲ့သူလားလို့မေးတာကို ...ဟုတ်တယ်လို့ပြောပြီးဝင်ဆွဲသွားတာဆိုကွ...မင်းဘာသာ ပိုင်ရှင်ကိုကြိုက်ဈေးပေးပြီးပွဲဖြစ်တာဆိုရင် ငါကဂရုကိုမစိုက်ဘူး...ဟန်လင်းသန့်ကိုလာမကျော်နဲ့နော် ...ဒီနယ်မြေမှာခြေမချနိုင်ဘဲ ဖြစ်သွားမယ်ကြားလား "
ပြောပြီးတာနဲ့နေရာကနေ ဟန်လင်းသန့်ထွက်လာခဲ့ပြီး ကားပေါ်တက်ပြီးမောင်းထွက်လာခဲ့တယ်။
~~~~~~~~~
ဒေါ်မြနှစ်တစ်ယောက်ခြံဝမှာထိုင်ပြီး မြေးတွေတစ်ယောက်ပြီးတစ်ယောက်ပြန်လာတာကိုထိုင်စောင့်နေခဲ့တာ။ဒေါ်မြနှစ်ရဲ့ခြံက ရန်ကုန်မြို့ကြီးရဲ့အချက်အချာကျတဲ့မြို့နယ်တွေထဲက မြို့နယ်တစ်ခုဖြစ်တဲ့တောင်ဥက္ကလာပမြို့နယ်ထဲမှာရှိတာ။ပေလေးဆယ်ခြောက်ဆယ်ကျယ်ဝန်းတဲ့ခြံကြီးထဲမှာ နှစ်ခန်းတွဲငါးထပ်တိုက်ဆောက်ပြီးနေထိုင်ခဲ့တယ်။တိုက်ဆောက်တာက ကန်ထရိုက်ပေးပြီးဆောက်တာဆိုတော့ တခြမ်းကိုကန်ထရိုက်က ရောင်းစားတယ်။တစ်ခြမ်းမှာ ဒေါ်မြနှစ်နဲ့ သားသမီးမြေးမြစ်တစ်စုနေကြတယ်။ဒေါ်မြနှစ်ယူထားတဲ့ အခြမ်းမှာတော့ မြေညီထပ်မှာ က ဒေါ်မြနှစ်နဲ့သမီးအကြီးဆုံး မိသားစုနေတယ်။ကျန်တဲ့လေးထပ်မှာက သမီးငယ်မိသားစုနဲ့သားလတ်မိသားစုကို တစ်ယောက်တစ်ခန်းပေးထားပြီး နှစ်ခန်းကိုငှားစားထားတယ်။ အခုဆိုရင်ဒေါ်မြနှစ်အသက် (၇၀)ကျော် (၈၀)နီးပါးရှိနေပြီ။ အတူနေသမီးကြီးမိသားစုနဲ့အတူ စတိုးဆိုင်လေးဖွင့်ထားတယ်။ပထမထပ်မှာက သမီးငယ်မိသားစုနေတယ်။ဒုတိယထပ်မှာက သားလတ်မိသားစုကိုပေးနေတာ။ ဒါပေမဲ့ သားလတ်နဲ့ချွေးမဖြစ်သူက ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးသွားကြတော့ သားလတ်ရဲ့သမီးနှစ်ယောက်ဖြစ်တဲ့ ကလေးတစ်ယောက်အမေတစ်ခုလပ်မလေးမြခွါညိုနဲ့ သားဖြစ်သူရဲမြတ်သူရယ် အပျိုဟိုင်းကြီးစာရင်းဝင်နေပြီဖြစ်တဲ့မြရွက်ဝါတို့သုံးယောက်ပဲနေတာ။
"ခွါညိုရေ ....ခွါညို ....မောင်မောင်ပြန်မလာသေးဘူးလား "
ဒေါ်မြနှစ်က ဒုတိယထပ်ကို လှမ်းအော်မေးလိုက်တယ်။
" မညို ..အဘွားအော်နေတာ ကြားလား "
အဘွားရဲ့အော်မေးသံကြောင့် မြရွက်ဝါက အစ်မဖြစ်သူကို လှမ်းပြောလိုက်တယ်။
"ဟဲ့ ...နင်ကြားရင် နင်ထွက်ဖြေလိုက်ပေါ့ဟယ် ... ပြန်မလာသေးတာ နင်လဲသိနေတာပဲ "
အခန်းထဲကနေဆောင့်ဆောင့်အောင့်အောင့်လေသံနဲ့ ပြန်ဖြေတဲ့ အစ်မဖြစ်သူကြောင့် မြရွက်ဝါမှာ လက်ထဲကလုပ်လက်စအလုပ်ကို ပစ်ချထားခဲ့လိုက်ကာ ၀ရန်တာကိုထွက်ခဲ့လိုက်ပြီး အဘွားကိုလှမ်းအော်ပြောလိုက်ရတယ်။
" မောင်မောင်ပြန်မလာသေးဘူး အဘွား "
" ဟဲ့ ..ပြန်မလာသေးဘူးဆိုတော့ ဘယ်သွားလို့လဲ ...သင်တန်းက (၂)နာရီလွှတ်တာမဟုတ်လား ...အခုပဲ (၄)နာရီထိုးတော့မယ် "
" မသိဘူးလေအဘွား ... သူ့သူငယ်ချင်းတွေနဲ့ တွေ့နေလို့နေမှာပေါ့ "
၂၄ပုဒ်မြောက်တက်မဲ့ အခန်းဆက်ဝတ္ထုလေးကတော့
ယနေ့ခေတ်လူငယ်တွေနဲ့
လူလတ်ပိုင်းတွေရဲ့ အချစ်/ဘဝသရုပ်ဖော်မိသားစုဇာတ်လမ်းလေးဖြစ်ပါတယ်။
#ပန်းတွေပွင့်ချိန်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁ )
akyiphyu
**********
''ပဲ...ပြုတ်..ဟော့ဒီကပဲပြုတ် "
လူကနိုးသလိုလိုမနိုးသလိုလို အိပ်ချင်မူးတူးဖြစ်နေချိန်မှာပဲ မနက်ခင်းပဲပြုတ်သည်အသံကိုကြားလိုက်ရတာမို့ အိပ်ရာထဲကနေ မြရွက်ဝါဖျတ်ခနဲထထိုင်လိုက်တယ်။ဘေးနားကဖုန်းကို ယူကြည့်လိုက်တော့ မနက် (၅)နာရီနဲ့ဆယ်မိနစ်တိတိ။နေ့တိုင်း သိပ်ကိုအချိန်မှန်အချိန်တိကျတဲ့ ပဲပြုတ်သည်ဒေါ်ထား။ သူ့အသံကြားလို့ နာရီထကြည့်လိုက်ရင် မနက်(၅)နာရီဆယ်မိနစ်ပဲ။အချိန်လွဲတယ်လို့ကိုမရှိဘူး။ နာရီထက်တောင် အချိန်တိကျတဲ့ပဲပြုတ်သည်ဒေါ်ထား။ သူ့ခမျာ အဆိုတော်ကြီးလွှမ်းမိုးရဲ့သီချင်းထဲက ပဲပြုတ်သည်မထားနဲ့ နာမည်သာတူတာ ဘ၀ကတော့ မတူရေးချမတူဘူးရယ်။ သူ့ခမျာဘယ်သူဌေးသားနဲ့မှလဲ လက်မထပ်ခဲ့ရရှာပါဘူး။ အခုချိန်အသက်ငါးဆယ်ကျော်ထိ သားသမီးသုံးယောက်နဲ့အရက်သမားလင်ဆိုးကို သူပဲ ပဲပြုတ်ရောင်းကျွေးနေရတုန်း။
"ဂလုံ ....ဂွမ် "
အိပ်ရာကထဖို့အရေးကို မဆီမဆိုင်ပဲပြုတ်သည် အကြောင်းတွေးနေမိတဲ့ မြရွက်ဝါမှာ နောက်ဖေးမီးဖိုချောင်က အိုးသံခွက်သံတွေကြားလိုက်ရမှ ကမန်းကတန်းကုန်းထပြီး ရေချိုးခန်းဘက်ကို အပြေးအလွှားထွက်ခဲ့လိုက်တယ်။ရေချိုးခန်းထဲဝင်ခါနီးမှာ အစ်မဖြစ်သူမြခွါညိုကိုလှမ်းကြည့်လိုက်မိတယ်။အစ်မဖြစ်သူကလဲ သူမကိုမျက်လုံးပြူးနဲ့လှမ်းကြည့်လာတယ်။မီးမပျက်ခင်ထမင်းစောစောထချက်ရတာမို့ အစ်မမျက်နှာက သိပ်ပြီး ကြည့်ပုံမရဘူး။
" ဘာဟင်းချက်လဲ "
"မျက်လုံးပါရင် ကိုယ့်ဘာသာကြည့်ပါလား "
မြရွက်ဝါရဲ့အမေးကို အစ်မဖြစ်သူက ထုံးစံအတိုင်းအသံမာဆတ်ဆတ်နဲ့ပြန်ဖြေလာတယ်။အစ်မရဲ့ဖြေသံကြောင့် မြရွက်ဝါလဲနှုတ်ခမ်းကိုစူထော်ပြီး ရေချိုးခန်းထဲဝင်လာခဲ့လိုက်တယ်။အစ်မမြခွါညိုကစကားပြောရင် ဒီလိုပဲဘုဆတ်ဆတ်နဲ့လူအမြင်ကပ်အောင်ပြောလေ့ရှိတယ်။စိတ်ရင်းစေတနာကောင်းပေမဲ့ ပါးစပ်ဆိုးတယ်လို့ပဲပြောရမလား။တစ်နေ့မှာရှစ်နာရီလောက်ကို သူ့မျက်နှာကစူပုတ်နေတော့တာ။သူလဲအပျိုဘဝကတော့ ဒီ လိုမဟုတ်ပါဘူး။လူကလှသလိုစကားတောင်ကျယ်ကျယ်ပြောတဲ့သူမဟုတ်ဘူး။အခုလိုမျိုုးပုပ်ပုပ်သိုးသိုးအာပြဲစိန်ဖြစ်လာရတာက သူ့မရဲ့သားတော်မောင်ကြောင့်လို့ပဲပြောရလေမလား။သူ့ရဲ့သားတော်မောင်လဲဖြစ်သလို မြရွက်ဝါရဲ့တူတော်မောင်လဲဖြစ်တဲ့ ရဲမြတ်မောင် လူပျိုပေါက်အရွယ်ကိုရောက်လာကတည်းက သူမလဲလျှာကြမ်းအာကြမ်းအမေကြမ်းဖြစ်လာတော့တာပဲ။ပိုဆိုးသွားတာက ရဲမြတ်မောင်ကလဲ အရွယ်လေးရောက်လာတာနဲ့ ရုပ်ရည်လေးကပိုပြီးကြည့်ကောင်းချောမောလာသလို ပိုပိုပြီးလဲပြောမရဆိုမရလေးဖြစ်လာတာကြောင့်လို့ပဲ ပြောရမလား။အဲ့ဒီတော့လဲ အစ်မဖြစ်သူမြခွါညိုရဲ့မျက်နှာကကြာလေစူပုပ်လာလေဖြစ်လာတော့တာပဲပေါ့။သူ့မျက်နှာကြီးစူပုပ်ထားလေတော့ မြရွက်ဝါမှာအိမ်စရိတ်ပိုပိုသာသာပေးပြီး အစ်မဖြစ်သူနဲ့ထမင်းတစ်အိုးတည်းစားနေရပေမဲ့ သူစိတ်မကြည်ရင်မမေးရဲမပြောရဲဘူးလေ။ဒါပေမဲ့လည်း မြရွက်ဝါဆိုတာကလဲ မြခွါညိုရဲ့ညိမပဲလေ။မြရွက်ဝါလဲ တစ်ခါတစ်ခါဒေါသဖြစ်ရင်ထအော်ပစ်လိုက်တာပေါ့။
" ချလွမ်..ခွမ်း "
" အမေ့..ဘုရားငုတ်တုတ် "
မြရွက်ဝါမျက်နှာသစ် သွားတိုက်နေရင်းကအတွေးပေါင်းစုံတွေးနေမိရာ ရေချိုးခန်းနဲ့ကပ်နေတဲ့မီးဖိုခန်းထဲက အသံတွေကြောင့် ယောင်ယမ်းအော်လိုက်မိပြီး မျက်နှာသစ်တာကိုအမြန်လက်စသပ်လိုက်ရတယ်။လက်စမသပ်လို့လဲမဖြစ်တော့ဘူးလေ။အလုပ်ကို အီးလေးဆွဲလုပ်နေတာနဲ့ပဲ လမ်းလျှောက်ဖို့အချိန်နောက်ကျနေပြီလေ။လမ်းမလျှောက်လို့ကလဲမဖြစ်ဘူး။လူကအသက်သုံးဆယ့်ငါးကျော်လာတော့ ခန္ခာကိုယ်ကအဆီတက်ချင်လာပြီလေ။အစားကလဲ လျှော့မစားနိုင်၊လေ့ကျင့်ခန်းကလဲသိပ်မလုပ်နိုင်ဘူးဆိုတော့ အလွယ်ကူဆုံးနည်းအနေနဲ့ လမ်းလျှောက်ရတော့တာပေါ့။အမေမွေးပေးထားတဲ့ မူလရုပ်သွင်ရုပ်မဆိုးတဆိုးမျက်နှာကို ပြုပြင်ဖန်တီးလို့မရပေမဲ့လဲ ထိန်းသိမ်းလို့ရတဲ့ခန္ဓာကိုယ်အနေအထားကိုတော့ကြိုးစားပြီးထိန်းသိမ်းနေရတာပေါ့။မထိန်းသိမ်းလို့လဲမရဘူးလေ။ညီအစ်မအရင်းချင်းပဲယှဉ်မလား၊ဝမ်းကွဲညီအစ်မတွေနဲ့ပဲယှဉ်မလား ဘယ်သူနဲ့ယှဉ်ယှဉ်မြရွက်ဝါက ရုပ်အဆိုးဆုံးနေရာကနေကိုမဆင်းတော့တာလေ။
~~~~~~~~~
" ဘာပြောတယ်ကွ...မင်းနဲ့ပြဿနာဖြစ်တဲ့သူကဟန်လင်းသန့်ဟုတ်လား....မင်းတော့အကြီးကြီးကွိုင်ပြီဟေ့ကောင်ရေ...နောက်တစ်ခါဆိုရင်မှတ်ထားလိုက်...ဟန်လင်းသန့်ဆိုတဲ့နာမည်ကြားတာနဲ့လက်ရှောင်လိုက်တာအကောင်းဆုံးပဲ "
" ဟ ဘာဖြစ်လို့လဲ...သူကလူမိုက်လား..ဘာကောင်လဲကွ "
အပြောခံရသူ မင်းနိုင်က နားမလည်နိုင်တာမို့မေးလိုက်တယ်။
" အေး ...ဟန်လင်းသန့်ကလူမိုက်တော့မဟုတ်ပါဘူး...ဒါပေမဲ့ လူမိုက်တွေကိုသူ့အိတ်ထောင်ထဲကိုထည့်ထားတဲ့ကောင်ကွ...ပွဲစားလောကမှာ ဟန်လင်းသန့်လို့ပြောလိုက်ရင် မသိသူမရှိသလောက်ပဲ...မင်းကနယ်ကရောက်လာတာမို့မသိသေးတာလား ...ဟန်လင်းသန့်ဆိုတာကားပွဲစား...ကျောက်ပွဲစား..အိမ်ခြံမြေပွဲစားသူအကုန်လုပ်တယ်..ကုန်ကုန်ပြောရရင်ငွေမြိုးမြိုးမြက်မြက်ရတဲ့အလုပ်မှန်သမျှအကုန်လုပ်တယ်...ချမ်းသာသလောက်ငွေကိုအသားကုန်ရှာတယ်...ဒါပေမဲ့သူများအပေါ်တော့ယုတ်မာလေ့မရှိဘူး...အေး
