es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

Ir al canal en Telegram
1 032
Suscriptores
-124 horas
Sin datos7 días
-1130 días
Archivo de publicaciones
ဒေါ်ခင်မေရီမှာယောက်ျားဖြစ်သူကို မငိုဖို့ပြောရင်းသူမကိုယ်တိုင်က မျက်ရည်တွေမထိန်းဘဲ ငိုရှိုက်နေမိလေတော့တယ်။ ~~~~~~~~~~~ မြရွက်ဝါဝယ်သူတွေဆီကိုစာပြန်နေစဉ်မှာ ဟန်လင်းသန့်ဆီက စာရောက်လာခဲ့တယ်။" မြရွက် ..ကျွန်တော်တိုက်ရှေ့မှာရောက်နေပြီ...မြရွက်အတွက်လက်ဆောင်ပါလာလို့ ထွက်ယူလိုက်ပါလား..အိမ်မှာဘ ယ်သူရှိလဲ...တံခါးခေါက်လိုက်လို့ရလား..." ဖုန်းမျက်နှာပြင်ပေါ်ကစာတွေကိုဖတ်ရင်း မြရွက်ဝါ ရင်တွေတဆတ်ဆတ်ခုန်ပြီး ခြေဖျားလက်ဖျားတွေပါ အေးစက်လာခဲ့တယ်။ဟန်လင်းသန့်နဲ့သူမ တစ်ယောက်နဲ့တစ်ယောက်ခင်မင်မိပြီဆိုကတည်းက ဟန်လင်းသန့်က အပြင်ကပြန်လာတိုင်း သူမအတွက်တစ်ခုမဟုတ်တစ်ခုဝယ်လာတတ်တယ်။မဝယ်နဲ့လို့ပြောလို့မရတာမို့ မြရွက်ဝါလဲမပြောတော့ဘူး။၊သူဝယ်လာပေးရင် ယူလိုက်တာပဲ။အများအားဖြင့်တော့ မြရွက်ဝါကြိုက်တတ်တဲ့ မုန့်ထုပ်တွေကိုဝယ်လာပေးတတ်တယ်။မြရွက်ဝါ ဖုန်လေးကိုကိုင်ကာ ရင်တွေတလှပ်လှပ်ခုန်နေမိတယ်။ ပြီးတော့ အစ်မဖြစ်သူကို မလုံမလဲနဲ့ကြည့်လိုက်မိတယ်။မညိုကတော့ သူမဖြစ်နေတာတွေကိုသတိပြုမိပုံတောင်မရဘဲ မှာထားပြီးသားပစ္စည်းတွေကိုထုတ်ပိုးနေတယ်။မြရွက်ဝါ မသိမသာလေးလှုပ်ရှားလိုက်ပြီး ဝရန်တာဆီကိုမယောင်မလည်နဲ့ထလာခဲ့လိုက်တယ်။ဝရန်တာရောက်တော့ အောက်ကိုငုံ့ကြည့်လိုက်ချိန်မှာ ကားပါကင်ထိုးပြီးတော့ ကားပေါ်ကဆင်းလာတဲ့ ဟန်လင်းသန့်ကိုတွေ့လိုက်ရတယ်။ဟန်လင်းသန့်ကလဲ မြရွက်ဝါဆိကိုမော့ကြည့်လာပြီး ပြုံးပြတယ်။ဟန်လင်းသန့်ရဲ့အပြုံးကြောင့် မြရွက်ဝါရင်တွေတဒိန်းဒိန်းဆောင့်ခုန်သွားတယ်။ပြီးတော့မှ အိမ်တံခါးကိုအသာအယာဖွင့်လိုက်တယ်။မြရွက်တံခါးဖွင့်နေချိန်မှာပဲ အောက်ထပ်ကတက်လာတဲ့ခြေသံကိုကြားလိုက်ရတယ်။မြရွက်ဝါရင်တွေတထိတ်ထိတ်ခုန်နေခဲ့ရင်း တံခါးအပြင်ကိုထွက်လိုက်တယ်။ပြီးတော့မှ တံခါးကို ခပ်ဖြည်းဖြည်းပြန်ဆွဲပိတ်လိုက်တယ်။မြရွက်ဝါတံခါးပိတ်ပြီးချိန်မှာပဲ ဟန်လင်းသန့်ကမြရွက်ဝါတို့အခန်းနားကလှေကားထိပ်ကို ရောက်လာခဲ့တယ်။နှစ်ယောက်သားစကားမပြောဖြစ်ကြဘဲ‌ တစ်ယောက်နဲ့တစ်ယောက်ပြုံးပြလိုက်ကြတယ်။ ဟန်လင်းသန့်က သူ့လက်ထဲကအထုပ်ကို မြရွက်ဝါဆီကိုလှမ်းပေးလိုက်တယ်။မြရွက်ဝါက အထုပ်ကိုလှမ်းယူလိုက်ပြီး " ဘာတွေလဲလို့ " ခပ်တိုးတိုးမေးလိုက်မိတယ်။ဟန်လင်းသန့်ကမဖြေဘဲပြုံးပြလာတာမို မြရွက်ဝါ နှာခေါင်းရှုံ့ပြလိုက်မိတယ်။ " ကျွန်တော်ပြန်သွားရအုံးမယ် ...အရောင်းအဝယ်စာချုုပ်တစ်ခုကျန်ခဲ့လို့ပြန်လာယူတာ....လမ်းမှာမြရွက်ကြိုက်တဲ့မုန့်သည်တွေ့တာနဲ့ဝယ်လာခဲ့လိုက်တာ...သွားတော့မယ်နော်..." ဟန်လင်းသန့်က မြရွက်ဝါကိုနှုတ်ဆက်လိုက်ပြီး သူ့အခန်းဆီကို အပြေးတက်လာခဲ့လိုက်တယ်။လှေကားထောင့်ချိုးအကွေ့ကိုအကျော်မှာ မြရွက်ဝါကိုလှမ်းကြည့်လိုက်တော့ သူ့ကိုစိုးရိမ်နေတဲ့မျက်လုံးတွေနဲ့လှမ်းကြည့်နေတဲ့ မြရွက်ဝါကိုတွေ့လိုက်ရတာမို့ ဟန်လင်းသန့်ရဲ့ခြေလှမ်းတွေတုံ့ခနဲဖြစ်သွားရတယ်။ဒီလိုစိုးရိမ်နေတဲ့ အကြည့်မျိုးတွေနဲ့ ကြည့်နေတာကို ဟန်လင်းသန့်ဘဝမှာ တစ်ခါမှမကြုံခဲ့ရဖူးဘူး။ဟန်လင်းသန့် တွေဝေသွားမိပြီး မြရွက်ဝါကိုလှမ်းကြည့်နေမိတယ်။မိန်းမတစ်ယောက်က ဘယ်လောက်ထိမာယာများနိုင်မလဲဆိုတာကို ဟန်လင်းသန့်မမှန်းဆနိုင်ပေမဲ့ ဒီမာယာတွေအောက်မှာ‌တော့ ဟန်လင်းသန့်ဆိုတဲ့ သူက ဘယ်တော့မှပြိုဲလဲသွားမှာမဟုတ်တာတော့သေချာတယ်။သူ့ဘဝမှာ အသက်ကိုရင်းပြီးညာခဲ့တဲ့သူတစ်ယောက်ကိုတွေ့ရှိခဲ့ရပြီးတဲ့နောက်မှာ နောက်ထပ်ဘယ်သူ့ကိုမှ မယုံကြည်နိုင်တော့ဘူး။ဟန်လင်းသန့်မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိပြီး လှေကားထစ်တွေအတိုင်းဆက်ပြီးတက်လာခဲ့လိုက်တယ်။ လှေကားထစ်တွေကိုပြေးလွှားတက်သွားတဲ့ ဟန်လင်းသန့်ကို မြရွက်ဝါသတိလက်လွတ်နဲ့ငေးမောကြည့်နေမိတယ်။ဟန်လင်းသန့်ရဲ့ပုံရိပ်ပျောက်ကွယ်သွားတော့မှ တံခါးကိုအသာအယာဖွင့်ပြီး အိမ်ထဲကိုပြန်ဝင်ခဲ့လိုက်တယ်။ဒါပေမဲ့ ခြေထောက်တွေက အတွင်းခန်းထဲကို မဝင်နိုင်သေးဘဲ တံခါးနားမှာရပ်နေမိပြီး အပေါ်ထပ်က ပြန်ဆင်းလာမဲ့ ခြေသံတွေကိုနားစွင့်နေမိတယ်။အချစ်ဆိုတဲ့ ခံစားချက်ကလူကို အဆင်ခြင်မဲ့စေတာမျိုးလား။မြရွက်ဝါအနေနဲ့ရော အချစ်မှာကျရှုံးပြီးဆင်ခြင်တုံတရားမဲ့နေခဲ့ပြီလေလား။မြရွက်ဝါခေါင်းလေးကို ခါယမ်းလိုက်မိတယ်။ကိုယ်ရင်ခုန်နေမိသူဆီကနေ ရင်ခုန်ချင်စရာအပြောအဆိုနဲ့ခင်မင်ရင်နှီးမှုတွေကို မြရွက်ဝါမငြင်းနိုင်တာတော့ အမှန်ပါပဲ။ ~~~~~~~~~~ တိုက်လှေကားဝနားမှာ ခုံတစ်လုံးနဲ့ ထိုင်နေတဲ့ အဘွားကိုကြည့်ပြီး မြရွက်ဝါလန့်သွားမိတယ်။အဘွားက မြရွက်ဝါကိုစောင့်နေတာဖြစ်ပုံရတယ်။အဘွားအသက်အရွယ်နဲ့မြရွက်ဝါတို့နေတဲ့ သုံးလွှာအထိမတက်နိုင်တာကြောင့် အဘွားကမြေးတွေကိုပြောစရာရှိရင် ဒီလိုပဲတိုက်တံခါးဝနားမှာ ခုံတစ်လုံးနဲ့ထိုင်စောင့်နေတတ်တယ်။ " အဘွားဘာခိုင်းစရာရှိလို့လဲ " မြရွက်ဝါ အဘွားရှေ့မှာရပ်ပြီး ရင်တထိတ်ထိတ်နဲ့မေးလိုက်မိတယ်။ " ဒီမှာ ဒီဓါတ်ပုံကို ကြည့်ပါအုံး မြရွက်ရဲ့..." အဘွားလှမ်းပေးတဲ့ ပုံကိုမြရွက်ဝါယောင်ဝါးဝါးယူကြည့်လိုက်မိတယ်။ဓါတ်ပုံက နဖူးပြောင်ပြောင်ပါဝါမျက်မှန်ထူထူနဲ့အမျိုးသားတစ်ယောက်ရဲ့ပုံ။ " ဘယ်သူ့ပုံလဲ အဘွား " မြရွက်ဝါပုံကိုကိုင်ထားရင်းက အဘွားကိုမေးလိုက်တယ်။

" ကျွန်တော့်ဘက်ကတော့ မြရွက်ကိုမခေါ်ဘဲမနေနိုင်ဘူးနော် ...လိုက်ခေါ်နေမှာပဲ ...ပြီးတော့ ပန်းနုနဲ့အန်တီနုတိုကိစ္စကိုတော့ ကျွန်တော်အလိမ္မာနည်းနဲ့ပဲ ဖြေရှင်းသွားပါမယ် ...မြရွက်ကမသိချင်ယောင်ဆောင်နေလိုက်ပါ " ရှင်းတော့လဲရှုပ်၊ရှုပ်တော့လဲရှင်းနဲ့ မြရွက်ဝါခေါင်းတွေပါ ကိုက်လာတော့တယ်။ " ဘယ်လိုလဲမြရွက်...ကျွန်တော်ပြောတာကို လက်ခံလား...ကျွန်တော်တို့မိတ်ဆွေတွေအဖြစ်အဆင်ပြေတဲ့အထိမ်းအမှတ်အနေနဲ့ မုန့်သွားစားရအောင်လေ " မြရွက်ဝါဘာပြောရမှန်းမသိဘဲ သက်ပြင်းသာချလိုက်မိတယ်။ရှေ့ဆက်ပြီးဘာပြောရမှန်းလဲမသိတော့ဘူး။အတင်းကြီးငြင်းဆန်ပြီး ရန်တွေ့ရအောင်လဲ ဟန်လင်းသန့်က သူမအပေါ်ဘာအပြစ်မှလုပ်ထားတာ မရှိဘူးလေ။တကယ်တမ်းဖြစ်နေတာက ကြီးကြီးတို့မိသားစုကပဲ ဖြစ်နေတာလေ။တခြားသူကို ဂရုမစိုက်တတ်တဲ့လူတစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင်တော့ မြရွက်ဝါဘယ်သူနဲ့ပဲ ခင်မင်နေပါစေ သူတို့အလုပ်မှမဟုတ်တာ။စိတ်ပူပြီး တားမြစ်ပြောဆိုရအောင်လဲ မြရွက်ဝါကအရွယ်ရောက်လို့ လွန်တောင်လွန်နေပြီမဟုတ်လား။ဦးနှောက်အသိနဲ့ခံစားချက်ကြားမှာမြရွက်ဝါ ခေါင်းတွေရှုပ်လာတာမို့ ဘာမှမပြောဘဲ နှုတ်ဆိတ်နေလိုက်မိတော့တယ်။ ~~~~~~~~~~ " အမေတို့မှာ ပိုက်ဆံရှိသေးတယ်မဟုတ်လား...သမီးကိုနည်းနည်းလောက်ချေးပါ...တစ်လအတောအတွင်းပြန်ဆပ်ပါ့မယ် " သုံးလကျော်အတွင်းမိဘတွေဆီတစ်ခါမှမလာခဲ့တဲ့ သမီးဖြစ်သူက လာမဲ့လာတော့လဲ ခရီးရောက်မဆိုက်မှာပဲ ငွေစကားပြောလာခဲ့တယ်။ဒေါ်ခင်မေရီ အံကိုကြိတ်လိုက်မိတယ်။ပြီးတော့ ခုတင်ပေါ်မှာငြိမ်သက်စွာလဲလျောင်းနေတဲ့ ယောက်ျားဖြစ်သူကို လှမ်းကြည့်လိုက်မိတယ်။ကိုမင်းနိုင်တစ်ယောက်ငြိမ်သက်နေပေမဲ့ သူမတို့သားအမိပြောဆိုနေကြတာတွေကို အကုန်ကြားသိနေတယ်ဆိုတာကို ဒေါ်ခင်မေရီကောင်းကောင်းသိနေပါတယ်။ " မိနိုင် သမီးရယ်...နင်မို့ပြောထွက်တယ်...ဟိုမှာနင့်အဖေကိုကြည့်ပါအုံးဟယ်...ငါတို့မှာဘယ်ကငွေကလာရှိမှာလဲ....ရှိတဲ့ငွေက နင့်အဖေအတွက်ဆေးဖိုးပါ...." " အို..အမေရယ်....သမီးကလဲ လာတောင်းနေတာမှမဟုတ်တာ...ချေးတာပါ...ချေးတယ်ဆိုတာပြန်ဆပ်မှာပါ....တစ်လအတွင်းပြန်ဆပ်မယ်လို့ အမေ့ကိုပြောပြီပြီလေ...ဒါကိုဘာ‌လို့အပိုတွေပြောနေရတာလဲ.,..ဘာလဲ အဖေကတစ်လအတွင်းမှာ ဆေးရုံဘယ်နှစ်ခါတက်ရမှာမို့လဲ...အဖေလဲပိုကိုပိုတယ်...မွေးရာပါမသန်စွမ်းတွေတောင် သူတို့ဘဝသူတို့ကျောင်းနေနိုင်တာကို ...အဖေကအလုပ်မလုပ်ချင်တိုင်း ...ရောဂါကိုအကြောင်းပြပြီး အပျင်းထူနေတာ ...အမေလဲအဲ့ဒါကိုယုံပြီး ဆေးဖိုးတွေအကုန်ခံမနေနဲ့တော့ " " ဘာ...နင်ဘာပြောလိုက်တယ်မိနိုင်....အမိုက်မ...ကံကြီးထိုက်မဲ့ဟာမ....ကဲဟယ်...မိုက်ရိုင်းအုံး " " ဖြန်း " ဒေါ်ခင်မေရီဒေါသဖြစ်ဖြစ်နဲ့‌သမီးဖြစ်သူ မေသီရိနိုင်ရဲ့ပါးပြင်ကိုရိုက်ချပစ်လိုက်တယ်။အသားနာသွားတာကြောင့် မေသီရီနိုင်တစ်ယောက် ထိုင်နေရာက ဝုန်းခနဲထရပ်လိုက်ပြီးသောင်းကျန်းတော့တယ်။ " ကျွန်မကိုရိုက်စရာမလိုဘူးနော်....မိဘတွေဖြစ်ပြီး ..သားသမိးကိုပိုက်ဆံပေးရမှာစိုးလို့ ဝှက်ထားတာကို ..ကျွန်မကမသိဘူးထင်နေလား ...အမေတို့မှာသိမ်းထားတဲ့ရွှေတွေရှိသေးတယ်မဟုတ်လား ...ကျွန်မကိုပေးလိုက်ပါ...အမေထုတ်မပေးရင် ကျွန်မဘာသာရှာယူမှာနော်...ရှာလို့တွေ့ရင်တော့ငွေရောရွှေရော တစ်ခုမှချန်ခဲ့မှာမဟုတ်ဘူး " မေသီရိနိုင်က ပြောပြောဆိုဆိုနဲ့ ဖခင်ကြီးအိပ်နေတဲ့အိပ်ရာကို စတင်ရှာဖွေလိုက်တယ်။ "ဟဲ့...အမိုက်မ...ကံကြီးထိုက်မဲ့ဟာမ...နင်ကသမီးမဟုတ်ဘူးမီးပဲ....မီးဆိုမှငါတ်ို့ဘဝတွေကို လောင်ကျွမ်ပြာကျစေမဲ့မီးပဲ ...နင့်အဖေနေမကောင်းဖြစ်နေတာကို နင်မမြင်ဘူးလား...အဲ့ဒီမှာရှာမနေနဲ့ ...ဘာမှမရှိဘူး ...ရော့ဒီမှာလာယူ....အကုန်သာယူသွား...နင်ပြောတဲ့တစ်လအတွင်းမှာလာဆပ်နော်...ဒါကနင့်အဖေကိုဆေးကုဖို့ချန်ထားတဲ့ပိုက်ဆံတွေ...ငါ့တို့မှာဘာပိုက်ဆံမှမရှိတော့ဘူးဟဲ့ " ဒေါ်ခင်မေရီကသိမ်းထားတဲ့ငွေလက်ကျန်ကိုထုတ်ပေးလိုက်တော့ မေသီရီနိုင်က မိခင်ဖြစ်သူလက်ထဲကငွေတွေကိုဆွဲယူလိုက်တယ်။ " စောစေားကတည်းက ပေးလိုက်ရင်ပြီးနေပြီကို...အမေကလူကြားအောင်တအားလုပ်တယ်....စိတ်ချ ...အမေတို့ပိုက်ဆံတွေကို တစ်လအတွင်းလာပြန်ဆပ်မယ်ဟုတ်လား ...ပေးမဲ့ဟာကို အချိန်ကုန်အောင် အလကားရစ်နေသေးတယ်...." မေသီရီနိုင်က လက်ထဲငွေထုပ်ရောက်တာနဲ့ ချက်ချင်းပဲ ထပြန်တော့တယ်။မိခင်ဖြစ်သူကို မနှုတ်ဆက်သလို၊အိပ်ရာပေါ်လဲနေတဲ့ ဖခင်ကြီးကိုလဲသတင်းပင်မေးမသွားခဲ့ပေ။ဖခင်ဖြစ်သူမှာတော့ သူမမွှေနှောက်ရှာဖွေသွားတဲ့ အိပ်ရာပေါ်မှာ မလှုပ်နိုင်မယှက်နိုင်ကျန်နေခဲ့လေတယ်။ဒေါ်ခင်မေရီက ယောက်ျားဖြစ်သူအနားကိုပြေးသွားလိုက်တယ်။ " ကိုမင်းနိုင် ...အဆင်ပြေရဲ့လား...ရှင်ဘာမှစိတ်မဆင်းရဲနဲ့နော်...ကျုပ်တို့အတွက်နည်းနည်းပါးပါးကျန်ပါသေးတယ်...နောက်ဆိုရင်သူလဲလာတောင်းမှာမဟုတ်တော့ပါဘူး " ဒေါ်ခင်မေရီက ယောက်ျားဖြစ်သူကိုနှစ်သိမ့်စကားပြောလိုက်ပေမဲ့ ဦးမင်းနိုင်တစ်ယောက်မှာတော့ အိပ်ရာထက်မှာယောက်ျားတန်မဲ့မျက်ရည်တွေတွေကျနေလေတယ်။ " ဘာလို့ငိုရတာလဲ ကိုမင်းနိုင်ရယ်..မ...မငိုပါနဲ့တော် "

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၁၉) akyiphyu ******** အံ့ဩထိတ်လန့်သွားတဲ့မြရွက်ဝါရဲ့ရှေ့မှာ ဟန်လင်းသန့်ကပိတ်ပြီးရပ်လိုက်တယ်။ " မြရွက်..ကျွန်တော်တို့စကားခဏလောက်ပြောရအောင် ဆိုင်တစ်ဆိုင်ကိုသွားကြမယ် " ဟန်လင်းသန့်ရဲ့စကားကြောင့် မြရွက်ဝါခေါင်းကိုခါယမ်းလိုက်တယ်။ " မြရွက်တို့ကြားမှာ.... ဘာမှပြောစရာမရှိဘူးထင်တယ်ကိုဟန်လင်းသန့် " " မဟုတ်ဘူးမြရွက်...ကျွန်တော်တို့ကြားမှာ ပြောစရာတွေအများကြီးရှိတယ်...မြရွက်...ကျွန်တော့်ကိုရှောင်နေတာတွေအတွက်လဲ ...ကျွန်တော်ဖြေရှင်းချင်တယ် " " ဒီကိစ္စကဖြေရှင်းစရာမှမလိုတာ ...မြရွက်အေးအေးဆေးဆေးပဲနေချင်တယ်.....ကိုဟန်လင်းသန့်နဲ့လဲ မိတ်ဆွေမဖြစ်ချင်ဘူး ...နောက်ဆိုရင်လမ်းမှာတွေ့ရင်လဲ မခေါ်ပါနဲ့ " မြရွက်ဝါ အသံမာမာနဲ့ပြောပစ်လိုက်တယ်။ " ဘာ..ဘာပြောလိုက်တယ် မြရွက် ..." မြရွက်ဝါရဲ့စကားကြောင့် ဟန်လင်းသန့်ရင်ထဲအောင့်ခနဲဖြစ်သွားပြီး ဒေါသဖြစ်သွားမိတယ်။ " နေ...နေပါအုံးမြရွက်...မြရွက်ကိုကျွန်တော်တောင်းပန်ပါတယ်...ဒီမှာလမ်းသွားလမ်းလာတွေလဲ ကြည့်နေတော့ ...ကျွန်တော်တို့ တစ်ဆိုင်ဆိုင်မှာ စကားသွားပြောရအောင်...ကျွန်တော်တောင်းပန်နေတာပါ..." " ဟင့်အင်း ...မြရွက်မှာဘာမှပြောစရာမရှိဘူး " မြရွက်ဝါရဲ့အဖြေစကားကြောင့် ဟန်လင်းသန့်ပိုပြီးစိတ်တိုသွားမိတယ်။ " မြရွက်မလိုက်မချင်း ကျွန်တော်ရအောင်လိုက်ခေါ်နေမှာပဲ...မြရွက်မကျေနပ်လို့ ...အော်ချင်လဲအော်လိုက်ပါ...လူတွေဝိုင်းရိုက်လဲကျွန်တော်ဂရုမစိုက်ဘူး.." ဟန်လင်းသန့်ရဲ့စကားကြောင့် မြရွက်ဝါစိတ်ရှုပ်စွာနဲ့ ဟန်လင်းသန့်ကိုမော့ကြည့်လိုက်မိတယ်။ဒီအခါမှာ ဟန်လင်းသန့်ပုံစံက တကယ်လုပ်မဲ့ပုံစံဖြစ်နေတာကြောင့် မြရွက်ဝါပိုပြီးစိတ်ညစ်သွားမိတယ်။ဒီတိုင်းဆက်ပြောနေလဲ ပြီးမဲ့ပုံမပေါ်ဘဲ အသိတွေသာတွေ့သွားနိုင်တာမို့ မြရွက်ဝါအံလေးကိုကြိတ်လိုက်မိတယ်။ " ဟုတ်ပြီလေ...ကိုဟန်လင်းသန့်မှာ ဒီလောက်တောင်ပြောစရာရှိနေမှတော့ ..မြရွက်လိုက်ခဲ့မယ်... " " ကျေးဇူးပါမြရွက် " ဟန်လင်းသန့်ကကျေးဇူးတင်စကားပြောလိုက်ပြီး မြရွက်ဝါကိုကားတံခါးဖွင့်ပေးလိုက်တယ်။ ~~~~~~~~~~ " မြရွက် ကျွန်တော့်ကို... ဘာလို့ရှောင်နေတာလဲ ...ကျွန်တော် မြရွက်အပေါ်ဘာတွေအမှားလုပ်မိထားလို့လဲပြောပါ...ပြီးတော့ ဟိုတစ်ခါက... ကျွန်တော့်တိုက်ခန်းမှာ ပန်းနုရောက်နေတယ်ဆိုတာကလဲ...စာချုပ်တွေလာပို့ပေးရင်းနဲ့... ကျွန်တော်နေမကောင်းဘူးဆိုလို့ သတင်းမေးရောက်လာတာပါ....ကျွန်တော်တို့ဘာမှလဲမပတ်သက်ပါဘူး " " ဘာ...ဘာတွေပြောနေတာလဲ ...ကိုဟန်လင်းသန့်တို့ကိစ္စကမြရွက်နဲ့မှမဆိုင်တာ မပြောပါနဲ့ ...ပြီးတော့ ကိုဟန်လင်းသန့်နဲ့ စကားပြောမိတိုင်း မြရွက်မှာအပြောခံရတယ်...အစကတော့ကိုယ့်ကြီးတော်တွေမို့သိက္ခာကျမှာစိုးလို့ ဘာမှမပြောခဲ့တာ...အခုတော့သည်းမခံနိုင်တော့ဘူး မသိရင်မြရွက်ကပဲ....တော်ပါပြီမပြောချင်တော့ဘူး...အဲ့ဒါကြောင့်မြရွက်အပြောလဲမခံနိုင်ဘူး ...ကိုဟန်လင်းသန့်နဲ့လဲစကားပြောချင်စိတ်ခင်မင်ချင်စိတ်လဲမရှိတော့ဘူး...တကယ်တော့ ဒါတွေအားလုံးက မြရွက်မနေတတ်မထိုင်တတ်လို့ ပြောခံခဲ့ရတာပါလေ ....နောက်ထပ်တော့ ဒီလိုမျိုးထပ်ပြီးအပြောမခံနိုင်တော့ဘူး ...ဒါကြောင့် ကိုဟန်လင်းသန့်လဲ မြရွက်ကိုလာမပတ်သက်ပါနဲ့ ....မြရွက်လဲ ကိုဟန်လင်းသန့်နဲ့မပတ်သက်ချင်ဘူး " မပြောချင်ဘူးဆိုပြီးပြောမဲ့ပြောတော့လဲ တဲ့တိုးကြီးပြောချလိုက်တဲ့ မြရြွက်ဝါကိုကြည့်ပြီး ဟန်လင်းသန့်မရယ်မိအောင်စိတ်ကိုမနည်းထိန်းထားလိုက်ရတယ်။ကိုယ့်ဘက်ကလဲ တလွဲတွေတွေးပြီးအထင်တွေလွဲနေမိတာ။သူ့ဘက်ကလဲ ကြီးမားတဲ့အကြောင်းပြချက်ကရှိနေခဲ့တယ်။ဒါပေမဲ့မကျေနပ်စရာကောင်းတာက ကိုယ်နဲ့အထင်လွဲခံရတာကို ဆတ်ဆတ်ထိမခံဖြစ်နေတာကိုပဲ၊။မသိရင် ကိုယ်ကပဲလမ်းဘေးကအသုံးမကျတဲ့ကောင်လိုလို။ဟန်လင်းသန့်အတွက်တော့ မိန်းမတစ်ယောက်ဆီကနေ အငြင်းခံရတာက ပထမဆုံးအကြိမ်မို့ စိတ်ထဲအတော်လေးတော့ ခံပြင်းမိသွားတယ်။ " နေပါအုံးမြရွက်...မြရွက်ပြောတာကို ကျွန်တော်သဘောပေါက်ပါတယ်...ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ စိတ်တိုစရာကြီးဗျ....ကျွန်တော်လဲ ဘာမှမလုပ်ရပါဘဲ...ဘလိုင်းကြီးအမုန်းခံနေရသလိုပဲ...ပြီးတော့ မြရွက်ကြီးတော်တွေက ...ကျွန်တော်နဲ့ပတ်သက်ပြီး နည်းနည်းအထင်လွဲနေကြတာထင်တယ်...အဲ့ဒီကိစွကိုလဲ ရှင်းတော့ရှင်းရအုံးမယ်....ကျွန်တော်ကခင်မင်မိပြီဆိုရင် ဘယ်သူမှတားလို့မရဘူး မြရွက်ရဲ့....မြရွက်အဲ့ဒီလိုရှောင်နေလေလေ ကျွန်တော်ကပိုပြီးခင်မင်ချင်လာလေလေပဲ " " ရှင် " ဇွတ်တရွတ်ဆန်ဆန်ပြောနေတဲ့ ဟန်လင်းသန့်ကိုမြရွက်ဝါ မျက်လုံးအပြူးသားနဲ့မော့ကြည့်လိုက်မိတယ်။ဟန်လင်းသန့်ကလဲ ခပ်ပြုံးပြုံးမျက်နှာထားနဲ့ငဲ့စောင်းပြီးကြည့်လာခဲ့တယ်။ဟန်လင်းသန့်ရဲ့ အပြုံးမျက်နှာကြောင့် မြရွက်ဝါငေးခနဲ့ကြည့်နေလိုက်မိတယ်။မိတ်ဆွေမဖြစ်ချင်ပါဘူးလို့ နှုတ်ကဇွတ်ငြင်းနေမိပေမဲ့ မသိစိတ်ကတော့ သူနဲ့စကားတွေပြောနေရတာကို သာယာပျော်ရွှင်နေမိသလိုဖြစ်နေမိတယ်။ရှေ့ဆက်ပြီး ငြင်းပစ်လိုက်ဖို့ကို မြရွက်ဝါမှာ အင်အားတွေမရှိတော့အောင်ဖြစ်လာမိတယ်။

ငြိမ်သက်နေတဲ့မြရွက်ဝါရဲ့ရင်ခုန်သံတွေ မြန်နေခဲ့ရတယ်ဆိုပေမဲ့ မြရွက်ရှောင်တိမ်းပြီးနေခဲ့တယ်။ပြောရရင်ကိုယ့်ဘာသာဆိုရင် ဒီလောက်ထိ စိတ်လှုပ်ရှားချင်မှလှုပ်ရှားမှာ။အခုကလိုက်ပြီးတားမြစ်ပိတ်ပင်နေကြတော့ ပိုပြီးဆိုးသွားခဲ့တာ။အစကရိုးသားနေတဲ့စိတ်လေးပါပျောက်ကွယ်သွားပြီး အရွှဲ့တိုက်ချင်စိတ်တွေကထိန်မရအောင်ဖြစ်ပေါ်လာခဲ့တယ်။မြရွက်ဝါ အံကိုတင်းတင်းကြိတ်ထားမိတယ်။ဆယ်ကျော်သက်အရွယ်မဟုတ်ပါဘဲ ဒီလိုမျိုးပြဿနာဖြစ်နေရတာကို ရှက်လဲရှက်သလိုစိတ်လဲတိုမိတယ်။နောက်ထပ်ထပ်ပြီး ရှင်းပြချင်စိတ်လဲ မရှိတော့ဘူး။နောက်တစ်ကြိမ်ဆိုရင်တော့ မြရွက်ဝါကိုယ်တိုင်အရွှဲ့တိုက်မိတော့မယ်ထင်တယ်။တစ်ဖက်လူက ကိုယ့်အပေါ်ဘယ်လိုသဘောထားလဲဆိုတာကို မသိရသေးခင် မြရွက်ဝါတို့က ပြဿနာမျိုးစုံတက်နေခဲ့ပြီးလေ။ ~~~~~~~~~~~~~ နှစ်ပတ်အတောအတွင်းမှာလုံးဝမတွေရတဲ့သူမကို တွေ့ရဖို့ အတွက် ဟန်လင်းသန့် စိတ်ရှည်လက်ရှည်နဲ့စောင့်နေခဲ့လိုက်တယ်။သူမအပြင်ထွက်ပြီးမုန့်စားချိန်တွေကို သူမှန်းဆစောင့်ကြည့်လာခဲ့တာ။ဒီရက်ပိုင်းမှ သူ့အလုပ်တွေကလဲ ရက်ချိန်းပေးလို့မရအောင်များနေခဲ့တာ။မိတ်ဆွေတစ်ယောက်နဲ့ကားအရောင်းပြခန်းဖွင့်ဖို့ကိစ္စကလဲ ဒီရက်ပိုင်းမှအကောင်အထည်ဖော်ဖြစ်တာဆိုတော့ လူကအားချိန်ကိုမရှိဘူး။ဒါပေမဲ့ ဘယ်လောက်ပဲအလုပ်များများ မြရွက်ဝါအကြောင်းကိုမကြာခဏတွေးနေမီပြိး စိတ်ထဲမှာမကျေမနပ်ဖြစ်နေခဲ့မိတယ်။ဒါကြောင့်လဲ ဒီမနက်ပိုင်းအပြင်သွားစရာမရှိခင်မှာ မြရွက်ဝါကိုစောင့်ကြည့်နေခဲ့တာ။မြရွက်ဝါအပြင်ထွက်သွားတာကိုမြင်လိုက်တာနဲ့ ဟန်လင်းသန့်လဲ နောက်ကထွက်လိုက်လာခဲ့လိုက်တာ။ပြီးတော့ မြရွက်ဝါကိုကျော်တက်လာပြီးခပ်လှမ်းလှမ်းကနေစောင့်နေလိုက်တယ်။ဟန်းလင်းသန့်က ကားအမြဲပြောင်းစီးလေ့ရှိတာမို့ မြရွက်ဝါက သူ့ကားကိုမမှတ်မိဘဲကားဘေးကနေဖြတ်လျှောက်လာတယ်။ဟန်လင်းသန့်ကားတံခါးက်ိုဖွင့်ပြီးလျင်လျင်မြန်မြန်ဆင်းလိုက်တယ်။ " မြရွက် " ကားပေါ်ကဆင်းလာပြီးရုတ်တရက်ခေါ်လိုက်တဲ့အသံကြောင့် မြရွက်ဝါလန့်သွားမိပြီးမော့ကြည့်လိုက်မိတယ််။ " ကို...ကိုဟန်လင်းသန့် " ဟန်လင်းသန့်ကို မြင်လိုက်ရတော့ မြရွက်ဝါပိုပြီးလန့်ဖျပ်သွားမိကာ တုန်တုန်ယင်ယင်နဲ့ခေါ်လိုက်မိတယ်။ ==================================== အပိုင်း( ၁၉ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ အပိုင်း( ၁ ) Link https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz အပိုင်း (၂) Link https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz အပိုင်း(၃)Link https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz အပိုင်း (၄) https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz အပိုင်း (၅) https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz အပိုင်း (၆) https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz အပိုင်း ၇ https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz အပိုင်း ၈ https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz အပိုင်း (၉) https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz အပိုင်း ၁ဝ https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz အပိုင်း ၁၁ https://m.facebook.com/story.php?story_fbid=691015849813460&id=100067151540690&mibextid=Nif5oz အပိုင်း ၁၂ https://fb.watch/pQw62cSEjV/?mibextid=Nif5oz အပိုင်း (၁၃) https://m.facebook.com/story.php?story_fbid=692743796307332&id=100067151540690&mibextid=Nif5oz အပိုင်း (၁၄) https://m.facebook.com/story.php?story_fbid=693330792915299&id=100067151540690&mibextid=Nif5oz အပိုင်း (၁၅) https://m.facebook.com/story.php?story_fbid=693878499527195&id=100067151540690&mibextid=Nif5oz အပိုင်း (၁၆) https://m.facebook.com/story.php?story_fbid=694465072801871&id=100067151540690&mibextid=Nif5oz အပိုင်း (၁၇) https://m.facebook.com/story.php?story_fbid=695033399411705&id=100067151540690&mibextid=Nif5oz

မြရွက်ဝါစတိုးဆိုင်ထဲကမဝင်ဘဲ ဘေးအပေါက်ကနေဝင်ဖို့ တံခါးခေါက်လိုက်တယ်။တံခါးကချက်ချင်းပွင့်လာခဲ့တယ်။ဒီနေ့တနင်္လာနေ့ဆိုတော့ ကြီးကြီးတို့အိမ်မှာ အဘွားနဲ့ကြီးကြီးပဲရှိလို့ကံကောင်းတယ်ပြောရမလား။အိမ်မှာခိုင်းထားတဲ့ ဆယ့်လေးငါးနှစ်အရွယ် ကောင်မလေးတစ်ယောက်ရှိပေမဲ့ စတိုးဆိုင်ကခြံရဲ့မြောင်းစပ်ကစလို့ မှန်တံခါးနဲ့သေချာလေးသီးသန့်ဆောက်ပြီးဖွင့်ထားတာမို့ အိမ်ထဲကအသံတွေကိုတော့ တော်ရုံမကြာရဘူး။ " အဘွားဘာခိုင်းစရာရှိလို့လဲ " မြရွက်ဝါအိမ်ထဲကို ဝင်လိုက်တာနဲ့ ဧည့်ခန်းကဆိုဖာခုံမှာအသင့်ထိုင်စောင့်နေတဲ့ အဘွားကိုတွေ့လိုက်ရတာမို့ မြရွက်ဝါလှမ်းပြီးမေးလိုက်တယ်။ " အေး...လာထိုင်အုံး...ပြောစရာရှိလို့ခေါ်တာ " အဘွားကလဲ လေသံမာမာနဲ့လှမ်းပြောလာခဲ့တယ်။အဘွားရဲ့စကားကြောင့် မြရွက်ဝါ အဘွားရှေ့ကခုံမှာ ဝင်ထိုင်လိုက်ရတယ်။ " မြရွက်ဝါ ...ညည်းတို့ကို အဘွားဒီလောက်ဆုံးမထားရဲ့နဲ့အေ,,,ညည်းဘာလို့ ဒီလောက်ရိုင်းရတာလဲ...အမေတူသမီးမှတကယ့်ကို အမေတူသမီပဲ...ညည်းအမေကလေ,,,တစ်သက်လုံး ငါ့အိမ်မှာကပ်နေသွားပြီး.... ယောက္ခမကိုတစ်စက်မှ အကောင်းပြောတဲ့သူမဟုတ်ဘူး " အမေ့အကြောင်းမကောင်းပြောတေ့ မြရွက်ဝါစိတ်ထဲ မခံချင်လှဘူး။အဘွားကသူ့သားမီးတွေနဲ့သမက်နှစ်ယောက်ကိုတော့ ဦးစားပေးပြီး ငွေကြေးချို့တဲ့တဲ့အသိုင်းအဝိုင်းကအမေ့ကိုတော့ နှိမ်တယ်လေ။ဒါကြောင့်လဲ အဘွားနဲ့အမေသိပ်ပြီးအဆင်မပြေကြတာကို မြရွက်ဝါသိတာပေါ့။၊အမေစိတ်ဆင်းရဲခဲ့ရတာတွေက အဘွားကြောင့် အများကြီးပါတယ်ဆိုတာကို မြရွက်ဝါသိတာပေါ့။အမေကအဖေ့ကိုခေါ်ပြီး အဝေးကိုထွက်သွားမယ်ဆိုတော့လဲ အဘွားကခွင့်မပြုခဲ့ဘူး။အနားမှာနေတော့လဲ ချွေးမကိုရန်..သူလိုသဘောထားခဲ့တာ။ကျွေးစရာရှိရင်တောင် အဖေ့တစ်ယောက်တည်းကိုပဲခေါ်ပြီးတိတ်တိတ်လေးကျွေးခဲ့တာလေ။ပြီးတော့ ကန်ထရိုက်တိုက်မဆောက်ခင်ကဆိုရင် ခြံကျယ်ကြီးထဲမှာ မိသားစုတွေကိုအိမ်လေးတွေတစ်လုံးစီဆောက်ပြီးနေထိုင်ခွင့်ပြုခဲ့တာ။အဲ့ဒီတုန်းကဆိုရင်လဲ မြရွက်ဝါတို့အိမ်က ခြံရဲ့ဟိုနောက်ဆုံးမှာပဲနေခွင့်ရခဲ့တာ။ဒါတွေအားလုံးက မြရွက်ဝါငယ်ငယ်တုန်းကအဖြစ်တွေဆိုပေမဲ့ကိစ္စတိုင်းကို မြရွက်ဝါ မှတ်မိနေခဲ့တာပေါ့။ " ပြောလိုက်ရင်တော့ ဘာမှပြန်မပြောဘူး ...ပြီးရင်လဲဘာတစ်ခုမှ နားမထောင်ဘူး...ပြန်မပြောနားမထောင်ဆိုတာမျိုးတွေပေါ့ ' အဘွားက ပွစိပွစိနဲ့ပြောနေတယ်။ကြီးကြီးကတော့ မြရွက်ဝါကိုကြည့်ပြီးစိတ်ထိန်းထားရပုံရတယ်။ " အဘွားက မြရွက်ကိုဘာပြောချင်တာလဲ ...မြရွက်ဘာလုပ်မိလို့လဲ....ဒါမှမဟုတ် ပန်းနုကိုပြောလိုက်တဲ့ကိစ္စကို ဆူချင်တာလား...မြရွက်ကဘာတွေများအမှားပြောမိလို့လဲ ..." မြရွက်ဝါဘာမှမပြောဘူးလို့ ဆုံးဖြတ်ထားခဲပေမဲ့ အဖြစ်မှန်ကိုပြောပြလိုက်မိတယ်။ " တော်စမ်းမိရွက်ဝါ...ညည်းက ငါ့သမီးကိုများပြောလိုက်တာ....ဘာတဲ့....နင်တို့ယူပြီးလို့လားလို့ပြောလိုက်တာဆို ဟုတ်လား ...ယူပြီးပြီးမယူရသေးသေး...သူတို့နှစ်ယောက်ပတ်သက်မှုကို မြင်နေတာပဲမဟုတ်လား...ဒါကိုဘာဝင်ရှုပ်ချင်နေသေးတာလဲ....ညည်းကအချိန်ပြည့် မောင်ဟန်လင်းသန့်အခန်းကိုချောင်းနေတာမဟုတ်လား " ရှင်းလေရှုပ်လေဆိုတာဒါမျိုးကိုပြောတာထင်ပါရဲ့။မြရွက်ဝါဒီလောက်ရှင်းပြနေတဲ့ကြားက ဇွတ်ရောအတင်းရောစွပ်စွဲနေတော့ အတော််လေးကို‌စိတ်ကုန်လာမိတယ်။ဘာမှပြောချင်စိတ်လဲမရှိတော့တာမို့ မြရွက်ဝါစိတ်ပျက်လက်ပျက်နဲ့နှုတ်ပိတ်ပြီးထိုင်နေလိုက်တော့တယ်။ "ပြီးတော့ပြောသေးတယ်ဆို...ယောက်ျားတစ်ယောက်အတွက် ပြောနေရတာကို ....ငါတို့ကမရှက်ပေမဲ့ ညည်းကရှက်တယ်ဆို ....ညည်းတော်တော်အရှက်မရှိပါလားအေ " " တော်...တော်ပါတော့ကြီးကြီးရယ် ...မြရွက်လဲစိတ်ညစ်လာပြီ...ကြီးကြီးပြောချင်ရင်ခဏလေးစောင့်ပါအုံး...မြရွက်ဖုန်းခေါ်ပေးမယ်,,,မြရွက်ဆီမှာ ဟန်လင်းသန့်ရဲ့ဖုန်းနံပတ်ရှိတယ်...ကြီးကြီးလဲ ပန်းနုကိုခေါ်ရင်ခေါ်လိုက်ပါ...အားလုံးမျက်နှာစုံညီ ရှင်းလိုက်တာပိုကောင်းမယ်ထင်တယ် " မြရွက်ဝါပြောပြောဆိုဆိုနဲ့ ဖုန်းကိုထုတ်ယူလိုက်တယ်။ဒီအခါကြီးကြီးရဲ့မျက်နှာပျက်သွားခဲ့ပြီး မြရွက်ဝါလက်ထဲကဖုန်းကိုလာဆွဲယူလိုက်တယ်။ " ညည်းဒါဘာအချိုးချိုးတာလဲ မြရွက်ဝါ....ပြောနေရင်းတန်းလန်းနဲ့ အကြောကတင်းလှချည်လားအေ...အမေတွေ့လား သူလုပ်ပုံကို " " မဟုတ်ပါဘူးလို့ ဒီလောက်ရှင်းပြနေတာကို ကြီးကြီးတို့က ပြောလို့မှမရတာ...ကြီးကြီးဆက်ပြောနေရင် ...မြရွက်က ဖုန်းခေါ်လိုက်မှာပါ ...လူတစ်ယောက်ကိုကူညီလိုက်မိတဲ့အတွက် ...ဒီလောက်အပြောခံနေရရင်တော့‌ မဟုတ်သေးဘူးလေ " " မြရွက်ဝါတော်စမ်း....ညည်းပါးစပ်ကိုပိတ်ထားလိုက်တော့..ဘွားအေတစ်ယောက်လုံးရှိနေတာကို ကတ်ကတ််လန်အောင်ကို ...ရန်ပြန်တွေ့နေရလား...သွား...သွားတော့...အသက်လဲသုံးဆယ်ကျော်နေပြီ အသိတရားကိုမရှိသေးဘူး " အဘွားက စိတ်ဆိုးမာန်ဆိုးနဲ့နှင်ထုတ်တယ်။မြရွက်ဝါလဲ ထိုင်နေရာကထလာခဲ့လိုက်ပြီး ဆိုင်ထဲကပဲ ထွက်လာခဲ့လိုက်တယ်။အသက်သုံးဆယ်ကျော်နေပြီ အသိတရားမရှိသေးဘူးလို့ အပြောခံလိုက်ရတော့ မြရွက်ဝါခပ်မဲ့မဲ့ပြီုးလိုက်မိတယ်။အသက်ခြောက်ဆယ်ကျော်နဲ့ရှစ်ဆယ်ကျော်ကတောင် အသိတရားမရှိသေးတာလေ။မြရွက်ဝါဆိုတာ ဈေးသည်ပီပီ လူတိုင်းကိုခင်ခင်မင်မင်ပေါင်းသင်းတတ်တာကိုလဲ သူတို့အသိ။ဟန်လင်းသန့်နဲ့မှ

" ဘာတွေဖြစ်နေတာလဲ မြရွက် ..ငါ့ကိုလဲ နည်းနည်းပါးပါးပြောပြပါအုံးဟယ် ...နင်နဲ့အဲ့တစ်ယောက်နဲ့ကဘယ်လိုသိသွားကြတာလဲ " " ဒီလိုပဲ မတော်တဆဆုံမိပြီး သိသွားခဲ့ကြတာ...စတွေ့ဖူးတာကတော့ ခြံရှေ့မှာပဲ...နောက်ထပ်ဆုံတာက မောင်မောင်နဲ့စကားများတဲ့နေ့ကဆုံခဲ့ကြတာ...မြရွက်ကပိုက်ဆံမပါတာကိုမေ့ပြီး ဈေးဝယ်မိလို့ သူကတွေ့ပြီးစိုက်ပေးခဲ့တာ ...နောက်တော့ ကြီးကြီးတို့ အပြောကိုမခံနိုင်လို့ မြရွက်လဲ ...သူ့ကိုမသိချင်ယောင်ဆောင်ပြီးနေခဲ့တာပါ....သူနေမကောင်းဖြစ်လို့ အကူအညီလှမ်းတောင်းလို့ ကူညီမိတယ်....ဒါပါပဲ...ဒီထက်လဲမပိုပါဘူး " " အေးဟယ်...ဒီပြဿနာကအေးမယ်မထင်ဘူး...အဘွားပါပါလာရင်တော့ ...သူ့မြေးဘက်ကစိတ်ဆိုးပြီး... နင့်ကိုပြောလိမ့်မယ်ထင်တယ်...ဘာပဲဖြစ်ဖြစ် အဲ့တစ်ယောက် ...အပေါ်မှာရှိနေတော့ အော်ကြီးဟစ်ကျယ်တော့ မလုပ်လောက်ဘူးထင်ပါတယ်....အဘွားအကြောင်းကိုလဲ နင်သိရဲ့သားနဲ့ မြရွက်ရယ်...ငါကနင့်အကြောင့်ကိုသိပြီးသား....ဒါပေမဲ့ အဘွားကတော့.. နင်သိတဲ့အတိုင်းပဲ ...ပန်းနုထွေးကလွဲလို့ ကျန်တဲ့သူတွေကိုလူထင်တာမဟုတ်ဘူး ...သူ့မြေးမှသူ့မြေးပဲ...အဘွားဘာပဲပြောပြော နင်မသိချင်ယောင်ဆောင်နေလိုက်သိလား ...တော်ကြာ ငါတို့ကိုအော်ကြီးဟစ်ကျယ်နဲ့နှင်ချနေအုံးမယ် ...ဖြစ်နိုင်ရင် ငါလဲဒီမှာမနေချင်ပါဘူးဟယ်...မြေးတွေချင်းတူတူကို.... တစ်ခါတစ်ခါ အဘွားပြောလိုက်ရင် ...စိတ်မကောင်းဖြစ်မိတယ်....ငါတို့မှာပိုက်ဆံသာပေါပေါများများရှိရင်,.,,ဒီကနေဝေးရာကိုထွက်သွားတယ်....ငါနဲ့မသဲတစ်ခုလပ်ချင်းတူတူတောင် ...မသဲကတော့ ပိုပြီးတန်ဖိုးရှိနေသလိုလို ...ပိုပြီးနေတတ်ထိုင်တတ်သလို ယူဆထားတာလေ " မြခွါညိုက ပြောရင်းသက်ပြင်းချလိုက်တယ်။ " စိတ်ချပါ မညိုရယ်...မြရွက်ကြောင့်တော့ မညိုလဲအနေမခက်စေရပါဘူး ....နောက်ဆိုရင် ဟန်လင်းသန့်နဲ့လုံးဝမဆုံအောင်နေပါ့မယ် ...သူ့ဖုန်းကိုလဲ ဘလော့ပစ်လိုက်ပါ့မယ်...မြရွက်ဆီလာတဲ့ဖုန်းတွေကိုလဲ မြရွက်သိတဲ့ ဖုန်းတွေကိုပဲကိုင်မယ်...ဒါကကြီးကြီးတို့ကို ဂရုစိုက်လို့ ကြောက်လို့မဟုတ်ဘဲ ...မြရွက်ရဲ့ဂုဏ်သိက္ခာအတွက် မြရွက်ကိုယ်တိုင်ဆုံးဖြတ်လိုက်တာပါ " မညိုကိုပြောလိုက်ရင်း မြရွက်ဝါဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချလိုက်တယ်။ ~~~~~~~~~~~~ ဟန်လင်းသန့်ဖုန်းကိုကိုင်ထားရင်းက စိတ်မရှည်နိုင်ဘဲ ဖုန်းကိုထပ်ကာထပ်ကာခေါ်နေမိတယ်။ခေါ်နေကျ ဖုန်းနဲ့ခေါ်တော့လဲ လုံးဝခေါ်လို့မရဘူး။သူ့မှာရှိတဲ့ တခြားဖုန်းတွေနဲ့ခေါ်တော့လဲ ဖုန်းဝင်ပေမဲ့လုံးဝမကိုင်ဘူးဖြစ်နေတယ်။ဟန်လင်းသန့်စိတ်မရှည်တတ်သူပီပီ အောက်ထပ်တံခါးကိုသာသွားခေါက်ပစ်လိုက်ချင်တာ။မြရွက်ဝါဆိုတဲ့သူမက ရိုးအေးသလိုလိုနဲ့သူ့ကိုအတော်လေးကို စိတ်အနှောက်အယှက်ပေးနေတော့တာ။ခေါ်မရတဲ့အဆုံး စိတ်တိုလာတာမို့် လက်ထဲကဖုန်းကိုကိုင်ပေါက်ပစ်လိုက်တယ်။ဒါတောင် မကျေနပ်စိတ်ကပျောက်မသွားသေးဘဲ ရင်ထဲမှာပူလောင်ပြီးဒေါသတွေဖြစ်နေမိတုန်းပဲ။ ~~~~~~~~~~ " အဘိုးကြီးကအခြေအနေလုံးဝမကောင်းတာလား...သူတို့သမီးက လာမကြည့်ဘူးတဲ့လား ..." ဟန်လင်းသန့်စိတ်မသက်မသာနဲ့မေးလိုက်မိတယ်။ " အလကားသမီးမိုက်ပါ ဆရာရယ်.....အိမ်ပြောင်းပြီးသုံးလအတွင်းမှာ တစ်ခေါက်လေမှမလာဘူးတဲ့လေ....တော်သေးတာပေါ့ လက်ထဲငွေနည်းနည်းကျန်ကြလို့ပေါ့ ...အဘိုးကြီးက ဆေးရုံမတက်ရပေမဲ့ ...ဆရာဝန်တော့ မကြာခဏခေါ်ရတယ်တဲ့ " ကြားလိုက်ရတဲ့သတင်းကြောင့် ဟန်လင်းသန့် စိတ်ထဲပိုပြီးရှုပ်ထွေးသွားရတယ်။ဒီလောကကြီးမှာ သူ့ကိုစိတ်ရှုပ်အောင်လုပ်နိုင်တဲ့လူက ဒေါ်ခင်မေရီခေါ်သူ့အမေတစ်ယောက်နဲ့တင်လုံလောက်နေပြီကို မြရွက်ဝါဆိုတဲ့နောက်ထပ်တစ်ယောက်ပေါ်လာတော့ လူကဒေါသတွေပိုထွက်လာမိတယ်။ " မင်းဆွေ...မင်းရဲ့ဖုန်းနဲ့ ဒီနံပတ်ကိုခေါ်ကြည့်စမ်းပါကွာ " " ဟုတ်ကဲ့ ဆရာ " မင်းဆွေက သူ့ဆရာအကြောင်းကိုသိသူမို့ ဘာမှမမေးဘဲ ဟန်လင်းသန့်ပေးတဲ့ဖုန်းကိုဆက်ကြည့်လိုက်တယ်။ " ဖုန်းဝင်တယ် ဆရာ...မကိုင်တာ .....နောက်ဖုန်းတွေနဲ့ခေါ်ကြည့်ရမလား " " ထားလိုက်တော့ကွာ...မခေါ်နဲ့တော့ ....အာရုံလာနောက်နေတယ်....ကားတွေသွားကြည့်လိုက်အုံးမယ်ကွာ " " ဆရာနေကောင်းကာစကို အနားယူပါအုံးလား....ဟိုနေ့ကလဲ ဒီလိုလျှောက်သွားလို့ ....အပူရှပ်ပြီးဖျားတာမဟုတ်လား " " တော်စမ်းပါကွာ...အဲ့ဒီဖျားတဲ့အကြောင်းကိုမပြောစမ်းပါနဲ့ ..." မင်းဆွေက ရိုးရိုးသားသားပြောလိုက်ပေမဲ့ ဟန်လင်းသန့်ကိုယ့်ဘာသာစိတ်တိုနေပြီး အသံမာမာနဲ့ပြောလိုက်မိတယ်။ ~~~~~~~~~~~~~~ " မြရွက်ဝါ...မြရွက်ဝါ ဆင်းလာခဲ့အုံး " မြေပြင်ဆီကထွက်ပေါ်လာတဲ့ အဘွားရဲ့အော်သံကျယ်ကြီးကြောင့် မြရွက်ဝါတို့ ညီအစ်မလန့်ဖျပ်သွားမိကြတယ်။ " ဒုက္ခပါပဲ မြရွက်ရေ...စောစောတုန်းကပဲ ...ဟန်လင်းသန့်ထွက်သွားတာ ငါတွေ့လိုက်တယ်...အခုအဘွားကအော်နေပြီ ....အဘွားဘာပြောပြောကောင်းကောင်မွန်မွန်ပဲပြန်ပြောခဲ့နော် မြရွက်...ငါလဲနောက်ကလိုက်လာခဲ့မယ် " မသွားလို့လဲမဖြစ်တာမို့ မြရွက်ဝါထိုင်နေရာကထလာခဲ့လိုက်တယ်။ ~~~~~~~~~~~~

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၁၈) akyiphyu ******** " မြရွက်ဘာဖြစ်နေတာလဲ ..နင်နေမကောင်းဘူးလား " မညိုရဲ့အမေးကို မြရွက်ဝါခေါင်းကိုခါယမ်းပြလိုက်ရင်းနှုတ်ဆိတ်နေမိတယ်။ " နေကောင်းရင်လဲပြီးတာပဲဟယ်....အမြဲတက်ကြွနေတဲ့သူက .,..ဒီနေ့အတွက် ဓါတ်ပုံတွေလဲမရိုက် ..... ပို့စ်လဲမတင်ဘဲ ဘာများဖြစ်နေတာလဲလို့ " " ဘာမှမဖြစ်ပါဘူး မညို...မြရွက် ညကအိပ်မပျော်တာနဲ့ရုပ်ရှင်ကြည့်လိုက်တာ အိပ်ရေးပျက်သွားလို့ပါ " " ဒေါက်...ဒေါက် " မြရွက်ဝါနဲ့မြခွါညိုစကားပြောနေချိန်မှာပဲ အပြင်က တံခါးခေါက်သံကြားလိုက်ရတာမို့ မြရွက်ဝါကိုယ်လေးဆတ်ခနဲတုန်သွားမိတယ်။ " ဘယ်...ဘယ်သူလဲမသိဘူးမညို...ဈေးဝယ်သူကလွဲလို့ ဘယ်သူပဲဖြစ်ဖြစ် မြရွက်မရှိဘူးလို့ပြောလိုက်ပါနော် " မြရွက်ဝါပြောပြီးတာနဲ့အခန်းထဲကို ခပ်မြန်မြန်ဝင်ခဲ့လိုက်တယ််။ ~~~~~~~~~~ " ပန်းနုပါလား...မလာစဖူးဘာကိစ္စရှိလို့လဲ " တံခါးရှေ့မှာရပ်နေတဲ့ ပန်းနုထွေးကိုမြင်လိုက်ရတော့ မြခွါညို တအံ့တဩနဲ့မေးလိုက်မိတယ်။ပန်းနုထွေးဆိုတာက မြခွါညိုတို့ညီမဝမ်းကွဲတွေထဲမှာတော့ ပညာတတ်သူရှေ့နေတစ်ယောက်ဖြစ်ပြီး မာနလဲကြီးသူဖြစ်တယ်။သူ့မိသားစုကလွဲရင်ကျန်တဲ့ဆွေမျိုးသားချင်းတွေကို အရောဝင်လေ့မရှိသလိုခင်ခင်မင်မင်ပြောဆိုနေထိုင်တာလဲမရှိဘူး။ဝမ်းကွဲတွေထဲမှာတော့ ပန်းနုထွေကမာနအကြီးဆုံးလို့ပဲပြောရမလား။မြခွါညိုတို့ဆီကိုလဲ ယောင်လို့တောင်လာဖူးတဲ့သူမဟုတ်ဘူးလေ။ " မြရွက်ဝါရှိလားမညို " " မရှိဘူး ပန်းနု...ဈေးဝယ်မယ်ဆိုပြီး ...အပြင်ထွက်သွာတာပဲ ...မြရွက်နဲ့ဘာကိစ္စရှိလို့လဲပန်းနု " " ထွေထွေထူးထူးတော့ မဟုတ်ပါဘူး...သူ့ကိုသတိပေးစရာရှိလို့ပါ...သူကဟန်လင်းသန့်ကို ပေါ့သေးသေးလူလို့ထင်နေတာထင်တယ်....ဟန်လင်းသန့်ဆိုတာ တော်ရုံမိန်းမတွေကိုအထင်ကြီးတတ်တာမဟုတ်ဘူး ...သူ့ဘေးနားကသူဌေးမတွေ...သူဌေးသမီးတွေတောင် သူကဂရုစိုက်တာမဟုတ်ဘူးလေ..အဲ့ဒါကြောင့် မြရွက်အတွက်စိတ်ပူလို့ပြောပြတာ ...တော်ကြာအသက်ကြီးမှကျော်မကောင်းကြားမကောင်းတွေ ဖြစ်ကုန်မယ် ...ညီမချင်းမို့ စေတနာနဲ့ပြောပြတာ... ဟန်လင်းသန့်လိုလူကို ဖြားယောင်းဖို့စိတ်ကူးနေရင် ဒုက္ခရောက်သွားမယ်လို့ သတိပေးမလို့ပါ " " နေ ...နေပါအုံး...ဟန်လင်းသန့်ဆိုတာ ...အပေါ်ထပ်မှာနေတဲ့ ပန်းနုရဲ့ချစ်သူမဟုတ်လား...သူနဲ့မြရွက်ကဘာပတ်သက်စရာရှိလို့လဲ ...မညိုတော့ နားမရှင်းဘူးတွယ် " မြခွါညိုက နားမလည်နိုင်တာကြောင့် ပြန်မေးလိုက်တယ်။ " အဲ့ဒါကတော့ မြရွက်ဝါကိုမေးကြည့်လိုက်ပါမညို...ပန်းနုသွားတော့မယ် " ပန်းနုထွေးကပြောပြီးတာနဲ့ ပြန်ဖို့ပြင်လိုက်တယ်။ " ပန်းနု နေအုံး " မြရွက်ဝါ နံရံကွယ်ကနေထွက်လိုက်ပြီး ပန်းနုထွေးကို လှမ်းခေါ်လိုက်တယ်။ " ဪ ...နင်ရှိနေတာလား...မညိုပြောတော့ ဈေးဝယ်သွားတယ်ဆို ...ဘာလဲ... ငါ့ကိုရှက်လို့ပုန်းနေတာလား ...ကိုလင်းနေမကောင်းတာကို နင်ကဘယ်လိုသိတာလဲ " ပန်းနုထွေးက မြရွက်ဝါကိုကြည့်ပြီး ခပ်ထေ့ထေ့မေးလိုက်တယ်။ " ဟုတ်တယ်...ငါမရှိဘူးလို့ တမင်ပြောခိုင်းလိုက်တာ...မဟုတ်တာတွေကိုမဖြေရှင်းချင်လို့ ပြောခိုင်းလိုက်တာ...ဒါပေမဲ့ နင်ကနင်ထင်တာကို ဇွတ်ပြောနေလို့ ငါထွက်လာခဲ့တာ...ဟန်လင်းသန့်နေမကောင်းတာကို ငါဘယ်လိုသိလဲဆိုတာကို သိချင်ရင် ...နင်ကိုယ်တိုင်ပဲ ဟန်လင်းသန့်ကိုမေးကြည့်လိုက်...ပြီးတော့ နင်တို့က သူနဲ့ပတ်သက်ပြီးတော့ ...ဘာလို့ဒီလောက်ထိ အထိမခံဖြစ်နေကြတာလဲ..ဘာလဲနင်တို့ယူကြတော့မှာလား...ဟန်လင်းသန့်ပြောတော့ နင်နဲ့မိတ်ဆွေတွေတဲ့လေ...ငါရှင်းရှင်းပဲပြောမယ် ပန်းနု...ယောက်ျားတစ်ယောက်ကြောင့် ဒီလိုတွေဖြေရှင်းပြောဆိုနေရတာတွေကို ငါရှက်တယ်....ကြီးကြီးကလဲ ငါ့ကိုတွေ့တိုင်းရန်သူတွေလိုပဲ ဒီအကြောင်းကိုပဲပြောနေတယ်...ဒီလောက်ထိပြောနေရအောင်... နင်တို့ကယူပြီးပြီလား..လူသိရှင်ကြားတွဲနေကြတဲ့သူတွေလား ...ငါ့ကိုဘာမှလာမပြောကြနဲ့တော့.....နင်တို့မရှက်ပေမဲ့ ငါရှက်တယ်...ငါ့ဘက်က သူ့ကိုဖြားယောင်းတာလဲ မရှိခဲ့သလို ..စကားစပြောတာလဲ မရှိခဲ့ဘူး...နင်တို့ဟာက ငါ့အတွက်စိုးရိမ်လို့ပြောနေကြတာလား...ဟန်လင်းသန့်ကိုအလုခံရမှာစိုးလို့ပြောနေကြတာလား ...အဲ့ဒီလောက်ဗျာများနေရအောင်....ငါတော့ဈေးမပေါဘူး " " ဘာ...ဘာပြောတယ်မြရွက်ဝါ....နင်..နင်စကားပြောတာအောက်တန်းကျလှချည်းလား ...ငါတ်ို့က နင့်ကိုစေတနာနဲ့ပြောတာဟဲ့ " ပန်နုထွေးမျက်နှာနီရဲသွားခဲ့ပြီး ဒေါသနဲ့ထအော်လိုက်တယ်။ " တော်...တော်ကြတော့...သူများတွကြားလို့မကောင်းဘူးဟယ်...မြရွက်နင် အထဲကိုသွားတာ့.....ပန်းနုလဲတော်ပါတော့နော်...မညိုတောင်းပန်ပါတယ်...ညီမချင်းတွေ ယောက်ျားတစ်ယောက်ကြောင့် စကားများနေကြတယ်ဆိုတာ... သူများတွေသိရင် ရှက်စရာကြီး...မြရွက်ကိုနားလည်အောင် မညိုပြောပြလိုက်ပါမယ်....ပန်းနုပြောတာကို မညိုကသဘောပေါက်တယ်သိလား " မြခွါညိုကပန်းနုထွေးကို ကျေနပ်အောင်နှစ်သိမ့်ပြောဆိုလိုက်တယ်။မြရွက်ဝါကတော့ အံကိုတင်းတင်းကြိတ်ပြီး အခန်းထဲကို လျှောက်လာခဲ့လိုက်တယ်။ ~~~~~~~~~~~~~

သူ့ကိုထပ်ပြီးဘာမှထောက်ပံ့မပေးတော့ဘူး ...အဲ့ဒါကြောင့် အခုနိုင်သလောက်အကုန်လုပ်ပေးလိုက်မယ်...သူအဆင်ပြေလို့သူ့ဟာမကိုပဲခေါ်ခေါ်...သူ့ဟာမတစ်မျိုးလုံးကိုပဲခေါ်ခေါ် ... ငါဘာမှမပြောတော့ဘူး ...ကောင်းရင်လဲသူစံ...မကောင်းရင်လဲသူပဲခံ...ငါကတော့ပြတ်နိုင်အောင်ကြိုးစားတော့မှာ" နာနာကျင်ကျင်နဲ့တည်ငြိမ်စွာပြောနေတဲ့ မညိုကိုကြည့်ပြီးမြရွက်ဝါလဲ မကူနိုင်ဖြစ်နေမိတယ်။အေးမြပါတယ်ဆိုတဲ့ ငါးရာနှစ်ဆယ့်ရှစ်မေတ္တာက ပူလောင်ပြီဆိုရင် ထောင့်ငါးရာမေတ္တာထက်အဆပေါင်းများစွာပူလောင်တာကို မြရွက်ဝါမျက်ဝါးထင်ထင်တွေ့မြင်နေရပါပြီ။ထောင့်ငါးရာမေတ္တာကဒုက္ခပေးလာရင် မေ့ပစ်ဖျောက်ဖျက်ပစ်လို့ရနိုင်သေးတယ်မဟုတ်ပါလား။ ~~~~~~~~~~~~~~~ မြရွက်ဝါလူအလစ်ကိုချောင်းပြီး အပေါ်ထပ်ကိုခြေသံဖွဖွနင်းကာတက်လာခဲ့လိုက်တယ််။မနေ့ညကတော့ ဟန်လင်းသန့်ရဲ့တပည့်တစ်ယောက်လာတာမြင်လိုက်လို့ စိတ်အေးလက်အေးဖြစ်သွားခဲ့ရတယ်။မနက်စောစောက အဲ့ဒီလူပြန်သွားတာကို မြရွက်ဝါမြင်လိုက်ရတာမို့ သစ်သီးတချို့ဝယ်ပြီး ဟန်လင်းသန့်အခန်းဆီကို တက်လာခဲ့လိုက်တယ်။အောက်ထပ်နဲ့အပေါ်ထပ်က အရိပ်အခြည်ကိုကြည့်ပြီး တက်လာရတာမို့ မြရွက်ဝါမှာဟိုကြည့်ဒီကြည့်နဲ့ မျက်ကလဲဆန်ပျာဖြစ်နေမိတယ်။အခန်းတံခါးဝရှေ့ကိုရောက်တော့လဲ ဖြုန်းခနဲတံခါးမခေါက်ရဲဘူးဖြစ်နေမိတယ်။စိတ်က ရှက်သလိုလိုကြောက်သလိုလိုခံစားနေရတယ်။လာခဲ့ပြီးမှတော့မထူးတော့ပြီမို့ မြရွက်ဝါတံခါးကိုခပ်ဖြည်ဖြည်းခေါက်လိုက်တယ်။ " ဒေါက်...ဒေါက် " မြရွက်ဝါတံခါးခေါက်လိုက်ပြီး သိပ်မကြာခင်မှာဘဲ အတွင်းကသစ်သားတံခါးကပွင့်ဟလာခဲ့တယ်။တံခါးလာဖွင့်ပေးသူကိုမြင်လိုက်ရတဲ့အခိုက်မှာ မြရွက်ဝါတစ်ကိုယ်လုံးကို မိုးကြိုးပစ်ချသလိုခံစားလိုက်ရပြီး တုန်လှုပ်ချောက်ချားသွားမိတယ်။ " မြရွက်ဝါ ... နင်ဘာကိစ္စရှိလို့လဲ " ပန်းနုရဲ့မေးသံကအေးစက်မာကျောနေတယ်။မြရွက်ဝါဘာပြန်ပြောရမှန်းသသိဘဲ နှုတ်ကဆွံအနေခဲ့မိတယ်။ " ဧည့်သည်လာတာလား ပန်းနု " အထဲကလှမ်းမေးလိုက်တဲ့ ဟန်လင်းသန့်ရဲ့အသံကိုကြားလိုက်ရပေမဲ့ မြရွက်ဝါမှာ လက်ထဲကသစ်သီးထုပ်ကို ဆုပ်ကိုင်ထားပြီး ကြက်သေသေကာရပ်နေမိရင်း ဆွံ့အနေခဲ့မိတယ်။ " ဘယ်သူလဲ ပန်းနု " အသံနဲ့အတူ တံခါးနားကိုရောက်လာခဲ့တဲ့ဟန်လင်းသန့်ကြောင့် မြရွက်ဝါမှာအသိဝင်လာခဲ့မိတယ်။သို့ပေမဲ့ပြေးထွက်သွားဖို့အတွက်နောက်ကျသွားခဲ့ပြီဖြစ်တယ်။ ဟန်လင်းသန့်လဲ ပန်းနုရပ်နေတဲ့နေရာဆီကိုလျှောက်လာခဲ့ရင်းမေးလိုက်တယ်။တံခါးဝမှာရပ်နေတဲ့ မြရွက်ဝါကိုမြင်လိုက်ရတော့ ဟန်လင်းသန့်တစ်ချက်ပြုံးလိုက်မိတယ်။ " မြရွက်ပါလား" " ဟုတ်တယ်ကိုလင်း ...ဒီမှာမြရွက်ကိုလူကြုံပါးလိုက်လို့တဲ့လေ...ကိုမင်းဆွေပို့ခိုင်းလိုက်တာထင်တယ်..." မြရွက်ဝါဘာမှမပြောနိုင်ခင်မှာပဲ ပန်းနုထွေးကဝင်ပြောလိုက်တယ်။ " သွား ...သွားတော့မယ် '" မြရွက်ဝါ တုန်တုန်ယင်ယင်နဲ့ ပြောလိုက်ပြီး ချာခနဲ ပြေးထွက်လာခဲ့လိုက်တယ်။ပြေးဆင်းလာခဲ့ရင်း က ရှက်စိတ်ဝမ်းနည်း စိတ်ကြောင့် ပါးပြင်ပေါ်ကို မျက်ရည်တွေ အဆက်မပြတ်စီးကျလာခဲ့တယ်။ ==================================== အပိုင်း( ၁၈ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ အပိုင်း( ၁ ) Link https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz အပိုင်း (၂) Link https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz အပိုင်း(၃)Link https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz အပိုင်း (၄) https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz အပိုင်း (၅) https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz အပိုင်း (၆) https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz အပိုင်း ၇ https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz အပိုင်း ၈ https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz အပိုင်း (၉) https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz အပိုင်း ၁ဝ https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz အပိုင်း ၁၁ https://m.facebook.com/story.php?story_fbid=691015849813460&id=100067151540690&mibextid=Nif5oz အပိုင်း ၁၂ https://fb.watch/pQw62cSEjV/?mibextid=Nif5oz အပိုင်း (၁၃) https://m.facebook.com/story.php?story_fbid=692743796307332&id=100067151540690&mibextid=Nif5oz အပိုင်း (၁၄) https://m.facebook.com/story.php?story_fbid=693330792915299&id=100067151540690&mibextid=Nif5oz အပိုင်း (၁၅)

ဟန်လင်းသန့်ခုတင်ပေါ်က အားယူထလိုက်ပြီး တံခါးဝအထိလိုက်ပို့ပေးလိုက်တယ်။လမ်းလျှောက်နေတဲ့ ဟန်လင်းသန့်ရဲ့ခန္ဓာကိုယ်က ယိမ်းယိုင်နေတာမို့ မြရွက်ဝါစိတ်ပူပြီးမော့ကြည့်လိုက်မိတယ်။ " ရရဲ့လား...ဖြည်းဖြည်းလျှောက်နော် ကိုဟန်လင်းသန့် ...တော်ကြာမူးလဲနေအုံးမယ်....ဟယ်...ကိုဟန်လင်းသန့်သတိထားလေ ' " အမေ့ " မြရွက်ဝါသတိပေးနေတဲ့ကြားက ဟန်လင်းသန့်မှာ မြရွက်ဝါရဲ့ကိုယ်ပေါ်ကိုယိုင်ခနဲလဲကျလာတာမို့ မြရွက်ဝါမှာ အယောင်ယောင်အမှားမှားအထိတ်ထိတ်အလန့်လန့်နဲ့ ဟန်လင်းသန့်ကိုထိန်းဖက်ထားလိုက်မိတယ်။တစ်ခဏတော့နှစ်ယောက်သားအလွန်နီးကပ်သွားတာမို့ မြရွက်ဝါရဲ့နှလုံးသားတွေပေါက်ကွဲလုမတတ်တဒိန်းဒိန်းဆောင့်ခုန်သွားတယ်။ဟန်လင်းသန့်ကလဲ ချက်ချင်းပြန်မလွှတ်ပေးဘဲ မြရွက်ဝါရဲ့ကိုယ်လုံးလေးကိုဖက်တွယ်ထားခဲ့တယ်။မြရွက်ဝါလဲသတိလက်လွှတ်ဖြစ်နေခဲ့ပြီးမှ ပြန်လည်သတိဝင်လာခဲ့ပြီး လူချင်းပြန်ခွါလိုက်ပြီး ဟန်လင်းသန့်ရဲ့လက်မောင်းကိုသာထိန်းကိုင်ထားပေးလိုက်တယ်။ " ရ...ရရဲ့လားဟင် " မြရွက်ဝါတုန်တုန်ယင်ယင်နဲ့မေးလိုက်မိတယ်။ " ဆော...ဆောရီးပါနော်မြရွက် ....ကျွန်တော် ဒီရက်ပိုင်းတွေ အအိပ်နည်းနေလို့ အားမရှိသလိုဖြစ်နေတယ် " " ရ...ရပါတယ်...ပြီးရင်အိပ်လိုက်တော့လေ " မြရွက်ဝါအသံတုန်တုန်နဲ့ပြန်ဖြေလိုက်ရင်း ဟန်လင်းသန့်လက်ထဲကတံခါးသော့ကိုယူပြီးတံခါးကိုဖွင့်လိုက်တယ်။ပြီးတော့ဟန်လင်းသန့်မျက်နှာကို မကြည့်ဘဲသော့ကိုပြန်ပေးလိုက်ပြီး တံခါးကိုပြန်ဆွဲပိတ်ပေးခဲ့လိုက်တယ်။တံခါးအပြင်ကိုရောက်လာခဲ့ပြီး တံခါးပြန်ပိတ်လိုက်တော့မှ မြရွက်ဝါမှာအောက်ထပ်ကို ဒရောသောပါးပြေးဆင်းလာခဲ့လိုက်တယ်။ဒီအခါမှပဲ မြရွက်ဝါမှာ အသက်ကိုဝဝရှူလိုက်မိပြီး အလျင်အမြန်ခုန်လှုပ်နေတဲ့ရင်ဘတ်ကိုလက်နဲ့ခပ်တင်းတင်းဖိထားလိုက်မိတယ်။အသက်ငယ်ရွယ်စဉ်အချိန်က ချစ်သူရည်းစားတစ်ယောက်သာထားဖူးခဲ့ပြီး မိဘတွေနဲ့အတူ ငွေကိုသာကြိုးစားရှာနေခဲ့ရတဲ့ မြရွက်ဝါအဖို့ ရင်ခုန်သံဆိုတာကိုသေချာမသိခဲ့ဘူး။အရွယ်လွန်မှခံစားနေရတဲ့ရင်ခုန်သံတွေအတွက် မြရွက်ဝါကြည်နူးနေမိသလိုလို၊ ရှက်ရွံ့အားငယ်နေမိသလိုလိုခံစားနေရတယ်။မြရွက်ဝါသိပ်ကြောက်ခဲ့လို့ ရှောင်တိမ်းနေခဲ့တဲ့အချစ်က မြရွက်ဝါဆီကိုတည့်တည့်ကြီးရောက်လာခဲ့ပြီလား ။မြရွက်ဝါအလန့်တကြားနဲ့ခေါင်းကိုခါယမ်းလိုက်မိတယ်။ ~~~~~~~~~~~~~ ဟန်လင်းသန့်အိပ်ဖို့ကြိုးစားနေပေမဲ့အိပ်မပျော်နိုင်ဘဲဖြစ်နေမိတယ်။ရင်ထဲမှာဘာမှန်းမသိတဲ့အစိုင်အခဲကြီးတစ်ခုက တစ်ဆို့ပိတ်လှောင်ထားသလိုခံစားနေရတယ်။ဒီခံစားချက်ကြီးက ရင်ကိုပူလောင်စေတာမို့ ဟန်လင်းသန့်လုံးဝကိုမကြိုက်ဘူး။သူလုပ်ခဲ့တာတွေက ဟန်ဆောင်မှုတွေလား၊ဘာတွေလဲဆိုတာကိုလဲ မခွဲခြားနိုင်တော့ဘူး။အထူးသဖြင့်အေးစက်နေခဲ့တဲ့ သူ့နှလုံးသားက ပူနွေးကာတထိတ်ထိတ်ခုန်နေခဲ့တာကိုတော့ ဟန်လင်းသန့်လုံးဝကိုလက်မခံနိုင်ဘဲ က်ိုယ်ကိုယ်ကိုပါမုန်းတီးအမြင်ကပ်လာမိတယ်။နောက်ထပ်နောက်ထပ်သူနာကျင်ရမဲ့အဖြစ်မျိုးတွေကို ဟန်လင်းသန့်လုံးဝကိုလက်ခံနိုင်မှာမဟုတ်တာတော့သေချာတယ်။ တွေးရင်း စိတ်ရှုပ်လာတာမို့ ဟန်လင်းသန့်ခေါင်းကိုခါယမ်းလိုက်ပြီး မျက်လုံးတွေကိုဇွတ်မှိတ်ထားပစ်လိုက်မိတယ်။ ~~~~~~~~~~~ " မြရွက်ဘယ်တွေသွားနေတာလဲ....အိမ်မှာဖုန်းထားခဲ့ပြီး လူမတွေ့တော့.....စီးတီးမက်ဘက်များသွားတာလားလို့ ....ဘာမှလဲပါမလာပါလား " အိမ်ထဲဝင်ဝင်ချင်းမှာပဲ ဆီး ကြိုပြီးမေးလိုက်တဲ့ အစ်မဖြစ်သူရဲ့ အမေးကြောင့် ဖြုန်းခနဲ မြရွက်ဝါဘယ်လိုပြန်ဖြေရမှန်းမသီဘဲဖြစ်သွားမိတယ်။ " ဟို ...ဟို ..ဝယ်ဖို့သွားတာပါပဲ...လမ်းမှာအသိနဲ့တွေ့တာနဲ့ ကော်ဖိဆိုင်မှာစကားပြောရင်း...အချိန်ကြာသွားလို့ဘာမှမဝယ်ဘဲပြန်လာခဲ့လိုက်တာ ...မညိုဘယ်အချိန်ကပြန်ရောက်တာလဲ ...အဆင်ပြေခဲ့လား " " မပြေပါဘူးဟယ်....ဒီနေ့သွားခဲ့တဲ့ အေဂျင်စီက .... မနေ့ကအေဂျင်စီထက်တောင်‌ ဈေးပိုများနေသေးတယ် ...ဂျပန်သွားလိုက်ကြတဲ့သူတွေကလဲ ‌ထောင်သောင်းချီနေတာ...ငါလဲအဲ့ဒီကကောင်မလေးတွေပြောလိုက်တာကို စဉ်းစားနေတာ....တို့အိမ်ကမောင်မောင်က ...ကိုယ့်ထမင်းပန်းကန်တောင်ဆေးရမှာပျင်းတဲ့ကောင်လေ...အတတ်ပညာဆိုလို့ ဘာသာစကားနှစ်မျိုးပြောတတ်တာကလွဲလို့ ဘာမှမတတ်ဘူးလေ...ဒါတောင်ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ရဲ့လားဆိုတာကို သေချာမသိဘူး ....ပညာကမတတ် ..အလုပ်ကြမ်းကမလုပ်နိုင်နဲ့ဟိုမှာဘာလုပ်စားမလဲ....ဘာပဲဖြစ်ဖြစ် စင်္ကာပူသွားရင်မှ ...ငါ့သူငယ်ချင်းတွေဆီကိုအကူအညီတောင်းလိုက်ရင် ဈေးဝယ်စင်တာလိုနေရာမျိုးမှာပဲဖြစ်ဖြစ်အလုပ်ရနိုင်သေးတယ်" " အဲ့ဒါလဲ ဟုတ်တာပဲ....မြရွက်အသိရဲ့မောင်လေးဆိုရင် ...ဒီမှာဟော်တယ်သင်တန်းတက်ပြီး သင်တန်းကချိတ်ပေးတဲ့ အလုပ်နဲ့ နိုင်ငံခြားထွက်သွားတာတဲ့သိလားမည်ို " " ဟုတ်လား...မောင်မောင် အဲ့ဒါ့များစိတ်ဝင်စားမလားမသိဘူး ...ဟော်တယ်သင်တန်းဆိုတော့ ဘာတွေလဲ...ဧည့်ကြိုတို့ ...သန့်ရှင်းရေးတို့.... အခန်းဝန်ဆောင်မှုပေးရတာမျိုးတွေထင်တယ်...သင်တန်းကဘယ်နှစ်လလဲ...သင်တန်းကြေးရောစုံစမ်းပေးစမ်းပါအုံးဟယ်...သင်တန်းပြီးတာနဲ့ အလုပ်ပါရှာပေးတဲ့သင်တန်းမျိုးကိုပဲ သူ့ကိုတက်ခိုင်းရမယ််....သူနိုင်ငံခြားရောက်သွားပြီဆိုရင်တော့ ...

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၁၇) akyiphyu ******** တက္ကစီကားဆရာက ကားလမ်းဘေးတစ်နေရာမှာ ရပ်နေတဲ့ မြရွက်ဝါရဲ့ရှေ့မှာကားကိုထိုးရပ်လိုက်တယ်။ဒီအခါ မျက်နှာကိုထီးနဲ့ကွယ်ပြီးရပ်နေတဲ့ မြရွက်ဝါက ကုပ်ချောင်းချောင်းနဲ့ကားပေါ်ကိုတက်လာခဲ့တယ်။မြရွက်ဝါကိုကြည့်ပြီး ဟန်လင်းသန်စိတ်တိုမိသလို ရယ်လဲရယ်ချင်သွားမိတယ်။ဘယ့်နှယ့် ဒီလောက်ကြီးကျတော့ပိုလွန်သွားတာမဟုတ်ဘူးလား။မြရွက်ဝါရပ်နေတဲ့နေရာက အိမ်နဲ့နှစ်မှတ်တိုင်တောင်ဝေးတာ။ကြည့်ရတာ ဒီနေရာအထိလမ်းလျှောက်လာခဲ့ပြီးမှ ကားကိုငှားပြီး လွှတ်လိုက်တာဖြစ်မယ်။ဒါကြောင့်လဲ ကားဆရာကသူမရပ်နေတဲ့ရှေ့မှာကားကိုတန်းခနဲထိုးရပ်လိုက်တာပေါ့။ " ရှင် အဆင်ပြေရဲ့လား...ဘယ်ဆေးခန်းသွားမှာလဲ...သွားမဲ့ဆေးခန်းကို ကားဆရာကိုပြောလိုက်အုံး " "အင်း....အဆင်ပြေပြီးမစောင့်ရလောက်တဲ့ အထူးကုဆေးခန်းတစ်ခုကိုပဲ ပို့ပေးပါဆရာသမားရေ " ဟန်လင်းသန့်ရဲ့စကားကိုကားဆရာကနားထောင်ပြီးခေါင်းငြိမ့်ပြလိုက်တယ်။ ~~~~~~~~~~ " ကျွန်မခုနနေရာမှာပဲ ဆင်းနေခဲ့လိုက်မယ် " ပြောလို့လဲမရမဲ့အတူတူတော့ ဟန်လင်းသန့်ခေါင်းပဲငြိမ့်ပြလိုက်တယ်။ " မြရွက်လဲ ကားငှားစီးလာခဲ့လိုက်ပါ...လမ်းလျှောက်ရမှာက အဝေးကြီးပဲ..." " ဟုတ်ကဲ့ ရပါတယ်....မြရွက်အတွက်စိတ်မပူပါနဲ့ .. အခန်းပြန်ရောက်ရင်ခဏမှိန်းနေလိုက်နော်...မြရွက်ရောက်တာနဲ့ဆန်ပြုတ်ပြုတ်ပေးမယ် ...သွားပြီးနော် " " နေအုံး...ကားငှားစီးလာခဲ့လိုက်နော်...တိုက်ရှေ့ထိမစီးရင်တောင်... လမ်းဆုံထိစီးခဲ့လိုက်လေ..." " ဟုတ်ကဲ့ပါ " ခေါင်းငြိမ့်ပြကာ ထီးကိုကမန်းကတန်းဖွင့်လိုက်ပြီး ကားပေါ်ကဆင်းသွားတဲ့ မြရွက်ဝါကိုကြည့်ပြီး ဟန်လင်းသန့်သက်ပြင်းကိုသာချလိုက်မိတယ်။မိန်းမတွေများအမျိုးမျိုး တတ်ပဲတတ်နိုင်လွန်းတယ်။သူလိုလူနဲ့အထင်လွဲခံရမှာကိုများကြောက်သတဲ့။ဒါကမာယာတွေပဲဆိုတာ သိတာပေါ့။မသိရင်ရိုးသားတဲ့သူလိုလိုဘာလိုလို။ယောက်ျားတွေနဲ့ပဲ မပတ်သက်ဖူးသလိုလိုပေါ့။တကယ်တော့ ဒါတွေအားလုံးက သူမတို့ရဲ့မာယာတွေဆိုတာအသိသာကြီးပဲဟာ။ဟန်လင်းသန့်စိတ်ထဲမှာ ရယ်ချင်စိတ်နဲ့တွေးမိရင်း ပြုံးနေလိုက်မိတယ်။ ~~~~~~~~~~ " ဒေါက် ....ဒေါက် " တံးခါးခေါက်သံကြောင့် ဟန်လင်းသန့် လှဲနေရာကထသွားပြီးဖွင့်ပေးလိုက်တယ်။တံခါးဝမှာ ရပ်နေသူကမြရွက်ဝါ။သူမလက်ထဲမှာလဲ စီးတီးမက်ကဝယ်လာတဲ အမှတ်အသားနဲ့ အိတ်လေးတစ်လုံးကိုဆွဲလာခဲ့တယ်။ဟန်လင်းသန့်တံခါးဖွင့်လိုက်တာနဲ့ သူမကဖျတ်ခနဲအခန်းထဲတိုးဝင်လာခဲ့တယ်။ " ဘာတွေဝယ်လာခဲ့တာလဲ " ဟန်လင်းသန်ကမြရွက်ဝါအနားကိုကပ်ပြီးခပ်တိုးတိုးမေးလိုက်တယ်။ " ကိုဟန်လင်းသန့်အတွက်ဆန်ပြုတ်ပြုတ်ပေးဖို့ပါ...ပြီးတော့ ...ဒီနေ့စားဖို့အဆင်ပြေမဲ့ စားစရာလေးတွေဝယ်လာပေးတယ် ...စားပြီးရင်အိပ်ရေးဝအောင်အိပ်လိုက်ပေါ့....သက်သာသွားမှာပါ " မြရွက်ဝါက အထုပ်တွေက်ိုမီးဖိုခန်းထဲအထိဆွဲသွားရင်းကပြောလိုက်တယ်။ဟန်လင်းသန့်လဲ မြရွက်ဝါရဲ့နောက်ကလျှောက်လိုက်လာခဲ့တယ်။မြရွက်ဝါက ဟန်လင်းသန့်ကိုလှည့်ကြည့်လိုက်ပြီး " ဟော့တော့ ...ဘာလို့လိုက်လာတာလဲ....လူမမာကသွားအိပ်နေလေ...ဆန်ပြုတ်ပြုတ်လို့ ပြီးတာနဲ့မြရွက်လာနှိုးလိုက်မယ်...ကိုဟန်လင်းသန့် အိပ်ရေးတွေပျက်တာများလို့ အားနည်းနေတယ်လို့ ...ဆရာဝန်ကမှာလိုက်တယ်လေ ....အခန်းထဲမှာအေးအေးဆေးဆေးသွားနားပါ. ..." မြရွက်ဝါပြောလိုက်တော့မှ ဟန်လင်းသန့်က နေရာကထွက်ခဲ့လိုက်တယ်။ ~~~~~~~~~~~ ဆန်ပြုတ်ပန်းကန်ကိုကိုင်ပြီး သူ့ဘေးနားမှထိုင်နေတဲ့မြရွက်ဝါကို ဟန်လင်းသန့်မသိမသာခိုးကြည့်နေမိတယ်။ဒီလိုအနီးကပ်မြင်နေရတော့မှ ရုပ်ဆိုးတယ်လို့ ထင်ခဲ့မိတဲ့မျက်နှာလေးက မည်းနက်နေတဲ့မျက်ခုံးထင်းထင်းလေးကြောင့် လှပပြီးအကြည့်ခံတာကိုသတိထားလိုက်မိတယ်။မြရွက်ဝါက ဟန်လင်းသန့်တွဲခဲ့ဖူးတဲ့ ငယ်ရွယ်ချောမောလှပတဲ့ မိန်မချောလေးတွေနဲ့ မယှဉ်နိုင်ဘူးဆိုပေမဲ့ အသက်သုံးဆယ်ကျော်မိန်းမတစ်ယောက်ရဲ့တည်ငြိမ်ရင့်ကျက်တဲ့အလှတွေကိုတော့ မြင်နေရတယ်။ " ဆန်ပြုတ်ကပူနေသေးတယ်နော် ကိုဟန်လင်းသန့် " မြရွက်ဝါကပြောပြီးတာနဲ့ဆေးခန်းက ပေးလိုက်တဲ့ဆေးတွေကိုစားပွဲပေါ်တင်ပြီး အထုပ်လေးတွေကိုခွဲနေလိုက်တယ်။ " ကိုဟန်လင်းသန့် ဆန်ပြုတ်သောက်လို့ပြီးရင် ...ကျွန်မပြန်တော့မယ်နော်....တစ်ခုခုလိုအပ်ရင်လှမ်းခေါ်လိုက်ပေါ့ ...ရေတွေမချိုးနဲ့အုံးတဲ့နော်...ဒီနေ့တစ်ရက်တော့ ရေလုံးဝမချိုးနဲ့ပေါ့ ....သောက်ရမဲ့ဆေးတွေကိုလဲ သေချာလေးခွဲပေးထားခဲ့တယ်....ကိုဟန်လင်းသန့်လူတွေရောက်လာရင် သောက်ရမဲ့အချိန်တွေကိုခွဲတတ်မှာပါ" ဟန်လင်းသန့်ဆန်ပြုတ်သောက်လို့ပြီးသွားတော့ မြရွက်ဝါကဆန်ပြုတ်ပန်းကန်ကိုဆေးဖို့ယူသွားလိုက်တယ်။ " ပန်းကန်မဆေးနဲ့နော်မြရွက် ထားထားလိုက်ပါ...ကျွန်တော့်တပည့်တွေလာမှ ဆေးပါလိမ့်မယ်" " ရပါတယ်ရှင်....အပန်းမကြီးပါဘူး " မြရွက်ဝါပန်းကန်ဆေးပြီးတော့ ပြန်ဖို့ပြင်လိုက်တယ်။ " ကျွန်မပြန်တော့မယ်နော်..." " ကျေးဇူးပါနော် မြရွက် "

. မြရွက်ဝါငြင်းဆန်ဖို့အတွက် နှုတ်ကဆွံ့နေခဲ့မိသလိုဖြစ်နေပြီး ဒုက္ခတလိုက်မိတယ်။ငြင်းဆေန်ဖို့စဉ်းစားလိုက်တော့ ဟန်လင်းသန့်ရဲ့ချောင်းဆိုးသံကနားထဲကို တိုးဝင်လာခဲ့တယ်။ဘာပြောလို့ပြောရမှန်းမသိတော့ဘဲ လူကတွေဝေနေမိတုန်းမှာပဲ ဖုန်းထဲကနေချောင်းဆိုးသံကိုကြားလိုက်ရပြန်တယ်။ " အဆင်မပြေဘူးလားဟင် မြရွက် ...အဆင်မပြေရင်လဲရပါတယ်မြရွက်ရယ်...ကျွန်တော့်တပည့်တွေညနေလောက်ရောက်လာကြမှာဆိုတော့ ..အဲ့ဒီအချိန်အထိသည်းခံပြီးနေလိုက်ပါ့မယ် ....ဒါ..ဒါပဲနော်မြရွက်...ကျွန်တော်ခေါင်းတွေတအားကိုက်လာလို့ပါ " " ဟို ...ဟို .." မြရွက်ဝါဖုန်းမချခင်မှာပဲ သူ့ဘက်ကဖုန်းချသွားခဲ့တယ်။မြရွက်ဝါ နေရာမှာထိုင်ပြီးတွေဝေစဉ်းစားနေမိတယ်။လူကဘာလုပ်ရမှန်းမသိတော့ဘူး။သွားပြီးကူညီပေးချင်တဲ့စိတ်ရယ်၊မသွားသင့်ဘူးလို့ဆုံးဖြတ်ထားတဲ့စိတ်ရယ်ကြားမှာ စိတ်နှစ်ခုကလွန်ဆွဲနေခဲ့တယ်။ ~~~~~~~~~~ ဟန်လင်းသန့်ဒရင်းဘက်ပေါ်မှာလှဲချလိုက်ရင်း မျက်လုံးအစုံကိုမှိတ်ထားလိုက်မိတယ်။ခေါင်းထဲက တဆစ်ဆစ်ထိုးကိုက်လာပေမဲ့ သူ့အခန်းမှာသောက်စရာဆေးမရှိဘူး။မနေ့တုန်းက ပွဲတက်ရတာတွေများသွားသလို ကားပွဲစားတန်းမှာလူကတစ်နေကုန်သွားခဲ့တဲ့ အကျိုးက ဒီနေ့တော့ လူကိုခေါင်းမထူနိုင်လောက်အောင်ဖြစ်သွားစေတော့တာပဲ။ဟန်လင်းသန့်နံရံဆီက တိုင်ကပ်နာရီသံကိုနားစွင့်ရင်း စက္ကန့်တွေကိုလိုက်ပြီးရေတွက်နေမိတယ်။ " ဒေါက်...ဒေါက်...ဒေါက် " ရုတ်တရက်ထွက်ပေါ်လာတဲ့ တံခါးခေါက်သံကြောင့် ဟန်လင်းသန့်ဖျတ်ခနဲပြုံးလိုက်မိပြီး နေရာကအားယူပြီးထလိုက်တယ််။သူ့ဆီလာတဲ့ဧည့်သည်တွေက ကြိုချိန်းကြိုဖုန်းဆက်ပြီးမှ လာတတ်တာမို့ ဟန်လင်းသန့်ပြုံးလိုက်မိတာဖြစ်တယ်။တံခါးကိုဖွင့်လိုက်ချိန်မှာတော့ ဖြုန်းခနဲဟန်လင်းသန့်မျက်စိမှားသလိုတောင်ဖြစ်သွားမိတယ်။ " မြရွက် " ဟန်လင်းသန့်အံ့ဩမိပြီးခေါ်လိုက်မိတာ။မြရွက်ဝါက သူမဝတ်နေကျ တီရှပ်ဖားဖားနဲ့စတိုင်ပန်ပွပွကိုဝတ်ထားတာမဟုတ်ဘဲ သပ်သပ်ရပ်ရပ်ချပ်ချပ်ကပ်ကပ်ရှိတဲ့ မြန်မာဆန်ဆန်အင်္ကျီလေးနဲ့ထဘီကိုတွဲဝတ်ထားတာဆိုတော့ ဟန်လင်းသန့်ခဏတော့ကြောင်ပြီးငေးကြည့်နေမိတာ။မြရွက်ဝါက ပွပွယောင်းယောင်းဆံပင်တွေကိုလဲချမထားဘဲ ကျစ်ဆံမြီးကျစ်ထားတာဆိုတော့ ခန္ဓာကိုယ်ကအရင်ကလိုမျိုးပုပုလုံးလုံးလေးဖြစ်မနေဘဲ ခပ်သွယ်သွယ်ပုံစံဖြစ်နေခဲ့တယ်။ " ဟို ...ကိုဟန်လင်းသန့်ကိုဆေးခန်းလိုက်ပို့ပေးရမယ်ဆိုလို့ ...သပ်သပ်ရပ်ရပ်ဝတ်လာခဲ့တာပါ....မြရွက်ဝတ်လာတာ ဘာအဆင်မပြေလို့လဲဟင်...မြရွက်လဲအနေရတော့ခက်နေတယ်" မြရွက်ဝါရှက်ကိုးရှက်ကန်းပြောလိုက်ရင်း ခေါင်းကိုငုံ့ထားလိုက်မိတယ်။ " ဪ....ဘာမှမဖြစ်ပါဘူး...အဆင်ပြေပါတယ် မြရွက်...ကျွန်တော်ကမြရွက်ရဲ့ဒီလိုပုံစံမျိုးကို မမြင်ဘူးလို့ကြည့်နေမိတာပါ...ဒါနဲ့ကျေးဇူးတင်ပါတယ်မြရွက်ရယ်...ကျွန်တော်တော့ အပူရှပ်ပြီးဖျားတာထင်တယ်.....ခေါင်းလုံးဝကိုမထူနိုင်လို့ မြရွက်ကိုအကူအညီလှမ်းတောင်းမိတာပါ ...အားနာပါတယ်ဗျာ ' ဟန်လင်းသန့်ကတောင်းပန်စကားပြောလိုက်ရင်း ဒရင်းဘတ်ပေါ်မှာသွားပြန်လှဲချလိုက်တယ်။ " ရပါတယ် ကိုဟန်လင်းသန့်.....မြရွက်တို့ကအိမ်နိးချင်းတွေပဲလေ...ဒီလောက်တော့ ကူညီပေးရမှာပေါ့ ...ကိုဟန်လင်းသန့်လမ်းလျှောက်နိုင်ရဲ့လားဟင်...ကားတော့မမောင်းနိုင်ဘူးထင်တယ်...တက္ကစီစီးသွားရမယ်ထင်တယ် " မြရွက်ဝါပြောပြောဆိုဆိုနဲ့ဟန်လင်းသန့်ရဲ့နဖူးကိုသတိလက်လွတ်နဲ့သွားစမ်းကြည့်လိုက်မိတယ်။ဟန်လင်းသန့်က မော့ကြည့်လိုက်တော့မှ မြရွက်ဝါရှက်သွားမိပြီးလက်ကိုချက်ချင်းပြန်ရုတ်လိုက်မိတယ်။ " ကိုယ်တွေတအားပူနေတာပဲ...ရှင်လမ်းလျှောက်နိုင်ပါ့မလား ...မြရွက်က ကိုဟန်လင်းသန့်ကိုကူညီပေးတာကကူညီပေးလို့ရပါတယ်....ဒါ....ဒါပေမဲ့ ကြီးကြီးတိုတစ်မျိုးမြင်သွားမှာကြောက်တယ်...အဲ့ဒါကြောင့်မြရွက်က အရင်ဆင်းသွားနှင့်ပြီး ....လမ်းထိပ်ကစောင့်နေမယ်လေ .တက္ကစီကို တိုက်ရှေ့ကိုလွှတ်ပေးလိုက်မယ်...ကိုဟန်လင်းသန့်လမ်းလျှောက်နိုင်ရဲ့လား " ဟန်လင်းသန့်ကမြရွက်ဝါကိုတစ်ချက်မော့ကြည့်လိုက်မိတယ်။ဟန်လင်းသန့်ဆိုတဲ့ သူနဲ့တွဲသွားလို့ အထင်လွှဲခံရမှာကိုကြောက်တယ်ဆိုတဲ့သူရှိသေးသတဲ့လား။ရယ်တော့ရယ်ချင်စရာကောင်းသား ။ " ရပါတယ် ...မြရွက်အဆင်ပြေသလိုလုပ်ပါ...ကျွန်တော်ဖြည်းဖြည်းချင်းဆင်းလာခဲ့မယ်လေ ..." " ဟုတ်ကဲ့ ...ဒါဆိုမြရွက်သွားနှင့်လိုက်မယ်...ဖြည်းဖြည်းချင်းလျှောက်လာခဲ့နော် ...." မြရွက်ဝါပြောပြီးတာနဲ့တံခါးဝဆီကိုပြန်လျှောက်လာခဲ့လိုက်တယ်။ ==================================== အပိုင်း( ၁၇ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ အပိုင်း( ၁ ) Link https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz အပိုင်း (၂) Link https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz အပိုင်း(၃)Link https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz အပိုင်း (၄) https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz အပိုင်း (၅)

ငါဘက်ကအရင်သူနဲ့အဆက်အသွယ်ဖြတ်နိုင်အောင်ကြိုးစားမှာ...အခုလဲ သူ့ကိုဘာမှကိုမပြောတော့ဘူး...ပြောရင်လဲ မအေကိုပြန်ခံသ...တ်တော့မလိုလုပ်နေတော့ ငါလဲကြောက်လာပြီ ...နင်လဲသူ့ကိုဘာမှသွားပြောနဲ့တော့မြရွက်..." " ဟုတ်ကဲ့ပါ...မြရွက်လဲပြောချင်စိတ်မရှိလို့ မပြောတော့ပါဘူး,,...သူ့ကောင်မနဲ့ဟိုမှာပဲနေမယ်ဆိုတော့လဲ ကောင်းပါတယ် ....မညိုလဲလွမ်းစရာရှိရင် နာစရာနဲ့ဖြေပေါ့...မညိုစိတ်ဆိုးချင်ဆိုးမဆိုးချင်နေ မြရွက်ကတော့ မောင်မောင့်ကိုကြည့်ရင်သူ့အဖေကိုပဲမြင်နေလို့ တစ်စက်မှကိုကြည့်မရတော့ဘူး " မြရွက်ဝါစိတ်တိုတိုနဲ့ပြောလိုက်မိပြီးမှ အစ်မဖြစ်သူကိုလှည့်ကြည့်လိုက်မိတယ်။ဒီအခါနံရံကိုမှိပြီးမောဟိုက်နေတဲ့မညိုကိုတွေ့လိုက်ရတာမို့ ထိတ်လန့်သွားမိတယ်။ " ဟယ်...မညိုဘာဖြစ်တာလဲဟင် ....ဘာဖြစ်လို့လဲ " " အင်း..ဘာမှမဖြစ်ပါဘူးဟယ်...ငါအခုတလောဘာဖြစ်နေလဲမသိဘူး...ရင်တွေတုန်ပြီးမောမောနေတယ်ဟယ်...လူကအရမ်းလဲလန့်တတ်လာတယ် " " ဟုတ်လား....အခုမှသတိထားမိတယ်....မညိုမျက်နှာတွေလဲတအားကျလာသလိုပဲ...လူလဲပိန်သွားတယ်....စိတ်ဆင်းရဲစရာတွေသိပ်မတွေးပါနဲ့မညိုရယ်...တစ်ရက်လောက်ဆေးခန်းသွားပြလိုက်အုံး...ပေါ့မနေနော် ...ဒါမှမဟုတ်ဒီနေ့သွားမလား " " ဒီနေ့တော့ မသွားသေးဘူးဟယ်....နင်တူအတွက်အလုပ်ကိစ္စစကားပြောဖို့ပွဲစားနဲ့ချိန်ထားလို့ " " အင်းပါ....ဒီနေ့မအားလဲ နောက်နေ့တော့သွားဖြစ်အောင်သွားလိုက်အုံးနော် ....တစ်ယောက်တည်းမသွားချင်ရင်မြရွက်လိုက်ခဲ့ပေးမယ် " မြရွက်ပြောထပ်ပြောလိုက်တော့ မြခွါညိုကခေါင်းငြိမ့်ပြပြီးဖြည်းလေးစွာနေရာကထသွားခဲ့တယ်။ ~~~~~~~~~~~~~~ " ပနးနုတို့ရှေ့နေတွေရဲ့ကိစ္စတွေကိုတော့ ...ကျွန်တော်တို့ကဝင်မရှုပ်ပါဘူးဗျာ...ကျွန်တော်တို့တွေ အဲ့ဒီဘက်မှာမကျွမ်းကျင်ဘူးလေ " " တော်ပါနော် ဆရာကြီးကများပြောရတယ်ရှိသေးတယ် " ပန်းနုထွေးကရယ်ရယ်မောမောပြောရင်းနဲ့ဟန်လင်းသန့်ရဲ့လက်မောင်းကိုလှမ်းပုတ်လိုက်တယ်။ဟန်လင်းသန့်က ပန်းနုထွေးရဲ့လက်ကိုအသာဖမ်းဆွဲလိုက်ပြီး " ဘာပဲဖြစ်ဖြစ် ပန်းနုတို့ကိုကျေးဇူးတင်ပါတယ်ဗျာ...ကျွန်တော်တို့ကစိတ်မရှည်တတ်တော့ ရစ်တတ်တဲ့သူတွေနဲ့စကားပြောရတဲ့အခါအဆင်မပြေဘူးလေ " ဟန်လင်းသန့်က သူမလက်ကိုဆွဲကိုင်လိုက်ရင်းပြောလိုက်တာမို့ ပန်းနုထွေးမှာရှက်ရွံ့ကြည်နူးကာခေါင်းလေးငုံ့ပြီးပြုံးလိုက်တယ်။ ~~~~~~~~~~~~~ အိမ်ရှေ့ခြံထဲကမြင်ကွင်းကိုအမှတ်တမဲ့လိုက်ကြည့်လိုက်မိရင်း မြရွက်ဝါရင်ထဲမှာ ဆို့နင့်နင့်ကြီးဖြစ်သွားမိတယ်။ပြောတော့လဲ ချစ်သူရည်းစားတွေမဟုတ်ကြဘူးဆိုပြီးတော့ အခုကျတော့လဲ လူမြင်ကွင်းမှာကြည်နူးနေလိုက်ကြတာ။မြင်နေရတဲ့မြရွက်ဝါရင်ထဲမှာဝမ်းနည်းသလိုလိုကြိးဖြစ်သွားမိတယ်။ရည်းစားဦးရဲ့သစ္စာဖောက်ခြင်းကိုခံရပြီ'ကတည်းက အချစ်ရေးကိုစိတ်ကုန်ခဲ့တာ။ဟိုတစ်နေ့က ဟန်လင်းသန့်နဲ့အနီးကပ်တွေ့ဆုံလိုက်ရတော့ မြရွက်ဝါရဲ့အေးစက်နေခဲ့တဲ့ နှလုံးသားက လှုပ်ရှားချင်သလိုဖြစ်လာခဲ့တယ်။အထိအတွေ့ကြောင့် ရင်ခုန်မိသွားတဲ့ ရင်ခုန်သံမျိုးကိုတော့ မြရွက်ဝါရွံ့မုန်းလွန်းလို့ ဒီနောက်ပိုင်းရက်တွေမှာလဲ ဟန်လင်းသန့်နဲ့မဆုံမိအောင်ရှောင်နေခဲ့တယ်။အပြင်တစ်ခါထွက်ဖို့အရေးကို အပေါ်လှေကားကိုအရင်ချောင်းပြီးမှထွက်ရဲတော့တာ။တစ်သက်လုံးအိမ်ထောင်မပြုတော့ပါဘူးလို့ ကြွေးကြော်ထားခဲ့ပြီးမှ ဒီလိုတွေဖြစ်နေတဲ့ကိုယ့်ကိုယ်ကိုလဲမြရွက်ဝါအမြင်ကပ်မိတယ်။ယောက်ျားတွေ သိပ်ကြောက်စရာကောင်းတယ်ဆိုတာလဲ မြရွက်ဝါမြင်နေကြားနေသိနေရတာပဲ မဟုတ်လား။မြရွက်ဝါအံလေးကိုကြတ်လိုက်မိပြီး အိပ်ထဲကိုပြန်ဝင်လာခဲ့လိုက်တယ်။ ဒုတိယထပ်ဝရန်တာက ဖျတ်ခနဲလှုပ်ရှားပျောက်ကွယ်သွားတဲ့ အရိပ်ကလေးကိုကြည့်ပြီး ဟန်လင်းသန့်ကျေနပ်စွာပြုံးလိုက်မိတယ်။ ~~~~~~~~~~~ " တူ..တူ...တူ " ဘေးနားကဖုန်းသံထွက်ပေါ်လာတာမို့ မြရွက်ဝါလက်ထဲက လုပ်လက်စအလုပ်ကိုချထားလိုက်ပြီး ဖုန်းကိုကောက်ကိုင်လိုက်တယ်။ " ဟယ်လို " " မြရွက်လား...ကိုယ်ပါဟန်လင်းသန့်လေ ..." " ရှင်...ဟုတ်ကဲ့...ဘာ...ဘာကိစ္စရှိလို့လဲ ကိုဟန်လင်းသန့် " မြရွက်ဝါအသံကိုမတုန်အောင်ထိန်းထားတဲ့ကြားက အသံကမသိမသာတုန်ယင်သွားခဲ့တယ်။ " ဟုတ်...ဟုတ်ကဲ့ ...ဟိုလေ...ကျွန်တော်... မြရွက်ဆီကအကူအညီတစ်ခုလောက်တောင်းချင်လို့ပါ အဟွပ်..အဟွပ် " " ရှင် ..ဘာအကူအညီလဲ" မပတ်သက်တော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်ဆိုမှ အမျိုးမျိုးလာပတ်သက်နေတဲ့သူ့ကြောင့် မြရွက်ဝါစိတ်တိုသလိုလို ရင်တုန်သလိုလိုရင်ခုန်သလိုလိုဖြစ်လာရတယ်။ " ဟို...အကူအညီတောင်းရမှာအားတော့နာပါတယ်မြရွက်ရယ်....ဒါ..ဒါပေမဲ့ ...အခု...ကျွန်တော်အတော်လေးဖျားနေလို့ပါ...ကျွန်တော်တပည့်တွေကလဲမအားကြဘူးတဲ့ ...အဲ့ဒါ့ဆေးခန်းသွားချင်လို့ ....မြရွက်အဖော်လိုက်ခဲ့ပေးလို့ရရင်လိုက်ခဲ့ပေးပါလို့ အကူအညီတောင်းတာပါ အဟွပ်...အဟွပ် " " ရှင် ...ဟို...အယ်...ဒုက္ခပါပဲရှင် "

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၁၆) akyiphyu ******** " ဟုတ်ကဲ့ ရပါတယ်အန်တီ...ကျေးဇူးတင်ပါတယ်...ကျွန်တော့်တပည့်လေးကို ဖုန်းဆက်ခေါ်ထားလို့မကြာခင်ရောက်လာတော့မှာပါ " " ဟုတ်လား...ဒါဆိုရင် အန်တီတို့သွားလိုက်အုံးမယ်နော် " "ဟုတ်ကဲ့ပါ အန်တီ " ~~~~~~~~~~~ " မြရွက် ...မြရွက် ထွက်လာလို့ရပြီဗျ...ဘယ်ရောက်သွားတာလဲဟင် " အခန်းတံခါးကိုဖွင့်လိုက်ပြီး ကြည့်လိုက်ပေမဲ့ မြရွက်ဝါကို မတွေ့ရတာမို့ ဟန်လင်းသန့် အံ့ဩတကြီးဖြစ်နေမိချိန်မှာပဲ မြရွက်ဝါကခုတင်အောက်ကနေတိုးထွက်လာတာကိုတွေ့လိုက်ရတယ်။ " ပြန်သွားပြီလားဟင်...လူကိုလန့်သွားတာပဲရှင် " ဆံပင်ဖိုးရိုးဖားရားအထိတ်တလန့်နဲ့ပုံစံနဲံခုတင်အောက်ကကုန်းရုန်းထွက်လာတဲ့ မြရွက်ဝါကိုကြည့်ပြီး ဟန်လင်းသန့်မရယ်မိအောင်ထိန်းထားတဲ့ကြားက ရယ်လိုက်မိတယ်။ " ဘာဖြစ်လို့ ဒီလောက်စိုးရိမ်နေရတာလဲ မြရွက်ရယ်...ကျွန်တော့်အခန်းက ပွဲစားရုံးခန်ပါဗျာ...အလုပ်ကိစ္စဆွေးနွေးဖို့ရောက်နေတယ်လို့ပြောလို့ရပါတယ်..." မြရွက်ဝါမှာ ရှုပ်ပွသွားတဲ့ဆံပင်တွေကိုလက်နဲ့မဖယ်လိုက်ပြီး ဟန်လင်းသန့်ကိုကြည့်လိုက်တယ်။ " အဲ့ဒါက တခြားသူတွေဆိုရင်တော့ ဟုတ်တာပေါ့....မြရွက်ရဲ့ကြီးတော်ကတော့ မြရွက်အကြောင်းကိုသိနေတာလေ...မြရွက်ကိုသူ့သမက်အခန်းထဲမှာ နှစ်ယောက်တည်းတွေ့လိုက်ရင် စိတ်တိုသွားလိမ့်မယ်...တစ်မျိုးလဲထင်သွားမှာပေါ့ " " ဗျာ.....ဘယ်...ဘယ်လိုပြောလိုက်တယ် မြရွက် ....ကျွန်တော့်ကိုဘာပြောလိုက်တယ်...သမက်လောင်းလို့ပြောလိုက်တာလား ဟုတ်လား " ဟန်လင်းသန့်က မြရွက်ဝါကို ပြန်မေးလိုက်တယ်။ " ဟုတ်ကဲ့....ဟုတ်တယ်လေ....ပန်းနုနဲ့ပတ်သက်မှတော့ ...ကြီးကြီးသမက်ပဲပေါ့ ....ကြီးကြီးတို့က ရှုပ်ရှုပ်ယှက်ယှက်လုပ်တာမျိုးတွေမကြိုက်ဘူး " " ဗျာ ....မဟုတ်ရပါဘူးမြရွက်ရယ်....ကျွန်တော်နဲ့ပန်းနုနဲ့ကမိတ်ဆွေတွေပါ....ပန်းနုတို့ရှေ့နေရုံးကိုကျွန်တော်နဲ့အလုပ်တွဲလုပ်နေတဲ့သူဌေးက အလုပ်အပ်ထားတာပါ...ရိုးရိုးသားသားခင်မင်နေကြတဲ့မိတ်ဆွေတွေပါ....ဒီမှာလာငှားနေဖြစ်တာကလဲ ဒီဘက်မှာကျွန်တော်ကုမ္ပဏီကအလုပ်လက်ခံထားတဲ့ တိုက်တွေအတော်များများရှိနေလို့သွားချိန်လာချိန်တွေမပုပ်အောင် ဒီမှာလာနေနေလိုက်တာပါ...." ဟန်လင်းသန့်ရဲ့စကားကြောင့် မြရွက်ဝါမယုံကြည်နိုင်သလိုဖြစ်သွားမိတယ်။ကြီးကြီးတို့ဘက်ကလဲ အခိုင်အမာကြီးကို သူတို့လုပါလို့ကြေငြာထားတာလေ။ပြီးတော့မြရွက်ဝါကိုပြောဆိုထားတာလဲ နှစ်ပြားမတန်ဘူး။တွေးလိုက်မိကာမှမြရွက်ဝါစိတ်ထဲပိုပြီးရှုပ်ထွေးသွားမိတယ်။ " ကိုဟန်လင်းသန့်အဆင်ပြေသွားပြီလားဟင်...ကျွန်မပြန်တော့မယ် " " ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်နော်မြရွက် " " ရပါတယ်ရှင် ...အိမ်နီးနားချင်းတွေပဲဟာ " မြရွက်ဝါခပ်တိုးတိုးပြောပြီး တံခါးပေါက်ဆီကိုထွက်လာခဲ့လိုက်တယ်။စိတ်ထဲမှာတော့ ဘာမှန်းမသိတဲ့ အမည်မဖော်နိုင်တဲ့ခံစားချက်ကြီးတစ်ခုကငြိတွယ်ကပ်ပါလာခဲ့တယ်။ ~~~~~~~~~~~~ " ဒီမှာကြည့်စမ်းမြရွက် နင့်တူဘယ်လောက်ထိရက်စက်လဲဆိုတာကို " မညိုကပြောပြောဆိုဆိုနဲ့ဖုန်းလှမ်းပေးတာမို့ မြရွက်ဝါယူကြည့်လိုက်မိတယ်။ဖုန်းထဲကစာတစ်ချို့ကိုဖတ်ကြည့်လိုက်တော့ မဖတ်ရဲလောက်တဲ့စာသားတွေချည်းပဲ။မြရွက်ဝါ ဖုန်းကိုမညိုဆီပြန်ကမ်းပေးလိုက်တယ်။ " ဘာတွေလဲမညိုရယ်....အမှောင်လောကကရဲရဲတောက်လူငယ်များလား...စကားပြောထားကြတာလဲ အမှောင်တွေချည်းပဲ....ဒီစိတ်တွေပဲရှိနေကြတော့...တိုးတက်ကြအုံးမှာပေါ့ စိတ်ညစ်စရာကြီး...တဏှာရူးမနဲ့နှာဘူးကောင်ပဲ " " ဪ...နင်ကလဲဘာတွေသွားဖတ်နေတာလဲ.....ငါပြတာအဲ့ဒါမဟုတ်ဘူး...ဒီမှာ...နင်တူကဘာပြောထားလဲသိလား....နိုင်ငံခြားရောက်တာနဲ့သူ့ဟာမကိုလှမ်းခေါ်မယ်တဲ့...ပြီးရင်ပြန်မလာတော့ဘူးတဲ့လေ...မွေးရကျိုးနပ်လိုက်တဲ့သား....သူ့အဖေကိုဒုက္ခအပေးဆုံးလူလို့ထင်ခဲ့မိတာ....သူကမှငါ့ရင်ကိုခွဲပြီးဆားနဲ့ပါပက်မှာထင်တယ်....ငါဒီလောက်သူ့အပေါ်ချစ်ခဲ့တာကိုလုပ်ရက်တယ် ...အီး ဟီး ဟီး " ပြောရင်းနဲ့ငိုချလိုက်တဲ့ မညိုကိုကြည့်ပြီး မြရွက်ဝါလဲစိတ်မကောင်းဖြစ်သွားမိတယ်။သားသမီးမွေးရတာလဲ ကျားမွေးရသလိုပါပဲလို့တောင်တွေးလိုက်မိတယ်။ " င်ိုမနေပါနဲ့မညိုရယ်...အခုသူ့တို့အကြံအစည်ကို သိသွားပြီပဲဟာ ...နိုင်ငံခြားသွားဖို့ကိစ္စကိုမလုပ်ပေးနဲ့တော့ပေါ့ " မြရွက်ဝါပြောလိုက်တော့ မြခွါညိုကမျက်ရည်တွေကိုသုတ်ဖယ်ပစ်လိုက်ပြီး " ရတယ်...သူလိုချင်တဲ့အခြေအနေကိုရောက်အောင်ငါလုပ်ပေးလိုက်ပါ့မယ်.....မိဘတစ်ယောက်အနေနဲ့ငါ့မှာလုပ်ပေးရမဲ့တာဝန်ရှိတယ်...အဲ့ဒီတာဝန်ကိုကျေအောင်ငါလုပ်ပေးလိုက်မယ်...ပြီးရင်တော့ သူ့ကိုငါ့ရင်ထဲကထုတ်နိုင်အောင် ငါကြိုးစားမယ်...ဒီပုံအတိုင်းဆိုရင်ထုတ်နိုင်မှာပါ...ထုတ်နိုင်အောင်လဲ သူကလုပ်နေပြီလေ....မအေပြောရင် ...မအေခိုင်းရင်းတော့ ဘာတစ်ခုမှအလေးထားရမှန်းမသိဘူး...လုပ်ပေးရမှန်းမသိဘူး...သူ့ဟာမဘက်ကျတော့ ...သူ့ဟာမကခိုင်းရုံတင်မဟုတ် အဲ့ဒီဟာမရဲ့အသိုင်းအဝိုင်းတွေကပါဝိုင်းပြီးခိုင်းနေကြတာလေ ....အေး ..ငါ့တာဝန်တွေကုန်ရင်တော့

" အန်တီ့မိတ်ဆွေတစ်ယောက်က ကြိုပွိုင့်အခန်းလေးကြည့်ချင်တယ်ဆိုတာနဲ့ အန်တီကခေါ်လာလိုက်တာ...မောင်ဟန်လင်းသန့်ကလမ်းဘယ်လိုလျှောက်နိုင်မလဲ..." " ဟုတ်ကဲ့ ...ကျွန်တော့်လိုက်မပြနိုင်ပေမဲ့ ကျွန်တော့်မန်နေဂျာကိုဖုန်းဆက်ပေးလိုက်ပါ့မယ် အန်တီ ...သူကအဆင်ပြေအောင်လုပ်ပေးပါလိမ့်မယ်....လိုအပ်တဲ့စာရွက်စာတမ်းနဲ့ငွေကြေးကိစ္စတွေကတော့ ...ပန်းနုတို့ရုံးကရှင်းပြပေးပါလိမ့်မယ်အန်တီ..." " အဲ့ဒါဆို အန်တီတို့သွားကြည့်လိုက်မယ်လေ....ဒါနဲ့ မောင်ဟန်လင်းသန့် အဆင်ပြေရဲ့လားကွယ်...အန်တီဘာကူညီပေးရအုံးမလဲ " ==================================== အပိုင်း( ၁၆ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ အပိုင်း( ၁ ) Link https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz အပိုင်း (၂) Link https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz အပိုင်း(၃)Link https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz အပိုင်း (၄) https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz အပိုင်း (၅) https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz အပိုင်း (၆) https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz အပိုင်း ၇ https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz အပိုင်း ၈ https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz အပိုင်း (၉) https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz အပိုင်း ၁ဝ https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz အပိုင်း ၁၁ https://m.facebook.com/story.php?story_fbid=691015849813460&id=100067151540690&mibextid=Nif5oz အပိုင်း ၁၂ https://fb.watch/pQw62cSEjV/?mibextid=Nif5oz အပိုင်း (၁၃) https://m.facebook.com/story.php?story_fbid=692743796307332&id=100067151540690&mibextid=Nif5oz အပိုင်း (၁၄) https://m.facebook.com/story.php?story_fbid=693330792915299&id=100067151540690&mibextid=Nif5oz