en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

Open in Telegram
1 032
Subscribers
-124 hours
No data7 days
-1130 days
Posts Archive
အငယ်ကောင်လေးရဲ့စကားကြောင့် တပေါင်းလန့်သွားမိပြီး ထိုင်နေရာကနေဝုန်းခနဲ့ထရပ်လိုက်မိတယ်။ " ဘာဖြစ်လို့လဲ တပေါင်းရဲ့ ..အမေ့ကိုကြောက်လို့်လား...အမေလာတာပဲလာလာပေါ့ ...ပိုက်ဆံလာတောင်းတာနေမှာပါ..အရင်ကလာလေ့မရှိဘူး.....ငါတို့က ဘာလုပ်နေလို့် လန့်နေရတာလဲ .....ထိုင်နေစမ်းပါကွာ " ဖိုးဇင်က တပေါင်းလက်ကိုဆွဲပြီး ပြန်ထိုင်ခိုင်းလိုက်ပြီးမှ အခန်းထဲဝင်ပြီး ပိုက်ဆံသွားယူတယ်။ကျန်ခဲ့တဲ့ တပေါင်းကနေရာမှာ ပြန်ထိုင်လိုက်ရပြီးအသားတွေဆိုးဆိုးဆတ်ဆတ်တုန်နေမိတယ်။ဘာအပြစ်မှမလုပ်ထားဘူးဆိုပေမဲ့ ဒေါ်အေးလှိုင်ကိုတွေ့ရမှာတော့ တပေါင်းအတော်လေးလန့်နေမိတယ်။ သိပ်မကြာခင်မှာဘဲ ဒေါ်အေးလှိုင်တစ်ယောက် အလုပ်ရုံထဲကိုဝင်လာတာတွေ့လိုက်ရတယ်။အကြီးမလေးကတော့ မအေကိုပြေးကြိုတယ်။အငယ်ကောင်လေးနှစ်ယောက်ကတော့ ကားအောက်ပိုင်းထဲကို အသိးသီးဝင်သွားကြတာမို့ အပြင်မှ မရှိကြတော့ဘူး။ ဒေါ်အေးလှိုင်တစ်ယောက် အလုပ်ရုံအတွင်းဘက်ကို လျှောက်ဝင်လာရင်းနဲ့ တပေါင်းကိုမြင်သွားတော့ စူးစိုက်ပြီးကြည့်နေတယ်။ပြီးတော့ သမီးဖြစ်သူဘက်ကိုလှည့်ကြည့်လိုက်ပြီးတော့ လေသံခပ်မာမာနဲ့မေးလိုက်တယ်။ " ဧည့်သည်ရောက်နေတာလား အကြီးမ..ကားလာပြင်တဲ့သူလား " အကြီးမက မအေဖြစ်သူကိုတစ်ချက်မော့ကြည့်လိုက်ပြီး ' မဟုတ်ဘူးအမေ ..မမတပေါင်းပါ ' " ဘာ..ဘာပြောတယ် ..တပေါင်းဟုတ်လား...သူကအောင်မင်းရဲ့သမီး ...တပေါင်းလား ...ဟုတ်လား " " ဟုတ်..ဟုတ်တယ်လေအမေ " အကြီးမရဲ့အဖြေစကားမဆုံးခင်မှာဘဲ ဒေါ်အေးလှိုင်က ခြေလှမ်းကိုခပ်သွက်သွက်လှမ်းပြီးတော့ တပေါင်းနားကိုလျှောက်သွားလိုက်တယ်။ " ကြည့်စမ်း ..ငါက ...ဘယ်သူလဲလို့်ကြည့်နေတာ ညည်းကတပေါင်းဆိုဟုတ်လား...ရုပ်ကတော့ လှလာပါလားအေ ...ဒါနဲ့ဘယ်မှာနေတာလဲ ...ဝတ်ကောင်းစားလှတွေနဲ့ဆိုတော့ အိမ်ထောင်ကျနေပြီလား ...ညည်းနေနိုင်တယ်နော်တပေါင်း..အိမ်ထောင်ကျလု့်ကောင်းစားနေတယ်ဆိုရင်လဲ ...ကိုယ့်ဖအေကိုတစ်ခေါက်တစ်လေတော့ လာကြည့်ဖို့ကောင်းတာပေါ့အေ ...ညည်းကဘဝမေ့တယ်နော် ...ဖအေကြီးရှာကျွေးတာကို ...တစ်သက်လုံးထိုင်စားခဲ့ပြီးမှ ကောင်းစားတော့မိဘကိုချောင်ထိုးတာပေါ့လေ " တပေါင်းမှန်း သိတာနဲ့ မနားတမ်းတတွတ်တွတ်ပြောနေတဲ့ ဒေါ်အေးလှိုင်ကြောင့် တပေါင်းမျက်လုံးပြူးကား ရင်တွေတလှပ်လှပ်တုန်လာသလို တစ်ကိုယ်လုံးဇောချွေးတွေလဲပြန်လာတယ်။၊ " အမေကလဲ ဘာတွေပြောနေတာလဲ ... ဒီကိစ္စတွေကအမေနဲ့လဲ မဆိုင်ဘူး..မဆိုင်တာတွေမပြောနဲ့ ...ဦးအောင်မင်းက သူ့မိန်းမအမျိုးတွေကိုပဲ ရှာကျွေးခဲ့တာမဟုတ်လား...သူနေမကောင်းတော့လဲ ... သူ့မိန်မအမျိုးတွေပြုစုပေးလိမ့်မယ်..အမေ...ပိုက်ဆံလာတောင်းတာမဟုတ်လား ...ဒီမှာယူလိုက်ပါ ..အမေပြန်မှာလား..နေအုံးမှာလား ..နေမယ်ဆိုလဲနေပါ..မဆိုင်တာတွေမပြောနဲ့ ကျွန်တော်မကြိုက်ဘူး " ဖိုးဇင်ကအသံမာမာနဲ့ပြောလိုက်တော့ ဒေါ်အေးလှိုင်ငြိမ်ကျသွားတယ်။သို့ပေမဲ့ သူ့ဝသီအတိုင်းမကျေမနပ်နဲ့ဖြစ်နေတယ်။ထိုင်ခုံမှာပေစောင်းစောင်းနဲ့သွားထိုင်ပြီးတော့ တပေါင်းကိုလှမ်းပြီးအကဲခတ်နေတယ်။တပေါင်းမှာ ထိုင်နေရင်းနဲ့ ရင်တွေတဆတ်ဆတ်တုန်ကာ ခြေဖျားလက်ဖျားတွေလဲ အေးစက်လာတယ်။သူမကို စိမ်းစိမ်းကြီးစိုက်ကြည့်နေတဲ့ ဒေါ်အေးလှိုင်ကိုလဲ မျက်လုံးတောင် လှန်မကြည့်ရဲဘဲဖြစ်နေမိတယ်။ " ဖိုး..ဖီုးဇင် ...ငါပြန်တော့မယ်နော်..နင်မအားရင်လဲနေပါ ..ကားငှားပြီးပဲပြန်လိုက်တော့မယ်နော် " တပေါင်းခပ်တိုးတိုးအသံနဲ့ဖိုးဇင်ကိုပြောလိုက်မိတယ်။ " ဟာ..မဟုတ်တာ..တစ်ယောက်တည်းမပြန်ရပါဘူး..ငါလိုက်ပို့ပေးမှာပေါ့ ..လာ..သွားမယ်လေ " ဖိုးဇင်ကလဲ အလိုက်တသိနဲ့ ရှေ့ကဦးဆောင်ခေါ်သွးတယ်။ "ဒေါ်...ဒေါ်လေး...တပေါင်းပြန်တောမယ်နော် ...အကြီးမရေ..မမပြန်တော့မယ်နော်..အငယ်ကောင်လေးတွေကိုလဲ နှုတ်ဆက်သွားတယ်လု့်ပြောပေးပါအုံး " "ဟုတ်ကဲ့...ဟုတ်ကဲ့မမ " အကြီးမကလဲ တုန်တုန်ယင်ယင်နဲ့ပြန်နှုဆ်ဆက်တယ်။ " တပေါင်း.....ဒီမှာခဏစောင့်နော်.....ကားသွားယူလိုက်အုံးမယ်.." ဖိုးဇင်ကပြောပြီးတာနဲ့ တစ်ဖက် လမ်းက မျက်စောင်းထိုးမှာ ရပ်ထားတဲ့ ကားဆီကိုခပ်သွက်သွက်ထွက်သွားခဲ့တယ်။ " သူက ..ဘာလာလုပ်တာတဲ့လဲ အကြီးမူ...ကြည့်ရတာနင့်အစ်ကိုက ...ထော့ကျိုးမကိုထောက်ပံ့ပေးနေတာထင်တယ်......ဒီကောင်တော့ငါနဲ့တွေ့အုံးမယ် " မကြားတကြားပြောတာလား။တမင်ကြားအောင် ပြောတာလားမသိ။အသံကတော့ တော်တော်ကျယ်ကျယ်ကိုကြားနေရတယ်။တပေါင်းမကြားချင်ယောင်ဆောင်ပြီး ခေါင်းကိုအတင်းငုံ့ထားလိုက်မိတယ်။ တပေါင်းတို့က ငယ်သူငယ်ချင်းတွေဖြစ်တာမို့ ခင်မင်တဲ့စိတ်လေးနဲ့ပဲ လိုက်လည်ခဲ့မိတာပါ။ဖိုးဇင်ပြန်လာတုန်းကလဲ လက်ဆောင်တွေပါလာခဲ့ပေမဲ့ အိတ်လေးတစ်လုံးပဲယူခဲ့တာ။ဒါတောင် သူငယ်ချင်းဖြစ်သူ စိတ်မကောင်းဖြစ်မှာစိုးလို့ ယူခဲ့တာ။ရှင်းရှင်းပြောရရင် တပေါင်းလှိုင်သာယာကပြောင်းခါနီးမှာ ငွေကြေားခက်ခဲခဲ့ပေမဲ့ ဖိုးဇင်ကိုယောင်လို့်တောင် မပြောခဲ့ဘူး။ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးလဲအဆင်ပြေတယ်ပဲပြောခဲ့တာ။ပြောရမယ်ဆိုရင် ဖိုးဇင်ဆီက စလင်းဘတ်အိတ်တစ်လုံးကလွဲလို့ ဘာမှကိုမယူခဲ့ဖူးပါဘူး။

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၂၆) akyiphyu ********** " တပေါင်း " မမြင်ချင်ယောင်ဆောင်ပါတယ်ဆိုမှ ကားဘေးနားကိုရောက်လာပြီး ခေါ်လိုက်တဲ့ ကိုချမ်းကြောင့် တပေါင်းအယောင်ယောင်အမှားမှားနဲ့ လက်သီးကိုဆုပ်လိုက်မိတယ်။ " တပေါင်း... ဘယ်သွားမလို့လဲ " ကိုချမ်းရဲ့မေးသံကထွက်လာခဲ့တယ်။ကိုချမ်းကအသံမာမာနဲ့မေးလိုက်တာမို့ တပေါင်းမဖြေလို့မရတော့ " ဟုတ်...ဟုတ်ကဲ့ ..သူငယ်ချင်းရဲ့အလုပ်ကိုခဏလိုက်ကြည့်မလို့ပါကိုချမ်း...မနွေးဆီမှာခွင့်တိုင်ခဲ့ပါတယ် " တပေါင်းရဲ့အဖြေကြောင့် ကိုချမ်းမျက်နှာ တစ်ချက်တင်းခနဲဖြစ်သွားရတယ်။ " ဘယ်အချိန်ပြန်လာမှာလဲ ...စောစောပြန်လာခဲ့...နောက်ဆိုအပြင်သွားမယ်ဆိုရင်... ခွင့်တစ်ရက်ကြိုတိုင်ပါ " ကိုချမ်းက တပေါင်းကိုပြောပြီးတော့ ဖိုးဇင်ကိုလှမ်းကြည့်တယ်။ "ကိုဇင်ဖြိုးပိုင် ကလေးတစ်ယောက်လာပို့တာဆို ...ကိုသက်ကဖုန်းဆက်တယ်..သူ့မိဘတွေဆီကို... ဒီနေ့လယ်မှာ ရုံးကသွားလိမ့်မယ်...ကျေးဇူးတင်ပါတယ် ကိုဇင်ဖြိုးပိုင် ..ဒါနဲ့ ...တပေါင်းကိုစောစောပြန်ပို့ပေးပါဗျာ ....ခွင့်ပြုပါအုံး " ကိုချမ်းကပြောပြီးတာနဲ့ ကားနားကပြန်လှည့်ထွက်သွားခဲ့တယ်။ပြန်လှည့်ထွက်သွားတဲ့ ကိုချမ်းကို ဖိုးဇင်လိုက်ကြည့်နေပြီးတော့မှ တပေါင်းကို ပြန်ကြည့်လိုက်တယ်။ဒီအခါငြိမ်သက်နေတဲ့ တပေါင်းကိုတွေ့လိုက်ရတာမို့ ဖိုးဇင်စိတ်ထဲ မကျေနပ်သလိုဖြစ်သွားမိတယ်။ " သူက အမြဲဒီလိုပဲလားတပေါင်း ...တပေါင်းကိုပဲ အနိုင်ကျင့်အာဏာပြနေတာလား...တခြားသူတွေကို ဒီလောက် မတင်းကြပ်သလိုပဲ " ဖိုးဇင်ရဲ့အမေးကြောင့် တပေါင်းမျက်လုံးပြူးကာ ထိတ်လန့်သွားရပြီး ပျာပျာသလဲရှင်းပြလိုက်မိတယ်။ " မ..မဟုတ်ပါဘူး...မိန်းကလေးတွေအပြင်ထွက်ရင်တော့... သူမေးပါတယ်...ဒါကလဲမေးသင့်တယ်လေ...တစ်ခုခုဆိုရင် သင်တန်းနာမည်ပျက်မှာလေ ..အဲ့ဒါကြောင့်ပါ..ကိုချမ်းကဘယ်သူ့အပေါ်မှ အာဏာမပြပါဘူး " တပေါင်းပျာပျာသလဲရှင်းပြနေတာကိုကြည့်ပြီး ဖိုးဇင်စိတ်တိုသွားတာမို့ ကားကိုခပ်ကြမ်းကြမ်းမောင်းထွက်ခဲ့လိုက်တယ်။ ~~~~~~~~~~ " ဟယ်...မမတပေါင်းကအရမ်းကိုလှလာတာပဲနော်..အသားတွေလဲ ဖြူဖွေးနေတာပဲ " ဖိုးဇင်ရဲ့ညီမဖြစ်တဲ့အကြီးမလေးက တပေါင်းကိုတွေ့တော့ ဝမ်းသာအားရနဲ့ပြေးဖက်ရင်းပြောတယ်။သူလေးလဲ အတော်လေးလှလာတာကိုတပေါင်းသတိထားလိုက်မိတယ်။ " အကြီးမက အသက်ဘယ်လောက်ရှိပြီးလဲ " " နှစ်ဆယ့်နှစ်ပြည့်တော့မယ်လေ မမတပေါင်းရဲ့ ....မမအဆင်ပြေတယ်မဟုတ်လား ..ပရဟိတအသင်းရုံးတစ်ခုမှာနေတာဆို ...ညီမလေးတို့နဲ့လာနေပါလားဟင်...အမေနဲ့အဖေက ရပ်ကွက်ထဲမှာပဲနေတာလေမမ...ဒီကိုမလာကြပါဘူး " အကြီးမလေးရဲ့စကားကြောင့်ဖိုးဇင်ကို တပေါင်းဖျတ်ခနဲ့လှမ်းကြည့်လိုက်မိတယ်။ဖိုးဇင်းက လှမ်းပြုံးပြတော့ တပေါင်းလဲခပ်ယဲ့ယဲ့ပြန်ပြုံးပြလိုက်မိတယ်။ " အင်း..မမက ...ဟိုမှာအလုပ်လုပ်နေတာလေအကြီးမရဲ့...တစ်လကိုသုံးသိန်းကျော်လောက်ရနေပြီလေ..ဒါနဲ့မမတို့ရပ်ကွက်ရော စည်နေပြီလား...မမရဲ့ကြီးကြီးဒေါ်အေးခင်ကိုရောတွေ့မိသေးလား " တပေါင်းက သိချင်တာကို မေးလိုက်မိတယ်။ " ရပ်ကွက်ကတော့ အရင်ထက်ပိုပြီးစည်လာပါတယ်..အိမ်ကြီးအိမ်ကောင်းတွေလဲများလာတယ်...မမတို့ကြီးကြီးကိုလဲ တွေ့ပါတယ်...အဆင်ပြေတဲ့ပုံပါပဲ ...သူ့သားသမီးတွေလဲ အလုပ်တွေရနေပြီးထင်တယ်..." ဖိုးဇင်တို့မောင်နှမတွေနဲ့အရင်ကအကြောင်းတွေပြန်ပြောကြရင်းနဲ့ တပေါင်းတို့ ထမင်းဟင်းတွေချက်စားကြတယ်၊။ငယ်ငယ်ကတည်းကသိကျွမ်းခဲ့ရတဲ့ ကလေးတွေနဲ့အခုလို ပျော်ပျော်ပါးပါးတွေဆုံရတော့လဲ စိတ်ရှုပ်ညစ်ထွေးနေတဲ့ တပေါင်းရဲ့စိတ်လေးပြန်လည်ကြည့်လင်လာခဲ့တယ်။ ~~~~~~~~~~~ " ငါ့ညီတွေညီမတွေက နင့်ကိုချစ်ကြသားပဲနော် တပေါင်း ..ငါ့ညီမက ...နင်နဲ့တွေ့မှစကားတွေအများကြီးပြောတာဟ...ငါပြန်ရောက်ကာစဆိုရင်... သူ့ကို ကြည့်ရတာ စက်ရုပ်ကြီးလိုပဲ ...အလုပ်လုပ်စရာရှိရင်လုပ်တယ်..အလုပ်မရှိရင်တချောင်ချောင်မှာကုပ်နေရောပဲ ...ငါပြန်လာလိုက်တာ မှန်သွားသလိုဖြစ်သွားတာပေါ့ .." " အင်း..နင်ကအစ်ကိုတစ်ယောက်ပီသပါတယ်ဟယ်...ကလေးတွေအစားဝမ်းသာပါတယ်...နင့်လုပ်ငန်းလဲ အောင်မြင်မှာပါ " " အောင်မြင်အောင် ကြိုးစားရမှာပေါ့ တပေါင်းရယ်...ငါ့မှာစောင့်ရှောက်ပေးရမဲ့သူတွေရှိတယ်လေ...ငါစောင့်ရှောက်ပေးရမဲ့သူတွေထဲမှာ... နင်လဲပါတယ်တပေါင်း " ဖိုးဇင်ရဲ့စကားကြောင့် တပေါင်းပြုံးလိုက်မိတယ်။ " ငါ့အတွက်မပူပါနဲ့ ဇိုးဇင်ရယ်..ငါကရှာဖွေစားသောက်တတ်ပါတယ်..အသက်ကြီးလာရင်နေဖို့အတွက်လဲ ... အိမ်တစ်လုံးလောက်ဝယ်ရမှာပေါ့ " " ဒီခေတ်ဒီခါကြီးထဲ အိမ်ဝယ်ဖို့ဆိုတာ အတော်လေးတော့ ကြိုးစာရမှာပဲ ...နင့်ကိုမပင်ပန်းစေချင်ပါဘူး...ဖြစ်နိုင်ရင်နင့်အတွက်အိမ်တစ်လုံးလောက်ဝယ်ပေးချင်မိတယ်...တစ်သက်လုံး...နင်မပူမပင်ရအောင်လဲ ငါစောင့်ရှောက်ပေးချင်တယ် " ဖိုးဇင်ရဲ့စကးကြောင့် တပေါင်းဖိုးဇင်ကိုမော့ကြည့်လိုက်မိတယ်။ဒီအချိန်မှာပဲ ဖိုးဇင်ရဲ့ညီအငယ်ကောင်လေးက ဆိုင်ထဲကို ပြေးဝင်လာတာကိုတွေ့လိုက်ရတယ်။ " အစ်ကို...အမေလာနေတယ်ဗျ....တက္ကစီငှားလာတာ "

ရှင်းပြဖို့မကြိုးစားတော့ဘဲ နေလိုက်ဖို့ပဲ တွေးပြီး နေလာခဲ့လိုက်တာ။ ~~~~~~~~~~~ ဖိုးဇင်မောင်းလာခဲ့တဲ့ကားပေါ်ကို တပေါင်းတက်လိုက်တယ်။ " ဒါက ..လပေးနဲ့ငှားထားတဲ့ကားဆိုတာလား ဖိုးဇင် " " အင်း ...ဟုတ်တယ်..ပစ္စည်းဝယ်ဘာညာနဲ့လိုအပ်တာလေးရှိလို့် ငှားထားလိုက်တာ..အခုတော့လဲ ဒီလိုအကျိုးရှိတာတွေအတွက်လဲ သုံးလို့ရတာပေါ့ ...အနီးနားက လူတွေအကူအညီလိုရင်လဲ ပေးလို့ရတာပေါ့ဟာ " " အင်း ..ကောင်းသားပဲဟဲ့...နင်လဲကုသိုလ်ရတာပေါ့ ..အလုပ်ကရောအဆင်ပြေလား " " ဖွင့်တာမကြာသေးတော့ ....မိတ်တော့သိပ်မရသေးဘူးပေါ့...ဒါပေမဲ့ ..မဆိုးဘူးပြောရမှာပဲ..အငယ်ကောင်တို့က ဆိုင်ကယ်တွေလဲကိုင်တယ်လေ...ဒီကြားထဲအကြီးမက ထမင်းဆိုင်ဖွင့်မယ်လုပ်နေသေးလို့် မနည်းတားနေရတယ်..သူ့ကိုတော့ မခိုင်းရက်သေးဘူးဟာ..သူ့ခမျာ...အမေတို့နှိပ်/စက်တာကိုခံခဲ့ရတော့ အတော်လေး ပင်ပန်းခဲ့တာမဟုတ်လား " ဖိုးဇင်ကပြောရင်းနဲ့ ကားကိုခြံပြင်ကိုမောင်းထွက််လိုက်တယ်။ဒီအချိန်မှာပဲ ခြံထဲကိုကားတစ်စိးမောင်းဝင်လားတာတွေ့လိုက်ရတယ်။ မောင်းဝင်လာတဲ့ကားကိုကြည့်ပြီး တပေါင်းကိုယ်လေးတုန်သွားမိတယ်။ခြံထဲဝင်လာသူက ကိုချမ်း ။ကိုချမ်းက တပေါင်းတို့ကားဆိကိုလှမ်းကြည့်တယ်။တပေါင်းကိုချမ်းရဲ့အကြည့်ကို မမြင်ချင်ယောင်ဆောင်ပြိးခေါင်းကိုငုံ့ထားလိုက်မိတယ်။ ================================= အပိုင်း (၂၆)ဆက်ရန် ဒီနေ့ တစ်ပိုင်းပဲ ဖတ်ပါရှင် A Kyi Phyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/ ၂ https://www.facebook.com/100067151540690/posts/735119455403099/ ၃ https://www.facebook.com/100067151540690/posts/735674495347595/ ၄ https://www.facebook.com/100067151540690/posts/736235605291484/ ၅ https://www.facebook.com/100067151540690/posts/736791991902512/ ၆ https://www.facebook.com/100067151540690/posts/737913055123739/ ၇ https://www.facebook.com/100067151540690/posts/738456585069386/ ၈ https://www.facebook.com/100067151540690/posts/739012378347140/ ၉ https://www.facebook.com/100067151540690/posts/740077244907320/ ၁၀ https://www.facebook.com/100067151540690/posts/740644458183932/ ၁၁ https://www.facebook.com/100067151540690/posts/741255251456186/ ၁၂ https://www.facebook.com/100067151540690/posts/741833594731685/ ၁၃ https://www.facebook.com/100067151540690/posts/742400951341616/ ၁၄ https://www.facebook.com/100067151540690/posts/742989231282788/ ၁၅ https://www.facebook.com/100067151540690/posts/743578934557151/ ၁၆ https://www.facebook.com/100067151540690/posts/743627364552308/ ၁၇ https://www.facebook.com/100067151540690/posts/744157521165959/ ၁၈ https://www.facebook.com/100067151540690/posts/744215504493494/ ၁၉ https://www.facebook.com/100067151540690/posts/744820244433020/ ၂၀ https://www.facebook.com/100067151540690/posts/744865391095172/ ၂၁ https://www.facebook.com/100067151540690/posts/745447884370256/ ၂၂ https://www.facebook.com/100067151540690/posts/746053474309697/ ၂၃ https://www.facebook.com/100067151540690/posts/746091874305857/ ၂၄ https://www.facebook.com/100067151540690/posts/746620510919660/

ပြောပြီးတာနဲ့ ကိုချမ်းရဲ့အခန်းထဲကနေ တပေါင်းထွက်ခဲ့လိုက်တယ်။ရင်ထဲမှာတော့ ဝမ်းနည်းခြင်း၊နာကျင်ခြင်းနဲ့နာကြည်းခြင်းတွေကို တစ်ပြိုင်တည်းခံစားလိုက်ရတယ်။နှလုံးသားက ရင်ခုန်လှုပ်ရှားမိရုံနဲ့တင် လောကကြီးက တပေါင်းကိုသင်ခန်းစာကောာင်းကောင်းပေးလိုက်လေပြီ။ယောက်ျားလေးကိစ္စနဲ့ပတ်သက်ရင် အပြောမခံရအောင်နေခဲ့တဲ့တပေါင်းပါ။မိန်းကလေးတစ်ယောက်တည်းနေရတာမို့ လူအထင်သေးမခံရအောင် အထူးဂရုစိုက်ပြီးနေခဲ့တာပါ။ဒီလိုနေလာခဲ့လို့လဲ တပေါင်းကိုတော်ရုံဘယ်သူမှ အထင်မသေးခဲ့ကြဘူး။အခုတော့ တပေါင်းယုံကြည်အားကိုးရတဲ့သူကိုဘ်တိုင်က တပေါင်းရဲ့ကိုယ်ကျင့်သိက္ခာကို မယုံကြည့်နိုင်ခဲ့ဘဲ အထင်သေးနေတာကိုသိလိုက်ရတယ်။တပေါင်းဘာကိုမှ ရှင်းပြမနေချင်တော့ဘူး။ရှင်းပြရတဲ့ကိစ္စတွေကိုလဲ တပေါင်းစိတ်ကုန်နေခဲ့ပါပြီး။ပြဿနာတစ်ခုဖြစ်တိုင်း မျက်ရည်မျက်ခွက်နဲ့အမြဲရှင်းပြခဲ့ဖူးပေမဲ့ အဆုံးမှာတော့ သူတို့ယုံကြည့်ရာကိုပဲလက်ခံလိုက်ကြတာမဟုတ်လား။တပေါင်းနှုတ်ခမ်းကိုတင်းတင်းစေ့ပြီး အံကိုကြိတ်ကာအခန်းထဲကထွက်လာခဲ့လိုက်တယ်။ ~~~~~~~~~~~~ " တပေါင်း ..နင်ဘာဖြစ်နေတာလဲ ..နေလို့မကောင်းဘူးလား " ဖိုးဇင်ရဲ့အမေးကြောင့် တပေါင်းခေါင်းကိုခါယမ်းပြလိုက်မိတယ်။ " ဘာမှမဖြစ်ပါဘူး..ဒါနဲ့ ...ကလေးတစ်ယောက်ကိုလာပို့တာဆို...ဘယ်သူလဲဟင်....တို့ရပ်ကွက်ထဲကလာား " တပေါင်း စကားကိုလွဲကာဖိုးဇင်ကိုမေးလိုက်မိတယ်။ " အင်း...ဟုတ်တယ်...သူ့အဖေနဲ့အမေက ရူးသလိုလိုပေါသလိုလိုနဲ့ ...ကလေးကို ပိုက်ဆံလိုက်တောင်းခိုင်းတယ်..သူတို့သက်မှတ်ထားတဲ့ငွေမရရင်ရို*က်တယ်တဲ့လေဟာ...ဒီရောက်တော့သေချာမေးကြည့်လိုက်မှ ...ဖအေက ပထွေးတဲ့.. အမေကတော့အမေရင်းပဲ ...ကလေးက ရှစ်နှစ်လောက်ပဲရှိအုံးမယ်...ရို//က်ခံထားရတာလဲ တစ်ကိုယ်လုံးမှာဒဏ်ရာတွေပြည့်နေတာပဲ " ဖိူးဇင်ပြောနေတာတွေကို နားထောင်ပြီး တပေါင်းလက်သီးကိုဆုပ်လိုက်မိတယ်။ " ကလေးက ...အခုဘယ်မှာလဲ ..ပန်းပျိုးလက်ကလက်ခံမှာတဲ့လား " " အင်း..လက်ခံမယ်တဲ့ ..ကလေးကိုစောင့်ရှောက်ရေးဂေဟာမှာခဏပို့ပေးထားမယ်တဲ့....ကျန်တဲ့ကိစ္စတွေအတွက် သူ့မိဘတွေကိုတရားစွဲဖို့ ရှေ့နေနဲ့စီစဉ်ပေးမယ်တဲ့လေ..အခုက ကိုချမီးပြည့်စုံမရှိလို့ ..ကိုသက်နဲ့ထားခဲ့လိုက်တယ်...ရှေ့နေလဲ ရောက်လာတယ်လေ " " ဟုတ်လား..တော်သေးတာပေါ့...ဒါဆိုရင်တော့ ...ကလေးအဆင်ပြေသွားမှာပါ " " အဆင်ပြေမှပဲဖြစ်မှာ..ကလေးကလဲ ...သူ့အိမ်ကိုမပြန်ချင်တော့ဘူး...ငါလဲကလေးကိုသူ့အမေ့ဆီကို ပြန်မထည့်ပေးချင်ဘူး...သူ့အတွက်ကောင်းတဲ့နေရာမှာပဲထားချင်တယ် ..ဒါနဲ့....ငါ့အလုပ်ရုံကိုတစ်ခါလောက်တော့လာလည်ပါအုံးဟာ...အခုလိုက်ခဲ့ပါလား " ဖိုးဇင်ရဲ့စကားကြောင့် တပေါင်းစိတ်ထဲဝမ်းသာသလိုဖြစ်သွားမိပြီး " အေးဟာ...ငါလဲခွင့်မယူတာကြာပြီပဲ ... ဒီနေ့လဲ အလုပ်သိပ်မရှိဘူး...သွားပြောကြည့်က်အုံးမယ်...နင်ပြန်လိုက်ပို့ပေးမှာမ ဟုတ်လား ..." " အေးပါ.. ပို့ပေးမယ်လေ " " အေး...ဒါဆိုရင်ခဏစောင့်ဟာ ..သွားပြောလိုက်အုံးမယ် " ဖိုးဇင်ကိုစောင့်ခိုင်းထားခဲ့ပြီးတပေါင်းထွက်လာခဲ့လိုက်တယ်။ ~~~~~~~~~~~ " မနွေး..တပေါင်းကို ..ဒီနေ့ခွင့်တစ်ရက်လောက်ပေးပါရှင်...အရေးကြီးတဲ့စာရွက်စာတန်းတွေအားလုံးကို တပေါင်းစာစီပြီးသွားပါပြီ..တကယ်လို့်... အရေးကြီးတာတွေထပ်ထွက်လာရင် ပြန်ရောက်တာနဲ့ အလုပ်လုပ်ပေးပါ့မယ်...ဖိုးဇင်တို့ အလုပ်ရုံကို လိုက်လည်ချင်လို့ပါ ...ဖိုးဇင်ရဲ့ ညီတွေ..ညီမတွေနဲ့လဲ တွေ့ချင်လို့ပါ " " အင်း ..သွားလေ....ညနေတော့ပြန်လာမှာမဟုတ်လား " " ဟုတ်ကဲ့ ပြန်လာမှာပါ " " အင်း..အင်း..." မနွေးဆီက ခွင့်ပြုချက်ရတာနဲ့ တပေါင်းအခန်းဆီကိုပြန်ပြီး အဝတ်အစားလဲကာထွက်ခဲ့လိုက်တယ်။ပန်းပျိုးလက်မှာက ခွင့်တိုင်မဲ့ကိစ္စတွေဆိုရင် မနွေးဆီမှာပဲပြောရတာ။မနွေးကဆင့်မှ ကိုချမ်းဆီကိုအကြောင်းကြားပေးတာ။ပန်းပျိုးလက်မှာက သင်တန်းကျောင်းမှာပဲနေတဲ့သူက တပေါင်းအပါအဝင်ဆယ်ယောက်ရှိတယ်။ဒီထဲအမှ ကိုချမ်း၊ကိုသက်။ကိုထိုက်၊ကိုမိုး၊ကိုစိုင်းနဲ့ကိုထွန်ူးတို့ခြောက်ယောက်နဲ့ မိန်းကလေးက လေးယောက်ရှိတယ် ။ရုံးမှာ အနေများတာက ကိုချမ်း၊ကိုသက်နဲ့ကိုထိုက် ။မိန်ကလေးတွေကတော့ မနွေး။ထက်ထက်နဲ့မာလာ၊ပြီးတော့တပေါင်း ။ထက်ထက်နဲ့မာလာရယ်ကိုထွန်းနဲ့ကိုစိုင်းက တပေါင်းထက်ငယ်ကြတယ်။အားလုံးထဲမှာမှ ဂေဟာမှာ အတူကြီးပြင်းခဲ့ကြတဲ့ ကိုချမ်း၊ကိုသက်၊မနွေး၊ထက်ထက်၊ကိုစိုင်းနဲ့မာလာတို့က ပိုပြီးတော့ ရင်းနှီးမှုရှီကြတာတော့အမှန်ပဲ။အစကတော့ တပေါင်းနဲ့လဲ မိသားစုပုံစံမျိုးလောက်နဲ့မရင်းနှီးသေးဘူးဆိုပေမဲ့ ငယ်သူငယ်ချင်းအရင်းကြီးတွေလို ချစ်ခင်နေခဲ့ကြတာပါပဲ။ပြောရရင် ဟိုရက်က ကိုထိုက်ရဲ့အခန်းထဲကို တပေါင်းမှားဝင်သွားမိပြီးမှ ဒိလိုတွေစိမ်းသွားခဲ့ကြတာ။ထက်ထက်နဲ့မာလာကဆိုရင် တပေါင်းကိုမြင်တာနဲ့မကြည်သလိုကြည့်တာ။ကြည့်ရတာ ကိုထိုက်နဲ့လက်ထပ်မဲ့သူက ရုံးမှာနေကြတဲ့ သုံးယောက်ထဲကတစ်ယောက်ဖြစ်မှာသေချာတယ်။ခက်တာက အဲ့ဒီတစ်ယောာက်က ဘယ်သူလဲဆိုတာကိုလဲ တပေါင်းသေချာမသိသလို သူတို့အထင်လွဲပြီးစိတ်ဆိုးနေကြတာလားဆိုတာကိုလဲ တပေါင်းသေချာမသိဘူး။ဒါကြောင့်လဲ ဘာကိုမှရှင်းပြလို့်မရဘူး။ရှင်းပြလို့မရတော့လဲ

တပေါင်းကို ကြည့်ပြီး ကိုထိုက်ကလဲအူကြောင်ကြောင်နဲ့ လှမ်းမေးတယ်။မေးသံကြားလိုက်ရမှ တပေါင်းလဲရှက်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိဘဲဖြစ်သွားမိတယ်။ " ဟို...ဟို ..အခန်းမှားဝင်မိတာပါ ကိုထိုက်...တပေါင်းတောင်းပန်ပါတယ်နော် " တပေါင်းပျာပျာသလဲတောင်းပန်လိုက်မိတယ်။ " ဪ ...ရပါတယ်တပေါင်းရဲ့...ကိုသက်ကိုလာရှာတာလားလို့ ..ကိုသက်ကအခုပဲ ..စာသင်ခန်းဘက်ထွက်သွားလို့်လေ " " ဟုတ်..ဟူတ်ကဲ့...တပေါင်းသွားတော့မယ်နော်ကိုထိုက် " တပေါင်းရှက်ရှက်နဲ့ အခန်းထဲက အမြန်ပြန်ထွက်လာခဲ့လိုက်တယ်။ " တ...တပေါင်း... " တပေါင်းအခန်းပြင်ကိုရောက်ချိန်မှာ ကိုချမ်းကိုမတွေ့ရဘဲ မနွေးနဲ့ဆုံလိုက်ရတာမို့ ရင်ထဲကအပူလုံးကြီးကျသွားရတော့တယ်။ " တ...တပေါင်းက ဘာကိစ္စရှီလို့လဲ ..ကိုထိုက်နဲ့ပြောစရာရှိလို့လား " " ရှင် " မနွေးရဲ့ အမေးကြောင့် တပေါင်းဖြေရခက်သွားမိတယ်။ကိုချမ်းနဲ့မဆုံအောင်ရှောင်ဖို့အတွက် အခန်းထဲဝင်လိုက်တာလို့ ဖြေရမှာလား။ " ဟို...ဟို ..ကိုထိုက်ကို အလုပ်အကြောင်းမေးတာပါ မနွေး....တပေါင်းသွားတော့မယ်နော် " ရှေ့ဆက်ပြောရင် အလိမ်တွေပေါ်ကုန်မှာ ကြောက်တာမို့ တပေါင်းနေရာကနေ အမြန်ထွက်လာခဲ့လိုက်တယ်။ ~~~~~~~~~~~ " မနွေးရေ...ဒီနေရာက ...စာသားကသိပ်ပြီးမရှင်းလို့ ဘာရေးထားတာလဲဟင် " တပေါင်းစာရိုက်နေရင်းကနေ မူကြမ်းပေးလိုက်တဲ့စာက သိပ်မရှင်းတာမို့ စာရွက်ကိုကိုင်ပြီးမနွေးကို သွားမေးလိုက်တယ်။မနွေးက တပေါင်းမေးတာကိုမကြားတာပဲလားမသိ ပြန်မဖြေ။ " ဟို..မနွေး ...ဒီစာလေး တပေါင်းကိုရှင်းပြပါလားဟင် " စာရွက်လေးကို မနွေးရှေ့ကို ထိုးပြလိုက်ပြီး တပေါင်းထပ်မေးလိုက်တယ်။ " တို့ မအားဘူးတပေါင်း...မင်းမသိတာရှိရင် ..ကိုထိုက်ကိုသွားမေးလိုက် " " ရှင်...ဟုတ်ကဲ့မနွေး...တပေါင်းနှောက်ယှက်မိတာ တောင်းပန်ပါတယ်နော်် " မနွေးရဲ့ခပ်မာမာအသံကြောင့် တပေါင်းရင်ထဲအောင့်ခနဲတော့ဖြစ်သွားမိတယ်။ဘာမှန်းသေချာမသိပေမဲ့ မနွေးတစ်ခုခုပြောင်းလဲသွားတာကို တပေါင်းသတိထားလိုက်မိတယ်။ဒါပေမဲ့ဘာက ပြောင်းလဲသွားတာကိုတော့မသိဘဲဖြစ်နေမိတယ်။တပေါင်းအခန်းထဲက အသာထွက်ခဲ့လိုက်တယ်။ ~~~~~ " ထက်ရေ ..ညီမလေး ..ဒီစာကြောင်းလေးကို...တပေါင်း သိပ်နားမလည်လို့ ...ဖတ်ပြပါလား... ဟင် " တပေါင်းက မေးရင်းနဲ့အခန်းထဲဝင်လိုက်ချိန်မှာ မျက်နှာတွေတင်းပြီး အပြင်ကို ထထွက်သွားကြတဲ့ ထက်ထက်နဲ့မာလာကိုကြည့်ပြီး တပေါင်းရင်ထဲမှာရှုပ်ထွေးသွားရတယ်။တစ်ခုခုကို မကျေနပ်ကြရင်လဲ ပွင့်ပွင့်လင်းလင်းမပြောကြဘဲ ခုလိုကြီး ဆက်ဆံကြတာကိုတော့ တပေါင်းမကြိုက်ဘူး။အစကတည်းကလဲ မိသားစုလိုနေကြမယ်လို့ ပြောထားခဲ့ကြတာမဟုတ်လား။အခုတော့ မနွေးကလဲ တပေါင်းကိုမကြည်သလိုမျက်နှာပေးနဲ့ဆက်ဆံပြီး စကားမပြောဘူး။ထက်ထက်တို့ဆီလာတော့လဲ ဒိလိုပုံစံပဲဆိုတော့ တစ်ခုခုတော့ဖြစ်နေပြီဆိုတာကို တပေါင်းသိလိုက်တယ်။ခက်တာက အဲ့ဒီတစ်ခုခုက ဘာလဲဆိုတာကိုသေချာမသိတာကအဆိုးဆုံးပဲ။တပေါင်းစိတ်ရှုပ်ထွေးစွာနဲ့အခန်းထဲကပြန်ထွက်ခဲ့လိုက်တယ်။ ~~~~~~ " တပေါင်း " အခန်းထဲက အထွက်မှာ ကိုချမ်းနဲ့မျက်နှာချင်းဆိုင်ဆုံလိုက်ရတာမို့ တပေါင်းရှောင်မပြေးနိုင်ဘဲဖြစ်သွားရတယ်။ " ကိုယ့်ရုံးခန်းထဲကို ခဏလိုက်လာခဲ့အုံးတပေါင်း. " "ရှင်...ဟုတ်...ဟုတ်ကဲ့ " ပြောပြီးတာနဲ့ ရှေ့ကထွက်သွားတဲ့ ကိုချမ်းနောက်ကို တပေါင်း မဝံ့မရဲနဲ့လိုက်လာခဲ့မိတယ်။ ~~~~~~~~~~~~~ " ထိုင်ပါအုံး တပေါင်း....မင်းကိုမေးစရာရှိလို့်...မနက်တုန်းက ကိုထိုက်ရဲ့အခန်းထဲကို ...ဘာဝင်လုပ်တာလဲ " "ရှင် " ကိုချမ်းရဲ့အမေးကြောင့်တပေါင်းတစ်ကိုယ်လုံးတုန်သွားတဲ့အထိဖြစ်သွားရတယ်။မေးရင်းနဲ့ စူးရှတဲ့မျက်ဝန်းတွေနဲ့ အကဲခတ်သလိုကြည့်နေတဲ့ ကိုချမ်းရဲ့အကြည့်တွေကြောင့် တပေါင်းစိတ်တွေလှုပ်ရှုားတုန်ယင်လာမိတယ်။ " ဟို ..ဟို..အခန်းမှားပြီးဝင်သွားမိတာပါ ကိုချမ်း " " ဘယ်လို ...အခန်းမှားတာလားဟုတ်လား...အခန်းတွေရှေ့မှာ ..စာတွေရေးထားတာပဲ ဘာမှားစရာရှိလို့်လဲ ..နောက်တစ်ခါ ဒီလိုထပ်မဖြစ်စေနဲ့တပေါင်း...ပေါ့ပေါ့တန်တန်အမူအရာမျိုးတွေကို ...ကိုယ်မကြိုက်ဘူးနော်... ပြီးတော့ ကိုထိုက်မှာချစ်သူရှီတယ်..နောက်နှစ်ဆိုသူတို့လက်ထပ်ကြတော့မှာ " " ရှင် " ကိုချမ်းဆီက စကားကိုကြားလိုက်ရတော့မှ တစ်စုံတစ်ရာကို တပေါင်းတွေးလိုက်မိပြီး အရှက်ကြီးရှက်သွားမိတော့တယ်။တင်းမာနေတဲ့ ကိုချမ်းရဲ့မျက်နှာကိုကြည့်ပြီး အဖေ့ကိုမြင်ယောင်လာတာမို့ တပေါင်းဆက်ပြီးရှင်းပြချင်စိတ်လဲမရှိတော့ဘဲ နှုတ်ဆိတ်ကာ ငြိမ်သက်နေမိတော့တယ်။ " လိမ်လိမ်မာမာနေပါ တပေါင်း...မင်းတစ်ဘဝလုံးအေးအေးချမ်းချမ်းနေရအောင် ..ကိုယ်စိစဉ်ပေးမှာပါ " " ဟုတ်...ဟုတ်ကဲ့ပါ ကိုချမ်း...ကျေးဇူးတင်ပါတယ်နော် ..တပေါင်းကိုသွားခွင့်ပြုပါအုံး...နောက်ထပ် ဒီလိုမျိုး မဖြစ်စေရပါဘူးရှင် ...တပေါင်းကတိပေးပါတယ် "

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၂၅) akyiphyu ********** " ကျွီ " အခန်းတံခါးဖွင့်သံကြောင့် တပေါင်းကိုယ်လေး ဆတ်ခနဲ တုန်သွာမိပြီး တံခါးဆီကို လှည့်ကြည့်လိုက်မိတယ်။ " ဪ ..တပေါင်းကအလုပ်တောင်ဝင်နေပြီလား ....စောစောစီးစီး ကြိုးစားနေပါလား တပေါင်းရဲ့ " အသံနဲ့အတူ အခန်းထဲကို ဝင်လာသူက မနွေး။တပေါင်းက အားတင်းပြီးတော့ မနွေးကို ပြုံးပြလိုက်တယ်။ " တပေါင်းရေ .... တစ်နေ့က အပ်ထားတဲ့ စာဖောင်တွေရိုက်လို့ပြီးပြီလား ...အဲ့ဒါတွေပရင့်ထုတ်ပြီး ...ဒီနေ့သွားပို့ရမှာကွ " ခပ်ကျယ်ကျယ် မေးသံနဲ့အတူ အခန်းထဲထပ်ရောက်လာသူက ကိုသက်။ကိုသက်က လောလောနဲ့ အနားကိုလျှောက်လာပြီး မေးတယ်။တပေါင်းက ပရင့်ထုတ်ပေးထားတဲ့ ဖိုင်တစ်ထပ်ကိုယူပြီး ကိုသက်ကိုပေးလိုက်တယ်။ " ဟ ..မြန်လှချည်လားကွ ...တပေါင်းတောင် အတော်လေးသွက်လာပြီပဲ .." ကိုသက်က တအံ့တသြနဲ့ ချီးကျူးလိုက်တယ်။တပေါင်း ဘာမှမပြောဘဲ ပြုံးရုံသာပြုံးပြလိုက်တယ်။ " ဘာလဲ ကိုသက် .. ဒီနေ့မနက်သွားပို့ရမှာလား " မနွေးက ကိုသက်ကိုလှမ်းမေးလိုက်တယ်။ " မနက်မဟုတ်ဘူး မနွေး ... နေ့လယ်လောက်သွားပို့ပေးရမှာ ..ဒီနေ့က ကိုချမ်းမရှိတော့ ....နေ့လယ်မှာကျွန်တော် အလုပ်များမှာမို့ .. အခုကတည်းက လာစုထားတာလေ " " ဪ ..ကိုချမ်းက ...ဟိုတစ်ယောက်နဲ့ အပြင်လိုက်သွားမလို့တဲ့လား ..." " ဟုတ်တယ် မနွေး ...သူတို့အပြင်မှာ နေ့လယ်စာသွားစားကြမယ်ထင်တယ် ....ကိုချမ်း ဘယ်လို ဆုံးဖြတ်မလဲမသိဘူးဗျာ ....ကြားထဲက ...ကျွန်တော် တောင်ရင်တုန်တယ် " မနွေးနဲ့ ကိုသက်တို့ ပြောနေကြတဲ့ စကားတွေကို တပေါင်း မသိမသာနားခွင့်နေမိတယ်။ဘာမှတော့ ဝင်မမေးမိပါ။တပေါင်းအနေအထားနဲ့မေးလို့လဲ မရဘူးမဟုတ်ပါလား။ " သွားလိုက်အုံးမယ် မနွေး ... နေ့လယ်အပြင်သွားရင် ဘာမှာ အုံးမလဲ " " မုန့်ပဲဝယ်ခဲ့ပါတယ် .... ကျန်တာ မမှာပါဘူး " ကိုသက်အခန်းထဲက ထွက်သွားတော့ အခန်းက တိတ်ဆိတ်သွားပြီး မနွေးရဲ့ ဝှီးချဲလ်ရွေ့သံကို ကြားလိုက်ရတယ်။ " တပေါင်းရေ ... တို့တွေတော့ မျက်ခုံးခပ်လှုပ်လှုပ်ပဲ...ကိုချမ်းဆီလာတဲ့ တစ်ယောက်ကလေ .. ကိုချမ်းနဲ့ နိုင်ငံခြားမှာကျောင်းအတူတူတက်ခဲ့တဲ့သူလေ.... သူတို့နှစ်ယောက်ချစ်သူတွေထင်ပါတယ်...ကိုချမ်းကတော့ တို့တွေကို တိတိကျကျအသိမပေးသေးပါဘူး ...ဒါပေမဲ့ အဲ့တစ်ယောက်က ... ကိုချမ်းကိုနိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ပြောနေတာကို ကြားခဲ့ရတယ်...သူတို့တွေ ဟိုမှာ အခြေချပြီး... သင်တန်းကို ငွေထောက်ပံ့ပေးမယ်တဲ့လေ ... ကိုချမ်းဘယ်လိုဆုံးဖြတ်မလဲမသိဘူး...စိတ်မကောင်းပေမဲ့ ...ကိုချမ်းထွက်သွားမယ်ဆိုရင်လဲ လက်ခံရမှာပဲပေါ့ ....တို့တွေအတွက်..သူအများကြီးလုပ်ပေးထားတာပဲလေ ...ဒါပေမဲ့လေ ... အတ္တကြီးတယ်ပဲပြောပြောပါ တပေါင်းရယ်....အချိန်တန်ရင် ကိုချမ်းလဲအိမ်ထောင်ပြုရမှာကိုသိပေမဲ့ .. တို့ဆီမှာ အတူနေနိုင်မဲ့သူမျိုးနဲ့ပဲ အိမ်ထောင်ပြုစေချင်မိတယ်...တို့ဆီကနေ ဆွဲခေါ်သွားမဲ့သူမျိုးနဲ့ မဖြစ်စေချင်မိဘူး ..ကိုချမ်းသာထွက်သွားရင် ..မနွေးတော့ အစ်ကိုကြီးတစ်ယောက်ဆုံးရှုံးလိုက်ရသလို ခံစားရလိမ့်မယ်ထင်တယ် " မနွေးက တိုးသဲ့သဲ့ပြောရင်းနဲ့ သူ့ စားပွဲဆီကို ဝှီးချဲလ်ကို တွန်းလှိမ့်သွားခဲ့တယ်။တပေါင်းကတော့ မနွေးရဲ့စကားတွေကို ဘာမှပြန်မပြောမိပါဘူး။ လူသားတိုင်းကို စာနာချစ်ခင်ပေးတတ်တဲ့ လူတစ်ယောက်ရဲ့ ကြင်နာယုယမှုတွေကို ထင်ယောင်ထင်မှားဖြစ်ခဲ့မိပြီး ရင်ခုန်ခဲ့မိတဲ့တပေါင်းရဲ့ နှလုံးသားလေးကတော့ အသံတိတ်ငိုကြွေးနေခဲ့ပါပြီ။တပေါင်းရဲ့အဖြစ်တွေကို တစ်ယောက်ယောက်ကများ သိသွားခဲ့ရင် တပေါင်းလို အနေအထားနဲ့ ကိုချမ်းလူမျိုးကိုများ ရည်မှန်းရသလားလို့အပြစ်တင်ကြလေမလားမသိ။တွေးရင်း ရင်ထဲတဆစ်ဆစ်နာကျင်လာတာမို့ တပေါင်းအလုပ်ထဲကိုပဲ အာရုံစိုက်ထားလိုက်တယ်။အချစ်ဆိုတာ တပေါင်းအတွက် အရမ်းကို အလှမ်းကွာလွန်းတယ် မဟုတ်ပါလား ။ ~~~~~ မျက်နှာချင်းဆိုင်ကလျှောက်လာတဲ့ ကိုချမ်းကိုမြင်လိုက်ရတာမို့ တွေ့ရာအနီးဆုံးအခန်းထဲကို တပေါင်းအမြန်ဝင်လိုက်မိတယ်။ခုရက်ပိုင်းထဲမှာ ကိုချမ်းနဲ့မဆုံမိအောင် တပေါင်းအတတ်နိုင်ဆုံးကြိုးစားရှောင်နေမိတယ်။သူက လူတိုင်းအပေါ်မှာ ကြင်ကြင်နာနာဆက်ဆံတတ်တာကို ကိုယ်ကအထင်မြင်တွေလွဲမှားပြီး ရင်တွေခုန်ခဲ့မိတာလေ။မျှော်လင့်ချက်တွေ ထားခဲ့မိတာ။တတကယ်တမ်းစဉ်းစားကြည့်တော့ တပေါင်းလိုလူက ကိုချမ်းနဲ့လိုက်ဖက်မတဲ့လား။ပညာမတတ်မတဲ့အပြင် ခြေတစ်ဖက်မသန်တဲ့သူက အိပ်မက်အကြီးကြီးကိုမက်ခဲ့မိတာလေ။အခုချိန်မှာတော့ တပေါင်းကိုယ့်အခြေအနေကို ကောင်းကောင်းနားလည်သွားပြီးမို့ အလုပ်ကိုပဲကြိုးစားလုပ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ " တပေါင်း....ဘာလိုချင်လို့လဲ .." တပေါင်းမှာ အနီးဆုံးအခန်းထဲကို အဝင်ကောင်းလိုက်တာ အခန်းထဲမှာ ကိုထိုက်တစ်ယောက်တည်းကိုတွေ့လိုက်ရတာမို့ အူကြောင်ကြောင်ဖြစ်သွားမိတယ်။ဒိတော့မှ အခန်းကိုသေချာကြည့်လိုက်မိတေ့မှ ကိုထိုက်ရဲ့အလုပ်ခန်းဖြစ်နေမှန်းသိလိုက်ရတယ်။ကိုထိုက်ဆိုတာက ပန်းပျိုးလက်ရဲ့ ပင်တိုင် အဖွဲ့ဝင် ဆယ်ယောက်ထဲက တစ်ယောက်လေ။

တပေါင်းဘာရယ်မဟုတ်ဘဲ မြင်ကွင်းကို မျက်တောင်မခတ်ဘဲငေးကြည့်နေမိတယ်။တပေါင်းကြည့်နေစဉ်မှာပဲ ကားတံခါးက ဖျတ်ခနဲပွင့်လာခဲ့ပြီး မိန်းကလေးတစ်ယောက် ကားပေါ်ကဆင်းလာတာကို တွေ့လိုက်ရတယ်။ကားပေါ်က ဆင်းလာတဲ့ မိန်းကလေးကိုကြည့်ပြီး တပေါင်းရင်ထဲမှာ နှလုံးခုန်သံတွေမြန်လာခဲ့တယ်။လူက အသားတွေ တဆတ်ဆတ်တုန်ယင်လာခဲ့တယ်။တပေါင်း မြင်တွေ့နေရတဲ့မိန်းကလေးက ကိုချမ်းပျာယာခတ်နေရလောက်အောင်ကိုလဲ လှလွန်းခဲ့ပါတယ်။နောက်တစ်ချက်က အမျိုးသမီးလေးက ခြေကောင်းလက်ကောင်းနဲ့ အပြစ်ရယ်လို့ဆိုစရာမရှိတဲ့ပုံစံမျိုးလေးလေ။ မိန်းမလှလေးကို တပေါင်းငေးကြည့်နေမိရင်းနဲ့ ပါးပြင်းပေါ်ကို မျက်ရည်ပေါက်အချို့ အလိုလိုစီးကျလာခဲ့မိတယ်။ပါးပြင်ပေါ်စီးကျလာခဲ့တဲ့ မျက်ရည်စတွေရဲ့ပူးနွေးတဲ့အထိအတွေ့ကြောင့် တပေါင်းသတိပြန်ဝင်လာခဲ့မီပြီး ညာဘက်ပေါင်ကို လက်နဲ့ကိုင်စမ်းလိုက်မိပြီး ခြေကိုထော့နင်းကာ ပြတင်းပေါက်နားက ထွက်လာခဲ့လိုက်တယ်။ ================================= အပိုင်း (၂၅)ဆက်ရန် ဒီနေ့ တစ်ပိုင်းပဲ ဖတ်ပါရှင် A Kyi Phyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/ ၂ https://www.facebook.com/100067151540690/posts/735119455403099/ ၃ https://www.facebook.com/100067151540690/posts/735674495347595/ ၄ https://www.facebook.com/100067151540690/posts/736235605291484/ ၅ https://www.facebook.com/100067151540690/posts/736791991902512/ ၆ https://www.facebook.com/100067151540690/posts/737913055123739/ ၇ https://www.facebook.com/100067151540690/posts/738456585069386/ ၈ https://www.facebook.com/100067151540690/posts/739012378347140/ ၉ https://www.facebook.com/100067151540690/posts/740077244907320/ ၁၀ https://www.facebook.com/100067151540690/posts/740644458183932/ ၁၁ https://www.facebook.com/100067151540690/posts/741255251456186/ ၁၂ https://www.facebook.com/100067151540690/posts/741833594731685/ ၁၃ https://www.facebook.com/100067151540690/posts/742400951341616/ ၁၄ https://www.facebook.com/100067151540690/posts/742989231282788/ ၁၅ https://www.facebook.com/100067151540690/posts/743578934557151/ ၁၆ https://www.facebook.com/100067151540690/posts/743627364552308/ ၁၇ https://www.facebook.com/100067151540690/posts/744157521165959/ ၁၈ https://www.facebook.com/100067151540690/posts/744215504493494/ ၁၉ https://www.facebook.com/100067151540690/posts/744820244433020/ ၂၀ https://www.facebook.com/100067151540690/posts/744865391095172/ ၂၁ https://www.facebook.com/100067151540690/posts/745447884370256/ ၂၂ https://www.facebook.com/100067151540690/posts/746053474309697/ ၂၃ https://www.facebook.com/100067151540690/posts/746091874305857/

ဆံပင်စုတ်ဖွာဖွာနဲ့ဖြူဖပ်ဖြူရော်နဲ့ကလေးမလေးလို့ပဲ မြင်နေမှာကိုတပေါင်းအကြောက်ဆုံးပဲ။ဗိုက်ဆာနေချိန်မှာ ထမင်းကိုမြင်လိုက်ရတော့ ဟန်တောင်မဆောင်နိုင်ခဲ့တဲ့ကလေးမလေး။ဟင်းပန်းကန်ထဲက ဟင်းကိုမနှိုက်ရဲလို့ ထမင်းဖြူတွေချည်းပဲ စားနေခဲ့တဲ့ကလေးမလေး။ဒီကလေးမလေးရဲ့ ပန်းကန်ထဲကို အစ်ကိုကြီးတစ်ယောက်လိုဟင်းခပ်ထည့်ပေးခဲ့တဲ့သူ။အဲ့ဒီအချိန်ကတည်းကများ သူက တပေါင်းရင်ထဲကိုရောက်နေခဲ့တာလား။မဟုတ်နိုင်ပါဘူးနော်။တပေါင်း ယော//က်ျားတွေကို မယုံဘူး။ယော//က်ျားအများစုက သူတို့သနားချင်ရင်အတင်းဇွတ်သနားတတ်ကြပြီး၊သူတို့ရက်စက်ပြီဆိုရင်လဲ အကြောင်းပြချက်မရှိဘဲ ရက်စက်တတ်ကြတယ်တဲ့။လောကမှာ ယော//က်ျားပီသတဲ့ယောက်ျားတွေရှိပေမဲ့လဲ အဲ့ဒီလိုယောက်ျားမျိုးနဲ့ဆုံဖို့ဆိုတာ ထိဆုကြိးပေါက်ဖို့ထက်တောင် ခဲယဉ်းသေးတယ်လို့ ကြီးစောကဆုံးမခဲ့ဖူးတယ်။တကယ်လဲ အဲ့ဒီလိုမျိုးပဲဆိုတာကို တပေါင်းယုံကြည်နေမိတယ်။လောကကြီးမှာ သားသမီးကိုမချစ်တဲ့မိဘ။သားသမိးကို ရန်သူလိုဆက်ဆံနေတဲ့မိဘဆိုတာ သိပ်ကိုရှားပါးတယ်လို့ တပေါင်းတို့သိထားခဲ့တာ။ဒါကြောင့်လဲ အဖေက တပေါင်းကိုဘယ်လောက်ပဲရို//က်ရို///က် အဖေ့ရင်ထဲမှာ တပေါင်းကိုချစ်တယ်လို့်ပဲ ယုံကြည့်ခဲ့မိတာ။ဒါပေမဲ့နောက်ဆုံး တဖြည်းဖြည်းသိလာခဲ့ရတာက အဖေကတပေါင်းကို မချစ်ရုံးတင်မဟုတ်ဘဲ မုန်းပါမုန်းနေခဲ့တယ်ဆိုတာကို သိခဲ့လိုက်ရတယ်။မိဘကမုန်းတဲ့သားသမီးဆိုတာ လောကကြီးမှာဖြစ်ခဲတဲ့ကိစ္စမျိုးပါတဲ့ ။အဲ့ဒီဖြစ်ခဲတဲ့ကိစ္စက တပေါင်းဆီမှာလာဖြစ်နေတယ်ဆိုတော့ တပေါင်းရဲ့မေတ္တာရေးကံတရားကနည်းပါးနေခဲ့ပြီလေ။ဒါကြောင့်လဲ ငွေရအောင်စုပြီး တစ်ယောက်တည်းနေလို့ ကြီးစောကဆုံးမသွားခဲ့တာလေ။တပေါင်းကိုယ်တိုင်လဲ ကြိးစောရဲ့ဆုံးမစကားတွေကို လက်ခံခဲ့တယ်။ဒီလိုလက်ခံပြီးနေလာခဲ့ပြီးမှ ကိုချမ်းနဲ့ပြန်ဆုံရတဲ့အခါ တပေါင်းစိတ်တွေလှုပ်ရှားခဲ့ရတယ်။အခုတော့ ဆယ်ကျော်သက်အရွယ်က စိတ်ခံစားမှုက နှလုံးသားရဲ့အနက်ရှိုုင်းဆုံးနေရာထိဝင်ရောက်နေခဲ့တယ်ဆိုတာကို ရိပ်စားလာခဲ့မိတယ်။ ~~~~~ " တပေါင်း....ဘာတွေလုပ်နေတာလဲ " မနွေးအပါအဝင် ထက်ထက်နဲ့ မာလာတို့ မိန်းကလေးအဖွဲ့ရယ် ကိုသက်တို့ယောက်ျားလေးအဖွဲ့တွေ ထမင်းစားခန်းထဲကို ဝင်လာခဲ့ကြပြီး တပေါင်းကို လှမ်းမေးကြတယ်။သူတို့မေးလဲမေးချင်စရာ၊ တပေါင်းကမိုးမလင်းခင်ကတည်းက နောက်ဖေးမီးဖိုခန်းထဲကို ရောက်နေခဲ့တာလေ။ " ဟို ..ဟိုလေ..အဆာပြေစားဖို့ ပေါင်မုန့်ကြက်ဥကြော်နေတာပါ " " ဟာ ..ဘိုစာပဲ မိုက်လှချည်လား " ကိုသက်က ရိုးရိုးတန်းတန်း ပြောလိုက်ပေမဲ့ တပေါင်းက ကိုယ့်ဘာသာ မလုံမလဲဖြစ်သွားမိပြီးရှက်သွားမိတယ်။ရည်ရွယ်ထားတာမဟုတ်ပေမဲ့လဲ ခုတလောမှာ ကိုယ်တိုင်မသိလိုက်ပါပဲ ကိုချမ်းကြိုက်တတ်တာလေးတွေကို တပေါင်း တကူးတကချက်ပြုတ်ကျွေးနေမိတယ်လေ။ ~~~~~~~~ ပေါင်မုန့်ကြက်ဥကြော်ပန်းကန်ကိုင်ပြီး ကိုချမ်းရဲ့အခန်းဆီကို တပေါင်းထွက်လာခဲ့လိုက်တယ်။ ဒီတခါတော့ အခန်းရှေ့အရောက်မှာ တပေါင်းတုံ့ဆိုင်းမနေတော့ဘဲ တံခါးကိုခေါက်လိုက်တယ် ။တံခါးခေါက်ပြီး သိပ်မကြာခင်မှာဘဲ အခန်းတံခါးဖွင့်သံကိုကြားလိုက်ရတယ်။အခန်းတံခါးပွင့်သွားချိန်မှာပဲ အခန်းဝမှာရပ်နေတဲ့ ကိုချမ်းရဲ့ပုံစံကိုကြည့်ပြီး တပေါင်းအံ့အားသင့်သွားမိတယ်။ ကိုချမ်းပုံစံက ခါတိုင်းထက် သပ်ရပ်စမက်ကျစွာ ပြင်ဆင်ထားတယ်။အခုမှ မနက် (၇)နာရီပဲရှိသေးတာကို ဝတ်စားပြင်ဆင်ထားတာ မင်းသားရှုံးလောက်တယ်။ရှပ်အဖြူရောင်၊ခရမ်းဖျော့ဖျော့ကွက်စိပ်ပုဆိုးနဲ့ ကိုချမ်းပုံစံက ကြည့်လိုက်တာနဲ့ မျက်စိထဲမှာ ထင်းနေတာမျိုး ။ အထူးဧည့်သည်တွေ လာမဲ့ရက်ကလွဲလို့ တီရှပ်နဲ့ဘောင်းဘီတိုကိုပဲ ဝတ်ဆင်ပြီး ပေါ့ပေါ့ပါးပါးနေတဲ့သူက ဒီနေ့တော့ စောစောစီးစီးမှာ ဝတ်စုံပြည့်နဲ့ လေ။ဝတ်စုံပြည့်ဝတ်ဆင်ကာ အခန်းထဲက ထွက်လာခဲ့ပြီဆိုတော့ တပေါင်းတကူးတက လုပ်လာခဲ့တဲ့ မုန့်ကိုလဲစားမဲ့ပုံမမြင်တော့ပါ။ " တပေါင်း ... ဘာတွေလဲဟင် " " ဟို ....ကိုချမ်းစားဖို့ ပေါင်မုန့်ကြက်ဥကြော်လာပို့ပေးတာ ...ကိုချမ်း အပြင်သွားမလို့လားဟင် " တပေါင်းလေသံတိုးဖျော့ဖျော့နဲ့ မေးလိုက်မိတယ်။ " အပြင်တော့ မသွားသေးဘူး တပေါင်းရဲ့ .....ဧည့်သည်က သင်တန်းကျောင်းကို အရင်လာလည်မှာ ...ပြီးမှသွားကြမှာလေ ...အချိန်ရရင်လဲ စားသွားလိုက်မယ် ...စားပွဲပေါ် တင်ထားခဲ့လိုက်နော်တပေါင်း ...ဧည့်သည်က ခြံရှေ့ရောက်တော့မယ်တဲ့လေ ..ကိုယ်သွားလိုက်အုံးမယ် " ပြောပြောဆိုဆိုနဲ့ ခပ်သုတ်သုတ်ထွက်သွားတဲ့ ကိုချမ်းကို တပေါင်းလိုက်ပြီး ငေးကြည့်နေမိတယ်။ကိုချမ်းကို လိုက်ငေးကြည့်နေမိရင်းနဲ့ တပေါင်းရင်ထဲမှာ ဝမ်းနည်းအားငယ်သလိုဖြစ်လာမိတယ်။ ~~~~~ တပေါင်းပြတင်းပေါက်ဘေးမှာပုန်းကွယ်ကာရပ်လိုက်ပြီး ခြံဝန်းရှေ့ကိုလှမ်းကြည့်လိုက်မိတယ်။တပေါင်းကြည့်နေချိန်မှာ ကိုချမ်းတစ်ယောက် ခြံတံခါးပေါက်ကိုဖွင့်ကာ ရပ်နေခဲ့ပြီး ခြံရှေ့ကိုကားတစ်စီးရောက်လာတာကို တွေ့လိုက်ရတယ်။ကားကခြံထဲကို မောင်းဝင်လာခဲ့တာကို တပေါင်းလှမ်းကြည့်နေမိတယ်။ကားက ခြံဝန်းထဲထိမောင်းဝင်လာခဲ့ပြီးတော့ ထိုးရပ်လိုက်တယ်။ကားရပ်သွားတာနဲ့ ကိုချမ်းက ကားဘေးနားကိုလျှောက်သွားခဲ့တယ်။

ဖိုးဇင်ရဲ့ စကားကြောင့် တပေါင်းစိတ်ထဲ ကျေးဇူးတင် သွားမိသလို ပြန်ဖြေဖို့ရန် ပြင်လိုက်ချိန်မှာပဲ အသံနဲ့အတူ အခန်းထဲကို ဝင်ရောက်လာတဲ့ ကိုချမ်းကို တွေ့လိုက်ရတာမို့ တပေါင်းကိုယ်လေးဆတ်ခနဲ တုန်သွားမိတယ်။ " ဟုတ် ..ဟုတ်ကဲ့ကိုချမ်း....သူက ဇင်ဖြိုးပိုင်တဲ့ ..တပေါင်းရဲ့ငယ်သူငယ်ချင်းပါ ..ငယ်ငယ်က တစ်ရပ်ကွက်ထဲ နေခဲ့ကြတာပါ " " ဟုတ်ကဲ့ ..တွေ့ရတာဝမ်းသာပါတယ် ကိုဇင်ဖြိုးပိုင် ... ကျွန့်တော့်နာမည်က ချမ်းပြည့်စုံပါ ..အေးအေးဆေးဆေးစကားပြောကြပါ ... သင်တန်းကျောင်းကိုလဲ ...ဝင်ပြီးလေ့လာသွားဖို့ ဖိတ်ခေါ်ပါတယ်ဗျာ ...ကျွန်တော်တို့ဆီမှာက ကူညီပေးမဲ့လူငယ်တွေကို လိုအပ်နေတာပါ ... တပေါင်းကလဲ ဒီမှာ မရှိမဖြစ် အားကိုးရတဲ့သူဖြစ်နေပြီလေ ...ကျွန်တော်တို့အမာခံအဖွဲ့သားတွေ ...သင်တန်းအတွက်ငွေရှာနေကြရတာကို ..တပေါင်းကလဲ ပါဝင်ကူညီပေးနေတဲ့သူပေါ့...ကျွန်တော့်ကိုခွင့်ပြပါအုံးနော် ကိုဇင်ဖြိုးပိုင် " ကိုချမ်းက ဖိုးဇင်ကို နှုတ်ဆက်ပြီး ပြန်လှည့်ထွက်ဖို့ပြင်လိုက်တယ်။ဒီချိန်မှာပဲ ဖိုးဇင်က ကိုချမ်းကိုသေချာလိုက်ကြည့်ပြီးတော့ လှမ်းခေါ်လိုက်တယ်။ " ဒီမှာဗျ ...ကိုချမ်းပြည့်စုံ " ဖိုးဇင်ရဲ့ခေါ်သံကြောင့် တပေါင်းက နားမလည်နိုင်ဘဲ ဖိုးဇင်ကို ကြည့်လိုက်မိတယ်။ ကိုချမ်းကလဲ ဖိုးဇင်ကိုပြန်လှည့်ကြည့်လိုက်တယ်။ " ဟုတ်ကဲ့ ......ပြောပါ ကိုဇင်ဖြိုးပိုင် " ကျွန်တော်လဲ ...ပန်းပျိုးလက်မှာ အဖွဲ့ဝင်ချင်ပါတယ်..." ဖိုဇင်ရဲ့ စကားကြောင့် ကိုချမ်းက တပေါင်းကိုဖျတ်ခနဲလှမ်းကြည့်လိုက်မိတယ်။ တပေါင်းကလဲ မျက်လုံး အဝိုင်းသားနဲ့ ဖိုးဇင်ကို လှမ်းကြည့်လိုက်မိတယ်။သူမတို့နှစ်ယောက်အမြဲလိုလို စကားပြောနေခဲ့ကြပေမဲ့ ပန်းပျိုးလက်ကို စိတ်ဝင်စားတယ်လို့ ဖိုးဇင်က တစ်ခါမှ မပြောခဲ့ဖူးဘူးမဟုတ်လား။ " ကျွန်တော်က ... နေ့တိုင်းတော့ ရုံးလာမတက်နိုင်ပါဘူး..ဒါပေမဲ့ လိုအပ်လို့ခေါ်ရင်လာမှာပါ ..ကျွန်တော်နဲ့ တပေါင်းကြီးပြင်းခဲ့တဲ့ ရပ်ကွက်မှာ အိမ်တွင်းအကြ*က်ဖက်ခံနေရတဲ့ကလေးတွေ အများကြီးရှိပါတယ်..အဲ့ဒီကလေးတွေကို ကူညီပေးချင်လို့ပါ ...ကျွန်တော့်ကို အသင်းသားအဖြစ်လက်ခံနိုင်မလား ..ကိုချမ်းပြည့်စုံ " ဖိုးဇင်က ကိုချမ်းကိုကြည့်ပြီး ထပ်မေးလိုက်တယ်။ " ဟုတ်ကဲ့ ..လက်ခံပါတယ် ကိုဇင်ဖြိုးပိုင် .....ကြိုဆိုပါတယ်ဗျာ " ကိုချမ်းက ဖိုးဇင်ကိုကြည့်လိုက်ပြီး လှိုက်လှိုက်လှဲလှဲပြုံးကာ လက်ခံကြောင်းပြောဆိုလိုက်တယ်။ ~~~~~ " ထိုင်ပါအုံးဆရာမရဲ့ ..သူနဲ့ကတကယ်ပဲ ငယ်သူငယ်ချင်းတွေလား " " ဟုတ်..ဟုတ်ပါတယ် ကိုချမ်းရဲ့...ငယ်ငယ်ကတည်းက တစ်ရပ်ကွက်တည်းနေလာခဲ့ကြပြီး ...ကျောင်းလဲအတူတက်ခဲ့ကြတာပါ...နှစ်ယောက်လုံးခြောက်တန်းအောင်ပြီးတော့ ...အိမ်ကကျောင်းထုတ်လိုက်ကြတာလဲတူတယ်လေ...တပေါင်းကအဖေရို//က်တာကိုအမြဲခံခဲ့ရသလို ..ဖိုးဇင်ကလဲ .... သူ့အမေရို/က်တာကိုခံခဲ့ရသူပါ...သူကအသက်ဆယ့်ငါးနှစ်မှာ.... မန္တလေးမှာအလုပ်သွားလုပ်တယ်...တပေါင်းကအသက်ဆယ့်ခြောက်နှစ်ကျော်မှာ အိမ်ပေါ်ကဆင်းခဲ့ရတယ်...တပေါင်းအိမ်ပေါ်ကဆင်းခဲ့ရပြီးသိပ်မကြာခင်မှာ ..ဖိုးဇင်ရန်ကုန်ပြန်လာလို့ တစ်ခါတွေ့ရတယ်..တွေ့ရတာက တစ်နာရီလောက်ပါပဲ..နောက်တော့ ..သူ့အိမ်မှာ ပြဿနာဖြစ်လို့ နှုတ်တောင်မဆက်ဘဲပြန်သွားခဲ့တယ်လေ...အဲ့ဒီကနေကစလို့ ..... တပေါင်းတို့ ဆယ်ကိုးနှစ်ပြည့်ပြီးချိန်မှာ... တစ်ခါပြန်တွေ့ကြတယ်...အဲ့ဒီအခေါက်က ..သူ ..မလေးရှားသွားတော့မှာမို့ တပေါင်းကိုလာနှုတ်ဆက်တာပါ ....အဲ့ဒီကနေပြီးတော့... ဒီမနက်မှပြန်တွေ့ကြတာပါ " ကိုချမ်းက မေးခွန်းအနည်းငယ်ပဲ မေးလိုက်တာဖြစ်ပေမဲ့ တပေါင်းတရှည်တလျားနဲ့ရှင်းပြလိုက်မိတယ်။ဒီလိုရှင်းပြလိုက်ရတော့ တပေါင်းရင်ထဲပေါ့သွားသလိုခံစားလိုက်ရတယ်။ " ငယ်သူငယ်ချင်းတွေဆိုလဲ ပြီးတာပါပဲကွာ ...မင်းကတစ်ခါမှပြောမပြဖူးဘူးလေ ...ဒီခေတ်က အွန်းလိုင်းပေါ်ကသိကြပြီး လိမ်နေကြတဲ့လူတွေက ...အများကြီးမဟုတ်လား ...ဒါကြေင့်မို့ စိုးရိမ်လို့ပြောတာပါ...ငယ်သူငယ်အရင်းတွေဆိုရင်တော့ ပြဿနာမရှီပါဘူး...မင်းကိုတစ်ခါတည်းမှာထားမယ်နော် တပေါင်း...ကိုယ်တို့တွေက မိသားစုတွေပဲ ..တစ်ခုခုဆိုရင် အခြားသူတွေကို မပြောချင်ရင်တောင်... မနွေးနဲ့တိုင်ပင်နော်...ကြားလား..ချစ်သူတွေဘာတွေရရင်လဲပြော..." "အို..ဘာချစ်သူလဲ ...မရပါဘူး " ကိုချမ်းရဲ့စကားကို တပေါင်းခပ်ဆတ်ဆတ်လေးတုံ့ပြန်လိုက်မိပြီးမှ ရှက်သွားမိတယ်။ " ဟုတ်ပါပြီဗျာ..ကိုယ်ကစိုးရိမ်လို့ပြောတာပါ ....လိမ်လိမ်မာမာနေ....အလုပ်ကိုသေချာကြိုးစားသင်နော် ..သင်တန်းမှာအဆင်မပြေတာရှိရင်ပြောနော်...သူငယ်ချင်းနဲ့အပြင်လျှောက်လည်ချင်တယ်ဆိုရင်လဲ ခွင့်တိုင်နော် " တပေါင်းရဲ့မျက်နှာကို သေချာစိုက်ကြည့်ပြိးပြောနေတဲ့ ကိုချမ်းကြောင့် တပေါင်းမှာမျက်နှာမထားတတ်အောင်ဖြစ်နေမိတယ်။ တစ်ခုခုဆိုရင် တပေါင်းကို ကလေးလေးတစ်ယောက်လို ထင်မြင်ပြီး သဘေားထားနေတာမျိုးကိုတော့ တပေါင်းသဘောမကျမိဘူး။ဒီလိုအချိန်မျိုးဆိုရင် ကိုချမ်းနဲ့တပေါင်းအသက်တူတူပဲနော်လို့် ပြောပစ်လိုက်ချင်မိတယ်။အထူးသဖြင့် သူ့မျက်လုံးထဲမှာ တပေါင်းကို အသက်ဆယ့်နှစ်နှစ်အရွယ်

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၂၄) akyiphyu ********** " သူက ... တပေါင်းရဲ့ငယ်သူငယ်ချင်းပါမနွေး.....နာမည်က ဇင်ဖြိုးပိုင်တဲ့..မလေးရှားမှာ အလုပ်သွားလုပ်နေတာ...ပြန်ရောက်လာတာမကြာသေးဘူးလေ ' တပေါင်းက မနွေးနဲ့ဖိုးဇင်ကိုမိတ်ဆက်ပေးလိုက်တယ်။ " ဟုတ်ကဲ့ ...တွေ့ရာတာဝမ်းသာပါတယ်နော် ကိုဇင်ဖြိုးပိုင်..ကျွန်မနာမည်က နွေးနွေးပါ...တပေါင်းနဲ့အတူနေကြတာပါ.." " ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် မနွေးနွေး " " ကဲပါ..သူငယ်ချင်းတွေ အေးအေးဆေးဆေးစကားပြောကြပါ ..နွေးကိုခွင့်ပြုပါအုံးရှင် " မနွေးကပြောပြောဆိုဆိုနဲ့ ဝှီးချဲလ်ကို လက်နဲ့အသာလှိမ့်တွန်းရင်း သူ့အလုပ်ခန်းဆီကို ပြန်သွားခဲ့တယ်။ဧည့်သည်ခန်းထဲမှာ တပေါင်းနဲ့ဖိုးဇင်တို့နှစ်ယောက်ပဲကျန်ခဲ့တယ်။ " ကဲ့...ပြောပါအုံးကိုဖိုးဇင်ရဲ့..ပြန်လာမယ်ဆိုတာကို အရိပ်အမြွက်လေးတောင်မပြောပြပါလား ...ဘယ်လိုဖြစ်ရတာလဲ ..." " အင်း...ဒီလိုပဲဖြစ်သွားတယ်ဟာ.. အမေတို့က မလိမ္မာဘူးတပေါင်းရာ..ငါပေးသမျှပိုက်ဆံကို အကုန်သုံးပစ်တာ...စုထားဆောင်းထားတာလဲမရှိဘူး...ကြာရင် အကြီးမပါ ဒုက္ခရောက်မှာစိုးလို့ ငါပြန်လာခဲ့လိုက်တာ ..ဒီမှာပဲအလုပ်လုပ်တော့မလားလို့် " " အေးပါ ..ကောင်းသားပဲ ...အလုပ်ကဘယ်မှာလုပ်မှာလဲ ..ရန်ကုန်မှာလား...မန္တလေးမှာလား " " ရန်ကုန်မှာပဲလုပ်မှာ ..ကားဝပ်ရှော့ရုံဖွင့်မလို့လေ..ငါ့ညီနှစ်ယောက်လဲ တော်တော်လေးကျွမ်းကျင်နေပြီဆိုတော့လေ....ဆိုင်ဖွင့်ဖို့အတွက် ဘကြီးကလဲ စပ်တူရှယ်ယာပါမယ်တဲ့လေ " " ဟုတ်လား..ကောင်းသားပဲ...နင်အဆင်ပြေမှာပါ ဖိုးဇင်ရယ်...နင်ကျွမ်းကျင်တဲ့ လုပ်ငန်းပဲမဟုတ်လား " " အင်း..အဆင်မပြေလဲ ပြေအောင်လုပ်ရမှာပေါ့ဟာ...ဆိုင်ဖွင့်ဖို့အတွက် နေရာလိုက်ရှာနေတာ ...ဒီရပ်ကွက်မှာလာဖွင့်ရမလား " ဖိုးဇင်ရဲ့စကားကြောင့် တပေါင်း နှာခေါင်းလေးကိုရှုံ့လိုက်မိပြီး " အမ်..နင်ကလဲ...ငါတော့ ဒီရပ်ကွက်မှာ ...ကားသိပ်မတွေ့မိပါဘူးဟယ်...စက်ဘီးနဲ့ဆိုင်ကယ်တွေပဲတွေ့တယ်...တော်ကြာနင်တို့ အလုပ်မဖြစ်ဘဲနေအုံးမယ်..." တပေါင်းရဲ့စကားကြောင့် ဖိုးဇင်ပြုံးရယ်လိုက်မိတယ်။ " ငါကစတာပါတပေါင်းရယ်...တကယ်တော့ နင်နဲ့နီးတဲ့နေရာမှာ...ဆိုင်လာဖွင့်ချင်တာလေ...ဒါနဲ့နင်အဆင်ပြေလားတပေါင်း " " အင်း ...ပြေပါတယ်.... ငါကလခလဲရနေပြီလေ...နေရတာလဲ နေစားငြိမ်းဆိုတော့ ...လစာကိုအသားတင်စုရုံပဲလေ ...ငါ့ဘဝတစ်လျှောက်လုံးမှာ.... အခုမှပဲ အေးအေးချမ်းချမ်းနေဖူးတာပါဖိုးဇင်ရယ် " တပေါင်းက အတိတ်ကိုပြန်တွေးလိုက်မိပြီး နာနာကျင်ကျင်နဲ့ပြောလိုက်မိတယ်။ " နင်ရော... နင့်အမေနဲ့အဆင်ပြေတယ်မဟုတ်လား ဖိုးဇင် " တပေါင်းရဲ့အမေးကြောင့် ဖိုးဇင်မချိပြုံးလေးပြုံးလိုက်မိတယ်။ " အဆင်ပြေတာမပြောတာထက် မနေ့ကမနက်ကပြန်ရောက်တာ... ညနေရောက်တော့စကားများကြတယ်လေ...အမေကအရင်လိုမဟုတ်တော့ပြန်ဘူးဟာ..အခုနောက်ပိုင်းတွေမှာ ...ငွေကိုနှမြောတွန့်တိုခြင်းမရှိတော့ပြန်ဘူး....ရသမျှကိုစားတာဝတ်တာကိုထားလိုက်ပါအုံး ..အခုကနှစ်လုံးသုံးလုံးပါထိုးနေတာလေ ...အိမ်ကအကြီးမကိုတော့ ...လူကြားသူကြားမရှောင် ဆဲလိုက်ဆိုလိုက်ရိုက်လိုက်လုပ်နေတုန်းပဲ ....ဘယ်လိုပြင်ပေးရမလဲမသိတော့ပါဘူးဟာ..လင်မယားနှစ်ယောက်တည်း ...တစ်အိမ်ထားလိုက်ပြီး ....ငါတို့မောင်နှမငါးယောက်လုံး အလုပ်ရုံမှာပဲနေမလားလို့တွေးနေတာ...အဲ့ဒီလိုနေရင်လဲ ပတ်ဝန်းကျင်ကအပြစ်ပြောအုံးမလားမသိဘူ....ငါတော့အဲ့ဒီလိုနေဖို့ဆုံးဖြတ်ထားတယ်...နင်ရောရပ်ကွက်ထဲပြန်မလာတော့ဘူးလား...နင်တို့အဖေသိပ်ပြီးနေမကောင်းဘူးလို့တော့ သတင်းကြားတယ် " ဖိုးဖင်ရဲ့စကားကြောင့် တပေါင်းရင်ထဲလှိုက်ခနဲတစ်ချက်တုန်ခါသွားရတယ်။သို့ပေမဲ့ တပေါင်းခပ်ယဲ့ယဲ့တစ်ချက်ပြုံးလိုက်ပြီး ခေါင်းကိုခါယမ်းလိုက်မိတယ်။ " ဟင့်အင်း ...မသွားတော့ပါဘူးဟာ...အဖေ့ဘေးနားမှာ အဖော်တွေအများကြီးရှိတာပဲလေ..ငါ့ညီမလေးလဲ ...အခုလောက်ဆိုရင် အထက်တန်းကျောင်သူဖြစ်နေလောက်ပြီပေါ့ " အင်း...နင့်ညီမလေးက အိမ်ကအငယ်ကောင်နဲ့ လပဲငယ်တာမဟုတ်လား....အငယ်ကောင်ကအခုတက်မယ်ဆိုရင် ကိုးတန်းလေ...အမေရို*က်လို့ ဆိုပြီး ..ကျောင်းမတက်တော့ဘဲ သူ့အစ်ကိုလတ်ဆီကို ပြေးတာလေ ... ကလေးတွေသာ အသက်ကြီးလာတယ် ....မိဘတွေက မပြောင်းလဲဘဲ အသက်ကြီးလာလေ ... ပိုပိုပြီးဆိုးလာသလိုပါပဲဟာ ..ဘယ်လိုပြောပြရမယ်မှန်းလဲ မသိတော့ဘူး " နှစ်ယောက်သား အတိတ်အကြောင်းတွေကိုပြောကာ မိဘတွေ အကြောင်းကို တွေးမိပြီး ရင်ထဲနာကျင်မောလျသွားမိကြတယ်။ " ဒါနဲ့ ..နင့်ကို ပြောစရာရှိတယ် တပေါင်း ...ငါလေ နိုင်ငံခြားကနေ ...ငွေထုပ်ကြီးပိုက်ပြီး ပြန်လာခဲ့တဲ့ ...အောင်မြင်သူတစ်ယောက်တော့ မဟုက်ဘူးပေါ့ဟာ ...ဒါပေမဲ့ ငါ့ညီတွေညီမတွေနဲ့ နင့်ကိုစောင့်ရှောက်ဖို့အတွက်တော့... ခွန်အားတွေ ပါလာပါတယ်...နင်တကယ်လို့ ဒီမှာ အဆင်မပြေဘူးဆိုရင် ... အကြီးမနဲ့အတူနေမလား...နင်တို့နှစ်ယောက်ကို အိမ်ငှားထားပေးပါ့မယ် " " ဪ...တပေါင်းက ဧည့်သည် ရောက်နေတာလား "

" ဟယ် ..ဖိုးဇင်ရယ် ..နင်က နင့်အဖေလိုပဲ ...အရပ်ကရှည်လိုက်တာဟယ် " တပေါင်းလွှတ်ခနဲ့ပြောလိုက်မိတော့ ဖိုးဇင်မျက်နှာပျက်သွားခဲ့ ၀ယ်။ " နင်ကလဲဟာ .... အရပ်ရှည်တာများ ဘယ်သူနဲ့တူရမှာလဲ ....ငါတို့တွေ ...အပြင်မှာစကားသွားပြောရအောင်လေ " ဖိုးဇင်ရဲ့ စကားကြောင့် တပေါင်း တွေခနဲဖြစ်သွားမိပြီးမှ " ဟိုလေ ....နင်ကလာမယ်ဆိုပြီး .....ကြိုမပြောထားတော့ ..ငါက အပြင်လိုက်လို့မရဘူးဟ ...အပြင်ထွက်မယ်ဆိုရင် ...ခွင့်တစ်ရက်ကြိုတိုင်ရတာလေ ... လာပါ ....ငါတို့သင်တန်းကျောင်းထဲကို... နင်ဝင်လည်လို့ရပါတယ်ဟ ..ခေါင်းဆောင် အစ်မကို ငါပြောခဲ့ပါတယ်...'' ငယ်သူငယ်ချင်းတွေလဲဖြစ်၊ နေ့တိုင်းလိုလိုလဲဖုန်းပြောနေခဲ့ကြတော့ နှစ်ယောက်သားကြားမှာ စိမ်းမနေခဲ့တာတော့အမှန်။တပေါင်းက ဖိုးဇင်ရဲ့ အင်္ကျီလက်စကိုဆွဲပြီး ဖိုးဇင်ကို ဆွဲခေါ်ခဲ့လိုက်တယ်။ ဖိုးဇင်နဲ့ ပတ်သက်ပြီး တပေါင်းရဲ့အပြုအမူက ငယ်ငယ်တုန်းကအတိုင်းပဲ မပြောင်းလဲခဲ့ပေမဲ့ ဖိုးဇင်ရင်ထဲမှာတော့ လှုပ်ရှားတုန်ခါသွားခဲ့မိတယ်။ခြေတစ်ဖက် သိပ်မသန်တာကလွဲလို့ ဆံပင်ရှည်ရှည်မျက်နှာဝိုင်းဝိုင်းလေးနဲ့ ခပ်သွယ်သွယ်ပုံစံလေးက ငယ်ငယ်ကထက်ပိုပြီး လှလာတာကို ဖိုးဇင်သတိထားလိုက်မိတယ်။ ~~~~~~ ခြံရှေ့မှာ ယောက်ျားလေးတစ်ယောက်နဲ့ ရင်းနှီးတဲ့ပုံစံနဲ့စကားရပ်ပြောနေပြီးတော့ ယောက်ျားလေးကိုခေါ်ပြီး တိုက်ဘက်ကို ပြန်လျှောက်လာတဲ့တပေါင်းကို အံ့သြစိတ်နဲ့ ကိုချမ်းလှမ်းကြည့်နေမိတယ်။တပေါင်းမှာ ရင်းနှီးတဲ့ ယောက်ျားလေးမိတ်ဆွေ မရှိဘူးလို့ပဲ ကိုချမ်းထင်ခဲ့မိတာ။ပုံစံကြည့်ရတာတော့ နှစ်ယောက်သား ရင်နှီးခင်မင်နေကြပုံပဲ ။ကြည့်ရတာ အွန်းလိုင်းပေါ်မှာစတွေ့ကြပြီး ခင်မင်သွားကြတာများလားလို့ တွေးကြည့်လိုက်မိတယ်။အွန်လိုင်းပေါ်မှာ ခင်မင်သိကျွမ်းတဲ့သူကို သင်တန်းအထိတောင်ခေါ်လိုက်တာဆိုရင်တော့ အခြေအနေက သိပ်မကောင်း။တစ်စုံတစ်ခုကို တွေးပြီးကိုချမ်းစိတ်ထဲ စိုးရိမ်သွားမိပြန်တယ်။ကိုချမ်းစိတ်ထဲ တစ်စုံတစ်ရာကို တွေးလိုက်မိပြီး နေရာကနေချာခနဲလှည့်ထွက်ခဲ့လိုက်မိတယ်။ ================================= အပိုင်း (၂၄)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/ ၂ https://www.facebook.com/100067151540690/posts/735119455403099/ ၃ https://www.facebook.com/100067151540690/posts/735674495347595/ ၄ https://www.facebook.com/100067151540690/posts/736235605291484/ ၅ https://www.facebook.com/100067151540690/posts/736791991902512/ ၆ https://www.facebook.com/100067151540690/posts/737913055123739/ ၇ https://www.facebook.com/100067151540690/posts/738456585069386/ ၈ https://www.facebook.com/100067151540690/posts/739012378347140/ ၉ https://www.facebook.com/100067151540690/posts/740077244907320/ ၁၀ https://www.facebook.com/100067151540690/posts/740644458183932/ ၁၁ https://www.facebook.com/100067151540690/posts/741255251456186/ ၁၂ https://www.facebook.com/100067151540690/posts/741833594731685/ ၁၃ https://www.facebook.com/100067151540690/posts/742400951341616/ ၁၄ https://www.facebook.com/100067151540690/posts/742989231282788/ ၁၅ https://www.facebook.com/100067151540690/posts/743578934557151/ ၁၆ https://www.facebook.com/100067151540690/posts/743627364552308/ ၁၇ https://www.facebook.com/100067151540690/posts/744157521165959/ ၁၈ https://www.facebook.com/100067151540690/posts/744215504493494/ ၁၉ https://www.facebook.com/100067151540690/posts/744820244433020/ ၂၀ https://www.facebook.com/100067151540690/posts/744865391095172/ ၂၁ https://www.facebook.com/100067151540690/posts/745447884370256/ ၂၂ https://www.facebook.com/100067151540690/posts/746053474309697/

ရုတ်တရက်ဆိုတော့ ကိုချမ်းလဲလန့်ပြီး တပေါင်းလက်ကလေးကို ဆွဲကိုင်ထားမိတယ်။နှစ်ယောက်သား တစ်ယောက်မျက်နှာကို တစ်ယောက်ကြောင်ပြီးကြည့်နေမိကြတယ်။ဒီအခါမှာ ကြည့်လင်သန့်ပြန်ချောမောနေတဲ့ ကိုချမ်းကိုငေးကြည့်ပြီး တပေါင်းရင်ထဲအားငယ်သလိုဖြစ်သွားမိတယ်။ရင်ထဲမှာ ဘာမှန်းမသိတဲ့စိုးရိမ်စိတ်လေးပါဝင်ရောက်လာခဲ့မိတယ်။ ' တပေါင်း ...ဘာလို့လဲဟင်.. " ခေါင်းငုံ့ကာငြိမ်သက်နေတဲ့ တပေါင်းကိုကြည့်ပြီး ကိုချမ်းခပ်တိုးတိုးမေးလိုက်တယ်။ " ဟို..ဟို ...တပေါင်းတို့ ...မုန့်ဟင်းခါးချက်စားလို့ ကိုချမ်းကိုလာပို့ပေးတာ....တော်ကြာအခန်းထဲကနေ ကိုချမ်းထွက်မလာမှာစိုးလို့ပါ " " မုန့်ဟင်းချက်စားတာလား ...တပေါင်းက ဒါလဲရတယ်ပေါ့ ...ကျေးဇူးပါကွာ..ကိုယ်လဲဗိုက်ဆာလို့ ...စားစရာဘာရှိလဲလို့ ကြည့်မလို့ထွက်လာတာ " " ဟုတ်လား...ဒါဆိုအတော်ပဲပေါ့...ဘယ်မှာပြင်ပေးရမလဲ ကိုချမ်း...ထမင်းစားခန်းမှာပြင်ပေးရမလား...ကိုချမ်းအခန်းထဲမှာပဲ ပြင်လိုက်ရမလား " " မုန့်ဟင်းခါပါလာတယ်မဟုတ်လား...ဒီမှာပဲပြင်လိုက်တော့လေ..." ကိုချမ်းရဲ့စကားကြောင့် တပေါင်းရင်ထဲလှုပ်ရှားသွားရပြန်တယ်။ပြောရရင် ကိုချမ်းအခန်းထဲကို သူတို့ငယ်သူငယ်ချင်းခြောက်ယောက်အဖွဲ့ကလွဲလို့ ဘယ်သူ့ကိုမှာပေးဝင်တာမဟုတ်ဘူး။ဒီထဲကမှ တပေါင်းကတော့ အခွင့်ထူးရသူပေါ့။ကိုချမ်းအခန်းထဲကို ဝင်ခွင့်ရသူဖြစ်သလို ပညာသင်ဘဝမှာပဲ လစာရတဲ့ဝန်ထမ်းအဖြစ်ပါ ခန့်အပ်ခံထားရတဲ့ အခွင့်ထူးခံလူတစ်ယောက်ဖြစ်နေခဲ့တာလေ။တပေါင်းတွေးရင်းမှ ကြည်နူးစွာပြုံးလိုက်မိတယ်။ " ဟိတ်ကောင်မလေး ဘာတွေပြုံးနေတာလဲ...ဘာလဲ..မုန့်ထဲမှာ ငရုတ်သီးမှုန့်တွေအများကြီးထည့်ထားတာလား .မလုပ်နဲ့နော် ... ကိုယ်အစပ်မစားနိုင်ဘူးကွ " ကိုချမ်းက စနောက်လိုက်ရင်းက တပေါင်းရဲ့ခေါင်းကိုခပ်ဖွဖွပုတ်လိုက်တယ်။ဒီအပြုအမူက လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ချစ်စနိုးပြုမူလိုက်တဲပုံးစံမျိုးမို့ တပေါင်းစိတ်ထဲကြည်နူးသွားမိပေမဲ့ တစ်ဖက်ကတွေးတော့လဲ အားငယ်စိတ်ဝင်သွားမိပြန်တယ်။တကယ်ဆိုရင် ကိုချမ်းကတပေါင်းထက် ကိုးလလောက်ပဲကြီးတာလေ။ကိုးလဆိုတာ ဘာကွာလို့လဲ ။ခုနှစ်အရကြည့်ရင် အသက်ကတူတူပဲလေ။ဒါပေမဲ့ ဘာလို့များ ကလေးတစ်ယောက်လိုဆက်ဆံနေရတာလဲ။တပေါင်းကိုလဲ သင်တန်းက ကလေးတွေလိုပဲတွေးနေတာလားလို့တွေ့လိုက်မိပြိး ကြည်နူးစိတ်လေးကရပ်တန့်သွားရတယ်။ " ဟော့ဗျာ ....မုန့်ကစားရမှာလား ..မစားရဘူးလားဟင် " ရုတ်တရက် ကိုချမ်းက တပေါင်းလက်ကို ဖမ်းဆွဲပြီး မေးလိုက်တာမို့ တပေါင်း ရုတ်တရက်ကြောင်အသွားမိတယ်။ပြီးတော့မှ ကြည့်လိုက်မိတော့ ကိုချမ်းကမုန့်ဟင်းခါးစားဖို့ ဟန်ပြင်နေပြီကို တပေါင်းက စေတနာလွန်ပြီး မုန့်ပန်းကန်ထဲကို ဘဲဥတွေရွေးထည့်ပေးဖို့ ပန်းကန်ကို ပြန်ဆွဲယူလိုက်မိတာလေ။ " ဟယ် ..ကန်တော့နော် ကိုချမ်း...တပေါင်းက ဘဲဥတွေ ရွေးထည့်ပေးမလို့ ...ပန်းကန်ကို ပြန်ယူလိုက်တာပါ " တပေါင်းပျာပျာသလဲတောင်းပန်လိုက်မိတယ်။ " ရပါတယ် ဆရာမရယ် ... ဆရာမပြီးပြီဆိုမှ ကျွန်တော်မျိုးစားပါတော့မယ် ..စိတ်ကြိုက် ပြင်ဆင်လိုက်ပါအုံး " မျက်ခုံးကိုတွန့်ကွေးပြီး ပြောလိုက်တဲ့ကိုချမ်းရဲ့ လူငယ်ဆန်ဆန် အမူအရာကြောင့် တပေါင်းကိုချမ်းကို ငေးခနဲ စိုက်ကြည့်လိုက်မိတယ်။ကိုချမ်းက ပြန်မော့ကြည့်လာတော့မှ တပေါင်းလဲ သတိဝင်လာမိပြီး မျက်နှာကို ကမန်းကတန်းလွှဲလိုက်မိတယ်။ ~~~~~~ " တူ..တူ " တပေါင်းအလုပ်လုပ်နေချိန်မှာ ဖုန်းဝင်လာတာကြောင့် ဖုန်းကို ကောက်ယူနားထောင်လိုက်တယ်။ " ဟယ်လို ..တပေါင်းပြောနေပါတယ်ရှင် " " တပေါင်းလား ...ငါပါ ...နင်တို့ သင်တန်းရှေ့မှာ ...ငါရောက်နေတယ် " " ဘယ် ..ဘယ်သူလဲ..ဘယ်ကငါလဲ " ရုတ်တရက်ဆိုတော့ တစ်ဖက်လူပြောတာလို နားမလည်ဘဲ တပေါင်းပြန်မေးလိုက်မိတယ်။ " ငါလေ ဖိုးဇင်ပါ ..." " ဘာ ..ဘယ်လိုဖိုးဇင် ...ဟုတ်လား " တစ်ဖက်က ကြားလိုက်ရတဲ့ အသံကြောင့် တပေါင်းအံ့ဩသွားမိပြီး တုန်တုန်ယင်ယင်နဲ့ ပြန်မေးလိုက်မိတယ်။ '' ဟုတ်တယ် ... ငါဖိုးဇင်ပါ ....မနေ့ကပဲ ပြန်ရောက်တာလေ ..နင့်ကိုတွေ့ချင်လို့လာခဲ့တာ ... ထွက်ခဲ့ပါအုံး " " ဖိုး..ဖိုးဇင် ..နင်တကယ်ပဲ ဖိုးဇင်လား ..နင်တကယ် ပြန်နောက်နေတာလား " တပေါင်းမယုံကြည်နိုင်စွာ ထပ်မေးလိုက်ပြီး ဖုန်းနံပတ်ကို ကြည့်လိုက်မိတယ်။ ဒီအခါ မြန်မာပြည်ရဲ့ဖုန်းနံပတ်စာလုံးတွေကို တွေ့လိုက်ရတာမို့ သိပ်ကို ဝမ်းသာသွားမိတယ်။တပေါင်းထိုင်နေရာက ထရပ်လိုက်ပြီး မနွေးရှေ့ကိုပြေးသွားလိုက်မိတယ်။ " မနွေးရေ ....တပေါင်းသူငယ်ချင်းလာလို့ အလည်ခေါ်လို့ရလားဟင် ..တပေါင်းတို့ မတွေ့ရတာ...လေးနှစ်ကျော်ပြီ မနွေးရဲ့...သူက မနေ့ကမှမလေးရှားကပြန်ရောက်လာတာလေ " " ဪ ..ဟုတ်လား ...ရပါတယ်တပေါင်းရဲ့ ...သွားခေါ်လိုက်ပါ " မနွေးဆီကခွင့်ပြုချက်ရတာနဲ့ တပေါင်းလဲ ခြံဝန်းတံခါးဆီကိုပြေးထွက်လာခဲ့မိတယ်။ ~~~~~~ " တပေါင်း " ဗီဒီယိုကောပြောနေကြမို့ တစ်ယောက်နဲ့တစ်ယောက်ပြောင်းလဲမှု သိပ်ရှိကြတယ်လို့ မထင်မိကြပေမဲ့ လွန်ခဲ့တဲ့လေးနှစ်ကျော်ကထက် အရပ်ကြီးတအားရှည်လာတဲ့ ဖိုးဇင်ကို တပေါင်း တအံ့တသြနဲ့ ငေးကြည့်နေမိတယ်။

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၂၃) akyiphyu ********** " ကိုချမ်းရဲ့စည်းကမ်းချက်တွေပြောင်းသွားတဲ့အတွက် ..နွေးတော့ တပေါင်းကိုကျေးဇူးတင် တယ်သိလား ...အရင်ကဆိုရင် နွေးက ...မုန့်လုပ်နည်းသင်မယ်လို့ပြောတိုင်း.... ကိုချမ်းကခွင့်မပြုဘူး...ဝါသနာကနေ စီးပွားဖြစ်လုပ်ချင်လာရင် ..နွေးအတွက် မခက်ခဲလိမ့်မယ်ဆိုပြီး အမြဲတားခဲ့တာ ..အခုတော့သင်ချင်လဲသင်ဆိုပြီး... ခွင့်ပြုလိုက်ပြီး တပေါင်းရဲ့ သိလား " " ဟယ် ..တကယ်လား မနွေး...တပေါင်းဝမ်းသာလိုက်တာနော် " တပေါင်းတကယ်ပဲ ပျော်ရွှင်သွားမိတယ်။ '' ကိုချမ်းကို တပေါင်းငိုပြလိုက်တာများလား ..ကိုစည်းကမ်းကြီးက... စည်းကမ်းတွေ နည်းနယ်လျှော့ပေးလိုက်တယ် ..အင်း ..ပြောမဲ့သာပြောရတာ ..ကိုချမ်းခမျာလဲ သနားစရာပါ တပေါင်းရယ် ..သူကသီချင်းဆိုဝါသနာပါတယ်... ခရီးတွေသွားရတာလဲဝါသနာပါတယ်...ဒါပေမဲ့ ...အားလုံးအတွက် သူကြိုးစားမှရမယ်ဆိုပြီး.... ဝါသနာတွေကို စွန့်လွှတ်ပြီး အလုပ်ပဲလုပ်နေတော့တာ ...တကယ်ဆို သူ့ဝင်ငွေနဲ့သူတစ်ကိုယ်ရေတစ်ကာယအတွက် ...တိုက်နဲ့ကားနဲ့ အေးအေးဆေးနေလို့ရတယ်လေ ..အခုတော့သူ့ခမျာကားတောင်အများသုံးဖို့အတွက် ခွေးဘီးလူးကားလေးပဲဝယ်စီးနေရရှာတယ် " မနွေးရဲ့စကားကြောင့် တပေါင်းစိတ်ဝင်စားသွားမိပြီး " ဟို ..ဟိုလေ မနွေး ...ကိုချမ်းက ဘာအလုပ်တွေလုပ်တာလဲဟင် .. အပြင်ကိုလဲ တစ်ခါတလေမှ သွားတာတွေ့လို့ပါ ." " အမယ်လေး တပေါင်းရယ် ..ကိုချမ်းက အိမ်ထဲကအိမ်ပြင်မထွက်ဘဲ .. ဘာအလုပ်တွေလုပ်နေလို့ ဝင်ငွေတွေအများကြီးရတာလဲ သိချင်နေတာမဟုတ်လား ... သူကအခန်းထဲမှာ ကျွန်ပျူတာတစ်လုံးနဲ့ငွေရှာနေတာလေတပေါင်းရဲ့ ..အဲ့ဒါကြောင့် တပေါင်းကို ကွန်ပျူတာနဲ့ပတ်သက်ရင် သေချာသင်လို ပြောနေတာပေါ့ ....ပြောမဲ့သာပြောရတာပါ တပေါင်းရယ် ....နွေးလဲ တစ်နေ့တစ်နေ့ ကွန်ပျူတာရှေ့မှာပဲ ထိုင်နေရတော့ ကြာတော့မလုပ်ချင်တော့ဘူး ... သင်တန်းရှေ့ကဖြတ်သွားနေတဲ့ ဈေးသည်လေးတွေလို....ရပ်ကွက်ထဲဈေးသာလိုက် ရောင်းလိုက်ချင်တော့တယ် ..တကယ်ပြောတာ " မနွေးရဲ့ဒီစကားကိုတော့ တပေါင်းလဲ ထောက်ခံမိတယ်။ကိုယ်တွေရဲ့ခံစားချက်တွေကို ကိုယ်တွေအချင်းချင်းပဲ နားလည်တာမဟုတ်လား။ ~~~~~~~ မနက်လင်းတာနဲ့ ခြံဝန်းထဲမှာ တံမြတ်စည်းလှည်း ၊သစ်ပင်တွေရေဝိုင်းလောင်းနဲ့ တပေါင်းအလုပ်တွေများနေခဲ့မိတယ်။သင်တန်းမှာကအမြဲတမ်းနေထိုင်သူက တပေါင်းအပါအဝင် ဆယ်ယောက်ရှိတယ်။ချက်ရေးပြုတ်ရေးအတွက် ထမင်းချက်သားမိနှစ်ယောက်ရှိတယ်။ဒါကလဲ သားအမိနှစ်ယောက်က အတော်လေးဒုက္ခရောက်နေလို့်ခေါ်ယူစောင့်ရှောက်ထားတာတဲ့။ခြံထဲမှာစောင့်ပျိုးရေးအတွက်က အမြဲတမ်းဝန်ထမ်းတစ်ယောက်ရှိတယ်။သင်းတန်းကျောင်းမှာနေရတာက တစ်ယောက်နဲ့တစ်ယောက်နွေးထွေးကြတယ်။စာနာပေးကြတယ်။တစ်ခုတော့ရှိတာပေါ့။အဲ့ဒါက ကိုချမ်းကစည်းကမ်းနည်းနည်းကြီးချင်တာ။အဓိက က သူကအလုပ်အရမ်းလုပ်သူဆိုတော့ တစ်ယောက်ယောက်အချိန်ဖြုန်းနေတယ်လို့ထင်ရင် သူမကြိုက်ဘူး။ဒါပေမဲ့ခုနောက်ပိုင်းမှာ နည်းနည်းလေးဖြေလျော့ပေးလာတာဆိုတော့ ပိုပြီးအဆင်ပြေလာကြတယ်။ ~~~~~~~~~~~~ တပေါင်းမုန်းဟင်းချိုင့်ကိုကိုင်ပြီး ကိုချမ်းရဲ့အခန်းရှေ့မှာ မဝံ့မရဲနဲ့ရပ်နေမိတယ်။ဒီမနက် သူတို့အုပ်စုတွေ မုန့်ဟင်းခါးချက်စားကြတာ။ဦးဆောင်ချက်သူကတော့ တပေါင်းပေါ့။တပေါင်းက မိထွေးနဲ့နေခဲ့ရတုန်းက အချက်အပြုတ်ကိုတပေါင်းပဲတာဝန်ယူခဲ့ရတော့ အချက်အပြုတ်ကတော့ကျွမ်းတယ်။မြန်မာမုန့်နဲ့မြန်မာအစားအစာမှန်သမျှကိုချက်တတ်တယ်။ဒီနေ့ မုန့်ဟင်းခါးချက်ပြီးတော့ ကိုချမ်းကိုစားစေချင်မိလို့ တမင်းစားခန်းဘက်များ ကိုချမ်းလာမလားဆိုပြီးတပေါင်းမှာမျှော်နေရတာ လည်ပင်းညောင်ရေအိုးဖြစ်နေပြီ။ကိုချမ်းက မီးဖိုဆောင်ဘက်ကိုလုံးဝရောက်မလာခဲ့လို့် ကိုချမ်းအခန်းဆီကို တပေါင်းလာခဲ့မိတာ။ကိုချမ်းက တော်ရုံကိစ္စမရှိဘဲနဲ့ မီးဖိုဆောင်ဘက်နဲ့မိန်းကလေးတွေနေတဲ့အခန်းဘက်ကိုလာလေ့မရှိဘူး။သူ့အခန်းထဲမှာကော်ဖီနဲ့မုန့်တွေထည့်ထားပြီး အဲ့ဒါတွေပဲစားပြီးအလုပ်လုပ်နေတတ်တယ်။အနောက်နိုင်ငံမှာ အနေများခဲ့တဲ့သူဆိုတော့ ကော်ဖီနဲ့ပေါင်မုန့်တွေပဲစားပြီးလဲနေနိုင်တယ်လေ။ဒါကို တပေါင်းကလက်မခံနိုင်ဘူး။ကိုချမ်းတစ်ရက်လောက် ထမင်းမစားရင်ကိုတပေါင်းမှာနေမထိထိုင်မသာဖြစ်နေပြီ ။ဒါကြောင့်လဲမြန်မာမုန့်တွေကို ကိုယ်တိုင်မကြာခဏလုပ်ပေးနေခဲ့မိတာ။ တပေါင်းတံခါးကိုမခေါက်ရဲတာမို့် အခန်းရှေ့မှာအတော်ကြာရပ်နေမိတယ်။သိပ်မကြာခင်မှာ အလုပ်ခန်းထဲကိုဝင်ရတော့မှာဆိုတော့ ဆက်ပြီးတွေဝေနေဖို့အချိန်ကလဲ မရှီတော့တာမို့ တံခါးကိုအရဲ့စွန့်ပြီးခေါက်ဖို့ ပြင်လိုက်တယ်။ " အမေ့ " " ဟာ ...တပေါင်း " တပေါင်းလက်ရွယ်လိုက်ချိန်မှာပဲ အခန်းတံခါးကပွင့်လာခဲ့တာမို့ တပေါင်းမှာအရှိန်မထိန်းနိုင်တော့ဘဲ ယိုင်ခနဲဖြစ်သွားရတယ်။အခန်းထဲက ထွက်လာတဲ့ ကိုချမ်းက အမြန်ဖမ်းထိန်းလိုက်လို့သာ တပေါင်းမှာလဲကျမသွားခဲ့ခြင်းဖြစ်တယ်။

တပေါင်းဆီက ဖြေရှင်းချက်စကားကိုကြားလိုက်ရတဲ့အခါ ကိုချမ်းရင်ထဲ နင့်ခနဲဖြစ်သွားမိတယ်။သူ့ဘက်ကတော့ တပေါင်းရဲ့ခြေထောက်ကိုစိုးရိမ်ပြိး ခြေထောက်တွေကိုလုံးဝအသုံးမပြုရတဲ့လုပ်ငန်းကိုသင်ကြားပေးခဲ့တာ။ ဒီလိုလုပ်လိုက်တဲ့အတွက်လဲ တပေါင်းပျော်မယ်လို့ထင်ခံ့မိတာအမှန်။တစ်ဖက်မှာ သူမခြေထောက်နဲ့ပတ်သက်ပြီး စိတ်အားငယ်စိတ်ဒဏ်ရာရနေတာကို သူလုံးဝကိုထည့်မတွေးမိတာ။သူက အားလုံးအတွက် အဆင်ပြေအောင်ကူညီပေးနေတာပဲဆိုပြီး ကိုယ့်လုပ်ရပ်ကိုမှန်တယ်လို့ပဲ အမြဲတွေးနေခဲ့မိတာလေ။အခုလိုမျိုး တပေါင်းဆီကစိတ်ခံစားချက်စကားကိုကြားလိုက်ရတဲ့အခါမှာတော့ သူ့ရဲ့စေတနာအမှားကို သုံးသပ်လိုက်မိတယ်။သူ့ဘက်ကတော့ ခြေထောက်မသန်တဲ့သူကဘာလုပ်၊အမြင်အာရုံမကောင်းတဲ့သူကဘာလုပ်၊အကြားအာရုံမကောင်းတဲ့သူကဘာလုပ်၊ဘယ်သူကဘာသင်ဆိုပြီး သူတို့တွေလုပ်ရမဲ့အလုပ်တွေကို ဦးနှောက်နဲ့ရွေးချယ်ပေးခဲ့တယ်။တကယ်တမ်းက သူတို့တွေရဲ့နှလုံးသားက ဘာတွေကိုကြိုက်နှစ်သက်လဲ။ဘယ်လုပ်ငန်းတွေမှာ ပျော်ရွှင်နေကြတာလဲဆိုတာကို လုံးဝကိုမမေးခဲ့မိတာလေ။ ကိုချမ်းနေရာမှာ တွေဝေစွာရပ်နေမိတယ်။အားလုံးရဲ့ဘဝလေးတွေကို လှပအောင်ဖန်တီးပေးမယ်လို့ ရည်ရွယ်ထားခဲ့တဲ့ သူ့ရည်ရွယ်ချက်တွေက အရေးကြီးလှတဲ့ စိတ်ခံစားချက်တွေကို ထည့်မတွက်ခဲ့မိတာကို လုံးလုံးကြီးကိုသဘောပေါက်သွားမိတယ်။"မင်းက ခြေထောက်မသန်ဘူး...ဒါမလုပ်နဲ့။မင်းကနားမကောင်းဘူး....ဒါမလုပ်နဲ့ " ဆိုတဲ့သူ့ရဲ့စိုးရိမ်မှုတွေက သူတို့တွေရဲ့မသန်စွမ်းတဲ့အစိတ်အပိုင်းတွေကို စာနာသလိုလိုနဲ့ ခွဲခြားဆက်ဆံနေမိသလိုဖြစ်နေတာကို သေချာသဘောပေါက်သွားမိတယ်။သူ့မှာစေတနာအမှားတွေ ဘယ်လောက်များနေခဲ့ပြီးလဲလို့အထိတ်တလန့်တွေးမိရင်း တပေါင်းဘေးနားမှာ ဝင်ထိုင်လိုက်မိတယ်။ " တပေါင်း..ကိုယ်ပြောမယ်နော်... ဒီစကားက စိတ်ဆိုးလို့ပြောတာမဟုတ်ဘူးနော်...တကယ့်စိတ်ရင်းနဲ့ပြောတာပါ ...တပေါင်းက ကွန်ပျူတာနဲ့အလုပ်လုပ်ရတာကိုမပျော်ဘူးလား ...တပေါင်းဘာဝါသနာပါတာလဲ ..ဘာတွေသင်ချင်လဲ ကိုယ့်ကိုပွင့်ပွင့်လင်းလင်းပြောပါ ..ကိုယ်နားထောင်ပေးမယ် " ကိုချမ်းရဲ့အမူအရာတွေက နုညံ့ပျော့ပျောင်းနေပြီး စကားလုံးတွေကလဲ ချိုမြနေခဲ့တယ်။ကိုချမ်းရဲ့အပြုအမူတွေကြောင့် တပေါင်းရင်ထဲ လှုပ်ရှားခုန်လှုပ်သွားမိတယ်။ " ဖြေလေကွာ....ကိုယ်အတည်မေးနေတာ .....စိတ်ဆိုးနေတာမဟုတ်ဘူး...တပေါင်းဖြစ်ချင်တကို ပွင့်ပွင့်လင်းလင်းပြောပြပါ " ကိုချမ်းဆီက ဒုတိယအကြိမ်မြောက်မေးသံထွက်လာတော့မှ တပေါင်းမဝံ့မရဲနဲ့မော့ကြည့်လိုက်မိပြီး " ဟို...တပေါင်း ..စာစီစာရိုက်လုပ်ရတာကို တကယ်ပျော်ပါတယ်ကိုချမ်း...စားတွေရို//က်ရင်းနဲ့ဇာတ်လမ်း‌တွေကိုဖတ်ရလို့ တကယ်လဲပျော်ပါတယ်....ဒါပေမဲ့လေ...ဒီလိုအမြဲတစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေရင်...တပေါင်းရဲ့ခြေထောက်တွေမသန်တော့မှာ...လူကြားထဲမှာ လမ်းကောင်းကောင်းမလျှောက်နိုင်တော့မှာကို စိုးရိမ်မိတယ်ကိုချမ်း...ဒါ...ဒါကြောင့် အလုပ်ချိန်မှာလဲ ....တပေါင်းကြိုးစားပြီး အလုပ်လုပ်ပါမယ်...အဲ့ဒီအတွက်အားလပ်ချိန်ပေးပါနော်.....အားလပ်ချိန်မှာ ခြေထောက်ကိုအသုံးပြုပြီးလုပ်ရတဲ့ အလုပ်တွေကို လေ့ကျင့်ခန်းသဘောမျိုးနဲ့တပေါင်းလုပ်ကိုင်ချင်လို့်ပါ " တပေါင်းရဲ့ ခွင့်တောင်းစကားကြောင့် ကိုချမ်းနှစ်ခြိုက်စွာပြုံးလိုက်တယ်။ပြီးတော့ တပေါင်းရဲ့ ပခုံးတစ်ဖက်ကို ခပ်ဖွဖွပုတ်လိုက်ပြီး " အင်း...တပေါင်းသဘောပါ ..အားလုံးအတွက် အားလပ်ချိန်နဲ့အလုပ်ချိန်တွေကို ..ကိုယ်သေသေချာချာ သက်မှတ်ပေးပါမယ် ... ပြီးတော့ပန်းပျိုးလက်ရဲ့ အမာခံအဖွဲ့ဝင်တွေရော...ရုံးထိုင်အဖွဲ့သားတွေနဲ့ ..အဖွဲ့ဝင်တစ်ယောက်ချင်းစီတိုင်းကိုလဲ .. ဝါသနာပါပြီး သင်ယူချင်တဲ့ ပညာရပ်မှန်သမျှကို ...သင်ယူခွင့်ပေးတော့မှာပါ " ကိုချမ်းရဲ့ အဖြေစကားကြောင့် တပေါင်းရင်ထဲ အတိုင်းမသိ ပျော်ရွှင်သွားမိတယ်။ဒီလိုသာဆိုရင်ဖြင် တပေါင်းရဲ့ အားလပ်ချိန်တွေမှာလဲ ကွန်ပျူတာရှေ့မှာ ထိုင်နေစရာမလိုတော့ဘဲ ဝါသနာပါတဲ့ အချုပ်အလုပ်ပညာတွေကိုလဲ လေ့လာလို့ရပြီ မဟုတ်ပါလား။ ================================= အပိုင်း (၂၃)ဆက်ရန် ည ၈ နာရီမှာ အပိုင်း (၂၃)တင်ပါမယ် A.Kyi.Phyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/ ၂ https://www.facebook.com/100067151540690/posts/735119455403099/ ၃ https://www.facebook.com/100067151540690/posts/735674495347595/ ၄ https://www.facebook.com/100067151540690/posts/736235605291484/ ၅ https://www.facebook.com/100067151540690/posts/736791991902512/ ၆ https://www.facebook.com/100067151540690/posts/737913055123739/ ၇ https://www.facebook.com/100067151540690/posts/738456585069386/ ၈ https://www.facebook.com/100067151540690/posts/739012378347140/ ၉ https://www.facebook.com/100067151540690/posts/740077244907320/ ၁၀ https://www.facebook.com/100067151540690/posts/740644458183932/ ၁၁ https://www.facebook.com/100067151540690/posts/741255251456186/ ၁၂ https://www.facebook.com/100067151540690/posts/741833594731685/ ၁၃

တပေါင်း ပန်းအိုးတွေကို နိုင်သလောက်ကူမပေးလိုက်တယ်။ပြီးတော့ မြေကြီးပေါက်နေတဲ့ ခြံဝန်ထမ်းနားကို သစ်ပင်ပေါက်တွေ တစ်ပင်ပြီးတစ်ပင် သယ်သွားပေးလိုက်တယ်။စစလုပ်ချင်းမှာတော့ ဆာတာတာဖြစ်နေတဲ့ ခြေထောက်က နာသလိုလိုခံစားနေရပေမဲ့ ကြာတော့ အဆင်ပြေသွားပြီး လျှောက်ရတာ အဆင်ပြေလာတယ်။ခြေထောက် ဒီလိုစဖြစ်ကတည်း ဝမ်းနည်းနာကျင်ခဲ့ရပေမဲ့ သိပ်ငယ်မှုဆိုတာကို သိပ်မခံစားခဲ့ရတဲ့ တပေါင်းပါ။လူကိုတော့ ချစ်ပါတယ်။ ခြေထောက်ကြောင့် ချစ်သူအဖြစ်တွဲမသွားချင်ဘူးဆိုတဲ့ နှိမ်ချသူတွေကို ကျေးဇူးတွေတောင်တင်နေခဲ့တဲ့ တပေါင်းပါ ။ အခုတလောမှာတော့ ဒီခြေထောက်ရဲ့ ဖြစ်တည်မှုကို စိတ်ထဲနာကျင်လာမိတယ်။လမ်းလျှောက်တဲ့အခါ ခြေတစ်ဖက်နိမ့်သွားသလိုမဖြစ်အောင်၊ခပ်သွက်သွက် လျှောက်နိုင်၊သွားနိုင်အောင် ကြိုးစားချင်စိတ်တွေပေါ်နေမိတယ်။ဒါကြောင့်လဲ အချိန်ရတာနဲ့ ခြံဝန်းထဲဆင်းပြီး စိုက်ပျိုးရေးမှာအမြဲလာကူလုပ်ပေးနေခဲ့မိတာ။ခြေထောက်လေးပြန်ပြီး သန်စွမ်းလာမလားဆိုတဲ့ စိတ်လေးနဲ့ပေါ့ ။ " တပေါင်း ....မင်း ...ဒါဘာလုပ်နေတာလဲ " နောက်ကျောဆီကနေ အသံမာမာနဲ့ အော်လိုက်သံကြောင့် တပေါင်းကိုယ်လေးဆတ်ခနဲတုန်သွားရတယ်။တပေါင်း အလန့်တကြားနဲ့ လှည့်ကြည့်လိုက်တော့ ကိုချမ်းကိုတွေ့လိုက်ရတယ်။ '' ဟို ...ဟို ..ကို ..ကိုချမ်း ... တပေါင်း....ရှင်း .. ရှင်းပြ " တပေါင်းမှာ စကားပင်ဆုံးအောင် မပြောလိုက်ရပါ။ ကိုချမ်းဆွဲခေါ်ရာနောက်ကို လိုက်ပါသွားခဲ့ရတယ်။ ~~~~~~~ " မင်းက ,,,ငါ့စကားကိုနားမထောင်တာလားတပေါင်း...ဒါမှမဟုတ် ...ကွန်ပျူတာကိုင်ပြီးအေးအေးဆေးဆေးအလုပ်ထိုင်လုပ်နေရတာကို စိတ်မဝင်စားတာလား ...ငါကတော့ ...မင်းပင်ပင်ပန်းပန်းအလုပ်လုပ်ရမှာစိုးလို့ ...သူများတွေကြည့်နေတဲ့ကြားကနေ.... ကွန်ပျူတာခန်းထဲကို ရအောာင်ထည့်ခဲ့တာကွ ...မင်းကငါ့စေတနာကိုစော်ကားလိုက်တာပဲ...အလုပ်ကို ကြိုးစားမလုပ်ဘဲ ....လှစ်ခနဲရှိ ပျောက်သွားပြီး ...ကိုယ်နဲ့မဆိုင်တာကို လာလုပ်နေတယ် " စိတ်တွေတိုကာ မင်းတွေငါတွေနဲ့ပြောနေတဲ့ ကိုချမ်းရဲ့လေသံမာမာကြောင့် တပေါင်းအသားတွေတဆတ်ဆတ်တုန်လာပြီး ခေါင်းတွေပါတရိပ်ရိပ်မူးဝေလာရတယ်။ " မင်းကစာစီစာရိုက်လေးလုပ်ရတာကို မလုပ်ချင်ဘူးလား...ဘာလဲ...သစ်ပင်စိုက်ပျိုးနည်းတွေသင်ပြီး ခြံစိုက်စားမလို့လား ...မေးနေတာ ဖြေလေကွာ " ကိုချမ်းပြောနေရင်းမှ စိတ်မရှည်တော့ဘဲ တပေါင်းရဲ့လက်မောင်းကို ဆွဲကိုင်လှုပ်လိုက်တယ်။ဒီအခါ အေးစက်နေတဲ့ တပေါင်းရဲ့လက်ကို ကိုင်စမ်းလိုက်မိတာမို့ ကိုချမ်းလန့်ဖျပ်သွားရတယ်။ " ဟင်...တပေါင်း...မင်းလက်တွေ အေးစက်နေပါလား ..နေမကောင်းဘူးလား...ဘာဖြစ်တာလဲ " ကိုချမ်းစိတ်ပူပန်စွာမေးလိုက်ရင်း တပေါင်းရဲ့မျက်နှာကိုဆွဲမော့ပြီး နဖူးကိုစမ်းဖို့ပြင်လိုက်တယ်။ " ဟာ..တပေါင်း ...မင်း...မင်းဘာဖြစ်တာလဲ " တပေါင်းတစ်ကိုယ်လုံးက တုန်ယင်နေပြီး မျက်လုံးကိုအတင်းဇွတ်မှိတ်ထားတာကြောင့် ကိုချမ်းအတော်လေးလန့်သွားမိပြီးမှ တပေါက်းရဲ့ပခုံးနှစ်ဖက်ကို ဆွဲကိုင်လှုပ်ယမ်းပစ်လိုက်တယ်။ဒီအခါမှပဲ တပေါင်းကမျက်လုံးအစုံကို ဖွင့်ကြည့်လာပြီး ကိုချမ်းကို မျက်လုံးအပြူးသားနဲ့မော့ကြည့်လာတယ်။တပေါင်းရဲ့ပုံစံကိုသေချာစိုက်ကြည့်နေမိပြီးနောက် ကိုချမ်းသက်ပြင်းကိုမသိမသာချလိုက်မိတယ်။ " သတိထားလေ တပေါင်း.....မင်းကိုဆူတာမဟုတ်ပါဘူးတပေါင်းရယ်....အမှန်တိုင်းပြောရရင် မင်းကို ပင်ပင်ပန်ပန်အလုပ်တွေမလုပ်စေချင်လို့ပါ...မင်းဘဝတစ်လျှောက်လုံး အေးအေးလူလူနေသွားလို့ရမဲ့ အလုပ်တွေကိုပဲလေ့လာစေချင်တာ....နောက်ဆိုရင် ကွန်ပျုတာတစ်လုံးနဲ့အွန်လိုင်းပေါ်ကနေ အေးအေးဆေးဆေးအလုပ်လုပ်ရတာမျိုးတွေပဲ လုပ်စေချင်လို့ပါ...ကိုယ်ပြောတာကို သဘောပေါက်လား...ဒီနှစ်ရက်သုံးရက်အတွင်းမှာ ..မင်းအလုပ်အားလပ်ချိန်ရတာနဲ့ ...ပန်းခြံထဲမှာပဲအချိန်ကုန်နေတယ်တဲ့...အဲ့ဒါကြောင့် ကိုယ်စိတ်တိုသွားမိတာ ....တောင်းပန်ပါတယ်ကွာ...နောက်တစ်ခါဆိုမအော်တော့ပါဘူး " ကိုချမ်းဆီက တောင်းပန်စကားကိုကြားလိုက်ရတော့ တပေါင်းရင်ထဲမှာ တလှပ်လှပ်ခုန်ကာဝမ်းနည်းသလိုကြီးဖြစ်သွားမိတယ်။ " ကဲပါကွာ...ဒီနေ့တော့ စာတွေလဲမရို**က်ပါနဲ့တော့ ...သွားနားတော့ ..ဆေးသောက်ပြီးအိပ်လိုက်တော့...ဆေးမရှိရင် မ‌နွေးဆီမှာ သွားတောင်းလိုက် .." ကိုချမ်းကပြောပြီးတာနဲ့ နေရာကထလိုက်တယ်။ " ကို..ကိုချမ်း " မတ်တတ်ထရပ်လိုက်တဲ့ ကိုချမ်ကို တပေါင်းတုန်တုန်ယင်ယင်နဲ့ခေါ်လိုက်မိတယ်။ တပေါင်းရဲ့ခေါ်သံကြောင့် ကိုချမ်က လှမ်းလက်စခြေလှမ်းတွေကိုရပ်ပြီး တပေါင်းကိုငဲ့ကြည့်လိုက်တယ်။ " တ...တပေါင်းက ...ကိုချမ်းသင်ခိုင်းထားတာတွေကို မလုပ်ချင်လို့်မဟုတ်ပါဘူး....အားလုံးပြီးအောင်လုပ်မှာပါ...သစ်ပင်စိုက်တာကို သွားလုပ်နေတာကလဲ...တ..တပေါင်းရဲ့ခြေထောက်တွေက... ထိုင်ရပါများလွန်းလို့ ... ပိုပြီးမသန်စွမ်းဖြစ်သွားမှာစိုးလို့် လေ့ကျင့်ခန်းလုပ်တဲ့သဘောနဲ့ သွားလုပ်တာပါ ..ကိုချမ်းရဲ့စေတနာကို တပေါင်းနားလည်ပါတယ်...ဒါ..ဒါပေမဲ့ ...တပေါင်းရဲ့ခြေထောက်တွေ... မသန်တော့မှာကိုလဲစိုးရိမ်မိလို့ပါ "