803
Subscribers
+424 hours
+167 days
+4630 days
Posts Archive
ဧကြည်ဖြူ
"ချစ်ဆိပ် " [ချူ ]
( အပိုင်း ၂ )
-- - - - - - - - - - - - - - - -
ငြိမ်းသည် ဖခင်ဖြစ်သူ အလုပ်လုပ်နေသော ခြံကို အနောက်ဘက်မှ ပတ်၍ဝင်ခဲ့ပြီးလျှင် ခွေးတိုး ပေါက်မှ တိုးဝှေ့ဝင် ခဲ့လေသည်။နောက်မှ ကပ်လိုက်လာသော တင်ထူးအောင်သည်လည်း ငြိမ်းလိုပင် လေးဖက်ထောက်၍ တိုးဝှေ့ ဝင်ခဲ့လေသည်။ငြိမ်းသည် ငယ်စဉ်ကတည်းကပင် ဖခင်ဖြစ်သူနှင့်အတူ လိုက်လာနေကြဖြစ်သောကြောင့် ဘယ်နေရာတွင် ဘာရှိသည်ကို ငြိမ်း အကုန်သိနေလေသည်။ပြီးလျှင် ဆန်စက်ပိုင်ရှင်များသည် ငြိမ်းတို့နှင့် အမျိုးမကင်းသူများ ဖြစ်လေသည်။တနည်းအားဖြင့်ဆိုရသော် ဆန်စက်သူဌေးများသည် ငြိမ်းဖခင်၏ ဘကြီး ဝမ်းကွဲတော်စပ်သူများ ဖြစ်လေသည်။သူတို့တွင် သမီး အပျိုကြီးတစ်ယောက်သာ ရှိသောကြောင့် ဆန်စက် လုပ်ငန်းကို ငြိမ်း၏ဖခင်ဖြစ်သူကိုအောင်မင်းဆီသို့ လွှဲအပ်ထားခြင်း ဖြစ်လေည်။ထို့ကြောင့် ကိုအောင်မင်းသည် ဆန်စက်ကို သူပိုင်သဖွယ် သူ့ခြေသူ့လက်နှင့် စိတ်တိုင်းကျ စီမံနေနိုင်ခြင်း ဖြစ်လေသည်။သို့အတွက်ကြောင့်ပင် ကိုအောင်မင်းသည် လက်ထဲ၌ ငွေအမြဲရွှင်နေခြင်းဖြစ်လေသည်။
"ငြိမ်း...နင်ကလဲဟာ...ကိုယ်အဖေဆီလာတာပဲ ခိုးကြောင်ခိုးဝှက်နဲ...."
"ဟဲ့...တိတ်တိတ်နေပါဆို....ကဲဟာ...."
"ဒေါက် "
"အ ...နာလိုက်တာငြိမ်းရယ်...နင်က လုပ်လိုက်ရင်အရမ်းပဲ..."
ငြိမ်းသည် ဘေးမှ ပွစိပွစိပြောနေ မေးနေသော တင်ထူးအောင်ကို စိတ်မရှည်စွာ ခေါင်းကိုလက်ဆစ်နှင့် ခေါက်ချလိုက်လေသည်။တင်ထူးအောင်မှာ နာသွားသော ဒေါင်းကို အသာပွတ်ပြီး ရှုံ့မဲ့မဲ့နှင့် ငြိမ်းနောက်မှ တိတ်တဆိတ်လိုက်ခဲ့လေသည်။
ငြိမ်းသည် ခြံထဲတွင် ကုန်းကုန်းကွကွနှင့် လျှောက်နေရင်းမှ ဆန် ဂိုထောင် ဘေးတွင် ကပ်လျက် ဆောက်ထားသော သစ်သားအိမ်ငယ်လေးဆီသို့ ခြေကို ဖော့နင်း၍ ချဉ်းကပ်ခဲ့လေသည်။ပြီးလျှင် နောက်မှလိုက်ပါလာသော တင်ထူးအောင်ကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
"အစ်ကို ဒီလိုပဲ အေးအေးဆေးဆေး နေတော့မှာလား ... အခုဆိုအိမ်ကလည်းရိပ်မိနေပြီ ရှေ့ဆက်ဘယ်လိုလုပ်မှာလဲ..."
"အစ်ကို စဉ်းစားနေပါတယ် ညီမရယ်... မဝေက ဘာအဖြစ်မှ မလုပ်ထားတော့ အစ်ကိုလည်း ကွာရှင်းဖို့ဘယ်လိုပြောရမလဲ စဉ်းစားမရဘူးဖြစ်နေတာ..."
"ဘာစဉ်းစားစရာလိုလို့လဲ...အစ်ကို မိန်းမကို သူ့အိမ်သူပြန်ခိုင်းရင် ခိုင်း ...မဟုတ်ရင်.... အစ်ကိုနဲ့ ညီမပဲဒီရွာက ထွက်သွားရအောင်..."
ငြိမ်းနှင့် တင်ထူးအောင်တို့သည် သစ်သားအိမ်လေး၏ ဘေးတွင် ငြိမ်ကုပ်စွာရပ်နေမိကြရင်းမှ အခန်းထဲမှ ထွက်ပေါ်လာသော အသံကြောင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြလေသည်။ပြီးလျှင် နှစ်ယောက်သား ကြားရုံ အသံတိုးတိုးနှင့် ပြောလိုက်ကြလေသည်။
"အသံကို ကြားဖူးသလိုပဲ နော် ငြိမ်း..."
"...ရှူး...တိုးတိုး....ငါလဲ ကြားဖူးသလိုပဲ ထူးထူး ...."
"အေး...အထဲကို ချောင်းကြည့်ရအောင် ဟာ..."
ငြိမ်းနှင့် တင်ထူးအောင်တို့နှစ်ယောက်သား ခြေဖျားလေးတွေထောက်ပြီး အိမ်ထဲသို့ တိုးကပ်ချောင်းကြည့်လိုက်လေသည်။
" ဟင် "
ပထမဦးစွာ အိမ်လေးထဲသို့ အနည်းငယ် ဟနေသော သစ်သားများကြားမှ ချောင်းကြည့်လိုက်သော တင်ထူးအောင်သည် အထဲမှမြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့ဩ ထိတ်လန့်စွာဖြင့် မြေပြင်ပေါ်တွင် ထိုင်ချလိုက်လေသည်။
ငြိမ်းသည် တင်ထူးအောင်ကိုကြည့်လိုက်ပြီး "ဘာဖြစ်တာလဲ "ဟုမေးလိုက်လသည်။
တင်ထူးအောင်မှာ ငြိမ်း၏ အမေးကို မဖြေနိုင်ဘဲ ငြိမ်းလက်ကို ကမန်းကတန်း လှမ်းဆွဲလိုက်လေသည်။
" ပြန်ကြရအောင်ငြိမ်း...လူကြီးတွေ ကိစ္စမှာ ငါတို့ကလေးတွေ ဝင်မပါတာကောင်းမယ်...."
တင်ထူးအောင်က တိုးတိုးကြိတ်ကြိတ်ပြောလိုက်သော်လည်း ငြိမ်းသည် စိတ်တိုပြီးတင်ထူးအောင်ကိုတွန်းပစ်လိုက်လေသည်။
"ဖယ်စမ်းပါဟာ... ဒါ လူကြီးတွေကိစ္စမဟုတ်ဘူး...ငါ အဖေ ကိစ္စဟဲ့...နင် ဝင်မရှုပ်နဲ....ငါကိုယ်တိုင်အထဲ၀င်ကြည့်မယ်...."
"ငါတောင်းပန်ပါတယ် ငြိမ်းရယ်...မသွားပါနဲ့နော်...."
တင်ထူးအောင်ထားနေသည့်ကြားမှပင် ငြိမ်းသည် အိမ်၏ ရှေ့တံခါးပေါက်မှဇွတ်ဝင်ချသွားလေသည်။
" ဟ...ဟေ့...ဘယ်သူလဲ...ငါမခေါ်ဘဲမလာနဲ့ လို့ ပြောထားတယ်မဟုတ်လား..."
ငြိမ်း၏ဖခင်ဖြစ်သူကိုအောင်မင်းသည် ရုတ်တရက် ပွင့်လာသော တံခါးကြောင့် ရင်ခွင်ထဲမှ နွဲ့နွဲ့ရီကို ကမန်းကတန်း တွန်းထုတ်လိုက်ပြီး တံခါးဝသို့ ကြည့်ကာ ဒေါသနှင့်လှမ်း အော်လိုက်လေသည်။
ငြိမ်းသည် တံခါးဖွင့်လျှင်ဖွင့်ခြင်း ဖခင်ဖြစ်သူနှင့် အမျိုးသမီးတစ်ယောက်ဖက်နေသည်ကို မြင်လိုက်ရသောကြောင့် စိတ်ဆိုးပြီးဖခင်ရှိရာဆီသို့ လှမ်းသွားမိစဉ်မှာပင် ဖခင်နှင့် ဖက်နေသော အမျိုးသမီးကိုမြင်လိုက်ရပြီး အံ့သြထိတ်လန့်စွာခေါ်လိုက်မိလေသည်။
"ဒေါ်လေးနွဲ့"
"သမီး...ငြိမ်း...."
"ဟင်... ခင်ငြိမ်းစံ "
ကိုအောင်မင်းနှင့်နွဲ့နွဲ့ရီမှာ ရုတ်တရက် ငြိမ်းကို တွေ့လိုက်ရသောကြောင့် ထိတ်လန့်တုန်လှုပ်သွားကြလေသည်။
"ဪ...အဖေ့ရဲ့ နောက်မိန်းမက ဒေါ် လေးနွဲ့ပေါ့ ဟုတ်လား...ဒေါ်လေးနွဲ့က အမေ့ထက် ဘာများပိုလှလို့လဲ..."
" ခင်ငြိမ်းစံ...သမီး ဒီကိုဘာလာလုပ်တာလဲ...သွား...သွားပြန်တော့နော်...သမီးက လိမ္မာတယ်..."
ငြိမ်း၏မိခင်ဖြစ်သူ မငြိမ်းဝေ အတွက်မူ အိမ်ထောင်ကျကာမှ ရောက်ရှိလာခဲ့ရသော မြို့လေးဖြစ်လေသည်။ငြိမ်း၏မိခင် မငြိမ်းဝေ သည် ရန်ကုန်မြို့သူဖြစ်ပြီး ရန်ကုန်သို့ အလည်ရောက်လာသော ကိုအောင်မင်းနှင့် အသိမိတ်ဆွေတစ်ယောက်အိမ်တွင် တွေ့ဆုံပြီး ဖူးစာဆုံခဲ့ကြခြင်းဖြစ်လေသည်။မငြိမ်းဝေ သည် မိဘများ မရှိတော့ဘဲ အစ်ကိုကြီးဖြစ်သူ သာရှိသည်ဖြစ်၍ ကိုအောင်မင်းနှင့်အကြောင်းပါပြီးသောအခါ ကိုအောင်မင်း၏ ဇာတိရပ်ရွာသို့လိုက်ပါနေထိုင်ခဲ့ခြင်းဖြစ်လေသည်။
ပြင်းလွန်းလှသော အရှိန်ကြောင့် လမ်းဘေးရှိသစ်ပင်များနှင့် အိမ်များသည် တရိပ်ရိပ်ပြေးကျန်ခဲ့လေသည်။စာသင်ကျောင်းများ ပိတ်ထားသော နွေရာသီ ကာလဖြစ်သောကြောင့် ကောင်းကင် သည်တိမ်ကင်းစင်၍ ကြည်လင်သာယာနေလေသည်။ကောင်းကင်ထက်တွင် နေပူချိန်ပြင်းနေသော်လည်း လမ်းဘေးရှိသစ်ပင်ရိပ်များနှင့် မြန်လွန်းလှသော စက်ဘီးအရှိန်ကြောင့် အပူဒဏ်မှာ သိပ်မသိသာလှပါပေ။တင်ထူးအောင်သည် စက်ဘီးကို အားကုန်နင်းနေရင်းမှ ရှေ့မှအသကုန်းနင်းသော သူငယ်ချင်းမလေးငြိမ်းကို အသံကုန်အော်ဟစ်ပြောနေမိလေသည်။
"ငြိမ်းရေ...ဖြည်းဖြည်းနင်းပါဟဲ့..."
ငြိမ်းသည်လည်း တင်ထူးအေင်၏အော်သံကိုမကြားယောင်ပြုပြီး စက်ဘီးကို ပိုမိုလျှင်မြန်စွာနင်းခဲ့လေသည်။
ငြိမ်းသည် လမ်းဘေး အကြော်ဆိုင်တစ်ဆိုင်ရှေ့အရောက်တွင် စက်ဘီးကို ထိုးရပ်လိုက်လေသည်။နောက်မှ အားကုန်နင်းလိုက်လာသော တင်ထူးအောင်သည်လည်း စက်ဘီးကို အကြော်ဆိုင်ရှေ့တွင် ထိုးရပ်လိုက်ပြီး စက်ဘီးပေါ်မှ ဆင်းလိုက်ရလေသည်။
"ငြိမ်းရယ်...နင် အကြော်စားချင်လို့လား....အန္တရာယ်များလိုက်တာဟာ ...ငါ့ မှာနင့်နောက်အမှီလိုက်ရတာ အသက်ထွက်တော့မယ်...."
"တိတ်တိတ်နေစမ်းပါ ထူးထူးရယ် ....ကိစ္စရှိလို့လာတာဟ...အကြော်စားချင်လို့ လာတာ မဟုတ်ဘူး...ဒေါ်ကြီး...သမီးတို့ စက်ဘီးတွေဒီမှာ ခဏထားခဲ့မယ်နော်...အပြန်ကျရင် ဒေါ်ကြီးဆီက အကြော်တွေဝယ်ပါ့မယ်ရှင်..."
ငြိမ်းသည် တင်ထူးအောင်ကို မျက်စောင်းထိုးပစ်လိုက်ပြီး ဒေါပွပွနှင့် လှမ်းပြောလိုက်ရင်းမှ တဆက်တည်းပင် အကြော်ဆိုင်ပိုင်ရှင် အဒေါ်ကြီးကိုပါလှမ်းပြောလိုက်လေသည်။
******
"ဟဲ့...ထူးထူး နင့်ဦးထုတ်ကို ငိုက်ငိုက် ဆောင်းပါဟ...တော်ကြာ လမ်းမှာ ငါတို့ကို သိတဲ့သူတွေ တွေ့သွားပြီးမှတ်မိကုန်ကြမယ် ..."
ငြိမ်းသည် ကိုယ်တိုင်က ဦးထုတ်ကို သေချာပြင်ဆောင်းပြီး မေးသိုင်းကြိုးကို အသေအချာပြင် ချည်သည် ပြီးလျှင် လမ်းဘေးဝဲယာသို့ ကျီးကန်းတောင်းမှောက်ကြည့်လိုက်သည်။
နောက်မှလိုက်လာသော တင်ထူးအောင်မှာ ငြိမ်းပုံစံကိုကြည့်ပြီး အူတိအူကြောင်နှင့် လှမ်းမေးလိုက်သည်။
"ငြိမ်း ....နင် ဘာဖြစ်နေတာလဲ ... ဒီနေရောက ငါတို့အိမ်တွေနဲ့ဝေးပါတယ်ဟ...ငါတို့ကို ဘယ်သူမှ မသိပါဘူး....နင်က အခု ဘယ်ကိုသွားမလို့လဲ ငါ့ကိုလည်း ပြောဦးလေ..."
"နင်ဟာလေ အတော်လျှာရှည်ပါလား ငထူးရဲ့....ငါကမလိုက်ပါနဲ့လို့ပြောတာကို ဇွတ်လိုက်လာပြီး အမေးအမြန်းတယ်ထူပါလား...ဒီမှာ ငါက ...အခု ငါ့အဖေ အလုပ်လုပ်နေတဲ့ ...ဆန်ကြိတ်စက်ကို အနောက်ပေါက်ကနေသွားချောင်းမလို့ ဟဲ့သိရဲ့လား...ဘာမှထပ်မမေးနဲ့....လိုက်ချင်လိုက် မလိုက်ချင်နေခဲ့....."
@@@@@@@@@@@@@@@
အပိုင်း (၂) ဆက်ရန်
ဧကြည်ဖြူ
ဖတ်ရှုပေးကြတဲ့စာချစ်သူများကို ကျေးဇူးအထူးတင်ရှိပါတယ်
ကျွန်တော်က စာရေးသားခြင်းကို (တော်လို့ တတ်လို့ ရေးနေတာမဟုတ်ဘဲ ဝါသနာအရ မရေးရရင်မနေနိုင်လို့ရေးနေသူတစ်ယောက်ပါ )
၀တ္ထုတစ်ပုဒ် (အစမှအဆုံး) တင်တဲ့အခါ
၀တ္ထုတစ်ပုဒ် (အစမှ ဇာတ်သိမ်း ထိ) 1000 Ks ပါ
* မပေးလဲ ဖတ်လို့ရပါတယ်ရှင် *
Kpay/wave
09773745413
Lai Lai Win
ကျေးဇူးအထူးတင်ရှိပါသည်။
