803
Subscribers
+424 hours
+167 days
+4630 days
Posts Archive
"ကဲပါဗျာ ...ခပ်သွက်သွက် လျှောက်ကြတာပေါ့ ...ဒီလမ်းက လျှောက်ရင် ဘူတာကိုရောက်ဖို့ နာရီဝက်လောက်ပဲကြာတာ...ကဲ ကိုယ့်လူတို့လဲ ဘူတာကို သွားမှာ မဟုတ်လား ... အမြန်လျှောက်ကြတာပေါ့ ....ရှေ့ဆို သူ့တို့ စက်ရုံနားကို ရောက်ပြီဗျ ....ဟိုဟိုဒီဒီလိုက် မကြည်ဘဲ အမြန်လျှောက်ကြတာပေါ့ "
မြို့ခံဖြစ်သူ၏ စကားဆုံးသောအခါ ဘီနာအပါအဝင် လေးယောက်သား စကားသံများတိတ်ဆိတ်လျက် ခပ်သွက်သွက် ခြေလှမ်းများဖြင့် လျှောက်လှမ်းခဲ့ကြလေသည်။
~~~~~
ခြေလှမ်းအတန်ငယ် လျှောက်မိသောအခါ၌ မြို့ခံလူ ပြောသကဲ့သို့ပင် သံဆူးကြိုးကြီးများဖြင့် ကာရံထားသော ခြံဝန်းကျယ်ကြီးကို တွေ့လိုက်ရလေသည်။ခြံဝန်းကြီးထဲ၌ ရှည်လျားစွာ တည်ဆောက်ထားသော သစ်လုံးတန်းလျားရှည်ကြီးကို တွေ့မြင်ကြရလေသည်။ထိုတန်လျားများ၏ အဆုံး တစ်နေရာတွင် သစ်လွင်တောက်ပသော ခမ်းနားထည်ဝါသည့် တိုက်အိမ်တစ်လုံးလည်း ရှိလေ။ထိုအိမ်၏ အသွင်အပြင်သည် ဟောင်းနွမ်းနေသောညစ်ထေးထေးသစ်သားတန်းလျားများနှင့် လွန်စွာ ကွဲပြား၍ နေလေသည်။ဘီနာသည် ငယ်ရွယ်သူပီပီ ခမ်းနားထည်ဝါလှသော အိမ်ကြီးအား အမှတ်မဲ့ငေးမောကြည့်နေမိသည်။ဘီနာ၏စိတ်ကူးထဲ၌ သူတို့၏ ဘိုးဘွားပိုင် အိမ်နှင်းခြံလေးကို ဤအိမ်ကြီးကဲ့သို့ မခမ်းနားသည့်တိုင်အောင် အများအမြင်တွင် အားကျ ငေးမောရလောက်မည့် အခြေအနေမျိုး ဖန်တီးဖို့ရန် အလိုငှါ မွေးရပ်မြေသို့ ပြန်လာခဲ့ခြင်းပင်။ယခု၌မူ စီစဉ်ထားသမျှသည် သဲထဲရေသွန် ဖြစ်ခဲ့ချေလေပြီ။သူတို့၏ မြေကို ပြန်လည်ရယူနိုင်ရန်အတွက် ဘီနာသည် ရှေ့နေကောင်းကောင်းတစ်ယောက်လိုအပ်သည်။သို့စေကာမူ မြေကို ပြန်ရရန်မှာမူ မသေချာလှ။ အဘယ့်ကြောင့်ဆိုသော် ရှေ့နေကောင်းတစ်ယောက်ကို နှစ်ပေါက်အောင် ငှါးဖို့ရန်အတွက် ဘီနာ့တွင် လုံလောက်သော ငွေကြေးမရှိပါ။ဆိုရလျှင်မူ ဘီနာတွင် ဇွဲလုံ့လသာရှိပြီး လုံလောက်သောငွေကြေးမရှိပါချေ။ဘ၀တစ်ပါးသို့ကူးပြောင်းသွားကြပြီဖြစ်သော မိဘများသည်လည်း ဘီနာ့အတွက် ဤမြေမှအပ မည်သည့်အရာကိုမျှ ချန်ထားခဲ့ခြင်းမရှိကြပေ။ယုတ်စွအဆုံး ဘီနာတွင် လောက်လောက်လားလား အားကိုးရသော ဆွေမျိုးသားချင်း တစ်ဦးတစ်ယောက်ပင် မရှိခဲ့။
'ဝုန်း ...ဝုန်း...ဝုန်း "
" ဒုန်း ...ဒုန်း "
"လိုက်ဟေ့...လိုက်ဟ ... မလွတ်စေနဲ့ ..."
"ဖမ်းပေးတဲ့သူကို သူဋ္ဌေးကြီးက ဆုကောင်းကောင်းချမယ်တဲ့ "
ဆူညံစွာထွက်ပေါ်လာသော အသံများနှင့်အတူ ဝရုန်းသုန်းကား ပြေးလွှားသံများကြောင့် ဘီနာတို့ ခရီးသွားလေးဦးသည် အသံလာရာ ခြံဝန်းကျယ်ကြီးရှိရာဆီသို့ အကြည့်များ ရောက်သွားမိကြလေသည်။
"ဟာ "
"ဟင် "
" အို ... ဘုရားသခင် ကယ်တော်မူပါ "
" အို .." ဘီနာတို့ လေးဦးသည် မြင်လိုက်ရသော မြင်ကွင်းကြောင့် ကိုယ်စီ ဘုရားတမိလျက် ခြေလှမ်းများကို ရှေ့သို့ မဆက်နိုင်ကြဘဲ မြင်ကွင်းကို မင်သက်စွာရပ်တန့်ငေးမောကြည့်နေမိကြလေသည်။မြင်ကွင်းသည် မြူမှုန်များ အတန်ငယ်ပါးသွားပြီဖြစ်သောကြောင့် ရှင်းလင်း၍နေလေ ၏။ဘီနာတို့လူစု မြင်ကွင်းကို မြင်နေရသည်မှာ သူတို့ ကြည့်ဖူးနေကြအက်ရှင်ကားများကဲ့သို့ ရင်ဖိုစိတ်လှုပ်ရှားစရာကောင်းလှပေသည်။
လူငယ်တစ်ယောက်သည် တန်လျားခေါင်းမိုးများပေါ်တွင် အသက်လု၍ လျင်လျင်မြန်မြန်ပင် ပြေးလွှားနေလေသည်။ထိုလူငယ်၏ နောက်ပါးဆီမှ လူအချို့သည် ညာသံပေး၍ လိုက်နေကြလေသည်။ဤသို့ တန်းလျားခေါင်းမိုးထက်တွင် လူအချို့ပြေးလွှားနေသည်ကို ကြည့်ရသည်မှာ ခြေဖဝါးများထဲမှ ကျိမ်းစက်စက် ခံစားနေရသကဲ့သို့ သည်းထိတ်ရင်ဖိုရှိလှပေသည်။အချို့လည်း ကြည်နေစဉ်မှာပင် မြေပြင်ပေါ်သို့ ပြုတ်ကျကြလေသည်။တွေ့မြင်ရသည်မှာ ရှေ့ဆုံးမှ ပြေးနေသူရော နောက်မှ လိုက်နေသူများပါ အသွေးအရောင်တူရုံမျှမက ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း ဆင်တူဖြစ်သောကြောင့် ပြေးသူရောလိုက်သူများပါ စက်ရုံထဲမှ ဘ၀တူ အလုပ်သမားများဖြစ်ပုံရလေသည်။သို့ပါလျက် အဘယ်ကြောင့် ဤမျှ သဲကြီးမဲကြီး လိုက်လံဖမ်းဆီး နေကြသည်ကို ရပ်ကြည့်နေမိကြသော ဘီနာတို့ လူစုမှာ နားမလည်နိုင်အောင် ဖြစ်နေမိကြလေသည်။အဘယ်တွက်ကြောင့် လိုက်လံဖမ်းဆီးနေကြသည်ဖြစ်စေ အများနှင့်တစ်ယောက်သမားမို့ ထိုတစ်ယောက်ကို လွတ်မြောက်စေချင်မိကြလေသည်။
" မလွတ်စေနဲ့တဲ့ဟ...အရှင်မရရင် အသေဖမ်းကြ "
ကျယ်လောင်လှသော ထိုအသံကြောင့် ဘီနာတို့လူစုမှာ ရှေ့ဆုံးမှ ပြေးလွှားနေသော ထိုလူငယ်လေးကို သာ၍ပင်လွတ်မြောက်စေချင်မိကြလေသည်။
လူငယ်လေးသည် ခေါင်မိုးများပေါ်တွင် တလွှားလွှားပြေး၍နေလေသည်။တန်းလျားခေါင်မိုးများသည် အမြင့်ကြီးမဟုတ်သော်လည်း သာမန်အိမ်တစ်လုံးထက် ပို၍ မြင့်နေပေသည်။ခေါင်းမိုးချွန်၏ အကျယ်အဝန်းမှာလည်း ခြေတစ်ဖဝါးစာပင်ရှိပုံမရသောကြောင့် ကြည့်နေရသည်မှာ အသည်းတအေးအေးရင်တဖိုဖိုနှင့်ရှိပေသည်။ထိုခေါင်မိုးများအဆုံးထိ ပြေးနိုင်ခဲလျှင်တော့အဆုံး၌ သံဆူးကြိုးများဖြင့်ကာရံထားသော ခြံစည်းရိုးသာရှိပြီး ထိုစည်းရိုးကို လွတ်အောင်ခုန်ကျော်နိုင်ခဲ့လျှင် နှင်းရည်များများဖြင့် စိုစွတ်နေသော မြတ်ခင်း ထူသူများ ရှိလေသည်။ထိုသို့ဆိုလျှင် လူငယ်သည် သူ့နောက်မှ အပြေးအလွှား လိုက်လံဖမ်းဆီးနေကြသူများ၏ လက်မှ လွတ်မြောက်နိုင်ရန် လမ်းစရှိပေသည်။
"ဟာ ...သူကျသွားပြီး "
#ဘီနာ
ခရီးသွားရင်း အသက်ကိုအန္တရာယ်ပေးတဲ့ အထိ ကြောက်စရာ အဖြစ်ဆိုးနဲ့ ကြုံဆုံလိုက်ရတဲ့ မိန်းခလေး....
ဒီအန္တရာယ်တွေက လွတ်မြောက်ဖို့ မိန်းခလေး ဘယ်လို ကြိုးစားရုန်းကန်မလဲ ....
လွတ်မြောက်သွားမှာလား
#ဘီနာ
အပိုင်း ( ၁)
*****
အချိန်က နံနက်ဆယ်နာရီဝန်းကျင်။မြို့ငယ်လေး၏ ရှည်လျား ဖြောင့်တန်းသော လမ်းမတစ်လျှောက်လုံး မြူများသည် ဝေဝေဝဲဝဲကျဆင်းလျက်။ မြူများကြောင့် ခပ်လှမ်းလှမ်းရှိ အရာ၀တ္တုများနှင့် ပုံပန်းသဏ္ဍာန်များသည်လည်း မပီမပြင် မသဲမကွဲ။ ရာသီဥတုကြောင့် လမ်းပေါ်တွင်လည်း အသွားအလာများကျဲပါးလျက်သာ။
" လမ်းမကြီးအတိုင်း သွားနေရင်တော့ ရထားကိုမီမယ် မထင်ဘူး ... စက်ရုံလမ်းက သွားကြစို့ "
အသံမှာ ရှေ့မှလျှောက်သွားသော လူနှစ်ယောက်ဆီမှ ပေါ်ထွက်လာခြင်းပင်။ထိုအသံကိုကြားလိုက်ရသောအခါ ကျောပိုးအိတ်ကိုင်ကြိုးတစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်၍ ခပ်သွက်သွက် လျှောက်လှမ်းနေသော ဘီနာသည်လည်းကောင်း၊ ဘီနာနှင့် မလှမ်းမကမ်းတွင်ခပ်သုတ်သုတ် လျှောက်နေသော အသက်ခပ်ကြီးကြီး လူကြီးသည်လည်းကောင်း ရှေ့မှ နှစ်ယောက်ဆီသို့ လှမ်းကြည့်လိုက်ပြီးလျှင် နှစ်ဦးသား တိုင်ပင်ထားသည့် အလား ရှေ့မှ လူနှစ်ယောက်ချိုး ကွေ့ဝင်သွားသော လမ်းလေးထဲသို့ လိုက်၍ ဝင်ခဲ့ကြလေသည်။သေချာသည်မှာ ဘီနာ အပါအဝင် လေးဦးသားသည် ယနေ့အဖို့၌ မြို့လေး၏ ဘူတာရုံအိုလေးတွင် ဆိုက်ရောက်မည့် တစ်စင်းတည်းသော ရထားကို အမီ သွားရောက်နေကြခြင်းဖြစ်လေသည်။
ဘီနာသည် မြို့လေးသို့ သိပ်မကြာသေးသော အချိန်ကာလက ရောက်လာခြင်းဖြစ်လေသည်။မြို့လေးသည် ဘီနာ ဖခင်၏ မွေးရပ်ဇာတိမြို့လေး ဖြစ်သည်။မြို့လေးသို့ ဘီနာ ရောက်လာရခြင်းရည်ရွယ်ချက်မှာ ဖခင်ကြီးချန်ထားခဲ့သော မျိုးရိုးစဉ်ဆက် အမွေခံအိမ်ကို ပြုပြင်ထိန်းသိမ်းရန်ရောက်လာခဲ့ခြင်းပင်။အကယ်၍ အဆင်ပြေခဲ့လျှင် သူမသည်လည်း ဤမြို့လေး၌ပင် အခြေချနေထိုင်သွားရန် ဘီနာ စီစဉ်စိတ်ကူးထားခဲ့လေသည်။သို့သော်လည်း ဘီနာစိတ်ကူး စီစဉ်ထားသမျှသည် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ လွဲချော်ခဲ့ရလေသည်။ရောက်ရောက်ခြင်းဘီနာ မြင်တွေ့လိုက်ရသည်မှာ လူသူကင်းမဲ့နေသော ခြံဝန်းကျယ်ကြီးနှင့်အနီရောင် အုပ်ကြွပ်မိုးအိမ်လေးမဟုတ်တော့ဘဲ သစ်လုံးအိမ်များ အစီအရီ ဆောက်ထားသော အိမ်များနှင့် သစ်ရွက်ကြွေများဖြင့်ပြည့်နှက်နေသော ရှုပ်ရှုပ်ပွေပွေ အိမ်များသာ ဖြစ်လေသည်။နားမလည်နိုင်သော ထိုအခြေအနေကို အဖြေရှာကြည့်သောအခါ ထိုအိမ်များသည်လည်း အခမဲ့နေထိုင်ကြခြင်းမဟုတ်ဘဲ အခကြေးငွေနှင့် ငှါးရမ်းနေထိုင်ကြခြင်း သို့မဟုတ် တစ်ပိုင်တစ်နိုင် ဝယ်ယူထားကြခြင်းပင်။အဖြစ်မှန်များကို သိလိုက်ရသောအခါ ဘီနာလွန်စွာစိတ်ပျက်ခဲ့ရသလို ဒေါသလည်းထွက်ခဲ့ရသည်။ဘီနာ၏ ဘိုးဘွားပိုင်မြေကို အလွဲသုံးစားလုပ်ထားသူမှာ မြို့လေး၏ အထင်ကရပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေမှန်းသိလိုက်ရသောအခါ ဘီနာမှာအားမတန်မာန်လျှော့ခဲ့ရလေသည်။အမှန်စစ်စစ် အသက်နှစ်ဆယ်အရွယ်သာရှိသေးသော မိန်းမပျိုလေး ဘီနာမှာ ထိုအခြေအနေကို မည်သို့မျှမတတ်နိုင်၊ မယှဉ်ပြိုင်နိုင်ဘဲ စျေးပေါသော တည်းခိုရိပ်သာတစ်ခုတွင် သုံးလေးရက်မျှတည်းခိုခဲ့ပြီးနောက် မတတ်သာသည့်အဆုံးတွင် လာရာလမ်းသို့တပ်ခေါက်၍ ပြန်ခဲ့ရခြင်းဖြစ်လေသည်။ခေါင်းမာမာနှင့် ဆက်နေလျှင်လည်း ဘီနာအတွက် အကျိုးမရှိသည့်အပြင် အကျိုးယုတ်နိုင်ခြေသာ ရှိသောကြောင့် ပြန်ခဲ့ရသည်ဟု ဆိုရလျှင် ပို၍မှန်ပေမည်။
" ဒီလမ်းက လမ်းတိုဗျ ... ဘူတာကို ရောက်ဖို့ အတိုဆုံးလမ်းဆိုပါတော့ ...ဒါပေမဲ့ဗျာ ...သိတဲ့အတိုင်းပဲ ဒီလမ်းမှာ သူဌေးကြီးရဲ့ စက်ရုံကြီးက ရှိနေလေတော့ တော်ရုံဖြတ်သွားဖြတ်လာလုပ်သူတွေကို မကြိုက်ချင်ဘူး ...ပြောရရင် လမ်းကို သူတို့အပိုင် သိမ်းထားသလိုပေါ့ ....လမ်းနာမည်တောင် စက်ရုံလမ်းဖြစ်နေတာသာ ကြည့်ပေတော့ "
ပြောသူက သူတို့အချင်းချင်းပြောနေကြခြင်းသာ။အသံက ဘီနာ၏နားထဲသို့တိုင် ၀င်ရောက်လာလေသည်။စကားသံအရဆိုလျှင် ထိုသူနှစ်ယောက်အနက် တစ်ယောက်သည် မြို့ခံလူဖြစ်ပြီး တစ်ယောက်မှာ ဧည်သည်ဖြစ်ဟန်တူပေသည်။
"ဟာဗျာ ....ဒီလိုဆို ကျုပ်တို့ သွားလို့ရော ဖြစ်ရဲ့လားဗျာ "
မြို့ခံ၏စကားကို ဧည့်သည်ဖြစ်သူသည် အထိတ်တလန့်နှင့် ပြန်၍ မေးလိုက်လေသည်။
"ဒီလောက်တော့ ရပါတယ်ဗျ...ကျုပ်တို့ကလဲ ကိုယ့်လမ်းကိုယ်သွားတာပဲလေ ... ကျုပ်ပြောတာက သူတို့စက်ရုံနားကို သွားပြီး စပ်စပ်စုစုလုပ်တဲ့သူတွေကို ပြောတာပါ "
မြို့ခံ၏ စကားကြောင့် ဧည့် သည်ဖြစ်ဟန်တူသူက ဟင်းခနဲ သက်ပြင်ချလိုက်သကဲ့သို့ ဘီနာသည်လည်း သက်ပြင်းတစ်ချက်လေးလေးပင်ပင်ချလိုက်မိလေသည်။အကယ်၍ မြို့ခံလူ ပြောသကဲ့သို့ ပြဿနာတစ်စုံတစ်ရာပေါ်လာခဲ့သည်ရှိသော် ယနေ့အဖို့ တစ်စင်းတည်းသော မီးရထားနှင့် လွဲသွားနိုင်သည်မဟုတ်ပါလား။ထိုအခြေအနေမျိုးကိုဖြင့် ဘီနာအဖြစ်မခံနိုင်ပါ။အကယ်၍ ဤမြို့၌ ထပ်မံ၍နေရသည်ရှိသော် ဘီနာသည်လည်း အသတ်ခံရမည်လား။ မဟုတ်လျှင် ဘီနာသည်လူသတ်မိလေမည်လား။ထိုဆိုးဝါးသော အခြေအနေကို ရင်မဆိုင်ဝံ့၍ ဘီနာရှောင်ထွက်ခဲ့ခြင်းမဟုတ်ပါလား။ ဘီနာတို့၏ မိဘဘိုးဘွား အမွေအနှစ်ကို မတရားလုပ်ထားမှန်းသိသော်လည်း ဘီနာလိုသေးသေးကွေးကွေး မိန်းမငယ်လေးက မည်သို့တတ်နိုင်ပါမည်နည်း။
သလင်းဖြူက ထွဋ်ခေါင်ကို လက်သီးနှင့်ရွယ်၍ပြောလိုက်သည်။
ထွဋ်ခေါင်က သလင်းဖြူ၏လက်ကလေးကို သူ့လက်အစုံနှင့် ဆုပ်ကိုင် ဆွဲယူလိုက်လေသည်။
===================
ပြီးပါပြီ
အစမှ အဆုံးတိုင် ဖတ်ရှုပေးကြတဲ့ စာချစ်သူများကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်......
အမှားအယွင်းများစွာအတွက်လည်း စာချစ်သူတွေကို တောင်းပန်ပါတယ်ရှင်
ဆက်လက်၍ ကြိုးစားပါအုံးမည်
ဧကြည်ဖြူ
2 - 5. 2022
( 8: 5 .PM )
တနင်္လာ
ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
စာဖတ်ခ ၁၀၀၀ကျပ် ပေးသွင်းလိုသူများအတွက်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
LiKe & Comment & Share လေးတွေနဲ့ ကူညီပေးကြပါအုံးရှင်
ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ
ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ
စာဖတ်သူများအားလုံးကို
ကျေးဇူးတင်ချစ်ခင်လျက်ပါ
A Kyi Phyu
#ဧကြည်ဖြူ
"ပြောပုံအရ ကတော့ ...အဲ့ဒီနေ့က ဦးမြင့်အေးက ...အိမ်မှာ ဘယ်သူမှ မရှိတဲ့ အချိန်မှာ ဒေါ်သီနဲ့ အစီအရင်တွေလုပ်ဖို့ ချိန်းထားတာတဲ့ ...ကံဆိုးချင်တော့ မင်းတို့ဒေါ်လေးကလဲ အဲ့ဒီနေ့မှာ ကိုယ့်ဦးလေးနဲ့ အိမ်မှာချိန်းထားတော့ ...ဘယ်သူမှ မသိအောင် အိမ်ကို ပြန်လာခဲ့တယ်နဲ့တူတယ် ... နောက်တော့ ဦးမြင့်အေးနဲ့ ဒေါ်သီတို့ ပြောနေတာတွေကို ကြားသွားခဲ့တယ် ...အဲ့ဒီမှာပဲ ဦးမြင့်အေးက မောင်နှမတွေကို အမွေခွဲ မပေးချင်လို့ တစ်ယောက်ပြီးတစ်ယောက် ဒုက္ခရောက်အောင် ... သေအောင် အောက်လမ်းဆရာမ ဒေါ်သီနဲ့ လုပ်နေတာကို သိသွားခဲ့တယ်လေ..အဲ့ဒီမှာပဲ ဦးမြင့် အေးက ဒေါ်လေးကို နှုတ်ပိတ်ခဲ့တယ် .... နောက်တော့ ကိုယ့်ဦးလေးက ရောက်လာလို့ မီးခိုး ကြွက်လျှောက်ပေါ်လာမှာစိုးပြီး ဦးလေးကိုပါ သတ်ခဲ့တာပဲ ..... သူ့သားသမီးတွေကလွဲလို့ တခြားသူတွေကို လူလို မမြင်တတ်တဲ့ သူ့အတ္တက သိပ်ကို ကြောက်စရာကောင်းတယ် "
ထွဋ်ခေါင် ပြောနေတာတွေကို နားထောင်နေရင်းမှ သလင်းဖြူ၏ပါးပြင်ပေါ်သို့ မျက်ရည်များစီးကျလာရသည်။လူတစ်ယောက်၏ အတ္တနှင့် လောဘကြောင့် အချိန်မတိုင်မီ ကြွေလွင့်ခဲ့ရသူများအတွက် ရင်ထဲတွင်နာကျင်၍နေမိသည်။
"နေလင်းက မင်းကို တွေ့ချင်နေပုံရတယ် ...တစ်ခေါက်လောက်သွားတွေ့မလား ...ကိုယ်လိုက်ပို့ပေးမယ်လေ "
ထွဋ်ခေါင် စကားကို သလင်းဖြူ မကြားသလို မသိဟန်ဆောင်၍ နေလိုက်လေသည်။
~~~~~~
" ကျွန်တော် တောင်းပန်ပါတယ် ...တောင်းပန်ပါတယ်နော် "
နေလင်းသည် သလင်းဖြူကို ကြည့်ပြီး တောင်းပန်စကားကို မရပ်မနား ပြောနေလေသည် ။
" ကျွန်မအသက်ကို ကယ်ပေးခဲ့တဲ့အတွက် ရှင့်ကို ကျေးဇူးတင်ပါတယ် ... တစ်နေ့ ထောင်ကလွတ်လာခဲ့ရင် ဘဝကို ကောင်းကောင်းမွန်မွန်ဖြတ်သန်းပါ .. ဒီဘဝတော့ရှင်နဲ့ နောက်ထပ်မတွေ့ရဖို့ပဲ မျှော်လင့်ပါတယ် "
သလင်းဖြူသည် ပြောပြီးသည်နှင့် အပြင်သို့ထွက်လာခဲ့သည်။
ကျန်ခဲ့သော နေလင်းမှာ သလင်းဖြူ၏ နောက်ကျောပြင်ကိုကြည့်၍ အံကိုတင်းတင်းကြိတ်ထားသည့်ကြားမှ ပါးပြင်ပေါ်သို့ မျက်ရည်များ တစ်ပေါက်ပြီး တစ်ပေါက်စီးကျလာလေသည်။
နေလင်း၏အနီးတွင် စောင့်ကြည့်နေသော အစောင့်တပ်သားနှစ်ယောက်သည်ပင် ယောကျာ်းတန်မဲ့ အံကြိတ်၍ ငိုနေသော နေလင်းကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိကြသောကြောင့် မျက်နှာများကို ဘေးသို့ အနည်းငယ်လွှဲထားကြလေသည်။
~~~~
"ကဲ ... အားလုံးစုံပြီဆိုရင် ပြောမယ် ...ဒီခြံနဲ့ ဒီအိမ်ကတော့ မိဘဘိုးဘွားအမွေအနှစ်အဖြစ် ဒီတိုင်းပဲထားမယ်...နေချင်တဲ့သူလာနေကြ ....ကျန်တဲ့ လယ်တွေ ခြံတွေနဲ့ ပွဲရုံကို အကုန်ရောင်းပြီး လှူဖို့တန်းဖို့ တစ်ပုံနဲ့ ကျန်တာတွေကို အညီအမျှ ခွဲပေးမယ် ... ဒီနေ့ပဲ အလှူရက်ကို သက်မှတ်ကြတာပေါ့ ...မောင်ထွဋ်ခေါင်တို့ကိုလဲ ကြီးကြီးတို့ကပဲ အနူးအညွှတ် တောင်းပန်ပါတယ်ကွယ် ... မောင်ထွဋ်ခေါင်ရဲ့ ဦးလေး အတွက်ပါ အလှူလုပ်မှာမို့ မောင့်ထွဋ်ခေါင်ရဲ့ မိဘဆွေမျိုးတွေကိုပါ ဖိတ်ပါအုံး ~~~~~~~
"ဘယ်နေ့ ပြန်မှာလဲ "
ထွဋ်ခေါင်က သလင်းဖြူကို ကြည့်၍ မေးလိုက်သည်။
"သဘက်ခါ ပြန်မှာ ...ရှင် ရောမပြန်သေးဘူးလား "
"အင်း မင်းပြန်မှ ပြန်မလို့ လေ ... "
"ဘာဆိုင်လို့လဲ ...ရန်ကုန်နဲ့မန္တလေး တစ်လမ်းစီကို "
သလင်းဖြူက ထွဋ်ခေါင်၏ စကားကို နားမလည်နိုင်ဘဲ ပြန်ပြောလိုက်သည်။
ထွဋ်ခေါင်က သလင်းဖြူမျက်နှာကို ကြည့်လိုက်ပြီး ခပ်တိုးတိုးမေးလိုက်သည်။
"နိုင်ငံခြားသွားအုံးမှာလား ... မန္တလေးမှာ မနေချင်ဘူးလား "
"ဟင် ... ဘာပြောတာလဲ... "
သလင်းဖြူက အူလည်လည်နှင့် ပြန်မေးလိုက်သည်။
" မင်းရန်ကုန်ပြန်ရင်... မင်းရဲ့ အဖေ့ဆီမှာ မင်းကို လိုက်တောင်းမယ်လို့ ပြောတာလေ "
"ဘာတွေပြောနေတာလဲ ... ကျွန်မက နိုင်ငံခြားသွားမှာ သိရဲ့လား "
သလင်းဖြူက ထွဋ်ခေါင်ကို မျက်စောင်းထိုးပြီး ပြောလိုက်သည်။
"နိုင်ငံခြား မသွားရပါဘူး ... မန္တလေးမှာလိုက်နေရမယ် ...လူကြီးတွေကိုလဲ ဖွင့်ပြောပြီးသွားပြီးကွ ...ဒါကအမိန့်ပဲ "
"အံမယ် သူ့စကားကို ဘယ်သူက နားထောင်မှာလဲပြော "
"ဟုတ်ကဲ့ပါ... ကြီးကြီး "
ဒေါ်ကြည်အေး၏ စကားကို ထွဋ်ခေါင်က ခေါင်းငြိမ့်အဖြေပေးလိုက်လေသည်။
"သမီး သလင်းဖြူနဲ့ ယောင်းမကိုလဲ တောင်းပန်ပါတယ် ... စီးပွားရေးကိုပဲ ဂရုစိုက်နေခဲ့မိပြီး မိသားစုတွေကို ပစ်ပယ်ထားခဲ့မိသလို ဖြစ်ခဲ့ရတယ် ...ခုလိုအားလုံးဖြစ်သွားရတာ အကြီးဖြစ်တဲ့ ကြီးကြီးရဲ့ ပေါ့ဆမှုတွေကြောင့်ပါသမီး သလင်းဖြူ....သမီးကိုလဲ နိုင်ငံခြားကို မသွားစေချင်လို ငွေကို ထုတ်မပေးခဲ့တာပါ ...ကြီးကြီးရဲ့ အတ္တတွေကြောင့် ကြီးကြီး တူမလေး ဒုက္ခရောက်တော့မလို့ ကံကောင်းလို့ပေါ့ကွယ်'
ဒေါ်ကြည်အေးသည် စိုင်းရန် နိုင်၏ မိခင်နှင့် တူမဖြစ်သူသလင်းဖြူကို တောင်းပန်စကားဆိုလိုက်ရင်းမှပင် ပါးပြင်ပေါ်သို့ မျက်ရည်များ ပိုးပိုးပေါက်ပေါက်စီးကျလာလေသည်။
"ညီမရဲ့ အပြစ်တွေလဲ ပါပါတယ် ...မမကြည်ရယ် ....တူတွေ တူမတွေကို အပြစ်တွေပဲ မြင်နေမိတဲ့ ညီမရဲ့အပြစ်တွေပါ
ဒေါ်ခင်အေးသည်လည်း အစ်မဖြစ်သူနှင့်အပြိုင် ငိုပါလေတော့သည်။
ဇော်ထိုက်ကတော့ ပြန်လည်ကျန်းမာလာစ ဦးလေးဖြစ်သူကို ဖေးကူတွဲ၍ ထားလေသည်။
ရေနှင့်လောင်း၍ အနှိုးခံလာရသော နေလင်း အအစ်ကိုဖြစ်သူမှာ နေလင်းအား မျိုးစုံအောင် ဆဲဆို၍လိုက်ပါလာလေသည်။
" နွား ..မိန်းမတစ်ယောက် အတွက်နဲ့ တစ်သက်လုံးစောင့်ရှောက်လာခဲ့တဲ့အစ်ကိုအရင်းကို သစ္စာဖောက်တယ်ပေါ့လေ .. မင်းဘေးနားမှာ မိန်းမလှလေးတွေ ဒီလောက်ပေါနေတာကို ...ဒီရုပ်ဆိုးမကိုမှ ကြိုက်ရလား နွားရဲ့ ...အေး မင်းကို ငါသတ်မယ် ...မင်းကို သတ်ပြီးမှ ကြိုးစင်တက်ပြမယ် "
"ဟိတ်လူ ...ခင်ဗျား ပါးစပ် မပိတ်ဘူးလား ... ပိတ်ပေးရမှာလား ပြော "
တာဝန်ရှိသူတစ်ယောက်က ခပ်ငေါက်ငေါက်ပြောပြီး ရိုက်ရန် လက်ရွယ်လိုက်သောအခါမှ ပါးစပ်ပိတ်သွားလေတော့ သည်။
~~~~~~~
လူစုံတက်စုံရှိနေသော ဧည့်ခန်းထဲသို့ သလင်းဖြူ မျက်နှာထားတင်းတင်းနှင့်ပင် ဝင်သွားလိုက်လေသည်။ သလင်းဖြူကိုမြင်ကြသောအခါ စိုးရိမ်ပူပန်နေသော မျက်နှာများကို တွေ့လိုက်ရသလို အံ့ဩ ထိတ်လန့်သွားကြသော မျက်နာများကို အချိန်မီ ဟန်ဆောင်လိုက်ကြသော မျက်နှာများကိုလည်း တွေ့လိုက်ရလေသည်။
"သလင်းဖြူ .. သူမကြီး ဘယ်တွေကို သွားနေဘာလဲကွယ် ...ဒီမှာ လူကြီးတွေ စိတ်ပူနေကြပြီ "
"ဟဲ့ကောင်မလေး ...နင်ဘာဖြစ်လို့ တစ်မျိုးပြီး တစ်မျိုး ဒုက္ခပေးနေရတာလဲဟင် "
" တူမကြီးရယ် သွားစရာရှိရင်လဲ ဘကြီးတို့ကို ပြောသွားတာ မဟုတ်ဘူး "
အားလုံးက တစ်ယောက်တစ်ပေါက်နှင့် ပြောဆိုကြလေသည်။ရွှေရည်ဝင်းသည် သလင်းဖြူ ၀င်လာပြီးနောက် အခန်းထဲသို့ ဝင်လာသောထွဋ်ခေါင်ကို ကြည့်ပြီး ဒေါသစိတ်ဖြင့် ထိုင်ရာမှ ထလိုက်ပြီးလျှင် သလင်းဖြူကို ဒေါသနှင့် ဆူပူပြောဆိုလိုက်လေသည်။
" နင်က လူကြီးတွေကို ဒုက္ခ လာပေးနေတာလား သလင်းဖြူ ...နင့်ဘာသာ မနေတတ်မထိုင်တတ်နဲ့ သွားချင်ရာသွား... နေချင်သလို နေနဲ့ အလေလိုက်နေတာ အရေးမကြီးဘူး ........."
"ဖြန်း "
" အား "
".. နင် ...နင် ငါ့ကို ပါးချတယ်ဟုတ်လား သလင်းဖြူ "
"ဟဲ့ ...ဟဲ့ နင်က ငါ့သမီးကို ဘာလို့ ပါးချရတာလဲ "
"မိသလင်းဖြူ ...ဒါက ဘာလုပ်တာလဲ... နင်အလေလိုက်နေတာပဲလေ မဟုတ်ဘူးလား ...ငါ့တူမကို ဘာလို့ ပါးချရတာလဲ...နင်က ဘာကောင်မလဲ "
ရွှေရည်ဝင်း၏ စကားမဆုံးမီမှာပင် သလင်းဖြူက ရွှေရည်ဝင်း၏ပါးကို ချလိုက်သောကြောင့် ရွှေရည်ဝင် အပါအဝင်၊ ဒေါ်ကြူကြူဝင်းနှင့် ဒေါ်ခင်အေးတို့၏ ဒေါသသံများ ထွက်ပေါ်လာခြင်းဖြစ်လေသည်။
သလင်းဖြူကမူ အားလုံးကို ဂရုမစိုက်ဘဲ ရွှေရည်၀င်း၏ မျက်နှာကို တည့်တည့်ကြည့်လိုက်ပြီး
"နင့်ကို ဘာလို့ရိုက်တာလဲ သိလား ရွှေရည်ဝင်း .....မသိရင်မှတ်ထား ....ပညာတွေသင်ထားပြီး...အသိဉာဏ်မဲ့လို့ရိုက်တာ ...မိဘက လမ်းမှားကို လိုက်နေရင် တားမြစ်ရမှာက သားသမီးကောင်းတစ်ယောက်ရဲ့တာဝန်ပဲ သိရဲ့လား ... နင့်အဖေက လူ့သက်တမ်းအရဆို လူ့ပြည်မှာ ဘယ်လောက်ထပ်နေရအုံးမလဲ နင်တွက်တတ်မဟုတ်လား ...ဘာလဲ နင်တို့မောင်နှမတွေ ချမ်းချမ်းသာသာနေရဖို့ နင့်အဖေက သူ့သွေးသားအရင်းတွေကို သတ်နေတာကို နင်တို့ကကျေနပ်နေတာလား ... "
" သလင်းဖြူ နင့်ပါးစပ်ကို ပိတ်စမ်း ....နင်က မြင့်အေးကို ဘာထင်နေတာလဲ... နင့်ကို သတ်ပြီးမှ ထောင်ထဲဝင်မယ် ... ဟော့ဒီအိမ်ကြီးက ပစ္စည်းဥစ္စာတွေနဲ့ ခြံတွေက ငါကြိုးစားလို့တိုးပွားခဲ့တာ.....ငါ့သားသမီးတွေပဲ ရထိုက်တယ် ... `
သလင်းဖြူက ရွှေရည်ဝင်းကို ပြောဆိုနေစဉ်မှာပင် ဦးမြင့်အေးသည် နံရံတွင် အလှချိတ်ဆွဲထားသော ဓါးရှည်ကို ဆွဲဖြုတ်၍ သလင်းဖြူကို ကြိမ်းမောင်းလိုက်လေသည်။
"ဦးမြင့်အေး လက်ထဲက ဓါးကိုချလိုက်ပါ ...ဦးမြင့်အေးကို ဒေါ်ရင်အေးနဲ့ ဦးသက်ဝေကို သတ်မှုနဲ့ ဖမ်းဆီးလိုက်ပါပြီ ..."
" ဟဲ့ ..ဟဲ့ ... ဘာဖြစ်ကြတာလဲ ...မြင့်အေး ဘာဖြစ်တာလဲ ...တူမကြီး သလင်းဖြူ... ဘာတွေဖြစ်ကုန်တာလဲ ကြီးကြီးတို့ကိုလဲ ပြောပါအုံး "
" ဘာ ..ဘာပြောတယ် အစ်ကိုမြင့်အေးက လူသတ်တယ် ဟုတ်လား "
ဓါးရှည်နှင့် သလင်းဖြူအားကြိမ်းမောင်းနေသော ဦးမြင့်အေးကို တာဝန်ရှိသူများက လက်ထိပ်ခတ်ဖမ်းဆီးလိုက်ချိန်မှာတော့ တစ်အိမ်လုံး ပွက်လောရိုက်ဆူညံသွားကြလေသည်။
~~~~~~~
"မိုက်လိုက်တာ မြင့်အေးရဲ့...အဲ့ဒါ့ နင့် ညီနဲ့ ညိမတွေလေ ... နင် မွေးထားတဲ့ နင့်သားသမီးတွေကပဲ လူလား ...နင် ဒီလောက် ဥစ္စာမက်နေရင် ငါ့ကို ပွင့်ပွင့်လင်းလင်းပြောပါလားဟဲ့... ငါ ငွေရှာနေတာ နင်တို့ အားလုံးအတွက်လေ ... လူသတ်သမားကြီးရဲ့ ...အီး ...ဟီး ..ဟီး ...အမယ်လေး ...ညီမလေး ရင်အေးရေ "
ခေါ်ကြည်အေးသည် မောင်ဖြစ်သူကို ဦးမြင့်အေးကို ထုရိုက်ကာ အော်ဟစ်၍ ငိုလေသည်။နှုတ်ကြမ်းအာကြမ်းရှိလှသော ဒေါ်ခင်အေးသည်ပင် အစ်ကိုဖြစ်သူ၏ မယုံကြည်နိုင်စရာ အဖြစ်အပျက်ကြောင့် ဆွံ့အမင်သက်လျက်ရှိလေသည်။
~~~~~~
"ဘာလို့ သတ်လိုက်တာလဲဆိုတာကို ဝန်ခံပြီလား ကိုထွဋ်ခေါင် "
ရေတွင်းထဲမှ အလောင်းများကို ဆယ်ယူရန် လုပ်နေကြသူများကို ကြည့်နေရင်းမှ သလင်းဖြူက ထွဋ်ခေါင်ကို မေးလိုက်သည်။သလင်းဖြူသည် ဘကြီးဖြစ်သူကို နာကြည်းမုန်းတီးလွန်း၍ တရားရုံသို့ လိုက်သွားခြင်းမပြုဘဲ သိလိုသမျှကို ထွဋ်ခေါင်ကိုသာ မေးမြန်းလေ့ရှိလေသည်။
အစ်ကိုစိုင်းရန်နိုအကြောင်းပါလာသောအခါ သလင်းဖြူ ဝမ်းနည်းလွန်း၍ မျက်ရည်ကျမိပြန်သည်။
သလင်းဖြူကိုယ်တိုင်ကပင် အစ်ကိုစိုင်းရန်နိုင်ကို အထင်လွှဲခဲ့မိသည်များကို ပြန်တွေးလိုက်မိသောအခါ မျက်ရည်များက တားဆီးမရနိုင်အောင်ပင် ပါးပြင်ပေါ်သို့ စီးကျလာလေသည်။
နေလင်းသည် မျက်ရည်များဖြင့် ပြည်လျှံနေသော သလင်းဖြူ၏မျက်နှာကို မဝံ့မရဲကြည့်ပြီးလျှင် သူ၏ စကားကို ဆက်လိုက်သည်။
"တစ်နေ့ကျတော့ သူဌေးက ကျွန်တော့်ကို ခေါ်ပြီး အခြားလူတစ်ယောက်လို ဟန်ဆောင်ရမယ်လို့ ပြောခဲ့တယ် ... အဲ့ဒီလူ ဟန်ဆောင်ပြီး သူ့တူမနဲ့ သူငယ်ချင်းတွေအဖြစ် ရင်းရင်းနှီးနှီးနေရမယ်... သူ့တူမ ဘာလုပ်လဲ ဘယ်သွားလဲ ...ဘာတွေသိထားလဲ ဆိုတာကို ကျွန်တော်က စုံစမ်းပြီး သူ့ကို အကုန်ပြန်ပြောပြရမယ်ဆိုပြီး ခိုင်းခဲ့တယ် "
"ရှင် ...ရှင်တို့ တော်တော်ယုတ်မာကြတာပဲ ..."
သလင်းဖြူ ဒေါ်သတကြီးနှင့် အော်ဟစ်ပစ်လိုက်မိသည်။
နေလင်းသည် ခေါင်းကို ငိုက်စိုက်ချ၍ထားပြီး သလင်းဖြူကို တောင်းပန် တိုးလျှိုးသော မျက်နှာနှင့် ငေးကြည့်နေသည်။
"ဒါ ...ဒါဆို ... အစ်ကိုစိုင်းရန်နိုင်ကိုရော ရှင်တို့ သတ်ခဲ့တာလား ...ပြီး ..ပြီးတော့ ကျွန်မကို ဆိုင်ကယ်နဲ့တိုက်ခဲ့တာကရော...ဂိုထောင်ထဲမှာ မြွေတွေ့တဲ့ကိစ္စကရော "
သလင်းဖြူ တုန်တုန်ယင်ယင်နှင့် မေးလိုက်မိသည်။
"အစ်ကိုပါ .. အားလုံးကို ကျွန်တော့် အစ်ကိုလုပ်ခဲ့တာ ..ငွေအတွက် လောဘဇောတိုက်နေတဲ့ အစ်ကိုက သူခိုင်းသမျှ အကုန်လုပ်ခဲ့တယ် ... ဒါပေမဲ့ မသလင်းဖြူကို သတ်ခိုင်းတဲ့ကိစ္စကို ကျွန်တော် သဘောမတူခဲ့ဘူး ...ဒါကြောင့် အစ်ကို ကြံစည်ခဲ့တာတွေကို လိုက်ပြီး နှောက်ယှက်ခဲ့တယ် .."
သလင်းဖြူသည် မယုံကြည်နိုင်အောင်ပင် ဖြစ်မိလေသည်။ငွေအတွက် သွေးသားရင်းချာများအပေါ် ဤမျှရက်စက်ယုတ်မာလိမ့်မည်ဟု တွေးထင်မထားခဲ့မိပါချေ။
"ဒါဆို ...ကျွန်မအခန်းထဲကို ညဘက် ခိုးဝင်လာတဲ့သူက ဘယ်သူလဲ ရှင်လား "
" ကျွန်တော့် အစ်ကိုပါ ...အခန်းထဲကို ညဘက် ခိုးဝင်တာတင မဟုတ်ဘူး ...လည်ဆွဲကိုပါ ယူပြီး ... မသလင်းဖြူ အခန်းထဲမှာ ထည့်ထားခဲ့တာလဲ အစ်ကိုပါပဲ "
"ဘာ ..ဘယ်လို.....လူယုတ်မာတွေ ...လူလိမ်တွေ..."
သလင်းဖြူ ဒေါသထွက်လွန်း၍ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိလေသည်။
"ဒါ ..ဒါနဲ့ ..ဦးငယ်ရော ...ဦးငယ် ဘယ်မှာလဲ ..ဦးငယ်ကိုရော သတ်လိုက်ကြပြီလား ..ဦးငယ်သေတာရော ကျွန်မ ကြောင့် မဟုတ်လား ...ကျွန်မအကြောင်း အကုန်လုံးကို ရှင့်ကို ပြောပြခဲ့မိတာက ... ကျွန်မအစ်ကိုနဲ့ ကျွန်မဦးလေးကို သတ်ပါတော့ဆိုပြီး သတင်းပေးသလို ဖြစ်ခဲ့တာ မဟုတ်လား "
သလင်းဖြူ အရူးတစ်ယောက်လို ဆောက်တည်ရာမရတော့ဘဲ့ အထိတ်တလန့်နှင့်မေးလိုက်မိသည်။
"ကျွန်တော် .. ကျွန်တော် အဖမ်းခံမှာပါ ... အပြစ်တွေအားလုံးအတွက် ကျွန်တော် အပြစ်ဒဏ်တွေကို ခံယူမှာပါ .. ကျွန်တော့်ရဲ့ ဖုန်းထဲမှာ သူဌေးခိုင်းခဲ့တာတွေကို ဗီဒီယို ခိုးရိုက်ထားတာတွေရှိပါတယ် ... ဗီဒီယိုတွေကို မသလင်းဖြူ ဖုန်းထဲကိုလည်း ထည့်ပေးထားပါတယ် ... ကျွန်....ကျွန်တော် တောင်းပန်ပါတယ် မသလင်းဖြူ "
"သလင်းဖြူ ...သလင်းဖြူ "
သလင်းဖြူ အံကိုတင်းတင်းကြိတ်၍ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး နေလင်းကို စူးစူးဝါးဝါးစိုက်ကြည့်နေမိစဉ်မှာပင် သလင်းဖြူနာမည်ကို ခေါ်သံကြားလိုက်ရလေသည်။
" ကိုထွဋ်ခေါင် "
ထွဋ်ခေါင်၏ ခေါ်သံကြားလိုက်ရသည်နှင့် သလင်းဖြူ လှမ်း၍အသံပေးလိုက်သည်။
"သလင်းဖြူ မင်းဘာဖြစ်သွားသေးလဲ...."
ထွဋ်ခေါင်က စိုးရိမ်တကြီးမေးလိုက်ရင်း သလင်းဖြူ၏ ကိုယ်လုံးလေးကို လှမ်း၍ ဆွဲယူ ပွေ့ဖက်လိုက်လေသည်။
"ကျွန်မ ... ကျွန်မက ဘာမှမဖြစ်ပါဘူး ... ကျွန်မဒေါ်လေးရောင်.... ရှင့်ဦးလေးပါ အသတ်ခံလိုက်ရပြီတဲ့ .. ပြီး ..ပြီးတော့ အစ်ကိုစိုင်းရန်နိုင်နဲ့ ဦးငယ်လဲ ကျွန်မကြောင့် ...ကျွန်မကြောင့် သေရတာရှင့် ...ကျွန်မက သူ့ကို ကျွန်မသူငယ်ချင်းအမှတ်နဲ့ အကုန်လျှောက် ပြောပြခဲ့မိလို့ ကျွန်မအစ်ကိုနဲ့ ကျွန်မဦးလေးက အသတ်ခံလိုက်ရတာလေ "
သလင်းဖြူသည် ထွဋ်ခေါင်ကိုဖက်၍ ဆောက်တည်ရာမဲ့ ပြောဆို ငိုကြွေးနေမိလေသည်။
" မသလင်းဖြူ ...ကျွန်တော်ပြောဖို့ တစ်ခု ကျန်သေးတယ် ... မသလင်းဖြူရဲ့ ဦးလေး မသေပါဘူး ... ဒဏ်ရာတွေ အများကြီးရထားလို့ ....အခြားတစ်ရွာမှာ ကျွန်တော်ဝှက်ပေးထားပါတယ် "
နေလင်း၏ စကားကြောင့် သလင်းဖြူမှာ ငိုနေရင်းမှ လှိုက်ခနဲ ဝမ်းသာပျော်ရွှင်သွားမိလေသည်။
~~~~~
ထွဋ်ခေါင်နှင့် အတူပါလာသော တာဝန်ရှိသူများက အိမ်ထဲတွင် အိပ်ပျော်နေသော နေလင်း၏အစ်ကိုနှင့် နေလင်းကို လက်ထိတ်ခတ်ဖမ်းဆီးလိုက်ကြလေသည်။
"ကဲ ...တရားခံအစစ်ကိုတော့ ...အိမ်မှာ သွားဖမ်းကြတာပေါ့ "
ထွဋ်ခေါင်၏ စကားကြောင့် သလင်းဖြူက မျက်ရည်များကို သုတ်လိုက်ပြီးလျှင်
"ခကလေး ကိုထွဋ်ခေါင် ...ကျွန်မတစ်ယောက်တည်း အိမ်ထဲကို အရင်ဝင်သွားပြီး ...သူတို့မျက်နှာတွေကို ကြည့်ချင်တယ် "
" ဟုတ်ပြီလေ မင်းသဘောအတိုင်းပါပဲ ...ဒါပေမဲ့ ကိုယ်တော့ မင်းနဲ့ အတူလိုက်ခဲ့မယ် "
အားလုံး ထိုနေရာမှထွက်ခွါလာခဲ့ကြသော အခါ နေလင်းသည် သလင်းဖြူအားငေးငေးရီရီနှင့် ကြည့်နေသည်ကို ထွဋ်ခေါင်တွေ့လိုက်ရ၍ သက်ပြင်းကို မသိမသာချလိုက်မိလေသည်။
"ဒီမှာ မသလင်းဖြူရဲ့ဖုန်းပါ ...ထွဋ်ခေါင်ဆိုတဲ့လူဆီကို ကျွန်စော်ဖုန်းဆက်ထားပါတယ် ...သူ မကြာခင် ရောက်လာလိမ့်မယ် ...သူရောက်မလာခင် မသလင်းဖြူ သိချင် နေတာတွေကို ကျွန်တော်ပြောပြပါ့မယ် .."
~~~~~~~
"ကျွန်တော်နာမည်က နေလင်းပါ ... ငယ်ငယ်ကတည်းက မိဘတွေ ဆုံးပါးသွားကြလို့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ပဲကျန်ခဲ့တယ် ... အစ်ကိုက ကျွန်တော့်ထက် ရှစ်နှစ်ကြီးပါတယ် ... ပြီးတော့ အစ်ကိုက မကောင်းတဲ့အလုပ်မှန်သမျှအကုန်လုပ်တယ် ... အစ်ကိုနဲ့ နေခဲ့ရတဲ့ ကျွန်တော်ကရော ဘာထူးမှာလဲ .... ငယ်ငယ်ကနေခုချိန်ထိ အစ်ကိုခိုင်းသမျှကိုလုပ်ခဲ့ရတယ် ... ရုပ်လေးဗန်းပြပြီး လူတကာကိုလိမ်ညာခဲ့တယ် ...ဒါကြောင့်လဲ တစ်နေရာတည်းမှာ တည်တည် မြဲမြဲမနေနိုင်ဘဲ နေရာအနှံ့ လျှောက်သွားနေခဲ့ရတယ် ....ဒီလိုနဲ့ တစ်နေ့မှာ သူဋ္ဌေးနဲ့တွေ့ခဲ့ရပြီး ... သူဌေးက ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို အလုပ်တစ်ခုအပ်ခဲ့တယ် ... အဲ့ဒီအလုပ်က မသလင်းဖြူတို့ရဲ့ ဆွေမျိုးတစ်စုကို စောင့်ကြည့်ရတဲ့အလုပ်ပေါ့ .."
"သူ ... သူက ဘာလို့ အဲ့လို စောင့်ကြည့်ခိုင်းထားရတာလဲ"
သလင်းဖြူ အံ့ဩတကြီးနှင်းမေးလိုက်မိသည်။
"ဒါကတော့ အမွေတွေကို သူတစ်ယောက်တည်း ပိုင်ဆိုင်ရဖို့ ကြံနေလို့ပေါ့ ...ဒီလိုနဲ့ တစ်နေ့မှာ သူဌေးက နေ့ခင်းကြီး ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ကို တိုက်ကြီးဆီကိုလာဖို့ ခေါ်ခဲ့တယ်... ကျွန်တော်တို့ညီအစ်ကိုလဲ သူညွှန်ကြားတဲ့အတိုင်း ခြံနောက်ဘက်ကနေ ဝင်ခဲ့ပြီး .... နောက်ဖေး လှေကားကနေ တိုက်ကြီးရဲ့ အပေါ်ဆုံးထပ်ကို တက်ခဲ့တာပေါ့ ... အပေါ်ကို ရောက်တော့ ဘာကို တွေ့တယ်ထင်လဲ ... သိပ်ကို ကြောက်စရာကောင်းတဲ့ မြင်ကွင်းကို တွေ့ခဲ့ရတယ် ... ကျွန်တော်တို့ အပေါ်ကို ရောက်တော့ ....လှေကားကတက်တက်ချင်း အခန်းထဲမှာ ယောကျာ်းတစ်ယောက်ရဲ့ အလောင်းကို တွေ့ရတယ်... ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး ... အိမ်ထဲက အခန်းတစ်ခန်းထဲမှာ အမျိုးသမီးတစ်ယောက်ကို လည်ပင်းညှစ်သတ်ထားသေးတယ် ....နေ့ခင်းကြီးမှာ လူနှစ်ယောက်တောင် သတ်ထားတာ တကယ့်ကို လူမဟုတ်ဘဲ မိစ္ဆာ တစ်ကောင်လိုပဲ ... ကျွန်တော်တို့ညီအစ်ကိုက လူလိမ် လူမိုက်တွေဆိုပေမဲ့ လူရိုက်တာကလွဲလို့ လူမသတ်ဖူးဘူး ... ဒါပေမဲ့ သူပေးတဲ့ငွေကြေးက ကျွန်တော်တို့ ညီအစ်ကို အတွက် မက်မောစရာမို့ အလောင်းတွေကို ဖျောက်ဖျက်ပေးဖို့ ကျွန်တော်တို့ လက်ခံလိုက်ကြတယ် "
သလင်းဖြူသည် နေလင်း ပြောနေသော စကားများကို နားထောင်နေပြီးနောက် ကြက်သေသေလျက်ရှိသည်။ရင်ထဲ၌ ထိတ်လန့် ကြောက်ရွံ့မှုနဲ့အတူ ရွံ့ရှာစက်ဆုပ်မုန်းတီးသောစိတ်များပါ ဝင်ရောက်လာမိလေသည်။
"ဒါ ...ဒါဆို .. တ ...တကယ်ပဲ ခေါ် လေး သေသွားပြီးပေါ့ ...ဒေါ်လေးတို့ရဲ့ အလောင်းတွေကို ဘယ်မှာ ဝှက်ခဲ့တာလဲ ...ဒီအိမ်နားမှာလား ...ဒါမှမဟုတ် ကျွန်မတို့ ခြံထဲက ရေတွ င်းပျက်ထဲကို ပစ်ချခဲ့တာလား "
သလင်းဖြူက နာနာကြည်းကြည်းနှင့် မေးလိုက်သည်။
"မှန်ပါတယ်...အလောင်းတွေက ရေတွင်းပျက်ထဲမှာပါ ... နေ့လယ်ခင်းကြီးမှာ အလောင်းတွေကို အဝေးကို သယ်သွားတာထက် ... အိမ်သားတွေ မရှိတဲ့ ခြံထဲမှာ ဖျောက်ပစ်တာက အလွယ်ကူဆုံးပဲလေ ... အလောင်းတွေကို ရေတွင်းထဲပစ်ချလိုက်ပြီး အပေါ်ကနေ မိုးကာစတွေရော ...အမှိုက်တွေပါ ပစ်ချခဲ့ပြီး အပေါ်ကနေ သွပ်အဟောင်းတွေ ဟန်မပျက်ပြန် အုပ်ခဲ့တယ်...ပြီးတော့ နောက်နေ့မနက်စောစောမှာပဲ ... ကျွန်တော်တို့ ညီအစ်ကိုနဲ့ သစ်ပင်ခုတ်သမားအချို့ ခြံထဲက အပင်တွေကို ရှင်းပြီး သစ်ကိုင်းသစ်ခက်တွေကို ရေတွင်းထဲကို ပစ်ချ ကြတာပေါ့ ... အဲ့ဒီအချိန်မှာ တခြားအလုပ်သမားတွေက ရေတွင်းထဲမှာ လူသေအလောင်းတွေ ရှိနေမှန်း မသိတော့ အလုပ်ကို ပျော်ပျော်ရွှင်ရွှင်လုပ်နေကြပေမဲ့ ကျွန်တော်တော့ အရမ်းကို ကြောက်နေခဲ့မိတာ ...သစ်ကိုင်တွေကို ရေတွင်းထဲပစ်ချပြီး ရေတွင်းပြည့်သွားတော့ ရေတွင်းရဲ့ဘေးနှုတ်ခမ်းသားတွေကို ဖြိုချပြီး အပေါ်ကနေ ကျောက်ပြားတွေနဲ့ပိတ်ပစ်လိုက်ကြတယ် ... ဒါတောင် အားမရလို့ ခုတ်ထားတဲ့ သစ်လုံးပိုင်းတွေကို အဲ့ဒီနားတစ်ဝိုက်မှာပဲ ဖုံးအုပ်ထားတဲ့ ပုံစံမျိုးလုပ်ခိုင်းခဲ့တယ်လေ "
နေလင်းပြောနေသော စကားများကို နားထောင်နေရင်းမှ ဒေါ် လေးတို့ချစ်သူနှစ်ယောက်ကို သနားလွန်း၍ သလင်းဖြူ၏ ရင်ထဲ၌ တလှိုက်လှိုက်နှင့် ဝမ်းနည်း ဆို့နင့်လာမိလေသည်။
" ရက်စက်လိုက်တာရှင် ..ကိုယ့်ညီမအရင်းကို လုပ်ရပ်လိုက်တာ ...ဘယ်လိုစိတ်နဲ့များ ဒီလောက်ထိလုပ်ရက်ရတာလဲ ..."
" တောင်း ..တောင်းပန်ပါတယ် မသလင်းဖြူ ... "
နေလင်းက သလင်းဖြူကို ကြည့်၍ မျက်လွှာကို ချပြီး တောင်းပန်စကားဆိုလိုက်သည်။
"ရှင်က ဘာလို့ ...ကျွန်မသူငယ်ချင်းစိုင်းလွှမ်းအဖြစ် ဟန်ဆောင်ခဲ့တာလဲ ...ဆက်ပြောပါ "
" ဒါက...ကျွန်အော်တို့ အလောင်းတွေကို ဖျောက်ဖျက်ပစ်လိုက်ပြီး သိပ်မကြာခင်မှာ ...ကိုစိုင်းရန်နိုင် ရွာကို ရောက်လာခဲ့တယ်လေ ... ကိုစိုင်းရန်နိုင်ကို စောင့်ကြည့်ဖို့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို တာဝန်ပေးခဲ့တယ် .... သူထင်တဲ့အတိုင်းပါပဲ ကိုစိုင်းရန်နိုင်က အိမ်ကြီးကို ရောက်ပြီး မကြာခင်မှာဘဲ သူသိချင်တာတွေကို ရှက်ဖွေ စုံစမ်းခဲ့တယ် ..ဒါပေမဲ့ သူဘာကိုမှာ လက်ဆုပ်လက်ကိုင် မပြနိုင်ခဲ့ဘူးလေ "
ဧကြည်ဖြူ
" အဝါရောင်ရဲတိုက် "
ဇာတ်သိမ်းပိုင်း
*******
" စိုင်းလွှမ်း ."
သလင်းဖြူ အထိတ်တလန့်နှင့် အော်လိုက်မိလေသည်။မြင်လိုက်ရသော မြင်ကွင်းက သွေးပျက်စရာအတိပါပင် ။တစ်ဖက်လူမှ သလင်းဖြူကို ဓါးနှင့် လှမ်း၍ထိုးလိုက်သည်ကို နေလင်း (ခေါ် ) စိုင်းလွမ်းက လှမ်း၍ ကာလိုက်ခြင်းဖြစ်သည် ။ အခန်းထဲတွင် အလင်းရောင် ခပ်မှိန်မှိန်သာ ရှိခြင်းကြောင့် စိုင်းလွှမ်းကိုမည်မျှ ထိခိုက်သွားသည်ကို မသိသော် လည်း စိုင်းလွှမ်း၏နာကျင်စွာ အော်လိုက်သော အသံကြောင့် ဓါးနှင့်ထိသွားပုံရလေသည်။
"ဖြူလေး .....အပြင်ကို ထွက် ... ညဘက်တည့်တည့်မှာ လှေကားရှိတယ် ...အပေါ် ကို တက်ပြီးပြေးတော့ "
စိုင်းလွှမ်း၏ စကားကြောင့် သလင်းဖြူ လှေကားရှိရာဘက်သို့ မှန်းဆ၍သွားလိုက်လေသည်။လေးငါးဆယ်လှမ်းမျှ လျှောက်သွားလိုက်သည်နှင့်လှေကားကို ခပ်ဝါးဝါး မြင်ရလေသည်။သလင်းဖြူ လှေကားဆီသို့ ရောက်သည်နှင့် စိုင်းလွှမ်းရှိရာဆီသို့ တစ်ချက်မျှ လှည့်၍ ကြည့်လိုက်ပြီး လျှင် လှေကားပေါ်သို့ လျင်လျင်မြန်မြန်တက်ခဲ့လိုက်သည်။လှေကား အဆုံးတွင် တံခါးတစ်ချပ်ကို တွေ့ရသောကြောင့် တွန်းဖွင့်လိုက်သောအခါ ပြင်ပမှ အလင်းရောင်ကို တွေ့လိုက်ရလေသည်။သလင်းဖြူ တံခါးကို ပြန်ပိတ်လိုက်ပြီးနောက် တံခါးမကြီးကို ရှာလိုက်လေသည်။သလင်းဖြူ ရောက်ရှိနေသော နေရာသည် မည်သည့်အရပ်တွင် ရှိမှန်း မသိသော်လည်း အိမ်၏ပုံစံမှာဟောင်းနွမ်းနေသော်လည်း ခိုင်ခန့် လုံခြုံလေ၏။ခပ်စောစောက သလင်းဖြူကို ဖမ်းထားခဲ့သောနေရာမှာ အိမ်ကြီး၏ မြေအောက်ခန်း ဖြစ်ပုံရလေသည်။အိမ်ကြီးသည် သလင်းဖြူ တွေ့ရသလောက်တော့ ပေနှစ်ဆယ်ပေလေးဆယ်မျှလောက် ကျယ်ဝန်းသော အုတ်ခံသစ်သားအိမ်ဟောင်းတစ်လုံသာဖြစ်လေသည်။သလင်းဖြူ ရှာဖွေကြည့်နေမိရင်းမှ တံခါးမကြီးကို တွေ့သော်လည်း တံခါးကို အပြင်မှသော့ပိတ်ထားပုံရလေသည်။တံခါးမှာ ဘယ်လိုဖွင့်ဖွင့် မပွင့်ဘဲ ရှိလေသည်။မပွင့်သည့် အဆုံးတွင် သလင်းဖြူ လက်လျှော့လိုက်ပြီး နောက်ထပ်တံခါးပေါက်ကိုရှာကြည့်လိုက်လေသည်။ပြတင်းပေါက်များရှိသော်လည်းဖွင့်၍ကမရဘဲရှိလေသည်။သလင်းဖြူ အထိတ်ထိတ်အလန့်လန့်နှင့်ပင် ဖွင့်ထားသော တံခါးတစ်ချပ်တလေများတွေ့ရလိုတွေ့ရငြား အလောတကြီး ရှာဖွေနေမိလေသည်။အတန်ကြာရှာဖွေပြီးသောအခါတွင် နောက်ထပ် တံခါးမကြီးတစ်ချပ်ကို တွေ့သော်လည်း သည်အခါ၌တံခါးမှာ အတွင်းမှ သော့ခတ်ထားခြင်းဖြစ်လေသည်။ထပ်မံ၍ အိမ်၏ နေရာအနှံ့တွင် သော့ကို ရှာဖွေကြည့်ရာ အစအနပင်မတွေ့ရဘဲရှိလေသည်။ထိုစဉ်မှာပင်သလင်းဖြူ၏နောက်ဘက်မှ ခြေသံကိုကြားလိုက်ရ၍လှည့်ကြည့်လိုသောအခါတွင် လက်မောင်းတွင် သွေးများ စီးကျလျက် သလင်းဖြူရှိရာဆီသို့ မောပန်းတကြီးနှင့်ရောက်လာသော စိုင်းလွှမ်းကိုတွေ့လိုက်ရလေသည်။
"ဖြူလေး....ဒီမှာ သော့ ... ဘာမှ မစိုးရိမ်နဲ့တော့ အန္တရာယ်မရှိတော့ဘူး .. မြေအောက်ခန်းတံခါးကိုလဲ ပိတ်ထားလိုက်ပြီ "
" နင့် .. နင့်လက်မှာ သွေး...သွေးတွေနဲ့ ... ဟို ... ဟို တစ်ယောက် ရောဟင် "
သလင်းဖြူ သော့ကို လှမ်းယူလိုက်ပြီး အထစ်ထစ်အငေါ့ငေါ့နှင့် မေးလိုက်မိသည်။
"ရတယ် ဖြူလေး ငါဘာမှ မဖြစ်ဘူး ... ငါ့အစ်ကိုလဲ ဘာမှမဖြစ်ပါဘူး ....သူသောက်မယ့် အရက်ထဲမှာ အိပ်ဆေးခတ်ထားလို့ အိပ်ပျော်သွားပြီး တော်တော်နဲ့တော့ နိုးမှာ မဟုတ်ဘူး ...အပြင်မှာ မိုးချုပ်တော့မယ် ... နေရဲရဲ့လား `"
စိုင်းလွှမ်းက မျက်နှာငယ်လေးနှင့် သလင်းဖြူကို လှမ်းမေးလိုက်လေသည်။
"နင် ...နင် သက်သာရဲ့လား ... ဒဏ်ရာကို အဝတ်နဲ့စည်းထားလိုက်ပါလား ..ပြီးတော့ နင် ပါရွာထဲကို လိုက်ခဲ့ပြီး လက်ကို ဆေးခန်းပြပါ "
သလင်းဖြူလည်း မိမိအသက်ကို ကယ်ထားသောစိုင်းလွှမ်းကိုကြည့်ပြီး ကရုဏာစိတ်ဝင်မိသောကြောင့် စိုးရိမ်စွာမေးလိုက်မိသည်။
" ရ...ရပါတယ် ဆေးခန်းတော့မပြတော့ပါဘူး ....အဝတ်တစ်ထည်သွားယူပြီးပဲ စည်းထားလိုက်မယ် ..."
~~~~
သလင်းဖြူက စိုင်းလွှမ်းယူလာသော အဝတ်စနှင့် စိုင်းလွှမ်း၏ ဒဏ်ရာကိုစည်းနှောင်ပေးလိုက်သည်။ ဒဏ်ရာကရှပ်ထိသွား၍သာတော်ပေတော့သည်။
"ကျွန်... ကျွန်တော်တောင်းပန်ပါတယ် မသလင်းဖြူ "
နေလင်း(ခေါ်) စိုင်းလွှမ်းက သလင်းဖြူကို ကြည့်ပြီး မဝံ့မရဲ့ တောင်းပန်စကားဆိုလိုက်သည်။
"ကျွန်မကို သတ်ခိုင်းနေတာ ဘယ်သူလဲဆိုတာကို ကျွန်မသိတယ် .... ရှင်က ဘာကြောင့် ကျွန်မသူငယ်ချင်းစိုင်းလွှမ်းလို့ ဟန်ဆောင်နေရတာလဲကစပြီး အားလုံးရှင်းပြပါ "
သလင်းဖြူက နေလင်းကို မေးလိုက်သည်။
"ကျွန်တော် အားလုံးကို ရှင်းပြပါ့မယ် .... "
~~~~~~~
"ဒါက ဘယ်နေရာလဲ "
အိမ်ပြင်သို့ ရောက်သောအခါ အိမ်မှာ တောင်ကုန်းအမြင့် တစ်ခုပေါ်တွင်တည်ဆောက်ထားခြင်းဖြစ်ကြောင်းကို သလင်းဖြူတွေ့လိုက်ရလေသည်။အိမ်၏ပတ်ဝန်းကျင်၌လည်း လူနေအိမ်ဟူ၍ မတွေ့ရဘဲ သစ်ပင်ကြီးများနှင့် တောင်ကုန်းများကိုသာတွေ့ရသောကြောင့် သလင်းဖြူ မေးလိုက်ခြင်းဖြစ်သည်။
"ဒီနေရာက လျှိုချောက် အနောက်ဘက်ကတောအုပ်ပဲ...ဒီအိမ်မှာ အရင်က မိသားစုတစ်စုနေခဲ့ကြတယ်တဲ့ ... ဒါပေမဲ့ ဓါးပြတိုက်ခံရပြီး အိမ်သားအချို့ အသတ်ခံလိုက်ရလို့ အိမကိုစွန့်ပစ်သွားကြတာတဲ့ .. ဒါနဲ့သူဌေးက ဒီအိမ်ကို ဝယ်လိုက်ပုံရတယ် "
"ဪ "
မိမိအခန်းရှိရာဆီသို့ လျှောက်လာသော ခြေသံကို ကြားလိုက်ရသည်နှင့် သလင်းဖြူ အသင့်အနေအထား ပြင်လိုက်ပြီး တံခါးဘေးတွင် မတ်မတ်ရပ်၍ နေလိုက်လေသည်။အပြင်မှ ခြေသံသည် တံခါးရှေ့တွင် ရပ်သွားပြီးနောက် သော့ဖွင့်နေသံကို ကြားလိုက်ရလေသည်။ပြီးနောက် တံခါးသည် ဖြည်းညှင်းစွာပွင့်လာပြီးလျှင် အပြင်မှလူသည် အခန်းထဲသို့ ဝင်လာလေသည်။ထိုလူဝင်လာသည်နှင့် သလင်းဖြူ ထိုလူကို လက်နှစ်ဖက်နှင့် ဆောင့်တွန်းပစ်လိုက်လေသည်။ထိုအခါ ထိုလူသည် လျှင်မြန်ဖျတ်လတ်စွာ ရှောင်တိမ်းလိုက်ပြီးလျှင် သလင်းဖြူ၏ လက်နှစ်ဖက်ကိုဖမ်း၍ ဆုပ်ကိုင်လိုက်လေသည်။
"ဖြူလေး ...စိတ်အေးအေးထားပါ ...မင်း မှာ အန္တရာယ်မရှိတော့ပါဘူး "
" နင် ... နင် စိုင်းလွှမ်း ... မဟုတ်ဘူး နင်က ငါ့သူငယ်ချင်းစိုင်းလွှမ်း မဟုတ်ဘူး ....နင် ဘယ်သူလဲပြော ... "
သလင်းဖြူသည် အခန်းထဲသို့ ရောက်လာသောသူ၏ အသံကိုကြားလိုက်ရသည်နှင့် ဒေါသတကြီးနှင့် မေးလိုက်သည်။
" ဟုတ်ပါတယ် ...ငါက မင်းသူငယ်ချင်းစိုင်းလွှမ်း မဟုတ်ပါဘူး ...ငါ့နာမည်က နေလင်းတဲ့ ... အခုအရေးကြီးတာက မင်း ဒီကနေ အမြန်ဆုံးထွက်သွားဖို့ပဲ ... တော်ကြာ ငါ့အစ်ကို သတိရလာလျှင် မင်းရော ငါရော အသက်ခံရလိမ့်မယ် ... သူသတိပြန်မရလာခင် ဒီကနေ အမြန်ဆုံး သွားကြစို့ "
"ဟင့်အင်း .. ဖယ် ... ဖယ် ... နင့်ကို ငါမယုံဘူး ... နင်က လူလိမ် လူသတ်သမားပဲ ... ငါနား မကပ်နဲ့နော် "
သလင်းဖြူသည် မိမိလက်ကို ဆုပ်ကိုင်ထားသော နေလင်းခေါ်စိုင်းလွှမ်း၏ လက်မှ ဆောင့်၍ ရုန်းလိုက်ပြီး ဒေါသနှင့် ပြောဆိုလိုက်သည်။
"ဒါဆို....ဒီရှပ်အင်္ကျီကို အပေါ်က ထပ်ဝတ်ဦးထုပ်ဆောင်းပြီး နောက်က
လိုက်ခဲ့ "
နေလင်းသည် ဒေါသတကြီးဖြစ်နေသော သလင်းဖြူ၏ လက်ကို လွှတ်ပေးလိုက်ပြီး အခန်းတံခါးကို ဖွင့်ကာ ရှေ့မှ ထွက်သွားလိုက်သည်။
"ဟေ့ကောင် နေလင်း ...ဘာလဲ မင်းက မိန်းမတစ်ယောက်အတွက် ....ညီအစ်ကိုချင်း သစ္စာဖောက်တာပေါ့ဟုတ်လား ....မင်းငါ့ကို အရက်သောက်ရအောင်လို့ ပြောကတည်းက ငါသိနေတယ်ကွ မင်းမဟုတ်တာတစ်ခုခု လုပ်တော့မယ် ဆိုတာကိုလေ "
နေလင်းခေါ် စိုင်းလွှမ်းနှင့် သလင်းဖြူတို့ အခန်းရှေ့သို့ ထွက်လိုက်သည်နှင့် အခန်းရှေ့တွင် ဓါးရှည်ကို ကိုင်ဆွဲလျက် ရပ်စောင့်နေသော သူကို တွေ့လိုက်ရသောကြောင့် သလင်းဖြူ ထိတ်ထိတ်လန့်လန့်နှင့် ခြေလှမ်းများရပ်တန့်သွားရလေသည်။
နေလင်းသည် အခန်းရှေ့တွင် ဓါးကို ကိုင်စွဲလျက် ရပ်နေသော အစ်ကိုဖြစ်သူကို မြင်လိုက်ရသည်နှင့် သလင်းဖြူကို သူ၏နောက် မှာထားလိုက်ပြီး ကိုယ်တိုင်က သလင်းဖြူ၏ အရှေ့တွင် ရပ်၍ အစ်ကိုဖြစ်သူကို ရင်ဆိုင်လိုက်သည်။
"တောင်းပန်ပါတယ် အစ်ကို...သူ့ကို မသတ်ပါနဲ့ ဗျာ ...အစ်ကို လိုချင်တဲ့ ငွေကို ကျွန်တော် ရအောင်ရှာပေးပါ့မယ် ... သူ့ကို လွှတ်ပေးလိုက်ပါ အစ်ကို "
နေလင်းက အစ်ကိုဖြစ်သူကို တောင်းပန်စကားပြောလိုက်သည်။
"ဟေ့ကောင် အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့ မင်းပါးစပ်ကို ပိတ်ထား ...မင်းကို ပါသတ်မိလိမ့်မယ် ... အဲ့ဒီကောင်မ ကို ကိုက်တဲ့ မြွေကို မင်းကလဲထားလိုက်တာ မဟုတ်လား ... မင်းက တကယ့် အဖျက်သမားပဲ ....ဖယ်စမ်း အဲ့ဒီဟာမကို ငါကိုယ်တိုင် သတ်မယ်"
"ကျွန်တော် တောင်းပန်ပါတယ် အစ်ကို ... အစ်ကိုခိုင်းသမျှ ကျွန်တော် အကုန်လိုက်လုပ်ပေးခဲ့တယ်လေ ... ဒီတစ်ခါ ... ဒီတစ်ခါလေးပဲ ကျွန်တော့်ဆန္ဒကို လိုက်လျောပေးပါလား ... သူ့ကို ထားခဲ့လိုက်ပြီး ကျွန်တော်တို့ ဒီအတိုင်း ထွက်သွားကြရအောင် "
"ဘာကွ ဒီတိုင်း ထွက်သွားရအောင် ငါကရူးနေလို့လား ...သူ့ကိုသတ်ပေးလိုက်တာနဲ့ ... လေးငါးဆယ်နှစ်မက ရှာရမဲ့ ငွေကို တစ်ထိုင်တည်း ရမှာကွ အရူးရ ... ပြီးတော့ အဲ့ဒီဟာမကို လွှတ်ပေးလိုက်ရင် မင်းရောငါပါ ထောင်ထဲသွားရမှာကို တွေးမိရဲ့လား "
သလင်းဖြူသည် နေလင်းခေါ် စိုင်းလွှမ်း၏ နောက်တွင် တုန်တုန်ယင်ယင်နှင့် ရပ်နေမိသည်။
"ကဲကွာ ...ဖယ်စမ်းပါ ... သူ့ကိုသတ်ပြီး ရတဲ့ငွေနဲ့ ငါတို့ ညီအစ်ကို အမြန်ဆုံးထွက်သွားကြရအောင် "
"မဖယ်ဘူး ..မဖယ်ပေးနိုင်ဘူး အစ်ကို ... ကျွန်တော်သေမှ အစ်ကို သူ့ကို သတ်လို့ရမယ် ...အဲဒီတော့ အစ်ကို သတ်ချင်ရင် ကျွန်တော့်ကို အရင်သတ်လိုက်ပါ ..."
"အေး သတ်မယ် ....အဲ့ဒီဟာမကို အရင်သတ်ပြီးမှ ...မင်းကို သတ်မယ် ... ဖယ်စမ်း ...ကဲကွာ "
"အား "
"အမယ်လေး "
====================
( ဇာတ်သိမ်းပိုင်းမျှော် )
ဧကြည်ဖြူ
သလင်းဖြူ ကြားရသလောက်တော့ ထိုလူသည် ဒေါသထွက်နေဟန် ရှိလေသည်။အပြောခံနေရသော တစ်ဖက်လူမှာမူ တိတ်ဆိတ်လျက် ရှိလေသည်။သလင်းဖြူ ထိုလူ၏အသံကို အာရုံစိုက်၍ နားထောင်ကြည့်သော်လည်း အသံမှာ စိမ်းလှလေသည်။သလင်း ဖြူသိသော အသံမဟုတသည်မှာ သေချာလှပါလေသည်။
"ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ... ခုန မင်း တွေ့တယ်မဟုတ်လား ...ပိတ်လှောင်ခံထားရတဲ့ မြွေက ဒေါသတကြီးနဲ့ သူ့ကို ပေါက်ထည့်လိုက်တာလေ ... ငါတောင် မကြည့်ရက်လို့ အပြင်ကို မြန်မြန်ထွက်ခဲ့ရတာ.... မင်းဆိုရင်တော့ ခံစားနေရမှာကို နားလည်ပါတယ်ကွာ ...ဒါပေမဲ့ စိတ်မကောင်းမဖြစ်နဲ့ဟ သူ့သွေးအရင်းကတောင် သတ်ခိုင်းနေတာကို ...ငါတိုလို ငွေအတွက် လုပ်နေရတဲ့ကောင်တွေက ဘာတတ်နိုင်မလဲ "
ကြားလိုက်ရသော စကားကြောင့် သလင်းဖြူမှာ ကိုယ်ထဲရှိသွေးကြောများ ရပ်ဆိုင်းသွားသလိုခံစားလိုက်ရပြီးလျှင် မှောင်မည်းနေသော အခန်းကျဉ်းလေး၏ နေရာအနှံ့သို့ အထိတ်တလန့်ဖြင့် လိုက်၍ကြည့်လိုက်မိလေသည်။ထိုလူပြောပုံအရဆို သလင်းဖြူမှာ မြွေကိုက်ခံထားရပြီ ဖြစ်လိမ့်မည်ထင်ပါလေသည်။သို့ဆိုလျှင် သလင်းဖြူသည် သေသွားခဲ့ပေပြီလား ။ သို့မဟုတ်လျှင် သေအံ့မူးမူးအခြေအနေများလား ။ သလင်းဖြူ ကိုယ့်ကိုယ်ကို ထိုးဆိတ်၍ ကြည့်လိုက်သည့်အခါတွင် နာကျင်မှုဝေဒနာကို ခံစားရလေသည်။ပြီးလျှင် အရိုက်ခံထားရသော ဇက်ပိုးဆီမှ အနည်းငယ်နာကျင်နေသည်မှအပ မည်သည့် ဝေဒနာကို မျှ မခံစားရပါလေ။
" ညမိုးချုပ်တာနဲ့ မြွေကိုက်ခံရပြီးသေနေတဲ့ မင်းဟာမလေး အလောင်းကို ရွာနဲ့မနီးမဝေးမှာ သွားပစ်ရမှာကွ ... စိတ်မကောင်းတော့ မဖြစ်ပါနဲ့ကွာ ..ကိစ္စအားလုံးပြီးရင် မင်းလိုချင်နေတဲ့ငွေတွေ အကုန်ရမှာလေ ... မင်းငွေလိုလို့ ဒီအလုပ်ကို လက်ခံခဲ့တာပဲ မဟုတ်လား..... ဘာ အခုမှ သူတော်ကောင်းယောင်ဆောင်နေရတာလဲ ... ဘာလဲ ရုပ်ဆိုးတဲ့ငနဲမကို မင်းကြိုက်နေတာလား နေလင်း "
ထိုလူက ခပ်လှောင်လှောင်ပုံစံမျိုးဖြင့် ဆက်၍ ပြောနေစဉ်မှာပင် အခန်းထဲသို့ ထပ်မံဝင်ရောက်လာသော ခြေသံသဲ့သဲ့ကို ကြားလိုက်ရပြန်လေသည်။ထိုသို့ ကြားလိုက်ရပြီး မရှေးမနှောင်းမှာပင် ခပ်စောစောကလူ၏အသံက ထွက်ပေါ်လာပြန်လေသည်။
"အားလုံး အဆင် သင့်ပါပဲ သူဌေး ...ညမိုးချုပ်တာနဲ့ အလောင်း သွားပစ်မှာပါ ...ပြီးတော့ လက်ကျန်ငွေရတာနဲ့ ကျွန်တော်တို့ နှစ်ယောက် ဒီကနေ အဝေးဆုံးကို ထွက်သွားဖို့ ပြင်ဆင်ထားပြီးသားပါ "
သူဌေးဆိုသော အခေါ်အဝေါ်ကြောင့် သလင်းဖြူ၏ ရင်အစုံမှာ တထိတ်ထိတ် အခုန်မြန်လာပြီးလျှင် တံခါးနားဆီသို့ နားကို ပို၍ တိုးကပ်လိုက်မိလေသည်။မှောင်ရိပ်ထဲမှလူများကို သဲသဲကွဲကွဲ မမြင်ရသော်လည်း အသံများကို သေချာစွာနားစွင့်နေမိသည်။
"အလောင်းလာပစ်တဲ့အခါ ကျန်ငွေကို ပေးခိုင်းလိမ့်မယ်... ကိစ္စ ပြီးတာနဲ့ မင်းတို့ တစ်ခါတည်း ထွက်သွားတော့ ... "
"ဟင် " သူဋ္ဌေးဆိုသော လူ၏ အသံကို ကြားလိုက်ရသော အခါ သလင်းဖြူ နားထဲတွင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။ထိုသို့ တစ်ပြိုင်နက်တည်းမှာပင် မျှော်လင့်ထားခဲ့ပြီးသားဖြစ်သော်လည်း လက်တွေ့ကြုံလာရသောအခါ၌မူ မယုံကြည်နိုင်ခြင်း ၊အံ့သြခြင်းများဖြင့် သလင်းဖြူ၏ ခန္ဓာကိုယ်ထဲရှိ သွေးများ အေးခဲသွားသလို ခံစားလိုက်ရလေသည်။
အသံများမှာ တိတ်ဆိတ်သွားပြီးလျှင် အပြင်သို့ ထွက်ခွါသွားသော ခြေသံကို ပြန်၍ ကြားလိုက်ရလေသည်။
"ကဲ နေလင်း ... အလောင်းကို သွားပစ်ဖို့ ပြင်ဆင်ကြစို့ကွာ .."
ထွက်ခွါသွားသော ခြေသံပျောက်ကွယ်သွားသည်နှင့် အခန်းထဲရှိ လူ၏အသံကို ကြားလိုက်ရပြီး သလင်းဖြူ အခန်းဘက်ဆီသို့ လျှောက်လာသော ခြေသံကို ကြားလိုက်ရလေသည်။
" အေးဆေးပေါ့ အစ်ကိုရာ ... မိုးချုပ်မှ ပစ်ရမှာလေ ... အခုမှ အစောကြီး ရှိသေးတာကို ..လာပါ ရဲဆေးလေးထပ်တင်ပြီးမှ လုပ်ကြတာပေါ့ "
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သောသူ၏ အသံကိုကြားလိုက်ရသောအခါ သလင်းဖြူတစ်ကိုယ်လုံး လေထဲလွင့်မျော သွားသလိုဖြစ်သွားမိသည်။ အံ့သြမယုံကြည်နိုင်ခြင်းထက်ပို၍ ဝမ်းနည်းယူကျုံးမရ ဖြစ်သွားခဲ့မိသည်။သလင်းဖြူ၏ နောက်ဆုံးထွက်သက်သည် သလင်းဖြူ အယုံကြည်ရဆုံးသူ သို့မဟုတ် သံယောစဉ် အရှိဆုံးသူ၏ လုပ်ကြံဖန်တီးမှုကြောင့် သေဆုံးရတော့မည်ဖြစ်သည်။သလင်းဖြူ အံကိုခပ်တင်းတင်းကြိတ်ထားမိသည်။ကျားခံတွင်းထဲသို့ ရောက်နေပြီဖြစ်သော သလင်းဖြူ၏ အဖြစ်က လာမည့်ဘေးကို ပြေးတွေ့၍ အသက်ရှင်သန်လွတ်မြောက်မှုအတွက် နောက်ဆုံးအချိန်အထိ ကိုယ့်ဘာသာ ကြိုးစားရမည်ဖြစ်သည်။
~~~~
~~~
"ကဲ ...ကဲ ဒီလောက်ဆိုတော်ပြီကွာ ... တော်ကြာ အရမ်းမူးသွားပြီး မှောက်သွားမှ နှစ်ယောက်လုံး ပြဿနက် တက်ကုန်မယ်ကွ ...ကဲ ဟို အလောင်းဆီကို သွား..သွား ..သွားကြ ...ကြ "
စကားပြောနေရင်းမှပင် ခုံပေါ်သို့ ခေါင်းငိုက်စိုက်ကျသွားသော အစ်ကိုဖြစ်သူကို ကြည့်၍ နေလင်း သက်ပြင်းကိုချလိုက်ပြီး အစ်ကို၏အိထဲမှ သော့ကို လှမ်းယူလိုက်သည်။
~~~~~~~
" ရှပ် ...ရှပ် ...ရှပ် "
ထွဋ်ခေါင်သည် ရွှေရည်ဝင်းကို ပြောလိုက်ပြီးသည်နှင့် ဆိုင်ကယ်ကို တရကြမ်းမောင်း၍ထွက်ခဲ့လေသည်။
ခြံထဲမှ ထွဋ်ခေါင်၏ ဆိုင်ကယ်မောင်းထွက်သွားသည်နှင့် ရွှေရည်ဝင်းသည် တိုက်ထဲသို့ ဝင်လာခဲ့ပြီးနောက် အခန်းရှိရာဆီသို့ တက်လာခဲ့သည်။
အခန်းထဲသို့ ရောက်သည်နှင့် ရွှေရည်ဝင်းသည် တင်းထားသမျှ စိတ်ကို လျှော့ချလိုက်ပြီး အခန်းထဲရှိပစ္စည်းများနှင့် နံရံကို ပစ်ပေါက်ပြီးအားပါးတရ ငိုကြွေးလိုက်မိသည်။အသက်နှစ်ဆယ့်ငါးနှစ်အရွယ်မှ ပထမဆုံးဖူးပွင့်ခဲ့သော အချစ်ပန်းလေးသည် အဖူးအငုံဘဝမှာပင် ပျက်စီးခဲ့ရပြီဆိုတာကို ရွှေရည်ဝင်းသိလိုက်ပါလေသည်။ထို့အတူ ကိုယ့်လောက်မှ မလှပသော၊ ငွေကြေးဥစ္စာမရှိသော သက်တူရွယ်တူ ညီမဝမ်းကွဲထံတွင် ရှုံးနိမ့်သွားခဲ့ပြီဆိုတာကို ရွှေရည်ဝင်းသိလိုက်လေ၏။
~~~~~~
ထွဋ်ခေါင်ဆိုင်ကယ်ကို တရကြမ်းမောင်း၍သလင်းဖြူသွားတတ်သော နေရာအနှံ့သို့ လိုက်ရှာကြည့်ရုံမျှမကဘဲ လမ်းတွင် တွေ့သမျှလူတိုင်းကိုလဲ သလင်းဖြူအကြောင်းကို မေးကြည့်သည်။ သို့သော်ငြား သတင်းအစအနလေးပင် မသိခဲ့ရပါချေ။
"ဟယ်လို ....ဝေထွန် ဒီမှာ အခြေအနေမကောင်းဘူး .. သူပျောက်နေတယ် ... မင်းခိုင်းထားတဲ့ လူတွေကို အကူအညီတောင်းပြီး ဝိုင်းရှာခိုင်းပါအုံး .. သူ့ပုံကိုပို့ပေးလိုက်မယ် ... ပြီးတော့ ဦးမြင့်အေးတို့ ခြံထဲမှာ အလုပ်သမားအဖြစ် ခိုင်းထားတဲ့ ကောင်လေးဆီကရော ဘာသတင်းရသေးလဲ....ငါတို့ အမြန်ဆုံး လှုပ်ရှားမှ ဖြစ်မှာ ..မဟုတ်ရင် သူ့အတွက်စိုးရိမ်ရတဲယ် ..."
ထွဋ်ခေါင်က ဝေထွန်းကို ဖုန်းထဲမှ တဆင့် အလောတကြီးနှင့် ပြောလိုက်သည်။
"အေး ဟုတ်ပြီ ...မင်းစိတ်အေးအေးထား ထွဋ်ခေါင် ... သူတို့ ကောင်မလေးကို ချက်ချင်းတော့ သတ်မှာ မဟုတ်ပါဘူး ... ငါ့စိတ်ထင် သူ့သူငယ်ချင်းဆိုတဲ့ကောင်ကို မသင်္ကာဘူး ...သူတို့တွေ့နေကျ ဘုရားကုန်းနောက်ကို မင်းသွားကြည့်ပြီးပြီလား ...."
"ကြည့်ပြီးပြီ ... တစ်ရွာလုံးလဲ နှံ့နေပြီ ... ငါ အခု အိမ်ကိုပြန်ပြီး အိမ်ကလူတွေကို အကြောင်းစုံကို ဖွင့်ပြောရမှာပဲ .."
"ဟေ့ကောင်ရ ..အဲ့လိုဆိုရင် တရားခံကို သတိပေးလိုက်သလို ဖြစ်သွားမှာပေါ့ ...တရားခံလွတ်သွားနိုင်တယ်နော် "
ဝေထွန်း၏ စကားကြောင့် ထွဋ်ခေါင် တစ်ချက်တွေခနဲဖြစ်သွားသော်လည်း ချက်ချင်းပင် ဆုံးဖြတ်ချက်ကိုချလိုက်လေသည်။
"ခုချိန်မှာ တရားခံထက် အရေးကြီးတာက သလင်းဖြူအသက်ရှင်ဖို့ပဲကွာ ... အဓိက က ဘယ်နည်းလမ်းနဲ့ ဖြစ်ဖြစ် သူ လွတ်လာဖို့ပဲ ..."
ဝေထွန်းဆီမှ ဖုန်းချသွားသည်နှင့် ထွဋ်ခေါင်ဆိုင်ကယ်ကို အိမ်ဘက်သို့ ပြန်၍ ဦးတည်မောင်းနှင်လိုက်လေသည်။
~~~~~~
ဇက်ပိုးဆီမှ စူးစူးရှရှ နာကျင်မှုနှင့်အတူ သလင်းဖြူ ပစ္စုပ္ပန်ကို ပြည်လည်အမှတ်ရလာသည်။သတိဝင်လာသည်နှင့် တစ်ပြိုင်နက် သလင်းဖြူဆတ်ခနဲထထိုင်လိုက်မိသည်။ ထထိုင်လိုက်မိသည်နှင့် သလင်းဖြူ မြင်တွေ့လိုက်ရသည်မှာ ခပ်မှောင်မှောင် ဖြစ်နေသော အခန်းပင်ဖြစ်လေသည် ။ အခန်းသည် အုတ်များဖြင့် တည်ဆောက်ထားပြီးလျှင် တစ်ခုတည်းသောအပေါက်မှသစ်သားတံခါးကိုပိတ်ထားသည်ကိုပါတွေ့လိုက်ရလေသည်။သလင်းဖြူ ထိတ်ထိတ်လန့်လန့်နှင့်ပင် အားယူ ထလိုက်ပြီးလျှင် သစ်သားတံခါးဆီသို့ လျှောက်သွားပြီး တံခါးကို ခပ်ဖြည်းဖြည်းဖွင့်ကြည့်လိုက်သည် ။ ထိုအခါ တံခါးသည် လှုပ်သည်ဆိုရုံမျှသာ လှုပ်ခတ်သွားပြီး လက်ညှိုးတစ်ချောင်းစာသာပွင့်ဟ၍သွားလေသည်။ ဆက်၍ ဖွင့်မရတော့ပါချေ။ တံခါးအားအပြင်မှ သော့ခတ်ထားပုံရလေသည်။ထပ်မံကြိုးစားကြည့်သော်လည်း အချည်းနှီးသာဖြစ်ပြီးလျှင် သလင်းဖြူ မောဟိုက်လာလေသည်။ထို့ကြောင့် ခေတ္တမျှ နားလိုက်ပြီး လက်ညှိုးတစ်ချောင်းစာမျှ ဟနေသော တံခါးပေါက်မှ အပြင်သို့ ချောင်းကြည့်လိုက်ရာ အခန်းပြင်တွင် မှုန်ဝါးဝါး အလင်းကိုသာ တွေ့လိုက်ရလေသည်။အပြင်တွင် မိုးချုပ်သွားလေပြီလား။ သလင်းဖြူ မည်သည့်နေရာသို့ ရောက်ရှိနေပါသနည်း။ဘယ်လိုမှ စဉ်းစား၍ မရနိုင်ဘဲရှိလေသည်။
"ရှပ် ...ရှပ် ..ရှပ် ....ရှပ်"
ထိုစဉ်မှာပင် ခပ်လှမ်းလှမ်းလောက်ဆီမှ ခြေသံများကို ကြားလိုက်ရသောကြောင့် သလင်းဖြူ အသာငြိမ်နေလိုက်ရသည်။အမှောင်ထဲတွင် ခြေသံများနှင့်အတူ ခပ်ဝါးဝါး လူရိပ်များကို တွေ့ရသော်လည်း ယောကျာ်း၊ မိန်းမ မည်သူမည်ဝါမှန်း မသဲကွဲဘဲရှိလေသည်။
" မင်းရူးနေပြီလား နေလင်း ... သူ့က ငါတို့ကို ထောင်ထဲ ထည့်မဲ့သူဆိုတာ မင်းမသိဘူး .....မင်းလုပ်တာတွေကို သူဋ္ဌေးသာသိသွားကြည့်ပါလား ... အဲ့ဒီဟာမလေးနေရမှာ မင်းသေသွားမှာကွ အရူးရ
ရုတ်တရက် ထွက်ပေါ်လာလာသော စကားသံကြောင့် သလင်းဖြူ မလှုပ်မယှက် အနေအထားနှင့် အသံများကို နားထောင်နေမိသည်။ဦးစွာ ယောကျာ်းတစ်ယောက်၏ ဒေါသတကြီး ပြောဆိုနေသော အသံကို ကြားလိုက်ရလေသည်။
"မင်းရဲ့ တာဝန်က သူ့ဆီကသိရသမျှ အကြောင်းကို သတင်းပြန်ပေးဖို့ပဲ ....သူ့ကိုကာကွယ်စောင့်ရှောက်ဖို့ မဟုတ်ဘူး ... မင်းကြောင့် ငါပါဒုက္ခရောက်တော့မလို့ကွ ... အေး တကယ်လို့ ငါအဖမ်းခံရရင်တော့ မင်းကို သတ်ပြီးမှ ထောင်ထဲဝင်မှာ သိရဲ့လား နွားရဲ့..."
ဧကြည်ဖြူ
" အဝါရောင်ရဲတိုက် "
အပိုင်း ( ၂၁)
*****
သလင်းဖြူ၏ အထိတ်တလန့် အော်သံကိုသာကြားလိုက်ရပြီး နောက် အသံများ တိတ်ဆိတ်သွားကာ ဖုန်းပါကျသွားလေသည်။ထွဋ်ခေါင်ဖုန်းကိုထပ်ခေါ်ကြည့်လိုက်သည်။ထိုအခါ သလင်းဖြူ၏ ဖုန်းမှာ စက်ပါပိတ်သွားလေသည်။ထွဋ်ခေါင်၏ရင်ထဲ စိုးရိမ်စိတ်များဝင်ရောက်လာပြီး ဆိုင်ကယ်ရပ်ထားရာဆီသို့ အပြေးအလွှားထွက်လာခဲ့လိုက်သည်။ပြီးလျှင် ဆိုင်ကယ်ပေါ်သို့အမြန်တက်ပြီးမောင်းထွက်ခဲ့လိုက်သည်။
"ကိုထွဋ်ခေါင် ဘာဖြစ်လို့လဲ ... ဘယ်သွားမလို့လဲ "
ရွှေရည်ဝင်းသည် ထွဋ်ခေါင်တစ်ယောက်ရေးကြီးသုတ်ပြာနှင့်ထွက်သွားသည်ကို တွေ့လိုက်ရသောကြောင့် လှမ်း၍ မေးလိုက်သော်လည်း ထွဋ်ခေါင်မှာ နောက်သို့မျှ လှည့်မကြည့်ဘဲ ဆိုင်ကယ်ကို ဝူးခနဲ မောင်ထွက်သွားသည်ကိုသာ တွေ့လိုက်ရလေသည်။
~~~~~~
ထွဋ်ခေါင်သည် ခြံရှေ့သို့ ရောက်သည်နှင့် ဟွန်းကို အဆက်မပြတ်တီးလိုက် ပြီးလျှင် ဆိုင်ကယ်ပေါ်မှဆင်း၍ ဘဲလ်ကိုပါ အဆက်မပြတ် နှိပ်လိုက်သည်။သို့သော်လည်း ဖိုးထူးတစ်ယောက် တော်တော်နှင့်ထွက်မလာသဖြင့် ထွဋ်ခေါင် ရင်ထဲ၌ ဗလောင်ဆူ၍လာလေသည်။ထိုစဉ်မှာပင် ဒေါ်သုန်သည် မျက်နှာထား စူပုတ်ပုတ်နှင့် ခြံဝသို့လျှောက်လာသည်ကို တွေ့လိုက်ရလေသည်။
"ဘာများ အရေးကြီးနေလို့လဲ မောင်ရင် ... ဒီမှာ ဒေါ်ကြီးတို့ ညနေစာ ချက်နေရလို့ ...မအားကြလို့ပါကွယ် "
" သလင်းဖြူ ...သလင်းဖြူ အိမ်မှာ ရှိလား အဒေါ် ...ဒါနဲ့ ဖိုးထူးရော ...ဖိုးထူး ဘယ်သွားလဲ "
ထွဋ်ခေါင်သည် ခြံတံခါးသော့ကို ဖွင့်နေသော ဒေါ်သုန်ကို မေးခွန်းတွေအဆက်မပြတ်မေးနေမိလေသည်။
"ဒီမှာ မောင်ရင် ... သလင်းဖြူက အိမ်ပေါ်မှာပဲလား ...ဘယ်သွားလဲဆိုတာ ကျုပ်လဲမသိဘူး ...သူရှိ မရှိသိချင်ရင် စက်ဘီးကိုသာသွားကြည့်...ဖိုးထူးကလဲ ရက်ကန်းရုံက ခေါ်လို့ ဆိုပြီးထွက်သွားတာပဲ "
ထွဋ်ခေါင်သည် ဒေါ်သုန်၏ စကားကို နားထောင်ပြီးနောက်ခြံတံခါးပွင့်သွားသည်နှင့် ဆိုင်ကယ်ကို ဂိုထောင် နားအထိ မောင်းသွားလိုက်ပြီး သလင်းဖြူ၏ စက်ဘီးထားရာနေရာသို့ သွားရောက်ကြည့်ရှုလိုက်သည်။နေရာတွင် စက်ဘီးကို မတွေ့ရသောအခါ ထွဋ်ခေါင်ရင်ထဲမှ ပူပန်မှုများက အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့လေသည်။
ထွဋ်ခေါင် ဆိုင်ကယ်ကို တိုက်ကြီး၏ ရှေ့သို့ ပြန်မောင်းလာခဲ့ပြီးနောက် အိမ်ပေါ်သို့ အပြေးအလွှားတက်ကြည့်လိုက်သည်။
"သလင်းဖြူ ...သလင်းဖြူ .... မင်းဘယ်မှာလဲ "
သလင်းဖြူ၏ အိပ်ခန်း အပါအ၀င် အခြားလွတ်နေသော အခန်းများနှင့် ရေချိုးခန်း ၊ အိမ်သာ ၊ နောက်ဖေး လှေကားအခန်းပါမကျန် တစ်ခန်းပြီးတစ်ခန်းလိုက်ရှာကြည့်သော်လည်း သလင်းဖြူ၏အရိပ်အယောင်ကို မျှ မတွေ့ရဘဲရှိလေသည်။
"သလင်းဖြူ ...သလင်းဖြူ "
အပေါ်ထပ်၊ အောက်ထပ်များအနှံ့ သလင်းဖြူ နာမည်ကို တကြော်ကြော် အော်ခေါ်ပြီး ထွဋ်ခေါင်လိုက်ရှာနေမိသည်။
"အစ်ကိုလေး ...မမဖြူလေးကိုရှာနေတာလား ...မမဖြူလေးက အိမ်မှာမရှိဘူးလေ ...အပြင်ကိုစက်ဘီးနဲ့ထွက်သွားတာ ပူစူး တွေ့လိုက်တယ် "
အလုပ်သမားလေး ပူစူး၏စကားကြောင့်ထွဋ်ခေါင် ဆိုင်ကယ်ဆီသို့ အပြေးအလွှား ထွက်ခဲ့လိုက်သည်။ထိုသို့ ထွဋ်ခေါင်တစ်ယောက်ပျာယာခတ်နေစဉ်မှာပင် ရွှေရည်ဝင်းက ခြံထဲသို့ ဆိုင်ကယ်နှင့်ရောက်လာပြီး ထွဋ်ခေါင်ကို လှမ်း၍ မေးလိုက်လေသည်။
"ကိုထွဋ်ခေါင် ဘာဖြစ်တာလဲ ... ကိုထွဋ်ခေါင်ပုံစံက မထိတ်သာ မလန့်သာနဲ့ ဘာဖြစ်လို့လဲ ..ရွှေရည်တို့ကို ပြောပါအုံး "
"သလင်းဖြူ ပျောက်သွားလို့ ရွှေရည် ... ခုနကိုယ်နဲ့ ဖုန်းပြောနေရင်းကနေ သူ့အော်သံကို ကြားလိုက်ရတယ် ...ပြီးတော့ သူ့ရဲ့ဖုန်းပါ စက်ပိတ်သွားတယ်...အဲ့ဒါ ရွှေရည် ကို့အိမ်က လူကြီးတွေကို အကြောင်းကြားပေးပါလား "
ထွဋ်ခေါင်၏ အဖြေစကားကြောင့် ရွှေရည်ဝင်းရင်ထဲ၌ အောင့် သက်သက်ဖြစ်သွားရပြီး ထွဋ်ခေါင်ကို မကျေမနပ်နှင့် ပြောလိုက်လေသည်။
" ခုနပဲ ဖုန်းပြောနေတာဆိုရင် ...ရွာထဲမှာ ရှိမှာပေါ့ ကိုထွဋ်ခေါင် ... သူက အမြဲ စက်ဘီးတစ်စီးနဲ့ လျှောက်သွားနေတတ်ပြီး သူတစ်ယောက်တည်း အမျိုးမျိုးဖြစ်နေတာကို ကိုထွဋ်ခေါင်လဲ အသိပဲဟာ "
ရွှေရည်ဝင်း၏ မကျေမနပ်ပြောဟန်ကြောင့် ထွဋ်ခေါင် စိတ်တိုသွားမိသော် စိတ်ကို ပြန်ထိန်းကာ ရွှေရည်ဝင်းကို သေချာ ရှင်းပြလိုက်သည်။
"မဟုတ်ဘူး ရွှေရည် ...သလင်းဖြူမှာ အသက်အန္တရာယ်ရှိနေပြီ ... ဖိုးထူး ဆိုတဲ့လူ ဘယ်မှာလဲ ...ရက်ကန်းရုံမှာလား... သူ့ကို တွေ့အောင် ရှာရမယ် ... သလင်းဖြူ ဘယ်မှာလဲ ဆိုတာ သူသိလိမ့်မယ် "
ထွဋ်ခေါင်၏ စကားကြောင့် ရွှေရည်ဝင်း ငြိမ်သက်သွားရပြီးလျှင် ထွဋ်ခေါင်ကို မျက်နှာထားတင်းတင်းနှင့် ကြည့်လိုက်ပြီး
"ဟုတ်ပြီလေ ... ကိုထွဋ်ခေါင် ပြောတာ မဖြစ်နိုင်ပေမဲ့လဲ ... သလင်းဖြူက ရွှေရည်တို့ဆီမှာ လာက်နေတဲ့သူဆိုတော့ ရွှေရည်တို့မှလဲ တာဝန်မကင်းဘူးပေါ့ ...ရွှေရည် လူကြီးတွေကို အကြောင်းကြားပေးပါ့မယ် "
"ဟုတ်ပြီးလေ ... ဒါဆို ကိုယ် ရွာထဲမှာ သလင်းဖြူကို လိုက်ရှာကြည့်လိုက်အုံးမယ် ....ရွှေရည်က မိသားစုတွေဆီကို အကြောင်းကြားပြီး အကူအညီတောင်းထားပေးပါနော် "
" အရိပ်ကောင်းလိုက်တာဟယ် ...ဒါနဲ့ စိုင်းလွှမ်း ... မနက်တုန်းက.. နင် ငါ့ကို လိုက်ပို့ပြီး ငါအိမ်ပြန်ရောက်တော့လေ ... ငါ ဂိုထောင်သန့်ရှင်းရေးလုပ်ရင်း မြွေပေါက်ခံရမလို ဖြစ်ခဲ့သေးတယ် ... အဲ့ဒါ ငါသတိလစ်မလို ဖြစ်သွားတုန်းမှာ... နင်က မြွေကို သတ်လိုက်တာကို ငါမြင်လိုက်ရတယ် ... အဲ့ဒါ တကယ်ပဲ နင် မဟုတ်လားဟင် "
သလင်းဖြူ၏ အမေးကြောင့် စိုင်းလွှမ်း၏ မျက်လုံးအစုံမှာ ပြူးကျယ်သွားပြီးလျှင်
" ဘာ နင့် မြွေပေါက်ခံရတော့မလို့ဟုတ်လား ... နင်ဘာဖြစ်သွားသေးလဲ ဖြူလေး "
စိုင်းလွှမ်းက သလင်းဖြူကို စိုးရိမ်တကြီးနှင့် မေးလိုက်သည်။
" ငါ ..ဘာမှ မဖြစ်ပါဘူး စိုင်းလွှမ်း...တကယ်ပဲ နင်ငါ့ဆီကို ရောက်လာလားပဲ ပြောစမ်းပါ "
သလင်းဖြူက စိတ်မရှည်စွာပင် စိုင်းလွှမ်းကို ပြန်မေးလိုက်သည်။
" မဟုတ်တာ ...ငါမဟုတ်ပါဘူး....မင်း အမြင်မှားတာဖြစ်မယ် ဖြူလေး.... ခြံတံခါးကို သော့ခတ်ထားတာ ငါက ဘယ်လို ဝင်နိုင်မလဲ "
စိုင်းလွှမ်းက သလင်းဖြူကို ကြည့်၍ အငြင်းစကား ဆိုလိုက်သည်။
" ငါသေချာ မြင်လိုက်ရတာ စိုင်းလွှမ်းရယ် ...နင်မဟုတ်ဘူးလား ...နင် ငါ့ကို ကယ်ခဲ့တာ မဟုတ်ဘူးလား ...ငါ့မျက်လုံးထဲမှာတော့ နင်က မြွေကြီးကို ဓါးနဲ့ပိုင်းလိုက်တာကို မြင်လိုက်ရတယ်ထင်တာပဲ ..ငါအမြင်မှားတာပေါ့နော် ...ဒါနဲ့ စိုင်းလွှမ်း ... ငါလေ (1 ဘာကိုသိလာခဲ့လဲ နင်သိလား "
" မသိဘူးလေ "
စိုင်းလွှမ်းက ခေါင်းကို ယမ်းခါပြပြီး ဖြေလိုက်သည်။
"ငါပြောပြမယ် ... ဒီနေ့ အဘိုးအဘွားတို့အုတ်ဂူနားက ရေတွင်းဟောင်းကို တွေ့ခဲ့တယ် ...အရင်နေ့တွေက သတိမထားမိခဲ့ဘူး ... ဒီနေ့မှ သတိထားမိတာ ... အိမ်က ကောင်မလေးကို အစ်အောက်ပြီး မေးကြည့်လိုက်တော့ ရေတွင်းကို ဖျက်ပြီး ပိတ်လိုက်တာ မကြာသေးဘူးပဲ ... ငါ့ အထင်ပြောရရင် ....တကယ်လို့ ဒေါ်လေးကိုသာ သူတို့သတ်ခဲ့ရင် ... သေချာတယ် ...ဒေါ် လေးရဲ့ အလောင်းက ရေတွင်းပျက်ထဲမှာ ရှိမှာပဲ "
"ဘယ် ...ဘယ်လို ဖြူလေး ... ဒေါ်လေး အလောင်း ဟုတ်လား ..ဒေါ်လေးက သူ့ချစ်သူနဲ့လိုက်သွားတာဆို ... ပြီးတော့ အဲ့ဒီမှာ မင်းတို့ ဆွေမျိုးသားချင်းတွေပဲ ရှိတာလေ ... ဒါက ဖြစ်နိုင်ပါ့လား ...."
စိုင်းလွှမ်းက သလင်းဖြူကို အထိတ်တလန့်နှင့် ပြောလိုက်သည်။
" ဖြစ်နိုင်တာပေါ့ ...ပြီးတော့ ဦးငယ်လဲ ပျောက် နေတယ် ...ဒါကိုလဲ ငါမသင်္ကာဘူး ...သူတို့ ဦးငယ်ကိုပါ တစ်ခုခုလုပ်လိုက်ကြပြီ ထင်တာပဲ "
" ဟုတ် ... ဟုတ်ပါ့မလား ဖြူလေးရယ် ... မင်းထင်တာတွေကလဲ ကြောက်ဖို့ကောင်းလိုက်တာကွာ ..."
သလင်းဖြူ၏ အထင်ကို စိုင်းလွှမ်းက အထိတ်တလန့်နှင့် ပြောလိုက်စဉ်မှာပင် သလင်း ဖြူ၏ ဖုန်းလေးက ထမြည်လာခဲ့လေသည်။
သလင်းဖြူက ဖုန်းကို ကောက်ကိုင်လိုက်ပြီးနောက် " ခဏလေးနော် စိုင်းလွှမ်း ...ဖုန်းခဏ ပြောလိုက်အုံးမယ် "
"ဟယ်လို "
သလင်းဖြူက စိုင်းလွှမ်း၏ ဘေးမှ ထလိုက်ပြီး ဖုန်းကို ပြောလိုက်သည်။
"မင်း ဘာဖြစ်လို့လဲ အဆင်ပြေရဲ့လား သလင်းဖြူ ...ဖုန်းတွေ ခေါ်ထားတာတွေ့လို့ .... "
"ဘာမှမဖြစ်ဘူး ...ရှင့်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုပြောမလို့ ကျွန်မတို့ ခဏလောက်တွေ့ကြမလား "
သလင်းဖြူက စိုင်းလွှမ်းမကြားအောင် အသံကို ခပ်တိုးတို့ ပြောလိုက်သည်။
" ဟုတ်ပြီလေ ဆုံနေကြ ရွာစပ်နားမှာ ဆုံကြတာပေါ့ ...ကိုယ်လဲ မင်းသူငယ်ချင်းစိုင်းလွှမ်း ဆိုတဲ့လူက လွန်ခဲ့တဲ့သုံးနှစ်က သေသွားခဲ့တဲ့ အကြောင်းကို ပြောပြမလို့လေ...အဲ့ဒါ မင်းအပြင်ကို ထွက်လာတဲ့အခါ သူနဲ့ ဆုံခဲ့ရင် သတိထားအုံး "
"ရှင် ... ဘာ ..ဘာပြောတယ် "
ထွဋ်ခေါင်၏ စကားကြောင့် သလင်းဖြူ ထိတ်လန့်တုန်လှုပ်စွာပင် စိုင်းလွှမ်းကို လှမ်း၍ကြည့်လိုက်မိလေသည်။ထိုအခါ စိုင်းလွှမ်းကလည်း ဒေါသ အမျက်ထွက်နေသော မျက်နှာဖြင့် သလင်းဖြူ ရှိရာဆီသို့လျင်မြန်စွာလျှောက်လာသည်ကို တွေ့လိုက်ရလေသည်။
" အား "
သလင်းဖြူ အံ့သြတုန်လှုပ်စွာပင် စိုင်းလွှမ်းကို သတိလက်လွတ်ပေးမောကြည့်နေမိစဉ်မှာပင် သလင်းဖြူ၏ ဇက်ပိုးကို ပြောင်းခနဲ အရိုက်ခံလိုက်ရပြီး နာကျင်လွန်းသောကြောင့် သလင်းဖြူသတိလက်လွတ် အော်ဟစ်လိုက်မိပြီးနောက် လောကကြီးတစ်ခုလုံး မှောင်အတိကျသွားလေသည်။
"သလင်းဖြူ ...သလင်းဖြူ ..မင်း....မင်းဘာဖြစ်တာလဲ "
ထွဋ်ခေါင်သည် ဖုန်းထဲမှ သလင်းဖြူ၏ အော်သံကို ကြားလိုက်ရသောကြောင့် စိုးရိမ်တကြီးနှင့် မေးလိုက်သော်လည်း သလင်းဖြူ ထံမှ တုန့်ပြန်သံကို မကြားရဘဲရှိလေသည်။
=====================
အပိုင်း ( ၂၁ ) ဆက်ရန်
ဧကြည်ဖြူ .
သလင်းဖြူက သိချင်တာကို သွယ်ဝိုက်၍မေးလိုက်သည်။
"ဟုတ်တယ် အရင်ကဆို သွပ်ပြားကို လှန်ပြီး အမှိုက်တွေကို ရေတွင်းထဲကို ပစ်ချလိုက်တာပဲ ...နောက်တော့ ရေတွင်းကို ဖြိုလိုက်ပြီး အပေါ်က ကျော်က်ပြား ဖိလိုက်လို့ အမှိုက်တွေကို မီးပဲရှို့ပစ်ရတော့တာ "
"ဟုတ်.... ဟုတ်လား ...ရေတွင်းကို ဘယ်တုန်းက ပိတ်ပစ်လိုက်တာလဲ ပူစူး "
သိချင်သော အဖြေကို ရခါနီးပြီဖြစ်သောကြောင့် သလင်းဖြူ၏ ပေးသံမှာ အနည်းငယ်ပင် တုန်ယင်၍နေလေသည်။
" ကြာတော့ မကြာသေးဘူးထင်တယ်... အစ်ကို လေး စိုင်းရန်နိုင်မလာခင်က ထင်တာပဲ "
" ဪ ... ဟုတ်လား ... ဘယ်သူက ပိတ်ခိုင်းတာလဲ ပူစူး "
" မပြီးသေးဘူးလား ပူစူး ... အလုပ်မလုပ်ဘဲ စကားတွေ ပြောနေကြတာလား .....သလင်းဖြူက အနားမယူဘဲ ဘာလုပ်နေတာလဲ "
သလင်းဖြူ မျှော်လင့်ကြီး မေးလိုက်စဉ်မှာပင် အခန်းထဲသို့ ဒေါ်သုန် ရောက်လာသောကြောင့်မျှော်လင့်ချက်များ ပျက်စီး သွားရလေသည်။သလင်း ဖြူလည်း ထိုင်နေရာမှ ထလာခဲ့ပြီး အပြင်သို့ ထွက်ခဲ့လိုက်သည်။
~~~~~~
သလင်းဖြူ စက်ဘီးပေါ်တက်ခါနီးတွင် ထွဋ်ခေါင်ဆီသို့ ဖုန်းခေါ်ကြည့်လိုက်သည်။ ဖုန်းမှာ ယခုအချိန်ထိပင် မအားနိုင်ဘဲ ရှိလေသည်။စိတ်မရှည်လှသော သလင်းဖြူမှာ စက်ဘီးကို ရက်ကန်းရုံဘက်သို့ နင်းခဲ့လိုက်သည်။
~~~~~~~
"ဖြူလေး ... ဖြူလေး "
သလင်းဖြူ စက်ဘီးနင်းလာရာမှ လမ်းဘေးမှ ခေါ်သံသဲ့သဲ့ကို ကြားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်သောအခါ စိုင်းလွှမ်းကို တွေ့လိုက်ရသောကြောင့် စက်ဘီးပေါ်မှ ဆင်းလိုက်ပြီး လှမ်းခေါ်လိုက်သည်။
"ဟယ် စိုင်းလွှမ်း ... နင့်ကို တွေ့ချင်နေတာနဲ့ အတော်ပဲ....ဘယ်ကို လာရှာရမှန်းမသိလို့ စိတ်ညစ်နေတာ...."
သလင်းဖြူက စိုင်းလွှမ်းဆီသို့ သွားပြီး ဝမ်းသာအားရ ပြောလိုက်မိလေသည်။
"လာလေ ... ငါနေတဲ့နေရာကို လိုက်ကြည့်မလား ... နည်းနည်းတော့ လှမ်းတယ် ...အိမ်က စုတ်နေလို့ အရင်က မခေါ်ခဲ့တာလေ ...အခုတော့ အခြားနေရာထက်စာရင် မင်းအတွက် ငါ့အိမ်က ပိုလုံခြုံမယ် ထင်တယ် "
ပြောပြီးသည်နှင့် စိုင်းလွှမ်းက သလင်းဖြူကို စက်ဘီးနောက်တွင် ထိုင်ခိုင်းလိုက်ပြီး သူက စက်ဘီးကို တက်နင်းခဲ့လိုက်လေသည်။
စိုင်းလွှမ်း နင်းလာသော စက်ဘီးလေးသည် လျှိုချောက်သွားရာ လမ်းဆီသို့ ဦးတည်၍ နင်းသွားသည်ကို တွေ့လိုက်ရသောကြောင့် သလင်းဖြူက အလန့်တကြားနှင့် စိုင်းလွှမ်းကိုမေးလိုက်မိလေသည်။
"ဒါ ...ဒါက လျှိုချောက်ဘက်သွားတဲ့လမ်း မဟုတ်လား စိုင်းလွှမ်း ....အဲ့ဒီဘက်က သွားမလို့လား "
" မသွားပါဘူး ဖြူလေးရယ် ... ဘေးရွာကို သွားတဲ့ လမ်းခွဲက သွားမှာပါ ... အန္တရာယ် မရှိစေရဘူး စိတ်ချပါ..."
~~~~~
"အဲ့ဒါဆို ဒီညဖြစ်ဖြစ် ... မနက်ဖြန်မနက်ဖြစ်ဖြစ် အရောက်လာခဲ့ကွာ .... သေချာတာက .. ဒီပုံအတိုင်းဆို ခြံထဲမှာပဲရှိမှာ ... ဒါပေမဲ့ အိမ်ကလဲ အကျယ်ကြီး ..ခြံကလဲ အကျယ်ကြီး ဆိုတော့ ငါတို့ အချိန်ယူရယ်ထင်တယ်.."
ထွဋ်ခေါင်က မိမိထင်နေမိသည်ကို ဖုန်းထဲမှနေ ဝေထွန်းကို ပြောပြလိုက်သည်။
"အဲ့ဒါလဲ ဟုတ်တယ်...သက်သေခံမရရင်တောင် သဲလွန်စရမှာဖြစ်မှာ ...ဒါနဲ့ ကိုဇော်မျိုးကိုလဲ ပြောထားတယ် ...အဲ့ဒီဘက်က တာဝန်ရှိသူနဲ့ ညှိပြီး ကူညီမယ်လို့တော့ ပြောတယ် ... ကြားထဲမှာ သူတို့ဘက်က လက်ဦးသွားလို့တော့ မဖြစ်ဘူးနော် ....ဟိုတစ်ယောက်ကိုလဲ ကြည့်ပြောထားအုံး ....အလွဲလွဲအချော်ချော်တွေဖြစ်ကုန်မှာစိုးလို့ ...ဦးရန်နောင်ထွေးကိစ္စက သေချာသလောက်ပဲ ...ဒါပေမဲ့ သူကတော့ ခြံထဲမှာ မဟုတ်လောက်ဘူး ..`
"အေးကွာ ... တစ်နေရာရာမှာ သက်ရှိထင်ရှား ရှိနေပါစေပဲ ဆုတောင်းရမှာပဲ "
ထွဋ်ခေါင်က ဖုန်းကို နားတွင်ကပ်လျက် ခပ်တိုးတိုးပြောလိုက်သည်။
"အေး ...မင်းလဲ သတိထားအုံး ...ဒီကိစ္စက တစ်ဦးတစ်ယောက်တည်း ကျူးလွန်ထားတဲ့ ကိစ္စတော့မဟုတ်ဘူး ...အစွယ်အပွားတွေ များလောက်တယ် ... ငါတို့ကို တစ်ယောက်ယောက်က ရိပ်မိနေရင်လဲ ရိပ်မိနေနိုင်တယ် သတိတော့ထား ...ဒါပဲ ဖုန်းချလိုက်ပြီ "
"ကိုထွဋ်ခေါင် အရေး ကြိကိစ္စရှိလို့လား... ဖုန်းပြောနေတာအကြာချည်းပဲ "
" ဪ ...ရွှေရည် "
ဝေထွန်းဆီမှ ဖုန်းချသွားသည်နှင့် တစ်ပြိုင်နက် အနားသို့ ရောက်လာသော ရွှေရည်ဝင်းကို ကြည့်ပြီး ထွဋ်ခေါင် ချက်ချင်းပင် မျက်နှာ အနေအထားကို ပြင်လိုက်ရသည်။
"အရေးကြီးတယ်ဆိုတာထက် ... ဟိုဘက်က ပွဲစီစဉ်သူနဲ့ စကားတွေပြောနေရတာ .. ဒါပေမဲ့ စိတ်မပူပါနဲ့ ရွှေရည်ရယ် အဆင်ပြေသွားမှပါ "
ထွဋ်ခေါင် ရွှေရည်ဝင်းကို အလိုက်သင့် ပြန်ဖြေလိုက်ရင်းမှ ဖုန်းကို ကြည့်လိုက်ရာ သလင်းဖြူ ဖုန်းခေါ်ထားသည်ကို တွေ့လိုက်ရသောကြောင့် စိုးရိမ်ပူပန်သွားမိလေသည်။
"ရွှေရည် ခဏနော် ...ကိုယ် အိမ်ကို ဖုန်းခဏဆက်ချင်လို့ "
ထွဋ်ခေါင် ပြောလိုက်သောအခါ ရွှေရည်ဝင်းသည် နှုတ်ခမ်းလေးကို မသိမသာကိုက်၍ သူမ၏ ရုံခန်းထဲသို့ ပြန်ဝင်သွားလေသည်။
~~~~
သလင်းဖြူနှင့် စိုင်းလွှမ်းတို့ လျှိုချောက်လမ်းအနီးရှိ အရိပ်ကောင်းသော သစ်ပင်ကြီး အောက်တွင် စက်ဘီးကို ရပ်ပြီး အမောဖြေနေကြလေသည်။
ဧကြည်ဖြူ
"အဝါရောင် ရဲတိုက် "
အပိုင်း ၂၀
*****
ခြေသံလိုလို ကြားလိုက်ရသောကြောင့် သလင်းဖြူနောက်သို့ ဖျတ်ခနဲလှည့်ကြည့်လိုက်သော်လည်း နောက်ဘက်တွင် ဘာကိုမျှ မတွေ့ရသောကြောင့် သလင်းဖြူယောင်နနဖြစ်သွားမိသည်။ သလင်ဖြူ အသံကြားလိုက်ရသည်မှာ သေချာသည်။စိတ်က မကျေနပ်နိုင်ဘဲ အသံကြားရသည်ဟု ထင်မိသော နေရာကို လှည့် ပတ်ကြည့် ရှုမိပြန်သည်။ ထိုအခါ ခုတ်လှဲထားသော သစ်ပင်မှ ဖြတ်စသစ်တုံးကြီးများသာ အစီအရီ ရှိနေသည်ကိုတွေ့ရလေသည်။သစ်တုံးများကို ကြည့်ရင်း သလင်းဖြူ စိတ်ထဲ တစ်စုံတစ်ရာကို သတိရလိုက်မိသည်။ ထိုနေရာတွင် ရေတွင်းတစ်တွင်းရှိခဲ့သည်ကို အမှတ်ရလိုက်မိသည်။သလင်းဖြူတို့ ငယ်စဉ်တုန်းက ရွာတွင် မီးဆိုသည်မှာ ဝေးလာဝေး ရေပင်နွေရောက်လျှင် ဒုက္ခရောက်တတ်သည် ။ ထို့ကြောင့် အိမ်တိုင်းတွင် အနည်းဆုံး ရေတွင်းတစ်တွင်း သို့မဟုတ် ရေကန်တစ်ကန်တော့ရှိကြစမြပင်။တတ်နိုင်သူများက ရေတွင်းတူးပြီး ရေတွင်းကို အုတ်ပေါင်များဖြင့် ပြုလုပ်လေ့ရှိကြသည်။မတတ်နိုင်သူများကတော့ ရေကန်သာ တူးနိုင်ကြသည်။နွေပေါက်၍ မိမိတို့အိမ်ခြံဝင်းထဲရှိ ကန်ရေခန်းပြီး ဆိုလျှင် ရွာစာသင်ကျောင်းနားရှိ ရေတွင်းမှ ခပ်သုံးကြရသည်။သလင်းဖြူတို့ မိသားတစ်စုကတော့ ထိုစဉ်ကတည်းက ငွေကြေးလည်း အသင့်အတင့်ရှိကြသလို ခြံကလည်းကျယ်ပြီး မိသားစုတွေလည်းများသောကြောင့် ခြံထဲတွင် ရေတွင်းရော ရေကန်ကိုပါ တူးခဲ့ကြသည်။ထိုစဉ်ကတော့ ရေတွင်းရေက လူတွေ သုံးဖို့ ဖြစ်ပြီး ရေကန်က တိရစ္ဆာန်များ သုံးဖို့အတွက် ဖြစ်သည်။သလင်းဖြူ မှတ်မိသလောက်တော့ ရေတွင်းဘေးနှုတ်ခမ်းပေါင်မှာ သိပ်မမြင့်ဘဲခပ်ပုပုသာဖြစ်သည်။အဓိက က ကလေးများပါ ကိုယ့်ဘာသာရေခပ်ချိုးနိုင်ရန် အတွက် ထိုသို့ ပြုလုပ်ထားခြင်းပင်ဖြစ်သည်။ တဖြည်းဖြည်း ခေတ်စနစ်များ ပြောင်းလဲလာသည်နှင့်အမျှ ကျေးရွာများတွင် ရေတွင်း အစား ရေတုံကင်များ၊ ရေစုပ်စက်များတူးလာကြသောအခါ ရေတွင်း၊ ရေကန်တော်တော်များများမှာ မြေဖို့ခြင်း
ခံလိုက်ကြရလေသည်။သလင်းဖြူတို့ ခြံထဲမှ ရေးတွင်းလေးသည်လည်း အဘိုးမဆုံးခင် သလင်းဖြူလာတုန်းကတော့ မြေဖို့ခြင်းမခံရသေးသော်လည်း သုံးစွဲသူမရှိဘဲ အပေါ်မှ သွပ်ပြားများ၊ သစ်ကိုင်းခြောက်များဖြင့် ဖုံးဖိထားသည်ကို တေ့ခဲ့ရလေသည်။ယခုအခါ၌မူ ရေတွင်းလေးသည် မြေဖို့ခြင်းကို ခံလိုက်ရပြီဖြစ်လေသည်။ရေတွင်းရှိခဲ့ဖူးသော နေရာတွင် သစ်တုံးကြီးများကို တွေ့ရလေသည်။သလင်းဖြူ ကန်ပေါင်ပေါ်မှ ဆင်းလိုက်ပြီးလျှင် သစ်တုံးများ ရှိရာဆီသို့ လျှောက်သွားကြည့်လိုက်သည်။ပြီးလျှင် ငယ်စဉ်ကပျော်ရွှင်စွာဆော့ကစားခဲ့ဖူးသော ရေတွင်းဟောင်းနေရာလေးကို ဘာရယ်မဟုတ် သလင်းဖြူရှာကြည့်လိုက်မိလေသည်။
"ဟင် "
သလင်းဖြူ သစ်တုံးများကြား ကုန်ကုန်းကွကွ လျှောက်ကြည့်နေရင်းမှ ရေတွင်းရှိရာနေရာကို တွေ့လိုက်ရလေသည်။သို့သော်လည်း ရေတွင်းဟောင်းရှိ ဘေးနှုတ်ခမ်းသားများကို ချိုးဖျက်ထားပြီးလျှင် အပေါ်မှ သွပ်ပြားတင်မဟုတ်ဘဲ ကျောက်ပြားပါ ပိတ်ထားသည်ကို တွေ့ရလေသည်။ ထိုမျှမကသေးဘဲ ထိုပေါ်မှ သစ်လုံးများပါ ကန့်လန့်ဖြတ်တင်ထားသည်ကို တွေ့ရလေ၏။ဒါသည် သိပ်တော့ မထူးဆန်းလှပါပေ။ရေတွင်းဟောင်းကို မသုံးတော့လျှင် အပေါ်မှ ဖုံးအုပ်ထားရမည်ပင်ဖြစ်လေသည်။ သို့သော်လည်း သလင်းဖြူက မသင်္ကာသော စိတ်ဖြင့် တရားခံရှာနေခြင်းဖြစ်သောကြောင့် မြင်မြင်သမျှ အရာတိုင်းတို့သည် သလင်းဖြူ မျက်ဝန်းထဲတွင်တော့ သဲလွန်စရှာရန်များသာဖြစ်နေလေသည်။ရေတွင်းကို ဖုံးအုပ်ထားသော ကျောက်ပြားသည် သစ်လွင်နေဆဲပင်ဖြစ်သည်။ကျောက်ပြားပေါ်တွင် ရေညှိရောင်မပေါက်သေးပေ။ဤကျောက်ပြားကို ဖယ်ရှား၍ ရေတွင်းဟောင်းထဲသို့ ကြည့်ရမည်ဆိုလျှင် တစ်ခုခုထူးထူးခြားခြား တွေ့ရလေမည်လား။သေချာသည်မှာ မည်သူကမျှတော့ ဤရေတွင်းဟောင်းကို အလုပ်ရှုပ်ခံပြီး တူးဖော်ကြည့်ကြမည်မဟုတ်သည်မှာ သေချာသည်။ ဤ ရေတွင်းဟောင်းထဲသို့ တစ်စုံတစ်ခုကို ဝှက်၍ ထားခဲ့မည်ဆိုလျှင် နောင်အနှစ်သုံးလေးငါးဆယ်ခန့်လောက်တော့ ဤရေတွင်းကို မည်သူမျှ စိတ်ဝင်စားကြမည်မထင်ပါချေ။သလင်းဖြူ ခေါင်းထဲ အတွေးပေါ်လာသည်နှင့် တစ်ပြိုင်နက် ထွဋ်ခေါင်ကို ပြေး၍ သတိရမိလိုက်သည်။ထိုသို့တွေးမိသည်နှင့် တစ်ပြိုင်နက် သလင်းဖြူ ဖုန်းကိုထုတ်ကာ ခေါ်လိုက်သည် ။ထိုအခါ ဖုန်းထဲမှ "လူကြီးမင်းခေါ်ဆိုနေသော ဖုန်းမှာ မအားသေးပါရှင် 'ဆိုသော အသံကိုကြားလိုက်ရလေသည်။သလင်းဖြူ သည် စိတ်မရှည်တတ်သူပီပီ ထိုနေရာမှ ထွက်ခွါခဲ့ပြီးလျှင် အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ အိမ်ထဲသို့ ရောက်လျှင် ပူစူးကို ရှာလိုက်၏။ ထိုအခါ မီးဖိုခန်းတွင် ညနေစာ ချက်ရန်အတွက် ကြက်သွန်များ ခွါနေသော ပူစူးကို အလွယ်တကူပင် တွေ့ရလေသည်။ ပူစူးအနီး၌ မည်သူတစ်ဉ်း တစ်ယောက်မျှ မရှိသောကြောင့် သလင်းဖြူ ဝမ်းသာသွားမိလေသည်။
သလင်းဖြူသည် ပူစူးအနားတွင် ထိုင်ချလိုက်ပြီး စကားပြောကြည့်လိုက်သည်။
"ခုန မြွေကြီးကို တွေ့လိုက်လား ပူစူး "
" မတွေ့ဘူး မမ ...ပူစူး အမှိုက်သွားပစ်တုန်း ဖြစ်တာလေ '
ပူစူးက ခေါင်းလေးကို ယမ်းခါးပြီး ပြန်ဖြေသည်။
"ဟုတ်သားပဲ ပူစူးက အမှိုက်သွားပစ်နေတာပဲ ...ဒါနဲ့ အမှိုက်တွေကို ဘယ်မှာ ပစ်လဲ ပူစူး ... ဟိုနှစ်တွေက မမလာလည်တော့ အမှိုက်ပစ်ရင် ရေတွင်းဟောင်းထဲကို ပစ်ချလိုက်တာပဲ "
"အေးကွယ် တော်သေးတာပေါ့ ...ကြီးကြီးတို့မှာ ...ငါ့တူမ သတိလစ်သွားတယ်လို့ ဒေါ်သုန်က ဖုန်းဆက်တာနဲ့ အူယားဖားယားနဲ့ ပြေးလာခဲ့ရတာ ... ရက်ကန်းရုံမှာ မြို့က အထည်ဝယ်သူတွေ ရောက်နေတာကွဲ့ ...ကြီးကြီးတို့ပြန်သွားလိုက်အုံးမယ် ...သမီးလဲ နားတော့ ..ဘာမှ မလုပ်နဲ့တော့ ..ကဲ သွားရအောင် သမီးရွှေရည် "
ဒေါ်ကြည်အေးက သလင်းဖြူကို ပြောပြီးသည်နှင့် ရွှေရည်ဝင်းကိုပါ လှည့်၍ပြောလိုက်လေသည်။
"ဟုတ်ကဲ့ ကြီးကြီး ..သွားမယ်လေ ...ကိုထွဋ်ခေါင်ရော ဘယ်တုန်းကရောက်နေတာလဲ ...မသွားသေးဘူးလား "
"ကိုယ်က ပစ္စည်းကျန်ခဲ့တာ ရှိလို့ လာပြန်ယူတာ ရွှေရည် ... သွားမယ်လေ "
ရွှေရည်ဝင်းက ကြီးတော်ဖြစ်သူကို ဖြေလိုက်ပြီးနောက် ထွဋ်ခေါင်နှင့် သလင်းဖြူနှစ်ယောက်တည်း ကျန်ခဲ့မည်ကို မလိုလားသောကြောင့် ပေါ်တင်ပင် ထွဋ်ခေါင်ကို သွားကြရန်ပြောလိုက်လေသည်။
~~~
အားလုံးထွက်သွားကြသောအခါတွင် သလင်းဖြူတစ်ယောက်တည်းကျန်ခဲ့ပြီး ခပ်စောစောကကြုံခဲ့ရသည်ကို ပြန်၍ စဉ်းစားကြည့်မိလေသည်။သေချာသည်မှာ သလင်းဖြူ သတိမလစ် ခင် အချိန်တွင် စိုင်းလွှမ်းကို မြင်လိုက်ရသည်မှာ သေချာပါလေသည်။ထို့အတူ နားထဲတွင် ထိုးကြိတ်သတ်ပုတ်သံများကိုလဲ ကြားလိုက်ရသလိုလို ထင်မိပြန်လေသည်။
~~~~
သလင်းဖြူသည် ကန်ပေါင် နှုတ်ခမ်းရှိ လမ်းကျဉ်းလေးပေါ်တွင် လမ်းလျှောက်နေရင်းမှ အုတ်ဂူများရှိရာသို့ လှမ်းကြည့်လိုက်မိသည်။ ပြီးနောက် အနောက်ဘက်ခြံတံခါးပေါက်ဆီသို့ သွားရာ လမ်းကို မျှော်၍ ကြည့်မိပြန်လေသည်။ပြောရမည်ဆိုလျှင် သလင်းဖြူသည် ဤအိမ်ကြီးသို့ရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း ဤနေရာသို့ သုံးခေါက်ထက်ပို၍မလာခဲ့ပေ။ အကြောင်းမှာ ဤနေရာ ၊ ဤကန်ပေါင် အနီးသို့ ရောက်တိုင်း သလင်းဖြူ အလိုလိုနေရင်း ကြောက်ရွံ့နေမိခြင်းကြောင့်ဖြစ်ပါလေသည်။ယခုလည်း သလင်းဖြူ ကန်ပေါင်ပေါ်တွင် လမ်းလျှောက်နေရင်းမှ ကြက်သီးတွေ ထပြီး နောက်ကျောမလုံသလိုလို ။အနီးအပါးတွင် တစ်ယောက်ယောက်လိုက်ပါလာသလို ခံစားနေရလေသည်။သလင်းဖြူ ကြောက်ကြောက်နှင့်ပင် ပတ်ဝန်းကျင် အနှံ့သို့ လိုက်၍ ကြည့်နေမိပြီး ခပ်စောစောက ဖြစ်ပွားခဲ့သော ဂိုတောင်က အဖြစ်အပျက်များကို စဉ်းစားနေမိလေသည်။ဂိုထောင်တွင် မြွေတွေ့သည်မှာ တကယ်ပင် မတော်တဆ လေလား ။ သို့တည်းမဟုတ် တစ်ယောက်ယောက်၏ လုပ်ကြံမှုပေပဲလား ။ ပြီလျှင် သလင်းဖြူ သတိလစ်ခါနီး၌ စိုင်းလွှမ်းကို တွေ့ရခြင်းသည် စိတ်ထဲမှ မြင်ယောင်မိခြင်းပေပဲလား ။ သလင်းဖြူ ဘာကိုမျှ အသေအချာမဝေခွဲနိုင်ပါချေ။သီချင်စိတ်ကြောင့် စိုင်းလွှမ်းဆီသို့ သွားရန် စဉ်းစားမိသော်လည်း စိုင်းလွှမ်းက ကုက္ကိုစုကွင်းသို့ ထပ်မလာရန် ပြောထားသောကြောင့် မည်သည့်နေရာသို့ လိုက်ရှာရမည်ကိုမသိ၍ ဤသို့ စိတ်ပျက်လက်ပျက်နှင့် ကန်ပေါင်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပေသည်။
ထိုသို့ သလင်းဖြူတစ်ယောက်တည်း ကန်ပေါင် အနီးတွင် ရှိနေစဉ် အပေါ်ဆုံးထပ်ရှိ အခန်းတစ်ခန်း၏ ပြတင်းပေါက်မှနေ၍ လူတစ်ယောက်သည် သလင်းဖြူရှိရာဆီသို့ ခန်းစီးလိုက်ကာပစကြားမှ လှမ်း၍ ကြည့်နေသည်ကို သလင်းဖြူမှာ သတိမထားမိဘဲ ရှိလေသည်။
" ဖျပ် ...ဖျပ် ...ဖျပ် "
သလင်းဖြူ ပတ်၀န်းကျင်အနှံ့သို့ လှည့်ပတ်ကြည့်ရှုနေမိရာမှ ခြေသံလိုလိုကြားလိုက်ရ၍ နောက်သို့ အထိတ်တလန့်ဖြင့် ဖျတ်ခနဲ လှည့်ကြည့်လိုက်မိလေသည်။
=============== ====
အပိုင်း ( 20 ) ဆက်ရန်
ဧကြည်ဖြူ
