အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ
Ir al canal en Telegram
Mostrar más
1 031
Suscriptores
Sin datos24 horas
-17 días
-1230 días
Archivo de publicaciones
ရှောင်ပေးသလို ထွက်သွားတဲ့ ပန်းသွေးချယ်ရဲ့မိခင်ကြောင့် လင်းမြတ်ဇင်မျက်နှာပူသွားရတယ်။
"ဘာလဲမောင် ရှက်နေတာလား ....အမေ့ကို အားနာတာလား ...အမေ့ကရှောင်ပေးတာ မဟုတ်ပါဘူး ...ချစ်ပြန်လာမှ ပိုက်ဆံပါလာလို့ ဈေးသွားဝယ်ရတာလေ "
ချစ်သူဆီကကြားလိုက်ရတဲ့ စကားကြောင့် လင်းမြတ်ဇင်ရင်ထဲ စိတ်မကောင်းဖြစ်သွားရတယ်။
~~~~~~~
"ကိုကို ဒါဘာလုပ်နေတာလဲ ...မလုပ်နဲ့နော် ... အဲ့ဒီငွေတွေက အထည်ဖိုးရှင်းရမဲ့ငွေတွေ "
တစ်ပတ်လောက်ငြိမ်နေလို့ အေးဆေးဖြစ်သွားပြီထင်ခဲ့တာ မမျှော်လင့်ထားတဲ့ အခြေအနေကို တွေ့မြင်လိုက်ရတာမို့ မြယွန်းမီ အထိတ်တလန့်နဲ့ တားမြစ်လိုက်မိတယ်။ အစ်ကိုဖြစ်သူ လင်းမြတ်ဇင်တစ်ယောက် မိခင်ရဲ့ဗီရိုသော့ကိုခိုးဖွင့်ပြီး အထဲကငွေတစ်ထပ်ကို ယူနေတာကိုတွေ့လိုက်ရတယ်။ဒီနေ့ကျောင်းပိတ်ရက်မို့ မြယွန်းမီ ဈေးကိုလိုက်သွားပြီး စောစောပြန်လာခဲ့ရာက ပက်ပင်းတွေ့တာပဲဖြစ်တယ်။ဒီငွေတွေကအထည်ဖိုးရှင်းရမဲ့ငွေတွေ။ ဒီငွေတွေ ပါသွားရင်ဖြင့် မိခင်ဖြစ်သူဒုက္ခအကြီးအကျယ်ရောက်ပေးလိမ့်မယ်။
"ဖယ်စမ်းပါဟာ ..ငါအကုန်ယူတာလဲ မဟုတ်ဘူး ... နင်မမြင်ချင်ယောင်ဆောင်နေလိုက် ...အမေ သိမှာတောင် မဟုတ်ဘူး "
"ဟင့်အင်း...မရဘူးကိုကို..အဲ့ဒီငွေတွေက အထည်ဖိုးရှင်းဖို့ အတိအကျထားထားတဲ့ငွေတွေပါ
... အထည်ဖိုးတွေ မရှင်းနိုင်ရင် အမေဒုက္ခရောက်လိမ့်မယ် "
"ဟာ ....နင်ဘာဖြစ်နေတာလဲ ...ဘာလဲမျက်နှာကောင်းလိုချင်နေတာလား ..ငါယူနေတာ နင့်ကျောင်းတစ်လစာဖိုးတောင်မရှိပါဘူး ..အမေ့ပိုက်ဆံတွေကို နင်တစ်ယောက်တည်း မောင်ပိုင်စီးချင်နေတာလား "
"ကိုကိုရူးနေပြီလား ... မယားတရူးရူးနေတာလား ...ကိုကိုဒီအရွယ်ထိ ဘာအလုပ်မှမလုပ်ရဘဲ အေးဆေးထိုင်စားနေလို့ရအောင်...ညီမလေးကအမေနဲ့အတူဝိုင်းရှာခဲ့တာ သိရဲ့လား...ကိုကို ဘာဝိုင်းကူခဲ့လဲ ....ကိုကို့စိတ်ထဲမှာ အမေ့ကို ငွေထုတ်စက်လိုပဲ မှတ်နေတာမဟုတ်လား ...ညီမလေး ပညာသင်နေတယ်ဆိုတာကလဲ အမေ့ကိုအလုပ်မလုပ်စေချင်လို့ ကြိုးစားနေတာ ....ငွေကို အလကားဖြန်းနေတာမဟုတ်ဘူး "
မပြောစဖူးပြန်ပြောရင်း ပိုက်ဆံတွေကို ပြန်လုနေတဲ့ ညီမဖြစ်သူကိုကြည့်ရင်း လင်းမြတ်ဇင် အံ့ဩသွားမိသလို စိတ်လဲတိုသွားမိတယ်။မောင်နှမနှစ်ယောက် တွန်းထိုးရုန်းကန်ကြရင်း လင်းမြတ်ဇင်က ညီမဖြစ်သူကို ကန်ကျောက်ထိုးကြိတ်သလို မြ ယွန်းမီလဲ အင်အားရှိသမျှ ပြန်လည်ထုရိုက်ပြီးငွေကို ပြန်လုယူဖို့ ကြိုးစားလိုက်တယ်။သို့ပေမဲ့ အင်အားချင်းမမျှတာမို့ နောက်ဆုံးတော့ မြယွန်းမီမှာ ဒဏ်ရာတွေနဲ့ကျန်ခဲ့ပြီး လင်းမြတ်ဇင်က ငွေတွေကိုယူကာထွက်သွားခဲ့တယ်။
~~~~~~
"ခွေးထက်မိုက်တဲ့ကောင် ..ဘယ်တော့မှလက်မခံတော့ဘူး ...ဒင်းကို သားအဖြစ်က စွန့်ပစ်လိုက်ပြီး ...ညည်းလဲအဲ့ဒီကောင်ကိုဘယ်တော့မှ မခေါ်နဲ့ "
ဒေါ်မြစန္ဒာနာနာကြည်းကြည်းနဲ့ပြောလိုက်ပြီး အခန်းထဲဝင်ကာကြိတ်ငိုမိတယ်။ တစ်သက်လုံးကအလိုလိုက်ထားသမျှ အားလုံးက မိမိရဲ့အပြစ်တွေပဲဆိုတာကို နောင်တသိနဲ့ သိလိုက်တယ်။သားသမီးချင်းတူတူ သား ယောကျားလေးမို့ ဘာမဆိုဦးစားပေးခဲ့တယ်။သမီးလေးကို နှိမ်ပြီး သားကိုဦးစားပေးခဲ့သမျှ ရင်တွေ မွမွကြေရလေပြီ။အထည်ဖိုးငွေတွေ ဆုံးရှုံးသွားတာက ပြန်ရှာလို့ရပေမဲ့ သားတစ်ယောက်ကို ဆုံးရှုံးသွားသလို ခံစားနေရတဲ့စိတ်က နှလုံးသားကိုကွဲကြေစေခဲ့တယ်။
~~~~~
လင်းမြတ်ဇင် အိမ်မပြန်ရဲတာနဲ့ ချစ်သူကိုပေးပြီးပိုတဲ့ငွေနဲ့ အဆောင်မှာငှားနေလိုက်တယ်။ အဆောင်မှာ ဝိုင်ဖိုင်ပါတာမို့ တစ်နေကုန် ဂိမ်းကစားနေခဲ့ပြီး ညနေစောင်းမှ ချစ်သူကိုသွားကြိုရင်း ဗိုက်ကိုဖြည့်ရတယ်။ ဒီရက်အတောအတွင်းမှာ အိမ်ကလဲဖုန်းဆက်မလာခဲ့သလို လင်းမြတ်ဇင်လဲ ဖုန်းမဆက်ရဲလို့ ဖုန်းမခေါ်ဖြစ်ခဲ့ပါ။ ဒီတိုင်းကြာရှည်နေရင် အဆင်မပြေနိုင်မှန်းသိပေမဲ့ အလုပ်လုပ်ဖို့အတွက်ကလဲ ရှာမရဖြစ်နေခဲ့တယ်။
~~~~~~
ချစ်သူကိုလိုက်ပို့ပေးပြီး တော့ လင်းမြတ်ဇင်အဆောင်ကိုပြန်လာခဲ့လိုက်တယ်။လက်ထဲမှာ အသုံးစရိတ်မရှိတော့တာကို ချစ်သူကို မပြောရက်လို့ မပြောလိုက်ရဘူး။ ဘားတစ်ခုမှာ အကြော်ဆရာအဖြစ်အလုပ်ရလိုက်ပေမဲ့ လက်တလောသုံးဖို့ ငွေကတစ်ပြားမှကိုမရှိဖြစ်နေခဲ့တယ်။လက်ထဲမှာ ဘတ်စ်ကားခအကြွေ တချိုသာရှိပြီး ဖုန်းဆက်ဖို့ပင် ဘေမရှိတဲ့အဖြစ်။ ကြံရာမရှာတဲ့ အဆုံးမှာ ချစ်သူဆီကိုပဲ ပြန်သွားဖို့ လင်းမြတ်ဇင်ဆုံးဖြတ်လိုက်တယ်။
~~~~~~~~
ချစ်သူရဲ့အိမ်နားကိုအရောက်မှာ အိမ်ရှေ့မှာကားဖြူလေးတစ်စီးရပ်ထားတတွေ့လိုက်ရတယ်။ ကားကိုလှမ်းကြည့်ပြီး အိမ်ထဲကို ဝင်သွားဖို့မဝံ့မရဲဖြစ်နေချိန်မှာပဲ အိမ်ထဲကနေ ချစ်သူပန်းသွေးချယ်နဲ့အတူ အမျိုးသားတစ်ယောက်အတူထွက်လာတာကို တွေ့လိုက်ရတာမို့ မှောင်ရိပ်မှာကွယ်ရပ်လိုက်မိတယ်။နှစ်ယောက်သား လက်ချင်းချိတ်ကာထွက်လာကြကာ ကားပေါ်ကိုရယ်မောပျော်ရွှင်စွာတက်သွားတဲ့ပုံကိုကြည့်ပြီး လင်းမြတ်ဇင်တောက်တစ်ချက်ကို နားကြည်းစွာခေါက်လိုက်မိတယ်။
ပြောပြောဆိုဆိုနဲ့ လက်မောင်းကို အတင်းဆွဲကိုင်ပြီး တင်းတင်းကြပ်ကြပ်ပွေ့ဖက်လာတဲ့ ပန်းသွေးချယ်ကြောင်း လင်းမြတ်ဇင်စိတ်တွေ တွေဝေသွားမိတယ်။ အထိအတွေ့က လူကိုထုံထိုင်းသွားစေသည်လားမသိ။လင်းမြတ်ဇင် အတွေး၀င်္ကပါထဲရောက်သွားသလိုဖြစ်သွားရတယ်။နားထဲမှာ တော့ ချစ်သူရဲ့ကနွဲ့ကလျ တောင်းပန်သံနဲ့ ချိုအီအီအနမ်းတွေကိုပဲ သတိရနေမိတယ်။
~~~~~~
"လေးနာရီထိုးတော့မယ်မောင် ...ချစ်ပြန်တော့မယ်နော် ..တော်ကြာ မောင့်အမေသိသွားအုံးမယ် "
ပန်းသွေးချယ်ပြန်တော့ ကားဂိတ်ထိလင်းမြတ်ဇင် လိုက်ပို့ပေးလိုက်တယ်။စိတ်ထဲမှာလဲ မှားလား၊မှန်လားမဝေခွဲတတ်ပေမဲ့ ပန်းသွေးချယ်ရဲ့ အချစ်နွံအောက်မှာ လင်းမြတ်ဇင်ကျဆုံးသွားရပြန်တယ်။
~~~~~
" ခြံကပေ (၄၀) ပေ (၆၀) အမေ ရဲ့ ... အိမ်ကတော့ တိုက်ပုလေးပါပဲ ...ရန်ကုန်မြို့ထဲ ဒီ အကျယ်အဝန်းနဲ့ဆိုဈေးလည်း နည်းမှာမဟုတ်ဘူးသိလား ... ပြီးတော့ သူလဲနိုင်ငံခြားသွားမှာဆိုတော့ ...အဆင်မပြေစရာအကြောင်းမရှိဘူးလေ ...."
ပန်းသွေးချယ်က မိခင်ကိုမစားရဝခမန်းပြောလိုက်တယ်။
"ညည်းသဘောပါပဲအေ ... မောင်အောင်ထိုက်ကရော အခြေအနေ ဘယ်လိုလဲ "
"သူကရှုပ်ချင်တယ်အမေရဲ့...ခုချိန်မို့သာငွေကျနေတာ ..."
"အင်းလေ ... ညည်းက အမေ့ထက်ပိုသိပါတယ်... နှပ်ပစ်ခံရတာမျိုးတော့ မဖြစ်စေနဲ့နော်"
" အင်းပါ အမေရဲ့ ... သမီးပိုင်ပါတယ် "
~~~~~
ဒေါ်မြစန္ဒာမှာ သွေးတွေပွက်ပွက်ဆူအောင်ဒေါသဖြစ်သွားမိပေမဲ့ စိတ်ကိုထိန်းပြီး အိမ်ကိုပြန်လာခဲ့လိုက်တယ်။ခြံဝကို ရောက်တဲ့အချိန်မှာခြံတံခါးကိုဖွင့်လိုက်ပြီး ခြေသံပြင်းပြင်းနဲ့ ဝင်ခဲ့လိုက်တယ်။
" မိယွန်း တံခါးလာဖွင့်ပေးစမ်း... နင့်အစ်ကိုရှိလား...သူ့ကို ခေါ်လိုက်စမ်း "
အိမ်ရှေ့ကမိခင်ရဲ့ အသံကြောင့် မြယွန်းမီရင်တုန်သွားရပြီး အိမ်ရှေ့ကိုအပြေးထွက်ခဲ့မိတယ်။
"ကိုကို အိပ်နေတယ်အမေ.."
မြယွန်းမီရဲ့ စကားမဆုံးခင်မှာပဲ ဒေါ်မြစန္ဒာကိုယ်တိုင် သားဖြစ်သူရဲ့ အခန်းရှေ့ကိုသွားလိုက် ပြီး
"လင်းမြတ်ဇင် ..မင်းထစမ်း ...အိမ်ကိုဘယ်ကကောင်မကို ခေါ်လာခဲ့တာလဲ ...မျက်နှာငယ်လေးနဲ့ ပြန်လာလို့ အချိုးပြောင်းသွားပြီထင်တာ...ပိုဆိုးလာတာပါလားလင်းမြတ်ဇင်ရဲ့ ... ငါ့အိမ်ကို ဘယ်ကောင်မမှ ခေါ် လာစရာမလိုဘူး "
မိခင်ဖြစ်သူရဲ့ အသံကြောင့် လင်းမြတ်ဇင် အိပ်ချင်မူးတူးနဲ့ ထလိုက်ပြီး
" သူ့ဘာသာလာတာ ... ကျွန်တော် ခေါ်တာမဟုတ်ပါဘူး...ပြီးတော့ ခဏတဖြုတ်လာတာပဲ ..ဘာပြဿဖြစ်မှာမို့လို့လဲ "
လင်းမြတ်ဇင်ရဲ့ ခပ်ဆောင့် ဆောင့် အသံကြောင့် ဒေါ်မြစန္ဒာ စိတ်ပိုတိုသွားရပြီးသားဖြစ်သူရဲ့ ကျောကုန်းကို ပြေးထုလိုက်တယ်။
"အိမ်ထိလိုက်လာတာ ပြဿနာပေါ့ဟဲ့ ... မင်းက မိန်းမတွေ အကြောင်းဘယ်လောက်သိလို့လဲ ... ပြီးတော့ နင့်ဟာမကိုငါ ချွေးမ မတော်နိုင်ဘူး ...မိန်းမတစ်ယောက်က အဲ့လောက်တဏှာကြီးနေရင် ဘယ်တော့မှမိန်းမကောင်းဖြစ်လာမှာ မဟုတ်ဘူး "
" ဟာဗျာ...စိတ်ညစ်လာပြီး ...အမေဘာဖြစ်နေတာလဲ .. ကျွန်တော့်ကို အိမ်မှာမထားချင်လို့လား
ဆူညံနေတဲ့ အိမ်အခြေအနေကိုကြည်ပြီး မြယွန်းမီစိတ်ညစ်သွားမိတယ်။မနက်တုန်းကနဲ့မတူဘဲ ပြောင်းလဲသွားတဲ့ အစ်ကိုဖြစ်သူကိုလဲ မြယွန်းမီအံ့ဩနေမိတယ်။တစ်ချက်တစ်ချက်မိခင်ကို ပြန်အော်နေတဲ့အသံက ရင်တုန်စရာကောင်းလှတယ်။
"ပြောချင်ရင် ကျွန်တော့်ကိုပြော...သူ့ကိုပြောစရာမလိုဘူး ...အမေ့မှာလဲ သမီးရှိသေးတယ် ..ဝဋ်လည်နေမယ် "
သူမကို ဆွဲထည့်ပြီးပြောလိုက်တဲ့ အစ်ကိုဖြစ်သူကို မြယွန်းမီ မယုံကြည်နိုင်စွာလှမ်းကြည့်လိုက်မိတယ်။
~~~~~~~
"နင်ကျောင်သွားရင် ..နင့်အခန်းကိုလဲ သော့ခတ်ခဲ့မိယွန်း ... အဲ့ဒီဟာမထပ်မလာဘူးလို့ မပြောနိုင်ဘူး ... ငါလဲဈေးမသွားဘဲ အိမ်မှာနေလို့မရဘူး ..ဒင်းကိုနိုင်ငံခြား မြန်မြန်သွားရအောင် လုပ်ပေးတော့မှဖြစ်မှာပါ ... ကျောင်းဆင်းတာနဲ့အိမ်ကိုပဲပြန်လာ ..ဈေးထဲကို မလာနဲ့ တော့ "
"ဟုတ်ကဲ့ပါ အမေ "
သားအမိနှစ်ယောက်ရင်တထိတ်ထိတ်နဲ့ပဲ အသီးသီးထွက်လာခဲ့ရတယ်။လင်းမြတ်ဇင်တစ်ယောက်ကတော့ သူ့အခန်းတံခါးကိုပိတ်ပြီးကျန်နေခဲ့တယ်။
~~~~
" လာလေမောင် ....ဘာကို ကြောက်နေတာလဲ ..ချစ်မိဘတွေက အေးဆေးပါနော် "
ချစ်သူရဲ့ အသံချိုချိုလေးကြောင့် လင်းမြတ်ဇင် မဝံ့မရဲနဲ့ အိမ်ထဲကိုလိုက်ဝင်ခဲ့လိုက်တယ်။ဒီနေ့ ပန်းသွေးချယ်အလုပ်ပိတ်တဲ့ ရက်မို့ နှစ်ယောက်သားလျှောက်လည်ကြရင်း အပြန်မှာပန်းသွေး ချယ်ရဲ့ အိမ်ကိုလိုက်လည်ခဲ့ခြင်းဖြစ်တယ်။အိမ်ရှေ့ရောက်ချိန်မှာ ဖြုန်းခနဲမို့ အိမ်ထဲမဝင်ရဲဖြစ်နေခဲ့မိတယ်။
"လာလေ မောင်ရဲ့ လာပါ...အိမ်မှာ အမေပဲရှိတာပါ ...အဖေ အပြင်သွားပါတယ် "
"လာလေ သားရဲ့ လာပါ ..အားနာစရာမလိုပါဘူးကွယ် .. ဒီမှာ ထမင်းစားပြီးမှ ပြန်နော် "
ဖော်ရွေလှတဲ့ ချစ်သူရဲ့မိခင်ကိုကြည့်ပြီး လင်းမြတ်ဇင်စိတ်ထဲမိခင်ဖြစ်သူကိုပြေးမြင်လိုက်မိတယ်။ချစ်သူရဲ့ မိခင်နဲ့ သူ့ရဲ့မိခင်ဖြစ်သူတို့ကြားက ကွာခြားလှတဲ့အခြေအနေကိုကြည့်ပြီး ချစ်သူကို အားနာသလိုပင်ဖြစ်သွားရတယ်။
"အေးဆေးမှပြန်နော် သား...အန်တီ ဈေးဆိုင်သွားလိုက်အုံးမယ် "
#ရူးနေတဲ့ကြယ်
(အခန်းဆက်ဝတ္ထု )
အပိုင်း (၇)
*******
" ဒေါက် ..ဒေါက် .."
လင်းမြတ်ဇင် အခန်းတံခါးကို ခပ်ကြမ်းကြမ်းခေါက်ပစ်လိုက်တယ်။ အခန်းတံခါးပွင့်သွားချိန်မှာ ထိတ်လန့်အံ့ဩနေတဲ့ ပန်းသွေးချယ်ကိုတွေ့လိုက်ရတယ်။လင်းမြတ်ဇင် ဒေါသစိတ်ကို မထိန်းနိုင်တော့ဘဲ ပန်းသွေးချယ်ရဲ့ မျက်နှာကို လက်နဲ့ရိုက်ချပစ်လိုက်မိတယ်။
"ဖြန်း "
"မိန်းမပျက်မ...တဏှာကြီးတဲ့ မိန်းမ "
ရုတ်တရက်မို့ ပန်းသွေးချယ် လဲ ကြောင်အသွားပြီး အငိုက်မိသွားခဲ့တယ်။လင်းမြတ်ဇင် အခန်းတံခါးကို ဝုန်းခနဲပြန်ပိတ်လိုက်ပြီး တည်းခိုခန်းထဲကပါ ထွက်လာခဲ့လိုက်တယ်။
~~~~
တည်းခိုခန်းထဲက ထွက်လာပြီးချိန်မှာ လင်းမြတ်ဇင်ဘယ်သွားလို့ သွားရမှန်းမသိ။ရှက်စိတဒေါသစိတ်တွေနဲ့ လူကအသားများပင် တဆတ်ဆတ်တုန်နေခဲ့တယ်။ အိမ်ကိုပြန်ဖို့ရန်လဲမဝံ့ရဲ။ ညကလဲ တဖြည်းဖြည်းနက်လာပြီးမို့ လမ်းပေါ်မှာဆက်နေဖို့ အဆင်မပြေတော့သလို တည်းခိုခန်းငှားဖို့လဲ ငွေကမပြည့်တော့။ဒုက္ခဆိုတာဒါလားလို့ တွေးလိုက်မိချိန်မှာ စိတ်ထဲပေါ်လာတာက မိခင်ရဲ့ မျက်နှာ။ကိုယ်လုပ်ခဲ့တဲ့အပြစ်တွေအတွက် ပြန်ဖို့ရန်လဲမဝံ့ရဲပါ။ခြေလှမ်းတွေကို အဓိပ္ပါယ်မဲ့လှမ်းရင်း လင်းမြတ်ဇင်နောင်တတွေအကြီးအကျယ်ရနေမိတယ်။
~~~~
အိမ်တံခါးဖွင့်လိုက်ချိန်မှာ တွေ့မြင့်လိုက်ရတဲ့မြင်ကွင်းကြောင့် မြယွန်းမီရင့်ထဲနင့်ခနဲပင် ဖြစ်သွားရတယ်။ကျောပိုးအိတ်ကို ရင်မှာပိုက်ပြီး အိပ်နံရံကို မှီကာ အိပ်ပျော်နေတဲ့အစ်ကိုဖြစ်သူကိုကြည့်ပြီး ရင်ထဲကနာကြည်းနာကျင်မှုတွေက အကုန်လွင့်ပျောက်သွားရတော့တယ်။
"ကိုကို ...ကိုကိုထလေ ... ဘယ်အချိန်ကတည်းက ရောက်နေတာလဲ...ရောက်နေရင်လဲ ညီမလေးကို နှိုးလိုက်တာမဟုတ်ဘူး... . ..ဖုန်းဆက်လဲရတာပဲကို "
"ဟဲ့ ..ဘယ်သူနဲ့စကားပြောနေတာလဲ မိယွန်း "
မြယွန်းမီအခ်ကိုဖြစ်သူကို နှိုးနေချိန်မှာပဲ ဒေါ်မြစန္ဒာတစ်ယောက် အိမ်ရှေ့ကိုရောက်လာခဲ့ပြီးလှမ်းမေးလိုက်တယ်။ မြယွန်းမီက မိခင်ဖြစ်သူကို နှုတ်ကပြန်မဖြေဘဲ လက်ညှိုးထိုးပြလိုက်တယ်။
ဖိနပ်ချွပ်ခုံမှာ ညှိုးညှိုးငယ်ငယ်မျက်နှာလေးနဲ့ထိုင်နေတဲ့ သားဖြစ်သူကိုကြည့်ပြီး ဒေါ်မြစန္ဒာ ရင်ကွဲမတတ်ပင်ဖြစ်သွားရတယ် ။သုံးလေးရက်အတွင်းမှာ သိသိသာသာ ပိန်ကျသွားတဲ့သားဖြစ်သူက မျက်နှာငယ်လေးနဲ့ ဒေါ်မြစန္ဒာကို မော့ကြည့်နေခဲ့တယ်။
'' အမေ ..သားတောင်းပန်ပါတယ်နော် .."
သားဖြစ်သူထံက တောင်းပန်စကား ခပ်တိုးတိုးထွက်လာချိန်မှာတော့ ဒေါ်မြစန္ဒာမျက်နှာကို တစ်ဖက်လှည့်ပြီး မျက်ရည်ကျမိတယ်။နှုတ်ကတော့ အသံမာမာနဲ့ ငေါက်ငမ်းပစ်လိုက်တယ်။
" လူမြင်မကောင်းအောင် ...အဲ့ဒီမှာ ဘာလုပ်နေတာလဲ ..အိမ်ထဲဝင်လေ ..ရေမိုးချိုးပြီး အိပ်တော့ "
~~~~~~
မိခင်နဲ့ ညီမဖြစ်သူတို့ အသီးသီးထွက်သွားပြီးတဲ့နောက်မှာ လင်းမြတ်ဇင်ဖုန်းအားသွင်းရင်း ဖုန်းကိုဖွင့်လိုက်တယ်။
"တူ ..တူ .."
ဖုန်းကိုဖွင့်လိုက်တာနဲ့ အသံမက်ဆေ့တွေနဲ့အတူ ဖုန်းခေါ်ထားတဲ့ မက်ဆေ့တွေကိုတွေ့လိုက်ရတယ်။နာကြည်းဒေါသစိတ်နဲ့ အတူ ဖုန်းကိုပိတ်ပြီးအိပ်ပစ်လိုက်တယ်။
~~~~~~
လင်းမြတ်ဇင်တရေးနိုးလာတော့ နေ့လယ်ပင်ရောက်နေပြီ။အိပ်ရာထဲကလူးလဲထလိုက်ပြီး ရေမိုးချိုးလိုက်တယ်။ရေချိုးပြီးတော ညနေစာချက်ဖို့ပြင်ဆင်နေချိန်မှာပဲ ခြံရှေ့ကခေါ်သံလိုလို ကြားလိုက်တာမို့ ထွက်ကြည့်လိုက်တယ်။
"ဟင်"
ခြံရှေ့ကိုကြည့်ပြီး လင်းမြတ်ဇင်မျက်လုံးပြူးသွားရတယ်။ ခြံရှေ့မှာ ပန်းသွေးချယ်တစ်ယောက်ရပ်နေပြီး သူ့ကိုအော်ခေါ်နေခဲ့တာဖြစ်တယ်။ဘေးပတ်ဝန်းကျင်ကို အကဲခတ်ပြီး လင်းမြတ်ဇင်ခြံထဲကို ခပ်သွက်သွက်ဆင်းခဲ့လိုက်တယ်။
"ခင်ဗျားဘာလာလုပ်တာလဲ ...အရှက်မရှိဘူးလား "
"မောင်ရယ် ချစ်တောင်းပန်ပါတယ်နော် ... ညတုန်းက ချစ်မူးနေခဲ့တာပါ .....သူငယ်ချင်းတွေလာခေါ်လို့ ကလပ်ကိုပါသွားရင်း သောက်လိုက်မိတာ ....မောင်ချစ်ရဲ့ ပါးကိုရိုက်လိုက်တဲ့အချိန်မှ ချစ်သတိပြန်ဝင်လာခဲ့တာ .. ယုံပါနော် ... ချစ်ကို အိမ်ထဲခဏလောက်ဝင်ခွင့်ပြပါနော် ..ချစ်အားလုံးရှင်းပြပါ့မယ် "
" မလိုတော့ပါဘူး ..ခင်ဗျားနဲ့လဲ မပတ်သက်ချင်တော့ဘူး ... ပြန်ပါတော့ "
လင်းမြတ်ဇင် အသံမာမာနဲ့မောင်းထုတ်ပစ်လိုက်တယ်။
"ချစ်တောင်းပန်ပါတယ် မောင်ရယ်...ရှင်းပြတာကိုနားထောင်ပါအုံးမောင်ရယ်"
မောင်းထုတ်နေပေမဲ့လဲ ခြံဝမှာတငိုငိုတရယ်ရယ်နဲ့ တောင်းပန် နေတာကြောင့် လမ်းဖြတ်သွားဖြတ်လာတွေက ဂရုတစိုက်နဲ့ ကြည့်သွားကြတယ်။ကြာရင် အခြေအနေဆိုးလာနိုင်တာမို့ သူမကို ခြံထဲပေးဝင်လိုက်ရတော့တယ်။ခြံထဲရောက်တော့လဲ ခြံရှေ့ကနေ မသိမသာအကဲခတ်ကြည့်နေ့သူတွေရှိနေတာမို့ အိမ်ပေါ်ထိ ခေါ်ခဲ့လိုက်ရတော့တယ်။
~~~~~
"ပြောစရာရှိတာ ပြောပြီးရင်ပြန်ပါတော့ ...ကျွန်တော်လဲ အေးအေးဆေးဆေးပဲနေချင်တယ် .. ဘယ်သူနဲ့မှမပတ်သက်ချင်တော့ဘူး "
"မောင်ရယ် ပြောရက်လိုက်တာ ..မတော်တဆမှားသွားခဲ့မိတာပါ...သူ့ကိုလဲ တိုင်မယ်လို့ပြောလိုက်ပါပြီ .... မောင့်ကျေးဇူးကြောင့် ချစ်လဲဘာမှမဖြစ်ခဲ့ပါဘူး ..ချစ်ကိုခွင့်လွှတ်ပါနော် ...မောင်မရှိရင် ချစ်သေလိမ့်မယ် "
"ဟဲ့ .. အခုချိန်ကစပြီး နင်နဲ့ငါနဲ့ ဘာမှမပတ်သက်တော့ဘူး ....ငါ့ဆီမှာ နင့်လိုအကျင့်ယုတ်တဲ့ ညီမ မျိုးမရှိဘူး ... အဲ့ဒီလိုစိတ်ဓါတ်နဲ့ နင့်ဘ၀ဘယ်တော့မှ အဆင်ပြေမှာမဟုတ်ဘူး မှတ်ထားလိုက် "
ကျိန်စာတိုက်သလို ပြောဆိုပြီး ထွက်သွားတဲ့အစ်ကိုဖြစ်သူကို မြယွန်းမီအံကလေးကြိတ်ကာ ကြည်နေမိတယ်။
"မိယွန်း ..တံခါးသွားပိတ်လိုက်စမ်း "
သားဖြစ်သူလင်းမြတ်ဇင် အိမ်ထဲကထွက်သွားပြီးချိန်မှာတော့ ဒေါ်မြစန္ဒာဘုရားခန်းထဲမှာ ငူငူချည်းထိုင်နေမိတယ်။ဖွင့်ထားတဲ့ တရားခွေထဲမှ ဆရာတော်ကြီးရဲ့ တရားသံက ဒေါ်မြစန္ဒာရင်ထဲက အပူမီးကို မငြိမ်းအေးစေနိုင်ပါဘူး။
~~~~
သူငယ်ချင်းအိမ်မှာ နှစ်ရက်ကနေသုံးရက်ဖြစ်လာတော့ သူငယ်ချင်းရဲ့မိဘတွေက လင်းမြတ်ဇင်ကို သိပ်မကြည်ဘူးဖြစ်လာတယ်။ သူငယ်ချင်းကလဲ လင်းမြတ်ဇင်နဲ့ သက်တူရွယ်တူဖြစ်ပြီး မိဘလုပ်စာထိုင်စားနေသူဆိုတော့ ပိုဆိုးတာပေါ့ ။ရှေ့ဆက်ပြီး ဘာလုပ်ရမှန်းမသိတာနဲ့ လင်းမြတ်ဇင် ချစ်သူရဲ့အလုပ်ပြန်ချိန်ကို လာစောင့်နေမိတယ်။
ညနေ (၅)နာရီထိုးပြီးလို့ ချစ်သူရဲ့ ရုံးရှေ့မှာစောင့်နေချိန်မှာပဲ ပန်းသွေးချယ်ရုံးဆင်းလာတာကို တွေ့လိုက်ရတယ်။တစ်ယောက်တည်းတော့ မဟုတ်။ သူမရှေ့မှာ မိန်းခလေးနှစ်ယောက်အတူတွဲထွက်လာပြီး သူမကတော့ ယောကျာ်းလေးတစ်ယောက်နဲ့အတူ တွန်းလားဆွဲလား လုပ်ပြီး ရယ်ရယ်မောမောနဲ့ ထွက်လာတာဖြစ်တယ်။တစ်ချက်တစ်ချက် အတူပါလာတဲ့ ယောက်ျားက သူမရဲ့လက်ကို ဖမ်းဆွဲထားတတ်ပြီး သူမကလဲ ထိုယောကျာ်းရဲ့ ရင်ဘတ်တွေကို လက်သီးဆုပ်လေးနဲ့ပြန်ထုနေတယ်။ မြင်နေရတဲ့ မြင်ကွင်းက သမီးရည်းစားတွေကလူကျီစယ်နေတဲ့ မြင်ကွင်းနဲ့တူနေတာမို့ လင်းမြတ်ဇင်စိတ်ထဲတင်းခနဲဖြစ်သွားမိတယ်။ ဒီအချိန်မှာပဲ ပန်းသွေးချယ်က သူ့ကိုမြင်သွားပြီး သူ့နားကိုအပြေးရောက်လာခဲ့တယ်။
"မောင် ..ချစ်ကိုလာကြိုတာလား ...ချစ်လဲမောင့်ကိုလွမ်းနေတာ မောင်ရဲ့ ..."
ပန်းသွေးချယ်ဆီကနေ ဒီလိုမျိုးတီတီတာတာ စကားသံတွေ ကြားလိုက်ရပြန်တော့ ခပ်စောစောက ဖြစ်နေတဲ့ လင်းမြတ်ဇင်ရဲ့ ဒေါသတွေပြေလျော့သွားရပြန်တယ်။
~~~~~~
"မောင်က ဘာလို့အိမ်ပေါ်ကဆင်းလာရတာလဲ ...ဒီခေတ်ကြီးထဲမှာ ကျောတစ်ခင်းစာရဖို့က လွယ်တာမဟုတ်ဘူး ..အိမ်ကိုပြန်ပါမောင်ရယ် ... အိမ်ပြန်ပြီး မောင့်အမေ စကားကို နားထောင်လိုက်ပါ ..ပြီးတော့ နိုင်ငံခြားသွားဖို့ပဲလုပ်ပေါ့ "
ချစ်သူရဲ့စကားကို လင်းမြတ်ဇင်ကိုခွန်းတုံ့မပြန်ဘဲ နားထောင်နေမိတယ်။ချစ်သူပြောသလို ချက်ချင်းပြန်သွားဖို့က မဖြစ်နိုင်။သို့ပေမဲ့ ချစ်သူကျေနပ်အောင် လင်းမြတ်ဇင် ခေါင်းငြိမ့်ပြလိုက်မိတယ်။
~~~~
အိမ်ကိုလဲ မပြန်ချင်။သူငယ်ချင်းအိမ်လဲ မပြန်ချင်တာကြောင့် ဒီတစ်ညတော့ တည်းခိုခန်းမှာပဲအိပ်ဖို့ လင်းမြတ်ဇင်ဆုံးဖြတ်လိုက်တယ်။ စျေးလဲသင့်ပြီး ဝန်ဆောင်မှုလဲကောင်းတဲ့ တည်းခိုခန်းဆီကို လင်းမြတ်ဇင်ထွက်လာလိုက်တယ်။
~~~~~
တစ်ရက်စာ ငွေကြိုရှင်းပေးပြီးတော့ ကောင်တာကပေးတဲ့သော့ကိုယူကာ အခန်းရှိရာဆီကို လင်းမြတ်ဇင်လျှောက်လာလိုက်တယ်။ အခန်းတွေကြားက စင်္ကြန်လမ်းတစ်လျှောက်မှာတော့ တစ်ယောက်တည်းသမားဆိုလို့ လင်းမြတ်ဇင်တစ်ယောက်သာရှိပြီး မြင်မြင်သမျှက စုံတွဲတွေဖြစ်တယ်။ဒီအချိန်မှာပဲ ရှေ့တစ်ခန်းကျော်က အခန်းထဲကိုဝင်သွားတဲ့ စုံတွဲကိုကြည့်ပြီး လင်းမြတ်ဇင် ကြက်သေသေသွားမိတယ်။စင်္ကြန်မီးရဲ့အရောင်က ပြာလဲ့လဲ့အရောင်ဖြစ်တာမို့ မျက်နှာတွေကို သဲသဲကွဲကွဲမမြင်လိုက်ရပေမဲ့ ရင်ထဲမှာ စွဲလမ်းချစ်ခင်နေရတဲ့ မျက်နှာကို လင်းမြတ်ဇင်ချက်ချင်းမှတ်မိလိုက်တယ်။နေရာမှာ အတန်ကြာတောင့်တောင့်မတ်မတ်ကြီး ရပ်နေမိပြီးနောက်မှာ သူမတို့ဝင်သွားတဲ့ အခန်းတံခါးကို လင်းမြတ်ဇင်သွားခေါက်လိုက်တယ်။
@@@@@@@@@@@@@@@@@@@
အပိုင်း (၇) ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
မိခင်ရဲ့ မကျေမနပ် ဆူပူသံတွေက အိမ်ထဲမှာဆူညံစွာထွက်ပေါ်နေခဲ့တယ်။ ဒီနေ့ညအဖို့မှာ အစ်ကိုဖြစ်သူပြန်ရောက်လာခဲ့ရင် အိမ်မှာ မုန်းတိုင်းထန်တော့မှာကို ကြိုသိလိုက်တယ်။
~~~~
ဒေါ်မြစန္ဒာ ဆေးတစ်ခွက်ကိုသောက်လိုက်ပြီး အိမ်ရှေ့ခန်းမီးကို အမှောင်ချကာ အမှောင်ထဲမှာ ပဲထိုင်နေလိုက်တယ်။ယောကျာ်းဖြစ်သူဆုံးပါးသွားချိန်မှာ ဒေါ်မြစန္ဒာရဲ့အသက်က (၂၅) နှစ်ကျော်ကျော်ပဲရှိသေးတယ်။အသက် (၂၅) နှစ်အရွယ်ဆိုတာ နောက်အိမ်ထောင်ပြုဖို့အတွက် အရွယ်ကောင်းဖြစ်ပေမဲ့ ဘ၀ကိုသားသမီးတွေအတွက်ပဲပေးဆပ်ပြီးနေခဲ့တယ်။ယောကျာ်းဖြစ်သူ ထားခဲ့တဲ့ အိမ်နဲ့ခြံရှိတာမို့ နေဖို့အတွက်က မပူခဲ့ရ။စားဖို့အတွက်လဲ ဘဏ်မှာအပ်ထားတဲ့ ငွေတွေကိုထုတ်ပြီး ဈေးမှာအထည်ဆိုင်ဖွင့်ခဲ့တယ်။သားတစ်ယောက်သမီးတစ်ယောက်ရှိလို့အခြားသူတွေက အားကျကြသလို့ ဒေါ်မြစန္ဒာလဲ အမျှော်လင့်ကြီး မျှော်လင့်ထားခဲ့တာ။သမီးလေးက အိမ်မှာ အိမ်မှုကိစ္စ ဝိုင်းလုပ်ပြီး အားကိုးရသလို ၊ သားလေးကလဲ အားကိုးရမယ်ထင်ခဲ့မိတာ။ တကယ်တမ်း လက်တွေ့မှာတော့ သားဖြစ်သူကအသက် (၁၆)နှစ်ကျော်လာတာနဲ့ မိဘကို ခြေရာတိုင်းလားခဲ့တဲ့အဖြစ်နဲ့ ကြုံခဲ့ရတယ်။အားမကိုးရတဲ့အပြင် သူ့ကိုပဲ ပြန်ကြောက်နေရတဲ့အဖြစ်မျိုးနဲ့ ကြုံခဲ့ရတယ်။တစ်ခါတလေ စိတ်နာနာနဲ့ မောင်းထုတ်ပစ်လိုက်ချင်စိတ်တွေ ဖြစ်ခဲ့ရပေမဲ့ စိတ်ကူးက လက်တွေ့ဖြစ်မလာခဲ့ပါဘူး။ သူ့ဘာသာ ဘယ်လိုပဲဖြစ်ဖြစ် ည (၈) နာရီကျော်လို့မှ သားဖြစ်သူ အိမ်ပြန်မလာရင် ဒေါ်မြစန္ဒာမှာရင်ပူနေရပြီ။ သင်တန်းတက်ချင်တယ်ဆိုလို့ သင်တန်းအပ်ပေးခဲ့တယ်။ဖုန်းလိုချင်ရင်ဖုန်းဝယ်ပေးခဲ့တယ်။သားကို ချစ်လွန်းလို့သာ စိတ်တိုင်းကျဖြည့်ဆည်းပေးခဲ့ပေမဲ့ ဒေါ်မြစန္ဒာမှာ ပြောပလောက်အောင် ငွေကြေးပြည့်စုံနေတာမဟုတ်ဘူး။ သမီးငယ် မြယွန်းမီက အလုပ်မှာတစ်ဖက်တစ်လမ်းက ဝိုင်းကူပေးနေလို့သာ အသက်ရှုချောင်နေခဲ့ရတာ။ သားကြီးရယ်လို့ အားကိုးရကြည့်ပါလား။ဒေါ်မြစန္ဒာတို့ဘဝ ဒီထက်အဆင်ပြေတာပေါ့။ ဒေါ်မြစန္ဒာ အမှောင်ထဲမှာထိုင်ပြီး ဟိုဒီတွေးရင်းသက်ပြင်းတွေအခါခါချနေမိတယ်။ ဒီအချိန်မှာပဲ အိမ်ရှေ့တံခါးက အသံကြားလိုက်ရတာမို့ မီးကို ထဖွင့်လိုက်ပြီး တံခါးကိုသွားဖွင့်ပေးလိုက်တယ်။
"မင်း...ဘယ်အချိန်ရှိနေပြီလင်းမြတ်ဇင် "
ဒေါ်မြစန္ဒာ အသံမာမာနဲ့မေးလိုက်တော့ လင်းမြတ်ဇင်ဖုန်းကို ဖွင့်ကြည့်လိုက်ပြီး
" (၉)နာရီကျော်ပဲရှိသေးတယ်လေ ..ဘာဖြစ်လို့လဲ '
"ဘာဖြစ်လို့လဲ ဟုတ်လား ... မင်းငါ့ကို ဘယ်လိုလေသံနဲ့ ပြန်ပြောလိုက်တာလဲ လင်းမြတ်ဇင် ...မင်း မနက်က အိမ်မှာဘာလုပ်သွားတာလဲ ... မင်းအဲ့ဒီလောက်ထိ ရိုင်းနေပြီလား ....အဲ့ဒီငွေတွေက ဘာလုပ်ဖို့လဲ ...မင်းညီမလက်ကောက်ကိုရော ဘာလုပ်လိုက်တာလဲ ပြောစမ်းလူမိုက်ရဲ့ "
"ငွေအရေးတကြီးလိုလို့ ခဏယူသုံးတာပါ ..သားသမီးချင်းတူတူ သူ့ကိုကျတော့ ပေးသုံးပြီး ..ကျွန်တော်ကျတော့ မရဘူးလား "
"ဟဲ့ လင်းမြတ်ဇင်ရဲ့ ..နင်တို့နှစ်ယောက်လုံးကို အသုံးစရိတ်တူတူပဲ ပေးတာလေ .. သူက သူ့ပိုက်ဆံသူစုပြီး လုပ်ထားတာလေ ..မင်းက ဘာကိစ္စငွေလိုရတာလဲ .. သင်တန်းကြေးဆိုလဲ ငါပေးနေတာပဲလေ ..စားဖို့သောက်ဖို့လဲ မပူရတာကို ဘာအတွက်ငွေလိုတာလဲ ...ဘယ်မယားအတွက် ငွေက လိုရတာလဲ ...အဲ့ဒီမိန်းမလည်မက နင့်ကို ဘာတွေညာတောင်းနေလဲ "
"အမေ ..မဟုတ်တာတွေ မပြောနဲ့နော် .. ပြောချင်ရင် ကျွန်တော့်ကိုပဲပြော..သူနဲ့ ဘာမှမဆိုင်ဘူး "
လင်းမြတ်ဇင် မိခင်ကို မကျေမနပ်နဲ့ ပြန်ပြောလိုက်တယ်။
"ငါကလဲ သူများသားသမီးကို မပြောချင်ပါဘူးဟဲ့ ..ခုဟာက မင်းက လွန်လွန်မင်းမင်း ဖြစ်လာတာလေ ... ကောင်မခိုင်းသမျှ လိုက်လုပ်နေတာ..ကြာရင်အိမ်နဲ့ ခြံကိုပါ ရောင်းစားတော့မှာ ... မွန်ပြီးမိန်းမလည်မခိုင်းသမျှ အကုန်လိုက်လုပ်နေတာမင်းလေ ''
' ဟာဗျာ ... မဟုတ်ပါဘူးဆို.. မပြောနဲ့တော့ဗျာ ...အမေတို့ ငွေတွေကို ပြန်ဆပ်ရင်ပြီးရောမဟုတ်လား ...အဲ့ဒီလောက် ငွေမက်နေရလား "
လင်းမြတ်ဇင်က ဒေါ်သနဲ့ပြန်အော်လိုက်တာမို့ ဒေါ်မြစန္ဒာ စိတ်တိုသွားရပြီး
"လင်းမြတ်ဇင် ..မင်း .. မင်း.. မအေကို ဘယ်လို အသံနဲ့ ပြောတာလဲ .... ထမင်းနပ်မှန်အောင် စားနေရလို့ လူပါး၀တဲ့ကောင်..ကဲဟယ် ..."
"ဖြန်း "
" ဟာ ...တော်ပြီဗျာ ....အမေနဲ့ဘာစကားမှမပြောချင်ဘူး "
" ဒုန်း "
" ခွမ်း "
ပါးပြင်ကိုအရိုက်ခံလိုက်ရသဖြင့် လင်းမြတ်ဇင်နာကျင်ကာ ဒေါသထွက်သွားပြီး ပြတင်းပေါက်မှန်ကိုရိုက်ခွဲပစ်လိုက်တယ်။
"ဟဲ့ အကောင် ..နင်ဒါ ဘာအချိုးချိုးတာလဲ ....အဲ့ဒီလောက်ဖြစ်နေရင်လဲ ယူလိုက်ကြတော့ ..ငါ့ကို ဒုက္ခလာမပေးနဲ့ "
" စိတ်ချပါ ဒုက္ခလဲမပေးပါဘူး ..အမေ့အိမ်မှာလဲ မနေပါဘူး "
လင်းမြတ်ဇင် အခန်းထဲဝင်ပြီး ကျောပိုးအိတ်ထဲကို အဝတ်အစားသုံးလေးစုံကောက်ထည့်ပြီး အပြင်ကိုပြန်ထွက်ဖို့ပြင် လိုက်တယ်။ ဒီမြင်ကွင်းကို ဒေါ်မြစန္ဒာက ရပ်ကြည့်နေသလို မြယွန်းမီလဲရပ်ကြည့်နေမိတယ်။လင်းမြတ်ဇင်က အိမ်ပေါက်ဝအရာက်မှာ မြယွန်းမီရှိရာဆီကို လှည့်ကြည့်လိုက်ပြီး ဒေါသသံနဲ့ပြောလိုက်တယ်။
#ရူးနေတဲ့ကြယ်
(အခန်းဆက်ဝတ္ထု )
အပိုင်း(၆)
*****
"ကိုကို ဘာလုပ်နေတာလဲ "
မြယွန်းမီးရေချိုးခန်းထဲက ထွက်လာချိန်မှာ သူမရဲ့ ဗီရိုကိုဖွင့်ပြီး မွှေနှောက်ရှာဖွေနေတဲ့ အစ်ကိုဖြစ်သူကိုတွေ့လိုက်ရတာမို့ မြယွန်းမီရဲ့ မျက်လုံးတွေပြာဝေသွားပြီး အထိတ်တလန့်နဲ့ မေးလိုက်မိတယ်။
" ငါ ငွေနည်းနည်းလောက် လိုနေလို့ပါ ..နင့်မှာရှိရင် ပေးစမ်းပါ "
" ငွေဟုတ်လား ...ဘာငွေမှမရှိဘူး ...ကိုကိုရောညီမလေးပါ မုန့်ဖိုးတူတူ ရကြတာလေ ..ညီမလေးမှာ ကျောင်းစရိတ်လဲ ကိုယ့်ဘာသာရှင်းရတာ .. ဒါနဲ့ လကုန်ရင် ပြန်ပေးမယ်ဆိုတဲ့ လက်ကောက်က ဘယ်မှာလဲ "
" လာပြန်ပြီလား ဒီလက်ကောက် ...အမေ့ပိုက်ဆံတွေကို နင်တစ်ယောက်တည်းပိုင်တာမဟုတ်ဘူး ..ငါလဲပိုင်တယ် ..အဲ့ဒီလက်ကောက်လဲ ပြန်မပေးတော့ဘူး....အခုဒီမှာရှိတဲ့ငွေကို ငါယူသွားမယ် ..."
"မရဘူးကိုကို..အဲ့ဒါကျောင်းအတွက်လိုအပ်တာတွေသုံးဖို့ပါ ...ယူသွားလို့မရဘူး ..ကိုကိုက ဘာကိစ္စငွေလိုနေရတာလဲ ..ဘာလဲ ပန်းသွေးချယ်ဆိုတဲ့မိန်းမအတွက်လား ...အဲ့ဒီမိန်းမ ဘယ်လောက်ရှုပ်လဲ ကိုကိုသိလား...သူကမိန်းမလည်မ"
ညီမဖြစ်သူရဲ့ စကားကြောင့် လင်းမြတ်ဇင် ဒေါသထွက်သွားရပြီး
" ဘာပြောတယ် ..နင်ကများဘာပြောတယ် ... နင့်ကိုယ်နင် နည်းပညာတက္ကသိုလ်ကျောင်းသူဆိုပြီး တခြားသူတွေကို အထင်သေးနေတာလား ..ဘ၀င်လာမြင့်မနေနဲ့ ..ငါ့ချစ်သူကို နင်ပြောစရာမလိုဘူး "
" မပြောလို့ရမလား ...မနေ့က တောင် အဲ့ဒီမိန်းမကိုယောကျာ်းတစ်ယောက်နဲ့တွေ့ခဲ့သေးတယ် ..လူမြင်ကွင်းမှာ ပူးကပ်နေတာပဲ ..ကိုကိုအလို့ အဲ့ဒီမိန်းမလိမ့်သမျှခံနေရတာ သတိထားအုံး "
"တော်စမ်း.. နင့်ပါးစပ်ကို ပိတ်ထားစမ်း ... နင်က သူ့အကြောင်း ဘာသိလို့ လျှောက်ပြောနေရတာလဲ ... သူက နင့်လိုစိတ်ပုတ်ပြီး အပေါင်းအသင်းမရှိတဲ့သူမဟုတ်ဘူး ... သူ့မှာ အပေါင်းအသင်းတွေအများကြီး ...မသိဘဲလျှောက်မပြောနဲ့ ... "
စုံးလုံးကန်းကာ ယုံကြည်နေ တဲ့ အစ်ကိုဖြစ်သူကို မြယွန်းမီစိတ်ပျက်စွာကြည့်လိုက်ပြီး
"ယုံချင်ယုံး မယုံချင်နေ ...ကိုကို့ကို ဘာမှမပြောတော့ဘူး ... ညီမလေးပိုက်ဆံကိုလဲ တစ်ကျပ်တောင် မပေးနိုင်ဘူး "
"မပေးလဲယူတယ်ဟာ ...ဘာဖြစ်လဲ ..ဘာလုပ်ချင်လဲ "
ညီမဖြစ်သူက ငယ်ငယ်တုန်းကတည်းက သူ့ကိုအလျှော့ပေးတတ်မှန်းသိတော့ လင်းမြတ်ဇင်က စာအုပ်ထဲညှပ်ထားတဲ့ငွေကို အတင်းယူပြီး အခန်းပြင်ကိုထွက်သွားခဲ့တယ်။ ဒီတစ်ခါတော့ မြယွန်းမီလဲ သည်းညည်းမခံတော့ဘဲ အစ်ကိုဖြစ်သူရဲ့နောကျောကို ပေါင်ဒါဘူးနဲ့ ကောက်ပေါက်ပစ်လိုက်တယ်။မာကျောတဲ့ပေါင်ဒါဘူးရဲ့အရှိန်ကြောင့် လင်းမြတ်ဇင်ရဲ့ကျောမှာအောင့်ခနဲ ဖြစ်သွားရတယ်။နာကျင်မှုကြောင့် ဒေါသထွက်သွားခဲ့ပြီး ညီမဖြစ်သူကို ပြေးကန်ပစ်လိုက်တယ်။ အသက်တစ်နှစ်ကျော်နှစ်နှစ်ပဲကွာတဲ့ အရွယ်တွေဖြစ်ပေမဲ့ ယောကျာ်းနဲ့ မိန်းမမို့ အားချင်းမမျှဘဲ မြယွန်းမီဝုန်းခနဲ ပစ်လဲသွားရတော့တယ်။လင်းမြတ်ဇင်က ဒါတောင် မကျေနပ်နိုင်သေးဘဲ လက်သီးနဲ့ထပ်ပြီးထိုးလိုက်တယ်။
"မှတ်ထား ....နောက်တစ်ခါ ဒီလိုအချိုးမျိုးလာမချိုးနဲ့....ငါက နင့်ထက်အကြီး .. ငါ့ကိစ္စတွေကို နင်ဘာမှပြောစရာမလိုဘူး "
ပြောဆိုပြီး ထွက်သွားတဲ့ အစ်ကိုဖြစ်သူရဲ့ နောက်ကျောကို မြယွန်းမီနာနာကြည်းကြည်းနဲ့ ကြည့်လိုက်မိတယ်။
~~~~
" မောင်ကတီရှပ်အင်္ကျီတွေနဲ့ သိပ်လိုက်တာပဲ ... မောင့်ကိုဝယ်ပေးချင်လွန်းလို့ ချစ်ရဲ့အသုံးစရိတ်ထဲကဝယ်ထားတာ "
နီညိုရောင် တီရှပ်အင်္ကျီလေးကို ကမ်းပေးရင်းပြောလာတဲ့ ချစ်သူကို လင်းမြတ်ဇင်ချစ်မြတ်နိုးစွာကြည့်လိုက်မိပြီး အင်္ကျီလေးကို လှမ်းယူလိုက်တယ်။ သူ့အတွက်ဆိုရင် စွပ်ကျယ်အင်္ကျီလေးတွေကအစ ဂရုတစိုက်ဝယ်ပေးတတ်တဲ့ ချစ်သူကို ဘယ်သူတွေ ဘာပြောပြောလင်းမြတ်ဇင်ယုံကြည်တယ်။ သူမဘက်က ကိုယ့်အပေါ် သိတတ်တော့လဲ လင်းမြတ်ဇင်ဘက်ကလဲ သူမငွေလိုတဲ့အခါ မရရအောင်ရှာဖွေပေးခဲ့တယ်။
"မောင့်ရဲ့ သင်တန်းကရော ဘယ်လိုလဲ ... သင်တန်းပြီးရင် အလုပ်ရမှာသေချာလား "
"အင်း သင်တန်းပြီးရင် ..အရည်အချင်းအလိုက် ဟော်တယ်တွေမှာ အလုပ်ရမယ်ပြောတယ် ...အမေကလဲ နိုင်ငံခြားပို့ပေးမယ်လို့ ပြောတာပဲ "
" နိုင်ငံခြားသွားမယ်ဆိုရင်တော့ ဒီတိုင်းသွားလို့မရဘူးနော် ... ချစ်နဲ့လက်ထပ်ပြီးမှ သွားရမှာ "
ချစ်သူပန်းသွေးချယ်ရဲ့ စကားကို လင်းမြတ်ဇင်ဘာမှပြန်မပြောဘဲ ညီမဖြစ်သူဆီကလုယူလာတဲ့ ပိုက်ဆံကို ချစ်သူလက်ထဲကို ထည့်ပေးလိုက်တယ်။
~~~~~~
"ဒီလောက်ဖြစ်နေတာကို နင်ဘာလို့ မပြောရတာလဲ မိယွန်းရဲ့ ..နုံလှအလှချည်းလား ... တကယ်ဆို လက်ကောက်ယူသွားကတည်းက ပြောပါလား ... နင့်ကိုပဲသတ်ပစ်ချင်တယ် ... အဲ့ဒီကောင်တော်တော်ဇောင်းကြွနေတယ် ...ဖုန်းဆက်တော့လဲ မကိုင်ဘူး ပြန်လာမှတွေ့မယ်... ဒင်းကို ဒီနိုင်ငံမှာ မထားဘူး ... နိုင်ငံခြားကို အမြန်ဆုံးပို့ပစ်ရမယ်... ညည်းလဲ သူအနိုင်ကျင့်သမျှ ခံမနေနဲ့ .. ငွေတွင်းက ဘယ်လောက်နက်လဲသိတယ်မဟုတ်လား...ညည်းကျောင်းစရိတ်ကလဲ နည်းတာမဟုတ်ဘူး ... "
မိခင်ရဲ့အမေးကြောင့် မြယွန်းမီ အဖြေရခက်သွားမိတယ်။မလိမ်တတ်သူပီပီ အမှန်တိုင်းပြောမိပြန်ရင်လဲ အဆူခံရမှာသေချာသလောက်ရှိတယ်။
"ဟုတ်....လမ်းစရိတ်မရှိဘူးဆိုလို့ ပေးလိုက်တယ် အမေ "
" ဪ ....ညည်းကိုယ်တိုင် ပေးလိုက်တာပေါ့လေဟုတ်လား...ကောင်းတယ် သိပ်ကောင်းတယ် ...အစ်ကိုကလိမ်မှန်းသိသိနဲ့ ညီမဖြစ်သူက ငွေထုတ်ပေးလိုက်တယ် ... နင့်အစ်ကိုကိုဖျက်ဆီးနေတာ နင်ပဲမိယွန်းရဲ့...ကောင်မတွေလဲ ရွကိုရွတယ်... ယောကျာ်းလေးဆီကို သူတို့ကပဲ ဖုန်းအရင်ဆက်နေကြတာ ....အချိန်အခါလဲမသိကြဘူး ...ညနက်သန်းခေါင်လဲဖုန်းတွေခေါ်ပြီး ဘာလုပ်မလို့လဲ
မသိဘူး ..မိယွန်းနော် နင်လဲသတိထား...နင်အဲ့ဒီလိုရွပိုးထိုးလို့ကတော့.. နင့်ကိုငါကိုယ်တိုင်သတ်ပစ်မှာနော်ကြားလား "
သားစိတ်ကြောင့် ဒေါ်မြစန္ဒာစိတ်တွေတိုပြီး သမီးဖြစ်သူကိုပါ ပြောဆိုမာန်မဲပစ်လိုက်တယ်။သားကြီးမို့အားကိုးရမလားမှတ်တယ်။ အသက်ဆယ့်ငါးနှစ်ကျော်လာကတည်းက မအေကို မသိမသာ ကလန်ကဆန်ပြန်လုပ်လာတာ။ မအေမှာတော့ တစ်နေကုန်တစ်နေခန်းဈေးရောင်းပြီး သားသမီးတွေပညာတတ်ဖြစ်စေချင်လွန်းလို့ ချွေတာနိုင်သလောက်ချွေတာပြီး ပညာကို သင်ပေးလိုက်ရတာ။ သားတော်မောင်က ဆယ်တန်းအခါခါကျပြီး ဂိမ်းကိုပဲစွဲလမ်းလာခဲ့တယ်။ ဂိမ်းကို စွဲလမ်းတာမှ ထမင်းစားချိန်မှာတောင် ထမင်းကိုဖြောင့်ဖြောင့်မစားနိုင်တဲ့ဘ၀မျိုး။တစ်နေ့တစ်နေ့အိပ်ချိန်က သုံးလေးနာရီထက်မပိုခဲ့။ အခုလိုအရွယ်ရောက်လာပြန်တော့လဲ ဂိမ်းတင်မဟုတ်ဘဲမိန်းမကိစ္စပါ ပါလာခဲ့ပြန်တယ်။ ဒေါ်မြစန္ဒာတစ်ယောက်စိတ်မသက်မသာနဲ့ သက်ပြင်းကိုချလိုက်ပြီး ဖုန်းကို ထုတ်ကြည့်လိုက်တယ်။
ဒေါ်မြစန္ဒာဖုန်းကိုဖွင့်လိုက်ပြီးသားဖြစ်သူရဲ့ဖေ့ဘုတ်အကောင့်ထဲကိုဝင်ကြည့်လိုက်တယ်။ ဒီအခါ ဖုန်းစခရင်မှာ မြင်လိုက်ရတဲ့ ဓါတ်ပုံကြောင့် ဒေါ် မြစန္ဒာမှာ အသက်ရှုရပ်မလိုပင်ဖြစ်သွားရတယ်။
@@@@@@@@@@@@@@@@@@@@@@@
အပိုင်း( ၅ ) ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
မိသားစုသုံးယောက်တည်းရှိတဲ့အိမ်မှာ မိုးလင်းမိုးချုပ်အမေ့ရဲ့ ဆူပူသံတွေနဲ့ပဲ ပြည့်နေခဲ့တယ်။သားသမီးတွေ မလိမ္မာလို့ ၊ဆူပူစရာရှိလို့ဆူပူနေရတာထက် ဝသီလိုဖြစ်နေတဲ့မိခင်ရဲ့ နှုတ်ထွက်စကားကြမ်းကြမ်းတွေအောက်မှာ မြယွန်းမီတို့ရဲ့ ကလေးဘဝက အပြည့်အဝပျော်ရွှင်မှုတွေမရရှိခဲ့တာတော့ အမှန်ပါပဲ။
~~~~
"အငယ်မ ....ငါ့ကို ပိုက်ဆံသုံးသောင်းလောက်ချေးပါလား "
" သုံးသောင်းဟုတ်လားကိုကို ..အဟွပ် ..အဟွပ် "
အစ်ကိုဖြစ်သူရဲ့ စကားကြောင့် မြယွန်းမီမှာစားလက်
စ ထမင်းပါသီးသွားရတယ်။
"ကိုကိုရယ် ... ညီမလေးမှာ သုံးသောင်းဘယ်လိုရှိမှာလဲ ... တစ်နေ့ကပဲ ... ကိုကိုငါးထောင် ယူသွားတယ်လေ "
ညီမဖြစ်သူရဲ့ စကားကြောင့် လင်းမြတ်ဇင် ထမင်းစားပွဲမှာ ဝုန်းခနဲဝင်ထိုင်ပစ်လိုက်ပြီး
" နင်ကလဲ ဒါလေးတောင်မပေးချင်ဘူးလား...ဟိုနေ့က ငါးထောင်က ဖုန်းဘေထည့်တာကုန်သွားပြီဟ ... နင်ကအမေနဲ့ဆိုင်ထိုင်နေရတာ ... ဆိုင်းဈေးခွက်ထဲက ပိုက်ဆံတွေနင်နှိုက်ယူနေတာ ငါမသိဘူးထင်နေလား ..."
"အမ် ... ကိုကိုနော် မဟုတ်တာတွေမပြောနဲ့ ...ညီမလေးက အမေပေးမှယူတာ ... ပြီးတော့ ကိုကို့ကိုလဲ အမေမုန့်ဖိုးပေးနေတာပဲကို "
စကားကြောရှည်နေတဲ့ ညီမဖြစ်သူကို လင်းမြတ်ဇင်စိတ်မရှည်ချင်တော့
"ကဲ ..မိယွန်း စကားမရှည်နဲ့ ... နင်ပေးမှာလားမပေးဘူးလား ... ငါစိတ်တိုလာပြီး ... နင်တို့စားဖို့လဲ ငါအဆင်သင့်ချက်ပေးထားရတာကို .. မပေးရင်လဲနေဟာ မြို့ထဲကို ပိုက်ဆံမပါဘဲသွားတော့မယ် "
အစ်ကိုဖြစ်သူဆီက ဒီလိုစကားကိုကြားရတော့လဲ မြယွန်းမီစိတ်မကောင်းဖြစ်သွားရတယ်။
"သုံးသောင်းတော့ မရှိဘူးကိုကို ...ရှိသလောက်ပေးလိုက်မယ် ..ဒါနဲ့ဒီနေ့သင်တန်းရက် မဟုတ်ပါဘူး ဘယ်သွားမလို့လဲ "
"နင်ကလဲ တော်တော်ရှည်နော် ..ပိုက်ဆံပေးရတယ်ဆိုပြီး စစ်လားဆေးလားနဲ့ ...ချိန်းထားလို့ သွားမှာ "
" ဘယ်သူနဲ့ချိန်းထားတာလဲ ကိုကို ...ပန်းသွေးချယ်ဆိုတဲ့တစ်ယောက်လား ...သူကရှုပ်တယ်လို့သတင်းကြားတယ်နော် ကိုကို "
ညီမဖြစ်သူရဲ့ စကားကြောင့် လင်းမြတ်ဇင်ဒေါသထွက်သွားမိပြီး
"နင့်ပါးစပ်ကိုပိတ်ထားစမ်းအငယ်မ ..ငါကနင့်ထက်အကြီး ..ငါ့ကောင်မလေးကို နင်ဘာမှပြောစရာမလိုဘူးကြားလား ..နောက်တစ်ခါဒီလို ထပ်ပြောရင် နင့်မျက်ခွက်စုတ်ပြီမှတ် "
ကြိမ်းမောင်းပြောဆိုပြီး ထွက်သွားတဲ့ အစ်ကိုဖြစ်သူ့ကို မြ ယွန်းမီနှမြောတသစွာငေးကြည့်နေမိတယ်။ပြောလို့ ပြောတာမဟုတ်ဘူး။မြယွန်းမီတို့ မောင်နှမနှစ်ယောက်မှာ မြယွန်းမီကအသားအရည်ကအစ အညိုဘက်သွားပြီး ရုပ်ရည်ကကြည့်ကောင်းတယ်ဆိုရုံအဆင့်ပဲရှိပေမဲ့ အစ်ကိုဖြစ်သူလင်းမြတ်ဇင်ကတော့ မင်းသားတစ်ယောက်လို အရပ်မြင့်မြင့်နဲ့ဖြူဖြူချောချောလေး။ဒီခေတ်မှာ ကောင်လေးတစ်ယောကချောလွန်းတော့လဲ မိန်းမတွေဝိုင်းဝိုင်းနေတာပေါ့။လူကချောသလို အလုပ်ကျတော့လဲ တအားရွေးတာ။မိခင်က ဈေးထဲမှာအထည် ဆိုင်ဖွင့်ထားတာမို့ ဝိုင်းကူခိုင်းလဲမရသူ။ အပြင်အလုပ်ကိုဘာမှ ခိုင်းလို့မရပေမဲ့ သူဝါသနာပါတဲ့အချက်အပြုတ်တာဝန်ကိုယူထားတာကိုပဲ မြယွန်းမီတို့သားအမိမှာ ကျေးဇူးတင်နေရတာ။ လူက၀င်ငွေရတဲ့ အလုပ်မှာဝိုင်းမကူပေမဲ့ စကားပြောလိုက်ရင်တော့ အကြီးကြီးတွေချည်းပဲ။နိုင်ငံတကာ ဟိုတယ်တွေမှာစာဖိုမှူးလုပ်ချင်တယ်ဆိုလို့ စားဖိုမှူးသင်တန်းလဲထားပေးထားရသလို အင်္ဂလိပ်စကားပြောသင်တန်းလဲထားပေးထားရတယ်။လက်ရှိမှာ အလုပ်ကမရှိသေးပေမဲ့ တောင်းလိုက်သုံးလိုက်တဲ့ငွေက မနည်းလှ။အိမ်မှာချက်ပြုတ်တဲ့ တာဝန်ကလွဲရင်ဘာမှမလုပ်ဘူး။မိခင်က ပါးစပ်ကို မနားတမ်းဆူနေပြောနေရင်လဲ သူ့ကိုပြောနေတာမဟုတ်သလို တုတ်တုတ်မလှုပ်တဲ့သူ။ ယုတ်စွအဆုံး အလုပ်နဲ့ပတ်သက်ရင် သူ့အိပ်ရာတောင်သူမသိမ်းလို့ မြယွန်းမီပဲလုပ်ပေးရတာ။ သူ့အလုပ်က သင်တန်းမရှိတဲ့ရက်ဆို ချက်ပြုတ်ပြီးလို့အားနေရင် ဂိမ်းပဲထိုင်ဆော့နေတာ။အရင်ကတော့ ရည်းစားဘာညာလဲစိတ်ဝင်စားခြင်းမရှိဘူး ။ ဂိမ်းဆော့ရင်းနဲ့မှ ရည်းစားပါရသွားခဲ့တာ။ အလုပ်မှမလုပ်သေးခင် ရည်းစားအရင်ထားတော့ မိခင်ဖြစ်သူဒေါ်မြစန္ဒာမှာ စိတ်တိုစိတ်ဆိုးတာပေါ့။စိတ်ဆိုးပေမဲ့လဲ အသက်နှစ်ဆယ်ကျော်လာပြီဖြစ်တဲ့သားကငယ်ငယ်ကလို မိခင်ကိုကြောက်ရွံ့ခြင်းမရှိတော့ဘူးလေ။ ဒီလိုပြောမရဆိုမရဖြစ်လာတဲ့ သားကိုမနိုင်သမျှ ဒေါ်မြစန္ဒာရဲ့ ဒေါသတွေကသမီးဖြစ်သူ မြယွန်းမီအပေါ် ပဲ ပုံကျလာတော့တာလေ။ဒေါ်မြစန္ဒာမှာအသက် (၁၆) ကျော်ကျော်မှာ အိမ်ထောင်ကျခဲ့ရပြီး (၁၈ )နှစ် အရွယ်မှာ သားကို မွေးခဲ့တာ။ ဖခင်ကလဲမရှိတဲ့အပြင် သားနဲ့ အမေကလဲ (၁၈)နှစ်ပဲ ကွာလို့ရယ်လားမသိ လင်းမြတ်ဇင်တစ်ယောက် အသက်ကြီးလာလေလေ မိခင်ကိုကြောက်ရွံ့မှုကင်းမဲ့လာလေလေ ဖြစ်လာခဲ့တယ်။
~~~~~
"မိယွန်းနင့်အစ်ကိုက ဘယ်သွားလို့နင်ကထမင်းချက်နေရတာလဲ .. ဒီနေ့သင်တန်းမရှိဘူးမဟုတ်လား "
ဒေါ်မြစန္ဒာညနေဈေးသိမ်းပြီးပြန်လာတော့ နောက်ဖေးမီးဖိုချောင်မှာ ညနေစာချက်နေတဲ့ သမီးဖြစ်သူကိုမြင်လိုက်ရတာမို့ စိတ်ပူပြီး မေးလိုက်မိတယ်။
"ဟို ... ဟို ..ကိုကိုက ကိစ္စရှိလို့ဆိုပြီး အပြင်သွားတယ်အမေ "
"ကိစ္စဟုတ်လား ...သူက ဘာကိစ္စရှိရမှာလဲ ... ကောင်မတွေနဲ့ သွားချိန်းတွေ့တာနေမှာပေါ့ ... နင် သူ့ကို ပိုက်ဆံပေးလိုက်သေးလား မိယွန်း "
" ဘယ်သူက အိမ်ကိုဒီတိုင်းထားခဲ့မှာလဲ ....ရောင်းမှာပေါ့ ... အိမ်ကိုပွဲစားဆီမှာအပ်ပြီးပြီ... ဝယ်သူနဲ့လဲ လာကြည့်ပြီးပြီ ...နေဖို့အိမ်လဲ ရှာနေပြီ ..ညည်းဘာမှပူစရာမလိုပါဘူး မြယွန်းမီရဲ့ ...ငါပဲ အကုန်လုပ်မှာပါ "
တကယ်ကြီးပြောနေတဲ့ မိခင်ကိုကြည့်ပြီး မြယွန်းဘာပြောလို့ ပြောရမှန်းမသိတော့ပေ။တစ်ခုခုလုပ်ချင်တာဖြစ်ချင်တာရှိရင် ချက်ချင်းထလုပ်တတ်တဲ့အကျင့်ကကောင်းတယ်လို့ပဲပြောရမလား။ ဘာပဲဖြစ်ဖြစ်လိုတာထက်ပိုနေရင်တော့ အဆင်မပြေတာအမှန်။ အဆင်ပြေရာပြေကြောင်းကို ပြောပြန်ရင်လဲ စိတ်ဆိုးမှာက သေချာတယ်။သူမ လုပ်နေတာတွေကို တစ်ခုလေးပဲဖြစ်ဖြစ်ဆန့်ကျင်ဘက်သွားပြောမိရင် ''မိဘကို ဆန့်ကျင်ဘက်လုပ်တယ် ... နင်တို့လုပ်စာစားနေရတော့ နင်တို့စိတ်တိုင်းကျနေရမှာပေါ့လေ " ဆိုတဲ့ ခပ်ရွဲ့ရွဲ့ စကားတွေထွက်လာအုံးမှာ။တကယ်ဆိုရင် မြယွန်းမီတို့နဲ့ မိခင်ရဲ့ကြားမှာ ခေတ်စနစ်အရမ်းကွာဟနေရအောင်လဲ အမေကသိပ်အသက်ကြီးသေးတာမဟုတ်ဘူး။အသက် (၄၅) ဆိုတာ လန်းဆန်းတက်ကြွနေတုန်းအရွယ်။ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေရမဲ့အရွယ်မဟုတ်လား။ ဒါပေမဲ့ အချိန်ပြည့်သောကတွေ အပူမီးတွေကို ရင်ဝယ်ပိုက်ပြီး မပျော်ရွှင်နိုင်ဖြစ်နေတဲ့စိတ်ကို ဘယ်လိုဖျောင်းဖျကုစားပေးရမှန်းပင်မသိတော့။ အခုလဲ ချက်ချင်းအိမ်ပြောင်းဖို့ပြင်ဆင်နေသတဲ့လေ။
"နေပါအုံး အမေ ..အိမ်က ဘာလို့ ပြောင်းမှာလဲ ...ဟိုမိန်းမတွေကြောင့်လား ...ဘာကြောက်စရာရှိလိုလဲ ... ပြောင်းရရွေ့ရနဲ့ စရိတ်ကုန်လူပန်းတယ် ''
" စရိတ်ကုန်တော့ ဘာဖြစ်လဲ ..ဒီလိုဟာတွေနဲ့ မပတ်သက်ရဖို့သာ အဓိက...ဒီမိန်းမတွေ ဘယ်လောက်တောင်ကြောက်စရာကောင်းလဲ နင်မသိဘူးလား မိယွန်းရဲ့ ...နင့်အစ်ကိုဘဝကိုလိုက်ဖျက် ဆီးနေတဲ့ဟာတွေ "
" အဲ့ဒါက ပြီးပြီးသားကိစ္စတွေ လေအမေရယ်...အဲ့ဒီမိန်းမကရော ဒီတစ်သက်လင်မယူဘဲနေမှာတဲ့လား...ဘာကိုတွေးပူနေတာလဲ ..ပြီးတော့အမေ့သားလဲ ဒီမှာရှိတာမှမဟုတ်တာ "
" နင့်အစ်ကို နောက်လထဲပြန်လာတော့မှာ "
"ရှင် ''
မိခင်ရဲ့စကားကြောင့် မြယွန်းမီထိတ်လန့်တုန်လှုပ်သွားပြီး ထိုင်နေရာမှ ထရပ်လိုက်မိတယ်။
"သူ ..သူကဘာလို့ ပြန်လာမှာလဲ အမေ "
"ဟဲ့...မပြန်လာလို့ သူများနိုင်ငံမှာ အပြီးနေရမှာလား...သူသွားတာ (၅) နှစ်ပြည့်ပြီလေ... ပြန်လာမှာပေါ့ ...ပြန်လာပြီး ကိုယ်ပိုင်ဆိုင်ဖွင့်မလို့တဲ့ ''
မိခင်ရဲ့စကားတွေက နားထဲမှာဝေးသွားလိုက်နီးလာလိုက် ။ မြယွန်းမီရင်တွေတဆတ်ဆတ်တုန်ပြီး ခြေထောက်တွေပါ မခိုင်ချင်ဖြစ်လာရတယ်။ စိတ်ကိုအတန်တန်ထိန်ချုပ်နေတဲ့ကြားကနေ နှုတ်ကနေစကားတစ်ခွန်းထွက်သွားခဲ့တယ်။
"အမေ့သား ပြန်လာရင် ... သမီးအိမ်မှာမနေတော့ဘူး...အဆောင်မှာပဲပြောင်းနေတော့မယ် "
မှားလားမှန်လား မခွဲခြားနိုင်တော့ပေမဲ့ ရင်ထဲကဆန္နကို မြယွန်းမီဖွင့်ထုတ်ပြောပစ်လိုက်တယ်။
"ဘာ ..ဘာပြောလိုက်တယ် မြယွန်းမီ ..နင်ကငွေရှာနိုင်နေပြီဆိုပြီး ဒီစကားပြောတာလား ... နင်တော်တော်တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းမပါလား ...နင်ကဒီလောက်စိတ်နာနေရအောင် ...နင့်အစ်ကိုက နင့်ကိုဘာတွေဒုက္ခပေးထားလို့လဲ ပြောပါအုံး...ပြောလိုက်ရင်လဲ အမေ့သားဆိုတာချည်းပဲ ... နင်တို့နှစ်ယောက်လုံးကို တစ်ဖအေတစ်မအေတည်းမွေးထားတာပါ မြယွန်းမီရဲ့ ''
"ဘာပဲဖြစ်ဖြစ် ... သူနဲ့တော့ တစ်အိမ်ထဲမှာ မနေနိုင်ဘူးအမေ...သမီး အဆောင်မှာပဲသွားနေမယ် ..."
" ဘာ .. နင်ပြောလေဆိုးလေပါလား မြယွန်းမီရဲ့ ... တစ်ကောင် ကြွက်မ ...တစ်ယောက်တည်းနေချင်တယ် မဟုတ်လား ...သွား..ခုချက်ချင်းဆင်းသွား ... မြစန္ဒာတို့က ဘယ်သူ့ကိုမှခင်တွယ်မနေဘူးသိထား "
"ဒုန်း .. ဝုန်း "
"ခွမ်း "
အော်ဟစ်ပြောဆိုပြီး ပစ္စည်းတွေကို ထုရိုက်ပေါက်ခွဲနေတဲ့ မိခင်ကိုကျောခိုင်းပြီး မိမိအခန်းရှိရာဆီကို မြယွန်းမီထလာခဲ့လိုက်တယ်။မိခင်တစ်ယောက်က သားတစ်ယောက်ကို အလွယ်တကူ ခွင့်လွှတ်နိုင်ပေမဲ့ အသက်မကွာလှတဲ့ မောင်နှမတွေကြားက နာကျည်းနာကျင်မှုကလွယ်လွယ်နဲ့ မေ့ပျောက်ဖို့ခက်လှတယ်လေ။အဖြစ်အပျက်တွေက အချိန်အားဖြင့် ငါးနှစ်ကျော်လာခဲ့ပြီဆိုပေမဲ့ ခုပြန်တွေးရင်ခုနာကျင်နေရတုန်းပဲလေ။
~~~~~
(လွန်ခဲ့သောခြောက်နှစ် )
မြယွန်းမီရဲ့ အသက်(၁၉)နှစ်အရွယ်။ ငယ်ငယ်ကနေ အသက်(၁၉)နှစ်အရွယ်အထိ လောကကြီးမှာဘယ်သူ့ကိုအချစ်ဆုံးလဲလို့ လူတွေကမြယွန်းမီကိုမေးရင်း အမေနဲ့ကိုကိုလို့ပဲ မဆိုင်းမတွ ပြန်ဖြေခဲ့တာ။ဝမ်းကွဲ ဆွေမျိုးတွေများစွာရှိပေမဲ့ အမေ နဲ့အစ်ကိုဖြစ်သူကိုပဲ မြယွန်းမီယုံကြည်ချစ်ခင်ခဲ့တာ။သို့ပေမဲ့ လောကကြီးမှာ အကြောက်ဆုံးလူတွေကိုပြောပါဆိုရင်လဲ အမေနဲ့ ကိုကိုလို့ပဲ မြယွန်းမီဖြေခဲ့မိမှာ။
ခင်ပွန်းဆုံးပါးသွားပြီဖြစ်တဲ့ကလေးနှစ်ယောက်မိခင်မုဆိုးမတစ်ယောက်ရဲ့ဘ၀က ငွေလုံလုံလောက်လောက်မကျန်ခဲ့ရင် ခက်ခဲပင်ပန်းတယ်ဆိုတာကို မြ ယွန်းမီငယ်ငယ်ကတော့ နားမလည်ခဲ့ဘူးပေါ့။ နားမလည်ဘူးဆိုပေမဲ့လဲ မြယွန်းမီအနေနဲ့ မိခင်ကို ဒုက္ခပေးတာမျိုးမရှိခဲ့သလို နိုင်သလောက်ဝန်အားလေးနဲ့ကူညီပေးခဲ့တယ်။ခက်တာက မြယွန်းမီ ဘယ်လောက်ပဲကူညီခဲ့ပါစေ တစ်နေ့တစ်နေ့ မိခင်ရဲ့နှုတ်ဖျားကနေ ချိုသာတဲ့စကားသံတွေ အစားဆူပူမာန်မဲသံတွေကိုပဲ ကြားနေခဲ့ရတယ်။မြယွန်းမီသိတတ်စ အရွယ်ကတည်းက
#ရူးနေတဲ့ကြယ်
(အခန်းဆက်ဝတ္ထု )
အပိုင်း (၄)
********
ခြံထဲဝင်လိုက်ချိန်မှာ မြင်လိုက်ရတဲ့ မျက်နှာကြောင့်မြယွန်းမီနဲ့မေမိုးစက်တို့ အံ့ဩသွားမိကြသလို့ ဟန်နေထူးလဲ အံ့ဩသွားရတယ်။
"မိုးစက်တို့ကိုအလုပ်အပ်တာ ကို ဟန်နေထူးလား "
မေမိုးစက် မယုံကြည်နိုင်စွာ မေးလိုက်တယ်။
"မိုးစက်တို့က(green house) ကုမ္ပဏီက ၀န်ထမ်းတွေလား "
ဟန်နေထူးလဲ မယုံကြည်နိုင်စွာပြန်မေးလိုက်တယ်။
"ဟုတ်ပါတယ်ရှင် ... မိုးစက်က ပရိဘောဂဒီဇိုင်းပိုင်းကိုပဲတာဝန်ယူတဲ့ မေမိုးစက်ပါ ..ယွန်းကတော့ အိမ်တွင်းပြင်ဆင်မှုအားလုံးအတွက်တာဝန်ယူထားတဲ့သူပါ "
မေမိုးစက်မိတ်ဆက်စကားပြောနေချိန်မှာပဲ မြယွန်းမီ စိတ်ပျက်လက်ပျက်နဲ့ ထွက်ပြေးချင်စိတ်ပေါက်နေမိတယ်။အလုပ်အပ်သူက ဟန်နေထူးမှန်းသိသိနဲ့ သူဌေးကတမင်ပဲလွှတ်လိုက်လေသလား။ ဒါမှမဟုတ် ဟန်နေထူးမှန်းမသိလို့ မြယွန်းမီကို လွှတ်လိုက်တာလားမသိတော့။ပြဿနာပူပူနွေးဖြစ်ထားကြတဲ့ မြယွန်းမီတို့နှစ်ယောက်ကြားမှာ ရှေ့ဆက်အလုပ်ဘယ်လိုလုပ်ကြရမှာလဲ။မိတ်ဆက်စကားပြောတာလောက်က မေမိုးစက်နဲ့ ပြောခိုင်းလို့ရပေမဲ့ တကယ်တမ်းအလုပ်စကားပြောရမှာက သူမပဲပြောရမှာ။မေမိုးစက်ရဲ့တာဝန်က မြယွန်းမီကမှ တဆင့်သွားရမှာ။စိတ်ညစ်ညစ်နဲ့ အံကိုကြိတ်ပြီး မြယွန်းမီသက်ပြင်းတွေသာ ချနေမိတယ်။
"ယွန်း ...အလုပ်ကိစ္စပြောလိုက်အုံးလေ ... မိုးစက် ခြံထဲလိုက်ကြည့်လိုက်အုံးမယ်.. "
မေမိုးစက်ကပြောပြီးတာနဲ့ ခြံထဲကို လျှောက်သွားလိုက်တယ်။
~~~~
" ကျွန်တော့်အတွက်ကတော့ ... ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော့်ဆိုင်ကို ခေတ်မီလှပတဲ့ဒီဇိုင်းပုံစံမျိုးဖြစ်အောင်ဖန်တီးပေးနိုင်သူဖြစ်ဖို့ပဲ အရေးကြီးတာ ... ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် မင်းဘက်ကဘာခံစားချက်မှမရှိဘူးဆိုရင်တော့... ငါတို့အလုပ်တူတူတွဲလုပ်ကြတာပေါ့ "
"ခံစားချက်ဟုတ်လား ...ကျွန်မဘက်ကလည်း ဘာခံစားချက်မှမရှိပါဘူး...အလုပ်ကအလုပ်ပဲ လုပ်နိုင်တာပေါ့ ...ဒါပေမဲ့ တစ်ခုတော့ ရှိတယ် ...ကျွန်မရဲ့ အရည်အချင်းကို ယုံကြည်မှအလုပ်အပ်ပါ ..အလုပ်အတွက် ဆွေးနွေးတိုင်ပင်လို့ရပေမဲ့ .. ကျွန်မကို ဆရာလုပ်လို့မရဘူး...အဲ့ဒီအချက်ကိုလက်ခံနိုင်ရဲ့လား "
မြယွန်းမီမျက်နှာထားတင်းတင်းနဲ့ပဲ ပြောလိုက်တယ်။စတွေ့ ကတည်းက အဆင်မပြေတဲ့သူမတို့နှစ်ယောက်ကြားမှာ ဒီလို ပြတ်ပြတ်သားသား ပြောထားရမှာပဲ။မဟုတ်ရင်ပိုင်ရှင်က သူ့စိတ်တိုင်းကျ အကုန်လိုက်ခိုင်းနေရင် မြယွန်းမီတို့အနေအထားက အင်ဂျင်နီယာတစ်ယောက်နဲ့မတူဘဲ ပစ္စည်းတွေနေရာချဖို့အတွက် နေ့စားခေါ်ထားတဲ့ အလုပ်ကြမ်းသမားနဲ့တူသွားမှာပေါ့။
အေးစက်စက်အမူအရာနဲ့ အတူ အသံမာမာနဲ့ပြောနေတဲ့ မျက်နှာတင်းတင်းကိုကြည့်ပြီး ဟန်နေထူး စိတ်တိုသလိုတော့ဖြစ်သွားမိတယ်။လုပ်ငန်းရှင်သူဌေးတွေကြားမှာ နာမည်ကောင်းတွေများလို့သာ အလုပ်အပ်လိုက်ရတာ။ မျက်နှာက သူ့လုပ်စာကို တစ်လောကလုံးထိုင်စားနေလို့ မကျေမနပ်ဖြစ်နေတဲ့ မျက်နှာထားမျိုးနဲ့။ဒီမျက်နှာက ပုံမှန်မျက်နှာထားပဲလား။ကိုယ်နဲ့မိုဖြစ်နေတာပဲလားတော့မသိဘူး။တကယ်ဆို ဖြစ်ခဲ့တဲ့ပြဿနာက သူမကြောင့်ဖြစ်တာလေ။ကိုယ်က ဘာလုပ်မိလို့လဲ။စေတနာအပြည့်နဲ့ စီစီတီဗီမှတ်တမ်းကိုတင်ပေးလိုက်တာကိုတောင်.ကျေဇူးတင်ရမှန်းမသိတဲ့ဟာမလေး။ သူပဲ မာနကြီးတာလား။ ဟန်နေထူးဆိုတဲ့ကိုယ်လဲ ဘယ်လောက်မာနကြီးလဲဆိုတာကို ပြရသေးတာပေါ့။
"ဟုတ်ပြီလေ ....ကျွန်တော်လိုချင်တဲ့ ပုံစံကိုတိုင်ပင်ဆွေးနွေးရုံပါပဲ ... ကျန်တာလုံး၀၀င်မပါဘူး စိတ်ချ ...တစ်ခုတော့ရှိတယ် ...အပြင်အဆင်ဒီဇိုင်းက ရာသီဥတုနဲ့ကိုက်ညီပြီး လုံး၀ဆန်းသစ်လှပနေရမယ် ... ခေတ်မီမီမဟုတ်ဘဲ ပုံတုံးကြီးဖြစ်နေရင်တော့... အစအဆုံးပြန်လုပ်ပေးဖို့မင်းတာဝန်ယူရမှာနော် "
" ရှင်ပြောချင်တာ ဒါပဲမဟုတ်လား ... ဒီနေ့ပဲတိုက်ရဲ့အတွင်းအပြင်ကို ပုံတွေရိုက်ယူသွားမယ် .. အကြာဆုံးမှ တစ်ပတ်အတွင်းပဲ... ပုံကြမ်းပြပေးမယ် ...ရှင်ထားချင်တဲ့ပစ္စည်းအမျိုးအစားတွေကိုပါ
တစ်ခါတည်း တိုင်ပင်ဆွေးနွေးလို့ရပါတယ် ''
အလုပ်ထဲ စိတ်ရောက်သွားတော့လဲ မြယွန်းမီးအနေအထားကပုံမှန်လိုပြန်ဖြစ်သွားတယ်။နှစ်ယောက်သား မိနစ်နှစ်ဆယ်လောက် ဆွေးနွေးပြောဆိုပြီးတော့ မေမိုးစက်ကိုပါခေါ်ပြီးတိုက်ထဲကို ဝင်ခဲ့လိုက်ကြတယ်။တိုက်ထဲရောက်တော့ ဖုန်းကိုထုတ်ပြီး ဓါတ်ပုံ၊ ဗီဒီယိုရိုက်ပြီးအလုပ်များသွားရတော့တယ်။
~~~~~~~
"အမေ ဘာတွေလုပ်နေတာလဲ "
တိုက်ခန်းထဲဝင်ဝင်ချင်းမှာပဲ အခန်းထဲမှာအထုပ်တွေထုပ်ထားတာကို မြင်လိုက်ရတာမို့ မြ ယွန်းမီ မိခင်ကိုလှမ်းမေးလိုက်မိတယ်။
"အိမ်ပြောင်းရင် အဆင်သင့်ဖြစ်ရအောင်ထုပ်ထားတာလေ ..နင်လဲမသုံးတော့တဲ့ ပစွည်းတွေကို ထုပ်ထားလိုက်... တစ်ခါတည်း လွှင့်ပစ်ခဲ့ရအောင် "
မိခင်ရဲ့စကားကြောင့် မြယွန်းအံ့ဩသွားရပြီး
"အိမ်က တကယ်ပြောင်းမှာလား အမေ...အိမ်ပြောင်းတာ အဲ့ဒီလောက်မလွယ်ဘူးလေ ... ဒီအိမ်ကိုဒီတိုင်းထားခဲ့ပြီး... ဘယ်မှာသွားနေမှာလဲ "
" ဟုတ်လား ..မသိပါဘူး ...သူ့ဘာသာရေးချင်တာရေးပါစေ ... လူဆိုတာဒီလိုပါပဲ....သူများကို မတရားပြောပြီးရင် မကြာခင်မေ့သွားကြတာပါပဲ "
အေးတိအေးစက်နဲ့ ပြောနေတဲ့မြယွန်းမီကို.ကြည့်ပြီးမေမိုးစက်နားမလည်နိုင်ပါ။သိကျွမ်းခင်မင်လာကြတဲ့ (၂)နှစ်အတွင်းမှာ မေမိုးစက်ကသာ ကိုယ့်ဘ၀အကြောင်းကို ရှင်းပြပြောပြခဲ့ပေမဲ့ မြယွန်းမီကတော့ အမေနဲ့အတူနေတယ်ဆိုတဲ့အကြောင်းထက်ပိုပြီး ပြောပြတာမျိုးမရှိခဲ့။ယုတ်စွအဆုံး မြ ယွန်းမီဘယ်မြို့နယ်မှာနေတာလဲဆိုတာကိုပင် မေမိုးစက်မသိ ရိုးအမှန်။
"နင် မနေ့က ...ဘာပြဿနာတက်လို့လဲယွန်း ... "
" ဒီလိုပါပဲ ... ထွေထွေထူးထူး မဟုတ်ပါဘူး "
မေမိုးစက်အနားမှာ ဆက်နေနေရင်မေးခွန်းတွေ ထပ်ထွက်လာမှာစိုးတာကြောင့် မြယွန်းမီအခန်း ထဲကထွက်လာခဲ့လိုက်တယ်။စိတ်ထဲမှာ အနှောက်အယှက်ဖြစ်နေရင် အလုပ်က ဘယ်လိုမှအဆင်မပြေဘူး ။ အဲ့ဒါကြောင့် တော်ရုံဆို မြယွန်းမီ ဘာကိုမှမတွေးတာ။ မြယွန်းမီခေါင်းထဲမှာ တွေးနေတာက ဟာလာဟင်လင်းဖြစ်နေတဲ့ အိမ်အလွတ်ကြီးထဲမှာ မိသားစုတွေ ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းနဲ့နေရအောင် အိမ်တွင်း အလှအပကို ဘယ်လိုပြင်ဆင်ပေးရမလဲဆိုတာတွေကို အချိန်ပြည့်တွေးနေခဲ့တာ။ဘာပဲဖြစ်ဖြစ်အလုပ်လုပ်နေရရင် မြယွန်းမီရဲ့ စိတ်တွေတည်ငြိမ်အေးချမ်းနေတတ်တယ်လေ။
~~~~~
ဖုန်းမျက်နှာပြင်ကိုကြည့်နေ တဲ့ ပိုးအိခင်ရဲ့မျက်လုံးတွေက နဂါးမလေးတစ်ကောင်လိုမီးထတောက်လုမတတ် ကြောက်စရာကောင်းနေခဲ့တယ်။
"ဗီဒီယိုဖိုင်ကိုသေချာကြည့်ရင် အဲ့ဒီဟာမတမင်ဂွင်ဆင်တယ်ဆိုတာ ထင်ရှားနေတာပဲ ... ဒီမှာကြည့်ပါလား ... စာရွက်ကိုလှမ်းယူသလိုလိုနဲ့ကိုထူးပေါ် တမင်လှဲချလိုက်တာ ...ဒီလိုမိန်းမမျိုးတွေကြောင့် ယောကျာ်းတွေဖောက်ပြန်တာပေါ့ ...သူများမှာပိုင်ရှင်ရှိမှန်းသိလဲ
... ပိုင်ရှင်ရှိတာကိုမှ ပိုလိုချင်တယ်ဆိုတဲ့ ...အဆင့်မရှိတဲ့ အောက်တန်းစားသူခိုးမတွေ "
ပျစ်ပျစ်နှစ်နှစ်ဝေဖန်ဆဲဆိုနေတဲ့ ပိုးအိခင်ကိုကြည့်ပြီး တေဇနှာခေါင်းကို မသိမသာရှုံ့လိုက်မိတယ်။ပိုးအိခင် မကျေမနပ်ပြောနေတဲ့စကားတွေက ကိုယ့်ချစ်သူရည်းစားကို တခြားအမျိုးသမီးတွေက လာမြူဆွယ်တဲ့အခါ ပြောသင့်ပြောထိုက်တဲ့ စကားတွေမှန်ပေမဲ့ ပိုးအိခင်နဲ့ ဟန်နေထူး ဘာမှမသက်ဆိုင်တာကို သိနေတဲ့တေဇတို့ အုပ်စုအတွက်ကတော့ ကြားရတာ စိတ်ပျက်စရာဖြစ်နေခဲ့တယ်။ ဒါပေမဲ့ ပိုးအိခင်ကတော့ မိဘချင်း ရင်းနှီးတာကို အခွင့်ကောင်းယူပြီး ဟန်နေထူးနဲ့ သူမက ချစ်သူရည်းစားတွေလို ပုံစံဖမ်းနေခဲ့တာ ။အွန်လိုင်းပေါ်မှာဆိုရင် ပိုးအိခင်ကလဲဖော်လိုဝါ သိန်းချီတဲ့ဆယ်လီတစ်ယောက်ပဲလေ။လိုင်းပေါ်မှာ သူမရဲ့ကောင်း သတင်းမှန်သမျှတင်ပြီး နာမည်ကြီးနေတဲ့သူ။
" ဒါနဲ့ ...ကိုထူးက ဘယ်သွားတာလဲ ကိုတေဇ ...ပိုးအိဆီကို ဖုန်းတွေဘာတွေတောင်မဆက်ဘူး "
ပိုးအိခင်က မကျေမနပ်ပြောပြီး တေဇကိုလှည့်မေးလိုက်တယ်။
" နေထူး ဘယ်သွားလဲဆိုတာ ငါလဲသေချာမသိဘူး ...ဆိုင်သစ်ဖွင့်ဖို့ လုပ်ထားတဲ့ဆိုင်ကို.သွားမယ်လို့တော့ပြောတာပဲ ....သွားဖြစ်လား မသွားဖြစ်လားမသိဘူး "
" မသိလဲနေပါတော့ ..ပိုးအိပြန်တော့မယ် ..."
ဒေါက်ဖိနပ်သံပြင်းပြင်းနင်းပြီး ထွက်သွားတဲ့ပိုးအိခင်ကို ကြည့်ပြီး တေဇခေါင်းကို ခါယမ်းလိုက်မိတယ်။ ပိုးအိခင်ပုံစံက ဟန်နေထူးရဲ့ကော်ဖီဆိုင်ကို သူမရဲ့ ဆိုင်လို့ထင်နေပုံပင် ။ဆိုင်လာရင် ဘယ့်သူ့ကိုမှ ဂရုမစိုက်တဲ့ပုံမျိုးနဲ့လေ။
~~~~
"ကော်ဖီဆိုင်တစ်ဆိုင်အတွက်ပြင်ဆင်ပေးရမယ် ....သူက ကော်ဖီဆိုင်မှာ စာအုပ်တွေပါထားချင်တာ ..ဆိုင်ကနှစ်ထပ်ကို အတတက်အဆင်းလှေကားတွေမှာပါ ....အလှဆင်ချင်တာ .. ဘယ်လိုလဲ ဒီအလုပ်အတွက် မြ ယွန်းမီလက်ခံမလား "
သူဌေးရဲ့စကားကြောင့် မြ ယွန်းမီဝမ်းသာသွားမိတယ်။လက်ရှိ ပြင်ဆင်နေတဲ့တိုက်ခန်းကပြီးတော့မှာမို့နောက်ထပ် ကိုယ့်အတွက် ဆိုက်မရမှာကိုစိတ်ပူနေ ခဲ့ရတာ ။အဓိကက ငွေရဖို့ဆိုတာထက် အလုပ်ကိုအဆက်မပြတ်လုပ်ချင်နေတဲ့စိတ်ကြောင့်လို့ ပြောရမှာပဲ။ အခုလိုမျိုး သူဌေးက အလုပ်ဆိုက်တစ်ခုချက်ချင်းချိတ်ပေးတော့ မြယွန်းမီးကျေနပ်သွားမိတယ်။
"ရပါတယ် ဆရာ ... ကျွန်မကြိုးစားကြည့်ပါ့မယ် ... ပိုင်ရှင်က အချိန်ဘယ်လောက်ပေးလဲဆရာ ..."
" ပိုင်ရှင်ဘက်ကတော့ဖြစ်နိုင်ရင် ...အချိန်တစ်လအတွင်းတဲ့ ... ဒါပေမဲ့ တစ်လအတွင်းတော့ မပြီးနိုင်ဘူးလို့ ဆရာညှိပေးထားပါတယ် .. ဒါဆို အလုပ်ကိုလက်ခံလိုက်ပြီနော် .. ပရိဘောဂတွေအတွက် တွဲဖက်ကို မေမိုးစက်ကိုပဲ တာဝန်ပေးလိုက်မယ် ..... နောက်ရက်မှာပိုင်ရှင်နဲ့တွေ့ပေးမယ် .... "
"ဟုတ်ကဲ့ပါ ဆရာ "
@@@@@@@@@@@@@@@
အပိုင်း ( ၄ ) ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
"ဟုတ်ပါပြီလေ ... ထားလိုက်ပါတော့ ...ကျွန်တော့်ဘက်က တတ်နိုင်သလောက် ဖြေရှင်းကြည့်မယ် ..ဒီသတင်းအတွက် ကျွန်တော်လဲထိခိုက်နစ်နာရတယ်ဆိုတာကို ...ခင်ဗျားသူငယ်ချင်း ကိုပြောပြလိုက်ပါအုံး "
"ဟုတ်ကဲ့ ... ကျေးဇူးတင်ပါတယ် ကိုဟန်နေထူး ..မိုးစက်ကို ပြန်ခွင့်ပြုပါအုံး "
[ ] "ဟုတ်ကဲ့ပါ မိုးစက် ... နောက် တွေ့ရင်လဲခေါ်ပါနော်....ကျွန်တော်တို့ သူငယ်ချင်းတွေဖြစ်သွားပြီလို့ သက်မှတ်လိုက်ပါနော် "
မေမိုးစက်က နှုတ်ဆက်စကားပြောတော့ တေဇတစ်ယောက်ယောင်ယမ်းပြီး မတ်တတ်ရပ်ကာ စကားတွေပြော လိုက်တယ်။
~~~~
"ဘယ်လိုဖြစ်တာလဲ အမေ ... သူတို့က ဘာကိစ္စဖုန်းဆက်ရတာလဲ "
တိုက်ခန်းထဲဝင်ဝင်ချင်းမှာပဲ နွမ်းလျမောပန်းနေပုံပေါက်နေတဲ့ မိခင်ကိုကြည့်ပြီး မြယွန်းမီမေးလိုက်တယ်။
" ညကသတင်းကိုတွေ့လို့ဆက်တာတဲ့လေ .. ဖုန်းနံပတ်ဘယ်လိုရသွားလဲမသိဘူး ...ဖုန်းနံပတ်တောင်သိသွားပြီဆိုတော့ အိမ်လဲသိသွားလောက်ပြီ ...အမေတို့ဘယ်လိုလုပ်ကြမလဲဟင် ... အိမ်ထပ်ပြောင်းကြမလားဟင် ... သမီး အစ်ကိုဆီဖုန်းဆက်ပြီး ဖုန်းနံပတ် လဲပြောင်းလိုက်တော့မယ် .."
သွေးရူးသွေးတန်းဖြစ်နေတဲ့မိခင်ရဲ့ဘေးမှာ မြယွန်းမီဝင်ထိုင်လိုက်ပြီး
"စိတ်ကိုထိန်းအုံး အမေ ...သမီးတို့က ဘာလို့အိမ်ပြောင်းရမှာလဲ ..သမီးတို့ ဘာအပြစ်လုပ်ထားလို့လဲ ..အားလုံးတရားရုံးမှာရှင်းပြီးသားကိစ္စတွေလေ ....အမေက ဘာကိုကြောက်နေတာလဲ "
မြယွန်းမီဖျောင်းဖျစကားကိုပြောလိုက်ပေမဲ့ မိခင်ရဲ့မျက်နှာက ဒေါသနဲ့ မာထန်သွားပြီး
"နင်က ဘာသိလို့လဲမြယွန်းမီရဲ့ ...သူတို့ကဒီလောက်အောက်တန်းကျတာ ...ကြောက်ရမယ်ဟဲ့ ..ကြောက်ရမယ် .... တော်ကြာနင့်အစ်ကိုကို လိုက်နှောက်ယှက်နေရင် ဘယ်လိုလုပ်မလဲ .....ဒင်းတို့နဲ့ မပတ်သက်ချင်ဘူး ... နင့်အစ်ကို ပြန်မလာခင် အိမ်ပြောင်းမှဖြစ်မယ် ... အိမ်ပြောင်းမှကိုဖြစ်မှာ ''
အရူးတစ်ယောက်လို တတွတ်တွတ် ပြောဆိုရေရွတ်နေတဲ့မိခင်ကိုကြည့်ပြီး မြယွန်းမီစိတ်မကောင်းဖြစ်မိသလို စိတ်လဲတိုလာမိတယ်။
"တော်ပါတော့ အမေရယ် ....အမေ့သားကအသက်နှစ်ဆယ်အရွယ်လဲ မဟုတ်တော့ပါဘူး ... အသက် (၂၇) ဖြစ်နေပြီ ....ဒီအရွယ်မှာ အမေဘာမှလိုက်ပူနေစရာမလိုဘူး ...သူဖြစ်သူခံပဲ ...မိုက်မိုက်ရိုင်းရိုင်းပြောရရင်... မိန်းမတစ်ယောက်က သူ့ရှေ့မှာကိုယ်လုံးတီးချွတ်ပြလဲ သူစိတ်ပါမှဖြစ်မှာ... တစ်ခါခံခဲ့ရဖူးတာကို မမှတ်ဘဲ ဆက်မိုက်ရင်... သူ့ထိုက်နဲ့သူ့ကံပဲပေါ့...ဒီတစ်ခါထောင်ကျကျတန်းကျကျ သူ့ဘာသာခံလိမ့်မယ် "
" ဘာပြောလိုက်တယ် မိယွန်း ...နင်ဘယ်လိုပြောလိုက်တယ် ....နင်အခုပြောနေတာ နင့်အစ်ကိုအရင်းခေါက်ခေါက်ဆိုတာကို သတိရရဲ့လားဟင် ....နင်အဲ့လောက်အကြင်နာတရားနည်းရလား ..တစ်ကိုယ်ကောင်းဆန်ရလားဟဲ့ ကျေးဇူးကန်းမရဲ့ ... နင်ဘွဲ့ရဖို့အတွက် ...နင့်ကိုငွေပို့ပေးခဲ့တာသိရဲ့လားကျေးဇူးကန်းမရဲ့ ...နင့်အစ်ကိုသာ မထောက်ပံ့ခဲ့ရင် ...နင်လမ်းဘေးမှာဈေးထိုင် ရောင်းနေရလောက်ပြီ "
မညှာမတာပြောချလိုက်တဲ့ မိခင်ရဲ့ စကားလုံးတွေကြောင့် မြ ယွန်းမီနေရာက ထထွက်ခဲ့လိုက်တယ်။မိခင်နားမှာ ဆက်ထိုင်နေရင်လဲ သားအမိနှစ်ယောက် စကားများရုံပဲရှိမှာ။တစ်ခုခုဖြစ်တိုင်းပြောတတ်တဲ့ "ကျေးဇုးကန်းမ " ဆိုတဲ့ စကားကိုလဲမကြားချင်တော့ဘူး။မြယွန်းမီ တက္ကသိုလ်နောက်ဆုံးနှစ်တက်နေချိန်မှာ အချိန်ပိုင်း အလုပ်တွေလဲမလုပ်နိုင်တော့လို့ ၀င်ငွေကထိုးကျသွားခဲ့ရတယ်။နောက်ဆုံးနှစ်မို့ စာတွေကလဲခက်ခဲ၊ကျောင်းစရိတ်ကလဲအကုန်အကျများလာခဲ့တယ်။ဒီအချိန်မှာ နိုင်ငံခြားရောက်နေတဲ့အစ်ကိုဖြစ်သူဆီက ငွေပို့ပေးခဲ့လို့ အဲ့ဒီငွေနဲ့ မြယွန်းမီကျောင်းပြီးတဲ့အထိတက်ခဲ့ရသလို့ အဲ့ဒီအချိန်ကစပြီး မိခင်ရဲ့စကားလုံးတွေတိုင်းမှာ နင့်အစ်ကိုကျေးဇူးရှင်ဆိုတဲ့ စကားလုံးတွေ ပါလာခဲ့တာပဲ။ မိခင်ဖြစ်သူ အဲ့ဒီလိုပြောတိုင်း"အဲ့ဒီနိုင်ငံရောက်ဖို့ ဘယ်သူရှာထားတဲ့ငွေနဲ့ သွားခဲ့တာလဲ "လို့ စိတ်ပေါက်ပေါက်နဲ့ မြယွန်းမီမေးပစ်လိုက်ချင်ခဲ့တာ။ ပြောလိုက်ရင်တော့ မိဘရဲ့ မေတ္တာဆိုတာ သားသမီးတွေပေါ်မှာ ဆတူမျှတူထားတာတဲ့လေ။ကြာတော့ ဒီစကားတွေကိုမြယွန်းမီအယုံအကြည်မရှိချင်တော့တာ အမှန်ပဲ။သူမဘက်က မေတ္တာတွေ နားလည်မှုတွေဘယ်လောက်ပဲ ပေးခဲ့ပါစေ သားမှသားပဲဖြစ်နေခဲ့တဲ့မိခင်။သားကိုမကျနပ်တဲ့စိတ်တွေကို သမီးဖြစ်တဲ့သူမအပေါ် ပုံချခဲ့တဲ့မိခင်။ပြီးတော့ သူမဘက်က အနွံတာခံသည်းညည်းခံပြီး ချစ်ပေးခဲ့သလောက် သူမအပေါ် အနိုင်ကျင့်ရက်စက်လွန်းခဲ့တဲ့ အစ်ကို။သေချာတာက သူမရဲ့ ဆယ်ကျော်သက်အရွယ် တစ်လျှောက်လုံးက မိခင်နဲ့အစ်ကိုဖြစ်သူတို့အတွက် သဲအိတ်သာသာဖြစ်တည်မှုနဲ့ပဲရှင်သန်ခဲ့ရတာ။ရှေ့ဆက်ပြီးဒီလိုခံစားချက်မျိုးတွေနဲ့ မြယွန်းမီမရှင်သန်ချင်တော့ဘူး။
~~~~~~~
".ဟန်နေထူးက စီစီတီဗီက မှတ်တမ်းကိုတင်လိုက်တယ်သိလား...ဖြစ်စဉ်ကိုလဲသူရှင်းပြထားတယ် "
"ဟုတ်လား "
မေမိုးစက်က ဝမ်းသာအားရပြောလိုက်ပေမဲ့ မြယွန်းမီဘက်က ခေါင်းတစ်ချက်သာငြိမ့်ပြလိုက်ပြီး လုပ်လက်စအလုပ်ကိုပဲ အား ရုံစိုက်ပြီးလုပ်နေခဲ့တယ်။
"ဒါနဲ့ ယွန်းတို့နဲ့ မတည့်တဲသူတွေ ဘာတွေများရှိလားဟင် ... မေလေးဆိုတဲ့အကောင့်က .... မကောင်းတဲ့ မှတ်ချက်တွေပဲဝင်ရေးနေတယ် "
" ဟုတ်တယ်လေ ...ရှင်တို့လိုလူမျိုးတွေက ... လူတွေစိတ်ဝင်စားတာကိုခံချင်တဲ့ရောဂါဖြစ်နေတာလေ... ထမင်းစားရေသောက်တဲ့ကိစ္စက အစ ....လူတွေသိအောင်လိုင်းပေါ်တင်နေတာလူစိတ်ဝင်စားတာခံချင်လို့မဟုတ်ဘူးလား ..တကယ်ဆို သတင်းလိမ်သတင်းတုတွေထွက်လာကတည်းက... ဆိုင်ထဲကစီစီတီဗီမှတ်တမ်းချပြလိုက်ရင်ပြီးပြီပေါ့ ...အခုတော့ ရှင်နာမည်ကြီးသထက်ကြီးဖို့... မိန်းမတစ်ယောက်ကိုအရှက်ခွဲပြီး အသုံးချနေတာလား "
မြယွန်းမီရဲ့ စကားလုံးတွေက စက်သေနတ်နဲ့ပစ်နေသလို အဆက်မပြတ်ထွက်ပေါ်လာခဲ့တယ်။စကားတွေ အများကြီးမပြောချင်ဘူးဆိုပြီး တရစပ်ပြောနေတဲ့ မြယွန်းမီကိုကြည့်ပြီး မေမိုးစက်ပါမျက်လုံးပြူးပြီး အံ့ဩနေရတယ်။ဟန်နေထူးမှာလဲ မြယွန်းမီရဲ့ စွပ်စွဲချက်တွေအောက်မှာဖြေရှင်းချက်ပေးချိန်ပင်မရဖြစ်နေရတယ်။
"ဟေ့ ဒီမှာ ...မင်းပြောတာရပ်ပြီး ငါပြောတာကို နားထောင်အုံး ..ငါလဲ အဲ့ဒီလောက်ထိမစဉ်းစားမိလို့ ကွ ... နာမည်ကြီးဖို့အတွက် မိန်းမတစ်ယောက်ကို ခုတုံးလုပ်ရလောက်အောင် ငါအောက်တန်းကျတဲ့ယောကျာ်းမဟုတ်ဘူးကွသိရဲ့လား ..မင်းစိတ်ထင်တိုင်း စွပ်စွဲမနေနဲ့ ... စီစီတီဗီမှတ်တမ်းနဲ့ ဖြေရှင်းစေချင်တာမဟုတ်လား ..စိတ်ချဖြေရှင်းပေးမယ် "
"တီ ....တီ ..တီ "
ဟန်နေထူးရဲ့ စကားမဆုံးခင်မှာဘဲ မြယွန်းမီရဲ့ ဖုန်းကမြည်လာတာမို့ မြယွန်းမီဖုန်းကိုကိုင်လိုက်ပြီး အားလုံးကိုတိတ်တိတ်နေဖို့ အချက်ပြလိုက်တယ်။ဟန်နေထူးမှာ ပြောလက်စ စကားကိုရပ်ပြီး မြယွန်းမီရဲ့ အမိန့်အတိုင်းပါးစပ်ကိုပိတ်လိုက်ရတယ်။
"ဟယ်လို အမေ...ဘာဖြစ်လို့လဲဟင် "
" သ...သမီးပြန်မလာသေးဘူးလား ...အမေ့ဆီကို ဟိုမိန်းမ သင်းသင်းကြူဖုန်းဆက်တယ် "
ထစ်ထစ်ငေါ့ငေါ့ ထိတ်ထိတ်လန့်လန့်နဲ့ ပြောလိုက်တဲ့ မိခင်အသံကြောင့် မြယွန်းမီထိုင်နေရာက ဆတ်ခနဲထရပ်လိုက်မိပြီး
"အမေ သတိထားနော် ... ဘာမှမဖြစ်ဘူးသိလား ... ဘာမှကြောက်စရာမလိုဘူး သမီးအခုပြန်လာနေပြီနော် "
ဖုန်းပြောရင်းကနေ မြယွန်းမီ အလျင်အမြန်အပြင်ကိုထွက်လာခဲ့လိုက်တယ်။နှစ်အတော်ကြာ ငြိမ်သက်နေခဲ့တဲ့ မိခင်ရဲ့စိတ်သောကတွေ ပြန်လည်အသက်ဝင်လာမှာကို မြယွန်းမီအကြောက်ဆုံးပဲလေ။
သုံးယောက်လုံးကို လှည့်ကြည့်တာလဲမရှိသလို နှုတ်လဲမဆက်ဘဲ ဖုန်းပြောရင်းနဲ့ အခန်းပြင်ကိုထွက်သွားတဲ့မြယွန်းမီကို မေမိုးစက်အပါအ၀င် သုံးယောက်လုံး အကြောင်သားနဲ့ ကြည့်နေမိကြတယ်။
တစ်ဖက်လူကို အားနာရမှန်းမသိတဲ့မြယွန်းမီပုံစံကို ကြည့်ပြီး ဟန်နေထူးစိတ်ထဲတင်းခနဲ ဖြစ်သွားမိပြီး
"ဒီမှာ ... ခင်ဗျားသူငယ်ချင်းက ဘာအထာလဲ ..သူပြောချင်တာ ပြောပြီးထွက်သွားရလား.... ဒီပြဿနာကိုကျွန်တော်က စလုပ်တာမဟုတ်ဘူးနော် ... ခင်ဗျား သူငယ်ချင်းက ...ကျွန်တော့်အပေါ်အရင်လဲကျလို့ ဖြစ်ရတာဗျ "
ထွက်သွားတဲ့တစ်ယောက်ကိုဟောက်လို့မရတော့လဲ ကျန်ခဲ့တဲ့ တစ်ယောက်ကိုပဲ ဟန်နေထူး ငေါက်ငမ်းပစ်လိုက်တယ်။
''ဟုတ်..ဟုတ်ကဲ့ ...မိုးစက် တောင်းပန်ပါတယ်နော်ကိုဟန်နေထူး....ကြည့်ရတာမ ယွန်းကသူ့အမေဖုန်းဆက်လို့ထင်တယ် ...ညကသတင်းကြောင့် ... သူ့အမေရှော့ရသလိုဖြစ်နေတယ်တဲ့...ကိုဟန်နေထူးကပဲ သည်းခံပေးပါနော် "
"ဟုတ်သားပဲကွာ...မင်းကလဲ အေးဆေးပြောပါနေထူးရာ ...ဒီကိစ္စကသူနဲ့လဲဆိုင်တာမဟုတ်ဘူးလေ ...သူကဝင်ပြီးညှိနှိုင်းပေးရုံပါ "
ကြားထဲကညောင်နာနာအသံနဲ့ ဝင်ပြောနေတဲ့တေဇကို ဟန်နေထူး ဘုကြည့်ကြည့်ပေးလိုက်တယ်။
"ကဲ .. ဒါဆို ...အခုကျွန်တော်ကဘာလုပ်ပေးရမှာလဲ ....ကာယကံရှင်က သူပြောချင်ရာကိုပြောပြီး ...လူကိုအဖက် တောင်မလုပ်ဘဲထွက်သွားတယ် "
"ဟုတ်ကဲ့ ... အဲ့ဒီအတွက် မိုးစက်ကပဲတောင်းပန်ပါတယ်ရှင် ... ယွန်းကအဲ့ဒီလိုပဲ စကားသိပ်မပြောတတ်လို့ပါရှင် .. ရုံးမှာဆိုလဲဘယ်သူနဲ့မှ စကားသိပ်ပြောတာမဟုတ်ဘူး ... မိုးစက်တို့ သိလာတဲ့ (၂ )နှစ်အတွင်းမှာ ဒီနေ့သူစကားအပြောဆုံးပဲရှင့်...."
"ဗျာ ...ခင်ဗျားသူငယ်ချင်းက ဘယ်လိုကြီးလဲ "
"ဟုတ်တယ်ရှင့် .. သူကဘယ်သူနဲ့မှ ရောရောနှောနှောမနေဘဲ ...အေးအေးဆေးဆေးနေတတ်လို့ပါ ... မိုးစက်ပဲ ကြားထဲကနေ တောင်းပန်ပါတယ်နော် ..ဖြစ်နိုင်ရင် စီစီတီဗီမှတ်တမ်းရှိရင်... ကိုဟန်နေထူးဘက်ကပဲဖြေရှင်းပေးပါနော် ... ဒီကိစ္စအတွက် ယွန်းအမေစိတ်ထိခိုက်နေလို့ပါရှင်...ကူညီပေးပါနော် "
"ဟုတ်ပါတယ် နေထူးရာ ...မင်းကလဲ ကူညီပေးလိုက်ပါကွာ ..အပန်းကြီးတာမှ မဟုတ်တာ "
မနေနိုင်မထိုင်နဲ့ ထပ်ပြီး၀င်ပြောတဲ့တေဇကို ဟန်နေထူးမျက်လုံးပြူးနဲ့ တစ်ချက်ကြည့်လိုက်ပြီး စားပွဲခုံအောက်ကနေ ခြေထောက်ကို ပိတ်ကန်ပစ်လိုက်တယ်။ကန်ချက်ကပြင်းသွားပုံရတယ်။တေဇတစ်ယောက် မချိသွားဖြဲ အမူအရာနဲ့ငြိမ်ကျသွားတော့တယ်။
" ဒါနဲ့ ခင်ဗျားတို့နာမည်တွေ ပြောအုံးလေ ...ကျွန်တော်တို့နာမည်တွေကိုကျတော့ ...ခင်ဗျားတို့ကသိပြီး ...ခင်ဗျားတို့ကို ကျွန်တော်တို့မှ မသိတာ "
ဒီမေးခွန်းကိုတော့ တေဇကျေနပ်သွားပုံပဲ။ခေါင်းတွေဘာတွေထောင်ပြီး မျက်လုံးတွေပါ ပြူးကျယ်လာတာကို ဟန်နေထူး တွေ့လိုက်ရတယ်။
"မိုးစက်ရဲ့ နာမည်ကမေမိုးစက်ပါ ..ခုနသူငယ်ချင်းနာမည်က မြ ယွန်းမီပါ ....မိုးစက်တို့တွေ မိကောင်းဖခင်သားသမီးတွေပါရှင် ...''
#ရူးနေတဲ့ကြယ်
( အခန်းဆက်ဝတ္ထု )
အပိုင်း ( ၃ )
******
"မလန့်ပါနဲ့ ... အွန်လိုင်းပေါ်မှာပျံ့နေတဲ့နင့်သမီးအကြောင်းကို မသိလိုက်မှာစိုးလို့ လှမ်းပြောပြတာပါ ....တော်ကြာ နင့်သမီး တရားခွင်မှာအရှက်ကွဲနေမှ လူကြားမကောင်းဖြစ်နေအုံးမယ် ... နိုင်အောင်ထိန်းထားအုံးနော် "
" ရှင်ဘာတွေ လာပြောနေတာလဲ ဒေါ်သင်းသင်းကြူ ... ကျွန်မတို့ဆီကို ရှင်တို့ဖုန်းဆက်စရာအကြောင်းကိုမရှိဘူး ...ရှင်တို့နဲ့ ကျွန်မတို့ ကြားမှာ... ပတ်သက်စရာအကြောင်းမရှိဘူးဆိုတာသိထားပါ ..ရှက်တတ်ရင်နောက်ထပ်ဖုန်းမဆက်ပါနဲ့ ...."
"အမယ်လေးဟဲ့ ...ဆက်ချင်လွန်းလို့ ဆက်တယ်မထင်နဲ့ ... အရှက်မရှိတဲ့နင့်သမီးအကြောင်းကိုပြောပြချင်လွန်းလို့ဆက်တာဟဲ့ ...ငါတို့ကလဲ နင်တို့နဲ့ပတ်သက်ချင်စိတ်ကိုမရှိဘူးသိရဲ့လား ...ငါ့သမီးမှာ နင့်သားထက်သာတာတွေ ပုံလို့ ...နင့်သားလိုလူမျိုးကမိန်းမပျက်တွေနဲ့ပဲတန်တာ ..အဲ့ဒီလိုမိန်းမတွေနဲ့ပဲ ညားမှာ "
"ဘာ ...တောက် "
ကြားလိုက်ရတဲ့ စကားကြောင့် ဒေါ်မြစန္ဒာစိတ်တိုဒေါသထွက်သွားရပြီး တောက်တစ်ချက်ကို ခေါက်လိုက်ချိန်မှာပဲ တစ်ဖက်က ဖုန်းချသွားခဲ့တယ်။ဒေါ်မြစန္ဒာ မှာတော့ စိတ်တိုလွန်း၍ အသားတွေပါတဆတ်ဆတ်တုန်ပြီး ကျန်နေခဲ့တယ်။
~~~~~~
မေမိုးစက် အတင်းခေါ်လို့သာ လိုက်လာခဲ့ရပေမဲ့ မြယွန်းမီ စိတ်ထဲမှာတော့ ဘယ်သူနဲ့မှ စကားရှည်ကြီးတွေပြောချင်စိတ်မရှိဘူး။ပြဿနာတွေကရှင်းလေရှုပ်လေဖြစ်မှာကိုလဲ ကြောက်ရသေးတယ်။ထစ်ခနဲရှိ ဝိုင်းပြောဝိုင်းသမမယ်ဆိုတဲ့ လူတွေကနည်းတာမဟုတ်ဘူး။မြယွန်းမီဆိုတဲ့ မိန်းမတစ်ယောက်ကို သိလဲမသိကြမြင်လဲမမြင်ဖူးကြဘဲ အများဆဲလို့လိုက်ဆဲ၊အများပြောလို့လိုက်ပြောနေကြသူတွေက သူတို့အတွက်လဲ အကျိုးမရှိကိုယ့်အတွက်လဲအကျိုးမရှိတဲ့ အလုပ်တွေကို အချိန်ကုန်ခံအလုပ်ရှုပ်ခံပြီးလုပ်နေကြတာလေ။
"ရောက်ပြီးယွန်း ... သီးသန့်ခန်းမှာချိန်းထားတာမို့ ... သတင်းတော့ မထွက်နိုင်ပါဘူး "
" သတင်းမထွက်လို့တော့ မရဘူးလေ မိုးစက်ရဲ့ ... ဖြစ်နိုင်ရင် တို့တွေ စကားပြောတာကိုအွန်လိုင်းကတိုက်ရိုက်လွှင့်ပစ်ချင်တာ ...အဲ့ဒါမှ စိတ်ထင်ရာပြောနေကြတဲ့ ပါးစပ်ပေါက်တွေ ပိတ်ကုန်မှာပေါ့ "
" အဲ့ဒါတော့ ဟုတ်တယ် ..ဒါပေမဲ့ ဟန်နေထူးက ခွင့်ပြုပါ့မလား "
~~~~~
"ဒေါက် ..ဒေါက် "
"လာကြပြီထင်တယ် ''
တံခါးခေါက်သံထွက်လာတာနဲ့ တေဇကစိတ်လှုပ်ရှားသံနဲ့ ပြောပြီး တံခါးသွားထဖွင့်လိုက်တယ်။တေဇစိတ်လှုပ်ရှားနေပုံက မသိရင် ကိုယ့်အတွက်စိတ်ပူနေတဲ့ပုံမျိုးနဲ့ တကယ်တမ်းကျတော့ တေဇဆိုတဲ့ကောင်စိတ်လှုပ်ရှားနေတာက ကိုယ့်ကိစ္စကြောင့်မဟုတ်ဘဲ ဆံပင်ရှည်ရှည်မချောလေးကြောင့်ဆိုတာ ဟန်နေထူးသိပြီးသား။ကောင်မလေးဖုန်းဆက်တယ်လို့ ပြောလိုက်တာနဲ့ "မင်းတစ်ယောက်တည်းမသွားနဲ့ ဟေ့ကောင် ....သူများတွေပိုပြီးအထင်လွဲကုန်မယ် ငါပါလိုက်မယ် " ဆိုပြီး ကိုယ်မခေါ်ရဘဲလိုက်လာ ခဲ့တဲ့ကောင်။လူရယ်လို့သိတတ်စကတည်းက သိလာကြတဲ့သူတွေဆိုတော့လဲ တေဇဘာတွေတွေးနေလဲဆိုတာ စကားတစ်ခွန်းပြောလိုက်ရုံနဲ့ ဟန်နေထူးသဘောပေါက်ပြီးသား၊၊ တံခါးဖွင့်ပေးလိုက်တာနဲ့ ရုပ်တည်ကြီးတွေနဲ့ ဝင်လာတဲ့မချောနှစ်ယောက်ကို ကြည့်ပြီး တေဇကထိုင်ဖို့ ညွှန်ပြနေတယ်။မိုးစက်ဆိုတဲ အမျိုးသမီးက ဆံပင်ရှည်တွေကို ဒီတိုင်းဖြန့်ချထားပြီး မျက်နှာကမိတ်ကပ်ပါးပါးလိမ်းပြီးနှုတ်ခမ်းနီးပါးပါးလေးဆိုးထားတယ်။စကပ်နဲ့ ကိုယ်ကျပ်အင်္ကျီကိုဝတ်ထားပြီး အပေါ်ကနေကုတ်အင်္ကျီလေးတစ်ထည်ထပ်ဝတ်ထားတဲ့သူမပုံစံက မရိုးလွန်းမဆန်းတဲ့ပုံ။တေဇဆိုတဲ့ကောင်တော့ ဆံရှည်မလေးကို မျက်လုံးအပြူးသားနဲ့ ငေးနေတာကိုတွေ့ရတယ်။သူတို့နှစ်ယောက်ဆီကအကြည့်ကို လွှဲလိုက်ပြီး ကိုယ့်ရှေ့တည့်တည့်မှာဝင်ထိုင်လိုက်တဲ့ သူမကိုမသိမသာနဲ့ ဟန်နေထူးကြည့်လိုက်မိတယ်။ကျောပိုးအိတ်ကိုလွယ်ပြီး ခရမ်းရောင်ရှပ်လက်ရှည်နဲ့ဘောင်းဘီရှည်ကိုဝတ်ဆင်ထားကာ ဆံပင်ရှည်တွေကိုခပ်တင်းတင်းစုစည်းထားတဲ့ သူမပုံစံက မိုက်တိမိုက်ကန်းဂျစ်ကန်ကန်နဲ့ ။မျက်နှာကလဲ အထူးတလည်ပြင်ဆင်ထားခြင်းမရှိဘဲ နေလောင်ခံအလှဆီတစ်မျိုးမျိုးသာလိမ်းထားပုံရတယ်။အေးအေးစက်စက်မျက်နှာကြီးနဲ့မော့ကြည့်လာပုံက ကိုယ့်ဆီကိုပါ အအေးဓါတ်တွေရိုက်ခတ်လာသလို ထင်လိုက်ရတယ်။
"ဒီမှာ ..လိုရင်းပဲပြောမယ်...လိုင်းပေါ်က သတင်းက ရှင်တင်လိုက်တာလား "
" ဟ ..မင်းမေးပုံကလဲ ငါ့ကိုစွပ်စွဲလိုက်သလိုပဲ .. ငါက ဘာကိစ္စ တင်ရမှာလဲ ... အဲ့ဒီသတင်းကြောင့် ငါလဲစိတ်ညစ်နေရတာပဲကွ ...မင်းကိုဘယ်သူမှမသိပေမဲ့ ငါ့ကိုလူတိုင်းကသိတယ်ကွ .."
"ဒီမှာ ရှင့်ကိုဘယ်သူသိသိမသိသိ စိတ်မဝင်စားဘူး ...အဲ့ဒီသတင်းကို ရှင်တင်တာမဟုတ်ဘူးဆိုရင်လဲ တစ်ခုခုတော့ဖြေရှင်းလေ ...ရှင့်ကော်ဖီဆိုင်မှာ စီစီတီဗီရှိတယ်မဟုတ်လား...ဒါမှမဟုတ် ရှင်ကိုယ်တိုင်က တမင်နာမည်ကြီးချင်လို့ မသိဟန်ဆောင်နေတာလား "
" ဘာကွ ..မင်းဘာပြောလိုက်တယ် ... တမင်နာမည်ကြီးချင်လို့ ဟုတ်လား "
သူမရဲ့ စကားလုံးတွေက ဟန်နေထူးရဲ့ သိက္ခာကိုစော်ကား လိုက်သလိုပါပင်။
"အေးပါကွယ် ... ဒါပေမဲ့အလုပ်ဆိုက်ထဲကို ရုံးကကားနဲ့ပဲသွားလိုက်ပါ ....ပြီးတော့ ဒီရက်ပိုင်းထဲတော့ အပြင်ဆိုင်တွေ သွားမထိုင်နဲ့အုံးပေါ့...စာချင်တာရှိရင် ကောင်လေးတွေပဲဝယ်ခိုင်းလိုက်ပါ "
"ဟုတ်ကဲ့ "
သူဌေးရဲ့စကားကို ခေါင်းငြိမ့်ပြလိုက်ပြီး ရုံးခန်းထဲကနေ မြ ယွန်းမီခပ်မြန်မြန်ထွက်လာခဲ့လိုက်တယ်။မတော်တဆချော်လဲလိုက်တဲ့အဖြစ်က ဒီလောက်အထိတောင် အမှုကြီးသွားသတဲ့လေ။တစ်ယောက်ယောက်ကို ထိခိုက်နာကျင်အောင် လုပ်မိလိုက်တာမျိုးဆိုရင်လဲ ထားပါတော့။အလုပ်မဟုတ်တာကို ရေးကြီးခွင်ကျယ်လုပ်တတ်ကြသူတွေကြောင့် စိတ်အတော်လေးအနှောက်အယှက်ဖြစ်ရတာတော့အမှန်ပင်။
~~~~~
"ယွန်း ... နင်ဘာလုပ်ချင်လဲပြော ....ဒီသတင်းဖြန့်တဲ့သူကို တရားစွဲချင်လား...သတင်းမှန်ကို ပြောဖို့အတွက် ဟန်နေထူးနဲ့ ဆွေးနွေးကြည့်မလား ..."
"စိတ်ရှုပ်လိုက်တာ ... အဲ့ဒီလူနဲ့ ထပ်တွေ့ရအုံးမှာလား ...ဒီအလိမ်သတင်းကို သူကိုယ်တိုင်တင်ထားတာဆိုရင် ဘယ်လိုလုပ်မလဲ ...သူလိုလူက နာမည်ကြီးဖို့ဆိုရင်ဘာမဆိုလုပ်မဲ့သူမျိုးပဲ "
"ဘာပဲဖြစ်ဖြစ် စကားပြောကြည့်ရမှာပေါ့ ...သူလုပ်တာသေချာရင်သူ့ကိုတရားစွဲမှာပေါ့ ... လိုလိုမယ်မယ် သူ့ဖုန်းနံပတ်ကိုမိုးစက်စုံစမ်းထားတယ် ... အလုပ်ပြီးရင်တွေ့ရအောင် ချိန်းလိုက်မယ်လေ ...သူပဲနာမည်ကြီးပြီး လူရာဝင်တာမဟုတ်ဘူး ...ယွန်းလဲ အလုပ်မှာအရေးပါပြီးအရာရောက်တဲ့လူတစ်ယောက်ပဲဟာ "
မေမိုးစက်မှာ မနေ့ည သတင်းတွေတက်လာကတည်းက စိတ်မကောင်းဖြစ်ပြီး ဒေါသတွေထွက်နေခဲ့တာ။စိတ်ပူပြီး မြယွန်းမီဆီဖုန်းတွေဆက်တော့လဲ မရွှေယွန်းကလုံးဝကို မကိုင်ခဲ့တာလေ။ ဒီကိစ္စကြောင့် ကာယကံရှင်က အိပ်ပျော်လားမပျော်လားမသိဘူး။ မေမိုးစက်မှာ တစ်ညလုံးအိပ်မပျော်နိုင်ဘဲ ပို့စ်တွေအောက်မှာ အဖြစ်မှန်တွေကို လိုက်ရေးနေခဲ့တာ မနက်သုံးနာရီကျော်မှအိပ်ရတယ်။ပြီးတော့ မနက်လင်းတာနဲ့ ရုံးကို အပြေးလာပြီး ရုံးထဲကလူတွေ့ကို လိုက်ရှင်းပြရသေးတယ်။ကိုယ့်လိုပဲ မျက်မြင်သက်သေဖြစ်ခဲ့တဲ့ မချောသုံးယောက်ကတော့ မြယွန်းမီးနေရာမှာ သူတို့မဟုတ် လို့ မကျေမနပ်ဖြစ်နေကြပုံပင်။ကူရှင်းပြဖို့ခေါ်တာကို မျက်နှာသေလေးတွေနဲ့။မဟောက်စဖူး မေမိုးစက်ဟောက်ဟမ်းလိုက်မှ ငြိမ်ကျသွားကြတာ။ မြယွန်းမီလို ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့သူမျိုးက ဒီကိစ္စကို ထူးပြီးခံစားနေမှာမဟုတ်တာကို မေမိုးစက်သိနေပေမဲ့ ဒီကိစ္စက မြယွန်းမီရဲ့ကိုယ်ကျင့်သိက္ခာကို ထိခိုက်နေတာမို့ ကြားထဲက သည်းမခံနိုင်ဖြစ်နေရတာ။မေမိုးစက်တို့ လုပ်နေရတဲ့အလုပ်က လုပ်ငန်းကြီးတွေ။ မြယွန်းမီဆိုတာက အိမ်တစ်အိမ်ရဲ့အိမ်တွင်းပိုင်းပြင်ဆင်မှုမှာ အထူးကျွမ်းကျင်တဲ့သူ။လုပ်သက်သုံးလေးနှစ်အတွင်းမှာ နာမည်ရလာတဲ့အင်ဂျင်နီယာမလေးတစ်ယောက်။လုပ်ငန်းရှင်သူဌေးတွေနဲ့ အလုပ်အပ်တဲ့သူဌေးတွေကြားမှာ အထင်သေးစရာဖြစ်သွားရင် ရှေ့ဆက်ဘယ်လိုလုပ်မလဲ။ ဒါကြောင့်မို့ ကာယကံရှင်လက်ခံခံမခံခံ ဒီကိစ္စကိုကူညီဖြေရှင်းပေးဖို့ မေမိုးစက်ကတော့ ဆုံးဖြတ်ချက်ချထားပြီးသားဖြစ်တယ်။
~~~~
ဒေါ်မြစန္ဒာတစ်ယောက် စိတ်ညစ်ညစ်နဲ့တစ်နေကုန် အိပ်ရာထဲခွေအိပ်နေခဲ့တာ။ ထမင်းဆာရမှန်းလဲမသိ။သားသမီးအပူဆိုတာ ဘယ်အပူနဲ့မှကိုမတူတာ။ ခဲမှန်ဖူးတဲ့စာသူငယ်မို့ နောက်ထပ်ခဲမှန်မှာကို သေမလောက်ကိုကြောက်နေခဲ့မိတာ။ သားရှင်အဖြစ်နေခဲ့တုန်းကလဲ သားအတွက်ပူရတဲ့အပူက ပြောပြလို့ပင်မရ။ ကိုယ့်သားလေး အချုပ်တွေထောင်တွေကျမှာစိုးလို့ ရင်ကော့ပြီးအားလုံးကို ရင်ဆိုင်ခဲ့ရတာ။ ဒီအပူတွေငြိမ်းလို့မှ မအေးချင်သေးဘူး ။ အပူမီးက စလာပြန်ပြီလေ။
"တီ ..တီ ..တီ "
ရုတ်တရက်ထမြည်လာတဲ့ ဖုန်းသံကြောင့် ဒေါ်မြစန္ဒာလန့်သွားမိတယ်။အသိတစ်ယောက်ယောက်ကများ သမီးဖြစ်သူအကြောင်းကို ပြောလာလေမလားလို့ ရင်ထဲပူသွားရပြီး ဖုန်းကို မရဲတရဲကောက်ကိုင်လိုက်တယ်။
"ဟယ်လို "
"ဘယ်လိုလဲ မြစန္ဒာ ... နင့်သမီးကကဲလှချည်းလားဟဲ့...အရှက်တရားလဲမရှိပါလား ... ငါ့သမီးကို နင်ချိုးချိုးဖဲ့ဖဲ့ပြောခဲ့တာတွေ မှတ်မိသေးရဲ့လား ... ငါ့သမီးက နင့်သမီးလို ယောကျာ်းမြင်တိုင်းငမ်းငမ်းတက်နေတာမဟုတ်ဘူးနော် ... နင့်သမီးအတွက်လဲ တရားရင်ဆိုင်ဖို့ ငွေတွေဘာတွေကြိုရှာထားအုံးနော် "
ဖုန်းကိုင်လိုက်တာနဲ့ တစ်ဖက်က ရင့်ရင့်သီးသီးပြောလာတာမို့ ဒေါ်မြစန္ဒာအသားတွေ တဆတ်ဆတ်တုန်အောင် ဒေါသထွက်သွားရပြီး
" နင် ..နင်ဘယ်သူလဲ ..ဘာမဟုတ်တာတွေလာပြောနေတာလဲ "
" ငါတယ်သူလဲဆိုတာကို တကယ်ပဲမသိတာလား ...မသိချင်ယောင်ဆောင်နေတာလား မြစန္ဒာရဲ့ ..ငါကပန်သွေးချယ်ရဲ့အမေ သင်းသင်းကြူလေ .. ဘာလဲမေ့နေတာလား ..."
"ဘာ ....ရှင်က ဘာကိစ္စကျွန်မဆီကိုဖုန်းဆက်ရတာလဲ "
@@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၃) ဆက်ရန်
#AKyiPhyu
#ဧကြည်ဖြူ
.
